Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all 3346 articles
Browse latest View live

အများနဲ့ မတူ တမူထူးခြားတဲ့ မန္တလေး သြင်္ကန် နဲ့ မြို့မ

$
0
0

ဟုတ်ကဲ့ ကျောင်းအမကြီးပါ။ ကျောင်းသာမက မြန်မာပြည် တနံတလျားမှာ ရှိတဲ့ ကျောင်းကန် ဘုရားတွေမှာ သူ့ ကုသိုလ် သူ့ကောင်းမှုတွေ တွေ့ရလို့ချည်း နေပါတယ်။

အဲဒီ ကျောင်းအမ ဘုရားအမကြီး တယောက် အသက် ၇၀ အရွယ် အထိ သြင်္ကန် မဏ္ဍပ် ပေါ်မှာ သြင်္ကန်မယ်တွေနဲ့ သြင်္ကန် ၄ ရက်၊ ၅ ရက် နေ့တိုင်း မိုးအလင်း ထိုင်ပြီး သြင်္ကန်ပွဲ ကို ဆင်နွှဲနေတဲ့ မြင်ကွင်းမျိုး မန္တလေးမှာက လွဲရင် တခြား ဘယ်မြို့မှာမှ တွေ့ဖူးမယ် မထင်ပါဘူး။

အသက် ၇၀- ၇၀ ကျော်အထိ ကိုယ်တိုင် ဝင်မကတာက လွဲရင် သြင်္ကန်ပွဲ ဆင်နွှဲနေတယ် ဆိုတဲ့ ကျောင်းအမကြီး ဆိုတာ က ဘယ်သူလဲလို့ မေးရင် ကျမ အစ်မ နဂါး ဒေါ်ဦးပါ လို့ပဲ ဖြေပါမယ်။

သြော် … နဂါး ဆေးလိပ် ဒေါ်ဦးလား ? ။ သူက ဒီလို သြင်္ကန်ပွဲ ဆင်နွှဲတယ် ဆိုရင် သူ့ဆေးလိပ် ကြော်ငြာချင်လို့ ဖြစ်မှာ ပေါ့ ဟုတ်ဘူးလား။ သြင်္ကန်ပွဲကို ကုန်ပစ္စည်း ကြော်ငြာဖို့ အသုံးချနေကြတာ ကြာပါပကောလို့ အကြောင်း မသိသူများ က ပြောကောင်းပြော ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒီလို ပြောလာရင် သြင်္ကန်ပွဲကို ကြော်ငြာပွဲ ဖြစ်အောင် လုပ်လာ တာ နှစ်ပေါင်း သိပ်မကြာသေးပါဘူး။ ဒေါ်ဦးက ဒီလို နှစ်ပေါင်း ၄-၅၀ နှစ်တိုင်း နှစ်တိုင်း ငွေကုန်ကြေးကျခံပြီး သြင်္ကန်ပွဲ လုပ်ခဲ့တာ သူ့ ဆေးလိပ် ကြော်ငြာတဲ့ အကျိုးတော့ ရသင့်သလောက် ရမှာပါပဲ။ ဒါပေမယ့် သူက ဒါနဲ့ ကြော်ငြာတဲ့ ပုံစံ လုံးလုံး မလုပ်ခဲ့ပါဘူး။

သူ့သြင်္ကန် မဏ္ဍပ်ကြီးက ဘယ်နှခန်းထိ ကြီးအောင် ကျယ်အောင် ဆောက်ဆောက် သူ့အဖွဲ့ရဲ့ နာမည်ထဲ ဆေးလိပ် ဆိုတဲ့ စကား နဂါး ဆိုတဲ့ ဆိုင်းဘုတ် ယောင်လို့မှ ချိတ်မထားပါဘူး။

“ရေနန်းသူဇာ ရေသဘင် အဖွဲ့” ဆိုတာ သူ့ရေပက် အသင်းရဲ့ နှစ်တိုင်း နာမည်ပါ။ ဇာတ်ခုံကြီးရဲ့ နောက်ခံကားက စည်းပုံ ဆောင်း လူယောင်ဆောင် နဂါးမလေးတွေက ရေကန်ကြီး တကန်မှာ ရေချိုး ရေကစားနေကြတဲ့ ပုံပါ။

ရေနန်းသူဇာ ခေါ် နဂါးမယ် ရေသဘင် အဖွဲ့

ဒေါ်ဦးက သူကိုယ်တိုင်က အဆို အက ဝါသနာပါပါတယ်။ ကျမတို့ ညီအစ်မ လေးယောက်ထဲမှာ သူက အကကို မသင် ရ ဘဲ နဲ့ ငယ်ငယ်လေးကတည်းက က တတ်ပါတယ်။ သူငယ်ငယ်က ရုပ်ရှင်ကြော်ငြာ လှည့်တဲ့ကား အတီးနဲ့ လာရင် သူက အဲဒီ အတီးနဲ့ အိမ်ထဲကနေပြီး လိုက်ကနေတာပါ။ သူ့ အက ကလည်း ခေါင်းရော ခါးရော ပါတဲ့အကပါ။ သူ့ ပါရမီပဲ။ ကျမတို့ လေးယောက်ထဲမှာ ဒုတိယ က တတ်သူက ကျမ ညီမ ဒေါ်တင်တင်ပါ။ ကျန် နှစ်ယောက် လုံးဝ မကတတ် ကြဘူး။

အဲဒီလို က တတ်တဲ့ ဒေါ်ဦးက သြင်္ကန်နား နီးပြီ ဆိုရင် သူ့ ဆေးလိပ်ခုံက မိန်းကလေးတွေ ထဲက အက သင်ရင် တတ် လောက်တဲ့ မိန်းကလေး၊ အရွယ်လေးရော၊ ရုပ်ကလေးရော သင့်တဲ့ မိန်းကလေးတွေကို သူက ကိုယ်တိုင် ရွေးပါတယ်။ ၁၀၀- ၁၅၀။ ပြီးတော့ အကဆရာမ (ပန်တျာကလို ဟာမျိုး) ကို ခေါ်ပြီး တလ ကိုးသီတင်း သင်ပေးပါတယ်။ တော်တော် ဟန်တော့ စိန်တင်ဟန် တို့လို ဆိုင်းဝိုင်းကြီး တဝိုင်းကို ခေါ်ပြီး တနှစ်တခါ အရေးခိုင်းထားတဲ့ သူ့သြင်္ကန် သီချင်းနဲ့ အက ကို ဆိုင်းနဲ့ တိုက်ပြီး ကစေတာပါ။

သူ့ တိုက်ကြီးပေါ်မှာ ညနေ ကနေ ည မိုးချုပ် အထိ တိုက်နေတာ အကြာကြီး၊ ရက်နီးတော့ တနေ့လုံး ယိမ်း တိုက်နေ တော့ တာပါ။ ဒီလို တိုက်နေရင်း ဟန်ကျအောင် မကတဲ့ မိန်းကလေးကို တွေ့ရင် မမဦးက သူကိုယ်တိုင် ဒီမိန်းကလေး ကို အပြင် ဆွဲခေါ်ပြီး လက် ဒီလိုထား၊ ခေါင်းနဲ့ ခါးက ဘယ်လိုနေ ဆိုပြီး လုပ်ပြတယ်။ အလုပ်ခိုင်းတယ်။ ရှေ့က သူက လုပ်ပြပြီး သင် ပေးတာပါ။

သူ့ယိမ်းက စပ်ထားတဲ့ သီချင်းထဲမှာ ဆေးလိပ် အကြောင်း ယောင်လို့မှ တလုံး တပါဒမှ မပါဘူး။ တကယ်တမ်း ပြောရ ရင် နှစ်တိုင်း နှစ်တိုင်း ဒီကောင်မလေးတွေကို နေ့တွက်ပေး၊ ထမင်းကျွေး၊ ဆိုင်းနဲ့ အက သင် ဆရာမကိုလည်း ထိုက်ထိုက် တန်တန် ပေးပြီး သင်ပြ အက ခိုင်းနေတာဟာ သူ့ ဆေးလိပ် ကြော်ငြာချင်လို့ မဟုတ်ပါဘူး။ သူကိုယ်တိုင် က ဝါသနာ ပါလို့ပါ။ သူ့မွေးစား သမီးဆိုရင် နှစ်တိုင်း ယိမ်းထဲ ရှေ့တန်းက ပါရတာပဲ။ ကျမ ထင်ပါတယ်။ သူကိုယ်တိုင် လူက ဝင်မက ပေမယ့် စိတ်ကတော့ ဝင်ကနေမှာပါ။

နေ့တခြိမ်းခြိမ်း ယိမ်းတိုက်၊ ည ညဉ့်နက် သန်းခေါင် ဒီတိုက်ပေါ်မှာပဲ ယိမ်းတိုက်၊ က ရာမှာဝတ်ဖို့ ဆင်တူ အဝတ်တွေ ဝယ် ပေးပြီး သြင်္ကန်ရက်မှာ တရက်မှ ဇာတ်ခုံပေါ်က မဆင်းဘဲ မိုးအလင်း ထိုင်နေတယ် ဆိုတာ တော်ရုံ ဝါသနာ ပါရုံနဲ့ တောင် တတ်နိုင်တယ် မထင်ပါဘူး။ ကျမ အနေနဲ့ ပြောရရင် သူမို့သာ ခံနိုင်တာပါ။ သူ့အိမ်နဲ့ ကျမအိမ် မျက်စောင်းထိုး မျက်နှာချင်း ဆိုင်ပဲဟာ၊ အားလုံး မြင်တွေ့ ကြားသိနေရတာပါပဲ။

မန္တလေးမြို့ရဲ့ ဟိုတုန်းက သြင်္ကန်ကလည်း သူများမြို့တွေက သြင်္ကန်နဲ့ မတူပါဘူး။ လူကို မီးသတ်ပိုက်နဲ့ပက်ပြီး ရေလုံး နဲ့ နှိပ်စက်ချင်တဲ့ သြင်္ကန်မျိုး မဟုတ်ပါဘူး။ ကုန်ပစ္စည်း ရောင်းချင်တဲ့ လူတွေ ကြိုက်သလောက် ကြော်ငြာနိုင် တဲ့ သြင်္ကန်မျိုး ဟိုတုန်းက မဟုတ်ခဲ့ဘူး။ အချင်းချင်း ပျော်ပျော်ပါးပါး ချစ်ချစ်ကြည်ကြည် ကကြ ဆိုကြ တီးကြ မှုတ်ကြမယ်၊ ရေပက်ကြမယ်၊ အလှပြကြမယ် ဆိုတဲ့ သြင်္ကန်လေ။

ကိုယ့်မြန်မာ အချင်းချင်းသာ မကဘူး။ မကြုံဘူးတဲ့ လူမျိုးခြား ဘာသာခြားတွေလာရင်လည်း လာခဲ့၊ ရေပက်မယ်၊ က ပြ မယ်၊ ဆိုပြမယ်။ ဒါ မြန်မာ ပျော်ပွဲ ရွှင်ပွဲ၊ လာပြီး ဝင်ပါလှည့်ကြ ပျော်လှည့်ကြ၊ ကတတ်ရင်လည်း ဝင်က၊ အတူတူ ပေါ့ ဆိုတဲ့ ပွဲမျိုးပါ။

ဟိုတုန်းက မန္တလေးမှာ နဂါး ဒေါ်ဦး သာလား ဆိုတော့ ဘယ်ဟုတ်ပါ့ မလဲ၊ ဈေးချိုတော်မှာ အလယ်ပေါက်ကြီးကနေပြီး အနောက်ဘက်ကို လှည့်ကြည့်လိုက်ရင် “အမေကြမ်း ပွဲရုံ” ဆိုတဲ့ ဆိုင်းဘုတ်ကြီး ဧရာမ စာလုံးကြီးတွေ ပွဲရုံ ခေါင်မိုး ကြီး မှာ ရေးထားတဲ့ ပွဲကတော်ကြီး ဒေါ်ကြမ်းရဲ့ သမီး ဒေါ်ထားရီရဲ့ သြင်္ကန် မဏ္ဍပ် ဆိုရင် မန္တလေး သြင်္ကန်ပွဲ လာနွှဲလို့ ကတော့ သူ့ မဏ္ဍပ် မရောက်ခဲ့ရ၊ မမြင်ခဲ့ရရင် မန္တလေး သြင်္ကန်ကို နှံ့အောင် စုံအောင် မလည်ခဲ့ရဘူးလို့ ပြောနိုင်တယ်။

နဂါး ဒေါ်ဦး / မနောဖြူလေး ဘလော့ဂ်

ဒေါ်ထားရီက မမဦးထက်တော့ အသက်နည်းနည်း ငယ်တယ်။ ဒါပေမယ့် သူလည်း အလုပ်ကြီး အကိုင်ကြီး အရောင်း ကြီး အဝယ်ကြီး သမား။ ဈေးချိုတော် ပန်းဆိုးတန်းမှာ သိန်းသန်းချီပြီး ရင်းနှီး လုပ်ကိုင်တယ်။ အလှူအတန်း ရက်ရက် ရောရော လှူဒါန်း ပေးကမ်းတယ်။ ဒါကြောင့် ကျောင်းအမ ဘုရားအမပါပဲ။ ပြီးတော့ သြင်္ကန်မှာတော့ သူ့မဏ္ဍပ်က စင်မြင့်ပေါ်မှာ ဒေါ်ဦးလို ထိုင်ရုံ မကပါဘူး။ သူကလည်း သူ့အလုပ်ထဲက၊ သူ့အရပ်ထဲက ဝါသနာတူ ကလေးမလေး တွေနဲ့ အတူ ဝင်က ပါတယ်။ သီချင်းလည်း ဆိုပါတယ်။

တနှစ်ဟာများ မန္တလေး သြင်္ကန်ကို လာရောက် ဆင်နွှဲနေကျ ရုပ်ရှင်မင်းသား ဝင်းဦးနဲ့၊ သူက စင်ပေါ်က ဝင်းဦးက အလှပြ ကားပေါ်က နေကြပြီး ပိတောက်ပန်း လက်ဆောင်ပေးရင်း အလဲအလှယ် ဆိုကြ ကကြ ပါသေးတယ်။

ဒီမြင်ကွင်းမျိုး မော်ရွှေမြိုင်မှာလည်း ရှိမယ် မထင်ပါဘူး။ မြို့ရွှေဂုံမှာလည်း ရှိမယ် မထင်ပါဘူး။ ဒေါ်ထားရီ မဏ္ဍပ်လို့ နာမည် ကြီးတဲ့ အိမ်တော်ရာ ဆင်တံတားက လှသူဇာ ဆိုရင် အဲဒီ မဏ္ဍပ်က အမျိုးသမီးတွေ အက ကောင်းလှတယ်လို့ နာမည် ကျော်ပါတယ်။ နာမည်ကျော်ပေမယ့် အားလုံး အရပ်သူတွေ ချည်းပါ။

မန္တလေး သြင်္ကန် မဏ္ဍပ်တွေမှာ နေ့မှာ ရေပက်တယ်၊ ညမှာ ကိုယ့်အတီး အဖွဲ့နဲ့ ကိုယ့်အကနဲ့ အလှကားတွေကို ဧည့်ခံ တယ်။ အဲဒီတော့ အက, ကောင်းတယ်လို့ နာမည်ကြီးတဲ့ မိန်းမလျာကြီးတွေ ဦးစီးတဲ့ ရေပက် မဏ္ဍပ်တွေလည်း ရှိပါ တယ်။

မန္တလေးက ရေစက်ဗိုလ် (မီးသတ်ဗိုလ်) ဦးမောင်မောင်ရဲ့သား ဗိုလ်ဗိုလ် ဦးဆောင်တဲ့ ရေပက်အဖွဲ့၊ ဒီဘိုးလမ်းက မာမီ အောင် ဦးဆောင်တဲ့ ယမင်းသူဇာ အဖွဲ့ဆိုတာတွေက အကမှာ နာမည်ကြီး ကြပါတယ်။

ပုလဲ ငွေရောင်က မေစံပယ် အဖွဲ့၊ ၁၄ လမ်း ကျုံးအနောက်က မေနုယဉ် အဖွဲ့၊ မြောက်ပြင် ထားဝယ်ရပ်က မေထားဝယ် အဖွဲ့၊ မြဝတ်ရည်တို့၊ ရှုတိုင်းယဉ် တို့ ဆိုတာတွေလည်း ရှိပါသေးတယ်။

မန္တလေး သြင်္ကန်က အဲဒီလို အက တွေနဲ့ ဧည့်ခံတယ်ဆိုတော့ အက ဝါသနာ ပါလို့ ကချင်တဲ့လူများ လာလည်ကြ ဝင်ကကြတာတွေလည်း ရှိတာပဲ။

မန္တလေး သြင်္ကန်ဟာ အဲဒီလို အက၊ အဆို၊ အတီးတွေနဲ့ ဆင်နွှဲတာ တခြား ဒေသတွေနဲ့ မတူ တမူထူးခြားနေတာက သက်တမ်း ၇၅ နှစ် ပြည့်တော့မှာမို့ စိန်ရတု သဘင် ဆင်နွှဲတော့မယ် ဆိုတဲ့ မြို့မ တီးဝိုင်း အဖွဲ့နဲ့ အညမည ဖြစ်တယ် ထင်ပါတယ်။

ကျမတို့ မှတ်မိသလောက် ဆိုရင် တနှစ် သြင်္ကန်မှာ “ဖူးမြော်ဖို့ ကျွန်ုပ်လာ ဦးတော်လုံ ဥက္ကဋ္ဌပါ” ဆိုတဲ့ သီချင်းကို သီဆို တီးမှုတ်လာတဲ့ ငန်းရုပ်ကြီး ကားထိပ်က တင်လာတဲ့ မြို့မ တူရိယာ အဖွဲ့ မဟာမုနိ ဘုရားကြီးကို သွားတော့ နောက်နှစ် နောက်နှစ်တွေမှာ အလှပြယာဉ်ဆိုတာတွေ တိုးတိုးများများ လာတယ်။ ဒီယာဉ်တွေက မြို့လှည့်ပြီး ရေခံလည်ကြတော့ လည်း ရေပက်ရတဲ့ မိန်းကလေးတွေက ရေပက် အပြီး သူတို့ ယာဉ်ကို လှည့်ပတ် က ရတာ သိပ်မလိုက်ဖက်လို့ ရေပက် မဏ္ဍပ်ကို မြင့်ရာတင်လာ ရတယ်။

ရေပက်တာလည်း စင်ပေါ်က လှမ်းပက်ရအောင် ရေအိုးတွေ စည်ပိုင်းတွေပါ စင်ပေါ်တင်လာကြတယ်။ ရေပက်လည် တဲ့ ကားရယ်လို့ မရှိ သလောက် ဖြစ်ပြီး ရေခံလည်တဲ့ ကား ရေပက်တဲ့ အဖွဲ့ ဒီအဖွဲ့က အကနဲ့ ဧည့်ခံတယ် ဆိုတာမျိုး ဖြစ်လာတယ်။

မြို့မ အသင်းဟာ ရေပက်ခံလည်ရာမှာ စည်းကမ်း အရှိဆုံး အယဉ်ကျေးဆုံး သီချင်း အကောင်းဆုံး ဆိုတာမျိုးတွေနဲ့ နာမည် ရလာပြီး မြို့ချစ်တဲ့ အဖွဲ့အဖြစ် တနေ့တခြား ဖြစ်လာတယ် ထင်ပါတယ်။

မြို့မဟာ မြို့ချစ်တဲ့ ခေတ်ပေါ်တူရိယာ အဖွဲ့ရယ်လို့ ခိုင်ခိုင်မြဲမြဲ ဖြစ်လာတာမှာ အဖွဲ့သားတွေရဲ့ ဝါသနာ၊ စေတနာ၊ ကြိုးစားမှုတွေ ပါလာနဲ့အတူ ပညာဘက်က မြို့မငြိမ်းတို့၊ ဓားတန်း ဦးသန့်တို့ ထိန်းသိမ်း ဖေးမမှုလည်း ပါပါလိမ့်မယ်။ မြို့မငြိမ်းဟာ ၁၉၅၅ ခုနှစ်ကမှ ကွယ်လွန် အနိစ္စရောက်တာပါ။ သူ မရှိတဲ့နောက် ဓားတန်း ဦးသန့် တို့က မြို့မကို ဆက်ပြီး ဖက်ထားကြတာပါ။ ဦးသန့်က ၁၉၈၈ ခုနှစ်ကမှ အနိစ္စ ရောက်တာပါ။

မြို့မဟာ ထီးချက်စောင့် နတ်သမီးတွေလို ပုဂ္ဂိုလ်တွေ မရှိတော့ပေမယ့် မန္တလေးရဲ့ အလှကို ဂီတနဲ့ တဖက်တလမ်းက လုံးပန်းနေတဲ့ မြို့မ ကတော့ ရှေးမူမပျက် စေတနာ မပျက် ဆက်လက်လို့ မန္တလေးကတော့ ရှန်သန်စေချင်တာ အမှန်ပဲ ဖြစ် လိမ့်မယ်။

မြို့မ ရေသဘင် အဖွဲ့ / ဝီကီပီးဒီးယား

မြို့မဟာ အပျော်တမ်း အဖွဲ့၊ အပျော်တမ်း အဖွဲ့ ဆိုတာ စေတနာ၊ မေတ္တာ၊ ယုံကြည်ချက်နဲ့ ရပ်တည်မှ ရတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်တော့ ဒီနိုင်ငံဟာ စစ်တလင်း နှစ်ကြိမ် ဖြစ်ရတယ်။ ဒါကြောင့် မန္တလေး မြို့ကြီးဟာ ပြာပုံ ဘဝ ရောက် ရ တယ်။ မြို့သူ မြို့သားတွေက စစ်ဘေးလွတ်ရာ တောလက် ကျေးရွာတွေကို ထွက်ပြေးခဲ့ကြရတယ်။

စစ်ကြီးပြီးတော့ ရွှေမြို့တော် မန္တလေး ပြာပုံက ပြန်ထကြမယ် ဆိုပြီး မြို့ကို ပြန်ဝင်ကြတဲ့ အခါ မြို့မ အဖွဲ့က “မြို့မနဲ့ တူတကွ လိုက်ပါနိုင်စေ၊ အောင်စည်ရွမ်းသံ ကြားပြီထင် ပြည်တော်ဝင်မယ်လေ” ဆိုပြီး ပြာပုံ မန္တလေးကို ပြန်လည် ထူထောင်ဖို့ ပြန်ဝင်ခဲ့ကြ သလို ဘယ်အဖြစ်က မဆို မြို့မဟာ ကုန်းရုန်းထနိုင်ပါစေ။ မြို့သက်နဲ့ အတူ ရှည်လျားပါစေ လို့ ဆန္ဒ ပြုရတယ်။ ။

ဤဆောင်းပါးကို လူထု စာအုပ်တိုက်က ထုတ်ဝေသော စာရေးဆရာမကြီး လူထုဒေါ်အမာ ရေးသားသည့် “မန္တလေး မတိုင်ခင်က…မန္တလေး၊ ကျွန်မတို့ ငယ်ငယ်တုန်းက မန္တလေး၊ ကျွန်မတို့ မန္တလေး” စာအုပ်မှ ကူးယူ ဖော်ပြပါသည်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလက ထုတ်ဝေသော မြို့မ စိန်ရတု မဂ္ဂဇင်းအား ကိုးကား ဖော်ပြထားသည်ကိုလည်း စာအုပ်တွင် တွေ့ရှိ ရပါသည်။

The post အများနဲ့ မတူ တမူထူးခြားတဲ့ မန္တလေး သြင်္ကန် နဲ့ မြို့မ appeared first on ဧရာဝတီ.


သြင်္ကန် ရိုးရာ သံချပ် အဖွဲ့များ ဘာကြောင့် လျော့နည်း လာရသလဲ

$
0
0

မြန်မာ့ရိုးရာ သြင်္ကန်နှင့်အတူ ယှဉ်တွဲပါလာသည့် သံချပ်များကို ဒီမိုကရေစီ အစိုးရ လက်ထက်အထိ စည်းကမ်း တင်းကျပ် မှုများနှင့် ငွေကြေး အခက်အခဲများ ရှိနေ၍ သြင်္ကန်သံချပ်များ တဖြည်းဖြည်း ပျောက်ကွယ် သွားမည်ကို စိုးရိမ်ကြောင်း သံချပ် အသင်းများက ပြောဆိုကြသည်။

အထူးသဖြင့် သံချပ်ဆိုသည်က တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည့် ကဏ္ဍ အသီးသီးတွင် လိုအပ်ချက်များ ကို ထောက်ပြဝေဖန်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များအနေဖြင့် သိမြင်နိုင်စေရန်အတွက် မီးမောင်းထိုးပြသည့် ရိုးရာအစဉ်အလာဖြစ်ကြောင်း စွယ်စုံရ အနုပညာရှင် ဒါရိုက်တာ ဦးဝင်းဖေက ပြောသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရ လက်ထက်က သံချပ်များကို ဆက်တိုက် ဖိနှိပ်ခဲ့သောကြောင့် သြင်္ကန်ကာလ တွင် သံချပ်ထိုးကြသည့် အလေ့အထ မှေးမှိန်သွားခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် တက်လာသည့် ဦးသိန်းစိန် အစိုးရ လက်ထက်မှသာ ပြန်လည် ခွင့်ပြုခဲ့သည်။

သို့သော် သံချပ်ထိုးသည့် အသင်းများသည် စာသားများ၊ တင်ဆက်မှုများကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရများထံ ဆင်ဆာတင်ပြီး စိစစ်ခံကြရသည်။

“၈၈ အရေးအခင်း မတိုင်ခင်က သြင်္ကန်မှာ သံချပ်လုပ်ရတာ ပျော်စရာကောင်းတယ်။ မဏ္ဍပ်တွေကလည်း အများကြီး။ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ ရှိတယ်။ စစ်အစိုးရလက်ထက်မှာ ပျောက်သွားတာ။ ဦးသိန်းစိန်လက်ထက်မှာ တချို့က လည်း မလုပ်ကြတော့ဘူး။ ပြီးတော့ သံချပ်ကို ဟိုနေရာတင်၊ ဟိုစစ်၊ ဒီစစ်လုပ်နေတော့ ဘယ်သူမှ မလုပ်ချင်ကြတော့ဘူး” ဟု ယခုနှစ်သြင်္ကန်တွင် သံချပ်ထိုးခွင့်ရထားသည့် ကာတွန်း အောက်တိုဘာ အောင်ကြီးက ဆိုသည်။

ယခုနှစ် သြင်္ကန်ကာလတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ သံချပ်စိစစ်ရေးကော်မတီထံသို့ သံချပ်အဖွဲ့ ၁၉ ဖွဲ့ လာရောက် ဆင်ဆာတင်ခဲ့ပြီး စာသားတချို့ကိုသာ အပြောင်းအလဲအနည်းငယ်လုပ်ကာ ၁၉ ဖွဲ့လုံးကို ခွင့်ပြုချက်ပေးခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

နိုင်ငံတော်၏ မူဝါဒကို ထိခိုက်စေသော စာသားအနည်းငယ်ကိုသာ သံချပ်အသင်းများနှင့် ပြန်လည်ညှိနှိုင်းကာ ပြောင်းလဲ ခဲ့ပြီး လာတင်သည့် အသင်းများကို ပိတ်ပင်တာမျိုး မလုပ်ကြောင်း သူက ဆက်ပြောသည်။

သို့ရာတွင် ယခုနှစ် သံချပ်အသင်း ၇ သင်းက တိုင်းအစိုးရထံသို့ တင်ပြခြင်းမပြုဘဲ သြင်္ကန်ကာလတွင် သံချပ်များကို လှည့် လည် ဖျော်ဖြေမည်ဟု အဆိုပါ သံချပ်အသင်းများထံမှ သိရသည်။

ထို့ပြင် ဆင်ဆာ၊ ခွင့်ပြုချက် မတင်ထားသည့် သံချပ်အသင်းများကို ဆုပေးမဏ္ဍပ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ ဖျော်ဖြေ ခြင်းများ ခွင့်မပြုရန် အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ကာ တားမြစ်ထားသည်ဟုလည်း သိရသည်။

၂၀၁၃ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ်ဆင်ဆာမတင်ပဲ မဏ္ဍပ်ကြီးများတွင် ဖျော်ဖြေမှုပေါင်းများစွာ ပြုလုပ်ကာ ပြည်သူများ၏ အားပေးထောက်ခံမှု အခိုင်အမာရထားသော ဒေါင်းတို့မျိုးဆက် သံချပ်အသင်းသည် ယခုနှစ်တွင်လည်း ဆင်ဆာမတင်သည့်အတွက် တချို့မဏ္ဍပ်များနှင့် လှည့်လည် ဖျော်ဖြေမှုများတွင် ပိတ်ပင်တားဆီးခြင်းများ ကြုံတွေ့ရနိုင် သည် ဟု ဒေါင်းတို့မျိုးဆက် သံချပ်အသင်းမှ ကိုပိုင်ရဲသူက ပြောသည်။

“သံချပ်ဆိုတာ အစိုးရရဲ့ အမြီးအမောက်မတည့်တဲ့ဟာတွေ၊ နိုင်ငံ့အလွဲတွေ အကုန်လုံးကို သံချပ်နဲ့ ပြည်သူတွေသိအောင် ပြောတာ။ ပြီးရင် ပြည်သူတွေ ခံစားနေရတဲ့အခြေအနေတွေ အကုန်လုံးကို အစိုးရမင်းများသိအောင် အနုပညာနဲ့ တင်ဆက် တာ ဖြစ်တယ်။ ဒါက အစိုးရနဲ့ ပြည်သူတွေကို ပေါင်းကူးပေးတဲ့ ပေါင်းကူးတံတားတခုသာဖြစ်တယ်”ဟု သူက ဆိုသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံသို့ ဆင်ဆာတင်ပြသည့် သံချပ်အသင်းများသည် ၂၀၁၅ ခုနှစ်တွင် ၁၈ သင်း၊ ၂၀၁၆ ခုနှစ်တွင် အသင်း ၂၀ ကျော်၊ ၂၀၁၇ ခုနှစ်တွင် ၂၈ သင်း၊ ၂၀၁၈ ခုနှစ်တွင် အသင်း ၂၀ ကျော်ရှိခဲ့ရာကနေ ယခုနှစ်တွင် ၁၉ သင်းသာ ရှိတော့သည်။

သြင်္ကန်ကာလတွင် သံချပ်နှင့် ပက်သက်၍ ရန်ကုန်မြို့သည် ကြီးကျယ် ခမ်းနားစွာ ကျင်းပလေ့ရှိပြီး မန္တလေး ထက်ပင် အထွန်းကားဆုံး ဖြစ်သော်လည်း ယခုနှစ်တွင်တော့ သံချပ်ထိုး ဖျော်ဖြေမည့် အသင်းများ လျော့နည်းသွားပြီ ဖြစ်သည်

မန္တလေးမြို့တွင်မှု ထူးထူးခြားခြား အသက် ၁၀ နှစ်မှ ၁၃ နှစ်ကြား ကလေး ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည့် သံချပ်အဖွဲ့က ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ တနှစ်ထက်တနှစ် သံချပ်အသင်းများ လျော့ကျလာရခြင်း၏ တခြားအကြောင်းရင်းတရပ်မှာ ငွေကြေးပံ့ပိုး ကူညီ ပေးမှု လျော့ပါးလာခြင်းကလည်း အဓိကအကြောင်းရင်း ဖြစ်သည်ဟု ကာတွန်း အောက်တိုဘာ အောင်ကြီးက ပြောသည်။

မိမိတို့အသင်းဆိုလျှင် သန်လျင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်မဏ္ဍပ်တွင် ဖျော်ဖြေမှုအတွက် ကျပ်ငွေ ၇ သိန်း ထောက်ပံ့ပေးသည့် အတွက် ယခုလို သံချပ်အသင်းကို ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း၊ တခြားသော အစဉ်အလာရှိခဲ့ကြသည့် သံချပ် အသင်းများသည် ငွေကြေးထောက်ပံ့ပေးမည်သူ မရှိသည့်အတွက် ယခုနှစ်တွင် သံချပ်ထိုး ဖျော်ဖြေမှုများ မပြုလုပ် ကြတော့ကြောင်းလည်း သူက ပြောဆိုသည်။

“သံလျင်မြို့နယ် အုပ်ချုပ်ရေးက သံချပ်တသင်းကို ၇ သိန်း၊ ယိမ်းအဖွဲ့တဖွဲ့ကို ၃ သိန်းထောက်ပံ့တယ်။ ဒါတောင် ကျနော် တို့အသင်းဆို ၂ ရက်ပဲ သံချပ်ထွက်ဖို့စီစဉ်နိုင်တယ်။ တရက်ကို ကားငှားခတင် တသိန်းခွဲကျပ်၊ ဆိုင်းအဖွဲ့ငှားတာက တသိန်း ခွဲကျပ်။ အဲ့ဒီတင် ၃ သိန်းကုန်နေပြီ။ သံချပ်အသင်းသားတွေကို ကျွေးတာမွေးတာက ရှိသေးတယ်။ ဒါတောင် ကားကို အလှဆင်တာ၊ အဝတ်စားစရိတ်တွေ မပါသေးဘူး။ အဲ့ဒီတော့ ဒီလောက်ကုန်ကျစရိတ်ကို ဝါသနာပါတာတောင်မှ ငွေမရှိရင် ဘယ်လိုလုပ်နိုင်မှာလဲ။ နိုင်ငံတော်ကလည်း ဘာမှ မပံ့ပိုးပေးနိုင်ဘူးလေ”ဟု သူက ပြောဆိုလိုက်ပါသည်။

ထက်ခေါင်လင်း ပူးပေါင်းရေးသားသည်။

The post သြင်္ကန် ရိုးရာ သံချပ် အဖွဲ့များ ဘာကြောင့် လျော့နည်း လာရသလဲ appeared first on ဧရာဝတီ.

ဘုန်းမိုး သွန်းလောင်း မှသည် ရွှေမန်း တောင်ရိပ်ခို တူးပို့ သံများ

$
0
0

သြင်္ကန် ခေါ်တော်မူသည့် နေ့မှာ၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်တို့ ဗောင်းနားဍောင်း ဝတ်လုံစလွယ် ဆင်ယင် ပြီးလျှင်၊ အရှေ့ သြင်္ကန် အနောက် သြင်္ကန် ခွဲဝေ၍၊ ကတော် မယားတို့မှာ မြိတ်ရစ်မြိတ်ခံ ပွဲတက် အဆင်တန်ဆာ ဆင်ယင်စေလျက်၊ အနောက် သြင်္ကန် တန်ဆောင်းတော်သို့ ဝင်ထွက် ခစားကြရသည်။

သြင်္ကန်တော် အခါနီးသည့် ကာလ။ ကုန်းတပ် ရေတပ် ခင်းကျင်းစေပြီးလျှင် ဆဒ္ဒန် ဆင်မင်းသခင် ဘဝ ရှင်မင်း တရား ကြီး ဘုရား၊ အသျှင် နန်းမတော် မိဖုရား ခေါင်ကြီး ဘုရား၊ အနောက် စမုတ်ဆောင်တော်ရှေ့ မင်္ဂလာမြောင်းတော်က၊ သမ္ဗာန်တော်နှင့် ရေကြောင်း ထွက်တော်မူ၍ သြင်္ကန် တန်ဆောင်း သို့ ရောက်တော်မူသည့် ကာလ ဘုရား ခုနှစ်ဆူ အလှူတော်များကို လှူဒါန်းတော်မူပြီးလျှင် ပရိတ်တော် တရားတော်များကို နာတော်မူပြီးမှ သြင်္ကန် ခေါ်တော်မူသည်။

ပြီးလျှင် ရွှေနန်းတော်သို့ တက်တော်မူသည်။ ပွဲသဘင်များမှာ အနောက်အတွင်းတော်တွင် အနောက် အငြိမ့်။ မှန်နန်း တော် ရှေ့ဝဲယာတွင် အရှေ့အငြိမ့်၊ အတွင်းဆိုင်း။ ဇေတဝန်ဆောင်တော်တွင် အတွင်း ဆိုင်း။ မွန်ဆိုင်း။ မြေနန်း တော်တွင် ယိုးဒယား ဇာတ်ကြီး အတီးအကများကို အခါ သုံးရက် အတွင်း နေ့ညဉ့် မပြတ် တီးမှုတ် ကခုန်ကြရသည်။

ရွှေနန်းတော် ပေါ်တွင်လည်း မြို့စား ရွာစား၊ အပျိုတော်တို့နဲ့ လက်သုံးတော် လက်ဖက်ရည်တော်တို့ အမိန့်တော် မြတ်နဲ့ တဦးကို တဦး ပျော်ရွှင်စွာ ရေသွန်းလောင်း ကစားကြရလေသည်။

(ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး)
ဘုန်းမိုးသွန်းလောင်း .. ရွာစေလေ ဖန်ဝေလေ
ပုဂံခေတ်ကတည်းက အထင်အရှား ရှိခဲ့တယ် ဆိုတဲ့ မြန်မာ့ရိုးရာ အတာသြင်္ကန်ဟာ မန္တလေး ရတနာပုံ ခေတ်အထိ “ပဒေသရာဇ် သြင်္ကန်” အဖြစ်ပဲ မှတ်တမ်းမှတ်ရာ ရှိခဲ့တယ်။

“သြင်္ကန်” ဆိုတာ “ကူးပြောင်းခြင်း”ဆိုတဲ့ အနက် အဓိပ္ပာယ်နဲ့ ပုဏ္ဏားဖြူ ပုဏ္ဏားညို သမားဟူးရား တို့ရဲ့ “စိတ်တော်သိ ဗောင်းတော်ညိတ်” ဗေဒင် ကိန်းခန်း ယတြာများနဲ့ အတူ ဘုရင် ဧကရာဇ် အသိုင်း အဝိုင်းရဲ့ ရွှေဘုံနိဒါန်းလာ အခင်း အကျင်းများနဲ့ပဲ နှစ်စဉ်မပျက် ဆောင်ရွက် စီမံရတဲ့ ပြုဖွယ် ကိစ္စများပဲ ဖြစ်ပါတယ်။

အများ ပြည်သူ လူထုအနေနဲ့ ကတော့ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်မှာ ပါမလာအောင်နဲ့၊ နှစ်သစ်မှာ ရေလိုအေးပြီး ပန်းလိုလန်းကြစေကြောင်း ဇမ္ဗူဒီပါ သြဘာနိမိတ် ထွန်းတဲ့ တောင်ကျွန်းသား အစဉ်အလာတွေ အတိုင်း အောင်သပြေခက်နဲ့ ရေပက် ကစားကြတာပါပဲ။ ဘယ်မင်းဧကရာဇ် ပြောင်းပြောင်း ပြည်သူလူထုရဲ့ အစဉ်အလာက တော့ ဒီအတိုင်းပါပဲ။

မန္တလေး ရတနာပုံခေတ် သြင်္ကန် အခါတော်တွေမှာ ကျမ်းကိုး ကျမ်းကားတွေ အတိုင်း ရွှေနန်းတော်ထဲမှာ အတွင်း ဆိုင်း၊ အပြင် ဆိုင်း၊ မွန်ဆိုင်း၊ အရှေ့ အငြိမ့်၊ အနောက် အငြိမ့်၊ ယိုးဒယား ရာမ ဇာတ်တော်ကြီးတွေရဲ့ ဆိုသံ၊ ကသံ၊ တီးသံ၊ မှုတ်သံ၊ တူရိယာသံတွေနဲ့ မင်္ဂလာရှိ၊ ကျက်သရေရှိ ခန့်ညား ထည်ဝါနေမှာပေါ့။ ရွှေမြို့တော် လေးပြင် လေးရပ်၊ ဝင်းတွေ၊ ပြလမ်းတွေ မှာတော့ လူထု ဂီတဖြစ်တဲ့ အိုးစည် ဒိုးပတ်တွေကို အယိုင် တီးပြီး …

“ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ
အမောပြေအောင် တိုက်ပါ့ မမ။
ဘုန်းတော်ကြီးလို့ သက်တော်ရှည်
တို့တတွေ ရေချမ်းအိုးကြီး။
အိုးစည်၊ အိုးစည်၊ အိုးစည်သားဗျ၊
လူရည်၊ လူရည်၊ လူရည်ခြားဗျ။
တဝမ်းပူ နှစ်ချောင်းငင်
တူမယ် ထင်ယင် ယှဉ်စမ်းတော့လား”စတဲ့ သံချပ်တွေ ထိုးကြမှာပေါ့။
ဒီအချိန်မှာပဲ ဇေတဝန်ဆောင်တော် အတွင်းဆိုင်း ကတော့ ကြေးစုံ ပတ်စုံနဲ့ ..
“စံရာတောင် ကျွန်းလုံးသူ့ ဥသျှောင် ကျင်ငယ်လေ၊
မင်းများထိပ်ခေါင်တင်၊ သောင်းမြေပြင်လေ
ထီးဆူဆူကိုလေ … စိုးလို့ မိုးတော်မူ” စတဲ့ ဘုန်းတော်ဘွဲ့နဲ့ “ဘုန်းမိုးသွန်းလောင်း .. ရွာစေလေ ဖန်ဝေလေ၊ ချမ်းမြ ထွေထွေ” အစချီတဲ့ ဘုန်းတော်ဘွဲ့ သီချင်းကြီးတွေကို မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်လို့ နေပါတော့တယ်။ ကောဇာသက္ကရာဇ် … ၁၂၄၁ခုနှစ်။

အေးစေတော့ဆို .. လောင်းတဲ့ စိတ်ရင်းပင်

မန္တလေးကို ဗြိတိသျှ အစိုးရ သိမ်းပိုက်ပြီး နောက်ပိုင်း မန္တလေးရဲ့ လူမှုရေး၊ စီးပွားရေးတွေ ပုံစံ ပြောင်းသွားတယ်။ မိရိုး ဖလာ လက်လုပ် လက်စားတွေ၊ လက်မှု အနုပညာရှင်တွေ၊ ကုန်ရောင်း ကုန်ဝယ်တွေ၊ ကုန်သည် ပွဲစားတွေ ဆိုတဲ့ အလုပ်တွေ အပြင် တရုတ်၊ အိန္ဒိယ၊ အင်္ဂလိပ် စတဲ့ အရင်းရှင်ကြီးများရဲ့ ကုန်တိုက်ကြီးတွေလည်း ဖွင့်လှစ် လာကြ တယ်။

အုပ်ချုပ်မှု ယန္တရားရဲ့ အဓိက နေရာဖြစ်တဲ့ ဘုရင်ခံ အိမ်တော် တည်ရှိရာ မန္တလေး နန်းတွင်းနဲ့ အုပ်ချုပ်သူ အမှုထမ်း များ နေထိုင်ရာ သံဝင်းရပ် (ယခု – အောင်မြေသာစံ မြို့နယ်၊ သီရိမာလာ အရှေ့ရပ်)တို့ ဆက်သွယ်တဲ့ အာဠဝီ (စီ လမ်း) လမ်းမကြီးဟာ မန္တလေးရဲ့ ကုန်သွယ်မှု ဗဟို လမ်းမကြီး ဖြစ်လာတယ်။ မူလ စီးပွားရေး ရပ်ကွက်ဖြစ်တဲ့ ဈေးချို တော်ကို ပင်မ ပြုပြီးလည်း ဘီလမ်းလို၊ ရုံတော်ကြီးလို၊ ဘာဘူတန်းလို နေရာတွေမှာလည်း ကုန်တိုက်ကြီးတွေ၊ ကုမ္ပဏီ တွေ ဖွင့်လှစ်လာကြတယ်။

၁၉၂၇ ခုနှစ် ရောက်တဲ့အခါ မော်တော်ယာဉ် တစင်းကို ပိတ်ရောင်စုံများဖြင့် ရေခံထည်ဆင်ပြီး နဖူးစီးတွင် ‘ပျိုတို့မောင် သြင်္ကန် အဖွဲ့’ လို့ ရေးသားထားတဲ့ အလှပြ ရေပက်ယာဉ် တစင်း စတင် ပေါ်လာသော အခါ ဓာတ်ရှင် ကြော်ငြာ လှည့် ကား မှတ်လို့ ကလေးများ ထွက်ကြည့်ပြီး ကြော်ငြာ တောင်းကြသတဲ့။

ဒီရေပက်ခံ အလှပြယာဉ်ပေါ်က အသင်းသားများရဲ့ ခေါင်းမှာ PDM လို့ ရေးထားတဲ့ ခေါင်းစည်း ပဝါတွေ ဆင်တူ စည်းထားကြတယ်။ ဒီအဖွဲ့က အကွက် ၆၁၇၊ ၂၇ လမ်းနှင့် ၇၆ လမ်းထောင့်ရှိ ဟေမာဇလ အရှေ့ပိုင်း စာကြည့် အသင်းအဖွဲ့သားများ ဖြစ်ကြတယ်။ မန္တလေး ရုပ်ရှင် မီးဘက် ပညာရှင် ဦးရှင်၊ ဦးအေး၊ ဦးလူကလေး၊ ဦးဘကြည်တို့ ခေါင်းဆောင်ကြတယ်။

သင်္ဂဟ ရေသဘင် အဖွဲ့

ပထမဆုံး စထွက်သော ‘ပျိုတို့မောင် အလှပြယာဉ်’ က ‘ပြည်ရွှေမန်းမြို့ နာဂရာ တခွင်၊ ပထမထွင်တဲ့ ရေပက်အသင်း၊ တူညီဝတ်လို့ ပျော်ရွှင်ရွှင်၊ မောင်တို့ ဖက်ရှင် မြင်ကြရဲ့လား၊ ပျိုတို့မောင်များ တောင်းဆုဆင်၊ မြန်ပြည် တခွင်၊ အေးမြ စေသား ….’ဆိုတဲ့ ကိုယ်ပိုင် သံချပ်ကို စည်တို ဗုံတောင် ခေါက်ပြီး သီဆိုခဲ့ကြတယ်။

၁၉၃၀ ဝန်းကျင် ရောက်တော့ သမာရိုးကျ ရေပက် ကစားသြင်္ကန်ဟာ ကုန်တိုက်ကြီးတွေက အသုံးပြုတဲ့ ကုန်တင်ကား တွေနဲ့ လှည့်လည် ရေပက် ကစားတာ၊ ကားပေါ် တူရိယာ ပစ္စည်းတင်တာ၊ ကားကို ပန်းချီ ရေခံထည် အလှဆင်တာ၊ ဘက်ထရီမီး တွေနဲ့ ထွန်းညှိ လှပစေတာတွေ အထိ တိုးတက်လာတယ်။ ဒီလို အလှပြယာဉ်ကြီးတွေနဲ့ ဧည့်ခံ မဏ္ဍပ်နဲ့ အပြန်အလှန် သီချင်း ဆိုကြတာ၊ ဖျော်ဖြေ သီဆို တီးမှုတ်ကြတာတွေ ရှိလာတယ်။

သြင်္ကန်သံချပ် ဆိုတာတွေကလည်း အရင်လို “ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ အမောပြေအောင်တိုက်ပါ့ မမ” ဆိုတာ မျိုးတွေ မဟုတ်တော့ဘူး၊ “လူချော လူလှ လက်ရွေးစင်၊ ရှက်သွေး ခင်ရင်၊ မှိတ်လို့သာပက်၊ လောင်းလိုက် ပက်လိုက် နွဲ့ရှာသူ၊ အသည်းမှာ ပူတာ၊ အေးပေါ့ အေးပေါ့”စတဲ့ သံချပ် တွေ ဖြစ်ကုန်ပါပြီ။

နောက်နှစ်တွေမှ မြို့မ၊ မာဃ၊ မင်္ဂလာ အေဝမ်း၊ ရှုတိုင်းယဉ်၊ ဖူးစာရှင်၊ လင်းရောင်ခြည်၊ နေပြည်တော် အလှပြ အသင်း များ ထွက်လာကြတယ်။ ဒီအသင်းတွေထဲက မင်္ဂလာ အေဝမ်းက ၆ ဝပ် ဘက်ထ္ထရီ မီးလုံးတွေ ထွန်းပြီး ကားကို အလှ ဆင်တယ်။

ဒါ့အပြင် မြို့မက ငွေငန်း၊ ရှုတိုင်းယဉ်က ပဉ္စရူပ၊ ပျိုတို့မောင်က ကြက်ရုပ်များ ချိုးပြီး ကားကို အလှဆင်တယ်။ တူရိယာ များ အနေနှင့် ခေတ်မီ ထရန်းပက်၊ ကောနက် စသည့် ပစ္စည်းများကို သုံးလာကြတယ်။

အမျိုးသမီး အသင်းများ အနေနှင့်လည်း ရှမ်းပွဲရပ်မှာ ဟော်နန်း သူဇာ၊ ကြည်တင်၊ တရုတ်တန်း၌ ရွှေဝါဖူး၊ လှပျိုဖြူတို့ ရှိတယ်။ နောက်ပိုင်းမှာတော့ အမျိုးသမီး ရေသဘင် မဏ္ဍပ်တွေ မန္တလေးမြို့ အနှံ့ တပြတသင်းနှုန်း ရှိလာတယ်။ သြင်္ကန်မတိုင်မီကပင် တီးလုံးတိုက်သံတွေ ဆူညံနေတော့တယ်။ အလားတူ တီးကြမှုတ်ကြတဲ့ သီချင်းတွေမှာလည်း သြင်္ကန်နဲ့ ပစ္စက္ခ မြင်ကွင်း အခြေအနေကို သရုပ်ဖော်တဲ့ ရသ အဖွဲ့အနွဲ့တွေ ဖြစ်ကုန်ပါပြီ။

“မန်းသူ နွဲ့မူ .. နုယဉ်ယဉ်တွေ လန်းပါစေ၊
ခါရေလောင်း ညှာကြွေ ပြောင်းပေါ့ ခင်ရယ်၊
အေးစေတော့ဆို .. လောင်းတဲ့ စိတ်ရင်းပင်
အဟုတ်ပ နှမလေး အသွင်” ဆိုတဲ့ သီချင်းသံတွေနဲ့ ရင်ခုန်ဖွယ် သြင်္ကန်တွေပါပဲ။
ရွှေမန်းတောင်ရိပ် တူတူခိုမယ် ပျိုဖြူတွေရယ်..

