Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူကို အနီးကပ်ကြည့်ရှုခြင်း

$
0
0

တောရိုင်း တိရိစ္ဆာန်တို့၏ တိုက်ခိုက်မှုများတွင် အစွယ်ရှိသူက အစွယ်ကို အားကိုးသည်။ ဦးချိုရှိသူက ဦးချိုကို အားကိုးသည်။ ခွါရှိသူက ခွါကို အားကိုးသည်ကို တွေ့ရ၏။ သူတို့အတွက်ကတော့ သဘာဝတရားက ပေးသည့်အပေါ်တွင်သာ အသုံးချ၍ ရသည် မဟုတ်ပါလော။

လူသားမျိုးနွယ်ချင်း တိုက်ခိုက်မှုတွင် အစပိုင်းက ခွန်အားဗလအပေါ်တွင်သာ အခြေပြုကြသော်လည်း နောက်ပိုင်းတွင် ဤသို့ မဟုတ်တော့ပေ။ လူသားတို့ အသိဉာဏ်ပညာ၊ တီထွင်ဖန်တီးမှုတို့အပြင် ချမ်းသာကြွယ်ဝမှုများက တဆင့် သဘာဝက ပေးသည့် ခွန်အားဗလကိုသာ အားကိုးသည်မှ တစစပြောင်းလဲလာ၏။

ကျောက်တုံး၊ ကျောက်ခဲ၊ ဓါး၊ လှံ၊ လေး၊ မြား၊ မီးပေါက်သေနတ်မှသည် ယနေ့ခေတ်တွင်တော့ ခေတ်မှီလက်နက်မျိုးစုံကို အသုံးပြုလာကြသည်။ ခွန်အား ဗလကြီးသူအား တယောက်ချင်းရင်ဆိုင်ရာမှ အားနည်းသူအများဖြင့် စုပေါင်း၍ အနိုင်ယူခြင်း၊ အတိအလင်း စိန်ခေါ်တိုက်ခိုက်ရာမှ အလစ်အငိုက် တိုက်ခိုက်လာကြခြင်းတို့ ပြုလုပ်လာကြ၏။

စစ်လက်နက်စွမ်းအား ကွာခြားသော်လည်း မလွှဲမရှောင်သာ စစ်ပွဲများရင်ဆိုင်ရသည့်အခါ တဖက်၏ အားသာချက်ကို မည် သို့ ရင်ဆိုင်မည်နည်း၊ မိမိအားသာချက်ကို မည်သို့ဖန်တီးမည်ဆိုသည်ကို စစ်လက်နက်အင်အားနည်းသူတို့ဖက်က စဉ်း စားရန်၊ ဉာဏ်ကိုလွှာ၍ အသုံးပြုရန် လိုအပ်ပေ၏။

ထို့ပြင် ခေတ်မှီစစ်လက်နက်များ ပေါ်ပေါက်လာသောအခါ နည်းပညာ လျှို့ဝှက်ချက်အရ၊ ငွေကြေးဓန တတ်နိုင်စွမ်းအရ စစ်လက်နက်ပိုင်ဆိုင် အသုံးပြုနိုင်စွမ်းလည်း ကွာခြားလာသည်ကို ‌တွေ့မြင်ရသည်။ သို့ဖြစ်ရာ လူသားမျိုးနွယ်များ၏ တိုက်ပွဲများ၊ စစ်ပွဲများတွင်လည်း စစ်လက်နက် အသုံးပြုနိုင်စွမ်း ကွာခြားသည့် စစ်ပွဲများစွာ ကြုံတွေ့လာရ၏။

မြန်မာလေတပ်ပိုင် MIG 29 တိုက်လေယာဉ်

စစ်လက်နက်စွမ်းအား ကွာခြားသော်လည်း မလွှဲမရှောင်သာ စစ်ပွဲများရင်ဆိုင်ရသည့်အခါ တဖက်၏ အားသာချက်ကို မည် သို့ ရင်ဆိုင်မည်နည်း၊ မိမိအားသာချက်ကို မည်သို့ဖန်တီးမည်ဆိုသည်ကို စစ်လက်နက်အင်အားနည်းသူတို့ဖက်က စဉ်း စားရန်၊ ဉာဏ်ကိုလွှာ၍ အသုံးပြုရန် လိုအပ်ပေ၏။

မြေပြင်တိုက်ပွဲများတွင် အမြဲတမ်း တပ်မတော်များ ဖွဲ့စည်းထားနိုင်ပြီး ဘဏ္ဏာရေး ထောက်ပံ့မှုရှိသော စစ်တပ်များသည် လေကြောင်းပစ်ကူနှင့် လက်နက်ကြီး ပစ်ကူအားကိုယူ၍ မြေပြင်တိုက်ပွဲဆင်နွှဲလေ့ရှိသည့် သမရိုးကျ ဗျူဟာကို သုံးစွဲ လေ့ရှိသည်ကို တွေ့မြင်ရသည်။

