Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all 3346 articles
Browse latest View live

ဆီအုန်းစိုက်ခင်းများက မြန်မာ့သစ်တောများကို ခြိမ်းခြောက်နေသည်

$
0
0

ဆီအုန်းစိုက်ခင်းများနှင့် သစ်တောပြုန်းတီးခြင်း၊ သဘာဝတောရိုင်း တိရိစာ္ဆန်များဆုံးရှုံးရခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် တိုင်းရင်းသားများ၊ ဒေသခံပြည်သူများနှင့် အဆင်မပြေဖြစ်ရခြင်းများ အပါအဝင် ၎င်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အများ၏ အာရုံစိုက်မှုအောက်သို့ အင်ဒိုနီးရှားနှင့် မလေးရှားတို့ ရောက်ရှိခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီ ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံက သစ်တောမြေများကို ဆီအုန်း စိုက်ခင်းများအတွက် ချထားပေးခြင်းအားဖြင့် သူတို့၏ ဖွံ့ဖြိုးရေး ပုံစံအတိုင်း လိုက်လာခြင်းနှင့် အတူ အခြားသော အရှေ့တောင်အာရှနိုင်ငံများကလည်း ဆီအုန်းနိုင်ငံကြီး ၂ ခုနှင့် အတူ အလျှင်အမြန် ပူးပေါင်းလာကြသည်။ မြန်မာနိုင်ငံတောင်ပိုင်းတွင် ဆီအုန်း စိုက်ပျိုးရေးအတွက် လုပ်ပိုင်ခွင့် ချထားပေးခဲ့သော မြေ၏ ၆၀ ရာခိုင်နှုန်းနီးပါးတွင် သစ်တောများ သို့မဟုတ် ရာဘာမဟုတ်သည့် သီးနှံစိုက်ခင်းများ ပါဝင်နေ ကြောင်း Scientific Reports တွင် မကြာသေးမီက ထုတ်ပြန်ခဲ့သော လေ့လာမှုတခုက တွေ့ ရှိခဲ့သည်။

“လုပ်ကိုင်ခွင့်ချထားပေးခဲ့တဲ့ ဧရိယာတွေထဲက အများစုက အမျိုးသားဥယျာဉ်အဖြစ် အဆိုပြုထားတဲ့နေရာတွေ ဖြစ်ပါတယ်” ဟု လေ့လာမှုကို ဦးဆောင်ရေးသားခဲ့သူ ဖြစ်သည့် Keiko Nomura ကပြောသည်။ သူက Edinburgh တက္ကသိုလ်မှ ပါရဂူတန်း ကျောင်းသူတယောက်လည်း ဖြစ်သည်။ “သဘာဝပတ်ဝန်းကျင် သို့မဟုတ် လူမှုရေး သက်ရောက်မှုတွေ ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ လုပ်ကိုင်ခွင့်တွေ ချထားပေးခဲ့ပါတယ်”

လေ့လာမှုက မြန်မာနိုင်ငံ တောင်ပိုင်း ပြည်နယ်များကို အဓိက ဦးတည်ခဲ့သည်။ လက်ရှိတွင် စိုက်ခင်းအများစုက မြန်မာနိုင်ငံ တောင်ပိုင်းတွင် ရှိနေသောကြောင့် ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် စစ်အစိုးရက ၂၀၃၀ မတိုင်မီ ဟက်တာ ၂၈၀၀၀၀ (၆၉၂၀၀၀ ဧက) စိုက်ပျိုးရန် ဦးတည်ချက် ချမှတ်ခဲ့သည်။ စုစုပေါင်း ပမာဏ၏ ၄ ပုံ ၁ ပုံ နီးပါး သို့မဟုတ် ဟက်တာ ၆၃၀၀၀ ခန့် (၁၅၆၀၀၀ ဧက) က ကာကွယ် ထိန်းသိမ်းရမည့် သစ်တောများနှင့် ထပ်နေခဲ့သည်။ ထိုအချိန်မှ စ၍ အစိုးရက (အမေရိကန်နိုင်ငံတွင် အသေးဆုံး ပြည်နယ်ဖြစ်သည့်) Rhode Island ထက် ပိုကျယ်သော ဧရိယာဖြစ်သော မြေ ၄၀၁၈၁၄ ဟက်တာ (ဧက ၁ သန်းနီးပါး) ကို ကုမ္ပဏီ ၄၄ ခုသို့ ချထားပေးခဲ့သည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ၂၀၅၀ ခုနှစ် ရောက်သည့် အချိန်တွင် မြန်မာနိုင်ငံက ယခုအချိန်၌ ကမာ္ဘ အကြီးဆုံး ဆီအုန်းစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သော အင်ဒိုနီးရှားထက် ပို၍ ဆီအုန်းစိုက်ပျိုးရေးအတွက် သင့်တော်လာမည်ဟု မျှော်လင့်ရသည်။

အရွယ်ရောက်ပြီး ဆီအုန်းပင်များရှိသည့် စိုက်ခင်းများက တနင်္သာရီတိုင်းတွင် ဟက်တာ ၇၅၀၀၀ ခန့် (၁၈၅၀၀၀ ဧက) ရှိ ကြောင်း သုတေသီများ တွေ့ရှိခဲ့ရသည်။ ရုပ်ပုံများကို လေ့လာဆန်းစစ်မှုအရ လုပ်ကိုင်ခွင့်ချထားပေးခဲ့သည့် မြေများအတွင်း ရာဘာစိုက်ခင်းများ ရှိနေသလို (လေ့လာမှုတွင် သစ်တောများနှင့် ကွမ်းသီးပင်နှင့် သီဟိုဠ်ပင်ကဲ့သို့ အခြားသီးနှံပင်များ ပါ ပါဝင်သည့်) အခြားအပင်များ၊ ချုံတောများ၊ မြေလွတ်များနှင့် မြစ်ချောင်း အင်းအိုင်များ အဖြစ် သတ်မှတ်ထားသည့် မြေများလည်း ပါဝင်ကြောင်း တွေ့ရှိခဲ့ရသည်။ ခရိုင်အားလုံးတွင် ဆီအုန်းပင်များက လုပ်ကိုင်ခွင့်ပေးထားသည့် ဧရိယာ၏ ၁၅ ရာခိုင်နှုန်းတွင်သာ ဖုံးလွှမ်းထားပြီး ခွင့်ပြုထားသည့် မြေနေရာ၏ ၆၀ ရာခိုင်နှုန်းကို အခြားအပင်များက ရယူထားသည်။

“(လုပ်ကိုင်ခွင့် ရထားတဲ့) ကုမ္ပဏီတွေက ကျန်နေတဲ့ သစ်တောတွေကို တရားဝင် ရှင်းလင်းနိုင်တယ်။ အကောင်းပကတိအတိုင်း ကျန်နေနိုင်ခြေရှိတဲ့ သစ်တောတွေထဲက တချို့နေရာတွေနဲ့ ဇီဝမျိုးကွဲ တည်ရှိမှု မြင့်မားတဲ့ ဧရိယာတွေ၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးမှာ တန်ဖိုးရှိတဲ့ သစ်တောတွေ အပါအဝင်ဖြစ်ပါတယ်” ဟု Keiko Nomura ကပြော သည်။ “အထူးသဖြင့် တနင်္သာရီ အမျိုးသားဥယျာဉ်မှာ ဆီအုန်းနဲ့ ရာဘာ စိုက်ပျိုးထားတဲ့မြေ ဟက်တာ ၁၀၀၀ (၂၅၀၀ ဧက)လောက် ရှိနေပါတယ်။ ကျန်နေတဲ့ ဆီအုန်းစိုက်ပျိုးခွင့်ရထားတဲ့ ဧရိယာတွေရဲ့ သင့်တော်မှု အတိုင်းအတာကို တွက်ဆ ကြည့်ဖို့ အရေးကြီးပါတယ်။”

ကာကွယ်ထိန်းသိမ်းရေး ဧရိယာတခု အဖြစ် ယခုအချိန်အထိ အပြည့်အဝ မသတ်မှတ်ရသေးသော တနင်္သာရီတိုင်းသည် ကာဗွန်စုပ်ယူ ထိန်းသိမ်းပေးနိုင်မှု ကြွယ်ဝသောနေရာဖြစ်သည်။ အဆိုပြုထားသည့် ဥယျာဉ်အတွင်းမှ လုပ်ပိုင်ခွင့်ရထား သော နေရာများကို ခုတ်ထွင်ရှင်းလင်းခြင်းက ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် သန်း ၁၅၀ နီးပါး သို့မဟုတ် ဂရမ် ထရီလီယံပေါင်းများစွာကို ပြန့်နှံ့ခွင့်ပေးလိမ့်မည်ဟု အစီရင်ခံစာက ဆိုသည်။

အမှန်တကယ် စိုက်ပျိုးထားသည့် အတိုင်းအတာနှင့် မစိုက်ပျိုးရသေးသော ဧရိယာများကို အတိအကျ တွက်ချက် စစ်ဆေးရေးအတွက် ပုံရိပ်များရယူရန် သုတေသီများက Google Earth ကို အသုံးပြု၍ လပေါင်းများစွာ စုဆောင်းခဲ့ကြသည်။ ထို့နောက် ဆီအုန်း စိုက်ပျိုးသည့် ဧရိယာနှင့် အခြားမြေများကို တွက်ချက်ရန် Sentinel-1 နှင့် Sentinel-2 ဂြိုဟ်တုများမှ ရရှိသည့် ၂၀၁၈ နှင့် ၂၀၁၉ အတွက် အချက်အလက်များမှတဆင့် ထောင်နှင့်ချီသော ကိုးကားချက်များကို အသုံးပြုခဲ့ကြ သည်။ နောက်ပိုင်းတွင် သူတို့က ရှင်းလင်းစွာ ပေါင်းစပ်ထားသည့် ပုံများကို ဖန်တီးရာတွင် တိကျသေချာမှုကို မြင့်မားစေရန် ဆော့ဖ်ဝဲ နှင့် algorithm များ အသုံးပြု၍ ပုံရိပ်များကို သန့်စင်ခဲ့ကြသည်။

အဆိုပါ အချက်အလက်များနှင့်အတူ လုပ်ကိုင်ခွင့်ချထားပေးသည့် နေရာများနှင့် တနင်္သာရီတိုင်းအတွင်းမှ နယ်နိမိတ်များကို သုတေသီများက စုံစမ်းစစ်ဆေးကြည့်သည့် အချိန်တွင် အမှန်တကယ် ဆီအုန်းစိုက်ပျိုးသည့် စိုက်ခင်းများနှင့် ကုမ္ပဏီများက အစိုးရထံ သတင်းပို့ခဲ့သည့် အချက်များကြားမှ ကွာခြားမှုများကို တွေ့ရှိခဲ့ရသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဆီအုန်းစိုက်ပျိုးခွင့်ရ ဒေသများအတွင်းမှ စိုက်ပျိုးခြင်း မရှိသည့် ဧရိယာများက အမြဲတမ်း ရှင်းရှင်းလင်းလင်း ရှိမနေခဲ့ပါ။

စိုက်ပျိုးရေးအတွက် သစ်တောကို ခုတ်ထွင်ရှင်းလင်းထားပုံ/Forest Trend

လုပ်ကိုင်ခွင့်များနှင့် စိုက်ပျိုးထားခြင်း မရှိသည့် ဧရိယာများ

လယ်သမားများက ဆီအုန်းကို မြန်မာနိုင်ငံတွင် ၁၉၂၀ နှစ်များအတွင်း စတင် မိတ်ဆက်ခဲ့သည်။ သို့သော်လည်း စိုက်ပျိုးခြင်းက ဆယ်စုနှစ်များစွာအတွင်း မြင့်တက်လာခဲ့ခြင်း မရှိပါ။ တနင်္သာရီတိုင်း၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်များတွင် စတင်၍ ဖွံ့ဖြိုးလာသည်မှာ ၁၉၇၀ နှစ်များသို့ ရောက်မှ ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် ဆီအုန်းလုပ်ငန်းက အစိုးရ၏ အဓိက အာရုံ စိုက်မှုတခု ဖြစ်လာခဲ့သည်။ ထိုစဉ်က စစ်အစိုးရက ကုမ္ပဏီများကို လက်ရွေးစင် ရွေးချယ်၍ စိုက်ပျိုးရန် တာဝန်ပေးခဲ့သည်။ သူတို့၏ စိတ်ကူးမှာ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် ဖြစ်သလို နိုင်ငံခြားကို တင်ပို့ရန်လည်း မျှော်လင့်ထားသည်။

ထိုအချိန်မှစ၍ စိုက်ပျိုးရန် အထူးသင့်တော်သည်ဟု ယူဆရသည့်နေရာ ဖြစ်သော မြန်မာနိုင်ငံတောင်ဖက် အစွန်ဆုံးဒေသ ဖြစ်သည့် တနင်္သာရီတိုင်းအတွင်းမှ ခရိုင်အများအပြားတွင် အကြီးစားစိုက်ခင်း စီမံကိန်းများကို မြင်တွေ့လာခဲ့ရသည်။

သို့သော်လည်း ယခုအချိန်တွင် အဆိုပါ လုပ်ပိုင်ခွင့်ရနေရာများပေါ်တွင် စိုက်ခင်းများ အကောင်အထည်ဖော်ရေးက လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ၏ အကန့်အသတ်နှင့် ကြုံတွေ့နေရသည်။ မြေပိုင်ဆိုင်မှုတွင် အငြင်းပွားရခြင်းများရှိနေသလို လက်နက်ကိုင်အဖွဲ့များကြားမှ တိုက်ပွဲများအပါအဝင် လုံခြုံရေးဆိုင်ရာ ကိစ္စများ၏ ရလဒ်တခုအနေဖြင့် အချို့နေရာများသို့ မသွားရောက်နိုင်ခြင်းများက ဆက်လက်၍ ရှိနေသည်။

ထို့ပြင် လုပ်ပိုင်ခွင့်ရသည့် အချို့ နေရာများက ဆီအုန်းစိုက်ပျိုးရေးအတွက် မသင့်တော်သည့် နေရာများလည်း ဖြစ်နေနိုင်သည်။ ပါဝင်လုပ်ကိုင်နေသည့် အချို့ ကုမ္ပဏီများက ဆီအုန်းစိုက်ပျိုးရေးအတွက် လိုအပ်သည့် အသိပညာနှင့် အရင်းအမြစ်များ ရှိချင်မှ ရှိကြမည်ဟု လေ့လာမှုက ဆိုသည်။

ဆီအုန်းပင် အားလုံး၏ ၃၀ ရာခိုင်နှုန်းနီးပါးက လုပ်ကိုင်ခွင့်ရသည့် ဧရိယာများ၏ အပြင်ဘက်တွင် ရှိ နေသည်ကိုလည်း လေ့လာမှုက တွေ့ရှိခဲ့ရသည်။ နယ်နိမိတ်သတ်မှတ်ခြင်းများ မရေရာမှု သို့မဟုတ် ပြောင်းလဲမှုများကြောင့် ဖြစ်နိုင်ဖွယ်ရှိပါသည်။ ၎င်းထဲတွင် တနင်္သာရီ အမျိုးသား ဥယျာဉ်အတွင်းဘက်မှ ဟက်တာ ၁၀၀၀ သို့မဟုတ် လုပ်ကိုင်ခွင့်ရ ဧရိယာများနှင့် ထပ်နေသည့် အမျိုးသားဥယျာဉ် ၂ ခုပေါင်း ဧရိယာ၏ ၄ ရာခိုင်နှုန်းခန့် ပါဝင်နေပါသည်။

သို့သော် အချိန်ကြာမြင့်လာသည်နှင့် အမျှ ဆီအုန်းစိုက်ပျိုးသည့် မြေဧရိယာက အတော်အသင့် တိုးတက်လာခဲ့ပြီး အင်ဒို နီးရှား၊ မလေးရှားတို့နှင့် တူညီမှုက ပိုမိုထင်ရှားလာသည်။ အင်ဒိုနီးရှားတွင် ဆီအုန်းစိုက်ပျိုးခွင့်ရသည့်မြေများက ကြီးမား သော သစ်တောမြေများနှင့် ထပ်နေခဲ့ကြောင်း Keiko Nomura နှင့် သူ့အဖွဲ့၏ သုတေသနက အခိုင်အမာပြောသည်။ အရှေ့တောင်အာရှမှ ဆီအုန်းစိုက်ခင်းများ၏ တဝက်နီးပါးက လွန်ခဲ့သော နှစ်ပေါင်း ၃၀ လောက်အထိ သစ်တောများဖြစ်ခဲ့သည့် နေရာများဖြစ်ခဲ့ကြောင်းလည်း သူတို့က ဖော်ထုတ်ခဲ့သည်။

ဈေးနှုန်းသက်သာခြင်းနှင့် ဇီဝလောင်စာအဖြစ် အသုံးပြုမှု ပိုများလာခြင်းတို့ကြောင့် ကမာ္ဘတလွှားတွင် ဆီအုန်းကို လူကြိုက်ပိုများလာသည်နှင့် အမျှ ရာသီဥတု၊ သစ်တောများနှင့် ဒေသခံအသိုင်းအဝိုင်းများအပေါ် ၎င်း၏ သက်ရောက်မှုက အရှိန် ပိုမြင့်တက်လာလိမ့်မည်ဟု သိပ္ပံပညာရှင်များက စိုးရိမ်နေကြသည်။ လက်ရှိအချိန်တွင် ပကတိအတိုင်း ရှိနေသေးသည့် မြန်မာနိုင်ငံ၏ သစ်တောများက ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း အင်ဒိုနီးရှားနှင့် မလေးရှားတွင် တွေ့ခဲ့ရသည့် ဒုက္ခများနှင့် အလားတူ ရင်ဆိုင်နေရသည်ဟု သူတို့က သတိပေးခဲ့သည်။

ကော့သောင်းအထွက်တွင် တွေ့ရသည့် ဆီအုန်းစိုက်ခင်းကြီး/PRI Myanmar

သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို အသိအမှတ်ပြုသည့် မူဝါဒများ နှင့်အတူ အကယ်၍ ဆီအုန်း ဝယ်လိုအားက အေးသွားခဲ့လျှင်ပင် တနင်္သာရီတိုင်းတွင် သစ်တောမြေများ၌ လုပ်ကိုင်ခွင့်များ ချထားပေးခြင်းကို သေချာပေါက် သက်သာစေ လိမ့်မည် မဟုတ်ဟု သုတေသီများက ပြောသည်။ ဒေသတွင်းတွင် ရာဘာက အဓိက သီးနှံအဖြစ် ဆက်လက်ရှိနေပြီး ဆီအုန်းလုပ်ကိုင်ခွင့်ရနေရာများမှ အများအပြားကို ရယူနေကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

ရာဘာက ဒေသတွင် ဦးစားပေးသီးနှံအဖြစ် ဆက်၍ ရှိနေခြင်းမှာ ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခု အတွင်းတွင် ရာဘာဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် များစွာ ဖြစ်နိုင်ဖွယ် ရှိပါသည်။ အကယ်၍ ဆီအုန်းအတွက် ဝယ်လိုအားက ကျဆင်းသွားခဲ့လျှင်ပင် လုပ်ပိုင်ခွင့်ရမြေများတွင် ကုမ္ပဏီများက ရာဘာ စိုက်ပျိုးကောင်း စိုက်ပျိုးနိုင်ခြင်းကလည်း ကြီးမားသော သစ်တောပြုန်းတီးမှုသို့ ဦးတည်သော နောက်ထပ် လမ်းကြောင်းတခု ဖြစ်နေသည်။

၂၀၀၁ နှင့် ၂၀၁၀ အတွင်းမှာပင်လျှင် တနင်္သာရီတိုင်း၌ သစ်တော ၁၆၄၂၀၀ ဟက်တာ(၄၀၅၇၅၀ ဧက) ပျက်စီးခဲ့ရသည်။

ထိန်းသိမ်းစောင့်ရှောက်ရေး အခွင့်အလမ်းများ

မြန်မာနိုင်ငံ၏ သစ်တောများကို ခြိမ်းခြောက်နေသည့် လုပ်ကိုင်ခွင့်များ ပြန်လည်ရုပ်သိမ်းခြင်းတွင် ကြီးမားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ တန်ဖိုးများ ရှိနေသည်ဟု သုတေသီများက ဆိုကြသည်။ ထိုကဲ့သို့သော လုပ်ဆောင်မှုမျိုးက အနာဂတ် ကာဗွန်ထုတ်လွှတ်မှုကို သိသာထင်ရှားစွာ လျှော့ချပေးနိုင်သလို တချိန်က အရှေ့တောင်အာရှ တလွှားတွင် ကျယ်ကျယ်ပြန့်ပြန့် ကျက်စားခဲ့သော်လည်း ယခုအချိန်တွင် ထိုင်းနှင့် မြန်မာန်ိုင်ငံတွင်သာ ရှိတော့သည်ဟု ယုံကြည်ရသော အင်ဒိုချိုင်းနားကျားများ အပါအဝင် နိုင်ငံမှ မျိုးတုန်းလုနီးပါးဖြစ်နေသည့် မျိုးစိတ်များကိုလည်း ကာကွယ်မှု ပေးနိုင်ပါသည်။

သဘာဝတောရိုင်း တိရိစာ္ဆန်များအပြင် စိုက်ခင်းမဟုတ်သည့် ဧရိယာများက တခါတရံ ဒေသခံ အသိုင်းအဝိုင်းများ၏ အသက်မွေးမှုအတွက် အရေးပါသည်။ သစ်တောများကို မည်သို့ အသုံးပြုမည်ဆိုခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ မချမှတ်မီတွင် အဆိုပါ အသိုင်းအဝိုင်းများ ပူးပေါင်းပါဝင်ရမည်ဟု Forest Trends မှ မူဝါဒရေးရာ အကြီးတန်းလေ့လာဆန်းစစ်သူ တဦးဖြစ်သည့် Kevin Woods က ပြောသည်။ သူက Manoa ရှိ Hawaii တက္ကသိုလ်မှ ပထဝီနှင့် သဘာဝပတ်ဝန်းကျင် ဌာန ပါမောက္ခလည်း ဖြစ်သည်။

လုပ်ကိုင်ခွင့် ချထားပေးသည့် ဧရိယာများအတွင်းတွင် အခြားအပင်များ ၆၀ ရာခိုင်နှုန်းပါဝင်နေခြင်းက “(အခြား) အပင်များ ဖုံးလွှမ်းမှု ရာခိုင်နှုန်း သိသိသာသာ ရှိနေခြင်းသည် အမှန်တကယ်တွင် ဒေသခံပြည်သူများ စီမံခန့်ခွဲသည့် စိုက်ခင်းများ ဖြစ်နိုင်သလို ရွှေ့ပြောင်းစိုက်ပျိုးသည့် အလေ့အထများ ရှိနေသည်” ဆိုသည့် အဓိပ္ပါယ်ဟု လေ့လာမှုတွင် ပါဝင်ခဲ့သော Kevin Woods က ပြောသည်။ “ဒီ ဆီအုန်း လုပ်ကိုင်ခွင့်တွေကို ပစ်မှတ်ထားတဲ့ ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်မျိုး မဆို ဒေသခံတွေရဲ့ မြေယာအခွင့်အရေးနဲ့ အသုံးပြုမှုတွေနဲ့ ဆီလျှော်သင့်မြတ်အောင် မပြုလုပ်ရင် န်ိုင်ငံတကာရဲ့ အကောင်းဆုံး အလေ့အထတွေနဲ့ မူဝါဒတွေကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်။ ဒါအပြင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေပါတယ်။ နောက်ဆုံးမှ ရလဒ်က ဆုံးရှုံးမှု ဖြစ်ပါတယ်။”

“နောက်ဆုံးတော့ အဲဒါက တိုင်းပြည်နဲ့ပဲ ဆိုင်ပါတယ်” ဟု Keiko Nomura ကပြောသည်။ “ ဒါပေမယ့် အခုအချိန်က ဒီလို လုပ်ကိုင်ခွင့်မျိုးတွေကို ပြန်လည်စဉ်း စားဖို့ အကောင်းဆုံးအချိန် အကောင်းဆုံးအခွင့်အရေး ဖြစ်ပါတယ်။ အထူးသဖြင့် (လုပ်ပိုင်ခွင့်များချထားပေးခဲ့ပြီး နောက်ပိုင်းတွင်) အစိုးရပြောင်းသွားတဲ့ အချိန်မှာပေါ့” ဟု မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ် တွင် ဒီမိုကရေစီ အစိုးရတခုအဖြစ်သို့ အသွင် ကူးပြောင်းခဲ့သည်ကို ရည်ညွှန်း၍ သူက ထပ်ပြောသည်။

“လက်ရှိနဲ့ အနာဂတ် စီးပွားရေးနဲ့ ဈေးကွက် အခြေအနေတွေအရ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဗျူဟာသစ်တခုကို စဉ်းစားတာက သဘာဝကျပါလိမ့်မယ်”

(သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းဝက်ဆိုက် Mongabay မှ Nanditha Chandraprakash ရေးသားသော Myanmar risks losing forests to oil palm, but there’s time to pivot ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You May Also Like These Stories:

၂၀၃၀ တွင် မြန်မာနိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေ ဖွဲ့စည်းမည် ဟုဆို 

တီကျစ် ကျောက်မီးသွေး စက်ရုံ EIA အစီရင်ခံစာ ဘက်လိုက်မှုများ ရှိနေဟု ဆို 

ရန်ကုန်မြို့၏ နုံးမြေ အခြေအနေကြောင့် ငလျင်လှုပ်ခတ်မှု ပြင်းထန်စွာ ခံစားခဲ့ရ ဟုဆို 

The post ဆီအုန်းစိုက်ခင်းများက မြန်မာ့သစ်တောများကို ခြိမ်းခြောက်နေသည် appeared first on ဧရာဝတီ.


တခါသေဖူး ပျဉ်ဖိုးနားလည်သူ ကချင်စစ်ဘေးရှောင်များ

$
0
0

ယခုနှစ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တပ်မတော် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အကြား တိုက်ပွဲဖြစ်ပွားမှု နည်းသည်။ နေရပ်စွန့်ခွာနေရသည်မှာ ၈ နှစ်ကျော်ပြီဖြစ်သော စစ်ဘေးရှောင် ကချင်ဒေသခံများ အိမ်ပြန်နိုင်ရေးအတွက် နှစ်ဖက်အပစ်ရပ် သဘောတူညီမှုရရန် နှစ်ဖက်စလုံးက ကြိုးစားနေချိန်လည်း ဖြစ်သည်။

“ကျမတို့ကတော့ ပြန်လို့ရပြီဆို ပြန်ချင်တာ။ မနက်ဖန်ဆို မနက်ဖန်။ ဒီနေ့ဆို ဒီနေ့။ တကယ်လို့ စစ်မဖြစ်တော့ဘူး ငြိမ်းချမ်းရေးရပြီ။ ကောင်းကောင်းမွန်မွန် လက်မှတ်ထိုး သဘောတူစာချုပ်တွေ လုပ်ပီဆိုရင် ကျမတို့တော့ ပြန်မှာပဲ။ ကျမတို့ ခက်ခဲတာတော့ ခက်ခဲတယ်။ ဒါပေမယ့် ကိုယ့်ရွာ ကိုယ့်ရဲ့ အိမ်ခြံကို ပြန်လို့ရပြီဆိုရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျမတို့ လုံခြုံမှုရှိရင် ကျမတို့ ပြန်မှာပဲ” ဟု ဝိုင်းမော်မြို့အရှေ့ဖက် အန်ဝမ်ကောင်ရွာမှာ ဒေါ်ဂျာထုက ဆိုသည်။

သူမ ဇာတိရွာသည် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) ထိန်းချုပ်ရာ ဒေသအတွင်းတွင် ရှိနေသည်။ NDA-K ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အရာရှိဟောင်းများဖြစ်သော ဇခုန် တိန့်ယိန်း၊ (Layawk Zelum and Ying Zelum) လေးယွက် ဇီလမ်နှင့် ယိန်း ဇီလမ်တို့က ၁၉၈၉ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့သည် နောက်ပိုင်းတွင် ကချင်နယ်ခြားစောင့်တပ် အဖြစ် ရပ်တည်သည်။

ဝိုင်းမော်မှ ဆဒုံးသို့ နှစ်နာရီခရီးသာ ကားဖြင့်မောင်းရသော်လည်း ရွာသားများမှာ ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်နေရသည်။ ထိုလမ်းသည် တရုတ်နယ်စပ်သို့ပေါက်ပြီး အဓိက ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်ကာ ဝိုင်းမော်မှ တရုတ်တစ်ရှုးငှက်ပျောများ တင်ပို့ပြီး တရုတ်ဖက်မှ ကုန်မျိုးစုံကို ပြန်လည်တင်သွင်းသည်။

မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသူ ဒေါ်ဇေညွယ် /ငြိမ်းငြိမ်း

KIA နှင့် တပ်မတော် ကျောထောက်နောက်ခံပြု တပ်များအကြား တိုက်ပွဲများဖြစ်ပွားချိန် ၂၀၁၂ ခုနှစ်ဇွန်လက ဒေါ်ဂျာထု စစ်ပြေးရှောင်စဉ် ယာယီသာပြေးရလိမ့်မည်ဟု သူထင်ခဲ့သည်။

စစ်ပြေးရှောင်အဖြစ် ဝိုင်းမော်မြို့နယ်ရှိ မိုင်းနား နှစ်ခြင်းခရစ်ယာန် အသင်းတော် IDP စခန်းသို့ ရောက်ရှိ နေထိုင်နေသည်မှာ ၈ နှစ်ကြာရှိပြီဖြစ်သည်။ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူများ (IDP) များ၏ မိုင်းနား IDP စခန်းကို ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် (KBC) က ထောက်ပံ့ထားသည်။ ပြန်ခွင့်မရသေးသည့်အတွက် ယခုအချိန်တွင် သူမ လယ်ယာနှင့် ဥယျာဉ်ခြံများ တောဖုံးနေလောက်ပြီဟု သူမက ဆိုသည်။

မိုင်းနား စစ်ဘေးရှောင်စခန်းတွင် ၂၀၁၂ ခုနှစ် ဇွန်လကတည်းက စစ်ရှောင်လာသူ ၂၈၃၃ ဦးရှိပြီး ဗန်းမော်၊ မိုးမောက်၊ တနိုင်း၊ အင်ဂျန်းယန်၊ ချီဖွေ၊ ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာ ၃၉ ရွာမှ ပြေးလာကြသူများ ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် ၁၉၆၁ ခုနှစ်မှစတင်ပြီး တော်လှန်ရေးစစ်ပွဲဆင်နွဲနေသည်မှာ နှစ် ၆၀ နီးပါးရှိလာပြီး ၁၉၉၄ ခုနှစ်က ပြုလုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေးကို တစိတ်တပိုင်းအောင်မြင်မှုဟု သတ်မှတ်နိုင်သည်။

၂၀၁၁ ခုနှစ် ဇွန်လတွင် တပ်မတော်နှင့် KIA တို့အကြား ထိုအပစ်အခတ်ရပ်စဲရေး ပျက်ပျယ်သွားပြီးချိန်မှ စတင်ပြီး လူပေါင်း ၁၂၀၀၀၀ နီးပါးမှာ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ IDP စခန်းပေါင်း ၁၇၀ တွင် ခိုလှုံနေကြရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်လည်းဖြစ်သည့် KIA က ၎င်း၏ မဟာမိတ်များဖြစ်သည့် တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်စစ်တပ် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရန် ကြိုးပမ်းနေသည်။ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံတွင် ညှိနှိုင်းမှုရှိခဲ့ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့စီအကြား သဘောတူညီမှုရရေးနှင့် IDP များနေရပ်ပြန်နိုင်ရေးကို အဓိက ဆွေးနွေးခဲ့ကြသည်။

သို့သော် မြောက်ပိုင်းမဟာမိတ်နှင့် နောက်ထပ် ဆွေးနွေးပွဲများက ရွှေ့ဆိုင်းနေသည်။ အောက်တိုဘာလလယ်က KIA ၏ နိုင်ငံရေးလက်တံဖြစ်သော KIO ဥက္ကဌ အင်ဘန်လနှင့် အစိုးရ၏ ငြိမ်းချမ်းရေးညှိနှိုင်းသူများ ထိုင်းနိုင်ငံ ချင်းမိုင်တွင်တွေ့ဆုံခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေးနှင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်း / ငြိမ်းငြိမ်း

စစ်ဘေးရှောင်များ အဆင်ပြေချောမွေ့စွာ နေရပ်ပြန်ရေးကို ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ခေါင်းဆောင်များနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၇ ခုနှစ် နှစ်လယ်က တွေ့ဆုံချိန်တွင် စတင် ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

KBC ဦးဆောင်သော ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) သည်လည်း ယခုနှစ်အစောပိုင်းကတည်းက စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေးအတွက် ရှေ့ပြေးစီမံကိန်းများကို အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သည်။ သို့သော် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအတွက် အနည်းအကျဉ်းသာ လုပ်ဆောင်နိုင်ခဲ့သည်။

နေရပ်ပြန်ပြီးနောက် လုံခြုံမှုရှိရေးကို စစ်ရှောင်များ တောင်းဆို

ရွာတွင် သူမတို့ဘ၀ အေးအေးချမ်းချမ်း ဖြတ်သန်းချင်ကြောင်း ဝိုင်းမော်တောင်ပိုင်း ဂန်ဒေါင်ယန် ကျေးရွာမှ ဒေါ်ဇေညွယ်က ဆိုသည်။ သို့သော် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို ၎င်းတို့ စိုးရိမ်နေသည်ဟု ဆိုသည်။

သူမက မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသူ ဖြစ်သည်။ “ကျမတို့ ပထမဆုံး စစ်ပြေးလာတဲ့အခါ ကျောပိုးအိတ် တလုံးနဲ့ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာတာ။ ဒီမှာ  ၄-၅-၈ နှစ် နေပြီးမှ နည်းနည်းရှာလိုက် စုလိုက်နေပြီးမှ နည်းနည်းပြည့်စုံလာတဲ့အခါ ပြန်သွားပြီး သိပ်မကြာခင် တခါ ပြန်ပြေးရမယ်ဆိုရင် ဒါတွေ အကုန်လုံး ဆုံးရှုံးရတော့မှာ။ နှစ်ကျော့ပြန် စစ်ပြေးဘဝဆို ဘာမှတောင် ရှိတော့မှာ မဟုတ်ဘူး”ဟု ဧရာဝတီ သတင်းဌာနသို့ ပြောဆိုသည်။

သူမ၏ရွာနှင့် အခြားစစ်ဘေးရှောင်အများအပြား၏ ရွာများသည် KIA ဌာနချုပ်တည်ရှိရာ ဝိုင်းမော်တောင်ပိုင်းရှိ လိုင်ဇာအနီးတွင် ရှိသည်။ အပစ်အခတ်ရပ်စဲရေး စာချုပ်တခုခု သဘောမတူမီ တိုက်ပွဲများ ပြန်စလာမည်ကို သူမတို့အစိုးရိမ်ဆုံးဟု ဆိုသည်။

 

ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်း စီမံအုပ်ချုပ်ရေးရုံး/ငြိမ်းငြိမ်း

 

“ကျမတို့ စခန်း တာဝန်ခံက အစည်းဝေးခေါ်ပြီးမှ ပြောပြတယ်။ ပြန်ချင်တဲ့ လူတွေ ပြန်လို့ရတယ်တဲ့။ ပြန်ချင်တဲ့လူတွေ ပြန်လို့ရတယ်ဆိုတဲ့ ခေါင်းစဉ်ကို ကျမတို့က မကြိုက်ဘူး။ ကျမတို့ စစ်ရှောင်တွေ ပြည်သူတွေ ကြိုက်တာက စစ်မှန်တဲ့ ငြိမ်းချမ်းရေး အာမခံချက်ရှိတဲ့ ငြိမး်ချမ်းရေးရပြီဟေ့ ဆိုတဲ့အသံကို ကျမတို့ ရပြီဆိုရင် ကျမတို့က အကုန်လုံး ပြန်မယ်။ … နှစ်တွေ ကြာလာပြီးမှ ခဏ ခဏလည်း သူတို့ (အစိုးရနဲ့ KIA) က တွေ့ဆုံပြီးမှ အစည်းဝေး ထိုင်တယ် ပြောတယ်။ တခေါက်မှလည်း အာမခံချက်ရှိတဲ့အဖြေက မထွက်လာသေးဘူး။ ဆိုတဲ့အခါကျတော့ ဗမာ စကားပုံလို ဆောက်ဖြစ်မှ ကျောင်းတကာပေါ့ သူတို့ကိုယ်တိုင်မှ လက်တွေ့ပြတဲ့အခါကျမှ ကျမတို့ စစ်ရှောင်တွေက ယုံကြည်တော့မှာပေါ့” ဟု သူမက ဆိုသည်။

ထို့အတူ မိုင်းနားစစ်ရှောင်စခန်းမှ ဒေါ်ဂျာထုကလည်း “အခုတော့ ဘာမှ မျှော်လင့်ချက် မရှိသလို ဘာမှ မပြောတတ်တော့ဘူး။ တွေးလည်း မတွေးတတ်တော့ဘူး။ ကိုယ့်မိသားစု ရှေ့ရေးအတွက် စဉ်းစားရင် ဘာမှ မျှော်လင့်ချက်မရှိဘူး” ဟု ညစ်ညူးစွာ ဆိုသည်။

အဆင်ပြေခဲ့သော နေ့ရက်များ

၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးရသူများမှာ စပါးစိုက်တောင်သူများနှင့် ဥယျာဉ်ခြံစိုက်ပျိုးသူများ ဖြစ်သည်။

စစ်ပြေးနေရပြီး IDP စခန်းများရှိ အခန်းကျဉ်းကလေးတွင် ကြီးပြင်းရသည့် ကလေးများသည် ကျယ်ပြန့်ငြိမ်သက်သည့် ကျေးရွာအငွေ့အသက် အတွေ့အကြုံကို မခံစားကြရဘဲ ကလေးများ၏ ကျေးလက်ဘဝ အတွေ့အကြုံများ ဆုံးရှုံးရသည်ဟု ကလေးသုံးဦးမိခင် ဒေါ်ဇေညွယ်က ဆိုသည်။

သူမရွာတွင် လိမ္မော်သီး၊ စပါးနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုး အသက်မွေးခဲ့သဖြင့် ကလေးများကို ကျောင်းထားနိုင်သည့် ဝင်ငွေရှိခဲ့သည်။ မိဘများသည် ကလေးများပညာရေးအတွက် ငွေကြေး မတတ်နိုင်တော့သောကြောင့် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ဆယ်ကျော်သက်အများအပြား ကျောင်းထွက်နေကြသည် ဟု သူကပြောသည်။

မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်း/ငြိမ်းငြိမ်း

 

ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်းတွင် ကျောင်းမှ နှုတ်ထွက်သည့် ဆယ်ကျော်သက်များအတွက် ပေးစရာ အလုပ်လည်းမရှိကြောင်း ဒေါ်ဇေညွယ်က ရှင်းပြသည်။

၎င်းတို့ရွာများတွင် ရှိမည်ဆိုပါက လူငယ်များကို လယ်ယာနှင့် ဥယျာဉ်ခြံများတွင် အလုပ်ပေးနိုင်မည် ဖြစ်သည်။ “ကလေးတွေမှာလည်း အပြစ်မရှိဘူး။ မိဘတွေမှာလည်း အပြစ်မရှိဘူး။ အခု သူတို့မှာ ကျောင်းထွက်ပြီး ဘာမှ လုပ်စရာမှ မရှိတာ။ သူတို့ကို ကျမတို့က ကျောင်းထွက်ပြီးတော့လည်း အလုပ်ပြဖို့ လုပ်ငန်းလည်း မရှိဘူး” ဟု သူက ဆိုသည်။

ကြုံလာမည့် ခက်ခဲမှုများ

နေရပ်ပြန်ရန် တမ်းတနေကြသော်လည်း ပြန်နိုင်သူများအတွက် မရေရာမှုများ စောင့်ဆိုင်းနေသည်။

ရှေ့ပြေးစီမံကိန်းတခုအောက်တွင် ဝိုင်းမော်မြို့နယ် နမ့်ဆမ်ယန်ရွာသို့ စစ်ဘေးရှောင်အချို့ ပြန်ကြသည်ဟု သိရသည်။

“ကျမတို့က ပြန်ဖို့ အစီအစဉ်မရှိသေးဘူး” ဟု မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် ခိုလှုံနေသော နမ်ဆမ်ယန်မှ ဒေါ် ခေါင်နော်ပြောသည်။

ဂျန်မိုင်ကောင်း KBC စစ်ဘေးရှောင်စခန်းတွင် လူဦးရေ တထောင်ကျော် ခိုလှုံနေပြီး ၎င်းတို့သည် ၂၀၁၁ ခုနှစ် ဇူလိုင်လကတည်းက မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် နှင့် ဆွမ်ပရာဘွမ် မြို့နယ်များရှိ ကျေးရွာ ၁၇ ရွာမှ စစ်ပြေးလာခဲ့သူများ ဖြစ်ကြသည်။

“အရင်က လူတွေနေရပ်ပြန်နေကြတာ သတင်းကောင်းဖြစ်ပုံရပေမယ့် ပြန်တဲ့သူတွေ အရမ်းဒုက္ခရောက်တယ်ဆိုတာ ကျမတို့ စုံစမ်းသိရှိရတယ်။ ပြီးတော့ အဲမှာနေတဲ့လူနဲ့ ကျမတို့ ဆုံတဲ့အခါ ကျမတို့ပြန်တာ မှားသွားတယ် လို့ ပြောကြတယ်။ မပြန်ခင်က သူတို့ကို အစိုးရက အိမ်တွေလည်း ဆောက်ပေးမယ်။ အထောက်အပံ့ ခြောက်လ စာပေးမယ်ဆိုတော့ သူတို့ဝမ်းသာကြတယ်။ စစ်ရှောင်စခန်းမှာနေရတာက အရမ်းဒုက္ခဆင်းရဲ များတဲ့အခါကျတော့ သူတို့လည်း ပြန်ချင်ဇောနဲ့ နည်းနည်းမစဉ်းစားဘဲ ပြန်သွားတော့ အရမ်းဒုက္ခရောက်တာ တွေ့ရတယ်” ဟု သူ ပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ခိုက်မှု ရပ်စဲပြီး နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကို တက်တက်ကြွကြွ ကူညီလုပ်ဆောင်ရမည်ဟု မေတ္တာ ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်းမှ ဒါရိုက်တာ ဂွမ်ရှာအောင်က ဆိုသည်။ တပ်မတော်နှင့် KIA အနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန် ၎င်းက တိုက်တွန်းသည်။

“ခု ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်ကြားထဲမှာ အနိမ့်ဆုံး အပစ်ခတ် ရပ်စဲနိုင်တဲ့အနေအထား ရောက်အောင် လုပ်ဖို့ အရေးကြီးဆုံးလို့ မြင်တယ်။ ကာလကြာလာတဲ့အတွက် နိုင်ငံတကာရဲ့ အကူအညီလည်း လျော့လာတဲ့ အနေအထားမျိုးမှာ ကျနော်တို့ဟာ ဒီ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အရေးကို ပိုပြီးတော့ ကြည့်ရှုဖို့ လိုလာတယ်။ အစိုးရဘက်ကလည်း လိုအပ်တဲ့ ပံ့ပိုးမှုတွေကို တိုးပြီး လုပ်လာသင့်တယ်။ အထူးသဖြင့် အခြေခံ ဝန်ဆောင်မှုပေါ့နော်။ ပညာရေး၊ ကျန်းမာရေး ကိစ္စ တွေကို အခုထက် ပိုပြီးတော့မှ ထိထိမိမိ လုပ်ပေးဖို့ လိုတယ်” ဟု ဂွမ်ရှာအောင်က ဆိုသည်။

နေရပ်ပြန်နိုင်ရေး ထိုသို့သော အခက်အခဲများရှိသော်လည်း ၂၀၁၈ ခုနှစ် မြေလွတ်မြေလပ်နှင့်မြေရိုင်းများ ဥပဒေက ရိုးရာအစဉ်အလာ မြေပိုင်ဆိုင်မှုဆုံးရှုံးရမည်ကို စိုးရိမ်ပူပန်နေသည့် IDP များအား ပြန်သွားရန် တွန်းအားပေးနေသည်ဟု သူက ရှင်းပြသည်။

ဝိုင်းမော်တွင် ငှက်ပျောစိုက်ခင်းများကြောင့် မြေယာအငြင်းပွားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။ ၎င်းတို့၏ မြေများကို ၎င်းတို့မသိဘဲ စိုက်ပျိုးရေးစီမံကိန်းများအတွက် သိမ်းယူမည်ကို နေရပ်စွန့်ခွာရသည့် ရွာသားများ စိုးရိမ်နေကြသည်။

စစ်ရှောင်စခန်းတွင်းက ဘ၀

အိပ်ခန်းတွဲများဖြင့် ပြွတ်သိပ်ဆောက်ထားသော စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များ အလုပ်လက်မဲ့ ဖြစ်ကြသည်က များသည်။

IDP စခန်းဝင်းအတွင်း အလုပ်လက်မဲ့ဖြစ်နေသော စိတ်ညစ်ညူးနေသည့် နေရပ်စွန့်ခွာနေရသူ အများအပြားကို ဧရာဝတီ သတင်းဌာန၏ ခရီးတိုအတွင်း တွေ့ခဲ့ရသည်။  ၎င်းတို့အနက်အချို့သာ စခန်းပြင်ပတွင် ဝင်ငွေရသည့် အလုပ်အကိုင် ရရှိကြသည်။ ထိုအလုပ်များတွင် သန့်ရှင်းရေးလုပ်သား၊ ငှက်ပျော သို့မဟုတ် အခြားစိုက်ခင်းများတွင် ခြံအလုပ်သမားများအဖြစ် လုပ်ကိုင်ခြင်း စသည့် ကျွမ်းကျင်မှုမလိုသော အလုပ်များ ပါဝင်သည်။

အသက် ၄၇ နှစ်အရွယ် ကလေး ခြောက်ယောက်မိခင် ဒေါ်ဆောင်နမ် သည် ဝိုင်းမော်မြို့နယ် တပဒေါင်းကျေးရွာမှဖြစ်သည်။ ယခုအခါတွင် မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်ပြီး၊ တနေ့လျှင် နှစ်ထောင်ကျပ်ဖြင့် မြစ်ကြီးနားတွင် ပန်းရံ အလုပ် လုပ်သည်။

“ပန်းရံက မြစ်ကြီးနားမြို့ပေါ်မှာ လုပ်ရတာ။ ၂ ထောင်ကျပ်ရတယ်။ မိသားစု စားလို့မလောက်ဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး။ ဒီနှစ်မှပဲ ပန်းရံ အလုပ် စထွက်လုပ်ရတာ။ အလုပ်ကလည်း အမြဲမရှိဘူး” ဟု သူမက ဆိုသည်။

သူမ၏ကျေးရွာသို့ တရက်ခရီးဖြင့်ရောက်နိုင်သော်လည်း မပြန်ရဲသေးပေ။ “ပြန်နေဖို့ကျတော့ မလွတ်လပ်သေးဘူး။ မလွတ်လပ်ဘူးဆိုတာက ခဏခဏ တပ်မတော် စစ်ကြောင်းတွေ အဲ့လိုပဲ ပတ်နေတာ။ ကျမတို့ ခလေး ခလောက်နဲ့ဆို အဆင်မပြေဘူး” ဟု သူက ဆိုသည်။

၂၀၁၆ ခုနှစ်မှစတင်ပြီး စခန်းတွင်နေထိုင်သူများကို ဆန်၊ ဆီ၊ ဆား ဝယ်ရန် ငွေကြေးထောက်ပံ့သည်။ ယခင်ကထိုအခြေခံပစ္စည်းများကို ကမာ္ဘ့စားနပ်ရိက္ခာအစီအစဉ်က ထုတ်ဝေပေးခဲ့သည်။ ယခု ငွေကြေးထောက်ပံ့သည့်အစီအစဉ်အရ သက်ကြီးရွယ်အို စစ်ဘေးရှောင်များနှင့် မိဘမဲ့ စသည်တို့ကို တလ ၁၅၀၀၀ ကျပ် ထောက်ပံ့ပြီး လင်စုံမယားစုံရှိသော မိသားစုများသည် တလလျှင် ၁၁၀၀၀ ကျပ် အထောက်အပံ့ရသည်။

ထိုငွေပမာဏသည် IDP များ အသက်ဆက်နိုင်ရုံအတွက်သာ ဖြစ်ပြီး အလုပ်လက်မဲ့များအတွက် ပိုခက်ခဲရသည်ဟု ဒေါ်ဇေညွယ်က ဆိုသည်။

စခန်းအတွင်း အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် တရုတ်ပြည်သို့ လူကုန်ကူးခြင်း တို့သည်လည်း အရေးပေါ်ဖြေရှင်းရမည့် ပြဿနာများဖြစ်သည်ဟု ဂွမ်ရှာအောင်က ထောက်ပြပြောဆိုသည်။

အလုပ်လက်မဲ့ဖြစ်ရခြင်းသည် အခက်ခဲဆုံးစိန်ခေါ်မှုဖြစ်ကြောင်း စစ်ဘေးရှောင်အများအပြားက ဧရာဝတီသို့ ပြောဆိုသည်။

(Nyein Nyein ၏ Once Bitten, Twice Shy: Myanmar’s Kachin IDPs Demand Ceasefire Before Returning Home  ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်-

အသက်ရှင်စဉ် ငြိမ်းချမ်းရေးရတာ မြင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးသော့ချက် တပ်မတော်လက်တွင်ရှိ

ခရီးလမ်းကိစ္စက ငြိမ်းချမ်းရေးစကားဝိုင်းကို လှန်မှောက်နိုင်သလား

The post တခါသေဖူး ပျဉ်ဖိုးနားလည်သူ ကချင်စစ်ဘေးရှောင်များ appeared first on ဧရာဝတီ.

မိသားစု အသိုက်အမြုံလေး ဖျက်ဆီးခံလိုက်ရတဲ့နေ့

$
0
0

“ကျနော်အသက်ရှင်နေလည်း ဘာမှ မထူးတော့ဘူး။ သတိရတိုင်း စိတ်ထဲမှာ တအားခံစား နေရတယ်” ဟု အသက် ၃၇ နှစ်အရွယ် ကိုဇော်ဘောက် က ပြောသည်။ သူ၏ မျက်နှာတွင်တော့ ဆို့နင့်နေပုံက အထင်းသား။

အဖြစ်အပျက်က ၂ လကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကိုဇော်ဘောက် အတွက်တော့ နာကျင်နေတုန်းပင်။ ပူဆွေးသောကကြောင့်လေလား မသိ လန်းဆန်းမှုကင်းနေသည့် သူမျက်နှာမှာလည်း ရှိရင်း အသက် အရွယ်ထက်ပင် ရင့်ရော်နေသည်။

သူသည် ပန်းရံနှင့် လက်သမား အလုပ်လုပ်သူဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ဇနီး ဒေါ်ထွယ်ဂျာ၊ အသက် ၁၄ နှစ်အရွယ် နန်းမွန်းပန်၊ အသက် ၁၂ နှစ်အရွယ် ဇော်ဘုန်းအောင်၊ ၈ နှစ်အရွယ် ဇော်ခွန်လတ် တို့နှင့် အတူ ကွတ်ခိုင်မြို့ အထွက် တိုးဂိတ်နားက မော်ဟိတ် ကျေးရွာတွင် အေးအတူ ပူအမျှဖြတ်သန်းခဲ့ကြသည်။

ကိုဇော်ဘောက်သည် မိသားစုအရေးအမြဲရှေ့တန်းတင်စဉ်းစားတတ်သူ ဖြစ်ပြီး လက်ရှိ နေထိုင်နေသည့် တဲအိမ်သာသာ အိမ်ကလေးကနေ ခိုင်မာသည့် တိုက်အိမ်လေးတလုံး တည်ဆောက်ပြီး လုံလုံခြုံခြုံနေလိုသည့် စိတ်ကူးအိမ်မက် ရှိသည်။

သေဆုံးသွားသည့် ဇနီးသည်ပုံနှင့် အတူတွေ့ရသည့် ကိုဇော်ဘောက် (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

သူ၏ အိမ်မက်ကိုအကောင်အထည်ဖော်ရန် စုဆောင်းထားသည့် ပိုက်ဆံနှင့် တဲအိမ်ဟောင်းလေး ဘေးတွင်ပင် တထပ်တိုက်အိမ်လေး တလုံး ဆောက်လုပ်နေသည်မှာ ၈၀ ရာခိုင်နှုန်းပင် ပြီးနေပြီဖြစ်သဖြင့် သူ့၏ ရည်ရွယ်ချက်မှာ ပြည့်လုဆဲဆဲရောက်ရှိနေပြီဖြစ်သည်။

ထိုတိုက်အိမ်လေး အပြီးသပ်နိုင်ရန် ဆောက်လုပ်နေသည့် အချိန် သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာဘဲ ရွာပြင်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သံများ စတင် ကြားခဲ့ရသည်။ ထိုနေ့သည် သူတို့မိသားစုအတွက် ကံဆိုးမိုးမှောင် ကျမည့်နေ့ ဆိုသည်ကိုတော့ သူတို့ တွေးထားခဲ့ခြင်းမရှိပေ။

ထိုပစ်ခတ်မှုများမှာ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ် တပ် မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲဖြစ်သည်။

ထိုနေ့ မနက် ၈ နာရီကျော်တွင် စတင်ကြားလာရသော ပစ်ခတ်သံ ပေါက်ကွဲသံများကြောင့် တဘက်ခြံတွင် နေထိုင်သည့် ညီမဝမ်းကွဲ တော်စပ်သူ အသက် ၁၈ နှစ်အရွယ် မေရီထုဆန်က ၄ လသားအရွယ် ခွန်ဆန် ကိုကျောပိုးပြီး အသက် ၁၆ နှစ်အရွယ် ရွယ်ဘူနှင့်အတူ ကိုဇော်ဘောက်တို့ အိမ်ကို ခိုလှုံရန်ပြေးလာကြသည်။

ကိုဇော်ဘောက်ကတော့ လက်နက်ကြီး အချို့ အိမ်အနီးဝန်းကျင်တွင် ထပ်၍ကျမှန် ပေါက်ကွဲ လာသဖြင့် မိသားစုအားလုံး အိမ်ထဲခိုလှုံနေကြရန် သတိပေးခဲ့ပြီး တူးထားသည့် ကတုတ်ကျင်း ထဲတွင် မိသားစုတွေ သက်တောင့် သက်သာ ခင်း၍ပုန်းနိုင်ရန် လွှစာမှုန့်များ သွားကျုံးသည်။

သေဆုံးသွားသည့် သမီးဖြစ်သူပုံနှင့် အတူတွေ့ရသည့် ကိုဇော်ဘောက် (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

ထိုအချိန်မှာပင် လက်နက်ကြီး ကျည်တလုံးက ၎င်း၏ အိမ်အတွင်း ကျမှန်ပေါက်ကွဲခဲ့သည်။ ကိုဇော်ဘောက် ပြင်ဆင်မှု နောက်ကျခဲ့လေပြီ။ မိသားစုဝင်များကို လွန်ခဲ့သည့် မိနစ်ပိုင်းကသာ ကတုတ်ကျင်းထဲသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့လျှင် ယခုကဲ့သို့ အခြေအနေမျိုး မကြုံလောက်ပေ။

သူ၏အိမ်ဟောင်းလေးမှာ လက်နက်ကြီး ကျည်သင့်ပြီး ပျက်စီးသွားလေပြီ။ ထို့အတူ ပုန်းခိုနေကြသည့် မိသားစုဝင်များ မှာလည်း သွေးအိုင်ထဲတွင် ပြိုပြိုလဲလဲ ဖြစ်ကုန်သည်။ တချို့ကတော့ ငြိမ်သက်သွားပြီး တချို့ကတော့ ညီးညူနေကြသည်။

“ကျနော့် အမျိုးသမီးရယ်၊ သားရယ်၊ သမီးရယ် ဆုံးရှူံးသွားတာပေါ့။ ကျနော့် တဝမ်းကွဲ ညီမ ၂ ယောက် ပါသွားတယ်။ ကျနော့် တူမလေး တယောက် ပါသွားတယ်။ ၄ ယောက်က တခါတည်း ပွဲချင်းပြီးဆုံးသွားတယ်။ ကျနော့် အမျိုးသမီးက ဆေးရုံရောက်မှ ဆုံးသွားတယ်” ဟု ကိုဇော်ဘောက် က မြင်ကွင်းကို ပြန်ရှင်းပြသည်။

ပွဲချင်းပြီး ဆုံးသွားသည့် အထဲတွင် ကိုဇော်ဘောက်၏ ညီမဝမ်းကွဲ တော်စပ်သူ အသက် ၁၈ နှစ်အရွယ် မေရီထုဆန်နှင့် ကျောတွင်ပိုးထားသော ၄ လသားအရွယ် ခွန်ဆန် လည်းပါဝင်သွားပြီး အသက် ၁၆ နှစ်အရွယ် ရွယ်ဘူကတော့ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ညာဘက် လက်မောင်း ပြုတ်ထွက်လုနီးနီး ဖြစ်သွားခဲ့ရသည်။

သေဆုံးသွားသည့် သားဖြစ်သူပုံနှင့် အတူတွေ့ရသည့် ကိုဇော်ဘောက် (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

လက်မောင်းတခုလုံး ကျောက်ပတ်တီး စည်းထားသည့် ရွယ်ဘူ က “ကျမအဲဒီမြင်ကွင်းကို ပြန်မပြောပြချင်ဘူး” ဟု ပြောသည်။ ထိုမြင်ကွင်းသည် သူမအတွက် စိတ်ခြောက်ခြားစေသည်။ မြင်ကွင်းကို ပြန်ပြောပြရန်ပင် ဆို့နင့်နေလျှက်ရှိသည်။

ထိုနေ့က ရွယ်ဘူမှာ မနက်ပိုင်း ကျောင်းက ပြန်လာပြီး ထမင်းစားနေချိန်ဖြစ်သည်။ လက်နက်ကြီး ပေါက်ကွဲသံများကြောင့် စိုးရိမ်စိတ်ဖြင့် အမဖြစ်သူ မေရီထုဆန် အား အကိုဖြစ်သူ ကိုဇော်ဘောက် အိမ်တွင် သွားရောက် ခိုလှူံကြရန်တိုက်တွန်းသည်။

မေရီထုဆန်က ကနဦးငြင်းဆန်းနေသော်လည်း ၄ လသားအရွယ် ခွန်ဆန် အရေးတွေးကာ ညီမဖြစ်သူ၏ တိုက်တွန်းချက်ကို လက်ခံလိုက်ပြီး ကိုဇော်ဘောက်အိမ်သို့ သားကို ချီပိုးကာ သွားရောက်ပုန်းခိုခဲ့ကြရင်း အဖြစ်ဆိုးနှင့် ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။

သေဆုံးသွားသည့် မေရီထုဆန်နှင့် ၄ လသားအရွယ်ခွန်ဆန် (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

ဆေးရုံက ပြန်ဆင်းလာပြီဖြစ်သည့် ရွယ်ဘူ က “သေတဲ့လူအကုန်လုံးတွေ့လိုက်ရတယ်။ တခါမှ မကြုံတွေ့ဖူးဘူး။ တွေ့လည်း မတွေ့ဘူးတော့ ကြောက်တယ်” ဟု ရှင်းပြသည်။ ရှင်းပြရင်း မျက်ရည်ကျမလာအောင် အားယူထိန်းရင်း တဘက်သို့ မျက်နှာလွှဲလိုက်သည်။

သေဆုံးသွားသည့် မေရီထုဆန်မှာ ကိုယ်ဝန်ရှိစဉ်ကတည်းက ခင်ပွန်းသည်က ပြန်မလာတော့ဘဲ ခွန်ဆန်ကို မွေးဖွားခဲ့ရပြီး မိခင်အိမ်တွင် နေထိုင်ခဲ့ရသူဖြစ်သည်။ ကလေးတဖက်နှင့် အလုပ် မလုပ်နိုင်ရှာသည့် မေရီထုဆန်ကို မိခင်ဖြစ်သူ ဒေါ်ဂွန်ရွယ်နှင့် အကိုဖြစ်သူ နောင်ပြန်တို့က တရုတ်နိုင်ငံတွင် အလုပ်လုပ်၍ ထောက်ပံ့ပေးခဲ့ကြသည်။

လူငါးဦး သေဆုံးခဲ့သည့် အဆိုပါဖြစ်စဉ်မှာ အင်တာနက်ပေါ်မှာတဆင့် ပြန့်နှံ့ခဲ့ပြီးနောက် တရုတ်ပြည်က တည်းခိုခန်းတခုတွင် သန့်ရှင်းရေး အလုပ်လုပ်နေသည့် ဒေါ်ဂွန်ရွယ်နှင့် နောင်ပြန်တို့တွေ့ရှိသွားပြီး ရင်ထုမနာဖြစ်ခဲ့ကြရသည်။

ဒေါ်ရွယ်ဂွန် က “သူများ WeChat မှာ တင်ပေးလို့တွေ့လိုက်တာ။ ဗွီဒီယိုဖိုင်ပေါ့ ကိုယ့်သား သမီးတွေဆိုတော့ မှတ်မိတာပေါ့။ တခါမှလည်း မကြုံဖူးဘူးဒါမျိုး ဒီတခေါက်မှ ဘယ်လိုဖြစ်သွားလဲ မသိဘူး” ဟု ဆို့နစ်စွာပြောရင်း ငိုချလိုက်သည်။

အကိုဖြစ်သူ နောင်ပြန် ကလည်းငိုသည်။ စီးကျလာသည့် မျက်ရည်များကို အင်းင်္ကျီစဖြင့် သုတ်ရင်း “အမေကလည်း မရှိဘူး။ ကျနော်လည်း မရှိတုန်းမှာ အခုလိုဖြစ်သွားတဲ့ အတွက် ဘာမှ လုပ်မပေးနိုင်လိုက်ဘူး။ စိတ်ထဲ အရမ်းခံစားရတယ်။ ဘယ်လိုပြောပြရမှန်း မသိဘူး” ဟု တုန်ရီနေသည့် အသံဖြင့် ပြောသည်။

ဒဏ်ရာ အပြင်းအထန်ရှိခဲ့သော်လည်း လွတ်မြောက်ခဲ့သည့် ရွယ်ဘူ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

တအိမ်လုံး ဝိုင်းချစ်နေကြသည့် တူကလေး ခွန်ဆန်နှင့် ညီမဖြစ်သူ ဆုံးသွားသည့် အပေါ် ဒေါ်ဂွန်ရွယ်၊ နောင်ပြန်နှင့် ရွယ်ဘူတို့ ယခုအချိန်အထိ ဆို့နင့်နေကြတုန်းပင်ဖြစ်သည်။ ထိုအကြောင်းကိုမေးလျှင် ပြန်ပြောပြဖို့ပင် ရင်နင့်နေကြရှာသည်။

ငယ်စဉ်ကတည်းက စာမသင်ခဲ့ရသည့် နောင်ပြန်သည် ခင်ပွန်းသည် ဘယ်ရောက်နေမှန်း မသိသော ညီမဖြစ်သူနှင့် တူလေးအတွက် တရုတ်နိုင်ငံတွင် ကြုံရာ ကျပန်း အလုပ်များကို လုပ်ကိုင်၍ ထောက်ပံ့ပေးနေသူဖြစ်သည်။

အခင်းဖြစ်ပွားမှုကို အင်တာနက်တွင် တွေ့တွေ့ချင်း နောက်ပြန်ရော မိခင်ဖြစ်သူပါ အလုပ်မှ ခွင့်ယူ၍ မြန်မာနိုင်ငံသို့ ပြန်ခဲ့ကြသည်။ သို့သော်လည်း ကွတ်ခိုင်နှင့် မူဆယ် အကြား နမ့်ဖက်ကာ တွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ လမ်းပိတ်ခံ ထားရသဖြင့် အသုဘကိုပင်မမီလိုက်ကြသဖြင့် တာဝန်မကျေသကဲ့သို့ ခံစားနေကြရသည်။

မိသားစုဝင်များကသာ ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး တာဝန်ယူစိတ်ဖြင့် တာဝန် မကင်းသလို ခံစားနေကြသော်လည်း လူ ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည့် ထိုပစ်ခတ်မှု၏ လက်သည်မှာ ဝန်ခံခြင်းမရှိသလို သူ့ထက်ငါသာ လွှဲချပြီး ခေါင်းရှောင်နေကြသည်။

အခင်းဖြစ်ပွားသည့်နေ့က ၄ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကိုဇော်ဘောက်၏ ဇနီးဖြစ်သူမှာ ကွတ်ခိုင်ဆေးရုံ ရောက်ပြီး မိနစ်ပိုင်းအကြာမှာပင် ဆုံးပါးသွားခဲ့ရခြင်း ဖြစ်သည်။ အခြား ဒဏ်ရာရသူ အမျိုးသား ၂ ဦးနှင့် ရွယ်ဘူတို့မှာ ဒဏ်ရာများ အပြင်းအထန် ရရှိသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

သေဆုံးသူ မေရီထုဆန်နှင့် ၄ လသားအရွယ် ခွန်ဆန်တို့အတွက် ဒေါ်ရွယ်ဂွန်၊ နောင်ပြန်နှင့် ရွယ်ဘူတို့ စိတ်ထိခိုက်နေကြသည်။ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

မော်ဟိတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦအောင်ထွန်း က “ဇော်ဘောက်က သူ့အမျိုးသမီးကို သိပ်ချစ်တာ။ ကွတ်ခိုင်ဆေးရုံမှာ အမျိုးသမီး ဆုံးသွားတော့ အလောင်းနားကနေ ပြန်ခေါ်လို့ မရတော့ဘူး။ ပေကပ်နေတာ။ မင်းမှာ သားတယောက် ရှိသေးတယ်။ ဒီလောက်တောင် ပျော့ညံ့ရလား ဆိုပြီး မခံချင်အောင် ပြောပြီးပြန်ခေါ်ထုတ်ရတယ်” ဟု ပြန်ရှင်းပြသည်။

မော်ဟိတ်ရွာတွင် ယခုကဲ့သို့ ဖြစ်စဉ်မျိုး ယခင်ကလည်း တကြိမ် တခါမျှ မဖြစ်ခဲ့ဖူးသလို ရွာသူ ရွာသားများမှာ လက်နက်အကြောင်း နားလည်သူများ မဟုတ်ကြသဖြင့် ဘယ်သူက ပစ်ခတ်သည့် လက်နက်ဆိုသည်ကိုလည်း အတိအကျ မသိကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

သို့သော်လည်း ထိုကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်လာမည်ကို ရွာသူရွာသာများက ယခုချိန်ထိ ကြောက်ရွံ့ စိုးရိမ်နေကြဆဲဖြစ်ကြောင်း ပြောသည်။

မော်ဟိတ် ရွာခံ ကလေးမိခင်တဦးဖြစ်သည့် ဒေါ်ဇယ်ညွယ် က “အခုလို မိသားစုတွေ ဖြစ်သွားတာ စိတ်ထဲ မကောင်းဘူး။ ကြောက်တယ်။ တကယ်စေတနာပါတဲ့ ငြိမ်းချမ်းရေးမျိုး ရစေချင်တယ်” ဟု သူ့ဆန္ဒကို ပြောပြသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ထိုရက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြားတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ ပစ်ခတ်မှုများကြား ပြည်သူ ၈ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

မော်ဟိတ်ရွာ ကဲ့သို့ ကိုဇော်ဘောက် အိမ်ကဲ့သို့ အခြားကျေးရွာများနှင့် အိမ်အချို့မှာလည်း လက်နက်ကြီး ကျည်ကျမှန်ပေါက်ကွဲမှုများခံရသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လမ်းကြောင်း ပိတ်ဆို့ခံခဲ့ရသည်။ ခရီးသည်ကားများလည်း အညှာ အတာကင်းမဲ့စွာ ပစ်ခတ်ခြင်း၊ မီးရှိူ့ခြင်း ခံခဲ့ရသည်။

ခံလိုက်ရသည့် ပြည်သူများမှာ မည်သည့် လျှော်ကြေးမှ မရသလို မည်သည့် အဖွဲ့ အစည်း ကမှလည်း တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့ကြသဖြင့် အပြစ်မဲ့ ပြည်သူလူထုမှာ တိုက်ပွဲများ အကြား အမှန်တရား ပျောက်ဆုံးခဲ့ကြရသည်။ ထိုထက်ဆိုးသည်မှာ နောက်ထပ်ဘယ်နေ့ ကြမ္မာဆိုး ထပ်ကြုံရမလဲ ဆိုသည်ကို ကြောက်လန့်နေကြရသည်။

ရွာသူ၊ ရွာသားများသာ မက ကိုယ်တိုင်မိသားစုဝင်များ ဆုံးရှူံးလိုက်ရသူများသည်ပင် ထိုပစ်ခတ်မှု နှင့် ပတ်သက်၍ ဘယ်အဖွဲ့ကိုမှလည်း နာမည်ကိုပင် မပြောရဲ၊ အပြစ်မတင်ရဲ ဖြစ်နေကြသည်။ ထင်မြင်ချက်နှင့် အပြစ်တင်ချက်များ ပြောလိုက်၍ တဖွဲ့ဖွဲ့က လာရောက် ပစ်ခတ်မည်ကိုလည်း စိုးရိမ်နေရကြရှာသည်။

မိသားစုအတွက် ကိုဇော်ဘောက် ကိုယ်တိုင် တည်ဆောက်ထားသော တိုက်အိမ်သစ်လေး (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

“တိုက်ပွဲတွေ ဖြစ်လည်း မဖြစ်စေချင်ဘူး။ မြင်လည်း မမြင်ချင်တော့ဘူး။ လိုအပ်တဲ့ ကိုယ့်ရဲ့ ဝမ်းစာကို ငြိမ်းငြိမ်းချမ်းချမ်းပဲ တနေ့စာ တနေ့ရှာစားရတဲ့ဟာကို စိတ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ချင်တာပေါ့” ဟု အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်း ကပြောသည်။

ကိုဇော်ဘောက်ကတော့ မိသားစုနှင့် အတူနေရန် စိတ်ကူးနှင့် ကိုယ်တိုင်ဆောက်ထားသည့် အိမ်ကလေးကို မြင်လျှင် ခံစားနိုင်မည်မဟုတ်သဖြင့် ထိုအိမ်လေးကို မသွားဖြစ်တော့ဘဲ ကျန်ခဲ့သည့် သားလေးနှင့် အတူ မိဘအိမ်တွင် နေ့ရက်တွေ ကုန်စေခဲ့သည်။

ယခုအချိန်တွင်တော့ ကျန်ရစ်ခဲ့သည့် သားတယောက်နှင့် ရှေ့ခရီဆက်နိုင်ရေး တွေးတောနေပြီး အချိန်တခုကိုရောက်ရင်တော့ သားနှင့် အတူ ထိုအိမ်ကလေးကို ပြန်သွားဖြစ်လိမ့်မည်ဟုဆိုသည်။ သို့သော်လည်း မိသားစုတော့ စုံလျှင်တော့မည်မဟုတ်ပေ။

“ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် ပြောချင်တာကတော့ စစ်ဖြစ်တဲ့နေရာကို မပစ်ဘဲနဲ့ ဘာမှ မဟုတ်တဲ့ အပြစ်မရှိတဲ့ ဘာရန်သူမှ မရှိတဲ့ ရွာထဲကို လက်နက်ကြီးတွေ ဒီလိုပစ်ချတာတော့ မကောင်းဘူးပေါ့။ နောက်နောင် ဘယ်ရွာမှာ ဘယ်သူ့ကို မဆို ကျနော်လို ဝမ်းနည်းအောင် မလုပ်ကြပါနဲ့လို့ ပြောချင်တာပါ” ကိုဇော်ဘောက် က သူ့ရင်ထဲက ဆန္ဒကို ဖွင့်ပြောသည်။

The post မိသားစု အသိုက်အမြုံလေး ဖျက်ဆီးခံလိုက်ရတဲ့နေ့ appeared first on ဧရာဝတီ.

တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ

$
0
0

နိုင်ငံအတွင်းသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာခြင်းနှင့်အတူ အဓိကကျသော အစိုးရအရာရှိ အများအပြားတို့သည် မြန်နှုန်းမြင့်ရထားလမ်း တခုမှသည် အထူးစီးပွားရေးဇုန်များနှင့် ပင်လယ်ဆိပ်ကမ်းများ အထိ ပါဝင်သော တရုတ်စီမံကိန်းကြီးများကို ထောက်ခံပြောဆိုလာကြသည်။

တရုတ်နိုင်ငံ၏ မဟာအခြေခံ အဆောက်အအုံ စီမံကိန်းများသည် မြန်မာနိုင်ငံအတွက် စီးပွားရေး တိုးတက်မှုနှင့် ပြည်သူများအတွက် စီးပွားရေး အကျိုးအမြတ်များ ဆောင်ယူလာပြီး ဒေသတွင်းတွင် နိုင်ငံ၏ သေနင်္ဂဗျူဟာ အရ အရေးပါမှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ထိုအရာရှိများက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ညီလာခံ အများအပြားတွင် ပြောကြားကြသည်။

သို့သော် ထိုအရာရှိများ ယခုအချိန်အထိ ဖော်ပြရန် ပျက်ကွက်နေသည်မှာ ထိုစီမံကိန်းကြီးက အိမ်ရှင် လူမှုအသိုင်းအဝန်းများ အပေါ် သက်ရောက်မည့် အလားအလာ ရှိသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ ဖြစ်သည်။

ထိုစီမံကိန်းကြီးများက ဇီဝမျိုးကွဲစုံလင်မှု၊ ကာကွယ်တောများနှင့် ရေသယံဇာတ များကို မည်မျှထိခိုက်စေမည်ကို ထိုအရာရှိများ ပြောခဲလှသည်။ ထိုကဲ့သို့သော တရားဝင် နှုတ်ဆိတ်နေခြင်းနှင့် ရင်ဆိုင်ရသောကြောင့် ကျွမ်းကျင်သူများနှင့် တက်ကြွ လှုပ်ရှားသူများသည် စီမံကိန်းဒေသများတွင် မြေယာသိမ်းယူမှု၊ ရွှေ့ပြောင်းအခြေချများ ဝင်ရောက်လာခြင်း၊ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးခြင်းနှင့် လေ၊ ရေနှင့် ဆူညံမှု ညစ်ညမ်းခြင်းများအကြောင်း ပူပန်နေကြသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) ထူထောင်ရန် နားလည်မှုစာချွန်လွှာ (MOU) ကို လွန်ခဲ့သော နှစ်က လက်မှတ်ရေးထိုးပြီးနောက် မြန်မာနိုင်ငံတွင် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) အရ ကြီးမားသော စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်နေသည်။

ခန့်မှန်းခြေအားဖြင့် ကီလိုမီတာ ၁၇၀၀ ရှည်လျှားပြီး Y ပုံသဏ္ဍန်ရှိ ထိုစင်္ကြန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းနှင့် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးအချက်အခြာ နေရာများဖြစ်သော မန္တလေးကို ပထမ ဆက်သွယ်ပြီးနောက် အရှေ့ဘက် ရန်ကုန်သို့ဆက်သွယ်ကာ အနောက်ဘက်တွင် ရခိုင်ပြည်နယ်မှ ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) သို့ ဆက်သွယ်မည်ဖြစ်သည်။ လက်တွေ့တွင် CMEC သည် ယူနန်နှင့် ဘင်္ဂလားပင်လယ်အော်ကို ဆက်သွယ်မည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စင်္ကြန် (BCIM) ၏ ကနဦးအဆင့်ဖြစ်သည်။

ပညာရှင် အစီရင်ခံစာများ၏ အဆိုအရ မြန်မာနိုင်ငံတွင် BCIM ၏ လမ်းအခြေခံ အဆောက်အအုံစီမံကိန်း နှစ်ခု အဆိုပြုထားသည်ဟု သိရသည်။ တခုမှာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမှတဆင့် တရုတ်ကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ ဆက်သွယ်ပေးမည့်  အရှေ့အနောက်စင်္ကြန်ဖြစ်ပြီး အခြားတခုမှာ ထိုစင်္ကြန်နှင့် အိန္ဒိယ သမုဒ္ဒရာကို ရန်ကုန်မှတဆင့် ဆက်သွယ်မည့် တောင်မြောက်စင်္ကြန်ဖြစ်သည်။

မြန်မာအရာရှိများ၏ အဆိုအရ BRI ၏ ကျောရိုးစီမံကိန်းများ တည်ဆောက်ခြင်းကို လာမည့်နှစ်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်းနှင့် ရှမ်းနှင့်ကချင်ပြည်နယ်များမှ နယ်စပ်အထူး စီးပွားရေးဇုန်များ အတွက် သတ်မှတ်ရက်စွဲများပင် ရှိနေပြီးဖြစ်သည်။

ကချင်ပြည်နယ်မှ စီးပွားရေးတိုးတက်မှုဇုန်၊ မန္တလေး မြို့သာ စက်မှုဒေသတွင် စက်မှုဇုန်တခု၊ ပုသိမ် စက်မှုဒေသမှ တရုတ်အထည်အလိပ် စက်မှုမြို့တော်၊ ပဲခူးတွင် စက်မှုဇုန်တခုနှင့် အခြားစီမံကိန်းများဖြစ်သော ရှမ်းပြည်နယ်၊ မန္တလေး၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ်ကျောက်ဖြူမှ လမ်းများ၊ ရထားလမ်းများနှင့် တံတားများ အဆင့်မြှင့်တင်ရေး အပါအဝင် အဓိက အခြေခံအဆောက်အအုံစီမံကိန်းများကို CMEC အောက်တွင် အကောင်အထည်ဖော်နေပြီဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် အထိခိုက်ဆုံးသော နိုင်ငံသို့မဟုတ် ပိုင်နက်နယ်မြေ သုံးခုတွင် ပျူတိုရီကိုနှင့် ဟွန်ဒူးရပ်တို့နှင့်အတူ ပါဝင်နေသောကြောင့် ထိုကြီးမားသော စီမံကိန်း များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ ထံမှ ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု အန္တရာယ်အညွှန်းကိန်း အရ ထိုသို့ဖြစ်ရခြင်းမှာ မူလကရှိပြီးဖြစ်သော လူမှု ထိခိုက်လွယ်မှုနှင့် မဏ္ဍိုင်အဖွဲ့အစည်းများ အားနည်းခြင်းတို့နှင့်အတူ ပြင်းထန်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်လွယ်မှုများကြောင့်ဖြစ်သည်။

“BRI လို စီမံကိန်းကြီးတွေဟာ ပြန်ပြုပြင်လို့မရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တတ်တယ်။  ဒါကို သစ်တောရှိတဲ့နေရာမှာ အကောင်အထည်ဖော်ရင် သစ်တောပြုန်းတီးမှုဖြစ်မယ်။ အိမ်ရှင်နိုင်ငံမှာ ရာသီဥတု ပြောင်းလဲမှုကို ဖြစ်စေမယ်။  ရာသီဥတုပြောင်းလဲမှုဖြစ်ရင် သဘာ၀ ဘေးအန္တရာယ်တွေလိုက်လာမယ်” ဟု မြန်မာနိုင်ငံတွင် ထိပ်တန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းဖြစ်သော စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောသည်။

“ဒီ့အပြင် ဒီစီမံကိန်းတွေက မလိုလားအပ်တဲ့ လူမှုသက်ရောက်မှုတွေ ဖန်တီးလိမ့်မယ်။ မြန်မာနိုင်ငံက တချို့နေရာတွေဟာ သဘာဝပတ်ဝန်းကျင်အရ၊ နိုင်ငံရေးအရ၊ လူမှုအရ အထိမခံဘူး။ စီမံကိန်း အကောင်အထည် ဖော်ခြင်းကို သတိထားကိုင်တွယ်ရမယ်။ ဒီပြဿနာတွေကို ထည့်သွင်းစဉ်းစားရမယ်” ဟုလည်း သူက ပြောသည်။

စီမံကိန်းအများစုမှာ မစတင်သေးသောကြောင့် ပူပန်မှုများသည် အချိန်မတန်သေး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် တရုတ်စီမံကိန်းများနှင့် ပတ်သက်သော မြန်မာ၏ အတွေ့အကြုံများကြောင့် ထိုသို့သောပူပန်မှုများ ဖြစ်သင့်ပေသည်။

မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီများသည် ၎င်းတို့စီမံကိန်းများ၏ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများကြောင့် လူကြိုက်နည်းပြီး အငြင်းပွားဖွယ်ရာ ဖြစ်နေသည်မှာ ဝမ်းနည်းစရာကောင်းသော်လည်း မှန်ကန်နေသည်။

စစ်ကိုင်းတိုင်းမှ လက်ပတောင်း ကြေးနီမိုင်းသည် အဓိက ဥပမာတခုဖြစ်ပြီး တရုတ်နိုင်ငံအပေါ် အများပြည်သူ မုန်းတီးမှုများ စတင်ရာနေရာဖြစ်နေသည်။ တရုတ်နိုင်ငံ ဝမ်ပေါင် သတ္တုတူးဖော်ရေး ကုမ္ပဏီက လုပ်ကိုင်သည့် ထိုလုပ်ငန်းသည် အတင်းအကျပ် မောင်းနှင်ထုတ်ခြင်း၊ မြေသိမ်းခြင်း၊ ကန့်ကွက်ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခြင်း၊ ဆိုးရွားသော သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးထိခိုက်မှုများနှင့် ဘာသာရေးအရ အရေးကြီးသောနေရာများကို ဖျက်သိမ်းခြင်းတို့နှင့် ပတ်သက်နေသည်။

၂၀၁၂ ခုနှစ်တွင် ဆန္ဒပြသော ရွာသားများနှင့် သံဃာတော်များကို မီးခိုးဗုံးများဖြင့် ဖြိုခွဲရာ လူအများအပြား မီးလောင်ကုန်သောကြောင့် လူထုဒေါသထွက်ပြီး ထိုပဋိပက္ခကို တနိုင်ငံလုံး လူသိများလာသည်။

၂၀၁၆ ခုနှစ်အတွင်း လက်ပံတောင်းဒေသခံများ ဆန္ဒပြမှုတခုတွင် ရဲနှင့် ထိပ်တိုက်တွေ့နေစဉ်/ဧရာဝတီ

၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုမိုင်းကို စုံစမ်းစစ်ဆေးသည့် ကော်မရှင်ကို ဦးဆောင်ခဲ့သည်။ ထိုကော်မရှင်က ထိုမိုင်းကိုပိတ်ပစ်ရန် အကြံပြုခြင်း မရှိသော်လည်း ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုဘဝ ထိခိုက်မှုနှင့် ကျန်းမာရေးထိခိုက်မှု အကဲဖြတ်ခြင်းပြုလုပ်ရန် သို့မဟုတ် စီမံကိန်းကို ဆက်မလုပ်မီ ပတ်ဝန်းကျင် စီမံမှု စီမံချက်ကို အကောင်အထည်ဖော်ရန် အကြံပေးခဲ့သည်။

သဘာ၀ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အဆိုအရ ဝမ်ပေါင်သည် စီမံကိန်းကို ဆက်လုပ်ရန် EIA တခု ပြုလုပ်ရန် လိုခဲ့ကြောင်း သိရသည်။

သို့သော် ၂၀၁၉ ခုနှစ် မေလတွင် အစိုးရက လက်ပတောင်းကြေးနီမိုင်း ပတ်ဝန်းကျင်ရှိ လေထုပတ်ဝန်းကျင်တွင် ပြဌာန်းထားသည့် အဆင့်ထက်ပိုပြီး အမှုန်များပါဝင်နေသောကြောင့် ပူပန်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ထိုစီမံကိန်းကြောင့် စက်ရုံအနီး လေထုထဲတွင် ဆာလဖာဒိုင်အောက်ဆိုဒ် ပါဝင်မှု မြင့်မားနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားပြီး ပတ်ဝန်းကျင်တွင် သစ်တောပြုန်းတီးခြင်းကိုလည်း ပူပန်ကြောင်း ပြောကြသည်။

၂၀၀၉ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် ထိုဒေသကို ကောင်းကင်မှ ရိုက်ကူးထားသော ဓာတ်ပုံများကို နှိုင်းယှဉ်သောအခါ ထိုစီမံကိန်းသည် ပတ်ဝန်းကျင်ဒေသများကို သဘာ၀ ပတ်ဝန်းကျင်က မည်သို့ထိခိုက်စေကြောင်း ပြသနေသည်။

ထိုကဲ့သို့သော စီမံကိန်းကြီးများကြောင့် ပတ်ဝန်းကျင်အဆင့် လျော့ကျခြင်း၏ အရှင်းလင်းဆုံးဥပမာကို ထိုဒေသတွင် တွေ့နိုင်သည်။
မလုံလောက်သော မြေယာလျှော်ကြေးနှင့် သတ္တုသန့်စင်ရေး စက်ရုံမှ ဘေးထွက်ပစ္စည်းများကြောင့် ဖြစ်ပွားသော ပတ်ဝန်းကျင်ထိခိုက်မှု စွပ်စွဲချက်များကြောင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းရှိ တရုတ် ကျောထောက်နောက်ခံပြု သီးခြား နီကယ် မိုင်းတခုသည်လည်း ရွာသားများနှင့် ရှည်ကြာသော အငြင်းပွားမှုများကြောင့် အခက်အခဲဖြစ်နေသည်။

လက်ပတောင်းကြေးနီစီမံကိန်းကို ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် နှိုင်းယှဉ်သောပုံ။ စီမံကိန်းအနီး ချင်းတွင်းမြစ်၏ မြစ်လက်တက်တခု ၂၀၁၉ ခုနှစ်တွင် ခန်းခြောက်သွားကြောင်း ၂၀၁၉ ခုနှစ်ကပုံတွင် ပြသနေသည်။

တရုတ်နိုင်ငံမှ CNMC Nickel Company Ltd. (CNICO) က လုပ်ကိုင်နေသည့် တကောင်းတောင် စက်ရုံသည် စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်း နယ်စပ်တွင်တည်ရှိပြီး ၂၀၀၇ ခုနှစ်က မြေဧက ၃၀၀၀ ကျော် သိမ်းယူမှုဖြစ်ခဲ့သည်။ သို့သော် ဒေသခံ လယ်သမား ၁၂၂ ဦးက မြေအတွက် လျှော်ကြေး လုံလောက်စွာမရကြောင်း မီဒီယာများကို ပြောသည်။ မြေလျှော်ကြေးမှာ တဧကလျှင် ၅၀၀၀၀ ကျပ်သာ ရရှိကြသည်။

ပတ်ဝန်းကျင်ကို ကာကွယ်ရန် လုပ်ဆောင်ထားသည်ဟု ထိုကုမ္ပဏီ၏ အင်တာနက် စာမျက်နှာက ဆိုသော်လည်း ၎င်းတို့ကိုပေးသော လျှော်ကြေးသည် ၎င်းတို့မြေများ ထိခိုက်ပျက်စီးမှု သို့မဟုတ် မိုးရွာသောအခါ အနီးရှိ စိုက်ခင်းများနှင့် ချောင်းများအတွင်း စီးဝင်သည့် ကျောက်မီးသွေး စွန့်ပစ်ပစ္စည်းများကို ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း ရွာသားများက ပြောကြသည်။

စက်ရုံလုပ်ငန်းမှ ဖြစ်စေသော လေထုညစ်ညမ်းမှုနှင့် အစိုင်အခဲ အညစ်အကြေးများသည် ၎င်းတို့၏ ကျန်းမာရေးကို ထိခိုက်စေကြောင်းနှင့် ထိုကုမ္ပဏီသည် ဧရာဝတီမြစ်အတွင်းသို့ စွန့်ပစ်ရေများကို တိုက်ရိုက်စွန့်ပစ်ကြောင်း ဒေသခံများက စွပ်စွဲကြသည်။

တကောင်းတောင် နီကယ်မိုင်းကို Google Earth မှ မြင်ရစဉ်

တရုတ် ကျောထောက်နောက်ခံပြုသည့် အခြားစီမံကိန်းတခုမှာ ၇၇၁ ကီလိုမီတာ ရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများဖြစ်သည်။ ထို ပိုက်လိုင်း များသည် ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ မကွေး၊ မန္တလေးနှင့် ရှမ်းပြည် မြောက်ပိုင်းကို အပြိုင် ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ ဝင်ရောက်သည်။ ၂၀၀၈ ခုနှစ်က စစ်အစိုးရနှင့် ချုပ်ဆိုသော သဘောတူညီချက်ဖြစ်သည့် ထိုစီမံကိန်းသည် ၂၀၁၃ ခုနှစ်မှစတင်ပြီး အငြင်းပွားဖွယ်ဖြစ်နေကာ ဒေသခံလူမှုအသိုင်းအဝန်းများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ၏ ဆန့်ကျင်မှုကို မကြာခဏခံရသည်။


တရုတ်ကျောထောက်နောက်ခံပြု တကောင်းတောင် နီကယ်မိုင်းအနီး အစိမ်းရောင်နယ်မြေ ပျောက်ကွယ်သွားသည့် အတိုင်းအတာကို ပြသသော ပုံ။

စီးပွားရေးလုပ်ငန်းများ၏ လူမှုတာဝန် (CSR) အစီရင်ခံစာအရ ၎င်းတို့သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာသည်ဟု ဆိုသော်လည်း ရခိုင်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းမှ အချို့သော မြို့နယ်များသည် ပိုက်လိုင်းများကြောင့် မြေပြိုမှုများခံစားရကြောင်း ထိုပိုက်လိုင်းဒေသကို စောင့်ကြည့်နေသည့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်း တခုဖြစ်သော တရုတ်-မြန်မာ ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီ၏ နိုင်ငံလုံးဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးရဲသိန်းဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ထိုတရုတ်ကုမ္ပဏီသည် ၎င်းတို့စီမံကိန်း၏ ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချရန် စနစ်ကျသော ပတ်ဝန်းကျင် စီမံခန့်ခွဲမှု စီမံချက်ကို ယခုအချိန်အထိ မရေးဆွဲသေးကြောင်း အထက်ပါ ကော်မတီက ထောက်ပြသည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် မူဆယ်-မန္တလေး ရထားလမ်းပြ မြေပုံ

မြန်မာ၊ BRI နှင့် ၎င်း၏ ဆုံးရှုံးနိုင်ခြေများ

မြန်မာနိုင်ငံမှ BRI စီမံကိန်းများသည် လူ ၂၄ သန်းနေထိုင်ရာ ဧရာဝတီမြစ်ဝှမ်းနှင့် ပတ်ဝန်းကျင် တောင်တန်း ဒေသများကို ဖြတ်သန်းသွားကြောင်း ကမ္ဘာ့သားရိုင်းတိရစာ္ဆန် ရန်ပုံငွေအဖွဲ့ (WWF) အစီရင်ခံစာက လွန်ခဲ့သော နှစ်ကဖော်ပြခဲ့သည်။ ထိုဒေသမှ လူများသည် ဆက်လက်ရှင်သန်ရန် အတွက် သောက်သုံးရေနှင့် သဘာ၀ဘေးအန္တရာယ်များမှ အကာအကွယ်အပါဝင် ကြွယ်၀သော သဘာ၀ သယံဇာတများ ဖြစ်သည့် သစ်တောများ၊ မြစ်ချောင်းများ၊ မြေများနှင့် သမုဒ္ဒရာများကို မှီခိုနေကြရသည်။

စနစ်တကျစီစဉ်ခြင်း မရှိပါက မြန်မာနိုင်ငံမှ စင်္ကြန်စီမံကိန်းများသည် ဆိုးကျိုး အများအပြား အထူးသဖြင့် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် မြေဆီလွှာတိုက်စားခြင်း၊ အနယ်အနှစ်ပိုချခြင်းနှင့် အခြားညစ်ညမ်းစေသော အရာများတို့ကြောင့် မြေပြိုခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် ရေထုညစ်ညမ်းခြင်းတို့ ဖြစ်နိုင်ကြောင်း WWF က သတိပေးထားသည်။

BRI ၏ ပတ်ဝန်းကျင်ထိခိုက်မှုများကို WWF ၏ ၂၀၁၇ ခုနှစ်က သရုပ်ခွဲလေ့လာမှု အရ မြန်မာနိုင်ငံသည် သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှု မြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေပြီး မျိုးတုံးပျောက်ကွယ်မှု ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များအတွက် အကြီးအကျယ် အန္တရာယ်ကျရောက်သည့် အဆင့်တွင် ပါဝင်နေသည်။ ထို့အပြင် ကာကွယ်ထားသည့် နယ်မြေများ၏ ၇၄ ရာခိုင်နှုန်းသည် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများခံစားရမည်ဖြစ်ကာ အဓိကကျသည့် ဇီဝမျိုးကွဲစုံလင်သည့် နေရာများသည် အပြင်းထန်ဆုံး ထိခိုက်မည်ဖြစ်သည်။

BRI သည် မြန်မာနိုင်ငံတွင် သာမက အခြားနိုင်ငံများတွင်လည်း သဘာဝပတ်ဝန်းကျင် အန္တရာယ်များကို ဖြစ်စေသည်။ ၂၀၅၀ ပြည့်နှစ်တွင် BRI နိုင်ငံများ၏ နှစ်စဉ် ဓာတ်ငွေ့ထုတ်လုပ်မှုသည် ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်းကို 2 C အောက်တွင် ထိန်းထားနိုင်ရန် ပါရီရာသီဥတု သဘောတူညီချက်က သတ်မှတ်ထားသည့် အဆင့်ထက် များစွာပိုမိုမြင့်မားမည်ဟု ဆင်ဟွာ တက္ကသိုလ် Vivid Economics and Climateworks Foundation ၏ အစီရင်ခံစာက ဖော်ပြသည်။

အောက်ပါပုံတွင် အဆိုပြုစီမံကိန်းများ၊ မကြာမီ အကောင်အထည်ဖော်မည့် စီမံကိန်းများ၊ အကောင်အထည်ဖော်ဆဲ စီမံကိန်းများ၊ ပြီးစီးသော စီမံကိန်းများနှင့် အများပြည်သူ ဖိအားနှင့် သဘောတူစာချုပ် ပြဿနာများကြောင့် ဆိုင်းငံ့ထားသည့် စီမံကိန်းများ အပါအဝင် မြန်မာနိုင်ငံမှ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ပြသထားသည်။

လုပ်ကိုင်ဆဲ၊ ဆောက်လုပ်ဆဲနှင့် ဒေသခံများက ကန့်ကွက်၍ ဆိုင်းငံ့ထားရသော တရုတ်စီမံကိန်းများပြ မြေပုံ

BRI ကျောရိုးစီမံကိန်းများအတွင် EIA နှင့် SIA

၄၁၅ ကီလိုမီတာနီးပါး ရှည်လျားသော ရထားလမ်း စီမံကိန်းသည် ရခိုင်ပြည်နယ်ကျောက်ဖြူနှင့် တရုတ်နိုင်ငံကူမင်း တို့ကို မူဆယ်မှ ဖြတ်သန်းဆက်သွယ်မည့် သေနင်္ဂဗျူဟာကျသော တရုတ်-မြန်မာ အဆင့်မြင့်ရထားလမ်း စီမံကိန်း၏ ကနဦး အစိတ်အပိုင်းဖြစ်သည်။

မူဆယ်-မန္တလေး စီမံကိန်းအတွက် EIA ကို ရန်ကုန်အခြေစိုက် Ever Green Tech Environmental Services and Training Co. Ltd က ဆောင်ရွက်နေသည်။ ရထားလမ်းဖြတ်သန်းသည့် မြို့ကြီးများမှ အများပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးမှု ၁၉ ကြိမ်ပြုလုပ်ပြီးဖြစ်ကြောင်း ထိုကုမ္ပဏီကပြောသည်။

ဖြစ်နိုင်ခြေလေ့လာမှုများ အရ ထိုရထားလမ်း တလျှောက်တွင် လိုဏ်ခေါင်း ၆၀၊ တံတား ၁၂၄ စင်း၊ လမ်းကူး ၇၂၄ ခုနှင့် ဘူတာ ၃၆ ခုပါဝင်ကြောင်း ဧရာဝတီသတင်းဌာနက လေ့လာသိရှိရသည်။

ကာကွယ်တောများနှင့် ရေဝေရေလဲဒေသများ ဆုံးရှုံးခြင်း၊ အညစ်အကြေး ပြဿနာများ၊ အသံနှင့် လေထုညစ်ညမ်းမှု၊ မြေယာသိမ်းဆည်းခြင်း၊ အသက်မွေးဝမ်းကြောင်း ဆုံးရှုံးခြင်းနှင့် ရထားလမ်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် အကြီးအကျယ် ရွှေ့ပြောင်းနေထိုင်မှုများကြောင့် ဖြစ်သော အခြားလူမှုပြဿနာများ အပါအဝင် အဓိကကျသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုအချို့ ဖြစ်နိုင်ကြောင်း ရှာဖွေတွေ့ရှိသည်ဟု အထက်ပါကုမ္ပဏီ၏ အကြံပေး ဒေါက်တာ ကျော်စွာတင့်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“စီမံကိန်းနေရာ အများစုက ကျေးရွာတွေ၊ လယ်တောတွေကို ဖြတ်သွားတော့ မြေယာသိမ်းဆည်းမှုက အဓိကပြဿနာဖြစ်လိမ့်မယ်” ဟု သူက ပြောသည်။ ကျေးရွာမည်မျှနှင့် လယ်ယာမည်မျှကို ထိခိုက်နိုင်မည်ကို ပြောရန် သူက ငြင်းဆိုသည်။

ထိုရထားလမ်းရှိ တနာရီ မိုင် ၁၀၀ မောင်းနှင်နိုင်သော ရထားများသည် လျှပ်စစ်ရထားများ ဖြစ်သောကြောင့် ယင်းတို့အတွက် ဓာတ်အားပေးရုံများ တည်ဆောက်ရန် ကြီးမားသော ကာကွယ်တောနေရာများကို ခုတ်ထွင်ရှင်းလင်းမည်ဟု ဒေါက်တာ ကျော်စွာတင့်၏ အဆိုအရ သိရသည်။ ခုတ်ရမည့် သစ်တောအကျယ်အဝန်း ဟက်တာအတိအကျကို ထုတ်ဖော်ပြောဆိုရန်လည်း သူက ငြင်းသည်။ ပိုမိုဆိုးရွားသည်မှာ မြန်နှုန်းမြင့်ရထားများသည် ဆူညံမှုနှင့် တုန်ခါမှု အကြီးအကျယ်ဖြစ်စေပြီး ရှမ်းကုန်းမြေမြင့်၏ အလှအပနှင့် သဘာဝကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း သူက ပြောသည်။

စီမံကိန်းတည်ဆောက်မှုကြောင့် ရေဝေရေလဲ ဒေသများလည်း ဆုံးရှုံးမည်ဖြစ်ကြောင်း Ever Green Tech က တွေ့ရှိထားသည်။ ရှမ်းပြည်နယ်မှ ပြည်သူအများစုသည် ထိုဒေသကို ရေအရင်းအမြစ်အတွက် မှီခိိုနေရသည်။

“ဒါကလည်း ဒေသခံတွေအတွက် နောက်ထပ်အရေးပါတဲ့ ပြဿနာဖြစ်နေတယ်” ဟု သူက ပြောသည်။

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ရှမ်းပြည်နယ်မှ ဖြတ်သန်းသွားသောကြောင့် တရုတ်-မြန်မာ ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီသည် ထိုရထားလမ်းနှင့် ပတ်သက်သည့် သုတေသနများကိုလည်း ဆောင်ရွက်ခဲ့သည်။ စနစ်တကျ လျှော်ကြေးပေးခြင်း မရှိဘဲ မြေယာသိမ်းယူခြင်းကဲ့သို့သော အဓိက စိုးရိမ်စရာများ အပြင် ထိုဒေသ၏ ဂေဟစနစ်ကိုလည်း အပြင်းအထန် ထိခိုက်စေမည်ဖြစ်ကြောင်း ထိုကော်မတီ၏ နိုင်ငံလုံးဆိုင်ရာညှိနှိုးရေးမှူး ဦးရဲသိန်းဦးက ပြောသည်။

“ဒီ စီမံကိန်းက ကြီးမားတယ်။ သူတို့ကတောင်တွေကို ဖောက်မယ်။ ရထားလမ်းအတွက် အောက်ခံမြေဖို့မယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ အများကြီး သုံးလိမ့်မယ်။ အဆင့်မြင့်နည်းပညာ သုံးရင်တောင်မှ ဂေဟစနစ်၊ မူလ သစ်တောအကျယ်အဝန်း၊ ရေအရင်းအမြစ်နဲ့ လယ်မြေတွေကို ထိခိုက်စေမှသေချာတယ်” ဟု ဦးရဲသိန်းဦးက ပြောသည်။

“ညှိနှိုင်းအစည်းအဝေးတွေမှာ ကျနော်တို့ရဲ့ ပူပန်မှုတွေကို အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် သူတို့ဆီက ကျေနပ်လောက်တဲ့ တုန့်ပြန်မှုမရသေးဘူး” ဟု မြန်မာ့မီးရထားမှ အစိုးရအရာရှိများနှင့် စီမံကိန်းတည်ဆောက်သူ China Railway Eryuan Engineering Group တို့မှ အရာရှိများကို ရည်ညွှန်းပြီး သူက ပြောသည်။

ဧရာဝတီ သတင်းဌာနက ရရှိသော လူထုနှင့် ညှိနှိုင်းဆွေးနွေးမှု ဗီဒီယိုတွင် ထိုစီမံကိန်းသည် ဒေသခံများအတွက် စီးပွားရေးအရ အကျိုးရှိသောကြောင့် လက်ခံရန် မြန်မာ့မီးရထားမှ အရာရှိများက လူထုကို တိုက်တွန်းနေသည်ကို တွေ့ရသည်။

“မူဆယ်ကနေ မန္တလေးကို သုံးနာရီပဲကြာမယ်။ ကုန်နဲ့လူတွေ ပိုမိုမြန်ဆန် အဆင်ပြေစွာ သွားလာနိုင်မယ်။ ဒါဟာ နိုင်ငံအတွက် အရမ်းကို အကျိုးရှိတဲ့ စီမံကိန်းပဲ” ဟု မြန်မာ့မီးရထားမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးဌေးလှိုင်က မန္တလေးတိုင်း ပြင်ဦးလွင်တွင် သြဂုတ်လက ကျင်းပသည့် လူထုနှင့် ညှိနှိုင်းပွဲတွင် ပြောခဲ့သည်။

တရုတ် ကုမ္ပဏီသည် ရထားလမ်းအတွက် ဖြစ်နိုင်ခြေစမ်းသပ်မှုတွင် လေးလသာ အချိန်ယူကြောင်း ကျွမ်းကျင်သူများက ပြောဆိုသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော် အကြား မကြာခဏ ထိတွေ့မှုဖြစ်ပွားသောကြောင့် ထိုဒေသသို့ မသွားရောက်နိုင်သဖြင့် ဖြစ်နိုင်ခြေစမ်းသပ်မှုသည် ကျယ်ပြန့်မှုမရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။

အခြားသော ကျောရိုးစီမံကိန်းတခုမှာ ရခိုင်ပြည်နယ်မှ ကျောက်ဖြူစီမံကိန်း ဖြစ်သည်။ မဒေးနှင့် ရမ်းဗြဲကျွန်းများတွင် ရေနက်ဆိပ်ကမ်းများနှင့် ဟက်တာ ၁၀၀၀ ကျယ်သည့် စက်မှုဇုန်တခု ပါဝင်သော ထိုစီမံကိန်းသည် တရုတ်နိုင်ငံအနေဖြင့် ရေနံတင်သွင်းရာတွင် မလက္ကာရေလက်ကြားကို မသုံးဘဲ အိန္ဒိယ သမုဒ္ဒရာကို အသုံးပြုခွင့်ရရန် စီစဉ်ထားသော စီမံကိန်းဖြစ်သည်။

ကျောက်ဖြူစီမံကိန်း၏ ဒေသခံလူမှုအသိုင်းအဝန်းများအပေါ် အကျိုးဆက်များနှင့် ဒေသတွင်းရှိ အခြားလုပ်ငန်းများ အပေါ် ကောင်းကျိုးဆိုးကျိုးများကို သိရှိရန်အတွက် ပတ်ဝန်ကျင်နှင့် လူမှုသက်ရောက်မှု အကဲဖြတ်ခြင်း (ESIA) မပြုလုပ်မီ သေနင်္ဂဗျူဟာ ပတ်ဝန်းကျင်အကဲဖြတ်ချက်နှင့် လုပ်အားအကဲဖြတ်ချက် ပြုလုပ်ရန် ၂၀၁၇ ခုနှစ် ကိုဖီအာနန်၏ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က အကြံပြုခဲ့သည်။

ထိုစီမံကိန်းကို အကောင်အထည်ဖော်သည့် China International Trust and Investment Corporation (CITIC) က ESIA နှင့် အထူးစီးပွားရေးဇုန်မပါဘဲ၊ ရေနက်ဆိပ်ကမ်းအတွက် ပဏာမ ဘူမိဗေဒလေ့လာမှု ပြုလုပ်ရန် ကနေဒါနိုင်ငံမှ HATCH ကို ဇူလိုင်လက ငှားရန်းခဲ့သည်။ ထို ESIA က ပြုလုပ်သောအခါ ရလဒ်များကို  ၎င်းတို့၏ တရားဝင် အင်တာနက်စာမျက်တွင် ထုတ်ပြန်မည်ဟု CITIC ၏ အဆိုအရ သိရသည်။

သို့သော် တည်ဆောက်သူများသည် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအညီ စနစ်ကျသော ဥပဒေမူဘောင်ကို လိုက်နာခြင်းရှိမရှိနှင့်ပတ်သက်ပြီး ဥပဒေပညာရှင်များ အကြား ဝေဖန်မှုများ ရှိလာသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကဲ့သို့သော လုပ်ငန်းကြီးများသည် လုပ်ငန်းတခုလုံးအတွက် ပတ်ဝန်းကျင်နှင့် လူမှုသက်ရောက်မှုများ ပြုလုပ်ရမည်ဟု ထိုဥပဒေက ဖော်ပြထားသည်။ ထိုဝေဖန်မှုများကို CITIC က တုန့်ပြန်ခြင်း မရှိပေ။

လူ ၂၀၀၀၀ ခန့်သည် ၎င်းတို့ဆန္ဒမပါဘဲ ရွှေ့ပြောင်းနေရာချထား ခံရနိုင်သည်ဟု အထူးစီးပွားရေး ဇုန်၏ ဖြစ်နိုင်ခြေရှိသော လူမှုသက်ရောက်မှုများကို လေ့လာမှု အနည်းငယ်အနက်တခုတွင် နိုင်ငံတကာ ဂျူရီလူကြီးများကောင်စီ (ICJ) က ဖော်ပြခဲ့ပြီး ၂၀၁၄ ခုနှစ်က အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သော ပြောင်းရွှေ့ရခြင်းများတွင် အတင်းအကျပ်မောင်းထုတ်ခြင်း ပါဝင်သောကြောင့် လူအများအပြား၏ လုံလောက်သော လူနေမှုအဆင့် ချိုးဖောက်ခံရကြောင်းလည်း ပြောကြားခဲ့သည်။ အထူးစီးပွားရေးဇုန်မှ အနိမ့်ဆုံးလုပ်အားခသည် နေရာရွှေ့ပြောင်းရသူများ၏ အသက်မွေးဝမ်းကြောင်းကို  ပြန်လည်ထိန်းသိမ်းရန် လုံလောက်မည် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

BRI နှင့် ပတ်သက်သည့် ကျွမ်းကျင်သူများ၏ စိုးရိမ်ပူပန်မှုများ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအရ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံက အတည်ပြုခဲ့သည့် EIA လုပ်ငန်းအဆင့်ဆင့်အရ တည်ဆောက်သူများသည် လူမှုအသိုင်းအဝန်းများနှင့် လူမှု အခြေပြုအဖွဲ့အစည်းများသို့ စီမံကိန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်မီ ထုတ်ဖော်ပြောဆိုရန် လိုအပ်သည်။ ထိခိုက်သူများအနေဖြင့် EIA မစတင်မီ၊ စတင်ချိန်အတွင်းနှင့် နောက်ပိုင်းတွင် ၎င်းတို့၏ ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုခွင့်ရရေးကို တည်ဆောက်သူများက လုပ်ဆောင်ပေးရန် ထိုလုပ်ငန်း အဆင့်ဆင့်တွင် ဖော်ပြထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် နိုင်ငံ၏ EIA လုပ်ငန်းအဆင့်ဆင့်ကို လိုက်နာရန် အစိုးရကညွှန်ကြားထားသော်လည်း ပတ်ဝန်းကျင်ထိခိုက်မှု ဆိုးကျိုးများ လျှော့ချရေးနှင့် ပတ်သက်လျှင် အစိုးရ၏ လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာအားနည်းချက်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ မရှိခြင်းတို့ကြောင့် လက်တွေ့အစီရင်ခံစာများတွင် လွတ်ကွက်ဟာကွက်များ ရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ထိန်းကွပ်သည့် လက်ရှိဥပဒေနှင့် မူဝါဒဆိုင်ရာ မူဘောင်သည် အားနည်းကြောင်းနှင့် ဒေသခံလူမှုအသိုင်းအဝန်းများထက် လုပ်ငန်းများကိုသာ အဓိက အကျိုးပြုနေကြောင်း နယ်သာလန်အခြေစိုက် သုတေသနနှင့် အကြံပေးလုပ်ငန်း (Transitional Institute) က မကြာသေးမီက ပြောကြားခဲ့သည်။

BRI စီမံကိန်းများသည် ကြီးမားသော နိုင်ငံခြားရရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများကဲ့သို့ပင် ခိုင်မာသော လုပ်ထုံးလုပ်နည်းနှင့် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများအကြား လိုက်လျောညီထွေသော ချဉ်းကပ်မှု လိုကြောင်း TNI ၏ စီမံကိန်းနှင့် အကဲဖြတ်ရေး ညှိနှိုင်းရေးမှူးနှင့် တရုတ် မူဝါဒ သုတေသီ စတက်ဖနီ အိုလင်ဂါ ရှန်နွန်က ဧရာဝတီသို့ပြောသည်။

“BRI အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ထိခိုက်မှုကို ကန့်သတ်ဖို့ ဒီ ဥပဒေနဲ့ မူဝါဒဆိုင်ရာမူဘောင်တွေကို တိုးတက် ကောင်းမွန်အောင်လုပ်ဖို့ လိုတယ်” ဟု သူက ပြောသည်။

စီမကိန်း သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်း မပြုမီ ရင်းနှီးမြှုပ်နှံမှု တခုချင်းစီကို ၎င်းတို့၏ ထူးခြားသော အခြေအနေများအတွင်း အသေးစိတ် အကဲဖြတ်ခြင်းလည်း လိုအပ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဘဏ္ဍာရေးအရ လက်တွေ့ကျမှု၊ အကြွေးဝန်ထုပ်ဝန်ပိုး၊ ပတ်ဝန်းကျင်၊ လူမှုနှင့် စီးပွားရေး သက်ရောက်မှုများ၊ ပဋိပက္ခနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သက်ရောက်မှုများကို အကဲဖြတ်ရန်လိုသည်။

စီမံကိန်းတိုင်းသည် ပတ်ဝန်းကျင်နှင့် ပြည်သူများအပေါ် သက်ရောက်မှုအချို့ ရှိကြောင်း မူဆယ်-မန္တလေး ရထားလမ်းအတွက် EIA ကို လုပ်ဆောင်နေသည့် Ever Green Tech မှ အကြံပေး ဒေါက်တာကျော်စွာတင့်က ပြောသည်။

“အစိုးရရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း ကျနော်တို့ အကောင်းဆုံး ဆောင်ရွက်နေတယ်။ ကျနော်တို့ အကြံပြုချက်တွေကို ဒီလုပ်ငန်းက လိုက်နာမလား၊ မလိုက်နာဘူးလား ဆိုတာကို ကျနော်တို့စောင့်ကြည့်ရမယ်” ဟု သူက ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် စနစ်တကျ ညှိနှိုင်းဆောင်ရွက်သည့် လုပ်ငန်းအဆင့်ဆင့်၊ ပတ်ဝန်းကျင်စံနှုန်းများ၊ လျှော်ကြေးနှင့် အခြားအဓိကပြဿနာများ စသည်တို့ကို ဖြေရှင်းမည့် အစီအစဉ်များသည် လုံလောက်ခြင်းမရှိဘဲ အချို့မှာ လုံးဝပင်မရှိကြောင်း TNI က ပြောသည်။

အမိမြေစိမ်းလန်းတိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူကလည်း ထိုအချက်ကို သဘောတူသည်။

“မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်အုပ်ချုပ်မှု စနစ်က အားနည်းတယ်။ လုပ်ငန်းတွေကလည်း လုပ်ထုံးလုပ်နည်းကို မလိုက်နာကြဘူး။ ပတ်ဝန်းကျင်အုပ်ချုပ်မှုစနစ်နဲ့ တရားဥပဒေ စိုမိုးရေးအရ တိုးတက်မှုကို အခုချိန်အထိ ကျနော်မတွေ့သေးဘူး” ဟု သူက ပြောသည်။

BRI စီမံကိန်းများကို ပုံမှန်အားဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ခွင့်ပြုပေးကြောင်း၊ သူ၏ ဝန်ကြီးဌာနသည် စီမံကိန်း အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင်မထိခိုက်ရေးအတွက် လုပ်ငန်းများ၏ ကတိကဝတ်ကိုသာ အတည်ပြုပေးရန် တာဝန်ရှိကြောင်း သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်စန်းနိုင်က ပြောသည်။

“ပြဿနာအများစုက အကြံပြုချက်တွေကို လုပ်ငန်းတွေက လိုက်နာဖို့ ပျက်ကွက်တာကြောင့် ဖြစ်ရင်ဖြစ်တယ်။ ဒါမှမဟုတ် ESIA ဆောင်ရွက်တဲ့ လုပ်ငန်းရဲ့ အားနည်းချက်ကြောင့်လည်း ဖြစ်တတ်တယ်” ဟု သူက ရှင်းပြသည်။

ဒေသခံများက တိုင်ကြားမှသာ အာဏာပိုင်များက ပြဿနာများကို သိရှိစုံစမ်း စစ်ဆေးရကြောင်းလည်း သူက ပြောသည်။ သူ၏ ဝန်ကြီးဌာနသည် ထိုပြဿနာများကို သိကြောင်း၊ ရင်းမြစ်များမရှိသောကြောင့် အားလုံးကို အရေးယူနိုင်ခြင်း မရှိကြောင်းလည်း သူက ပြောသည်။

“စီမံကိန်းဒေသလူတွေ တိုင်မှ ကျနော်တို့ စုံစမ်းစစ်ဆေးနိုင်တယ်။ လူအင်အားနည်းလို့ ပုံမှန်စစ်ဆေးတာမျိုး မလုပ်နိုင်ဘူး” ဟု သူက ပြောသည်။

(Nan Lwin ၏ Potential Environmental and Social Impacts of Chinese Mega-Projects in Myanmar Raise Concerns ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အခက်အခဲ ပိုများလာ ဟုဆို

ပြည်ပငွေလွှဲလုပ်ငန်းများကို ဗဟိုဘဏ်က တရားဝင် ခွင့်ပြုမည်

ကမ္ဘာ့စီးပွားရေး နှေးကွေးမှု ထိုင်းကို ထိပြီ

 

The post တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ appeared first on ဧရာဝတီ.

ကမ္ဘာကြီး ပူနွေးမှုက ဟိမဝန္တာတောင်တန်းကို ဖျက်ဆီးပစ်နေသည်

$
0
0

ဟိန္ဒူကွတ်ရှ် ဟိမဝန္တာတောင်တန်း၏ တောင်ထိပ်များနှင့် တောင်ကြားများသည် ယနေ့အချိန်၌ ကမာ္ဘပေါ်တွင် ရောက်ရှိရန် အခက်ခဲဆုံးနှင့် အဝေးလံဆုံး ဒေသအချို့ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ သီးခြားအဖြစ်ဆုံး တောင်ကြားချိုင့်ဝှမ်းများသည်ပင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၏ ဒဏ်ကို ခံစားခဲ့ကြရသည်ဟု ကျယ်ပြန့်သော ဒေသနှင့် ပတ်သက်၍ ဘက်စုံခြုံငုံ သုံးသပ်ထားသော အစီရင်ခံစာသစ်တစောင်ကို ရေးသားခဲ့ကြသူများက ပြောသည်။ အပြောင်းအလဲများက ပြည်သူ သန်း၂၄၀ ၏ ဘဝများကို ရှုပ်ထွေးစေခဲ့ပြီး ဖြစ်သည်ဟု စာရေးသူများက ဆိုသည်။ ထို့ပြင် သက်ရောက်မှုများက အနာဂတ်တွင် ပိုမိုကြီးမား ကျယ်ပြန့်လာဖွယ်ရာလည်း ရှိနေသည်။

အနောက်ဘက်ရှိ အာဖဂန်နစ္စတန်မှသည် အရှေ့ဘက်မှ မြန်မာနိုင်ငံအထိ ဖြန့်ကျက် သွယ်တန်းထားသည့် တောင်တန်းဒေသတလျှောက်တွင် လေထုအပူချိန်က ၂၀ ရာစု အစပိုင်းမှစတင်၍ ၂ ဒီဂရီ ဖာရင်ဟိုက်နီးပါး မြင့်တက်လာခဲ့သည်။ အေးသော အပူချိန်များက ကမာ္ဘ၏ ကျန်သည့်နေရာများတွင် ပိုမိုလျှင်မြန်စွာ ပူနွေးလာခဲ့သည်။ အကျိုးဆက်အနေဖြင့် ရေခဲမြစ်များ အရည်ပျော်လာနေသည်။ ဝင်ရိုးစွန်းများမှ ရေခဲမှတ်အောက်တွင် အမြဲရှိနေသော မြေလွှာများ ရေတိုက်စားခံလာနေရသည်။ ရာသီဥတုပုံစံများက ပိုမို၍ မတည်မငြိမ်ဖြစ်လာကြသည်။ လူသန်းပေါင်းများစွာအတွက် ယခင်က အားကိုးအားထားပြုနိုင်ခဲ့သော ရေအရင်းအမြစ်များ ပျက်စီးလာသည်။ သဘာဝဘေးအန္တရယ်များ ပိုမိုဖြစ်ပွားအောင် လှုံ့ဆော်လာသည်။

“တောင်တွေနဲ့ ဆိုင်ပါတယ်။ အခုအချိန်က သူတို့ကို ကျနော်တို့ စတင်ပြီး အရေးစိုက်ရမယ့် အချိန်ဖြစ်ပါတယ်” ဟု နီပေါနိုင်ငံ ခတ္တမန္ဒူ ရှိ International Centre for Integrated Mountain Development (ICIMOD )မှ သိပ္ပံပညာရှင်အကြီး အကဲ Phillipus Wester က ပြောသည်။ သူက သိပ္ပံပညာရှင်နှင့် လေ့လာဆန်းစစ်သူ ၂၀၀ ကျော် အတူတကွပါဝင်ခဲ့ကြသော အဆိုပါ အစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သူများထဲမှ တဦးဖြစ်ပါသည်။

အနာဂတ်တွင် ပူနွေးလာမည့် အန္တရာယ်ကို ထိန်းချုပ်ဟန့်တားရန် ကမာ္ဘက ချက်ချင်းအလေးပေးခဲ့ခြင်းမရှိလျှင် ဒေသတွင်း နိုင်ငံများမှ လိုက်နာကျင့်သုံး အားထုတ်မှုများ မရှိခဲ့လျှင် အနာဂတ်ရာသီဥတုပြောင်းလဲမှုက ဒေသကို စိန်ခေါ်မှုများဖြစ်လာမည့် အကျပ်အတည်းများအတွင်းသို့ ရောက်စေလိမ့်မည်ဟု လေ့လာချက်က သတိပေးထားသည်။

ပူနွေးသော တောင်ထိပ်များနှင့် ပြောင်းလဲနေသော ဆီးနှင်းများ

ဟိန္ဒူကွတ်ရှ် ဟိမဝန္တာတောင်တန်းတွင် ကမာ္ဘ၏ အထူးခြားဆုံးတောင်များ ရာနှင့်ချီ၍ ပါဝင်နေပြီး ဝင်ရိုးစွန်းဒေသများက လွဲ၍ ကျန်သည့် ကမာ္ဘ့မည်သည့်နေရာထက်မဆို ပိုမိုများပြားသည့် ရေခဲထု ၃၀၀၀၀ စတုရန်းမိုင်ကို ပိုင်ဆိုင်ထားသလို တောင်ထိပ်များနှင့် တောင်ကြားများတွင် လူ သန်း၂၄၀ ကျော် ရှင်သန်နေထိုင်ကြသည်။ တောင်တန်းများက အောက်ဖက်ပိုင်းမြေနိမ့်ဒေသများမှ ဘီလီယံနှင့် ချီသောသူများအတွက် ရေပေးနေသည့် အိန္ဒု၊ ဂင်္ဂါနှင့် ဗြဟ္မပုတ္တရ ကဲ့သို့သော မြစ်များ၏ မူလ စတင်ရာအရပ်လည်း ဖြစ်သည်။

ဟိမဝန္တာ ဂေဟစနစ် ပျက်ဆီးလျှင် တောင်တန်းကြီးပေါ် နေထိုင်နေသူ လူ သန်း ၂၄၀ ကျော်၏ ဘဝရပ်တည်ရေး ထိခိုက်မည်

တောင်မြင့်များမှာ ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်မှုများကို ခံစားနေခဲ့ကြရပြီး ဖြစ်သည်။ ကမာ္ဘ၏ အခြားသောနေရာ အများအပြားထက်ပို၍ ပြင်းထန်စွာ ခံစားနေရသော်လည်း မည်သည့်အတွက်ကြောင့် ဆိုသည်မှာ အပြည့်အဝ သဲကွဲခြင်း မရှိသေးပါ။

“တကယ်လို့ ရာစုနှစ်ကုန်တဲ့ အထိ ကမာ္ဘ့အပူချိန်မြင့်တက်မှုကို ၁.၅ ဒီဂရီ ဆဲလ်စီးယပ် (သို့မဟုတ် ၂.၇ ဒီဂရီဖာရင်ဟိုက်) မှာထိန်းထားနိုင်မယ်ဆိုရင်တောင် အဲဒါက တကယ်လို့ဖြစ်လာခဲ့ရင် ခင်ဗျားတို့ အံ့ဖွယ်တပါးလို့ ခေါ်လို့ ရပါတယ်။ တောင်မြင့် တွေကတော့ ပိုလို့တောင် ပူနွေးလာဖွယ်ရာ ရှိပါတယ်” ဟု အစီရင်ခံစာမှ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာအခန်းကို ဦးဆောင်ရေးသားခဲ့သူ တဦးဖြစ်သည့် Arun Shrestha ကပြောသည်။ သူက ICIMOD မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တဦး ဖြစ်ပါသည်။ ရာစုနှစ် အလယ်ပိုင်းရောက်ချိန်တွင် အဆိုပါ ကိန်းဂဏန်းက အနည်းဆုံး ၃ ဒီဂရီ ဖာရင်ဟိုက်အထိ မြင့်တက်လာလိမ့်မည်ဟု သူကပြောသည်။ “တော်တော်လေးကို သိသာထူးခြားတဲ့ ပူနွေးမှုပါ”

ဒေသ၏ အချို့အစိတ်အပိုင်းများ (အမြင့်ဆုံး တိဘက်ကုန်းမြင့်ဒေသနှင့် ဒုတိယ အမြင့်ဆုံး ကာရာကိုရမ် Karakoram  တောင်တန်း အပါအဝင် တောင်တန်း၏ အနောက်မြောက်စွန်းမှ နေရာအများစု)က ပို၍ပင် ထိရှလွယ်ခဲ့သည်။ ပြီးခဲ့သည့် ဆောင်းဦးတွင် IPCC က အကြံပြုခဲ့သည့် ပူနွေးမှုရည်မှန်းချက် က ၁.၅ စင်တီဂရိတ်(၂.၇ ဖာရင်ဟိုက်) ဖြစ်သော်လည်း အဆိုပါ မူလသဘာဝအတိုင်း ရှိနေသေးသည့် တောင်ထိပ်များတွင် ၃.၆ ဖာရင်ဟိုက်ကျော်အထိ မြင့်တက်ခဲ့ကြောင်း မြင်တွေ့ရနိုင်ပါသည်။

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို တားဆီးထိန်းချုပ်ရန် ကမာ္ဘ၏ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့လျှင် ကိန်းဂဏန်းများက တဖြည်းဖြည်းနှင့် ပို၍ပင် မြင့်မားသွားနိုင်ပါသည်။ အကယ်၍ ကျနော်တို့က လက်ရှိ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ပုံစံအတိုင်းသာ ဆက်၍သွားနေခဲ့လျှင် မြင့်မားသောတောင်များပေါ်တွင် အပူချိန်က ရာစုနှစ်ကုန် ရောက်သည့်အချိန် ၅.၄ ဖာရင်ဟိုက်ကျော်အထိ မြင့်မားသွားနိုင်ပါသည်။ အကယ်၍ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုက တဖြည်းဖြည်း ပိုမြင့်သွားခဲ့လျှင် ကိန်းဂဏန်းက ၁၀ ဒီဂရီ ဖာရင်ဟိုက်ကျော်သို့ မြင့်တက်သွားနိုင်သည်။

ထိုသို့ ဖြစ်ခဲ့ပါက မတ်စောက်သော တောင်စောင်းများပေါ်တွင် ပန်းသီး သို့မဟုတ် ကောက်ပဲသီးနှံများ စိုက်ပျိုးသည့် လယ်သမားများအတွက် သူတို့၏ သီးနှံများအတွက် အေးမြသော ညများနှင့် လိုအပ်သော ရာသီဥတုကို ရှာဖွေရန် သူတို့၏ သစ်သီးခြံများကို ပိုမိုမြင့်မားသော တောင်စောင်းများပေါ်သို့ ရွှေ့ပြောင်းကြရမည် ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။ အခြားသူများအတွက်မူ ဆီးနှင်း ကျဆင်းခြင်းနှင့် မိုးရွာသည့် ပုံစံပြောင်းလဲခြင်းတို့ကြောင့် ယခင်က မှီခိုအားထားနိုင်ခဲ့သော ချောင်းများ၊ စမ်းချောင်းများ ခြောက်ခမ်းသွားနိုင်ခြင်း သို့မဟုတ် ဖျက်အားပြင်းသည့် ရေလွှမ်းမိုးမှု၏ ခြိမ်းခြောက်ခြင်းတို့ကို ရင်ဆိုင်ကြရလိမ့်မည် ဖြစ်သည်။

ရာသီဥတု ပူနွေးလာခဲ့သည်နှင့် အမျှ ဆီးနှင့် ကျဆင်းခြင်းနှင့် မိုးရွာသည့် ပုံစံများကလည်း ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ ဒေသ၏ အရှေ့ခြမ်းတလျှောက်ရှိ မြင့်မားသောတောင်များတွင် ဆီးနှင်းကျဆင်းမှု အများစုက တောင်များဆီသို့ အင်အားကောင် သော မုတ်သုန်လေ ဝင်ရောက်လာသည့် နွေရာသီကာလအတွင်းတွင် ကျဆင်းခြင်းဖြစ်သည်။ သို့သော် မုတ်သုန်လေ အားနည်းခဲ့သော ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း လယ်သမား အများအပြားအတွက် သီးနှံများစိုက်ပျိုးရန် အရေးပါသော ရေကိုပေးသည့် နွေဦးရာသီတလျှောက်တွင် တဖြည်းဖြည်းချင်း အရည်ပျော်သော ရေခဲမြစ်များကို ထောက်ပံ့ပေးသည့် ဆီးနှင်းများ တောင်ကုန်းများပေါ်တွင် နည်းပါးသွားခဲ့သည်။ မုတ်သုန်လေက အနာဂတ်တွင် ထပ်မံအားနည်းသွားမည်ဟု ခန့်မှန်းထားရာ လယ်သမားများ အားကိုးအားထားပြုရသည့် ရေအရင်းအမြစ်အတွက် နောက်ထပ်အရေးပါသော အတားအဆီးတခုပင်။

“ရာသီဥတုပြောင်းလဲခြင်းနဲ့အတူ မိုးလေဝသ အဖြစ်အပျက်တွေကလည်း ပိုပြီး အပြောင်းအလဲများလာလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ထားရပါမယ် ” ဟု Norway’s Center for International Climate Research မှ သုတေသီတဦး ဖြစ်သည့် Nina Bergan Holmelin က ပြောသည်။ သူက ဒေသတွင်းမှ လယ်သမားများနှင့် အသိုင်းအဝိုင်းများကို လေ့လာနေသူ ဖြစ်သည်။  “လုပ်စရာရှိတာ အချိန်မီလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ ခြောက်သွေ့မှု၊ ရေလွှမ်းမိုးမှုတွေနဲ့ မိုးသည်းထန်မှုတွေကို ဖြေရှင်းရတာတွေက တခြားဘယ်အရာတွေထက်မဆို အမြဲတမ်းပိုပြီး စိန်ခေါ်မှုတွေ များပါတယ် ”

အရည်ပျော်ရေခဲမြစ်များ (ရေအပြောင်းအလဲနှင့် ကပ်ဘေးအန္တရာယ်ဒြပ်ပေါင်း)

တချိန်တည်းမှာပင် ဒေသတလွှားမှ ရေခဲမြစ်များ(အထူးသဖြင့် တိဘက်ကုန်းမြင့်ဒေသနှင့် အလယ်ဟိမဝန္တာတောင်တန်း၊ ကမာ္ဘပေါ်တွင် အထင်ရှားဆုံးတောင်များရှိရာ ခွန်ဘူ Khumbu ကဲ့သို့ တောင်တန်း၏ အရှေ့ဘက်တွင် သွယ်တန်းနေသော နေရာများ) က ၂၀၀၀ ခုနှစ်က စတင်၍ ၂၀ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်းကြားတွင် ပျောက်ကွယ်သွားကြသည်ဟု အစီရင်ခံစာက ဆိုသည်။

ရေခဲမြစ်များ အရည်ပျော်ပြီး ဖြစ်လာနေခဲ့သော တောင်ပေါ်ရေအိုင်ကြီးများက  ရေကြီးရေလျှံမှု အန္တရာယ်ရှိသည်

“မပြောင်းမလဲ ဆက်ဖြစ်နေတဲ့ အခြေအနေအတိုင်းဆိုရင် ရေခဲမြစ် ပမာဏရဲ့  ၅၀ ရာခိုင်နှုန်းက ရာစုနှစ်ကုန်တဲ့ အချိန်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်” ဟု အစီရင်ခံစာမှ ဒေသ၏ ရေခဲများ မည်သို့ ပြောင်းလဲနေသည်ကို ဖော်ပြသည့် အခန်းကို ဦးဆောင်ရေးသားခဲ့သူတဦး ဖြစ်သော Joseph Shea က ပြောသည်။ သူက ကနေဒါနိုင်ငံ Northern British Columbia တက္ကသိုလ်မှ နှင်းနှင့် ရေခဲ လေ့လာရေးဆိုင်ရာ ပညာရှင်တဦး ဖြစ်သည်။

အရည်ပျော် ရေခဲမြစ်များနှင့် ဆီးနှင်းများက မြစ်များသို့ စီးဝင်ပြီး သူတို့၏ စီးဆင်းမှုကို ရှင်သန်စေသည်။ ၎င်း၏ ရေပမာဏ ၄၀ ရာခိုင်နှုန်းခန့်ကို ရေခဲမြစ် အရည်ပျော်ခြင်းမှ ရရှိသည့် အိန္ဒုမြစ်အတွက် ကာလတိုတခုအတွင်းတွင် မြင့်မားသည့် တောင်များပေါ်မှ ရေများ အမှန်တကယ်ပိုမို၍ စီးဆင်းခဲ့သည်ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။

သို့သော်လည်း ရေခဲမြစ်များ သေးငယ်လာသည်နှင့် အမျှ အိန္ဒုကဲ့သို့သော မြစ်များအတွက် ရေထောက်ပံ့မှုက တဖြည်းဖြည်း နည်းပါးသွားဖွယ်ရာ ရှိသည်ဟု Vancouver ရှိ British Columbia တက္ကသိုလ်မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် တဦးဖြစ် သည့် Michele Koppes ကပြောသည်။ သူက ယခုအစီရင်ခံစာရေးသားရာတွင် ပါဝင်ခဲ့သူ တဦးမဟုတ်ပါ။

“ရေခဲမြစ်တွေနဲ့ ဆီးနှင်းထုတွေက ရေတွေအများကြီး သိုလှောင်ထားတဲ့ ဘဏ်ကြီးတွေလိုပါပဲ” ဟု သူကပြောသည်။ ထိုရေက ရေခဲမြစ်များနှင့် ဆီးနှင်းထု အရည်ပျော်သည်နှင့်အမျှ ရာသီတိုင်းတွင် ဆယ်စုနှစ်များစွာ သို့မဟုတ် နှစ်ပေါင်း ရာနှင့်ချီ၍ ရေကို တဖြည်းဖြည်းချင်း ထုတ်ပေးသည်။ သို့သော်လည်း ရာသီဥတု ပြောင်းလဲခြင်းက ၎င်းကို ပုံမှန်ဖြစ်နေကျထက် ပို၍ လျှင်မြန်စွာ အရည်ပျော်ရန် ဖိအားပေးနေသည်။ ထို့ကြောင့် “အဲဒါက သူတို့ရဲ့ သိုလှောင်ကန်ကြီးတွေ အဆုံးသတ်ချိန်နီးလာတာပါပဲ” ဟု Michele Koppesက ဆိုသည်။ ထိုရေပေါ်တွင် မှီခိုအားထားနေရသည့် အသိုင်းအဝိုင်းများနှင့် ဂေဟစနစ်များ ထိခိုက် အားနည်းသွားစေ၏။

ရေခဲမြစ်များ အပြောင်းအလဲဖြစ်ခြင်းက နောက်ထပ်သက်ရောက်မှုလည်း ရှိသည်ဟု ခတ္တမန္ဒူရှိ Tribhuvan တက္ကသိုလ်မှ နှင်းနှင့်ရေခဲလေ့လာရေးဆိုင်ရာ ပညာရှင်တဦးဖြစ်သည့် Sudeep Thakuri က ပြောသည်။ သူက အစီရင်ခံစာ ရေးသားရာတွင် ပါဝင်ခဲ့သူတဦးတော့ မဟုတ်ပါ။ ပိုမိုအရည်ပျော်လာခြင်းက ရေခဲမြစ်များ၏ ထိပ်တွင် သို့မဟုတ် ၎င်းတို့၏ အဆုံးသတ် အနိမ့်ပိုင်းတွင်  ရေကန်များ ပိုများလာသည် ဆိုသော အဓိပ္ပါယ်ဖြစ်သည်။ ၁၉၇၇ ခုနှစ်မှ စတင်၍ သူနှင့် လုပ်ဖော်ကိုင်ဖက်များက နီပေါ ဟိမဝန္တာတလွှား ရေခဲမြစ်ကန် အရေအတွက် ၂ ဆထက် ပို၍ တိုးလာသည်ကို တွေ့ရှိခဲ့ရသည်။

သို့သော်လည်း အဆိုပါကန်များက တခါတရံ အလျှင်အမြန်ကြီးထွားလာပြီး ၎င်းတို့ ထိန်းနိုင်သည်ထက် များစွာပိုသော ရေကို ထိန်းသိမ်းထားကြရသည်။ ထိုရေက ထိန်းသိမ်းထားနိုင်သည့် အတိုင်းအတာထက် ကျော်လွန်သွားသည့်အခါ ဖျက်ဆီးအားပြင်းထန်သော ရေလွှမ်းမိုးမှုများ ဖြစ်စေတတ်သည်။

တောင်စောင်းများကလည်း မတ်စောက်နေသည့်အလျှောက် အေးခဲနေသော မြေဆီလွှာများ အရည်ပျော်ကျသည့်အခါ ကျောက်တောင်များ ပြိုကျခြင်း၊ မြေပြိုခြင်းနှင့် နှင်းခဲထုပြိုကျခြင်းတို့က ပို၍ ဖြစ်လေ့ဖြစ်ထရှိလာသည်။

၁၉၈၀ နှစ်များက စတင်၍ ရာသီဥတုပြောင်းလဲသည့် အခြေအနေများက ဒေသတွင်းတွင် ဘေးအန္တရယ်တွေ့နိုင်သည့် အခြေအနေများ ပိုမိုမြင့်တက်သွားစေခဲ့သည်ဟု အစီရင်ခံစာက ပြောသည်။ အနာဂတ်တွင် ပိုမို များပြားလာလိမ့်မည် ဖြစ်သည်။

အရေးယူ ဆောင်ရွက်ရမည့် အချိန်

ကိစ္စရပ်အများအပြားတွင် သိပ္ပံပညာက သန်းနှင့်ချီသော တောင်ပေါ်နေပြည်သူတို့၏ အတွေ့အကြုံများ နောက်သို့ အမီလိုက်နေကြရဆဲဖြစ်သည်။

ဟိမဝန္တာတောင်တန်းကြီးပေါ် အပူချိန်မြင့်တက်နေမှုက မြစ်များ၏ ရေအရင်းအမြစ်များကို ဖျက်ဆီးပစ်နေသည်

၂၀၀၇ ခုနှစ်က IPCC ၏ သုံးသပ်ချက် အစီရင်ခံစာတစောင်တွင် ရာသီဥတုက မည်သို့ပြောင်းလဲခဲ့ပြီးဖြစ်သည်၊ အရေးပါ၍ ထင်ရှားကျယ်ပြန့်သော ဒေသတွင် မည်သို့ဆက်လက်၍ သက်ရောက်လိမ့်မည် ဆိုခြင်းနှင့် ပတ်သက်၍ အတိအကျ ပြောနိုင်သော သိပ္ပံနည်းကျ အသိပညာ ရှားပါးကြောင်း မီးမောင်းထိုးပြခဲ့သည်။

ပထမပိုင်းတွင် ၎င်းတို့က ဒေသတွင်းမှ ရေခဲမြစ်များက ၂၀၃၅ ခုနှစ်တွင် လုံးဝပျောက်ကွယ်သွားလိမ့်မည်ဟု တင်ပြခဲ့ကြသည်။ ဒေသ၏ ခုခံမှုကို သိသော နှင်းနှင့်ရေခဲလေ့လာရေးဆိုင်ရာ ပညာရှင်များက အခြေအနေသည် များစွာပို၍ ရှုပ်ထွေးကြောင်း သိခဲ့ကြသည်။ သို့သော်လည်း “သေချာတာကတော့ ဘာဖြစ်လိမ့်မယ်ဆိုတာကို ပြောနိုင်ဖို့ အတွက် ကျနော်တို့မှာ ခိုင်မာတဲ့ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန လုံလုံလောက်လောက် မရှိပါဘူး” ဟု Arun Shrestha က ပြောသည်။ “ဟုတ်ပါတယ် အဲဒါတွေ (ရေခဲမြစ်များ) ကျုံ့လာနေတယ်ဆိုတာ ကျနော်တို့ သိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်များသလဲ ဆိုတာကို ကျနော်တို့ မသိပါဘူး။”

ထို့ကြောင့် စိန်ခေါ်မှုက ရှိနေပြီးဖြစ်သည်။ ကမာ္ဘတလွှားမှ သိပ္ပံပညာရှင်များက ရှုပ်ထွေးသော ပြဿနာကို တူးဖော်နေကြသည်။ ဒေသတွင်းမှ ရေခဲမြစ်အများအပြားက အလွန်ဝေးလံသောတောင်ကြားများ သို့မဟုတ် သွားရောက်ရန်ခက်ခဲသော တောင်များပေါ်တွင် ရှိနေကြသည်။ ရှုပ်ထွေးသော ဧရိယာများက သိပ္ပံပညာရှင်များကို ဂြိုဟ်တုဓာတ်ပုံများမှတဆင့် ၎င်းတို့ မည်သို့ ပြောင်းလဲနေသည်ကို ဖော်ထုတ်ရန် အထူးသဖြင့် ခက်ခဲစေသည်။ ကျယ်ပြန့်သောတောင်တန်းတလျှောက်မှ ကောင်းမွန်သော၊ ယုံကြည်အားထားနိုင်သော အချက်အလက်များ ရရှိနိုင်ရန် သိပ္ပံပညာရှင်များ ခက်ခက်ခဲခဲ ကြိုးစားနေကြရသည်။

ယခုအခါတွင် ရှင်းလင်းသော ရုပ်ပုံတခု ပေါ်ထွက်လာသည်။ ၎င်းက ဖော်ပြနေသည်မှာ လာမည့်နှစ်များအတွင်းတွင် ကြီးမားသော စိန်ခေါ်မှုများ ရင်ဆိုင်ရတော့မည့် ဒေသတခု ဖြစ်သည်ဟု Phillipus Wester က ပြောသည်။ သန်းနှင့်ချီသော အခြေချနေထိုင်သူများနှင့် အောက်ပိုင်းမှ အိမ်နီးချင်းများအတွက် အရေးပါသည့် အရင်းအမြစ်များရှိနေသော ထိုဒေသသည် နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို ရရှိရန် ထိုက်တန်ပါသည်ဟု သူကဆိုသည်။

“အခုဆိုရင် အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ကျနော်တို့ လုံလုံလောက်လောက် သိနေပါပြီ” Phillipus Wester က ပြောသည်။“ကျနော်တို့မှာ အချက်အလက်တွေ မရှိဘူး။ သုတေသနတွေ ပိုလုပ်ဖို့ လိုတယ်ဆိုတဲ့ ဆင်ခြေတခုနောက်မှာ ကျနော်တို့ ပုန်းကွယ်နေလို့ မရတော့ပါဘူး။ အခု ကျနော်တို့မှာ စာမျက်နှာ ၆၅၀ ရှိတဲ့ သုံးသပ်ချက်တခု ရှိနေပြီ။ အဲဒါကို သေချာ ကျနစွာ ကြည့်ဖို့ လူ ၂၁၀ အတူတကွ စုစည်းခဲ့ပါတယ်။ အဲဒါက ခက်ခဲလိမ့်မယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အရေးယူဆောင်ရွက်ဖို့ အတွက် ကျနော်တို့ လုံလုံလောက်လောက် သိနေပါပြီ”

(National Geographic တွင် Alejandra Borunda ရေးသားထားသော Climate change is roasting the Himalaya region, threatening millions ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဆီအုန်းစိုက်ခင်းများက မြန်မာ့သစ်တောများကို ခြိမ်းခြောက်နေသည်

၂၀၃၀ တွင် မြန်မာနိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေ ဖွဲ့စည်းမည် ဟုဆို

တီကျစ်ကို အချိန်မီ ကယ်တင်ပါ

The post ကမ္ဘာကြီး ပူနွေးမှုက ဟိမဝန္တာတောင်တန်းကို ဖျက်ဆီးပစ်နေသည် appeared first on ဧရာဝတီ.

