၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ ၇၅ နှစ် ပြည့်မှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရအပြီးမှာ ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး အစောဆုံး ထူထောင်ခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ကစပြီး ယနေ့အချိန်ထိ ဗြိတိန်နိုင်ငံသံရုံးဟာ ကမ်းနားလမ်းနဲ့ (၃၉)/(၄၀) လမ်းထောင့်မှာရှိတဲ့ ဂရေဟမ်အဆောက်အအုံမှာ ရုံးထိုင်ပါတယ်။
သံရုံးအပြင်ကို ဗြိတိသျှစာပေနဲ့ ယဉ်ကျေးမှုတွေ မြန်မာပြည်သူတွေကြား ဖြန့်ချိဖို့အတွက် ဗြိတိသျှကောင်စီ စာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ခဲ့ပါသေးတယ်။ ဗြိတိသျှကောင်စီကို ယခင်က ပန်းဆိုးတန်းနဲ့ ကုန်သည်လမ်းထောင့်က ယခု အခွန်ရုံး လုပ်ထားတဲ့ အဆောက်အအုံမှာ ဖွင့်လှစ်ခဲ့ပြီး ယခုတော့ ဗြိတိသျှသံရုံးနဲ့ တွဲလျက် ဖွင့်လှစ်ထားပါတယ်။ ထိုခေတ်အခါက ဗြိတိသျှကောင်စီ စာကြည့်တိုက်ကို လာရောက်အသုံးပြုတဲ့ သူတွေထဲ နောင်မှာ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် စာကြည့်တိုက်မှူး ဖြစ်လာမယ့် ဦးသော်ကောင်းတို့လည်း ပါဝင်ခဲ့တယ် ဆိုပါတယ်။ ဂျပန်နဲ့ ကိုရီးယားယဉ်ကျေးမှုတွေ မြန်မာပြည်ကို မရောက်လာသေးခင် ကတည်းက ဗြိတိသျှနဲ့ ဆိုဗီယက်စာပေတွေဟာ ရာစုနှစ်တစုစာလောက်ကို မြန်မာနိုင်ငံကို လွှမ်းမိုးထားခဲ့ပါတယ်။
ဗြိတိသျှစာပေတွေ မြန်မာနိုင်ငံကို လွှမ်းမိုးတယ်ဆိုတာကလည်း ဗြိတိသျှတို့ဟာ မြန်မာနိုင်ငံကို နှစ်ပေါင်း ၁၀၀ လောက် သိမ်းပိုက်အုပ်ချုပ်ပြီး ပညာရေးစနစ်တွေ၊ အင်စတီကျူးရှင်းတွေ တင်သွင်းလာတာက တကြောင်း၊ အင်္ဂလိပ်စကားဟာ ကမ္ဘာသုံးစကား ဖြစ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ ဗြိတိသျှတို့ ရေးဆွဲထားခဲ့တဲ့ ဥပဒေတွေ တော်တော်များများကို မြန်မာနိုင်ငံမှာ ဆက်လက်အသုံးပြုနေဆဲ ဖြစ်သလို မြန်မာတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီလို အရာတွေကို ဗြိတိသျှအုပ်ချုပ်မှုအောက်မှာမှ စတင်ခံစားခဲ့ရတာ ဖြစ်ပါတယ်။
ဗြိတိသျှစာပေတွေ မြန်မာနိုင်ငံကို လွှမ်းမိုးတယ်ဆိုတာကလည်း ဗြိတိသျှတို့ဟာ မြန်မာနိုင်ငံကို နှစ်ပေါင်း ၁၀၀ လောက် သိမ်းပိုက်အုပ်ချုပ်ပြီး ပညာရေးစနစ်တွေ၊ အင်စတီကျူးရှင်းတွေ တင်သွင်းလာတာက တကြောင်း၊ အင်္ဂလိပ်စကားဟာ ကမ္ဘာသုံးစကား ဖြစ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ ဗြိတိသျှတို့ ရေးဆွဲထားခဲ့တဲ့ ဥပဒေတွေ တော်တော်များများကို မြန်မာနိုင်ငံမှာ ဆက်လက်အသုံးပြုနေဆဲ ဖြစ်သလို မြန်မာတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီလို အရာတွေကို ဗြိတိသျှအုပ်ချုပ်မှုအောက်မှာမှ စတင်ခံစားခဲ့ရတာ ဖြစ်ပါတယ်။ လွတ်လပ်ရေး လှုပ်ရှားမှုကာလအတွင်း အရေးပါခဲ့တဲ့ နဂါးနီ စာအုပ်အသင်းဟာ လန်ဒန်က လက်ဝဲစာအုပ်အသင်းကို မှီပြီး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဗြိတိသျှတွေနဲ့ မြန်မာတွေကြား ဆက်ဆံရေးဟာ အမြဲတမ်းတော့ အဆင်ပြေ ချော့မွေ့နေတာတော့ မဟုတ်ပါဘူး။ မြန်မာမင်းတွေ လက်ထက်ကတည်းက မြန်မာနဲ့ ဗြိတိသျှတွေရဲ့ ဆက်ဆံရေးမှာ ပဋိပက္ခလေးတွေ ရှိခဲ့ပါတယ်။