၎င်းတို့ စစ်ဆင်မည့်နေရာ၊ မြို့ရွာ၊ တပ်စခန်းများကို လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် တရစပ် ပစ်ခတ် တိုက်ခိုက်ပြီးမှ မြေပြင်တိုက်ခိုက်ရေးတပ်များက ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ ၎င်းတို့စခန်းများ၊ မြို့ရွာများ အ တိုက်ခံရသောအခါတွင် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူပေး၍ ၎င်းတို့မြေပြင်တပ်များကို အကာအကွယ် ပေးခြင်းတို့ ပြုလုပ်လေ့ရှိ၏။

ထိုအခါတွင် မလွှဲမရှောင်သာ စစ်ပွဲဆင်နွှဲရသည့် စစ်လက်နက် အင်အားနည်းပါးသူများဖက်မှ ထိုစစ်ပွဲကို အနိုင်တိုက်ရန် ပြင်ဆင်ဖို့ လိုအပ်သည်။

ပထမ ပြင်ဆင်ရမည်မှာ စိတ်ဓါတ်ပိုင်းဆိုင်ရာဖြစ်၏။ လေကြောင်းနှင့်လက်နက်ကြီးအသာရတိုင်း စစ်ပွဲကို အနိုင်ရလေ့မရှိ ဆိုသည်ကို မိမိတပ်ဖွဲ့ဝင်များကြားနှင့် မိမိအား ထောက်ခံသည့်လူထုကြားတွင် အခိုင်အမာ စိတ်ဓါတ်စိုက်ထူရန် လိုအပ်သည်။

ပထမ ပြင်ဆင်ရမည်မှာ စိတ်ဓါတ်ပိုင်းဆိုင်ရာဖြစ်၏။ လေကြောင်းနှင့်လက်နက်ကြီးအသာရတိုင်း စစ်ပွဲကို အနိုင်ရလေ့မရှိ ဆိုသည်ကို မိမိတပ်ဖွဲ့ဝင်များကြားနှင့် မိမိအား ထောက်ခံသည့်လူထုကြားတွင် အခိုင်အမာ စိတ်ဓါတ်စိုက်ထူရန် လိုအပ်သည်။

၁၉၅၅ ခုနှစ်မှ စတင်သည့် ဗီယက်နမ်စစ်ပွဲအတွင်း ၁၉၆၅ ခုနှစ်မှ ၁၉၇၅ နှစ်အထိ ၁၀ နှစ်တာကာလအတွင်း အမေရိကန်စစ်တပ် ထဲထဲဝင်ဝင် ပါဝင်ခဲ့၏။ ၁၉၆၈ ခုနှစ်စာရင်းအရ အမေရိကန်နှင့် မဟာမိတ်စစ်တပ်အင်အား ၆ သိန်းခန့်နှင့် တောင်ဗီယက်နမ်စစ်တပ် အင်အား ၈ သိန်းခွဲခန့်သည် မြောက်ဗီယက်နမ်နှင့် မဟာမိတ်စစ်အင်အား ၅ သိန်းခန့်အား တိုက်ခိုက်ရာတွင် အမေရိကန်နှင့် တောင် ဗီယက်နမ်တပ်များသည် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူကိုအဓိကထားခဲ့၏။

ဗီယက်နမ်စစ်ပွဲအတွင်း ဗုံးကြဲနေသော အမေရိကန် လေယာဉ်

ထိုဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန်တို့ဖက်မှ လေကြောင်းပျံသန်းမှု အကြိမ်ရေ ၅ သန်းခွဲခန့် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ဗီယက်နမ်စစ်ပွဲကာလအတွင်း ကြဲချခဲ့ ဗုံးတန်ချိန်သည် ဒုတိယကမ္ဘာစစ်ကာလက အသုံးပြုခဲ့သည့် ဗုံးတန်ချိန်ထက် ပိုသည်ဟု ဆိုပါသည်။

ထိုအချိန်ကာလကလည်း အမေရိကန်၏ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူသည် ကမ္ဘာတွင် ခေတ်အမှီဆုံး ဖြစ်ခဲ့၏။ သို့သော် ၁၉၇၅ ခုနှစ်၊ဧပြီလ ၃၀ ရက်နေ့တွင် ဗီယက်နမ်စစ်ပွဲပြီးဆုံးပြီး မြောက်ဗီယက်နမ်နှင့် ဗီယက်ကောင်းတို့ အောင်ပွဲခံသည်။ အမေရိကန်တို့ ဗီယက်နမ်မှ ဆုတ်ခွာရသည်။