ဝီဂါ မွတ်ဆလင်တွေကို တရုတ်နှိပ်ကွပ်ရခြင်း အကြောင်း

$
0
0

တရုတ်နိုင်ငံ အနောက်ပိုင်း ဇင်ကျန်း Xinjiang ပြည်နယ်မှ မွတ်ဆလင် အများစုဖြစ်သည့် လူနည်းစု ဝီဂါ Uighur လူမျိုးများသည် ကမာ္ဘပေါ်တွင် စောင့်ကြည့်ထိန်းချုပ်မှုနှင့် ဖိနှိပ်မှု အများဆုံးပြည်နယ်များထဲမှ တခုတွင် နေထိုင်နေကြရသည်။ အဘယ်ကြောင့် ဆိုသည်ကို ရှင်းလင်းရာတွင် ဤမြေပုံက အထောက်အကူပေးပါလိမ့်မည်။

ဇင်ကျန်းမှ ပြည်သူများသည် သောင်းနှင့်ချီသော မျက်နှာမှတ်သားသည့် ကင်မရာများနှင့် သူတို့၏ ဖုန်းများအတွင်းရှိ စောင့်ကြည့်ရေး အပလီကေးရှင်းများ၏ စောင့်ကြပ်ခြင်းကို ခံနေရသည်။ ၎င်းတို့ထဲမှ ၂ သန်းခန့် ရှိသည်ဟု ခန့်မှန်းရသူများ သည် ပြည်သူများကို ရုပ်ပိုင်းအရရော စိတ်အပိုင်းအရပါ နှိပ်စက်နေသည့် ထိန်းသိမ်းရေး စခန်းတွင် ပိတ်ထားခြင်းခံနေကြရသည်။

တရုတ်အစိုးရက အကြမ်းဖက်မှုအတွက် ဝီဂါများကို နှစ်ပေါင်းများစွာ အပြစ်တင်နေခဲ့သည်။ ၎င်းတို့က အာရှအလယ်ပိုင်းသို့ အစ္စလမ်မစ် အကြမ်းဖက်ဝါဒကို တင်သွင်းနေသည်ဟု ပြောသည်။

သို့သော်လည်း ဇင်ကျန်း ပြည်နယ်မှ ဝီဂါ လူမျိုးများကို ပြင်းပြင်းထန်ထန် ဖိနှိပ်ရန် တရုတ်အစိုးရက ဆန္ဒရှိနေရခြင်းတွင် နောက်ထပ် အကြောင်းပြချက်ရှိပါသည်။ ထိုဒေသသည် တရုတ်နိုင်ငံ၏ လူသိများသော ကုန်သွယ်ရေး စီမံကိန်းဖြစ်သည့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်း(BRI) မှ အရေးပါဆုံးသော အစိတ်အပိုင်းအချို့ တည်ရှိရာဒေသဖြစ်သည်။

၂၀၁၄ ခုနှစ် စဆောက်သော တရုတ်-ကာဇက်စတန် ကုန်သွယ်ရေးစခန်း

၂၀၁၃ ခုနှစ်တွင် စတင်သက်ရောက်ခဲ့သော BRI က ဘေဂျင်းကို ကမာ္ဘတလွှားမှ နိုင်ငံ ၇၀ ခန့်နှင့် ရထားလမ်းများ၊ ဓာတ်ငွေ့ ပိုက်လိုင်းများ၊ ရေလမ်းကြောင်းများနှင့် အခြားသော အခြေခံအဆောက်အဦး စီမံကိန်းများမှတဆင့် ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် သဘောအကျဆုံး စီမံကိန်းနှင့် ၎င်း၏ နိုင်ငံရေးအမွေအနှစ်မှ အရေးပါသော အစိတ်အပိုင်းအဖြစ် BRI ကို မြင်ကြသည်။

အထက်တွင် ဖော်ပြထားသောမြေပုံက BRI ၏ အမျိုးမျိုးသော အခြေခံအဆောက်အဦး စီမံကိန်းများ တလျှောက်တွင် ဇင်ကျန်း၏ အနေအထားကို ပြသနေသည်။

ဇင်ကျန်းကို နှိပ်ကွပ်ရန် ဒေါ်လာ ထရီလီယံချီ တန်သည့် အကြောင်းပြချက်

၎င်းက ပိုးလမ်းမ စီးပွားရေးပတ်လမ်းဟု ပေါင်းရုံး၍ ခေါ်သည့် ကုန်းလမ်းကြောင်း ၆ ခု နှင့် ရေကြောင်းပိုးလမ်းမဖြစ်သည့် ရေလမ်းကြောင်းတခုက ပိုင်းခြားထားသည်။ မြေပုံတွင် ဖော်ပြထားသည့် အတိုင်းဆိုလျှင် ဇင်ကျန်းက ပိုးလမ်းမ စီးပွားရေးပတ်လမ်း တလျှောက်မှ စီမံကိန်း အများအပြား တည်ရှိသောနေရာဖြစ်သည်။

တရုတ်နိုင်ငံက စီမံကိန်းတွင် ဒေါ်လာ ၁ ထရီလီယံမှ ၈ ထရီလီယံအတွင်း ရင်းနှီးမြှုပ်နှံရန် ရှိနေသည်ဟု Center for Strategic and International Studies က ဆိုသည်။

တရုတ်နှင့် BRI တလျှောက် နိုင်ငံများကြားမှ ကုန်ပစ္စည်းများ ကုန်သွယ်ရေးက ၂၀၁၈ ခုနှစ် တနှစ်တည်းအတွင်းမှာပင် အမေရိကန်ဒေါ်လာ ၁.၃ ထရီလီယံရှိသည်ဟု တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနကို ကိုးကား၍ အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ပြောသည်။

တရုတ်နိုင်ငံက BRI စီမံကိန်းများအပေါ် အလေးထားမှုတိုးလာခြင်းက ဇင်ကျန်းတွင် တရုတ်အစိုးရ၏ ဖိနှိပ်ဖြိုခွဲမှုများနှင့် တိုက်ဆိုင်နေသည်ဟု ကျွမ်းကျင်သူများက ထောက်ပြသည်။

ဝီဂါ ခွဲထွက်ရေးသမား အများအပြားက တိုက်ခိုက်ရေးသမားများ ဖြစ်လာရန် တရုတ်နိုင်ငံမှ ထွက်ခွာ၍ အာဖဂန်နစ္စတန်နှင့် ဆီးရီးယားကဲ့သို့သော နေရာများသို့ သွားရောက်ခဲ့ကြသည့်အတွက် တရုတ်အစိုးရက ဝီဂါ စစ်သွေးကြွများကို အကြမ်းဖက်သမားများဖြစ်သည်၊ နိုင်ငံအတွင်းတွင် အကြမ်းဖက်မှုများကို လှုံ့ဆော်ပေးနေသည်ဟု အနည်းဆုံး ၂၀၀၀ ခုနှစ်များ အစောပိုင်း လောက်မှစ၍ စွပ်စွဲခဲ့သည်။

ဇင်ကျန်းပြည်နယ် ကတ်ရှ်ဂါမြို့နေ ဝီဂါအမျိုးသမီးနှင့် ကလေးငယ်

သို့သော်လည်း ၎င်း၏ ဖိနှိပ်သော လှုပ်ရှားမှုများက ပြီးခဲ့သည့် ၂ နှစ်လောက်ကမှ ကွန်မြူနစ်ပါတီ အတွင်းရေးမှူး တဦး ဖြစ်သည့် Chen Quanguo ၏ အုပ်ချုပ်မှုအောက်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ သူက တိဘက်တွင် ပြင်းထန်သော စောင့်ကြည့် ထိန်းချုပ်ရေး အစီအစဉ်တခုကို ပုံစံချခဲ့သူလည်းဖြစ်သည်။

ဇင်ကျန်းမှ သာမန်ပြည်သူများသည် သူတို့၏ နာရီများကို ကွဲပြားသည့် အချိန်ဇုန်တခုတွင် ထားရှိခြင်း သို့မဟုတ် အခြား တိုင်းပြည်မှလူများနှင့် (သူတို့၏ ဆွေမျိုးသားချင်းများဖြစ်နေလျှင်ပင်) ဆက်သွယ်ခြင်း ကဲ့သို့သော မရေမရာ အကြောင်းပြချက်များအတွက် ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံရခြင်းများ သို့မဟုတ် ပျောက်ဆုံးသွားရခြင်းနှင့် ကြုံတွေ့နေကြရသည်။

အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား Virginia မှ ဝီဂါအရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်သည့် Rushan Abbas က “အားလုံးက ရှီကျင့်ဖျင်ရဲ့ အမှတ်တံဆိပ် စီမံကိန်း ဖြစ်တဲ့ BRI နဲ့ ဆိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝီဂါ မြေက ရှီကျင့်ဖျင်ရဲ့ အမှတ်တံဆိပ် စီမံကိန်းက အရေးအပါဆုံးတွေရဲ့ အချက်အချာနေရာမှာ ရှိနေလို့ပါ ” ဟု ပြောသည်။

Rushan Abbas သည် ဝီဂါများကို နှုတ်ပိတ်ရန် တရုတ်နိုင်ငံ၏ အားထုတ်မှုကြောင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိလာသော ဝီဂါလူမျိုး အများအပြားထဲမှ တဦးဖြစ်ပါသည်။ Rushan Abbas က ဝါရှင်တန်တွင် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုခဲ့ပြီး ၆ ရက်ကြာသည့်အချိန်တွင် သူ၏ ညီမနှင့် အဒေါ်ဖြစ်သူတို့မှာ ဇင်ကျန်းမြို့ များမှ ပျောက်ဆုံးသွားကြသည်။ သူ့ မိသားစု ပျောက်ဆုံးသွားခြင်းသည် သူ၏ တက်ကြွလှုပ်ရှားမှုများ၏ တိုက်ရိုက်အကျိုးဆက် ဖြစ်သည်ဟု Rushan Abbas က ယုံကြည်ထားသည်။

တရုတ်လူနည်းစု မူဝါဒဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တယောက်ဖြစ်သော Adrian Zenz က ဇင်ကျန်း၏ အခန်းကဏ္ဍသည် BRI နှင့် အတူ ကြီးမားစွာ ပြောင်းလဲခဲ့ပြီး တရုတ်နိုင်ငံ၏ ပြင်းပြသောဆန္ဒများက ဇင်ကျန်းကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ ဗဟိုချက် ဒေသတခု အဖြစ်သို့ ပြောင်းလဲခဲ့သည်ဟု The New York Times သို့ ယခုနှစ် အစောပိုင်းက ပြောကြားခဲ့သည်။

ဇင်ကျန်းမှ ကြည့်ချင်ပွဲ

ဇင်ကျန်းနှင့် ပတ်သက်၍ BRI တွင် ပါဝင်သည့် နိုင်ငံများက ထုတ်ဖော်ပြောဆိုခြင်း မရှိစေရေး သေချာစေရန် တရုတ် အစိုးရက နောက်ထပ်အားထုတ်မှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှ စတင်၍ တရုတ်အာဏာပိုင်များက အနည်းဆုံး နိုင်ငံ ၁၆ ခု (အများစုမှာ BRI တွင် ပါဝင်နေကြသော ကာဇစ်စတန်၊ တာဂျစ်ကစ္စန် နှင့် ပါကစ္စတန် တို့ကဲ့သိုသော အနီးပတ်ဝန်းကျင်နိုင်ငံများ) မှ ဂျာနယ်လစ်များနှင့် သံတမန်များကို ဇင်ကျန်းမှ ပညာပေးစခန်းများသို့ သွားရောက်မည့် ထိန်းချုပ်မှု အလွန်များသော ခရီးစဉ် များအတွက် ဖိတ်ခေါ်ခဲ့သည်။

ဝီဂါအရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်သည့် Rushan Abbas (ယာ)နှင့် သူ၏ညီမ Gulshan Abbas (ဝဲ)၊ Gulshan Abbas သည် ပျောက်ဆုံးနေသည်။

ဒေသတွင်းတွင် သူတို့အတွက် ဖုံးကွယ်စရာ ဘာမှ မရှိကြောင်း သက်သေပြရန် တရုတ်နိုင်ငံက ခရီးစဉ်များကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။ စခန်းများကို သူတို့က (ဒေသခံများ၏) ဘဝအောင်မြင်တိုးတက်ရေးကို လုပ်ပေးမည့် အခမဲ့ အသက်မွေးပညာ သင်တန်းများဟု နားဝင်သာအောင် ခေါ်ဝေါ်သုံးနှုံးခဲ့ကြသည်။

စာနယ်ဇင်း ခရီးစဉ်မှ ကို့ယို့ကားယား ဓာတ်ပုံများထဲတွင် ဝီဂါလူမျိုး အမျိုးသား အမျိုးသမီးများက စာသင်ခန်းများ အတွင်း အကနှင့် ဂီတ တင်ဆက်နေမှုများ၊ အပ်ချုပ်စက်များ မောင်းနှင်နေခြင်းနှင့် ပြဌာန်းစာအုပ်တခုတွင် ပါဝင်သည့် တရုတ် ထောက်ခံရေး သီချင်းများမှ စကားလုံးများကို လေ့လာသင်ယူနေခြင်းများကို မြင်တွေ့ခဲ့ရသည်။

ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် တရုတ်နိုင်ငံက ပါကစ္စတန်၊ ဗင်နီဇွဲလား၊ ကျူးဘား၊ အီဂျစ်၊ ကမော္ဘဒီးယား ၊ ရုရှား၊ ဆီနီဂေါ နှင့် ဘဲလားရပ်စ် နိုင်ငံများမှ သံတမန်များအတွက် နောက်ထပ်ခရီးစဉ်တခုကို စီစဉ်နေခဲ့သည်ဟု ရိုက်တာ သတင်းဌာနက ဆိုသည်။

သို့သော်လည်း ကုလသမဂ္ဂမှ ကိုယ်စားလှယ်များနှင့် ထိုဒေသတွင်းသို့ ဝင်ရောက်ခွင့်ရရန် ကြိုးစားနေခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ Human Rights Watch ကဲ့သို့သော အဖွဲ့များမှ တက်ကြွလှုပ်ရှားသူများကို ဖိတ်ခေါ်ခဲ့ခြင်း မရှိပါ။

ဂျာနယ်လစ်များနှင့် သံတမန်များကို ခေါ်ပြသော ခရီးစဉ်တွင် တွေ့ရသော ဝီဂါများ

Human Rights Watch မှ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာ Sophie Richardson က “တရုတ်အစိုးရက သံတမန်တွေကို ခေါ်ပြတဲ့ ပွဲတွေ လုပ်တဲ့နေရာမှာ သမိုင်းကြောင်းရှည်ကြီး ရှိပါတယ်။ သံတမန်တွေ သွားရောက်လည်ပတ်တာကို ယုံကြည် လက်ခံနိုင်လောက်တဲ့ အမှီအခိုကင်းတဲ့ လေ့လာအကဲဖြတ်မှုတခုနဲ့ အစားထိုးလို့ မရပါဘူး” ဟု ဇန်နဝါရီလ အတွင်းတွင် ရေးသားခဲ့သည်။

သို့သော်လည်း ပြပွဲ ခရီးစဉ်များက အဆိုပါ နိုင်ငံအချို့ အတွက် အလုပ်ဖြစ်ခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးမှ တာဝန်ခံ Mumtaz Zahra Baloch က “ကျနော်တို့ရဲ့ ခရီးစဉ်က ဒီဒေသနဲ့ ပတ် သက်လို့ ကျနော့်ရဲ့ အမြင်ကို ပိုမိုခိုင်မာ အားကောင်းစေခဲ့ပါတယ်။ အဲဒီနေရာမှာ စုံလင်တဲ့ယဉ်ကျေးမှုနဲ့ စုံလင်တဲ့ လူမျိုး ရေး စရိုက်လက္ခဏာတွေ ရှိပါတယ်။ အဲဒါက တရုတ်နိုင်ငံ အနောက်ပိုင်း ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေး ကြီးပါတယ်။ BRI စီမံကိန်းရဲ့ အောက်မှာ ဒေသတွင်း ဆက်သွယ်ရေးအတွက် အရေးပါတဲ့ ဆုံချက်တခု ဖြစ်ပါတယ် ” ဟု တရုတ် အစိုးရပိုင် Global Times သတင်းစာသို့ ပြောကြားခဲ့သည်။

“ဒါကြောင့် ဇင်ကျန်းက BRI စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”

(Business Insider မှ This map shows a trillion-dollar reason why China is oppressing more than a million Muslims ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ

မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ချက်များ

ကမ္ဘာ့စီးပွားရေး နှေးကွေးမှု ထိုင်းကို ထိပြီ

The post ဝီဂါ မွတ်ဆလင်တွေကို တရုတ်နှိပ်ကွပ်ရခြင်း အကြောင်း appeared first on ဧရာဝတီ.

အခက်အခဲများကြားက ရာမည မီးအိမ်ရှင်များ

$
0
0

သွပ်မိုး အုတ်ကာ အဝါရောင် ဆေးခြယ်ထားသည့် တထပ်ဆောင် ရုံးခန်းတခုအတွင်း ထိုင်နေကြသည့် လူတစုထံမှ တဝါးဝါး တဟားဟားနှင့် ရယ်မောသံများ ထွက်ပေါ်လာသည်။

“တိုက်ပွဲကြားမှာ ပြေးလွှားရင်းနဲ့ ဟင်းချက်ရင်းတန်းလန်းနဲ့ ထပြေးရတဲ့အခါ ဆရာမ တယောက်ဆို ဝက်သား ဟင်းအိုး ရွက်ထားရင်းပြေးတော့ မှောက်ကျတာ။ အဲဒါကို ပြန်ကောက်ထည့်တယ်” ဟု ၅၉ နှစ်အရွယ် ဦးမင်းအောင်ဇေ က အတိတ်အကြောင်းများကို ပြန်ပြောပြရင်း အားပါးတရ ရယ်မောလိုက်သည်။

ဦးမင်းအောင်ဇေသည် တောင်ပကျေးရွာ မွန်အမျိုးသား အလယ်တန်းကျောင်းသို့ အလည်ရောက်ခိုက် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ဝင်္ကပါ မွန်စာသင်ကျောင်းတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က အတိတ်ခြေရာများကို ပြန်ကောက် ပြောပြရင်း တဝါးဝါး တဟားဟားနှင့် ပွဲကျနေကြခြင်း ဖြစ်သည်။

ထိုအချိန်က ယင်းဒေသတွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် တပ်မတော်အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေး (Ceasefire) လက်မှတ်မထိုးခင် အချိန်ကာလဖြစ်ရာ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

ထို့ကြောင့် ပြေးရင်းလွှားရင်း ရောက်သည့်နေရာတွင် ချက်စားနိုင်ရန် ကျောင်းသားတိုင်း၏ လွယ်အိတ်ထဲတွင် ဆန် တထုပ်စီ အမြဲထည့်ခိုင်းထားရသည်ဟုလည်း ထိုစဉ်က ဦးမင်းအောင်ဇေနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သော အသက် ၅၀ အရွယ် ဆရာမကြီး ဒေါ်ခိုင်ခိုင်ထင်(မိဂေတမး)ကလည်း သူ့ အတွေ့အကြုံများကို ပြန်လည်ပြောပြသည်။

“တခါတလေ ည ၁၀ နာရီလောက်ကြီးလည်း ထပြေးရတယ်။ တောထဲမှာ ထမင်းစားတဲ့အခါ စလောင်းဖုံးထဲထည့်ပြီး ၆ ယောက်တအုပ်စု စားကြတယ်။ ဟင်းရည်ထည့်လိုက်ရင် စောင်းသွားတဲ့ဘက်ကသူက ပိုစားရတာပေါ့” ဟု သူက ပြောပြီး ရယ်နေသည်။

ယခုအချိန်မှာတော့ ထိုဖြစ်ရပ်များက ရယ်စရာပြက်လုံး တခုလို ဖြစ်နေသော်လည်း ထိုစဉ်ကတော့ တကယ့်ကို စိုးရိမ် ထိတ်လန့်စရာ အနေထားဖြစ်ခဲ့ရပြီး မျိုးဆက်သစ် ကလေးများ အတွက်တော့ ပုံပြင်လို ဖြစ်နေပြီဟု ဦးမင်းအောင်ဇေ က ပြောသည်။

“အဲဒီမှာ ခဏခဏ ပြေးနေရတယ်လေ။ ရောက်တဲ့နေရာမှာ ကလေးတွေနဲ့ ထမင်းချက်စားပြီးတော့ တခါ စစ်ပြေးတဲ့နေ ရာမှာပဲ စာသင်ပေါ့။ တောင်တွေကြားမှာ။ ဂူတွေကြားမှာ စာသင်ခဲ့ရတယ်” ဟု သူက ပြောပြသည်။

ထိုစဉ်က ၄ တန်းမှ ၈ တန်းထိ ကျောင်းသူ/သားဦးရေ ၇၀ ကျော်ကို ဆရာ၊ ဆရာမ ၁၂ ယောက်ခန့်က ထိန်းကျောင်း ပညာသင်ပေးခဲ့ကြပြီး အဆိုပါ ဆရာ/မများအနက် ယခုအချိန်ထိ မွန်အမျိုးသား ပညာရေးကဏ္ဍတွင် တဖက်တလမ်းမှ ပါဝင်ပတ်သက်နေသူ ၄/၅ ဦးသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

၁၉၉၃ တွင် သူသည် လိုအပ်ချက်အရ ဝင်္ကပါကျောင်း၌ ကျောင်းဆရာ ဝင်လုပ်ဖြစ်ရင်းက ကလေးများကို သနား သဖြင့် မထွက်ဖြစ်တော့ဘဲ နှစ်အတော်ကြာသွားခဲ့ရာမှ ယခုဆိုလျှင် မွန်အမျိုးသားပညာရေးကဏ္ဍ၌ ပါဝင်ပတ် သက်နေသည်မှာ နှစ်ပေါင်း ၃၀ ကျော်လာလေပြီဟု ဦးမင်းအောင်ဇေက ပြောပြသည်။

“အဲဒီခေတ်တုန်းက တကယ့်ကို ဝရုန်းသုန်းကားပါပဲ။ တော်တော်ကို ဆိုးပါတယ်။ ဒါပေမယ့် ကျနော်တို့ မလုပ်ရင်လည်း ဘယ်သူမှ လုပ်မယ့်သူ မရှိဘူးလေ။ အခြေအနေအရ ဘယ်သူမှ မသွားကြဘူး” ဟု သူက ဆိုသည်။

လက်ရှိတွင် သူသည် ကျောင်းဆရာအလုပ်က အနားယူထားပြီး ဖြစ်သော်လည်း မွန်အမျိုးသား ပညာရေးကော်မတီ (MNEC) ဌာနခွဲ၌ သုတေသနမန်နေဂျာ တာဝန်ဖြင့် မွန်မိခင်ဘာသာစကားအခြေပြု သင်ရိုးညွှန်းတမ်းနှင့် ပြည်နယ် အစိုးရ၏ ဒေသန္တရ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မုဒုံမြို့နယ် ကလော့သော့ကျေးရွာ ဇာတိသူ ဒေါ်ခိုင်ခိုင်ထင်သည်လည်း ဆရာမ စလုပ်စဉ်က အသက် ၁၉ နှစ် သာ ရှိသေးပြီး မိဘများ သဘောမတူသည့်ကြားက ထိုလမ်းကို ရွေးချယ်ခဲ့သည်။ ထိုစဉ်က ကျောင်းဆရာမ လစာ အဖြစ် တလလျှင် ၁၀၀၀ ကျပ်သာ ရရှိခဲ့သည်။

ဝင်္ကပါကျောင်းတွင် ၁၈ နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် ကြားထဲတွင် ၁၀ နှစ်လောက် နားကာ ကိုယ်ပိုင် စီး ပွားရေးလေးတခု လုပ်ခဲသော်လည်း တောင်ပကျေးရွာတွင် မွန်အမျိုးသား အလယ်တန်းကျောင်း ဖွင့်သည့်အခါ ကျေး ရွာဆရာတော်က ခေါ်သဖြင့် အလယ်တန်းပြ ဆရာမအဖြစ် ပြန်ဝင်လုပ်နေသည်မှာ ၃ နှစ်ရှိပြီဟု သူက ဆိုသည်။

မိခင်ဘာသာစကား အခြေပြု မွန်အမျိုးသားကျောင်း

မွန်စာပေနှင့် မွန်သမိုင်း မပပျောက်စေရေးအတွက် မိခင်ဘာသာစကား အခြေပြု သင်ကြားပေးနေသည့် မွန်အမျိုး သားကျောင်းများသည် နိုင်ငံရေး အချို့အကွေ့များကြား ကြံ့ကြံ့ခံရပ်တည်လာခဲ့သည်မှာ ၁၉၇၂ မှ စတင်ကာ ယခုဆို လျှင် နှစ်ပေါင်း ၄၀ ကျော်လာပြီ ဖြစ်သည်။

ယခုအခါ အထက်တန်းကျောင်း ၃ ကျောင်း အပါအဝင် မွန်အမျိုးသားကျောင်းပေါင်း ၁၃၃ ကျောင်းရှိပြီး အများစုသည် မွန်ပြည်နယ်၌ရှိကာ ကရင်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း ရှိကြောင်း၊ ကျောင်းသားပေါင်း ၁၂၀၀၀ ခန့်ရှိပြီး ဆရာ/မ ဦးရေ ၆၈၆ ဦးဖြင့် လည်ပတ်လျက်ရှိသည်။

မွန်အမျိုးသား ပညာရေးနှင့် ပတ်သက်၍ လိုအပ်သည့် ပညာရေး ပေါ်လစီများ ချမှတ်ရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ဆက်သွယ်နိုင်ရန် ရည်မှန်းချက်ဖြင့် မွန်အမျိုးသား ပညာရေးကော်မတီ (MNEC)ကို ၁၉၉၂ တွင် ဖွဲ့စည်းပေးခဲ့ကာ မွန်အမျိုးသား ကျောင်းများအား စီမံခန့်ခွဲလျက်ရှိကြောင်း သိရသည်။

၁၉၉၅ တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် တပ်မတော်အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေး(Ceasefire) လက် မှတ်ရေးထိုးပြီး နောက်ပိုင်း၌ မွန်အမျိုးသား ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ပိုမို လမ်းပွင့်လာခဲ့ကြောင်း ဦးမင်းအောင်ဇေက ပြောပြသည်။

“အရင်က အစိုးရ သိထားတာက ဒီကျောင်းတွေက သူပုန်ကျောင်းတွေပေါ့။ တကယ်က သူပုန်ကျောင်း မဟုတ်ပါဘူး။ ရပ်ရွာအခြေပြု ကျောင်းတွေ။ ဒါပေမယ့် NMSP နဲ့ ပတ်သက်တော့ ထောက်ပံ့မှုရှိတယ်။ ဒီလောက်ပါပဲ။ ပိုင်ဆိုင်မှုအနေ နဲ့ဆိုရင် ဒါ ရပ်ရွာရဲ့ ပိုင်ဆိုင်မှုပါ။ ဒီကျောင်းတွေက NMSP ဆောက်ပေးထားတာ မဟုတ်ပါဘူး။ ခုတော့လည်း သူတို့ နားလည်သွားပါပြီ” ဟု သူက ရှင်းပြသည်။

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာရှိ မွန်အမျိုးသား အထက်တန်းကျောင်းတွင် ဆရာမတဦး ကလေးငယ်များ ကို သင်ကြားနေစဉ် (ထက်ဝေ၊ ဧရာဝတီ)

မွန်အမျိုးသားကျောင်း၏ ပညာရေးစနစ်

မွန်အမျိုးသား ပညာရေး ကော်မတီ(MNEC)က အကောင်အထည်ဖော်နေသည့် မွန်အမျိုးသားကျောင်းများ၏ ပညာရေးစနစ်မှာ မူလတန်းအဆင့်၌ မိခင် ဘာသာစကား အခြေပြု ဘာသာစကား အစုံသင်သည့် ပညာရေးနစ်ဖြစ်ပြီး မိခင်ဘာသာစကား၊ နိုင်ငံသုံးစကားနှင့် နိုင်ငံတကာသုံး ဘာသာစကား ဖြစ်သည့် မွန်၊ ဗမာ၊ အင်္ဂလိပ် ၃ မျိုးစလုံးကို မသင်မနေရ ပြဋ္ဌာန်းထားသည်။

အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်တွင် အစိုးရသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးနေပြီး မွန်၊ ဗမာ ဘာသာ စကားနှစ်မျိုးဖြင့် ကလေးများ နားလည်အောင် ရှင်းပြပေးရသည်ဟု ဆရာ၊ ဆရာမများက ပြောသည်။

အစိုးရကျောင်းနှင့် မတူညီသည်မှာ မွန်အမျိုးသားကျောင်းများတွင် ကလေးနားလည်သည့်၊ ကျွမ်းကျင်သည့် ဘာသာ စကားဖြင့် ပညာသင်ကြားခွင့်ရခြင်း ဖြစ်သည်ဟု MNEC သုတေသန မန်နေဂျာ ဦးမင်းအောင်ဇေက ရှင်းပြသည်။

ထို့ပြင် အစိုးရ ပညာရေးစနစ်ဖြင့်လည်း တံတားထိုးထားသည့် စနစ်ဖြစ်ရာ ကလေးများ အနေဖြင့် အစိုးရကျောင်းဘက် သို့ ကူးပြောင်းနိုင်သလို အစိုးရကျောင်းမှ ကလေးများလည်း မွန်အမျိုးသားကျောင်းသို့ ကူးလာ၍ ရကြောင်း၊ အစိုးရ ကျောင်းနှင့် ဘာသာစကား မူဝါဒ မတူသော်လည်း အတန်းဖွဲ့စည်းပုံ၊ ကျောင်းဖွဲ့စည်းပုံချင်း တူညီသည်ဟု ဆိုသည်။

အခက်အခဲများကြားက မီးအိမ်ရှင်များ

၁၉၇၀ခုနှစ် ကာလအတွင်းက မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသများအတွင်း စစ်ပြေးရှောင်ရင်း စာသင်ခဲ့ရသည့် ရွေ့လျားစာသင်ကျောင်းများမှ တဆင့် စတင်ခဲ့သည့် မွန်အမျိုးသားကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော မွန် ဆရာ၊ ဆရာမတို့သည် လစာဟူသည် ဝေးစွ။

ရပ်ရွာက စုပေါင်းပေးသည့် တနှစ်လျှင် စပါး တင်း ၅၀၊ ၁၀၀ လောက်ဖြင့် အိပ်စိုက်ကာ တိုက်ပွဲများအကြား ပြေးရင်း လွှားရင်း မွန်ကလေးငယ်များကို ပညာမျှဝေပေးခဲ့ကြသည်။

လက်ရှိတွင် MNEC က ဆရာ၊ ဆရာမ တယောက်လျှင် တလစာ ငွေကျပ် ၉၆၀၀၀ ပေးထားပြီး ရပ်ရွာက ၃၀၀၀၀ ကျပ် ထပ်ဆောင်းပေးခြင်း၊ နေစရာ၊ စားစရာ ထောက်ပံ့ပေးခြင်းတို့ကြောင့် အနည်းငယ် အသက်ရှူချောင်လာပြီဟု ဆိုနိုင်သော်လည်း ပြည့်စုံလုံလောက်သည့် အခြေအနေတော့ မဟုတ်သေးပေ။

မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာ ဇာတိသူ မူလတန်းပြ ဆရာမ နွန်ဒယ်ဒေဝီ တယောက် မွန်ကျောင်းဆရာမ အလုပ်ကို စတင်ရွေးချယ်စဉ်က အများတကာ၏ အထင်သေးမှုကို ခံရရုံသာမက အစိုးရ ဌာနဆိုင်ရာတွင် ဝင်လုပ်သူ သူငယ်ချင်း တချို့ကြား မျက်နှာငယ်ခဲ့ရသည်။

“စဝင်တုန်းက ဒီလိုမျိုး အခြေအနေ မဟုတ်ဘူး။ စာသင်ရတာ အသိအမှတ်ပြုမှု နည်းတယ်။ ကိုယ်ဒီကျောင်းမှာ လုပ်တော့ ဘွဲ့ရဖြစ်ပြီး ဘာလို့ ဒီကျောင်းမှာ လာသင်ရလဲ။ ဒီထက်ကောင်းတဲ့ အလုပ်ကို လုပ်ပါလားဆိုပြီး ပြောလာ တဲ့သူတွေ ရှိတယ်” ဟု သူကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြသည်။

သူသည် နိုင်လှုံကျေးရွာ၊ သာ့သနာနယ်မြေရှိ သစ်သားဆောင် ဇရပ်ကျောင်လေးပေါ် ဖွင့်ထားသည့် မူလတန်း လွန် ကျောင်းကလေး၌ တာဝန်ထမ်းဆောင်နေပြီး မုဒုံမြို့နယ် ကျောင်းဆရာအသင်း၏ ဥက္ကဋ္ဌအဖြစ်လည်း ဆောင် ရွက် နေသည်။

မွန်အမျိုးသားကျောင်းများသည် မိမိတို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းရာရောက်သလို မိခင် ဘာသာစကားဖြင့် သင်ကြားရသည့် ကလေးများအတွက်လည်း သင်လွယ်တတ်လွယ်သည်ဟု သူက ခံယူထားသည်။

“ကိုယ့်ခံယူချက်နဲ့ ကိုယ်ဆိုတော့ သူများ ဘာပြောပြောလေ ဝါသနာပါတဲ့ အလုပ်ဆိုတော့ ပျော်နေတာပဲ” ဟု အနား တွင် လာထိုင်နေသည့် ကလေးငယ်လေးကို ပြုံးပြီးကြည့်ရင်းက ပြောသည်။

ယခုနောက်ပိုင်း၌ အစိုးရကျောင်းမှ ဆရာ/မများနှင့် သင်တန်း အတူတူတက်ခွင့်ရသည့်အခါ ၎င်းတို့ ဆွေးနွေး ပြောဆို နိုင်သလို၊ အရည်အချင်းရှိသလို မွန်ကျောင်း ဆရာ/မများလည်း ဝင်ရောက်ဆွေးနွေးနိုင်ကြောင်း၊ အရည်အချင်း ရှိ ကြောင်း သိသွားကာ ၎င်းတို့အပေါ် နားလည်သွားပြီး အခေါ်အပြော ဆက်ဆံမှုများ တိုးတက်လာသည်ဟု ဆိုသည်။

“အစိုးရကျောင်းက ကျူရှင်တို့ ဘာတို့နဲ့ စရိတ်စက များတယ်။ ကျမတို့ မွန်ကျောင်းကျတော့ ဘာမှ မကောက်ဘူး။ ဆင်းရဲသားကလေးတွေ ပိုများတယ်။ ရတဲ့လစာနဲ့မလောက်ဘူး။ အမျိုးချစ်လို့ လုပ်နေတယ်ဆိုပါတော့” ဟုလည်း တောင်ပရွာ မွန်အမျိုးသားအလယ်တန်းကျောင်း ကျောင်းအုပ် မိထောဇိင်က ဆိုသည်။

မွန်အမျိုးသားကျောင်းတွင် ကလေးတဦးလျှင် တနှစ်စာ ကျောင်းလခအဖြစ် ၃၅၀၀၀ ကျပ် သာပေးရပြီး ၉၊ ၁၀ တန်း အဆောင်နေသည့် ကလေးများက တလလျှင် စားစရိတ်အဖြစ် ၃၀၀၀၀ ကျပ် ထပ်ဆောင်းပေးရသည်။

အစိုးရကျောင်းများထက် စရိတ်စက သက်သာသည့် မွန်အမျိုးသားကျောင်းသို့ လာတက်သည့် ကလေးများသည် နွမ်း ပါးချို့တဲ့သည့် မိသားစုတို့မှ အများဆုံးဖြစ်ပြီး တချို့မိဘများကလည်း ရပ်ရွာတွင်ထားပါက အပေါင်းအသင်းများဖြင့် ပျက်စီးမည်ကို စိုးရိမ်ပြီး အဆောင်လာပို့ထားသူများလည်း ရှိကြောင်း သိရသည်။

“ပင်ပန်းပေမယ့် အဆင်ပြေအောင် သင်ပေးရတာပဲ။ ဒီကျောင်းတွေက လစာနည်းတော့ သူများတွေ သိပ်မလုပ်ချင်ကြ ဘူး။ တချို့လည်း ဝင်လိုက်ထွက်လိုက်နဲ့။ ကျမကတော့ ဆက်လုပ်ဖြစ်နေအုံးမှာပါ။ ကိုယ်မှမလုပ်ရင် ကလေးတွေ အခက်အခဲဖြစ်မှာလေ” ဟု သံဖြူဇရပ်မြို့နယ်၊ ဝဲရက်မူလွန်ကျောင်း ကျောင်းအုပ် မိလယီချမ်းမွန်က ဆိုသည်။

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာရှိ မွန်အမျိုးသား အထက်တန်းကျောင်းမှ ကလေးငယ်များ (ထက်ဝေ၊ ဧရာဝတီ)

မွန်အမျိုးသားကျောင်းများ ရေရှည်ရပ်တည်ရေး အခက်အခဲများရှိနေ

ပြီးခဲ့သည့် တပတ်အတွင်း၌ ဧရာဝတီသတင်းဌာနအနေဖြင့် မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေးမြို့နယ်ရှိ မွန် အမျိုးသားကျောင်း အချို့သို့သွားရောက်ပြီး တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်သည့်အခါ မွန်အမျိုးသား ကျောင်းများ ရေရှည် ရပ်တည်ရေးအတွက် လစာကိစ္စသည် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေကြောင်း သိရှိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ နှစ်စဉ်နှစ်တိုင်း ခေါင်းကိုက်နေရပြီး လတ်တလော အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် အဓိက လည် ပတ်နေရကာ ရေရှည်အတွက် အခက်အခဲရှိကြောင်း၊ ထောက်ပံ့မှုများ ဖြတ်တောက်လိုက်လျှင် ရပ်ရွာလူထုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ကို စိုးရိမ်ကြောင်း MNEC မှ တာဝန်ရှိသူများကလည်း ဖွင့်ဟပြောဆိုသည်။

ဧရာဝတီက စုံစမ်းမေးမြန်းကြည့်သလောက် ဘွဲ့ရပညာတတ် ဆရာ/မ အများစုသည် စားဝတ်နေရေးအတွက် ထိုင်း၊ ကိုရီးယား၊ ဂျပန် နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ခြင်း၊ လစာပိုကောင်းသည့် ပြည်တွင်းရှိ အစိုးရဌာန၊ ပုဂ္ဂလိက ကုမ္ဗဏီများတွင် ဝင်ရောက် အလုပ်လုပ်ကိုင်ခြင်းတို့ ရှိကြောင်း သိရသည်။

ထို့ပြင် မွန်အမျိုးသားကျောင်းများတွင် ဆရာမများကိုသာ တွေ့ရပြီး ကျောင်းဆရာ မရှိသလောက် နည်းပါးသည်ကို သတိထားမိ၍ မေးမြန်းကြည့်ရာ “အမျိုးသားဆရာတွေ နည်းတယ်။ အဓိကက လစာပေါ့။ ပိုက်ဆံက အဓိက မဟုတ် ပေမယ့်လည်း စားဝတ်နေရေးက ရှိသေးတယ်လေ” ဟု ဆရာမ မိထောဇိင်က ပြောပြသည်။

MNEC စာရင်းအရ မွန်အမျိုးသားကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမ ၆၈၆ ဦးအနက် ဆရာ ဦးရေ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရှိရသည်။

ဦးမင်းအောင်ဇေကတော့ “ကျနော်တို့ဆီက ကျောင်းဆရာတွေ ရည်းစားလည်း မထားရဲဘူး။ အိမ်ထောင်လည်း မပြုရဲ ဘူး။ လစာမကောင်းတော့။ တချို့ မိဘတွေဆို ပြောမနိုင်တဲ့ သမီးတွေကို မွန် ဆရာနဲ့ ပေးစားမယ်လို့ ခြိမ်းခြောက်လေ့ ရှိတယ်။ အဲဒါဆို ငြိမ်သွားရော” ဟု ဟာသနှောပြီး ပြောပြသည်။

အပေါ်ယံ ကြည့်လျှင် ဟာသ ပြက်လုံးတခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုကဲ့သို့ ဆရာ/မများ မမြဲဘဲ ထွက်သွားကြ မည်ဆိုလျှင် ကလေးများအတွက် အခက်အခဲ ဖြစ်စေသည်ဟု သူက ပြောသည်။

မွန်အမျိုးသားကျောင်းများ ဖွင့်လှစ်ရခြင်း၏ ရည်မှန်းချက်သည် မိခင်ဘာသာစကား အခြေပြုပညာရေးနှင့် အရည် အသွေးရှိသည့် ပညာရေး ဖြစ်စေရန် ကျောင်းဆရာ လုံလောက်စွာ မခန့်နိုင်ပါက ထိုရည်မှန်းချက် ပြည့်ဝရန် အခက် အခဲရှိသည်ဟု MNEC (ဗဟို) တာဝန်ခံ မိဆာဒါးကလည်း ရှင်းပြသည်။

“အခုလည်း လိုသလောက် အပြည့်အဝ မခန့်နိုင်သေးဘူး။ အချို့ ကျောင်းတွေမှာဆို အများကြီး လိုအပ်နေသေးတယ်” ဟု သူက ဖွင့်ဟပြောဆိုသည်။

သို့သော်လည်း အဆိုးချည်းပဲတော့ မဟုတ်ပေ။ လက်ရှိလုပ်ကိုင်နေသည့် ဆရာ၊ ဆရာမ အများစုတွင် အလုပ်ထွက်ရန် စိတ်ကူးမရှိသကဲ့သို့ မွန်ကလေးများ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်ရန် တတ်စွမ်းသမျှ ပြုစုပျိုးထောင်ပေးမည့်သူများလည်း ရှိနေပါသေးသည်။

၎င်းတို့ ငယ်ရွယ်စဉ်က မွန်စာပေ သင်ကြားချင်လျှင် နွေရာသီ ကျောင်းပိတ်ရက် မွန်ဘုန်းကြီးကျောင်းများ၌သာ သင် ကြားခွင့်ရခဲ့သဖြင့် ယခုလို မွန်အမျိုးသားကျောင်းများ ရှိလာသည့်အခါ ကိုယ့်လူမျိုးအတွက် အလုပ်လုပ်ခွင့်ရသလို မျိုး ဆက်သစ် လူငယ်များကိုလည်း ပြုစုပျိုးထောင်ပေးနိုင်သည့် အခွင့်အရေးအဖြစ် ခံယူထားသူများလည်း ရှိသည်။

မွန်ပြည်နယ် မုဒုံမြို့နယ် တောင်ပရွာရှိ မွန်အမျိုးသား အလယ်တန်းကျောင်းမှ ဆရာမတဦး တပည့်များကို စာသင်နေစဉ်(ငြိမ်းငြိမ်း၊ ဧရာဝတီ)

မွန်အမျိုးသားကျောင်းတို့၏ အနာဂတ် အလားအလာ

လက်ရှိအနေအထားအရ မွန်အမျိုးသားကျောင်းများသည် ကိုယ်ထူကိုယ်ထ ပုံစံဖြင့် လည်ပတ်နေရပြီး ရေရှည်ရပ် တည်နိုင်ရေးအတွက် ကြိုးစားရုန်းကန်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆-၁၇၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ကျောင်းသားဦးရေပေါ် မူတည်ပြီး School Grant ဟု ခေါ် သည့် ကျောင်းထောက်ပံ့ကြေး ရရှိခဲ့သော်လည်း ယခုနောက်ပိုင်း မရရှိတော့ကြောင်း ဦးမင်းအောင်ဇေက ပြောပြ သည်။

ထို့အတွက် မွန်အမျိုးသားကျောင်းများ ရေရှည်ရပ်တည်ရေးအတွက် MNEC အနေဖြင့် ရပ်ရွာအခြေပြု ရန်ပုံငွေ ရှာဖွေရေး ကော်မတီများ ဖွဲ့စည်းထားပြီး နိုင်ငံရပ်ခြားရှိ မွန်အသိုင်းအဝိုင်းမှ နှစ်စဉ်လွှဲပို့ပေးသည့် အလှူငွေများကို ဘဏ်အကောင့်ဖြင့် စုထားကာ လိုအပ်မှ ထုတ်ယူသုံးသည့်ပုံစံမျိုး ဆောင်ရွက်ထားသည်ဟု သူက ရှင်းပြသည်။

ထို့ပြင် မွန်ဘုန်းကြီးကျောင်းများထံ အကူညီတောင်းရန် ပြင်ဆင်နေပြီး အစိုးရဘက်မှလည်း ထောက်ပံ့ပေးရန် တာဝန် ရှိသည့်အတွက် တောင်းဆိုတင်ပြမှုများ ပြုလုပ်သွားရန် ရှိသည်ဟုလည်း သူက ဆိုသည်။

လက်ရှိတွင် အစိုးရက သူငယ်တန်းမှ ၁၀ တန်းထိ မွန်အမျိုးသား ကျောင်းသူ/သား ၁၀၀၀၀ ကျော်အတွက် အစိုးရ ပြဋ္ဌာန်းစာအုပ်များ အခမဲ့ ပေးဝေမှုသာ ရှိသည်ဟု သူက ပြောပြသည်။

MNEC ၏ စာရင်းအရ ကျောင်းအဆောက်အအုံ ကောင်းသည့် အဆင့်သည် ၅ ရာခိုင်နှုန်းခန့်သာ ရှိပြီး ၄၀ ရာခိုင်နှုန်း ခန့်သည် အနည်းငယ် ပြင်ဆင်ရန်ရှိကြောင်း၊ ၃၅ ရာခိုင်နှုန်းသည် လုံးဝ ဖြိုဖျက်ပစ်ရမည့် အခြေအနေဖြစ်နေပြီး ၁၇ ရာ ခိုင်နှုန်းခန့်သည် ကျောင်းဆောင် မရှိဘဲ ဥပုသ်ဇရပ်များတွင် တည်မှီကာ ဖွင့်ထားရကြောင်း သိရသည်။

ကိုယ့်လူမျိုး၊ စာပေ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်သည့် မွန်အမျိုးသားကျောင်းများအား ဆက်လက်တည်ရှိစေ ချင်ပြီး အစိုးရဘက်မှလည်း ပံ့ပိုးကူညီပေးစေလိုသည်ဟု သံဖြူဇရပ်မြို့နယ်၊ ပင ကျေးရွာမှ ရပ်မိရပ်ဖ ဦးမြင့်ဆွေက ပြောပြသည်။

“ကျောင်းတွေ ရပ်တည်နိုင်ဖို့အတွက် တော်တော်လေး ကြိုးစားရတယ်။ ငွေရေးကြေးရေးက မွန်တွေဆီမှာ ပဲ တောင်းခံနေရတာ။ ကျနော်တို့ လိုချင်တာက အစိုးရအသိအမှတ်ပြုပြီး ကျောင်းဆရာ၊ ဆရာမ လစာတွေ ပေး မယ်ဆို ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်တယ်” ဟု သူ့ဆန္ဒကို ထုတ်ဖော်ပြောဆိုသည်။ ။

You may also like these stories:

စစ်ရှောင်စခန်းမှာ ဘဝကို မြှုပ်နှံထားတဲ့ ကျန်းမာရေးဆရာမ

ဝေးလံဒေသများတွင် စာသင်ပေးကြရန် ဆရာများအား အတိုင်ပင်ခံ မေတ္တာရပ်ခံ

The post အခက်အခဲများကြားက ရာမည မီးအိမ်ရှင်များ appeared first on ဧရာဝတီ.

အိမ်တွင်းပုန်း အိန္ဒိယ စီးပွားရေး

$
0
0

၂၀၁၄ ခုနှစ်က နေရိန်ဒြာမိုဒီ Narendra Modi ပထမဆုံး ရွေးချယ်တင်မြှောက်ခံရသည့် အချိန်တွင် သူက ကာလကြာရှည်စွာ စွမ်းဆောင်ရည်ကျဆင်းနေခဲ့သော အိန္ဒိယ စီးပွားရေးကို အသွင်ပြောင်းလဲပေးမည်ဟု ယူဆခဲ့ကြသည်။ ဂူဂျာရတ် Gujarat နယ်သား ခေါင်းဆောင်က သူ့မိခင်ပြည်နယ်၏ အောင်မြင်မှုများ (အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ဖောဖောသီသီ ဖော်ထုတ်ပေးခြင်း)ကို တနိုင်ငံလုံးသို့ ဖြန့်ကျက်မည်ဟု သူက ကတိပြုခဲ့သည်။

သို့သော်လည်း ၅ နှစ်ကြာခဲ့ပြီးနောက် အလွန်စိတ်ဝမ်းကွဲစရာ ရွေးကောက်ပွဲတခု၏ နောက်ပိုင်းတွင် (အိန္ဒိယ အမျိုးသား စာရင်းရုံး၏ စစ်တမ်းတခုအရ) အိန္ဒိယနိုင်ငံသည် ဆင်းရဲ နွမ်းပါးမှုမြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် ကျေးလက်ဒေသတွင် ဖြစ်သည်။ ဆယ်စုနှစ် ၄ ခုကျော်ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် စားသုံးသူတို့၏ သုံးစွဲမှု မကြုံစဖူး ကျဆင်းခြင်းနှင့်လည်း ရင်ဆိုင်နေခဲ့ရသည်။

၂၀၁၇-၁၈ စစ်တမ်းက အားနည်းသည့် မူဝါဒ အကောင်အထည်ဖော်မှု ၂ ခုဖြစ်သည့် ကပျက်ကချော် GTS ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအခွန်နှင့် ငွေစက္ကူများ ပယ်ဖျက်ခြင်း တို့က အိန္ဒိယမြို့ငယ် အများစု၏ စီးပွားရေးကို ဖျက်ဆီးခဲ့သည်။

စွမ်းဆောင်ရည် နည်းပါးသည့် စီးပွားရေးကြောင့် ဝန်ကြီးချုပ်နှင့် သူ၏ BJP လုပ်ဖော်ကိုင်ဖက်များက မကြာသေးမီက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအတွက် ဗျူဟာများကို အပြောင်းအလဲပြုလုပ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်လှုပ် ရှားမှုက ကျူးကျော်ရန်လိုသော ဟိန္ဒူ ကြီးစိုးရေးဝါဒနှင့် လူနည်းစု ဆန့်ကျင်ရေး ပလက်ဖောင်းပေါ်မှ စစ်ပွဲတခု ဖြစ်ခဲ့သည်။ သူတို့က ပါကစ္စတန်နှင့် အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှု အယူအဆကိုလည်း ဖြန့်ချိခဲ့ကြသည်။

ရွေးကောက်ပွဲ ကာလအတွင်း ဖေဖော်ဝါရီလတွင် နယ်စပ်ကိုဖြတ်ကျော်၍ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ရွေးကောက်ပွဲပြီးသည့်နောက် သြဂုတ်လအတွင်းတွင် အိန္ဒိယအစိုးရက မွတ်ဆလင်လူများစုပြည်နယ်ဖြစ်သော ဂျမူး Jammu နှင့် ကက်ရှ်မီးယား Kashmir ကို ရက်စက်စွာ ပိတ်ဆို့ရန် အမိန့်ထုတ်ခဲ့သည်။ တရုတ်နိုင်ငံက ဇင်ကျန်း Xinjiang ပြည်နယ်တွင် ဝီဂါ Uighurs မွတ်ဆလင်များကို လုပ်သလို အနောက်ဘက်ကမ်းနှင့် ဂါဇာတွင် အစ္စရေးက ပြုလုပ်သလိုမျိုးနှင့် အလားတူပင် ဖြစ်သည်။

ထိုအချိန်တွင် စီးပွားရေးက နက်နက်ရှိုင်းရှိုင်းပင် အခက်အခဲတွေ့နေသည်။ ကုန်ထုတ်လုပ်ရေးက အကြီးအကျယ် ကျဆင်းနေသည်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ဖြစ်လာရသည့် ကြီးမားသော အခွင့်အလမ်းများ (၎င်းတို့ အများစုကို ဗီယက်နမ်နှင့် အခြားသော အရှေ့တောင် အာရှနိုင်ငံများက အလျှင်အမြန် ကောက်ယူသွားခဲ့ကြပြီ) ရှိနေသည့်တိုင် “အိန္ဒိယတွင်လုပ်သည်” ဆိုသည့် ကြွေးကြော်သံ ဆောင်ပုဒ်က အလွယ်တကူပင် မေ့လျော့ထားခံခဲ့ရသည်။

အမှန်တကယ်တွင် RCEP (ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု) ကုန်သွယ်ရေး သဘောတူညီချက်မှ နုတ်ထွက်ရန် ဆုံးဖြတ်ချက်က အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့အဆင့်တွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိခြင်းကို ဖော်ပြနေသည်။ အိန္ဒိယ၏ အိမ်တွင်းပုန်း ရပ်တည်မှုကို ခိုင်မာစေခဲ့သည်။

ရွေးကောက်ပွဲ မဲဆွယ်နေသော အိန္ဒိယ ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီ/Reuters

တချိန်က စည်ပင်ဖွံ့ဖြိုးခဲ့သော မော်တော်ကားထုတ်လုပ်ရေး ကဏ္ဍ (ကုန်ထုတ်လုပ်ငန်း ထွက်ကုန်၏ ၄၀ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး စုစုပေါင်း GDP ၏ ၇ ရာခိုင်နှုန်းဖြစ်ခဲ့သည်) က ပြောင်းပြန်လန်ပြီး စိုးရိမ်စရာကောင်းလောက်အောင် ယခင်နှစ်ကထက် ၂၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ မော်တော်ဆိုင်ကယ် အရောင်းမှာလည်း ယခုနှစ် ဧပြီမှ စက်တင်ဘာလ အတွင်းတွင် ၁၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

မည်သို့ပင် ဖြစ်စေ မိုဒီက သူ၏ ရည်မှန်းချက်များကို အမွှမ်းတင်ရန် ဆုံးဖြတ်ထားသည်။ စီးပွားရေးက ၂၀၂၄ ရောက်သည့်အချိန်တွင် အမေရိကန်ဒေါ်လာ ၅ ထရီလီယံသို့ ရောက်ရှိလိမ့်မည်ဟု ပြောသည်။ လက်ရှိအဆင့်ဖြစ်သော အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ၏ ၂ ဆနီးပါး ဖြစ်သည်။ အဆိုပါ ဦးတည်ချက်များသို့ ရောက်ရှိရန် အိန္ဒိယနိုင်ငံ အနေဖြင့် GDP တိုးတက်မှုက တနှစ်လျှင် အနည်းဆုံး ၉ ရာခိုင်နှုန်း လိုအပ်လိမ့်မည် ဖြစ်သည်။ ချေးငွေ ယုံကြည်စိတ်ချရမှု အဆင့်အတန်း သတ်မှတ်ပေးသည့် အေဂျင်စီတခု ဖြစ်သော Moody က ၂၀၁၉ ခုနှစ်အတွက် အိန္ဒိယ၏ တိုးတက်မှုနှုန်းကို ၅.၆ ရာခိုင်နှုန်းသို့ မကြာသေးမီက လျှော့ချသတ်မှတ်လိုက်ခြင်းအရ ဆိုလျှင် ဖြစ်နိုင်ဖွယ် မရှိသော ရည်မှန်းချက်ပင်။

ဟုတ်ပါသည်။ အိန္ဒိယမြောက်ပိုင်းနေရာ အများစုနှင့် အထူးသဖြင့် မြို့တော်တွင် ထူထပ်စွာ ဖုံးလွှမ်းခဲ့သည့် အဆိပ်သင့် မြူခိုးများက အစိုးရအဖွဲ့၏ အဝေးမှုန်ခြင်း သို့မဟုတ် ရေရှည်ကို မမြင်တတ်ခြင်းအတွက် အကြောင်းပြချက်ကောင်းတခု ဖြစ် နိုင်ပါသည်။

သတင်းဆိုးများက ဤနေရာတွင် မဆုံးသေးပါ။ ငွေရေးကြေးရေး ကဏ္ဍမှာလည်း ကမာ္ဘပျက်စစ်ပွဲနှင့် ရင်ဆိုင်နေရသည်။ အရှုပ်တော်ပုံအမျိုးမျိုး၊ စည်းကမ်းဖောက်ဖျက်မှုများနှင့် (Punjab & Maharashtra Cooperative ဘဏ်နှင့် ဘဏ်ကဲ့သို့ ငွေကြေးဝန်ဆောင်မှုပေးသည့် Dewan Housing Finance Corp အပါအဝင်) လုပ်ငန်းများ ပိတ်သိမ်းသွားကြမှုများက ဘဏ္ဍာရေး ကဏ္ဍကို ဆိုးဆိုးရွားရွား လှုပ်ခါနေသည်။

အမှန်တကယ်တွင်လည်း စည်းကမ်းတကျ ထိန်းချုပ်ထားနိုင်ခြင်း အားနည်းသည့် ဘဏ်မဟုတ်သည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများက တရုတ်နိုင်ငံမှ အခြေအနေကဲ့သို့ မဟုတ်ဘဲ စီးပွားရေးအတွက် အဓိက ခြိမ်းခြောက်မှုတရပ် အနေဖြင့် ယခုအခါ မြင်နေကြသည်။ ထို့အပြင် လက်ရှိအချိန်၌ အစိုးရဘဏ္ဍာတိုက်များ၏ မရေမရာ အခြေအနေအရ လုပ်ငန်းများ မပြိုလဲစေရန် ကျောထောက် နောက်ခံပေးနိုင်မည့် အခွင့်အလမ်းများကလည်း သုညနီးပါးဖြစ်နေသည်။

မှန်ပါသည်။ အိန္ဒိယတွင် ကံကောင်းထောက်မစွာဖြင့် Microsoft ၏ Satya Nadella နှင့် MasterCard ၏ Ajaypal Singh Banga တို့မှသည် Google ၏ Sundar Pichai တို့အထိ အတွေ့အကြုံများ၍ ထူးချွန်ထက်မြက်သော ကမာ္ဘ့အဆင့် အမှုဆောင်အရာရှိချုပ် အချို့ ရှိနေပါသည်။ သေချာပါသည်။ သူတို့က အဓိကကျသည့် အကြွေး သို့မဟုတ် ငွေကြေး အကျပ်အတည်းတခုဖြစ်လာခဲ့လျှင် ကူညီပေးရန် အသင့်ရှိကြပါလိမ့်မည်။

သို့သော်လည်း ဟိန္ဒူကြီးစိုးရေးဝါဒ လွှမ်းမိုးမှုက ပြင်ပမှ အတွေးအခေါ်များအတွက် အတားအဆီးတခု ဖြစ်စေမည့် အသွင်ရှိပါသည်။ Reserve Bank of India (အိန္ဒိယ ဗဟိုဘဏ်) ဥက္ကဌဟောင်း Raghuram Rajan နှင့် နိုဘယ်လ်ဆုရ စီးပွားရေး ပညာရှင် Amartya Sen တို့ကို နေရာမပေး ချန်လှပ်ထားခဲ့ခြင်းက သက်သေဖြစ်သည်။

လူတိုင်း ဒုက္ခရောက်နေခြင်းလည်း မဟုတ်ပါ။

အိန္ဒိယမြောက်ပိုင်းနေရာ အများစုနှင့် အထူးသဖြင့် မြို့တော်တွင် အဆိပ်သင့် မြူခိုးများက ထူထပ်စွာ ဖုံးလွှမ်းခဲ့သည်/Reuters

အချို့က ချွင်းချက်မရှိ ကောင်းမွန်စွာ လုပ်နိုင်ခဲ့ကြသည်။ အိန္ဒိယန်ိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် Mukesh Ambani (ဂူဂျာရတ်ပြည်နယ်သား ဖြစ်ပုံရသည်) ပိုင်ဆိုင်သည့် တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီ Reliance Jio က ၎င်း၏ အခမဲ့ ဒေတာနှင့် အသံခေါ်ဆိုမှု package များဖြင့် ပြိုင်ဘက်များကို ဆက်လက်ချေမှုန်းနေခဲ့သည်။ ၎င်း၏ ပြိုင်ဘက် ဖြစ်သော Vodafone Idea ၏ ဗြိတိသျှမိတ်ဖက်က သူတို့၏ အစုရှယ်ယာ ၄၅ ရာခိုင်နှုန်းကို သုည အထိ မကြာသေးမီက လျှော့ချခဲ့သည်။

The Adanis အုပ်စုက (သူတို့ကလည်း ဂူဂျာရတ် ပြည်နယ်သားများဖြစ်သည်) သူတို့၏ သတ္တုတူးဖော်ရေးနှင့် အခြေခံအဆောက်အဦး ကော်ပိုရေးရှင်းများမှ နေ၍ ယခုနှစ် အစောပိုင်းတွင် အမြတ်က ၆၁၁ ရာခိုင်နှုန်း အထိ မယုံနိုင်လောက်အောင် တိုးသွား ခြင်းကို ကြုံတွေ့ခဲ့ရသည်။ ယခုအခါ သူတို့က လေဆိပ် အခြေခံအဆောက်အဦး လောကအတွင်းသို့ တိုးချဲ့ဝင်ရောက်လာပြီး Mumbai International Airport Limited တွင် အစုရှယ်ယာ ၂၃ ရာခိုင်နှုန်း ရယူခဲ့သလို တိုင်းပြည်တလွှားတွင်လည်း အဆင့်မြှင့်တင်ရေး ကန်ထရိုက် စာချုပ်အများအပြား ချုပ်နိုင်ခဲ့သည်။

သို့သော် စိတ်ပျက်စရာများထဲတွင် နောက်ထပ်တိုးလာသည်မှာ အိန္ဒိယ ဟင်းလျာမှန်သမျှတွင် အဓိက ပါဝင်ပစ္စည်းဖြစ်သော ကြက်သွန်နီဈေးနှုန်းများ သိသိသာသာ မြင့်တက်သွားခြင်း ဖြစ်သည်။

ရာသီဥတု ပြောင်းလဲခြင်းက မိုးလေဝသကို ခန့်မှန်းရခက်အောင် ဖောက်လွဲဖောက်ပြန် ဖြစ်စေခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသတွင်းမှ စိုက်ပျိုးရေး ပျက်စီးခဲ့ရပြီး အာဏာပိုင်များက အစိုးရ သိုလှောင်ထားသည့် စားနပ်ရိက္ခာများကို ထုတ်ပေးခြင်းနှင့် သွင်းကုန် ပိတ်ပင်မှုများ ပယ်ဖျက်ပေးခြင်းများကို ပြုလုပ်ပေးခဲ့ရသည် အထိဖြစ်စေခဲ့သည်။

ကုန်ဈေးနှုန်းထိန်းချုပ်ခြင်းနှင့် မဟာသျှတ္တရ ပြည်နယ် Maharashtra မှ ဒေါသထွက်နေသော လယ်သမားများ ပေါ်ပေါက်လာစေခဲ့သည်။ တိုက်ဆိုင်စွာပင် ပြီးခဲ့သည့် ပြည်နယ်ရွေးကောက်ပွဲများတွင် BJP ပါတီ အနေဖြင့် မဟာသျှတ္တရ တွင် ထောက်ခံမှု သိသိသာသာကျဆင်းသွားခဲ့ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော်လည်း ကြက်သွန်နီ ဈေးနှုန်းများ တက်လိုက်ကျလိုက် မတည်ငြိမ်ခြင်းက အသစ်အဆန်း မဟုတ်ပါ။ စိုးရိမ်စရာရှိသည်မှာ ထိုကဲ့သို့ ရိုးစင်းသော်လည်း အလွန်အရေးကြီးသည့် ရောင်းလိုအားနှင့် ဝယ်လိုအားပြဿနာမျိုးကို မဖြေရှင်း နိုင်သော BJP ၏ စီမံခန့်ခွဲမှု ဖြစ်သည်။ ထိုကိစ္စများက သူတို့ အစိုးရ၏ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုအပေါ်တွင် မေးခွန်း များ မလွဲမသွေ ပေါ်ထွက်လာ နေစေခဲ့သည်။

ကြက်သွန်နီဈေးနှုန်းများ သိသိသာသာ မြင့်တက်သွားပြီး ပြည်ပတင်ပို့ခွင့် ပိတ်လိုက်သည်/Reuters

အိန္ဒိယက အရှေ့တောင် အာရှမှ ကျနော်တို့ အားလုံးအတွက် အရေးကြီးပါသည်။ အိန္ဒိယနိုင်ငံ အောင်မြင်တိုးတက်ရေးကို ကျနော်တို့ လိုအပ်ပါသည်။ လိုချင်ပါသည်။ ကံမကောင်းစွာနှင့်ပင် BJP အစိုးရတွင် အာရှ၏ မဟာနိုင်ငံကြီးကို ဦးဆောင်နိုင်မည့် အရည်အသွေးတခု ခိုင်ခိုင်မာမာ ရှိနေရေးက မသေချာနိုင်ပါ။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

You may also like these stories:

အိန္ဒိယသားတွေ လာချေပြီ

ကခုန်ပျော်ပါးနေသော ဘောလီးဝုဒ်၏ နောက်ကွယ်

ကက်ရှ်မီးယား ပြဿနာ သို့မဟုတ် အိန္ဒိယ ဝိညာဉ် ပျောက်ဆုံးခြင်း

ဇာတ်ခွဲခြားမှု၊ ဘာသာစွဲ၊ ပဋိပက္ခများနှင့် အိန္ဒိယ နိုင်ငံရေး

The post အိမ်တွင်းပုန်း အိန္ဒိယ စီးပွားရေး appeared first on ဧရာဝတီ.