မြန်မာဘုရင်တွေအနေနဲ့ ဗြိတိသျှတွေနဲ့ သေသေချာချာ ဆက်သွယ်လာတာဟာ ကုန်းဘောင်ခေတ်မှ ဖြစ်ပါတယ်။ အရှေ့တောင်အာရှသမိုင်းနဲ့ ပက်သက်ပြီး ကျွမ်းကျင်ပညာရှင်တဦးဖြစ်တဲ့ နီကိုးလက်စ်တားနင်း ရဲ့ ရေးသားချက်အရ မြန်မာဘုရင်တွေနဲ့ ဗြိတိသျှတို့ကြားက ဆက်ဆံရေးဟာ အစကတည်းက အဆင်မပြေဖြစ်ခဲ့ပြီး ပြဿနာတွေ ဖြစ်တဲ့အခါမှာ နှစ်ဖက်လုံးက အလျှော့မပေးတာတွေ ရှိခဲ့တယ် ဆိုပါတယ်။
ဘိုးတော်ဘုရား လက်ထက် ရခိုင်ကို ဗမာဘုရင်တွေ သိမ်းပိုက်ပြီးနောက်မှာ နယ်နိမိတ်ချင်း ထိစပ်တာတွေရယ်၊ အင်္ဂလိပ်ပိုင် နယ်မြေထဲမှာ အခြေချပြီး ဗမာဘုရင်ကို ပုန်ကန်တဲ့ ကိစ္စတွေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုတင်းမာလာပါတယ်။ အင်္ဂလိပ်တွေဘက်ကလည်း မြန်မာဘုရင်တွေကို ရက်စက်ယုတ်မာသူတွေ၊ ကမ္ဘာ့အရေး အကြောင်း ဘာမှ နားမလည်သူတွေအဖြစ် ပုံဖော်သလို မြန်မာဘုရင်တွေဘက်ကလာည်း အင်္ဂလိပ်တွေရဲ့ နိုင်ငံရေးအင်စတီကျူးရှင်းတွေကို နားမလည်တာကြောင့် ပြဿနာဟာ ပိုမိုကြီးထွားလာခဲ့ပါတယ်။

၁၉ ရာစုနှောင်းပိုင်းမှာ ဗြိတိသျှတွေ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံကို အရင်းရှင်စနစ် ရောက်လာပါတော့တယ်။ အရင်းရှင်စနစ် ရှင်သန်နိုင်ဖို့ အရင်းရှင်စနစ်ကို ထောက်ပံ့ပေးမယ့် အင်စတီကျူးရှင်းတွေ လိုအပ်လာပြီး ဒီအင်စတီကျုးရှင်းတွေကို မောင်းနှင်ဖို့အတွက် လူအင်အားလည်း လိုအပ်ပါတော့တယ်။ အဲ့ဒီတော့ ဗြိတိသျှတွေဟာ မြန်မာတွေကို ဘဏ်လုပ်ငန်းနဲ့ စက်မှုလုပ်ငန်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ လေ့ကျင့်သင်ကြား ပေးမယ့်အစား အိန္ဒိယနဲ့ ဥရောပက လူတွေကို ခေါ်သွင်းလာပါတယ်။ ဝင်လာတဲ့သူ အများစုက အိန္ဒိယက ဝင်လာတာဖြစ်ပြီး အဲ့ဒီလိုနဲ့ ငွေချေးလုပ်ငန်းမှာ လုပ်ကိုင်ဖို့အတွက် ချစ်တီးတွေ ရောက်လာတယ်လို့ မိုက်ကယ်အဒါစ်က သူ့စာတမ်းမှာ ရေးသားခဲ့ပါတယ်။
တခြား ဆန်စက်နဲ့ သစ်စက်လို စက်မှုလုပ်ငန်းမှာလည်း ထိပ်ပိုင်းနေရာတွေကို ဥရောပတိုက်သားတွေက ကြီးစိုးထားပြီး အိန္ဒိယက ရွှေ့ပြောင်းလာသူတွေက အလုပ်သမားအဖြစ် လုပ်ကိုင်ကြပါတယ်။ မြန်မာတွေအနေနဲ့ လုပ်စရာက စပါးစိုက်ပျိုးရေးပဲရှိတယ်လို့ မိုက်ကယ်အဒါစ်က ဆိုပါတယ်။ ဒါ့အပြင် ဘားမားရိုင်ဖယ်တပ် ဖွဲ့တဲ့အခါမှာလည်း ဗမာတွေကို မခေါ်ဘဲ ကချင်၊ ချင်းနဲ့ ကရင်တွေကိုပဲ ရွေးချယ်တာကလည်း ဗမာတွေအတွက် နောက်ထပ် နာကြည်းစရာ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူမျိုးတမျိုးနဲ့ တမျိုးဟာ တဖြည်းဖြည်း ဝေးဝေးလာကြပြီး စီးပွားရေးကိစ္စကလွဲပြီး ဆက်ဆံမှုမလုပ်တဲ့အထိ ဖြစ်လာတယ်လို့ ဂျေ အက်စ် ဖာနီဗယ်က ဆိုပါတယ်။ ၁၉၃၀ ပြည့်နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းတွေကလည်း စီးပွားရေးကိစ္စတွေကပဲ အခြေခံလာတာ ဖြစ်ပါတယ်။