နောက်စစ်ပွဲတခုမှာ အာဖဂန်နစ္စတန်စစ်ပွဲ ဖြစ်၏။ ၂၀၀၁ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် အစပြုပြီး ၂၀၂၁ ခုနှစ် ဩဂုတ် လ ၃၀ ရက်နေ့ထိ အနှစ် ၂၀ နီးပါး ကြာမြင့်ခဲ့သည်။ အမေရိကန်နှင့် မဟာမိတ်တပ်များက ထိုစစ်ပွဲအတွင်း လေကြောင်းပစ်ကူနှင့် လက်နက်ကြီး ပစ်ကူကို အဓိက အသုံးပြုခဲ့၏။

အမေရိကန်စစ်တပ်သည် ကမ္ဘာ့ခေတ်အမှီဆုံး လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူ အသုံးပြုခဲ့သော်လည်း အဆုံးသတ်တွင် အနိုင်မရခဲ့ပါ။ အဓိကအကြောင်းမှာ ဗီယက်နမ်မှာရော အာဖဂန်မှာပါ ပြည်သူလူထု အများစုကို စည်းရုံးနိုင်ခြင်းမရှိ၍ ဖြစ်သည်။

ကမ္ဘာပေါ်တွင် ခေတ်အမှီဆုံး၊ နည်းပညာအမြင့်ဆုံး လက်နက်ဆန်းများကို အသုံးပြုခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ထို့ပြင် စစ်သုံးစားရိတ် အမေရိကန်ဒေါ်လာ ထြီလီယံနှင့်ချီ၍ အသုံးပြုခဲ့သည်။ ၂၀၂၁ ခုနှစ် အမေရိကန်တို့ ကဘူးမှ ဆုတ်ခွာ၍ မပြီးသေးမီပင် တာလီဘန်တို့က ကဘူးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရ၏။

ဤစစ်ပွဲနှစ်ခုမှ တွေ့ရသည်မှာ အမေရိကန်စစ်တပ်သည် ကမ္ဘာ့ခေတ်အမှီဆုံး လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူ အသုံးပြုခဲ့သော်လည်း အဆုံးသတ်တွင် အနိုင်မရခဲ့ပါ။ အဓိကအကြောင်းမှာ ဗီယက်နမ်မှာရော အာဖဂန်မှာပါ ပြည်သူလူထု အများစုကို စည်းရုံးနိုင်ခြင်းမရှိ၍ ဖြစ်သည်။

နှစ်နိုင်ငံလုံးရှိ ပြည်သူလူထုအများစုကို စည်းရုံးပြီး ကျယ်ပြန့်သည့် ပြောက်ကျားစစ်ပွဲဆင်နွှဲမှုကို ခေတ်ကာလအလိုက် ခေတ်အမှီဆုံး၊ နည်းပညာအမြင့်ဆုံး လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူ အသာစီးရမှုက အဆုံးသတ်တွင် အနိုင် မရနိုင်ခဲ့သည့် အကောင်းဆုံး သက်သေများပင် ဖြစ်၏။

လက်ရှိ ယူကရိန်းစစ်ပွဲတွင်လည်း ရုရှားကို ကြံ့ကြံ့ခံနိုင်ခြင်းမှာ အမေရိကန်နှင့်မဟာမိတ်များ၏ အထောက်အကူရခြင်းက အကြောင်း အချက်တခုဖြစ်နိုင်သော်လည်း ယူကရိန်း ပြည်သူများ၏ ကြံ့ကြံ့ခိုင်သော စိတ်ဓါတ်က အဓိက ဖြစ်သည်။

အာဖဂန်နစ္စတန် စစ်ပွဲအတွင်း အမေရိကန်စစ်တပ်၏ လေကြောင်းချီစစ်ဆင်ရေးတခု

အာဖဂန်နစ္စတန်တွင်ကြည့်ပါက အမေရိကန်‌က ခေတ်မီ စစ်လက်နက် ပစ္စည်းပေါင်းစုံထောက်ပံ့ထားသော အာဖဂန်အစိုးရ စစ်တပ်သည် အမေရိကန်တို့ ဆုတ်ခွာသည်နှင့် အာဖဂန်သမ္မတလည်း နိုင်ငံခြားသို့ ထွက်ပြေးပြီး စစ်တပ်ကလည်း တခဏအတွင်း ပြိုပျက်သွားခဲ့သည်ကို တွေ့ခဲ့ရသည်။

သို့ဖြစ်ရာ အမေရိကန်လေတပ်နှင့် အမြောက်တပ်၊ ဒုံးတပ်တို့နှင့် နှိုင်းယှဉ်လျင် အတိုင်းအတာအရ လည်းကောင်း၊ နည်းပညာပိုင်းအရရော နိမ့်ပါးသည့် စကစ၏ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများသည် ၎င်းတို့ကို စစ်အောင်နိုင်စေသည့် အကြောင်းအချက်မဟုတ်ပေ။