ကမ္ဘာကြီးရဲ့ နိုင်ငံရေး ချိန်ခွင်လျှာတွေ ပြောင်းလဲမှုနဲ့ အတူ ဒုတိယ ကမ္ဘာစစ်ကြီးထဲမှာ သြင်္ကန်လည်း စုန်းစုန်းမြှုပ် လုမတတ် ဖြစ်ရတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်တော့ မန္တလေး သြင်္ကန် အရှိန်တန့် သွားတယ်။

၁၉၄၅ ခုနှစ် မတ်လမှာ စစ်ကြီးပြီး ငြိမ်းခြင်းနဲ့ အတူ မတ်လ(၂၃)ရက် စစ်ပြေးသူတွေ မန္တလေးမြို့ ပြန်အဝင် “ခါတော် ရောက်ချိန် နီးလို့ လာပြီလေ၊ ဒေါ်ဒေါ် မမ နှမတို့ရေ…”လို့ ခွန်းဆက်သံနဲ့ အတူ “မန္တလေးဆို ရွှေမြို့တို့ ရတနာပုံ နေ ပြည်၊ တင့်တယ်သာယာ စည်ကား ဟိုတုန်း အခါကလေ၊ အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာ စီမံကြစို့လေ…”လို့ ပြာပုံထဲက ပြန်လည် ရှင်သန် နိုးထမယ့် မန္တလေးကို သြင်္ကန်ကြိုတေးနဲ့ လှုံ့ဆော်ခဲ့တာ ကလည်း ခေတ်ကို မျက်ခြေ မပြတ်ခဲ့ဘူး ဆိုတဲ့ သာဓကပါ။

စစ်ကြီး အပြီး ၁၉၄၇ ခုနှစ်မှာ မန္တလေး သြင်္ကန်ကို မြို့လုံးကျွတ ်အားကြိုးမာန်တက် ပြန်လည် ဆင်နွှဲကြတယ်။ အလှပြ ယာဉ်တွေ ရာချီ ရှိတယ်။ အမျိုးသမီး ရေသဘင် အဖွဲ့တွေလည်း ရာချီ ရှိတယ်။ အုတ်အော်သောင်းတင်း ဆင်နွှဲကြဖို့ အတွက် သြင်္ကန်မတိုင်ခင် ရက်ပိုင်းမှာ မန္တလေးမြို့ထုတ် လူထု သတင်းစာက မျက်နှာဖုံးကနေ သြင်္ကန် သတင်းတွေကို တခမ်းတနား ရေးသား ဖော်ပြတယ်။

၁၉၄၇ ဧပြီ ၁၀ ရက်နေ့ထုတ် လူထု သတင်းစာ မျက်နှာဖုံးမှာ မြို့မ ငွေငန်း အလှပြယာဉ်ရဲ့ ဒီဇိုင်း အသစ်နဲ့ အတူ သြင်္ကန် သီချင်း အသစ် စာသားတွေ အပြည့်အစုံ ပါတယ်။ အဲဒီ သီချင်းသစ်တွေထဲမှာ “ချိုပြုံးရွှင်သော နှမပျိုရယ်” အစချီတဲ့ ရွှေမန်းတောင်ရိပ်ခို သီချင်းစာသား အစအဆုံး ပါတယ်။

စစ်ကြီးအပြီး ပြန်လည် စည်ကားလာတဲ့ ကောဇာ သက္ကရာဇ် ၁၃၀၈ခုနှစ် (ခရစ်နှစ် ၁၉၄၇ခုနှစ်)သြင်္ကန်မှာတော့ ဒီနေ့တိုင် နာမည်ကျော်ဆဲ၊ မြန်မာ့ သြင်္ကန် အမှတ်လက္ခဏာ အဖြစ်မှ မှတ်ကျောက်တင်ခဲ့တဲ့ ဆရာမြို့မငြိမ်းရဲ့ “ရွှေမန်းတောင် ရိပ်ခို” သီချင်း၊ “အေးအေး ချမ်းချမ်း” သီချင်းတွေလည်း အမွေအနှစ် အဖြစ် ကျန်ရစ်ခဲ့တယ်။

“အေးအေးချမ်းချမ်း” သီချင်းက မဟာ ဂီတလာ “ဘုန်းမိုးသွန်းလောင်း” ကြိုးသီချင်း အသွားမှာ ခံ့ညားတဲ့ သြင်္ကန် စာသားနဲ့ ရေးဖွဲ့ထားတဲ့ သီချင်းပါ။ ၁၉၄၇ခုနှစ် သြင်္ကန်မှာ မြို့မငြိမ်းရဲ့ ရွှေမန်းတောင်ရိပ်ခိုသီချင်းအပြင် မြို့မငြိမ်း ရေးသားခဲ့သော “အေးအေးချမ်းချမ်း” သီချင်း၊ “ရေလောင်း ရေပက်” သီချင်းတို့နှင့်အတူ ဦးဘသိန်း (မန္တလေး) ရဲ့ “ပျော်ပါစေမယ် လာကွယ် အလှရယ်” အစချီ သီချင်းတို့ လည်း တနှစ်ထဲ ရေးသား သီဆိုခဲ့ကြောင်း ၁၉၄၇ခုနှစ် ဧပြီလ ၁၀ ရက်နေ့ ထုတ် လူထု သတင်းစာပါ သတင်းဆောင်းပါး အရလည်း ထပ်မံ သိရှိရတယ်။

ရုပ်ရှင် မင်းသားကြီး ဝင်းဦး နှင့် မြို့မ အဖွဲ့

အဲဒီ မန္တလေးဟာ စစ်ကြီးထဲက ပြန်လည် အောင်ပွဲခံခဲ့ကြတာနဲ့ အတူ လွတ်လပ်ရေး တိုက်ပွဲဆီ အမျိုးသား အားမာန်နဲ့ ရည်မျှော်တဲ့ ပုံရိပ် လက္ခဏာတွေနဲ့ ထင်ဟပ်ခဲ့တယ်။ ရာချီရှိတဲ့ အလှပြယာဉ်တွေက အမျိုးသား အားမာန် ပြဋ္ဌာန်းခွင့် ဆန္ဒ၊ ခေတ်မီ မျိုးချစ် လွတ်လပ်ရေး တိုက်ပွဲဝင် တပ်မတော် စတဲ့ သရုပ်ဖော်မှုတွေနဲ့ တက်ကြွခဲ့ကြလေရဲ့။ သံချပ်တွေ ကလည်း လွတ်လပ်ရေး တိုက်ပွဲခေါ်သံတွေ …။

ငြိမ်းချမ်းရေး ရွက်သစ်နုနု ခါတော်ရေစင် ဖျန်းလို့

၁၉၄၈ ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့ လွတ်လပ်သော ပြည်ထောင်စု သမ္မတနိုင်ငံ ထူထောင်မှုနှင့် အတူ ဖွားဖက်တော် ဖြစ်တဲ့ အမျိုးသားချင်း သဘောထား ကွဲလွဲမှု ပြယုဂ် ပြည်တွင်းစစ်ကြီးလည်း စိတ်မချမ်းသာစွာ ခံစားခဲ့ကြရတယ်။ တမျိုးသားလုံးရဲ့ဆန္ဒက နှစ်ဦးနှစ်ဖက် အာဃာတတွေ စွန့်လွှတ်ပြီး ငြိမ်းချမ်းစေလိုတယ်။ အားလုံးရဲ့ ဘုံဆန္ဒက “ငြိမ်းချမ်းရေး”ပါပဲ။

ဒါကြောင့် တမျိုးသားလုံးနဲ့ ဆိုင်တဲ့ သြင်္ကန်ကလည်း မမေ့မလျော့နဲ့ “ငြိမ်းချမ်းရေး”ဆီ ဦးတည်ခဲ့ကြတယ်။ ၁၉၅ဝ ခု (ကောဇာ သက္ကရာဇ် ၁၃၁၁ ခုမှ ၁၃၁၂ ခုနှစ် အကူး) သြင်္ကန်ကို မန္တလေးမှာ ‘ငြိမ်းချမ်းရေး’ သြင်္ကန်ဟု ကမ္ဗည်း တင်တယ်။ ထိုစဉ်က နိုင်ငံတော် သမ္မတကြီး စဝ်ရွှေသိုက် ကိုယ်တိုင် ပါဝင် ဆင်နွှဲပါတယ်။ ဒါပေမယ့် အဲဒီနှစ်က မန္တလေးမြို့မ အသင်းသား တွေက ရန်ကုန်သြင်္ကန်မှာ ဆင်နွှဲကြ သတဲ့။

ရန်ကုန်ရောက် ‘မန္တလေးမြန်မာ ကုန်သည်များ အသင်း’ရဲ့အစီအစဉ်နဲ့ ‘ရွှေမန်း ရေယာဉ်’ လို့ အမည်ပေးကာ ငွေငန်း ရုပ် အလှဆင် ရေသဘင်ကားကြီး ဆင်တယ်။ ဒီ့နောက် ရုပ်ရှင် နောက်ခံဂီတ အသံသွင်းရန် ကိစ္စ အတွက် ရန်ကုန် ရောက်နေတဲ့ ဆရာမြို့မငြိမ်း ကိုယ်တိုင် ‘ရွှေမန်း ရေယာဉ်’ နဲ့လိုက်ပါပြီး သြင်္ကန်ပွဲ ဆင်နွှဲ တယ်။

မြို့မ ရေသဘင် အဖွဲ့

မန္တလေးမှာ ရှိစဉ် ကာလ တလျှောက်လုံး မြို့မ ငွေငန်းယာဉ်ပေါ်မှာ လိုက်ပါလေ့ မရှိတဲ့ ဆရာမြို့မငြိမ်းက ရန်ကုန် သြင်္ကန်မှာ ကိုယ်တိုင်ပါဝင် ဆင်နွှဲလို့ ထူးခြားနေပါတယ်။ ‘ရွှေမန်းရေယာဉ်’မှာ ၁၉၄၇ ခုနှစ်က ရေးစပ်ခဲ့တဲ့ ‘ရွှေမန်း တောင် ရိပ်ခို’ သီချင်းကို ၁၉၅ဝ ခုနှစ် ရန်ကုန် သြင်္ကန်မှာ ရွှေမန်းရေယာဉ်က ပြန်လည် သစ်ဆန်းခဲ့သော အခါ အထူး နှစ်သက်ခဲ့ကြသတဲ့။

နာမည်ကျော် ဘီတီ ဘရားသား အုပ်စုကလည်း ဒီသီချင်းကို တက်ယူပြီး သူတို့ ကော်ဖီ ကြော်ငြာ ရုပ်ရှင် ကားပိုင်းတို က သြင်္ကန် အစီအစဉ် နောက်ခံ သီချင်း အဖြစ် ကိုအံ့ကြီးက သီဆို အသံသွင်းခဲ့တယ်။ ဘီတီ ဘရားသား တီးဝိုင်းက ဧည့်ခံပွဲတိုင်း ဒီသီချင်းက ခေတ်စားခဲ့တယ်။

‘ရွှေမန်းတော် ရိပ်ခို’ အပြင် သီချင်းသစ် အဖြစ် ဆရာမြို့မငြိမ်းက ‘ငြိမ်းချမ်းရေး ရေသဘင်’ သီချင်းကိုလည်း ရေးစပ် ခဲ့တယ်။ သမိုင်းနောက်ခံဖြင့် ထင်ရှားစေခဲ့သော သီချင်းဟု ဆိုသော် လွန်အံ့မထင် ….၊ နားဆင် ကြည့်ကြပါဦး။

”သဘာဝရွှင်မြူး၊ နှစ်ကူးဗမာ့(မြန်မာ့) ရေသဘင်
ခါရေစင်လန်းကြည်ရွှင် အေးစေချင် ချမ်းတယ်ခင်
စိမ့်စိမ့်ချမ်းချမ်း … အေးအေးလောင်းပေ
လောင်းလေအေးလေ၊ အေးလေလောင်းလေတွေမို့
ချစ်မိတ်ဆွေ ဖြစ်ကြောင်း အခွင့်ကောင်း ကြုံလို့ပင်)၂
(ရွှေဂုန်သူမို့ ဖျတ်လတ်ဖြူစင် ရှင်းကြော့ယဉ်ယဉ်
မာပါစေ ဆုထူးဆင်)၂
ပိတောက်တွေ ဝေဝေလွင်လွင် ရွှေရည်လူး၊ ဖူးပွင့်တဲ့ ဒီအချိန်တွင် ….
ဗမာ (မြန်မာ) ပြည်၊ ငြိမ်းချမ်းရေး ရွက်သစ်နုနု
ခါတော်ရေစင်ဖြန်းလို့ ဝေစီလွင် …။
ငွေငန်းဆုတောင်း … အောင်ကြောင်းကိုပင် ခါတော်ရေသဘင်။
ကောဇာ သက္ကရာဇ် ၁၃၁၁ ခုနှစ် (၁၉၅၀) သြင်္ကန် (ဝါ) ငြိမ်းချမ်းရေး သြင်္ကန်
ရွှေသဇင်တွေ .. ဟိုမှာ နှင်းဆီ တို့တတွေ လှဦးတော့ သရဖီလေးနှင့် စံပယ်လည်းပါပေ။

မြန်မာပြည်ဟာ တိုင်းရင်းသား အားလုံး ညီအစ်ကိုမောင်နှမ စိတ်ဓာတ်နဲ့ အတူ လက်တွဲကာ အေးအတူ ပူအမျှ ခံစား နေထိုင် ကြတဲ့ ပြည်ထောင်စု နိုင်ငံတော် ဖြစ်တယ်။ ဒါပေမယ့် ပြည်တွင်းစစ်မီးနဲ့ အတူ အုပ်ချုပ်သူ အစိုးရတွေရဲ့ မမှန် ကန်တဲ့ သဘောထား အချို့ကြောင့် ပြည်ထောင်စုကြီး ပြိုကွဲဖို့ အခြေအနေတွေ ဖြစ်ခဲ့တယ်။ “ပြည်ထောင်စု” ဆိုတဲ့ အစည်းမပြေရေး ဟာလည်း တမျိုးသားလုံး ဆိုင်ရာ ကိစ္စ ဖြစ်တယ်။ ဒါကြောင့် “ငြိမ်းချမ်းရေး” နှင့်အတူ “ပြည်ထောင်စု ရေး” ကလည်း ခေါင်းနဲ့ ပန်းလို ခွဲလို့ မရပေဘူး။

ဒါကြောင့် တမျိုးသားလုံး ဆိုင်ရာ သြင်္ကန်ပွဲတော်ဟာ “ပြည်ထောင်စု” ကိစ္စကိုလည်း လျစ်လျူရှုကာ အပျော် မဖက်ခဲ့ ဘူး။ ငြိမ်းချမ်းရေး သြင်္ကန်လိုပဲ နောက်တနှစ်မှာ အသင်းပေါင်း ရာချီပြီး သြင်္ကန်ပွဲတော် ဆင်နွှဲကြရာမှာ “ပြည်ထောင်စု ရေး”ကို မမှိတ်မသုန် ဦးတည်ကာ သီချင်းတွေ သံချပ်တွေနဲ့ သြင်္ကန်ပွဲတော်ကြီး တခုကို မန္တလေးသူ မန္တလေးသားတွေ ဝှဲချီး ကျင်းပခဲ့ကြတာလည်း မမေ့ပျောက် နိုင်စရာပါပဲ။

ထိုနှစ်က ပိုမိုထူးခြားမှု တခုမှာ ၂၅ နှစ်မျှ မြို့မနှင့် မခွဲမခွာ ဦးဆောင်ခဲ့တဲ့ ဆရာမြို့မငြိမ်းဟာ ပြည်ထောင်စု သြင်္ကန်နှစ် မှာ အမရပူရ-မန္တလေး AMBA မော်တော်ယာဉ် အသင်းရဲ့ စောင်းကောက် အလှပြယာဉ်ကို ဦးဆောင်ကာ ထူးခြားတဲ့ ဂီတ အစီအစဉ် တခု ဖွဲ့စည်းခဲ့ခြင်း ဖြစ်တယ်။

ဂီတ ဆိုလို့ နကန်းတလုံးမျှပင် မသိတဲ့ ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာတွေက မြန်မာဖြစ် ဝါးပုလွေတွေ၊ မန်ကျည်း စေ့ ထည့်လှုပ်ရတဲ့ ဘူးသီးခြောက်တွေ၊ ရာဘာပြားကျက် ရေစည်ပိုင်းတွေနဲ့ တူရိယာ အသင်း ပုံစံ တီထွင်ခြင်း ဖြစ် တယ်။ သံစဉ်များ အလိုက် အုပ်စုဖွဲ့ လေ့ကျင့် တီးခတ်ပြီး ထူးခြားတဲ့ ဂီတဖွဲ့စည်းမှုကို ဖြစ်စေခဲ့တယ်။ သီဆိုတီးမှုတ်တဲ့ သီချင်းများကလည်း ဥရောပ စည်းဝါး အသွားတွေပါ။ ဒီလို…

”ခါတော်မီ သိင်္ဂီရွှေပန်း ပိတောက်တို့သာ။
မှည့်ဝင်းကာ နေလိမ့်မယ်၊ ထင်မိတာတွေ။
ဝန်ခံပါပြီ၊ ခုတော့ဖြင့် တခြားစီနေ….။
မာလာစုံ အမည် မှည့်နိုင်ပေ ….
ပြာသိုမှာ ခွာညိုဟာ ပွင့်ခဲ့ပေါ့လေ …
ခုတန်ခူးလည်း သူလည်း ပါစွာ လိုက်ပုံတွေ
အို … အလိုဗျာ၊ သြင်္ကန်မယ်တွေ၊ ပန်းမှတ်ထင်နေ
လူလည်ဆို အဦးကွဲ့လေ …
ရွှေသဇင်တွေ ..၊ ဟိုမှာ နှင်းဆီတို့ တတွေ
လှဦးတော့ သရဖီလေးနှင့် စံပယ်လည်းပါပေ
AMBA ငေးမိပေါ့ ကျက်သရေ
အို … အစုလိုက် ယဉ်မျာ့ ခေါင်တွေ”

မြို့လယ်ခေါင်မှာ ရှိတဲ့ နာမည်ကျော် ‘ဝင်းလိုက်မယ်’ အမျိုးသမီး ရေသဘင် အဖွဲ့မှာလည်း ဥရောပ ဆန်ဆန်ချောသည့် သြင်္ကန်မယ် တဦးက အလွန် နာမည်ကြီး သတဲ့။ သြင်္ကန်ပျိုဖြူ ‘ရတနာ နတ်မယ်’ ရဲ့ ဥရောပ ဆန်သော အလှ၊ ဥရော ပ ဆန်သော အကတွေနဲ့ ဆရာ မြို့မငြိမ်းရဲ့ AMBA စောင်းကောက် အလှပြယာဉ်က ထူးခြားသော ဥရောပဟန် တေး သွားများသည် အလွန် လိုက်ဖက်လှ သတဲ့။

ရုပ်ရှင် မင်းသားကြီး ဝင်းဦး နှင့် မြို့မ အဖွဲ့

ဝင်းလိုက်မယ်နဲ့ စောင်းကောက် အဖွဲ့ တွေ့ဆုံမှုတိုင်းဟာ ပရိသတ် ကြိတ် ကြိတ် တိုးမျှ သြဘာ သံမစဲ အုတ်အော် သောင်းနင်း အားပေးခံရတဲ့ ယှဉ်ပြိုင်မှုတွေ ဖြစ်ခဲ့တာကို သိ မှီ သူတိုင်း ယခု အထိ တသသ ပါပဲ။

၁၉၆၀ မှ ၁၉၈၀ ဝန်းကျင် ယဉ်ကျေးမှု သြင်္ကန်ကာလများ

မြန်မာ့ရိုးရာ အတာ သြင်္ကန် ဆိုတာ မြန်မာတို့ရဲ့ စိတ်ရင်း နူးညံ့ သိမ်မွေ့မှုနှင့် ခိုင်ခံ့ ယဉ်ကျေးသော အနုပညာကို အယုတ်၊ အလတ်၊ အမြတ်မရွေး ရင်ထဲ ရှိသလောက် ဖော်ထုတ် ခံစားနိုင်တဲ့ အမျိုးသား ပွဲတော် ဖြစ်လေတော့ မြန်မာ အများစုရှိတဲ့ မန္တလေး သြင်္ကန်ကလည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာ သြင်္ကန် သရုပ်ကို အပီပြင်ဆုံး ဖေါ်ထုတ်နိုင် ခဲ့ပါတယ်။

၁၉၅၀ ကျော် ကာလ၊ ၁၉၆၀ ကျော် ကာလ၊ ၁၉၇၀ ကျော် ကာလ၊ ၁၉၈၀ ကျော် ကာလ မန္တလေး သြင်္ကန်တွေဟာ အမျိုးသား အလှပြ အသင်းကလည်း အရေအတွက် ရာချီရှိတယ်။ အမျိုးသမီး ဧည့်ခံ ရေသဘင် အဖွဲ့တွေကလည်း အသင်းပေါင်း ရာချီ ရှိကြတယ်။ မန္တလေးမှာက လူတိုင်း လိုလို အနုပညာနဲ့ မဝေးကြ။

တီးတတ်၊ မှုတ်တတ်၊ ဆိုတတ်၊ ကတတ်ကြရုံမက သီချင်း ဂီတကိုလည်း ရေးတတ် ချွတ်တတ်၊ သံစဉ် တေးသွားများ လည်း စပ်တတ် ဟပ်တတ်ကြတယ်။ ဒါ့အပြင် ပန်းချီ၊ ပန်းပု၊ ရုပ်လုံးရုပ်ကြွ စပ်ပန်းချီ အတတ်တွေလည်း မျက်စိရေဝ ကာ ယဉ်ပါးနေကြလို့ ကိုယ့်ဆိုင်ရာ ဆိုင်ရာ အလှပြယာဉ်တွေ၊ မဏ္ဍပ်တွေကို လက်စွမ်းပြကြတယ်။

စိတ်ကြိုက်ခံစား ဖန်တီးနိုင်တဲ့ ပတ်ဝန်းကျင်

မန္တလေးမှာ တခေတ်တခါက အရပ်သားများထဲမှ အနုပညာသမားတွေ ခပ်များများ ထွက်ပေါ်ခဲ့တာ ‘သြင်္ကန်’ ကြောင့် ဖြစ်ပါတယ်။ သြင်္ကန်ဟာ မိမိတို့ ရင်တွင်း ရှိနေတဲ့ အနုပညာ ဗီဇကို နိုးထစေသလို … ပျိုးထောင် အညွန့်အညှောက် ထွက် ရှင်သန် ကြီးထွားရာ မြေသြဇာ အပြည့်ရှိတဲ့ ပျိုးခင်းကြီးနဲ့တူတယ်။ လွတ်လွတ်လပ်လပ် အယုတ်အလတ် အမြတ်မရွေး ခံစားရေးဖွဲ့ ကွန့်မြူးနိုင်တယ်။

ရှေ့က နောင်တော်၊ အစ်မတော်များ စပ်ဟပ် သီကုံး တီးမှုတ် ကခုန် ရေးဖွဲ့ကြတာ ကြည့်ရင်း အားကျမခံ စိတ်ဖြင့် ညီငယ်၊ နှမငယ်များကလည်း အနုပညာ မျိုးဆက် အမွေကို လက်ဆင့်ကမ်း ခံယူခဲ့ကြခြင်းလည်း ဖြစ်သလို အလွှာ ပေါင်းစုံ လူတိုင်းစေ့က စိတ်ကြိုက်ခံစား ဖန်တီးနိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်လည်းခဲ့တယ်။

ဒါကြောင့် ယနေ့ အထိ တင်ကျန်ရစ်တဲ့ သြင်္ကန် သီချင်းတွေ၊ တီးလုံးတီးကွက်တွေကို ဖန်ဆင်းခဲ့ကြသူများက မျက် မှန်ကြီး တဝင်းဝင်း၊ ပေကြိုး ပခုံးတင်ကာ အထည်တွေ ညှပ်ကိုက်ချုပ်တဲ့ စက်ချုပ်ဆရာလည်း ဖြစ်တယ်။ အားချိန် မယ်ဒလင် တလက်နဲ့ ဂီတနဲ့ အတူနေတဲ့ ဆံသ ဆရာလည်း ဖြစ်တယ်။

မြို့မ အဖွဲ့၏ သြင်္ကန် တေးသီချင်း တိတ်ခွေ ကာဗာ

ခြေနင်းဖားဖိုလေးနဲ့ လက်ဝတ် ရတနာ ပစ္စည်းတွေ ပြုလုပ်နေတဲ့ ပန်းထိမ်ဆရာလည်း ဖြစ်တယ်။ ထို့အတူ ကျောင်း ဆရာ၊ ဝန်ထမ်း၊ ဝပ်ရှော့ သမား၊ ကျောင်းသား၊ ဆရာဝန်၊ ဈေးသည်၊ ပွဲစား၊ ကျူရှင် ဆရာ၊ ဖိနပ်ထောင်၊ လျှပ်စစ် လိုင်း မင်း၊ စာတိုက်ဗိုလ်၊ အပျော်တမ်း မီးသတ်သမား၊ လက်ဖက်ရည် ဆိုင်ပိုင်ရှင် စတဲ့ အရပ်သားတွေဆီက အဖိုးတန် အနုပညာ ပစ္စည်းတွေ တွင်တွင် ကျယ်ကျယ်ကြီး ထွက်ပေါ်ခဲ့တယ်။

အမျိုးသား အမွေအနှစ် အနုပညာ ပစ္စည်းတွေ

အမျိုးသား အသင်း ဖြစ်စေ၊ အမျိုးသမီး အသင်း ဖြစ်စေ၊ အသင်း တသင်းဆီမှာ ဒီလို အနုပညာ ဝါသနာခံရှိသူ ဦးရေ ၅ဝ ဝန်းကျင် ရှိသည်ထား၊ အသင်း အဖွဲ့ပေါင်း ၂ဝဝ မှာ လူတသောင်း ရှိတယ်။ အမျိုးသား အသင်း ဖြစ်စေ၊ အမျိုးသမီး အသင်း ဖြစ်စေ၊ အသင်းတသင်းဆီမှာ အနုပညာနဲ့ ပတ်သက်လို့ ကျွမ်းကျင် လိမ္မာသူ ၅ ဦး ရှိတယ်ထား၊ အသင်း ၂ဝဝ မှာ လူ ၁ဝဝဝ ရှိတယ်။

အမျိုးသား အသင်း ဖြစ်စေ၊ အမျိုးသမီး အသင်း ဖြစ်စေ အသင်းတသင်းဆီမှာ တနှစ်လျှင် သီချင်းပုဒ်ရေ ၅ ပုဒ်ပဲ ပျမ်းမျှ ရှိတယ်ထား၊ အသင်း ၂ဝဝ မှာ တနှစ် သီချင်းပုဒ်ရေ ၁ဝဝဝ ရှိတယ်။ ကိုင်း … သြင်္ကန် တနှစ်မှာပဲ ရလာလိုက်တဲ့ အမျိုးသား အမွေအနှစ် အနုပညာ ပစ္စည်းတွေက နည်းနည်းနောနော မဟုတ် …။

မင်းသားကြီး ဝင်းဦး ၏ သြင်္ကန် သီချင်း တိတ်ခွေ ကာဗာ

၁၉၃ဝ ဝန်းကျင်မှသည် ၁၉၈ဝ ဝန်းကျင် နှစ် ၅ဝ အတွင်း မန္တလေးတမြို့တည်းမှာပင် သြင်္ကန်ကြောင့် ရလာတဲ့ သီချင်းတွေ၊ ဂီတတွေ၊ သံချပ်တွေ၊ ပန်းချီတွေ စသော အနုပညာ ပစ္စည်းတွေကို မှန်းဆသာ ကြည့်ပါ လေရော …။

တခြား မကြည့်ပါနဲ့ နာမည်ကျော် မြို့မ အသင်း တသင်းကိုပဲ ကြည့်ပါဘိ။ တနှစ်မှာ သီချင်းအသစ် ၅ ပုဒ်ပဲ အနည်းဆုံး ထား (တကယ်တော့ ၅ ပုဒ်နဲ့ ၁ဝ ပုဒ်ကြား ရှိပါတယ်) နှစ် ၅ဝ အတွင်း သြင်္ကန် သီချင်းပေါင်း ပုဒ်ရေ ၂၅ဝ ရှိနေပြီလေ။

ဘုန်းမိုးသွန်းလောင်းမှသည် သြင်္ကန်မိုးသို့

ကနဦးအစ သြင်္ကန် သီချင်းတွေက မဟာဂီတလာ ‘ဘုန်းမိုးသွန်းလောင်း’ သီချင်းကြီး၏ နရီစည်းချက် အတိုင်း

‘အေးအေး ချမ်းချမ်း လောင်းစမ်း သြင်္ကန်ရေ၊
မာပါစေ တောင်းဆုကိုခြွေ၊
ဖြန်းပက်သူတို့ ယဉ်စစ ချောနွဲ့နွဲ့လုံမေ၊
တထောင့် သုံးရာရှစ် ခုနှစ် သြင်္ကန်ရေ..’ ဟူသော သြင်္ကန်သီချင်းမှ စည်းသွက် ဖြစ်သော လေးချက် စည်းအတိုင်း
‘ သြင်္ကန် နှစ်ဦး တူးပို့တူးပို့
တူးသံ မြူးသာယာ၊
သြင်္ကန်မယ်များ တူးပို့တူးပို့
တူးမာရဲ့နော်ဗျာ၊
ငွေငန်းသံစုံ တူးပို့တူးပို့၊
အာရုံဖျော်ဖြေကာ..’ ဆိုတဲ့

ယနေ့တိုင် မရိုးနိုင်တဲ့ ဆရာမြို့မငြိမ်း ရဲ့ ‘ တူးပို့တူးပို့’ သီချင်းလို သြင်္ကန် ဒိုးချက် အသွား မြူးမြူး ကြွကြွ သီချင်းတွေကို နောက်မျိုးဆက်တွေက ဆက်တိုက် ဆိုသလို ရေးစပ်ခဲ့ခြင်းဟာ တကယ့် ခုန်ပျံ တိုးတက် မှုကြီး ဖြစ်ပါတယ်။ တပြိုင်နက်တည်း ဆိုသလိုပင်.. ဆရာ မြို့မငြိမ်းက

‘ပျော်ခင်းလေးသာ ပါဘိတယ်
အတိတ် ကောင်းယူမယ်၊
နှစ်ဦး သြင်္ကန် တော်ဝယ်….’ တဲ့။

ဒီ စာသား၊ ဒီအသံ၊ ဒီအသွား၊ ဒီစည်းချက်ကလည်း ၁၉၄၇ ခုနှစ်ကတည်းက တကယ့် ‘ပါရာဒိုင်း’ ကြီး ဖြစ်ခဲ့တယ်။ အခု ထိ အဟုန်ပြင်းဆဲ…။ ဒီ့နောက် မြို့မ အသင်းသားကြီး တဦးဖြစ်သော ဦးဘသိန်းကလည်း ‘ သြင်္ကန်မယ်တွေ မာပါစေ ရွှေမန်းမြို့မှာ အသရေ လျှမ်းဖို့ရာ သြော်.. ငွေငန်း မြို့မ လာပြီလေ..’ တဲ့။ ဖောက်ထွက် လာပြန်တယ်။

နောက် ကိုဘိုခင်၊ ကိုပေါ၊ ကိုရွှန်းမြိုင်..။ အခြား အသင်းတွေမှာလည်း ကိုသန်းကြွယ်၊ ကိုခင်မောင်သန်း၊ စိန်တင်ဟန်၊ ကိုရဲထွေး၊ ကျော်မြင့်သူ၊ စန္ဒရား ငြိမ်းထက်၊ ကိုချမ်းငြိမ်း… စသဖြင့် ၁၉၈ဝ ကျော် ဝန်းကျင် အထိ ခေတ်နဲ့ အမီ သြင်္ကန် တေးရေး ဆရာတွေ ပေါ်ထွက်ခဲ့တာ အများအပြားပါပဲ။

ဟော.. ၁၉၈၅ရောက်တော့

‘ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ….
ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေထဲ….
ရာသီချိန်မီ လန်းပွင့်ခဲ့တဲ့ ပိတောက်ကို
ပန်ဆင် ပါရင်၊ လှသထက် တင့်မှာမို့….’ ဆိုတဲ့ ကိုမောင်မောင်(မဇ္ဈိမလှိုင်း)ရဲ့ သီချင်း အထိ ဒီ ‘ပါရာဒိုင်း’ ရဲ့ အရှိန် အဟုန်ကို ထပ်ဆင့် မြှင့်တင်ခဲ့ကြတာပဲ မဟုတ်ပါလား။

သြင်္ကန်မိုး ရုပ်ရှင် သီချင်း တိတ်ခွေ ကာဗာ

သေချာတာ ကတော့ သြင်္ကန် ဆိုတာ လူတန်းစား အလွှာ ပေါင်းစုံ ပါဝင် ဆင်နွှဲနိုင်ပြီး လူတိုင်း ကိုယ်စီရဲ့ နှလုံးသားထဲ က အပျော်ဓာတ်တွေက တဆင့် ကွန့်မြူးလာမယ့် အနုပညာတွေကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ဖို့ပါပဲ။ လူထု သြင်္ကန် တွေက အမျိုးသား အမွေအနှစ်တွေ ကျန်ရစ်စေခဲ့တာ သာဓက တွေပဲလေ။ ။

မန္တလေး သြင်္ကန်များမှ ထင်ရှား ကျန်ရစ်ခဲ့သည့် သီချင်း အချို့

၁၃၀၀ ပြည့် သြင်္ကန် မြို့မငြိမ်း (၁၉၃၈) ၁၃၀၀ ပြည့်နှစ် အတွက် စပ်ဆိုသည်

သြင်္ကန် လုလင် မြို့မငြိမ်း ၁၉၄၀ ဝန်းကျင်
တူးပို့တူးပို့ မြို့မငြိမ်း ၁၉၄၀ ဝန်းကျင်
ရွှေမန်း မာလာ မြို့မငြိမ်း ၁၉၄၀ ဝန်းကျင်
ပြည်တော်ဝင် ဆရာညှာ ၁၉၄၅ ဝန်းကျင်
ရွှေမန်းတောင် ရိပ်ခို မြို့မငြိမ်း ၁၉၄၇ ခု(၁၃၀၉ ခု သြင်္ကန် အတွက် စပ်ဆိုသည်)
အေးအေး ချမ်းချမ်း မြို့မငြိမ်း ၁၉၄၇ ခု
မူယာကြော့ ဦးဘသိန်း ၁၉၅၀ ဝန်းကျင်
အေးတဲ့ရေ
(မြူမှောင်ဝေကင်း) ဦးရင်လေး ၁၉၅၈ ခု
သော့(ကျေးဇူးတင်) ဦးရင်လေး ၁၉၅၈ ခု
ညှင်းသွဲ့သွဲ့ လေပြည် ဦးဘိုခင် ၁၉၅၈ ခု
မန်းသူနှင့် ငန်းဖြူ ဦးပေါ ၁၉၆၀ ဝန်းကျင်
မြတ်ဆုမွန် ဦးရွှန်းမြိုင် ၁၉၆၈ ခု
အိပ်မက် စေတမန် ဦးသန်းကြွယ် ၁၉၇၀ ဝန်းကျင်
ရွှင်လန်း ချမ်းမြေ့ပါစေ ဦးခင်မောင်သန်း ၁၉၇၀ ဝန်းကျင်
ချစ်စွာသော သြင်္ကန် ကိုလှထွန်း ၁၉၇၀ ဝန်းကျင်
ရှာပုံတော် မင်းသားကြီး ကျော်မြင့်သူ ၁၉၇၀ ဝန်းကျင်
နဂါးမယ် သီချင်းများ စိန်တင်ဟန် ၁၉၈၀ ဝန်းကျင်
သြင်္ကန်မိုး သီချင်းများ မြို့မ ကိုပေါ / ကိုမောင်မောင်(မဇ္ဈိမလှိုင်း) ၁၉၈၄

The post ဘုန်းမိုး သွန်းလောင်း မှသည် ရွှေမန်း တောင်ရိပ်ခို တူးပို့ သံများ appeared first on ဧရာဝတီ.

ထူးခြားမှုများ နှင့် ရှမ်းသင်္ကြန်

$
0
0

မကြာမီ နှစ်သစ်ကူး သြင်္ကန်ကာလသို့ ရောက်တော့မည့် ဖြစ်သည်၊ ပူလောင်သည့် နွေ၌ သြင်္ကန်ကာလ လေးတခုက အိုအေစစ်လေး သဖွယ် ဖြစ်သကဲ့သို့ လူတိုင်း(အထူးသဖြင့် ငယ်ရွယ်သူတိုင်း) အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာပင်။

သြင်္ကန်သည် မြန်မာလူမျိုးတို့ အတွက်သာမက တိုင်းရင်းသားတချို့တွင်လည်း မတူညီသည့် ရိုးရာပုံစံများဖြင့် ရှိသည် ကိုတွေ့ရသည်။

ရှမ်းတိုင်းရင်းသားတို့၏ သြင်္ကန်၊ ရခိုင်တိုင်းရင်းသားတို့၏ သြင်္ကန်၊ မွန်တိုင်းရင်းသားတို့ သြင်္ကန်ဟူ၍ ရှိကြသည်။

သြင်္ကန်ဟူသော ဝေါဟာရသည် ကူးပြောင်းခြင်းဟု အနက် အဓိပ္ပါယ်ရှိ၏၊ နေမင်းသည် ၁၂ရာသီ စက်ဝန်းကို လှည့်လည်ခဲ့ ရာ၌ ၁၂ရာသီစေ့မြောက်၍ နောက်ဆုံးဖြစ်သော မိန်ရာသီမှ အစ ဖြစ်သော မိဿရာသီသို့ ကူးပြောင်းသည့် အချိန် နာရီ စက္ကန့် တွင် သြင်္ကန်ကျပြီဟု ဆိုစမှတ်ရှိကြောင်း အာဇာနည် ခေါင်းဆောင်ကြီး တဦးဖြစ်သည့် ဆရာကြီး ဒီးဒုတ်ဦးဘချိုက ဖွင့်ဆို သည်။

ထို့ကြောင့် သြင်္ကန်ပွဲတော်ကို မြန်မာနှစ်သစ်ကူူးပွဲဟူ၍ ခေါ်ဆိုကြသည်။ ရှမ်းတိုင်းရင်းသားများ ကတော့ သြင်္ကန်ကို ဆန်းကျဲန်ဟုခေါ်ဆိုပြီး ရေကစားပွဲတော် (သို့) ရေလောင်းပွဲတော် ဟု မှတ်ယူ ကြသည်။

သြင်္ကန်ပွဲတော်ကို တရုတ်(ဆစ်ဆောင်ပနား)၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို နိုင်ငံများတွင် နေထိုင်သည့် ရှမ်းမျိုးနွယ်စုများ ကြားမှာလည်း ကျင်းပသည်။

၂၀၁၈ခုနှစ် သြင်္ကန်မင်း ရုပ်တုနှင့် အတူ လှည့်လည်၍ ရေပက်ကစားနေသည့် ကျိုင်းတုံဒေသခံများ / Keng Tung Water Festival-Facebook မှ ကူးယူဖော်ပြသည်။

မြန်မာနိုင်ငံတွင် ကျင်းပသည့် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာ သြင်္ကန်ပွဲတော်သည် မြန်မာ့တို့၏ ဓလေ့ထုံးတမ်းများဖြင့် အနည်းအငယ် ကွဲလွဲမှုများ ရှိသည့်အတွက် စိတ်ဝင်စားစရာကောင်း လှပါသည်။

မြန်မာတို့က သြင်္ကန်ကာလမှာ ပိတောက်ပန်းကို အမြတ်တနိုးထားကြသလို ရှမ်းတိုင်းရင်းသားများက မောက်ကိုဆွဲ့ပန်း(ဝါ) ဂေါ်ပန်းကို အမြတ်တနိုးထားကြပြီး၊ အကြိုနေ့ မနက်တွင် မြန်မာတို့ ဝါဆိုပန်း ခူး ထွက်သကဲ့သို့ ရှမ်းလုလင်၊ လုံမပျိုတို့က သြင်္ကန်အကြိုပန်းထွက်ခူးကြသည်။

ထိုပန်းဖြင့် ဘုရားကန်တော့ခြင်း၊ အလှဆင်ခြင်းတို့ ပြုလုပ်ကြသလို သြင်္ကန်ကို ကြိုဆိုသည့် အခါမှာလည်း အသုံးပြုကြ သည်။

သြင်္ကန်အကြိုနေ့တွင် မောက်ကိုဆွဲ့ပန်းလေးများဖြင့် ဘုရားညောင်ရေအိုးထိုးကာ ဖယောင်း တိုင်မီး ထွန်းညှိပြီး အိမ်ရှေ့တွင် ထားကာ ရှမ်းတိုင်းရင်းသားတို့ သြင်္ကန်ကို ကြိုဆို၏။

“တန်ခူးလမှာ ပွင့်တဲ့ ပန်းပေါ့၊ ဂုံးသီးဗျ၊ အခွံမာ အသီးတမျိုးပဲ အဲဒီအသီးက အပွင့်နဲ့ ပန်းပေါ့၊ ရှမ်းလို မောက်ကိုဆွဲ့ ခေါ်တာ မိန့်ဂေါ်ပေါ့။ ဂေါ်ပန်း ခေါ်တာပေါ့၊ အဲဒီပန်းကို ယူလာပြီး ဘုရားရေ သပ္ပာယ် မယ့် အဝန်းအဝိုင်းပေါ့၊ ရေဇလားရှိမယ်၊ နောက် ရေပန်း ရှိမယ်။ အဲဒီမှာ ဘုရားဆင်တုတော် ကို သြင်္ကန် အကြိုနေ့ကတည်းက ပင့်ပြီးတော့ နေ့တိုင်း ရေ သပ္ပာယ် တာပေါ့”ဟု ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို)မှ ဥက္ကဌ ဦးစိုင်းမောင်တင်က ပြောသည်။

ရေသပ္ပာယ်ရာမှာတော့ ရှမ်းတိုင်းရင်းသားများသည် နဂါးရုပ်၊ မြွေရုပ် စသဖြင့် ဒေသ တခုချင်းစီ အလိုက် မတူညီသော အရုပ်များနှင့်အတူ လောင်းလှေ ပုံစံ တည်ဆောက်ကာ သတ်မှတ်ထားသော နေရာရှိ သက်ကယ်မိုး ထားသော တဲ အောက်မှာ ရေလောင်းဇလားနှင့် ရေပန်းများလုပ်ကာ နေ့စဉ် ရေသပ္ပာယ်ကျသည်။

သို့သော် သြင်္ကန်ကာလ ရေကစားခြင်းတွင်မူ ဗမာတို့က အကြိုနေ့တွင် စတင် ရေကစားသော်လည်း ရှမ်းတိုင်းရင်းသား များကမူ အကျနေ့ရောက်မှသာ ရေကစားခြင်းကို စတင်ပြီး နှစ်ဆန်းတရက်နေ့ အထိ တချို့လည်း ရေကစားကြသည်။

နှစ်ဆန်းတရက်နေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဘုရားဆင်းတုတော်များကို ပင့်ဖိတ်ပြီး ရေသပ္ပာယ် ကျသလို ဘုန်းကြီးကျောင်းကန်များကိုလည်း သန့်ရှင်းရေးလုပ်ကာ ကုသိုလ်ယူကြသည်။

သြင်္ကန်ကြိုဆိုသော မင်္ဂလာစည်တော်နှင့် သြင်္ကန်ရေပက်ကစားသူများ / Keng Tung Water Festival-Facebook

ထို့နောက် မုန့်ဖက်ထုပ်၊ မုန့်လုံးရေပေါ် မုန့်များလုပ်ကာ ဘုန်းကြီးကျောင်းသို့ လှူဒါန်းကြ သကဲ့သို့ အိမ်နီးနားချင်း ဆွေမျိုး မိတ်သင်္ဂဟများ၏ အိမ်များသို့ ဝေငှကျွေးမွေးကြသလို သက်ကြီး ရွယ်အိုများ အား ကန်တော့ခြင်း၊ ခြေသည်း လက်သည်းများ ညှပ် ပေးခြင်း၊ ခေါင်းလျော်ပေးခြင်း တို့ဖြင့်လည်း ကုသိုလ် ယူကြပြီး၊ မြို့ပေါ်သို့မဟုတ် ရွာများတွင် သဲပုံစေတီများကို တည်ကာ ဘုန်းတော်ကြီးများ ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားတော်နာကြ၏။

ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို)မှ ဥက္ကဌ ဦးစိုင်းမောင်တင်က ““သဲပုံစေတီလေး လုပ်တယ်၊ ရွာအလယ်မှာ တဆူ၊ ရွာထိပ်မှာ တဆူ၊ ရွာနောက်မှာ တဆူ သုံးဆူလုပ်တယ်၊ အဲဒီမှာ ပရိတ်ရွတ်တယ်၊ အန္တရာယ်ကင်းဖို့ပေါ့။ ဘုန်းကြီး ပင့်ဖိတ်ပြီးတော့ လုပ်တယ်”ဟု ပြောသည်။

ထူးခြားမှု တခုမှာ မြန်မာတို့သည် သြင်္ကန်ကာလ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ မကြေလည် သည် များကို သံချပ်ဖြင့် ပုံဖော်၍ ရင်ဖွင့်ကာ တင်ဆက်ကြသည်မှာ စစ်ကြို ခေတ်မှသည် ယနေ့တိုင် သံချပ်ထိုးခြင်း ဓလေ့ စွဲမြဲခဲ့သည်။

စစ်ကြိုခေတ် သံချပ်များသည် ထိုခေတ် သတင်းစာများထက်ပင် ပိုမိုပွင့်လင်းကြပြီး ပြည်သူ့လှုပ်ရှားမှု များ ပါဝင်ခဲ့ကာ သေခါနီးမှ ရိက္ခာယူ အဘိဇ္ဈာထူတာ ငပု- ငပု၊ ညွှန်ပေါင်း လက်သစ် ရာထူးယူ- တိုင်းပြည်ဆူရင် သူတို့ကြောင်ပဲ။ မြန်မာ ပြည်ကြီး နစ်ဖို့ဖန်- ကလိန်ဉာဏ်နဲ့ ငစော ငစော စသည်ဖြင့် သံချပ်ထိုးကြသည်၊ ယနေ့ခေတ် အကဲဆတ်သည့် အစိုးရများ အနေဖြင့်မူ ထိုသို့ ပွင့်လင်းသည့် သံချပ်များကို လက်ခံနိုင်မည်မဟုတ်ပေ။

ရှမ်းတိုင်းရင်းသားများမှာမူ သြင်္ကန်နှင့် သက်ဆိုင် သော ရှမ်းသီချင်းများ ကိုသာ ဖွင့်လှစ်နားထောင်၍ ရိုးရာ အမျိုးသား ဝတ်စုံများကို ဝတ်ဆင်ကာ ပျော်ပါးကြကြောင်း သိရသည်။
ထိုနည်းတူစွာ ရှမ်းတိုင်းရင်းသားများထဲမှာမှ ကျိုင်းတုံဒေသရှိ ဂုံရှမ်းတို့၏ သြင်္ကန်ပွဲတော် ကျင်းပပုံကလည်း အလွန် ဆန်းပြား နေပြန်သည်။

မင်္ဂလာစည် ပို့ဆောင်ရာတွင် ဂုံရှမ်းမျိုးနွယ်စုဝင် တဦးက မြင်းစီးပြီး ဦးဆောင်၍ အလံနီ-အလံဖြူကိုင်သူများ စီးတန်းလှည့်လည်ခြင်းနှင့် ရေပက်သူများ

ကျိုင်းတုံသြင်္ကန်ကို တချို့က မိုးခေါ်သြင်္ကန်ဟုလည်း ညွန်းဆိုလေ့ရှိကြောင်း ဒေသခံများ၏ အဆိုရ သိရသည်။

သမိုင်းအရ ခေမရဋ် တုံဂပူရိ ဟု ခေါ်သည့် ကျိုင်းတုံနယ်ကို စော်ဘွား ဖရာ့ ကျောက်မထုက အုပ်ချုပ် စဉ် သက္ကရာဇ် ၇၇၂ နှစ်က တနယ်လုံး မိုးခေါင်ရေရှား ဖြစ်၍ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရာ ဥတ္တမ အမည်ရှိ ပုဏ္ဏားက ကျိုင်းတုံမြို့၏ နေ့နံသည် တနင်္လာနံ ဖြစ်ရာ ဂုံလူမျိုး၏ ပါးစပ်မှာ တနင်္လာနံ လခြမ်းကို ငုံစေလျက် သဲပုံစေတီနှင့်တကွ ဖားရုပ်ကို ပုံဖော်၍ ပူဇော်ပသခဲ့ရာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် လယ်ယာ များ ထွက်ရက်စိုက်ပျိုးမှု အထွက်တိုးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သြင်္ကန် ကာလ ရောက်တိုင်း မင်္ဂလာစည်တော်ကြီးအား ထုတ်၍ တီးကာ သြင်္ကန်ကို ယနေ့တိုင် ကြိုဆိုလေ့ ရှိကြပြီး သြင်္ကန်ပွဲ ကိုလည်း ပျော်ပျော်ပါးပါး ဆင်နွဲကြသည်။

မင်္ဂလာစည်တော်တီးကာ သြင်္ကန်ကို ကြိုဆိုပြီးနောက် သြင်္ကန်မင်း ရုပ်တုနှင့်အတူ အလံဖြူ၊ အလံနီများ ကိုင်ဆောင်သည့် အဖွဲ့ကို ဂုံရှမ်းမျိုးနွယ်ဝင် တဦးက မြင်စီးကာ ဦးဆောင် မြေသားဖြင့် ပြုလုပ်ထးသည် ဖားရုပ်ရှိရာသို့ စီတန်းလှည့်လည် သွားကြသည်။

စီတန်းလှည့်လည်ရာ လမ်းတလျောက် ရေပက်ကစားသူများဖြင့် စည်ကားလှပြီး ဧည်ပရိသတ်က မိုးခေါ်သည့် မြေသား ပုံဖော်ထားသည့် ဖားရုပ်အား ဝိုင်းလုကြသည်။

မိုးခေါ်မင်းဟု ယုံကြည်ထားသော ဖားရုပ်ကို သြင်္ကန်တွင်းကာလမှာ ကျိုင်းတုံဒေသခံများ ပူဇော်ပသနေခြင်း

ထို မြေကြီးဖြင့် ပြုလုပ်ထားသည့် ဖားရုပ်ကို ဝိုင်း၍ လုရခြင်းမှာ ၎င်းမြေသားကို ရရှိပါက မိမိတို့၏ လယ်ယာ၊ခြံမြေ၊ အိုးအိမ်တို့တွင် ပက်ကြဲပါက ဆန်ရေစပါး၊ သစ်သီးဝလံများ အထွက်တိုးကာ စီးပွားလာဘ်လာဘ တိုးတက် ရွင်လန်း သည်ဟု ယုံကြည်ခြင်း ကြောင့်ဖြစ်ကြောင်း ကျိုင်းတုံဒေသခံ စိုင်းကျော်အောင်က ပြောသည်။

ထို့ကြောင့် ကျိုင်းတုံသြင်္ကန်ကို မိုးခေါ်သြင်္ကန်ဟုလည်း ဆိုကြသည်၊ ဤသည်ကား ရှမ်းတိုင်းရင်းသား များ၏ ရိုးရာ သြင်္ကန်ပွဲ ကျင်းပပုံထဲမှ ထူးခြားဆန်းပြားသည့် ဓလေ့တခုဖြစ်သည်။

ယခုနှစ် သြင်္ကန်ပွဲတော်ကို ကျိုင်းတုံမြို့မ ဘောလုံးကွင်းတွင် ဧပြီလ ၁၃ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုင်းခင်၊ တိုင်းလိ၊ တိုင်းနေနှင့် တိုင်းလုံဟုခေါ်သည့် ရှမ်းတိုင်းရင်းသား ၄ဖွဲ့တို့မှ စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များဖြင့် ဖွဲ့စည်းထားသော ကော်မတီက ဦးစီးကျင်းပမည် ဖြစ်ကြောင်း Tai Khun Literature And Culture Association- Keng Tung မှ ရေးသား ဖော်ပြထားသည်။ ။

The post ထူးခြားမှုများ နှင့် ရှမ်းသင်္ကြန် appeared first on ဧရာဝတီ.

မွန် ရိုးရာ သင်္ကြန်

$
0
0

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီ ပွဲတော်များတွင် တိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲကြသည့် နှစ်သစ်ကူး အတာသြင်္ကန် ပွဲတော်ကြီး မကြာခင် ရောက်ရှိလာတော့မည် ဖြစ်ပေသည်။

အလှူအတန်း စတုဒိသာများ နှင့် သြင်္ကန်ပွဲတော် အခါသမယတွင် ပါဝင်ဆင်နွှဲကြသည့် တိုင်းရင်းသား အသီးသီး၏ ရိုးရာ ဓလေ့များကိုလည်း တွေ့မြင်လေ့လာနိုင်ပြီး ပါဝင်ဆင်နွှဲနိုင်သည့် အချိန်အခါကောင်းလည်း ဖြစ်သည်။

တိုင်းရင်းသားလူမျိုး အသီးသီးအနေဖြင့် အတာသြင်္ကန်ပွဲတော် အတွင်း မိမိတို့၏ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများနှင့် မတူကွဲပြားစွာ ကျင်းပလေ့ ရှိကြရာ မွန်တိုင်းရင်းသား တို့သည်လည်း ယဉ်ကျေးမှု ဓလေ့တခုကို လက်ဆင့် ကမ်းလျက် ရှိကြသည်။

မွန် တိုင်းရင်းသားတို့၏ မည်သူနှင့်မျှ မတူသော ဓလေ့တခုသည် “သြင်္ကန်ထမင်း” ပင်ဖြစ်ပေသည်။

ထမင်းကို ရေနှင့် တွဲဖက်စားရသည့် “သြင်္ကန်ထမင်း”သည် မွန်တို့၏ ရိုးရာဓလေ့ဖြစ်သလို ကိုယ်ပိုင် အမှတ်အသား တခုအဖြစ်လည်း နာမည်ကြီးလှသည်။

သြင်္ကန်ထမင်းသည် အဓိကအားဖြင့် အနေတော်ပြုတ်ကာ ရေဆေးပြီး စစ်ထားသည့် ထမင်းဖြူသန့်သန့်၊ ငါးခြောက် ထောင်း၊ သရက် သီးသုပ်၊ ငရုတ်သီးတောင့်ကြော်၊ရေသန့်အေးအေးလေး တို့ဖြင့် တွဲဖက်စားရသည့် အစားအစာဖြစ် သည်။

စားကောင်းသည့် ထမင်းကိုရရှိစေရန် အတွက် ဆန်မွှေးအား ပြုတ်ရာတွင် စပယ်ဖူးလေးကဲ့သို့ အနေအထားရောက် သည် အထိ တင်စားကာ မွန်တို့က ချိန်ဆပြုလုပ်လေ့ ရှိသည်။

သြင်္ကန်ထမင်းတွင် ထူးခြားမှုတခုအနေဖြင့် ဆမ်းစားမည့် ရေထဲတွင် ဖယောင်းနံ့လေး သင်းနေအောင် ပြုလုပ်ထားခြင်း ပင် ဖြစ်သည်။ ဖယောင်းနံ့ မနှစ်သက်သူများက ရိုးရိုးရေဖြင့်သာ စားလေ့ရှိကြသည်။

ရေထဲတွင် ဖယောင်းနံ့ သင်းနေစေရန်အတွက် သန့်စင်သည့် မြေအိုးတလုံးအား ဖယောင်းထည့်ထားသည့် မီးဖိုပေါ် တွင် အုပ်ချကာ မှိုင်းခံသည့် သဘောဖြင့် ထားရလေသည်။

ယင်းနောက်တွင် ဖယောင်းခိုးများပြည့်နေသည့် မြေအိုးအတွင်းသို့ ရေထည့်ပြီး လုံခြုံစွာ ပိတ်ထားခြင်းဖြင့် ဖယောင်းနံ့ သင်းနေသည့် ရေကို ရရှိစေခြင်းဖြစ်သည်။

အချဉ်၊ အစပ်နှင့် အရသာရှိပြီး မြိန်စေရန် အတွက်လည်း သရက်သီးသုပ်၊ ငရုတ်သီးတောင့်ကြော် တို့ဖြင့် တွဲဖက် စားကြပြီး အဓိကဖြစ်သည့် ငါးခြောက်ထောင်းကြော်ကိုမူ အသားများများ ပါသည့် ငါးများဖြင့် ပြုလုပ်လေ့ ရှိကြသည်။

သြင်္ကန်ထမင်း၏ ဇစ်မြစ်သည် ရှေးအခါက လွန်စွာချမ်းသာကြွယ်ဝသည့် သူကြွယ်ကြီး တဦးသည် သြင်္ကန် အချိန်အခါ တွင် လူအများခြံရံလျက် မြစ်ကမ်းတနေရာရှိ ပညောင်ပင်အောက်တွင် ဆန်အားပြုတ်ပြီးနောက် ၇ ကြိမ်အထိ ရေဖွဖွ ဆေးထားသည့် ထမင်းကို အမွှေးနံ့သာများ ရောစပ်ထားသည့် စားသောက်ဖွယ်ရာများဖြင့် ညောင်ပင်စောင့်နတ်ထံ တွင် သားဆုပန်ရာ ပြည့်ဝခဲ့သည်ဟု မွန်တို့သမိုင်းတွင် မှတ်တမ်းပြုထားသည်ကို တွေ့ရကြောင်း မွန်တိုင်းရင်းသူ စာရေးဆရာမ မိုးပန်းမွန်(ရာမည)က ဆိုထားသည်။

ထိုမှတ်တမ်းကို အစွဲပြုပြီး မွန်လူမျိုးတို့ အနေဖြင့်လည်း အတာသြင်္ကန် အချိန်အခါတွင် စည်းစိမ်ချမ်းသာများ တိုးတက် ပွားများစေရန် ရည်စူးလျက် သြင်္ကန်ထမင်း ချက်ပြုတ်ကာ လှူဒါန်းကျွေးမွေးမှုများ ပြုလုပ်လေ့ ရှိကြခြင်းဖြစ်ကြောင်း သိရသည်။

“သြင်္ကန်းထမင်း ကျွေးခြင်းဖြင့် မွန်တွေမှာ စီးပွားလာဘ်လာဘ တိုးတက်တယ်၊ အန္တရာယ်ကင်းတယ်၊ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုကို ရစေတယ်၊ ကိုယ်စိတ် ချမ်းသာစေတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွေးမွေးကြတာပေါ့”ဟု စာရေးဆရာမ မိုးပန်းမွန်(ရာမည)က ပြောသည်။

နှစ်သစ်ကူး ကာလ နှစ်ဆန်းတရက် နေ့တွင် ကျင်းပသည့် မုဒုံမြို့နယ် ရိုးဂိုး ဘုရားပွဲသည်လည်း မွန်လူမျိုးတို့၏ ထင်ရှား သည့် ဓလေ့တခုဖြစ်ပြီး ရေကစားသူများ၊ ဘုရားသန့်ရှင်းရေး လုပ်သူများဖြင့် လွန်စွာစည်ကားသည်။

အထူးသဖြင့် မွန်လူငယ်များသည် နှစ်ဆန်းတရက်နေ့ကို ယခင်ရက်များထက် ပိုမိုရေကစားလေ့ရှိကြပြီး အခြားသော မြို့များမှလည်း မွန်ပြည်နယ်သို့ လာရောက် လည်ပတ်ကြလေ့ ရှိကြသည်။

ဗုဒ္ဓသာဘာဝင်များ ဖြစ်ကြသည့် မွန်လူမျိုးတို့သည် အတာသြင်္ကန် ကာလအတွင်း ရဟန်းခံ ရှင်ပြုခြင်းများ၊ သက်ကြီး ပူဇော်ပွဲများ၊ စတုဒိသာ ကျွေးမွေးခြင်းများကိုလည်း အားတက်သရော ပြုလုပ်လေ့ရှိကြသည်။

အတာသြင်္ကန်ကာလအတွင်း မွန်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသားတို့၏ အိမ်တိုင်းနီးပါးတွင် သြင်္ကန်ထမင်းကို ပြင်ဆင် ထားလေ့ရှိပြီး ရိုးရာယဉ်ကျေးမှု ဓလေ့ကို ဖော်ကျူးထားသလို သဒ္ဒါတရား ထက်သန်သည်ကိုလည်း တွေ့မြင် ကြရ ပါသည်။ ။

The post မွန် ရိုးရာ သင်္ကြန် appeared first on ဧရာဝတီ.