၁၉၂၀ နဲ့ ၁၉၃၀ ပြည့်နှစ်တွေမှာ မြန်မာပြည်ထဲ စာအုပ်တိုက်တွေ၊ ပုံနှိပ်တိုက်တွေ မှိုလိုပေါက်လာသလို နိုင်ငံခြားက အတွေးအခေါ်တွေ၊ စာပေတွေဟာလည်း မြန်မာနိုင်ငံထဲကို အရှိန်နဲ့အဟုန်နဲ့ လှိမ့်ပြီး ဝင်ရောက်လာပါတယ်။ ဝင်လာတဲ့ အတွေးအခေါ်တွေနဲ့ စာပေတွေထဲ အမျိုးသားရေး စာပေတွေ၊ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်စာပေတွေက အများစုဖြစ်ပါတယ်။
၁၉၂၀ နဲ့ ၁၉၃၀ ပြည့်နှစ်တွေမှာ မြန်မာပြည်ထဲ စာအုပ်တိုက်တွေ၊ ပုံနှိပ်တိုက်တွေ မှိုလိုပေါက်လာသလို နိုင်ငံခြားက အတွေးအခေါ်တွေ၊ စာပေတွေဟာလည်း မြန်မာနိုင်ငံထဲကို အရှိန်နဲ့အဟုန်နဲ့ လှိမ့်ပြီး ဝင်ရောက်လာပါတယ်။ ဝင်လာတဲ့ အတွေးအခေါ်တွေနဲ့ စာပေတွေထဲ အမျိုးသားရေး စာပေတွေ၊ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်စာပေတွေက အများစုဖြစ်ပါတယ်။
အဲဒီကာလတွေထဲ ကြီးပြင်းလာတဲ့ ပညာတတ်လူငယ်တွေထဲ အင်္ဂလိပ်ကို အာခံတဲ့ ဟစ်တလာနဲ့ မူဆိုလီနီကို အားကျတဲ့သူတွေရှိသလို ဆိုဗီယက်ပြည်ထောင်စုကို အားကျတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဟစ်တလာနဲ့ မူဆိုလီနီတို့ကို ထိုခေတ်အခါက လူငယ်တွေက သူတို့တိုင်းပြည် ကောင်းကျိုးအတွက် လုပ်ဆောင်တဲ့သူတွေ၊ နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်အာခံတဲ့ သူတွေအဖြစ် အားကျကြပါတယ်။ လူ့ပြည်မှာ လောကနိဗ္ဗာန်ဘုံ တည်ဆောက်မယ့် ကွန်မြူနစ်ဝါဒဘက်ကို ယိမ်းသွားတဲ့သူတွေလည်း ရှိပါတယ်။
၁၉၃၅ ခုနှစ်မှာ ဗြိတိသျှတို့က အခြေခံဥပဒေတရပ် ပြဌာန်းပြီး မြန်မာနိုင်ငံကို အိန္ဒိယကနေ ခွဲထုတ်ကာ သီးသန့်အစိုးရတရပ် ဖွဲ့ပေးဖို့ ကြိုးစားပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး ရွေးကောက်ပွဲ ကျင်းပခဲ့တာ ၁၉၂၂ ခုနှစ်က ဖြစ်ပေမယ့် ထိုခေတ်အခါက ရွေးကောက်ပွဲနိုင်တဲ့ အမတ်တွေက အိန္ဒိယမှာ လွှတ်တော်သွားတက်ရတာ ဖြစ်ပါတယ်။ ၁၉၃၆ မှာ ရွေးကောက်ပွဲလုပ်တော့ ဒေါက်တာ ဘမော် ဦးဆောင်တဲ့ အုပ်စုက ဘောင်ထဲကနေ လူနေမှုအဆင့်အတန်း မြင့်တက်လာအောင် ကြိုးပမ်းမယ်ဆိုပြီး ရွေးကောက်ပွဲဝင်ကြသလို သခင်တွေရဲ့ ကိုယ့်မင်းကိုယ့်ချင်းပါတီကလည်း ၁၉၃၅ အခြေခံဥပဒေကို ဖျက်မယ်ဆိုပြီး ကြွေးကြော်ကာ ရွေးကောက်ပွဲဝင်ပါတယ်။ စစ်အပြီးမှာ ၁၉၃၅ အခြေခံဥပဒေကို ပြန်အသက်ဝင်အောင်လုပ်ဖို့ ဘုရင်ခံတွေက ကြိုးစားကြပါတယ်။

စစ်အပြီးကာလတွေမှာ နိုင်ငံရေးအင်အားစုတွေကြား လုံးဝလွတ်လပ်ရေး ယူသင့်သလား၊ ဒါမှမဟုတ် ဓနသဟာယထဲမှာ နေသင့်သလား၊ ဒိုမီနီယံအဆင့် ယူသင့်သလား ဆိုတာတွေနဲ့ ပက်သက်ပြီး အငြင်းပွားမှုတွေ ရှိလာပါတယ်။ ကွန်မြူနစ်တွေကတော့ လုံးဝလွတ်လပ်ရေး ယူသင့်တယ်၊ ဗြိတိသျှနဲ့ အဆက်အသွယ် ဖြတ်သင့်တယ်လို့ အကြံပြုပြီး ဦးဘဘေတို့လို လူကြီးပိုင်းကတော့ နောက်မှလွတ်လပ်ရေးယူမယ်၊ ဗြိတိသျှနဲ့ အရင် ယှဉ်တွဲ အလုပ်လုပ်သင့်တယ်လို့ အဆိုပြုကြတယ်လို့ ဒေါက်တာ သရဖီသန်းက သူ့ရဲ့ ပြည်တော်သာအကြောင်း စာတမ်းမှာ ရေးသားထားပါတယ်။ သခင်အောင်ဆန်းတို့ သခင်နုတို့ကတော့ ဝေခွဲမရတွေ ဖြစ်နေကြပါတယ်။ အဲဒီအချိန်မှာပဲ သခင်အောင်ဆန်း လုပ်ကြံခံရပြီး သခင်နုဟာ အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ အဲ့ဒီနောက်မှာ ထိုခေတ်နိုင်ငံရေး အခြေအနေအရ လွတ်လပ်ရေး မယူမဖြစ်ယူဖို့ အကြောင်းရင်းတွေ ဖန်လာပါတော့တယ်။
ကွန်မြူနစ်တစ္ဆေကြီးနဲ့ ကိုလံဘိုစီမံကိန်း
လွတ်လပ်ရေးရပြီးနာက်ပိုင်း ၁၉၅၀ ပြည့်နှစ်တွေမှာ မြန်မာနဲ့ ဗြိတိသျှကြား ဆက်ဆံရေးကို အလွှမ်းမိုးဆုံး အရာကတော့ ကိုလံဘိုစီမံကိန်းပဲ ဖြစ်ပါတယ်။ ကိုလံဘိုစီမံကိန်းဟာ အနောက်အုပ်စုနဲ့ ဆိုဗီယက်တို့ကြား ဖြစ်ပွားတဲ့ စစ်အေးတိုက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စီမံကိန်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အနောက်ဥရောပမှ အမေရိကန်က မာရှယ်စီမံကိန်းဆိုပြီး စစ်ဒဏ်ခံရတဲ့ နိုင်ငံတွေကို ငွေးကြေးပိုင်း၊ နည်းပညာပိုင်း အကူအညီတွေ ပေးပါတယ်။ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာရှယ်ကို အစွဲပြုပြီး ခေါ်ဝေါ်တာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှမှာတော့ ဗြိတိသျှကနေ ဦးဆောင်ပြီး ကိုလံဘိုစီမံကိန်းဆိုပြီး လုပ်ပါတယ်။ စီမံကိန်း ပေါ်ပေါက်လာရာကတော့ ၁၉၅၀ ပြည့်နှစ်မှာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ ကျင်းပခဲ့တဲ့ ဓနသဟာယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပဲ ဖြစ်ပါတယ်။ အစီအစဉ်ကို အဆိုပြုသူကတော့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ပါစီစပန်ဆာဖြစ်ပြီး ထိုကာလက အာရှတိုက်မှာ ကြီးထွားလာနေတဲ့ ကွန်မြူနစ်ရန်ကို တန်ပြန်ဖို့အတွက် စီမံကိန်းကို အဆိုပြုတာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှမှာတော့ ဗြိတိသျှကနေ ဦးဆောင်ပြီး ကိုလံဘိုစီမံကိန်းဆိုပြီး လုပ်ပါတယ်။ စီမံကိန်း ပေါ်ပေါက်လာရာကတော့ ၁၉၅၀ ပြည့်နှစ်မှာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ ကျင်းပခဲ့တဲ့ ဓနသဟာယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပဲ ဖြစ်ပါတယ်။ အစီအစဉ်ကို အဆိုပြုသူကတော့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ပါစီစပန်ဆာဖြစ်ပြီး ထိုကာလက အာရှတိုက်မှာ ကြီးထွားလာနေတဲ့ ကွန်မြူနစ်ရန်ကို တန်ပြန်ဖို့အတွက် စီမံကိန်းကို အဆိုပြုတာ ဖြစ်ပါတယ်။
ထိုစဉ်ကာလက တရုတ်ပြည်မှာလည်း မော်စီတုန်းဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီက အာဏာရသွားပြီဖြစ်ပြီး မြန်မာနဲ့ ဗီယက်နမ်တို့မှာလည်း ကွန်မြူနစ် လက်နက်ကိုင်လှုပ်ရှားမှုတွေ အရှိန်မြင့်လာချိန် ဖြစ်ပါတယ်။ အရှေ့တောင်အာရှ တခုလုံး ကွန်မြူနစ်ဖြစ်သွားမှာစိုးတဲ့ ဗြိတိသျှအုပ်စုဟာ ကိုလံဘိုစီမံကိန်းကို အကောင်အထည် ဖော်ပါတော့တယ်။ သူတို့ရဲ့အတွေးကတော့ လူတွေ ကွန်မြူနစ်ဝါဒဘက် ယိမ်းရတာ ဆင်းရဲလို့ဖြစ်တယ်။ မဆင်းရဲ၊ မမွဲတေအောင် စီးပွားရေးအရ အထောက်အပံ့ပေးမယ်ဆိုရင် ကွန်မြူနစ်ရန်စွယ်လည်း လျော့ကျသွားမယ်လို့ တွက်ကြပါတယ်။