လူထုနှင့်‌ တော်လှန်‌ရေးအင်အားစုများကို အကြောက်တရားဝင်အောင် ခြိမ်းခြောက်နိုင်သည့် အခြေအနေသာ ရှိပေသည်။ သို့ဖြစ်ရာ လူထုနှင့်တော်လှန်ရေးအင်အားစုအနေနှင့် မကြောက်တရား ကိုင်စွဲပြီး တုန့်ပြန်ရန် လိုအပ်သည်။

လက်ရှိ ရရှိသောကိန်းဂဏန်း အချက်အလက်များအရ စစ်ကောင်စီ လေတပ်တွင် MIG – 29၊ JF – 17 ၊ Nanchang Q5 ၊ Chengdu J7၊ Shangyan J6 စသည့် တိုက်လေယာဉ် အမျိုးအစားများ စုစုပေါင်း ၈၃ စီး၊ လေ့ကျင့်ရေးနှင့် အပေါ့စား တိုက်လေယာဉ်အဖြစ် အသုံးပြု၍ရသော လေယာဉ် ၂၉ စီးရှိပြီး A5 ဗုံးကြဲလေယာဉ်များ ရှိသည်။

လက်တွေ့တွင် ၎င်းတို့၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ အနေအထားကို ခြုံငုံသုံးသပ်ပြီး မည်သို့ တုန်ပြန်မည်ဆိုသည်ကိုသာ နည်းလမ်းရှာရန်အား ဒုတိယပိုင်းအနေနှင့် ပြင်ဆင်ရန်လိုအပ်၏။

လက်ရှိ ရရှိသောကိန်းဂဏန်း အချက်အလက်များအရ စစ်ကောင်စီ လေတပ်တွင် MIG – 29၊ JF – 17 ၊ Nanchang Q5 ၊ Chengdu J7၊ Shangyan J6 စသည့် တိုက်လေယာဉ် အမျိုးအစားများ စုစုပေါင်း ၈၃ စီး၊ လေ့ကျင့်ရေးနှင့် အပေါ့စား တိုက်လေယာဉ်အဖြစ် အသုံးပြု၍ရသော လေယာဉ် ၂၉ စီးရှိပြီး A5 ဗုံးကြဲလေယာဉ်များ ရှိသည်။

ထို့ပြင် ရုရှားမှ SU 30 လေယာဉ် ၆ စီး မှာယူထားရာ နှစ်စီးမှာ နေပြည်တော်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မြန်မာ လေယာဉ်မှူးများ ကျွမ်းကျွမ်းကျင်ကျင် မစီးနိုင်သေးပေ။

တရုတ်မှ JF 17 အမျိုးအစား တိုက်လေယဉ် ၁၆ စီးနှင့် လေ့ကျင့်ရေးနှင့် အပေါ့စားတိုက်လေယဉ်များ တရုတ်မှ အစီး ၅၀၊ ရုရှားမှ ၁၀ မှာယူထားရာ မကြာမီ အသုတ်လိုက် ရောက်ရှိဖွယ်ရှိသည်။ (သို့သော် လက်ဝယ်ရှိသော ထိုလေယာဉ်များ မြန်မာ့ကောင်းကင်ယံအတွင်း ပျံတက်လာသည်ကို မတွေ့ရသေးပေ။ လေယာဉ်များ၏ စစ်ပွဲအတွင်း တိုက်ခိုက်နိုင်မှုအပေါ် သံသယရှိနေကြသည်။)

တော်လှန်ရေး အင်အားစုများ အနေနှင့် မိမိစခန်း သို့မဟုတ် တိုက်ပွဲဖြစ်သည့်နေရာနှင့် အနီးဆုံး လေယာဉ် ရဟတ်ယာဉ်အခြေပြုရာများကို တွက်ဆထားခြင်း၊ လေကြောင်းကင်းထောက်များ အဆင့်ဆင့်ထားရှိခြင်း၊ တိုက်ပွဲများကို အမြန်အဆုံးသတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှု ဒဏ်ခံနိုင်သည့် ဗုံးခိုကျင်းများ၊ ခေါင်ကတုတ်ဘန်ကာများ တည်ဆောက် ခြင်း၊ မိမိစခန်း၊ မိမိရွာအနီး ရဟတ်ယဉ်ဆင်းနိုင်သော မြေပြန့်များအား မိုင်းများ၊ ညှောင့်အကြီးများ ထောင်ထားခြင်း၊ မီးကွင်းများပြင်ဆင်ထား၍ မီးရှို့ခြင်းများ ပြုလုပ်နိုင်ရန် လိုသည်။