မြန်မာပြည်ထဲ ဝင်လာတဲ့ တရုတ်လုပ် လေယာဉ်ပစ်ဒုံးများ

$
0
0

တရုတ်နိုင်ငံလုပ် လက်နက်အများစုပါဝင်သော လက်နက်အများအပြားကို လွန်ခဲ့သောအပတ်က မြန်မာနိုင်ငံတွင် သိမ်းဆည်းမိခြင်းကြောင့် နိုင်ငံတွင် ကာလကြာမြင့်စွာ ဖြစ်ပွားနေသည့် တိုင်းရင်းသားပဋိပက္ခတွင် အိမ်နီးချင်းတရုတ်နိုင်ငံက မီးလောင်ရာလေပင့်နေသော အရိပ်သဖွယ် အခန်းကဏ္ဍကို မီးမောင်းထိုးပြလိုက်ပြီး  ကြိုတင်ခန့်မှန်းနိုင်သော ခဏတာ အမျိုးသားရေးဒေါသများ ဖြစ်စေခဲ့သည်။

နိုဝင်ဘာလ ၂၂ ရက်နေ့က ထိုဖြစ်ရပ်၏ ထူးခြားမှုသည် သိမ်းဆည်းမိသော လက်နက်အရေအတွက် သို့မဟုတ် ၎င်းတို့ကို စတင်ထုတ်လုပ်ရာနေရာနှင့် သိပ်မဆိုင်လှဘဲ တပ်မတော်နှင့် စစ်မက်ဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် လူဖြင့် သယ်ဆောင်နိုင်သည့် လေကြောင်းကာကွယ်ရေး စနစ်များ (MANPADS) အသုံးပြုနေသည်ကို ပြတ်ပြတ်သားသား အတည်ပြုလိုက်ခြင်းနှင့် ပိုမိုသက်ဆိုင်သည်။ ထိုလက်နက်များသည် စစ်ရေးအရ၊ နိုင်ငံရေးအရ ကစားပွဲကို အလှည့်အပြောင်း ဖြစ်စေနိုင်သည့် လက်နက်များဖြစ်သည်။

ရှမ်းပြည်နုယ် အရှေ့မြောက်ပိုင်း နမ့်စမ် မြို့နယ်မှ ကျေးရွာတခုတွင် သိမ်းဆည်းမိသည့် ချေမှုန်းရေးရိုင်ဖယ်များ၊ စက်သေနတ်များ၊ ဗုံးပစ်လောင်ချာများနှင့် ဖေါက်ခွဲပစ္စည်းအိတ် ၈၀ နီးပါးအကြားတွင် တရုတ်နိုင်ငံလုပ် FN-6 ဟု သိရသော MANPADS လောင်ချာတလက်ကို ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်သည်။

အစိုးရတပ်များနှင့် တိုက်ပွဲခဏတာမျှဖြစ်ပွားပြီးနောက် ထိုလက်နက်များကို စွန်လွှတ်ခဲ့ရသည့်တပ်ဖွဲ့မှာ ပလောင် (တအန်း)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဖြစ်ပြီး ၎င်းတို့က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားကာ လက်ဖက်စိုက်ပျိုးသည့် နမ့်စမ် တောင်ပေါ်ဒေသကို စိုးမိုးထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း စစ်မြေပြင်တွင် MANPADS ကို စတင်အသုံးပြုခြင်းသည် အတိတ်နိမိတ်မကောင်းသည့် နောက်ကြောင်းပြန်မလှည့်နိုင်သော အဆုံးအဖြတ် ဖြစ်နေသည်။  ထိုလက်နက်များပိုင်ဆိုင်ခြင်းသည် စစ်ရေးအရ နိုင်ငံတဝှမ်း စစ်ဆင်ရေးများတွင် ပိုမိုတက်ကြွစွာပါဝင်လာသော မြန်မာလေတပ်ကို ပိုမိုခြိမ်းခြောက်နိုင်ခြင်းဖြစ်သည်။

ယနေ့အချိန်အထိ မြန်မာနိုင်ငံရှိ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်မျှ လေယာဉ်ကို ထိုလက်နက်ဖြင့် ပစ်ချခြင်းမရှိသေးသကဲ့သို့ အသုံးပြုခြင်းလည်း မရှိသေးပေ။ သို့သော် စစ်ပြေပြင်တွင် ထိုလေကြောင်း ကာကွယ်ရေး လက်နက်ရှိနေခြင်းသည် တပ်မတော်၏ အတွေးအခေါ်နှင့် နည်းပရိယာယ်အပေါ် သက်ရောက်မှု မလွှဲမသွေ ရှိလာလိမ့်မည် ဖြစ်သည်။ မြေပြင်မှနေ၍ ထိရောက်မှုမရှိသော လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကိုသာ ရင်ဆိုင်ရမည်ဟူသည့်  မြန်မာလေတပ် လေယာဉ်မှူးများ၏ ကာလရှည်ကြာပြီဖြစ်သော ယုံကြည်မှုသည် အတိတ်၌ ကျန်ရစ်ခဲ့ရတော့မည်ဖြစ်သည်။

TNLA တပ်ဖွဲ့ဝင်များ

တိုင်းရင်းသားလက်နက်ကိုင်များက ဒုံးကျည်ဖြင့် ပစ်ခတ်သောကြောင့် လေယာဉ်တစင်းဆုံးရှုံးပါက လေယာဉ်မှူးများသည် ကာကွယ်ရေး နည်းပရိယာယ်သစ်များ ကျင့်သုံးရမည်ဖြစ်သောကြောင့် စစ်ဆင်ရေး ပတ်ဝန်းကျင်သစ်အတိုင်း လိုက်ပါပြောင်းလဲရသော လုပ်ငန်းသည် သိသိသာသာ အရှိန်မြင့်လာမည်ဖြစ်သည်။ အခြားအဆင့်အရကြည့်ဆိုပါက အလွယ်တကူ သယ်ဆောင်နိုင်သော MANPADS များ စစ်မြေပြင်သို့ရောက်ရှိလာခြင်းသည် မြို့ပြလေကြောင်း အထူးသဖြင့် လားရှိုး၊ မြစ်ကြီးနားနှင့် မန္တလေးလေဆိပ်များ အပါအဝင် နိုင်ငံမြောက်ပိုင်းရှိ လေဆိပ်များနှင့် အနောက်ဖက် ရခိုင်ပြည်နယ်မှ လေဆိပ်များအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟူသော စိုးရိမ်ပူပန်မှုများကိုလည်း ဖြစ်စေသည်။

သတိပေးရန်လိုသည်ဆိုပါက ဒုံးကျည်များပေါများခြင်း၊ မတည်ငြိမ်သော ပဋိပက္ခဒေသများနှင့် ကူးသန်း ရောင်းဝယ်ရေး လေကြောင်းကဏ္ဍတို့မှ ထွက်ပေါ်လာသော ကြေကွဲစရာ အတွက်အချက်မှားခြင်း ကို ၂၀၁၄ ခုနှစ် ဇူလိုင်လက မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH17 ကို ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ပစ်ချလိုက်ခြင်းကြောင်း လူ ၂၉၃ ဦး သေဆုံးခဲ့ရသည့် အဖြစ်အပျက်က ဖော်ပြသနေသည်။

နမ့်စမ်တွင် တွေ့ရသည့် ပုခုံးထမ်းပစ်ခတ်ရသော FN-6 ဒုံးကျည်သည် မလေးရှားမှ ဘိုးရင်း 777 ကိုပစ်ချလိုက်သည့် ပိုမိုကြီးမားပြီး ၎င်းဖာသာ မောင်းနှင်သည့် Buk SA-17 ထက်များစွာ အဆင့်နိမ့်နေသေးသည်။ တတိယ မျိုးဆက်စနစ် ဖြစ်သည့် ဒူးလေးပျံဟု ခေါ်သော Fei Nu-6က အနိမ့်ပျံသန်းနေသော ပစ်မှတ်များကို ပစ်ခတ်ရန် ပြုလုပ်ထားသော လက်နက်ဖြစ်ပြီး တင်ပို့ရောင်းချနေသည်မှာလည်း ကာလကြာမြင့်ပြီဖြစ်သောကြောင့် နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာ လက်နက်ဟု ဆိုရန် ခက်ခဲပါသည်။

သို့သော် အသေအပျောက် ဖြစ်စေသည့် မှတ်တမ်းက အခိုင်အမာရှိထားပြီးဖြစ်သည်။ အရှေ့အလယ်ပိုင်းအစိုးရများ၊ အထူးသဖြင့် ကာတာနိုင်ငံ၏ စာနာထောက်ထားမှုကြောင့် FN-6 များသည် ၂၀၁၃ ခုနှစ်နောက်ပိုင်း ဆီးရီးယား သူပုန်များ၏ လက်သို့ရောက်ရှိသွားခဲ့ပြီး လေယာဉ်များကို မပစ်နိုင်ခဲ့သည့်တိုင် အစိုးရ ရဟတ်ယာဉ်များကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က သိမ်းဆည်းမိသော ထိုဒုံးကျည်ကို ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ လက်နက်တိုက်မှ TNLA သို့ ပေးအပ်ခဲ့ခြင်းဖြစ်နိုင်ခြေများသည်။ UWSA သည် မြောက်ပိုင်းမဟာမိတ်ဟု ခေါ်သည့် TNLA ၊ ကိုးကန့်အခြေစိုက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ပါဝင်သော အဖွဲ့၏ မဟာမိတ်ဖြစ်ပြီး ထောက်ပံ့ရေး ခေါင်းကိုင်ဖခင်ကြီးဖြစ်သည်။

၁၉၈၉ ခုနှစ် စတင် တည်ထောင်ချိန်မှ စ၍ တပ်မတော်နှင့် နှစ် ၃၀ ကြာ တည်ငြိမ်သော အပစ်အခတ်ရပ်စဲရေး ရထားသည့် UWSA က တရုတ်လုပ် MANPADS များကို အနည်းဆုံး ၂၀၀၀ ပြည့်နှစ် ခန့်က စတင်အသုံပြုခဲ့သည်။ UWSA သည် ကနဦးက ဆိုဗီယက်လုပ် SA-7 သို့မဟုတ် ‘Strela’ ဟုခေါ်သည့် ဒုံးကျည်ကို တုပပြုလုပ်ထားသည့် HN-5A ဒုံး ကျည်များကို ဝယ်ယူခဲ့သည်။ SA-7 ၏အစွမ်းကို အီဂျစ်နိုင်ငံက ၁၉၇၃ နှစ်တွင် အစ္စရေးနိုင်ငံနှင့် ဖြစ်ပွားသည့် ယွမ်ကစ်ပူးလ် စစ်ပွဲတွင် ပြသခဲ့သည်။

၂၀၁၂ ခုနှစ်ပတ်ဝန်းကျင်တွင်မူ UWSA က ၎င်းတို့၏ လေကြောင်းကာကွယ်ရေးကို ပိုမိုစွမ်းဆောင်ရည်ရှိသော FN-6 များ ဖြင့် အဆင့်မြှင်တင်ခဲ့သည်။ FN-6 များသည် ခြောက်ကီလိုမီတာအထိ ပစ်ခတ်နိုင်ပြီး ဒစ်ဂျစ်တယ် အနီအောက်ရောင်ခြည် လမ်းညွှန်စနစ်ပါဝင်ကာ မီးပန်းလွှတ်၍ လမ်းကြောင်းလွှဲခြင်းကို မြင့်မားစွာ ခံနိုင်ရည်ရှိသည်။

သေနင်္ဂဗျူဟာအရ အရေးပါသောကြောင့် MANPADS ကို နိုင်ငံတပ်ဖွဲ့များက ကိုင်ဆောင်ကြပြီး အမေရိကန်အား ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုနောက်ပိုင်း အနောက်နိုင်ငံများ ဦးဆောင်သည့် ကမ္ဘာ့အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စစ်ပွဲအတွင်း ပိုမိုသုံးလာကြသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများက အသုံးပြုခြင်းက ပျောက်ကြားပဋိပက္ခနှစ်ခု တွင်သာ ရှိခဲ့သည်။ တခုမှာ ၁၉၈၀ ခုနှစ်များနှောင်းပိုင်းက အာဖဂန်နစ္စတန်တွင်ဖြစ်ပြီး အမေရိကန်နိုင်ငံက ကွန်မြူနစ်ဆန့်ကျင်ရေး မူဂျာဟေဒင်များကို FIM-92 Stinger MANPADS  များပေးအပ်ခဲ့ခြင်းဖြစ်သည်။ အခြားစစ်ပွဲ တခုမှာဆီးရီးယားတွင် မကြာသေးမီက ဖြစ်ပွားသော စစ်ပွဲများဖြစ်ပြီး ထိုစစ်ပွဲများတွင် တရုတ်လုပ် FN-6 များ ပထမဆုံးအဖြစ် သွေးစွန်းခဲ့သည်။

UWSA တပ်ဖွဲ့ဝင်များ၏ စစ်ရေးပြပွဲတခု

အရှေ့အာရှမှ အစိုးရမဟုတ်သည့် အင်အားအကြီးဆုံး စစ်တပ်ဖြစ်သော UWSA သို့ တရုတ်နိုင်ငံက MANPADS များ ပေးအပ်လိုခြင်းသည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှ ကွဲပြားသော ရှုထောင့် ၂ ခုကို ထင်ဟပ်စေသည်။ တခုမှာ ၀ သည် ဗမာပြည် ကွန်မြူပါတီ၏ တပ်ဖွဲ့များတွင် အဓိကပါဝင်ချိန်မှ စတင်ပြီး တရုတ်တပ်မတော်နှင့် ထူးခြားသော ဆက်ဆံရေး ရှိနေခဲ့သည်။ တရုတ်နိုင်ငံသည် ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၇၀ ခုနှစ်များ တလျှောက်လုံးနှင့် ၁၉၈၀ ခုနှစ်များ၏ အချိန်အများစုတွင် ထောက်ပံ့ပေးမှုများ ပြုလုပ်ခဲ့သည်။

ဒုတိယအချက်မှာ ထိန်းချုပ်ရခက်ခဲသော အပစ်ရပ်အုပ်စုများကို ပေါင်းစည်းရန် တပ်မတော်၏ ကြီးမားလှသော ရည်မှန်းချက်များကို ရင်ဆိုင်နေရချိန်တွင် ၀ တို့က အတိုင်းအတာတခုအထိ အတားအဆီးဖြစ်စေရန် သေချာစေရေး လတ်တလော လိုအပ်ချက်နှင့် ဆက်စပ်နေသည်။

တပ်မတော်က နောက်ထပ် ကွန်မြူနစ် တပ်ဖွဲ့ဟောင်းတခု ဖြစ်သည့် MNDAA က ထိန်းချုပ်ထားသော ကိုးကန့်ဒေသကို ၂၀၀၉ ခုနှစ်တွင် ကျူးကျော်ဝင်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှ စတင်၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပိုမို ကျယ်ပြန့်သော စစ်ဆင်ရေးများ ဆင်နွှဲခဲ့သည်။ ၂ ကြိမ်လုံးတွင် သောင်းနှင့် ချီသော ဒုက္ခသည်များ နယ်စပ်ကို ဖြတ်ကျော်၍ တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ သံလွင်မြစ် အရှေ့ဘက်မှ သူတို့၏ အထူးအုပ်ချုပ်ရေး ဒေသကို တိုက်ခိုက်ခြင်းအားဖြင့် ဝကို ထိန်းချုပ်ရန်ကြိုးစားသော မည်သည့် စစ်ဆင်ရေးမျိုးမဆို တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်း နယ်စပ်တလျှောက်တွင် ပိုမို၍ ကြီးမားသည့် မတည်ငြိမ်မှုများကို ဖြစ်ပွားစေပါလိမ့်မည်။

၂၀၁၂ နှင့် ၂၀၁၃ အတွင်းတွင် ပိုမိုကြီးမားသည့် စစ်ပွဲတခု ပေါ်ပေါက်လာမည်ကို စိုးရိမ်ပူပန်ခြင်းက UWSA ၏ လက်နက်တိုက်ကို သံချပ်ကာယဉ်များ၊ အမြောက်များ၊ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များ၊ ခေတ်မီ လက်နက်ငယ်အမြောက်အများနှင့် MANPADS အသစ်များဖြင့် အလျှင်အမြန် ကျယ်ကျယ်ပြန့်ပြန့် အဆင့်မြင့်တင်မှုများ ပေါ်ပေါက်စေခဲ့သည်။ ပြီးခဲ့သည့် ဧပြီလက ဝ ဒေသ မြို့တော် ပန်ဆန်းတွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် စစ်ရေးပြ အခန်းအနားတခုတွင် UWSA က သူတို့၏ FN-6 ဒုံးများကို ရည်ရွယ်ချက်ရှိရှိဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့သည်။

တပ်မတော်က UWSA ကို တိုက်ခိုက်မည့် စစ်ဆင်ရေးများအတွက် ၎င်းတို့တွင် ရှိခဲ့သည့် အစီအစဉ်မှန်သမျှကို ချောင်ထိုးထားခဲ့သော်လည်း လက်ရှိဆယ်စုနှစ်အတွင်း အချိန်အများစုတွင် ဝနှင့် မရေမရာ မဟာမိတ်ပြုထားသည့် အဖွဲ့များ (ပထမဆုံး KIA၊ ထို့နောက် ၂၀၁၄ ခုနှစ်မှ စ၍ MNDAA၊ TNLA နှင့် AA) နှင့် တိုက်ခိုက်မှုများတွင် ပုံမှန်နီးပါး ပါဝင်ပတ်သက်နေခဲ့သည်။

သဘာဝအတားအဆီးဖြစ်သည့် သံလွင်မြစ်၏ နောက်မှ ဝအဖွဲ့က အနည်းဆုံး ၂၀၁၃ ခုနှစ်မှ စတင်၍ “ကြိုတင်တားဆီး ထားသည့် ကာကွယ်ရေး” ဗျူဟာတခုကို ကျင့်သုံးခဲ့သည်။ တပ်မတော် အလုပ်များနေစေရန်နှင့် ပင်ပန်းစေရန် အသုံးတော် ခံခဲ့ကြသော သူတို့၏ မြောက်ပိုင်းမှ မဟာမိတ်လက်နက်ကိုင် အဖွဲ့များကို လက်နက်နှင့် လေ့ကျင့်သင်တန်းပေးမှုများဖြင့် ထောက်ပံ့ ကူညီခဲ့သည်။

UWSA တွင် အမြောက်အများရှိနေသည့် လက်နက်များထဲမှ ရောင်းချမှုများတွင် လက်နက်ခဲယမ်းများ၊ ဒေသတွင်းတွင် ထုတ်လုပ်သည့် လက်နက်ငယ်များနှင့် အရေးအကြီးဆုံးမှာ စစ်စခန်းများနှင့် လေကြောင်းနှင့် ဆိုင်သောနေရာများကဲ့သို့ ပစ်မှတ်များကို တိုက်ခိုက်ရန် ပုံစံထုတ်ထားသည့် ၁၀၇ မီလီမီတာ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များ ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်အတွင်း အဆိုပါလက်နက်များက စစ်ပွဲတွင် အရေးပါမှု ပိုတိုးလာခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း AA က ဦးဆောင်သည့် တိုက်ခိုက်မှုများ အရှိန်မြင့်အားကောင်းလာခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ စစ်မြေပြင်မျိုးစုံတွင် မြန်မာ့လေတပ်မတော်၏  ဖြစ်ကတတ်ဆန်း  စိုးမိုးမှုက UWSA သည် ၎င်း၏ မဟာမိတ်များသို့ MANPADS များရောင်းချရန် သေချာပေါက် ဆန္ဒမရှိခဲ့ကြောင်း ယူဆချက်ကို အ ထောက်အပံ့ ဖြစ်စေခဲ့သည်။ ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှစ၍ လေကြောင်းမှ တိုက်ခိုက်မှု အရှိန်မြင့်တက်လာခဲ့သည့် အချိန်တွင် အဆိုပါရပ်တည်ချက်ကို ပြောင်းလဲရန် စစ်ပွဲ၏ သဘာဝကိုသာမက တရုတ်နိုင်ငံက ဂရုတစိုက် ထိန်းညှိထားသည့် မြန်မာအစိုးရနှင့် ဆက်ဆံရေးအပေါ်တွင်ပါ သက်ရောက်မှု ရှိမည့် ဗျုဟာအရ အကဲဆတ်သော လက်နက်စနစ်တခုကို လွှဲပြောင်းပေးရေး တရုတ်နိုင်ငံ၏ ဗီတိုအာဏာအပေါ်  စောင်းပါးရိပ်ခြည် ဖော်ပြနေသည့် အသွင်ဖြစ်သည်။

နိုဝင်ဘာလ ၂၂ ရက်နေ့က နမ့်ဆန်တွင် FN-6 တွေ့ရှိခဲ့ရခြင်းက ကာလရှည်စွာ ရှိနေခဲ့သော အဆိုပါ ယူဆချက်ကို ထိရောက်စွာ အဆုံးသတ်သွားစေခဲ့သည်။ ပြန်လှည့်မရနိုင်သည့် အခြေအနေတခုနှင့် ပထဝီအားသာချက်ရှိသော သံလွင်မြစ် ရှိနေခြင်းတို့နှင့် အတူ MANPADS က ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထင်ထင်ရှားရှား ပေါ်လာခဲ့ပြီ ဖြစ်သည်။ အကယ်၍ လတ်တလောတွင် ၁၀၇ မီလီမီတာ ဒုံးကျည်များ ပေါ်များလာခြင်းက အရိပ်နိမိတ်တခု ဖြစ်ခဲ့လျှင် MANPADS က ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် မကြာမီ ပေါ်ထွက်လာတော့မည်ဟု ယူဆရနိုင်ပါသည်။

TNLA က ဒုံးကျည် ရရှိခဲ့သည့် နောက်ခံအကြောင်းကို ယခုချိန်အထိ မသိရသေးခြင်းသည် ထင်သာမြင်သာ မရှိသော အဖြစ်အပျက်များ၏ ကွင်းဆက်တခုတွင် အရေးပါသော အချက်တခုအဖြစ် ဆက်ရှိနေသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်မှ အကြီးတန်းပြောရေးဆိုခွင့် ရှိသူတဦးက FN-6 တခု၏ မြင့်မားသော ဈေးနှုန်း(အမေရိကန် ဒေါ်လာ ၆၀၀၀၀ မှ ၉၀၀၀၀ အတွင်း) က ရှမ်းပြည်နယ်တွင် ပျံ့နှံနေပြီး အကျိုးအမြတ် များပြားလှသော မူးယစ်ဆေး ကုန်သွယ်ရေးတွင် TNLA ၏ ပါဝင်ပတ်သက်မှုကို လက်တွေ့ဖော်ပြနေခြင်းဖြစ်ကြောင်း အလေးပေးရန် စိတ်အားထက်သန်နေခဲ့သည်။

ရည်ရွယ်ချက် ရှိရှိဖြင့် ဖြစ်စေ၊ မရှိဘဲဖြစ်စေ ထိုသို့ အခိုင်အမာပြောကြားခြင်းက ပိုမိုကျယ်ပြန့်သည့် အချက်နှင့် လွဲချော်ခဲ့သည်။ ယခုအချိန်တွင် အဓိကျသည့် မေးခွန်းမှာ သံလွင်မြစ် အနောက်ဘက်ကမ်းမှ သူတို့၏ မဟာမိတ်လက်နက်ကိုင်များကို MANPADS ထောက်ပံ့ခြင်းအားဖြင့် တရုတ်နိုင်ငံ၏ တားမြစ်မှုတခုကို ဆန့်ကျင်ရန် UWSA ဆုံးဖြတ်ခဲ့ခြင်း ဟုတ်/မဟုတ်ပင် ဖြစ်သည်။ ထိုသို့ လွှဲပြောင်းပေးခြင်း၏ အကဲဆတ်မှုနှင့် ဝအထူးဒေသနှင့် ၎င်း၏ တရုတ်ကျောထောက်နောက်ခံများကြားမှ နီးကပ်သော (အမှန်တကယ်တွင် ခွဲခြား၍ မရနိုင်လောက်သော) စစ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆက်သွယ်မှုများအရ ယင်းသည် မဖြစ်နိုင်လောက်သော ဇာတ်ညွှန်းဖြစ်သည်။

နောက်တမျိုးစဉ်းစားကြည့်လျှင် တပ်မတော်က လက်ရှိပြုလုပ်နေဆဲ ထိုးစစ်များကို ရပ်ဆိုင်းရန်နှင့် မဟာမိတ်အဖွဲ့နှင့် အပစ်ရပ်စဲရေးတခု စောစီးစွာ ရရှိရေး ဖိအားတိုးမြှင့်ရန် နည်းလမ်းတခုအနေဖြင့် သူတို့၏ အစောင့်ရှောက်ခံ ဝ  အဖွဲ့က MANPADS လွှဲပြောင်းပေးခြင်းကို တားမြစ်ထားခြင်းအား တရုတ်စစ်ထောက်လှမ်းရေး တာဝန်ရှိသူများကိုယ်တိုင်က ဖယ်ရှားလိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။

နမ့်ဆန်တွင် လက်နက်များသိမ်းမိခြင်းက သွယ်ဝိုက်သော သြဇာလွှမ်းမိုးမှုများ၏ သက်ရောက်မှုကို ခံရသော၊ ရှုပ်ထွေးသော ဖြစ်စဉ်တခုကို ရောင်ပြန်ဟပ်ပြနေခြင်းလည်း ဖြစ်နိုင်ပါသည်။ မသဲကွဲသော်လည်း အရေးကြီးသည်မှာ သိမ်းဆည်းရမိခဲ့သော FN-6 က ၎င်း၏ ဘက်ထရီ အခြေအနေကို အဓိက မသိရခြင်းနှင့် အတူ အမှန်တကယ် အသုံးပြု၍ ရ/မရပင် ဖြစ်သည်။

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သော တပ်မတော်(လေ) နှစ် ၇၀ ပြည့်ပွဲ

မည်သည့် အလေးအနက် လေ့လာဆန်းစစ်မှုတွင် မဆို အနည်းဆုံး အနေဖြင့် လက်နက်များရှိနေခြင်းကို တပ်မတော် တပ်ဖွဲ့များသို့ လျှို့ ဝှက်သတင်းပေးခဲ့သည် (သို့မဟုတ်) ဒုံးကျည်လက်နက်သည် မူဝါဒ အပြောင်းအလဲတခု လုပ်ရန် ပျက်ကွက်ခဲ့ပါက မြန်မာနိုင်ငံမြောက်ပိုင်းမှ ပဋိပက္ခသည် လာမည့် ပွင့်လင်းရာသီအတွင်းတွင် လုံးလုံးလျားလျား အရှိန်မြင့်တက်လာနိုင်ကြောင်း မြန်မာ့တပ်မတော်ကို အထိအခိုက်မရှိဘဲ ရှင်းလင်းစွာ သတင်းပေးပို့သည့် နည်းလမ်းတခု အနေဖြင့် မြင်တွေ့သွားစေရန် ထားခြင်းဖြစ်သည် ဆိုသည့် ဖြစ်နိုင်ချေများကို ထည့်သွင်း စဉ်းစားရန် လိုအပ်လိမ့်မည် ဖြစ်သည်။

မည်သို့ ယူဆသည် ဖြစ်စေ တိုင်းပြည်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် MANPADS များ ပေါများလာသည့် အရိပ်လက္ခဏာ မှန်သမျှက အလေးထားရမည့် ကိစ္စဖြစ်သည်။ အကယ်၍ အဆိုပါစနစ်ကို တိုက်ပွဲများတွင် အသုံးပြုခဲ့လျှင် အရင်ဆုံး ပစ်မှတ်များ ဖြစ်လာမည်မှာ ရဟတ်ယာဉ်များ (မြန်မာလေတပ်တွင် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး အတွက် သုံးသည့် ရုရှားလုပ် Mi-17 ‘Hips’ နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-24 ‘Hind’ များ) ဖြစ်ရန် သေချာသလောက်နီးပါး ရှိနေသည်။ Mi-24 ‘Hind’ များသည် ၁၉၈၆ ခုနှစ် စက်တင်ဘာလအတွင်းက အာဖဂန်နစ္စတန်နိုင်ငံ Jalalabad မြို့အနီးတွင် အမေရိကန် Stingers ဒုံးကျည်များ၏ ပထမဆုံးသော သားကောင်များ ဖြစ်ခဲ့ကြရသည်။

အခြားသော ပစ်မှတ်များထဲတွင် မြန်မာလေတပ်၏ ခေတ်မမီတော့သော တရုတ်နိုင်ငံလုပ် A-9 ‘Fantans’ တိုက်လေယာဉ်များနှင့် ပိုမိုသစ်လွင်၍ စွမ်းဆောင်ရည်ကောင်းသည့် ရုရှားထုတ် Yak-130 တိုက်လေယာဉ်များ အပါအဝင် ဝေဟင်မှ မြေပြင်သို့ တိုက်ခိုက်သည့် လေယာဉ်များ ပါဝင်ဖွယ်ရှိပါသည်။ Yak-130 များကို မြန်မာနိုင်ငံသို့ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် များတွင် ပေးပို့ခဲ့ပြီး ရခိုင်ပြည်နယ်မှ စစ်ဆင်ရေးများတွင် ပါဝင်ပျံသန်းနေခဲ့ကြပြီး ဖြစ်သည်။

MANPADS က အရပ်ဘက် လေကြောင်းလိုင်းများရော တပ်မတော်လေကပါ အသုံးပြုနေသည့် ရှမ်းပြည်နယ် လားရှိုးနှင့် ရခိုင်ပြည်နယ်မှ စစ်တွေကဲ့သို့သော လေဆိပ်များတွင် အတက်အဆင်းပြုလုပ်နေသည့် ပန်ကာတပ်လေယာဉ်များ အ တွက်ပင်လျှင် ကြီးမားသော ခြိမ်းခြောက်မှုတခု ဖြစ်စေသည်။ ထိုသို့ တွဲဖက် အသုံးပြုခြင်း၏ အန္တရယ် ရှိနေသည့် အချိန်တွင်  ပန်ကာတပ် ATR-42 နှင့် ATR-72 လေယာဉ်များကို အရပ်ဘက်လေကြောင်းလိုင်းများက ပြည်တွင်းခရီးစဉ်များတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်။ တပ်မတော်ကလည်း ၎င်း၏ တပ်ဖွဲ့များကို သယ်ယူပို့ဆောင်ရန် ထိုလေယာဉ် အမျိုးအစားများကို အသုံးပြုနေသည်။

အမေရိကန်က ထောက်ပံ့သည့် Stingers  ဒုံးကျည်များကို အာဖဂန် နစ္စတန်တွင် ပထမဆုံးစတင် အသုံးပြုပြီး ၄ နှစ်နီးပါး အကြာ ၁၉၉၀ ခုနှစ် သြဂုတ်လ ညနေခင်းတခုတွင် မူဂျာဟီဒင် တိုက်ခိုက်ရေးသမားများက မြောက်ပိုင်းမှ Kunduz မြို့ အပြင်ဘက်တွင် နှေးကွေးစွာ ရွေ့လျားနေသော Antonov AN-26  အမျိုးအစား ပန်ကာတပ်လေယာဉ်တစင်းကို လေဆိပ်သို့ ချဉ်းကပ်လာသည့် အချိန်တွင် တပ်ဖွဲ့များ ပို့ဆောင်ပေးသည့် လေယာဉ်ဟု ယူဆ၍ ပစ်ချခဲ့သည်။ Kabul မှ အစိုးရ၏ ဒေါသတကြီး ထုတ်ပြန်ခဲ့သော ကျေညာချက်များတွင် လေယာဉ်သည် အရပ်ဘက်ခရီးသည်များကို သယ်ဆောင်၍ ပုံမှန် ပြည်တွင်းခရီးစဉ် တခုကို ပျံသန်းနေခဲ့ခြင်း ဖြစ်ကြောင်း အခိုင်အမာဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အဖြစ်အပျက်များက ထိုအခြေအနေသို့ မရောက်ရှိသေးပါ။ သို့သော်လည်း ပြင်းထန်လာသည့် ပဋိပက္ခ၏ နိုင်ငံရေးအရ စွန့်စားရမှုများက မြင့်တက်လာနေသည့်တိုင် MANPADS အသုံးပြုနိုင်မှု မြင့်တက်လာနိုင်သည့် အလားအလာနှင့် ပတ်သက်၍ ထိတ်လန့်စရာ သတိပေးချက်တခုကို တပ်မတော်က လက်ခံရရှိခဲ့သည့်အသွင် ဖြစ်ပါသည်။

(Anthony Davis သည် ဘန်ကောက်အခြေစိုက် အာရှဒေသတွင်း လက်နက်ကိုင် ပဋိပက္ခများ၊ အကြမ်းဖက်ဝါဒနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်ဝေဖန် အကြံပေးသူ ဖြစ်သည်။ Asia Times တွင် ၎င်းရေးသားသော China’s mobile missiles on the loose in Myanmar ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်-

သွေးထွက်များလာနေသော ရခိုင်စစ်ပွဲ

အဆုံးမရှိသော မြန်မာ့ ပြည်တွင်းစစ်

ရခိုင်ပြည်က ဘင်္ဂလီ စစ်သွေးကြွတို့၏ ခြေလှမ်းသစ်

The post မြန်မာပြည်ထဲ ဝင်လာတဲ့ တရုတ်လုပ် လေယာဉ်ပစ်ဒုံးများ appeared first on ဧရာဝတီ.

စစ်ရှောင်ဒုက္ခသည်တွေရဲ့ ဆုတောင်း

$
0
0

မြို့ကြီးပြကြီးတွေက အဆင့်မြင့်မြင့် ဟိုတယ်ကြီးတွေမှာ လုံခြုံရေးအပြည့်အစုံ အစားအသောက် အလျှံပယ် နေရာထိုင်ခင်း ခမ်းခမ်းနားနားနဲ့ ကျင်းပလေ့ရှိတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်တန့်သွားခြင်းက ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်သားတွေ အတွက်တော့ မကောင်းတဲ့ လက္ခဏာပါ။

တောတောင်အထပ်ထပ်ကြားက ရွာငယ်လေးတွေဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်နေချိန်မှာ တိုက်ပွဲတွေ ပြန်အားကောင်းလာတာကြောင့် အမြှောက်တွေ၊ ဗုံးဆံတွေကြား ရွာပျက်လု ဆဲဆဲ အခြေအနေတွေ ကြုံနေရပါတယ်။

ကျောက်မဲမြို့နယ်ထဲက ခွန်ကော်၊ တော့ဖယ်၊ အုမ်အွီး ကျေးရွာက အရပ်သား ၃၀၀ ကျော်ဟာ နိုဝင်ဘာ ၁၁ ရက်ကတည်းက ရွာတွေထဲကနေ ထွက်ပြေးလာခဲ့တာ အခုဆိုရင် နမ့်ဆန်မြို့နယ်၊ ပန်နင်းကျေးရွာအုပ်စုထဲမှာ ခိုလှုံနေကြပါတယ်။

ပြေးလာကြသူ ၃၀၀ ကျော်လုံးဟာ သူတို့ နေရပ်ရင်းရွာအခြေအနေ ဘယ်လို ဖြစ်နေပြီဆိုတာ တောင် သူတို့မသိကြပါဘူး။

သူတို့သိတာက တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ကြား ဆွေးနွေးပွဲတွေ မပြေလည်လို့ ရွာနားမှာ တိုက်ခိုက်ကြရင်း ရွာထဲကို အမြှောက်ဆံတွေ ကျတာနဲ့ အသက်ရှင်ဖို့ တောလမ်းမှာ နာရီပေါင်းများစွာ လမ်းလျှောက်ပြီး ထွက်ပြေးခဲ့ကြ ရတယ်ဆိုတာပါပဲ။

အုမ်အွီးကျေးရွာ ဥက္ကဋ္ဌ ဦးအာယုက “ကျနော်တို့ မပြေးလို့ မရတော့ဘူး။ ရွာထဲကို လက်နက်ကြီးက တအားကျလာပြီ။ ဘာမှကို မသယ်ပဲ ပြေးလာတာ။ တချို့ အိပ်ယာတောင် မသိမ်းယူလာ နိုင်ဘူး” လို့ ပြောပါတယ်။

အုမ်အွီးရွာက ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးမင်းအောင် ကတော့ ရွာသားတွေ အားလုံး ထွက်ပြေး ကြတုန်းမှာ ၆ ဦးကတော့ မပြေးနိုင်ဘဲ၊ တိုက်ပွဲတွေကြား ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။

ဦးမင်းအောင်က “သူတို့ အခြေအနေဘယ်လိုရှိလဲ ကျနော်တို့လည်း မသိဘူး။ ကျန်ခဲ့တဲ့ ၆ ဦးမှာ ဖုန်းလည်း မရှိဘူး။ တယောက်က မျက်စိမမြင်ဘူး။ နှစ်ယောက်က လမ်းမလျှောက်နိုင်တဲ့ ဒုက္ခိတ။ နောက် ၃ ဦးက သူတို့ကို စောင့်ရှောက်ဖို့ ကျန်နေခဲ့တဲ့ သူတို့ ဆွေမျိုးသားချင်းတွေ” လို့ ဆိုပါတယ်။

အသက်ဘေးကြုံလို့ တရွာလုံး ထွက်ပြေးရခါနီးမှာ မသန်စွမ်းတဲ့ ၃ ဦးကို မထားခဲ့ချင်ပေမယ့် မပြေးနိုင်တာတကြောင်း၊ ကာယကံရှင်တွေကိုယ်တိုင်က မပြေးဘဲ ကျန်နေရစ်ဖို့ ဆုံးဖြတ်တာက တကြောင်းကြောင့် ထားခဲ့ရတယ်လို့ သိရပါတယ်။

“ကျန်တဲ့သူတွေမှာကလည်း ကလေးငယ်တွေနဲ့ အဘိုးအဘွားတွေရှိတယ်လေ။ အဲဒီတော့ ပိုးသူပိုး၊ ဆွဲသူဆွဲနဲ့ ပြေးလာကြတာပါ” လို့လည်း ဦးမင်းအောင်က ပြောပါတယ်။

တပ်မတော်နဲ့ TNLA တိုက်ပွဲကြောင့် နေရပ်မှ ထွက်ပြေးပြီး နမ့်ဆန်မြို့နယ်၊ကျောက်ဖြူလေးကျေးရွာတွင် ခိုလှုံနေကြသူများ/နန်းလွင်နှင်းပွင့်

စစ်ပွဲက ဘယ်သူ့ကိုမှ ညှာတာလေ့မရှိ

နှစ်ဖက်တပ်တွေ ပစ်နေခတ်နေတုန်းကာလမှာ တရွာလုံးနီးပါး စွန့်ခွာသွားတဲ့ ရွာမှာ ကျန်နေခဲ့တဲ့ ၆ ဦးရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်နေပြီလဲဆိုတာကို အုမ်အွီး ရွာသူရွာသားတွေ ဘယ်သူမှ မသိကြပါဘူး။

ကံဆိုးရင်တော့ တိုက်ပွဲကြား ထိခိုက်ဒဏ်ရာ ရနိုင်သလို၊ ရွာပျက်ကြီးထဲ ကျန်နေရစ်တဲ့ ၆ ဦးကို မယုံသင်္ကာမှုနဲ့ စစ်ဆေးတာမျိုးလည်း ခံရနိုင်ပါတယ်။ ကံကောင်းရင်တော့ တိုက်ပွဲတွေ ရပ်စဲလို့ အိမ်ပြန်ကြတဲ့အခါ အုမ်အွီးရွာသားတွေနဲ့ ပြန်ဆုံကြရမှာ ဖြစ်ပါတယ်။

အုမ်အွီး၊ ခွန်ကော်နဲ့ တော့ဖယ်က ရွာလုံးကျွတ် ပြေးလိုက်ကြတာ မလှမ်းမကမ်းရွာ ခုံငင်းမှာ ခိုလှုံ ကြပါတယ်။

ခုံငင်းရွာက ဝိုင်းဝန်းကူညီပြီး ချက်ပြုတ်ကျွေးမွေးထားလို့ ခဏတာ ခိုလှုံရာ ရကြပေမယ့် ခုံငင်းရွာ ထဲမှာလည်း TNLA စစ်သားတွေ ရှိနေတာကြောင့် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်တဲ့ နေရာပါ။

စစ်ဘေးရှောင်တွေ ခန့်မှန်းတဲ့ အတိုင်းပဲ နှစ်ရက်လောက်နေတော့ ခုံငင်းဘက်ကိုလည်း တိုက်ပွဲတွေ ကူးစက်လာတာကြောင့် နိုဝင်ဘာ ၁၆ ရက်မှာ ထပ်ပြေးကြရပြန်ပါတယ်။

ဘေးလွတ်ရာကို ရောက်ဖို့အတွက် ယောက်ျားသားတွေက ရှေ့က တောရှင်း၊ အမျိုးသမီး၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက နောက်ကလိုက်၊ လမ်းမှာလည်း ကြာကြာမနားရဲဘဲ ခြေလျင်နဲ့ ၉ နာရီကြာ ခရီးနှင်ပြီးမှ နမ့်ဆန်မြို့နယ်၊ ပန်နင်းကျေးရွာကို ရောက်လာကြတာပါ။

ပြေးလာသူတွေထဲက တဦးဖြစ်တဲ့ ဦးအောင်သန်းက “လမ်းကလည်း မသိ။ တောရှင်းရင်း တိုးတာလေ၊ နေ့လယ် ၂ နာရီကျော်ကတည်းက ထွက်တာ ညမိုးချုပ်လို့ ၁၁ နာရီကျော်မှ ပန်နင်းကို ရောက်တာ” လို့ ပြောပါတယ်။

ရွာတွေ တရွာနဲ့ တရွာ ဆက်ထားတဲ့ လမ်းမကြီးတွေက နှစ်ဖက်တပ်တွေ ရှိနေတာကြောင့် ခြုံတွေ ကြားထဲ ခေါင်းငုံ့ရင်း တလမ်းလုံး ပြေးလာကြရတာလို့လည်း ပြောပါတယ်။

ပန်နင်းကျေးရွာ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရောက်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို နေရာထိုင်ခင်း စီစဉ်ပေးပြီး စားသောက်ရေး ကိစ္စတွေပြေလည်အောင်လည်း တအာင်း အရပ်ဘက်အဖွဲ့တွေဆီကနေ လှမ်းအလှူခံပေးပါတယ်။

ဦးဝင်းမြင့်က လူမှုကွန်ရက်က တဆင့် စစ်ဘေးရှောင်တွေ အတွက် စားရေးသောက်ရေး လိုအပ်ကြောင်း အလှူခံပေမယ့် များများစားစား လာလှူကြတာ မရှိပါဘူး။

ပန်နင်းရွာထဲက ဒေသခံတွေကပဲ တအိမ်ကို နည်းနည်းစီ ရိက္ခာတွေ စုပြီး ချက်ပြုတ်ကျွေးမွေး ကြသလို လာလှူတဲ့ တအာင်း အရပ်ဘက်အဖွဲ့တချို့ဆိုရင်လည်း တပ်မတော်က တားဆီးတာကြောင့် လာလှူဖို့ အခက်အခဲ ကြုံခဲ့ရတာတွေလည်း ရှိပါတယ်။

ပန်နင်းကျေးရွာ အနီးတဝိုက်မှာလည်း တပ်မတော်နဲ့ TNLA တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတဲ့ အပြင် စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀ စလုံးကို တရွာတည်းက အလုံးစုံ တာဝန်ယူဖို့ မဖြစ်နိုင် တာကြောင့် ပန်နင်းကျေးရွာအုပ်စုထဲက ကျောက်တော၊ ခေးကွဲ ရွာတွေမှာ ခွန်ကော်နဲ့ တော့ဖယ် က စစ်ဘေးရှောင်တွေကို တရွာစီ နေရာချပေး ထားတယ်လို့ ဦးဝင်းမြင့်က ဆိုပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ပန်နင်းကျေးရွာအုပ်စုထဲ ရောက်လာ ပေမယ့်လည်း စိတ်ဒုံးဒုံးချ ခိုလှုံနိုင်တဲ့ အခြေအနေ မဟုတ်သေးပါဘူး။

ပန်နင်းကျေးရွာအုပ်စု အနီးတဝိုက်မှာလည်း အခြေအနေတွေက ရှုပ်ထွေးနေတာပါ။

တပ်မတော် ရဟတ်ယာဉ်တွေကလည်း နိုဝင်ဘာ ၁၆ ရက်ကနေ ၂၄ ရက်ထိ နေ့တိုင်း ပျံပြီး တိုက်ပွဲတွေ ဖြစ်နေတဲ့ နမ့်ဆန်မြို့နယ်ထဲက ရွာတွေဆီကို ဗုံးသွားသွားကျဲနေတာလို့ ပန်နင်း ဒေသခံတွေက ပြောပါတယ်။

TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ဝေတဲ့ စာစောင်မှာတော့ နိုဝင်ဘာ ၁၁ ရက်ကနေ ၂၆ ရက်အတွင်း ကျောက်မဲနဲ့ နမ့်ဆန်မြို့နယ်အတွင်းက စစ်ရေးတင်းမာနေတဲ့ နေရာတွေကို တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ၄၀၄ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

တပ်မတော်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေက TNLA တပ်စခန်းတွေအနီးကို ကျတာ နည်းပြီး အရပ်သားတွေ နေထိုင်တဲ့ ရွာတွေကို ကျတာ ပိုများတယ်လို့လည်း ရေးသားထား ပါတယ်။

ကျောက်မဲမြို့မှ စစ်ဘေးရှောင်ကလေးတွေအတွက် ဖွင့်ထားတဲ့ စစ်ဘေးရှောင်ပညာရေးစခန်း/ထက်ဝေ

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ တိုက်ပွဲဖြစ်နေစဉ် အတွင်း နှစ်ဖက်လုံးက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာတွေအနီး ကျတဲ့ ကျည်တွေက ဘယ်သူ့ကျည်တွေဆိုတာ ပြောဖို့ ခက်တယ်လို့ဆိုပါတယ်။

တိုက်ပွဲဖြစ်နေစဉ် နိုဝင်ဘာ ၁၅ ရက်အတွင်းမှာဆိုရင် ကြက်သေရွာ (ကိုင်တိုင်ရွာ) အနီးမှာ လက်ပစ်ဗုံး ၃၃လုံး၊ မိုင်း ၁၄ လုံး အပြင် စစ်သုံးပစ္စည်းတွေ ရှိတဲ့ TNLA စခန်းတခုကို သိမ်းမိခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“တိုက်ပွဲကတော့ ကိုင်တိုင် (ကြက်သေ) ရွာ ပတ်ဝန်းကျင်မှာ အများဆုံး ဖြစ်ပွားခဲ့တာပါ။ သူတို့အနေနဲ့ သူတို့ လက်နက်တွေ ဖော်ထုတ်ဖမ်းဆီးရမိတဲ့အတွက် စွပ်စွဲတာလည်း ဖြစ်နိုင် ပါတယ်” လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တိုက်ပွဲကာလအတွင်း လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ အရေအတွက်ကိုတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဖြေဆိုခြင်း မရှိပါဘူး။

နိုဝင်ဘာ ၂၂ ရက်မှာလည်း တပ်မတော်ဘက်က နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာထဲမှာ TNLA တပ်ဖွဲ့တွေ သိမ်းဆည်းထားတဲ့ လက်နက်ခဲယမ်းနဲ့ စစ်ယူနီဖောင်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေ လေးသောင်းကျော်ကို သိမ်းမိထားပါတယ်။

စစ်ရေးတင်းမာပြီး ပစ်ခတ်ကြတဲ့ နှစ်ဖက်တပ်ဖွဲ့တွေဟာ တဖက်နဲ့ တဖက် ရန်သူကို ပစ်ခတ် တိုက်ခိုက်ကြတာဆိုတဲ့ အကြောင်းပြချက်တွေ အသီးသီး ပြောဆိုနေကြပေမယ့် တကယ်တမ်း တိုက်ပွဲဖြစ်တဲ့ နေရာတွေဟာ အရပ်သားတွေ နေထိုင်တဲ့ ရပ်ရွာတွေနဲ့ နီးနီးနားနားတွေမှာ ဖြစ်ပွား ကြတာပါ။

ပန်နင်းကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးဝင်းမြင့်က “နေ့တိုင်း ကျနော်တို့ ရွာပေါ်ကနေ ဖြတ်ပျံပြီး ဟိုးဘက်က တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ ဗုံးကျဲနေတာ။ ကျနော်တို့တောင် ဘယ်နေ့ ငါတို့ကို လာထိမလဲပဲ ပူနေရတယ်” လို့ ပြောပါတယ်။

ဦးဝင်းမြင့် ပြောတဲ့ နေရာတွေက ကျောက်မဲမြို့နယ်နဲ့ နမ့်ဆန်မြို့နယ် ကြားက တောင်ကုန်းတွေပေါ်မှာရှိတဲ့ အာပြောင်၊ ကြက်သေနဲ့ နားလွေးရွာတွေပါ။

အဲ့ဒီ့ရွာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်၊ လက်နက်ကြီးကျည်တွေ ကျလို့ အရပ်သား ၈၀၀ ကျော်ဟာ ထွက်ပြေးပြီး နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာ၊ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာ တွေမှာ ခိုလှုံနေကြရတာပါ။

ဒုက္ခဖြစ်နေကြတဲ့ တောင်ပေါ်ရွာအချင်းချင်း ပြေးလာသူကို မပြေးရသေးသူတွေက ကယ်ထား ကြရတဲ့ အခြေအနေပါ။

ရွာတွေအားလုံးထဲမှာမှ လမ်းပန်းဆက်သွယ်ရေး အခက်ဆုံးနဲ့ အဝေးဆုံး ရွာကတော့ ဦးဝင်းမြင့်တို့ရဲ့ ပန်နင်းကျေးရွာအုပ်စုပါ။

ပန်နင်းမှာလည်း သူ့ဒုက္ခနဲ့ သူ။ ထိတ်လန့်နေတဲ့ ရွာသားတွေက တဖက် စစ်ဘေးရှောင်ဒုက္ခသည် တွေက တဖက်။ ရွာထဲမှာ အရပ်ဝတ်နဲ့ရော ယူနီဖောင်းနဲ့ပါ TNLA စစ်သားတွေကလည်း ရှိနေကြပါတယ်။

နိုဝင်ဘာ ၂၆ ရက်၊ နေ့လည်ပိုင်းမှာ ပန်နင်းကျေးရွာအုပ်စုထဲကို ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ အခြေစိုက် တပ်မတော်က လက်နက်ကြီးကျည် ၃ ချက်လှမ်းပစ်ပါတယ်။

မိုင်းငေါ့မြို့နယ်က ဒေသခံတွေကတော့ ဒီလို ပစ်ခတ်သံတွေ ကြားနေရတာ ရိုးအီနေပြီလို့တောင် ပြောကြပါတယ်။

မိုင်းငေါ့မြို့ထဲက ထမင်းဆိုင်ပိုင်ရှင် တဦးဖြစ်တဲ့ ဒေါ်နန်းခမ်းက “ဒီအသံတွေကို ကလေးတောင် မကြောက်တော့ဘူး။ သူတို့က တောင်ပေါ်ကို လှမ်းပစ်တာလေ။ ဒီတလလုံး နေ့တိုင်းနီးပါး ကြားနေရတာ” လို့ ပြောပါတယ်။

ဒေါ်နန်းခမ်းကတော့ ပေါ့ပေါ့ပါးပါးပဲ ပြောရင်း သူ့ထမင်းဆိုင်က လုပ်လက်စ အလုပ်တွေကို ဆက်လုပ် နေပြန်ပါတယ်။

မိုင်းငေါ့မြို့ပတ်ပတ်လည်ဟာ တပ်မတော်၊ တပ်စခန်းတွေ ရှိတာကြောင့် ဘေးပတ်ပတ်လည်က ရှိတဲ့ တောင်ပေါ်ရွာတွေထက် စာရင် လုံလုံခြုံခြုံရှိတဲ့ နေရာလို့ ဒေသခံတွေက ဆိုပါတယ်။

တပ်မတော်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၃ လုံး ကျသွားတဲ့ ပန်နင်းကျေးရွာအုပ်စု၊ ပန်ပေါ်ရွာက ဒေသခံတွေကတော့ ကမာ္ဘပျက်သလိုပါပဲ။

ကျောက်မဲမြို့မှ စစ်ဘေးရှောင်ကလေးတွေအတွက် ဖွင့်ထားတဲ့ စစ်ဘေးရှောင်ပညာရေးစခန်း/ထက်ဝေ

ကလေးငယ်တွေကို ဆွဲ၊ အသက်အရွယ်ကြီးသူတွေကို ခေါ်နဲ့ အဝတ်အစား နှစ်စုံစီလောက်ကို ဆာလာအိတ်တွေထဲ ထိုးထည့်ပြီး ဆိုင်ကယ်တွေနဲ့ ကျောက်မဲမြို့ကို ဆင်းပြေး ကြပါတယ်။

ရွာလုံးကျွတ်ပြေးဖို့ ဆိုင်ကယ် အလုံအလောက် မရှိတာကြောင့် ဆိုင်ကယ်တစီးကို ၃ ဦး၊ ၄ ဦး တင်ထားပြီး အဝတ်ထုပ် ဆာလာအိတ်တွေကိုလည်း ရှေ့မှာ ကြိုးတွေနဲ့ တင်းကျပ်နေအောင် စည်းနှောင်ထားကြတာ တွေ့ရပါတယ်။

ပြေးလာသူတွေထဲမှာ အသက် ၁၀ နှစ်အောက် မိန်းကလေးငယ် ၃ ဦးကို ဆိုင်ကယ်ပေါ် တင်လာတဲ့ဂူငင်းက ရွာမှာ အခြေအနေတွေ ရှုပ်ထွေးနေတာကြောင့် ပြေးလာတာလို့ ပြောပါတယ်။

ဂူငင်းဟာ အသက် ၁၅ နှစ်ဝန်းကျင်ရှိတဲ့ ပန်ပေါ်ရွာသားတဦးပါ။

သူက “တိုက်ပွဲဖြစ်တော့မယ်။ လက်နက်ကြီးကျည်က ကျနော်တို့ ရွာထဲကို ကျတာ။ ပလောင် စစ်သားတွေလည်း ရွာထဲမှာ အများကြီးပဲ။ သူတို့က တအိမ် တယောက်တော့ ကျန်ရမယ်ပြောလို့ အိမ်မှာ ကျနော့်အဖေကျန်နေခဲ့တယ်။ ကျနော်က ညီမလေး တွေကို ကျောက်မဲ သွားပို့မှာ” လို့ ပြောပါတယ်။

ဆက်ပြီး ဂူငင်းက မိုင်းငေါ့လမ်းအတိုင်း တောင်ပေါ်ရွာတွေကို သွားတဲ့ လမ်းမှာ ညနေ ၄ နာရီကနေ မနက် ၈ နာရီအကြား TNLA က မိုင်းတွေ ထောင်ထားတာကြောင့် ရွာဘက်သွားတဲ့ လမ်းတွေ ကလည်း မလုံခြုံဘူးလို့ ပြောပါတယ်။

ရွာအခြေအနေကိုလည်း ပြောရင်း နေမစောင်းခင် ကျောက်မဲမြို့ကို ရောက်ဖို့ အလျင်လို နေတာကြောင့် ဆိုင်ကယ်ကို ခပ်မြန်မြန်ပဲ မောင်းထွက်သွားပါတော့တယ်။

ပန်ပေါ်ရွာသားတွေ ထွက်ပြေးနေချိန်မှာ ပန်နင်းကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးဝင်းမြင့် မှာလည်း သူ့ရွာထဲ လက်နက်ကြီးကျည်တွေများ ကျလာမလားဆိုပြီး တွေးပူနေပါတော့တယ်။
ရွာထဲက အရပ်သားတွေမှာလည်း နားတစွင့်စွင့်နဲ့ သတိထား နေကြပါတယ်။

ပန်နင်းကျေးရွာအနီးမှာသာ တိုက်ပွဲတွေ ထပ်ဖြစ်ရင် ရွာသားတွေရော၊ စစ်ဘေးရှောင်ဒုက္ခတွေပါ ပြေးစရာမြေအတွက် ခက်ခဲမှာ အမှန်ပါပဲ။

ဦးဝင်းမြင့်က “ဘယ်အချိန် လက်နက်ကြီးလာကျမလဲ အချိန်ပြည့်တွေးနေရတယ်။ အိပ်ရင်း တရေးနိုးရင်တောင် စဉ်းစားတယ်။ အသံတွေကလည်း ကြားနေရတယ်။ စိုးရိမ်တယ်။ ကျနော်တို့က လူသားတွေပါ၊ ကျနော်တို့ကို ချမ်းသာပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

ပြောရင်းနဲ့ ဦးဝင်းမြင့် အသံတွေ တိမ်ဝင်လာပြီး မျက်ရည်တွေ ကျလာပါတော့တယ်။

စစ်ရေးမတည်မငြိမ်တဲ့ ကာလမှာ သူ့ရွာသားတွေက တဖက်၊ ဒုက္ခရောက်နေလို့ လာခိုလှုံ နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေက တဖက်နဲ့ သူအရမ်းမွန်းကျပ်နေတယ်လို့လည်း ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး မြန်မြန်ဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေရမယ့် ဘဝကိုလည်း လိုချင်တယ်လို့ ဦးဝင်းမြင့်က ဆိုပါတယ်။

ဆက်ပြီး ဦးဝင်းမြင့်က “သူတို့က အထဲမှာတော့ ဆွေးနွေးနေတာပဲ။ မြေပြင်မှာက တိုက်ပွဲတွေ ဖြစ်နေတာ ဘယ်လိုမှ နီးစပ်မှု မရှိပါဘူး။ တိုက်ပွဲတွေ ရပ်ဆိုင်းပေးဖို့ ကျနော်က တောင်းဆိုချင်တယ်။ ကျနော်တို့ လူထုက မြေစာပင်ဆိုလည်း မမှားပါဘူး။ နှစ်ဖက်ကြားမှာ ဘယ်သူပဲ လာလာ ကျနော်တို့က အဖေခေါ်ရမယ့် လူတွေပါ” လို့လည်း ပြောပါတယ်။

တိုက်ပွဲတွေကြား မငြိမ်မသက်ဖြစ်နေချိန်မှာ ဘယ်တပ်ဖွဲ့ပဲ ရွာထဲ ရှိရှိ၊ ရပ်ရွာတာဝန်ရှိသူတွေက ရွာထဲ ရောက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို နေရာထိုင်ခင်း စီစဉ်ပေးရသလို၊ စားရေးသောက်ရေးကိုလည်း တာဝန်ယူပေးရတာ ဓလေ့ပါပဲ။

အရပ်သားတွေအတွက်ကတော့ ပဋိပက္ခဖြစ်နေချိန်မှာ ဘယ်ဘက်က စစ်သားပဲ ဖြစ်ဖြစ် စစ်သားတွေနဲ့ အတူရှိနေရတာဟာ သူတို့ရဲ့ အသက်အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပဲ ခံစား နေကြရပုံပါပဲ။

နှုတ်က ဖွင့်မပြောကြပေမယ့် သူတို့ မျက်နှာအမူအယာတွေက စိုးရိမ်မှု၊ ထိတ်လန့်မှုတွေ ကြားမှာ နေနေရကြောင်းကို ဖော်ပြနေပါတယ်။

တပ်မတော်နဲ့ TNLA တပ်ဖွဲ့တွေကတော့ မြေပြင်မှာသာမက ထိပ်ပိုင်းခေါင်းဆောင်တွေ ကြားမှာလည်း သဘောထား မတိုက်ဆိုင်ကြတဲ့ အခြေအနေပါ။

ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုဖို့ ဆွေးနွေးနေကြတယ် ဆိုပေမယ့်လည်း TNLA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာနေတဲ့ နေရာမှန်သမျှ ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်ကို တပ်မတော်က အသိအမှတ်မပြုဘဲ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံ ဒေသတွေထဲမှာပဲ နေဖို့ ပြောဆိုတာတွေကြောင့် ဆွေးနွေးမှုတွေဟာလည်း မပြေလည် ပါဘူး။

အချိန်မရွေး ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တာကြောင့် နှစ်ဖက်တပ်တွေကြား နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်နေရသူတွေရော၊ အရပ်သားတွေကပါ တိုက်ပွဲတွေကို အပြီးသတ် ရပ်တန့် စေချင် တယ်လို့ ပြောပါတယ်။

ကျောက်မဲမြို့မှ စစ်ဘေးရှောင်ကလေးတွေအတွက် ဖွင့်ထားတဲ့ စစ်ဘေးရှောင်ပညာရေးစခန်း/ထက်ဝေ

နှစ်ဖက်တပ်တွေ မပြေလည်လို့ တိုက်ကြတဲ့ အရေးမှာ ဒုက္ခကို တည့်တည့်ရင်ဆိုင် နေကြတဲ့ အထဲမှာ အသက်အငယ်ဆုံး ၄ လသား ကနေ အသက် ၈၀ ကျော်အထိ အဖိုးအဘွားတွေလည်း ပါ ပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တဦးဖြစ်တဲ့ ဒေါ်အေးကြွယ် ဆိုရင် တိုက်ပွဲတွေကြား ကနေ သူ့ရဲ့ ၄ လသား ကလေးငယ်ကို ရင်ခွင်မှာ ပိုက်ပြီး ပြေးလာရတာပါ။

ပန်နင်းကို ရောက်ကာစတုန်းကလည်း စောင်မရှိ၊ အနွေးထည် အလုံအလောက် မရှိတဲ့ အချမ်းဒဏ်ကို ခါးစည်းခံရ၊ နေရာထိုင်ခင်း ရပြန်တော့လည်း စစ်ဘေးရှောင်ဒုက္ခသည် ဖြစ်တာကြောင့် အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ စုစုပေါင်း လူဦးရေ ၅၀ လောက် စုနေတဲ့ နေရာမှာ နေနေရတာပါ။

အအေးပိုကဲ လာတော့မယ် ဒီဇင်ဘာလထဲမှာ စောင်မရှိ အနွေးထည် မလုံမလောက်နဲ့ တောတွေ တောင်တွေ ကြားထဲ ကြောက်လန့်တကြားတိုးပြီး လက်နက်ကြီးသံတွေ အမြှောက်ဆံတွေကြား ဘယ်သူကမှ ထွက်မပြေးချင် ကြတော့ပါဘူး။

ပြေးလာရတဲ့ အကြောင်းတွေရော၊ မပြေးချင်တော့တဲ့ အကြောင်းတွေရော ပြောရင်း ဒေါ်အေးကြွယ်က “နှစ်ဖက်တပ်တွေ ပြေလည်ပါစေ” လို့လည်း ဆုတောင်းနေပါတော့တယ်။

You may also like these stories:

လူ့အခွင့်အရေး ကော်မရှင်က နှိပ်စက်ညှင်းပမ်းမှုကို လက်ခံသလား

၃ ဦး သေဆုံးခဲ့သည့် မြောက်ဦးပေါက်ကွဲမှု ဖြစ်စဉ် ဘယ်သူ့မှာ တာဝန်ရှိသလဲ

မိသားစု အသိုက်အမြုံလေး ဖျက်ဆီးခံလိုက်ရတဲ့နေ့

The post စစ်ရှောင်ဒုက္ခသည်တွေရဲ့ ဆုတောင်း appeared first on ဧရာဝတီ.