အဲ့ဒီလိုနဲ့ ဗြိတိန်ကနေ ဦးဆောင် ငွေထည့် မတည်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကို ငွေကြေးအရ အကူအညီပေးမယ့် ကိုလံဘိုစီမံကိန်း ရုပ်လုံးပေါ်လာပါတယ်။ ဗြိတိန်အနေနဲ့ မြန်မာပြည်ကို လွတ်လပ်ရေး ပေးလိုက်ရပေမယ့် သူ့ရဲ့လွှမ်းမိုးမှုအောက် ထည့်ထားချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါ့အပြင် ထိုကာလမှာ ဗြိန်တိန်နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ စတီးဘရားသားနဲ့ ဘလုပ်ဘရားသားလို လုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ ဆက်လက် လည်ပတ်နေပါသေးတယ်။ အကယ်၍ ကွန်မြူနစ်တွေနဲ့ လက်ဝဲလိုလားတဲ့ အုပ်စုတွေသာ အာဏာရသွားရင် ဗြိတိသျှပိုင် စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးမှာကိုလည်း ဗြိတိသျှအစိုးရအနေနဲ့ မလိုလားပါဘူး။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီးကတည်းက ဘက်မလိုက်တဲ့ မူဝါဒကို ကျင့်သုံးတဲ့အတွက် နိုင်ငံခြားအကူအညီကို လိုနေတဲ့ ဦးနုအစိုးရအနေနဲ့ အတော်လေး အကြပ်ရိုက်ပါတယ်။ ထိုအချိန်က မြန်မာတွေအနေနဲ့ ဗြိတိန်အပေါ် အတော်လေး မကောင်းမြင်နေတဲ့ အချိန်ကာလ ဖြစ်နေတဲ့အတွက် ကိုလံဘိုအစီအစဉ်ကို လက်ခံလိုက်ရင် နိုင်ငံရေးအရ အထိနာသွားမှာကိုလည်း ဦးနုအစိုးရက စိုးရိမ်ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ကိုလံဘိုစီမံကိန်းနဲ့ ပိုက်ဆံတွေ လှိမ့်ဝင်လာပါတယ်။ ကိုလံဘိုစီမံကိန်းက ရတဲ့ပိုက်ဆံတွေကို ပြည်တော်သာလို ဖွံ့ဖြိုးရေးအစီအစဉ်တွေမှာ သုံးခဲ့ပေမယ့် ပြည်တော်သာစီမံကိန်းဟာလည်း မအောင်မြင်ခဲ့ပါဘူး။ ပိုက်ဆံတွေကို ဗကပနဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ဖို့အတွက် လက်နက်ဝယ်ရာမှာလည်း သုံးတဲ့အတွက် ပိုက်ဆံတော်တော်များများဟာ ရောက်သင့်တဲ့နေရာ မရောက်ခဲ့ပါဘူး။
မြန်မာအစိုးရရဲ့ အသုံးအဖြုန်းကြမ်းမှုကြောင့် နောက်ပိုင်းမှာ မြန်မာအစိုးရရဲ့ ငွေကြေးသုံးစွဲမှုကို ဗြိတိန်အစိုးရအနေနဲ့ ကန့်သတ်ခဲ့ရတယ်လို့ မက်သယူးဖော်လေးက သူ့ရဲ့ “The Cold War and National Assertion in Southeast Asia” စာအုပ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီလို ငွေကြေးသုံးစွဲမှုကို ကန့်သတ်မှုကြောင့် မြန်မာအစိုးရအနေနဲ့ အခြားပိုက်ဆံရနိုင်တဲ့ အစိုးရတွေကို လိုက်လံရှာဖွေ ချဉ်းကပ်ခဲ့တယ်။ အဲဒီလိုနဲ့ ဆိုဗီယက်နဲ့ တရုတ်ဆီက အကူအညီတွေ မြန်မာဆီ လှိမ့်ဝင်လာတယ်လို့ ဆိုပါတယ်။