ထို့ပြင် သယ်ယူပို့ဆောင်ရေးလေယာဉ် ၂၅ စီး၊ MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၉ စီး၊ ဘက်စုံသုံး ရဟတ်ယာဉ် အစီး ၇၀ ခန့်ရှိ၏။ သို့ဖြစ်ရာ စကစ၏ လေယာဉ်အင်အားအရ တိုင်းပြည်အနှံ့ဖြစ်ပွါးနေသည့် တိုက်ပွဲဖြစ်သည့်နေရာတိုင်းအား လေကြောင်း ပစ်ကူပေးရန် ပြင်ဆင်နေသည်ဟု ဆိုရမည်။

သို့ဖြစ်ရာ အတန်အသင့်ကြီးသည့် တိုက်ပွဲတိုင်း၊ အရေးပါသည့် စခန်းများ (ရဲစခန်းငယ်ဖြစ်စေ) အား တိုက်ခိုက်သည့် တိုက်ပွဲတိုင်းမှစ၍ လေကြောင်းပစ်ကူလာနိုင်သည်ကို သတိပြုရန်လို၏။ ထို့အတူ ယခု စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွင် ပြုလုပ်နေသကဲ့သို့ လေကြောင်းချီ တိုက်ခိုက်ခြင်းများကို ဆက်လက်လုပ်ဆောင်မည်ကို သတိပြုရင်ဆိုင်ရန် လိုသည်။

စကစ လေတပ်သည် လေတပ်စခန်းဌာနချုပ် ၁၀ ခုထားရှိသော်လည်း လက်ရှိတွင် မင်္ဂလာဒုံ၊ မှော်ဘီ၊ တောင်ငူ၊ မိတ္ထီလာ၊ မကွေး လေတပ်စခန်းများနှင့် တံတားဦး လေယာဉ်ကွင်းများအား အသုံးပြု၍ လေယဉ်တိုက်ခိုက်မှုများပြုလုပ်ပြီး ရဟတ်ယာဉ် တိုက်ခိုက်မှုများအား တိုင်းစစ်ဌာနချုပ်များ၌ အခြေပြု ဆောင်ရွက်လျက်ရှိ၏။

လေကြောင်း တိုက်ခိုက်မှုတွင် အမြင့်ဆုံး ပေါင် ၅၀၀ ဗုံးအား အများဆုံး အသုံးပြုပြီး (ပေါင် ၁၀၀၀ ဗုံး အသုံးပြုမှု ရှိပြီဖြစ်သော်လည်း) ၃၀ မမ စက်သေနတ်နှင့် ဒုံးကျည်အငယ်စားများ အသုံးပြုသည်ကို တွေ့ရ၏။

သို့ဖြစ်ရာ တော်လှန်ရေး အင်အားစုများ အနေနှင့် မိမိစခန်း သို့မဟုတ် တိုက်ပွဲဖြစ်သည့်နေရာနှင့် အနီးဆုံး လေယာဉ် ရဟတ်ယာဉ်အခြေပြုရာများကို တွက်ဆထားခြင်း၊ လေကြောင်းကင်းထောက်များ အဆင့်ဆင့်ထားရှိခြင်း၊ တိုက်ပွဲများကို အမြန်အဆုံးသတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှု ဒဏ်ခံနိုင်သည့် ဗုံးခိုကျင်းများ၊ ခေါင်ကတုတ်ဘန်ကာများ တည်ဆောက် ခြင်း၊ မိမိစခန်း၊ မိမိရွာအနီး ရဟတ်ယဉ်ဆင်းနိုင်သော မြေပြန့်များအား မိုင်းများ၊ ညှောင့်အကြီးများ ထောင်ထားခြင်း၊ မီးကွင်းများပြင်ဆင်ထား၍ မီးရှို့ခြင်းများ ပြုလုပ်နိုင်ရန် လိုသည်။

စစ်ကိုင်း၊ မကွေးဒေသများတွင် မြေပြန့်များ၍ နေရာတိုင်းတွင် ရဟတ်ယာဉ်ဆင်းရန် လွယ်ကူသော်လည်း မိမိအနီးတွင် မဆင်းနိုင်အောင် အဟန့်အတားပြုလုပ်ထားပြီး အချိန်ဆွဲနိုင်ပါသည်။ ရဟတ်ယာဉ်များ မြေပြင်ဆင်းချိန် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ရန် ပြင်ဆင်ဇာတ်တိုက်လေ့ကျင့်ထားခြင်းများ ပြုလုပ်ထားနိုင်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် အင်အား အများစုကို မသုံးစွဲနိုင်သဖြင့် မြေပြင်တွင် တိုက်ခတ်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဖြင့် တပ်များသယ်ဆောင် ချထားကာ တိုက်ခိုက်ခြင်းကို စစ်ကိုင်း၊ မကွေးဒေသများတွင် အများဆုံးပြုလုပ်လာသည်။