လုပ်ငန်းခွင် စိန်ခေါ်မှုများ အတွင်းက အမျိုးသမီးများ

$
0
0

“ကျမကို နင့်မှာ ရည်းစားရှိလား၊ ယောင်္ကျားရှိလား မရှိရင် ငါတို့ အပြင်မှာ တွေ့ကြရအောင်။ ငါ့ကိုကြိုက်လား ဆိုတာမျိုးတွေ အဲဒီ တရုတ်ဝန်ထမ်းက လာလာပြောတယ်။ ဘာသာပြန်ပေးတဲ့ app တခုကနေလည်း စာတွေ အမြဲပို့တယ်။ ဒါတွေကို တိုင်တော့ app က ဘာသာပြန်တာ မှားနေတာ ဆိုတဲ့ အကြောင်းပြချက်မျိုး နဲ့ ငြင်းတယ်” ဟု မခင်ပြည့်ပြည့်ဖြိုးက ပြောပြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ် ရှိ ဆိုကီအိတ်စက်ရုံတွင် HR ဌာန Assitant HR ရာထူးဖြင့် အလုပ် လုပ်ခဲ့သူ မခင်ပြည့်ပြည့်ဖြိုးကို ထိုစက်ရုံမှ Production Manager ရာထူး ဖြင့် အလုပ်လုပ်နေသည့် နိုင်ငံခြားသားဝန်ထမ်း က လုပ်ငန်းခွင်အတွင်း အလုပ်ချိန်တွင်းနှင့် အလုပ်ချိန်ပြင်ပတွင် မကြာခဏ ထိုသို့ နှောက်ယှက်နေခြင်း ဖြစ်သည်ဟု သိရသည်။

မခင်ပြည့်ပြည့်ဖြိုးက “အဲဒီကနေလည်း အသံဖိုင်တွေပို့တယ်။ CCTV လည်း ရှိနေတာမဟုတ်တော့ တခုခုဆို ကျမ သိက္ခာကျရမှာလေ။ စက်ရုံက လူကြီးတွေကို တိုင်တော့တိုင်ခဲ့တယ်။ ဒါပေမယ့် ကျမမှာ ကိုယ်တိုင် ကြုံရပေမယ့် မျက်မြင်၊ ပစ္စည်းသက်သေ မရှိခဲ့ဘူး။ အဲဒီလူကလည်း ဒါက ဘာသာပြန်တာ မှားတာဆိုပြီး ငြင်းတယ်။” ဟု ပြောသည်။

မခင်ပြည့်ပြည့်ဖြိုးကဲ့သို့ပင် လှိုင်သာယာ စက်မှုဇုန် နယ်မြေရှိ “ဆောင်းဦးရွှေနေ” အထည်ချုပ်မှ အမျိုးသမီး ၁ ဦးလည်း စက်ရုံ ဝန်ထမ်း ဖြစ်သူ သီရိလင်္ကာနိုင်ငံသား၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ကျူးလွန်ခံခဲ့ရသည်။

ထိုသို့ အလုပ်သမားများ လိင်ပိုင်း ရုပ်ပိုင်း စော်ကားခံရသည့် အခြေအနေများသည် ယခု ဖြစ်ရပ် ၂ ခု သာ ရှိနေသည် မဟုတ်ပါ။ ယခင်ကတည်းက အလားတူ ဖြစ်ရပ်များစွာ ရှိကောင်း ရှိနေနိုင်ပါသည်။

ရန်ကုန်မြို့ အခြေစိုက် ဥပဒေ ရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ထံသို့လည်း စက်ရုံ ၁ ရုံမှ Supervisor မှ ပါးရိုက်သဖြင့် လာရောက် တိုင်ကြားဖူးသည့် အလုပ်သမ တဦး ရှိခဲ့ကြောင်း၊ လုပ်ငန်းခွင်အတွင်း ထိပါး နှောက်ယှက်မှုများ အတွက် တရားစွဲဆိုရန်၊ ဥပဒေပိုင်း ဆိုင်ရာများနှင့် ပတ်သက်ပြီး အကြံဉာဏ်တောင်းခံသည့် အလုပ်သမားများလည်း ရှိကြောင်း သိရသည်။

“အလုပ်သမားတွေမှာက ခံရပြီဆိုရင် တိုင်တန်းဖို့ သက်သေခံတွေ တင်ပြရမှု အပိုင်းက အခက်အခဲတွေ အများ ကြီး ရှိတာ တွေ့ရတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးတဲ့ ပေါ်လစီ လိုတယ်။ အလုပ်သမားတွေအပေါ် သေချာတဲ့ ကာကွယ်ပေးမှု တွေ လိုတယ်။ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ရာဇသတ်ကြီး ဥ့ပဒေ တွေ အရ sexual harassment အလုပ်ခံရတဲ့ အလုပ်သမားတွေအပေါ် ကာကွယ်ပေးမှုတွေက အားနည်းတယ်။ ဥပဒေ သီးသန့် ပြဌာန်းပေးဖို့လိုအပ်တယ်”ဟု အဆိုပါအဖွဲ့၏ ဒါရိုက်တာ၊ တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက ထောက်ပြ ပြောဆိုသည်။

အလုပ်သမားများသည် မကြာခဏ ဆိုသလို လုပ်ငန်းခွင် အတွင်း အလုပ်သမားအခွင့်အရေး ရရှိရန် နည်းမျိုးစုံဖြင့် တောင်းဆိုနေရပြီး ယခုနောက်ပိုင်းတွင် အမျိုးသမီးများအပေါ် လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု ကိစ္စ၊ လူမှုဖူလုံရေး ကြေး ခေါင်းပုံဖြတ်ခံရသည့် ကိစ္စများပါ ဆန္ဒပြမှုများတွင် ထည့်သွင်း တောင်းဆိုမှုများ ရှိလာသည်။

လုပ်အားခေါင်းပုံဖြတ်ခံရသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်ကြသည့် Natural Garment စက်ရုံလုပ်သားများ/အောင်ကျော်ထက်/ဧရာဝတီ

သို့ဖြစ်ရာ အလုပ်သမားများ လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုများ ကြုံတွေ့ရသဖြင့် တိုင်ကြားလာပါက သီးခြားစစ်ဆေးပေးရန် တရားရုံးများသို့လည်း အသိပေး ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

“ဒီလိုတွေ ကြုံတွေ့နေရရင် ရှေးရိုး အယူအဆ တွေအရ ထုတ်ဖော်ပြောဖို့ အင်မတန် ဝန်လေးကြတယ်။ လုပ်ငန်းခွင်မှာ နှောက်ယှက် ထိပါးလာတဲ့ ကိစ္စရပ်များအပေါ်မှာ ကိုယ်တိုင် စိတ်သတ္တိမွေးပါ။ ကိုယ်တိုင် ထဲထဲဝင်ဝင် တိုင်ကြားပါ။”ဟု ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် က ဧရာဝတီ သို့ ပြောသည်။

“မြန်မာအမျိုးသမီး ဖြစ်လို့ စိတ်ခံစားချက်အပေါ် သွားနေရင် နှောက်ယှက်မှုတွေကို လူအမျိုးမျိုး ပိုပြီးကျုးလွန်လာမယ်။ ဒီကျူးလွန်မှုတွေ လျော့နည်းလာရာကနေ ပပျောက်လာဖို့ တဦးတယောက် တိုင်းဆီမှာ တာဝန်ရှိတယ်။ ပြောရဲတဲ့ တိုင်ကြားရဲတဲ့ စိတ်သတ္တိလိုတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။

မကြာသေးမီက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်နယ်မြေအတွင်းက World Jin Myanmar အထည်ချုပ် စက်ရုံရှေ့တွင် အလုပ်သမားများက “ခံဝန်ကတိကို ချိုးဖောက်နေတဲ့ လုပ်ငန်းရှင်ကို အရေးယူ ပေးရေး”၊ “လုပ်ခလစာနဲ့ အချိန်ပိုကြေးတွေ မှန်ကန်အောင် တွက်ပေးရေး”၊ “လူမှုဖူလုံရေးကြေးများ အကျိုး ခံစားခွင့် ရရှိရေး” စသည့် ကိစ္စများကို တောင်းဆိုခဲ့ကြသည်။

ထို အထည်ချုပ် စက်ရုံ တွင် အလုပ်သမားအခွင့်အရေး တောင်းဆိုသူ အများစုမှာ အမျိုးသမီးများသာ ဖြစ်ပြီး အသက် ၁၈ နှစ်ခန့်မှ ၄၅ ၊ ၅၀ နှစ်ခန့် အထိ အရွယ်စုံ ပါဝင်ပြီး သူတို့၏ လူမှုဖူလုံရေးကြေးများကို လုပ်ငန်း ရှင်ဖြစ်သူ၏ အလွဲသုံးစား ပြုလုပ်မှုကို ခံခဲ့ရသဖြင့် ဆန္ဒပြ တောင်းဆိုရသည် အထိ ဖြစ်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ကျမတို့ အလုပ်ရှင်က အရမ်းကို လွန်တယ်။ လူမှုဖူလုံရေးကြေးတွေ လစာထဲက ဖြတ်ထားပြီး အစိုးရကို မသွင်းဘူး။ ခွင့်ယူတော့ ရက်မှန်ကြေးတွေဖြတ်တယ်။ ခွင့်မယူဘဲ ဥပဒေ အရ ရရှိ ရမယ့် လုပ်သက်ခွင့်လည်း မပေးဘူး။ ကျမ အခု ကိုယ်ဝန် ၇ လ ထဲ ရောက်နေပြီ။ လူမှုဖူလုံရေးကြေးတွေ မှန်မှန်သွင်းပေမယ့် အခုလို ဖြစ်လာတော့ စိတ်ပူနေရပြီ။ ဒါတွေကို အစိုးရဘက်က အရေးယူပေးစေချင်တယ်” ဟု မဖြိုးပပ က ပြောပြသည်။

မဖြိုးပပ သည် ထိုစက်ရုံတွင် လုပ်သက် ၁ နှစ်ကျော် ရှိပြီ ဖြစ်သည့် စက်ချုပ် ဝန်ထမ်း ၁ ဦး ဖြစ်သည်။ သူ၏ အခြေခံလစာမှာ ၁၅၅၀၀၀ ကျပ်ဖြစ်ပြီး ရက်မှန်ကြေး၊ အချိန်ပိုဆင်းရပါက အချိန်ပိုကြေး စသည်ဖြင့် ရရှိရာ ၁ လလျှင် သူ၏ လစာမှာ၂ သိန်းကျပ်ခန့် ရရှိသည်။ သို့သော် ခွင့်ယူခြင်း၊ အချိန်ပို မဆင်းရသည့် လများတွင် အခြေခံလစာ တခုတည်းသာ သူ့ဝင်ငွေ ဖြစ်သည်ဟု သိရသည်။

သူ အလုပ် စဝင်ခဲ့သည့် အချိန်မှ ယနေ့အထိ လူမှုဖူလုံရေးကြေးဟုဆိုကာ လုပ်ငန်းရှင်က သူ၏ လစာထဲမှ ၂ % ကို လစဉ် နှုတ်ယူထားသည်။ သို့သော် ယခုလမှသာ ထိုငွေများ လူမှုဖူလုံရေးရုံးသို့ မသွင်းကြောင်း မဖြိုးပပ အပါအဝင် အခြားအလုပ်သမားများ သိရသည်။

ထို့အပြင် လူမှုဖူလုံရေးကြေးသာ သွင်းရသော်လည်း အဆိုပါ ထည့်ဝင်မှုများ အတွက် ပြန်လည် ရရှိမည့် အကျိုးခံစားခွင့်များနှင့် ပတ်သက်၍ အလုပ်သမား အများစုမှာ ဂဃဏန မသိရှိကြောင်း၊ လုပ်သက ၅ နှစ်အောက် ဝန်ထမ်းများတွင် လူမှုဖူလုံရေးကတ်လည်း မရကြကြောင်း သူက ပြောပြသည်။

“ကျမ ကလေးမွေးချိန် အလုပ်က ခွင့်ယူရန် လစာတွေ အဖြတ်ခံရမှာလား။ မီးဖွားခွင့် ၃ လပြည့်ချိန် ကျမ အလုပ် ပြန်မဝင်ဖြစ်တာမျိုး ရှိလာရင် အလုပ်ရှင်က ကျမကို ရဲ တိုင်မှာလား။ ကျမ သိပ် မသဲကွဲဘူး။ အဲဒါကို အခုကတည်းက စိုးရိမ်နေတာ။ တခြား အလုပ်သမားတွေလည်း မသိကြဘူး။ ကျမတို့ ဘယ်သူ့ကို မေးရမှန်းလည်း မသိဘူး” ဟု သူက ပြောသည်။

လူမှုဖူလုံရေးကြေးခေါင်းပုံဖြတ်ခံရသော World Jin Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား မဖြိုးပပ/မျိုးမင်းစိုး/ဧရာဝတီ

အသက် ၃၅ နှစ်ဝန်းကျင်ရှိ မဖြိုးပပတွင် အခြေခံပညာကျောင်း ၂ တန်းနှင့် ၈ တန်း တက်နေသည့် ကလေး ၂ ဦးလည်း ရှိသည်။ အိမ်ထောင်ဘက်၏ ဝင်ငွေတခုတည်းဖြင့် ရပ်တည် မရသော အခါ သူကိုယ်တိုင်ပါ လုပ်ငန်းခွင် ဝင်ကာ ငွေရှာနေရခြင်း ဖြစ်သည်ဟု သိရသည်။

ပြင်ပ လုပ်ငန်းခွင်ဝင်နေသည့် သူသည် အိမ်မှုကိစ္စများတွင်လည်း အနားမရပါ။ “မနက်ဆိုရင် အစောထတယ်။ ထမင်း၊ ဟင်းချက်ပြုတ်၊ ကလေးတွေကို ကျောင်းပို့တယ်။ အလုပ်ကို ဆိုင်ကယ်ဖြစ်ဖြစ် လိုင်းကားဖြစ်ဖြစ် စီးပြီး လာလိုက်တယ်။ ညနေဘက်ကျတော့ ကလေးက ကျောင်းအရင်ဆင်းတာကြောင့် အိမ်နီးနားချင်း အဘွားကို ကြိုခိုင်းထားရတယ်။ ကိုယ်ဝန်ကလည်း အခုထိ မအပ်ရသေးပါဘူး။ နီးမှ အပ်မယ်။ အလုပ်လည်း ခွင့်မယူရဲဘူး ပိုက်ဆံ အဖြတ်ခံရမှာစိုးလို့ ဗိုက်နာလာမှ မွေးဖို့ ဆေးခန်း ထပြေးမယ်” ဟု ပြောသည်။

မဖြိုးပပလိုပင် အိမ်မှုကိစ္စ လုပ်ကိုင်ရသလို စားဝတ်နေရေး အတွက် လုပ်ငန်းခွင် ဝင်နေရသည့် Career Women Life ထဲတွင် ရောက်ရှိနေသည့် အမျိုးသမီးများစွာ လုပ်ငန်းခွင်မျိုးစုံတွင် ရှိနေပါသည်။

ထို World Jin Myanmar အထည်ချုပ်မှ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ဖြစ်သူ မနှင်းနွယ်ဦးကလည်း အလုပ်သမားများ၏ လုပ်သက်ခွင့်ကိစ္စ၊ လူမှုဖူလုံရေး ကိစ္စများနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်ကို မကြာခဏ တိုက်တွန်း ပြောဆိုသော်လည်း လက်မခံခဲ့ကြောင်း ပြောပြသည်။

“ဒီကိစ္စတွေကို သူဌေးရုံးခန်းမှာ တက်ပြောတော့ မောင်းထုတ်တယ်။ သူဌေးရဲ့ အကြံပေးဆိုတာတွေကလည်း လိုက်နာတာ မရှိဘူး။ အမတို့ ဗိုက်ကြီးသည် ဆေးခန်းသွားပြတော့မှ လူမှုဖူလုံရေးကြေး ၈ လစာတောင် မထည့် ထားမှန်း သိရတာ။ ဆေးခန်းက အဲဒီလို မထည့်ထားလို့ ခွင့်ပေးလို့ မရဘူး ဆိုပြီး ဖြစ်လာတယ်။ စက်ရုံသူဌေးက မီးဖွားခွင့်တွေအတွက် ထောက်ခံချက် လုပ်ပေးပါ ဆိုရင်လည်း မလုပ်ပေးဘူး။ ပြောလည်း လက်သင့်မခံဘူး။ လုပ်သက် ၃ နှစ်အောက် အလုပ်သမားတွေဆီမှာ လူမှုဖူလုံရေးကတ်တွေလည်း မရှိဘူး”ဟု မနှင်းနွယ်ဦးက ရှင်းပြသည်။

သူသည် ကိုယ်ဝန် ၉ လခန့်ရှိပြီ ဖြစ်ပြီး မီးဖွားရန် ရက်ပိုင်းသာ လိုတော့သည့် အမျိုးသမီး ဖြစ်သည်။ ဧရာဝတီမှ သွားရောက် တွေ့ဆုံခဲ့သည့် နိုဝင်ဘာ လလယ်ပိုင်းအထိ သူ၏ မီးဖွားခွင့် ယူရန် အခြေအနေမှာ မရေမရာ ဖြစ်နေဆဲ ဖြစ်သည်။

လူမှုဖူလုံရေးကြေးသည် လုပ်ငန်းရှင်နှင့် အလုပ်သမား ၂ ရာခိုင်နှုန်းဆီ အချိုးကျ ထည့်ဝင်ရပြီး ထိုသို့ ထည့်ဝင်မှုအတွက် အလုပ်သမားအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် အခွင့်အရေးများ ရရှိပါသည်။

ထို ထည့်ဝင်မှုအတွက် လူမှုဖူလုံရေး ကတ်တခုကို အစိုးရမှ ထုတ်ပေးပြီး ထိုကတ် အပါအဝင် လုပ်ငန်းရှင်၏ ထောက်ခံချက်ဖြင့် အလုပ်သမားဆေးရုံကြီး၊ သက်ဆိုင်ရာ မြို့နယ်အလိုက် လူမှုဖူလုံရေး ဆေးခန်းများ၊ care well center များတွင် ဆေးကုသခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိုင်သည်။

ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ဝင်၊ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူလည်းဖြစ်သူ မအေးစန္ဒာဝင်း က “ဥပဒေကို သူတို့ (အစိုးရ)ကသာ အလုပ်သမားတွေရဲ့ ကိုယ်ကျိုးစီးပွားအတွက်ကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်မယ်ဆိုရင် ဒီလို ပြဿနာမျိုးက ဖြစ်လာစရာမလိုဘူး” ဟု သုံးသပ်သည်။

ထို့ပြင် ၎င်းက “အလုပ်ရှင်တွေ အနေနဲ့ကလည်း မြန်မာပြည်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လေးစား လိုက်နာဖို့ လိုအပ်သလို အလုပ်သမား ဥပဒေတွေကို စည်းကြပ်နေတဲ့ အလုပ်သမားဝန်ကြီးဌာနက လူတွေ ကလည်း သေသေချာချာ စိစစ်ကိုင်တွယ်နိုင်မှသာလျှင် လက်ရှိ တောင်းဆိုနေတဲ့ အလုပ်သမားအရေး ကိစ္စ တွေက လျော့သွားမယ် ထင်တယ်။ အဲဒီလို မဟုတ်ဘဲ လတ်တလော ဖြစ်လာတဲ့ ပြဿနာတွေ အပေါ်မှာပဲ အခြေခံပြီးတော့ ပြီးပြီးရော ဖြေရှင်းပေးနေမယ့် အပေါ်ယံမျိုးဆိုရင် အလုပ်သမားတွေရဲ့ဘဝက ဒီထက်ပိုပြီး ဆိုးရွားဖို့ပဲ ရှိတယ်” ဟု သုံးသပ်သည်။

ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ကမူ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပွားသည့် ကဏ္ဍသည် စက်မှုဇုန် ကဏ္ဍ တခုတည်း မဟုတ်ဘဲ တိုင်ကြားလာသည့် ဖြစ်ရပ်များအရ နယ်ပယ်ကဏ္ဍအများအပြားတွင် ရှိနေကြောင်း ဧရာဝတီသို့ ပြောသည်။

ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ထိုသို့သော အလုပ်ရှင် အလုပ်သမားများ၏ အငြင်းပွားမှုကို ဖြေရှင်းပေးရန် အဓိက ကျသည့် ပုဂ္ဂိုလ်မှာ သက်ဆိုင်ရာ အလုပ်ဌာနမှ ခန့်အပ်ထားသည့် HR Manager နှင့် အလုပ်ရှင်သည် နိုင်ငံခြား သား ဖြစ်ပါက ထိုသူ၏ ဘာသာစကားကို မှန်ကန်စွာ ပြောပြနိုင်မည့် စကားပြန် ဖြစ်ကြောင်း ပြောသည်။

“HR မန်နေဂျာသည် အလုပ်ရှင်က ခန့်လို့ အလုပ်ရှင်ရဲ့ လိုလားချက်တွေကိုပဲ ပေးနေမယ်ဆိုရင် လုံးဝ မဖြစ်နိုင်ဘူး။ အလုပ်သမားတွေကို စီးပွားဖက်လို့မြင်တဲ့ မျှတတဲ့ ဆုံးဖြတ်ချက်၊ အပေးအယူမျိုး သာ ဆိုရင် ဒီလို အငြင်းပွားမှုတွေ ဖြစ်လာမှာ မဟုတ်ဘူး။ အလုပ်သမားတွေအနေနဲ့လည်း ဆန္ဒမထုတ်ဖော်ဘဲ ဥပဒေပိုင်းကနေ လုပ်နိုင်တာတွေရှိတယ်။ ဆန္ဒထုတ်ဖော်မှ ရပိုင်ခွင့် ရမယ်လို့ ထင်နေတဲ့ အလုပ်သမားတွေ ရှိနေတာကတော့ ကျမတို့ အတွက် စိန်ခေါ်မှုလို့ပဲ ပြောချင်တယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဧရာဝတီသို့ ပြောသည်။

အလုပ်ရှင်အလုပ်သမား ပြသနာများသည် ယခင်ကတည်းက ရှိနေခဲ့သော်လည်း အရပ်သား အစိုးရ တက်လာသည့် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စတင်ကာ လမ်းပေါ်ထွက် ဆန္ဒပြခြင်း၊ တောင်းဆိုခြင်းများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။

အလုပ်သမားများသည် ကာလ ကြာရှည်စွာ ဖိနှိပ်ခံခဲ့ရသည့် အလုပ်သမား ရပိုင်ခွင့် အခွင့်အရေးများ၊ လုပ်ခလစာ နှုန်းထား နည်းပါးသဖြင့် ခေါင်းပုံဖြတ်ခံရမှုများ စသည့် အခြေအနေများအပေါ် လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

လက်ရှိတွင် အလုပ်သမားရေးရာနှင့် ပတ်သက်ပြီး အများဆုံး ဖြေရှင်းရသည့် ပြဿနာများတွင် အနည်းဆုံးလုပ်ခလစာ မရရှိခြင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရခြင်းနှင့် အလုပ်ရှင်မှ ဥပဒေများကို ချိုးဖောက်သည်ဟုဆိုကာ တိုင်ကြားခြင်းများ ဖြစ်ကြောင်း အလုပ်သမား၊ လူမှုဖူလုံရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

“ကျနော်တို့ ဆီကို အလုပ်သမားတွေလာပြီးတိုင်ရင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ၊ အလုပ်ရှင်က ခွဲခြားဆက်ဆံတာတွေ ရှိတယ်။ လုပ်ခလစာကလည်း အစိုးရ သတ်မှတ်တဲ့အတိုင်း မရတဲ့ ကိစ္စမျိုး လာပြီး ပြောပြကြတယ်။ ကျနော်တို့တွေက အလုပ်ရှင်တွေကို ညှိနှိုင်းဖို့ ဆက်သွယ်ပေမယ့်လည်း သူတို့က မလာတာ၊ အကြောင်းပြချက်ပေးတာတွေနဲ့ ပြီးသွားတယ်” ဟု မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ်မှ အထက်မြန်မာပြည် စည်းရုံးရေးမှူး ကိုမင်းသက်ထွေးက ဧရာဝတီသို့ ပြောသည်။

ဥပဒေရေးရာ ကျွမ်းကျင်သူများကလည်း အစိုးရ၏ အလုပ်ရှင် အလုပ်သမား ပြဿနာများနှင့် ဥပဒေပိုင်းကို အရေးယူ ဆောင်ရွက် လုပ်ဆောင်ရာတွင် လွန်စွာ အားနည်းနေကြောင်း ထောက်ပြမှုများ ရှိနေသည်။

အစိုးရသည် အလုပ်ရှင် အလုပ်သမားများနှင့် သက်ဆိုင်သည့် ဥပဒေများ အပေါ် ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း၊ အဓိက အနေဖြင့် law enforcement အပိုင်းကို သေချာစွာ လုပ်ဆောင်သင့်ကြောင်း၊ တိုင်ကြားမှုများအပေါ် သေချာစွာ စစ်ဆေးကာ အလုပ်ရှင်များအပေါ် သေချာသည့် အရေးယူမှုများ၊ အလုပ်သမား များအပေါ် ပြန်လည် ကြည့်ရှုပေးရမည့် အပိုင်းများ ပြုလုပ်သင့်ကြောင်း အကြံပြုကြသည်။

တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီ က “တချို့ ဥပဒေပိုင်းဆိုင်ရာတွေမှာ ဥပဒေကို ပြင်ဆင်ရုံနဲ့ မရဘူး။ အကောင်အထည် ဖော်ရမှာ။ စစ်ဆေးတဲ့၊ အရေးယူတဲ့ ယန္တရားကို အကောင်အထည် ဖော်ရမှာ ဖြစ်တယ်” ဟု သုံးသပ်သည်။

စက်ရုံ ၁ ရုံတွင် အလုပ်သမား အခွင့်အရေး အပြည့်အဝ မရရှိကြောင်း သိရှိရသည် နှင့် တပြိုင်နက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့ အနေဖြင့် စက်ရုံအား သေချာစွာ ကွင်းဆင်း စစ်ဆေးခြင်း၊ ရှောင်တခင် ဝင်ရောက် စစ်ဆေးခြင်း၊ ချိုးဖောက်မှု ပြုလုပ်သည်ကို တွေ့ရှိရပါက ချက်ချင်း အရေးယူခြင်းများ လုပ်ဆောင်သင့်ကြောင်းက ၎င်းက ထောက်ပြသည်။

World Jin Myanmar အထည်ချုပ် စက်ရုံ အလုပ်သမ ၁ ဦးကလည်း “ကိုယ်ဝန်ရှိနေလို့ ဆိုပြီးတော့လည်း နားနေလို့ မရဘူးလေ။သူတို့ တောင်းတဲ့ လစ်မစ် ပြည့်တဲ့အထိ တခြားသူနဲ့ တန်းတူ ချုပ်ပေးရတာပဲ။ ပင်ပန်းပေမယ့်လည်း အလုပ်က လုပ်မှ ရမှာ။ အလုပ်သမားအခွင့် အရေး မရတာတွေရှိတယ်။ သူဌေးကို သွား ပြောရင် အော်ထုတ်ခံရတယ်။ ညဘက် အချိန်ပိုဆင်းလို့ နားတဲ့အချိန်ရောက်ရင်တောင် အလုပ်သမား လူနည်းနည်းလေးရှိတဲ့ နေရာကိုတောင် သူဌေးက မီးမဖွင့်ပေးထားဘူး။ ကျမတို့မှာ စက်ရုံထဲမှာ မီးမှောင်မှောင်နဲ့ ခြင်တွေ အကိုက်ခံရပြီး အိပ်ရတာပဲ။”  ဟု ပြောပြသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ MCE Rainbow ဆပ်ပြာစက်ရုတွင် လက်ထောက် မန်နေဂျာ အမျိုးသမီးကို ထုတ်ပယ်ပေးရန် တောင်းဆိုမှု  ဖြစ်ပွားခဲ့သေးသည်။

ထိုမန်နေဂျာ အမျိုးသမီးသည် အလုပ်သမားများအပေါ် မောက်မာ ရိုင်းစိုင်း စွာ ဆက်ဆံပြောဆိုပြီး အလုပ် သမားများကို ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့် စသည့် ခွင့်ရက်များ ယူသည့် အခါ လူမှုရေးအရ နစ်နာမှုများ အထိပါ ပြောဆိုဆက်ဆံသည့်အတွက် လုပ်ငန်းခွင် အဆင်မပြေမှုများကြောင့် တောင်းဆိုရခြင်း ဖြစ်သည်ဟု လုပ်သက် ၁ဝ နှစ်ရှိသည့် စက်ရုံအလုပ်သမား သမဂ္ဂမှ အမှုဆောင် မအေးသန်းက ပြောသည်။

အလုပ်သမများသည် ၎င်းတို့ လုပ်ကိုင်နေသည့် လုပ်ငန်းခွင်များအတွင်း လုပ်ငန်းခွင် အဆင်မပြေမှုများ၊ ခွဲခြားဆက်ဆံခံရမှုများ၊ လိင်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာများကို စော်ကား ထိပါးမှုများ တွေ့ကြုံရသော်လည်း တရားဥပဒေ နည်းလမ်းအတိုင်း တရားစွဲဆို တိုင်ကြားခြင်း ထက် လမ်းပေါ်ထွက်ကာ ဆန္ဒပြခြင်း၊ အလုပ်သမား ရေးရာ ဦးစီးဌာနများသို့သာ အသိပေး တိုင်စာ ပို့ခြင်း ပြုလုပ်လေ့ရှိကြသည်။

ထိုသို့ လုပ်ငန်းခွင် အတွင်း လိင်ပိုင်း၊ စိတ်ပိုင်း စသည့် စော်ကားခံရမှုများ အတွက် လည်းကောင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု အတွက်လည်းကောင်း တိုင်ကြားမှုများ ပြုလုပ်နိုင်သော်လည်း ထိုသို့ တိုင်ကြားသူမှာ မရှိသလောက် နည်းပါးနေသည်ဟု သိရသည်။

တရားရုံးသို့ တိုင်ကြား တရားစွဲဆိုခွင့် ရရှိလျှင်သော်မှ တရားရုံးသို့ သွားလာရမည့် စရိတ်၊ ရုံးတွင် ထွက်ဆိုရမည့် အချိန် စသည့် အခက်အခဲများ ရှိနေကြောင်း တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီ က ထောက်ပြသည်။

“စက်ရုံ ၁ ရုံမှာ အလုပ်သမားတွေ အနေနဲ့ ဥပဒေပါ အခွင့်အရေးတွေ အပြည့်အဝ မရဘူးဆိုရင် ဝန်ကြီးဌာန လက်အောက်က သက်ဆိုင်ရာဌာနတွေက စက်ရုံကို သေချာ ကွင်းဆင်း စစ်ဆေးသင့်တယ်။ ရှောင်တခင် ဝင်ရောက် စစ်ဆေးတာမျိုး လုပ်သင့်တယ်။  ချိုးဖောက်တာ တွေရင် အလုပ်သမားကိုယ်စား ချက်ချင်း အရေးယူ သင့်တယ်”ဟု တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက သုံးသပ်သည်။

လက်ရှိတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် သက်ဆိုင်ရာ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များထံသို့ ရောက်ရှိ လာသည့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများအပေါ် ဖြေရှင်းပေးခဲ့ရသည့် အမှုများမှာ ၂၀၁၉ ခုနှစ် ဇွန်လမှ အောက်တိုဘာလကုန် အထိ ၃၇၀ မှု ကျော်အထိ ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များ အရ သိရသည်။

ထိုအချက်အလက်များအရ ဖြေရှင်းပေးရသည့် အများဆုံးနေရာမှာ လှိုင်သာယာမြို့နယ်မှ အလုပ်ရှင် အလုပ်သမား ပြဿနာများ ဖြစ်နေသည်ကို တွေ့ရသည်။

ဆက်စပ်ဖတ်ရှုရန်

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် အမှုအရေအတွက် တိုးလာ ဟုဆို

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အရှိန်အဟုန်မြှင်ရန် လိုအပ်နေသေး

သက်ငယ်မုဒိမ်းမှုများကို ဓလေ့ထုံးတမ်းများဖြင့် မကျေအေးသင့်ပါ

The post လုပ်ငန်းခွင် စိန်ခေါ်မှုများ အတွင်းက အမျိုးသမီးများ appeared first on ဧရာဝတီ.

ပဋိပက္ခကြီးထွားလာမှာ စိုးရိမ်နေရတဲ့ ဧရာဝတီ-ပဲခူးတိုင်းကြားက မြေနုကျွန်းလုပွဲ

$
0
0

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ ကိုင်းမြေတွေ သူတို့ ဝင်စိုက်နေတာတွေ မြင်ရတော့ ချက်ခြင်းကို ပြေးသွားပြီး ရိုက် ချင် ပုတ်ချင်တဲ့ စိတ်တွေ ဖြစ်တယ်” ဧရာဝတီတိုင်း ကြံခင်းမြို့နယ် မြို့မရပ်ကွက်မှာ နေထိုင်သူ ကိုစိန်ဝင်းက ပြောလိုက် တာပါ။ အဲဒီလို ပြောချိန်မှာပဲ သူ့မျက်နှာ ပေါ်မှာ ဒေါသဖြစ်နေတဲ့ အရိပ်အယောင်တွေ မြင်တွေ့ရပါတယ်။

သူဒီလိုပြောရတဲ့ အကြောင်းရင်းကတော့ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် မြို့မရပ်ကွက်အတွင်းမှာ ရှိတဲ့ ပုဂ္ဂလိက မြေနုကျွန်းမြေတွေနဲ့ ကြံခင်းမြို့နယ်၊ အေးချမ်းမြေသမ အသင်းပိုင်မြေတွေပေါ်မှာ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် ဘက်က ကိုင်းစိုက်တောင်သူတွေက ဝင်ရောက် နေထိုင်တာတွေ၊ ကျူးကျော်စိုက်ပျိုးတာတွေ ဖြစ်နေတဲ့အတွက်ပါ။

“ကျနော်တို့ နှစ်တိုင်းစိုက်နေတဲ့ ကိုင်းလယ်တွေကို ဒီနှစ် စက်တင်ဘာလကတည်းက လူအုပ်နဲ့ ဝင်ကျူးကျော်ပြီး အိမ်တွေ ဆောက်တယ်၊ ကိုင်းမြေပေါ်ကို အတင်းဝင်စိုက်တယ်။ အဲဒီတော့ ကျနော်တို့မှာ ဒီတိုင်းလက်ပိုက် ကြည့်နေရတယ်။တာဝန်ရှိသူတွေက ဖြေရှင်းပေးမယ်ဆိုပြီး စောင့်နေတာ။ ဒီပြဿနာ မပြေလည်ဘဲ အချိန်ကြာလာရင် လူသတ်မှုတွေ ဖြစ် တော့မယ်”လို့ ကိုင်းစိုက်တောင်သူ ကိုစိန်ဝင်းက ဆိုပါတယ်။

ကြံခင်းမြို့ အနီးမှာရှိတဲ့ သမဝါယမ ဝန်ကြီးဌာနပိုင်မြေ ၂၉ ဒသမ ၅ ဧကနဲ့ ကြံခင်း မြို့မ ရပ်ကွက်က ဒေသခံ ကိုင်း တောင်သူများ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကပိုင် မြေနုကျွန်းမြေ ဧက ၆၀ ကျော်ကို ပဲခူးတိုင်း ရွှေတောင်မြို့နယ် ရှားပင်ကုန်း ကျေး ရွာကိုင်း တောင်သူတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတာ ဖြစ်တယ်လို့ ကြံ ခင်း ကိုင်းတောင်သူတွေ ဆိုပါတယ်။

လက်ရှိ ပြဿနာ ဖြစ်ပွားနေတဲ့မြေဟာ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း နယ်စပ်မျဉ်းအနီး တည်ရှိပါတယ်။ ရွှေတောင်မြို့နယ် ရှားပင်ကုန်း ကျေးရွာဟာ ပဲခူးတိုင်း နယ်စပ်မျဉ်းဘေးက ရွာဖြစ်ပြီး ကြံခင်းမြို့ မြို့မရပ်ကွက်ဟာလည်း ဧရာဝတီတိုင်းရဲ့ နယ်စပ်မှာ တည်ရှိတဲ့ ရပ်ကွက် ဖြစ်ပါတယ်။ ဒေသ ၂ ခုဟာ မြေချင်းလည်း တောက်လျှောက် ဆက်စပ်နေပါတယ်။

ကြံခင်းမြို့ မြို့မရပ်ကွက်မှ တောင်သူ ခေါင်းဆောင် ဦးမြင့်ဆွေက “ကြံခင်းနဲ့ ရွှေတောင်နယ်စပ်မှာရှိတဲ့ မြေနုကျွန်းတွေကို ၁၉၉၆ ခုနှစ်ကတည်းက ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများက ဥပဒေနဲ့အညီ ခွဲဝေပေးခဲ့ပါတယ်။ ကျနော်တို့လည်း အဲဒီ အချိန်ကတည်းက နှစ်ပေါင်း၂၀ ကျော် စိုက်ပျိုးခဲ့တဲ့ မြေတွေပါ။ ဒီနှစ်ကျတော့ ရှားပင်ကုန်းရွာက ကျနော်တို့ အမြဲစိုက်နေတဲ့ မြေတွေပေါ် အတင်း ဝင်ပြီး ကျူးကျော် စိုက်ပျိုးတာပါ” လို့ ဧရာဝတီကို ပြောပါတယ်။

သမဝါယမ ဝန်ကြီးဌာနပိုင်မြေဟာ ရွှေတောင်မြို့နယ် ရှားပင်ကုန်း အုပ်စု အပိုင် ကွင်းအမှတ် ၁၁၅၇ ကွင်းအတွင်းမှာတည်ရှိပါတယ်။ အကျယ်အဝန်းအားဖြင့် ၂၉ ဒသမ ၅ ဧက ကျယ်ဝန်းပါတယ်။

သမဝါယမ ဝန်ကြီးဌာနဟာ အဆိုပါမြေကို ၁၉၇၄ ခုနှစ်မှာ သိမ်းယူပြီး ၁၉၇၅ ခုနှစ်မှာ ကြံခင်းမြို့အခြေစိုက် အေးချမ်းမြေ စိုက်ပျိုးရေး သမဝါယမအသင်းက ကိုင်းစိုက် တောင်သူတွေကို သီးစားလုပ်ကိုင်ခွင့် ချထားပေးခဲ့တာ ဖြစ်ပါတယ်။

အေးချမ်းမြေသမဝါယမ အသင်းက အသင်းဝင် တောင်သူ ၂၃ ဦးဟာ ၁၉၇၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ သမမြေပေါ်မှာ တောက်လျှောက် သမအသင်းကို သီးစားခပေးပြီး စိုက်ပျိုးလုပ်ကိုင်ခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလမှာတော့ ရွှေတောင်မြို့နယ် ရှားပင်ကုန်း ကျေးရွာက အိမ်ထောင်စု ၄၀ ကျော်ဟာ သမဝါယမ ဝန်ကြီးဌာနပိုင်မြေ အတွင်း ကျူးကျော်ဝင်ရောက်ကာ အိမ်ဆောက်နေထိုင်ခြင်း၊ စိုက်ပျိုးလုပ်ကိုင်ခြင်းတွေ ဆောင်ရွက်ခဲ့ကြ ပြီး ယင်းမြေနဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂလိကပိုင် မြေတွေကိုပါ ကျူးကျော် စိုက်ပျိုးမှုတွေ လုပ်ဆောင်ခဲ့ကြတယ် လို့ ကြံခင်းမြို့ နယ်က ကိုင်းစိုက် တောင်သူတွေက ပြောပါတယ်။

“ရှားပင်ကုန်းရွာက ရေကျတာနဲ့ ကျနော်တို့ စိုက်နေတဲ့ မြေတွေထဲကို ဝင်လာပြီး ပဲလွန်းတွေ ကြဲတယ်။ ကျနော်တို့က ထွန် စက်နဲ့ မြေထွန်ရင် သူတို့က လူအုပ်စုနဲ့ ကိုင်းသီးနှံတွေ နောက်ကနေ ကြဲတယ်။ ပြောရမယ်ဆိုရင် မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေတာ”လို့ အေးချမ်းမြေ သမဝါယမအသင်း အတွင်းရေးမှူး ဦးသန်းထိုက်က ပြောပါတယ်။

ပြဿနာ ဖြစ်ပွားနေတဲ့ မြေဟာ စုစုပေါင်း ၉၀ ဧက နီးပါး ကျယ်ဝန်းပါတယ်။ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ တောင်သူများ ပိုင်တဲ့ ကွင်းအမှတ် ၁၈၉၆ (က) မှာရှိတဲ့ ပြေစာပေါက် မြေနုကျွန်း ဧက ၆၀ ခန့်နဲ့ အေးချမ်းမြေ သမအသင်း လုပ်ကိုင် ခွင့်ရ ကွင်းအမှတ် ၁၁၅၇ ကွင်း၊ အကျယ်အဝန်း ဧက၂၉ ဒသမ ၅ ဧက တို့ ဖြစ်ပါတယ်။

မြေယာပြဿနာဖြစ်ပွားနေတဲ့ မြေနုကျွန်းနေရာ (ဓာတ်ပုံ – ဆလိုင်းသန့်စင်/ ဧရာဝတီ)

ကြံခင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က “သမဝါယမ ဌာနပိုင်မြေက ရွှေတောင်မြို့နယ်ရဲ့ စီမံခန့်ခွဲပိုင်ခွင့် ထဲမှာ ရှိပါတယ်။ အဲဒီမြေပေါ်ကို ရွှေတောင်ဘက်ခြမ်းက သူတို့ဘက်မှာ ကမ်းပြိုလို့ ဆိုပြီး အိမ်တွေ လာဆောက်ပြီး အတင်း တက်နေတယ်။ အဲဒီ မြေတွေရဲ့ အနီးမှာ ကြံခင်း တောင်သူတွေ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက လုပ်လာတဲ့မြေတွေ ရှိတယ်။ သူတို့က အဲဒီမြေထဲကို ထပ်ပြီးတော့ ဝင်ရောက် ကျူးကျော်ပြီး စိုက်တာပါ” လို့ ပြောပါတယ်။

ရွှေတောင်မြို့နယ်ဘက်က ရှားပင်ကုန်း ကျေးရွာဟာ ဧရာဝတီမြစ်ကမ်းပါး ပြိုမှုကြောင့် လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျေးရွာ တရွာလုံး မြစ်ထဲကို ပါသွားခဲ့ပါတယ်။ ဒါကြောင့် ရှားပင်ကုန်းရွာသားများဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းပြီး ရွာသစ်တည် ခဲ့ပေမယ့် ကမ်းပြိုကမ်းစားမှုတွေဟာ ရွာသစ်နေရာမှာ ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် လက်ရှိကာလမှာ နေရာသစ်မှာ တည် ထားတဲ့ ရှားပင်ကုန်းရွာ တဝက်လောက်ဟာ ဧရာဝတီမြစ်ထဲကို ပါသွားခဲ့ပြီ ဖြစ်ပါတယ်။

ရှားပင်ကုန်း ကျေးရွာသားများကို ဦးဆောင်သူ ဦးမြင့်ရွှေက “ကျနော်တို့ ရှားပင်ကုန်းရွာဟာ မြစ်ကျောက် ခိုးစုပ်တဲ့သူတွေ ကြောင့် ကမ်းတွေ ခဏခဏ ပြိုပါတယ်။ ကျနော်တို့ နေဖို့ မြေရော၊ လုပ်စားဖို့ မြေရော မရှိတော့ဘူး။ အခြေပျက် အနေ ပျက် ဖြစ်နေလို့ ကျနော်တို့ ဝင်ရောက်ပြီး အိမ်ဆောက်နေ ထိုင်ခြင်း ဖြစ်ပါတယ်။ စိုက်ပျိုးတယ်ဆိုတာလည်း ကျနော်တို့ ယခင်က မိဘတွေ လုပ်ကိုင်ခဲ့တဲ့ မြေတွေမို့လို့ ဝင်စိုက်တာပါ” လို့ ပြောပါတယ်။

ဦးမြင့်ရွှေတို့ အနေနဲ့ကတော့ ရွှေတောင်မြို့နယ်အတွင်းက မြေတွေဟာ ရွှေတောင်ဒေသခံတွေသာ ရရှိစိုက်ပျိုးသင့်တယ် လို့ ယုံကြည်နေပါတယ်။ ဒါကြောင့်လည်း ကြံခင်းဘက်က လုပ်ကိုင်နေတဲ့ မြေနုကျွန်းပေါ်မှာ အိမ်ဆောက်တာ၊ အပင်စိုက် တာတွေ ဝင်ရောက် လုပ်ကိုင်တာလို့ ပြောပါတယ်။

ရွှေတောင်မြို့နယ် ရှားပင်ကုန်းကျေးရွာက ဦးမြင့်ရွှေ ဦးဆောင်တဲ့အဖွဲ့နဲ့ သောင်ပြင်ကုန်းကျေးရွာက ဦးမောင်တင် ဦး ဆောင်တဲ့ အဖွဲ့တို့ဟာ သမဝါယမဝန်ကြီးဌာနက သိမ်းထားတဲ့မြေတွေ ပြန်ပေးဖို့ တောင်းဆိုထားပေမယ့် မြေသိမ်းမှုဟာ ၁၉၈၈ မတိုင်ခင် ဖြစ်ပွားခဲ့တာဖြစ်လို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက သိမ်းဆည်းခံမြေများ ပြန်လည်စိစစ်ရေး မူဝါဒနဲ့ မကိုက်ညီတဲ့ အတွက် ပယ်ချထားပါတယ်။

ပဲခူးတိုင်း ရွှေတောင်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းလွင်က “ဒီမြေတွေ အသိမ်းခံရ တယ်လို့ တင်ပြတဲ့အတွက် ကျနော်တို့ စစ်ဆေးတဲ့အခါမှာ ဒါက သိမ်းဆည်းမြေ မဟုတ်ဘူး။ မြေနုကျွန်း အငြင်းပွားမှုသာ ဖြစ်တယ်။ ဒါကြောင့် မြေနုကျွန်း ဥပဒေအရ ကြံခင်းမြို့နယ်၊ သမဝါယမအသင်း လုပ်ပိုင်ခွင့်ရခဲ့တာ ဆိုပြီး ယခင်က ဆုံး ဖြတ်ခဲ့တာ ရှိတယ်။ ဒါကိုလည်း ရှားပင်ကုန်း ပြည်သူတွေကို ရှင်းပြထားပြီး ဖြစ်ပါတယ်။ ဒီလို အတင်းဝင်နေမှ လူကြီးတွေ က အာရုံစိုက်လာလိမ့်မယ်လို့ ယူဆပြီး အခုလို အတင်းဝင်နေ၊ အတင်းဝင် စိုက်တာတွေ ဖြစ်ကုန်တာ” လို့ ပြောပါတယ်။

အဆိုပါ မြေနုကျွန်းမြေတွေဟာ နှစ်စဉ် မိုးရာသီဆိုရင် ရေလွှမ်းမိုးပြီး စက်တင်ဘာလအရောက်မှာ ရေကျလေ့ ရှိပါတယ်။ ရေကျချိန်မှာ ဒေသခံတောင်သူတွေဟာ ကိုင်းသီးနှံဖြစ်တဲ့ မြေပဲ၊ စားတော်ပဲ၊ မတ်ပဲ၊ ကုလားပဲ၊ ငရုတ်၊ ပြောင်းစတဲ့ ကိုင်း သီးနှံတွေကို နောင်နှစ် ဧပြီလ အထိ စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။

ရွှေတောင်နယ်ဘက်က ကျူးကျော် စိုက်ပျိုးနေတဲ့အတွက် ကြံခင်းမြို့နယ်က ကိုင်းစိုက်တောင်သူမိသားစု ၈၀ ခန့်ဟာ သူ တို့ နှစ်ပေါင်း များစွာစိုက်ခဲ့တဲ့ မြေတွေကို မစိုက်ရတော့ဘဲ လက်လွှတ် ဆုံးရှုံးနေတယ်လို့လည်း ဆိုကြပါတယ်။

ကြံခင်းဘက်က လူအုပ်စုနဲ့ ကျွန်းပေါ်တက် စိုက်ပျိုးခဲ့ရင် ရွှေတောင်မြို့နယ်က ကိုင်းစိုက်တောင်သူတွေနဲ့ ထိပ်တိုက်တိုးကာ ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ ဖြစ်ပွားမှာ စိုးတဲ့အတွက် ကြံခင်းမြို့နယ်က အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကြံခင်း မြို့နယ်က ကိုင်းစိုက်တောင်သူတွေကို နားချ တားမြစ်နေရပါတယ်။

ကြံခင်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်း က “ဒီကိစ္စဟာ ကြံခင်းမြို့နယ်ပိုင် မြေ ပေါ်ကို ဥပဒေမဲ့ ဝင်ရောက် ကျူးကျော်တာ ဖြစ်ပါတယ်။ အခုက ကိုင်းသီးနှံ စိုက်ချိန် ဖြစ်တယ်။ သူတို့ ဝင်ရောက် ကျူး ကျော်ထားလို့ ကြံခင်းဘက်က တောင်သူတွေမှာ စီးပွားရေးအရ အရမ်း ထိခိုက်နစ်နာပါတယ်။ ကြံခင်းဘက်က ကိုယ့်မြေ ကိုယ် ဝင်စိုက်ရင် နှစ်ဖက် ထိပ်တိုက်တွေ့ပြီး ပဋိပက္ခတွေ ဖြစ်မှာစိုးလို့ ကျနော်တို့မှာ ကြံခင်းက တောင်သူတွေကို ဖြောင်း ဖျပြီး ဥပဒေအတိုင်း ဖြေရှင်းနိုင်ရေးကို လုပ်ဆောင်နေပါတယ်။ အခုချိန်အထိတော့ မပြေလည်သေးပါဘူး” လို့ ပြောပါ တယ်။

မြေနုကျွန်း အငြင်းပွားမှုဟာ ဧရာဝတီမြစ်ရိုးတလျှောက်မှာ နှစ်စဉ်နှစ်တိုင်း ဖြစ်မြဲပြဿနာတခုလို ဖြစ်နေပြီး၊ လွန်ခဲ့တဲ့ ဇူလိုင် ၂၃ရက်က မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကံသာကျေးရွာနဲ့ ဖရဲကျွန်း ရွာသားတွေ မြေနုကျွန်းလုရာက ဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၃၈ ဦး သေဆုံးခဲ့ပါတယ်။

ဒီလိုမျိုး မြေနုကျွန်းကို အခြေခံပြီး လူအစုအလိုက် အပြုံလိုက် သေဆုံးခဲ့တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အတွက် ရွှေတောင် – ကြံခင်း နယ်စပ်မှာလည်း အလားတူ သွေးစွန်းတဲ့ ပဋိပက္ခတွေ ဖြစ်ပွားမှာကို ကြံခင်းနဲ့ ရွှေတောင်မြို့နယ်က တာဝန်ရှိသူ တွေ စိုးရိမ်နေကြပါတယ်။

ဒါကြောင့် ရှားပင်ကုန်း ရွာသားများ ကြံခင်းမြေပေါ် ဝင်ရောက်စိုက်ပျိုးတဲ့ စက်တင်ဘာ ၆ ရက် အပြီး နောက်တနေ့မှာပဲ ရွှေတောင်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ကနေ ကျူးကျော်တာတွေ ဆက်မလုပ်ဖို့ တားမြစ်စာ ထုတ်ပြန်ခဲ့သလို ရှားပင်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း စာထုတ်ပြန်ပြီး တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရှားပင်ကုန်း ရွာသားများက လိုက်နာခြင်း မရှိခဲ့ပါဘူး။

ရွှေတောင်မြို့နယ် ရှားပင်ကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက “ကျနော်လည်း တာဝန်အရ ၂ ကြိမ် သွား တားတယ်။ မင်းတို့ တားစရာရှိတာ တား၊ ငါတို့ကတော့ လုပ်စရာရှိတာ လုပ်မယ် ဆိုပြီး ပြောတယ်။ အခုကလည်း ပြည်သူ့ ခေတ် ဆိုတော့ ကျနော်တို့လည်း ဘာမှ ဆက်လုပ်လို့ မရဘဲ ဒီအတိုင်း ကြည့်နေရတယ်”လို့ ပြောပါတယ်။

ကြံခင်း မြေယာပြဿနာနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၂ ရက်မှာ ပဲခူးတိုင်း၊ ပြည်ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ဧရာဝတီ တိုင်း၊ ဟင်္သာတ ခရိုင် အုပ်ချုပ်ရေးမှူးတို့ ကြံခင်းမြို့မှာ တွေ့ဆုံပြီး နှစ်ဖက်ကိုင်း တောင်သူတွေကို ညှိနှိုင်းပေးခဲ့ရာမှာ ပြေ လည်မှု မရခဲ့ပါဘူး။

ဒါကြောင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက တစုံတရာ ဆုံးဖြတ်ပေးခြင်း မရှိဘဲ ဥပဒေအတိုင်း တရားစွဲဆိုဖို့ အကြံပေးခဲ့တဲ့ အတွက် ကြံခင်းမြို့နယ်က ကိုင်းစိုက် တောင်သူတွေဟာ ကျူးကျော်သူ ဦးမြင့်ရွှေပါ ၂ ဦးကို ကြံခင်းမြို့နယ်တရားရုံးမှာ အောက်တိုဘာလ အတွင်းက ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှုတို့နဲ့ တရားစွဲဆိုခဲ့ပါတယ်။

လက်ရှိ ကြံခင်းမြို့နယ် တရားရုံးမှာ နှစ်ဖက် ကိုင်းစိုက်တောင်သူတွေ တရားရင်ဆိုင်နေကြပြီး မြေတွေကတော့ ရွှေတောင် မြို့နယ်၊ ရှားပင်ကုန်းကျေးရွာသားများကပဲ ဆက်လက် စိုက်ပျိုး လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

ကြံခင်းမြေယာ ပြဿနာကို ဖြေရှင်းပေးဖို့ ကြံခင်းမြို့နယ်မှ ကိုင်းစိုက်တောင်သူတွေက ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံကို စာများပေးပို့ တိုင်ကြားခဲ့တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က မြေယာပြဿနာကို ဒေသန္တရ အမိန့် ထုတ်ပြန် ဆောင်ရွက်ဖို့ ကြံခင်းမြို့နယ် အုပ်ချုပ်ရေးဌာနကို ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

ကြံခင်းမြို့နယ်မှ ကိုင်းစိုက်တောင်သူများသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ – ဆလိုင်းသန့်စင်/ဧရာဝတီ)

ဧရာဝတီတိုင်း အစိုးရအဖွဲ့ ညွှန်ကြားချက်အရ ကြံခင်းမြို့နယ် အုပ်ချုပ်ရေးဌာနက နိုဝင်ဘာလ ၁၅ ရက်က ဒေသန္တရ အမိန့် ထုတ်ပြန်ကာ ကျူးကျော် စိုက်ပျိုးနေတဲ့ ပဲခူးတိုင်း ရွှေတောင်မြို့နယ် ရှားပင်ကုန်းကျေးရွာအုပ်စုက တောင်သူတွေ ဒီဇင်ဘာ လ ၁၅ ရက် နောက်ဆုံးထားပြီး ဖယ်ရှား ထွက်ခွာဖို့ တားမြစ်မိန့် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဒု ညွှန်ကြားရေးမှူးချုပ် ဦးသန်းဆွေဝင်းက “ဒီနေရာက ကြံခင်းအပိုင် ဖြစ်နေတော့ ဒီမြေပေါ်မှာ ဥပဒေမဲ့ ဝင်ကျူးကျော်နေတာက ထင်ရှားနေတယ်။ ဒါကြောင့်လည်း ပဲခူးတိုင်းဘက်က တောင် သူတွေကို ဖယ်ရှားထွက်ခွာပေးဖို့ တားမြစ်မိန့်လည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ လိုက်နာဆောင်ရွက်ခြင်း မရှိရင်တော့ တည်ဆဲဥပဒေအရ ကျနော်တို့ အရေးယူ ဆောင်ရွက်မှုတွေ မလွဲမရှောင်သာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီး နယ်စပ်မှာ ဖြစ်ပွားနေတဲ့ မြေနုကျွန်း ပြဿနာဟာ ဒီဇင်ဘာလ ၁၅ ရက်မှာ အေးချမ်းစွာပဲ ပြီးဆုံးသွားမလား၊ အဓိကရုဏ်းနဲ့ ရုန်းရင်းဆန်ခတ်မှုတွေပဲ ဖြစ်ပေါ်လာမလားဆိုတာ စောင့်ကြည့်ရဦးမယ့် အနေအထား ဖြစ်နေပါတော့တယ်။

You may also like these stories:

မြေနုကျွန်း ပဋိပက္ခ ၁၀ ရက်အတွင်း စစ်ဆေးရန် ဝန်ကြီးချုပ် ညွှန်ကြား

လူ ၃၉ ဦးအသက်နဲ့ လဲခဲ့ရတဲ့ ဧရာဝတီ မြစ်ကမ်းစပ်က မြေ ၇ ဧက

ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းကြား မြေနုကျွန်းအငြင်းပွားမှု အမြန်ဆုံး ဖြေရှင်းပေးရန် လိုအပ်

The post ပဋိပက္ခကြီးထွားလာမှာ စိုးရိမ်နေရတဲ့ ဧရာဝတီ-ပဲခူးတိုင်းကြားက မြေနုကျွန်းလုပွဲ appeared first on ဧရာဝတီ.