ငြိမ်းချမ်းရေး နှင့် လှေနံဓားထစ်ဝါဒ

$
0
0

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ နိုင်ငံ့ တာဝန်ယူခဲ့သည်မှာ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ၃ နှစ် တင်းတင်း ပြည့်ခဲ့ပြီ။

NLD အစိုးရ တာဝန် ယူချိန်မှစ၍ ‘ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေး၊ ပြည်သူများ၏လူမှုစီးပွားဘဝများ မြင့်မား တိုးတက်ရေး’စသည်ဖြင့် မူဝါဒများ ချမှတ် ဆောင်ရွက်နေသည်ဟု ဆိုသည်။

အထူးသဖြင့် ငြိမ်းချမ်းရေးနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး (NCA) ကိစ္စများ အကောင် အထည်ဖော်ရန် အားသွန် ခွန်စိုက် ကြိုးပမ်း နေသည်ဟုလည်း ဆိုသည်။

ပြည်တွင်းစစ် ဖြစ်ပွားနေသော နိုင်ငံကို ငြိမ်းချမ်းစေရန် ဆောင်ရွက်ရသည့် အလုပ်မှာ အလွန်ခက်ခဲသော တာဝန်ဖြစ် သည်။ စိန်ခေါ်မှုများနှင့် အဖျက်အမှောင့်ကလည်း များလှသည်။ ထို စိန်ခေါ်မှုများနှင့် အဖျက်အမှောင့်များကို ကျော် လွှား နိုင်ရန်ဆိုလျှင် အစိုးရ တဖွဲ့တည်း ဆောင်ရွက်ရုံဖြင့် မအောင်မြင်နိုင်ပေ။

တည်ငြိမ် အေးချမ်းရေးကို လိုလားသော ပြည်သူများ၊ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး လက်တွဲဆောင်ရွက်ကြမှသာ ရလဒ်ကောင်း ရမည်ဟု ယူဆသည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သော သတင်းမီဒီယာများ ခြိမ်းခြောက်ခံရသည့် အဖျက်အမှောင့် ပြဿနာကို ကြည့်လျှင် မြန်မာ့ ပြည်တွင်းရေး အခြေအနေကို ရှုပ်သည်ထက် ရှုပ်အောင် လုပ်ကြံမှုများ ရှိနေသည်ကို တွေ့နိုင်သည်။

ခြိမ်းခြောက်စာများကို သတင်းဌာနများ၏ တရားဝင် အီးမေးလ်၊ မက်ဆင်ဂျာများထဲသို့ ပေးပို့နေခြင်းဖြစ်ပြီး ပေးပို့ခံရ သည့် သတင်းဌာနများမှာ 7 Day Daily သတင်း ဂျာနယ်၊ The Voice  ဂျာနယ်၊ Eleven Media Group၊ Mizzima ၊ MCN ၊ DVB၊ ဒီမိုကရေစီ တူဒေး၊ စံတော်ချိန်၊ One News Myanmar ရန်ကုန် ခေတ်သစ်၊ သူရိယ နေဝန်း (The Sun) နှင့် ဧရာဝတီ စသည်ဖြင့် ပါဝင်သည်ဟု သိရသည်။

ရက္ခိုင့် တပ်မတော် (AA) ကို သောင်းကျန်းသူ အဖွဲ့ဟု ရေးသားသည့် မီဒီယာများကို စာရင်းလုပ်ထားကြောင်း၊ ယင်း စာရင်းတွင် ပါဝင်သည့် မီဒီယာများမှ သတင်းထောက်များ၏ အသက်ကို အာမ မခံကြောင်း၊ AA နှင့် ပတ်သက်၍ မဟုတ် မမှန် ဖော်ပြမှုများ ရပ်တန်းက မရပ်ပါက AA အနေဖြင့် ခွင့်လွှတ်မည်မဟုတ်ကြောင်း၊ သတိပေးခြင်းကို မနာခံ ပါက သတင်းဌာနအနေဖြင့် ပျက်စီး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပေးပို့စာများတွင် ပါဝင်သည်ဟု 7 Day Daily သတင်း၌ ဖော်ပြသည်။

ထို့ပြင် AA နှင့် ပတ်သက်ပြီး မမှန်မကန် ဖော်ပြသည့် သတင်းစာတိုက်နှင့် သတင်းထောက်များကို AA က ခွင့်လွှတ် မည် မဟုတ်ကြောင်း၊ ပြင်းထန်စွာ အရေးယူ မည်ဖြစ်ပြီး သတင်းစာတိုက်ကို မိုင်းခွဲ တိုက်ခိုက်မည် ဖြစ်ကြောင်း နောက် ဆုံး သတိပေးလိုက်သည် ဟူ၍လည်း ဖော်ပြထားသည်ဟု ဆိုသည်။

သို့သော်လည်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ AA အနေဖြင့် မည်သည့် သတင်းဌာနကိုမျှ ခြိမ်းခြောက်ခြင်း မရှိ သကဲ့သို့ နောင်တွင်လည်း ခြိမ်းခြောက်မည် မဟုတ်ကြောင်း၊ သတင်းဌာန၏ ရေးသားဖော်ပြမှုကို ပြည်သူက အဆုံး အဖြတ် ပေးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ထို့ကြောင့် ယခု မိဒီယာများကို ခြိမ်းခြောက်မှုသည် ရခိုင်ပြဿနာ အကျပ်အတည်းကြီးလာချိန်တွင် အချိန်ကိုက် ဖောက်ခွဲ ခြင်းဖြစ်သဖြင့် ပြည်တွင်းစစ် ပဋိပက္ခ ပိုမိုဆိုးရွားလာစေရန် မီးလောင်ရာ လေပင့်လုပ်ခြင်း ဖြစ်သည်။

ယခုကဲ့သို့သော အဖျက်အမှောင့် လုပ်ရပ်မျိုးကို ဖော်ထုတ်ရှင်းလင်းရန် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အပါ အဝင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးကဏ္ဍ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ကြရန် တာဝန်ရှိပေသည်။

ဤ အတောအတွင်းမှာပင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ၏ MIPS Annual Peace & Security Review 2018 စာအုပ်မိတ်ဆက်ပွဲကို ဧပြီ ၂ ရက် နေ့လယ် ၂ နာရီမှ ၄ နာရီ အထိ Melia Hotel ၌ ပြုလုပ် ခဲ့သည်။ ငြိမ်းချမ်းရေးကို လေ့လာသူ ၂၀၀ ခန့်တက်ရောက်သည်ကိုတွေ့ရသည်။

MIPS ၏ Annual Peace & Security Review 2018 တွင် မြို့နယ်အဆင့် ပဋိပက္ခ စောင့်ကြည့် လေ့လာရေး စနစ် အချက်အလက်များ အရ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုရှိ မြို့နယ်ပေါင်း ၅၀ တွင် လက်နက်ကိုင် ထိတွေ့မှု (Armed Clash) အကြိမ် ၄၉၀ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

MIPS အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက MIPS ၏ 2018 အစီရင်ခံစာသည် ငြိမ်းချမ်းရေး ဖြစ်စဉ်၌ ထဲထဲ ဝင်ဝင် ပါဝင်ဆောင်ရွက်နေသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ် သည်ဟု ဆိုသည်။

MIPS အနေဖြင့် ပြည်တွင်းစစ် ပဋိပက္ခနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာ၌ ကြုံတွေ့ရမည့် ကိစ္စရပ်များကို ကူညီ ဖြေရှင်းနိုင်စွမ်းရှိသော ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ ပညာရှင် အသိုက်အဝန်း တရပ် မြန်မာနိုင်ငံတွင် ပေါ်ထွန်း လာစေရေး အတွက် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားဒေသဖြစ်သော ရှမ်းပြည်နယ်ရှိ နမ္မတူမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကရင် ပြည်နယ်ရှိ ဖာပွန်မြို့နယ်၊ ကချင်ပြည်နယ်ရှိ ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်တို့တွင် တပ်မတော်နှင့် လက်နက်ကိုင် ထိတွေ့မှု အကြိမ် အရေအတွက် အများဆုံးဟု MIPS ၏ 2018 အစီရင်ခံက ဆိုသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ တပ်မတော်တို့ လက်နက်ကိုင် ထိတွေ့မှု အနည်းဆုံး ၁၆၂ ကြိမ် ဖြစ်ပွားခဲ့သည်ဟု MIPS က ဖော်ပြသည်။

ရှမ်းပြည်နယ်သည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ဖြစ်ပွားသည့် ပဋိပက္ခများ အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ဖြစ်ပွားသည့် ပဋိပက္ခ (Inter-EAOs Conflict) များ၏ ဗဟိုချက် ဖြစ်လာသဖြင့်၊ ရှမ်းပြည်နယ် လက်နက်ကိုင် ပဋိပက္ခများကြောင့် ၂၀၁၈ ခုနှစ်အတွင်း ဒေသခံပြည်သူ အနည်းဆုံး ၁၂,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသည်ဟု အစီရင်ခံတွင် ဖော်ပြခဲ့သည်။

သို့ဖြစ်၍ ၂၀၁၈ ခုနှစ်အတွင်း MIPS ၏ 2018 အစီရင်ခံစာ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသုံးသပ်ချက် (Monthly Peace & Security REVIEW) အရ မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေသည် မှိုင်းမှုံအုံ့ဆိုင်းနေဆဲဟု ဆိုရပေမည်။

မိုးတွင်းကာလ မရောက်မီ ကချင်ဒေသ စစ်ရှောင် IDPs များ နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်များ စတင်နိုင်ရန် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) က ဆန္ဒရှိနေပြီး အစိုးရ၊ တပ်မတော်နှင့် ဆွေးနွေးပွဲကို ဧပြီအတွင်း နှစ်ကြိမ်ပြုလုပ်ရန် အဆို ပြုထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့(PCG) မှ ဦးဆန်းအောင်က ပြောကြောင်း 7 Day Daily သတင်း အရ သိရသည်။

မတ်လ ၂၁ ရက်က ကျင်းပသည့် အစိုးရ၊ တပ်မတော်နှင့် KIO အပါအဝင် NCA မထိုးရသေးသည့် တိုင်းရင်းသားလက် နက်ကိုင် ၈ ဖွဲ့ ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရေး (Bilateral Agreement)  ရရှိပါက ကချင်ပြည်နယ်ရှိ စစ်ရှောင် ပြည်သူများ နေရပ်သို့ လုံခြုံအေးချမ်းစွာ ပြန်နိုင်ရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ရန် စီစဉ်ထားမှုကို ဆွေးနွေး ခဲ့သည်ဟု KIO ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခွန်နောင် က ပြောသည်။

သို့သော် တချိန်တည်းမှာပင် ရခိုင်ပြည်နယ်တွင် လုံခြုံရေး အခြေအနေက ပို၍ စိုးရိမ်စရာ ဖြစ်လာသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ် ၅ မြို့နယ်ကို ပြည်နယ် အစိုးရ အဖွဲ့က ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်။

အဆိုပါ ညမထွက်ရ အမိန့်ကို ဧပြီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ည ၉ နာရီမှ နောက်တနေ့ နံနက် ၅ နာရီ အချိန်အထိ သတ်မှတ်ထားကြောင်းလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။ ညမထွက်ရ အမိန့် ထုတ်ပြန်ရခြင်းမှာ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ဧရာဝတီ သတင်း ဌာနသို့ ပြောဆိုထားသည်။

ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ညမထွက်ရ အမိန့် ထုတ်ပြန်ရခြင်းမှာ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ ရပ်ကွက် အေး ချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသော အကြမ်းဖက်မှုများ ဖြစ်သည့် မိုင်းထောင် ဖောက် ခွဲခြင်း၊ ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ ရဲစခန်း၊ ရဲကင်းများကို ဝင်ရောက် တိုက်ခိုက်ခြင်း စသည့်ဖြစ်စဉ်များကြောင့် ရပ်ကွက် အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ထိခိုက်သည့်အတွက် ထုတ်ပြန်ရခြင်း ဖြစ်သည် ဟု အစိုးရ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ရပ်များကြောင့် ရပ်ကွက် အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက် နေသော တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ အပြင် နိုင်ငံတော်ပိုင် အဆောက်အအုံ များ၊ ယာဉ်များ ပျက်စီး ဆုံးရှုံးခဲ့ရမှုများ ရှိခဲ့ကြောင်းလည်း အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တို့ကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် အရပ်သားများ သေကြေရခြင်း၊ ထွက်ပြေး တိမ်းရှောင်ရခြင်း ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး၏ မတ်လ ၂၉ ရက်နေ့ သတင်းစာ ရှင်းလင်း ပွဲတွင် ပထမဆုံး အကြိမ်အဖြစ် ထုတ်ဖော် ပြောကြားခဲ့၍ သိရှိရသည်။

AA နှင့် တပ်မတော်တို့ကြား လွန်ခဲ့သော ဇန်နဝါရီလမှ မတ်လ၂၈ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှု ၄၄ ကြိမ်ဖြစ်ခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲ၌ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ယင်းတိုက်ပွဲများအတွင်း ရဲတပ်ဖွဲ့ဝင်၂၇ ဦးနှင့် အရပ်သား ၁၂ ဦး စုစုပေါင်း ၃၉ ဦး သေဆုံးခဲ့သည်ဟုလည်း သမ္မတရုံး ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ တိုက်ပွဲဖြစ်ပွားနေစဉ် အတွင်း မဟုတ် ဘဲ သာမန် အချိန်များတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအပါအဝင် အရပ်သားများကို AA က သတ်ဖြတ် ခဲ့သည်မှာ ၆ ဦးရှိကြောင်း၊ ၂ ဦး ပျောက်ဆုံးနေကြောင်းလည်း ဦးဇော်ဌေးက ပြောဆိုသည်။

ဤသို့သော လက်နက်ကိုင် ပဋိပက္ခများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့တိုးရန် အခက်အခဲ ဖြစ်စေသည့် အဓိက အချက် ဖြစ်နေပါသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ (တတိယ အစည်းအဝေး) အပြီး ဖြစ် ပေါ် လာနိုင်သည့် နိုင်ငံရေး အခင်းအကျင်းများအပေါ် သုံးသပ်ချက်ကို မွန်ပြည်သစ် ပါတီ (NMSP) ဒု-ဥက္ကဌ၊ ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဥက္ကဌ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲ ကော်မတီ (UPDJC) အဖွဲ့ဝင် နိုင်ဟံသာ အား မွန် သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် က မွန်ဘာသာဖြင့် တွေ့ဆုံ မေးမြန်းခဲ့သည်။

နိုင်ဟံသာက တတိယအကြိမ် ၂၁ ပင်လုံ အစည်းအဝေးတွင် အဓိက ပိတ်ဆို့နေမှုများကို ကြည့်ပါလျှင် ခွဲမထွက်ရေး အပါအဝင် တပ်မတော်၏ သဘောထား အမြင် ၂ ရပ်ပေါ် ရပ်တည်မှု၊ ခွဲမထွက်ရေးမူ လက်ခံမှ ဖက်ဒရယ် အရေး ဆွေးနွေးမည် ဆိုလျှင် ပင်လုံစာချုပ်ပါ ခွဲထွက်ခွင့် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားများ အတွက် မဖြစ်နိုင် ကြောင်း၊ ခွဲထွက်ခွင့် ရှိခြင်း မရှိခြင်းကို ထည့်မပြောဘဲ ဖက်ဒရယ် အရေးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး သွားရန် လိုအပ် ကြောင်း ဖြေကြား သွားသည်။

လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သုံးသပ်ရလျှင်လည်း တပ်မတော်၏ လုံခြုံရေးကဏ္ဍ ဆိုင်ရာ အမြင်များနှင့် စပ်လျဉ်း၍ သဘောထား ကွဲလွဲမှုများ ရှိနေသည်ကို တွေ့ရသည်။

တပ်မတော်ဘက်က‘တစ်ခုတည်းသော တပ်မတော်’နှင့်‘ပြည်ထောင်စုမှ ခွဲမထွက်ရေး’ဆိုသော အချက်များ အပေါ် ရပ်တည် ထားသည်။

တိုင်းရင်းသားများ ဘက်ကလည်း‘တိုင်းရင်းသား တန်းတူ အခွင့်အရေးနှင့် ဖက်ဒရယ် အခြေခံမူ ဆိုင်ရာ ဘုံသဘော ထားများ ရရှိရေး’ကို ဆုပ်ကိုင်ထားသည်။

စိတ်ရင်းစေတနာ ရိုးဖြောင့်စွာဖြင့် မြန်မာပြည်ကို ငြိမ်းချမ်းစေချင်လျှင် ငါစွဲဝါဒကို လှေနံဓားထစ် တရားသေ ဆုပ်ကိုင် မထားသင့်ဟု ဆိုချင်သည်။

နိုင်ငံနှင့် ပြည်သူ့အကျိုးကို ဦးထိပ်ရွက်ရိုးမှန်လျှင် တရားသေ မူဝါဒများကို လွှတ်ချသင့်သည်။

ထိုသို့မဟုတ်ဘဲ ဆက်လက် တင်းခံနေကြမည်ဆိုလျှင် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပဖွယ်ရှိသော ပြည်ထောင်စု ငြိမ်းချမ်း ရေး ညီလာခံတွင်လည်း ငြိမ်းချမ်းရေး နှင့် နီးလျက် ဝေးနေရဦးမည်ဟု သုံးသပ်မိပါသည်။ ။

စာရေးသူ ဇင်လင်းသည် နိုင်ငံရေး စာပေများကို အစဉ်တစိုက် ရေးသားလျက် ရှိသော ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပါသည်။

The post ငြိမ်းချမ်းရေး နှင့် လှေနံဓားထစ်ဝါဒ appeared first on ဧရာဝတီ.

စိတ်ကိုရှုမှတ်ခြင်းသည် စစ်ဘက် နောက်ဆုံး သေနင်္ဂဗျူဟာဖြစ်

$
0
0

အီရတ်ရှိ တပ်ပေါင်းစုတပ်များ၏ တပ်မှူးအနေဖြင့် ဗိုလ်ချုပ် ဝေါ်တာ ပီအက်စ်သည် ခေတ်သစ်လက်နက်များနှင့် နည်းပညာဖြင့် ထုတ်လုပ်သော အချက်အလက်များ အသုံးပြုကာ ရန်သူများကို သဲသဲမဲမဲ လိုက်လံ တိုက်ခိုက် ခြင်းနှင့် မျိုးနွယ်စု ခေါင်းဆောင်များဖြင့် သိမ်မွေ့သော သံတမန် ဆက်ဆံရေးကို တလှည့်စီ သုံးခဲ့သည်။

သို့သော် သူ၏ အကောင်းဆုံး ဆုံးဖြတ်ချက်များသည် ရှေးကျသလောက် စွမ်းအား ကြီးလှသော ကိရိယာ တခုအပေါ် မူတည်နေကြောင်း သူပြောသည်။ ဗိုလ်ချုပ် ပီအက်စ်သည် ပေပင်တပင်ကို မှန်မှန်စိုက်ကြည့်ရင်း ပါးစပ်ကိုဖွင့်ကာ အသက်ရှူမှတ်သော နည်းလမ်းဖြင့် နေ့စဉ် စစ်ဆင်ရေးများကို စတင်သည်။

စိတ်ကိုရှုမှတ်သောနည်း – အာရုံစူးစိုက်မှု ရရှိရန်နှင့် စိတ်ပျံ့လွှင့်မှုကို လျှော့ချရန် ဝိပဿနာ တရားထိုင်ခြင်းနှင့် တူသည့် အသက်ရှူသော နည်းလမ်းကို အမေရိကန်နှင့် အခြားအနည်းငယ်သော နိုင်ငံများ၏ တပ်မတော်များ စတင် အသုံးပြုနေပြီဖြစ်သည်။

ယခုနှစ်ဆောင်းရာသီတွင် ဟာဝိုင်အီရှိ ရှိုဖီး စစ်တန်းလျားမှ ခြေလျှင် စစ်သား များသည် ၎င်းတို့၏ ပစ်ခတ်ရေး စွမ်းရည်များ တိုးတက်ရေးအတွက် စိတ်ကို ရှုမှတ်သောနည်းကို စတင် အသုံးပြုကြသည်။ ဥပမာဆိုရပါက မလိုအပ်သော အရပ်သားထိခိုက်မှုကို ရှောင်ရှားရန် ရုတ်ရုတ်သဲသဲ ကာလအတွင်း မည်သည့် အချိန်တွင် သေနတ်မောင်း ဆွဲရမည်ကို အာရုံစူးစိုက်ခြင်း ဖြစ်သည်။

ဗြိတိန် တော်ဝင်ရေတပ်သည် စိတ်ရှုမှတ်သည့် နည်းကို အရာရှိများအား သင်တန်း ပေးနေပြီး စစ်ခေါင်းဆောင် များသည် ထိုအစီအစဉ်မျိုးကို ကြည်းတပ်နှင့် တော်ဝင်လေတပ်မှ အရာရှိအချို့နှင့် တပ်ဖွဲ့ဝင်များအတွက် ပြုလုပ်ပေး နေကြသည်။ နယူးဇီလန် ကာကွယ်ရေး တပ်ဖွဲ့သည်လည်း ထိုနည်းလမ်းကို မကြာသေးမီက စတင် ကျင့်သုံးခဲ့ပြီး နယ်သာလန် စစ်တပ်သည် ထိုသို့သော အကြံအစည်မျိုးကို စတင်စဉ်းစား သုံးသပ်နေပြီဖြစ်သည်။

ယခုတပတ်အတွင်းတွင် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) သည် စစ်ဘက်ကို စိတ်ရှုမှတ်နည်း အသုံးပြုခြင်း၏ အထောက်အထားများကို ဆွေးနွေးရန် ၂ ရက်ကြာ ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်သည်။

စစ်အရာရှိများ၏ သေးငယ်သော်လည်း တိုးပွားနေသည့် အုပ်စုတစုသည် စိတ်ဒဏ်ရာရနေသော စစ်ပြန်များ ကုသရန်၊ ကွပ်ကဲမှု ဆုံးဖြတ်ချက်များ ချရန်နှင့် ဖရိုဖရဲဖြစ်နေသော စစ်ပွဲများတွင် စစ်သားများကို အထောက်အကူ ပြုရန် ထိုနည်းလမ်းများ သုံးခြင်းကို ထောက်ခံကြသည်။

“စစ်သားတွေက ကျနော့်ကို ဗိုလ်ချုပ်ကြီး သိမ်မွေ့ လို့ခေါ်ကြလား ဆိုပြီး မကြာသေးခင်ကတောင် အမေးခံခဲ့ရ သေးတယ်။ အဲဒီလို သိမ်မွေ့တယ်လို့ ယူဆစေတဲ့ မှားယွင်းတဲ့ အယူအဆတခု ရှိတယ်။ တကယ်တော့ မဟုတ်ဘူးဗျ။ ဒီနည်းကမှ အခြေအနေနဲ့ ကိုက်ညီတာဗျ” ဟု ကြည်းတပ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးနှင့် အမှတ် ၁၀ တောင်ပေါ်တပ်မ တပ်မမှူး ဗိုလ်ချုပ် ပီအက်စ်က ပြောသည်။

ထိုသို့သော စဉ်းစားချဉ်းကပ်ပုံ နည်းလမ်းများ မိုင်ယာမီ တက္ကသိုလ်မှ စိတ်ပညာ တွဲဖက်ပါမောက္ခ အမစ်ရှိ ဂျာ ၏ စာတမ်းအပေါ် အခြေခံခြင်းဖြစ်သည်။ သူသည် ဒီဇင်ဘာလက ထုတ်ဝေခဲ့သည့် အထူးတပ်ဖွဲ့ဝင်များ အကြား သင်တန်းများ ထိရောက်မှု အမည်ရှိ စာတမ်းမှ ဝါရင့် ရေးသားသူ အမျိုးသမီး တဦး ဖြစ်သည်။

ဦးနှောက်သုတေသနတွင် တိုးတက်မှုများ အမည်ရှိ ထိုစာတမ်းတွင် ဝင်သက်ထွက်သက် မှတ်သည့် စိတ်ကို မှတ်ရှုခြင်းနှင့် အာရုံစိုက်သည့် နေ့စဉ် လေ့ကျင့်ခန်းအပါအဝင် တလတာ လေ့ကျင့်ရေးသင်တန်း တပ်ဖွဲ့ဝင် များသည် ဖရိုဖရဲ ဖြစ်နေသော အခြေအနေတွင် အဓိက အချက်အလက် များကို ပိုမိုကောင်းမွန်စွာ ခွဲခြမ်း စိတ်ဖြာ နိုင်ပြီး လုပ်ဆောင်မှု မှတ်ဉာဏ်လုပ်ငန်းများ တိုးတက်လာသည်ကို ခံစားရသည်ဟု ဖော်ပြခဲ့သည်။ ထိုသင်တန်းသားများသည် စိတ်ကို ရှုမှတ်သည့် သင်တန်းမတက်ဖူးသည့် တပ်ဖွဲ့ဝင်များထက် သိမှုအမှား ပိုမို လျော့နည်းစွား ကျူးလွန်ကြောင်း သိရသည်။

ထိုတွေ့ရှိချက်သည် စိတ်ရှုမှတ်သည့် နည်းလမ်းကို လေ့ကျင့်ဖူးသည့် ကြေးစား ဘောလုံးသမားများနှင့် စစ်သားများအကြား တိုးတက်မှုများကို ပြသသော ယခင်သုတေသန များကို အခြေခံ ထားခြင်းဖြစ်ပြီး တစိတ်တပိုင်း အားဖြင့် ထူးခြားသော အချက်မှာ အထူးတပ်ဖွဲ့ဝင်များကို ရွေးချယ်ရာတွင် ၎င်းတို့၏ အာရုံ စူးစိုက်နိုင်သော စွမ်းရည်ကြောင့် ရွေးချယ်ထားသူများ ဖြစ်သည်။ ထိုသို့သော သူများတွင်ပင် တိုးတက်မှု ရှိသည်ဟူသော အချက်သည် ထိုလေ့ကျင့်ခန်း၏ စွမ်းရည်ကို ပြသနေသည်ဟု ဒေါက်တာ ဂျာ က ပြောသည်။

“သူတို့တွေက အကောင်းဆုံး တပ်ဖွဲ့ဝင်တွေဖြစ်ပြီး အခက်ခဲဆုံးကို လုပ်ဖို့ ကြိုးစားနေကြသူတွေလေ” ဟု သူက ပြောသည်။

ဒေါက်တာ ဂျာသည် အမေရိကန်ပြည်ထောင်စု ကြည်းတပ် စစ်ကောလိပ်နှင့် ဗြိတိသျှ ပါလီမန်တို့တွင် ထိုအကြောင်းကို ဟောပြောပြီး ဖြစ်ပြီး သူသည် နယူးဇီလန် ကာကွယ်ရေးတပ်များနှင့် နယ်သာလန်မှ စစ်ဘက် အရာရှိများ အတွက်လည်း အတိုင်ပင်ခံအဖြစ် လုပ်ဆောင်နေသူဖြစ်သည်။

“အထူးတပ်ဖွဲ့ဝင်တွေ တခုခုလုပ်ရင် အမေရိကန် စစ်ဘက်ကသာမက၊ တကမ္ဘာလုံးက စစ်တပ်တွေက အာရုံစိုက်ကြရတယ်” ဟုလည်း သူက ပြောသည်။

အာရုံစူးစိုက်ပြီး စိတ်ကို တည်ငြိမ်အောင် လုပ်သော နည်းလမ်းများသည် လူသားများ၏ စွမ်းဆောင်မှုကို ပိုမိုကောင်းမွန်စေပြီး ကြုံတွေ့ရသော ရုတ်တရက် ဖြစ်ပေါ်လာသော လှုပ်ရှားမှု၊ အသံ၊ ကိရိယာတခုမှ သတင်း အချက်အလက်များကို တိုက်ခိုက်မှုစသည့် ဖန်တီးထားသည့် အခြေအနေများကို အလွန်အကျွံ တုံ့ပြန်မှု ပြုနိုင်ခြေ နည်းစေကြောင်း သိပ္ပံပညာက ပြသနေသည်။

စိတ်ကို ရှုမှတ်ခြင်းနှင့် ပတ်သက်သော အာရုံကြော သိပ္ပံပညာတွင် ‘အလုပ်လုပ်သော မှတ်ဉာဏ်’ ဟု သိကြသည့် စိတ်ပိုင်းစွမ်းရည် အစိတ်အပိုင်း တခုကို ပိုမိုတောင့်တင်း ကြံ့ခိုင်စေသည်။ အလုပ်လုပ်သော မှတ်ဉာဏ် ဆိုသည်မှာ အချိန်တချိန်တွင် သတင်းအချက်အလက် အနည်းငယ်ကိုသာ ထိထိရောက်ရောက် မှတ်ယူသည်ဟု သိပ္ပံပညာရှင်များ နားလည်ထားသည့် ကာလတို အချိန်အလိုက် ပြောင်းလဲနေသည့် လုပ်ငန်းများ ဖြစ်သည်။

အလုပ်လုပ်သော မှတ်ဉာဏ်ကို များပြားသော တာဝန်များ ပေးသောအခါ ဆုံးဖြတ်ချက် များသည် ဖရိုဖရဲ ဖြစ်လာပြီး တုံ့ပြန်မှုများသည် စဉ်းစားတွေးခေါ်မှု နည်းလာသည်။ ဝင်သက်ထွက်သက် မှတ်သောကြောင့် ဖြစ်ပေါ် လာသော အာရုံစူးစိုက်မှုသည် လက်ရှိတာဝန်ကိုသာ အာရုံစိုက်စေသည်။ သို့သော် ထိုသို့ လုပ်ဆောင်နိုင်ရန် လေ့ကျင့်မှုလိုသည်။

လေးပတ်ကြာ ထိုသင်တန်းတက်သော တပ်ဖွဲ့ဝင်များသည် ထူးခြားသော တိုးတက်မှုများ ကြုံတွေ့ရပြီး နှစ်ပတ်သာ လေ့ကျင့်သော သူများတွင်မူ တိုးတက်မှု မတွေ့ရကြောင်း မကြာသေးမီက လေ့လာမှု တခုက ဆိုသည်။

စစ်ဘက်သည် စစ်သားများ၏ ဦးနှောက်တွင် ကွန်ပျူတာချစ်ပ် မှတ်ဉာဏ်များ ထည့်သွင်းခြင်း ဖြစ်နိုင်ခြေ အပါအဝင် စစ်သားများ၏ အာရုံစိုက်မှု ပိုမိုမြှင့်တင်ရန် အခြားနည်းလမ်းများကို ရှာဖွေနေစဉ် စိတ်ကိုရှုမှတ်သော သင်တန်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့သော် ထိုသို့သော ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများမှာ ငွေကုန်ကြေးကျ များပြီး နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည်။

စိတ်ကိုရှုမှတ်သော နည်းကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခြင်းတွင်လည်း လေ့ကျင့်ပေးမည့် သူများ ရရှိရေး အပါအဝင် စိန်ခေါ်မှုများရှိသည်ဟု အမေရိကန်ပြည်ထောင်စု ပြည်သူ့ကျန်းမာရေးဌာနမှ ပြန်တမ်းဝင်အရာရှိ တပ်မှူး ဝီလျှံ မက်နယ်တီက ပြောသည်။ သူသည် အထူးတပ်ဖွဲ့များကို စိတ်ရှုမှတ်နည်း သင်ကြားပေးခဲ့ ဖူးသည် (သင်ကြားပေးခဲ့သော တပ်ဖွဲ့နှင့် တည်နေရာမှာ လျှို့ဝှက်ချက် ဖြစ်သည်)။ ထိုအစီအစဉ်တွင် စစ်သားများသည် နေ့စဉ် ၁၅ မိနစ်ကြာမျှ မှတ်တမ်းတင် လမ်းညွှန်သည့် ဝင်သက်ထွက်သက် မှတ်သော လေ့ကျင့်ခန်း ပါဝင်သည်။

ထိုကိစ္စကို စစ်သားများ၏ ၃ ပုံ ၁ ပုံက လက်ခံကြပြီး အခြား ၃ ပုံ ၁ ပုံက စူးစမ်းလိုကြကာ၊ ကျန် ၃ ပုံ ၁ ပုံကမူ သံသယ ဝင်ကြပုံရသည်ဟု နယ်တီက ပြောသည်။

စိတ်ရှုမှတ်သည့် လေ့ကျင့်မှုအတွက် အကျိုးကျေးဇူး များသည် ဒိုက်ထိုးသူများ ရရှိသည့် အကျိုးကျေးဇူးများနှင့် တူသည်ဟု နယ်တီက ပြောသည်။

“သေနတ်နဲ့ အပြန်အလှန် ပစ်နေချိန်မှာ ရပ်ပြီး ဒိုက်ထိုးနေလို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် စွမ်းဆောင်ရည်ကတော့ တိုးတက်လာတယ်။ ဒါကမှ တကယ့်စိတ်ကို ရှုမှတ်တာပဲ။ စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှုဟာ ရွှေ့ပြောင်း ပေးနိုင်တဲ့ ကျွမ်းကျင်မှု ဖြစ်လာတယ်” ဟုလည်း သူပြောသည်။

စိတ်ရှုမှတ်သည့် နည်းလမ်း ကျင့်သုံးရခြင်း အကြောင်းရင်းကို All Blacks အမည်ရှိ တော်ဝင်နယူးဇီလန် လေတပ် သတင်း မဂ္ဂဇင်းတွင် ရှင်းလင်း တင်ပြခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်း၏ တန်ဖိုးများကို ရည်ညွှန်းပြီး မဂ္ဂဇင်းတွင် red head/blue head တို့ အကြောင်း ပြောဆိုခဲ့သည်။ red head ဆိုသည်မှာ စိတ်ရှုပ်ထွေးနေသော အခြေအနေဖြစ်ပြီး blue head ဆိုသည်မှာ တည်ငြိမ် အာရုံစူးစိုက်ပြီး ခေါင်းရှင်းရှင်းနှင့် ဆုံးဖြတ်ချက် ချနိုင်သော အခြေအနေဖြစ်သည်။

စိတ်ရှုမှတ်ခြင်းကို အသုံးပြုခြင်းသည် စစ်သားများ၏ စိတ်ဒဏ်ရာအလွန် ဖိစီးမှုရောဂါကို ကျော်လွှားရာ တွင်လည်း အထောက်အကူ ပြုကြောင်း သုတေသနများက ပြသနေသည်။

ထိုသို့သော အခြေအနေမျိုးမှာ ဗြိတိန်နိုင်ငံမှ စစ်တပ်အတွင်း စိတ်ရှုမှတ်သောနည်း ကျင့်သုံးရေးအတွက် အဓိက ဆော်သြသူ ဖြစ်သည့် တပ်မှူး တင်ဘော့တွန်၏ အတွေ့အကြုံ ဖြစ်သည်။

ထိုးစစ်ဇုန် အများအပြားတွင် တာဝန် ထမ်းဆောင်ခဲ့သောကြောင့် ဂုဏ်ပြုခံရသော ဘော့တွန်သည် ၂၀၀၈ ခုနှစ်တွင် တပ်မှ အနားယူလိုက်သော အခါ သူသည် သူကြုံတွေ့ခဲ့ရသော ထိတ်လန့်ဖွယ် အတွေ့အကြုံ များကြောင့် အခြားသူများနှင့် စကားပြောလိုခြင်း မရှိဘဲ၊ ဒေါသကြီး နေတတ်ကြောင်း သိလိုက်ရသည်။ ထိုသို့သော ထိတ်လန့်ဖွယ် ဖြစ်ရပ်များတွင် စစ်ဇုန်များမှ လူရုပ်မပေါ်တော့သော အရပ်သား အလောင်းများ၊ အီရတ်၊ အာဖဂန်၊ ဖောက်ကလန်၊ အိုင်ယာလန်မြောက်ပိုင်း တို့တွင် ရဲဘော်ရဲဘက် ၄၈ ဦး သေဆုံးခြင်း၊ လူမျိုးစု သုတ်သင်မှုနှင့် လက်တကမ်း တိုက်ပွဲများပါဝင်သည်။

၂၀၀၈ ခုနှစ်တွင် စိတ်ကုပညာရှင်နှင့် တွေ့ဆုံသောအခါ သူ၏အတွေ့အကြုံများကို ပြောပြသောအခါ စိတ်ကု ဆရာမမှာ ချုံးပွဲချငိုသည်။ စိတ်ဒဏ်ရာ အလွန် ဖိစီးမှု ရောဂါအတွက် ကုသမှု ခံယူပြီးသောအခါ ဘော့တွန် သည် စိတ်ရှုမှတ်သော နည်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ဆုံးတွင် အောက်စဖို့ တက္ကသိုလ် စိတ်ရှုမှတ်ဌာနတွင် အမှုဆောင်လူကြီး တဦးပင် ဖြစ်လာခဲ့သည်။

ယခုအခါ သူသည် သူ၏ နေ့တနေ့ကို ဝင်သက်ထွက်သက် မှတ်ခြင်း ၅ မိနစ်ဖြင့် စတင်ပြီး တနေ့တာ ကုန်ဆုံးသော အခါတွင်လည်း နောက်ထပ် ၅ မိနစ် ဝင်သက်ထွက်သက် မှတ်သည်။ စိုးရိမ်ပူပန်မှု ထိတ်လန့်မှု များနှင့် ရင်ဆိုင်ရတိုင်းလည်း ထိုနည်းကိုပင်သုံးသည်။ စိတ်ဒဏ်ရာသည် ပျောက်ကွယ်သွားခြင်း မရှိသော်လည်း ထိုဒဏ်များ၏ ခြောက်လှန့်မှုကို နေ့စဉ် ခံစားရခြင်း မရှိတော့ကြောင်း သူက ပြောသည်။ ယခုအခါ သူသည် ထိုထိတ်လန့်ဖွယ် ဖြစ်ရပ်များကို ပိုမိုတည်ငြိမ်စွာ ပြန်လည် စစ်ဆေးနိုင်ပြီဖြစ်ပြီး ထိုဖိစီးမှုကို တုံ့ပြန်ခြင်းထက် ဖြေရှင်းကာ ထိန်းချုပ်နိုင်ပြီဟု ဆိုသည်။

“ဒီနည်းလမ်းက အတိတ် သို့မဟုတ် အနာဂတ်မှာ လှောင်ပိတ်မိမနေစေဘဲ ထုတ်လွှတ်ပေးလိုက်တဲ့ ဦးနှောက်စွမ်းရည်က မယုံနိုင်လောက်အောင်ပါပဲ။ စစ်ဘက်က ဒါတွေရဲ့ ကြီးမားတဲ့ အကျိုးကျေးဇူးကို တွေ့မြင်နေရပြီ” ဟု သူက ပြောသည်။

စိတ်ကို ရှုမှတ်သောနည်းသည် ပဋိပက္ခနှင့် ဆန့်ကျင်ဘက် ဖြစ်မဖြစ် ဘော့တွန် မသိပေ။
“စိတ်ကို ရှုမှတ်နည်းကို စစ်ပွဲတွေအတွက် ဖန်တီးထားတာ မဟုတ်ဘူးလို့ အစဉ်အလာ သမားတွေက ပြောကြလိမ့်မယ်” ဟု သူက ဆိုသည်။

သူဆိုလိုသည်မှာ စိတ်ကိုရှုမှတ်ခြင်းသည် များသောအားဖြင့် ငြိမ်းချမ်းမှုနှင့် ဆက်စပ်နေခြင်းပင် ဖြစ်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ရခြင်းမှာ အလုပ်၏ အရှိတရားကြောင့် မေတ္တာတရားနှင့် လူသားစံနှုန်းများကို တတ်နိုင်သမျှ လိုက်နာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ထိုအချက်ကို ဗိုလ်ချုပ်ပီအက်စ် ကလည်း ထောက်ပြပြီး အီရတ်တွင် ဒေသခံ မျိုးနွယ်စု ခေါင်းဆောင်တဦးနှင့် အစည်းအဝေးတွင် ပါဝင်သည့် သိမ်မွေ့သော သံတမန်ရေး လုပ်ငန်းတခုကို ပြန်ပြောပြသည်။ ထိုအစည်းအဝေး မတိုင်မီတွင် သူသည် ပေပင်ရှေ့တွင် စိတ်ကိုရှုမှတ်ပြီးနောက် မကြာမီ ဆွေးနွေးပွဲ စတင်သောအခါ သူသည် အာရုံစူးစိုက်မှု လွန်စွာ ကောင်းနေကြောင်း တွေ့ရသည်ဟု ဆိုသည်။

“ကျနော် ဘာမှတ်စုမှလည်း မလိုဘူး၊ သူပြောတာ အကုန်လုံးကို မှတ်မိနေတယ်။ တုံ့ပြန်ဖို့ ဘာမှ စဉ်းစားနေစရာ မလိုဘူး။ နားထောင်နေရုံပဲ။ သူလည်း ပြောပြီးသွားရော ကျနော်တချက်ခြင်း ပြန်ပြောပြတယ်။ တချို့ကိစ္စ တွေမှာ အလျှော့ပေးရတယ်။ သူ့မျက်နှာကို အခုထိ မှတ်မိနေတယ်။ သူ့မျက်နှာက “ဒီလူဟာ ငါတို့နဲ့ ပူးပေါင်း လုပ်ရမယ့် သူမျိုးပဲ” ဆိုတာမျိုးကို ဖော်ပြနေတယ်။

စိတ်ကိုရှုမှတ်ခြင်းသည် သူ့အတွက် ပိုမို ကောင်းမွန်စွာ နားလည်ခြင်းဖြင့် ပဋိပက္ခကို လျှော့ချရန် ဖြစ်စေသည်ဟု သူက ပြောသည်။

“သိမ်သိမ်မွေ့မွေ့လုပ်ကြပါလို့ ကျနော် မပြောဘူး။ တကယ် အကျိုးရှိဖို့အတွက် မေတ္တာတရားနဲ့ စာနာမှုကို ဘယ်လို သုံးနိုင်တယ် ဆိုတာကိုသာ ပြောနေတာ”

“ငြိမ်းချမ်းရေးဆိုတာ အလုပ်တွေ အရမ်းကို ပင်ပင်ပမ်းပမ်း လုပ်ဖို့လိုတယ်” ဟု သူက ပြောသည်။

(The New York Times ပါ The Latest in Military Strategy: Mindfulness ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

The post စိတ်ကိုရှုမှတ်ခြင်းသည် စစ်ဘက် နောက်ဆုံး သေနင်္ဂဗျူဟာဖြစ် appeared first on ဧရာဝတီ.

သီရိလင်္ကာကို ISIS ဗုံးခွဲမှု လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုသစ် ဖြစ်

$
0
0

ဧပြီလ ၂၁ ရက်နေ့ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃၅၉ ဦး သေဆုံးခဲ့ရပြီး ၄၀၀ ကျော်ဒဏ်ရာ ရရှိခဲ့ခြင်းနှင့် အတူ သီရိလင်္ကာနိုင်ငံက ဆယ်စုနှစ်တခုအတွင်း ၎င်းအတွက် အဆိုးရွားဆုံး အစုအပြုံလိုက် သေဆုံးမှု အခြေအနေနှင့် ကြုံ တွေ့ခဲ့ရသည်။ ကမ္ဘာ့အကြမ်းဖက်အဖွဲ့ ISIS အစ္စလာမ်မစ်နိုင်ငံတော်က ၎င်းတို့ လက်ချက်ဟု ထုတ်ပြန်ခဲ့သည်။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော သွေးလွှမ်းသည့် ပဋိပက္ခမှ ပြန်လည်နာလံထနေဆဲ ဖြစ်ပြီး ဗျူဟာ အချက် အချာကျစွာ တည်ရှိနေသော တောင်အာရှ ကျွန်းနိုင်ငံ အတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အသစ်တခုကို သက်သေ အထောက်အထားများက ညွှန်ပြနေကြသည်။

မြို့တော် ကိုလံဘို မြို့တွင်းနှင့် အပြင်ဘက်မှ ထင်ရှားသော ခရစ်ယန် ဘုရားကျောင်း ၃ ကျောင်းနှင့် အဆင့်မြင့်ဟိုတယ် ၃ ခုကို ပစ်မှတ်ထားခဲ့သည့် အီစတာ တနင်္ဂနွေနေ့မှ စစ်ဆင်ရေးသည် တမီလ်ကျား ခွဲထွက်ရေးသမားများနှင့် မော်ဝါဒီတို့၏ ထကြွမှု ၂ ခု အပါအဝင် နှစ်ပေါင်း ၃၀ နီးပါးကြာမြင့်ခဲ့သည့် ပြည်တွင်း စစ်အတွင်းမှ တိုက်ခိုက်မှုများ နှင့် အတိုင်းအတာ အရရော အဖွဲ့အစည်းအရပါ ကွဲထွက်သွားခြင်းတခုဟု တိုင်းပြည်၏ လုံခြုံရေး အဖွဲ့အစည်းများမှ အတွင်းလူများက ပြောကြ သည်။

အစီအစဉ်ချမှတ်ခြင်း၊ ပစ်မှတ်ရွေးချယ်ခြင်း၊ အဆက်အစပ်ညီညွတ်ခြင်းနှင့် တိုင်းပြည်တွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက် ခြင်းတို့က “ခုချိန်ထိ ကျွန်တော်တို့ မမြင်ဖူးသေးတဲ့ ခြိမ်းခြောက်မှုတခုကို ညွှန်ပြနေပါတယ်” ဟု လုံခြုံရေးဘက်ဆိုင် ရာ သတင်းရင်းမြစ်တဦးက ပြောသည်။

ဧပြီလ ၂၂ ရက်နေ့ မနက်တွင် လူသေဆုံးမှုက ၂၉၀ အထိရှိလာပြီး သံသယရှိသူ ၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး ဖြစ်သည်ဟု ရဲ တပ်ဖွဲ့ကပြောသည်။ ကျွန်းတခုလုံးထုတ်ပြန်ထားသည့် ည ၆ နာရီမှ မနက် ၆ နာရီ အပြင်မထွက်ရ အမိန့်ကို ရုပ်သိမ်းခဲ့ သည်။

“ဒါက သာမန်အဖွဲ့အစည်းတခုရဲ့ လုပ်ရပ်မဟုတ်သလို ရာဇဝတ် ဂိုဏ်းတွေကလည်း ဒါမျိုး မလုပ်နိုင်ပါဘူး” ဟု သီရိ လင်္ကာ ရေတပ်မှ တပ်မှူးဟောင်းတဦး ဖြစ်သည့် Jayanath Colombage က ပြောသည်။ သူက ပြည်တွင်းစစ်ကာလ တခု အတွင်းတွင် ကိုလံဘို၏ လုံခြုံရေးကို ကိုင်တွယ်ခဲ့ရသူ ဖြစ်သည်။ “ဗုံးတွေကို တပ်ဆင်ဖို့၊ သူတို့ကို ပစ်မှတ်တွေဆီ ပို့ပေး ဖို့ နဲ့ တိုက်ခိုက်မယ့် အချိန်ကို ရွေးချယ်ဖို့ ကျွမ်းကျင်သူအများကြီးပါဝင်မှု ရှိခဲ့ပါတယ်။”

အာရှမှ အားနည်းသည့် ပစ်မှတ်များအပေါ် တိုက်ခိုက်မှုများနှင့် အကျွမ်းတဝင်ရှိသည့် နိုင်ငံတကာ အကြမ်းဖက် ကျွမ်းကျင်သူများက သဘောတူသည်။ “ဒီတိုက်ခိုက်မှုတွေက လူအသေအပျောက် အများဆုံးအထိဖြစ်အောင် ရည်ရွယ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု အစစ်ပါ” ဟု ဟောင်ကောင်အခြေစိုက် လုံခြုံရေး အတိုင်ပင်ခံလုပ်ငန်းတခုဖြစ်သည့် ISS Risk မှ အကြမ်းဖက် ရေးရာ ကျွမ်းကျင်သူ ခေါင်းဆောင် Phill Hynes ကပြောသည်။ “ဒီလို အတိုင်းအတာ ရှိတဲ့ တိုက်ခိုက်မှုတခုကို ပြုလုပ်ဖို့ ဒေသတွင်း ထောက်ပံ့ကူညီမှုတခု ကြီးကြီးမားမား လိုအပ်ပါတယ်။ စစ်ဆင်ရေးတာဝန် အမျိုးမျိုးကို လူ ၈၀ ကနေ ၁၀၀ လောက်က ကိုင်တွယ်သွားတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”

“ဒါပေမယ့် လုပ်ရတဲ့ အကြောင်းရင်းက ဘာလဲ။ ဒါကိုလုပ်ဖို့အတွက် အနည်းဆုံး စီစဉ်ချိန် ၃ လလောက် နဲ့ ဘဏ္ဍာရေး ပိုင်း လိုအပ်ပါတယ်။ ဒါကြောင့် ဒီကိစ္စက ဘယ်လို လတ်တလောဖြစ်ရပ်အတွက်ကိုမှ တုန့်ပြန်တာ မဖြစ်နိုင်ပါဘူး။” ဟု Phill Hynes ကပြောသည်။

အဖြေများကို ရှာဖွေရာတွင် စုံစမ်းစစ်ဆေးသူများက အသေခံဗုံးခွဲ တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု ရဲတပ်ဖွဲ့နှင့် ထောက် လှမ်းရေး အရင်းအမြစ်များက သံသယရှိသည့် ပြည်တွင်း မွတ်ဆလင် အစွန်းရောက် အဖွဲ့တခု ဘက်သို့ အလေးပေးခဲ့ကြ သည်။ အသေခံဗုံးခွဲသူများထဲမှတဦးသည် ကိုလံဘိုမြို့မှ ချမ်းသာသော စီးပွားရေးသမားဖြစ်သည်ဟု ဖော်ထုတ်နိုင်ခဲ့သည်။

အဆိုပါ အသေးစိတ် အချက်များက ရဲတပ်ဖွဲ့မှ ခြေရာခံလိုက်နေသော သဲလွန်စများထဲတွင် ရှိနေသည်။ ကိုလံဘိုမြို့ရှိ လူ နေအိမ်ရာတခုတွင် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေး အဖွဲ့တခု ရောက်လာပြီးမှ ဗုံးတလုံးပေါက်ကွဲခဲ့သည့် နေရာ အပါအဝင် ဖြစ် သည်။ ထိုစီးနင်းမှုတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ရသည်။

သို့သော်လည်း အစောပိုင်းတိုးတက်မှုက အစုအပြုံလိုက် သေဆုံးမှုကို ကာကွယ် တားဆီးရန် သီရိလင်္ကာ လုံခြုံရေးတပ်ဖွဲ့ ၏ ယခုအခါ ထင်ရှားလာသော အဓိက ပျက်ကွက်မှုကို လျှော့ချမပေးခဲ့ပါ။ အသေခံ ဗုံးခွဲသူများက ထင်ရှားသည့် ခရစ်ယန် ဘုရားကျောင်းများကို ပစ်မှတ်ထားရန် စီစဉ်နေသည်ဟု ဧပြီလ ၁၁ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲက ထောက်လှမ်းရေးအသိုင်းအဝိုင်းသို့ သတိပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ကိုလံဘို၏ သံတမန် အသိုင်းအဝိုင်းနှင့် နိုင်ငံရေးလေ့လာစောင့်ကြည့်သူများကြားတွင် ထိုသို့သော သဘောထားများ ပေါ်ထွက်လာနေသည်။

တိုက်ခိုက်မှုများနှင့် ပတ်သက်သော သတင်းအချက်အလက်ကို ကြိုတင်ရရှိခဲ့ခြင်းအရ လုံခြုံရေး အားနည်းချက်တခု ဖြစ် ကြောင်း ဝန်ကြီးချုပ် Ranil Wickremesinghe က ဧပြီလ ၂၂ ရက်နေ့တွင် အတည်ပြု ပြောဆိုခဲ့သည်။ “ဘာကြောင့် လုံ လောက်တဲ့ ကြိုတင်ပြင်ဆင်မှု မပြုလုပ်ခဲ့သလဲဆိုတာကို ကျနော်တို့ ကြည့်ရပါတော့မယ်။ ကျနော်ရော ဝန်ကြီးတွေပါ မသိ ခဲ့ ကြပါဘူး။”

သို့သော်လည်း တိုင်းပြည်တွင် တိုက်ခိုက်မှုတခု ဖြစ်လာရန် ရှိနေခြင်းနှင့် ပတ်သက်၍ ဧပြီလ အစောပိုင်းကထဲက ကောလာဟလများ ထွက်ပေါ်နေခဲ့သည်ဟု ကိုလံဘိုတွင် နေထိုင်သူ အချို့က ပြောသည်။ “တခုခု ဖြစ်တော့မယ်ဆိုပြီး ဒီတလလုံး ကောလာဟလတွေ ထွက်ပေါ်နေခဲ့တယ်။ ပြည်သူတွေက ပြောနေခဲ့ကြတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး လွတ်လပ်သော အဖွဲ့အစည်းတခုဖြစ်သည့် The Social Architect ၏ ဒါရိုက်တာ Sherine Xavier ကပြောသည်။ “အဲဒါက အစိုးရကို မတည်မငြိမ်ဖြစ်အောင် အားထုတ်မှုတခုလားဆိုပြီး သီအိုရီတွေလည်း အများအပြား ပေါ်ထွက်ခဲ့ပါတယ်။”

နိုင်ငံမှ ထောက်လှမ်းရေးလုပ်ငန်းများ၏ အရေးယူဆောင်ရွက်ရန် ပျက်ကွက်မှုက ရဲတပ်ဖွဲ့ အကြီးအကဲ Pujith Jayasundara ၏ သတိပေးချက်များ ထုတ်ပြန်ခဲ့သော အချိန်ကာလနှင့်လည်း သက်ဆိုင်နေသည်ဟု ယူဆရပါသည်။ သ တိပေးချက်များ ထုတ်ပြန်ခဲ့သော အချိန်သည် သီရိလင်္ကာ၏ အဓိက ရုံးပိတ်ရက်များ (ဆင်ဟာလီနှင့် တမီလ် နှစ်သစ်ကူး) မတိုင်မီတွင် ဖြစ်သည်။

“လူတိုင်းက ဧပြီ ၁၂ ကနေ ၁၅ အတွင်း ကျရောက်မယ့် အားလပ်ရက်အတွက် အဆင်သင့်လုပ်နေတဲ့ အချိန်မှာ သတိပေး ချက်တွေ ထွက်ပေါ်ခဲ့တာပါ။ ဒါကြောင့် စိတ်ဝင်စားမှု နည်းပါးစေခဲ့တာ ဖြစ်ပါလိမ့်မယ်” ဟု နိုင်ငံရေး လောကမှ အတွင်းလူတဦးက ပြောသည်။

သို့သော်လည်း လုံခြုံရေး အားနည်းမှု၏ အရင်းအမြစ်များကလည်း ပို၍ နက်ရှိုင်းလာနိုင်ပါသည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ သမ္မတရွေးကောက်ပွဲ နောက်ပိုင်းတွင် အာဏာရလာသော လက်ရှိ ညွှန့်ပေါင်းအစိုးရက မတည်မငြိမ် ရှိနေဆဲ ဖြစ်သည်။ ၎င်း၏ အဓိက ဂိုဏ်းကွဲ နှစ်ခုကြားတွင် အစိုးရ လည်ပတ်ရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေသည်။

အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သော သမ္မတ Maithripala Sirisena က ဝန်ကြီးချုပ် Ranil Wickremesinghe ကို ဖယ်ရှားရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ ပြီးခဲ့သည့်နှစ်က မအောင်မြင်ခဲ့သော စစ်အာဏာ သိမ်းယူမှု အပါအဝင် ဖြစ်သည်။ “ခေါင်း၂ ခုက ဆန်ကျင်ဖက် လားရာကို ဆွဲနေကြတဲ့ ၂ ပါတီ အစိုးရ” ဟု သံတမန် သတင်းရင်းမြစ်တဦးက မှတ်ချက်ချသည်။

တိုင်းပြည်ခေါင်းဆောင်မှု၏ ထိပ်ပိုင်းမှ နိုင်ငံရေး မတည်ငြိမ်မှုက လုံခြုံရေး အဖွဲ့အစည်းအပါအဝင် ဗျူရိုကရေစီ စနစ် အတွင်း ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ထိခိုက်စေသည်ဟု လေ့လာဆန်းစစ်သူများက ပြောသည်။ သမ္မတ Sirisena ကို ၂၀၁၅ ခုနှစ်တွင် အံ့အားသင့်ဖွယ်ရာ ရှုံးနိမ့်ခဲ့ရသည့်အချိန်ထိ တိုင်းပြည်ကို ဆယ်စုနှစ် တခုနီးပါး အာဏာရှင်ဆန်ဆန် အုပ်ချုပ်သွားသော ယခင် သမ္မတဟောင်း Mahinda Rajapaksa ဖက်သို့ တိုင်းပြည်၏ ထောက် လှမ်းရေး အသိုင်းအဝိုင်းက ပိုမို ယိမ်းနေဆဲ ဖြစ်သည်။

Mahinda Rajapaksa က သူ၏ ပြင်းပြင်းထန်ထန် လုပ်နည်းလုပ်ဟန်နှင့် ပြည်တွင်းစစ်အတွင်း ၂၀၀၉ ခုနှစ်မေလ အသေ ခံ ဗုံးခွဲမှုကို ကြိုးကိုင်ခဲ့သော တမီလ်ကျားများအပေါ် စစ်ရေးအရ အနိုင်ရရှိအောင် အစိုးရကို ဦးဆောင်ခဲ့ခြင်းတို့ အတွက် တိုင်းပြည်၏ လူများစု ဆင်ဟာလီ အသိုင်းအဝိုင်းကြားတွင် နက်နက်ရှိုင်းရှိုင်း ရေပန်းစားနေဆဲ ဖြစ်သည်။

လူမျိုးရေး ပဋိပက္ခ အတွင်းတွင် သားကောင်ဖြစ်ခဲ့ရသည့် သေဆုံးသူ အရေအတွက်က ၁၀၀၀၀၀ ကျော်ခဲ့သည်။ ၁၉၇၀ နှစ်များအတွင်းက ပထမအကြိမ်နှင့် ၁၉၈၀ နှစ်များ အလယ်ပိုင်းက ဒုတိယ အကြိမ် ပေါ်ပေါက်ခဲ့သော မော်ဝါဒီတို့၏ ပုန်ကန်မှု ၂ ခုလုံးအတွင်းတွင် လူပေါင်း သောင်းနှင့် ချီ၍ အသတ်ခံခဲ့ရသည်။

သီရိလင်္ကာ နိုင်ငံမှ မွတ်ဆလင်များသည် တိုင်းပြည်တွင် ဘာသာရေးလူနည်းစု ဖြစ်ပြီး လူဦးရေ၏ ၁၀ ရာ ခိုင်နှုန်း နီးပါးဖြစ်သည်။ ပြည်တွင်းစစ်နှင့် ဆူပူအုံကြွမှုများအတွင်း တိုင်းပြည်တလွှားမှ သွေးချောင်းစီးမှုများအတွင်း တိုက် ရိုက်ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပါ။ သို့သော်လည်း လတ်တလောနှစ်များအတွင်းတွင် မွတ်ဆလင် အသိုင်းအဝိုင်းအချို့သည် ခရစ်ယန် အသိုင်းအဝိုင်း အချို့ ကြုံတွေ့ခဲ့ရသလို လူများစု ဆင်ဟာလီ ထဲမှ လူစုလူဝေးများ၏ ပစ်မှတ်ထားခြင်း ခံခဲ့ကြရ သည်။

ဗုဒ္ဓဘာသာဝင်များက တိုင်းပြည်၏ အကြီးမားဆုံး ဘာသာရေးအသိုင်းအဝိုင်းဖြစ်ပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်း နီးပါးရှိသည်။ ဟိန္ဒူများက လူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့် ရှိသည်။

ထိုတင်းမာမှုနောက်ခံတွင် လတ်တလော ထောက်လှမ်းရေးသတင်းများက ကိုလံဘိုအရှေ့ဘက် ကျေးလက်ဧရိယာ တခု ဖြစ်သော Mawanella ကဲ့သို့နေရာများတွင် မွတ်ဆလင်အချို့က အစွန်းရောက်လာနေခြင်းနှင့် ပတ်သက်၍ စတင် သတိ ပေးခဲ့သည်။ သို့သော်လည်း နိုင်ငံတကာ အစ္စလမ်မစ် အကြမ်းဖက်ကွန်ရက်များသို့ ဝင်ရောက်နေသည့် အစွန်းရောက် လူငယ် အများအပြား ရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြသော ဆက်သွယ်မှုများ မရှိပါ။

အကြမ်းဖက်လုပ်ရပ်၏ နာကြင်မှုများကြောင့် တိုင်းပြည်တခုအတွင်း တုန်လှုပ်နေဆဲ ဖြစ်သည်နှင့် အမျှ တိုင်းပြည်၏ ထိရှ လွယ်သော ငြိမ်းချမ်းရေးက အဓွန့်ရှည်မည်လားဟု မေးခွန်းများ ထွက်ပေါ်လာ၏။ “ဒီတိုက်ခိုက်မှုတွေက အားနည်းတဲ့ အရပ်ဘက် ပစ်မှတ်တွေပေါ်မှာ ဖြစ်ပါတယ်။ အစိုးရကို ရည်ရွယ်တာ မဟုတ်ပါဘူး။ ဒါကြောင့် ပြင်းထန်တဲ့ တုန့်ပြန်မှုတခု ရှိလာနိုင်ပါတယ်။ အဲဒါက အလွန်စိုးရိမ်စရာပါ” ဟု သီရိလင်္ကာ သံတမန်ဟောင်းတဦးက ပြောသည်။

( Nikkei Asian Review ပါ Marwann Macan-Marker ၏ Terror attacks in Sri Lanka expose new security threat ကို ဆီလျော်အောင် ဘာသာပြန်သည်။)

The post သီရိလင်္ကာကို ISIS ဗုံးခွဲမှု လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုသစ် ဖြစ် appeared first on ဧရာဝတီ.


မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း –၁

$
0
0

( ၁ )

မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး

မူဆယ်-မန္တလေး ကားလမ်းမကြီးအား မြန်မာပြည်၌ ပြည်ထောင်စုလမ်းမကြီးဟုခေါ်ဆိုပြီး ၁၉၈၅ ခုနှစ်နောက်ပိုင်းကာလ များစပြီး မြန်မာ-တရုတ် ကုန်သွယ်ရေးတွင် အရေးပါသော လမ်းမကြီးဖြစ်ခဲ့သည်။ လမ်းတလျှောက်တွင် မူဆယ်၊ နန့်ဖတ် ကာ၊ ကွတ်ခိုင်၊ သိန္နီ၊လားရှိုး ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင် နှင့်မန္တလေးမြို့များကို ဖြတ်သန်းဆက်သွယ်ထား သည်။

လမ်းအကွာအဝေးမှာ
မူဆယ်-နန့်ဖတ်ကာ ၅၅ ကီလိုမီတာ
နန့်ဖတ်ကာ-ကွတ်ခိုင် ၄၄ ကီလိုမီတာ
ကွတ်ခိုင်-သိန္နီ ၂၅ ကီလိုမီတာ
သိန္နီ-လားရှိုး ၅၂ ကီလိုမီတာ
လားရှိုး-သီပေါ ၇၄ ကီလိုမီတာ
သီပေါ-ကျောက်မဲ ၃၆ ကီလိုမီတာ
ကျောက်မဲ-နောင်ချို ၆၉ ကီလိုမီတာ
နောင်ချို-ပြင်ဦးလွင် ၅၇ ကီလိုမီတာ
ပြင်ဦးလွင်-မန္တလေး ၆၅ ကီလိုမီတာ
မူဆယ်-မန္တလေး စုစုပေါင်း ၄၇၇ ကီလိုမီတာ ဖြစ်ပါသည်။

အထက်ပါ လမ်းမကြီးမှတဆင့် တရုတ်ပြည်ရွှေလီ၊ ဝမ်တိန် မြို့များနှင့်ဆက်သွယ်၍ ကုန်သွယ်ကူးသန်းမှုပြုနေပါသည်။ ထို့ပြင် မြန်မာပြည်ကိုးကန့်ဒေသနှင့် ဆက်စပ်နေသော တရုတ်ပိုင် နန့်စမ်မှလည်း ချင်းရွှေဟော်၊ ကွန်လုံ၊ သိန္နီ မှတဆင့် ကုန်သွယ်လမ်းကြောင်း စတင်ဖွင့်လှစ်နေသည်ကို တွေ့ရသည်။ အဆိုပါလမ်းကြောင်းအကွာအဝေးမှာ
ချင်းရွှေဟော်-ကွန်လုံ ၂၀ ကီလိုမီတာ
ကွန်လုံ- သိန္နီ ၈၂ ကီလိုမီတာ
သိန္နီ-မန္တလေး(အထက်တွင်ဖေါ်ပြပြီး) ၃၅၃ ကီလိုမီတာ
ချင်းရွှေဟော်-မန္တလေး စုစုပေါင်း ၄၅၅ ကီလိုမီတာ ဖြစ်ပါသည်။

ချင်းရွှေဟော်မှ လာသောလမ်းသည် သိန္နီတွင် မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးနှင့် ပေါင်းဆုံပါသည်။

လမ်းမကြီးအခြေအနေ

အဆိုပါ မူဆယ်-မန္တလေး လမ်းမကြီးသည် အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၅ ခုနှစ် နောက်ပိုင်း မြန်မာ-တရုတ်ကုန်သွယ်မှုတွင် အရေးပါခဲ့သော်လည်း ၁၉၉၅ ခုနှစ်ဝန်းကျင်အထိ လမ်းပိုင်းပြု ပြင်ထိန်းသိမ်း နိုင်ခြင်းမရှိသဖြင့် လမ်းအခြေအနေ လွန်စွာဆိုးဝါးခဲ့ပြီး အတက်အဆင်း ကားနှစ်စီးရှောင်ရန်ပင် ခက်ခဲခဲ့သည်။ ၁၉၉၅ ခုနှစ်နောက်ပိုင်း ထိုလမ်းပိုင်းအား BOT စနစ်ဖြင့်လုပ်ကိုင်ရန် အေးရှားဝေါလ်ကုမ္ပဏီအား ချထားပေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ခန့်ကစ၍ လမ်းအတန်အသင့် ကောင်းမွန်ခဲ့သည်။ လမ်းကြောင်းအား နှစ်လမ်းမောင်းအကျယ်အထိ တိုးချဲ့နိုင်ခဲ့သည်။ လမ်းကြောင်း၌ ယာဉ်များသွားလာမှု အတန်အသင့်အဆင်ပြေချောမွေ့ခဲ့သည်။

သု့ိသော်လည်း နောက်ပိုင်းတွင် ကုန်ချိန် ၃၃ တန်ခန့်တင်ဆောင်သည့် ၂၂ ဘီး တွဲကားများ သွားလာသည့်အချိန်ကစ၍ အဆိုပါလမ်းပိုင်းတွင် ပြန်လည်၍ လမ်းကြောင်းကြပ်မှုများ၊ လမ်းပိတ်ဆ့ိုမှုများ ပြန်လည်ဖြစ်ပွားခဲ့သည်။

အထူးသဖြင့် ကီလိုမိုင် ၄၀ ကျော် ရှည်လျားသည့် နန့်ဖတ်ကာ-ကွတ်ခိုင်လမ်းပိုင်းနှင့် ၁၇ ကီလိုမီတာခန့် ရှည်လျားသည့် နောင်ချိုအနီး ဂုတ်တွင်းလမ်းပိုင်းတွင် ဖြစ်သည်။ အဆိုပါလမ်းပိုင်းများတွင် ကုန်ကားတွဲကားကြီးများ တိမ်းမှောက်ခြင်း၊ ကားပျက်ခြင်းများဖြစ်ပွားပါက လေးငါးရက်ခန့် လမ်းပိတ်ဆို့မှုဖြစ်ပြီး ကားကြီး၊ ကားငယ်အစီးရေ ငါးထောင်ခန့် ပိတ်မိ လေ့ရှိသည်။

လက်ရှိအခြေအနေတွင် မူဆယ်-မန္တလေး ကားလမ်းပိုင်း BOT စနစ်ရယူထားသော အေးရှားဝေါလ်ကုမ္ပဏီမှာ ၎င်းတို့ အစုရှယ်ယာဝင်များကြား ရှယ်ယာများခွဲဝေပြီးနောက် အိုရီယမ်တယ်ဟိုက်ဝေးကုမ္ပဏီက မူဆယ်-မန္တလေးလမ်းပိုင်းအား ဆက်လက်တာဝန်ယူထားသည်ကို တွေ့ရသည်။

အဆင့်မြှင့်တင်ဖောက်လုပ်ထားပြီး လမ်းပိုင်းအများစုအား ကတ္တရာထပ်ပိုးလွှာခင်းပြီး ဖြစ်သည်။ ကတ္တရာ မခင်းရသေးသည့် နေရာများတွင်လည်း လေးလမ်းသွားလမ်းချဲ့ထားပြီး ကျောက်ခင်းပြီးဖြစ်ရာ ယခင်ကဲ့သို့ လမ်းပိတ်ဆို့မှု မရှိတော့ပေ။ နောက်ထပ် လေးလမ်းသွားနှင့် အသွားအပြန်သီးခြားလမ်းဖောက်လုပ်ထားနိုင်သည်မှာ ပြင်ဦးလွင်-မန္တလေးလမ်းပိုင်း ၆၅ ကီလိုမိုင်ခန့်ဖြစ်သည်။ အများစု လမ်းခင်းပြီးစီးပြီး အနည်းစုသာ ခင်းရန် ကျန်ရှိတော့သည်။ အဆိုပါ လေးလမ်းသွား ဖောက်လုပ်ထားသော လမ်းပိုင်းများတွင် ကားပိတ်ဆို့မှု မရှိသည့်အပြင် အသွားအလာ ပို၍မြန်ဆန်လာသည်။ မော်တော်ယာဉ်ငယ်ဖြင့် သွားပါက မူဆယ်နှင့် ကွတ်ခိုင်ကြား( ၉၉ ကီလိုမီတာ) အား နှစ်နာရီခန့်သာ မောင်းနှင်ရပြီး ပြင်ဦးလွင်နှင့် မန္တလေးကြား(၆၅ ကီလိုမီတာ)တွင် တနာရီသာသာခန့်ဖြင့် မောင်းနှင်ရောက်ရှိနိုင်သည်။

ယခုအချိန်တွင် ကုန်တင်ကားကြီးများကြောင့် လမ်းပိတ်ဆို့မှုဖြစ်နိုင်သည့်နေရာမှာ ၁၇ ကီလိုမီတာ ရှည်လျားသည့် ဂုတ်တွင်း လမ်းပိုင်းဖြစ်သည်။ ထိုလမ်းပိုင်းသည် အကွေ့အကောက်များ၍ လေးလမ်းသွားလမ်းအဖြစ် ချဲ့ထွင်ရန်အခက်အခဲရှိသည်။ လက်ရှိ အိုရီယမ်တယ်ဟိုက်ဝေးကုမ္ပဏီအနေဖြင့် တရုတ်ပြည် ဆောက်လုပ်ရေးဘဏ်မှ ချေးငွေတရုတ်ယွမ်သန်း ၂၀၀ ရရှိထားပြီး ဂုတ်တွင်းအား ဖြတ်၍ တံတားထိုးရန် လျာထား တိုင်းထွာ စီစဉ်ဆောင်ရွက်နေသည်ဟု မြန်မာ့စီးပွားရေးအဝန်း အဝိုင်းများက ဆိုပါသည်။

လက်ရှိအချိန်တွင် မူဆယ်-မန္တလေးလမ်းပိုင်းတွင် မူစယ်နှင့်ကွတ်ခိုင်ကြား( ၉၉ ကီလိုမီတာ)နှင့် ပြင်ဦးလွင်နှင့် မန္တလေးကြား (၆၅ ကီလိုမီတာ) မှအပ ကျန်လမ်းပိုင်း ၃၁၃ ကီလိုမိုင်သည် နှစ်လမ်းမောင်းလမ်းအဆင့်သာဖြစ်သည်။ ထိ့ုပြင် ချင်းရွှေဟော်-သိန္နီ ကားလမ်းပိုင်း ၁၀၂ ကီလိုမိုင်သည်လည်း နှစ်လမ်းမောင်းလမ်းအဆင့်သာရှိသည်။ သာမန်ကားလေးများနှင့် ကုန်တင် ကားကြီးဆိုလျှင် ၁၂ ဘီးကားများအထိ လမ်းရှောင်ရန် ပြဿနာမရှိသော်လည်း ၂၂ ဘီးတွဲကားကြီးများနှင့် လမ်းကွေ့ လမ်းကောက်များတွင်ဆုံလျှင် ရှောင်တိမ်းရန်လိုအပ်သည်ဖြစ်၍ ယာဉ်များ မြန်ဆန်စွာမောင်းနှင်ရန် မဖြစ်နိုင်ပေ။

အဆိုပါလမ်းကြောင်းသည် အင်္ဂလိပ်ခေတ်ကတည်းက ဖောက်လုပ်ထားသည့် ခေတ်ဟောင်းလမ်းဖြစ်ပြီး လမ်းအူ ကြောင်းသည် ကွန်တိုမျဉ်းအတိုင်း ယူထားပြီး လမ်းကြောင်းကွေ့ကောက်သည်။ အချို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း သည့် လမ်းဖောက်လုပ်ပုံဟု ဆိုပါသည်။

အဆိုပါ မူဆယ်-မန္တလေးလမ်းမကြီးတွင် ဖြတ်သန်းရာလမ်းတလျှောက်ရှိမြို့များအနက် မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ ပြင်ဦးလွင်၊ မန္တလေးမြို့များတွင် မြို့ရှောင်လမ်းများ ဖောက်လုပ်ထားရှိပြီး နန့်ဖတ်ကာ၊ ကွတ်ခိုင်၊ သိန္နီ၊ သီပေါ၊ နောင်ချို စသည့်မြို့များတွင် မြို့ရှောင်လမ်း ဖောက်လုပ်ထားခြင်းမရှိပါ။

မူဆယ်-မန္တလေးလမ်းမကြီးသည် မူလက ပြည်မ မန္တလေးနှင့် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့များအား ဆက်သွယ်ပေးထားသော လမ်းမကြီးဖြစ်ပြီး လက်ရှိအချိန်တွင်လည်း တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကလမ်းမကြီးဖြစ်နေသကဲ့သို့ ရှမ်းပြည်မြောက်ပိုင်း မြို့ရွာများအတွက် အဓိကဆက်သွယ်သည့်လမ်းမကြီးလည်း ဖြစ်နေဆဲဖြစ်သည်။ ရှမ်းမြောက်တွင် လားရှိုး၌သာ လေယာဉ်ကွင်းတခုရှိပြီး မန္တလေး-လားရှိုးမီးရထားလမ်းမှာလည်း အဓိကအသုံးပြုနိုင်သည့်အနေအထားတွင် မရှိဘဲ မန္တလေး-မူဆယ်ကားလမ်းမှာ ရှမ်းပြည်မြောက်ပိုင်းအတွက် အဓိကအရေးပါသည့် ဆက်သွယ်ရေးလမ်းမ ဖြစ်နေ ပေတော့သည်။

မန္တလး-မူဆယ် လမ်းအူကြောင်းသစ်

မူဆယ်-မန္တလေးလမ်းကို မြောက်ပိုင်းလမ်းဟုခေါ်ကြသည်။ မန္တလေး၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မူဆယ်၊ နမ့်ခမ်းအထိ မြို့စဉ်ဆက် ဖောက်လုပ်ထားသော လမ်းမကြီးဖြစ်သည်။ မူလအင်္ဂလိပ် ကိုလိုနီလက်ထက်ကတည်းက ဖောက်လုပ်ထားသော လမ်းမကြီးဖြစ်ပြီး ပြည်မ မန္တလေးနှင့် ရှမ်းပြည်မြောက်ပိုင်းသို့ ဆက်သွယ်ထားသော လမ်းမကြီးဖြစ်သည်။ အင်္ဂလိပ်ခေတ်ကာလက နမ့်ခမ်းမှ မန္တလေးထိ ဂျစ်ကားဖြင့် နေ့ချင်းပေါက် မောင်းနှင်သွားလာနိုင်သည်ဟ ုဆိုကြသည်။ သို့သော် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်များဖြစ်ပွားခြင်း၊ လမ်းအား ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်း၊ လမ်းလုံခြုံရေးအားနည်းခြင်းတို့ကြောင့် နေ့ချင်းပေါက်မသွားနိုင်တော့ပေ။ မန္တလေးမှ လားရှိုးသို့ တရက်၊ လားရှိုးမှ မူဆယ်-နမ့်ခမ်းသို့ တရက် နှစ်ရက်ခန့်သွားကြရသည်။

၁၉၉၀ ပြည့်နှစ်လွန် ကာလပိုင်းများအထိ သွားလာရခက်ခဲသော လမ်းမကြီးဖြစ်သည်။ ၁၉၈၅ ပတ်ဝန်းကျင်ကစ၍ တရုတ်နှင့် နယ်စပ်မှောင်ခိုကုန်သွယ်ရေးလမ်းကြောင်း စတင်ခဲ့သည်။ လမ်းဆိုးလွန်းလှသဖြင့် မူဆယ်-မန္တလေး နေ့ချင်းပေါက်မရောက် နိုင်ခဲ့ပေ။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တရားဝင်စည်လာ၍ ကားလမ်းကို တိုးချဲ့ ဖောက်လုပ်လာခဲ့သည်။ ၁၉၉၅ ခုနှစ်ခန့်မှစ၍ မန္တလေး- မူဆယ်လမ်းမကြီးအား ပုဂ္ဂလိက ကုမ္ပဏီများအား BOT (Built Opreate and Transfer)စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ မူလက လားရှိုး-မူဆယ်လမ်းပိုင်းအား အေးရှားဝေါလ်(Asia World)ကုမ္ပဏီက တာဝန်ယူပြီး ပြင်ဦးလွင် လားရှိုးလမ်းပိုင်းအား အခြားကုမ္ပဏီတခု ရယူဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် လမ်းပိုင်းအားလုံးအား အေးရှားဝေါလ်ကုမ္ပဏီက လွှဲပြောင်းရယူခဲ့သည်။

ဤသို့နှင့် ၂၀၀၀ ပြည့်နှစ်ပိုင်းမှစ၍ အဆိုပါမြောက်ပိုင်းလမ်းမကြီးသည် ကောင်းမွန်လာခဲ့ပြီး တရုတ်နယ်စပ်ကုန်သွယ်ရေး တိုးတက်လာသည်နှင့်အညီ အသွားအလာတိုးတက်များပြားခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်းလမ်းမကြီးသည် အမှန်အားဖြင့် မူဆယ်အားကျော်၍ နမ့်ခမ်းတွင်ဆုံးသော်လည်း နယ်စပ်ကုန်သွယ်ဂိတ်ဖြစ်သော ရွှေလီနှင့်မျက်နှာချင်းဆိုင် မူဆယ်အထိသာ အသွားအလာများကြ၍ မန္တလေး-မူဆယ်လမ်းမကြီးဟုသာ ခေါ်ဆိုလေ့ရှိကြသည်။

အဆိုပါလမ်းမကြီးသည် စဖွင့်စဉ်က လမ်းကြောင်းမကြပ်သော်လည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ လမ်းကြောင်းကြပ်လာ သည်။ အထူးသဖြင့် ၂၀၁၅ /၂၀၁၆ နှစ်များတွင် လမ်းကြောင်းကြပ်၍ လမ်းပိတ်ဆို့မှုများဖြစ်လာသည်။ အဓိက နောင်ချို အထွက် ဂုတ်တွင်းနှင့် ကွတ်ခိုင်-နန့်ဖတ်ကာကြား တောင်ကြောပေါ် နေရာ ၂ နေရာတွင် အဓိကလမ်းကြောင်းကြပ်လာ သည်။ အဓိကပြဿနာမှာ ယခုနောက်ပိုင်းတွင် ကုန်စည်သယ်ယူပို့ဆောင်ရာတွင် သယ်ယူပို့ဆောင်ရေးစရိတ်သက်သာ စေရန် ၂၂ ဘီးတွဲကားကြီးအသုံးပြုလာကြရာ ရှည်လျားကြီးမားသော ထိုတွဲကားကြီးများကြောင့် တောင်တက်တောင်ဆင်း အကွေ့များသောနေရာတွင် ပိတ်ဆို့များ မကြာခဏဖြစ်လာတော့သည်။

သို့အတွက် မန္တလေး-မူဆယ်လမ်းမကြီးအား လျင်မြန်ချောမွေ့စွာသွားလာနိုင်ရေးအတွက် စဉ်းစားလာကြသည်။

လမ်းအူကြောင်းသစ် ရှာဖွေရေး

၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် အစိုးရသတင်းအရ အရပ်သားအစိုးရသစ် ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်နှင့် တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်တို့ တွေ့ဆုံဆွေးနွေးရာတွင် မူဆယ်-မန္တလေးလမ်းမကြီးအား အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးအတွက် လမ်းကြောင်းသစ်ရှာဖွေရန် သဘောတူခဲ့ကြသည်ဟု သတင်းထုတ်ပြန်ခဲ့ပါသည်။

လက်ရှိ မြောက်ပိုင်းလမ်းသည် မန္တလေးမှ လားရှိုးသို့ အရှေ့မြောက်ဘက်ဆီဦးတည်ပြီးမှ လားရှိုးမှ အနောက်မြောက်ဘက်သို့ ပြန်လည်ဦးတည်ပြီး မူဆယ်သို့ ဦးတည်သွားရာ တဆစ်ချိုး ကွေ့သွားရသောလမ်းဖြစ်၍ ၄၇၇ ကီလိုမီတာခန့် ရှည်လျားကွာဝေး သည်။ ရှမ်းမြောက်ရှိ မြို့များအား ဆက်သွယ်ဖောက်လုပ်ထားသည့်လမ်းဖြစ်သည်။ မန္တလေးနှင့် တရုတ်နယ်စပ်အထိ ကုန်သွယ်လမ်းကြောင်းအတွက်ဆိုလျှင် ဖြောင့်တန်းသော လမ်းအူကြောင်းသစ်တခု ရှာဖွေဖောက်လုပ်နိုင်ရန် စဉ်စားမှုများ ရှိခဲ့သည်။

လက်ရှိ တရုတ်ပြည်တွင်း ယူနန်ပြည်နယ်၊ ခွင်းမင်းမြို့ မှ ဖောက်လုပ်လာသော ၆ လမ်းသွားလမ်းမကြီးသည် တရုတ်မြန်မာ နယ်စပ်အထိ ဖောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။ တောင်များကို ဥမင်လိုဏ်ခေါင်းဖောက်လုပ်ဖြတ်သန်းခဲ့ရာ ယခုအခါ တရုတ်နယ်စပ် မှ တရုတ်ပြည်အတွင်းသို့ လျင်မြန်ချောမွေ့စွာသွားလာနိုင်ပြီဖြစ်သည်။ တရုတ်ပြည်တွင်း အမြန်လမ်းမ၏ ထူးခြားချက်မှာ လက်ရှိ နယ်စပ်ကုန်သွယ်ရေး ဝင်/ထွက်ပေါက်ဖြစ်သည့် မူဆယ်တဖက်ရှိ ရွှေလီမြို့တွင် ရပ်တန့် မသွားခဲ့ပေ။ ရွှေလီအားကျော်၍ မြန်မာပိုင် နမ့်ခမ်း၏တဖက်ကမ်းရှိ လုန်တောင်းမြို့လေးအထိ ဖောက်လုပ်ထားသည်ကို တွေ့ရသည်။ လုန်တောင်းမြို့သည် ရွှေလီမြို့ မှ ၁၈ မိုင် (၃၀ ကီလိုမီတာခန့်) ဝေးကွာသည်။ အလားတူပင် ရွှေလီနှင့်မျက်နှာချင်းဆိုင် မူဆယ်၊ လုံတောင်းနှင့်မျက်နှာချင်းဆိုင် နမ့်ခမ်းတို့မှာလည်း ၁၈ မိုင် ( ၃၀ ကီလိုမီတာခန့်) ကွာဝေးပါသည်။

တရုတ်ပြည်တွင်းရှိ လုန်တောင်းဒေသ၏ စီးပွားရေးအခြေအနေအရ ခြောက်လမ်းသွားလမ်းမ ဖေါက်လုပ်ရအောင် အခြေအနေမရှိပေ။ သာမန်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသာရှိသည့် နယ်စွန်နယ်ဖျားဒေသသာဖြစ်ပေသည်။ သို့ဖြစ်ရာ တရုတ်နယ်စပ် နမ့်ခမ်းမြို့ တဖက်ကမ်း လုန်တောင်းမြို့လေးသို့ ရောက်ရှိလာသော ၆ လမ်းသွားအမြန်လမ်းမကြီးသည် မြန်မာပြည်သို့ဆက်သွယ်ဖောက်လုပ်ရန် ရည်ရွယ်ပုံရပေသည်။ တရုတ်တိ့ုအနေနှင့် မြန်မာပြည်တွင်း လမ်းအူကြောင်း သစ်ဖောက်လုပ်ရန် လျာထားပြီးပုံ ရသည်ဟုဆိုရမည်။ ထိ့ုပြင် တရုတ်တို့အနေဖြင့် ၎င်းတို့နှင့်ရင်းနှီးသော ယခင်အစိုးရ ခေါင်းဆောင်အချို့နှင့်လည်းကောင်း၊ မြန်မာစစ်ဘက်ခေါင်းဆောင်အချို့နှင့်လည်းကောင်း ဆွေးနွေးညှိနှိုင်းမှုပြုထားပြီး ဖြစ်ပုံသည်ဟုဆိုရမည်။

လျင်မြန်ချောမွေ့စွာ သွားလာနိုင်ရေးတို့ကို မလွဲမသွေ စဉ်းစားရမည်ဖြစ်သည်။ သု့ိဖြစ်ရာ လက်ရှိတရုတ်တို့ တင်ပြဆွေးနွေး လာသော လမ်းအူကြောင်းသစ်ကို လက်ခံစဉ်းစားရပေတော့မည ်ဖြစ်ပါသည်။

သို့သော် တရုတ်တို့အနေဖြင့် ဤသို့လမ်းအူကြောင်းသစ်အား စဉ်းစားလာခြင်းသည် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး အတွက် သက်သက်သာ ကြည့်ပြီးဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပေ။ တရုတ်တိ့ု၏ OBOR လမ်းကြောင်း ဖြန့်ကျက်ရန်အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ခါးပတ်တခု ရပ်ဝန်းတခုအတွက် မြန်မာပြည်ထဲတွင် ကုန်သွယ်မှုလမ်းကြောင်းအဖြစ် တရုတ်တို့ စဉ်းစားထားသည်မှာ မူဆယ်-မန္တလေးလမ်းမကြီး၊ မန္တလေး-ရန်ကုန်လမ်းမကြီးနှင့် မန္တလေး-ကျောက်ဖြူ လမ်းမကြီး ကွန်ရက်တိ့ုဖြစ်သည်။ ထိုလမ်းမကြီး ၃ ခု ဆက်သွယ်သည့်ပုံစံသည် တရုတ်စာလုံး “လူ” နှင့်ပုံစံတူသကဲ့သို့ အင်္ဂလိပ်စာလုံး ဝိုင်ပြောင်းပြန်ပုံတူ ဆက်သွယ်ရေးကွန်ရက်ဖြစ်သည်။ ထိုလမ်းမကြီးများမှ တရုတ်တို့ဖြတ်သန်းကုန်သွယ်မည်ဖြစ်ရာ ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးအတွက် ခြောက်လမ်းသွားလမ်းမကြီးများအဖြစ် ရည်မှန်းထားပုံရပါသည်။

ဖြစ်နိုင်ဖွယ်ရာ လမ်းအူကြောင်းသစ်

မြေပြင်အခြေအနေနှင့် အရပ်ရပ်သတင်းများအရ လမ်းအူကြောင်းသစ်သည် မန္တလေး မတ္တရာမှ မိုးမိတ်၊ မိုးလို (သို့မဟုတ်) မဘိန်း၊ လဝါ မှတဆင့် နမ့်ခမ်းမြို့သို့ တည့်ဖောက်လုပ်ဖွယ်ရှိသည်။ ထိုသို့ တည့်ဖောက်လုပ်ပါက ခရီးမိုင် ၃၀၀ ကီလိုမိုင်ခန့်သာရှိမည်။ လက်ရှိလမ်းကြောင်းထက် ကီလိုမိုင် ၁၇၀ နီးပါး သက်သာသွားမည်ဖြစ်သည်။ ဖောက်လုပ်ရန် ခက်ခဲနိုင်သည့်နေရာမှာ နမ့်ခမ်းတောင်ဘက် ရွှေလီမြစ်ရိုးရှိ မြင့်မားသောတောင်တန်းများ ဖြစ်သည်။ တရုတ်တို့ အရင်းအနှီးနှင့် နည်းပညာများအရ တောင်များကို ဥမင်လိုဏ်ခေါင်းဖောက်လုပ် ဖြတ်သန်းသွားနိုင်ပါသည်။

အရင်းအနှီးနှင့် နည်းပညာသုံးပါက ဖြောင့်တန်းသော ခြောက်လမ်းသွား (သို့မဟုတ်) လေးလမ်းသွားလမ်းမတခု မန္တလေးနှင့်နမ့်ခမ်းကြားပေါ်လာနိုင်ပါသည်။ ထိုသို့သော လမ်းမတခုပေါ်လာပါက မန္တလေးမှ တရုတ်နယ်စပ်အထိ မောင်းနှင်ချိန် ၅ နာရီခန့်သာ ကြာမြင့်ပေလိမ့်မည်။ ယခင်က ကော့ကရိတ်မှ မြဝတီကြား ဒေါနတောင်ကိုကျော်၍ အတက်ကား တစ်ရက် အဆင်းကား တစ်ရက် ခက်ခဲစွာ သွားလာခဲ့ရသော်လည်း ယခုအာရှလမ်းမသစ် ဖောက်လုပ်ပြီးသွားသောအခါ ယာဉ်မောင်းချိန် တစ်နာရီပင် မကြာမြင့်တော့ပေ။

မြန်မာနိုင်ငံအဖိ့ု တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးအတွက် ဖြောင့်တန်း၍ အန္တရာယ်ကင်းသော အမြန်လမ်းမတခု လိုအပ်သည်က အမှန်ပင်ဖြစ်သည်။ ထို့အတွက် လမ်းဖောက်ရန် တရုတ်တို့ကမ်းလှမ်းလာသည်ကို ကြိုဆိုမည်သာဖြစ်သည်။ သို့သော် စဉ်းစားဖွယ်ရာမှာ အဆိုပါလမ်းမဖောက်လုပ်ရန် တရုတ်တို့တက်ကြွစွာ ပါဝင်နေသည်မှာ နယ်စပ်ကုန်သွယ်ရေး သက်သက်ကြောင့် မဟုတ်နိုင်ပေ။ အရပ်ရပ်သတင်းများကို ထောက်ရှုပါက တရုတ်တို့အနေဖြင့် မြန်မာပြည်ကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာသို့ ထိုးဖောက်မည့် ပိုးလမ်းခါးပတ်၏ အစိတ်အပိုင်းအဖြစ် ထည့်သွင်းစဉ်းစားထား၍ ဖြစ်ပုံရသည်။ တရုတ်တို့သည် ကျောက်ဖြူ -ရွှေလီ ရထားလမ်း၊ ကားလမ်းအတွက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့် ရင်းနှီးမြှပ်နှံရန် ပြင်ဆင်နေသည်ဟု အတည်ပြုဆဲ သတင်းများက ဆိုပါသည်။

မြန်မာပြည်ကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာကို ဖောက်ထွက်မည့် ပိုးလမ်းခါးပတ်သည် တရုတ်တို့၏ OBOR မဟာဗျူဟာဖြစ်သည်။ အကယ်၍သာ ကျောက်ဖြူ မှ တရုတ်ပြည်နယ်စပ်အထိ လမ်းကြောင်းဖောက်လုပ်မည်ဆိုပါက မြန်မာပြည်တွင်းမှ ကန့်ကွက်မှု တပုံတပင်နှင့် ကြုံတွေ့ရမည်ဖြစ်ပြီး တပိုင်းစီပြုလုပ်ရန် စီစဉ်ဆောင်ရွက်ပါက မြန်မာပြည်၏အကျိုး စီးပွားပါ မျက်မှောက်ပြု နေ၍ မြန်မာနိုင်ငံအတွက် မငြင်းသာသော ကမ်းလှမ်းမှု ဖြစ်သွားပေမည်။

ဦးသိန်းစိန်အစိုးရလက်ထက်က မူစယ်-လားရှိုး- မန္တလေး ရထားလမ်းဖောက်လုပ်ရေး နားလည်မှုစာချွန်လွှာ ထိုးထားမှုကို ဦးသိန်းစိန် သမ္မတသက်တမ်းကုန်မီ ဖျက်သိမ်းခဲ့ခြင်းသည် တရုတ်တို့အနေဖြင့် ကျောက်ဖြူ-ခွင်းမင် မီးရထားလမ်း ဖောက်လုပ်ရေးကို လက်လွှတ်လိုက်သည်ဟု ယူဆ၍ မရပေ။ လမ်းအူကြောင်းသစ် ရှာဖွေဖောက်လုပ်ရန်အတွက် နားလည်မှုစာချွန်လွှာ အသစ်ပြန်လည်အဆိုပြုဖွယ်ရှိသည်။ လက်ရှိအချိန်တွင် တရုတ်ပြည်တွင်း ယူနန်ပြည်နယ်တွင်း ရထားလမ်းဖေါက်လုပ်မှုမှာ ခွင်းမင်းနှင့်ရွှေလီကြား ရထားလမ်းဖေါက်လုပ်လျက်ရှိရာ ခွင်မင်းတောင်ဘက် တာ့လီနှင့် ပေါက်စမ်းမြို့များအကြား လမ်းပိုင်းတွင် ဥမင်လိုဏ်ခေါင်းဖောက်လုပ်ခြင်းများ ပြုလုပ်နေပြီဟု ကြားသိနေရပြီဖြစ်ပါသည်။

လမ်းအူကြောင်းသစ်ပြဿနာ

အဆိုပါလမ်းအူကြောင်းသစ်တွင် လမ်းလုံခြုံရေးအတွက် ပြောစရာရှိသည်မှာ နမ့်ခမ်းတောင်ဘက် ရွှေလီမြစ်ရိုးရှိ တောင်တန်းဒေသများဖြစ်သည်။ ထိုဒေသများ၌ လက်ရှိ အပစ်ရပ်လက်မှတ်မထိုးသေးသော TNLA /KIA/SSPP-SSA တပ်ဖွဲ့များ လှုပ်ရှားနေသည့်ဒေသ ဖြစ်သည်။ ထိုတပ်ဖွဲ့များနှင့် အပစ်ရပ်သဘောတူညီချက်မရပါက ဖောက်လုပ်ရန် အတန်ငယ်ခက်ခဲပေမည်။ ထို့ပြင် ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှစ၍ RCSS/SSA တပ်ဖွဲ့မှ အင်အားထောင်ချီ၍ ဝင်ရောက် လာခဲ့သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ မူလက အစိုးရတပ်များနှင့် KIA/TNLA /SSPP-SSA တပ်ဖွဲ့များသာ တိုက်ပွဲဖြစ်ပွား နေရာမှ RCSS တပ်ဖွဲ့များနှင့် TNLA တပ်ဖွဲ့များပါ တိုက်ပွဲများထပ်ဆင့်ဖြစ်ပွားနေပြီး ရှုပ်ထွေးသောဒေသ၊ လုံခြုံရေးအရ အာမခံချက်မရှိသောဒေသ၊ တည်ငြိမ်အေးချမ်းမှုကင်းမဲ့သောဒေသဖြစ်နေပေသည်။ ယခုအခါ RCSS/SSA နှင့် SSPP/SSA ပါ တိုက်ပွဲဖြစ်ပွားနေရာ ပိုမိုရှုပ်ထွေးလာသည်။

လမ်းအူကြောင်းသစ်တွင် လုံခြုံရေးပြဿနာအပြင် ဒုတိယပြဿနာမှာ အဆိုပါ ကီလိုမီတာ ၃၀၀ ခန့်ရှည်လျားသည့် လမ်းအူကြောင်းအတွက် အနည်းဆုံး အကျယ်ပေ ၁၀၀ ခန့် လိုအပ်ပေရာ လမ်းအူကြောင်းတလျှောက် မြေဧက ၂ သိန်းကျော် အသုံးပြုရမည်ဖြစ်ပြီး လမ်းဟောင်းအနည်းပိုင်းသာရှိ၍ လမ်းပိုင်းအများစုအတွက် မြေဧကအများစုအား သိမ်းယူရမည် ဖြစ်ရာ လူထုနှင့် ရင်ဆိုင်ဖြေရှင်းရမည့်ပြဿနာများ များပြားမည့်အပြင် လူထုက ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုများကို ကြုံတွေ့မည်မှာ မလွဲမေသွေဖြစ်သည်။

ထို့ပြင် အဆိုပါ ပြဿနာအား ဖြေရှင်းအချိန်လိုအပ်မည့်အပြင် စရိတ်ကုန်ကျငွေများမှာလည်း အမြောက်အများလိုအပ် မည်ဖြစ်သည်။ လက်တွေ့တွင်လည်း ၂၀၁၈ ခုနှစ် ဇွန်လကုန်ပိုင်းထိ ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရှိရသော သတင်းအချက်အလက်အရ အဆိုပါလမ်းအူကြောင်းသစ်ရှာဖွေရေးနှင့် ပတ်သက်ပြီး မန္တလေး-မတ္တရာ အထက်ဘက် ရောက်လျှင် မည်သည့်ဘက်မှ ဖောက်မည်ဆိုသည်နှင့်ပတ်သက်၍ လမ်းအူကြောင်းရေးဆွဲနိုင်ခြင်း မရှိသေးဟုဆိုပါသည်။ ရေးဆွဲနိုင်ခြင်းမရှိသည်မှာ မြေပြင်လုံခြုံရေးအခြေအနေများကြောင့် ဟုဆိုပါသည်။ သို့ဖြစ်ရာ မူဆယ်-မန္တလေး လမ်းအူကြောင်းသစ်ဖောက်လုပ်ရေးနှင့် ပတ်သက်၍ MoU ရေးထိုးထားသည်မှာ နှစ်နှစ်ကြာခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ သေချာသည့် အဖြေမရှိသေးဘဲ အချိန်များစွာကြာမြင့်နိုင်သေးသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဆိုပါသည်။

အဆိုပါလမ်းအူကြောင်းသစ်ရှာဖွေရေးနှင့် ပတ်သက်ပြီး MoU ထိုးထားပြီးဖြစ်သော်လည်း မြန်မာအစိုးရဘက်က ဆောင်ရွက်ချက်များမှာ တက်ကြွမှု မရှိဟု ဆိုနိုင်သည်။ ထိုသို့ဖြစ်နေခြင်းမှာ အကြောင်းအချက် ၃ ခုကြောင့်ဖြစ်နိုင်သည်။ ပထမအချက်မှာ NLD အစိုးရသစ်သည် ၎င်း၏ညွှန်ကြားချက်များကို အောက်ခြေမှ အကောင်အထည်ဖော်ဆောင်ရန်အတွက် တွန်းအားပေးချုပ်ကိုင် ညွှန်ကြားနိုင်မှု အားနည်း၍လည်း ဖြစ်နိုင်သည်။ တဖက်ကဆိုလျှင် အောက်ခြေ လက်တွေ့ဆောင်ရွက် ရမည့် ဝန်ထမ်းများက NLD အစိုးရ ညွှန်ကြားချက်များကို တက်ကြွစွာ အကောင်အထည် မဖေါ်၍လည်း ဖြစ်နိုင်သည်။

ဒုတိယပြဿနာမှာ နိုင်ငံရေးပြဿနာကို ကြုံတွေ့ရမည်စိုး၍ ရှောင်လွှဲရန် ကြိုးစားခြင်းလည်း ဖြစ်ပုံရသည်။ အထက်တွင် ဖော်ပြထားသည့်အတိုင်း လမ်းအူကြောင်းသစ် ဖော်ထုတ်ပါက လိုအပ်သည့် မြေဧကမှာ ၂ သိန်းခန့်ရှိမည်ဖြစ်ပြီး မြေသိမ်း ယာသိမ်းဖြစ်ရပ်များ ပေါ်လာမည်ဖြစ်သည်။ အဆိုပါ မြေသိမ်းယာသိမ်းမှုသည် လက်ရှိမြန်မာပြည်တွင် လူထုမကျေနပ်ဆုံး အမှုအခင်းပြဿနာဖြစ်သည်။ နဝတ/နအဖ ခေတ်တလျှောက် တပ်ရင်း/တပ်ဖွဲ့အင်အားများစွာ ချဲ့ထွင်ခဲ့ရာ အရပ်သားလူထု နေထိုင်လုပ်ကိုင်စားသောက်ရာ မြေဧကသိန်းအချို့အား ဆွေးနွေးခြင်းမရှိ၊ လျော်ကြေးပေးခြင်းမရှိဘဲ အဓမ္မသိမ်းယူခဲ့ရာ လူထုကြား မကျေလည်မှုများစွာဖြစ်ခဲ့သော ပြဿနာဖြစ်သည်။

ထို့ပြင် လက်ပတောင်းတောင် ကြေးနီစီမံကိန်း၊ မြစ်ဆုံ စီမံကိန်းတို့တွင်လည်း မြေယာများစွာသိမ်းခံခဲ့ရသည့်ပြင် ကျေ းရွာများစွာ ပြောင်းရွှေ့ခဲ့ရသည်။ ထိုသို့ အသိမ်းခံရသည့် အတွက် လျော်ကြေးပြဿနာတွင်လည်း မပြေ လည်သည့်ပြင် ထိုသို့စီးပွားရေးလုပ်ငန်းကြီးများပြုလုပ်ခြင်းဖြင့် ၎င်းတို့ဘဝ တိုးတက်လာသည်ဟု မခံစားရပေရာ ဆန့်ကျင်မှုများ ယနေ့တိုင်ဖြစ်ပွားနေဆဲ ဖြစ်သည်။ တဆက်တည်း တွင် အမှုအခင်းများစွာ ဖြစ်ပွားခဲ့ပြီး ယနေ့တိုင်လည်း ဖြေရှင်းနေရဆဲ ပြဿနာဖြစ်သကဲ့သို့ ဖြေရှင်းမနိုင်သည့် ပြဿနာ လည်း ဖြစ်နေပါသည်။

ထို့ပြင် ၎င်းမြေသိမ်းယာသိမ်းပြဿနာသည် နအဖ စစ်အာဏာရှင်များ အား ဆန်ကျင်တိုက်ခိုက်ရာတွင် နိုင်ငံရေးအရ ထိုးနှက်စရာ အကြောင်းအချက်လည်း ဖြစ်ခဲ့သည်။ ဆက်လက်၍ ဦးသိန်းစိန်အစိုးရအားလည်း နိုင်ငံရေးအရ ထိုးနှက် တိုက်ခိုက်ခဲ့ရာ အကြောင်းအချက်တခုဖြစ်ခဲ့သည်။ လက်ရှိ NLD အစိုးရလက်ထက်တွင် မြေယာလျော်ကြေးပေးမည်ဟု ဆိုလျှင်လည်း ခေတ်အဆက်ဆက် အသိမ်းခံခဲ့ရသည့် လူထုအတွက် ယုံကြည်ရန် ခက်ခဲသည့်ပြင် မိရိုးဖလာပိုင်ဆိုင်မှုများ အသိမ်းခံရသည်ကို လက်ခံရန် ခက်ခဲပြီး ဆန့်ကျင်ကြရန် အလားအလာများသည်။

ထိ့ုပြင် လက်ရှိအတိုက်အခံဖြစ်နေသော ပြည်ခိုင်ဖြိုးပါတီကလည်း မြေသိမ်းမှုများဖြစ်ပါက လူထုအားနှိုးဆွပေးပြီး NLD အစိုးရအား နိုင်ငံရေးအရတိုက်ခိုက်မည်သာ ဖြစ်သည်။ ထို့အတူ တရုတ်၏ နိုင်ငံရေး၊ စီးပွားရေး ခြေလှမ်းများကို ကန့်သတ်ရန် အမြဲတစေ စောင့်ကြည့်နေသော အနောက်အုပ်စုအနေဖြင့်လည်း ၎င်းနှင့်ဆက်နွှယ်သည့် အဖွဲ့အစည်းများကို အသုံးပြု ၍ နိုင်ငံရေးအရ ဆန့်ကျင် လှုပ်ရှားမှုများ လုပ်မည်သာဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိ NLD အစိုးရအနေနှင့် မြေယာများစွာသိမ်းဆည်း၍ လုပ်ရမည့် စီမံကိန်းများနှင့် ပတ်သက်၍ အထူးသတိကြီးစွာထား၍ ပြုလုပ်ရန် လိုအပ်နေသည်။

တတိယအချက်မှာ လမ်းအူကြောင်း လုံခြုံရေးပြဿနာဖြစ်သည်။ အဓိကအားဖြင့် မိုးမိတ်နှင့် နမ့်ခမ်းကြားဒေသများတွင် အစိုးရလုံခြုံရေးတပ်ဖွဲ့များ လုံခြုံရေး အပြည့်အဝယူနိုင်သည့် အနေအထားမရှိပါ။ လမ်းသစ်ဖောက်လုပ်ပါက အစိုးရအနေနှင့် လုံခြုံရေးတပ်ဖွဲ့များ ထပ်မံချ ထားရန်လိုအပ်နေပေသည်။ တပြည်လုံးရှိ ပြည်နယ်တိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များ နှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးနေမှုကြောင့် လုံခြုံရေးအတွက် တပ်အင်အားအလုံအလောက်ချ ထားရန် ခက်ခဲမည်ဟု သုံးသပ်ရသည်။

ထိုသို့ စစ်တပ်၏စစ်အင်အားအပြင် မြဝတီ-ကော့ကရိတ် ကြားရှိ အာရှလမ်းမလုံခြုံရေးဆောင်ရွက်ရာတွင် KNU မှ ခွဲထွက်လာသည့် DKBA မှစောချစ်သူအဖွဲ့အား BGF အဖြစ် စည်းရုံးသိမ်းသွင်းထားပြီး ၎င်းအဖွဲ့နှင့်တွဲ၍ လုံခြုံရေး ယူထားနိုင်သည်ကို တွေ့ရသည်။ ၎င်းအဖွဲ့မပါဘဲ တပ်ချည်းသက်သက် လုံခြုံရေးဆောင်ရွက်ရန် ခက်ခဲသည်ဟု သုံးသပ် ရသည်။ သို့ဖြစ်ရာ လမ်းအူကြောင်းသစ်တွင်လည်း ဒေသခံတိုင်းရင်းသားတပ်ဖွဲ့များအား စည်းရုံးသိမ်းသွင်းနိုင်ခြင်းမရှိဘဲ တပ်ချည်းသက်သက် လုံခြုံရေးဆောင်ရွက်ရန် ခက်ခဲပေမည်။

အဆိုပါအချက် ၃ ချက်အပြင် တရုတ်နယ်စပ်အပါ မြန်မာပြည်နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားပြသနာများသည် အရေးပါသောပြသနာများ အဖြစ်ရှိနေပြီး ထိုဒေသအား ဖြတ်သန်းပြုလုပ်မည့် စီးပွားရေးကိစ္စရပ်အားလုံးအပေါ် သက်ရောက်မှု ရှိသည်။ အဆိုပါ တိုင်းရင်းသားပြဿနာအား နောက်ပိုင်းတွင် ထပ်မံ၍ အသေးစိတ်ဖော်ပြပါမည်။

ချုပ်၍ဆိုရလျှင် မန္တလေး-မူဆယ်လမ်းအူကြောင်းသစ်ဖောက်လုပ်ရေးသည် လက်ရှိ နိုင်ငံရေး၊ လုံခြုံရေးအကြောင်း အချက်များ အောက်တွင် အလျင်အမြန်အကောင်အထည်ဖေါ်ရန် ခက်ခဲနေဆဲဖြစ်သည်ဟုသုံးသပ်ရပါသည်။

ပြောင်းလွယ်ပြင်လွယ်စဉ်းစားခြင်း

တရုတ်ပြည် OBOR စီးပွားရေး ရည်မှန်းချက်နှင့် စီမံကိန်းရည်မှန်းချက်တို့ အရှိန်မြင့်လာပြီး အချိန်ကိုက်လုပ်ဆောင်ရန် လိုအပ်နေချိန်တွင် မြန်မာပြည်ဘက်မှ ပြည်တွင်း အခြေအနေအရပ်ရပ်များကြောင့် လမ်းအူကြောင်းသစ်ဖော်ဆောင်နိုင်ခြင်း မရှိသည့်အခြေအနေတွင် မန္တလေး-မူဆယ်ကားလမ်းကြောင်းမှာ လက်ရှိလမ်းဟောင်းအတိုင်း ဆောင်ရွက်ရန်ပြောင်းလဲ စဉ်းစားမှုများရှိလာသည်။

လက်ရှိအသုံးပြုနေသော မူဆယ်၊ လားရှိုး၊ မန္တလေးလမ်းကြောင်းသည် အခြေခံအားဖြင့် တရုတ်နယ်စပ်ကုန်သွယ်ရေးအပြင် ရှမ်းမြောက်ရှိမြို့ကြီးများကို ဆက်သွယ်ပေးထားသော လမ်းမကြီးဖြစ်ပေရာ လက်ရှိလမ်းမကြီးအား မွမ်းမံအဆင့်မြှင့်တင်မှု များ ပြုလုပ်သွားပါက နိုင်ငံရေးအရ ဆန့်ကျင်ခံရမှုနည်းပါးနိုင်သည့်အပြင် မူလလမ်းဟောင်းကိုသာ ချဲ့ထွင်ရမည်ဖြစ်၍ သိမ်းယူရန် လိုအပ်မည့်မြေဧကလည်း နည်းပါးနိုင်မည်ဖြစ်ရာ နှိုင်းယှဉ်မှုအရ လမ်းအူကြောင်းသစ်ဖောက်လုပ်ခြင်းထက် နိုင်ငံရေးပြဿနာ နည်းနိုင်သည်။ (လုံးဝမရှိဟု မဆိုနိုင်ပါ၊ နောက်ပိုင်းတွင် သီးသန့်ဖော်ပြထားပါသည်) ထို့ပြင် ငွေကြေးအကုန်အကျ နည်းနိုင်သည်ဟု ယေဘုယျ ဆိုနိုင်ပါသည်။

ထို့ပြင် လမ်းဟောင်းကို ပြင်ဆင်၍ အသုံးပြုသည့်အတွက် အခြားအဆင်ပြေမှုတခုမှာ ချင်းရွှေဟော် နယ်စပ်ပေါက်မှ ကီလိုမီတာ ၁၀၀ အကွာတွင်ရှိသော သိန္နီမြို့တွင် အဆိုပါ လမ်းဟောင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်ရာ လမ်းဟောင်း၏ အစိတ်အပိုင်းတခု ဖြစ်သွားမည်ဖြစ်သည်။ ချင်းရွှေဟော်-မန္တလေးလမ်းပိုင်းအတွက် သီးခြားစဉ်းစားဆောင်ရွက်ရန် လိုအပ်မည် မဟုတ်ပေ။

ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် ဖက်ဒရယ်၊ တိုင်းရင်းသားရေးရာနှင့် နယ်စပ်ရေးရာများကို လေ့လာစမ်းစစ်သော သုတေသီတဦး ဖြစ်သည်။)

The post မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၁ appeared first on ဧရာဝတီ.