ဤသို့ ရဲတင်းစွာပြုလုပ်ခြင်းမှာ ဒေသခံတော်လှန်ရေးရဲဘော်များ၏ အတွေ့အကြုံနည်းမှုနှင့် ပစ်အား၊ လက်နက်ခဲယမ်း အားကို တွက်ဆပြီး ပြုလုပ်နေခြင်းဖြစ်သည်။ အတွေ့အကြုံရှိပြီး လက်နက်ခဲယမ်းအား ပစ်အားရှိသော တိုင်းရင်းသား တပ်ဖွဲ့များရှိရာဒေသများတွင် ထိုသို့ မလုပ်ရဲပေ။

တပ်အင်အားကို ဖြန့်ခွဲထားခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် ပွဲလမ်းပြုလုပ်ခြင်းများ လျှော့ချသတိထားခြင်း၊ စစ်သင်တန်း ကျောင်းများတွင် ဗုံးခိုကျင်းများ တူးထားပြီး လေကြောင်းရန်ကင်းထားခြင်း တို့အပြင် မိမိဒေသ အခြေအနေနှင့် ကိုက်ညီ သော တုန့်ပြန်မှုများ ပြုလုပ်ရန် ပြင်ဆင်ထားသင့်၏။

လေယာဉ်ပစ်လက်နက် ဝယ်ယူရေးနှင့် ပတ်သက်လျင် လွယ်ကူလှသည် မဟုတ်ပေ။ ဝယ်ယူရရှိပါကလည်း နေရာအနှံ့အား တပ်ဆင်နိုင်ရန် မဖြစ်နိုင်ပေ။ ဤသို့သော အခြေအနေတွင် ပို၍ ဝယ်ရလွယ်ကူသည့် ၁၂.၇ မမ (ပွိုင့် ၅ )၊ ၂၀ မမ စက်သေနတ်များ ဝယ်ယူပြီး လေကြောင်းရန်ကို အပြည့်အဝ မကာကွယ်နိုင်တောင်မှ ဟန့်တားရန် လိုအပ်မည်ဖြစ်သည်။ ဖြစ်နိုင်ခြေရှိသည်မှ စတင်စဉ်းစားရန် လိုအပ်ပါမည်။

လေကြောင်းတိုက်ခိုက်ခြင်းအား သတိထားရန် လိုအပ်သော်လည်း အလွန်အကျွံ‌ စိုးရိမ်ရန်တော့ မလိုအပ်ပေ။ အဘယ် ကြောင့်ဆိုသော် စစ်ကောင်စီ လေတပ်၏ တိုက်စွမ်းရည်မှ လက်တွေ့တွင် မမြင့်လှပေ။ စစ်တပ်အာဏာသိမ်းပြီး ကတည်း က လေကြောင်းတိုက်ခိုက်မှု ထောင်ချီပြုလုပ်ခဲ့ပြီ ဖြစ်သော်လည်း လက်တွေ့တွင် တော်လှန်ရေးတပ်ဖွဲ့များ ပြောပလောက် အောက် ထိခိုက်မှု မရှိပေ။

လေယာဉ်ပစ်လက်နက် ဝယ်ယူရေးနှင့် ပတ်သက်လျင် လွယ်ကူလှသည် မဟုတ်ပေ။ ဝယ်ယူရရှိပါကလည်း နေရာအနှံ့အား တပ်ဆင်နိုင်ရန် မဖြစ်နိုင်ပေ။ ဤသို့သော အခြေအနေတွင် ပို၍ ဝယ်ရလွယ်ကူသည့် ၁၂.၇ မမ (ပွိုင့် ၅ )၊ ၂၀ မမ စက်သေနတ်များ ဝယ်ယူပြီး လေကြောင်းရန်ကို အပြည့်အဝ မကာကွယ်နိုင်တောင်မှ ဟန့်တားရန် လိုအပ်မည်ဖြစ်သည်။ ဖြစ်နိုင်ခြေရှိသည်မှ စတင်စဉ်းစားရန် လိုအပ်ပါမည်။

သူ့မြေပြင်တပ်ကို မှား၍ဗုံးကြဲမိ၍ သေသည်က ပိုများနိုင်သည်။ များများစားစား ကျဆုံးသည်က အနန့်ပါ ပွဲကဲ့သို့ ပွဲလမ်း သဘင်ပြုလုပ်နေစဉ် ပေါင်တထောင်ဗုံးများ ကြဲ၍ ထိခိုက်သည်သာ ရှိသေး၏။