ရာမညမြေရောက် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများ

$
0
0

နိုဝင်ဘာလ နောက်ဆုံးပတ် ဆောင်းနံနက်ခင်းတွင် အအေးဓာတ်နှင့်အတူ ဖြာထွက်လာသော နေရောင်ခြည် အောက် တဂျုန်းဂျုန်း မြည်နေသည့် စက်မောင်းနှင်သံအကြား စေးကပ်ကပ် ရွှံ့တုံးများကို ပေါက်တူးဖြင့် တူးသူက တူး၊ ဖြိုချသူက ဖြိုချ၊ သယ်သူက သယ်၊ စက်ထဲထည့်သူက ထည့်ဖြင့် ကိုယ်စီ အလုပ်များနေကြသည်။ 

ခန့်မှန်းခြေ လူ အယောက် ၂၀ ကျော်ရှိမည့် လူ တစုနှင့် မလှမ်းမကမ်း ကွင်းပြင်တွင်တော့ အုတ်ခဲပုံသဏ္ဍာန် မိုသွင်းထားသည့် အရွယ်အစားတူ ရွှံ့တုံးများကို ညီညီညာညာ ဖြန့်ခင်းလှမ်းထားပြီး ကွင်းအဆုံး အနားသတ်၌ တဲအိမ်လေးများ စီတန်း ဆောက်ထားသည်ကို တွေ့ရသည်။ 

ထိုလုပ်ငန်းခွင်နှင့် ကပ်လျက် တနေရာတွင် ရော်ဘာထင်းချောင်း ခုနှင့် စိုက်ထူထားသော ဗီနိုင်းဆိုင်းဘုတ်က ရေးမြို့နယ်၊ ဝယ်ဘော်ကျေးရွာရှိ ရေချိုအုတ်လုပ်ငန်းခွင် ခုဖြစ်ကြောင်း ညွှန်ပြနေသည်။  

ဒီအုတ်ဖိုမှာ လာလုပ်ကိုင်စားတာ နှစ်ရှိပြီ။ မြေကြီးသယ်တဲ့အခါသယ် အုတ်ရိုက်တဲ့အခါ ရိုက်ပေါ့။ ကြုံရာလုပ်ရတာ။ ပုံမှန်တော့ မရှိဘူးဟု လုပ်ငန်းခွင် ခတ္တနားစဉ် အလုပ်သမ တဦးဖြစ်သူ ဒေါ်လုလုမော်က ပြောပြသည်။ 

ဒေါ်လုလုမော်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ အရှေ့ဖျားကျေးရွာ ဇာတိ ဖြစ်ကာ နာဂစ်ဖြစ် ပြီး နောက်ပိုင်း ထိုနေရာတွင် စီးပွားရေး အဆင်မပြေတော့သဖြင့် နေရပ်ဇာတိကို စွန့်ခွာကာ ရေကြည်ရာမြက်နုရာ ရှာဖွေရင်း ယခု အုတ်လုပ်ငန်းသို့ မိသားစုလိုက် ရောက်နေသည်မှာ နှစ်ရှိပြီ ဖြစ်သည်ဟု သိရသည်။

နာဂစ်ဟူသည့် အသံကို ကြားသည်နှင့် ထိုစဉ်က အဖြစ်အပျက်များက မနေ့တနေ့ကလိုပင် သူ့မှတ်ဉာဏ်ထဲ အစီအရီ ပြန်မြန်ယောင်လာသည်ဟုလည်း ဒေါ်လုလုမော်က ဆိုပါသည်။

မိုးလေတွေကျတော့ သူ့ဆွဲငါ့ဆွဲနဲ့ ကလေးတွေကို ဘေးလွတ်ရာသွားပို့ပြီး ပြန်လည်းလာရော အိမ်ပြိုသွားတော့ သူတို့ (အဖေ၊ အမေ)ပါ ပါသွားတာ ရေတွေ တက်လာတော့။ အလောင်းတောင် ပြန်မရဘူးဟု သူက ပြောပြသည်။

ဒေါ်လုလုမော် မိသားစုကဲ့သို့ပင် ၂၀၀၈ ခုနှစ် မေလ ရက်နေ့က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို အတားအဆီးမရှိ ပြင်းထန်စွာ ဝင်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြီးကို မြန်မာနိုင်ငံသားအားလုံး မေ့နိုင်ကြမည် မထင်ပါ။ 

မြန်မာနိုင်ငံ၏ သမိုင်းတလျှောက်တွင် အဆိုးရွားဆုံးသော သဘာဝဘေးဟု ဆိုနိုင်သည့် အဆိုပါ နာဂစ်မုန်တိုင်းကြောင့် ထိုစဉ်က အစိုးရ၏ တရားဝင် ထုတ်ပြန်မှုအရ လူပေါင်း ၁၃၀၀၀၀ ကျော် အသက်ဆုံးပါးခဲ့ရပြီး လူနေအိမ်၊ စေတီပုထိုး၊ သာသနိက အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ 

အကျိုးဆက်အားဖြင့် ဧရာဝတီတိုင်းဒေသကြီး၏ နာဂစ်ဒဏ်ခံရသော မြို့ရွာများမှ လယ်သမား၊ ရေလုပ်သား၊ တံငါ သည် မိသားစု အများစုတို့သည် စားဝတ်နေရေး အဆင်ပြေရေးအတွက် ပြည်တွင်းရှိ ဒေသများစွာသို့ ရွေ့လျားရင်း ရွှေ့ပြောင်းအလုပ်သမားများ အဖြစ် ရှင်သန်ရပ်တည်နေကြရတော့သည်။ 

မွန်ပြည်နယ် ဝယ်ဘော်ကျေးရွာရှိ ရေချိုအုတ်လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသည့် ပြည်တွင်း ရွှေ့ပြောင်းလုပ်သားတချို့/ထက်ဝေ/ဧရာဝတီ

၁၁ နှစ်တာ ကာလသို့ ရောက်လာပြီဖြစ်သော်လည်း ထိုစဉ်က တွေ့ကြုံခံစားခဲ့ရသည့် စိတ်ဒဏ်ရာများ ကျန်ရှိနေဆဲ၊  မုန်တိုင်းဖြတ်သန်းရာ ထိခိုက်ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သည့် တချို့သော မြို့ရွာများတွင် ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုများ အားနည်းနေဆဲပင် ဖြစ်ကြောင်းကို လက်ရှိအခြေအနေများက မီးမောင်းထိုးပြနေသည်။ 

နာဂစ်ဖြစ်ပြီးတော့ လူတွေ ဒုက္ခရောက်ပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်တာပေါ့။ နေစရာမရှိ။ အသက်မရှင်တဲ့ သူတွေလည်း မရှင်ဘူး။ ဖြစ်ပြီးကာစက ကြုံရာလုပ်စားသေးတယ်။ အဆင်မပြေတော့မှ မွန်ပြည်နယ်ကို ရောက်လာ တာ။ အခုတော့ ရှိတဲ့လယ်လေး အဲဒီအတိုင်း ပစ်ထားခဲ့ရတာပေါ့ဟု ဒေါ်လုလုမော်က ပြောပြသည်။  

မွန်ပြည်နယ်သို့ ဒေါ်လုလုမော်၏ အမျိုးသားဖြစ်သူ တဦးတည်း အရင်အရောက်ရှိလာခြင်းဖြစ်ပြီး ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ဝရှိ ရေလုပ်ငန်းတွင် နှစ်ခန့် ဝင်လုပ်ခဲ့သည်။ 

ထို့နောက် အုတ်လုပ်ငန်းနှင့် အဆက်အသွယ်ရပြီး ဝင်ရောက်လုပ်ကိုင်ရာမှ မိသားစုလိုက် ပြောင်းရွှေ့ခဲ့ကြောင်း၊ ပင်လယ်ပြင်ထဲတွင် လုပ်ကိုင်စားသောက်ရသည်မှာ အန္တရာယ်များသည့်အတွက် ယခုလို ကုန်းပေါ်၌ မိသားစုနှင့် တစုတစည်း နေထိုင်လုပ်ကိုင်စားသောက်နိုင်သည့် အုတ်ဖိုတွင် ဆက်လုပ်ဖြစ်နေအုံးမည်ဟု သူက ဆိုသည်။ 

သူတို့ မိသားစုကဲ့သို့ပင် မိဘမေတ္တာ ရေချိုအုတ်လုပ်ငန်းခွင်တွင် ဝင်ရောက် လုပ်ကိုင်နေကြသူ အများစုမှာ ဧရာဝတီတိုင်းမှ လာရောက်သူများဖြစ်ကြောင်း သိရသည်။ 

ယခု လုပ်ငန်းခွင်တွင် ဆိုဒ် ခု ခွဲထားပြီး တဆိုဒ်လျှင် အလုပ်သမား ၃၀ သုံးထားရာ စုစုပေါင်း အလုပ်သမား ဦးရေ ၉၀ အနက် ရေးမြို့နယ်ဝန်းကျင် ကင်မွန်းရွာမှ လာရောက်လုပ်ကိုင်သည့် အလုပ်သမား ဦးမှအပ ကျန်သူအားလုံး ဧရာဝတီတိုင်းမှ ဖြစ်ကြောင်း မိဘမေတ္တာ ရေချိုအုတ်လုပ်ငန်းတွင် ဦးစီးလုပ်ကိုင်နေသည့် မချိုချိုသန်းက ပြောသည်။  

အဲဒီကနေပဲ အစုလိုက် လာကြတယ်။ လွန်ခဲ့တဲ့နှစ်က အလုပ်သမားတွေ သူတို့ရွာပြန်တော့ အဆက်အသွယ် ဖြစ်ပြီး လာကြတာ။ နောက်ရက်တောင် ၁၉ ယောက်တောင် ထပ်လာကြအုံးမှာ။ တချို့ကလည်း ရောက်ပြီးသားလူကို ဖုန်းနဲ့ အဆင်ပြေလား အချင်းချင်း လှမ်းမေးကြတယ်။ ပြီးတော့ လာကြတယ်ပေါ့ဟု သူက ရှင်းပြသည်။ 

အုတ်တလုံးဖြစ်လာရန် မြေဝါ၊ မြေပြာ၊ မြေမဲ သုံးမျိုးကို ရောစပ်ပြီး စက်ထဲထည့်ကာ သမအောင်မွှေ၊ မိုသွင်း၊ လှမ်း ကွင်းတွင် ရက်၊ ရက် နေလှမ်း၊ လှမ်းပြီးသား အုတ်များကို ရက်တိတိ နေ့မီး၊ ညမီးမပြတ် ဖိုမီးထိုးပြီးနောက် တရက်ကျော် နှပ်ထားပြီးမှသာ အုတ်တလုံး ဖြစ်လာကြောင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မချိုချိုသန်းက ပြောပြသည်။ 

ဧကခန့် ကျယ်ဝန်းသည့် လုပ်ငန်းခွင် ဆိုဒ် ခုမှ တနေ့လျှင် လှည်းအစီးပေါင်း ၃၅၀ ခန့် ထွက်ပြီး တလှည်းလျှင် အုတ်အလုံး ၆၀ ခန့်ပါကြောင်း၊ တနှစ်ပတ်လုံးတွင် အလုပ်လုပ်ရသည့်လက လခန့်သာ ရှိသဖြင့် တနှစ်အတွင်း အုတ်အလုံးရေ ၁၀ သိန်းအထက် ရရှိရန် ကြိုးစားရကြောင်း သူက ပြောသည်။  

ဗမာလို တော်သလင်းလပြည့်ကျော်ဆို ရေနည်းနည်းခမ်းတာနဲ့ လှမ်းကွင်းပြောင်းတလင်းခါအောင် ရှင်းပြီးခြောက်မှ စလုပ်တယ်။ အဲဒီကတည်းက ဒီလူငှားတွေနဲ့ လှမ်းကွင်း သန့်ရှင်းရေးလုပ်တယ်။ မြေကြီးတွေ တင်တယ်။ စက်တွေ ထိုင်တယ်။ တန်ဆောင်မုန်းလပြည့်ကျော်မှ အုတ်စထုတ်လို့ရတယ်။ တကယ်တမ်းလုပ်ရတာ လလောက်ပဲ။ တအား လုလုပ်ရတာဟု သူက ဆိုသည်။  

ရရှိလာသည့် အုတ်များကို ထားဝယ်၊ ရေး၊ သံဖြူဇရပ် စသည်ဖြင့် အမှာရှိသည့် နေရာများသို့ လိုက်ပို့ပေးပြီး ဖောက် သည်ဈေးဆိုလျှင် တလုံး ၆၀ ကျပ်ပေးပြီး နယ်ပို့ပါက ၁၂၀/၁၃၀ ကျပ်ထိ ရရှိကြောင်း၊ တနှစ်လျှင် ကျပ် သိန်း ၇၀၀ ခန့် ရရှိသည့်အနက် လူငှားစရိတ်၊ စက်ယန္တရား၊ ပို့ဆောင်ခ စသည်ဖြင့် ဖယ်လိုက်လျှင် ထက်ဝက်လောက် ကျန်ကြောင်း သိရသည်။ 

ဒီအုတ်ကျတော့ အဆီအနှစ်နဲ့ လုပ်တယ်ဆိုတော့ ကျစ်လစ်သိပ်သည်းမှု ရှိတယ်။ မီးအားကောင်းတယ် မီးပြင်းတယ် ဆို အသံက ပုလင်းကွဲသံပေါက်တယ်။ ဆေးရောင်မသုံးဘူး။ ရေငန်အုတ်တွေကျတော့ ဆေးရောင်သုံးတယ်။ နီအောင်ပေါ့။ ဒါက သဘာဝစစ်စစ်၊ သဘာဝမြေကြီးနဲ့ ဘာမှ ရောစပ်မှုမရှိဘူးဟု အုတ်အရည်အသွေးနှင့် ပတ်သက်၍ မချိုချိုသန်း က အာမခံပြောဆိုသည်။ 

ရေငန်မရောက်သည့်နေရာ ရေချိုအုတ်ဖြစ်သည့်အတွက် ဆားပွင့်မလိုက်၊ ရေငန်အငွေ့မှုတ်ခြင်း မခံရကြောင်း၊ ရေ ချိုမြေ စစ်စစ်မို့ အရည်အသွေးပိုင်း အရ မာကျောမှုရှိပြီး သဘာဝဘေးဒဏ် ခံနိုင်ကြောင်း စသည်ဖြင့် ရေချိုအုတ်နှင့် ရေငန်အုတ် ကွာခြားပုံများကိုလည်း သူက နှိုင်းယှဉ်ပြသည်။ 

တနှစ်ပတ်လုံး လခန့်သာ အုတ်လုပ်ငန်း လည်ပတ်ရသည့်အတွက် တခြားသောအချိန် အထူးသဖြင့် မိုးတွင်းကာလ တွင် သူပိုင် ခြံမြေထဲ၌ တဲတန်းလေးထိုးကာ အလုပ်သမားများအား နေစရာပေးထားကြောင်း၊ တချို့ ရွာပြန်ပြီး ကောက်စိုက်ကြသော်လည်း အဆင်မပြေသဖြင့် အချိန်တန်လျှင် အုတ်လုပ်ငန်းသို့ပဲ ပြန်လာလုပ်ကြသည်ဟု သူက ဆိုသည်။ 

အလုပ်သမား တဦးလျှင် လုံးစား ပုတ်ပြတ်အဖြစ် အုတ်တလုံးလျှင် ၁၀ ကျပ် ပေးထားရာ ပျမ်းမျှအားဖြင့် တဦးလျှင် တနေ့ကို ၆၀၀၀ မှ ၈၀၀၀ ကျပ်ထိ ရရှိကြောင်း၊ မိုးတွင်းကာလတွင် ဝမ်းရေးအတွက် အနီးဝန်းကျင် မြို့ရွာများတွင် သစ်လိုက်ခုတ်၊ ရာသီပင်စိုက်ဖြင့် ကျပန်း(ဘောက်) လုပ်စားကာ ဖြေရှင်းကြရကြောင်း သိရသည်။ 

တနေ့ကို ပုံမှန်တော့ မရှိဘူး။ လုပ်ရင်လုပ်သလို ရတယ်။ ဟိုမှာ(ဧရာဝတီတိုင်း) အလုပ်ရှားတော့ ဒီကိုရောက်လာ တာ။ ဒီမှာ လုပ်ရတာ အဆင်ပြေပါတယ်ဟု အလုပ်သမား ဦးထွန်းနိုင်က ပြောပြသည်။

ဦးထွန်းနိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့၊ တမောဝကျေးရွာဇာတိမှ ဖြစ်ပြီး ယခုအုတ်ဖိုတွင် လာရောက် လုပ်ကိုင်နေသည်မှာ နီးပါး ရှိပြီဖြစ်ကြောင်း၊ ဇာတိမြေတွင် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြောင်း သိရသည်။ 

မိသားစု တယောက် အရင်ရောက်ရင်းကနေ ဒီကိုလာလည်ရင်းနဲ့ မိသားစုလိုက် ပြောင်းရွှေ့လာတာ။ ပင်လယ်ထဲ မှာတော့ မိသားစုနဲ့ဝေးတယ်။ လေးငါးခြောက်လ လုပ်ရတယ်။ ဒီမှာကျ မိသားစု တစည်းတလုံးတည်းဆိုပြီးတော့ ဒီ အုတ်ဖိုမှာပဲ လုပ်လိုက်တာဟုလည်း သူက ရှင်းပြသည်။ 

တခါတလေ ပင်ပန်းလွန်း၍ အလုပ်လုပ်ချင်စိတ် မရှိသည်အထိ ဖြစ်မိသော်လည်း မိသားစုကို ပြန်ငဲ့ကြည့်ရင်း မထွက် နိုင်သေးကြောင်း၊ မိသားစုလိုက်ချည်း အုပ်စုလိုက် ပြောင်းရွှေ့ဖို့ဆိုသည်မှာလည်း အခက်အခဲရှိကြောင်း၊ ကလေးများ ပညာသင် စုံလင်သည်အထိတော့ လုပ်ဖြစ်အုံးနေမည် ဖြစ်ကြောင်း သူက ဆိုသည်။ 

မွန်ပြည်နယ် ဝယ်ဘော်ကျေးရွာရှိ ရေချိုအုတ်လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသည့် ပြည်တွင်း ရွှေ့ပြောင်းလုပ်သားတချို့/ထက်ဝေ/ဧရာဝတီ

လက်ထဲတွင် စုမိဆောင်းမိ မရှိသော်လည်း သားသမီး ဦးကို ပညာသင်ပေးနိုင်ခြင်းက အမြတ်ဖြစ်သည်ဟု သူက ခံယူထားသည်။ 

ကိုယ်တွေလို မဖြစ်အောင် ကလေးတွေကို ပညာတော့ ရအောင် သင်ပေးမယ်။ ဒီမှာ အလုပ်လုပ်တာ ပညာတော့ စုဆောင်းမိတာပေ့ါဟု သူက ဖွင့်ဟပြောဆိုသည်။   

မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး၏ ခန့်မှန်းချက်အရ မွန်ပြည်နယ်တွင် ဧရာဝတီတိုင်း မှ ရွှေ့ပြောင်းအလုပ်သမားများအပြင် ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှလည်း လာရောက်လုပ်ကိုင်သူများရှိပြီး အနည်းဆုံး ၃၊ သိန်းရှိကြောင်း သိရသည်။ 

ထိုပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားများသည် မွန်ပြည်နယ်ရှိ အုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ရော် ဘာ/ကွမ်းသီးခြံလုပ်ငန်းများနှင့် ရေလုပ်ငန်းများတွင် အဓိက လာရောက်လုပ်ကိုင်ကြသည်ဟု ဆိုသည်။  

ဌာနေတိုင်းရင်းသား အများစုသည် အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများသို့ ရွှေ့ပြောင်း အလုပ်လုပ်ကြရာ မွန်ပြည်နယ်အတွက် အခြေခံအလုပ်သမား လိုအပ်ချက်ကို ထိုရွှေ့ပြောင်းအလုပ်သမားများက အစားထိုးရာ ရောက်နေ သည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ 

တချို့ရွာတွေမှာဆို လူရွယ် ယောကျ်ားရော မိန်းမရော အကုန် မရှိသလောက် ဖြစ်နေတယ်။ အဲဒီနေရာအတွက်ကို ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတို့ဘက်က လာပြီး အစားထိုးလာလုပ်ရတဲ့ အနေအထားမျိုး ဖြစ်လာတယ်ဟု သူက ဆိုသည်။ 

ထိုကဲ့သို့ မွန်ပြည်နယ်အတွက် အခြေခံအလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာ ရောက်သည်ဆိုသော်လည်း မည်သည့်အရပ်ဒေသမှန်းမသိ ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများကြောင့် လူမှုရေးဆိုင်ရာ ပြဿနာများ၊ ဒုစရိုက်လုပ်ငန်းများ၊ လုယက်ခိုးဆိုး တိုက်ခိုက်မှုများ များလာရသည်ဟုလည်း သူက ပြောသည်။   

ယခင်က ပြည်တွင်းရွှေ့ပြောင်း အလုပ်သမား အရေအတွက်၊ ကိုယ်ရေးရာဇဝင် အချက်အလက်များကို ရပ်ကျေးအဆင့် ဧည့်စာရင်းပေါ် အခြေခံကာ အုပ်ချုပ်ရေးရုံးမှ ရနိုင်ကြောင်း၊ ယခုနောက်ပိုင်း ဧည့်စာရင်း ပယ်ဖျက်လိုက်သည့်အတွက် လုပ်ငန်းရှင်များဆီက ရနိုင်သော်လည်း မြေပြင်အခြေအနေနှင့် ကွာဟမှုများ ရှိခြင်းကြောင့် အုပ်ချုပ်ရေးပိုင်းမှ စီမံခန့်ခွဲမှု ပြုလုပ်ရာတွင် အခက်အခဲဖြစ်ကြောင်း သူက ရှင်းပြသည်။ 

အချက်အလက် ကိန်းဂဏန်းနဲ့ ပတ်သက်တဲ့ စနစ်တကျကောက်ယူမှု၊ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက် ဆက်နွယ်တဲ့ အချက်လက်တွေ ရယူဖို့လိုတယ်။ ဖြစ်လာရင် သူ့သက်ဆိုင်ရာ လုပ်ငန်းခွင်ကို တာဝန်ယူထားတဲ့ လုပ်ငန်းရှင် ကုမ္ဗဏီအဖွဲ့ အစည်းတွေပဲ ဖြစ်ဖြစ် သူတို့အနေနဲ့ ထိန်းသိမ်းကြီးကြပ်ရေးမှာ စနစ်တကျဖြစ်ဖို့ လိုတယ်။ ခိုးဆိုးလုယက်မှုတွေမှာ ပတ်သက်တဲ့သူတွေကိုလည်း အသေအချာ အတိအကျ ရှာဖွေဖော်ထုတ် ဖမ်းဆီး အရေး ယူတာတွေ တိတိကျကျ ဖြစ်စေချင်တယ်ဟုလည်း သူက အကြံပြုထောက်ပြသည်။ 

မိဘမေတ္တာ အုတ်လုပ်ငန်း ဦးစီးလုပ်ကိုင်နေသည့် မချိုချိုသန်းကတော့ သူ့လုပ်ငန်းခွင်တွင် လူပေါင်းစုံရှိသည် ဆိုသော်လည်း မှုခင်းဖြစ်ပွားမှု မရှိကြောင်း၊ လူမှုရေးဆိုင်ရာကိစ္စများ၊ နေရင်း ဒေသကတည်းက ဖြစ်လာခဲ့သည့် လူမှုရေး ဖောက်ပြန်မှု ကိစ္စများတော့ ရှိကြောင်း၊ လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမား စာရင်းအားလုံးကို ရပ်ကျေးဥက္ကဋ္ဌထံ ပို့ပေးထားကြောင်း ရှင်းပြသည်။ 

အလုပ်သမား အချင်းချင်း တည့်ကြပါတယ်။ ညနေပိုင်း အရက်သောက်ချိန်တော့ စကားများကြပေမယ့် မိုးလင်းကျရင် တည့်တယ်။ အလုပ်ရှင်ကလည်း ကောင်းပါတယ်ဟု ရေးမြို့နယ်၊ ကင်မွန်းရွာမှ လာရောက်လုပ်ကိုင်နေသည့် မစုက လုပ်ငန်းခွင် အခြေအနေကို ပြောပြသည်။ 

ဒေါ်လုလုမော်အဖို့ ဇာတိမြေကို စွန့်ခွာလာခဲ့သည်မှာ နှစ်နီးပါးရှိဖြစ်သော်လည်း သူ့လက်ထဲတွင် စုမိဆောင်းမိ သေးခြင်း မရှိသေးပေ၊ ကျန်နေခဲ့သည့် ဆွေမျိုးများနှင့် အဆက်သွယ်ရှိသော်လည်း ၎င်းတို့ထံ ပိုက်ဆံတင်ပို့ ပေးနိုင်ခြင်း မရှိကြောင်း သူက ပြောပြသည်။ 

တနယ်မပြောင်း သူကောင်းမဖြစ်၍သာ ကိုယ့်ဇာတိမြေကို စွန့်ခွာပြီး တနယ်တကျေးတွင် အလုပ်လာရခြင်းဖြစ်ပြီး တခါတလေတော့ ကိုယ့်မွေးရပ်မြေကို ပြန်ချင်သည်ဟုလည်း သူက ဖွင့်ဟပြောဆိုသည်။ 

လောလောဆယ် ဒီမှာက စားဝတ်နေရေးတော့ ဖြေရှင်းလို့ရတာပေါ့။ ဒါပေမယ့် ရရစားစားနဲ့ ကုန်နေတာပဲ။ ဘာမှတော့ မထွန်းကားဘူး။ (ဇာတိ)ပြန်တော့ ပြန်ချင်တာပေါ့။ မပြေမှ မပြေလည်သေးတာ ဘယ်လိုလုပ် ပြန်မလဲဟု သူက ညှိုးငယ်စွာ ရေရွတ်နေပါသည်။

You may also like these stories:

ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများကို နေရပ်ပြန်မဲပေးရန် တိုင်းရင်းသားပါတီများ လိုလားန

အမျိုးသမီးရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးအပြည့်အဝရရန် လုပ်ဆောင်မည်ဟု ဝန်ကြီးပြော

The post ရာမညမြေရောက် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများ appeared first on ဧရာဝတီ.

ပလပ်စတစ်များကြား ရှင်သန်ခြင်းနှင့် သေဆုံးခြင်း

$
0
0

တိရိစာ္ဆန်များ သေဆုံးနေကြသည်။ ငါးတကောင်၊ ငှက်တကောင်၊ နို့တိုက် သတ္တဝါတကောင် သို့မဟုတ် တွားသွား သတ္တဝါ တကောင် ဖြစ်နေနိုင်သည်။ အမြဲတမ်း အလားတူပင် ဖြစ်သည်။ ရင်ခွဲစစ်ဆေးမှုတခုပြုလုပ်ကြည့်လျှင် ၎င်းတို့၏ ဝမ်းဗိုက်ထဲ ပလပ်စတစ်များကို မလွဲမသွေ တွေ့ကြရပါလိမ့်မည်။

မနက်ခင်းတိုင်းတွင် ကျနော် အိပ်ရာမှ ထလာသည်။ ရေချိုးခန်းတွင်းသို့ ဝင်သည်။ စင်များပေါ် စစ်ဆေးကြည့်သည်။ သွားတိုက်ဆေး၊ ဆံပင်ပျော့ဆေး၊ လက်ဆေးဆပ်ပြာ၊ ခရင်မ်များနှင့် မျက်လုံးသန့်ဆေးရည် အစရှိသဖြင့် ရောင်စုံ ပလပ်စတစ်ဗူး အမျိုးမျိုးက တသီတတန်း ရှိနေသည်။ ကျနော်က အမြဲလိုလို ခရီးသွားနေရသည့် အတွက် ဈေးချိုသော တခါသုံး ခေါင်းလျှော်ရည် အထုပ်ကလေးများလည်း ကျနော့်တွင် အတွဲလိုက် ရှိ၏။

ယခုအချိန်တွင် (ကျနော် သုံးစွဲမိနေပုံရသော အဆုံးမရှိသည့် ပလပ်စတစ်ပမာဏ ကြောင့်) ကျနော်က ပြစ်မှုကျူးလွန်သူတယောက်လို၊ အဆိုပါ တိရိစာ္ဆန်များကို သတ်ဖြတ်သူတယောက်လို ခံစားရပါသည်။

တောင်လိုပုံနေသည့် ဖျက်ဆီးမရသော အမှိုက်များ၏ အတိုင်းအတာအရ မျှော်လင့်ချက် ကင်းမဲ့ခြင်းကို အရှုံးပေးလက်ခံလိုက်ရန် လွယ်ကူပါသည်။ သို့သော် တစက္ကန့်မျှ ခေတ္တရပ်တန့်၍ အချို့သောရှုထောင့်များကို ကြည့်လိုက်ပါ။

အလွယ်ပြောရလျှင် ပလပ်စတစ်သည် ဓာတုဗေဒနည်းဖြင့်ဖြစ်စေ သို့မဟုတ် သဘာဝပစ္စည်းများကို တုပ၍ ဖြစ်စေ ပြုလုပ်ထားသော လူလုပ်ဒြပ်ပေါင်း ဖြစ်သည်။ များသောအားဖြင့် ရေနံဓာတု ပစ္စည်းများမှ ထုတ်လုပ်သည်။ တခါသုံး ပလပ်စတစ်များနှင့် ပတ်သက်၍ ကျနော်တို့က သုံးသည်ထက် များစွာ ပို ပြောနေကြပါသည်။

Society of the Plastics Industry ၏ အဆိုအရ ပလပ်စတစ် ထုတ်လုပ်ခြင်းနှင့် စွန့်ပစ်ခြင်း အများစုကို အုပ်စု ၆ ခုသို့ ချုံ့ ပစ်လိုက်နိုင်ပါသည်။

ပထမဆုံးမှာ (နာမည်အလွန်ပျက်သည့်) ပလပ်စတစ် ပုလင်းများဖြစ်သည်။ ၎င်းတို့ကို ပုံမှန်အားဖြင့် ၎င်းတို့ကို မာကျောသော်လည်း ပြောင်းလွယ်ပြင်လွယ်ရှိသော ပစ္စည်းဖြစ်သည့် Polyethylene Terephthalate (PET) မှ ထုတ်လုပ်သည်။ ဝတ်ဆင်၍ ရသော အထည်ဖြစ်သည့် Polyester များသည် PET ပုံစံ တမျိုးဖြစ်သည်။

ဒုတိယတခု ဖြစ်သည့် သိပ်သည်းဆမြင့်သော Polyethylene (HPDE) ကို ပုံသေတည်ဆောက်မှုတခု လိုအပ်သော ကြံ့ခိုင်သည့် ပစ္စည်းများ ထုတ်လုပ်ရန် အသုံးပြုသည်။ ဥပမာအားဖြင့် မော်တော်ကား အစိတ်အပိုင်းများ၊ အောက်ခံခုံများ၊ ပရိ ဘောဂများ၊ ချေးချွတ်ဆေးများ၊ အစွန်းချွတ်ဆေးများနှင့် နို့များထည့်သွင်းထုပ်ပိုးသည့် နေရာများတွင် ဖြစ်သည်။

မလေးရှားနိုင်ငံရှိ အမှိုက်ပုံတခု/Reuters

တတိယမြောက်ဖြစ်သည့် Polyvinyl Chloride (PVC) က ပုံသွင်း၍ လွယ်ကူ၍ ကြာရှည်ခံသည်။ PVC ၏ မီးလောင်ခံနိုင်ခြင်းနှင့် ဖိအားကို ခံနိုင်သည့် အစွမ်းသတ္တိက ၎င်းကို ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အလွန်သင့်တော်သော ပစ္စည်း တခု ဖြစ်စေခဲ့သည်။ ပိုက်သွယ်တန်းခြင်း၊ ကြမ်းခင်းခြင်းနှင့် ကေဘယ်လ်ကြိုးများ သွယ်တန်းခြင်းတွင် အသုံးပြုသည်။

စတုထ္တအနေဖြင့် သိပ်သည်းဆနိမ့်သော Polyethylene (LDPE) သည် ပုံမှန်အားဖြင့် ပါးလွှာ၍ ပြောင်းလွယ်ပြင်လွယ်ရှိသော ပလပ်စတစ်ပစ္စည်းတခု ဖြစ်ပြီး ပလပ်စတစ် အိတ်များအတွက် အသုံးပြုသည်။ ကျွတ်ကျွတ်အိတ် အများစု မှာ LDPE များဖြစ်ကြသည်။

ပဉ္စမမြောက်ဖြစ်သည့် Polypropylene (PP) သည် အလွန်ပြောင်းလွယ်ပြင်လွယ်ရှိ၍ ရာဘာနှင့်တူသော ပလပ်စတစ်ဖြစ် ပြီး ၎င်းကို ပြွန်များနှင့် ဆေးပစ္စည်းများတွင် အသုံးပြုသည်။ အပူဒဏ်ခံနိုင်ခြင်း၊ ပြောင်းလွယ်ပြင်လွယ်ရှိမှုနှင့် ထွင်းဖောက် မြင်နိုင်မှုတွင် သာလွန်ထူးကဲသည်။

ဆဌမမြောက်မှာ အပူတွင် အရည်ပျော်သည့် ပလပ်စတစ်တမျိုးဖြစ်သည့် polystyrene (PS) ဖြစ်သည်။ ၎င်းက ဓာတုဗေဒဆိုင်ရာ အမြဲတမ်းပြောင်းလဲမှု မရှိဘဲ အရည် ပျော်နိုင်ပြီး ပြန်လည် ပုံသွင်းနိုင်သည်ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။ ဖော့ဘူး ဖော့ခွက်များ ထုတ်လုပ်ရာတွင် အများဆုံး အသုံးပြုလေ့ရှိသည်။

အဆိုပါ ပလပ်စတစ် အုပ်စုအားလုံးကို ကျနော်တို့က ပြန်လည်သုံးစွဲခြင်း သို့မဟုတ် တခြားမည်သည့်နည်းဖြင့်မဆို လုပ်ဆောင်နိုင်ခြင်းများ အသေအချာ ရှိပါသလား။

ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ သို့သော်မသေချာပါ။ ထိုနေရာက အခြေအနေများကို ရှုပ်ထွေးစေသည့် နေရာဖြစ်သည်။

ဥပမာပြရလျှင် ထို ၆ မျိုးထဲတွင် မလေးရှားနိုင်ငံ၌ ၃ မျိုး(PET၊ HPDE နှင့် PP) ကိုသာ ပြန်လည် အသုံးချနိုင်သည်။ အင်ဒိုနီးရှားတွင် PET၊ HPDE နှင့် (အနည်းငယ်မျှသော) LDPE ကိုသာ ပြန်လည် အသုံးချနိုင်သည်။

သို့သော်လည်း ကျနော်နှင့် အရှေ့တောင်အာရှသား အများစု၏ အိမ်များတွင် အဆိုပါ အုပ်စု ၆ မျိုးလုံး ရှိနေပါသည်။

၂၀၁၈ နိုဝင်ဘာလအတွင်း အင်ဒိုနီးရှား ဆူလာဝေဆီကျွန်းအနီး သေဆုံးနေသော ဝေလငါးဗိုက်ထဲ ပလပ်စတစ် ၆ ကီလိုဂရမ် တွေ့သည်/Reuters

လက်တွေ့တွင်လည်း ပလပ်စတစ်နှင့် လုံးလုံးလျားလျား ကင်းဝေးအောင် ကျနော်တို့ လုပ်နိုင်မည်လားဆိုသည်မှာ အလွန်ကြီးမားသော မေးခွန်းတခု ဖြစ်သည်။

ရေနံဓာတုလုပ်ငန်း၏ အဓိကထုတ်ကုန်တခု ဖြစ်သော ပလပ်စတစ်လုပ်ငန်းကဏ္ဍက ကြီးမားပါသည်။ ၂၀၁၈ ခုနှစ်တွင် ထိပ်တန်း ရေနံဓာတု ကုမ္ပဏီ ၅၀ ၏ စုစုပေါင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၉၂၆.၈ ဘီလီယံရှိခဲ့သည်။ ရေနံချက်လုပ်ငန်း၏ ဝင်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ ထက် များစွာကျော်လွန်နေခဲ့သည်။

ထို့ပြင် ရေနံဓာတုလုပ်ငန်းက နှစ်စဉ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း တိုးတက်နေသည်ဟု ခန့်မှန်းရသည်။

အရှေ့အာရှတွင် LG၊ Toray၊ Formosa Plastics၊ SINOPEC၊ Mitsubishi၊ PetroChina နှင့် LOTTE တို့ကဲ့သို့ ဧရာမ ကုမ္ပဏီကြီးများ ရှိသည်။ ထိပ်တန်း ကုမ္ပဏီ ၅၀ ၏ ဝင်ငွေတွင် အရှေ့တောင်အာရှမှ ၃ ပုံ ၁ ပုံ ပါဝင်နေခြင်းက ဒေသတွင်းတွင် အခိုင်အမာ တိုးတက်မှုကို ဖော်ပြနေသည်။ ထိုပလပ်စတစ် အားလုံးက တောင်ပုံရာပုံ ဖြစ်နေမည်မှာ အသေအချာပင်။

Bantar Gebang က အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှတွင် အကြီးဆုံးသော အမှိုက်စွန့်ပစ်သည့် နေရာဖြစ်သည်။ နေ့စဉ်နေ့တိုင်း  ဂျကာတာမြို့ပြဒေသမှ တန်ချိန် ၆၅၀၀ မှ ၇၀၀၀ အတွင်းရှိသော အမှိုက်များက ထိုဧရိယာအတွင်းသို့ ဝင်လာနေသည်။

ပလပ်စတစ်က အမှိုက်များထဲတွင် အချိုးအစား ကြီးမားစွာ ပါဝင်နေသည်။ သို့သော်လည်း နာကျင်ရသည့် အမှန်တရားမှာ ကျနော်တို့အနေဖြင့် ပလပ်စတစ်ထုတ်လုပ်ခြင်းကို ရပ်တန့်ရန် မစွမ်းဆောင်နိုင်သလို ကျနော်တို့၏ နေ့စဉ်ဘဝများတွင် ပလပ်စတစ်မပါဘဲ အလွယ်တကူ အလုပ်ဖြစ်နိုင်ချေရှိသော အခြားနည်းလမ်းများလည်း ရှိမနေပါ။

ကျနော့် အယူအဆမှာမူ ပလပ်စတစ်က များစွာ အရေးကြီးသော ကိစ္စမဟုတ်ပါ။ တကယ့်စိန်ခေါ်မှု အစစ်အမှန်မှာ အလုပ်ဖြစ်သော၊ ကုန်ကျစရိတ် အနည်းဆုံးနှင့် ထိရောက်မှုရှိသော စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး စနစ်တခုကို ဖော်ထုတ်ရေးနှင့် ထိန်း သိမ်းထားနိုင်ရေး ဖြစ်သည်။

ဥပမာပြရလျှင် သမုဒ္ဒရာအတွင်းသို့ နှစ်စဉ် ပလပ်စတစ်တန်ချိန် ၁.၃သန်း စွန့်ပစ်နေသည်ဟု ခန့်မှန်းရသည့် အင်ဒိုနီးရှားနိုင်ငံသည် အခြေခံအဆောက်အဦး မလုံလောက်ခြင်းနှင့် အုပ်ချုပ်သူတို့၏ ထိန်းချုပ်တားဆီးမှု အားနည်းခြင်းများကြောင့် ထိခိုက်နစ်နာနေရသည်။

အမှိုက်များစုပုံထားရန် နေရာများပေးခြင်းက ပလပ်စတစ်၏ ကြီးစွာသော ကြာရှည်ခံနိုင်စွမ်းကြောင့် ကောင်းမွန်သော ရေရှည် အဖြေတခု မဖြစ်နိုင်ပါ။ ရလဒ်တခုအနေဖြင့် Bantar Gebang ကဲ့သို့သောနေရာများမှာ ပြည့်လျှံလုနီးပါး ရှိနေပြီ ဖြစ်သည်။

စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က အလားအလာရှိသော နမူနာများ ဖြစ်ကြသည်။ ထိုနိုင်ငံများတွင် စွန့်ပစ်အမှိုက်များကို မီးရှို့၍ လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ စွမ်းအင်ပေးခြင်း သို့မဟုတ် ပြန်လည် အသုံးချခြင်းများ ပြုလုပ်နေကြသည်။

ထိုနိုင်ငံများတွင် တူညီသော အကြောင်းရင်း ၃ ခုလည်း ရှိသည်။ ပထမ တခုမှာ သူတို့က အလွယ်တကူ ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများ ထုတ်လုပ်ရေး ထုတ်လုပ်သူများကို တာဝန်ယူခိုင်းသည်။

ဒုတိယ အနေဖြင့် သူတို့တွင် စည်းကမ်းလိုက်နာမှုကို မြှင့်တင်သော ခိုင်မာသည့်ယဉ်ကျေးမှုတခုနှင့် သက်ဆိုင်ရာ တဦးတယောက်ချင်းစီ ပြန်လည်အသုံးချမှု ရှိသည်။


အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ် စနစ်ပြ ဗီဒီယို

နောက်ဆုံး အချက်မှာ ထို ၃ နိုင်ငံလုံးက စွန့်ပစ်ပစ္စည်းနှင့် ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို စနစ်တကျပြုလုပ်ရေး အတွက် ကောင်းမွန်သော စက်မှုဆိုင်ရာ စွမ်းဆောင်နိုင်ရည်ရှိနေသည်။

သို့သော်လည်း စွန့်ပစ်မှု စီမံခန့်ခွဲရေးပေါ်တွင်သာ ကျနော်တို့ မှီခိုသင့်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ဖြစ်နိုင်သလောက် နေရာတိုင်းတွင် ကျနော်တို့ ပလပ်စတစ် အသုံးပြုမှုကို လျှော့နိုင်သမျှ လျှော့ချသွားသင့်ပါသည်။

နိုင်ငံများအနေဖြင့် ပိတ်ပင်ခြင်း သို့မဟုတ် ကုန်သွယ်ခွန် စည်းကြပ်ခြင်းကဲ့သို့ အားထုတ်မှုများဖြင့် တခါသုံး ပလပ်စတစ်ကို လျှော့ချနိုင်ပါသည်။ ကြိုးစားကြည့် နိုင်ပါသည်။ ဥပမာပြရလျှင် အင်ဒိုနီးရှားနိုင်ငံမှ ခရီးသွားလုပ်ငန်း အချက်အချာ ထိပ်တန်းနေရာ ဖြစ်သော ဘာလီက ၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှစ၍ အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်သည်။

စူပါမားကက်များနှင့် စားသောက်ဆိုင်များကဲ့သို့ လက်လီအရောင်းနေရာများက ငှက်ပျောရွက်ကဲ့သို့သော ရိုးရာပုံစံ ထုပ်ပိုးမှုများကို ကျင့်သုံးနိုင်ပါသည်။

သို့သော်လည်း နောက်ဆုံးတွင် ကျနော်တို့ ပြည်သူများက ကျနော်တို့၏ ကိုယ်ပိုင် အမူအကျင့်များကိုလည်း ပြောင်းလဲရင်း အပြောင်းအလဲကို တောင်းဆိုရန် လိုအပ်ပါသည်။

ပြည်သူများက အစိုးရကို ဖွဲ့စည်းပေးသည်။ သတင်း အချက်အလက်ပေးသည်။ ဈေးကွက်များကို ပုံဖော်သလို ဝယ်လိုအားကိုလည်း သက်ရောက်စေသည်။ သင်တို့နှင့် ကျနော်ကိုယ်တိုင်လည်း ထိုထဲတွင် ပါဝင်နေပါသည်။

သန်းနှင့် ချီ၍ မရှိလျှင်ပင် ထောင်ပေါင်းများစွာသော တိရိစာ္ဆန်တို့ သေဆုံးရခြင်းအတွက် တာဝန်ရှိမှုကိုလည်း ကျနော်တို့ လက်ခံရမည် ဖြစ်သည်။

ဝမ်းနည်းဖွယ်ရာ ဖြစ်သော်လည်း ပလပ်စတစ်ကြောင့် သေဆုံးရသည့် ပုံရိပ်များက လှုံ့ဆော်ပေးခဲ့သည့် ရင်ထဲကလာသော တုန့်ပြန်မှုများက အရေးယူဆောင်ရွက်ရေး ခိုင်မာအားကောင်းသော တွန်းအားတခု ဖြစ်သင့်ပါသည်။

ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပလပ်စတစ်က ဆက်၍ ရှိနေမည် ဖြစ်သည်။

သို့သော် ကျနော်တို့က အကျွင်းအကျန်အမှိုက်များကို ထိရောက်သော အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲရေး စနစ်တခုမှတဆင့် တာဝန်သိသိ၊ အသိပညာရှိရှိ စွန့်ပစ်၍ ရနိုင်သော အကြောင်းရင်းလည်း ရှိနေပါသည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန်

အမှိုက်ပုံများနှင့် ကျနော်တို့၏ ကမ္ဘာကြီး

ရေက ရွှေထက် ရှားလာရာ 

မာယာကာရင် သို့မဟုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုံ့ဆော်သူ ရုပ်ရှင်မင်းသမီး

The post ပလပ်စတစ်များကြား ရှင်သန်ခြင်းနှင့် သေဆုံးခြင်း appeared first on ဧရာဝတီ.

ICJ အမှုတွင် ပြည်တွင်းနိုင်ငံရေးအပေါ် ဦးစားပေးလေ့လာခြင်း

$
0
0

ယခု သဟိဂ်၌ မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် သူ၏ တိုင်းပြည်အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်များကို ကာကွယ်နေသည့်အချိန်တွင် သူရောက်ရှိလာခြင်းက နိုင်ငံတကာစင်မြင့်တွင် ရိုဟင်ဂျာတို့၏ ဒုက္ခကို မီးမောင်းထိုးပြမည့် အဖြစ်အပျက် တသီတတန်းထဲမှ နောက်ဆုံးပေါ်လာသော တခုတွင် ပါဝင်ပါလိမ့်မည်။

သို့သော်လည်း နိုင်ငံတကာ၏ အာရုံစိုက်မှုက ယခုကိစ္စတွင် သူ၏ စွမ်းဆောင်မှုနှင့် ပုံရိပ်တို့ကို အလေးပေးကြလိမ့်မည် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် သဟိဂ်သို့ ရောက်လာသည့် ကိစ္စကဲ့သို့ပင် ၂၀၂၀ ခုနှစ်သို့ ဦးတည်နေသည့် အချိန်၌ နိုင်ငံ အတွင်းတွင် ဖြစ်ပေါ်နေသည့် ကျယ်ပြန့်သော ပြည်တွင်းနိုင်ငံရေးအရွေ့များကိုလည်း သတိပြု စောင့်ကြည့်သွားရန် အရေးကြီးပါသည်။

ရာစုနှစ် ၄ ပုံ ၁ ပုံ ခန့်ကာလအတွင်းတွင် အရှေ့တောင်အာရှ နိုင်ငံ၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ သမိုင်းဝင် အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးသက်တမ်း အချိန်အများစုတွင် ရိုဟင်ဂျာ ပြဿနာက အကျပ်အတည်း ဖြစ်စေခဲ့သည်။ မြန်မာ့တပ်မတော်၏ ၂၀၁၇ ခုနှစ်က ဖြိုခွဲတိုက်ခိုက်မှု နောက်ပိုင်းတွင် ရိုဟင်ဂျာ မွတ်ဆလင် ၇၀၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြခြင်းနှင့်အတူ ပေါ်ထွက်လာသော လူမျိုးဖြုတ် သန့်စင်မှုနှင့် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်များကို မြန်မာအစိုးရ ရင်ဆိုင်ခဲ့ရသည်။

အဆိုပါ စွပ်စွဲချက်များကို မြန်မာအစိုးရက ငြင်းဆန်ခဲ့ပြီး လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွများကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ အဆိုပါ ပြဿနာက အာဖရိက အနောက်ပိုင်းမှ မွတ်ဆလင်လူများစု နိုင်ငံတခု ဖြစ်ပြီး အဖွဲ့ဝင် ၅၇ ဦးပါဝင်သော အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်လည်းဖြစ်သော ဂမ်ဘီယာက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုသည့်အချိန်၌ မီးမောင်းအောက်သို့ ထပ်မံရောက်ရှိလာခဲ့သည်။

ထိုရှုထောင့်မှ ကြည့်ခြင်းအားဖြင့်  ICJ အမှုနှင့် ပတ်သက်၍ သူ့တိုင်းပြည်ကို ကာကွယ်ရန် ယခုအပတ်တွင် ဒေါ်အောင်ဆန်းစုကြည် ရောက်လာခြင်း (ကြီးမားသော အာရုံစူးစိုက်မှုများကို ဆွဲဆောင်နိုင်ခဲ့သည့် ရွေးချယ်ချက်တခု) က ရိုဟင်ဂျာပြဿနာကို နိုင်ငံတကာ သတင်းခေါင်းစဉ်များသို့ ရောက်စေခဲ့သော အဖြစ်အပျက် တသီတတန်းထဲမှ နောက်ဆုံးဖြစ်သည့် တခုတွင် ပါဝင်လာခြင်းသာ ဖြစ်ပါလိမ့်မည်။ နယ်သာလန်န်ိုင်ငံသို့ ဒီဇင်လာလ ၉ ရက်နေ့တွင် ရောက်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်နေသော ကနဦးကြားနာမှုများတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် တက်ရောက်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာပုံရိပ်နှင့် ကြားနာစစ်ဆေးမှုတွင် သူ၏ စွမ်းဆောင်ရည်အပေါ် အာရုံစိုက်ကြမည်မှာ အံ့အားသင့်စရာမဟုတ်ပါ။ အရေးကြီးသည်မှာ လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ဟု ဖော်ပြခဲ့သော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးမှုတခု အပါအဝင် ထွက်ပေါ်ခဲ့ပြီးဖြစ်သည့် သက်သေအထောက်အထား၏ အတိုင်းအတာအရ ဒေါ်အောင်ဆန်းစုကြည်ရောက်လာခြင်းက မြန်မာန်ိုင်ငံ၏ အမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ရာတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတို့၏ စိတ်ကို ပြောင်းလဲနိုင်ဖွယ်ရာ မရှိပါ။ လက်တွေ့တွင် သူ၏ ပုံရိပ်ကို ထပ်မံထိခိုက်ဖွယ်ရာ ရှိပါသည်။

သို့သော်လည်း မြန်မာန်ိုင်ငံမှ စစ်တပ်ကို ဆန့်ကျင် အာခံခဲ့ခြင်းကို အသိအမှတ်ပြုသည့် အနေဖြင့် ၁၉၉၁ ခုနှစ်တွင် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ယခုအခါတွင် ရက်စက်မှုများ ကျူးလွန်ခဲ့ပြီးဖြစ်သော အစိုးရကို ကာကွယ်ရန် ဥရောပသို့ ပြန်သွားခြင်းက ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်းတွင် သူ၏ နိုင်ငံတကာပုံရိပ်က မည်မျှပြောင်းလဲခဲ့သည်ကို ရှင်းရှင်းလင်းလင်း သရုပ်ဖော်ပြခြင်း ဖြစ်ပါလိမ့်မည်။

ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ နိုင်ငံတကာ၏ မပြောင်းမလဲ နားလည်သဘော ပေါက်ထားမှုများအပေါ် မကျေနပ်မှုကို ဒေါ်အောင်ဆန်းစုကြည်က ကြာမြင့်စွာ မျိုသိပ်ထားခဲ့သည်ဆိုသည့် သူ၏ အကြံပေးအချို့၏ ယခင်က ပြောဆိုထားမှုများ အရဆိုလျှင် ယခုကဲ့သို့ လူသိရှင်ကြားပါဝင်လာခြင်းကြောင့် ထိုကိစ္စနှင့် ပတ်သက်၍လည်း စေ့စေ့စပ်စပ် စူးစမ်းခံရပါလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အာရုံစိုက်ကြခြင်းက နားလည်နိုင်စရာ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကျယ်ပြန့်သော ပြည်တွင်းန်ိုင်ငံရေး အရွေ့ကို နားလည်သဘောပေါက်ထားရန် အရေးကြီးပါသည်။ အတိအကျပြောရလျှင် အနည်းဆုံး ၃ ခုကိုဖြစ်သည်။ ပထမနှင့် အထင်ရှားဆုံး အရွေ့မှာ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်၍ နားလည်သဘောပေါက်ထားမှုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အပေါ်တွင် အာရုံစိုက်သည့်တိုင် ရိုဟင်ဂျာပြဿ နာက လူများစု ဗမာနှင့် တိုင်းရင်းသားလူနည်းစုများကြားမှ ကွဲပြားမှုနှင့် အယူအဆ သဘောတရားခြားနားမှု၊ တိုင်းပြည်က နိုင်ငံသားအဖြစ် မစဉ်းစားဘဲ သူတို့၏ အမည်ကိုပင် ခေါ်ဝေါ်ခြင်း မခံရသည့် ရိုဟင်ဂျာကဲ့သို့ အုပ်စုများနှင့် ပတ်သက်လျှင် ရှိနေဆဲဖြစ်သည့် မျက်စိမှိတ် ဘက်လိုက်မှုများနှင့် လူဦးရေ၏ အစိတ်အပိုင်းများတွင် ဆက်လက်ကြုံတွေ့နေရသည့် ခွဲခြားဆက်ဆံမှုများ  အပါအဝင် နိုင်ငံအတွင်းမှ လူများစု-လူနည်းစု ဆက်ဆံရေးနှင့် ပတ်သက်သော ကျယ်ပြန့်သည့် အရွေ့၏ အစိတ်အပိုင်း ဖြစ်သည်။ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအပေါ်တွင် နိုင်ငံတကာ၏ ပြင်းထန်သော တုန့်ပြန်မှုများ ရှိခဲ့ချိန်တွင်  မြန်မာန်ိုင်ငံအတွင်းတွင်မူ ဤသို့စစ်ဆေးခြင်းက လက်တွေ့ အမှန်တရားကို အပြင်လူများနားမလည်ကြပဲ တိုင်း ပြည်အပေါ် မမျှတစွာအပြစ်တင်နေသည်ဆိုသည့် အချို့လူများကြားမှ အယူအဆကို နောက်ထပ်ဒေါသဖြစ်အောင် ဆွပေးသလိုသာ ဖြစ်ခဲ့သည်။

ရိုဟင်ဂျာ ပြဿနာက မြန်မာနိုင်ငံတွင် မည်သို့ဖြစ်ပေါ်ခဲ့သည်ကို သမိုင်းဆိုင်ရာနှင့် ခေတ်ပြိုင်အမြင်တခုဖြင့် သတိမမူမိခဲ့ကြသူများအတွက် ယခုကိစ္စက အံ့သြစရာ ဖြစ်ကောင်းဖြစ်နိုင်သည့်တိုင်အောင် သဟိဂ်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာခြင်းနှင့် ပတ်သက်၍ အလားတူ အရွေ့များကို မြင်တွေ့ရရန် ကျနော်တို့ မျှော်လင့်နိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ရောက်လာခြင်းနှင့် တပြိုင်နက်တည်းလိုလိုတွင် ဆန္ဒပြပွဲများပြုလုပ်ရန် လော်ဘီလုပ်သူများက စီစဉ်ထားပြီးဖြစ်သည့် အပေါ်တွင် သတင်းခေါင်းစဉ်များက အလေးပေးကြနိုင်ပါသည်။

ပြီးခဲ့သည့် အပတ်အတွင်းက ကျနော်တို့ တွေ့ခဲ့ရပြီး ဖြစ်သည်တို့နှင့် အလားတူပင် ဖြစ်သည်။ ထိုဆန္ဒပြပွဲများက ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်၍ မြန်မာအစိုးရအပေါ် ကျယ်ပြန့်သည့် ထောက်ခံမှု၏ ပုံရိပ်တခုကို အားကောင်းစေရန် အထောက်အကူပေးလိမ့်မည်ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်၏ ပုဂ္ဂိုလ်ရေးအတွက်လည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ အခမ်းအနားများက ရိုဟင်ဂျာများကိုယ်တိုင် အပါအဝင် တိုင်းပြည်နှင့် ပတ်သက်၍ မကျေနပ်မှုများ ကာလရှည်ကြာစွာရှိခဲ့သော တိုင်းရင်းသားလူနည်းစုများ၏ အသံများကို ကျယ်လောင်စွာ မကြားရနိုင်ဘဲ တိုင်းပြည်၏ နိုင်ငံရေး အခြေအနေအရ မည်သို့ဖြစ်နေစေ စိတ်ထဲတွင်ထားရန်က အရေးကြီးသော ပိုမိုရှုပ်ထွေးသည့် ပကတိတရားကို ဖုံးကွယ်ခြင်းလည်း ဖြစ်ပါလိမ့်မည်။

ဒုတိယ ပြည်တွင်းအရွေ့မှာ တိုင်းပြည်၏ နိုင်ငံရေး ပြက္ခဒိန်ဖြစ်သည်။ နောက်နှစ်တွင် ကျင်းပရန် မျှော်လင့်ထားသော ရွေးကောက်ပွဲဆီသို့ တိုင်းပြည်က နီးကပ်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က သဟိဂ်သို့ ရောက်လာခြင်း ဖြစ်သည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် သေချာသည်ဟု မျှော်လင့်ရသော်လည်း အာဏာရပါတီ အနေဖြင့် ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ စိန်ခေါ်မှုများနှင့် ဆက်တိုက်ရင်ဆိုင်နေရသည်။ စီးပွားရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုးတက်မှု မရှိခြင်းပါဝင်သလို ရိုဟင်ဂျာပြဿနာကြောင့် တစိတ်တပိုင်းဖြစ်ရသော အရေးပါသည့် အနောက်တိုင်း နိုင်ငံအချို့နှင့် ဆက်ဆံရေး ကျဆင်းမှုကို စီမံခန့် ခွဲနိုင်မှု မရှိခြင်းလည်း ပါဝင်သည်။

ကြားဖြတ်ရွေးကောက်ပွဲကဲ့သို့ စမ်းသပ်ချက်များမှာလည်း NLD ၏ လူကြိုက်များမှုအပေါ် မျှတသော အကဲဖြတ်ချက် အသေအချာ မဖြစ်နိုင်သည့်အချိန်တွင် NLD က လွှတ်တော်ကိုယ်စားလှယ်နေရာများ ဆုံးရှုံးခဲ့ရခြင်းက လာမည့်ရွေးကောက်ပွဲတွင် ၎င်း၏ အနိုင်ကို သေချာစေလိုလျှင် လုပ်ဆောင်ရန် အချို့ရှိနေသည့် အချက်ကို ဖော်ပြနေသည်။

သဟိဂ်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာခြင်းက မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် ICJ မှ အမှုကို တုန့်ပြန်ခြင်းဟု သဘောသက်ရောက်သည့်တိုင် ရွေးကောက်ပွဲက နီးကပ် လာနေခြင်းကြောင့် လူကြိုက်များစေမည့် အရင်းအမြစ်တခုအဖြစ် တိုင်းပြည်ကို သူ၏ ကာကွယ်ခြင်းအပေါ် ပုံအောထားခြင်းဆိုသော အဓိပ္ပါယ်ဖြစ်ပါသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုများထဲတွင် သူက တိုင်းပြည်၏ ဂုဏ်သိက္ခာကို အပြင်လူများနှင့် ဆန့်ကျင်ရင်ဆိုင်၍ မျိုးချစ်စိတ်ရှိစွာ ကာကွယ်နေသည် ဆိုသည့်အချက်ကို ခိုင်မာအားကောင်းစေမည့် အကျပ်အတည်းကာလတခုအတွင်း ရေတို လူကြိုက်များမှု၊ ထောက်ခံမှုကို တိုးမြှင့်လိုသည့် ခံစားချက်တခု ရှိနေခဲ့လျှင်လည်း အံ့သြစရာမဟုတ်ပါ။

အမှန်တကယ်တွင်လည်း ပြီးခဲ့သည့် လအတွင်းတွင် သူ၏ ရုံးက Facebook မှ တဆင့် ထုတ်ပြန်ခဲ့သည့် ဒါ်အောင်ဆန်းစုကြည် သွားရောက်ခြင်းက ICJ တွင် မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်သည် ဟုပြောကြားထားသော မူလကြေညာချက်တွင် ထိုသဘောတရား၏ အနှစ်သာရကို အမိဖမ်းထားသည်။ ပြီးခဲ့သည့် အပတ်အတွင်းက ကျနော်တို့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည့် လူထုချီတက်ပွဲအချို့ တွင်လည်း ထိုအချက်ကို ပဲ့တင်ထပ်ခဲ့သည်။

တတိယ အရွေ့မှာ တိုင်းပြည်၏ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အခြေအနေဖြစ်သည်။ ရိုဟင်ဂျာပြဿနာ သို့မဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အနေအထားကဲ့သို့သော ကိစ္စများနှင့် ပတ်သက်လာလျှင် ဒေါ်အောင်ဆန်းစုကြည်က မီးမောင်းထိုးခံရလေ့ရှိသည့် အချိန်တွင် အရပ်သားအစိုးရတခုက အုပ်ချုပ်နေသည့်တိုင် တိုင်းပြည်တွင် တပ်မတော်က သိသာထင်ရှားသည့် အာဏာကို ဆက်လက်ထိန်းသိမ်းထားဆဲဆိုသည့် အချက်က မှေးမှိန်နေခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည် တာဝန်ယူခဲ့သည့် အချိန်မှစ၍ အခြေအနေအချို့တို့၌ သူနှင့် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တိုင်းပြည်၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင်များကြားမှ တင်းမာမှုများနှင့် ပတ်သက်၍ ပြောဆိုမှုများ ရှိခဲ့သည်။

အဆိုပါ အရွေ့များက ICJ အမှုတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ကာကွယ်ရခြင်း၏ သံသယရှိရန် မလိုသော အကြောင်းရင်းများ ဖြစ်ပါလိမ့်မည်။  သဟိဂ်သို့ ခရီးစဉ် မတိုင်မီတွင် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ် အတွင်း ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုများနှင့် သူတို့၏ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာ၊ ထိပ်တန်းပုဂ္ဂိုလ်များထံမှ ထောက်ခံမှုအဆင့် (တပ်မတော်ဘက်မှ သူနှင့်အတူ လိုက်ပါရန်ရှိ/မရှိ အထိ) အပါအဝင် ဤအခြေအနေနှင့် ပတ်သက်၍ တပ်မတော်၏ တုန့် ပြန်မှုအပေါ် စေ့စေ့စပ်စပ် စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်ကို ကာကွယ်မှုက ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် တပ်မတော်နှင့် သူ၏ ကြားတွင်ရှိခဲ့သော တင်းမာမှုအချို့ကို ဖြေရှင်းရန် အထောက်အကူ ပေးနိုင်လိမ့်မည့် အသွင်ရှိနေသော်လည်း အဓိက ကျသည့် မေးခွန်းမှာ နောက်တနှစ်တွင် ကျင်းပမည့် ရွေး ကောက်ပွဲသို့ ဦးတည်နေသော အချိန်၌  ပြင်းထန်သော သဘောထားကွဲလွဲမှုကို ဆက်ဖြစ်စေမည့် မြောက်များစွာသော အကြောင်းကိစ္စများအရဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ယခု လုပ်ဆောင်ချက်က အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၏ ကျယ်ပြန့်သည့် အခြေအနေအပေါ်တွင် မည်သို့သက်ရောက်မည်နည်း ဟူ၍ပင် ဖြစ်ပါလိမ့်မည်။

ယခု ဒေါ်အောင်ဆန်းစုကြည် ICJ  ၌ ရောက်ရှိနေသည့် အတောအတွင်းတွင် အများစုက သူ၏ နိုင်ငံတကာ ပုံရိပ်နှင့် ပုဂ္ဂိုလ်ရေးစွမ်းဆောင်ချက် အပေါ် အာရုံစိုက်နေကြမည် ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးမှ သိမ်မွေ့သောကွဲပြားမှုများနှင့် ပတ်သက်၍ ကျနော်တို့ အနည်းငယ်မျှသာ ကြားရနိုင်ပါသည်။ သို့သော်လည်း အဆိုပါ နိုင်ငံရေး အရွေ့များက နောက်လာမည့် ရက်အနည်းငယ်အတွင်းတွင် ပေါ်ပေါက်လာမည့် အခြေအနေများကို အရောင်ချယ်ပေးမည်သာမက ဒေါ်အောင်ဆန်းစုကြည် သဟိဂ်သို့ ရောက်လာပြီး ကာလများစွာကြာမြင့်ပြီးနောက် ၂၀၂၀ ခုနှစ်သို့ ရောက်သည့်အချိန်အထိလည်း ဆက်လက်၍ သက်ရောက်နေမည် ဖြစ်ခြင်းကြောင့် ဆက်လက်၍ သတိထားစောင့်ကြည့်သွားရန် အရေးကြီးပါသည်။

(The Diplomat အွန်လိုင်းသတင်းဌာနမှ Prashanth Parameswaran ၏ Suu Kyi’s Hague Appearance: Minding Myanmar’s Domestic Political Dynamics in the ICJ Genocide Case ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း နိုင်ငံအနှံ့ ထောက်ခံပွဲများပြုလုပ်

ပြည်ပ ဖိအားကို ပြည်တွင်း ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ခြင်းဖြင့် တုံ့ပြန်ပါ

ကိုဖီအာနန် ကော်မရှင် ဖွဲ့မှ အရပ်ကယ်ပါ လူဝိုင်းပါ ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်က မှားပါတယ်

The post ICJ အမှုတွင် ပြည်တွင်းနိုင်ငံရေးအပေါ် ဦးစားပေးလေ့လာခြင်း appeared first on ဧရာဝတီ.