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း –၂

$
0
0

( ၂ )
လမ်းဟောင်းကို အသုံးပြု ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ

လက်ရှိအသုံးပြုနေသော မန္တလေး-မူဆယ်လမ်းဟောင်းအား အဆင့်မြှင့်ပြီး အသုံးပြု သွားမည်ဆိုပါက အောက်ပါအချက်အလက်များကို မဖြစ်မနေထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။

ယာဉ်ကြောကြပ်မှု

လက်ရှိတွင် အဆိုပါ မူလလမ်းဟောင်းအား ဒေသတွင်း ဆက်သွယ်သွားလာမှု၊ ကူးသန်းရောင်းဝယ်မှုအတွက် သွားလာ နေသည့် မော်တော်ယာဉ်များ၊ စစ်ဆင်ရေး ဆောင်ရွက်နေသော စစ်တပ်မှ မော်တော်ယာဉ်များအပြင် မူဆယ်နယ်စပ် ကုန်သွယ်ရေးအတွက် သွင်းကုန်/ပို့ကုန်များကို သယ်ယူပို့ဆောင်နေသည့် ကုန်တင်ယာဉ်များ နိစ္စဓူဝသွားလာနေသည်က ပို၍များပြားသည်။ ဒေသတွင်း အသုံးပြုရန်နှင့် တရုတ်နယ်စပ်သို့ ပို့ဆောင်နေသည့် ဂါလံ ၈၀၀၀ ဆန့် ဆီတင်ကားကြီးများလည်း သွားလာလျက်ရှိသည်။

လက်ရှိ မူဆယ်-မန္တလေးကားလမ်းအား အသုံးပြုနေသည့် ကုန်သွယ်မှုပမာဏမှာ မြန်မာအစိုးရ ကုန်သွယ်ရေးဝန်ကြီး ဌာန၏တရားဝင်ထုတ်ပြန်ချက်များအရ ၂၀၁၇-၂၀၁၈ ကုန်သွယ်နှစ်တွင် မြန်မာပြည်မှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၁၂၇.၆၉၄ ၊ သွင်းကုန် ၁၆၉၅.၀၀၂ တို့ရှိပြီး စုစုပေါင်းကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာသန်းပေါင်း ၅၈၂၂.၆၉၆ ရှိသည်ဟု ဆိုပါသည်။ ဤထုတ်ပြန်ချက်နှင့်ပတ်သက်၍ဆိုရလျှင် မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ ထုတ်ပြန်ချက်များ တူညီလေ့ မရှိသည်ကို သတိပြုရန်လိုပါသည်။ အကြောင်းမှာ နယ်စပ်ကုန်သွယ်မှုတွင် တဘက်က တရားဝင်သတ်မှတ်ထားသည့် ကုန်စည်ကို တဖက်က တရားမဝင်သတ်မှတ်ခြင်း မရှိ၍ ဖြစ်သည်။ ဥပမာ မြန်မာဘက်က ဖော်ပြသည့် ပို့ကုန်တန်ဖိုးသည် အမှန်တကယ်ပမာဏထက် လျော့နည်းသည်မှာ သေချာသလောက်ရှိသည်။ သစ်အမျိုးမျိုး၊ ကျောက်စိမ်းနှင့်ရတနာအမျိုးမျိုးနှင့် အင်ကြင်းကျောက်ကဲ့သို့ တန်ဖိုးပမာဏကြီးမားသည့် ကုန်များသည် မှောင်ခိုကုန်များအဖြစ် တရုတ်ဘက်သို့ တင်ပို့နေ၍ဖြစ်သည်။

အဆိုပါကုန်သွယ်မှုအတွက် ကုန်စည်ပို့ဆောင်ရေးအား မူဆယ်-မန္တလေး ကားလမ်းမကြီးမှ မော်တော်ယဉ်များဖြင့်သာ သယ်ဆောင်နေရာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်စခန်းသို့ နေ့စဉ်ကုန်တင်ယာဉ်ကြီးငယ် (၁၂ တန်မှသည် ၃၃ တန်အထိ သယ်ဆောင်နိုင်သည့် ကုန်တင်ယာဉ်များ) အစီးရေ ၁၅၀၀ ဝင်ထွက်လျက်ရှိပြီး မော်တော်ယာဉ်ငယ်နှင့် အလတ်စားများပါ ထည့်သွင်းတွက်ချက်ပါက မော်တော်ယာဉ် စီးရေ ၄၀၀၀ ခန့် သွားလာလျက်ရှိသည်။

လက်ရှိယာဉ်သွားလာမှု အနေအထားအရဆိုလျှင် လေးလမ်းသွားဖောက်လုပ်ထားရှိနိုင်သည့် လမ်းပိုင်းများတွင် ယဉ်ကြောမကြပ်ဘဲ နှစ်လမ်းမောင်းသာ ဖေါက်လုပ်ထားသည့်နေရာများတွင် ယဉ်ကြောကြပ်နေလေ့ရှိသည်ကို တွေ့ရသည်။ လမ်းကြောအနေနှင့်နှိုင်းယှဉ်ဖော်ပြရလျှင် မြဝတီနှင့်ကော့ကရိတ်ကြား အာရှလမ်းမကြီးအား ဖောက်လုပ်ထားသည်မှာ နှစ်လမ်းသွားလည်းမက၊ လေးလမ်းသွားလည်း မကျ ဟုဆိုရမည်။ လေးလမ်းသွားလမ်းအကျယ် ၄၈ပေ ( တလမ်း ၁၂ ပေနှုန်း) မရှိဘဲ တဘက်လျင် ၁၂ အကျယ်ရှိ နှစ်လမ်းသွားလမ်းအား တဖက်လျင် လမ်းပခုံးသားအဖြစ် ၆ ပေစီ ထပ်ဖြည့် ဖေါက်လုပ်ထားသည်ဖြစ်ရာ တဘက်လျင် ၁၈ ပေ၊ စုစုပေါင်း လမ်းအကျယ် ၃၆ ပေ ရှိသည့် လမ်းသာဖြစ်သည်။ သို့ဖြစ်ရာ နှစ်လမ်းမောင်းလမ်းအား ချောင်ချောင်ချိချိ မောင်း၍ ရသည့်လမ်းဖြစ်သည်။ မြဝတီလမ်း၏ တရားဝင်ကုန်သွယ်မှုပမာဏ မှာ၂၀၁၇-၂၀၁၈ နှစ်တွင် မြန်မာအစိုးရတရားဝင်စာရင်းအရ အမေရိကန်ဒေါ်လာ ၉၅၀.၉၃၀ သန်းဖြစ်သည်။ ၎င်းမှာ တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေး၏ ၁၅ ရာခိုင်နှုန်းမျှသာ ပမာဏရှိသည့်နေရာရှိ ကားလမ်းအရွယ်အစား ဖြစ်ပါသည်။

သို့ဖြစ်ရာ တရုတ်မြန်မာ အနာဂတ်စီးပွားရေးရည်မှန်းချက်များပါ ထည့်သွင်းတွက်ချက်ပါက မူဆယ်-မန္တလေး ကားလမ်းပိုင်း ၆ လမ်းသွားဖောက်လုပ်ပါက ပိုမိုအဆင်ပြေဖွယ်ရှိသည်ဟု ဆိုရမည်။ သို့သော် လက်တွေ့မော်တော်ယာဉ်များ သွားလာနေ သည့် အနေအထားအရလည်းကောင်း၊ မြဝတီ-ကော့ကရိတ်ကြား အာရှလမ်းမကြီးနှင့် နှိုင်းယှဉ်လျှင်သော်လည်းကောင်း၊ မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်သည့်ပြဿနာများကို ဖြေရှင်းရမည်ကို တွက်ဆ၍လည်းကောင်း၊ လက်ရှိ မူဆယ်-မန္တလေးလမ်းဟောင်းအား ၄ လမ်းသွား လမ်းမကြီးအဖြစ် မြှင့်တင်ဖောက်လုပ်ပါက လာမည့်နှစ်ကာလအချို့အထိ အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ပါသည်။

၄ လမ်းသွားနှင့် ၆ လမ်းသွား

၄ လမ်းသွားလမ်းမ ဖောက်လုပ်သည်ထက် ၆ လမ်းသွားလမ်းမ ဖောက်လုပ်သည်က ရှေရှည်တွင်အဆင်ပြေမည်ဟု ဆိုနိုင်သော်လည်း လက်တွေ့တွင် အခက်အခဲများ ပိုမိုတွေ့နိုင်သည်။ လမ်းမကြီးတလျှောက် တောတောင် ဒေသများကို ဖြတ်သန်းသွားရပြီး မြို့များအား မြို့ရှောင်လမ်းဖောက်လုပ်၍ ရသည်ဆိုသော်လည်း ကားလမ်းတလျှောက် ဒေသခံတိုင်းရင်းသားကျေးရွာ အများအပြားရှိပေရာ ၄ လမ်းသွား ဖောက်လုပ်ပါက အရပ်သားပိုင်မြေ ထိခိုက်မှုနည်းပါးပြီး ၆ လမ်းသွားလမ်းဖောက်လုပ်ပါက အရပ်သားပိုင်မြေ ထိခိုက်မှု များပြားမည်ဖြစ်သည်။ ထို့ကြောင့်လည်း အခက်အခဲများ ပိုမိုတွေ့နိုင်ခြင်း ရှိနိုင်သည်ဟု ဆိုရခြင်းဖြစ်သည်။

၄ လမ်းသွား ဖေါက်လုပ်ပါက ဖြေရှင်းရမည့် ပြဿနာနည်းပြီး လက်တွေ့လည်း အလုပ်ဖြစ်မည်။ အဆိုပါလမ်းကြောင်းအား ပုံမှန်ထိမ်းသိမ်းရန်နှင့် ယဉ်ကြောပိတ်ဆိ့ုမှု မဖြစ်ရန်အား ထိမ်းကြောင်းသွားနိုင်ပါက ချောမွေ့စွာ အသုံးပြု နိုင်မည်ဖြစ် သည်။ထို့ပြင် အချိန်ကာလတခုကြာမှ ၆ လမ်းသွားဖြင့် ထပ်မံ ချဲ့ထွင်ပါက နောက်ကျမည် မဟုတ်ပေ။

သတိပြုရမည့် လမ်းပိုင်းများ

နန့်ဖတ်ကာနှင့် ကွတ်ခိုင်ကြား ၄၄ ကီလိုမိုင်နှင့် ဂုတ်တွင်း ကီလိုမိုင်၂၀ နီးပါးခန့်သည် ထိုလမ်းပိုင်းတွင် ယဉ်ကြောပိတ်ဆိ့ုမှု အဓိက ဖြစ်ပွါးသည့်အဓိက နေရာ ၂ ခုဖြစ်သည်။ လက်ရှိတွင် ကွတ်ခိုင်နှင့်နမ့်ဖတ်ကာကြား၌ လေးလမ်းသွား လမ်းအူကြောင်း ဖေါက်လုပ်ပြီးစီးသော်လည်း ကတ္တရာလမ်းခင်းမှု မပြီးစီးသေးသည့်ပြင် တောင်ကမ်းပါးရံမျာ းဖြိုချပြီး လမ်းကိုတိုးချဲ့ ထားသည်ဖြစ်ရာ တောင်ကမ်းပါးရံများသည် မြေအသားသေမှုမရှိဘဲ မိုးရာသီတွင် တောင်နံရံများပြိုကျပြီး လမ်းပိတ်ဆို့များ ဖြစ်ပေါ်နေသည်။ မြေကြီးအသားမသေဘဲ တောင်နံရံများပြိုကျသည့် ပြသနာမှာ တနှစ် ၂ နှစ်ပြသနာမဟုတ်ဘဲ မိုးရာသီတိုင်း ကြုံတွေ့ရမည့် ပြသနာဖြစ်နေပေရာ အဆိုပါ တောင် ကမ်းပါးရံများအား မြေထိန်းအတားအဆီးများ ပြုလုပ်ရန် လိုအပ်ပါသည်။

အဆိုပါလမ်းပိုင်းသည် အဓိက ငွေကြေးအင်အားနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူရှိပါက ဥမင်လိုဏ် ခေါင်းဖေါက်လုပ်သင့်သည့် လမ်းပိုင်းဖြစ်ပြီး ထိုသို့ဖောက်လုပ်နိုင်ပါက အချိန်တိုအတွင်း ယာဉ်များသွားလာနိုင်မည်ဖြစ်ပါသည်။

ဒုတိယ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားသည့်နေရာမှာ ဂုတ်တွင်းဖြစ်သည်။ လက်ရှိထိုနေရာတွင် ကုန်တင်ကားကြီးတစီးပျက်လျှင် သို့မဟုတ် တိမ်းမှောက်လျင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့သည့်နေရာဖြစ်သည်။ ထိုနေရာသည် တောင်ဆင်းတောင်တက် မတ်စောက်၍ အကွေ့အကောက်များသဖြင့် ၄ လမ်းသွားလမ်း ဖေါက်လုပ်ရန် အဆင်ပြေသည့်နေရာမဟုတ်ပေ။ ထိုနေရာကို ကျော်လွှားရမည့်နည်းလမ်းမှာ ဂုတ်တွင်းအား တံတားဖြတ်၍ဆောက်လုပ်ခြင်းဖြစ်သည်။ လက်ရှိ အိုရီယမ်တယ်ဟိုက်ဝေးကုမ္ပဏီမှ တံတားဆောက်လုပ်ရန် အခိုင်အမာ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ငွေကြေးနှင့် နည်းပညာအားဖြင့် ဂုတ်တွင်းအားဖြတ်၍ တံတားထိုးနိုင်ပါက ယာဉ်ကြောပိတ်ဆို့မှုအား ကျော်လွှားနိုင်မည့်အပြင် အချိန်တိုတွင်း ယဉ်များဖြတ်သန်းနိုင်မည်ဖြစ်သည်။

မန္တလေး-မူဆယ်လမ်းကြောင်းတွင် အထက်ပါလမ်းပိုင်း ၂ ခုသည် လက်ရှိအချိန်တွင် အဓိက ယာဉ်ကြောပိတ်ဆို့သည့်နေရာ ၂ ခုဖြစ်နေရာ မလွဲမသွေ သတိထားရမည့် နေရာ ၂ ခုဖြစ်ပေသည်။

လမ်းကြောချုံ့ခြင်း

လက်ရှိ မန္တလေး-မူဆယ်ကားလမ်းပိုင်းတွင် ကားလမ်းတလျှောက်လုံးရှိ လမ်းဖောက်လုပ်မှုမှာ ကွန်တိုမျဉ်းအတိုင်း ကွေ့ဝိုက်၍ ဖေါက်ထားသည်ဖြစ်ရာ လမ်းကြော အတန်ငယ်ရှည်သည်။ အဆိုပါကွေ့ဝိုက်နေသော လမ်းပိုင်းအချို့အား တည့်ဖြတ်ဖောက်လုပ်၍ ရသည်ဖြစ်ရာ တည့်ဖောက်လုပ်လိုက်ပါက ငွေကြေးကုန်ကျမှု အတော်အတန်ရှိမည်ဖြစ်သော်လည်း လမ်းကြောတိုသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ လက်ရှိ ၄၇၇ ကီလိုမိုင်ရှိသော မန္တလေး-မူဆယ်လမ်းမကြီးသည် ကီလို ၄၀၀ ခန့်ထိ လမ်းကြောချုံ့နိုင်ဖွယ်ရှိပြီး ပိုမိုလျင်မြန်သော သွားလာ ဆက်သွယ်ပို့ဆောင်မှုများ ရရှိမည်ဖြစ်ပါသည်။

ဘုရားပွဲ၊ စီမံခန့်ခွဲမှုအလွဲနှင့် လမ်းပိတ်ဆို့မှု

လမ်းတလျှောက်မြို့ရွာများရှိ ဒေသခံ ရှမ်း၊ တအာင်းပလောင်များသည် ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူများဖြစ်သည်။ သို့ဖြစ်ရာ လမ်းတလျှောက်ရှိ နာမည်ကြီးဘုရားပွဲနှင့် နာမည်ကြီး ဆရာတော်(ဘုန်းကြီး) များ၏ ပွဲများတွင် လူစည်ကားလေ့ရှိသည်။

နှစ်စဉ်ပြုလုပ်သော နာမည်ကြီးဘုရားပွဲတခုမှာ သီပေါမြို့အထွက်ရှိ ဘော်ကြို ဘုရားပွဲဖြစ်သည်။ ထိုဘုရားပွဲကာလတွင် ပတ်ဝန်းကျင်ကျေးရွာများမှ ဘုရားဖူးလာသူ ဒေသခံများ၏ ကားများ၊ ထော်လာဂျီများဖြင့် ကားလမ်းတလျှောက် ပြည့်ကြပ်နေပြီး တနေကုန်နီးပါး ယဉ်ကြောပိတ်ဆို့လေ့ရှိသည်။ ဤသို့ဖြစ်ပွားသည်ကို တာဝန်ရှိသူများက မရှင်းလင်းနိုင်ခြင်း၊ တောင်ပေါ်ကျေးလက်မှ ဒေသခံတိုင်းရင်းသားအများစုမှာ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းသဘောပေါက်မှုအားနည်းခြင်း၊ ဘာသာရေးပွဲများဖြစ်၍ အတင်းဖိအားပေး ကိုင်တွယ်အမိန့်ပေး၍ မရခြင်းတို့ကြောင့်ဖြစ်သည်။

လမ်းကြောင်းပေါ်ရှိ ဤပုံမှန်ဘုရားပွဲအပြင် ရံဖန်ရံခါပြုလုပ်သည့် နာမည်ကြီးဆရာတော်များ၏ ဘုရားပွဲ၊ အစိုးရက ကမကထပြုသည့် ဘုရားပွဲများ ပြုလုပ်သည့် ကာလများတွင်လည်း ယဉ်ကြောပိတ်လေ့ရှိသည်။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတွင် မိုင်ဖုန်းဆရာတော် ကမကထပြုတည်သည့် လွယ်ဆမ်ဆစ်တောင်ပေါ်ဘုရားပွဲကြောင့် ကွတ်ခိုင် အနီးတွင် တနေကုန် ယာဉ်ကြောပိတ်သည်ကို ကြုံတွေ့ခဲ့ရသည်။ ဤသို့သော ယာဉ်ကြောပိတ်ဆို့မှုပြဿနာမှာ ခြွင်းချက်ပြဿနာဟု ဆိုရမည်ဖြစ်သော်လည်း ထည့်သွင်းစဉ်းစားထားရမည့် ပြဿနာဖြစ်ပါသည်။

မြို့ရှောင်လမ်း

လက်ရှိအခြေအနေတွင် အဆိုပါလမ်းမကြီး၌ မြို့ရှောင်လမ်း မရှိသေးသည့်မြို့များမှာ နန့်ဖတ်ကာ၊ ကွတ်ခိုင်၊ သိန္နီ၊ သီပေါ ၊ နောင်ချိုတို့ဖြစ်သည်။ ယခင် တမြို့နှင့်တမြို့ သာမန်ဆက်သွယ်သွားလာစဉ်က ကားအသွားအလာ နည်းပါးသည်ဖြစ်ရာ မြို့တွင်းမှ ဖြတ်သန်းသွားလာမှုနှင့် ပတ်သက်၍ သိသာသော ထူးခြားမှု မရှိပေ။ သို့သော် နယ်စပ်ကုန်သွယ်ရေး မြင့်မားလာသည်နှင့် ကားကြီးကားငယ်များစွာ ဖြတ်သန်းသွားလာမှု ပြုလာရာ ယခုအခါ နေ့စဉ် ကားကြီး၊ ကားငယ် ၄၀၀၀ အထက် ဥဒဟို သွားလာနေသည့် အချိန်ဖြစ်သည်။

ကားလမ်းများသည့် မြို့၏ အဓိကမြို့လယ်ခေါင်လမ်းမကြီးမှ မောင်းနှင်သည်ဖြစ်ပြီး ကားလမ်းအတော်အသင့်ကောင်းမွန်သည်နှင့် အရှိန်မလျှော့ဘဲ မောင်းနှင်နေသော ကားကြီးကားငယ်များ၊ ကားတိ့ု၏ဆူညံသံများ၊ ကားမီးခိုးငွေ့များ၊ ကားများမောင်းနှင်၍ ထွက်ပေါ်လာသော ဖုန်လုံးတို့ဒဏ်ကို မြို့သူမြို့သားတို့ ခံနေရပေသည်။ ထိုသို့ ကားကြီးကားငယ်များ ဥဒဟိုဖြတ်သန်းသွားနေ၍ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ လမ်းဖြတ်ကူးရန် အခက်အခဲရှိနေသည့် အဖြစ်မျိုး ကြုံနေရသည်ဟု ဒေသခံများက ဆိုသည်။ အဓိက ကျောင်းဆင်းကျောင်းတက်ချိန်များ၊ ဈေးစည်ကားနေသည့်အချိန်များတွင် လူများ ယာဉ်ရှုပ်ထွေးမှုများဖြစ်ပြီး ယာဉ်အန္တရယ်စိုးရိမ်နေရသည်။ ထို့ပြင် အဆိုပါဒေသ၍ မြို့ ပြဈေးသို့လည်းကောင်း၊ ဆေးရုံများသို့လည်းကောင်း လာကြသည့် တောင်ပေါ်သားများမှာ ဘာသာစကား အခက်အခဲရှိသည့်အပြင် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများကို နားမလည်ကြပေရာ ယာဉ်မတော်မဆမှုများ၊ ယာဉ်အန္တရာယ်များ တိုးပွါးလာနေသည်ဟု ဒေသခံများက ဆိုပါသည်။

သို့ဖြစ်ရာ မန္တလေး-မူဆယ် ကားလမ်းမတွင် မူစယ်၊ လားရှိုး၊ ကျောက်မဲ၊ ပြင်ဦးလွင်၊ မန္တလေးတိ့ုမှာ မြို့ ရှောင်လမ်းများ ဖေါက်လုပ်ထားပြီးဖြစ်သော်လည်း မြို့ရှောင်လမ်း မဖေါက်ရသေးသည့် နန့်ဖတ်ကာ၊ ကွတ်ခိုင်၊ သိန္နီ၊ သီပေါနှင့် နောင်ချိုတို့တွင် မြို့ ရှောင်လမ်း မဖြစ်မနေ ဖေါက်လုပ်ရန် လိုအပ်သည်။

ဤအဆိုပါမြို့ များရှိ မြို့ မျက်နှာဖုံးဆိုသူ စီးပွါးရေးသမား အချို့၏ အမြင်ကို သတိပြုရန် လိုသည်။ ကားလမ်းမတလျောက်မြို့ များတွင် တစုံတရာ စီးပွားရေးတောင့်တင်းသူအချို့သည် မြို့ မျက်နှာဖုံးများအဖြစ် ရပ်တည်နေကြရာ ၎င်းတို့ ၏ သဘောထားမှာ မြို့ စည်ကားစေရန်အတွက် မြို့ရှောင်လမ်းမဖေါက်လုပ်ဘဲ မြို့ တွင်းမှ ဖြတ်သန်းဖေါက်လုပ်ရန် အဆိုပြုကြသည်။ ၎င်းတို့သည် မြို့ လယ်လမ်းမပေါ်တွင် စားသောက်ဆိုင်၊ ကုန်စုံဆိုင်စသည့် စီးပွါးရေးလုပ်ငန်းများရှိကြရာ ကားစီးရေထောင်အချို့ ဖြတ်သန်းသွားနေရာ ကားစီးရေ ရာဂဏန်းမျှက နေ့စဉ် ဝယ်ယူစားသုံးပင်လျင် တနှစ်ပတ်လုံးအရ ၎င်းတို့၏ စီးပွါးမြင့်တက်နိုင်သည်ကို တွက်ချက်၍ ပြောဆိုရပ်ခံလေ့ရှိပါသည်။

အမှန်ပင် မြို့တွင်းမှ အဝေးပြေးလမ်းဖြတ်သန်းပါက မြို့ လယ်လမ်းမရှိ အရောင်းအဝယ်လုပ်ငန်းအချို့ စီးပွါးရေးကောင်း နိုင်သော်လည်း မြို့ခံလူထုအများစုမှာ အကျိုးမရှိဘဲ ယာဉ်အန္တရယ်နှင့် ကြုံရပေသည်။ လက်ရှိ ၄ လမ်းသွားချဲ့ထွင်ဖေါက် လုပ်ရာ၌ အိုရီယမ်တယ်ဟိုက်ဝေးကုမ္ပဏီအနေနှင့် မူလက မြို့ ရှောင်လမ်းဖေါက်လုပ်ရန် စဉ်းစားခဲ့သည်ဟု သိရသော်လည်း လက်တွေ့တွင် ကွတ်ခိုင်မြို့ တွင်းမှ ဖြတ်သန်းဖေါက်လုပ်ခြင်းမှာ စီးပွါးရေးသမားအချို့၏ တိုက်တွန်းချက်ဟု သိရပါသည်။ လက်ရှိမြို့တွင်းမှ ဖြတ်သန်းတိုးချဲ့ ဖေါက်လုပ်မှုကြောင့် ဒေသခံမြို့ လူထုအများစုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ မကျေလည်မှု ဖြစ်နေသည်ကို တွေ့ရသည်။

ထို့ပြင် တကယ့်လက်တွေ့တွင်လည်း အဆိုပါ လမ်းမကြီးတွင် ကုန်သွယ်မှု မြင့်မားလာသည်နှင့်အမျှ ဖြတ်သန်းသွားလာမည့် ကားအရေအတွက် တိုးပွားလာမည်ဖြစ်ပေရာ လူနေထူထပ်သည့်မြို့များအတွင်းမှ ဖြတ်သန်းသည်မှာ ဖြစ်သင့်သည့် အချင်းအရာ မဟုတ်ပေရာ မြို့ ရှောင်လမ်း မဖေါက်လုပ်ရသေးသည့်မြို့များတွင် မြို့ရှောင်လမ်းများ မဖြစ်မနေဖေါက်လုပ်ရန် လိုအပ်ပါသည်။

သိန္နီ-ကွန်လုံလမ်းပိုင်းမှ သတိပြု ရမည့်အချက်များ

ပထမအချက်မှာ သိန္နီ မှ နန့်ဇလပ်ကြား ကီလို ၃၀ မိုင် ခန့်သည် ရွာစဉ်များဆက်နေပြီး ရွာလယ်လမ်းမများကျဉ်းမြောင်းသည်။ နန့်ဇလပ်နှင့် နားတီးကြား ၁၈ ကီလိုမိုင်မှာ မူ ရွာစဉ်အနည်းငယ် ကွာဝေးသည်။ မည်သို့ပင်ဖြစ်စေ သိန္နီနှင့်နန့်ဇလပ်ကြား ရွာစဉ်များဆက်ပြီး ရွာလယ်လမ်းမများ ကျ ဉ်းမြောင်းရာ ၄ လမ်း သွားလမ်း ဖေါက်လုပ်ပါက လမ်းတလျောက် ရွာစဉ်များမှ အရပ်သားအိမ်မြေများစွာထိခိုက်မည်။ ရင်ဆိုင် ဖြေရှင်းရမည့် ပြသနာများမည်ဖြစ်သည်။

လက်ရှိ ချင်းရွှေဟော်နယ်စပ်ဂိတ်၏ ကုန်သွယ်မှုမှာ မြန်မာအစိုးရ၏ တရားဝင်ထုတ်ပြန်မှုအရ ၂၀၁၇/၁၈ ကုန်သွယ်နှစ်တွင် အမေရိကန်ဒေါ်လာ ၅၇၂.၈၉၁ သန်းရှိသည်။ ၂၀၁၇/၁၈ ကုန်သွယ်နှစ် အတွင်း အမေရိကန်ဒေါ် လာ ၉၅၀.၃၉၀ သန်းရှိသည့် မြဝတီနယ်စပ်ဂိတ်၏ တဝက်သာသာခန့်သာ ရှိသည်ဖြစ်ရာ ယာဉ်အသွားအလာ ပိုမိုလျော့ကျသည်။

ထို့ပြင် သိန္နီ-ကွန်လုံလမ်းကြောင်းတွင် ကုန်သွယ်ယာဉ်များအပ ဒေသခံများသာ အသွားအလာရှိရာ မော်တော်ယာဉ် သွားလာမှု မများလှပေ။ တနာရီကျော်ခန့် မောင်းနှင်ရသည့် သိန္နီ-ကွန်လုံကြား၌ လက်တွေ့သွားလာရာတွင်လည်း မော်တော်ယာဉ် သွားလာမှု အလွန်ရှင်းသည်ကို တွေ့ရပါသည်။ လက်ရှိ ချင်းရွှေဟော်-သိန္နီ ကားလမ်းမှာ ၂၀၁၁ ခန့်က တိုးချဲ့ ဖေါက်လုပ်ခဲ့ပြီး ၂၀၁၄ ခန့်တွင် စတင်အသုံးပြုနိုင်သည့် နှစ်လမ်းမောင်းကားလမ်းဖြစ်သည်။ မော်တော်ယာဉ် အသွားအလာနည်း၍ လမ်းပျက်စီးမှု နည်းပြီး လက်ရှိအချိန်တွင် လမ်းကြောကောင်းမွန်သည်။ ထိုသို့သော အခြေအနေတွင် သိန္နီ-ကွန်လုံကြား လမ်းမအား ၄ လမ်း သွားလမ်းအဖြစ် တိုးချဲ့ ဖေါက်လုပ်သည်ထက် မြဝတီ-ကော့ကရိတ် အာရှလမ်းမ ကဲ့သို့ ၃၆ ပေလမ်း ( ၂ လမ်းသွားနှင့် ၄ လမ်းသွားကြားရှိ စကလမ်း) ဖောက်လုပ်ပါက သင့်လျော်မည်ဟု သုံးသပ်ရပါသည်။

ဒုတိယအချက်မှာ သိန္နီမှ စတင်တိုင်းထွာလျင် ကီလိုမိုင် ၆၀ မှ ကီလို မိုင် ၇၂ မိုင်ကြား ( နားတီးနှင့် ကွန်လုံကြား ) တွင် လမ်းဘေးတလျှောက် တောင်ကြောမှာ ဗြုံးတောင်များဖြစ်၍ အမြဲတစေ တောင်ပြို ကျလျက်ရှိပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွါးလေ့ရှိရာ ထိုလမ်းပိုင်းအား အမြဲတစေ စောင့်ကြည့်ထိန်းသိမ်းရန်လိုအပ်သည်။ မြေထိန်းနံရံများ ဆောက်လုပ်၍ရပါက ဆောက်လုပ်ရန် လိုအပ်ပါသည်။

တတိယအချက်မှာ ကွန်လုံမြို့ လယ်မှ ဖြတ်သန်းထားသည့် ကြိုးတံတားမှာ ကုန်တင်ကားကြီးများ ဖြတ်သန်းရန် မဖြစ်နိုင်ပါ။ ၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ်အတွင်း အဆိုပါ ကွန်လုံတံတားအား တရုတ်အကူအညီဖြင့် ဆောက်လုပ်ပေးရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ဆောက်လုပ်နိုင်ခြင်း မရှိသေးပါ။ ၂၀၁၈ ခုနှစ် ဇူလိုင်လဆန်းက သိရှိရသော သတင်းအချက်အလက်အရ ကွန်လုံတံတားအသစ်အား ဆောက်လုပ်ရန် နေရာရွေးချယ် ထားပြီးဖြစ်သည်ဟု ဆိုသည်။ တံတားတည်ဆောက်ရန် ရွေးချယ်ထားသောနေရာမှာ ကွန်လုံမှ သိန္နီဘက်သို့ အထွက် ၅ ကီလိုမိုင်အကွာခန့်တွင်ရှိသော ဟူလီကျေးရွာနယ်မြေအတွင်းဖြစ်သည်ဟု သိရသည်။ လက်တွေ့တည်ဆောက် ရေးလုပ်ငန်းများ အစပြု နိုင်ခြင်း မရှိသေးပါ။ အဆိုပါတံတား မပြီးသေးဘဲ ကုန်သွယ်မှု ၊ မော်တော်ယဉ်သွားလာမှုများအား အရှိန်မြှင့်၍ လုပ်နိုင်မည် မဟုတ်ပါ။

စတုတ္ထအချက်အနေနှင့် သိန္နီမြို့ အား မြို့ရှောင်လမ်း ဖေါက်လုပ်နိုင်သော်လည်း ကွန်လုံအား မြို့ ရှောင်လမ်းဖေါက်လုပ်ရန် ခက်ခဲပါသည်။

ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် ဖက်ဒရယ်၊ တိုင်းရင်းသားရေးရာနှင့် နယ်စပ်ရေးရာများကို လေ့လာစမ်းစစ်သော သုတေသီတဦး ဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန်မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၁

The post မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၂ appeared first on ဧရာဝတီ.

ရောက်လာတော့မယ့် တရုတ်ပိုးလမ်းမကို မျှော်ကြည့်ခြင်း

$
0
0

ပြီးခဲ့တဲ့ ၂၃ ရက်နေ့က ပေကျင်းမြို့မှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (BRI) ဖိုရမ်ကို သွားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်က မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်ကိုပဲ ဖြည့်ဆည်း ပေးမှာလား၊ ရခိုင်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာ ဖိအားများနေချိန်မှာ တရုတ်ပါဝါကို ဆွဲယူဖို့ အလျော်အစားတွေလား ဆိုတာ စဉ်းစားစရာ အများကြီး ဖြစ်ပေါ်စေခဲ့တယ်။

ပြည်သူအများ တခဲနက် ထောက်ခံမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီး နောက်ပိုင်းမှာ ပြည်သူအများ စိတ်ဝင်စားကြတဲ့ စီမံကိန်းတွေ၊ နိုင်ငံတကာ ဆက်ဆံရေးတွေနဲ့ နိုင်ငံရဲ့ ရှေ့အနာဂတ် မျှော်လင့်ချက်တွေကို ပြည်သူတွေသိအောင် ချပြမှုအားနည်းခဲ့ပြီး ခေတ်အဆက်ဆက် အာဏာရှင်အစိုးရတွေရဲ့ လုပ်ပုံတွေအတိုင်းပဲ ဆက်လက် ကျင့်သုံးနေခဲ့တာကတော့ ပြည်သူအများက အားမလိုအားမရ ဖြစ်လာကြတယ်။

ဒီတခေါက် တရုတ်ပြည် ခရီးစဉ်မှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင့်၊ စီးပွာေးရးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုဝန်ကြီး ဦးဆက်အောင် တို့လို လူတွေပါ လိုက်ပါသွားကြတာကို ကြည့်ခြင်းအားဖြင့် ဒီနေ့အချိန် ပြန်လည်ခေတ်စားလာတဲ့ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း၊ ကျောက်ဖြူ – ကူမင်း ရထားလမ်းနဲ့ ကားလမ်းကိစ္စ၊ မန္တလေး – မူဆယ် ရထားလမ်း ကိစ္စတွေ ပြောဆိုကြမလားလို့ မှန်းဆချက်တွေ ပိုမို ထွက်ပေါ်လာစေခဲ့ပါတယ်။

ဒီဖိုရမ်မစခင်ကတည်းက BRI သဘောတူညီချက် တွေနဲ့ ပက်သက်ပြီး အင်ဒိုနီးရှား၊ မလေးရှား ခေါင်းဆောင်တွေက စည်းကမ်းချက်တွေ၊ ပြဋ္ဌာန်းချက်တွေကို လူသိရှင်ကြား ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ ဒီခရီးစဉ်အတွက် ဘာတွေလုပ်မယ်ဆိုတာ မြန်မာပြည်သူတွေသိအောင် ကြေညာခဲ့ခြင်း မရှိပါဘူး။

ဒီတခေါက် တရုတ်နိုင်ငံ ခရီးစဉ်နဲ့ ပက်သက်ပြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ဒုတိယ အမြဲတမ်း အတွင်းဝန်ဆီကို ဆက်သွယ်ရာမှာ သူကိုယ်တိုင် အခုခရီးစဉ်ရဲ့ အသေးစိတ် အစီအစဉ်တွေကို မသိရှိခဲ့ဘူးလို့ ပြန်ပြောပြပါတယ်။

“ကျနော်တို့ တကယ့်ကို မသိတာ။ ကျနော်လည်း သိရင် သိတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ သတင်းအဖွဲ့တွေကို ရှောင်ပြီးတော့ ဖြေတဲ့အဖွဲ့ထဲမှာ ကျနော်တို့ မပါပါဘူး။ နိုင်ငံတော်အဆင့်ပဲ အစည်းအဝေးတွေ လုပ်ကြတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ဖူးတဲ့ နိုင်ငံရဲ့ အမျိုးသားစီမံကိန်းတွေနဲ့ ကိုက်ညီရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တာဝန်ယူ တာဝန်ခံမှုတွေ ရှိရမယ်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရမယ်၊ ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရမယ်ဆိုတဲ့ အချက်တွေနဲ့ ဒီ BRI ဖိုရမ်မှာ ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဖိုရမ်မတိုင်ခင်ကတည်းက တရုတ်နိုင်ငံအနေနဲ့ BRI နဲ့ ပက်သက်တဲ့ စီမံကိန်း ၆ ခုလောက်ကို ဒီဖိုရမ်မှာ ညှိနှိုင်းပြီး သဘောတူစာချုပ် ချုပ်ဆိုနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့သလို BRI စီမံကိန်းနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံအတွက် စီမံကိန်း ၃၀ ကို အဆိုပြုထားပါတယ်။

မြန်မာနိုင်ငံ အနေနဲ့တော့ တရုတ်နိုင်ငံက အဆိုပြုထားတဲ့ စီမံကိန်း ၃၀ အနက်က အဓိက ၉ ခုကို အရှိန်မြှင့် ဆောင်ရွက်ဖို့ သဘောတူထားတဲ့အကြောင်း မန္တလေးတိုင်း၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ BRI အဖွဲ့ရဲ့ ပူးတွဲကော်မတီဝင် ဦးမြတ်သူက ဧရာဝတီကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ပြောထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း ဝန်ကြီးချုပ်ရဲ့ ထုတ်ဖော်ပြောကြားချက်အရ BRI စီမံကိန်းရဲ့ ကနဦးအဖြစ် မန္တလေးကနေ တရုတ်နယ်စပ် ကုန်သွယ်ရေး အဓိကမြို့ဖြစ်တဲ့ မူဆယ်မြို့အထိ ရထားလမ်းဖောက်လုပ်ဖို့ ကနဦး စမ်းသပ်မှုအဖွဲ့တွေတောင် ဖွဲ့စည်း တိုင်းထွာနေပြီဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ဘယ်ဟာတွေ အဓိကလုပ်ဖို့ ပြင်ဆင်နိုင်မလဲ

ကနေ့အချိန်အထိ မြန်မာအစိုးရဘက်က တရုတ်နဲ့ ဘယ်လိုစာချုပ်တွေ ချုပ်ဆိုခဲ့ပြီးပြီးဆိုတာ မြန်မာ ပြည်သူတွေကို တိတိကျကျ ထုတ်ပြန် မပေးသေးပေမယ့် အနည်းဆုံး စာချုပ် ၃ ခုလောက်တော့ ချုပ်ဆိုပြီး ဖြစ်ကြောင်း ကြားသိရတယ်။

အဲဒီအပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် တရုတ်ငွေ ယွမ် သန်း ၁၀၀၀ ကို ကူညီတယ် ဆိုတာလည်း ဘယ်လောက်အထိ နှောင်ကြိုးတွေ ပါမလဲဆိုတာ စဉ်းစားစရာဖြစ်စေတယ်။

၂၀၁၄ ခုနှစ်ကတည်းက သဘောတူစာချုပ် ချုပ်ထားပြီးဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ကူမင်းအထိ တိုက်ရိုက် ဆက်သွယ်မယ့် ရထားလမ်းရဲ့ အစိတ်အပိုင်းထဲက ကနဦးအနေနဲ့ မန္တလေး – မူဆယ် ရထားလမ်းကတော့ သေချာနေပြီဖြစ်ပါတယ်။

BRI နဲ့ ပက်သက်ပြီး ကနဦး နိုင်ငံ ၇၀ ပါဝင်ခဲ့ပေမယ့် အခုဆိုရင် အီတလီလို ဥရောပနိုင်ငံတွေအထိပါ နိုင်ငံပေါင်း ၂၆ နိုင်ငံ ပါဝင်လာတဲ့အတွက် မိမိတို့လို ဖွံ့ဖြိုးဆဲ နိုင်ငံငယ်လေးအတွက်ကတော့ ငြင်းပယ်ရနိုင်မယ် မထင်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

“တရုတ်က သူ့အင်နဲ့အားနဲ့ ဇောက်ချလုပ်တာကိုး။ အဓိကကတော့ ကျနော်တို့တိုင်းပြည်အတွက် ဘာ အကျိုးရှိမလဲ၊ ဖြတ်သွားမယ့် လမ်းတွေမှာ ကျနော်တို့က ဘယ်လို ထိန်းချုပ်ခွင့်ရှိမလဲဆိုတာက ပိုအရေးကြီးမယ် ထင်တယ်။ လုံးဝဆန့်ကျင် ငြင်းပယ်ဖို့ကတော့ မဖြစ်နိုင်ဘူးထင်တယ်” လို့ သူက ဆိုပါတယ်။

BRI စီမံကိန်းအရ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံတို့လိုတွေမှာ တည်ဆောက်ခဲ့တဲ့ မီးရထားစီမံကိန်း တချို့ဆိုရင် တရုတ်နိုင်ငံအနေနဲ့ စီမံကိန်း လမ်းတလျှောက်မှာ ရှိနေတဲ့ မြေယာတွေကို နှစ်ရှည် ငှားရမ်းတယ် ဆိုတဲ့နည်းနဲ့ တရုတ်တွေရဲ့ စိတ်ကြိုက်စီမံခွင့်ရအောင် ပြုလုပ်ခဲ့တဲ့ နည်းလမ်းတွေကို သတိထားဖို့လိုတယ်လို့ သူက ဆက်ဆိုတယ်။

အဲဒီ နမူနာတွေကို မြန်မာအစိုးရအနေနဲ့ သင်ခန်းစာယူပြီးတော့ မိမိတို့နိုင်ငံမှာ လာလုပ်မယ့် မန္တလေး – မူဆယ် ရထားလမ်းမျိုး၊ ကားလမ်းမျိုးဆိုရင်တော့ မိမိတို့တိုင်းပြည်ရဲ့ အစိုးရစီမံခန့်ခွဲမှုအောက်မှာ ရှိနေဖို့ကို စီမံ သင့်တယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်တယ်။

“တရုတ်စီမံကိန်းတွေ လာအိုမှာ၊ ကမ္ဘောဒီယားမှာ ဖြစ်ခဲ့သလို မြေသိမ်းမှု ပြဿနာတွေက ဒီမှာလည်း သေချာပေါက် ဖြစ်လာမှာပဲ။ ပြဿနာက အကြီးကြီးဗျ။ ဒါကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ခဲ့ရင် အစိုးရမှာလည်း အခက်အခဲတွေ့မယ်။ ပြည်တွင်းမှာလည်း တရုတ်ဆန့်ကျင်ရေးက ပိုများလာမယ်” လို့ သူက ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ NLD အစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ ပက်သက်တဲ့ ကုန်သွယ်ရေး၊ စီမံကိန်းတွေမှာ သတိထား ဆောင်ရွက်နေတဲ့ သဘောမျိုး တွေ့ရတယ်လို့ Sandhi Governance Institute က ဦးခိုင်ဝင်းက ပြောပါတယ်။

တရုတ်နိုင်ငံက အဆိုပြုထားတဲ့ ဦးစားပေး စီမံကိန်း ၃၀ ထဲမှာ လမ်းတံတားကိစ္စတွေ၊ ဆိပ်ကမ်းကိစ္စတွေ၊ ဓာတ်မြေသြဇာ စက်ရုံကိစ္စတွေ၊ သန်လျင် ရေနံချက်စက်ရုံကိစ္စတွေလို အများအပြားပါပေမယ့် အခု ခရီးစဉ်မှာတော့ ဒီဟာတွေအားလုံးကို ပါဝင်သွားဖို့ မြန်မာအစိုးရအနေနဲ့ စီစဉ်ဖွယ် မရှိသေးဘူးလို့ သူက သုံးသပ်ပါတယ်။

ဒါ့အပြင် မန္တလေး – မူဆယ် ရထားလမ်း တည်ဆောက်ရေးမှာ မန္တလေးကနေ လားရှိုးအထိ ရှိနေပြီးတဲ့ ရထားလမ်းဟောင်း နေရာကို အဓိက အသုံးပြုဖွယ်ရှိပြီး ကျန်တဲ့မူဆယ်အထိ ရထားလမ်းဖောက်လုပ်ရာမှာသာ မြေသိမ်းမှုတွေ ရှိလာနိုင်ခြေများတဲ့အတွက် အသိမ်းခံရမယ့် မြေယာ အများအပြား မရှိနိုင်ဘူးလို့ သူက ယူဆထားပါတယ်။

“နောက်ပြီး ဒီအစိုးရလက်ထက်မှာ မြေသိမ်းကိစ္စတွေ ပေါ်လာမှာပဲဆိုပေမယ့် စည်းနဲ့ ကမ်းနဲ့ သိမ်းမယ်လို့ ကျနော်ယူဆတယ်။ အရင်အစိုးရတွေတုန်းကလို လုပ်ချင်တိုင်း လုပ်လို့ မရတော့ဘူး” လို့ ဦးခိုင်ဝင်းက ဆိုပါတယ်။

အဲဒီထက်ပိုတာက အရင်အစိုးရအဆက်ဆက် ခေတ်တွေကလို စီမံကိန်းတခုကို အကောင်အထည် ဖော်မယ် ဆိုရင် နီးစပ်ရာတွေကို လက်သိပ်ထိုးပေးတဲ့ အလေ့အထထက် ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ်မယ့်စနစ်ကို ကျင့်သုံးလာတာ များလာတယ်လို့ သူက ပြောပါတယ်။

တကယ်လို့ မန္တလေး – မူဆယ် ရထားလမ်းကိစ္စမှာ တရုတ်နိုင်ငံက ကုမ္ပဏီတွေပဲ ရနိုင်ခြေများတယ်ဆိုပေမယ့် တင်ဒါခေါ်တဲ့အခါမှာ တရုတ်ကုမ္ပဏီတွေသာမကဘဲ တခြားကုမ္ပဏီတွေလည်း ပါဝင်ခွင့် ရနိုင်မယ်လို့ သူက ဆက်ပြောတယ်။

ဦးမောင်မောင်စိုးက NLD အစိုးရဟာ အရင်အစိုးရများရဲ့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို နေရပ်ရင်းနေ ပြည်သူတွေမထိခိုက်၊ မနစ်နာအောင် ဆောင်ရွက်ဖို့တော့ လိုအပ်တယ်လို့ ပြောပါတယ်။

မန္တလေး – မူဆယ် ရထားလမ်းဆိုရင် ရှမ်း၊ ကချင်စတဲ့ ဒေသခံတွေနေတဲ့ နယ်မြေတွေကို ဖြတ်သန်း သွားလာရမှာ ဖြစ်တာကြောင့် အဲဒီ ဒေသခံတွေအတွက် ဘာလုပ်ပေးမှာလဲ၊ သူတို့တွေအတွက် ဘယ်လို ဖွံ့ဖြိုးအောင် လုပ်မှာလဲက အင်မတန် အရေးကြီးတယ်လို့ သူက ဆက်ပြောတယ်။

“မလုပ်ပေးနိုင်ရင်တော့ ဒေသခံတွေက ဒါကိုငြိုငြင်မှာပဲ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူက မဒေးကျွန်းကိစ္စဆိုရင် ဒေသခံတွေက ငုတ်တုတ်ထိုင် ကြည့်နေကြရတယ်။ အခုချိန်ထိ ဒေသခံတွေ မီးတောင် မရသေးဘူး” လို့ သူက ဆိုပါတယ်။

မြစ်ဆုံစီမံကိန်း ပါနိုင်မလား

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းမှာက ၇ ခုအထိ ရှိခဲ့ပြီး အဓိက ရေမြုပ်နိုင်ခြေနဲ့ အရပ်သားထိခိုက်မှု အကြီးဆုံးတွေက ဧရာဝတီမြစ်ဆုံက ဆည်စီမံကိန်းနဲ့ မလိခမြစ်ပေါ်က ဆည်စီမံကိန်းတို့ပဲဖြစ်ပါတယ်။ ကျန်တဲ့ မေခမြစ်ပေါ်က စီမံကိန်း ၅ ခုကတော့ ဝေးလံခေါင်ဖျားပြီး ပတ်ဝန်းကျင် ကျေးရွာတွေမှာကလည်း ရွာသေးသေးလေးတွေသာ ဖြစ်တာကြောင့် အဲဒီ စီမံကိန်းတွေကတော့ ဖြစ်သွားနိုင်ခြေရှိမယ်လို့ ပညာရှင်တချို့က ယူဆနေကြပါတယ်။

“ဒီတခေါက်မှာ တကယ်လို့ လျှပ်စစ်စီမံကိန်း တခုခုပါမယ်ဆိုရင်တောင် မေခမြစ်တလျှောက်က စီမံကိန်း ၅ ခုထဲက တချို့တော့ ပါကောင်းပါနိုင်တယ်။ အဲဒီဘက်မှာ တချို့စီမံကိန်းဆိုရင် ရွာသေးသေးလေး တရွာ၊ နှစ်ရွာ လောက်ပဲ ထိခိုက်တာ။ ဒါကျတော့ ဖြေရှင်းလို့ရတယ်” လို့ သူကိုယ်တိုင် အဲဒီ စီမံကိန်းနဲ့ ပက်သက်ပြီး ပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်း (EIA) ကောက်ရာမှာ ပါဝင်ခဲ့ဖူးတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

အဲဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဧပြီ ၂၄ ရက်နေ့က တွေ့ဆုံစဉ်ကလည်း ပြည်သူ အချင်းချင်း ဆက်ဆံရေးနဲ့ လူမှုဘဝမြှင့်တင်ရေးဆိုတဲ့ အချက်တွေကို ထည့်သွင်းပြောကြား သွားတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အလေးထားမလား ဆိုတဲ့ စဉ်းစားစရာတွေ အများကြီး ဖြစ်ပေါ်စေခဲ့တယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်သံအမတ်က ကချင်ပြည်နယ်က နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံခဲ့ပြီး မြစ်ဆုံစီမံကိန်းကို ပြန်စချင်တဲ့အရိပ်အယောင်တွေ ထွက်ပေါ် လာခဲ့လို့ မြစ်ဆုံစီမံကိန်းကို အစဉ်တစိုက် ကန့်ကွက်ခဲ့ကြတဲ့ မြန်မာပြည်တွင်း လူမှုအဖွဲ့အစည်းတွေ၊ တက်ကြွ လှုပ်ရှားသူတွေက မြစ်ဆုံကို ပြန်ရွေးကြမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတွေ တန်ပြန်လုပ်ခဲ့ကြတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းနဲ့ ပက်သက်ပြီး တရုတ်နိုင်ငံနဲ့ ပြန်ဆွေးနွေးမလား ဆိုတာကို တိတိကျကျ မပြောနိုင်ပေမယ့် လက်ရှိအစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းသာ ပြန်စခဲ့မယ်ဆိုရင် မြန်မာလူထုရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေကို တွေ့လာရမှာဖြစ်တယ်လို့ Sandhi Governance Institute က ဦးခိုင်ဝင်းက ဆိုပါတယ်။

“မြစ်ဆုံကိစ္စက အစိုးရအတွက်လည်း အခက်အခဲရှိတယ်။ လာမယ့်ရွေးကောက်ပွဲအထိပါ သက်ရောက် သွားနိုင်တယ်။ တရုတ်အစိုးရ အနေနဲ့လည်း ပြန်စဖို့ လုပ်မယ်မထင်သေးဘူး။ ဒါပေမယ့် ထွက်ပေါက် တခုခုတော့ အဖြေရှာကြမယ် ထင်တယ်။ တခြားတခုခုနဲ့ အစားထိုးမလား ဆိုတဲ့ ပုံစံပေါ့” လို့ သူက ဆက်ပြောတယ်။

ဒါပေမယ့် ပိုးလမ်းမ စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက လုပ်ရမယ့်နေရာတွေ တော်တော်များများက လက်ရှိ မငြိမ်းချမ်းသေးတဲ့ နယ်မြေတွေ ဖြစ်နေတာကြောင့် မြန်မာ့ငြိမ်းချမ်းရေးကို တရုတ်က တပ်မတော်အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကိုပါ အစဉ်တစိုက် ဖိအားပေးလာတာကို တွေ့ရတယ်။

အထူးသဖြင့် အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လမ်းကြောင်းကို တက်လှမ်းကြဖို့အတွက် တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံတိုင်း ပြောကြားနေခဲ့တယ်။ NCA စာချုပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က အခု တပ်မတော်က စွဲကိုင်ထားတဲ့ မူဝါဒတချို့ဟာ NCA လက်မှတ်ထိုးဖို့မှာ အခက်အခဲတွေ ရှိနေတာကို လူသိရှင်ကြား ပြောကြားထားကြတယ်။

တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေဆိုရင် တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတိုင်း ဒီ NCA လက်မှတ်ထိုးဖို့ချည်း တိုက်တွန်းနေတာကြောင့် တွေ့ဆုံဖို့တောင်မှ တော်တော် စဉ်းစားကြရတယ်လို့ ဆိုကြတယ်။

အဲဒါကြောင့် မြန်မာ့ငြိမ်းချမ်းရေးနဲ့အတူ တရုတ်နိုင်ငံရဲ့ အိပ်မက်ဖြစ်တဲ့ ပိုးလမ်းမ စီမံကိန်းဟာ တော်တော်လေး အရေးပါနေတယ်။ လက်ရှိ ရှိနေပြီးသား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေကို ဖြတ်သန်းထားတဲ့ စီမံကိန်းတွေမှာ တရုတ်ရဲ့ အကျိုးစီးပွားနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း အကျိုးခံစားနေရတာ ရှိနိုင်မှာပဲ ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

“အဓိကကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း အခွန်ဆောင်နေကြမှာပဲ။ အခွန်ပေးနေရင် ဘယ်အဖွဲ့က နှောင့်ယှက်မှာလဲ။ တရုတ်ရဲ့ ပါဝါကြောင့်မဟုတ်ဘူး။ မပေးဘဲနေကြည့်၊ ချမှာပဲ။ ဘန်ကောက် ကနေ ဆွဲထားတဲ့ ပိုက်လိုင်းဆို ကရင်လက်နက်ကိုင်အဖွဲ့ (KNU) အနေနဲ့ မရပဲနေမလား။ မရကြည့် အဲဒီပိုက်လိုင်း ပျက်တာ ကြာလှပြီ။ သူတို့ကလည်း ရံပုံငွေရရင် ခွင့်ပြုကြမှာပဲ” လို့ ဦးမောင်မောင်စိုးက ဆိုတယ်။

လက်ရှိ အစိုးရအနေနဲ့ တရုတ်နဲ့တွေ့ဆုံတဲ့အခါမှာ နယ်စပ် ကုန်သွယ်ရေးကိုလည်း အလေးထား ဆောင်ရွက်ဖို့ လိုပါတယ်၊ အထူးသဖြင့် တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးနဲ့ ပက်သက်ပြီး ထိန်းညှိပေးနိုင်မယ့် ပေါ်လစီ တခုခုကို ချမှတ်နိုင်မှ ရမယ်လို့ သူက ဆက်ပြောပါတယ်။

မူဆယ် နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က ပို့ကုန်တွေဟာ တရားဝင်လမ်းကြောင်းအဖြစ် ရှိနေခဲ့ပေမယ့် တရုတ်နိုင်ငံဘက် အခြမ်းမှာတော့ တရားမဝင်ဖြစ်နေတဲ့ ပုံစံက မြန်မာ့ကုန်သည်နဲ့ တောင်သူတွေအတွက်က အခက်အခဲကြီး ဖြစ်နေသေးတယ်လို့ သူက ပြောပါတယ်။

“ဖရဲသီး သယ်သွားတယ်။ မူဆယ်ရောက်တော့ ပိတ်လို့ဆိုပြီး လွှင့်ပစ်ကြရတယ်။ နွားသယ်သွားတယ်။ တော်ကြာ ပိတ်ပြန်ပြီလုပ်တယ်။ သွင်းခွင့်ပေးလိုက်၊ မပေးလိုက်နဲ့။ ဆန်မှာလည်း ကျနော်တို့ကသာ တရားဝင်သွင်းနေတာ။ ဟိုဘက်မှာ မှောင်ခိုလို ဖြစ်နေတာ။ ဒါကို အစိုးရအနေနဲ့ ကိုင်တွယ်ဖို့လိုတယ်” လို့ ဦးမောင်မောင်စိုးက မှတ်ချက်ပြုပါတယ်။

The post ရောက်လာတော့မယ့် တရုတ်ပိုးလမ်းမကို မျှော်ကြည့်ခြင်း appeared first on ဧရာဝတီ.