စစ်မြေပြင်တွင် စိုးရိမ်သလောက် ထိခိုက်မှု မရှိပေ။ ဥကရစ်ထ တိုက်ပွဲပြင်းထန်သည့်လက KNU တပ်ဖွဲ့အား တလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀၀ ကျော်ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဖက်မှ‌ လေကြောင်းကြောင့် ထိခိုက်သူ လက်ချိုးရေတွက်၍ ရ၏။

စစ်ကိုင်းတိုင်းအတွင်း မြန်မာစစ်တပ်က လေကြောင်းချီစစ်ဆင်ရေး အများအပြား ကျင့်သုံးသည်

ကော့ကရိတ်တိုက်ပွဲအတွင်း တရက်တည်း လေကြောင်းတိုက်ခိုက်မှု ၅၄ ကြိမ်ပြုလုပ်ခဲ့သော်လည်း လေကြောင်းကြောင့် တော်လှန်တပ်ဖွဲ့ဖက်မှ ထိခိုက်သူမရှိသလောက်ဖြစ်သည်။

ခေတ်မီ မျိုးဆက်သစ်လေယဉ်များ၊ နည်းပညာမြင့် လေယာဉ်များပိုင်ဆိုင်ပြီဟု ကြွားလုံးထုတ်နေသော် လက်တွေ့ရလဒ်က အပြောနှင့်တခြားဖြစ်၏။ ဤသည်မှာ တဖက်ကကြည့်လျင် စစ်ကောင်စီ လေသူရဲများ၏ အရည်အချင်း ညံ့ဖျင်း၍ ဖြစ်သည်ဟု ဆိုရမည်။

စစ်ကောင်စီ လေသူရဲများသည် သူခိုး စိတ်ဓါတ်ဝင်နေသူများဖြစ်၏။ လေတပ်စခန်းတိုင်းတွင် ဆီခိုး ရောင်းပြီး ခွဲဝေစားနေကြသည်မှာ လူတိုင်းသိသည့် လျှို့ဝှက်ချက်ဖြစ်သည်။ မိမိအဖွဲ့အစည်း ပစ္စည်း ပြန်ခိုးသည်ကို လုပ်ရိုးလုပ်စဉ်အဖြစ် သဘောထားသည့်စိတ်ဓါတ်ရှိသူများ၏ စွမ်းဆောင်ရည် မြင့်မားမှု မရှိသည်မှာ အံ့ဩစရာ မရှိပေ။

စစ်ကောင်စီ လေသူရဲများသည် သူခိုး စိတ်ဓါတ်ဝင်နေသူများဖြစ်၏။ လေတပ်စခန်းတိုင်းတွင် ဆီခိုး ရောင်းပြီး ခွဲဝေစားနေကြသည်မှာ လူတိုင်းသိသည့် လျှို့ဝှက်ချက်ဖြစ်သည်။ မိမိအဖွဲ့အစည်း ပစ္စည်း ပြန်ခိုးသည်ကို လုပ်ရိုးလုပ်စဉ်အဖြစ် သဘောထားသည့်စိတ်ဓါတ်ရှိသူများ၏ စွမ်းဆောင်ရည် မြင့်မားမှု မရှိသည်မှာ အံ့ဩစရာ မရှိပေ။

စစ်ကောင်စီတပ်များ ပေါပေါများများသုံးနိုင်သည့်တခု လက်နက်ကြီးပစ်ကူဖြစ်သည်။ တန်ပြန်ပစ်ခတ်ရန် အလှမ်းမှီသည့် လက်နက်ကြီး မရှိသည့် တော်လှန်ရေး တပ်ဖွဲ့များအတွက် သတိပြုစရာဖြစ်သည်။ အမြောက်များ၊ အမြောက်ဆံများ ပြည်တွင်း၌ ထုတ်လုပ်လာနိုင်ပြီးနောက် လက်ရှိတွင် စစ်ကောင်စီတပ်၌ အမြောက်တပ်ရင်း ၁၀၀ ကျော် ဖွဲ့စည်းထား ရှိသည်။

ထို့ပြင်ခြေလျင်/ ခြေမြန်တပ်ရင်းများတွင်လည်း ၆၀ မမ၊ ၈၂ မမ မော်တာများ တပ်ဆင်ပေးထားသည်။ အမြောက်တပ်ရင်းများ၊ အမြောက်စခန်းများတွင်သာမ ခြေလျင်၊ ခြေမြန်တပ်ရင်းဌာနချုပ်များ၊ စစ်တိုင်းဌာနချုပ်များတွင် အမြောက်များ တွဲဖက်ထားပြီး တိုက်ပွဲဖြစ်သည်နှင့် အမြောက်ပစ်ကူပေးလေ့ ရှိ၏။