မြစ်၊ ရေ၊ ကျွန်း၊ ကျွန်းသားများနှင့် ဘိုးဘိုးကြီးကို ကာကွယ်ပေးပါ

$
0
0

မြစ်များသည် လူသားများ အခြေချရာ လမ်းကြောင်းပြ မြေပုံများဖြစ်သည်။ မြစ်ကိုအခြေတည်၍ အလေ့အထ၊ ဓလေ့၊ ရိုးရာ၊ ယဉ်ကျေးမှုများ သန္ဓေတည်လာခဲ့သည်။ ရွာများ၊ မြို့ပြများ တည်ထောင်လာခဲ့ကြသည်။ မြစ်သည် လူမျိုး၏ စရိုက်လက္ခဏာ၊ နိုင်ငံတော်၏ အမှတ်သရုပ် ဖြစ်လာခဲ့ကြသည်။ မြစ်သည် အစားအစာကိုပေးသည်၊ ရေကိုပေးသည်၊ နေရာကိုပေးသည်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ပျော်ရွှင်မှုကိုလည်း ပေးသည်။ လူများသည် မြစ်အပေါ် မှီခိုရသည်။

အဆိုပါ အမှီသဟဲ ပြုမှုနှင့်အတူ လူမှုဓလေ့များ ဖြစ်တည်လာခဲ့ကြသည်။ အဆိုပါ လူ့ယဉ်ကျေးမှုသည် မြစ်၊ ချောင်း၊ ရေ၊ မြေ၊ တော၊ တောင်ကို ချစ်ခင်နှစ်လိုသည့် စိတ်နှင့်အတူ ပြန်လည်စောင့်ရှောက်သည်။ ဤနည်းဖြင့် ခံနိုင်ရည်ရှိသော ရှင်သန်မှုပုံစံကို ပေးစွမ်းသည်။

မြန်မာပြည်တွင် မြောက်ဖျားစွန်း ရေခဲတောင်အရပ်မှ တောင်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသအထိ ဒေါင်လိုက် အထက်မှ အောက်သို့ စီးဆင်းနေသော ဧရာဝတီမြစ်ကြီး ရှိသည်။ ၃၄ သန်း (၆၆ ရာခိုင်နှုန်း) သော မြန်မာပြည်သူများသည် မြစ်ဧရာ၏ မြစ်ဝှမ်းများ တလျှောက်တွင် မှီတင်းနေထိုင် အသက်မွေးကြသည်။ မြစ်၏တနေရာရာ (သို့မဟုတ်) နေရာ အတော်များများတွင် မြစ်ကြောင်း ဂေဟစနစ်ကို ပျက်စီးစေသည့် လုပ်ဆောင်ချက်များသည် မြစ်တခုလုံးအပေါ် သက်ရောက် ပျက်စီးစေနိုင်သည်။ ထို့အတူ မှီတင်းနေထိုင်သူများ၏ စားဝတ်နေရေးလည်း အခက်ကြုံလာပါမည်။ မြစ်ကို စောင့်ရှောက်ခြင်းသည် ထိုသူများ၏ ဘဝများကို စောင့်ရှောက်ခြင်းပင် ဖြစ်တော့သည်။

မြစ်၏ သယံဇာတသည် လူတို့၏ စားဝတ်နေရေး ဖူလုံမှုသာမက၊ အခြားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးသည်။ သို့သော် အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများသည် မြစ်၏ဂေဟစနစ်ကို ထိခိုက် ပျက်စီးစေသည်။

မြစ်၏ဂေဟစနစ်ကို လေ့လာသည့်အခါ လူမှုဝန်းကျင်ကို ထည့်သွင်းလေ့လာပါမှ ပြည့်စုံမည်/ခင်ဇာခြည်လတ်

ဧရာဝတီမြစ်ကြောင်းနှင့် မြစ်ဝှမ်းဒေသများတွင် ကြီးမားသော တာတမံများဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ထည့်သွင်းမစဉ်းစားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူခြင်း၊ စက်ရုံအလုပ်ရုံများမှ ရေဆိုးများစွန့်ထုတ်ခြင်း၊ မြစ်သဲ၊ ကျောက် အလွန်အကျွံ ထုတ်ယူခြင်း စသည့် ပြဿနာများရှိသည်။

တမံများကြောင့် မြစ်အောက်ပိုင်း အနည် ပို့ချမှုကို အဟန့်အတားဖြစ်နိုင်ကာ နုန်းတင်မြေနု စိုက်ပျိုးမြေများနည်းလာသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူခြင်းများကြောင့် ရေထိန်းပေးသည့် သစ်တောနေရာများပြုန်းလာသည်။ စွန့်ပစ်ရေဆိုးများကြောင့် မြစ်ရေညစ်ညမ်းလာသည်။ ထို့အတူ မြစ်သဲကျောက် အလွန်အကျွံထုတ်ယူခြင်းဖြင့်လည်း ကမ်းပါးပြိုမှုများ၊ မြစ်လမ်းကြောင်းပြောင်းမှုများ၊ သားငါး ရှာပါးလာမှုများ ဖြစ်လာသည်။ ၂၀၁၈ ခုနှစ် WWF ၏ ဧရာဝတီမြစ်နှင့် မြန်မာ့စီးပွားရေး အစီရင်ခံစာအရ ဧရာဝတီ မြစ်အောက်ပိုင်းတွင် မြစ်ကမ်းပါးပြိုမှုနှုန်းသည် အခြားနေရာဒေသများထက် ရာခိုင်နှုန်းများနေသည်။ ချင်းတွင်းမြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်ဒေသသည်လည်း ထိုနည်းတူ ရင်ဆိုင်နေရသည်။

အဆိုပါအခြေအနေများတွင် မြစ်အတွင်းနှင့် မြစ်ဝှမ်းတလျှောက် မှီတင်းနေထိုင်သူများအပေါ် မည်သို့သော အကျိုးဆက်များ သက်ရောက်နေပါသလဲ၊ ဒုက္ခများမှ ရုန်းထနိုင်စွမ်းအား ရှိပါရဲ့လား စသည့် အမေးများ ရှိလာခဲ့သည်။ ဂေဟစနစ်နှင့် လူမှုဓလေ့ (တနည်း) ယဉ်ကျေးမှု ကွင်းဆက်အရ မြစ်အပေါ်မှီခိုရသည့် လူမှုဘဝပုံစံတွင် အခြေတည် ရှင်သန်လာခဲ့ကြသည့် ရိုးရာ၊ ဓလေ့၊ ကိုးကွယ်ယုံကြည်မှုများ ရှိနေမည်မှာ အသေအချာပင်။ ထိုအရာများသည် ထိုသူတို့ ရှင်သန်ကျင်လည်နေကြသည့် လူမှုဘဝထဲတွင် ပါဝင်စီးမျော နေကြလိမ့်မည်။

မြစ်၏ဂေဟစနစ်ကို လေ့လာသည့်အခါ အဆိုပါလူမှုဝန်းကျင်ကို ထည့်သွင်းလေ့လာပါမှ ပြည့်စုံမည်ဟု ယူဆသည်။ ထိုမှတဆင့် ရေအကြောင်း၊ မြစ်အကြောင်း၊ လူ့အဖွဲ့အစည်းများ အကြောင်း၊ တီထွင်ဖန်တီးမှုများအကြောင်း၊ ရုန်းထနိုင်စွမ်းအားများအကြောင်းကို သင်ယူ လေ့လာနိုင်မည်ဖြစ်သည်။

တက်သစ်ကျွန်း၏ အဓိက အသက်မွေးလုပ်ငန်းမှာ ကိုင်းလုပ်ငန်းဖြစ်သည်/ခင်ဇာခြည်လတ်

ယခုလေ့လာမှုသည် ဧရာဝတီ မြစ်ကြောင်းတလျှောက် သဘာဝပတ်ဝန်းကျင်၊ လူမှုစီးပွား၊ ရေနှင့် လူမှုဓလေ့ လေ့လာမှု၏ အစိတ်အပိုင်းတခု ဖြစ်သည်။ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဧရာဝတီမြစ်လယ်ရှိ တက်သစ်ကျွန်းတဝိုက်ရှိ မြစ်သဲကျောက် အလွန်အကျွံထုတ်ယူမှုပြဿနာနှင့် ကျွန်းသူ၊ ကျွန်းသားများ၏ လူမှုဘဝ၊ ရေနှင့်ပတ်သတ်သည့် ဓလေ့၊ ကိုးကွယ်ယုံကြည်မှုများကို လေ့လာမှတ်တမ်းတင်ခဲ့ပါသည်။

လေ့လာမှုကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅၊ ၂၆ နှင့် မတ်လ ၂၃၊ ၂၄ အတွင်း ပြုလုပ်ခဲ့ပါသည်။

တက်သစ်ကျွန်းတခွင်

တက်သစ်ကျွန်းသည် ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်နှင့် ပန်းတောင်းမြို့နယ် နယ်နိမိတ်နှစ်ခုအောက်တွင် ရှိသည်။ အနည်းဆုံး နှစ်ပေါင်း ၂၀၀ ခန့်ရှိပြီဟု ခန့်မှန်းကြသည်။ ကျွန်းအရှည်မှာ ၃ မိုင်ခန့် ရှိပြီး အကျယ်မှာ ၆ ဖာလုံခန့် (၁ မိုင် မပြည့်) ရှိသည်။ အိမ်ခြေ ၄၂၂ လုံး ရှိပြီး လူဦးရေ ၁၈၀၀ မှ ၂၀၀၀ ခန့် နေထိုင်ကြသည်။ ရပ်ကွက် ၅ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည်။ အောက်ဆွဲ၊ ဘန့်ဘွေကုန်း၊ အနောက်ကုန်း၊ သာယာကုန်း၊ ထိပ်ပိုင်း ရပ်ကွက်များဖြစ်သည်။ မြေစာရင်းရုံး အချက်အလက်အရ စိုက်ပျိုးမြေ ဧက ၁၀၀၀ ခန့် ရှိသည်။ ရပ်ရွာမှ ဧက ၅၀၀ ခန့်ရှိသည့်ဟု ခန့်မှန်းကြသည်။ ၁၉၉၄ ခုနှစ်တွင် ကျွန်းထိပ်ပိုင်း ပြိုကျ၍ ကိုင်းမြေ ဧက ၁၀၀ ကျော် ကမ်းပြိုသည့်အထဲ ပါသွားသည်။

အဓိက အသက်မွေးလုပ်ငန်းမှာ ကိုင်းလုပ်ငန်းဖြစ်ပြီး ခရမ်းချဉ်၊ ချဉ်ပေါင်၊ ခရမ်းသီး၊ ဘူးသီး၊ ပြောင်းဖူး သခွားမွှေး၊ ကြက်ဟင်းခါးသီး စိုက်ကြသည်။ ကျွန်း၏ အဓိကထွက်ကုန်များ ဖြစ်သည်။ မြေဆီမြေနှစ်ကောင်း၍ သဘာဝအတိုင်း စိုက်ကြသည်။ ရေလုပ်ငန်း (တံငါ) လုပ်သူ ၂၀၀ ခန့်ရှိသည်။ ကျန်သူများမှာ လက်လုပ်လက်စားများဖြစ်သည်။ ရာသီဥတုကြောင့် သီးနှံ မကောင်း၊ ကျွန်းရှိ စိုက်ပျိုးမြေ ပြိုမှုအခြေအနေများကြောင့် အခြားနေရာများသို့ ရွှေ့ပြောင်းနေထိုင်သူ၊ ရွှေ့ပြောင်း အလုပ်လုပ်ကြသူ များလာသည်။

တက်သစ်ကျွန်းနတ်ပွဲက ကန္နားစီး/ခင်ဇာခြည်လတ်

ရွာတွင် ကျယ်ပြန့်သော စားကျက်မြေရှိသည်။ သက်ရင့် ပိတောက်ပင်၊ မရမ်းပင်၊ လက်ပံပင်၊ ဇီးပင်များ ရှိသည်။ ဘုန်းကြီးကျောင်း ၃ ကျောင်းနှင့် ရှေးဟောင်း ကြေးသွန်းဘုရားကြီးရှိသည်။ နှစ်စဉ် ပြာသိုလတွင် ရေလုပ်သားများမှ ဦးရှင်ကြီး နတ်တင်ပွဲ ပြုလုပ်သည်။ တပေါင်းလပြည့် (မတ်လ ၂၃၊ ၂၄) တွင် ကျွန်းပိုင်ဘိုးဘိုးကြီး နတ်ပွဲရှိသည်။

ရှေးယခင်က နှစ်စဉ်ကျင်းပသော်လည်း၊ ယခုအခါ ၃ နှစ်တကြိမ်ကျင်းပသည်။ တန်ဆောင်မုန်းလကုန် နှင့် သီတင်းကျွတ်လတွင် ကမ်းပြိုမှုကို ကာကွယ်ရန် သောင်ပေါ်တွင် ကိုင်းရိုးထိုးကြသည်။

ကျွန်းပိုင်ဘိုးဘိုးကြီးနတ်

တက်သစ်ကျွန်းသည် ဧရာဝတီမြစ်ထဲတွင် တည်ရှိသည်။ ကျွန်း၏ တည်နေရာ၊ လူမှုဘဝနှင့် ကျွန်းသားများ၏ အသက်မွေးဝမ်းကြောင်းအပေါ် အခြေတည်၍ ဓလေ့၊ ရိုးရာ၊ ကိုးကွယ်ယုံကြည်မှုများ ရှိလာခဲ့သည်။ ကျွန်းပေါ်တွင် ဘိုးဘိုးကြီး နတ်နန်းရှိသည်။ ၃၇ မင်းနတ်များထဲတွင် မပါဝင်သည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ စိမ့်စမ်း၊ တောတောင်၊ ရပ်ရွာအလိုက် အပိုင်စားရသည့်၊ နယ်ကို စောင့်ရှောက်သည့် ဒေသနတ်များရှိသည်။

တက်သစ်ကျွန်းမှာ မကွေးတိုင်း ကံမလမ်းခွဲမှ ပဲခူးတိုင်း ဥသျှစ်ပင် တဖက် ကံ့နီ ချင်းမောင်နှမအပိုင် နယ်စပ်အထိ အပိုင်စားရသည့် သူရဲစီးအဘိုး၊ အဘွားစောင့်ရှောက်သည့် နယ်မြေထဲတွင် ရှိသည်။ တက်သစ်ကျွန်းကို ဘိုးဘိုးကြီးအား နယ်စားပြန်ပေးသည့်သဘော ဖြစ်သည်။ ကျွန်းဖြစ်လာပြီးနောက် ကျွန်းကို ရွာတည်သည့်အခါ ကျွန်းပိုင်အနေနှင့် ကိုးကွယ်ကြသည်။

ဘိုးဘိုးကြီးအား ပူဇော်သည့် နတ်ပွဲကျင်းပလာသည်မှာတော့ အနှစ် ၂၀ ကျော်၊ ၃၀ နီးပါးရှိပြီ/ ခင်ဇာခြည်လတ်

ဘိုးဘိုးကြီး၏ နောက်ကြောင်းရာဇဝင်ကိုတော့ ဒေသခံများ သေချာစွာမသိကြ။

“ကျွန်းမှာနေလို့ ကျွန်းပိုင်လို့ခေါ်တာ၊ တကယ်တော့ ရွာတော်ရှင်ပဲ။ ရွာတော့်ရှင် (ရွာတော်ရှင်) ဘိုးဘိုးကြီး၊ ရွာလယ်ဘိုးဘိုးကြီး ခေါ်တယ်၊ အင်းပိုင်၊ ကျင်းပိုင်၊ တောပိုင်၊ တောင်ပိုင်တွေက ဘိုးတော်တွေပဲ ဖြစ်တယ်” ဟု နတ်ပွဲ ကနားစီးက ရှင်းပြသည်။

ဒေသခံများအနေနှင့် ”ကျွန်းကို စောင့်ရှောက်တယ်၊ မတယ်၊ ကျွန်းပိုင်ကြီး” ဟူ၍ ကျွန်းကိုစောင့်ရှောက်သည့် ပုဂ္ဂိုလ်အနေဖြင့် ကိုးကွယ်ယုံကြည်ကြသည်။ ပုံတော်ထု၊ နတ်ကွန်းဆောက်ပြီး ကိုးကွယ်ထားသည်။

ရွာ၏နတ်နန်းတွင် ကျွန်းပိုင်ဘိုးဘိုးကြီးအပြင် ရွာသားများ၏ မိမိတို့ရိုးရာအလိုက် ကိုးကွယ်ကြသည့် နတ်တွေကိုလည်း တပါတည်း ပူဇော်ထားကြသည်။ ရှေးယခင်ကတည်းက အစဉ်အလာအနေနှင့် ဝါဝင်၊ ဝါထွက်သည့်အခါ အုန်း၊ ငှက်ပျောပွဲ၊ ကောက်ညှင်းပေါင်း၊ ဖရောင်းတိုင်၊ အမွှေးတိုင်နှင့် နတ်နန်းတွင် ကန်တော့ကြသည်။ အိမ်တွင် ရိုးရာနတ်တင်သည့်အခါတိုင်း ပင့်ဖိတ်ပြီး ပူဇော်သည်။ မင်္ဂလာဆောင်၊ အလှူအတန်းနှင့် စီးပွားရေးလုပ်ငန်းအသစ် စတင်သည့်အခါတွင်လည်း နတ်နန်းတွင် ပွဲကန်တော့သည်။

ဘိုးဘိုးကြီးအား ပူဇော်သည့် နတ်ပွဲကျင်းပလာသည်မှာတော့ အနှစ် ၂၀ ကျော်၊ ၃၀ နီးပါးရှိပြီ။ ၃ နှစ်တစ်ကြိမ် နတ်ပွဲလုပ်သည်။

အိမ်တွင်ရိုးရာနတ်တင်သည့်အခါ ကျွန်းပိုင်ဘိုးဘိုးကြီးကိုပါ ပွဲပေးသည်။ ပုံကားချပ်ထားပြီး ပူဇော်တာမျိုးမဟုတ်၊ စိတ်နှင့်ပင့်ဖိတ် ပူဇော်သည်။ အုန်း၊ ငှက်ပျော၊ နှင်းဆီ၊ သပြေပန်း၊ လက်ဖက်၊ ကွမ်းယာ၊ အမွှေးတိုင်နှင့် ပူဇော်သည်။ ညဦးကတည်းက ကန်တော့ပွဲပြင်၊ ခုံအလွတ်တခုချထားပြီး ပင့်ဖိတ်ထားသည်။

ပူဇော်သည့်အခါ “စီးပွားရေး လာဘ်လာဘများ ဖွင့်ပေးပါ၊ အတားအဆီး အနှောက်အယှက်များ ဖယ်ရှားပေးပါ၊ မိသားစုကို စောင့်ရှောက်ပေးပါ” ဟု နှုတ်ဖြင့် ပြောသည်။ “အဒေါ်တွေ သင်ပေးတဲ့တိုင်းပေါ့၊ မှတ်မိသလောက်” ဟု ဒေသခံ အမျိုးသမီးတဦးက ပြောပြသည်။

ဒေသခံ အဖွားတဦးကလည်း “ဘေးအပေါင်း၊ ရန်အပေါင်း ဖယ်ရှားပါ၊ ပိုးမွှားတိရစာ္ဆန် ဖယ်ရှားပေးပါ၊ အဆိပ်ရှိ သတ္တဝါတွေ ဖယ်ရှားပေးပါ၊ ဆုလာဘ် ပွင့်လန်းအောင်လည်း ပေးသနားပါ၊ လုပ်ငန်း ကိုင်ခန်း စီးပွားရေး အဆင်ပြေအောင်၊ လှူနိုင်တန်းနိုင်အောင် စောင်မပါ” ဟု အဓိဌာန်ပြုကာ ဆုတောင်းသည်ဟု ဆိုသည်။

“ဘိုးဘိုးကြီးက မတယ်၊ လုပ်ငန်းကိုင်ငန်းအဆင်ပြေတယ်၊ ကိုင်းလုပ်တာ အဆင်ပြေတယ်” ဟု ၎င်းက ဆိုသည်။

နတ်ပွဲကျင်းပသည့်နေ့ မနက် ၆ နာရီလောက်တွင် ရွာရှိ အကြိုလှည်းအဖွဲ့က ကမ်းစပ်တွင် အတန်းလိုက် စောင့်နေကြသည်။ နတ်ကနားစီးနှင့် ဆိုင်းအဖွဲ့၏ ပစ္စည်းများတင်ပြီးသည့်အခါ လှည်းတန်းရှည်ကြီးမှာ ရွာကို စည်တော်ယွန်းပြီး ဝင်သည်။ ပွဲလုပ်သည့်အခါ ရှေးအစဉ်အလာအတိုင်း ရွာမှ သူ့အပိုင်းနှင့် သူတာဝန်ခွဲဝေယူကြသည်။ သာယာကုန်းရွာနှင့် ထိပ်ပိုင်းရွာမှ အယူ (အကြို) ကို တာဝန်ယူသည်။ ပြန်အပို့အတွက် အောက်ဆွဲရွာနှင့် ဘန့်ဘွေးကုန်းရွာ၊ နတ်နန်းနှင့်နီးသည့် ကျွန်းအလယ်ပိုင်းရှိ အနောက်ကုန်းရွာမှ ပွဲကျင်းပသည့် ကာလအတွင်း လိုအပ်သည်များကို ကူသည်။ နတ်ပွဲဖြစ်မြောက်ရန် တအိမ်ကို ၃၀၀၀ ကျပ်နှုန်း ငွေစုရာ ၁၂ သိန်းရသည်ဟု ပြောသည်။

ယခင်က အိမ်တွေမှာ သပ်သပ်နတ်ပွဲပေးတာရှိကြောင်း၊ ယခုအချိန်တွင် တကျွန်းလုံး၏ အလှူ နတ်ပွဲ အဖြစ် လုပ်ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောပြသည်။ နတ်ပွဲကို တညနှင့် တရက် ကသည်။

နတ်ပွဲ ပထမရက်၊ ညပိုင်း ၈ နာရီခွဲခန့်တွင် ဘုရားပင့်၊ နတ်ပင့်ပြီး နတ်ညီလာခံကို စတင်သည်။

“တက်သစ်ကျွန်းကျေးရွာသူ၊ ကျေးရွာသား ၇ ရက်သားသမီးတို့သည် ယနေ့ ရွာဦး၊ ရွာ့တည်၊ ရွာနယ်နိမိတ် စံမြန်းတော်မူသော ကျွန်းနယ်ရှင် ရွာမိ၊ ရွာဖ၊ ရပ်မိ၊ ရပ်ဖကြီးကို ယနေ့ ကျေးဇူးပြုမယ့်နေ့ ရောက်ပါပြီ။ နယ်စည်းသခင် ကျေးဇူးရှင် ကိုးမြို့ရှင်မောင်နှမကို ဦးထိပ်ထားလို့ ဤနေရာ ဤဒေသမှာ ရှိကြကုန်သော ၃၇ မင်းနတ်ဒေဝါ ၁၁၇ ပါးသော နတ်ဒေဝါ အပေါင်းအား ဦးထိပ်ထားလို့ ကျွန်းနေ ဒကာ၊ ဒကာမအပေါင်းတို့၏ ချွေးနည်းစာ ပကာ၊ သကနဲ့ တနှစ်တာ အေးချမ်းဖို့အရေး ယနေ့ ဗုဒ္ဓရှင်တော် မြတ်စွာဘုရားအား ဦးစွာ စတင်၍ကန်တော့ကြပါမည်”ဟုဆိုကာ နတ်ပွဲကို စတင်လေသည်။

နတ်တွေကို ပင့်ဖိတ်သည့်အခါ ဧရာဝတီ မြစ်စောင့်နတ် ယက္ခညီနောင် ၃ ပါးကိုလည်း ပင့်ဖိတ်သည်။

“ဧရာဝတီမြစ်ဘေးတွင် နေထိုင်ပါသောကြောင့် ပြုံးမင်း၊ ပျော်မင်း၊ ကာယံမင်း ဆိုတဲ့ ဧရာဝတီကို စောင့်ရှောက်တဲ့ ယက္ခညီနောင် ၃ ပါးပါမကျန် ပင့်ဖိတ်ကြောင်း၊ ဧရာဝတီမြစ်ဆို သူတို့အပိုင်စားရတယ်၊ သူတို့စောင့်ရှောက်တယ်၊ တံငါလုပ်ရင်းသေတော့ နတ်ဖြစ်တာ၊ နတ်စိမ်းပေါ့။ ဒါ့ကြောင့် ရေလုပ်တဲ့ လုပ်သားတွေ၊ ကျောက်လုပ်တဲ့ မော်တော်သမားတွေက သူတို့ကို တင်ရ၊ မြှောက်ရတယ်” ဟု ကနားစီးက ရှင်းပြသည်။

မြစ်သဲ၊ ကျောက်စုပ်ထုတ်လို့ ကမ်းပါးပြိုတယ်

နေ့စဉ် လူမှုဘဝတွင် မြစ်သဲ၊ ကျောက် အလွန်အကျွံထုတ်ယူမှု ပြဿနာကို တက်သစ်ကျွန်းသူ၊ ကျွန်းသားများ ရင်ဆိုင်နေရသည်။ လက်ရှိတွင် ကျွန်းရှိ စိုက်ပျိုးမြေနေရာများ ပြိုကျနေပြီး တံငါလုပ်ငန်းများလည်း ရပ်ထားနားထားရသည်။

မြစ်သဲ၊ ကျောက် ထုတ်ယူမှုသည် စည်းမျဉ်း၊ စည်းကမ်းကြပ်မတ်မှု အလျော့ရဲဆုံးနှင့် အများသူငါ ဂရုမထားမိကြသည့် ဈေးအသက်သာဆုံး၊ ပေါပေါများများ အရနိုင်ဆုံးသော ရေအောက်အရင်းအမြစ် ဖြစ်သည်။ ထို့အပြင် မြို့ပြ ကွန်ကရစ်အဆောက်အဦများ၊ လမ်းများ ဆောက်လုပ်သည့်အခါ သဲ အချိုးအဆပါဝင်မှုမှာ ၈၀ ရာခိုင်နှုန်းရှိသည်ဟု ပညာရပ်ဆိုင်ရာများက ဆိုသည်။

မြစ်သဲ၊ ကျောက် အလွန်အကျွံထုတ်ယူနေကြသည်/ခင်ဇာခြည်လတ်

လက်ရှိ မြန်မာပြည်တွင် အဆောက်အဦ၊ လမ်း၊ တံတား၊ တမံ တည်ဆောက်မှုများအတွက် မြစ်သဲ၊ ကျောက် လိုအပ်ချက် မြင့်တက်လာနိုင်ချေရှိသည်ဟု WWF (၂၀၁၈) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ လုပ်ငန်းသဘော သဘာဝအရ လက်တွေ့တွင် သတ်မှတ်ပမာဏအတိုင်း ထုတ်ယူမှု ရှိ၊ မရှိကို သိရှိရန် ခက်ခဲသည်။ ထို့အတူ ကြပ်မတ်မှုအပိုင်းတွင်လည်း လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အားနည်းချက်များ ရှိသည်။

မြစ်သဲ၊ ကျောက် လိုအပ်ချက် မြင့်တက်လာမှုများကြောင့် မြစ်အောက်ပိုင်း မြစ်ကမ်းပါးပြိုခြင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသ ရေနစ်မြုပ်ခြင်းတို့ ဖြစ်လာမည်ဖြစ်ကြောင်း WWF ၏ အစီရင်ခံစာတွင် သတိပေးထားပြီးဖြစ်သည်။

လုပ်ထုံးလုပ်နည်းအရ မြစ်သဲ၊ ကျောက် လုပ်ကွက် လျှောက်သည့်အခါ လုပ်ငန်းရှင်က မြေစာရင်းမြေပုံနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်လွှာတင်ရသည်။ ခရိုင်ရုံးက လိုင်စင်ချမပေးခင်တွင် ခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၏ သဘောထားမှတ်ချက်ကို တောင်းသည်။ ၎င်းက ကမ်းပြိုမှုရှိ၊ မရှိ၊ သင်္ဘောရေလမ်းကြောင်း လွတ်၊ မလွတ်ကို သဘောထားမှတ်ချက်ပေးရသည်။

ကမ်းပြိုမှုရှိ၊ မရှိကို မြေသားခိုင်မာမှု၊ ကျောက်သားနံရံရှိ၊ မရှိနှင့် သတ်မှတ်သည်။ မထိခိုက်ကြောင်း သဘောထားမှတ်ချက်ပြုပြီးပါက သဲ၊ ကျောက်လုပ်ကွက်၏ သက်ဆိုင်ရာ မြို့နယ်ကိုလွှဲပေးပြီး အမှုတွဲ တည်ဆောက်ရသည်။ အမှုတွဲဆိုသည်မှာ လုပ်ငန်းလျှောက်ထားမှု ဖြစ်စဉ်ကို ဆိုလိုသည်။

မြစ်သဲ၊ ကျောက် အလွန်အကျွံထုတ်ယူနေကြသည်/ခင်ဇာခြည်လတ်

ငါးဦးစီး၊ သဘာဝပတ်ဝန်းကျင်၊ လမ်း၊ စည်ပင် ဌာနများနှင့် ရပ်ရွာ၏ သဘောထား မှတ်ချက်ကို တောင်းရသည် (ရပ်ရွာ၏ သဘောထားမှတ်ချက်ကို တောင်းသည် ဆိုသည်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် သက်ဆိုင်ရာ ရုံးများတွင် ၁၅ ရက်ခန့် ကန့်ကွက်လွှာ ခေါ်ခြင်းဖြစ်သည်)။

ရပ်ရွာကန့်ကွက်မှု မရှိပါက အမှုတွဲဆက်လက်တည်ဆောက်ပြီး ပြည့်စုံပြီဆိုပါက မြို့နယ် အုပ်ချုပ်ရေးမှ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ပြန်တင်ပေးရသည်။ ခရိုင်ရုံးမှတဆင့် တိုင်းရုံးကို တင်ပြကာ၊ နောက်ဆုံးတွင် ဝန်ကြီး လက်မှတ်ဖြင့် ခွင့်ပြုချက်ပေးသည်။

၂၀၁၉ ခုနှစ် အချက်အလက်အရ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ် (ပြည်ခရိုင်) တွင် လုပ်ကွက်ချထားပေးမှု ၃၈ ကွက်ရှိပြီး ခွင့်မပြုထားသည့် ကျန်လုပ်ကွက်မှာ ၃၂ ကွက်ရှိသည်။ ပြည်မြို့နယ်တွင် ခွင့်ပြု ၃ ကွက်၊ ခွင့်မပြု ၁ ကွက်၊ ရွှေတောင်မြို့့နယ်တွင် ခွင့်ပြု ၁၇ ကွက်၊ ခွင့်မပြု ၈ ကွက်၊ ပန်းတောင်းမြို့နယ်တွင် ခွင့်ပြု ၁၈ ကွက် ခွင့်မပြု ၂၃ ကွက်ရှိသည်။ တနှစ်တခါ လုပ်ကွက် လိုင်စင်ချထားပေးသည်။

အဓိက ပြဿနာမှာ အလွန်အကျွံ ထုတ်ယူမှု ဖြစ်သည်။ လုပ်ငန်းရှင်များလိုက်နာရန် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းရှိသော်လည်း လက်တွေ့ လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိကို သိရှိရန် ခက်ခဲသည်။ ၁၀ ပေ ပတ်လည်၊ အနက် ၁ ပေကို မြစ်သဲ၊ ကျောက် တကျင်း သတ်မှတ်သည်။ သဲ၊ ကျောက် စုပ်ယူနိုင်သည့် သတ်မှတ် ကွင်းအကျယ်မှာ အရှည်ဆုံး အလျား ပေ ၂၀၀၀ (တချို့မှာ ပေ ၁၀၀၀) မှ အနံ ၅၀၀၊ အနက် ၂ ပေ သတ်မှတ်သည်။ နေ့စဉ် မြစ်သဲ၊ ကျောက် ထုတ်ယူမှု၏ ပမာဏကို ဤသို့ တွက်ကြည့်နိုင်သည်။

(အလျားပေ ၁၀၀၀x အနံပေ ၅၀၀x အနက် ၂ ပေ) = ကုဗပေ ၁ သန်း

သဲနှင့် ကျောက်တင်သော တွဲသင်္ဘောများ/ခင်ဇာခြည်လတ်

ထို ကုဗပေ ၁ သန်းကို ၁၀၀ ကုဗပေ တကျင်းဖြင့် တွက်ကြည့်ပါက သတ်မှတ်ကွင်း တကွင်းတွင် ကျင်း တသောင်း (၁၀၀၀၀) အထိ စုပ်ထုတ်ခွင့်ပြုထားသည်။ အဆိုပါ တွက်ချက်မှုမှာ လက်တွေ့ စုပ်ထုတ်နေသည့် (သတ်မှတ်စည်းကမ်း ကျော်လွန်သည့်) ကျင်းအနက်အတိုင်း တွက်ချက်ထားခြင်း မဟုတ်ပါ။

စည်းမျဉ်း၊ စည်းကမ်းအရ အနက် ၂ ပေအထိသာ ထုတ်ယူခွင့်ပြုသော်လည်း လက်တွေ့တွင် အနက် ပေ ၄၀ မှ ၅၀ အထိ စုပ်ထုတ်ကြောင်း သဲ၊ ကျောက်စုပ်ထုတ်သည့် သင်္ဘောလုပ်သား တဦးထံမှ သိရသည်။ ကျင်းအရေအတွက်အတိုင်း အခွန်ငွေကို ကောက်ယူသည်။ တကျင်းကို ၂၅၀၀ ကျပ် ဖြစ်သည်။ ထို့အတွက် လုပ်ကွက် များများချပေးလေ၊ ကျင်းအရေအတွက် များလေ၊ အခွန်ငွေပိုရလေ ဆိုသည့်ဆက်စပ်မှုရှိသည်။

၂၀၁၈ ခုနှစ် နိုင်ငံတော် GDP ၏ ၅.၇ ရာခိုင်နှုန်းမှာ ဆောက်လုပ်ရေးကဏ္ဍမှ ဖြစ်သည်ဟု ကမာ္ဘ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြစ်သဲ၊ ကျောက် ထုတ်ယူမှုလုပ်ငန်းသည် နိုင်ငံတော် အခွန်ငွေရှာဖွေပေးသည့် လုပ်ငန်းတခုအဖြစ် လည်ပတ်နေသည်။ သို့သော် ဂေဟစနစ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်လျှက်ရှိသည်ကို တွေ့ရသည်။

ထို့အတွက် မြင်သာသည့် အကျိုးဆက်တခုမှာ ကမ်းပြိုခြင်း ဖြစ်သည်။ လုပ်ငန်း စည်းမျဉ်းစည်းကမ်းအရ လုပ်ကွက်ကို မြစ်ကမ်းပါးမှ မီတာ ၅၀၀ (သို့) ပေ ၁၅၀၀ အကွာတွင် ချထားပေးသည်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မြစ်ကြောင်း လုပ်ကွက်ချထားပေးမှု မြေပုံတွင် ဖော်ပြ၊ ရှင်းပြချက်များအရ မြစ်ကမ်းမှ ၂.၅ စင်တီမီတာ အကွာအဝေးခန့်တွင် လုပ်ကွက်နေရာပြထားသည့်အတွက် (၁ စင်တီမီတာကို မီတာ ၂၀၀ ရှိရာ) ကမ်းမှ မီတာ ၅၀၀ နီးပါးခန့် (တနည်း) ပေ ၁၅၀၀ နီးပါးခန့် အကွာအဝေးတွင် ချပေးထားသည်ဟု ရှင်းပြသည်။

သို့သော် တက်သစ်ကျွန်း (ပန်းတောင်းမြို့နယ်) ကမ်းပါးပြိုနေသည့် နေရာတလျောက် လက်တွေ့ ကွင်းဆင်းကြည့်ရာတွင် သဲ၊ ကျောက် စုပ်ထုတ်နေသည့် သင်္ဘောများမှာ ကမ်းနှင့် နီးကပ်စွာ (ပေ ၃၀၀-၄၀၀ ခန့်) အကွာလောက်တွင်သာ ရှိနေသည်။ ထို့အပြင် လုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းအရ မနက် ၆ နာရီမှ ညနေ ၆နာရီအထိသာ ထုတ်ခွင့်ရှိသည်။ သို့သော် ညဖက်တွင် ကမ်းကပ်၍ ခိုးထုတ်မှုများရှိသည်။ မနက်စောစော ၅ နာရီဝန်းကျင်တွင် ညဖက် သဲ၊ ကျောက် စုပ်ထုတ်သည့် သင်္ဘောများကို တက်သစ်ကျွန်းအနီးဝန်းကျင် မြစ်ထဲတွင် အစီအရီတွေ့နိုင်သည်။

လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများအရ နေ့စဉ်ထုတ်ယူသည့် သဲ၊ ကျောက် ကျင်းအရေအတွက် စာရင်း၊ သင်္ဘောများ၊ CB တွဲများ၊ စက်လှေများ ဝင်ထွက်မှုစာရင်းအား သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရပ်/ကျေး မြစ်သဲကျောက် ထုတ်လုပ်မှု ကြီးကြပ်ရေး ကော်မတီသို့ နေ့စဉ် သတင်းပေးပို့ရမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင် သတ်မှတ် ပမာဏထက် ကျော်လွန်၍ ထုတ်၊ မထုတ်ကို သေချာစွာ မသိနိုင်ပါ။

တခါတရံ ရှောင်တခင် ကွင်းဆင်းစစ်ဆေးမှုများ၊ ရပ်ရွာ၏တိုင်ကြားမှုများအရ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ပြီး အရေးယူမှုများရှိသော်လည်း စောင့်ကြည့်ကြပ်မတ်မှုများအတွက် ပုံမှန်လုပ်ငန်းစဉ် မရှိသည့်အပြင် ဝန်ထမ်းအင်အားလည်း မလုံလောက်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဌာန၏ တာဝန်ရှိသူက ပြောပြသည်။

မြစ်သဲ၊ ကျောက်ထုတ်ယူမှု၏ အဓိကအကျဆုံးပြဿနာမှာ သတ်မှတ်ပမာဏအတိုင်း ထုတ်ယူခြင်းရှိ၊ မရှိကို စစ်ဆေးရန် ခက်ခဲခြင်းဖြစ်သည်။

ဂေဟစနစ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုကို ထည့်သွင်းစဉ်းစားရန် လိုသည်/ခင်ဇာခြည်လတ်

မြစ်သဲ၊ ကျောက် စုပ်ထုတ်မှုနှင့် တက်သစ်ကျွန်း အခြေအနေ

ကျွန်း၏အမြီးဖက်နှင့် ကျွန်းအရှေ့ကြောတလျှောက်လုံးသည် မြေနုစိုက်ပျိုးမြေနေရာများဖြစ်သည်။ ထိုစိုက်ပျိုးမြေနေရာနှင့် တဆက်စပ်တည်ရှိနေသည့် ရေနေရာ ပိုင်နက်သည် ရွှေတောင်မြို့နယ် အတွင်းရှိနေပြီး ကျွန်းရှိ ကျန် လူနေ ဧရိယာအများစုမှာ ပန်းတောင်းမြို့ အုပ်ချုပ်ရေး နယ်နိမိတ်တွင် ကျရောက်သည်။ ထို့အတွက် အဆိုပါ စိုက်ပျိုးမြေ နေရာနှင့် နီးစပ်၊ ထိစပ်နေသောနေရာရှိ မြစ်သဲကျောက် လုပ်ကွက် ချထားပေးမှုပြုလုပ်သည့် နေရာကို ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက စီမံခန့်ခွဲသည်။

ကျွန်းတဝိုက်တွင် သဲကျောက် လုပ်ကွက် ၈ ကွက်ခန့်ရှိသော်လည်း ကျွန်းစိုက်ပျိုးမြေ ကမ်းပါးပြိုမှုနှင့် ငါးဖမ်းဧရိယာနှင့် တိုက်ရိုက် ဆက်စပ်နေပြီး ပြဿနာဖြစ်နေသည့် လုပ်ကွက် ၃ ကွက် (လုပ်ကွက် ၄၀၉ ၊ ၄၂၇၊ ၄၂၈) ရှိသည်။ လုပ်ကွက် ၄၀၉ မှာ ငါးဖမ်းဧရိယာနှင့် ပတ်သက်နေပြီး ကျန်လုပ်ကွက် နှစ်ခုမှာ စိုက်ပျိုးမြေ ကမ်းပြိုမှုနှင့် ပတ်သက်နေသည်။

ဒေသခံများ၏ ပြောကြားချက်အရ ၂ နှစ်အတွင်း ရွှေတောင်ပိုက်နက်ရှိ မြေနုစိုက်ပျိုးမြေနေရာရှိ ဧက ၁၅၀ ခန့်၊ ယခု ၂၀၁၉ ခုနှစ် ၄ လအတွင်း တက်သစ်ကျွန်းပိုင်နက် မြေနုစိုက်ပျိုးမြေနေရာ ပေ ၅၀၀၀ ကျော် ကုန်သွားပြီ ဖြစ်ကြောင်း သိရသည်။

တိုင်ကြားမှုများ ပြုလုပ်သည့်အခါ အုပ်ချုပ်မှု နယ်နိမိတ်အရ ပန်းတောင်းမြို့နယ်နှင့် သက်ဆိုင်နေ ပါသော်လည်း၊ ကမ်းပြိုဒေသနှင့် ဆက်စပ်နေသည့် ရေနယ်နိမိတ်သည် ရွှေတောင်မြို့နယ်၏ လုပ်ပိုင်ခွင့်နှင့် အုပ်ချုပ်မှုအောက်တွင် ရှိနေသည့်အတွက် တိုင်ကြားမှုများ လုပ်ဆောင်ရာတွင် ရှုပ်ထွေးကြန့်ကြာမှုများ ရှိသည်။

အချုပ်ဆိုရသော် သဲ၊ကျောက် လုပ်ကွက်ချထားပေးမှုကို ရွှေတောင်မြို့နယ်က ပြုလုပ်ပြီး အလွန်အကျွံထုတ်ယူမှုများ၏ အကျိုးဆက်ကို ပန်းတောင်မြို့နယ်နေ တက်သစ်ကျွန်းသားများက ရင်ဆိုင်နေရသည့် အခြေအနေဖြစ်သည်။

၂၀၁၂- ၂၀၁၃ ကာလများတွင် လုပ်ကွက် ၁၄-၁၅ ကွက်ခန့်သာ ရှိသည်ဟု ဒေသခံများက ပြောသည်။ တက်သစ်ကျွန်းရှိ လုပ်ကွက် ၄၀၉ မှာ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ရပ်ရွာမှ လွှတ်တော်သို့ အသနားခံစာ တင်ပြ၍ ထိုလုပ်ကွက်များ ရပ်နားဖူးသည်။ သို့သော် ရပ်နားပြီး ခဏအကြာ (၁ နှစ်ဝန်းကျင်) တွင် ပြန်လည်လုပ်ကိုင်လာကြသည်။ သို့သော် တရားဝင် အသိပေး လုပ်ကိုင်မှုမျိုးမဟုတ်ပေ။

၂၀၁၈ ဒီဇင်ဘာလတွင် ဌာနဆိုင်ရာများက ၂၀၁၉ ခုနှစ်အတွက် လုပ်ကွက်ချထားပေးမှုနှင့် စပ်လျဉ်း၍ ရပ်ရွာနှင့် တရားဝင် လာရောက် ဆွေးနွေးသည့်အခါ၊ ရပ်ရွာမှ အဆိုပါ လုပ်ကွက်များ (၄၀၉၊ ၄၂၇၊ ၄၂၈) ကို မပြုလုပ်ရန် ကန့်ကွက်ခဲ့သည်။ သို့သော် ဌာနဆိုင်ရာက အဆိုပါ လုပ်ကွက်များကို ချထားပေးခဲ့ပြီး လုပ်ကွက်များ လည်ပတ်နေပြီဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် အဆိုပါ ကျွန်းအရှေ့ပိုင်း မြေနုကျွန်းစိုက်ပျိုးမြေနေရာ၏ ဆက်စပ်ရေနယ်နိမိတ်ကို ငါးဖမ်းဧရိယာ သက်သက်အတွက်သာ ရှိစေပြီး ကျောက်သဲ လုပ်ကွက်များ ပိတ်ထားခဲ့ဖူးသည်။

လက်ရှိအခြေအနေတွင် မြေနုစိုက်ပျိုးမြေများ ဆက်လက် ပြိုနေခြင်း၊ ငါးဖမ်းနေရာများတွင် သဲကျောက်စုပ် ကျင်းများဖြစ်လာသည့်အတွက် ရေလမ်းကြောင်း ပြောင်းခြင်း၊ စွန့်ပစ် ပစ္စည်း မြေပုံများရှိသည့်အတွက် ငါးဖမ်းလှေများသွားမရခြင်း၊ ပိုက်ချသည့်အခါ ပိုက်ငြိခြင်း၊ ပိုက်ပျက်စီးခြင်း၊ စက်ပစ္စည်းများ၏ အသံကြောင့် ဆူညံသည့်အတွက် ငါးမရခြင်း စသည့် ပြဿနာကြုံနေရသည်။ ညဖက် ကျွန်းအနီး ကမ်းနားကပ်၍ သဲ၊ ကျောက် ခိုးယူစုပ်ထုတ်မှုများကြောင့် ရေတံငါသည်များနှင့် သဲကျောက် သင်္ဘောမျာအကြား အငြင်းပွားမှုများ၊ ခိုက်ရန်ဖြစ်မှုများ မကြာခဏဖြစ်လျှက်ရှိသည်။ ရေလုပ်ငန်းများ ရပ်ထားသည်မှာ ၂ လခန့် ရှိပြီဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ မတ်လ တွင်မေးမြန်းချက်အရ သိရသည်။

ပြဿနာ၏ အရင်းအမြစ်ကို ဆန်းစစ်သည့်အခါ ကျောက်လုပ်ကွက်များ ချထားရာတွင် ဒေသခံများ၏ သဘောဆန္ဒကို ထည့်သွင်း မစဉ်းစားခြင်း၊ ကျောက်လုပ်ကွက်နေရာ ချထားပေးမှု များလာခြင်း၊ ရေပြင်နယ်နိမိတ်တခု အတွင်းတွင် လုပ်ငန်းသဘောသဘာဝခြင်းမတူသည့် တံငါလုပ်ငန်းနှင့် သဲ၊ ကျောက်လုပ်ကွက်ကို အတူတကွ နေရာချထားပေးခြင်း၊ အုပ်ချုပ်ရေးပိုင်းအနေဖြင့် မြစ်ကြောင်း ဂေဟစနစ် ထိခိုက်ပျက်စီးမှုကို ထည့်သွင်းစဉ်းစားမှု အားနည်းခြင်း၊ သက်ဆိုင် ဌာနဆိုင်ရာများညှိနှိုင်း ပူးပေါင်းလုပ်ဆောင်မှု အားနည်းခြင်းနှင့် လုပ်ငန်းဆိုင်ရာ ကြပ်မတ်စောင့်ကြည့်မှု အားနည်းခြင်းတို့ ဖြစ်သည်။

ကိုင်း၊ တံငါ၊ ကျွန်းနှင့် ကျွန်းသားများ

ဧရာဝတီမြစ်၊ တက်သစ်ကျွန်းနှင့် ကျွန်းသူ၊ ကျွန်းသားများ၏ ဘဝကျင်လည်ပုံမှာ မြစ်က ကျွန်းကို ဖြစ်စေသည်။ ကျွန်းသည် လူများအတွက် မှီခိုစရာ နေရာကိုပေးသည်။ ထို့အတူ အစားအစာအတွက် မြေဆီမြေနှစ်ကိုပါ တပါတည်း ပေးသည်။ မြစ်ရေကို အားပြုရသည်။ ကျွန်းကို မှီခို အားထားလာကြသည်။

မြင်သာသည့် အကျိုးဆက်တခုမှာ ကမ်းပြိုခြင်း ဖြစ်သည်/ခင်ဇာခြည်လတ်

တပြိုင်နက်တည်းပင် ကိုးကွယ်ယုံကြည်မှုများ၊ ရိုးရာဓလေ့များ ဖြစ်တည်လာခဲ့ကြသည်။ ကိုင်း၊ တံငါ၊ ကျွန်း၊ ကျွန်းသားများနှင့် မြစ်သည် တပေါင်းတစည်းတည်း ကွန်ရက်သဖွယ် ဆက်နွယ် တည်ရှိနေကြသည်။

ကျွန်းဆက်ရှိဦးမလား

မြေနုကျွန်းနေရာများပြိုကျမှု၊ သားငါးရှားပါးလာမှုနှင့် ရေလုပ်သားများအတွက် လုပ်သာကိုင်သာ အနေအထားမရှိမှု စသည့် အခြေအနေများတွင် ကျွန်းသားများ၏ ဘဝလုံခြုံမှုလည်း ပျောက်ဆုံးလာသည်။ ထို့အတွက် အခြားဒေသများသို့ ရွှေ့ပြောင်းအခြေချမှုနှင့် ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်သူ လူငယ်၊ လူလတ် အရေအတွက် များလာသည်။ မိရိုးဖလာ အသက်မွေးလုပ်ငန်းများနှင့် နောက်လူတို့အကြား ကွင်းဆက်ပျက်လာသည်။

ရေရှည်တွင် လူမှုစီပွားအခြေအနေ၊ လူမှုဝန်းကျင်အနေအထား ပြောင်းလဲလာမည်။ ကောင်းမွန်လာမည့်အခြေအနေထက် လက်ရှိအခြေအနေများအရ ဆိုးယုတ်ဖို့သာ ရှိတော့သည်။

သဘာဝပတ်ဝန်းကျင်အကြောင်း ပြောကြသည့်အခါ (တနည်း) ဂေဟစနစ်အကြောင်း ပြောကြသည့်အခါ လူများ၊ လူ့ယဉ်ကျေးမှုမျာကို သပ်သပ်စီ ဖယ်ထုတ်၍ မရပါ။ ထို့အတူ လူမှုစီးပွားမြှင့်တင်ခြင်း ဆိုသည့် ဦးတည်ချက်တွင်လည်း သဘာဝပတ်ဝန်းကျင်ကို နောက်ချန်ထား၍ မဖြစ်ပါ။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝများသည် တပေါင်းတစည်းတည်း တည်ရှိ၊ ဖြစ်တည်နေကြသည်။ ထိုအရာနှစ်ခုကို ကွန်ရက်ချိတ်ဆက်စဉ်းစားသည့် နည်းနာဖြင့်သာ မြစ်ကို စောင့်ရှာက်နိုင်သကဲ့သို့၊ လူမှုဘဝများကိုလည်း မြှင့်တင်နိုင်မည်ဖြစ်သည်။

ကျွန်းသားများ၏ ဘဝလုံခြုံမှုလည်း ပျောက်ဆုံးလာသည်/ခင်ဇာခြည်လတ်

မြစ်သဲ၊ ကျောက်လုပ်ကွက်များကို တစ်နှစ်တစ်ခါ လိုင်စင်ပြန်လည်ချထားပေးသည်။ နှစ်စဉ် ဒီဇင်ဘာလတွင်ဖြစ်သည်။

တက်သစ်ကျွန်းစိုက်ပျိုးမြေနှင့်ဆက်စပ်တည်ရှိသည့် မြစ်သဲ၊ ကျောက် လုပ်ကွက်အမှတ် ၄၀၉၊ ၄၂၇၊ ၄၂၈ များကို ဆက်လက် လုပ်ခွင့်မပြုရန်မှာ ဒေသခံများ၏ပြင်းထန်သော ဆန္ဒဖြစ်သည်။

(ခင်စန္ဒာညွန့်သည် ယဉ်ကျေးမှု၊ လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို သုတေသနပြုပြီး စာတမ်း၊ ဆောင်းပါများ ရေးသားနေသူဖြစ်ပါသည်။)

You may also like these stories:

ငေါ့ချမ်းခမြစ်ရေ နောက်ကျိရခြင်းနှင့် ဌာနေများ၏ အနာဂတ်

“သယံဇာတနဲ့ ပတ်သက်ရင် ဌာနေတိုင်းရင်းသားတွေ အတွက် စဉ်းစားပေးပါ”

The post မြစ်၊ ရေ၊ ကျွန်း၊ ကျွန်းသားများနှင့် ဘိုးဘိုးကြီးကို ကာကွယ်ပေးပါ appeared first on ဧရာဝတီ.

ဂျာဗားစကား ပြောကြမလား

$
0
0

ဂျားဗားဘာစာစကားကို ပြောသည့်သူအရေအတွက်က မလေး၊ ဗမာ သို့မဟုတ် ထိုင်း စကားပြောသူများထက်ပင် ပို၍ များသည်။ ၂၆၅ သန်း ရှိသော အင်ဒိုနီးရှားနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်း သို့မဟုတ် လူ ၉၅ သန်းက ဂျားဗားစကားပြောသူ များဖြစ်ကြသည်။

သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံတွင် ဂျားဗားစကားက အမျိုးသား ဘာသာစကား မဟုတ်ပါ။ အင်ဒိုနီးရှားနိုင်ငံ၏ တရားဝင် ရုံးသုံး ဘာသာစကားမှာ မလေးဘာသာစကားတမျိုးဖြစ်သည့် ဘဟာဆာ အင်ဒိုနီးရှား Bahasa Indonesia ဖြစ်သည်။ ထို ၂ မျိုးက အလွန်ကွဲပြားပါသည်။ ထို ၂ ခုကို မည်သည့်အခါတွင်မျှ မရောထွေးသင့်ပါ။

ထို့ပြင် ဂျာဗားဘာသာစကားက လူကြိုက်များသည့် ယဉ်ကျေးမှုအရရော နိုင်ငံရေးအရပါ အလွန်တွင်ကျယ်သည်။ ဥပမာ ပြရလျှင် အင်ဒိုနီးရှားနိုင်ငံ၏ အကျော်ကြားဆုံး ပေါ့ပ် အဆိုတော်များထဲမှ တဦးဖြစ်သည့် Via Vallen ၏ “Sayang” (အချစ်) အမည်ရှိ သီချင်းက YouTube တွင် ကြည့်ရှုမှု အကြိမ်ရေ ၁၈၆ သန်း ကျော်သွားခဲ့သည်။ ဂျကာတာတွင် ပြုလုပ်ခဲ့သည့် ၂၀၁၈ ခုနှစ် အာရှ အားကစားပွဲ၏ အဓိကသီချင်းအဖြစ် သူ၏ “Meraih Bintang” (ကြယ်များဆီသို့) သီချင်း ရွေးချယ် ခံခဲ့ရသည်။

အသက် ၅၂ နှစ်အရွယ်ရှိပြီးဖြစ်သော Didi Kempot (အသည်းကွဲသူများ၏ ခေါင်းကိုင်ဖခင် အဖြစ် ကင်ပွန်းတပ်ခြင်းခံထားရသူ) နှင့် အများလေးစားသော ခေတ်ဟောင်းစတိုင် ဂျားဗားလူမျိုး သီချင်းသည်တဦးတို့ပင်လျှင် လတ်တလော၌ ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် မွေးဖွားသော သို့မဟုတ် လူလားမြောက်လာသော ပရိသတ် ကြီးမားစွာ ရရှိခဲ့ကြသည်။

ထပ်၍ ဆိုရလျှင် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ ၇ ဦးလုံးက ဂျားဗားသွေးပါသူများ ဖြစ်ကြသည်။ မကြာသေးမီက ကွယ်လွန်သွားခဲ့သော BJ Habibie က Sulawesi ဇာတိဖြစ်သည့်တိုင် ဂျာဗားသွေးတဝက်ပါသူ ဖြစ်သည်။

သို့သော် မည်သို့ ဖြစ်ခဲ့ပါသနည်း။ အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသားလူမျိုးအုပ်စု၏ ဘာသာစကားဖြစ်သော ဂျားဗား ဘာသာစကားက မည်သည့်အတွက်ကြောင့် နိုင်ငံတော် ဘာသာစကား မဖြစ်ခဲ့ရပါသနည်း။

အကြောင်းရင်းများကို သိရန် ကျနော်တို့ သမိုင်းကို ကြည့်ရပါလိမ့်မည်။

အင်ဒိုနီးရှား ဆူရာဘာယားတွင် ထုတ်ဝေနေသော သက်တမ်းအရှည်ဆုံး ဂျာဗားဘာသာစကားသုံး မဂ္ဂဇင်း Panjebar Semangat

အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားရေး နိုးကြားတက်ကြွမှု (နှင့် ၎င်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု) က ၁၉၂၈ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သော လူငယ်ညီလာခံ နှင့်အတူ အမှန်တကယ် အမြစ်တွယ်ခဲ့သည်။ ထိုစဉ်က Dutch East Indies ဟု ခေါ် သည့် ဒေသတလွှားမှ အမျိုးသားရေး စိတ်ဓာတ် ထက်သန်သော လူငယ်ခေါင်းဆောင်များက ဂျကာတာတွင် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံမှု၏ အဓိက ရလဒ်မှာ “Sumpah Pemuda” (လူငယ်ကတိကဝတ်) ဖြစ်သည်။ ၎င်း၏ အခြေခံမှာ တခုတည်း သော အမိမြေနှင့် တစုတည်းသောပြည်သူ များ(အင်ဒိုနီးရှား)အတွက် တိုက်ခိုက်ရန်ကတိပြုခြင်း ဖြစ်သည်။ အမျိုးသားဘာသာစ ကားတခုအဖြစ် အင်ဒိုနီးရှားဘာသာစကားကို အသိအမှတ်ပြုရေးလည်း ပါဝင်သည်။

၁၉၂၈ ခုနှစ်ညီလာခံသို့ တက်ရောက်သူများမှာ Javanese၊ Minang၊ Malay၊ Batak တို့အပြင် Banjarese၊ Bugi၊ Ambonese၊ Balinese နှင့် Minahassan တိုင်းရင်းသားများ အပါအဝင် စုံလင်ရှုပ်ထွေးသော တိုင်းရင်းသား လူမျိုးစု အသီးသီးမှ လာကြသူများဖြစ်သည်။

အင်ဒိုနီးရှားဘာသာစကား ကိုရွေးချယ်ရခြင်း၏ နောက်ကွယ်တွင် အဓိက အကြောင်းရင်း ၂ ခုရှိပါသည်။

ပထမတခုမှာ ဂျားဗားလူမျိုးက လူဦးရေအများဆုံး (၁၉၃၀ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ၏ ၄၇ ရာခိုင်နှုန်း) လူမျိုးစု ဖြစ်သော်လည်း ၎င်းတို့က လုံးဝ လွှမ်းမိုးထားနိုင်သည့် လူများစု မဟုတ်ပါ။ ထို့ကြောင့် ၎င်းကို ရွေးချယ်လိုက်လျှင် ပေါ်ထွန်းစ အမျိုးသားရေး လှုပ်ရှားမှု အတွက် တစုတစည်းတည်းသော အင်အားစုတခု ဖြစ်လာခဲ့လိမ့်မည် မဟုတ်ပါ။

ပြောရလျှင် ဂျကာတာတွင် အခြေစိုက်သည့် ဒတ်ချ် ကိုလိုနီအုပ်ချုပ်ရေး၏ ဗဟိုချုပ်ကိုင်မှု အင်အားများနှင့် ပတ်သက်၍ ဂျားဗားလူမျိုး မဟုတ်သူများ ခံစားခဲ့ရသည့် မပျော်ရွှင်မှုကို ဖော်ပြခြင်း ဖြစ်ခဲ့ပါလိမ့်မည်။

ဒုတိယ အကြောင်းရင်းမှာ ဂျားဗားဘာသာစကားက များစွာရှုပ်ထွေးပြီး ခေတ်သစ်နိုင်ငံတခုအတွက် ပဒေသရာဇ်ဆန်နေသောကြောင့် ဖြစ်သည်။

ထိုအမြင်ကို ထင်ရှားသည့် ဂျားဗားလူမျိုး ပညာရှင်များနှင့် ခေါင်းဆောင် အများအပြားက လက်ခံခဲ့ကြသည်။ အင်ဒိုနီးရှား နိုင်ငံကို တည်တောင်သူ ဖခင်ဖြစ်သော ဆူကာနို Sukarno (သူက အရှေ့ ဂျာဗားရှိ Biltar မှ ဖြစ်သော်လည်း ညီလာခံသို့ မတက်ရောက်ခဲ့ပါ) ကပင်လျှင် နောက်ပိုင်းတွင် “ဂျားဗားဘာသာစကားရဲ့ ကွဲပြားတဲ့ အပြောင်းအလဲတွေက ပြည်သူတွေ လွတ်လပ်စွာ အပြန်အလှန် ဆက်သွယ်မှုကို ခက်ခဲစေခဲ့ပါတယ်။ အထူးသဖြင့် အဲဒီဟာက အလယ်ဂျားဗား သို့မဟုတ် အရှေ့ ဂျားဗားက မဟုတ်တဲ့သူတွေအတွက် ခက်ခဲ့ပါတယ်။ သူတို့ရဲ့ လူမှု အဆင့်အတန်းကို ထည့်မစဉ်းစားဘဲ လူတိုင်းပြောဖို့ အတွက် ကျနော်တို့က ngoko၊ karma သို့မဟုတ် krama inggil ကို သုံးသင့်ပါသလား” ဟု ရေးသားခဲ့သည်။

အင်ဒိုနီးရှား လွတ်လပ်ရေးခေါင်းဆောင်ကြီး ဆူကာနို

ရှင်းအောင်ဆိုရသော် ဂျားဗားဘာသာစကားတွင် သူတို့၏ ထုံးတမ်းအစဉ်အလာကို အခြေခံသော အဆင့် ၃ ခု ရှိ သည်။ ngoko သည် အနိမ့်ဆုံးဖြစ်ပြီး အသုံးများသည့် ပုံစံဖြစ်သည်။ madya သို့မဟုတ် krama madya က အလယ်အလတ် အဆင့်ဖြစ်သည်။ အမြင့်ဆုံးက karma ဖြစ်သည်။

ထိုသို့ရှုပ်ထွေးသည့် အပြင် အဆင့်တိုင်း၌ ပြောနေသည့် သူ၏ အဆင့်အတန်းကို လိုက်၍ သူတို့၏ ကိုယ်ပိုင် ခေါင်းစဉ်ခွဲများ ရှိနေပြန်သည်။

အမြင့်ဆုံးဖြစ်သည့် karma တွင် krama inggil (အဆင့်မြင့် krama) and krama andhap (နှိမ့်ချသော krama) ဟူ၍ ပုံစံ ၂ မျိုး ရှိသည်။ Krama inggil ကို အခန်းအနားများတွင် သို့မဟုတ် အဆင့်အတန်းမြင့်သူများက အသုံးပြုကြသည်။

krama andhap (နှိမ့်ချသော krama) မှာမူ အခြားသူ၏ အဆင့်အတန်းမြင့်မားမှုအပေါ် လေးစားမှုကို ပြသရန် ကိုယ့်ကိုယ်ကို နှိမ်ချပြောဆိုရာတွင် အသုံးပြုသည်။

ဥပမာအားဖြင့် “သင်” ဆိုသည့် စကားလုံးသည် ngoko အနေဖြင့် ပြောပါက “kowe” ဖြစ်သော်လည်း krama madya တွင် “sampeyan” ဟု ပြောရပြီး krama inggil အနေဖြင့်ဆိုလျှင် “panjenengan” ဟုပြောရမည် ဖြစ်သည်။

ဆိုလိုသည်မှာ ဂျားဗားစကားဖြင့် ဆက်သွယ်ပြောဆိုရာတွင် ပြောသူသည် မိမိ၏ အခြေအနေ အဆင့်အတန်းကို အမြဲမပြတ် သတိရှိနေရမည် ဖြစ်သလို စကားပြောဆိုမှုအတွင်းတွင် ပါဝင်နေသည့် အခြားသူများ၏ အဆင့်အတန်းကိုလည်း အမြဲ သတိထားနေရမည် ဖြစ်သည်။

(အဆင့်အတန်းကို မသိရသည့်) သူတစိမ်းများနှင့် စကားပြောရာတွင်မူ karma ကို ပုံသေလို သုံးရမည် ဖြစ်သည်။ သို့ သော်လည်း မွေးကတည်းက ဂျားဗားစကားပြောလာသူများပင်လျှင် karma ကို သုံးစွဲရာတွင် စိန်ခေါ်မှုများ တွေ့ကြရ သည်။

ထိုသို့ရှုပ်ထွေးမှုများကြောင့် တန်းတူညီမျှရေးဝါဒကို ကတိပြုထားသော အင်ဒိုနီးရှား အမျိုးသားရေး စိတ်ဓာတ်ရှိသူများက ဂျားဗားဘာသာစကား၏ ပင်ကိုယ်၌က ပဒေသရာဇ်ဆန်နေခြင်းအပေါ်တွင် စိုးရိမ်ခဲ့ကြသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဆူမတြာကျွန်းမှ အရေအတွက်အားဖြင့် သေးငယ်သော မလေးအသိုင်းအဝိုင်း၏ ဘာသာစကား ဖြစ်သော ဘဟာဆာအင်ဒိုနီးရှား ဘာသာစကားက မလေးကျွန်းစုတခုလုံးတွင် အသုံးများသည့် ဘာသာစကားတခု ဖြစ်သည်။ အနှစ်သာရအရဆိုလျှင် အင်ဒိုနီးရှား နိုင်ငံသား အားလုံးနှင့် ဆိုင်သည်။ ထို့ပြင် လေ့လာရန်နှင့် အသုံးပြုရန်လည်း ပို၍ လွယ်ကူသည်။

အမှန်တကယ်တွင်လည်း တိုင်းပြည်၏ ပညာရေး ဖခင်ဖြစ်သော တက်ကြွလှုပ်ရှားသူ Ki Hadjar Dewantara (နောက်ပိုင်း တွင် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး ပညာရေးဝန်ကြီး ဖြစ်လာသူ) က ၁၉၁၆ ခုနှစ် လောက်ကတည်းက ကလေးငယ်များကို ဂျာဗား ဘာသာစကားအစား မလေး စကားသင်ကြားပေးရန် လှုံ့ဆော်တိုက်တွန်းနေခဲ့သည်။

ဂျားဗားလူမျိုး မြင့်မြတ်သည့် priyayi (အုပ်ချုပ်သူမျိုးနွယ် အထက်တန်းလွှာ) တဦးအဖြစ် Raden Mas Soewardi Soerjaningrat အမည်ဖြင့် မွေးဖွားလာခဲ့သူ တဦးဖြစ်သော Ki Hadjar Dewantara က နောက်ပိုင်းတွင် ပဒေသရာဇ်စနစ်ကို ဆန့်ကျင်သည့် အနေဖြင့် သူ၏ မူလဘွဲ့အမည်ကို စွန့်လွှတ်ခဲ့သည်။

ဘဟာဆာ အင်ဒိုနီးရှား ဘာသာစကားက နေရာအများအပြားတွင် မယုံနိုင်လောက်အောင် အောင်မြင်ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် လူဦးရေ၏ ၉၂ ရာခိုင်နှုန်းဝန်းကျင်က အင်ဒိုနီးရှား စကားကို ကျွမ်းကျင်တတ်မြောက်ကြသည်ဟု သိရသည်။ ၁၉၇၀ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

မည်သို့ပင် ဖြစ်စေ အင်ဒိုနီးရှား နိုင်ငံအကြောင်းကို သိရှိရန် မျှော်လင့်ထားသည့် မည်သူအတွက်မဆို ဂျားဗားဘာသာ စကား၏ နိုင်ငံရေးနှင့် ပြည်သူတို့ဘဝအပေါ် လွှမ်းမိုးနိုင်မှုအရ ထိုဘာသာစကားနှင့် ၎င်း၏ ယဉ်ကျေးမှုအရ သိမ်မွေ့သော ကွဲပြားမှုများကို နား လည်သဘောပေါက်ရန် အရေးကြီးပါသည်။

မှန်ပါသည်။ ဂျားဗားဘာသာစကားက ရာစုနှစ်များစွာ နောက်သို့ပြန်၍ Mpu Prapanca နှင့် Mpu Tantular တို့၏ လက်ရာများ သာမက တော်ဝင် ကဗျာဆရာ Ronggowarsito နှင့် ပို၍ နှစ်သက်ဖွယ် ကောင်းသော Serat Centhini (ဂျားဗားရိုးရာပုံပြင်နှင့် အဆုံးအမများ) အထိ စာပေဆိုင်ရာ ရိုးရာအစဉ်အလာ မနှိုင်းယှဉ်သာအောင် ကြွယ်ဝသည်ဟု အများစုက မြင်ကြသည်။

ထို့ကြောင့် အင်ဒိုနီးရှားဘာသာစကားက အလွန်လွှမ်းမိုးသည့် အသွင်ရှိနေသည့်အချိန်တွင် ဂျားဗားဘာသာစကားက သြဇာပြင်းသော၊ လွှမ်းမိုးနိုင်သော လားရာမတူသည့် မမြင်ရသော ရေစီးကြောင်းတခု အနေဖြင့် ဆက်၍ ရှိနေသည်။ ပြည်သူတို့၏ အရေးအသားနှင့် လူကြိုက်များယဉ်ကျေးမှုတွင် ကြွယ်ဝရှုပ်ထွေးသော တည်ရှိမှုကို ဖြည့်သွင်းပေးခြင်းအားဖြင့် မျှော်လင့်သည်ထက်များစွာ အဓိပ္ပါယ် ပိုရှိနေသည်။

“Ojo kagetan, ojo dumeh” သို့မဟုတ် “အလွယ်တကူလည်း မအံ့သြနှင့် မာနလည်းမတက်နှင့်” ဆိုသည့် ဂျားဗား ဆိုရိုး စကားတခုကို မမေ့လျော့ခြင်းက ပညာရှိခြင်းဖြစ်ကြောင်း သတိပေးနေသလိုပင်ဖြစ်သည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

You may also like these stories:

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ လမ်းခင်းပေးသူ ဘီဂျေဟာဘီဘီ

အင်ဒိုနီးရှား အစိုးရပိုင် Nggapulu ပင်လယ်ကူးသင်္ဘောစီးခြင်

အင်ဒိုနီးရှား ကျောင်းသားဆန္ဒပြသူများကြားဝယ်

The post ဂျာဗားစကား ပြောကြမလား appeared first on ဧရာဝတီ.