လွတ်လပ်ရေးမရခင် ၁၉၄၇ မှာ ချုပ်ဆိုတဲ့ စစ်ဘက်ရေးရာ ပူးပေါင်းဆောင်ရွက်မှု စာချုပ်ဟာလည်း မကြာခင်မှာပဲ ပျက်ပြားသွားခဲ့ပါတယ်။ ဗြိတိသျှဘက်ကနေ မြန်မာစစ်သားတွေကို သင်တန်းလာပေးတဲ့ စစ်ဗိုလ်တွေက မြန်မာ စစ်သားတွေဟာ အမိန့်မနာခံဘူး၊ ခေါင်းမာတယ်ဆိုပြီး ကွန်ပလိန်းတက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနဲ့ ဗြိတိန်၊ အမေရိကန်တို့ စစ်ဘက်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဗိုလ်ချုပ်နေဝင်း လက်ထက်အထိ ရှိပါတယ်။
လွတ်လပ်ရေးမရခင် ၁၉၄၇ မှာ ချုပ်ဆိုတဲ့ စစ်ဘက်ရေးရာ ပူးပေါင်းဆောင်ရွက်မှု စာချုပ်ဟာလည်း မကြာခင်မှာပဲ ပျက်ပြားသွားခဲ့ပါတယ်။ ဗြိတိသျှဘက်ကနေ မြန်မာစစ်သားတွေကို သင်တန်းလာပေးတဲ့ စစ်ဗိုလ်တွေက မြန်မာ စစ်သားတွေဟာ အမိန့်မနာခံဘူး၊ ခေါင်းမာတယ်ဆိုပြီး ကွန်ပလိန်းတက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနဲ့ ဗြိတိန်၊ အမေရိကန်တို့ စစ်ဘက်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဗိုလ်ချုပ်နေဝင်း လက်ထက်အထိ ရှိပါတယ်။
၁၉၆၀ ပြည့်နှစ်တွေမှာ မြန်မာစစ်ဗိုလ်တွေကို အမေရိကန် စီအိုင်အေကနေ သင်တန်းပေးတာတွေရှိပြီး မျက်မှန်ကြီးတင်ဦးလို့ နာမည်ကျော်တဲ့ ဗိုလ်တင်ဦး ဦးဆောင်တဲ့ အဖွဲ့က သွားတက်တာတွေရှိပါတယ်။ ၁၉၅၈ အိမ်စောင့်အစိုးရလက်ထက်မှာ မိတ္ထိလာလေတပ်စခန်းကို အမေရိကန်လေတပ်က စစ်ဗိုလ်တွေ လာရောက်တာရှိတယ် ဆိုပါတယ်။ ထိုခေတ်က အနောက်နိုင်ငံတွေအနေနဲ့ ကွန်မြူနစ်ဆန့်ကျင်တဲ့ ဗိုလ်နေဝင်းကို အထောက်အပံ့အပြည့် ပေးထားခဲ့ပါတယ်။ ဗကပကို တိုက်ဖို့အတွက် အမေရိကန်က ပေးထားတဲ့ ဟောင်ဝစ်ဇာ အမြှောက်တွေကို ကွန်လုံတိုက်ပွဲမှာ ထုတ်သုံးခဲ့တယ် ဆိုပါတယ်။
၁၉၇၀ ပြည့်နှစ်တွေမှာ အမေရိကန် ဒုသမ္မတ ရစ်ချတ်နစ်ဆင်က လာတွေ့တာတွေရှိခဲ့ပြီး ဗိုလ်နေဝင်းကိုလည်း အိမ်ဖြူတော်ဖိတ်တာတွေ ရှိခဲ့ပါတယ်။ ဗြိတိသျှ တော်ဝင်မိသားစု အနေနဲ့ကတော့ အန်းမင်းသမီးက လာတွေ့တာ ရှိပါတယ်။ ဒါပေမယ့်လည်း ထိုကာလတွေမှာ ပညာသင်တွေ စေလွှတ်ရာမှာတော့ အရှေ့ဂျာမနီနဲ့ ဆိုဗီယက်ကိုသာ စေလွှတ်တာ များပါတယ်။ စက်မှုအင်အားနဲ့ နိုင်ငံသစ် ထူထောင်မယ်လို့ ကြွေးကြော်ထားတဲ့ မဆလအစိုးရဟာ အဲဒီပေါ်လစီကို အခြေခံပြီး ပညာသင်လွှတ်ခဲ့ဟန် တူပါတယ်။

မြန်မာနဲ့ ဗြိတိသျှ ဆက်ဆံရေးမှာ နောက်ထပ်အရေးပါသူ တဦးကတော့ လော့ဒ် မောင့်ဘက်တန်ပဲ ဖြစ်ပါတယ်။ မောင့်ဘက်တန်ဟာ ဗြိတိသျှ တော်ဝင်မိသားစုနဲ့ ဆွေမကင်း မျိုးမကင်း ဖြစ်သလို အိန္ဒိယဘုရင်ခံချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် ဒုတိယကမ္ဘာစစ် ကာလမှာလည်း မြန်မာပြည်စစ်မြေပြင်မှာ အရေးပါတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း အစိုးရအဆက်ဆက်က မောင့်ဘက်တန်ကို လက်ခံကြိုဆိုတာတွေ ရှိသလို မောင့်ဘက်တန်ကလည်း ဗြိတိသျှတွေ သိမ်းယူသွားတဲ့ မြန်မာ့ထီးသုံးနန်းသုံး ပစ္စည်းတွေ ပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပါတယ်။ တော်လှန်ရေးကောင်စီ ခေတ်အထိ မြန်မာပြည်ကို မောင့်ဘက်တန် လာလည်ခဲ့သလို မောင့်ဘက်တန် ကွယ်လွန်တဲ့အခါ ဗိုလ်နေဝင်းအမိန့်နဲ့ နိုင်ငံတွင်းက အလံတိုင်တွေမှာ အလံကို တိုင်တဝက်ထူပေးရတယ် ဆိုပါတယ်။