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း –၃

$
0
0

လမ်းကြောင်းတလျောက် လုံခြုံရေးအခြေအနေ

လမ်းကြောင်းပေါ်ရှိ မန္တလေးနှင့် ပြင်ဦးလွင်သည် တိုင်းမြို့နှင့် ခရိုင်မြို့များဖြစ်ပြီး တိုင်း/ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူပါသည်။ မန္တလေးတွင် တပ်မတော်မှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်ပြီး၊ ပြင်ဦးလွင်မြို့ တွင် တပ်မတော်တပ်ရင်း တပ်ဖွဲ့အများအပြားရှိသော တပ်မြို့ ဖြစ်သော်လည်း နယ်မြေလုံခြုံရေးတွင် တပ်မတော်မှ ဝင်ပါစရာ မလိုအပ်ပေ။ ကားလမ်းဖြတ်သန်း ရာတလျှောက်တွင် မန္တလေးနှင့် ပြင်ဦးလွင်လမ်းပိုင်းတွင် လုံခြုံရေးစိတ်ချရဆုံး ဖြစ်ပါသည်။ တပ်မတော်၏ လုံခြုံရေးအဆင့်သတ်မှတ်ချက်အရ အဖြူရောင်နယ်မြေများ ဖြစ်ပါသည်။ ဒေသအုပ်ချုပ်ရေးဖွဲ့စည်းပုံအရ မန္တလေးတိုင်းအတွင်း ရှိပါသည်။

ပြင်ဦးလွင် အထက်ပိုင်း နောင်ချိုမှစ၍ မူဆယ်အထိဒေသမှာ ရှမ်းပြည်နယ်တွင်း၌ ပါဝင်သည်။ ဒေသခံများက ရှမ်းပြည်မြောက်ပိုင်းဟု ခေါ်ဆိုလေ့ရှိကြသည်။ တောင်ကြီး၌ ပြည်နယ်ရုံးစိုက်ပြီး လားရှိုး၌ ဒုပြည်နယ်မှူး ရုံးစိုက်၍ ခရိုင် ၃ ခုဖွဲ့စည်းထားသည်။ ၎င်းတို့မှာ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်နှင့် မူဆယ်ခရိုင်များဖြစ်ကြသည်။

(က) လားရှိုးခရိုင်
၁။ လားရှိုးမြို့ နယ်။
၂။ ကွန်လုံမြို့နယ်။
၃။ သိန္နီမြို့ နယ်
၄။ မိုင်းရယ်မြို့နယ်
၅။ တန့်ယန်းမြို့နယ်

(ခ) ကျောက်မဲခရိုင်
၁။ ကျောက်မဲမြို့နယ်
၂။ နောင်ချို မြို့နယ်
၃။ သီပေါမြို့နယ်
၄။ နမ့်ဆမ်မြို့နယ်
၅။ နမ္မတူမြို့နယ်
၆။ မန်တုံမြို့နယ်

(ဂ) မူဆယ်ခရိုင်
၁။ မူဆယ်မြို့နယ်
၂။ နမ့်ခမ်းမြို့နယ်
၃။ ကွတ်ခိုင်မြို့နယ်

ရှမ်းမြောက်ရှိ ခရိုင် ၃ ခုအတွင်းရှိ မြို့ နယ် ၁၄ ခုအနက် မြို့နယ် ၆ မြို့နယ်မှအပ မြို့ နယ် ၈ မြို့နယ်အား ဖြတ်သန်းသွားပါသည်။ ကျန် ၆ မြို့နယ်သည်လည်း အဆိုပါလမ်းမကြီးနှင့် ဆက်သွယ်ယှက်နွယ်လျက် ရှိပါသည်။

လုံခြုံရေးအရေးအနေနှင့် လားရှိုးတွင် ဒုပြည်နယ်ရုံးနှင့် ရဲတပ်ဖွဲ့၊ ရဲလုံထိမ်း တပ်ရင်းတရင်း ထားရှိသည်။ ထိ့ုအောက်တွင် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့များ ရှိပါသည်။ သို့သော် အဆိုပါရဲတပ်ဖွဲ့ မြို့ပေါ်နှင့် မြို့နီးချုပ်စပ် တဝိုက်တွင် ထွေအုပ်နှင့်တွဲ၍ ဒေသအုပ်ချုပ်ရေး၊ ရာဇဝတ်မှု နှင့်တရားမမှု များအား ထိန်းကြောင်းသည့် တာဝန်ယူပါသည်။ သို့သော် ဒေသလုံခြုံရေးတာဝန်ကို ယူနိုင်ခြင်း မရှိပါ။ နောင်ချိုမှစ၍ မူစယ်၊ နမ့်ခမ်းအထိ ဒေသတခုလုံးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ လှုပ်ရှားလျက်ရှိသည်။

၎င်းအဖွဲ့များမှာ KIO/KIA (ကချင်ပြည်လွတ်လပ်ရေးအဖွဲ့/ကချင်ပြည်လွတ်လပ်ရေးတပ်မတော်)၊ PSLF/TNLA ( ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းလွတ်မြောက်ရေးတပ်မတော်)၊ ULA/AA (ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော်)၊ MNDAA ( မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်/ကိုးကန့်) ၊ SSPP/SSA (ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်)နှင့် RCSS/SSA ( ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်) တိ့ုဖြစ်ကြသည်။

အထက်ပါ ၆ ဖွဲ့အနက် KIA/TNLA/AA/MNDAA/SSPP-SSA တို့မှာ အစိုးရနှင့် NCA ခေါ် တနိုင်ငံလုံပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူညီချက် လက်မှတ်ထိုးနိုင်ခြင်း မရှိသေးပါ။ ထိုအထဲမှ KIA/TNLA/AA/MNDAA အဖွဲ့ ၄ ဖွဲ့မှာ အစိုးရတပ်များနှင့် ၂၀၁၈ ခုနှစ်နှစ်ဆန်းအထိ အထက်ပါ လမ်းကြောင်းတလျောက် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ လောလောဆယ် တရုတ်အစိုးရ၏ညှိနှိုင်းမှုကြောင့် တိုက်ပွဲများ ခေတ္တရပ်ဆိုင်းနေသော်လည်း မူစယ်-မန္တလေးကားလမ်း ကြောင်းတလျောက် ၎င်းတပ်ဖွဲ့များ လှုပ်ရှားစိုးမိုးထားနိုင်သည်ကိုတော့ ငြင်းပယ်၍မရပေ။

SSPP/SSA မှာလည်း NCA လက်မှတ်ရေးထိုးခြင်းမရှိဘဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ပါဝင်နေသော်လည်း ယခုနှစ်ပိုင်း တွင် အစိုးရစစ်တပ်နှင့် တိုက်ခိုက်မှု ဖြစ်ပွါးခြင်း မရှိသလောက်နည်းပါးသည်။ တိုက်ပွဲများဖြစ်ပွါးခြင်းမရှိသော်လည်း လားရှိုး၊ သီပေါ၊ ကျောက်မဲကားလမ်းတလျောက် ၎င်းတပ်ဖွဲ့များ စိုးမိုးလှုပ်ရှားနိုင်စွမ်းရှိသည်ကို တွေ့ရသည်။

RCSS/SSA ကတော့ အစိုးရနှင့် NCA ထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။ NCA ထိုးထားသော်လည်း ရှမ်းပြည်အလယ်ပိုင်းနှင့်တောင်ပိုင်းတွင် အစိုးရတပ်နှင့်တိုက်ပွဲများဖြစ်ပွါးမှု ရှိနေသေးသည်။ မြောက်ပိုင်းတွင်မူ RCSS နှင့် အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွါးခြင်း မရှိပေ။ သို့သော် မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွါးမှုများရှိသည်။ ၂၀၁၅ ခုနှစ်က စတင်ခဲ့သော RCSS နှင့် TNLA တို့၏ လက်နက်ကိုင်ပဋိပက္ခသည် ယနေ့တိုင် ဖြေရှင်းနိုင်ခြင်းမရှိဘဲ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်သည်။ ထို့ပြင် RCSS နှင့် SSPP/SSA ပါ တိုက်ပွဲများ ဖြစ်ပွားလာသည်ကို တွေ့မြင်ရသည်။

တပ်မတော်၏ လုံခြုံရေးယူထားမှု

နောင်ချိုမှစ၍ မူဆယ်အထိ ရှမ်းမြောက်ကားလမ်းမကြီးအား အဓိက နယ်မြေလုံခြုံရေးယူထားသည်မှာ တပ်မတော်မှဖြစ်သည်။ လားရှိုးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်သည်။ ရမခ ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့တွင် ထောက်ပံ့ရေး၊ ဆက်သွယ်ရေး၊ သံချပ်ကာ၊ အမြောက်တပ်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ AT ဝန်တင်လားတပ်၊ တိုင်းဗဟိုလေ့ကျင့်ရေးစသည့် စစ်လက်ရုံးတပ်ဖွဲ့များအပြင် ခလရ ၄၁၊ ခလရ ၆၈၊ ခမရ ၅၀၇ စသည့် ခြေလျင်နှင့် ခြေမြန်တပ်ရင်း ၅ ရင်းခန့် အခြေစိုက် တပ်စွဲထားသည်။

ကျောက်မဲတွင် အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၁) အခြေပြုသည်။ ထိ့ုပြင် ခလရ ၂၂ ၊ ခမရ ၅၀၁၊ ၅၀၂ စသည့်တပ်ရင်းများအပါ ရမခ လက်အောက်ခံ ၂ ရင်း စကခ ၁ လက်အောက်ခံ ၃ ရင်း စုစုပေါင်း ခြေလျင်/ခြေမြန် အခြေစိုက် တပ်ရင်း ၅ ရင်းရှိသည်။ အမြောက်တပ် (အမတ) ၂ ရင်းရှိသည်။ နောင်ချိုတွင် ရမခ လက်အောက်ခံ ခလရ ၁၁၄၊ ခလရ ၁၁၅ အပါ တပ်ရင်း ၃ ရင်း အခြေစိုက် တပ်စွဲထားသည်။ ကျောက်မဲမြို့၏ မြောက်ဘက်ရှိ နမ့်ဆမ်တွင်၊ မန်တုံတွင် ခလရ ၁၃၀၊ နမ္မတူတွင် ခလရ ၃၂၄ တပ်ရင်းများ အခြေစိုက်သည်။

သီပေါတွင် ခလရ ၂၃၊ ခမရ ၅၀၃၊ ခမရ ၅၀၄ ၊ အမှတ် ၅၀၀၃ သံချပ်ကာတပ်ရင်းတိ့ု အခြေစိုက်သည်။ သီပေါအနီး နမ့်လန်တွင် ခမရ ၅၀၅ ၊ ခမရ ၅၀၆၊ ခလရ ၂၄၃ စသည့် တပ်ရင်းများ အခြေစိုက်သည်။ မိုင်းရယ်တွင် ခလရ ၁၄၇ အခြေစိုက်သည်။

သိန္နီတွင် စကခ ၁၆ အခြေစိုက်သည်။ ခလရ ၆၉၊ ခလရ ၂၃၁ အပါ တပ်ရင်း ၃ ရင်းနှင့်အမတ ၁ ရင်း အခြေစိုက်သည်။ နန့်ဇလပ်တွင် ခမရ ၅၆၇၊ ခမရ ၅၆၈ တပ်ရင်း ၂ ရင်းအခြေစိုက်သည်။

ကွတ်ခိုင်တွင် ခလရ ၄၅၊ ခလရ ၂၄၁၊ ခလရ ၂၄၂ တပ်ရင်း ၃ ရင်းနှင့် အမြောက်တပ်ရင်း အခြေစိုက်သည်။ တာမိုးညဲတွင် ခလရ ၂၉၀ ၊ နန့်ဖတ်ကာတွင် ခလရ ၁၂၃ နှင့် နမ့်ခမ်းမြို့ နယ် မုန်းဝီး-မန်တပ်တွင် ခလရ ၁၄၄ အခြေစိုက်ပါသည်။ မူစယ်အနီး နမ့်လင်းတောင်ကြော ပွိုင့် ၄၅၆၁ တွင် အမြောက်တပ် အခြေပြုသည်။

ကွန်လုံတွင် ခမရ ၃၁၂ ၊ ခလရ ၁၂၇ နှင့် အမြောက်တပ်အပါ တပ်ရင်း ၃ ရင်း အခြေစိုက်သည်။ ဟိုပန်တွင် အခြေစိုက်တပ်ရင်း ၂ ရင်း ခန့်ရှိပါသည်။ ကွတ်ခိုင်၊ ကွန်လုံတွင် ရမခ လက်အောက်ခံ အခြေချ နည်းဗျူဟာ(နဗဟ) များ တပ်စွဲထားသည်။ ချင်းရွှေဟော် မြောက်ဖက် ကိုးကန့်ဒေသတွင် လောက်ကိုင် အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တခုနှင့် လက်အောက်ခံ အခြေစိုက်တပ်ရင်း ၇ ရင်းခန့် (အမတ တပ်ရင်း တရင်း အပါ) သည် ကိုးကန့်ဒေသတွင် ဖြန့်ခွဲအခြေစိုက်ထားပါသည်။

အဆိုပါ အခြေစိုက်တပ်များအနက် စကခ ၁ နှင့် စကခ ၁၆ လက်အောက်ခံတပ်များသည် ရမခ နယ်မြေအတွင်း လိုအပ်သည့် စစ်ဆင်ရေးထွက်လေ့ရှိသည်။ ရမခ တိုင်းတပ်နှင့် ဒကစ လက်အောက်ခံတပ်များကတော့ မိမိအခြေစိုက်ရာ နယ်မြေတွင်သာ အဓိက လှုပ်ရှားပါသည်။ ရမခ နယ်မြေအတွင်း ရမခ ၊ ဒကစ(လောက်ကိုင်) လက်အောက်ခံတပ်ရင်းများ ၊ စကခ ၁ ၊ စကခ ၁၆ လက်အောက်ခံတပ်ရင်းများပေါင်းပါက ခြေလျင်/ခြေမြန်တပ်ရင်း ၄၀ ခန့်နှင့် လက်ရုံးတပ်များရှိသည်ကို တွေ့ရပါသည်။

သို့သော် အဆိုပါနယ်မြေခံတပ်များသည် မူစယ်- နောင်ချို ကြားတွင် လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင်တပ်များကို ထိန်းမထားနိုင်ပါ။ အခြားခြေမြန်တပ်မများ ထပ်မံဖြည့်တင်း၍ အလှည့်ကျဝင်ရောက် စစ်ဆင်ရေး တာဝန်ယူနေရသည်ကို တွေ့ရပါသည်။

လက်ရှိ ကိုးကန့်ဒေသတွင် အခြေစိုက် ဒကစ လက်အောက်ခံတပ်ရင်းများအပြင် ချင်းရွှေဟော်၌ တပ်မ တခု၊ လောက်ကိုင်ဒေသတွင် တပ်မတခုဖြန့်ခွဲ၍ ဒေသလုံခြုံရေး ယူထားရသည်။ ထို့အတူ မူစယ်ဒေသ ၁၀၅ အနီးတွင်တပ်မ တခု အခြေပြု၍ မုန်းကိုးဒေသနှင့် မုန်းဟောင်ဒေသတိ့ုတွင် စစ်ဗျူဟာတခုစီ စစ်ဆင်ရေးဝင်ရောက်လျက် ရှိသည်။

ထို့ပြင် နမ့်ခမ်းဒေသတွင် တပ်မ ၁ ခုနှင့် ကျောက်မဲ-နမ့်ဆမ်ဘက်မှ တပ်မ ၁ ခု စစ်ဆင်ရေး ဝင်ရောက်ပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်ပါသည်။ ပုံမှန်အချိန်၌တွင်ပင် တိုင်း/ဒကစ/စကခ ၁/စကခ ၁၆ စသည့် တိုင်းတပ်များအပြင် တပ်မ ၅ ခုခန့် စစ်ဆင်ရေး ဝင်ရောက်ပါသည်။ တပ်မတခုလျင် တပ်ရင်း ၈ ရင်းမှ ၁၀ ရင်းအထိ အသုံးပြုသဖြင့် တပ်ရင်း ၄၀ မှ ၅၀ ကြား ထပ်ဖြည့်ရသည်ကို တွေ့ရပါသည်။

သို့ဖြစ်ရာ ရမခ နယ်မြေတွင်း၌ လက်ရုံးတပ်များပါ ပေါင်းပါက တပ်ရင်းပေါင်း ၁၀၀ ခန့်ရှိပြီး အများစုမှာ နောင်ချို နှင့် မူစယ်ကြားရှိ ဒေသနှင့် လမ်းလုံခြုံရေးယူလျက်ရှိသည်ကို တွေ့ရသည်။ အဆိုပါ နယ်မြေ၌ တပ်အင်အားအပြင် တပ်မတော်က အသိမှတ်ပြုဖွဲ့စည်းထားသော ပြည်သူ့စစ်အင်အားများလည်း ရှိသေးသည်။

ပြည်သူ့စစ်များ

ပြည်သူ့စစ်များသည် အဆိုပါနယ်မြေ၌ တပ်အတွက် အရေးပါသော လက်နက်ကိုင်အင်အားစုများဖြစ်သည်။

နမ့်ခမ်းမြို့ တွင် ပန်ဆေးဦးကျော်မြင့် ဦးစီး ပန်ဆေး ပသစနှင့် နမ့်ခမ်း မြို့မ ပသစ၊ မူစယ်မြို့ တွင် ဦးအိုက်စမ်ဦးစီး မြို့မ ပသစ၊ မုန်းပေါ်တွင် ဦးမာမွန်း ဦးစီး မုန်းပေါ်ပသစ၊ ကွတ်ခိုင်မြို့ တွင် ယခင်က ဦးတီခွန်မြတ်ဦးစီးခဲ့သည် ကွတ်ခိုင်ပသစ၊ ကောင်းခါး ၌ ဦးမထုနော်ဦးစီး ကောင်းခါး ပသစ ၊ တာမိုးညဲ၌ ဦးမြင့်လွင် ခေါ် ဝမ်ကွေတာ ဦးစီး တာမိုးညဲ ပသစ ၊ ဦးဟန်ဝင်းနှင့် ဦးရန်နိုင်ဦးစီး ရှောက်ဟော်/ လုံထန် ပသစ၊ လားရှိုးအရှေ့ဖက်ရှိ ဦးဘိုမွန် ပသစ၊ သီပေါ အနီးရှိ စိန်ဂျော့ ပသစ စသည့် ပသစ အဖွဲ့များစွာရှိသည်။

ထို ပသစ အဖွဲ့များအနက် KDA ( Kachin Defence Army ) တဖြစ်လဲ ကောင်းခါး ပသစ မှာ အင်အားအများဆုံးဖြစ်ပြီး ရင်း ၅ ရင်း ဖြင့် အင်အား ၅၀၀ မှ ၈၀၀ ခန့်အထိရှိနိုင်သည်။ ကွတ်ခိုင် ဦးတီခွန်မြတ် ပသစ မှာ အင်အား ၁၀၀ ကျော်ခန့်၊ ဦးဝမ်ကွေတာ၏ တာမိုးညဲ ပသစ မှာ အင်အား ၂၀၀ ကျော် ၃၀၀ ခန့်ရှိနိုင်သည်။ ကွန်လုံရှိ ဟောရှောက်ရန် ဦးစီးသည့် အင်အား ၁၀၀ ကျော်ခန့်အား အထူးတိုက်ခိုက်ရေးရဲဟူသည့် အမည်ဖြင့် ဖွဲ့စည်းထားသည်ဟု သိရပါသည်။

ထို့အတူ ပန်ဆေး ပသစ မှာ အင်အား ၁၀၀ ခန့်၊ မုန်းဝီးမြို့မ ပသစမှာ အင်အား ဆယ်ဂဏန်းခန့်၊ မူစယ် အိုက်စမ် ပသစ မှာ အင်အား ၁၀၀ ခန့်၊ မိုင်းကျက်-မိုင်းယော်ဂွင်ရှိ ဘိုမွန်-မန်ပန် ပသစ မှာ အင်အား ၂၀၀ ခန့်၊သီပေါ- စိန်ကျော့ ပသစမှာ အင်အား ၂၀၀ ခန့် အသီးသီးရှိကြသည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ ပသစ အင်အားစုစုပေါင်းမှာ ၂၀၀၀ ခန့်ရှိသည်ဟု သုံးသပ်ရပါသည်။

အဆိုပါ ပသစ များသည် ဒေသအုပ်ချုပ်ရေးအောက်တွင် မရှိဘဲ တပ်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသည်။ ရမခ တိုင်း စစ်ဦးစီး(ပထမတန်း) ဗိုလ်မှူးကြီးတဦးက အဆိုပါ ပသစများနှင့်ပတ်သက်၍ တိုက်ရိုက်ကိုင်တွယ်သည်။ ပသစ များအား တပ်၏ အရံအင်အားအဖြစ် ထားသည်။ ပသစ များသည် ဒေသခံများဖြစ်ရာ ၎င်းပသစများမှတဆင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ သတင်းထောက်လှမ်းနိုင်ရန် တပ်က ရည်ရွယ်အသုံးပြုသည်။

တဖက်ကလည်း တပ်သည် ပသစများ ထောက်ပံ့ခြင်း မပြုနိုင်၍၎င်း၊ ပသစ များအား မက်လုံးပေးသည့်အနေနှင့်၎င်း လောင်းကစားရုံ (casino) များကို နယ်စပ်မြို့များ၌ ဖွင့်လှစ်ရန် ခွင့်ပြုထားသည်။ ထိုင်းနယ်စပ် မြဝတီ၊ တာချီလိတ်တိ့ုကဲ့သို့ပင် တရုတ်နယ်စပ် မူစယ်တွင်လည်း ပသစများက လောင်းကစားရုံများ ဖွင့်လှစ်ခွင့်ရထားခဲ့ကြသည်။ မူစယ်၌ ပသစ ၇ ဖွဲ့ခန့်က လောင်းကစားရုံကြီးများ ပြုလုပ်ခွင့်ရထားပြီး လောင်းကစားရုံငယ် ရာနှင့်ချီ၍ ဖွင့်လှစ်ထားကြသည်။

ပသစများ၏ လက်နက်ကိုင်ဆောင်မှုသည် တပ်က တပ်ဆင်ပေးသည်ထက် မိမိဖါသာ ဝယ်ယူကိုင်ဆောင်ကြသည်ဟု ဆိုသည်။ နောက်ဆုံးဖြစ်ပွားခဲ့သော မူစယ်တိုက်ပွဲတွင် ပသစ များက ၄၀ မမ အာပီဂျီ လောင်ချာ ကိုင်တွယ်ပစ်ခတ်သည်ကို တွေ့ရသည်။ အများစုမှာ အော်တိုမောင်းပြန်ရိုင်ဖယ်များ ကိုင်ဆောင်ကြသည်ကို တွေ့ရသည်။ ပသစ များသည် နယ်မြေလုံခြုံ ရေးတွင် မိမိဖါသာ သီးသန့်လုပ်ဆောင်နိုင်ခြင်း မရှိပါ။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ

မူစယ်-မန္တလေး ကားလမ်းမကြီးတလျောက်အပါ အဝင် ရှမ်းမြောက်တခွင်တွင် အခြေပြု လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

KIA
ရှမ်းပြည်မြောက်ပိုင်းတွင် နှစ် ၆၀ နီးပါး အခြေချ စိုးမိုးလှုပ်ရှားနေခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ လက်ရှိတွင် တပ်မဟာ ၄၊ တပ်မဟာ ၆ နှင့် တပ်မဟာ ၁၀ ဟူ၍ တပ်မဟာ ၃ ခုဖွဲ့စည်းပြီး ဖြန့်ခွဲလှုပ်ရှားနေသည်။ တပ်ရင်း ၃ ရင်းပါ တပ်မဟာ ၄ သည် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင် ကားလမ်း ဝဲယာနှင့် ရွှေလီချိုင့်ဝှမ်းဒေသတွင် လှုပ်ရှားသည်။ အဆိုပါ တပ်မဟာ ၄ သည် ဖွဲ့စည်းခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး ရှမ်းမြောက်တွင် အစောဆုံးဖွဲ့စည်းခဲ့သည့် တပ်မဟာဖြစ်သည်။ တပ်ရင်း ၃ ရင်းပါ တပ်မဟာ ၆ သည် မုန်းကိုး၊ ဖေါင်းဆိုင်၊ မုန်းပေါ်ကြီး၊ မုန်းဟောင်၊ မုန်းယားဒေသများတွင် လှုပ်ရှားသည်။ တပ်မဟာ ၆ အား ၂၀၁၀ နောက်ပိုင်းမှ တိုးချဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

တပ်ရင်း ၂ ရင်းပါ တပ်မဟာ ၁၀ ကို ၂၀၁၈ ခုနှစ် အတွင်းမှ တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ တပ်ရင်းသစ် ဖွဲ့စည်းခြင်းမရှိဘဲ မူလရှိပြီးတပ်မဟာမှ တပ်ရင်း ၂ ရင်းကို ထုတ်နှုတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ တပ်မဟာ ၁၀ သည် သိန္နီ-ကွန်လုံကားလမ်း ဝဲယာရှိ ဒေသများတွင် လှုပ်ရှားသည်။ သို့ဖြစ်ရာ ဆက်သွယ်ရေးကားလမ်း ဝဲယာတွင် တိုက်ရိုက်ဆက်စပ်နေသော တပ်မဟာများမှာ တပ်မဟာ ၄ နှင့် တပ်မဟာ ၁၀ ဖြစ်သည်။

လက်ရှိအချိန်တွင် KIA တပ်မဟာ ၄ သည် နန့်ဖတ်ကာ၊ ကွတ်ခိုင်၊ တာမိုးညဲ မြို့ သုံးပွင့်ဆိုင်ကြားရှိ ကုန်းဝိန်း Kong Wing တောင်ကြောပေါ်တွင် အခြေပြု ထားသည်။ မူစယ်နှင့်နန့်ဖတ်ကာကြားကားလမ်းတလျှောက်တွင် KIA ရင်း ၉ အခြေပြု လှုပ်ရှားသည်။ နန့်ဖတ်ကာ၏ အရှေ့မြောက်ဖက် (ကားလမါး၏အရှေ့ဖက်) Dak Lek Bum တောင်ကြောတွင် ရင်း ၉ ဌာနချုပ် အခြေပြု ပြီး ၁၀၅ မိုင်နှင့် နန့်ဖတ်ကာ ကြားရှိ Sin lum Bum တောင်အပါကားလမ်းဝဲယာရှိတောင်ကြောများတွင် KIA ရင်း ၉ လက်အောက်ခံ တပ်ခွဲများ ဖြန့်ခွဲလှုပ်ရှားသည်။ နန့်ဖတ်ကာ၊ မုန်းဝီး၊ ကွတ်ခိုင်ကြားရှိ ရွှေလီချိုင့်ဝှမ်းဂွင်ဒေသတွင် KIA ရင်း ၈ မှ တပ်ခွဲများ ဖြန့်ခွဲလှုပ်ရှားသည်။ ထိုဒေသမှာ မူဆယ် ကားလမ်း၏ အနောက်ဘက်ခြမ်းတွင်ဖြစ်ပြီး ကားလမ်း အားစိုးမိုးနိုင်ပါသည်။

သိန္နီ-ကွန်လုံကားလမ်း၏ ဝဲယာတွင်အခြေပြုလှုပ်ရှားသည်မှာ KIA တပ်မဟာ ၁၀ မှတပ်များဖြစ်သည်။ သိန္နီနှင့်ကွန်လုံကြား (သိန္နီမှ ၄၈ ကီလိုမိုင် အကွာတွင်ရှိသော) နားတီး ၏တောင်ဖက် လွယ်မင်ကန်တောင်ကြောတွင် KIA ရင်း ၁၇ မှ အခြေပြု လှုပ်ရှားသည်။ ထို့အတူ ကားလမ်းမြောက်ဘက် မုန်းစီးဒေသတွင်လည်း KIA’ရင်း ၂ မှ အခြေပြု လှုပ်ရှားပါသည်။ ထို့ပြင် KIA တပ်မဟာ ၃ ခုလုံးမှ တပ်ရင်းတပ်ဖွဲ့များသည် မုစယ်-မန္တလေးကားလမ်းအား အချိန်မရွေးနှောက်ယှက်တိုက်ခိုက်နိုင် သည့် အကွာအဝေးတွင်ရှိနေပါသည်။

TNLA

TNLA တပ်ဖွဲ့သည် ၂၀၁၂ မှစ၍ ပြန်လည်စုဖွဲ့လှုပ်ရှားခဲ့သောတပ်ဖွဲ့ဖြစ်သော်လည်း အချိန်တိုအတွင်းတွင် အင်အားကြီးထွား လာခဲ့ပြီး တအာင်းဒေသတွင်း၌ သြဇာကြီးမားသောအဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ လက်ရှိ TNLA တပ်ဖွဲ့တွင် တပ်မဟာ ၆ ခုဖွဲ့စည်းထားပြီး အောက်ပါအတိုင်းဖြန့်ခွဲလှုပ်ရှားနေပါသည်။

TNLA တပ်မဟာ ၁ လက်အောက်တွင် ရင်း ၁၀၁/၁၁၂/၄၇၈/၅၇၁/၈၇၆ စသည့် တပ်ရင်း ၅ ရင်းရှိသည်။ အဆိုပါ တပ်မဟာ ၁ သည် နမ့်ခမ်း-မုန်းဝီးဂွင်တွင် လှုပ်ရှားပြီး စုစုပေါင်းအင်အား ၆၀၀ ခန့်ရှိပါသည်။

TNLA တပ်မဟာ ၂ တွင် ရင်း ၂၅၆/၄၃၄/၆၆၆/၇၁၇/၉၈၇ စသည့် တပ်ရင်း ၅ ရင်း အင်အား ၆၀၀ ခန့်ရှိပြီး ကျောက်မဲ၊ နမ့်ဆန်၊ တော့ဆန်၊ နောင်ချို ၊ မိုးမတ်၊ မိုင်းလုံ၊ ကွန်ခါ စသည့်ဒေသများတံင် လှုပ်ရှားပါသည်။

TNLA တပ်မဟာ ၃ လက်အောက်တွင် ရင်း ၃၆၇/၆၈၃/၇၆၅/၇၇၃/၉၉၉ စသည့် တပ်ရင်း ၅ ရင်းရှိပြီး အင်အား ၆၀၀ ခန့်ရှိပါသည်။ အဆိုပါ တပ်မဟာ ၃ သည် မုန်းဝီးတောင်ဖက် ရွှေလီမြစ်ရိုးတလျောက်တွင် လှုပ်ရှားပါသည်။

TNLA တပ်မဟာ ၄ လက်အောက်တွင် ရင်း ၃၃၃ / ၅၇၇/၅၉၅/၆၆၁/၈၈၅ စသည့် တပ်ရင်း ၅ ရင်းရှိပြီး အင်အား ၆၀၀ နှင့် ၇၀၀ ကြားတွင်ရှိပါသည်။ ၎င်းတပ်မဟာသည် သိန္နီ-လားရှို းကားလမ်းအနောက်ဖက်မှ နမ္မတူအထိ လှုပ်ရှားပါသည်။

TNLA တပ်မဟာ ၅ လက်အောက်တွင် တပ်ရင်း ၅ ရင်းရှိပြီး အင်အား ၇၀၀ ခန့်ရှိပါသည်။ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ ကားလမ်း အနောက်ဖက်ခြမ်းတွင် လှုပ်ရှားပါသည်။

TNLA တပ်မဟာ ၆ လက်အောက်တွင် ရင်း ၃၃၃/၅၇၇/၅၉၅/၆၆၁/၈၈၅ စသည့် တပ်ရင်း ၅ ရင်းရှိပြီး အင်အား ၆၀၀ ခန့်ရှိပါသည်။ ၎င်းတပ်မဟာ ၆ သည် သိန္နီ-ကွန်လုံကားလမ်း တောင်ဖက်၊ သိန္နီ-လားရှို းကားလမ်းအရှေ့ဘက် မှ သံလွင်မြစ်အထိ မုန်းကျက်-မုန်းယော်ဂွင်အတွင်း၌ လှုပ်ရှားပါသည်။

TNLA တပ်ဖွဲ့တွင် တပ်မဟာ ၆ ခု တပ်ရင်း ၃၀ ရှိပြီး တပ်ရင်းတရင်း လျင် အင်အား ၁၀၀ ကျော်ခန့်ရှိသည်။ ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များတွင် မူစယ်-မန္တလေး ကားလမတလျောက် အစိုးမိုးနိုင်ဆုံး တပ်ဖွဲ့ဖြစ်သည်။ ကားလမ်း ဝဲယာတောင်ကြောများတွင် တအာင်းပလောင်ရွာ များစွာရှိရာ တအာင်းလူထု၏ထောက်ခံမှုရရှိနေသော TNLA သည် မူစယ်-မန္တလေးကားလမ်းတလျှောက်တွင် အများဆုံးစိုးမိုးလှုပ်ရှားနိုင်သောတပ်ဖွဲ့ဖြစ်သည်။

MNDAA (ကိုးကန့်)

MNDAA ကိုးကန့်တပ်ဖွဲ့သည် ၎င်းတိ့ုကိုးကန့်ဒေသမြောက်ပိုင်း ဟုန်အိုင်ဒေသတွင် တပ်အချို့ဖြင့် ခံစစ်ဆင်နေသည်နှင့် တပြိုင်တည်း တပ်အင်အားအချို့သည် သံလွင်မြစ်အနောက်ဘက်ကမ်းတွင် လှုပ်ရှားလျက်ရှိပါသည်။ MNDAA ကိုးကန့် တပ်မဟာ ၅၁၁ မှ တပ်ရင်း ၂ ရင်း အင်အား ၃၀၀ မှ ၄၀၀ ခန့်သည် မုန်းစီး-နားလယ်ဒေသ နမ့်ကျွမ်းတဝိုက်တွင် KIA/TNLA တိ့ုနှင့်ပူးတွဲ၍ အခြေပြု လှုပ်ရှားလျက်ရှိပါသည်။ အဆိုပါနေရာသည် ကွန်လုံ-သိန္နီကားလမ်းမြောက်ဘက် ကားလမ်းနှင့်အလှမ်းမဝေးဘဲ ကားလမ်းကို ခြိမ်းခြောက်နိုင်သည့်နေရာတွင်ရှိပါသည်။

ထိ့ုပြင် MNDAA ကိုးကန့်တပ်မဟာ ၅၁၁ မှ တပ်ရင်းတရင်းခွဲခန့်နှင့် တပ်မဟာဌာနချ ုပ် သည် မုန်းကိုးဒေသတွင် KIA တပ်မဟာ ၆ နှင့်အတူတကွရှိပါသည်။ မူစယ်-မန္တလေး ကားလမ်း၏မြောက်ဖက်ခြမ်းတွင် စုဖွဲ့နေသော အင်အားများဖြစ်ပါသည်။

AA

ရှမ်းပြည်မြောက်ပိုင်းသည် AA တပ်ဖွဲ၏အခြေခံဒေသမဟုတ်ပေ။ သို့သော် AA တပ်ဖွဲ့သည် KIA ၏အကူအညီဖြင့် KIA ဌာနချုပ် လိုင်ဇာတွင် အခြေပြု၍ တပ်တည်ဆောက်လျက်ရှိသည်။ တရုတ်နယ်စပ်တွင် တည်ဆောက်ပြီးသော ၎င်းတပ်ဖွဲ့များ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း လူခွဲ၍ စေလွှတ်လျက်ရှိသည်။ ဤသို့စေလွှတ်သည့် တပ်များမှာ ယခုအခါ အင်အား ၂၀၀၀ ခန့်ရှိပြီဟုဆိုသည်။

သို့သော် လက်ရှိတရုတ်နယ်စပ်တလျှောက်တွင်လည်း အင်အား ၂၀၀၀ ခန့် ကျန်ရှိနေသေးပြီး ၎င်း၏ စစ်ရေး မဟာမိတ်များဖြစ်သော KUA/TNLA/MNDAA နှင့်အတူပူးတွဲ စစ်ဆင်ရေး များတွင် ပါဝင်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ AA သည် ၎င်း၏တပ်ဖွဲ့များကို စစ်ဆင်ရေးလိုအပ်ချက်အရ၎င်း စစ်ရေး အတွေ့အကြုံ ရရှိစေရန်အတွက်ရည်ရွယ်၍၎င်း ကချင်ပြည်နယ် လိုင်ဇာမှသည် ရှမ်းပြည်မြောက်ပိုင်း နှင့် ကိုးကန့်ဒေသအထိ စေလွှတ်သည်ကို တွေ့ရသည်။

သို့သော် AA အနေနှင့် ဒေသအား ထိန်းချုပ်စိုးမိုးမရှိဘဲ ၎င်းမဟာမိတ်များ စစ်ဆင်ရေးလိုအပ်ချက်ရှိမှာသာ ဝင်ရောက်ပါဝင်ပေးသည့် တပ်ဖွဲ့ဖြစ်သည်။ ရှမ်းပြည်မြောက်ပိုင်း စစ်ဆင်ရေးများတွင် အင်အား ၅၀၀ ခန့်အထိ ပါဝင်သည်ဟု အတည်ပြုဆဲသတင်းများက ဆိုပါသည်။ သို့သော် တိုက်ပွဲများစစ်ဆင်ရေးများ တိုက်ပွဲများ မရှိပါက AA တပ်ဖွဲ့သည် နယ်မြေစိုးမိုးရေးတွင်ပါဝင်လှုပ်ရှားခြင်းမရှိပါ။ ၎င်း၏မဟာမိတ်တပ်ဖွဲ့များကသာ ဆောင်ရွက်ပါသည်။

SSPP/SSA

SSPP/SSA တပ်ဖွဲ့ဝင်များ လှုပ်ရှားစိုးမိုးသည့် ဧရိယာမှာ လားရှိုး၊ သီပေါ ၊ ကျောက်မဲနှင့်နောင်ချို ကားလမ်း ဝဲယာ တွင်ဖြစ်သည်။ နောက်ချို၏ မြောက်ဖက်နှင့်တောင်ဖက်၊ နောင်ချိုနှင့် ကွန်ခါကြား၊ သီပေါ အရှေ့ဘက် နားမွန်-ပုံ့တုံစသည့်ဒေသများတွင် SSPP/SSA တပ်ဖွဲ့များ အဓိကလှုပ်ရှားသည်။ သီပေါဒေသတွင် အင်အား ၃၀၀ မှ ၄၀၀ ခန့်ရှိပြီး နောင်ချိုဒေသတွင် အင်အား ၂၀၀ မှ ၃၀၀ ခန့်ထိ လှုပ်ရှားလေ့ရှိသည်။ လားရှိုး-သိန္နီဂွင်တွင်လည်း အင်အားအချို့ လှုပ်ရှားနေသည်ဟုသိရသည်။

SSPP/SSA တပ်မဟာ ၁ နှင့် လားရှိုး၊ သိန္နီဂွင်တွင် တပ်မဟာ ၁၅၃ လှုပ်ရှားနေသည်။ အဆိုပါတပ်မဟာ ၃ ခုသည် SSPP/SSA တပ်မ ၉၉၉ ၏ လက်အောက်ခံတပ်မဟာများ ဖြစ်သည်ဟု ဆိုသည်။ တပ်မဟာ တခုလျင် တပ်ရင်း ၃ ရင်းပါဝင်ပြီး တပ်ရင်းတရင်းလျင်အင်အား ၁၀၀ ကျော်ခန့်ရှိသည်ဟု သိရှိရပါသည်။ ထိုတပ်မဟာ ၃ ခုအနက် လားရှိုး-သိန္နီဂွင်တွင် လှုပ်ရှားစိုးမိုးနိုင်စွမ်းအားနည်းသည်ဟု ဆိုကြပါသည်။

မည်သို့ပင်ဖြစ်စေ SSPP/SSA တပ်များသည် မူစယ်-မန္တလေးလမ်းမကြီးတွင် လားရှိုး နှင့် နောင်ချို ကြားကားလမ်းပိုင်းအား စိုးမိုးနိုင်သည်ဟ ုဆိုရပါမည်။ တချိန်တည်းတွင် SSPP /SSA ၏ဗဟိုဌာနချ ုပ်သည် ဝမ်ဟိုင်းတွင်ရှိရာ အထက်ပါတပ်မဟာ ၃ ခုသည် ဌာနချ ုပ်လုံခြုံရေးအတွက် ရှေ့ကာအဖြစ် အရေးပါသောတပ်များအဖြစ် လှုပ်ရှားနေသောတပ်ဖွဲ့များလည်း ဖြစ်ပါသည်။

RCSS/SSA

လက်ရှိ မြောက်ပိုင်းတွင် RCSS တပ်ဖွဲ့လှုပ်ရှားနေသောနေရာများအနက် တခုမှာ နမ့်ခမ်းနှင့် မူစယ်ကြား၊ မူစယ်နှင့် ကြူ ကုတ်ကြားရှိ ရှမ်းရွာများတွင် အခြေပြု လှုပ်ရှားလျက်ရှိသည်။ သို့သော် တပ်က ခွင့်မပြု၍ အရပ်ဝတ်ဖြင့် လှုပ်ရှားနေကြပြီး တခါတရံမှ ယူနီဖေါင်းဝတ် သေနတ်ကိုင်၍ လှုပ်ရှားကြသည်။ အများအားဖြင့် အရပ်ဝတ်ဖြင့်၎င်း ၊ မူစယ်မြို့တွင် စီးပွါးရေးလုပ်ငန်းလာလုပ်နေသော စိန်ကျော့ ပသစ အသွင်ယူ၍၎င်း လှုပ်ရှားနေလေ့ရှိသည်။ နမ့်ခမ်း-မူစယ်-ကြူကုတ်ပန်ဆိုင်းဒေသတွင် အရပ်ဝတ်ဖြင့် လှုပ်ရှားနေသော RCSS အင်အား ၁၀၀ ခန့်ရှိသည်ဟုသိရသည်။ အရပ်ဝတ်ဖြင့်သာ လှုပ်ရှားနေ၍ ဤဒေသတွင် TNLA နှင့် လက်နက်ကိုင်ပဋိပက္ခ မရှိပါ။

ရှမ်းမြောက်၌ RCSS/SSA တပ်ဖွဲ့များ လှုပ်ရှားနေသော ဒုတိယနေရာမှာ နမ္မတူ-မန်စံ- လားရှို းကားလမ်း၏တောင်ဖက်၊ ပြည်ထောင်စုလမ်းမဟု ခေါ်သည့် မန္တလေး-မူဆယ်ကားလမ်း၏ အနောက်မြောက်ဖက် မန်စံရေကျ အနီးတွင်ဖြစ်ပြီး RCSS/SSA တပ်ဖွဲ့မှ အင်အား ၁၀၀ ခန့် လှုပ်ရှားလျက်ရှိသည်။

တတိယလှုပ်ရှားသည့်နေရာမှာ ကျောက်မဲအနီး တော့ဆန်ရွာနှင့်နမ့်တွေ့ကြားရှိ ဟူကွယ်-ဟူစွမ်ရွာများတဝိုက်တွင်ဖြစ်ပြီး အင်အား ၃၀၀ မှ ၄၀၀ ခန့်ထိ လှုပ်ရှားနေသည်။ RCSS တပ်ဖွဲ့များ စတုတ္ထလှုပ်ရှားသည့်နေရာမှာ ကျောက်မဲ-သီပေါ ကားလမ်းမြောက်ဖက် အူမူးဒေသ၊ ပန်ခါးတောင်-ထန်စမ့်တောင်ဒေသတွင်ဖြစ်သည်။ ထိုဒေသတွင် RCSS/SSA မှအင်အား ၂၀၀ မှ ၃၀၀ ခန့်ထိ လှုပ်ရှားသည်။ တတိယနေရာနှင့် စတုတ္ထနေရာ ၂ ခုမှနီးပြီး RCSS တပ်ဖွဲ့များ အပြန်အလှန်ကူးလူး တပ်ရွှေ့လေ့ရှိသည်။ အဆိုပါနေရာ ၂ ခုပေါင်းအင်အားမှာ ပုံမှန်အားဖြင့် ၆၀၀ မှ ၇၀၀ ကြားတွင်ရှိသည်ဟု သိရှိရပါသည်။

RCSS/SSA သည် အစိုးရနှင့် NCA ထိုးပြီးသားအဖွဲ့ဖြစ်သည်။ မူစယ်-နမ့်ခမ်းအနီးရှိ တပ်ဖွဲ့များ လှုပ်ရှားမှုသည် NCA သဘောတူညီချက်နှင့် မကိုက်ညီ၍ အရပ်ဝတ်နှင့်တရားမဝင်လှုပ်ရှားနေသည်ဟု ဆိုရပါမည်။ ဒုတိယ၊ တတိယနှင့် စတုတ္ထနေရာများတွင် RCSS/SSA တပ်များ ဝင်ရောက်သည်မှာ ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှ ဖြစ်ပြီး ဤသို့ ဝင်ရောက်မှုသည် NCA နှင့် ညီ၊ မညီ မေးခွန်းထုတ်စရာ ဖြစ်သော်လည်း RCSS တပ်ဖွဲ့များနှင့် NCA လက်မှတ်မထိုးသေးသည့် TNLA နှင့် နယ်မြေထိမ်းချုပ်ခွင့်အတွက် တိုက်ပွဲများဖြစ်ပွါးနေ၍ အစိုးရတပ်က လက်ရှောင်နေသည်ဟု ဆိုရပါမည်။

သို့ဖြစ်ရာ လားရှိုး၊ ကျောက်မဲနှင့် သီပေါတဝိုက်တွင် RCSS/SSA နှင့် TNLA တပ်ဖွဲ့များသည် နယ်မြေထိန်းချုပ်ခွင့်ရရေး အတွက် ၂၀၁၅ ခုနှစ်မှ စ၍ မကြာခဏတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးလျက်ရှိပြီး အချို့ တိုက်ပွဲများသည် ရက်အတန်ငယ် ကြာသည်အထိဖြစ်ပွါးပြီး ဒေသတွင်း၌ မတည်ငြိမ်မှု ဖြစ်ပွါးသည်။ ၎င်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွါးသည့်နေရာသည် တရုတ်မြန်မာနယ်စပ်နှင့်ဝေးသောလည်း ပြည်ထောင်စုလမ်းမကြီး၏ သီပေါ၊ ကျောက်မဲ၊ နောင်ချိုကားလမ်းပိုင်း၏ လုံခြုံရေးအား ထိခိုက်စေသည်ကတော့ အမှန်ပင်ဖြစ်သည်။

ကားလမ်းလုံခြုံရေး စဉ်းစားမှုပေးသည့်အချက်တချက်

၂၀၁၈ ခုနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးမှ နွားအရှင်များ တရုတ်ပြည်သို့ မူစယ်နယ်စပ်ဂိတ် ပို့ဆောင်ကုန်သွယ်ရန် မြန်မာအစိုးရမှ ခွင်ပြုခဲ့သည်။ တကယ်ဆိုလျှင် ယခင် မြန်မာအစိုးရက တရားဝင်ခွင့်မပြုသည့်ကာလကလည်း နွားအရှင်များကို တရုတ်ပြည်သို့ မှောင်ခိုတင်ပို့နေသည်သာဖြစ်သည်။ ထိုစဉ်က မှောင်ခိုတင်ပို့နေသူများသည် လမ်းကြောင်းတွင်ရှိသည့် အစိုးရစစ်တပ်နှင့်ရဲအား လိုင်းကြေး ခေါ် လာဘ်ငွေပေး၍လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များအား ဆက်ကြေးခေါ် အခွန်ပေး၍၎င်း ဖြတ်သန်းကြသည်။

ယခု တရားဝင် သွားသည့်ကာလတွင် စစ်တပ်နှင်ရဲအား သီသန့် လိုင်းကြေးမပေးတော့သည့် နောက်ပိုင်း ၂၀၁၈ ခုနှစ်အတွင်း သီပေါနှင့်ကျောက်မဲကြား မောင်ဖုန်းတောင်နှင့်ကုန်းသာရွာအနီးတိ့ုတွင် အဆိုပါနွားကား အပစ်ခံရမှု ကားမောင်းသူများ သေဆုံးရမှု ၈ ကြိမ်ဖြစ်ပွါးခဲ့သည်။

ဤသို့ဖြစ်ပွါးခြင်းနှင့်ပတ်သက်၍ အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (ထိုလမ်းပိုင်း၌ SSPP/SA နှင့် RCSS/SSA) ကို အပစ်ဖိ့ုသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကလည်း စစ်တပ်နှင့်ရဲက လိုင်းကြေးမရ၍ ပစ်သည် ဟု ပြန်လည်စွပ်စွဲသည်ကိုလည်း ကြားရ သည်။ တောတောင်တွင် မည်သူပစ်ခတ်သည်ကို သက်သေရရန် ခက်ခဲသည်ဖြစ်ရာ မည်သည်ဘက်က တာဝန်ရှိသည်ဆိုသည်ကို ပြောဆိုရန်ခက်ခဲသည်။

မည်သို့ပင်ဖြစ်စေ ဤဖြစ်ရပ်မှ သက်သေပြသည်မှာ မူဆယ်-မန္တလေးကားလမ်းမကြီး၌ လားရှိုးအောက်ဖက်၌ပင် လမ်းလုံခြုံရေး စိတ်ချရမှု မရှိကြောင်း တွေ့ရသည်။ မူဆယ်ကားလမ်းမကြီး လုံခြုံရေးပြသနာကို ကြည့်မြင်ရာ နယ်စပ်ဒေသလုံခြုံရေးသက်သက် ပြဿနာသာမဟုတ် နယ်စပ်နှင့် အလှမ်းဝေးသည့်နေရာတွင်လည်း ကြုံတွေ့ရသည့် ပြဿနာလည်း ဖြစ်သည်ကို သတိပြုရန်လိုသည်။

ဆိုလိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပြသနာသည် တရုတ်နယ်စပ်တွင်သာ ဖြစ်နေသည် မဟုတ်သည့်ပြင် တပ်မတော် နှင့် ရဲ စသည့် လုံခြုံရေးတပ်ဖွဲ့များနှင့်ပတ်သက်၍လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ကို ပြသနေသည်။

လုံခြုံရေးအခြေအနေသုံးသပ်ချက်

တပ်မတော် နှင့် ပြည်သူ့စစ်များစွာချထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်နေရဆဲဖြစ် သည်။ ရဲတပ်ဖွဲ့သက်သက်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ရင်ဆိုင်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ကားလမ်း တလျောက်နယ်မြေများအား လုံခြုံရေးအဆင့်အတန်းအရ အညို ရောင်နှင့်အမည်းရောင်အဆင့်အတန်းသတ်မှတ်ထားသည်။ တပ်မတော်၏ လုံခြုံရေးအဆင့်အတန်း သတ်မှတ်ချက်အရ အဖြူရောင်ဆိုလျှင် အစိုးရနှင့် တပ်က အပြည့်အဝချုပ်ကိုင်မှု အောက်တွင်ရှိပြီး အညိုရောင်အဆင့်အတန်းဆိုပါက တပ်နှင့် တိုင်းရင်းသားအဖွဲ့များ အပြန်အလှန်ထိန်းချ ုပ်နိုင်ပြီး အမည်းရောင်ဆိုပါက တိုင်းရင်းသားအဖွဲ့များက အပြည့်အဝထိန်းနိုင်သည့် ဒေသများဖြစ်သည်။

နောင်ချို ၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မူစယ်မြို့များသည် တကယ်တမ်းအားဖြင့်ဆိုလျင် အညိုရောင်နယ်မြေများဖြစ်သည်။ တပ်မတော် နှင့်ပသစများ လုံခြုံရေးယူထားနိုင်ပြီး အုပ်ချုပ်ထားနိုင်သည် ဆိုသော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အရပ်ဝတ်ဖြင့် အချိန်မရွေးဝင်ထွက်နိုင်သော မြို့များဖြစ်သည်။ လက်နက်ကိုင် တပ်ဖွဲ့များ အဆိုပါမြို့များအား အပြီးအပိုင် မတိုက်ခိုက်နိုင်သော်လည်း နှောင့်ယှက်ပစ်ခတ်နိုင် ထိန်းချုပ်တိုက်ခိုက်နိုင်သည့် အခြေအနေတွင်ရှိသည်။

လုံခြုံရေးအရ တပ်က အပြည့်အဝ တာဝန်ယူနိုင်ခြင်း မရှိပေ။ မြို့တွင်း ငြိမ်ဝပ်ပိပြားရေးနှင့် ရာဇဝတ်မှု များကိုသာ ကိုင်တွယ်နိုင်စွမ်းရှိသည့် ရဲတပ်ဖွဲ့ဝင်များဆိုလျင် မူစယ်၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ သိန္နီ မြို့များတွင် ည ၁၀ နာရီ ကျော်လျင် လုံခြုံ ရေးစိတ်မချရ၍ စခန်းပြင်မထွက်တော့ပါ။ လားရှိုးကဲ့သို့ မြို့ကြီးသည်ပင်လည်း ရဲတပ်ဖွဲ့အင်အား စုစည်းပြီးမှာသာ ညဘက်လှုပ်ရှားလေ့ရှိသည်။ အင်အားအနည်းငယ်နှင့် စခန်းအပြင် မထွက်ကြပါ။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ညအချိန် အရပ်ဝတ်နှင့်လက်နက်ကိုင်ဆောင်ကာ မြို့များတွင်းသို့ ဝင်ထွက်လှုပ်ရှားကြသည်။

ထိ့ုအတူပင် မူဆယ်-မန္တလေးကားလမ်းတလျောက်အားလည်း တပ်က လမ်းလုံခြုံရေး အပြည့်အဝမယူနိုင်ပါ။ ၎င်းတပ်ဖွဲ့များ သွားလာချိန်တွင် လုံခြုံရေးတာဝန် တစုံတရာယူနိုင်သော်လည်း အရပ်သားလူထုကားကြီးကားငယ်များသွားလာသော အချိန်တွင် လုံခြုံရေးယူပေးနိုင်ခြင်းမရှိပါ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အချိန်မရွေး သွားလာလှုပ်ရှားနိုင်စွမ်း ရှိပါသည်။

တပ်သည်လည်း ညဘက်တွင် ၎င်းတိ့ုစခန်းချထားသည့် နေရာများမှထွက်၍ လှုပ်ရှားခြင်းမပြုပါ။ လားရှိုးမြို့ရှောင်လမ်းသည်ပင် ညဘက်၌ အစိုးရဘက်က လုံခြုံရေးယူနိုင်စွမ်း မရှိရာ မူဆယ်-မန္တလေးကားလမ်း တလျှောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သွားလာလှုပ်ရှားနိုင်စွမ်းရှိသည်ကို တွေ့ရသည်။

ဤသို့သော အခြေအနေအောက်တွင် နမ့်ခမ်း၊ မူစယ်၊ နန့်ဖတ်ကာ ၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့များရှိ စီးပွါးရေးလုပ်ငန်းရှင်များ၊ ကုန်သည်များသာမက သာမန်အရပ်သားများကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သတ်မှတ်ထားသည့် အခွန်ကောက်ခံသည်ကို ပို တွေ့ရပါသည်။

အဆိုပါလမ်းတွင် သွားလာနေသော မော်တော်ယာဉ်ကြီးယာဉ်ငယ်အားလုံးအားလည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးပြုလုပ်နေသော ကုန်သည်ကြီးငယ်များ အားလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သက်ဆိုင်ရာနယ်မြေအပိုင်းအခြားအလိုက် လှုပ်ရှားသည့် နယ်မြေပေါ် မူတည်၍ အခွန်ကောက်ခံကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားထိန်းချုပ်နိုင်စွမ်းကြောင့် မပေးရဲသူမရှိဘဲ အားလုံးလိုလို အခွန်ပေးဆောင်ကြသည်ကို တွေ့ရသည်။ မပေးသူအချို့ ရှိလာပါကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြင်းပြင်းထန်ထန် အရေးယူမှုမျိုးရှိ၍ မပေးဘဲ မနေရဲကြပေ။ ဥပမာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ကောက်ခံသော အခွန်အားမပေးဘဲ အာခံသည့်မော်တော်ယာဉ်လိုင်းမျိုးပေါ်လာပါက ၎င်းယာဉ်လိုင်းမှ သိန်းထောင်ချီတန်သည် ယာဉ်တစီးခန့်အား မီးရှို့ပစ်လိုက်ပါက ဆုံးရှုံးမှုကြီး၍ နောင်မည်သူကမျှ မပေးဘဲ မနေရဲတော့ပေ။ လမ်းလုံခြုံရေးမှာ အပြည့်အဝမရှိသောကြောင့်ဖြစ်ပေသည်။

ပြီးခဲ့သော နှစ်များက တိုင်းရင်းသားလက်နက်ကိုင်များက နေ့ခင်းကြောင်တောင်ပင် ကားလမ်းအား ပိတ်ပြီး သွားလာ နေသော မော်တော်ယာဉ်များအား အခွန်ကောက်ခံမှုပြုလုပ်ခဲ့ရာ ၎င်းမှလမ်းလုံခြုံရေးအခြေအနေကို မြင်တွေ့နိုင်ပါသည်။ ထိ့ုအတူ ၂၀၁၆ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင်များက တပ်မတော်ကို စစ်ဆင်ရေးတရပ်ပြုလုပ်ခဲ့ရာ မူစယ်ကားလမ်း ၅ ရက်ခန့် ပိတ်၍ ကုန်သွယ်ရေးရပ်တန့်ခဲ့ဖူးသည်။ ၂၀၁၈ ခုနှစ်ထဲတွင်လည်း မူစယ် TNLA ကဝင်ရောက်နှောက်ယှက် တိုက်ခိုက်နိုင်သည်ကို တွေ့ရသည်။

လက်ရှိ ကားလမ်းတလျောက်ရှိ မြို့များတွင် တိုင်းရင်းသားအဖွဲ့များ၏ အခွန်ကောက်ခံမှု အခြေအနေမှာ မူစယ်နယ်စပ် ကုန်သွယ်ရေးမြို့တွင် KIA/TNLA/SSPP/RCSS အဖွဲ့ ၄ ဖွဲ့မှ အခွန်ကောက်ခံလျက်ရှိသည်။ KIA အနေနှင့် မူစယ်အပြင် ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ သိန္နီ၊ ကွန်လုံတို့တွင် အခွန်ကောက်ခံနိုင်ပါသည်။

TNLA အဖွဲ့သည်လည်း နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှို း၊ ကျောက်မဲစသည့် ကားလမ်းပေါ်ရှိမြို့များအား အခွန်ကောက်ခံပါသည်။ SSPP အဖွဲ့သည် သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့ များတွင် အခွန်ကောက်ခံနိုင်ပါသည်။

RCSS အဖွဲ့သည် နမ့်ခမ်း၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့များတွင် အခွန်ကောက်ခံနိုင်ပါသည်။ အဆိုပါအဖွဲ့များသည် ကားလမ်းပေါ်မြို့ များပေါ်မှသာ အခွန်ကောက်ခံသည်သာမက ကားလမ်းဝဲယာရှိ ၎င်းတို့ ထိန်းချုပ်နိုင်သောဒေသများ၌ အခွန်ကောက်ခံသည့်ပြင် အုပ်ချုပ်ရေးလုပ်ငန်းများပါ ဆောင်ရွက်နိုင်ကြပါသည်။

အဆိုပါ ကားလမ်းပေါ်တွင် အခွန်မကောက်သည့်အဖွဲ့မှာ AA နှင့် MNDAA အဖွဲ့ ၂ ဖွဲ့သာဖြစ်သည်။ ၎င်းအဖွဲ့များ၏ အုပ်ချုပ်ရေးနယ်မြေ မဟုတ်၍ မကောက်ခံခြင်းဖြစ်သော်လည်း KIA/TNLA စသည့် မဟာမိတ်အဖွဲ့များနှင့် စစ်ဆင်ရေး လိုအပ်ချက် ရှိပါက အဆိုပါ လမ်းကြောင်းတလျောက် ပူးတွဲ လှုပ်ရှားမှု ရှိပါသည်။

ချုပ်၍ဆိုရလျင် မန္တလေး-မူစယ် လမ်းမကြီးတလျောက်ရှိ တောလမ်း၊ တောင်ပေါ်လမ်းများ မဆိုထားနှင့် လမ်းတလျောက် မြို့များတွင်ပင် တိုင်းရင်းသားလက်နက်ကိုင်များက လှုပ်ရှားစိုးမိုးမှုများ ရှိနေပြီး အစိုးရနှင့် တပ်မတော်က လုံခြုံရေးအရ အပြည့်အဝ မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် အဆိုပါလမ်းလုံခြုံရေးနှင့် ပတ်သက်လျင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို မုချ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါမည်။

ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် ဖက်ဒရယ်၊ တိုင်းရင်းသားရေးရာနှင့် နယ်စပ်ရေးရာများကို လေ့လာစမ်းစစ်သော သုတေသီတဦး ဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန်
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၁

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၂

The post မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၃ appeared first on ဧရာဝတီ.