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ ပွဲစားမလိုပါ

$
0
0

ရန်ကင်းမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ရှေ့ကို ခြေချလိုက်တာနဲ့ ဘေးတဖက်တချက်ကနေ လူသုံးလေးဦးခန့် ကပ်လိုက်လာပြီး ငွေတထောင်ပဲ ဝန်ဆောင်ခပေးပါ၊ အဆင်ပြေအောင် အရာရှိတွေနဲ့ လုပ်ပေးပါမယ်ဆိုတဲ့ စကားသံကို သင်ကြားရပါလိမ့်မယ်။ စကားတစုံတရာ ပြန်မပြောသေးခင်အထိ သင့်ဘေးကနေ တောက်လျှောက်ကပ်လိုက်ပြီး ဘယ်လိုဝန်ဆောင်မှုတွေ ပေးမယ်ဆိုတာကို တတွတ်တွတ်ပြောနေပါလိမ့်မယ်။

ဒါကတော့ သင့်ရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလုပ်ငန်း ဆောင်ရွက်ဖို့ပဲဖြစ်ဖြစ်၊ အသစ်လျှောက်ထားဖို့ပဲဖြစ်ဖြစ် မဖြစ်မနေ ပတ်စ်ပို့ရုံးကို သွားတာနဲ့ တွေ့ရမယ့် မြင်ကွင်းပါ။ ယခင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးထိုင်ခဲ့တဲ့ ရန်ကင်းမြို့နယ်၊ စက်မှုလမ်းပေါ်က ပတ်စ်ပို့ရုံးဟာ အခုဆိုရင် များပြားလှသော လူရာနဲ့ချီ နေ့စဉ်ဝင်ထွက်နေတဲ့ နေရာဖြစ်နေပါတယ်။

နေ့စဉ် လူဦးရေ ၂၀၀၀ ခန့်ကို ဝန်ဆောင်မှုပေးနေရတဲ့ နေရာဟာ တကယ်တော့ စနစ်တကျမလုပ်နိုင်ရင် အခက်အခဲအများကြီး တွေ့စေနိုင်တဲ့နေရာဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအတွင်းကနေ စပီကာသံနဲ့အတူ နိုင်ငံကူးလက်မှတ်များ လျှောက်ထားတဲ့အခါ မိမိကိုယ်တိုင် ဆောင်ရွက်ရန်နဲ့ ပွဲစားများနဲ့ ဆောင်ရွက်ခြင်း မပြုဖို့လည်း တချိန်လုံး ထုတ်ပြန်ကြေညာနေသံကို ပြတ်ပြတ်သားသားကြားရတဲ့ နေရာရောက်တဲ့အထိ ဘေးတဖက်မှာ ပွဲစားတွေက သင့်နောက်လိုက်နေမှာကတော့ အမှန်ပါပဲ။

ပြီးခဲ့တဲ့အပတ်က သက်တမ်း ၅ နှစ်ပြည့်လု ဖြစ်တဲ့ ကျမရဲ့ နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးဖို့ ရန်ကုန် ပတ်စ်ပို့ရုံးကို ရောက်တဲ့အခါ ဘေးကနေ အဲဒီပွဲစားတွေက တောက်လျှောက် ကပ်ပါလာပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေဖြစ်တဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင်နဲ့ ပတ်စ်ပို့အဟောင်းကို မိတ္ထူကူးပြီးတဲ့အခါမှာ ဘေးကလိုက်လာတဲ့ ပွဲစားကိုမေးလိုက်ပါတယ်။

လုပ်နည်းလုပ်ဟန်လေးတွေ ပြောပါဦးဆိုတော့ ပွဲစားက နောက်ထပ် အမျိုးသမီးတဦးကို ထပ်ခေါ်လာပါတယ်။ ပထမပွဲစားက စပြောတဲ့အချိန်တုန်းက ဝန်ဆောင်ခက ကျပ် ၁၀၀၀ သာ ကျပါမယ်တဲ့။ ဒုတိယပွဲစားအမျိုးသမီးဆီ ခေါ်လာတဲ့အချိန်မှာတော့ သူက ကျမဆီကနေ မိတ္ထူကူးထားတဲ့ စာရွက်စာတမ်းတွေကို တောင်းပါတယ်။

ပြီးတာနဲ့ ကဲ ကုန်ကျစရိတ်တွေကို ပြောမယ်ဆိုပြီး စီးပွားရေးဘဏ်သွင်းတာ ဘယ်လောက်၊ ဖောင်ကြေးဘယ်လောက်၊ ဓာတ်ပုံရိုက်ခဘယ်လောက်၊ အရာရှိပေးခဘယ်လောက်နဲ့ ရွတ်ပြလိုက်တာဆိုတာ မမှတ်မိလောက်အောင်ပါပဲ။ နောက်ဆုံးရွတ်တာကုန်တော့မှ စုစုပေါင်း ၅၉၀၀၀ ကျပ် ကျမယ်တဲ့။ ဒါနဲ့ ကျမလည်း ခုနကပြောတုန်းက ဝန်ဆောင်ခ ကျပ် ၁၀၀၀ ပဲဆို၊ ဘယ်လိုကြောင့် များကုန်သလဲဆိုတာ မေးတော့ ပေးရမယ့် ဝန်ဆောင်ခတွေများတာပါတဲ့။ ဒါနဲ့ သိလိုတဲ့ အချက်အလက်တွေရပြီဖြစ်လို့ ကျေးဇူးတင်ပါတယ်၊ ကျမ မလုပ်ဖြစ်သေးပါဘူးလို့ပြောပြီး ကိုယ့်စာရွက်စာတမ်းတွေ ကိုယ်ပြန်သိမ်းလာခဲ့ပါတယ်။

မျက်နှာပျက်ပြီး ကျန်ခဲ့တဲ့ ပွဲစားနှစ်ဦးက ခွင်ပျက်သွားလို့ ပွစိပွစိ ရေရွတ်ကျန်ခဲ့တာတော့ သေချာပါတယ်။ စာရွက်စာတမ်းတွေ ပြန်ယူပြီးတာနဲ့ ကျမက ပတ်စ်ပို့ရုံးထဲ ဝင်လိုက်တဲ့အခါ အဝင်ဝမှာတင် ကျမရဲ့ မှတ်ပုံတင်ကို စစ်ဆေးပြီး ရဲမေတွေက ဘယ်ကောင်တာကို သွားပါဆိုတာ ညွှန်ပေးပါတယ်။

အဆင့်ဆင့် ဂိတ်စစ်ဆေးမှုတွေကနေ ဖြတ်ကျော်ပြီး အတွင်းကိုရောက်လာတဲ့အခါ စားပွဲတလုံးရှေ့ထိုင်နေတဲ့ ယူနီဖောင်းနဲ့ ရဲက ဒီမှာ ဖောင်ယူပါဆိုတာနဲ့ ဖြည့်စွက်ရမယ့် ဖောင်ကို ရယူပါတယ်။ ဖောင်ဖိုး ပေးဖို့ မလိုဘူးလို့ ဆိုပါတယ်။ ဒီမှာတင် ကျမက တအံ့တသြဖြစ်ရပါတယ်။ ကျမ ပတ်စ်ပို့သက်တမ်းတိုးတာ ဒါနဲ့ဆို သုံးကြိမ်မြောက်ပေါ့။ ဖောင်အလကားရခဲ့တာ မကြုံဖူးပါဘူး။

အဲဒါနဲ့ ဖောင်ယူပြီး လိုအပ်တာတွေ ဖြည့်ပြီးတဲ့အခါကျတော့ သက်တမ်းတိုးရမယ့် ကောင်တာကို ရှာရပါတယ်။ အဲဒီကောင်တာတွေကနေ တဆင့် အသစ်လျှောက်မယ့်သူကော၊ သက်တမ်းတိုးမယ့်သူတွေကောကို သက်ဆိုင်ရာ အရာရှိတွေက စာရွက်စာတမ်းတွေ စစ်ဆေးပြီး မြန်မာ့စီးပွားရေးဘဏ်မှာ သွင်းရမယ့် ငွေအတွက် ချလံထုတ်ပေးပါတယ်။

အဲဒီကောင်တာမှာတော့ သန်းခေါင်စာရင်း၊ မှတ်ပုံတင်နဲ့ ပတ်စ်ပို့အဟောင်းကို တိုက်ကြည့်ပြီးတဲ့အခါ လက်ဗွေစစ်ပါတယ်။ ပြီးတဲ့အခါ ဆက်လက်သွားရမယ့် ကောင်တာနံပါတ်ကို တခါတည်းပြောပြီး ငွေသွင်းဖို့ ချလံထုတ်ပေးလိုက်ပါတယ်။ ကျပ် ၂၅၀၀၀ သာ သွင်းဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်။ အဲဒီကနေ ငွေသွင်းဖို့အတွက် အတွင်းခန်းထဲကို ဆက်ဝင်လိုက်တဲ့အခါ တန်းစီနေတဲ့ လူအုပ်ကြီးကိုတွေ့လိုက်ရပြီး မြန်မာ့စီးပွားရေးဘဏ်ဆိုတာကိုလည်း တွေ့ရပါတယ်။

အဲဒီမြန်မာ့စီးပွားရေးဘဏ်ကောင်တာမှာ ချလံပြလိုက်ပြီး ငွေသွင်းပြီးတဲ့အထိ ၁၀ မိနစ်ခန့်သာ ကြာပါတယ်။ ငွေသွင်းပြီးကြောင်း ချလံလေး ပြန်ပေးပြီးတဲ့အခါမှာ ဓာတ်ပုံရိုက်ဖို့ စောင့်ဆိုင်းရမယ်ဆိုတာကြောင့် ခုနက တန်းစီနေတဲ့ လူအုပ်ကြီးကို မြင်ပြီး မောရပါတယ်။

လူအုပ်ကြီးဟာ တတန်းတည်းမဟုတ်ပါဘူး။ နံပါတ်စဉ်တွေရေးထားတဲ့ အခန်းငယ်လေးတွေရှေ့မှာ တတန်းစီကို တန်းစီနေကြတာပါ။ အဲဒီလိုတန်းစီရာမှာ ကိုယ်က သေချာ လိုက်ကြည့်ဖို့ လိုပါတယ်။ ဘယ်အတန်းက ဘယ်နေရာမှာ တန်းစီနေသလဲနဲ့ ဘယ်အတန်းက ရှည်လျားနေပြီး ဘယ်နေရာက တိုနေသလဲဆိုတာ သိဖို့လိုပါတယ်။

တန်းစီနေတဲ့အတန်းက ၆ တန်း ၇ တန်းခန့်ရှိပါတယ်။ တတန်းကိုလည်း လူအနည်းဆုံး ၆၀ ကျော်ခန့် အရင် တန်းစီထားတာကိုမြင်ရပါတယ်။ အဲဒီအတွက် ကျမက နည်းနည်း လူနည်းမယ်ထင်ရတဲ့ လိုင်းအမှတ် ၂၄ မှာ ဝင်တန်းစီပါတယ်။ နေ့လည် ၁၂ နာရီကနေ တန်းစီလိုက်တာဟာ နေ့လည် ၂ နာရီခွဲခန့်ကျမှ အခန်းရှေ့ကို ရောက်ရပါတယ်။

ကန့်လန့်ကာ ကာထားတဲ့ အခန်းငယ်လေးထဲရောက်တဲ့အခါ ဓာတ်ပုံရိုက်ဖို့ ပြင်ဆင်ထားတဲ့ ကင်မရာ၊ မီးထိုးထားတာတွေနဲ့ လက်ဗွေတွေစစ်တဲ့ စက်ရှိပါတယ်။ ပတ်စ်ပို့အသစ်လုပ်တဲ့သူတွေအတွက်တော့ အီလက်ထရောနစ် လက်မှတ်ထိုးတဲ့စက်လည်းရှိပါတယ်။ ခုံနှစ်ခုံရှိပြီး စာရွက်စာတမ်းစစ်တဲ့ အရာရှိက ချလံတွေ ဖောင်တွေစစ်ဆေးပြီးတာနဲ့ ဓာတ်ပုံရိုက်ရပါတယ်။ ဓာတ်ပုံရိုက်ပြီးတဲ့အခါ လက်ဗွေ နှစ်ဘက်လုံး စကင်ဖတ်ပေးရပါတယ်။ လက်မှတ်ထိုးစရာတောင် မလိုတော့ပါဘူး။ ယခင် စာအုပ်ဟောင်းလုပ်တုန်းက အချက်အလက်တွေ အကုန်ရှိပြီးသားမို့ပါ။

အဲဒီနောက်တော့ အရာရှိက လက်မှတ်ထိုးထားတဲ့ ချလံတရွက်ထုတ်ပေးလိုက်ပြီး လျှောက်တဲ့နေ့ကနေ ၁၀ ရက်တိတိ ပြည့်တဲ့နေ့မှာ စာအုပ်လာထုတ်ဖို့ ပြောပါတယ်။ နောက်ထပ် ငွေပေးရတာ မရှိတော့ပါဘူး။ ချလံရတဲ့အထိ အချိန် ၃ နာရီခန့် ကြာပါတယ်။

ချလံစာရွက်လေးကိုင်ပြီး ထွက်လာတဲ့ ကျမကတော့ တအံ့တသြဖြစ်လို့ပါ။ ဘာလို့လဲ ဆိုတော့ ယခင် ပတ်စ်ပို့စလုပ်စဉ် ၂၀၀၅ ခုနှစ်၊ ၂၀၁၀ ခန့်နဲ့ ၂၀၁၅ ခုနှစ်က အခြေအနေတွေနဲ့ နှိုင်းယှဉ်မိတဲ့အခါ များစွာ ပြောင်းလဲသွားတာကို တွေ့ရလို့ပါပဲ။

၂၀၀၅ ခုနှစ်၊ စစ်အစိုးရလက်ထက်က နိုင်ငံကူးလက်မှတ် လျှောက်ထားရသူတွေဟာ အင်မတန်မှ ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတာပါ။ မြောက်မြားလှစွာသော လုပ်ငန်းစဉ်များ၊ မထင်ရင် မထင်သလို ရစ်တတ်တဲ့ အရာရှိများ၊ ငွေကုန်ကြေးကျများမှုတွေကြောင့် စိတ်ပျက်ခဲ့ရတာအမှန်ပါ။ ဥပမာအားဖြင့် ဘွဲ့ရတဦး လျှောက်ထားပါက သက်ဆိုင်ရာ တက္ကသိုလ်က ထောက်ခံချက်ယူခိုင်းတာမျိုး၊ မြန်မာ့စီးပွားရေးဘဏ်ကို တနေရာတည်း မထားတဲ့ အတွက် ဖွင့်ထားတဲ့နေရာတွေရှာပြီး ထိုင်စောင့် ငွေသွင်းခဲ့ရတာမျိုးတွေဟာ အခက်အခဲ အတော်များခဲ့ရတာတွေပါ။

ချလံလေးတရွက် လက်ထဲရဖို့ ပန်းဆိုးတန်းလမ်းမှာ ရှိခဲ့တဲ့ ပတ်စ်ပို့ရုံးကို အကြိမ်ကြိမ်သွားခဲ့ရတာတွေ၊ စနစ်မကျတဲ့ လုပ်ငန်းစဉ်တွေနဲ့ ထောက်ခံချက်တွေများစွာ တောင်းတဲ့ အချိန်ကာလတွေကို အတော်လေးကို စိတ်ပျက်ခဲ့ရပြီးပါပြီ။ သက်တမ်းအနေနဲ့လည်း ၃ နှစ်တာသာ ရခဲ့တဲ့အတွက် မကြာခဏ အလုပ်ရှုပ်ရတဲ့ ကာလတွေကိုလည်း အခုတော့ လွန်မြောက်ခဲ့ပါပြီ။

လုပ်ငန်းစဉ်တွေ လျှော့ချလိုက်ခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်း၊ တနေရာတည်းမှာပဲ ငွေပေးသွင်းနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ စတာတွေက ပြည်သူတွေအတွက်တော့ ကောင်းတဲ့ ဝန်ဆောင်မှုတွေပါပဲ။ ဒါပေမယ့် ခြေချင်းလိမ်နေဆဲဖြစ်တဲ့ တဆင့်ခေါ် ပွဲစားတွေကိုတော့ စနစ်တကျ ပပျောက်အောက်လုပ်ပေးဖို့ လိုနေသေးတာအမှန်ပါ။

ပတ်စ်ပို့ရုံးအတွင်းက ဘယ်လောက်ပဲ ကိုယ်တိုင်ကိုယ်ကျလုပ်ဖို့ တိုက်တွန်းနေလင့်ကစား ပွဲစားတွေကတော့ နေရာတိုင်းမှာ ရှိနေဆဲပါ။

အစိုးရအရာရှိတွေ နာမည်ကို အသုံးပြုပြီး လှည့်ပတ်ပြောဆို လုပ်ကိုင်နေတာတွေကလည်း အတော်လေးကို အကျည်းတန်လှပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းဖြင့်သာ ပွဲစားတွေကို ပပျောက်စေမှာပါ။

တဘက်ကလည်း အစိုးရဝန်ထမ်းတွေအတွက် နာမည်ပျက်စေနိုင်တဲ့အတွက် ဒီလိုပွဲစားတွေကို ပိုပြီး ကိုင်တွယ်ဖို့ လိုမယ်လို့ မြင်မိရပါတယ်။

You may also like these stories:

စစ်ကိုင်းတိုင်းအတွင်းရှိ လုပ်သား ၁၀၀၀ ကျော် ဂျပန်သို့ စေလွှတ်ရန် တိုင်းအစိုးရ စီစဉ်

ဒေါ်လာဈေးကျမှု ထိန်းချုပ်ရန် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၂ သန်းခန့် ဝယ်ယူ

ရန်ကုန်မြို့တွင် နိုင်ငံခြားသား မြေငှားရမ်းမှု မြင့်တက်နေ

The post နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ ပွဲစားမလိုပါ appeared first on ဧရာဝတီ.

ဟွာမန်အထည်ချုပ်စက်ရုံ အလုပ်သမား သပိတ် ဘယ်လိုအဆုံးသတ်မလဲ

$
0
0

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ရှိ တခုတည်းသော အထည်ချုပ်စက်ရုံဖြစ်သည့် တရုတ်နိုင်ငံသားပိုင် ဟွာမန် အထည်ချုပ်စက်ရုံ အလုပ်သမား ၆၀၀ ကျော် အလုပ်မဆင်းဘဲ သပိတ်မှောက်နေခဲ့သည်မှာ ၁၀ ရက်တာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဟွာမန်စက်ရုံအလုပ်ရှင်၊ အလုပ်သမားပြဿနာနှင့်ပတ်သက်၍ ဧရာဝတီတိုင်း၊ အလုပ်သမား ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အလုပ်သမား ၂၀၀ ကျော်က ဒီဇင်ဘာလ ၉ ရက်နေ့တွင် အလုပ် မဆင်းဘဲ စတင် သပိတ်မှောက်ခဲ့ပြီးနောက်ပိုင်း အလုပ်သမားသပိတ်မှာ အင်အား ၆၀၀ ကျော်အထိ ပိုမိုကြီးထွားလာခဲ့သည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က သပိတ်မှောက်နေသည့် အလုပ်သမားများ အနေဖြင့် အေးချမ်းစွာ လူစုခွဲရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေများ နှင့်အညီ အင်အားသုံး၍ လူစုခွဲ ဖယ်ရှားခြင်း၊ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခြင်းများ ဆောင်ရွက်သွားမည်ဟု ကန်ကြီးထောင့်မြို့နယ်၊ အုပ်ချုပ်ရေး ဌာနမှတဆင့် အကြောင်းကြားခဲ့သည်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့၏ သတိပေးချက်ကို အလုပ်သမားများက ပယ်ချလိုက်ပြီး တောင်းဆိုချက်များ မရမချင်း အလုပ်မဆင်းဘဲ ဆက်လက် သပိတ်မှောက်သွားမည်ဟု ဟွာမန် အထည်ချုပ်စက်ရုံလုပ်သားများ သမဂ္ဂက ပြောသည်။

“ကျမတို့ တောင်းဆိုတဲ့ အကျိုးစီးပွား ဆိုင်ရာ အချက် ၈ ချက်မှာ ၄ ချက်ကတော့ ပြေလည်ပြီ။ ကျန်တဲ့အချက် ၄ ချက်ကတော့ မပြေလည်သေးဘူး ဖြစ်နေတယ်။ ကျမတို့ကို အစိုးရက သပိတ်ဖျက်သိမ်းဖို့ ပြောလာပေမယ့် ကျမတို့ကတော့ တောင်းဆိုချက်တွေ မရမခြင်း ဆက်ပြီး သပိတ်မှောက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်”ဟု ဟွာမန်အထည်ချုပ် စက်ရုံလုပ်သားများသမဂ္ဂ ဥက္ကဋ္ဌ မခိုင်နွေဦးမွန်က ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြောပြသည်။

ကန်ကြီးထောင့်မြို့ရှိ ဟွာမန်အထည်ချုပ်စက်ရုံ၌ အလုပ်သမားသပိတ် ပေါ်ပေါက်ရသည့်အကြောင်းရင်းများမှာ အလုပ်သမားများ တနင်္ဂနွေနေ့ အလုပ်မဆင်းလျှင် ဒဏ်ငွေ ၁ သောင်းကျပ် ပေးဆောင်ရခြင်း၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုခြင်းမရှိဘဲ အလုပ်ခိုင်းစေခြင်း၊ ခွင့်ရက်နှင့် အလုပ် ပိတ်ရက်များ မရရှိခြင်းစသည့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရခြင်းကြောင့် ဖြစ်ကြောင်း အလုပ်သမားများ ထံမှ သိရသည်။

ထို့ပြင် အချိန်ပိုများကို အလုပ်သမားဥပဒေအရ သတ်မှတ်ထားသည့်နာရီထက် ပိုမိုခေါ်ယူခြင်း၊ သန့်ရှင်းသည့် သောက်သုံးရေ စီစဉ်မပေးခြင်း၊ အစိုးရတရားဝင် ရုံးပိတ်ရက်များတွင် အလုပ်ဆင်းခိုင်းခြင်း၊ ခွင့်တိုင်၍ အလုပ် ပျက်ကွက်သည်ကို ရက်မှန်ကြေး ဖြတ်တောက်ခြင်း စသည့် အလုပ်သမား အခွင့်အရေးများ ချိုးဖောက် ခံနေရသည့်အတွက် အလုပ်သမားများက ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့တွင် အလုပ်သမားများ စုပေါင်း တောင်းဆိုခဲ့ကြသဖြင့် ကန်ကြီးထောင့်မြို့နယ် ညှိုနှိုင်းဖျန်ဖြေရေးအဖွဲ့က ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ညှိနှိုင်းမှုအရ စက်ရုံပိုင်ရှင်များဘက်မှ အလုပ်သမားများကို ဥပဒေအရ မဖြစ်မနေ ပေးအပ်ရမည့် အခြေခံအခွင့် အရေးဆိုင်ရာ တောင်းဆိုချက် ၄၉ ချက်ကို အကောင်အထည် ဖော်ပေးမည်ဖြစ်ကြောင်း သဘောတူညီခဲ့သဖြင့် ကန်ကြီးထောင့်မြို့နယ်၊ အုပ်ချုပ်ရေးရုံးတွင် အခွင့်အရေးဆိုင်ရာ အချက်ပေါင်း ၄၉ ချက်ကို လိုက်နာပါမည်ဟု ဟွာမန်အထည်ချုပ် စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများအကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

အဆိုပါ စာချုပ်ချုပ်ဆိုပြီးနောက် ဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေသည့် အလုပ်သမား အကျိုးစီးပွားဆိုင်ရာ အချက် ၈ ချက်ကို စက်ရုံဘက်မှ ဆောင်ရွက်ပေးရန် ငြင်းဆိုခဲ့သည့်အတွက် ဟွာမန်အထည်ချုပ်စက်ရုံ အလုပ်သမားများမှ ဧရာဝတီတိုင်း အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာနဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သည့် ဧရာဝတီတိုင်း အလုပ်သမား ခုံသမာဓိအဖွဲ့သို့ ဆက်လက်တင်ပြခဲ့သည်။

အလုပ်ရှင်နှင့် အလုပ်သမားများ၏တင်ပြချက်များကို ကြားနာပြီးနောက် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ခုံသမာဓိ အဖွဲ့မှ ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့ရာ အလုပ်ရှင်ဘက်မှ အလုပ်သမားကြိုပို့ကား စီစဉ်မပေးခြင်း၊ ကျွမ်းကျင် အလုပ်သမားများကို အဆင့် A၊ B၊ C ခွဲခြားကာ ကျွမ်းကျင်မှုအဆင့်အလိုက် ခံစားခွင့်ပေးအပ်မှု မရှိခြင်း၊ အလုပ်သမားများမှ ရက်မှန်ကြေး တစ်လလျှင် ၃ သောင်းကျပ် တောင်းခံသည်ကို အလုပ်ရှင်ဘက်မှ အချိန် ၉ လကြာမြင့်မှ ၅ ထောင်ကျပ်သာ တိုးပေးမည်ဟု ပြောဆိုချက်များကို ခုံသမာဓိအဖွဲ့က ထည့်သွင်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေဥပဒေ ပုဒ်မ ၄၃ အရ စက်ရုံအလုပ်သမား ၂၀၀ ကျော်က ဒီဇင်ဘာ ၉ ရက် နေ့တွင် စက်ရုံဝန်းအတွင်းရှိ ထမင်းစားဆောင်တွင် စတင်သပိတ်မှောက်ခဲ့သည်။ ယင်းဥပဒေ ပုဒ်မ ၄၃ တွင် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အလုပ်ရှင် ဘက်မှဖြစ်စေ၊ အလုပ်သမားဘက်မှဖြစ်စေ ၇ ရက်အတွင်း သပိတ်မှောက်ခွင့် ရှိကြောင်း ပြဌာန်းထားသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဟွာမန်အထည်ချုပ်စက်ရုံ တာဝန်ရှိသူများက စက်ရုံဝန်းအတွင်း သပိတ်မှောက်ခွင့် မပေးဘဲ စက်ရုံဝန်းတံခါးကို ပိတ်ထားသည့်အတွက် အလုပ်သမားများမှာ စက်ရုံ၏အဓိက ဝင်ပေါက်တံခါး ရှေ့တွင် ထိုင်သပိတ်ပြုလုပ်ကာ အလုပ်သမားများ အိမ်မပြန်ဘဲ စက်ရုံရှေ့တွင် အိပ်စက်၍ သပိတ်မှောက် ခဲ့ကြသည်။

အလုပ်သမားများ အနေဖြင့် စက်ရုံဝန်းအတွင်း အလုပ်မဆင်းဘဲ သပိတ်မှောက်လိုသော်လည်း စက်ရုံ တာဝန်ရှိသူများက ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲမည်ဟု ခြိမ်းခြောက်ခြင်း၊ စက်ရုံအတွင်း သပိတ်မှောက် အလုပ်သမားများကို ဝင်ခွင့် မပေးခြင်းတို့ကြောင့် စက်ရုံရှေ့လမ်းမပေါ်တွင် သပိတ်မှောက်ခြင်း ဖြစ်ကြောင်း ဟွာမန်အထည်ချုပ်လုပ်သားများသမဂ္ဂဥက္ကဋ္ဌ မခိုင်နွေဦးမွန်က ရှင်းပြသည်။

“ဒီဇင်ဘာ ၉ ရက်နေ့ သပိတ်မှောက်မယ်လို့ ဌာနဆိုင်ရာအားလုံးကို စာတင်ပြီး ဥပဒေနဲ့အညီ စက်ရုံထဲမှာ တရားဝင် သပိတ်မှောက်တာ ဖြစ်တယ်။ အဲဒါကို စက်ရုံဘက်က စက်ရုံဝန်းထဲမှာ သပိတ်မှောက်ရင် ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ နောက်ရက် ကျတော့ စက်ရုံခြံဝန်းတံခါး ပိတ်ထားတယ်။ ဒါကြောင့် စက်ရုံရှေ့ လမ်းဘေးမှာ သပိတ်မှောက်ရတာ ဖြစ်တယ်” ဟု မခိုင်နွေဦးမွန် က ပြောသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သပိတ်မှောက် အလုပ်သမားဦးရေ ၆၀၀ ကျော်အထိ တိုးမြင့် လာခဲ့ပြီး စက်ရုံရှေ့ လမ်းဘေးတွင် ယာယီတဲများ ထိုး၍ အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြသည်။ ဟွာမန်စက်ရုံတွင် အလုပ် သမား ၁၀၀၀ ခန့် အလုပ်လုပ်ကိုင်နေသည့်အတွက် စက်ရုံ ၁ ရုံလုံးရှိ အလုပ်သမား ၆၀ ရာခိုင်နှုန်း ခန့်က အလုပ်မဆင်းဘဲ သပိတ်မှောက်နေခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း၊ ခုံသမာဓိအဖွဲ့တွင် အလုပ်သမား ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်နေသူ ဦးမောင်မောင်ဟန်က “တခြားစက်ရုံတွေမှာ အလုပ်ရှင်က ဖယ်ရီကား စီစဉ်ပေးတယ်။ မစီစဉ်ပေးနိုင်ရင် စရိတ် ၃ သောင်း ပေးတယ်။ ရန်ကုန်မှာဆို စက်ရုံတိုင်း စီစဉ်ပေးတယ်။ အလုပ်ခံစားခွင့် သဘောတူ စာချုပ်မှာလည်း လုပ်ငန်းခွင် အကြိုအပို့ ကားစီစဉ်ပေးရန်နှင့် ခရီးစရိတ်ဆိုတာ ပါထားပြီးသား။ ဟွာမန်စက်ရုံ အလုပ်သမားတွေဟာ တခြားသော စက်ရုံ တွေမှာ ရတဲ့အခွင့်အရေးကို သူတို့မရတဲ့အတွက် အခုလို တောင်းဆိုနေတာ ဖြစ်တယ်”ဟု ပြောပြသည်။

ဟွာမန်အလုပ်သမားသပိတ် ပိုမို ကြီးထွားလာသည့်အတွက် ဧရာဝတီတိုင်းအစိုးရအဖွဲ့က စက်ရုံတာဝန်ရှိ သူများကို ခေါ်ယူ၍ ညှိနှိုင်းခဲ့ရာ အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ကျောင်းသားကျောင်းသူများကို ခွင့် ၄၅ ရက် ပေးအပ်ရန်၊ ရက်မှန်ကြေးကို ဇန်နဝါရီလမှ စတင်၍ ၅၀၀၀ ကျပ် တိုးမြှင့်ပေးအပ်ရန်၊ ခွင့်တိုင်ကြားပါက ရက်မှန်ကြေးကို မဖြတ်တောက်ရန် စသည့်အချက်များ အပါအဝင် အချက် ၄ ချက်ကို အလုပ်ရှင်ဘက်မှ လိုက်လျောပေးခဲ့သည်။

သို့သော် လုပ်ငန်းကျွမ်းကျင်မှုအလိုက် Grade A၊ B၊ C အဆင့်သတ်မှတ်၍ လစာ ခံစားခွင့်ပေးရန်၊ မြန်မာ နှစ်သစ်ကူး သင်္ကြန်ကာလတွင် အပိုဆုကြေး ပေးအပ်ရန်၊ စက်ရုံသို့ အသွားအပြန် ဖယ်ရီကားစီစဉ်ပေးရန်နှင့် အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များကို အလုပ်ခွင်အတွင်း ကြမ်းတမ်းရိုင်းစိုင်းစွာ ဆက်ဆံသည့် စက်ရုံ၏ လူ့စွမ်းအား အရင်းအမြစ် – HR မန်နေဂျာအား အလုပ်မှ ထုတ်ပယ်ပေးရန် စသည့်အချက် ၄ ချက်ကို ဟွာမန်အထည်ချုပ် စက်ရုံဘက်မှ မလိုက်လျောသည့်အတွက် သပိတ်မှောက်မှုများမှာ ၉ ရက်ကြာသည်အထိ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်း အထည်ချုပ်စက်ရုံများကို အလုပ်သမားများ အလုပ်မဆင်းဘဲ ဆန္ဒဖော်ထုတ် တောင်းဆိုမှုများ ရှိခဲ့သော်လည်း စက်ရုံကို ရက်ရှည်သပိတ်မှောက်မှု မရှိခဲ့ပေ။ ကန်ကြီးထောင့်မြို့ ဟွာမန်အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်မှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း ဧရာဝတီတိုင်း၌ ပထမဆုံး ပေါ်ပေါက်ခဲ့သည့် အလုပ်သမားသပိတ် ဖြစ်သည်။

ပုသိမ်မြို့အခြေစိုက် အလုပ်သမားအချင်းချင်း ရိုင်းပင်း ကူညီရေးအဖွဲ့ သင်တန်း ရေးရာနှင့် အငြင်းပွားမှု ဖြေရှင်းရေးတာဝန်ခံ မခခ က “ဧရာဝတီတိုင်းမှာ စက်ရုံအလုပ်သမားတွေက သူတို့ အခွင့်အရေးကို မသိကြဘူး။ အလုပ်သမားဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းတွေက ပညာပေးမှုတွေ လုပ်တဲ့အခါမှာ ဒါဟာ ငါတို့ အခွင့်အရေးတွေပါလား၊ ငါတို့ဟာ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံနေရပါလားဆိုတာ သူတို့သိသွားပြီးတော့ တောင်းဆိုမှုတွေ လုပ်လာကြတာ ဖြစ်ပါတယ်”ဟု ပြောပြသည်။

အလုပ်သမားများအနေဖြင့် သပိတ်မှောက်ရာတွင် စက်ရုံအတွင်း၌ သပိတ်မှောက်ခြင်း မလုပ်ဘဲ စက်ရုံရှေ့ လမ်းမ အများပြည်သူ သက်ဆိုင်သောနေရာတွင် ခွင့်ပြုထားခြင်းမရှိ၊ ခွင့်ပြုချက် တင်ထားခြင်းလည်း မရှိဘဲ လူစုလူဝေးဖြင့် သပိတ်မှောက်ခြင်းသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေကို ချိုးဖောက် နေခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စာထုတ်ပြန်၍ ကန်ကြီးထောင့် မြို့နယ်၊ အုပ်ချုပ်ရေးဌာနမှ တဆင့် အလုပ်သမားသပိတ် တာဝန်ရှိသူများကို လာရောက် သတိပေးခဲ့သည်။

အဆိုပါ ဟွာမန်အလုပ်သမားသပိတ်မှာ ဥပဒေနှင့် ညီညွတ်မှု မရှိသည့်အတွက် အေးချမ်းစွာ လူစုခွဲရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အင်အားသုံး၍ လူစုခွဲဖယ်ရှားခြင်း၊ တရားစွဲဆို ပြစ်ဒဏ် ချမှတ်ခြင်းများ မလွဲမရှောင်သာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့၏ သတိပေးစာတွင် ရေးသားထားသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာနဝန်ကြီး ဒေါက်တာ စိုးဝင်းက “ကျနော်တို့ ထုတ်ပြန်တဲ့စာမှာ အင်အားသုံး ဆိုတာရယ်၊ လူစုခွဲ ဆိုတာရယ် သုံးနှုန်းထားတယ်။ အကြမ်းဖက်ဖို့၊ ဖြိုခွဲဖို့ဆိုတာ လုံး၀ မပါပါဘူး။ အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကို ညင်သာစွာ ဆောင်ရွက်ဖို့၊ သက်သက်ညှာညှာ ဆောင်ရွက်ဖို့ ညွန်ကြားထားပါတယ်” ဟု ပြောသည်။

ဒီဇင်ဘာ ၉ ရက်နေ့တွင် သပိတ်မှောက်မှုများ ဖြစ်ပွားနေသည့် ဟွာမန်အထည်ချုပ်စက်ရုံသို့ ဧရာဝတီတိုင်း၊ အလုပ်သမားညွန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဌေးဌေးမြင့် ဦးဆောင်သည့်အဖွဲ့က လာရောက်ချိန်တွင် ဧရာဝတီသတင်းဌာနက မေးမြန်းခဲ့ရာ ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ ဆောင်ရွက်သည့် အလုပ်သမားများ၏ သပိတ်မှောက်မှုမှာ ဥပဒေနှင့် ညီညွတ်ကြောင်း ပြောဆိုခဲ့သော်လည်း ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်နေ့ စာထုတ်ပြန်ချိန်တွင် အလုပ်သမား သပိတ်မှာ ဥပဒေနှင့် မညီကြောင်း သတ်မှတ်ထုတ်ပြန်ခဲ့သည်။

ဧရာဝတီတိုင်း ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်လျှင် အလုပ်ရှင်ဘက်မှဖြစ်စေ၊ အလုပ်သမားဘက်မှ ဖြစ်စေ ဥပဒေအရ သပိတ်မှောက်ခွင့် ရှိသည့်အတွက် ဟွာမန် အလုပ်သမားသပိတ်မှာ ဥပဒေနှင့်ညီကြောင်း၊ ဧရာဝတီတိုင်း အစိုးရအနေဖြင့် အလုပ်သမားသပိတ်ကို အင်အားသုံး လူစုခွဲ ဖယ်ရှားခွင့် မရှိကြောင်း ဧရာဝတီတိုင်း ခုံသမာဓိအဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် ဦးမောင်မောင်ဟန်က ထောက်ပြသည်။

“အလုပ်သမားတွေဟာ ဥပဒေနဲ့အညီ သပိတ်မှောက်တာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအနေနဲ့ ဥပဒေကို လေးစားလိုက်နာဖို့ လိုတယ်။ ဥပဒေနဲ့အညီပဲ ညှိနှိုင်းဆောင်ရွက် ဖြေရှင်းရမယ်။ အလုပ်သမား သပိတ်ကို အင်အားသုံး ဖယ်ရှားခွင့်ဆိုတာ ဥပဒေမှာ အခွင့်အရေး ပေးမထားဘူး။ သူတို့က ငြိမ်းစုစီ မတင်ဘူး ပြောနေတယ်။ ဒါက ဆန္ဒပြတာ မဟုတ်ဘူး။ အလုပ်သမား ဥပဒေနဲ့အညီ တရားဝင် သပိတ်မှောက်တာ။ ဒီအချက်ကို ကွဲကွဲပြားပြား နားလည်ဖို့ လိုနေတယ်” ဟု သူက ပြောသည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပုဒ်မ ၄၃ အရ တရားဝင် သပိတ်မှောက်သည်ကို တားဆီးပိတ်ပင်မှုများ၊ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့် ဟွာမန်အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူများကို အရေးယူပေးရန် သပိတ်မှောက်အလုပ်သမားများက တောင်းဆိုမှုများ ရှိခဲ့သည်။

“အလုပ်သမားတွေ ဥပဒေနဲ့အညီ တရားဝင် သပိတ်မှောက်တာကို ခြိမ်းခြောက်တာ၊ ဟန့်တားပိတ်ပင်တာဟာ ဥပဒေပုဒ်မ ၄၂ ကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်တာ ဖြစ်ပါတယ်။ ဒီလိုချိုးဖောက်မှုကို အစိုးရအနေနဲ့ စက်ရုံ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုပါတယ်”ဟု ဟွာမန် အထည်ချုပ် စက်ရုံလုပ်သားများ သမဂ္ဂမှ သပိတ်မှောက်ပွဲ ဦးဆောင်သူ မစုပုံချစ်က ပြောသည်။

၂၀၁၂ ခုနှစ်က ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းခဲ့သည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ ပုဒ်မ ၄၂ တွင် မည်သူမျှ အလုပ်သမားများ၏ သပိတ်မှောက်ခြင်း ပြုနိုင်သည့် အခွင့်အရေးကို နှောက်ယှက် ဟန့်တားခြင်း မပြုရန် ပြဌာန်းထားပြီး အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားလျှင် ကျပ်သိန်း ၂၀ ထက် မနည်းသော ငွေဒဏ်ကို ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

အလုပ်သမားများ သပိတ်မှောက်သည့်ကိစ္စနှင့်ပတ်သတ်၍ ဟွာမန်အထည်ချုပ် စက်ရုံတာဝန်ရှိသူများကို ဧရာဝတီက မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိပါ။

ဟွာမန်အထည်ချုပ်စက်ရုံမှာ လုပ်ငန်းလည်ပတ်မှုအရ အောင်မြင်မှု မရှိသေးသည့်အတွက် အချိန် ၆ လခန့် ကြာမြင့်ချိန်တွင် ပြေလည်မှု မရသေးသည့် အချက် ၄ ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဟု စက်ရုံ တာဝန်ရှိသူများဘက်မှ ကတိပေးထားကြောင်း၊ စက်ရုံလုပ်သားများကို မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခြင်း မပြုရန်အတွက်လည်း စက်ရုံ၏ လူ့စွမ်းအားအရင်းအမြစ် – HR မန်နေဂျာအား ခံဝန်လက်မှတ် ထိုးခိုင်း ထားကြောင်း ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။

“HR မန်နေဂျာကို အလုပ်ထုတ်တာကတော့ အလုပ်ရှင်က လုပ်ရမှာ။ ကျနော်တို့ကတော့ နောက်နောင်ကို အလုပ်သမားတွေကို မောက်မာရိုင်းစိုင်းတာ၊ ဆဲဆိုငေါက်ငမ်းတာတွေ မပြောဖို့၊ မလုပ်ဖို့ ခံဝန်လက်မှတ် ထိုးခိုင်းထားတယ်။ လက်ရှိ အလုပ်သမားပြဿနာ ဖြေရှင်းရာမှာ စက်ရုံဘက်က မန်နေဂျာပဲ ရှိတယ်။ တကယ့် အလုပ်ရှင်နဲ့ မတွေ့ရဘူး ဖြစ်နေတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့ကို မဖြစ်မနေလာဖို့ အလုပ်ရှင်ကို စာထုတ်ပြီး ဆင့်ခေါ် ထားတယ်။ ဒီပြဿနာတွေ ပြေလည်ရေးအတွက် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားမှာပါ”ဟု ဝန်ကြီး ဒေါက်တာ စိုးဝင်းက ပြောသည်။

ဟွာမန်အထည်ချုပ်စက်ရုံ အလုပ်သမားတို့၏ တောင်းဆိုချက်အား ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ ၃ ပွင့်ဆိုင် တွေ့ဆုံ၍ ဖြေရှင်းဆောင်ရွက်လျှင် ပြေလည်သွားမည်ဖြစ်ကြောင်း အလုပ်သမား အချင်းချင်း ရိုင်းပင်း ကူညီရေးအဖွဲ့ သင်တန်းရေးရာနှင့် အငြင်းပွားမှုဖြေရှင်းရေးတာဝန်ခံ မခခက ပြောသည်။

မခခ က “ဒီပြသနာပြေလည်ဖို့ဆိုရင် အလုပ်သမားတွေ ဘာကြောင့် မကျေနပ်သလဲဆိုတာကို တိုင်းအစိုးရ၊ ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့၊ အလုပ်ရှင်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားနဲ့ အလုပ်သမားကိုယ်စားလှယ် ဒီလူတွေ အားလုံးဝိုင်းထိုင်ပြီး အပြတ်ဖြတ်ပြီး ချက်ခြင်း စာချုပ်ချုပ်လိုက်ရင် ပြေလည်သွားမယ့်ကိစ္စတွေပါ။ ရန်ကုန်မှာဆိုရင် ဒါတွေက အမြန်ဆုံး ပြေလည်သွားတဲ့ကိစ္စတွေပါ။ ဒါပေမယ့် ဧရာဝတီတိုင်းမှာ ဘာဖြစ်လို့ အဲဒီလောက် ကြာနေတာလဲ မေးခွန်းထုတ်စရာ ဖြစ်နေတယ်”ဟု ပြောသည်။

လက်ရှိတွင် တောင်းဆိုချက် ၈ ချက်အနက် အချက် ၄ ချက် ပြေလည်မှုမရှိသေးသည့်အတွက် ဟွာမန် အထည်ချုပ်စက်ရုံ အလုပ်သမား ၆၀၀ ကျော်မှာ စက်ရုံရှေ့ လမ်းဘေးဝဲယာတွင် မိုးကာများဖြင့် ယာယီ ရွက်ဖျင်တဲ့များထိုးကာ ထိုင်သပိတ် ပြုလုပ်ကာ အလုပ်မဆင်းဘဲ သပိတ်မှောက်နေကြသည်။ ညဆိုလျှင်လည်း အိမ်မပြန်ကြဘဲ အဆိုပါ ရွက်ဖျင်တဲများမှာပင် အိပ်စက်ကြသည်။

ကန်ကြီးထောင့် မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီဝင် တချို့၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် သပိတ်မှောက် အလုပ်သမားတို့၏ မိဘတချို့မှာလည်း သပိတ်ကို ဖြိုခွင်းမည့် သတင်းများကြောင့် အလုပ်သမားသပိတ်ကို ဝန်းရံရင်း ညအိပ်စောင့်ဆိုင်းနေကြသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ပထမဆုံးပေါ်ပေါက်လာသည့် ကန်ကြီးထောင့်မြို့ ဟွာမန်အလုပ်သမားသပိတ်မှာ
ညှိနှိုင်းမှုများဖြင့် အေးချမ်းစွာ ပြီးဆုံးသွားမလား၊ ဧရာဝတီတိုင်းအစိုးရ၏ အင်အားသုံး လူစုခွဲ ဖယ်ရှားမှု၊ အလုပ်သမားသပိတ် ခေါင်းဆောင်များကို အရေးယူ တရားစွဲဆိုမှုများဖြင့် အဆုံးသတ်သွားမလား ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

You may also like these stories:

အနိမ့်ဆုံး လုပ်ခလစာ ၇၂၀၀ ကျပ် သတ်မှတ်နိုင်ရန် တောင်းဆိုမည်

ခုံသမာဓိ ဆုံးဖြတ်ချက် လုပ်ငန်းရှင်များ မလိုက်နာဟု အလုပ်သမားဘက်က ဆို

ကန်ကြီးထောင့်မြို့ ဟွာမန်အထည်ချုပ် စက်ရုံအလုပ်သမားသပိတ် အရှိန်မြင့်လာ

The post ဟွာမန်အထည်ချုပ်စက်ရုံ အလုပ်သမား သပိတ် ဘယ်လိုအဆုံးသတ်မလဲ appeared first on ဧရာဝတီ.

၂၀၁၉ ခုနှစ်၏ ကြယ်တာရာများ

$
0
0

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ရုပ်ရှင်၊ ဂီတ၊ ဖက်ရှင်ဒီဇိုင်းလောကသည် ဆက်သွယ်ရေးနည်းပညာ တိုးတက်လာခြင်းနှင့်အတူ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာခြင်းကြောင့်လည်း တိုးတက်ကျယ်ပြန့်လာခဲ့သည်ဟု ဆိုရမည်။ ဖျော်ဖြေရေး အနုပညာရှင်များ ပြည်တွင်းဈေးကွက်တွင် အပြိုင်အဆိုင်ဖြစ်လာသည်သာမက အိမ်နီးချင်းနိုင်ငံများသို့ ခြေဆန့်ရန် ကြိုးစားနေရသည်။ ဗီဒီယိုဈေးကွက်ဟောင်း လုံးဝ ပျောက်ကွယ်သွားပြီး အစားထိုးဝင်ရောက်လာသော တီဗီဇာတ်လမ်းတွဲများက အခိုင်အမာ ခြေကုတ်ရလာနေသည်။ ကော်ပီသီချင်းများ နန်းကျသွားပြီး ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းက ရှေ့တန်းရောက်လာသည်။ ဟာသရုပ်ရှင်များ လူအဝင်ကျဲလာကာ အလေးအနက်ရိုက်ကူးသော ရုပ်ရှင်များ ရုံပြည့်ရုံလျှံ ဖြစ်လာသည်။ ထိုသို့ အပြောင်းအလဲများကြား ၂၀၁၉ ခုနှစ်တွင် အတောက်ပဆုံး အနုပညာရှင်များကို ဧရာဝတီ Lifestyle သတင်းအဖွဲ့က ရွေးချယ် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

ဝေလ
ဂီတအနုပညာရှင်

ယနေ့ခေတ် ခေတ်ပေါ်ဂီတလောကမှာ ဝေဖန်ရေးဆရာတွေနဲ့ ဂီတလောကသားအချင်းချင်းကြား လေးစားခံရသူကို ပြပါဆိုရင် ဝေလက ထိပ်ဆုံးက ဖြစ်မယ်။

ဝေလဟာ ရော့ခ်လမ်းကြောင်းက လာပေမယ့် ဖန့်ခ်၊ ရက်ဂေး၊ လက်တင်စတဲ့ ဂီတပုံစံကွဲတွေကို ပေါင်းစပ်ဖန်တီးပြီး တခြားအဆိုတော်များနဲ့မတူ  ကိုယ်ပိုင်ဟန်တခေတ်ကို ထူထောင်နိုင်သူပါ။

ကိုယ်ပိုင်သံစဉ် သီချင်းတွေကို ကိုယ်ပိုင်ဂီတဝိုင်းနဲ့ ဖန်တီးတဲ့ သီချင်းအပုဒ်တိုင်းမှာ မတူညီတဲ့ ခံစားမှုရသကို ပေးစွမ်းနိုင်ပါတယ်။ စာသားတွေမှာလည်း မြို့ပြလူမှုအသိုင်းအဝိုင်းမှာ တွေ့ကြုံနေရတဲ့ မြင်ကွင်းတွေနဲ့ ဝေဖန်ရေးအမြင်ပါတဲ့ အသုံးအနှုန်းတွေအပြင် ဘန်းစကားတွေ ထည့်သုံးတာက ဝေလကို ငြိစေပါတယ်။

လက်ရှိ အချိန်အထိ အဆိုတော်ဝေလက “မိတ်ကပ် မကြိုက်သော သီချင်းများ” ၊ “၁၉၈၂” ၊ “အဓိပတိဖွား” ၊ “ကုတင်အမှတ် ၁၈” ၊ “အတုများတဲ့မြို့” နဲ့ “စာရိတ္တ” စတဲ့ တကိုယ်တော်အခွေများ ထွက်ရှိထားတာကို ကြည့်ရင်လည်း ဝေလရဲ့ ထုတ်လုပ်နိုင်စွမ်းအားကို သိနိုင်ပါတယ်။ ဆက်တိုက်ဆိုသလို နောက်ဆုံး ထွက်ရှိထားတဲ့ “အတုများတဲ့မြို့” နဲ့ “စာရိတ္တ” အခွေများကလည်း ရောင်းအား အကောင်းဆုံး သီချင်းခွေထဲမှာ ပါဝင်ခဲ့ပါတယ်။

“စာရိတ္တ” အခွေထဲမှာ ဝေလ သီဆိုထားတဲ့ “ကျွန်တော်နှင့် မီးပွိုင့်”ဆိုတဲ့ သီချင်းကလည်း နားထောင်သူ ပရိသတ် ရင်ကို ထိရှ ကြေကွဲစေတဲ့ သီချင်းတပုဒ်ပါ။ ဒီသီချင်းကလည်း အွန်လိုင်းသီချင်း ပလက်ဖောင်းတွေမှာ နားထောင်သူ အများဆုံး ပုဒ်ရေ စာရင်းမှာ တပုဒ်အပါအဝင် ဖြစ်လို့နေပါတယ်။

၂၀၁၈ ခုနှစ်ထဲမှာတော့ ဝေလ ရဲ့ပထမဆုံး Live Show ဖြစ်တဲ့ “Wai La Live in 360” ဆိုတဲ့ တကိုယ်တော် ဖျော်ဖြေပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း “ဆေးပေါင်းခတဲ့ ရန်ကုန်ည” Rock ရှိုးပွဲကြီးမှာ ပါဝင် ဖျော်ဖြေခဲ့ပြီး ရှိူးပွဲတွေမှာ ဝေလက နောက်ဆုံးပိတ် သီဆိုရတဲ့ အဆိုတော်တွေထဲမှာ တဦးအပါအဝင် ဖြစ်လာခဲ့ပါတယ်။

အဆိုတော် ဝေလဟာ ယနေ့ခေတ်ပေါ်ဂီတလောကမှာ အထင်ရှား အတောက်ပဆုံး လင်းလက်နေတဲ့ ကြယ်စင်တစင်းလို့ပဲ ဆိုပါရစေ။

ပိုင်ဖြိုးသု
ရုပ်ရှင်သရုပ်ဆောင်

၂၀၁၉ ခုနှစ်အတွင်း ရုပ်ရှင်ကြည့် ပရိသတ်ရဲ့ ရင်ကို အလှုပ်ခတ်နိုင်ဆုံးသူဟာ ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသုလို့ဆိုရင် မမှားနိုင်ပါဘူး။

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ “Now & Ever” (ထာဝရနှောင်ကြိုး) ရုပ်ရှင်မှာ သရုပ်ဆောင် ဇဏ်ခီနဲ့အတူ ပီပြင်စွာ သရုပ်ဆောင်ခဲ့လို့ ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကို ရရှိထားပါတယ်။

စိတ်ရောဂါ ဝေဒနာရှင် အမျိုးသမီးတဦး အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်မှုကြောင့် ဒီနှစ်အကယ်ဒမီ တစ်ကြိုပေးခြင်းကို ခံနေရပါတယ်။ ယခုနှစ်ပိုင်းတွေမှာ သရုပ်ဆောင်မှု ပိုတိုးတက်လာတဲ့ ပိုင်ဖြိုးသုကို ရုပ်ရှင်လောကသားအချင်းချင်းကလည်း ချီးကျူးနေကြပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသုဟာ ဆေးတက္ကသိုလ်ကျောင်းသူ ဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ကျောင်းပြီးသွားတဲ့ အချိန်မှာ အနုပညာပျိုးခင်းရဲ့ စင်တင် မင်းသမီးတဦးအဖြစ် သရုပ်ဆောင် အလုပ်ကို ပြန်လည် လုပ်ကိုင်ခဲ့သူပါ။ ပိုင်ဖြိုးသုဟာ ဟာသ၊ ဒရာမာ၊ အချစ်၊ အလွမ်းစတဲ့ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်နိုင်သူလို့ ပရိသတ်တွေက အသိအမှတ်ပြုကြပါတယ်။

“ဧဒင်ရဲ့ နတ်သမီး” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ် အသိအမှတ် ပြုလာခဲ့ပြီး နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရကာ ပရိသတ် အားပေးမှုလည်း အခိုင်အမာ ရရှိခဲ့ပါတယ်။

ပိုင်ဖြိုးသုဟာ ၂၀၁၇ ခုနှစ်မှာတော့ “သရဲမ၊ ဘီလူးမနှင့် မိန်းမပျို” ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ ဒါရိုက်တာ ဏကြီးနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင်ခဲ့တဲ့ ပိုင်ဖြိုးသုဟာ ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်းတွေကြောင့် အဲဒီအချိန်က ဝေဖန်မှုခံခဲ့ရပါတယ်။ ဒါပေမယ့် မီအဖြစ် ကာရိုက်တာ ပီပြင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

ပိုင်ဖြိုးသုဟာ အဲဒီနှစ်မှာပဲ အကယ်ဒမီ ဆန်ခါတင်စာရင်းမှာ တစ်ကြိုပေးခြင်း ခံရပေမယ့် အကယ်ဒမီနဲ့ လွဲခဲ့ပါတယ်။ အကယ်ဒမီနဲ့ လွဲချော်ခဲ့ပေမယ့် ရုပ်ရှင်ပရိသတ် စုပေါင်းပေးအပ်တဲ့ ပြည်သူ့ အကယ်ဒမီဆုကိုလည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ တွဲဖက် လက်ခံ ရယူခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Star Awards ဆုပေးပွဲမှာလည်း Star Awards ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။

ပိုင်တံခွန်
သရုပ်ဆောင်နဲ့ မော်ဒယ်

ပြည်တွင်းမှာ မော်ဒယ်၊ သရုပ်ဆောင်နဲ့ သီချင်းဆိုတာတွေ လုပ်ကိုင်ခဲ့တဲ့ ပိုင်တံခွန်ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံအထိပါ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေပါတယ်။

Instagram နဲ့ Facebook ပေါ်က ပိုင်တံခွန်ရဲ့ ဓာတ်ပုံတွေကြောင့် ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့ပြီး ထိုင်းနိုင်ငံမှာ နာမည်ကျော် လက်လီဆိုင် 7/11 အပါအဝင် ကြော်ငြာတွေ လက်ခံရိုက်ကူးနေတာကြောင့် ဒီနှစ်အတွက်တော့ လူစိတ်ဝင်စားမှု ရရှိခဲ့သူ တယောက် ဖြစ်ပါတယ်။

မြန်မာပြည် ပရိသတ်အသည်းစွဲ “Friend Zone” ရုပ်ရှင်ရဲ့ အဓိက မင်းသမီးဖြစ်တဲ့ ဘိုင်းဖန်နဲ့အတူ ရိုက်ကူးခဲ့သူပါ။ ဒါ့အပြင် ပိုင်တံခွန်က ထိုင်းနိုင်ငံ ပြည်ပခရီးသွား ဈေးကွက်မြှင့်တင်ရေးအတွက် ခရီးသွားသံတမန်အဖြစ်လည်း ခံအပ်ခြင်းခံရသူ တဦးပါ။

မြန်မာပြည်မှာ ပိုင်တံခွန်ဟာ မော်ဒယ်အပြင် ဇာတ်လမ်းတွဲများနဲ့ ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့သလို “ချစ်သူ”ဆိုတဲ့ တေးသီချင်းခွေလည်း ထွက်ရှိခဲ့ဖူးပါတယ်။ သင်ဇာဝင့်ကျော်နဲ့အတူ “ခရီးသွားကောက်ကြောင်း” နဲ့ “သူ ဘယ်သူလဲ” ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ်။ ပိုင်တံခွန်က တက်တူးထိုးရတာ ကြိုက်သလို Sexy ကျတဲ့ Six Packs ခန္ဓာကိုယ်ကြောင့်လည်း မိန်းကလေးတွေက သူ့ကို သည်းသည်းလှုပ်ကြပါတယ်။

ပိုင်တံခွန်က သူ့ရဲ့ မွေးနေ့မှာ မိဘတွေကို သူရဲ့ လုပ်အားခငွေ သိန်း ၃၀၀ နဲ့ ကန်တော့ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကလည်း အွန်လိုင်းသုံးသူတွေကြားမှာ လူပြောများခဲ့ပါသေးတယ်။

 ဖြူဖြူကျော်သိန်း
ဂီတနဲ့ ဖက်ရှင် အနုပညာရှင်

ဖြူဖြူကျော်သိန်းလို့ ဆိုလိုက်တာနဲ့ ထူးခြားဆန်းသစ်တဲ့ ဖက်ရှင်ဒီဇိုင်းများနဲ့ အဆိုတော် တယောက်ကို မျက်လုံးထဲ တန်းမြင်မိကြတယ်။

မိန်းကလေး အသံထဲမှာ ရှားရှားပါးပါး အသံလုံးကြီးကြီးနဲ့ ဖြစ်ပြီး စင်ပေါ်မှာ ထူးခြားတဲ့ ပါဖောင်းမန့်တွေကြောင့် ဖြူဖြူကျော်သိန်းကို လူတွေ စိတ်ဝင်စားလာခဲ့ပါတယ်။ နာမည်ကျော်လာရာချိန်ကတည်းက အခုချိန်အထိ သူရဲ့ ဖက်ရှင်ဒီဇိုင်းများကလည်း ရဲတင်းထင်ရှားပါတယ်။

မြန်မာပြည်ရဲ့ပွဲအဆူဆုံး သီချင်းဆိုပြိုင်ပွဲလို့ ပြောလို့ရတဲ့ Myanmar Idol ရဲ့ Season 4 မှာ ဒိုင်တဦးအနေနဲ့ ပါဝင်လာတဲ့ ဖြူဖြူကျော်သိန်းရဲ့ တပတ်နဲ့တပတ် မထပ်ရစေတဲ့ အလန်းစား ဖက်ရှင်ဒီဇိုင်းတွေက လူတိုင်းပါးစပ်ဖျားမှာ ပြောစမှတ်ပြုရလောက်အောင် ထူးခြားလို့ နေပါတယ်။

ပြိုင်ပွဲမှာ ဖြူဖြူကျော်သိန်းရဲ့ မှတ်ချက်ပေး အပြောအဆိုများကိုလည်း ပရိသတ်များက သဘောကျကြပါတယ်။ ဖြူဖြူကျော်သိန်းကို စောင့်ကြည့်ရလောက်အောင် ဖြစ်လာတာမို့ အရင်က ပရိသတ်တွေ စောင့်ကြည့်ရတဲ့ မြန်မာပြည်သိန်းတန် မပါရင် Myanmar Idol ဆက်အလုပ်ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ တဖြည်းဖြည်း ပျောက်ကွယ်ကုန်ကြပါတယ်။

ဖြူဖြူကျော်သိန်းဟာ ၂၀၀၃ ခုနှစ်က “လုံးဝ မသက်ဆိုင်တော့ပါ” ဆိုတဲ့ တကိုယ်တော်အခွေနဲ့ စတင်ခဲ့ပြီး အခုဆိုရင် တကိုယ်တော်သီချင်းခွေပေါင်းများစွာနဲ့ ရပ်တည်လာခဲ့တာ ဂီတသက်တမ်း ၁၆ နှစ်ခန့် ရှိနေပြီ ဖြစ်ပါတယ်။

ဒီနှစ်မှာ ထိုင်းနိုင်ငံမှ ရိုက်ကူးတဲ့ “Friend Zone” ရုပ်ရှင်ကားထဲမှာလည်း နိုင်ငံပေါင်းစုံမှ အဆိုတော်များနဲ့အတူ မြန်မာနိုင်ငံမှ အဆိုတော်တယောက်အနေနဲ့ မြန်မာဘာသာနဲ့ ဇာတ်ဝင်တေးကို သီဆိုဖျော်ဖြေခွင့်ရခဲ့ပြီး ရုပ်ရှင်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အနုပညာရှင်တွေထဲမှာ Troll ခံရဆုံး အနုပညာရှင်ထဲ ပါပေမယ့် ဖြူဖြူကျော်သိန်းက ဝေဖန်မှုတွေကို ဂရုစိုက် မနေဘဲ သူ ယုံကြည်ရာကို ဆက်လုပ်နေသူပါ။ ဖြူဖြူကျော်သိန်းဟာ Myanmar Music Association ရဲ့အထွေထွေ အတွင်းရေးမှူးတယောက်လည်း ဖြစ်ပါတယ်။

ဟန်နေတာ (Eternal Gosh)
ဂီတအနုပညာရှင်

ဂီတလောကထဲကို ရောက်ရှိလာခဲ့တာ အချိန်ကာလတခု ရှိခဲ့ပြီဖြစ်ပေမယ့်၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ FG Live Lounge မှာ ပရိသတ်များစွာရဲ့ တခဲနက် အားပေးမှုကြောင့် ဟန်နေတာဆိုပြီး ထင်ရှား ကျော်ကြားလာခဲ့ပါတယ်။

ဒီဖျော်ဖြေပွဲ မတိုင်ခင်မှာလည်း MRTV-4 ဇာတ်လမ်းတွဲတခုဖြစ်တဲ့ “ငွေစက္ကူ ၇ ရွက်” သီချင်းဟာလည်း ဇာတ်လမ်းတွဲနဲ့ အတူ အောင်မြင်ခဲ့ပါသေးတယ်။ ဒါပေမယ့်  FG Live Lounge ဖျော်ဖြေပွဲမှာ ကိုယ်တိုင်ရေးသားသီဆိုထားတဲ့ “မိုးမခအိပ်မက် ခရမ်းပြာ” သီချင်းကျတော့မှ ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားပါတော့တယ်။

ဟန်နေတာဟာ ကိုယ်ပိုင် Band ဖြစ်တဲ့ Eternal Gosh ရဲ့ ပင်တိုင် သီဆိုသူ တယောက်ဖြစ်ပြီး အဲဒီ Band မှာ အဖွဲ့ဝင် ၄ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။ Band နဲ့အတူ “ကောင်းကင်အနီ” ဆိုတဲ့ အခွေကို ထွက်ရှိခဲ့ပြီး ဒီအခွေထဲက ဟန်နေတာရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ “မိုးမခအိပ်မက် ခရမ်းပြာ” သီချင်းဟာ အဲဒီအချိန်ထဲက လူငယ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။

ဟန်နေတာဟာ Melody World သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်က ရန်ကုန်ကို လာရောက်ပြီး တယောက်တည်း ရုန်းကန်ခဲ့ရာက နောက်မှာတော့ Band ထဲက ကိုဝေကြီး Ar Ray တို့နဲ့တွေ့ကာ သီချင်းအခွေ လုပ်ခဲ့ကြတာလို့ သိရပါတယ်။

လင်းလက်တောက်ပလာနေတဲ့ ကြယ်တပွင့်ဖြစ်တဲ့ ဟန်နေတာဟာ ကြော်ငြာ ရိုက်ကူးရေးများစွာ ရိုက်ကူးနေပါပြီ။ ဒုတိယအခွေအတွက်လည်း ပြင်ဆင်နေပါတယ်။

သင်ဇာဝင့်ကျော်
ရုပ်ရှင်သရုပ်ဆောင်

၂၀၁၉ ခုနှစ်မှာ လူပြောအများဆုံး ဆယ်လီက သင်ဇာဝင့်ကျော် ဖြစ်မယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက သရုပ်ဆောင်လောကထဲ ရောက်နေခဲ့တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ယခုနှစ်ပိုင်းတွေအတွင်း သူ့ရဲ့ ပွဲတက် Sexy ဖက်ရှင်တွေကြောင့် ပရိသတ်ရဲ့ တကျော့ပြန် စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။

Facebook နဲ့ Instagram မှာ တင်တဲ့ ဓာတ်ပုံတွေကလည်း ယောက်ျားသားများကြား အထူးရေပန်းစားသလို နောက်ပေါက်မော်ဒယ်တွေကပါ လိုက်လုပ်လာရတဲ့အထိ ပေါက်ပါတယ်။

ရေခဲတောင်မှာ ရုပ်ရှင်သွားရိုက်ရင်း အွန်လိုင်းပေါ်တင်ခဲ့တဲ့ အပေါ်ပိုင်းဗလာ အင်္ကျီချွတ်ထားတဲ့ ဓာတ်ပုံဆို ပြောစမှတ်ကြီးပါပဲ။
နိုင်ငံခြားသားနဲ့ အချစ်ရေးကလည်း လူအများစိတ်ဝင်စားရတဲ့အထဲမှာ တခုအပါအဝင်ပါ။

သင်ဇာဝင့်ကျော်ကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နောက်ထပ် လူပြောများစေတဲ့ အဓိက အကြောင်းအရာက မုဒိမ်းကျင့်ပြီး အသတ်ခံခဲ့ရသူ “မြမြ” ဆိုတဲ့ မိန်းကလေးအကြောင်း ပုံဖော်ရိုက်ကူးမယ့် ရုပ်ရှင်ပါ။ ဒီဇာတ်ကားရိုက်ကူးဖို့အတွက် မုဒိမ်းကောင် လူရွေးပွဲကလည်း အတော်လေး အဝေဖန်ခံရပါတယ်။

ခန္ဓာကိုယ်အသားပေး ဖက်ရှင်တွေ ဝတ်ခဲ့တာကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ခေါ်ယူသတိပေးခြင်းလည်း ခံခဲ့ရပါတယ်။

ခန္ဓာကိုယ်အလှအတွက် GYM ကစားပြီး သူ နှစ်သက်တဲ့ တက်တူးတွေကိုလည်း ခန္ဓာကိုယ်မှာ ထိုးထားတဲ့ သင်ဇာဝင့်ကျော်ဟာ ဘယ်သူတွေ ဘာပြောပြော အခုဆို ဆိုင်ဖွင့်ပွဲတွေ တက်တိုင်း သူ ဘာဝတ်မလဲဆိုတာကို စောင့်ကြည့်ရတဲ့အထိ အောင်မြင်နေပြီလို့ ပြောရပါမယ်။

You may also like these story: 

၂၀၁၈ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ

The post ၂၀၁၉ ခုနှစ်၏ ကြယ်တာရာများ appeared first on ဧရာဝတီ.

Viewing all 3346 articles
Browse latest View live