အရေးယူပိတ်ဆို့မှုခေတ် ၂၂ နှစ်
၁၉၈၈ မှာ ရှစ်လေးလုံး အရေးတော်ပုံဖြစ်ပြီး မဆလအစိုးရ ပြုတ်ကျကာ နဝတအစိုးရ တက်လာပါတယ်။ နဝတအစိုးရ တက်ခါစ ၁၉၈၉ ခုနှစ်မှာ ဘာလင်တံတိုင်းပြိုကျပြီး စစ်အေးတိုက်ပွဲ အဆုံးသတ်သွားသလို ရှမ်းမြောက်ဒေသမှာ အင်အားချိနဲ့နေတဲ့ ဗကပဟာလည်း တပ်တွင်းပုန်ကန်မှုကြောင့် ပြိုကျသွားပါတော့တယ်။
၁၉၉၀ ပြည့်နှစ်တွေမှာ နဝတအစိုးရဟာ ရွေးကောက်ပွဲရလဒ်ကို တရားမဝင်ကြေညာပြီး အတိုက်အခံတွေကို ဖမ်းဆီးမှုတွေ လုပ်လာတဲ့အခါမှာတော့ အမေရိကန်နဲ့ ဗြိတိန်ဦးဆောင်တဲ့ နိုင်ငံတွေကနေ အရေးယူပိတ်ဆို့မှုတွေ ချမှတ်လာတာကြောင့် အနောက်နိုင်ငံနဲ့ မြန်မာအစိုးရအကြား ဆက်ဆံရေးဟာ အောက်ကို ထိုးကျသွားပါတော့တယ်။ ဗြိတိန်ဟာလည်း ၁၉၉၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံရေးထဲ သိပ်မပါတော့ဘဲ နောက်တန်းကို ရောက်သွားပါတော့တယ်။
နိုင်ငံတကာ ဇာတ်ခုံဟာလည်း ဈေးကွက်စီးပွားရေးနဲ့ ကွန်မြူနစ်စနစ် အားပြိုင်မှုအစား လူ့အခွင့်အရေးအပေါ် ပိုပြီး အခြေခံလာပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ နဝတအစိုးရဟာ ရွေးကောက်ပွဲရလဒ်ကို တရားမဝင်ကြေညာပြီး အတိုက်အခံတွေကို ဖမ်းဆီးမှုတွေ လုပ်လာတဲ့အခါမှာတော့ အမေရိကန်နဲ့ ဗြိတိန်ဦးဆောင်တဲ့ နိုင်ငံတွေကနေ အရေးယူပိတ်ဆို့မှုတွေ ချမှတ်လာတာကြောင့် အနောက်နိုင်ငံနဲ့ မြန်မာအစိုးရအကြား ဆက်ဆံရေးဟာ အောက်ကို ထိုးကျသွားပါတော့တယ်။ ဗြိတိန်ဟာလည်း ၁၉၉၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံရေးထဲ သိပ်မပါတော့ဘဲ နောက်တန်းကို ရောက်သွားပါတော့တယ်။

အဲဒီကာလတွေအတွင်းမှာ မြန်မာအစိုးရအနေနဲ့ အကူအညီ အထောက်အပံ့ပေးတဲ့ တရုတ်အစိုးရနဲ့ ပိုနီးစပ်လာပါတယ်။ တရုတ်အကူအညီတွေ၊ တရုတ်ထုတ်ကုန်နဲ့ တရုတ်ခရီးသွားတွေ မြန်မာနိုင်ငံထဲကို လှိမ့်ဝင်လာပါတယ်။
တဝက်တပျက် ဒီမိုကရေစီခေတ်နဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းကာလ
၂၀၁၀ နောက်ပိုင်းမှာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားတပိုင်း အစိုးရ တက်လာပါတယ်။ အနောက်နိုင်ငံတွေကလည်း အရေးယူပိတ်ဆို့မှုတွေ ရုတ်ပေးခဲ့သလို အမေရိကန်အစိုးရ မြန်မာနိုင်ငံ လာတဲ့အထိ အခြေအနေ ကောင်းလာပါတယ်။ ဗြိတိန်-မြန်မာ ဆက်ဆံရေးလည်း ပြန်လည် အသက်ဝင်လာခဲ့ပြီး သမ္မတပညာသင်ဆုနဲ့ မြန်မာကျောင်းသားတွေကို ဗြိတိန်ဆီ ပညာသင်လွှတ်တာတွေ ရှိပါတယ်။ NLD အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗြိတိန်နိုင်ငံဆီ သွားတာတွေရှိခဲ့ပြီး ဒုတိယမြောက် အဲလိဇဘက် ဘုရင်မနဲ့ တွေ့ဆုံတာ ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေ အသတ်ဖြတ်ခံရတာကို NLD အစိုးရက ကာကွယ်ပေးတာနဲ့ ပက်သက်ပြီး ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး ညှိုးနွမ်းခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှု အပြီးမှာ မူလကတည်းက မကောင်းတဲ့ ဗြိတိန် – မြန်မာ ဆက်ဆံရေးဟာ အောက်ကို ထိုးကျသွားခဲ့ပါတယ်။ ဗြိတိန်ဟာ အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ နိုင်ငံတွေထဲမှာ တနိုင်ငံအပါအဝင်ဖြစ်ပြီး စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေကို အရေးယူပိတ်ဆို့တာတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက ပြုလုပ်တဲ့ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မရဲ့ ဈာပနကိုလည်း မြန်မာပြည်က ကိုယ်စားလှယ်ကို ဖိတ်ကြားခြင်း မရှိပါဘူး။
၂၀၀၂ ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ မစ္စ ဗစ်ကီဘိုးမန်းကိုလည်း ထောင်သွင်း ကျဉ်းချခဲ့ပါသေးတယ်။ ဒီလိုသံအမတ်ဟောင်း တယောက်ကို ထောင်သွင်းအကျဉ်းချတာဟာ သမိုင်းမှာမရှိသေးတဲ့ လုပ်ရပ်ဖြစ်ပြီး ဗြိတိန်-မြန်မာဆက်ဆံရေး ဘယ်လောက် ဆိုးရွားနေပြီဆိုတာကို သက်သေထူနေပါတယ်။
ဒါ့အပြင် ၂၀၀၂ ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ မစ္စ ဗစ်ကီဘိုးမန်းကိုလည်း ထောင်သွင်း ကျဉ်းချခဲ့ပါသေးတယ်။ ဒီလိုသံအမတ်ဟောင်း တယောက်ကို ထောင်သွင်းအကျဉ်းချတာဟာ သမိုင်းမှာမရှိသေးတဲ့ လုပ်ရပ်ဖြစ်ပြီး ဗြိတိန် – မြန်မာဆက်ဆံရေး ဘယ်လောက် ဆိုးရွားနေပြီဆိုတာကို သက်သေထူနေပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဗြိတိန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဆောင်ခြင်းကနေ အကျိုးအမြတ် အများအပြား ရရှိနိုင်ပါတယ်။ ပထမဆုံးကတော့ ပညာရေးဆိုင်ရာ အကျိုးအမြတ် ဖြစ်ပါတယ်။ ဗြိတိန်ဟာ ယခင်ကလောက် အင်အားမကြီးထွားတော့ပေမယ့် ဗြိတိန်ရဲ့ ပညာရေးစနစ်ဟာ ကမ္ဘာမှာ ထိပ်မှာရှိနေဆဲ ဖြစ်သလို ဗြိတိသျှတက္ကသိုလ်တွေဟာလည်း ကမ္ဘာပေါ်မှာ ထိပ်ရောက်နေဆဲပါပဲ။ ဗြိတိန်နိုင်ငံရဲ့ welfare စနစ်ဟာ ကောင်းမွန်လှတဲ့အတွက် ဗြိတိန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ပြုလုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေမှာ တိုးတက်မှုတွေ ရှိလာနိုင်ပါတယ်။ ဗြိတိန်နဲ့ မိတ်ဖက် ကနေဒါတို့လို ဓနသဟာယ နိုင်ငံတွေနဲ့ ဆက်ဆံခြင်းအားဖြင့် စီးပွားရေး အကျိုးအမြတ်တွေလည်း ရရှိလာနိုင်ဖွယ် ရှိပါတယ်။ သို့ပေမယ့် ဒီအချက်တွေဟာ လက်ရှိစစ်အစိုးရ ရှိနေသရွေ့တော့ ဖြစ်မလာနိုင်မှာ အသေအချာပါပဲ။
You may also like these stories:
ဗြိတိန်ဝန်ကြီးချုပ်သစ် ဆူနက် ကြီးမားသော တာဝန်များကို ရင်ဆိုင်ရမည်
စစ်ကောင်စီက ဖမ်းတဲ့ နိုင်ငံခြားသား ၆ ဦး
တတိယမြောက် ချားလ်စ် ဘယ်လိုဘုရင်လဲ
ဗြိတိန်သံအမတ်ဟောင်းနှင့် ခင်ပွန်း ထောင် ၁ နှစ်စီ ချခံရ
စစ်ခေါင်းဆောင်သားပိုင် ကုမ္ပဏီ ဗြိတိန် ပိတ်ဆို့အရေးယူ
The post ဗြိတိန်-မြန်မာဆက်ဆံရေး ၇၅ နှစ်ခရီး appeared first on ဧရာဝတီ.