နှစ်ကာလများကို သတင်းမီဒီယာ ဖြတ်သန်းခြင်း

$
0
0

၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့် စစ်အစိုးရများက ကာလ ရှည်ကြာစွာ ပိတ်ပင် တားဆီးထားခဲ့သော စာနယ်ဇင်းများကို ဖြေ လျှော့ပေးရန် ယခင် အရပ်သားတပိုင်း အစိုးရက ဆောင်ရွက်ခဲ့ခြင်းနှင့် အတူ လတ်တလောနှစ်များ အတွင်း မြန်မာနိုင်ငံ၏ မီဒီယာ အခင်းအကျင်း၌ စိတ်လှုပ်ရှားစရာ အပြောင်းအလဲများကို မြင်တွေ့ခဲ့ရသည်။

မေလ ၃ ရက်နေ့တွင် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့(World Press Freedom Day) ကျရောက်ချိန်၌ ဧရာဝတီက ၁၈၀၀ နှစ်များဆီမှ ၂၀၁၉ ခုနှစ်အထိ ရောက်ရှိခဲ့သော မီဒီယာ သမိုင်းကြောင်းကို အကျဉ်းချုပ် ပြန်လည် တူးဖော်ကြည့်ခဲ့ပါသည်။

၂၀၁၉

ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းက ယခင်နှစ်ထက် တဆင့် ထပ်မံ နိမ့်ကျခဲ့သည်။ ယခင်နှစ်က နိုင်ငံပေါင်း ၁၈၀ ရှိသည့် အနက်မှ မြန်မာနိုင်ငံ၏ အဆင့်မှာ ၁၃၇ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၃၈ အဆင့် ဖြစ်သွားခဲ့သည်။

ယခုနှစ် အတွင်း စာနင်ဇင်းနှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် တရားဝင် သတင်းဌာနများက သတင်း ဖော်ပြခြင်းကိုပင် ဥပဒေ ၅၀၅(ခ)၊ ၆၆(ဃ) တို့ကို အသုံးချပြီး အစိုးရ ဌာန ဆိုင်ရာများဘက်က တရားစွဲဆိုနေဆဲ ဖြစ်သည်။

လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်တွင် သတင်းမီဒီယာသမားများအပေါ် တရားစွဲဆိုမှု ၃၁ မှုအထိ ရှိပြီး ၄၇ ဦးမှာ တရားရင်ဆိုင်နေရကြောင်း နှင့် ယင်းသို့ တရားစွဲဆိုသူများတွင် အစိုးရဝန်ထမ်းများမှ ၁၈ မှု ၊ တပ်မတော်က တရားစွဲဆိုထားသောအမှု ၄ မှု၊ အခြားသူများက တရားစွဲဆိုထားမှု ၉ မှု ရှိကြောင်း အသံ(လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့် လှုပ်ရှားမှုအဖွဲ့) ထုတ်ပြန်သည်။

သတင်းသမားများကို တရားစွဲဆိုရာတွင် ဆက်သွယ်ရေးဥပဒေကို အသုံးပြုမှု အများဆုံးဖြစ်ပြီး မတရားအသင်း ဥပဒေ၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၀ နှင့် ၅၀၅ (ခ)၊ သတင်းမီဒီယာ ဥပဒေ အစရှိသည့် ဥပဒေများနှင့်လည်း တရားစွဲဆိုလေ့ ရှိသည်။

၂၀၁၈

နေ့စဉ်ထုတ် သံတော်ဆင့် သတင်းစာ ရပ်နားခဲ့သည်။ သို့သော် မြန်မာတိုင်းမ် သတင်းဌာနမှ နေ့စဉ်ထုတ် မြန်မာဘာသာဖြင့် သတင်းစာကို ထုတ်ဝေလိုက်သည်။ ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့် ဦးဆောင် ထုတ်ဝေခဲ့သည့် ပြည်သူ့အရေး ဂျာနယ်နှင့် နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်လာခဲ့သည့် အလင်းတန်း ဂျာနယ်တို့ကတော့ ရပ်နားလိုက်ရသည်။

Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့ကို ထောင်ဒဏ် ၇ နှစ် အပြစ်ပေးသည်။ မူလ တရားစွဲစဉ်က လက်ဝယ် တွေ့ရှိခဲ့သည့် လုံခြုံရေး ရဲတပ်ဖွဲ့နှင့် ပတ် သက်သည့် စာရွက်စာတမ်းများ ဆိုသည့် အချက်က မှေးမှိန်းခဲ့ပြီး သတင်းထောက်များ၏ လက်ကိုင်ဖုန်းထဲတွင် လျှို့ဝှက် အဆင့် သတ်မှတ်ချက်ပါ စာရွက်များပါ ဓာတ်ပုံများ၊ မှတ်စု စာအုပ်တွင် ရခိုင် လက်နက်ကိုင် အဖွဲ့ကို ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ဆိုသည့် အချက်ကို အခြေပြုပြီး ထောင်ဒဏ် အပြစ်ပေးလိုက်ခြင်း ဖြစ်သည်။

သတင်းထောက်များကို ရဲတပ်ဖွဲ့မှ ထောင်ချောက်ဆင် ဖမ်းဆီးဟု ဆိုပြီး တရားလိုပြ သက်သေ အနေနဲ့ ထွက်ဆိုခဲ့ရသည့် ဒုရဲမှူးဟောင်း မိုးရန်နိုင် အား ရဲစည်းကမ်း ဖောက်ဖျက်မှု ဥပဒေနှင့် ထောင်ဒဏ် တနှစ် ချမှတ်ကာ မိသားစုများ နေထိုင် သော နေပြည်တော်ရှိ ရဲတပ်ဖွဲ့ လိုင်းခန်းမှ ချက်ချင်း ဖယ်ရှား ခံလိုက်ရသည်။

၂၀၁၇

ပုံနှိပ် မီဒီယာ လောက၏ အကျဘက်က ပိုသိသာခဲ့သည့် နှစ် ဖြစ်သည်။ ၂၀၁၁ ခုနှစ် ကစပြီး ယခုနှစ် အထိ ကဏ္ဍအစုံမှ ဂျာနယ် ၈၂ စောင် အထိ ရပ်နားခဲ့ရသည်။ နေ့စဉ် သတင်းစာများကို လိုင်စင် စတင် ချပေးခဲ့သည့် နှစ်မှစပြီး ၄၂ စောင်ကို လိုင်စင်ချထားပေးခဲ့သော်လည်း ၂၃ စောင်သာ လက်တွေ့ ထုတ်ဝေခဲ့သည်။ ထို ထုတ်ဝေနေဆဲ သတင်းစာများထဲတွင် အစိုးရနှင့် ဌာန ဆိုင်ရာများက ထုတ်ဝေသည့် သတင်းစာ ၇ စောင် ပါဝင်နေသည်။

၂၀၁၇ ခုနှစ်တွင် The Voice သတင်း ဂျာနယ် အယ်ဒီတာချုပ်ကို သရော်စာ ဖော်ပြမှုဖြင့် တရားစွဲဆိုတာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အခြေစိုက်ရာ ဒေသမှ ပြန်ရောက်လာသည့် သတင်းထောက်များအား ဖမ်းဆီးခြင်း စသည့် ဖြစ်ရပ် အများအပြား ဖြစ်ပေါ်ခဲ့ရသော်လည်း မြန်မာ့ သတင်း မီဒီယာ လောက အပေါ် နိုင်ငံတကာ အထိ အရိုတ်ခတ်ဆုံး ဖြစ်ခြင်း က ရိုက်တာ သတင်းထောက်များကို ဒီဇင်ဘာလ အတွင်း နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် ဖမ်းဆီးလိုက်ခြင်း ဖြစ် သည်။

၂၀၁၆

ပြည်သူ အများ တခဲနက် ထောက်ခံမှုနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီး သမ္မတ ဖြစ်ခွင့်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကန့်သတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို ဦးဆောင် လာခဲ့သည်။

NLD ပါတီသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို အလေးထားမည်ဟု ဆိုပြီး မဲဆွယ် စည်းရုံးခဲ့သော်လည်း အုပ်ချုပ် ရေး၊ တရား စီရင်ရေး၊ ဥပဒေပြုရေး စသည့် မဏ္ဍိုင်များတွင် ပြုပြင် ပြောင်းလဲရန် လိုအပ်ချက်များ ရှိနေသလို သတင်း မီဒီ ယာသမားများ အနေဖြင့်လည်း ပြုပြင် ပြောင်းလဲဖို့ လိုအပ်သည်ဟု NLD အစိုးရ၏ သတင်းမီဒီယာ လွတ်လပ်ခွင့် အပေါ် ထားသည့် သဘောထားကို ပြန်ကြားရေး ဝန်ကြီးက ထုတ်ဖော် ပြောလိုက်ပါသည်။

NLD ပါတီမှ အမတ်များနှင့် သတင်းထောက်များ တွေ့ဆုံ ပြောကြားခွင့်ကို ပါတီဘက်က ကန့်သတ်လာခဲ့ သလို ဌာန ဆိုင် ရာများမှ သတင်း အချက်အလက် ရရှိရေးကို သတင်းထောက်တွေ အနေနဲ့ ပြောရေး ဆိုခွင့် ရှိသူ သတ်မှတ်မထားတာ ကြောင့် များစွာ အခက်အခဲ ဖြစ်ခဲ့ကြရသည်။

သို့သော်လည်း ယခုနှစ်တွင် မြန်မာ့ သတင်း မီဒီယာ လောက အတွက် ဂုဏ်တက် စေခဲ့သော ဖြစ်ရပ်တခုက အိမ်အကူ မိန်းကလေး ၂ ဦးကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခဲ့သည့် အမှုကို Myanmar Now သတင်းဌာနက ဖော်ထုတ်ခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူ တချို့ နုတ်ထွက်လိုက်ကြသည် အထိ ဖိအားပေးနိုင် ခဲ့သည်။

၂၀၁၁-၂၀၁၅

၂၀၁၅- တနှစ်လုံး နီးပါးတွင် သတင်းဖော်ပြမှု အများစုက နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကို အဓိက ထားခဲ့ကြသည်။ ရာစုနှစ်ဝက် တခုကျော် ကာလ အတွင်းတွင် ယခင်ထက် ပိုမို လွတ်လပ်သည့် မီဒီယာ ဝန်းကျင် တခုတွင် ပေါ်ပေါက်ခဲ့ သော မြန်မာနိုင်ငံ၏ ပထမဆုံးသော ရွေးကောက်ပွဲလည်း ဖြစ်သည်။

၁၅ နှစ်ကျော်ကြာ အပတ်စဉ် ထုတ်ဂျာနယ် ဖြစ်ခဲ့သော The Myanmar Times က မတ်လ အတွင်းတွင် အင်္ဂလိပ် ဘာသာဖြင့် နေ့စဉ် သတင်းစာ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ တခုတည်းသော အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသည့် နေ့စဉ် သတင်းစာ ဆိုသည့် နေရာကို ယခု မရှိတော့ပြီ ဖြစ်သော Myanma Freedom Daily ထံမှ လွှဲပြောင်းရယူခဲ့သည်။

၂၀၁၄- Unity ဂျာနယ်မှ ဂျာနယ်လစ် ၄ ဦးနှင့် အမှုဆောင် အရာရှိချုပ် တို့ ဖမ်းဆီးခံရခြင်းဖြင့် နှစ်သစ်ကို နိမိတ်မကောင်း စွာ စတင်ခဲ့သည်။ အစိုးရ၏ ဓာတု လက်နက် စက်ရုံ တခု တည်ရှိကြောင်း စွပ်စွဲသည့် ဇန်နဝါရီလ အတွင်းက သတင်း တပုဒ်နှင့် ပတ်သက်၍ ဖြစ်သည်။ သူတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် ၇ နှစ်သို့ လျှော့ချပေးခဲ့သည်။ နောက်ပိုင်းတွင် အစိုးရသစ်က လွတ်ငြိမ်းချမ်းသာခွင့် ကျယ်ကျယ်ပြန့်ပြန့် ပေးခဲ့ခြင်း၏ အစိတ်အပိုင်း အနေဖြင့် သူတို့ ပြန်လည် လွတ်မြောက်ခဲ့သည်။

မတ်လတွင် မီဒီယာ ဥပဒေအသစ် ၂ ခု ပြဌာန်းလိုက်ခြင်းနှင့် အတူ ရောထွေးသော တုန့်ပြန်မှုများကို မြင်တွေ့ခဲ့ရသည်။ အောက်တိုဘာလ အတွင်းတွင် အလွတ်တန်း သတင်းထောက် ကိုပါကြီး တပ်မတော်က ချုပ်နှောင်ထားစဉ် အသတ်ခံရ သည့် သတင်းများကြောင့် စာနယ်ဇင်း လောကတွင် စိတ်လှုပ်ရှားစရာများ ပေါ်ပေါက်ခဲ့သည်။

၂၀၁၃- အစိုးရက ပုဂ္ဂလိက နေ့စဉ် သတင်းစာ ၁၆ စောင်ကို လိုင်စင် ထုတ်ပေးခဲ့ပြီးနောက် ဧပြီလ ၁ ရက်နေ့တွင် မြန်မာ ဘာသာဖြင့် ထုတ်ဝေသည့် ပုဂ္ဂလိက သတင်းစာ ၄ စောင် စတင် ထုတ်ဝေခဲ့သည်။ သြဂုတ်လတွင် ဆယ်စုနှစ် ၅ ခုနီးပါး အတွင်း ပထမဆုံး အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသည့် နေ့စဉ် သတင်းစာ အဖြစ် Myanma Freedom Daily ထွက်ပေါ် လာသည်။ အဆိုပါ သတင်းစာမှာ တနှစ် မကြာမီမှာပင် ရပ်ဆိုင်းသွားခဲ့သည်။

အစိုးရက ထုတ်ပြန်သော အချက်အလက်များ အရ ပြန်ကြားရေး ဝန်ကြီးဌာနက ယခုအချိန် အထိ ပုဂ္ဂလိက နှင့် အစိုးရ နေ့စဉ် သတင်းစာများ အတွက် လိုင်စင် ၃၅ ခု ထုတ်ပေးခဲ့ပြီး ၂၂ ခုက ထုတ်ဝေဆဲ ဖြစ်သည်။ သတင်းဌာန ၃၂ ခုကို လိုင်စင်ထုတ် ပေးခဲ့ပြီး ၂၃ ခုက လုပ်ကိုင်နေဆဲ ဖြစ်သည်။ ဂျာနယ် လိုင်စင် ၄၃၇ ခု ထုတ်ပေးခဲ့ရာတွင် ၂၆၀ က ထုတ်ဝေနေ ဆဲ ဖြစ်သည်။

၂၀၁၂- သမ္မတ ဦးသိန်းစိန် အစိုးရက စစ်အစိုးရများ လက်လက်တွင် ပိတ်ပင် ထားခဲ့သော နိုင်ငံတကာ သတင်းဌာနများကို မြန်မာနိုင်ငံတွင် သတင်းများ ရယူရန် ခွင့်ပြုပေးခဲ့သည်။ The Irrawaddy ကဲ့သို့ ပြည်ပရောက် မီဒီယာများကို လည်း ပြန် လာခွင့်ပေးခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဦးအောင်ဇော် တည်ထောင်ခဲ့သော The Irrawaddy က ၎င်း၏ မဂ္ဂဇင်းကို မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် အဖြစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ဖြန့်ချီခဲ့သည်။ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ရုံးခန်းငယ် တခုကို ဆက်လက် ထိန်းသိမ်း ထားရင်း အွန်လိုင်း လုပ်ငန်းများကိုလည်း ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့သည်။ The Irrawaddy က ၎င်း၏ မြန်မာ ဘာသာ ဖြင့် ထုတ်ဝေသော အပတ်စဉ်ထုတ် ဂျာနယ်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင် ဖြန့်ချီခဲ့သည်။ ၂၀၁၆ ခုနှစ် အစောပိုင်းတွင် အားလုံးကို ဒစ်ဂျစ်တယ်ပုံစံ အဖြစ်သို့ ပြောင်းလဲခဲ့သည်။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)ကို အဖွဲ့ဝင်၂၉ ဦးဖြင့် အောက်တိုဘာလ ၁၇ ရက်တွင် ဖွဲ့စည်းခဲ့သည်။

မီဒီယာ ပြုပြင်ပြောင်းလဲရေး တစိတ်တပိုင်း အနေဖြင့် ပုဂ္ဂလိက နေ့စဉ် သတင်းစာများကို စိစစ်ရေး မတင်ဘဲ ထုတ်ဝေ ခွင့်ပြုမည် ဖြစ်ကြောင်း အစိုးက ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ကြေညာလိုက်သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဆယ်စု နှစ်များစွာ အသုံးပြုခဲ့သည့် မထုတ်ဝေခင် ကြိုတင်၍ စိစစ်ရေး တင်ရသော စနစ်ကို ရပ်ဆိုင်းခဲ့ပြီး နောက်ဆက်တွဲ အရွေ့ အနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်မှ နာမည်ဆိုးနှင့် ကျော်ကြားသည့် စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ကို ဖျက်သိမ်းခဲ့သည်။

၂၀၁၁- ဦးသိန်းစိန် အစိုးရ အာဏာရ ရှိလာခြင်းနှင့် အတူ မြန်မာနိုင်ငံမှ ပြည်တွင်း ထုတ်ဝေမှုများတွင် ဒီမိုကရေစီ ပုံရိပ် ဒေါ်အောင်ဆန်းစုကြည် ရေးသားသော ဆောင်းပါးများနှင့် သူနှင့် အင်တာဗျူးများကို ပထမဆုံး အကြိမ် အဖြစ် ဖော်ပြ ခွင့်ပြုခဲ့သည်။

၁၉၈၈-၂၀၁၀

၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီ လူထု အုံကြွမှုများကြောင့် မြန်မာနိုင်ငံတွင် တလကြာမျှ တိုတောင်းသော ကာလ အတွင်း စာ နယ်ဇင်း လွတ်လပ်ခွင့် ရရှိခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံက ဒေသတွင်းတွင် စာနယ်ဇင်း၏ နံပါတ် ၁ ရန်သူ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်၌ မြန်မာနိုင်ငံ၌ ထုတ်ဝေမှု ၁၀၀ ကျော်ရှိပြီး အားလုံးကို စာပေစိစစ်ရေး ဘုတ်အဖွဲ့က စိစစ်သည်။

၂၀၀၇- ဂျပန် လူမျိုး ဓာတ်ပုံ သတင်းထောက် တဦးဖြစ်သည့် Kenji Nagai သည် ရန်ကုန်မြို့မှ ၂၀၀၇ ခုနှစ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အတွင်းတွင် တပ်မတော်မှ တပ်သား တဦး၏ ပစ်သတ်ခြင်း ခံခဲ့ရသည်။ အသက် ၅၀ အရွယ်ရှိ Kenji Nagai မှာ ဆန္ဒပြပွဲများတွင် သေဆုံးခဲ့ရသည့် တဦးတည်းသော နိုင်ငံခြားသား ဖြစ်သည်။ နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အမည်ဖြင့် အုပ်ချုပ်သည့် စစ်အစိုးရက နောက်ဆုံးတွင် ဆန္ဒပြပွဲများကို အဆုံးသတ် စေခဲ့ပြီး မီဒီယာကို တင်းကျပ်စွာ ဆက်လက် ချုပ်ကိုင်ထားခဲ့သည်မှာ ဦးသိန်းစိန်၏ အစိုးရ အာဏာ ရရှိခဲ့သည့် ၂၀၁၁ ခုနှစ် အထိဖြစ်သည်။

၂၀၀၄၊ ဧပြီ ၂၈- နိုင်ငံတကာ ဒီမိုကရေစီ အဖွဲ့အစည်း တခု ဖြစ်သည့် Freedom House က မြန်မာနိုင်ငံကို ကမ္ဘာပေါ်မှ စာ နယ်ဇင်း လွတ်လပ်ခွင့်တွင် အဆိုးဆုံးများထဲမှ အဆိုးဆုံး ဖြစ်သည့် ထိပ်တန်း နိုင်ငံ ၅ ခုတွင် တခု အပါအဝင် အဖြစ် သတ် မှတ်ခဲ့သည်။

၂၀၀၀ ဖော်ဖော်ဝါရီ- အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသည့် Myanmar Times & Business Review ဂျာနယ်ကို သြစတြေး လျ စီးပွားရေး သမား တဦးနှင့် တပ်မတော် အရာရှိများက ထူထောင်ခဲ့သည်။ ထိပ်တန်း စစ်ထောက်လှမ်းရေး အရာရှိတဦး ဖြစ်သည့် ဗိုလ်မှူးချုပ် သိန်းဆွေ၏ သားဖြစ်သူ ဦးဆန်နီဆွေက ဂျာနယ်၏ ဒုတိယ အမှုဆောင် အရာရှိချုပ် ဖြစ်သည်။ နောက်ပိုင်းတွင် မြန်မာဘာသာဖြင့်လည်း ထုတ်ဝေလာခဲ့သည်။

၁၉၉၇- အမေရိကန် အခြေစိုက် Committee to Protect Journalists သို့မဟုတ် CPJ က မြန်မာနှင့် အင်ဒိုနီးရှားကို ဒေသ တွင်းတွင် စာနယ်ဇင်း၏ အဆိုးဆုံး ရန်သူများဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ သို့သော်လည်း ထိုနှစ်အတွင်းမှာပင် Suharto ရာ ထူးမှ ပြုတ်ကျခဲ့ခြင်းနှင့် အတူ အင်ဒိုနီးရှား၏ မီဒီယာက တိုးတက်ဖွံဖြိုးလာခဲ့ပြီး မြန်မာနိုင်ငံကို ဒေသတွင်းမှ စာနယ်ဇင်း ၏ နံပါတ် ၁ ရန်သူအဖြစ် ဆက်လက်ရှိနေစေခဲ့သည်။

၁၉၉၀ နှစ်များ အလယ်ပိုင်း – ၁၉၆၄ ခုနှစ်တွင် ပြည်သူပိုင် သိမ်းခဲ့သော ကြေးမုံ သတင်းစာကို စစ်အစိုးရက ထုတ်ဝေခဲ့ သည်။

၁၉၉၃ ဧပြီ – စစ်အစိုးရက လုပ်သား ပြည်သူ့နေ့စဉ်(The Working People’s Daily) သတင်းစာကို ၁၉၆၉ ခုနှစ်တွင် ပိတ် ပင်ထားခဲ့သော မြန်မာ့အလင်း (The New Light of Myanmar) ဟု ပြောင်းလဲခဲ့သည်။

၁၉၈၉ – အာဏာ နောက်တကြိမ် သိမ်းယူခဲ့ပြီနောက် တပ်မတော်က ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံ တင်ခြင်း ဥပဒေကို ချိုးဖောက်သူများ ပေးဆောင်ရမည့် ဒဏ်ကြေးကို ကြီးမားစွာ တိုးမြှင့်ရန် ပြင်ဆင်ခဲ့သည်။

၁၉၈၈ စက်တင်ဘာ- တပ်မတော်က စက်တင်ဘာလ ၁၈ ရက်တွင် အာဏာသိမ်းယူခဲ့ပြီးတောက် တပ်မတော်က လုပ် သားပြည်သူနေ့စဉ် နှင့် ၎င်း၏ အင်္ဂလိပ်ဘာသာ သတင်းစာ Working Peopl’s Daily တို့မှ လွဲ၍ သတင်းစာ အားလုံးကို ပိတ်ပစ်ခဲ့သည်။ တင်းကျပ်သော စိစစ်ရေး စနစ်ကို ကျင့်သုံးခဲ့ပြီး ဂျာနယ်လစ် အများအပြား ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ပထမပိုင်းတွင် နိုင်ငံခြား ဂျာနယ်လစ်များကို မြန်မာနိုင်ငံသို့ လာရောက် ခွင့်ပြုသော်လည်း နောက်ပိုင်းတွင် တားမြစ် ပိတ်ပင်ခဲ့သည်။ ရွေးချယ်ထားသည့် နိုင်ငံခြားသား ဂျာနယ်လစ် အနည်းငယ်မျှကိုသာ စာနယ်ဇင်း ဗီဇာ ထုတ်ပေးခဲ့သည်။

၁၉၈၈ သြဂုတ်-စက်တင်ဘာ – ၂၆ နှစ်ကြာ အသံတိတ်နေခဲ့ရပြီးနောက် Light of Dawn၊ the Liberation Daily၊ Scoop၊ the New Victory နှင့် Newsletter တို့ အပါအဝင် လွတ်လပ်သော သတင်းစာနှင့် ဂျာနယ် ၄၀ ခန့် တနိုင်ငံလုံးအတိုင်း အတာဖြင့် ပေါ်ပေါက်ခဲ့သော ဒီမိုကရေစီ လူထု အုံကြွမှုအတွင်းတွင် ရန်ကုန်မြို့၌ ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံရေး ဆောင်း ပါးများ၊ သရော်စာများနှင့် အုပ်ချုပ်သူများကို သရော်သည့် ကာတွန်းများ ဖော်ပြခဲ့ကြသည်။

အစိုးရပိုင် သတင်းစာများဖြစ်ကြသည့် the Guardian နှင့် the Working People’s Daily တို့ကပင်လျှင် ပွင့်ပွင့်လင်းလင်း ရေးသားထားသည့် နိုင်ငံရေးဆောင်းပါးများကို ဖော်ပြခဲ့ကြသည်။

၁၉၅၈-၁၉၇၀

သတင်းစာ ၃၀ ခန့် ပေါ်ပေါက်ခဲ့သည်။ ၁၉၆၄ ခုနှစ်သည် မြန်မာနိုင်ငံမှ စာနယ်ဇင်း လွတ်လပ်ခွင့် အတွက် နောက်ဆုံးနှစ် ဖြစ်သည်။ ထိုစဉ်က အာဏာရှင် ဦးနေဝင်း၏ တော်လှန်ရေး ကောင်စီက သတင်းစာ အချို့ကို ပိတ်ပစ်ခဲ့ပြီး သတင်းစာ အများစုကို ပြည်သူပိုင် သိမ်းယူခဲ့သည်။

၁၉၇၄- မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အခြေခံဥပဒေသစ်က လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပေးသည်။ သို့သော်လည်း ပြည်သူ လူထု၏ ထုတ်ဖော်ပြောဆိုမှု ပုံစံအားလုံးမှာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီက လက်ခံသည့် ကန့်သတ်ချက်များ အတွင်း၌သာ ရှိစေရန် စာပေ စိစစ်ရေး ဘုတ်အဖွဲ့၏ အတည်ပြုချက်ကို ရယူခဲ့ကြရသည်။

၁၉၆၉ – လက်ယာ ယိမ်းသည့် ဟံသာဝတီနှင့် မြန်မာ့အလင်း တို့ကို နိုင်ငံပိုင် သိမ်းလိုက် သည်။ နောက်ဆုံးတွင် သတင်းစာ ၆ စောင်သာ ကျန်ရစ်ခဲ့သည်။ လုပ်သား ပြည်သူ့ နေ့စဉ်၊ ဗိုလ်တထောင်၊ ကြေးမုံ၊ ဟံသာဝတီ၊ Guardian နှင့် Working People’s Daily တို့ ဖြစ်သည်။

တိုင်းပြည်၏ သတင်းစီးဆင်းမှု အားလုံးကို မြန်မာ့ သတင်းစဉ်က ထိန်းချုပ်ထားသည်။ ဆိုဗီယက်မှ Tass နှင့် တရုတ်နိုင်ငံမှ Xinhua တို့တွင် အလုပ်လုပ်သူများမှ လွဲ၍ နိုင်ငံခြား သတင်းထောက် အားလုံးကို တိုင်းပြည်မှ နှင်ထုတ် ခဲ့သည်။ နိုင်ငံခြား ဂျာနယ်လစ်များ လာရောက်ခြင်းကိုလည်း တရားဝင် ပိတ်ပင်ခဲ့သည်။

ပြည်တွင်းတွင် အခြေစိုက်သည့် နိုင်ငံခြား သတင်းဌာနများကိုလည်း မြန်မာနိုင်ငံသားများကို သတင်းထောက်များ အဖြစ် ခန့်အပ်ရန် ဖိအားပေးခဲ့သည်။ ထိုသို့ ခန့်ထားရာတွင်လည်း အာဏာပိုင်များ၏ ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။ ၁၉၉၀ နှစ်များ နှောင်းပိုင်းတွင် သူတို့၏ ကိုယ်ပိုင်သတင်းထောက်များ ခန့်အပ်နိုင်ခြင်း မပြုနိုင်ခဲ့ပြီးနောက် British Broadcasting Company (BBC) နှင့် Voice of America (VOA) တို့ ထွက်ခွာသွားခဲ့ကြသည်။

၁၉၆၆ – ပုဂ္ဂလိက သတင်းစာများကိုလည်း တားမြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်။ ပုံနှိပ်ထုတ်ဝေရာတွင် မြန်မာ သို့မဟုတ် အင်္ဂလိပ် ဘာသာနှင့် ဖြစ်ရန် လိုအပ်သည့် အတွက် တရုတ်နှင့် အိန္ဒိယ သတင်းစာများ အားလုံး ရပ်ဆိုင်းသွားခဲ့ ရသည်။

၁၉၆၄- မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် နောက်ဆုံး ရရှိခဲ့သည့်နှစ်ဟု ပြောနိုင်ပါသည်။ အစိုးရက ပုဂ္ဂလိက သတင်းစာများ အားလုံး လစ်ဘရယ် ကျသည့် ကြေးမုံ၊ ဗိုလ်တထောင်နှင့် Guardian တို့ကို နိုင်ငံပိုင် သိမ်းယူလိုက်သည်။ လက်ဝဲယိမ်းသည့် Vanguard (တပ်ဦး) ကသာ နိုင်ငံပိုင် အဖြစ် အပ်နှံခဲ့သည်။ သတင်းစာငယ်များ ပိတ်ခဲ့ရပြီး အယ်ဒီတာ နှင့် ဂျာနယ်လစ် အများအပြား အဖမ်းခံခဲ့ရသည်။

၁၉၆၃ အောက်တိုဘာလ- ရှိနှင့်ပြီး ပုဂ္ဂလိက သတင်းစာများနှင့် ယှဉ်ပြိုင်ရန် အစိုးရက လုပ်သား ပြည်သူ နေ့စဉ်ကို ထုတ်ဝေသည်။ ၁၉၆၄ ခုနှစ် ဇန်နဝါရီလတွင် အင်္ဂလိပ်ဘာသာ သတင်းစာ ဖြစ်သည့် Working People’s Daily ပေါ်ပေါက် လာသည်။

၁၉၆၃ ဇူလိုင် – အစိုးရက မြန်မာ့ သတင်းစဉ်ကို ထူထောင်ခဲ့သည်။

၁၉၆၃- စစ်အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်ကို ပွင့်ပွင့်လင်းလင်း ကာကွယ်သည့် The Nation ကို ပိတ်သိမ်းလိုက် သည်။ နောက် ၃လ ကြာသည့် အခါတွင် အယ်ဒီတာ ဦးလောရုံကို ဖမ်းဆီးလိုက်သည်။

၁၉၆၂ – “စာနယ်ဇင်း ကျင့်ဝတ် စည်းကမ်းများကို မိမိဆန္ဒ အလျှောက် လိုက်နာခြင်းမှ တဆင့် စာနယ်ဇင်း လွတ်လပ်ခွင့် ကို မြှင့်တင် ထိန်းသိမ်းရန် အတွက် ” မြန်မာစာနယ်ဇင်း ကောင်စီ သို့မဟုတ် BPC ကို တည်ထောင်သည်။ သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်း ၅၂ စောငfမှ စာရေးဆရာများနှင့် ဂျာနယ်လစ်များက BPC သဘောတူညီချက်ကို လက်မှတ် ထိုးခဲ့ ကြသည်။

ထိုနှစ် နှောင်းပိုင်းတွင် အာဏာရှင် ဦးနေဝင်း၏ တော်လှန်ရေး ကောင်စီက တည်ဆဲ စာနယ်ဇင်း ဥပဒေများ အားလုံးကို ရုပ် သိမ်း၍ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေ တခုတည်းကိုသာ ပြဋ္ဌာန်းခဲ့သည်။ ရေးသား ထုတ်ဝေမှုများ အားလုံးကို ထုတ်ဝေခြင်း မပြုမီနှင့် အချို့သော ကိစ္စများတွင် ထုတ်ဝေပြီးနောက် စိစစ်ခြင်းများ ပြုလုပ်ရန် စာပေစိစစ်ရေး အဖွဲ့ကို ထို ဥပဒေဖြင့် တည်ထောင်ခဲ့သည်။

၁၉၄၆- ၁၉၅၇

ထိုကာလ အတွင်းတွင် သတင်းစာ ၇၀ ခန့် ထွက်လာခဲ့သည်။

၁၉၅၇ ဧပြီ ၁၆ – ကြေးမုံ၊ အထောက်တော်နှင့် ပြည်တော်စိုး သတင်းစာများ မြန်မာ နှစ်သစ်ကူးနေ့တွင် ထွက်ပေါ်လာခဲ့ သည်။

၁၉၄၉ သြဂုတ် ၂၁- ပါလီမန် အစိုးရက စာနယ်ဇင်းများ၏ ဝေဖန်မှုကို ကန့်သတ်ရန် ဥပဒေ တခုကို ပါလီမန်တွင် မိတ်ဆက် ခဲ့သည်။ “မည်သည့် သူမဆို ဝန်ကြီးမျာနှင့် တာဝန်ရှိသူများ အပါအဝင် အစိုးရ ဝန်ထမ်းများနှင့် ပတ်သက်၍ ဝေဖန်ခြင်း အသရေ ဖျက်စွပ်စွဲခြင်း သို့မဟုတ် တရားစွဲခြင်း ပြုလုပ်ပါက ရာဇဝတ်မှု တခု ကျူးလွန်ခြင်း ဖြစ်သည်ဟု သတ်မှတ်ခြင်း ခံရမည်” ဟု ဆိုသည်။

၁၉၄၈ – မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်။ နိုင်ငံအတွင်းတွင် ဘာသာ အမျိုးမျိုးဖြင့် ထုတ်ဝေသည့် သတင်းစာ ၃၉ စောင်ရှိခဲ့သည်။ သတင်းစာ ၇ စောင်က အင်္ဂလိပ် ဘာသာ၊ ၁၁ စောင်က နိုင်ငံခြား ဘာသာများ၊ တရုတ် ဘာသာဖြင့် ၅ စောင်နှင့် ဂူဂျာရတ်တီ၊ အူရဒူ၊ တမီလ်၊ တေလ်ဂူ နှင့် ဟင်ဒီ ဘာသာများနှင့် ၆ စောင် ရှိသည်။

၁၉၄၇ – မြန်မာနိုင်ငံ၏ ပထမဆုံးသော အခြေခံ ဥပဒေက ပြည်သူများကို သူတို့၏ အမြင်နှင့် အယူအဆများကို လွတ်လပ် စွာ ထုတ်ဖော် ပြောဆိုခွင့် ပြုခဲ့သည်။ အာရှတွင် စာနယ်ဇင်း လွတ်လပ်ခွင့် အရှိဆုံး နိုင်ငံများထဲမှ တခု အဖြစ် ဂုဏ် ရှိစေခဲ့ သည်။

၁၉၃၅-၁၉၄၅

ဂျပန်ဘာသာနှင့် တိုင်းရင်းသား ဘာသာစကားများ အပါအဝင် နိုင်ငံ တလွှားတွင် သတင်းစာ ၆၀ ကျော် ပေါ်ထွက်ခဲ့သည်။

၁၉၄၃-၁၉၄၅- ကမ္ဘောဇ သတင်းစာ၊ ကချင်ဘာသာဖြင့် ထုတ်ဝေသည့် Shi Laika Ningnan၊ Rangoon Liberator၊ ရွှေမန်း အောင်စည်၊ Tai-4၊ Tavoyan (ထားဝယ်)၊ လမ်းညွှန် နေ့စဉ်၊ Morning Star၊ Burma Economic၊ People’s Voice နှင့် Guide Daily တို့ ထုတ်ဝေခဲ့ကြသည်။

ကချင် ဘာသာဖြင့် ထုတ်ဝေသည့် Shi Laika Ningnan ကို အိန္ဒိယ နိုင်ငံတွင် ပုံနှိပ်ပြီး ကချင်တိုင်းရင်းသားများ နေထိုင် သည့် မြန်မာနိုင်ငံ မြောက်ပိုင်း ဧရိယာသို့ လေကြောင်းမှ ပို့ပေးခဲ့သည်။

၁၉၄၂ စက်တင်ဘာ – Domei News Service က ဂျပန်ဘာသာ နေ့စဉ် သတင်းစာ တစောင်ကို ထုတ်ဝေခဲ့သည်။

၁၉၄၂- ထားဝယ်တွင် Tavoy Daily ပေါ်ပေါက်လာသည်။ မြန်မာ့ အလင်းနှင့် သူရိယတို့ ပြန်လည် ပေါ်ထွက်လာ၏။ ဗမာ့ ခေတ်နှင့် မန္တလေး သူရိယ တို့လည်း ပေါ်လာသည်။

၁၉၄၁- ခရစ်ယာန် သတင်းစာ တစောင်ဖြစ်သည့် Sower နှင့် Daily Mirror တို့ ရန်ကုန်တွင် ပေါ်ပေါက်လာသည်။

၁၉၄၀- ရန်ကုန်နှင့် မန္တလေး တွင် The Mon Bulletin၊ Student၊ World Telegrams Daily နှင့် Saturday News တို့ ထုတ်ဝေခဲ့ကြသည်။

၁၉၃၉ – Advance Daily၊ Burmese News Mandalay၊ ရွှေပြည်တော် (Burma News)၊ သခင် သတင်းစာ၊ Local Bodies၊ လူငယ် လက်ရုံး နေ့စဉ်နှင့် Nationally Daily တို့ ရန်ကုန်နှင့် မန္တလေးတွင် ထုတ်ဝေခဲ့ကြသည်။

၁၉၃၈ – Progress၊ Burma’s Voice၊ အာဇာနည်၊ ဒီးဒုတ် နေ့စဉ်နှင့် Leader တို့ ရန်ကုန်နှင့် မန္တလေးတွင် ပေါ်ပေါက် လာခဲ့သည်။ ဒီးဒုတ်၏ အယ်ဒီတာ ဦးဘချိုမှာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ လုပ်ကြံခြင်း ခံခဲ့ရသည်။

၁၉၃၇- တခုတည်းသော ရခိုင် ဘာသာ သတင်းစာ ဖြစ်သည့် ဒို့လက်ရုံးကို ရခိုင်ပြည်နယ်တွင် ထုတ်ဝေခဲ့သည်။ အာစရိယ နှင့် ဆယ်သန်း သတင်းစာတို့ကို ရန်ကုန်တွင် ထူထောင်ခဲ့သည်။

၁၉၃၅- ရခိုင် သတင်းစာ တစောင် ဖြစ်သည့် ရခိုင်ပြည် သတင်းစာ ကို စစ်တွေမြို့တွင် ၄ နှစ်ကြာ ထုတ်ဝေခဲ့သည်။ ရဲ သတင်းစာ၊ မြန်မာ့ဦးစွန်း၊ Burma Daily Mail နှင့် Burmese Improvement တို့ ရန်ကုန်နှင့် မန္တလေးတွင် ပေါ်ထွက်လာ သည်။

၁၉၂၄-၁၉၃၄

သတင်းစာ ၄၀ ခန့်ပေါ်ထွက်ခဲ့သည်။ စာနယ်ဇင်း ဥပဒေများကို ၁၉၀၈ နှင့် ၁၉၁၀ တို့တွင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် သတင်းစာ အရေအတွက်က ၃ ဆ တက်လာခဲ့သည်။

၁၉၃၄ – မောရိယ နေ့စဉ် ပေါ်လာသည်။

၁၉၃၃- မြန်မာ့ မျိုးချစ်၊ ဒေါင်းစြင်္ကာ၊ Laborer၊ Success၊ ဒေါင်း၊ New Mandalay Sun Daily နှင့် Evening Report တို့ ပေါ်ပေါက်လာသည်။

၁၉၃၂- သာယာဝတီ၊ အနော်ရထာ၊ မြန်မာ့ ဇေယျာ၊ မဟောသဓနှင့် Rangoon Optic သတင်းစာများ ပေါ်ထွက်လာသည်။

၁၉၃၁- ရတနာသီဟနှင့် လောကသာရ နေ့စဉ် သတင်းစာများ ရှမ်းပြည်နယ် သီပေါနှင့် ရန်ကုန်တို့တွင် ထွက်လာသည်။

၁၉၂၉- ကေသရ၊ Burma Advertiser ၊ Burman နှင့် သူရိယမှ မန္တလေး နေ့စဉ် အချပ်ပိုတို့ ရန်ကုန်၊ မန္တလေး နှင့် မော်လ မြိုင် တို့တွင် ထူထောင်ခဲ့သည်။

၁၉၂၈- The National Observer နှင့် Shwenannyun Gazette တို့ကို ရန်ကုန်နှင့် မန္တလေးတွင် ထုတ်ဝေခဲ့သည်။

၁၉၂၇- ဗန္ဓုလ၊ Traders Spectacles၊ ဗြိတိသျှ အစိုးရကို ထောက်ခံသည့် သူကြီးဂေဇက် (Headman’s Gazette)၊ Essence of Buddhism နှင့် ဓမ္မ သတင်းစာတို့ ရန်ကုန်တွင် ပေါ်ထွက်ခဲ့သည်။

၁၉၂၆- မြန်မာမျိုးနွယ်၊ အောင်မြန်မာ၊ မောရဝတီ သတင်း၊ ရွှေပြည်နှင့် လယ်တီ ဘာသာရေး လမ်းညွှန် (Ledi Religious Instructor) တို့ ရန်ကုန်တွင် ထုတ်ဝေခဲ့သည်။

၁၉၂၅- The Independent Weekly၊ Truth၊ Market Report၊ Victor (Zeya)၊ Trades Exchange နှင့် Silver Moon တို့ ရန်ကုန်နှင့် မန္တလေးတွင် ပေါ်ထွက်လာသည်။

၁၉၂၄- မြန်မာဘာသာဖြင့် ထုတ်ဝေသည့် ရာမည နှင့် မျိုးချစ် သတင်းစာများ မော်လမြိုင်နှင့် ရန်ကုန်တွင် ပေါ်လာသည်။

၁၉၁၃-၁၉၂၃

မြန်မာနိုင်ငံတွင် ကာလ အရှည်ဆုံး သတင်းစာများထဲမှ တခုဖြစ်ပြီး အစိုးရက ယနေ့အထိ ထုတ်ဝေနေသည့် မြန်မာ့အလင်း (the New Light of Burma) ၁၉၁၄ တွင် ပေါ်လာခဲ့သည်။ API ဟုသိကြသည့် Associated Press of India က ရန်ကုန် တွင် ရုံးခန်းတခု ဖွင့်လှစ်ခဲ့ပြီး မွတ်ဆလင် သတင်းစာ တစောင်လည်း ပေါ်ထွက်လာသည်။

၁၉၂၃ – တရားဝင် ကြေညာချက် တစောင် အရ ရန်ကုန် မန္တလေး၊ မော်လမြိုင်၊ စစ်တွေ၊ ပုသိမ် နှင့် သာယာဝတီ တို့တွင် ထုတ်ဝေနေသော သတင်းစာ ၃၁ စောင် ရှိသည်။

၁၉၂၃- API ဟု သိကြသည့် Associated Press of India က ရန်ကုန်တွင် ရုံးခန်း ဖွင့်လှစ်ခဲ့သည်။

၁၉၂၃ – Muslim Herald၊ Comet၊ Burmese Review နှင့် မြန်မာလွှတ် သတင်းစာတို့ ထူထောင်သည်။ Fair Play (ကရင် ဘာသာနှင့် အင်္ဂလိပ် ဘာသာ)၊ Rangoon Daily News နှင့် Irrawaddy Times (မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ) တို့ ထုတ်ဝေနေခဲ့ပြီး ဖြစ်သည်။ ဝံသာနု သတင်းစာကို လည်းရန်ကုန်တွင် ထုတ်ဝေနေပြီ ဖြစ်ပြီး စောင်ရေ ၅၀၀၀ ဝန်းကျင် ရောင်းချရသည်။

၁၉၂၂- Karen Times နှင့် New Leader တို့ ရန်ကုန်နှင့် မန္တလေးတွင် ပေါ်လာသည်။ နောက်နှစ်တွင် New Leader က ရှေ့ဆောင်ဟု အမည် ပြောင်းလဲခဲ့သည်။ အောက်တိုဘာလတွင် Servant of Burma က ရန်ကုန်တွင် ပေါ်ပေါက်လာ သည်။ မြန်မာမြို့တော်စောင့် နှင့် အောင်ဇေယျ သတင်းစာများလည်း စတင်ပုံနှိပ် ထုတ်ဝေခဲ့သည်။

၁၉၂၂ မတ်- The Press Law Repeal and Amendment Act ကို ပြဋ္ဌာန်းသည်။ အဆိုပါ ဥပဒေက အစိုးရကို ဆန့်ကျင် ပုန်ကန်ခြင်းကို လှုံ့ဆော်ပေးသည်ဟု ယူဆရသည့် သတင်းများနှင့် အယူအဆများကို ဖော်ပြသည့် မည်သည့် သတင်းစာ ကို မဆို သိမ်းယူရန် အာဏာပိုင်များကို အခွင့် အာဏာပေးထားသည်။

၁၉၂၁- Burma’s Progress ကို ဗြိတိသျှ အစိုးရက ထုတ်ဝေခဲ့သော်လည်း ၂ နှစ်အကြာတွင် ရပ်ဆိုင်းသွားခဲ့သည်။

၁၉၂၁- The Home Rule ကို မန္တလေးမြို့တွင် ထုတ်ဝေသည်။

၁၉၂၀ -The New Burma ကို ရန်ကုန်တွင် တည်ထောင်ပြီး ၁၉၄၂ ခုနှစ်အထိ ဆက်လက်ထုတ်ဝေခဲသည်။

၁၉၁၉ မေ- မြန်မာ့အလင်း သတင်းစာ အသစ် ကို ရန်ကုန်တွင် ထုတ်ဝေသည်။ The Knowledge (ပညာ့ အလင်း) နှင့် Burma Observer ကို ရန်ကုန်တွင် ထုတ်ဝေသည်။ သတင်းစာကို ၁၉၂၄ တွင် ရပ် နားခဲ့ပြီး ၁၉၂၉ ခုနှစ်တွင် ပြန်လည် ထုတ်ဝေခဲ့သည်။

၁၉၁၇ – The Burma Guardian နှင့် Rangoon Mail တို့ကို ရန်ကုန်တွင် ထုတ်ဝေသည်။ Tharrawaddy Record ကို မြန်မာနိုင်ငံ အလယ်ပိုင်း သာယာဝတီ အနီးမှ မြို့တမြို့တွင် အမျိုးသမီး အယ်ဒီတာ တဦးနှင့် အတူ ထူထောင်ခဲ့သည်။

၁၉၁၄- သူရိယနှင့် မြန်မာ့ အလင်းတို့က ပထမကမ္ဘာစစ်နှင့် ပတ်သက်သည့် War Telegrams ဟုခေါ်သော သတင်းလွှာ တစောင်ကို ထုတ်ဝေသည်။ သူရိယ ၏ စောင်ရေက ၁၀၀၀၀ ခန့် အထိ ရောက်လာသည်။

၁၉၁၄ သြဂုတ်- ပွင့်ပွင့်လင်းလင်း ရေးသည့် သတင်းစာ တစောင် ဖြစ်သော မြန်မာ့အလင်းက ၁၉၁၉ မေလထက် နောက်မ ကျဘဲ ပေါ်လာခဲ့သည်။ ၎င်းက မြန်မာဘာသာဖြင့် တပတ် ၃ ကြိမ်ထုတ်ဝေသည်။ ၁၉၂၄ ခုနှစ် ဒီဇင်ဘာလတွင် နေ့စဉ် သတင်းစာ တစောင် ဖြစ်လာ၍ ၁၉၂၉ ခုနှစ်တွင် ထုတ်ဝေမှုများ ရပ်ဆိုင်းခဲ့သည်။

၁၉၀၁-၁၉၁၂

သူရိယ ကဲ့သို့ ပွင့်ပွင့်လင်းလင်းရေးသားသည့် အခြားသတင်းစာ များပေါ်ထွက်လာခဲ့သည်။ ၁၉၀၄ ခုနှစ် အထိ စောင်ရေ ၁၅၀၀ အထိရှိသော သတင်းစာ ၁၅ စောင်ခန့် လည်ပတ်နေ သည်။ အခြား သတင်းစာများ ဆက်လက် ထူထောင် ခဲ့ကြသည်။

၁၉၁၁ ဇူလိုင် ၄ – ပွင့်ပွင့်လင်းလင်း အရေးသားဆုံး မြန်မာဘာသာ သတင်းစာများထဲမှ တခုဖြစ်သည့် သူရိယက တပတ် ၃ ကြိမ် ပေါ်ထွက်လာသည်။ ၁၉၁၅ ခုနှစ် မတ်လတွင် နေ့စဉ် သတင်းစာ တစောင်ဖြစ်လာပြီး ၁၉၅၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ အထိ ဆက်လက် ထုတ်ဝေခဲ့သည်။ ထိုနှစ် အတွင်းမှာပင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Salween Times ပေါ်ပေါက်လာသည်။

၁၉၁၀ နှစ်များတွင် လုပ်ကိုင်နေသော သတင်းစာများ

The Rangoon Gazette၊ Rangoon Times၊ Friend of Burma၊ Rangoon Advertiser၊ Publicity၊ မဟာဗောဓိ၊ Burma Herald နှင့် Burma Printer News တို့က ရန်ကုန်တွင် ထုတ်ဝေသည်။

Upper Burma Gazette၊ Mandalay Herald၊ Star of Burma၊ Mandalay Times၊ Moulmein Advertiser၊ Moulmein Gazette နှင့် Burma Times တို့ အားလုံးက မန္တလေးတွင် ထုတ်ဝေသည်။

၁၉၀၉ – စကော ကရင် ဘာသာ စကားဖြင့် ထုတ်ဝေသည့် Dawkale ကို ဧရာဝတီတိုင်း ပုသိမ်တွင် Karen Magazine Press က တပတ်တကြိမ် ထုတ်ဝေသည်။

၁၉၀၈ – The Burma Commercial Advertiser ကို ရန်ကုန်တွင် တပတ် ၂ ကြိမ် ထုတ်ဝေသည်။

၁၉၀၇ နိုဝင်ဘာ- Burma Educational ဂျာနယ်ကို ထူထောင်သည်။

၁၉၀၇ မေ ၁၈- Burma Echo ကို ရန်ကုန်မြို့တွင် တပတ် တကြိမ် ထုတ်ဝေသည်။

၁၉၀၇ ဧပြီ- Burma Critic ကိုမန္တလေးတွင် စတင် ထုတ်ဝေသည်။ ထိုနှစ်တွင်းမှာပင် ဘာသာရေး သတင်းစာ တစောင် ဖြစ်သည့် ဓမ္မဒေဿနာ သတင်းစာ ပေါ်လာသည်။

၁၉၀၄ သြဂုတ် ၂ – Burma Printer News ကို ရန်ကုန်တွင် တပတ် ၃ ကြိန်ထုတ်ဝေသည်။ သို့သော်လည်း ၃ နှစ် အကြာ တွင် ရပ်တန့်သွားသည်။

၁၉၀၃ ဇူလိုက် ၂၂- Myanmahitakari Fortnightly ဂျာနယ်ကို ထူထောင်သည်။

၁၉၀၃ – ရိုက်တာ သတင်း အေဂျင်စီ ရုံးခန်း ရန်ကုန်တွင် ဖွင့်လှစ်သည်။

၁၉၀၁ မတ် ၃ – ဘာသာရေး ဆိုင်ရာ မဟာဗောဓိ သတင်းစာကို ရန်ကုန်တွင် တပတ်တကြိမ် ထုတ်ဝေသည်။ ၁၉၂၆ ခုနှစ် အထိ ဆက်လက် ထုတ်ဝေခဲ့သည်။

၁၈၈၀-၁၉၀၀
မြန်မာနိုင်ငံ၏ နောက်ဆုံး ဘုရင်ဖြစ်သည့် သီပေါမင်းကို ဖယ်ရှား၍ မြန်မာနိုင်ငံ အထက်ပိုင်းကို ဗြိတိသျှတို့က သိမ်းပိုက် လိုက်သည်။ ပွင့်ပွင့်လင်းလင်း အရေးသားဆုံး သတင်းစာများထဲမှ တခု ဖြစ်သည့် ဟံသာဝတီ သတင်းစာက အခြားသော သတင်းစာများနှင့် အတူ ပေါ်ထွက်လာခဲ့သည်။

၁၉၀၀ – ဗြိတိသျှကို ထောက်ခံသည့် မြန်မာ ဘာသာ သတင်းစာ တစောင်ဖြစ်သော Star of Burma ကို မန္တလေးတွင် စတင် ထုတ်ဝေခဲ့ပြီး ၁၉၄၈ ခုနှစ် အထိ ဆက်လက် ထုတ်ဝေခဲ့သည်။

၁၈၉၉ – Times of Burma နှင့် Upper Burma Gazette ကို ရန်ကုန်နှင့် မန္တလေးတွင် ထူထောင်ခဲ့သည်။

၁၈၉၄ – အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ဝေသည့် သတင်းစာများ ဖြစ်သော De Vaux Press Advertiser၊ British Burma Advertiser၊ Rangoon Commercial Advertiser နှင့် Burma Chronicle News တို့ အားလုံးကို ရန်ကုန်တွင် ထုတ်ဝေ နေသည်။ De Vaux Press Advertiser ၏ စောင်ရေက တနေ့လျှင် ၁၀၀၀ ဝန်းကျင် ရှိသည်ဟု ဆိုသည်။

The Karen National News၊ Bassein Weekly News နှင့် Advertiser တို့ကို ဧရာဝတီတိုင်း ပုသိမ်မြို့တွင် အပတ်စဉ် ထုတ်ဝေသည်။ စကောကရင် ဘာသာဖြင့် ရေးသားသည့် The Karen National News က စောင်ရေ ၅၀၀ ခန့် အထိ ရောက်ရှိခဲ့သည်။

၁၈၉၂ – အင်္ဂလိပ်ဘာသာ သတင်းစာများ ဖြစ်ကြသည့် Daily Advertiser၊ Arakan Echo နှင့် Arakan Advocate တို့ကို စစ်တွေတွင် ထူထောင်သည်။ နောက်ပိုင်းတွင် Daily Advertiser နှင့် Arakan Echo တို့က Arakan Times အဖြစ် ပူးပေါင်းသွားကြသည်။

၁၈၈၉- ဟံသာဝတီ သတင်းစာ က ရန်ကုန်တွင် တပတ် ၂ ကြိမ်ပေါ်ထွက်လာသည်။ ထိုစဉ်က ပွင့်ပွင့်လင်းလင်း အရေး သားဆုံး သတင်းစာများထဲမှ တခု အဖြစ် သတ်မှတ်ခြင်း ခံရသည်။ သတင်းစာတွင် ကိုယ်စားလှယ် တဦးမှ တဆင့် ရိုက်တာ သတင်း ဌာနမှ နိုင်ငံခြား သတင်းများကို ဖော်ပြသည်။ ၁၉၀၄ ခုနှစ်တွင် စောင်ရေ ၁၀၀၀ ခန့်အထိ ရောက်လာ သည်။

၁၈၈၇ မတ် ၃ – Mandalay Herald ကို တပတ်လျှင် ၃ ကြိမ် မန္တလေးတွင် ထုတ်ဝေသည်။ ၁၈၉၉ ခုနှစ်တွင် နေ့စဉ်သ တင်းစာ ဖြစ်လာပြီး ၁၉၀၂ ခုနှစ်တွင် ထုတ်ဝေခြင်း ရပ်ဆိုင်းသွားခဲ့သည်။

၁၈၈၆ – Mandalay Times သတင်းစာကို မန္တလေးတွင် တပတ် ၂ ကြိမ်ထုတ်ဝေသည်။

၁၈၈၄ – အင်္ဂလိပ် ဘာသာဖြင့် အပတ်စဉ် ထုတ်ဝေသည့် Maulmain Almanac ကို မော်လမြိုင်တွင် ထုတ်ဝေသည်။ မြန်မာ ဘာသာဖြင့် ထုတ်ဝေသည့် Friend of Burma ကိုလည်းရန်ကုန်တွင် တည်ထောင်သည်။ နောက်ဆုံးတွင် နေ့စဉ် သတင်းစာတစောင်ဖြစ်လာပြီး ၁၉၂၉ ခုနှစ်တွင် ထုတ်ဝေမှု ရပ်ဆိုင်းသွားခဲ့သည်။

၁၈၆၉-၁၈၇၉

အပိုဒ် ၁၇ ခုပါသည့် ဥပဒေတခုတွင် မြန်မာနိုင်ငံ၏ ဒုတိယ နောက်ဆုံး ဘုရင်ဖြစ်သော မင်းတုန်းမင်း က သတင်းစာ လွတ်လပ်ခွင့်ကို အာမခံချက်ပေးခဲ့သည်။ ၎င်းကို အရှေ့တောင် အာရှ၏ ပထမဆုံးသော ပြည်တွင်းဖြစ် စာနယ်ဇင်း လွတ် လပ်ခွင့် ဥပဒေ အဖြစ် သတ်မှတ်ခြင်း ခံရသည်။ မြန်မာ ဘုရင့်နိုင်ငံက တရားဝင် သတင်းစာ တစောင်ကို ထုတ်ဝေခဲ့သည်။

၁၈၇၈ မတ် ၁၁- အစိုးရကို အသရေ ပျက်စေသော သတင်းမျာနှင့် ရုပ်ပုံများ ဖော်ပြသော သတင်းစာများကို တားမြစ် ပိတ်ပင်ရန် အတွက် ဗြိတိသျှ အစိုးက Vernacular Press Act ဟု ခေါ်သည့် ဥပတေခုကို ပြဋ္ဌာန်းခဲ့သည်။