စစ်ကောင်စီ အမြောက်တပ် အများဆုံး အသုံးပြုလုပ်ရှိသည့် အမျိုးအစားမှာ ၁၀၅ မမ နှင့် ၁၂၀ မမ တို့ဖြစ်၏။ စစ်ကောင်စီ တပ်တွင် ၁၅၅ မမနှင့် အတွဲလိုက်ပစ်သည့် ဒုံးပစ်စင်များရှိသော်လည်း လက်တွေ့မြေပြင်တွင် အသုံးပြုမှု ရှားသေးသည်။

သို့ဖြစ်ရာ တော်လှန်ရေး တပ်ဖွဲ့၏ ခံတပ်စခန်းများတွင် ၁၀၅ မမနှင့် ၁၂၀ မမ အမြောက်ဆံခံနိုင်သည့် ခေါင်ကတုတ်ဘန်ကာနှင့် ဗုံးခိုကျင်းများ တူးထားရန်လိုအပ်၏။ ဗုံးခိုကျင်းနှင့် ခေါင်ကတုတ်မရှိသည့် နေရာများတွင် စစ်ပွဲဖြစ်ပါက အနည်းဆုံး မြေတွင်ကပ်၍ ဝပ်နေခြင်း၊ ပြေးလွှားမှု မပြုလုပ်ခြင်းဖြင့် အမြောက်ဆံအန္တရာယ်ကို လျှော့ချနိုင်သည်။

ချုပ်၍ဆိုလျင် စစ်ကောင်စီသည်သူ၏ အားသာချက်ဖြစ်သည့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူကို သုံးမည်သာ ဖြစ်၏။ သို့သော်လည်း အဆိုပါအချက်သည် စစ်ပွဲအနိုင်အရှုံးအတွက် အဆုံးအဖြတ်မပေးနိုင်ပါ။

သို့သော်လည်း လက်တွေ့ စစ်မြေပြင်တွင် ရင်ဆိုင်နေရသော တော်လှန်ရေးတပ်ဖွဲ့များအနေနှင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူ အန္တရာယ်ကို ရင်ဆိုင်မည့်နည်းလမ်းများ ရှာထားရန်လို၏။ သတိထားရန်လို၏။

လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူသည် စစ်ပွဲအနိုင်အရှုံးအတွက် အဆုံးအဖြတ်မပေးနိုင်ပါ။ သို့သော်လည်း လက်တွေ့ စစ်မြေပြင်တွင် ရင်ဆိုင်နေရသော တော်လှန်ရေးတပ်ဖွဲ့များအနေနှင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူ အန္တရာယ်ကို ရင်ဆိုင်မည့်နည်းလမ်းများ ရှာထားရန်လို၏။ သတိထားရန်လို၏။

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကို ကြံ့ကြံခံသွားဖို့လိုသည်။ လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှုများလေ စစ်ကောင်စီအဖို့ စစ်စားရိတ်ကြီးမားမှုကို ရင်ဆိုင်ရလေဖြစ်ပြီး ကိုယ့်ရှူးကိုပတ်သည့် အဖြစ်သို့ ဆိုက်ရောက်ပေလိမ့်မည်။

နောက်တချက်မှာ စစ်ကောင်စီ၏ လေတပ်နှင့် အမြောက်တပ်သည် အရပ်သားပစ်မှတ်များဖြစ်သည့် စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံမကျန် မြို့ရွာအိုးအိမ်များကို ပစ်ခတ်ဖျက်ဆီးနေသည်ဖြစ်ရာ တော်လှန်ရေး တပ်ဖွဲ့များ အနေနှင့် လေကြောင်းနှင့် လက်နက်ကြီးရန် ကာကွယ်ရေးနှင့် ပတ်သက်၍ လူထုအားပညာပေးခြင်း၊ လူထုအတွက်ဗုံး ခိုကျင်းများ တူးရေးအား လှုံ့ဆော်ခြင်းတို့အား စည်းရုံးလုပ်ဆောင်ရန် လိုအပ်ပေလိမ့်သည်။

(အေးချမ်းဆုသည် စစ်ဘက်ဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

အရပ်ဘက်လေယာဉ်သုံး လောင်စာဆီများ မြန်မာလေတပ်က အသုံးပြုနေဟု AI ဆို

စစ်ကောင်စီ လေတပ်၏ ရက်စက်ကြမ်းကြုတ်မှု တရားခံ ဗိုလ်ချုပ်ကြီး ထွန်းအောင်

မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ

အငြိုးကြီးသော စစ်တပ်၏ ကချင်အပေါ် ပစ်မှတ်ထားမှု နောက်ကွယ်

ကချင်စစ်မျက်နှာကို မျှော်ကြည့်ခြင်း

The post စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူကို အနီးကပ်ကြည့်ရှုခြင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...