၁၈၇၈- ဗြိတိသျှကို ထောက်ခံသည့် အမြင်များဖြစ်သော ရန်ကုန်သတင်းစာများကို တုန့်ပြန်ရန် အတွက် မန္တလေး ဘုရင် က ဗမာသံတော်ဆင့်(Burma Herald) သတင်းစာကို ထူထောင်ခဲ့သည်။ အခြား အင်္ဂလိပ်သတင်းစာ နှစ်စောင်ဖြစ်သော Rangoon Daily Mail နှင့် Daily Review တို့ကို ထူထောင်ခဲ့ပြီး ၆ လအကြာတွင် ရပ်နားသွားခဲ့သည်။

၁၈၇၆ – မြန်မာဘာသာဖြင့် ထုတ်ဝေသည့် တနင်္သာရီ သတင်းစာ မော်လမြိုင်တွင် ပေါ်ပေါက်လာသည်။

၁၈၇၅ မတ် ၂၀ – ရတနာပုံ နေပြည်တော်(ထိပ်ပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် Mandalay Gazette ဟုခေါင်းစဉ် တပ် ထား သည်) ကို မင်းတုန်းမင်းက အပတ်စဉ် ထုတ်ဝေခဲ့သည်။ ၁၈၇၄ ခုနှစ် အထိ စောဖွယ်ရာ ရှိသည်။ အထက်မြန်မာ နိုင်ငံကို ဗြိတိသျှတို့ သိမ်းယူခဲ့သည့် ၁၈၈၅ ခုနှစ်တွင် ထုတ်ဝေမှုများ ရပ်ဆိုင်းသွားခဲ့သည်။

၁၈၇၅ – ရတနာပုံ သတင်းစာ(British Burma News) ရန်ကုန်တွင် ပေါ်လာသည်။

၁၈၇၃ သြဂုတ် ၁၅ – မင်းတုန်းမင်းက စာနယ်ဇင်း လွတ်လပ်ခွင့်ကို သေချာစေမည့် ပုဒ်မ ၁၇ ခုပါ ဥပဒေတခုကို မိတ် ဆက် ခြင်းနှင့် အတူ ပြည်တွင်းစာနယ်ဇင်းသမားများကို ကင်းလွတ်ခွင့်ပေးခဲ့သည်။

၁၈၇၄ နိုဝင်ဘာ -မြန်မာဘာသာဖြင့် ထုတ်ဝေသည့် Friend of Maulmain သတင်းစာ မော်လမြိုင်တွင် ပေါ်ပေါက် လာသည်။

၁၈၇၃ ဇန်နဝါရီ ၁၁- လောကီသုတ(Worldly Knowledge) သတင်းစာ ရန်ကုန်တွင် ပေါ်လာသည်။

၁၈၇၁ မေ ၈ – မြန်မာဘာသာ သတင်းစာဖြစ်သည့် Burmah Gazette ရန်ကုန်တွင် ပေါ်လာသည်။ အပတ်စဉ်ထုတ် အ ဆိုပါ သတင်းစာက ၁၈၇၂ မေလတွင် Burma News ဟု အမည်ပြောင်းလဲခဲ့ပြီး ၁၉၁၆ တွင် ထုတ်ဝေမှု ရပ်ဆိုင်းသွားခဲ့ သည်။

၁၈၆၉ – မြန်မာသံတော်ဆင့်သတင်းစာ (Burmah Herald) ကို မြန်မာသံတော်ဆင့် ပုံနှိပ်တိုက်က တပတ်တကြိမ် ထုတ် ဝေသည်။ ၁၈၇၁ ခုနှစ်အထိ စောနိုင်ဖွယ်ရာရှိသည်။ ရန်ကုန်တွင် မြန်မာဘာသာဖြင့် ပထမဆုံး ထုတ်ဝေသည့် သတင်းစာ ဖြစ်သည်။ ၁၈၈၄ ခုနှစ်တွင် နေ့စဉ် သတင်းစာ ဖြစ်လာပြီး စောင်ရေ ၅၀၀ ဝန်းကျင်ရှိသည်။ ၁၉၁၂ တွင် ထုတ်ဝေမှု ရပ်ဆိုင်းသွားခဲ့သည်။

၁၈၅၈-၁၈၆၈

အနည်းဆုံး သတင်းစာသစ် ၃ စောင် ပေါ်ထွက်ခဲ့သည်။ ထိုကာလ အတွင်း ထုတ်ဝေနေသော သတင်းစာ ၆ စောင် ရှိ သည်။

၁၈၆၂ – နှစ်ခြင်း သာသနာပြု အဖွဲ့က ၁၈၄၃ ခုနှစ်တွင် ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့သော ဓမ္မသတင်းစာ(Religious Herald) က Burman Messenger ဟု အမည် ပြောင်းခဲ့သည်။

၁၈၆၈ ခုနှစ်တွင် ပြုလုပ်သော သတင်းစာ သုတေသန တခုအရ ထိုကာလအတွင်းတွင် Times Commercial Advertiser၊ Daily Advertiser၊ Pole Star၊ British Burma Gazette၊ Mercantile Gazette နှင့် Arakan News တို့ ထုတ်ဝေနေဆဲ ဖြစ်ကြောင်း သိရသည်။

၁၈၆၁- Rangoon Times ၏ ပြိုင်ဘက်အဖြစ် Rangoon Gazette ကို တည်ထောင်သည်။ တပတ်လျှင် ၂ ကြိမ် ထုတ်ဝေ ခဲ့ပြီး နောက်ပိုင်းတွင် နေ့စဉ်သတင်းစာ ဖြစ်လာသည်။ ထုတ်ဝေမှုကို ၁၉၄၂ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။

၁၈၅၈ ဇွန် ၂ – အင်္ဂလိပ်ဘာသာဖြင့် Rangoon Times ကို ထုတ်ဝေသည်။ ၁၈၅၄ ခုနှစ် အထိ စောဖွယ်ရှိသည်။ တပတ် ၂ ကြိမ်ထုတ် အဖြစ် စတင်ခဲ့သော်လည်း ၁၈၆၁ ခုနှစ် ရောက်သည့် အခါ တပတ် ၃ ကြိမ်ဖြစ်လာပြီး နောက်ပိုင်းတွင် နေ့စဉ် သတင်းစာ ဖြစ်လာသည်။ ရန်ကုန်မှ ဗြိတိသျှတို့ ထွက်ခွာသွားခဲ့သည့် ၁၉၄၂ တွင် ရပ်ဆိုင်းသွားခဲ့သည်။

၁၈၄၇-၁၈၅၇

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာ ၄ စောင်ခန့် ပေါ်ထွက်ခဲ့သည်။ တစောင်မှာ ရခိုင်ပြည်နယ်၏ မြို့တော် စစ် တွေတွင် ထုတ်ဝေခြင်း ဖြစ်သည်။ ဗြိတိသျှ ဥပဒေပြု ကောင်စီက ကြိုတင် ခွင့်ပြုချက်မပါဘဲ သတင်းများ ထုတ်ဝေခြင်းကို တား မြစ်ရန်အတွက် “ ပါးစပ်ပိတ်ရန် ဥပဒေ” ဟု သိကြသည့် ဥပဒေ တခုကို ပြဌာန်းခဲ့သည်။

၁၈၅၇ ဇွန်၁၃- ၁၈၅၆မှ ၁၈၆၂ အထိ အိန္ဒိယ ဘုရင်ခံချုပ် တာဝန်ယူခဲ့သော Lord Canning က စာနယ်ဇင်းကို ထိန်း ကျောင်းရန် အားထုတ်မှုတခု အနေဖြင့် ကြိုတင်ခွင့်ပြုချက်မရှိဘဲ မည်သည့် သတင်းကိုမျှ ထုတ်ဝေခြင်းမပြုရန် တားမြစ် သည့် ဥပဒေတခုကို မိတ်ဆက်ခဲ့သည်။

၁၈၅၃ – တပတ် ၂ ကြိမ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Akyab (စစ်တွေ) Commercial Advertiser ကို စစ်တွေမြို့ တွင် Arakan Weekly News Press က ထုတ်ဝေခဲ့သည်။ နောက်နှစ်ရောက်သည့် အခါ Arakan News ဟု အမည်ပြောင်း ခဲ့သည်။ စောင်ရေ ၁၅၀ ခန့်အထိရောက်ရှိခဲ့သည်။

၁၈၅၃ ဇန်နဝါရီ ၅ – Rangoon Chronicle သတင်းစာကို တပတ်လျှင် ၂ ကြိမ် ထုတ်ဝေသည်။ နောက်ပိုင်းတွင် Pegu Gazette ဟု အမည်ပြောင်းလဲခဲ့သည်။ ၁၉၅၈ ခုနှစ် မေလအထိ ထုတ်ဝေမှုများ ရှိခဲ့သည်။

၁၈၄၉ – အင်္ဂလိပ်ဘာသာဖြင့် တပတ်တကြိမ်ထုတ်ဝေသည့် Friend of Burmah သတင်းစာကို မော်လမြိုင်မြို့တွင် စ တင် ထုတ်ဝေသည်။

၁၈၄၈ ဇူလိုင် ၁- အင်္ဂလိပ်ဘာသာ သတင်းစာဖြစ်သည့် Maulmain Advertiser ကို မော်လမြိုင်မြို့တွင် ထုတ်ဝေသည်။ ပထမဆုံး ပေါ်ပေါက်လာခြင်းက ၁၈၄၆ အထိ စောဖွယ်ရာ ရှိသည်။ W. Thomas & Co, က တပတ်လျှင် ၃ ကြိမ် ထုတ်ဝေ သည့် အဆိုပါ သတင်းစာကို ၁၈၅၀ တွင် Maulmain Times ဟု အမည်ပြောင်းလဲခဲ့သော်လည်း နောက် တနှစ်ကြာသည့် အခါ မူလ အမည်ကိုပင် ပြန်လည်သုံးစွဲခဲ့သည်။

၁၈၃၆-၁၈၄၆

ထိုကာလ အတွင်းတွင် ဗြိတိသျှ အုပ်ချုပ်သည့် မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီ ဒေသတွင် ပထမဆုံး အင်္ဂလိပ်ဘာသာ သတင်းစာကို ထုတ်ဝေခဲ့သည်။ ကရင်ဘာသာ၊ မြန်မာ ဘာသာတို့ဖြင့် ထုတ်ဝေသည့် ပထမဆုံး သတင်းစာများလည်း ထိုကာလ အတွင်းတွင် ပေါ်ထွက်ခဲ့သည်။

၁၈၄၆ – အင်္ဂလိပ်ကုန်သည် တဦးက မော်လမြိုင်မြို့တွင် Maulmain Free Press သတင်းစာကို ထုတ်ဝေခဲ့သည်။

၁၈၄၃ ဇန်နဝါရီ -နှစ်ခြင်းသာသနာပြု အဖွဲ့က လစဉ်ထုတ်သတင်းစာဖြစ်သော ခရစ်ယန် ဓမ္မသတင်းစာ(Religious Herald) ကို မော်လမြိုင်မြို့တွင် တလတကြိမ်ထုတ်ဝေသည်။ မြန်မာဘာသာဖြင့် ပထမဆုံး ထုတ်ဝေသည့် သတင်းစာဟု ယူဆရပြီး အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲ၏ ပထမနှစ်ဖြစ်သည့် ၁၈၅၃ အထိ ဆက်လက်ရှိနေခဲ့သည်။ ၁၈၆၂ ခုရောက် သည့်အခါ Burman Messenger အမည်ဖြင့် ထုတ်ဝေမှုများ ပြန်လည်ပြုလုပ်ခဲ့သည်။

၁၈၄၂ စက်တင်ဘာ – စကော ကရင်ဘာသာဖြင့် တလတကြိမ် ထုတ်ဝေသည့် Tavoy’s Hsa-tu-gaw (the Morning Star) ကို နှစ်ခြင်းသာသနာပြုအဖွဲ့က တည်ထောင်ခဲ့သည်။ တိုင်းရင်းသာ ဘာသာဖြင့် ထုတ်ဝေသည့် ပထမဆုံး သတင်းစာဖြစ် သည်။ စောင်ရေ ၃၀၀ ခန့်အထိ ရောက်ရှိခဲ့ပြီး ၁၈၄၉ ခုနှစ်တွင် ထုတ်ဝေမှုများရပ်ဆိုင်းသွားခဲ့သည်။

၁၈၃၆ မတ် ၃ – အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံးသတင်းစာဖြစ်သည့် The Maulmain Chronicle က ဗြိတိသျှ အုပ်ချုပ် သည့် တနင်္သာရီဒေသ၏ မြို့တော်ဖြစ်သော မော်လမြိုင်တွင် ပေါ်ပေါက်လာခဲ့သည်။ E.A. Blundell အမည်ရှိ ဗြိတိသျှ အရာရှိ တဦးက ပထမဆုံး စတင်ထုတ်ဝေခဲ့သည့် အဆိုပါ သတင်းစာက ၁၉၅၀ နှစ်များ အထိ ဆက်လက် ရှိနေခဲ့ပါသည်။

(၂၀၁၆ ခုနှစ် မေလ ၄ ရက်နေ့တွင် ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Burma’s Media Landscape Through the Years ကို ဘာသာပြန်ဆိုချက်အား အခြေခံပြီး ထပ်မံဖြည့်စွက် ရေးသားဖော်ပြသည်။)

The post နှစ်ကာလများကို သတင်းမီဒီယာ ဖြတ်သန်းခြင်း appeared first on ဧရာဝတီ.

မီဒီယာ ပြုပြင်ပြောင်းလဲရေး သမင်လည်ပြန်

$
0
0

မေလ ၃ ရက်နေ့ကို ကမ္ဘာ့ သတင်း လွတ်လပ်ခွင့်နေ့ ( World Press Freedom Day) အဖြစ် သတ်မှတ်ကျင်းပခဲ့တာ ၁၉၉၃ ခုနှစ် က ဆိုတော့ ဒီနှစ်ဆိုရင် ၂၆ ကြိမ်မြောက်ပေါ့။ ဒါပေမယ့် မြန် မာနိုင်ငံမှာတော့ ၂၀၁၂ ခုနှစ်မှ စပြီးကျင်းပနိုင်တဲ့အတွက် ၈ ကြိမ်မြောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ နဲ့ ဆက်စပ်အခမ်းအနားတွေကို လွတ်လွတ် လပ်လပ် ကျင်းပနိုင်တာဟာ မြန်မာ့မီဒီယာလောကရဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေထဲက တခုပါပဲ။ အဲဒါကြောင့် ဒီအခမ်းအနားကို ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပနိုင်တဲ့ အဆင့်ထိရောက်အောင် ဖြစ်လာခဲ့တဲ့အခြေအနေတွေကို ပြန်ပြောရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မီဒီယာပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် တစိတ်တဒေသကို နားလည်နိုင်ကြပါလိမ့်မယ်။

ပြုပြင်ပြောင်းလဲရေး

မြန်မာ့အရေးလေ့လာသူအတော်များများနဲ့ သတင်းမီဒီယာသမားတွေက မြန်မာ့မီဒီယာပြုပြင် ပြောင်းလဲရေးတွေဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် သမ္မတ တာဝန်ယူပြီးနောက်ပိုင်း ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေရဲ့ ရလဒ်လို့ ယူဆကြတယ်။ တကယ်တော့ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာ မီဒီယာပွင့်လင်းမှုတွေကို ပိုပြီး မြန်ဆန်သွားစေတာ မှန်ပေမယ့် မီဒီယာပြုပြင်ပြောင်းလဲရေးရဲ့ မူလအစတော့ မဟုတ်ခဲ့ဘူး။

တပ်မတော်အစိုးရခေတ် ပြန်ကြားရေးဝန်ကြီးတွေထဲမှာ ဦးကျော်ဆန်းဟာ လူသိအများဆုံးနဲ့ မီဒီယာသမားအများစုရဲ့ အမုန်းခံရဆုံးဖြစ်မယ် ထင်တယ်။ ဒါ့ကြောင့်၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ မြင်ရမယ့်အပြောင်းအလဲတွေကို ဦးကျော်ဆန်းက ၂၀၀၆ ခုနှစ် ထဲက စတင်ခဲ့တယ်ဆိုရင် အံ့သြကြလိမ့်မယ်၊ ယုံချင်မှလည်း ယုံကြလိမ့်မယ်။

ဦးကျော်ဆန်းဟာ အစိုးရအဖွဲ့ဝင်ဖြစ်တဲ့အတွက် တပ်မတော်အစိုးရရဲ့ ပြန်ကြားရေးမူဝါဒတွေကို တိတိကျကျ အကောင်အထည်ဖော်တယ်။ ဒါ့ကြောင့်လည်း ခေါင်းမာဂိုဏ်းသားအဖြစ် တံဆိပ်ကပ်ခံရတယ်၊ လူမုန်းခံရတယ်။ ဒါပေမယ့် အဲဒါကြောင့်ပဲ သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် လူကြီးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ရခဲ့ပြီး ပြုပြင်ပြောင်းလဲရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ခဲ့တယ်။

ကျနော် ပြန်ကြားရေးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတာ ၂၀၀၅ ခုနှစ် မေလ။ ဝန်ကြီး ရုံးခန်းမှာ ပထမဆုံး သတင်းပို့တဲ့အချိန်မှာ ဦးကျော်ဆန်းက “ အခု ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အတွက် ပြင်ဆင်နေတယ်၊ အခြေခံဥပဒေပေါ်လာရင် စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာ နိုင်ငံသား အခွင့်အရေးဖြစ်သွားပြီ။ မဖြစ်မနေပေးရမယ်။ အဲဒါကြောင့် ငါတို့ မူဝါဒတွေ ပြောင်းဖို့ရှိတယ်။ နိုင်ငံတကာအခြေအနေတွေကို လေ့လာနိုင်ဖို့ ပြင်ဆင်နေတယ်” လို့ပြောခဲ့တယ်။

အဲဒီအချိန်က ဦးကျော်ဆန်းရဲ့ အစီအစဉ်က အခုလိုဖြစ်ပါတယ်။

၁။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီး မီဒီယာပြုပြင်ပြောင်းလဲရေး အတွက် ကြိုတင် လေ့လာမှုတွေလုပ်မယ်။
၂။ စာပေစိစစ်ရေးမူဝါဒတွေကို ဖြည်းဖြည်းချင်းလျှော့သွားမယ်။
၃။ နိုင်ငံတကာသတင်းဌာနတွေကိုလည်း အခြေအနေပေးတိုင်း လူကြီးတွေကို တင်ပြပြီး မြန်မာနိုင်ငံထဲမှာ သတင်းယူခွင့်ပြုမယ်။ လူကြီးတွေအနေနဲ့ နိုင်ငံတကာသတင်းမီဒီယာကို သတင်းယူ ခွင့် ပြုတာဟာ အကျိုးရှိတယ်ဆိုတာ လက်ခံအောင် ကြိုးစားမယ်။

ဒါပေမယ့် အဲဒီအစီအစဉ်တွေကို အကောင်အထည်ဖော်ရတာက မလွယ်ဘူး၊ ဖြောင့်ဖြောင့်တန်းတန်း မဟုတ်ဘူး။ အထူးသဖြင့် စာပေစိစစ်ရေးမူဝါဒရယ်၊ နိုင်ငံတကာသတင်းဌာနတွေနဲ့ ဆက်ဆံရေးရယ်က ထိပ်ပိုင်းက လူကြီးတွေရဲ့ မိုးလေဝသကို ကြည့်ပြီး လုပ်နေရတယ်။ တခါတလေ မမေ ျှာ်လင့်တဲ့ဖြစ်ရပ်တွေကြောင့် တုန့်ဆိုင်းသွားရတာ ရှိတယ် ။ တခါတခါကျတော့လည်း ဝန်ကြီးအချင်းချင်း အချွန်နဲ့မ တာခံရလို့ အစီအစဉ်တွေရပ်သွားတာ၊ နောက်ပြန်ရွေ့သွားတာလည်း ရှိတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အားနည်းချက်တွေကို အများဆုံးထောက်ပြလေ့ရှိတာကတော့ ဦးအောင်သောင်းနဲ့ ဦးခင်အောင်မြင့်ပဲ။ (ဦး) စောဝေရဲ့ ကဗျာကိစ္စ၊ မြန်မာတိုင်းမ် ကြော်ငြာကိစ္စ တို့လိုမျိုး တွေမှာ စာပေစိစစ်ရေး ညံ့တယ်၊ ဦးကျော်ဆန်း မီဒီယာတွေကို မထိန်းနိုင်ဘူး စသည်ဖြင့် အပြောခံရတယ်။ တခါကတော့ ဦးခင်အောင်မြင့်က ဂျာနယ်တစောင်မှာ အစိုးရကို သွယ်ဝိုက်ေ၀ ဖန်ထားတဲ့ ဆောင်းပါးတပုဒ်ကို ပြပြီး ဒီလိုဂျာနယ်ကို ဘယ်သူက ခွင့်ပြုလဲဆိုပြီး ဦးရွှေမန်း ဦးစီး ကျင်းပတဲ့ နေ့စဉ်နိုင်ငံရေးအစည်းအဝေးမှာ ပြောတယ်။ အဲဒီနေ့က ဦးကျော်ဆန်း နေပြည်တော်မှာ မရှိလို့ ကျနော်က ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားတက်ရတော့ ဦးရွှေမန်းက ပြန်စစ်ပြီး တင်ပါလို့ ညွှန်ကြားတယ်။ တကယ်ပြန်စစ်လိုက်တော့ အဲဒီဂျာနယ်က ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ခံ ဦးစီးဌာနတခုရဲ့ ထုတ်ဝေခွင့်ကို ငှားပြီး ထုတ်နေတာဖြစ်နေတယ်။ အဲဒီလို ကိစ္စ တွေက မကြာမကြာဖြစ်လေ့ရှိတယ်။

တခါမှာကျတော့ ကော်ဖီမစ် ကြော်ငြာတခုဟာ ပြောင်းပြန်ဖတ်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ညွှန်းတာဖြစ်နေတယ်ဆိုပြီး ဦးကျော်ဆန်းကို ကျပ်လွှတ်လိုက်တယ်။ အဲဒီ အချိန်က စောဝေရဲ့ ကဗျာကိစ္စကလည်း ဖြစ်ပြီးချိန်ဆိုတော့ ဦးကျော်ဆန်း ရှုးရှုးရှားရှားနဲ့ ပြန်ရောက်လာတယ်။ ရန်ကုန်စာပေစိစစ်က ဦးတင့်ဆွေတို့ရော၊ နေပြည်တော်က ကျနော်တို့ရော အဲဒီကြော်ငြာကို နေရောင်ထဲ ထောင်ကြည့်၊ မှန်ထောင်ကြည့် အလုပ်ရှုပ်တော့တာပေါ့။ တကယ်တော့ ဘာမှမဟုတ်ပါဘူး။

အဲဒီဒဏ်တွေကို အများဆုံးခံရတာကတော့ ဦးတင့်ဆွေပေါ့။ အပေါ်က အခြေအနေကို မူတည်ပြီး ဦးကျော်ဆန်းက စာပေစိစစ်ရေးမူဝါဒတွေကို အတိုးအလျှော့လုပ်ရတာကို မသိတဲ့ သတင်းသမား တွေကတော့ စာပေစိစစ်က ဂဏန်းမငြိမ်ဘူး၊အပြောင်းအလဲမြန်တယ်၊ လိုတမျိုး မလိုတမျိုးဆို ဦးတင့်ဆွေကို အပြစ်တင်ကြတယ်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု

အနာဂတ်မီဒီယာအခြေအနေကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင်ပြင်မယ်ဆိုရင် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ အခြေပြုထားတဲ့ မီဒီယာအဖွဲ့အစည်း တွေ၊ ယူနက်စကိုလို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒါပေမယ့် အနောက် အုပ်စုနိုင်ငံတွေနဲ့ မြန်မာဆက်ဆံရးအခြေအနေကြောင့် ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ အခက်တွေ့နေတယ်။

အဲဒီအချိန်မှာ စွန့်စားပြီး ကူညီတဲ့ ပထမဆုံး နိုင်ငံတကာအဖွဲ့အစည်းက ဂျာမနီနိုင်ငံအခြေစိုက် Friedrich-Ebert-Stiftung , FES လို့ခေါ်တဲ့ Friedrich Ebert ဖောင်ဒေးရှင်းပဲ။ FES က ၂၀၀၈ ခုနှစ်ထဲမှာ ပြန်ကြား ရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တဖွဲ့ကို စင်္ကာပူ အခြေစိုက် Asia Media Information and Communication Centre, AMIC နဲ့ မလေးရှားအခြေစိုက် Asia-Pacific Institute for Broadcasting Development, AIBD တွေမှာ နှစ်ပတ်ကြာ ဆွေးနွေးပွဲတွေလုပ်ပေး တယ်။ အဲဒီဆွေးနွေးပွဲတွေမှာ နိုင်ငံတကာမီဒီယာ ပညာရှင်တွေက မီဒီယာဥပဒေ၊ အများပြည်သူ ဝန်ဆောင်မှုမီဒီယာ၊ မီဒီယာနဲ့ ဒီမိုကရေစီ စတဲ့ ဘာသာရပ်တွေကို ဆွေးနွေးတယ်။ မြန်မာနိုင်ငံ အနေနဲ့ဆောင်ရွက်သင့်တဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို သုံးသပ်တယ်။

အဲဒီဆွေးနွေးပွဲတွေရဲ့ ရလဒ်အရ ၂၀၀၉ ခုနှစ်ထဲရောက်တော့ ဦကျော်ဆန်းက အနာဂတ် မီဒီယာ ပြုပြင်ပြောင်းလဲရေး အတွက်

၁။ မီဒီယာဥပဒေသစ်တွေ (ပုံနှိပ်/မှတ်ပုံတင်ဥပဒေ၊ စာနယ်ဇင်းဥပဒေ၊ ရုပ်သံဥပဒေ၊ ရုပ်ရှင်ဥပဒေ၊ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ) ဆွဲဖို့

၂။ စာနယ်ဇင်းဥပဒေပြီးရင် စာပေစိစစ်ဖျက်သိမ်းဖို့

၃။ အစိုးရရုပ်သံနဲ့ သတင်းစာတွေကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းဖို့

၄။ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြည်တွင်းမှာ မီဒီယာသင်တန်းတွေပို့ချခွင့်ပြုဖို့

ဆိုပြီး သတ်မှတ်ခဲ့တယ်။ ကျနော်သိသလောက် အဲဒီ အစီအစဉ်ကို အကြီးအကဲတွေကိုလည်း ဦးကျော်ဆန်း ရှင်းပြ အတည်ပြုချက်ယူခဲ့တယ်။ ဒါ့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာထဲကို ဌာန အသီးသီးက ဥပဒေသစ်တွေအတွက်လေ့လာမှုတွေ စလုပ်နေခဲ့ပြီ။ စာပေစိစစ်မူဝါဒတွေကို လျှော့ပေးတာတွေ လုပ်နေပြီ။

၂၀၁၁ အပြောင်းအလဲ

၂၀၁၁ သမ္မတ ဦးသိန်းစိန် တာဝန်ယူပြီးချိန်မှာလည်း အစိုးရအဖွဲ့သစ်နဲ့ လွှတ်တော်ဥက္ကဌ နှစ်ဦးကို ဦးကျော်ဆန်းက မီဒီယာပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေ တရားဝင် ရှင်းလင်းတင်ပြခဲ့တယ်။ အဲဒီ တင်ပြတဲ့အချိန်မှာ ဦးတင့်ဆွေလည်း လိုက်ပါသွားခဲ့ရတယ်။ အကြီးအကဲတွေကလည်း ဦးကျော်ဆန်းရဲ့ အစီအစဉ်ကို လက်ခံခဲ့တယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ စတင်ချိန်မှာ နိုင်ငံတကာထောက်ခံမှုတွေ ရလာတဲ့အတွက် မီဒီယာပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာအကူအညီတွေလည်း ပိုရလာခဲ့တယ်။ အဲဒီအချိန်မှာ ဦးကျော်ဆန်းက မြန်မာနိုင်ငံမှာ မီဒီယာပြုပြင်ပြောင်းလဲရေးကို သက်သေပြ ဖို့နဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် နိုင်ငံတကာ အစည်းအဝေးနှစ်ခုကို လုပ်ခဲ့တယ်။

ပထမတခုကတော့ မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်မှု နိုင်ငံတကာညီလာခံဖြစ်ပြီး နောက်တခုက ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနား ဖြစ်ပါတယ်။ အခုတော့ အဲဒီ အခမ်းအနားနှစ်ခုက နှစ်စဉ်ပုံမှန်ကျင်းပတဲ့ အခမ်းအနားတွေဖြစ်နေပြီး အစိုးရ၊ပြည်တွင်းမီဒီယာသမားများနဲ့ နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖလှယ်နိုင်တဲ့ နေရာတွေဖြစ်နေပါပြီ။

ဦးကျော်ဆန်း

ဒီနေရာမှာ ဦးကျော်ဆန်းဟာ မီဒီယာပြုပြင်ပြောင်းလဲရေးကို စတင်ခဲ့သူဆိုရင် သမ္မတ ဦးသိန်းစိန် က ဘာ့ကြောင့် ဦးကျော်ဆန်းကို သမဝါယမဝန်ကြီးဌာနကို ရွှေ့လိုက်တာလဲလို့ မေးစရာရှိပါတယ်။ အဓိကကတော့ မီဒီယာပြုပြင်ပြောင်းလဲရေးအပေါ် ရှုမြင်ပုံကွဲလွဲတာကြောင့်ပါပဲ။

၁။ သမ္မတနဲ့ ဝန်ကြီးတချို့က မီဒီယာပြုပြင်ပြောင်းလဲရေးကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်တယ်။ မြန်မြန်ပြောင်းလဲပြချင်တယ်။

၂။ ဦးကျော်ဆန်းက မီဒီယာပြုပြင်ပြောင်းလဲရေးကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအဖြစ်ပဲ ဆက်လုပ်ချင်တယ်။ အဆင့်ဆင့်ပြောင်းချင်တယ်။

ဥပမာ စာပေစိစစ်ဖျက်သိမ်းရေးကိစ္စမှာ သမ္မတရုံးဘက်က မြန်မြန်ဖျက်ချင်တယ်။ ဦးကျော်ဆန်းက စာနယ်ဇင်းဥပဒေ ( သတင်းမီဒီယာဥပဒေ)ရေးဆွဲနေချိန်မှာ ထုတ်တင် စနစ်ကနေ တင်ထုတ်စနစ် ပြောင်းတာကို အဆင့်ဆင့်လုပ်မယ်၊ ဥပဒေအတည်ဖြစ်မှ စာပေစိစစ် လုံးဝဖျက်သိမ်းတာကို လုပ်ချင်တယ်။

အဲဒီလို သဘောထားကွဲလွဲမှုတွေရဲ့ နောက်ဆုံးရလဒ်ကတော့ ဦးအောင်ကြည်နဲ့ ဦးကျော်ဆန်းကို အစားထိုးခဲ့တာဖြစ်ပါတယ်။

မဆုံးတဲ့ခရီး

ပြီးခဲ့တဲ့ ၇ နှစ်အတွင်း တံတားအောက်မှာ မြစ်ရေတွေအများကြီး စီးဆင်းသွားခဲ့ပါပြီ။ မြန်မာ့ မီဒီယာ ပြုပြင်ပြောင်းလဲရေးဟာလည်း လီဗာနင်းတဲ့အချိန်ရော၊ ဘရိတ်ဆောင့်နင်းတဲ့ အချိန်တွေ ရောကြုံခဲ့ရပြီ။ ဆက်သွားနေသလား၊ ရပ်နေသလား ဆိုတာတောင် မသေချာဘူး။ မီဒီယာ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားလုံးတောင် ကြားရတာ နည်းသွားပြီ။ ဒါပေမယ့် ပြဿနာတွေ ဘယ်လောက်ရှိရှိ ဒီခရီးက ရပ်လို့ မရတာတော့ သေချာပါတယ်။

(စာရေးသူသည် သမ္မတ ဦးသိန်းစိန်ခေတ် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအခါ စင်ကာပူနိုင်ငံ ISEAS-Yusof ishak Institute တွင် အကြီးတန်းသုတေသီ တဦးဖြစ်သည်။ ၎င်း၏ ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားသည်အား ပြန်လည်ဖော်ပြပါသည်။)

The post မီဒီယာ ပြုပြင်ပြောင်းလဲရေး သမင်လည်ပြန် appeared first on ဧရာဝတီ.

ထိုင်းဘုရင်တို့၏ နန်းတက်ပွဲ အစဉ်အလာများ

$
0
0

ထိုင်းဘုရင် မဟာ ဗာဂျီရာ လောင်ကွန်ရဲ့ တရားဝင်နန်းတက်ပွဲ အခမ်းအနား မနက်ဖြန် မေလ ၄ရက်နေ့မှာ ကျင်းမှာပါ။

ထိုင်းနိုင်ငံကို ဆယ်စုနှစ် ၇ခု အကြာ အုပ်စိုးခဲ့တဲ့ ခမည်းတော် ဘုရင်ကြီး ဘူမိဘော အဒူလျာဒက် နတ်ရွာစံပြီး ၂နှစ်ကျော် အကြာမှ နန်းတက်ပွဲ ကျင်းပနိုင်တာ ဖြစ်ပါတယ်။

အသက် ၆၆ နှစ် ရှိပြီဖြစ်တဲ့ ဘုရင်သစ် မဟာ ဗာဂျီရာလောင်ကွန် ရဲ့ နန်းတက်ပွဲ အခမ်းအနားကို မေလ ၄ ရက်နေ့ကနေ ၆ ရက် နေ့အထိ ကျင်းပဖို့ ရှိနေပြီး နောက်ဆုံးနေ့မှာ ဘုရင်က ပြည်သူတွေနဲ့ တွေ့ဆုံ သွားမယ်လို့ သိရပါတယ်။

ထိုင်းဘုရင်သစ်အဖြစ် ဘိသိတ်ခံယူမည့် ရာမ (၁၀)ဘုရင် မဟာဗာဂျီရာ လောင်ကွန်ကို ကြင်ယာတော် စုသီတာအား မိဖုရားမြှောက်သည့် အခမ်းအနားတွင် တွေ့ရစဉ် / Bangkok Post

နတ်ရွာစံ ဘုရင် ဘူမိဘော အဒူလျာဒက် နန်းတက်စဉ်ကလည်း ဘုရင်ဖြစ်ပြီး ၄နှစ်ကြာ ၁၉၅၀ ခုနှစ် မေလ ၅ရက်နေ့မှာ နန်းတက်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ရာ ထိုနေ့ကို ထိုင်းပြည်သူတွေအတွက် တရားဝင် အားလပ်ရက် အဖြစ် သတ်မှတ် ပေးခဲ့ပါတယ်။

နန်းတက်ပွဲဟာ ဘုရင်ကို ဘိသိတ်သွန်းလောင်းပြီး သရဖူး ဆောင်းပေးတဲ့ အခမ်းအနားဖြစ်ပေမယ့် ထုံးတမ်းစဉ်လာအရ နန်းတက်ခြင်း၊ အိမ်တော်ကို လက်ခံရယူခြင်း နှစ်ပိုင်းရှိပါတယ်။

နန်းတက်ခြင်းမှာ အဆိုးအညံ့တွေ သန့်စင်စေဖို့ ဘုရင်ကို ရေချိုးပေးခြင်း၊ ဘိသိတ်သွန်းလောင်းခြင်း၊ သရဖူ ဆောင်းပေး ခြင်း၊ တော်ဝင် မင်းမြှောက် တန်ဆာ၊ တော်ဝင် အသုံးအဆောင်နဲ့ တော်ဝင်လက်နက်တွေ အပ်နှင်းခြင်း တို့ပါ ဝင်ပြီး၊ အိမ် တော်ကို လက်ခံယူခြင်းကတော့ သီးသန့်ကျင်းပတဲ့ အိမ်တက်ပွဲ အခမ်းအနားတခုဖြစ်ပြီး တော်ဝင် မိသားစုဝင်တွေက နန်းတော်မှာ ပြုလုပ်ကြပါတယ်။

ရှေးယခင်က ဘိသိတ်သွန်း အခမ်းအနားကိုပဲ နန်းတက်ပွဲရဲ့ အမြင့်ဆုံးအပိုင်းအဖြစ် သတ်မှတ်ကြပေမယ့် ရာမ (၄) ဘုရင် လက်ထက်မှာ သရဖူဆောင်း အခမ်းအနားကိုလည်း အရေးပါတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ရာမ(၄)ဘုရင်က နန်းတက်ပွဲမှာ ဗုဒ္ဓဘာသာ သံဃာတော်များရဲ့ အခန်းကဏ္ဍကိုလည်း တိုးမြှင့်ခဲ့ပါတယ်။

တော်ဝင် မင်းမြှောက်တန်ဆာ ၅ပါး

တော်ဝင် မင်းမြောက်တန်ဆာ ၅ပါး

ထိုင်းနိုင်ငံရဲ့ တော်ဝင် မင်းမြှောက်တန်ဆာတွေ ကို ဘုရင်တွေက သူတို့ရဲ့ နန်းတက်ပွဲ အခမ်းအနားတွေမှာ အသုံးပြု ဖို့ စုဆောင်းခဲ့ကြပါတယ်။

အဲဒါတွေ အများစုက အယုဒ္ဓယ ပျက်ချိန်မှာ ပျက်စီးသွားကြတဲ့ အတွက် ၁၇၈၅ ခုနှစ်လောက်က ရာမ(၁) ဘုရင် နန်းတက် ပွဲ အတွက် ပုံစံတူ ပြန်လည် ပြုလုပ်ခဲ့ရပါတယ်။ အဲဒါတွေကတော့ အဆင့် ၉ဆင့်ပါ ထီးနဲ့ သရဖူ၊ ဓားရှည်၊ ကျိုင်း၊ ခြေနင်း (ဖိနပ်) တို့ဖြစ်ကြပါတယ်။

အဆင့်ကိုးဆင့်ပါ ထီးတော်

တော်ဝင်ထီး

အဆင့် ၉ ဆင့်ပါ ထီးကို တော်ဝင် မင်းမြှောက် တန်ဆာတွေထဲမှာ ရှေးအကျဆုံးနဲ့ အရှားပါးဆုံးလို့ ယူဆကြပြီး၊ အဆင့် ၅ဆင့်ပါတဲ့ ထီးက အိမ်ရှေ့မင်းသားအတွက်၊ ၇ ဆင့်ပါတဲ့ ထီးက ဘိသိတ်မခံရသေးတဲ့ ဘုရင် အတွက်၊ ၉ ဆင့်ကတော့ ဘိသိတ်မြှောက်ပြီးသား ဘုရင်အတွက် ဖြစ်ပါတယ်။ ထီးရွက်ကို ရွှေချည်ထိုး အဖြူ ရောင်ပိုးသားနဲ့ ပြုလုပ်ပြီး ထီးရိုး ကို တော့ ရွှေချထားပါတယ်။

အောင်မြင်ခြင်း မဟာသရဖူ

ထိုင်းနိုင်ငံရဲ့ တော်ဝင် မင်းမြှောက်တန်ဆာ ၅ ခုမှာ အဓိက ပစ္စည်းဖြစ်ကာ အနောက်တိုင်းက သရဖူတွေ လို မဟုတ်ဘဲ ရှည်မျောမျော ပုံစံရှိပြီး ဘေးတဖက် တချက်မှာ တွဲလောင်းကျနေတဲ့ နားရွက်ကာ တွေ ပါပါတယ်။ လက်ရှိ သရဖူကို ရာမ(၁) ဘုရင် ရဲ့ အမိန့်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၆ လက်မ ကျော်မြင့်ပါတယ်။ အလေးချိန်ကတော့ ၁၆ ပေါင် ရှိပါ တယ်။ ရွှေနဲ့ ပြုလုပ်ထားပြီး စိန်နဲ့ တခြား အဘိုးတန် ကျောက်မျက်တွေ စီချယ်ထားပါတယ်။ သရဖူရဲ့ ထိပ်မှာ အလွန် အရည် အသွေးကောင်းတဲ့ စိန်တလုံး ရှိပြီး အဲဒါကတော့ ရာမ(၄) ရဲ့ လက်ထက်မှာ ထပ်ပြီးတပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

အောင်မြင်ခြင်း ဓားရှည်

အောင်မြင်ခြင်း ဓားရှည်ကို ၁၇၈၄ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ တုန်လေဆပ်ရေကန် ထဲမှာ တံငါသည်တယောက်က တွေ့ ရှိခဲ့ပြီးတဲ့နောက် ရာမ(၁) ဘုရင်ကို ဆက်သခဲ့တယ်လို့ ဆိုကြပါတယ်။ အဲဒီဓားအတွက် ဓားအိမ်နဲ့ ဓားရိုးကို ရာမ(၁) ဘုရင် က ရွှေနဲ့ လုပ်ခဲ့ပါတယ်။ ၂ ခုလုံးမှာ စိန်နဲ့ ကျောက်မျက်တွေ စီချယ်ထား ပါတယ်။ ဓားသွားက ၂၅ လက်မ ရှည်ပြီးတော့ ဓားရိုး က ၁၀ လက်မ ရှည်ပါတယ်။ ဓားတစုံလုံးဆိုရင်တော့ လက်မ ၄၀ ရှည်ပြီး ၄ ပေါင် အလေးချိန်ရှိပါတယ်။

တော်ဝင်ကျိုင်း

တော်ဝင်ကျိုင်းကို သစ်သားနဲ့ ပြုလုပ်ပြီး ရွှေချထားပါတယ်။ ၄၆ လက်မရှည်ပါတယ်။ ထိပ်တဖက်မှာ ဘုလုံးတခုရှိပြီး တော့ ကျန်တဲ့ တဖက်မှာတော့ ခက်ရင်းခွ ၃ခုရှိပါတယ်။

ခြေနင်းများ

တော်ဝင်ခြေနင်းတွေက နောက်ပွင့် ပုံစံဖြစ်ပြီးတော့ ထိပ်ပိုင်းက ချွန်ပြီး အဖျားကော့ပါတယ်။ အပြင်ဘက်ကို ကျောက်မျက် ရတနာတွေနဲ့ စီချယ်ထားပြီး အတွင်းကတော့ အနီရောင် ချည်သားဖြစ်ပါတယ်။ ဖိနပ်ခွာကိုတော့ ရွှေပြားစစ်စစ်တွေနဲ့ ပြု လုပ်ထားပါတယ်။

တော်ဝင်အသုံးအဆောင်များ

တော်ဝင် အသုံးအဆောင်များ

တော်ဝင် အသုံးအဆောင်တွေ ဖြစ်တဲ့ ကွမ်းအစ်၊ ရေတကောင်း၊ ရေခွက် နဲ့ ထွေးခံ တွေကို ရွှေနဲ့ ပြုလုပ်ပါတယ်။ တော် ဝင် အခမ်းအနားတွေမှာ ဘုရင်ထိုင်တဲ့ ပလ္လင်ရဲ့ တဘက်မှာ အမြဲတမ်းထားရှိရပါတယ်။

ဘုရင့် အာဏာကို ကိုယ်စားပြုသော လက်နက်များ

ဘုရင့် အာဏာကို ကိုယ်စားပြုသော လက်နက်များ

ဘုရင်ရဲ့ အာဏာကို ကိုယ်စားပြုတဲ့ လက်နက် ၈မျိုး ကတော့ လှံရှည်၊ လက်ကိုင်ရိုးရှည် ဓား၊ ၃ခွ ခက်ရင်းရှည်၊ Chakra (ဗိဿနိုး ကိုင်သော အဝိုင်းပြားသဏ္ဍန်လက်နက်တမျိုး)၊ ဓားတို၊ လေး၊ ချွန်း နဲ့ သေနတ်တို့ ဖြစ်ကြပါတယ်။ ရာမ(၁) ဘုရင်လက်ထက်က ပြန်လည်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နန်းတက်ပွဲ

သန့်ရှင်း စင်ကြယ်စေရန် ရေချိုးခြင်း မင်္ဂလာ

ပထမဆုံး အစဉ်အလာက ဘုရင်က သန့်စင်သွားစေဖို့ ရေချိုးရတာဖြစ်ပြီး၊ နန်းတက်ပွဲ မနက်မှာ ဘုရင်က Amarin Winitchai ပလ္လင်ခန်းမကို တော်ဝင် ထိုင်းတပ်မတော်ရဲ့ ဦးစီးချုပ် ဝတ်စုံနဲ့ ရောက်လာပြီး ပထမဆုံး ခန်းမထဲမှာ ရှိတဲ့ ဗုဒ္ဓ ရုပ်ပွားတော်တွေကို ဖရောင်းတိုင် ထွန်းညှိပူဇော်ရပါတယ်။ Phaisan Thaksin ခန်းမမှာ ကြိုတင်ရောက်ရှိနေတဲ့ သံဃာ တော်တွေရဲ့ ဆုတောင်းမင်္ဂလာကို ခံယူပြီး မင်္ဂလာအချိန်အခါမှာ ပုဏ္ဏားတော်အဖွဲ့ အကြီးအကဲက ရေချိုးတဲ့ အခမ်း အနား အတွက် ဖိတ်ခေါ်ပါတယ်။ အဲဒီအချိန်မှာ ဘုရင်က အဖြူရောင် ဝတ်ရုံကို လဲလှယ်ဝတ်ဆင်ရပါတယ်။

ရေချိုးမင်္ဂလာ အခမ်းအနားမှာ အသုံးပြုတဲ့ ရေတွေကို အဓိက မြစ်ကြီး ၅ သွယ် ဖြစ်တဲ့ ချောင်ဖရာ၊ ပဆက်၊ မဲ့ကလောင်၊ ပက်ချ်ဘူရီနဲ့ ဘန့်ပါခေါင် မြစ်တွေကနေ ရယူသလို ဆဖန်ဘူရီက ရှေးဟောင်းကန် ၄ကန်က ရေ တွေလည်း ပါပါတယ်။

၁၉၅၀ ခုနှစ် ရာမ (၉) ဘုရင် ဘူမိဘော အဒူလျာဒက် နန်းတက်စဉ် သန့်စင်စေရန် ရေချိုးမင်္ဂလာ အခမ်းအနား

Phaisan Thaksin နဲ့ Chakkraphat Phiman ခန်းမတွေရဲ့ကြား ကွက်လပ်မှာ အထူးတည်ဆောက်ထားတဲ့ ရေချိုးဆောင် ရှိပါတယ်။

ဘုရင်က ရေချိုးဆောင် အတွင်းမှာ ထိုင်ပြီးတဲ့ အခါ သူ့ကို ရွှေဖလားငယ် တလုံးထဲမှာ ထည့်ထားတဲ့ ရေအနည်း ငယ်ပေးရ ပါတယ်။ ဘုရင်က ရေထဲကို လက်နှစ်ပြီး သူ့ရဲ့ ဦးခေါင်းထိပ်ကို ပွတ်သပ်ရပါတယ်။ အဲဒီနောက် ကြိုးတချောင်းကို ဆွဲလိုက် တဲ့ အခါ မျက်နှာကြက်ကနေ ရေတွေကျလာပါတယ်။

ဘုန်းတော်ကြီးတွေ၊ တော်ဝင်မိသားစု၊ အစိုးရ ဝန်ကြီးတွေနဲ့ တခြားတာဝန်ရှိသူတွေက ကောင်းချီးမင်္ဂလာပြုတဲ့ အနေနဲ့ ဖလားငယ်တွေနဲ့ ဘုရင်ကို ရေပေးကြပါတယ်။ အဲဒီလို ရေချိုး နေတုန်းမှာ ရှေးဟောင်း ဂီတကို တီးမှုတ်ပေးရပါတယ်။ ရေချိုးပြီးတဲ့အခါ ဘုရင်က သီးသန့်ခန်းမှာ သွား အနားယူ ပြီးတဲ့နောက် ဘိသိတ်ခံဖို့ အတွက် Phaisan Thaksin ခန်းမဆောင်ကို တော်ဝင် ဝတ်စုံပြည့်နဲ့ ပြန်လည်ရောက်ရှိလာ ပါတယ်။

ဘိသိတ်ခံခြင်း

Phaisan Thaksin ခန်းမရဲ့ အရှေ့ဘက်ဆုံးမှာ ရှိတဲ့ ၈ မြှောင့်ပုံ ပလ္လင်ဆီကို သွားတဲ့ အချိန်မှာ တော်ဝင် ပုဏ္ဏားတော် တွေ နဲ့ ပုဏ္ဏားတွေက အစီအစဉ်တကျ လိုက်ကြရပါတယ်။

သာမန် ပုံသဏ္ဍန် မဟုတ်တဲ့ ဒီပလ္လင်ကို ရာမ(၁) ဘုရင်ရဲ့ အမိန့်နဲ့ အဲဒီနေရာမှာ ထားရှိခဲ့တာ ဖြစ်ပြီးတော့ နန်းတက်ပွဲ အခမ်းအနားအတွက်ပဲ အသုံးပြုပါတယ်။ အစပိုင်းမှာ ဘုရင်က ဘိသိတ်မခံရသေးဘူးဆိုတဲ့ သဘောနဲ့ ၇ ဆင့်ပါ ထီး ကိုပဲ မိုးပေးထားပါတယ်။

ပလ္လင်ရဲ့ မျက်နှာစာ ၈ ဘက်မှာ စားပွဲငယ် ၈ ခုရှိပြီးတော့ ဘိသိတ် ရေစင်ထည့်ထားတဲ့ အိုးတွေနဲ့ ခရုသင်းတွေ ရှိပါတယ်။

ဘိသိတ်လောင်းရာမှာ အသုံးပြုတဲ့ ရေကိုတော့ တိုင်းပြည်တလွှားက တန်ခိုးကြီး ထင်ရှားတဲ့ စေတီပုထိုး ၁၈ ခုက ရယူပြီး ရော စပ်ထားတာဖြစ်ပါတယ်။

၁၉၅၀ ခုနှစ် နန်းတက်ပွဲတွင် ဘုရင်ဘူမိဘော ရှစ်မြှောင်ပုံ ပလ္လင်တွင် ထိုင်ကာ ဗြဟ္မဏတဦး ဆက်သသည့် ဘိသိတ်ရေစင်ကို လက်ခံစဉ်

ပထမဆုံး ဘုရင်က အရှေ့ဘက်ကို မျက်နှာမူ ထိုင်ကာ၊ အရှေ့အရပ်ကို တာဝန်ယူရတဲ့ ပုဏ္ဏားက ရှေ့တက်လာ ပြီး အရှေ့ အရပ်မှာ ရှိတဲ့ နယ်မြေများနဲ့ ပြည်သူများကို ဘုရင်က စောင့်ရှောက် ကာကွယ်ပေးနိုင်ဖို့ ဆုတောင်းစကား ပါဠိ နဲ့ ထိုင်း ၂ ဘာသာကို သုံးပြီး ရွတ်ဆိုရပါတယ်။

ပြီးတော့ ပလ္လင်ခြေရင်းကို သွားကာ ဘုရား၊ တရား၊ သံဃာ ရတနာ ၃ ပါး ဂုဏ် ကျေးဇူးနဲ့ သူ့အပေါ်မှာ သွန်းလောင်း လိုက် တဲ့ ရေစင်က အောင်မြင်မှုတွေ ပေးပါစေကြောင်း ဆုတောင်းပြီး ရေတခွက်ကို ပေးရပါတယ်။ ဘုရင်ကလည်း ခွက်ထဲကို လက်ချောင်းတွေ နှစ်ပြီးတော့ မျက်နှာကို ရေနဲ့ သပ်ကာ နိုင်ငံ၊ ဗုဒ္ဓဘာသာနဲ့ ပြည်သူ တွေ ကို ကာကွယ်ပေးမယ့် အကြောင်း ကတိပြုရပါတယ်။

လက်ယာရစ်လှည့်ကာ အရပ်မျက်နှာ အသီးသီးမှာ အလားတူ လုပ်ပြီးတဲ့နောက် အရှေ့ အရပ်ကို ပြန်ရောက်လာချိန်မှာ အရှေ့ဘက် ကိုယ်စားပြု ပုဏ္ဏားက အရပ်မျက်နှာ အားလုံးကို ပြန်ချုပ်ပြီး နောက်တကြိမ်ထပ်မံ ရွတ်ဆိုရပါတယ်။ ဘုရင်က လည်း ထပ်မံ ကတိပြုရပါတယ်။ ပြီးသွားတဲ့ အချိန်မှာတော့ ပုဏ္ဏားအဖွဲ့ အကြီးအကဲက အဆင့် ကိုးဆင့်ပါတဲ့ ထီးကို ဘုရင့် လက်ကို အပ်ပါတယ်။

သရဖူဆောင်းခြင်း

သရဖူနဲ့ မင်းမြောက်တန်ဆာတွေ တော်ဝင် အသုံးအဆောင်တွေ အပ်နှင်းတဲ့ အခမ်းအနားကိုတော့ Phaisan Thaksin ခန်းမရဲ့ အနောက်ဘက်အစွန်မှာ လုပ်ပါတယ်။ ဘုရင်က Phatharabit လို့ခေါ်တဲ့ ပလ္လင်မှာ ထိုင်ပြီးတော့ သူ့ရှေ့မှာ စား ပွဲအမြင့် ၂ ခုထားရှိပါတယ်။

ပလ္လင်ပေါ်မှာ ထိုင်ပြီးတဲ့ နောက်မှာတော့ ပုဏ္ဏားအကြီးအကဲက မန္တာန်ကို ရွတ်ဖတ်ပြီး သီဝ အမှူးပြုတဲ့ နတ်တွေ ကို ပင့်ဖိတ်ပါတယ်။ ရွတ်ဖတ်ပြီးတဲ့ အခါ ဘုရင်ရဲ့ ဘွဲ့အမည်ကိုရေးထိုးထားတဲ့ ရွှေပြားကို ပေးရပါတယ်။ ထို့နောက် ပုဏ္ဏား အကြီးအကဲက အောင်မြင်မှုမဟာသရဖူ ကို ဘုရင်လက်ကို ပေးပါတယ်။

ဘုရင်က သရဖူကို ခေါင်းမှာ ဆောင်းတဲ့အချိန်မှာ အပြင်ဘက်မှာရှိတဲ့ စစ်တီးဝိုင်းက တော်ဝင်သီချင်းကို တီးမှုတ်ရသလို နန်းတော် အပြင်ဘက်မှာ အမြောက် ၂၁ ချက် ပစ်ဖောက်ရပါတယ်။ နန်းတော်တွင်းမှာ ရောက်ရှိနေတဲ့ သံဃာ တော်တွေ ကလည်း စတင်ရွတ်ဖတ်ပြီး ကောင်းချီးပေးကြပါတယ်။

ပုဏ္ဏားအဖွဲ့ အကြီးအကဲက တခြား မင်းမြှောက် တန်ဆာတွေနဲ့ တော်ဝင် အသုံးအဆောင်တွေ၊ မင်းအာဏာကို ကိုယ်စားပြု တဲ့ လက်နက်တွေကို ဘုရင်လက်ကို ပေးပါတယ်။

အားလုံးပြီးသွားတဲ့ အချိန်မှာတော့ ပုဏ္ဏားတွေ အားလုံး ဘုရင်ရှေ့မှာ ဒူး ထောက်ပြီး သူတို့ ခေါင်းဆောင်က နောက်ဆုံး ဆုတောင်းစကားကို ပြောပါတယ်။ အဲဒီနောက် ဘုရင်က စွန့်ကျဲတဲ့အ နေ နဲ့ ပုဏ္ဏားတွေကြားထဲကို ရွှေပန်း၊ ငွေပန်းတွေနဲ့ ဒင်္ဂါးပြားတွေ ကျဲချပါတယ်။

အဲဒီနောက် ဘုရင်က ခေါင်းက သရဖူကို ချွတ်ပြီး နန်းတော်ထဲမှာ အသင့်စောင့်ဆိုင်းနေတဲ့ သံဃာတော်တွေဆီကို သွား ပြီး ဆုတောင်းမေတ္တာပို့သတာကို ခံယူပါတယ်။

သင်္ကန်း ကပ်လှူပါတယ်။ ဆုဆောင်းပေးတဲ့ အခမ်းအနားကို ထေရ်ကြီးဝါကြီး ဆရာတော်တပါးက အောင်မြင်ခြင်း ဖရောင်း တိုင်ကို ငြိမ်သတ်ပေးတာနဲ့ အဆုံးသတ်ပါတယ်။ ပြီးတဲ့ အခါ သံဃာတော် တွေ နန်းတော်က ပြန်ကြွသွားကြပါတယ်။

၁၉၅၀ ခုနှစ် နန်းတက်ပွဲတွင် ဘုရင်ဘူမိဘော ဧည်ပရိတ်သတ်များကို လက်ခံတွေ့ဆုံစဉ်

ပရိသတ်ကိုလက်ခံတွေ့ဆုံခြင်း

နန်းတက်ပွဲ အခမ်းအနားနဲ့ အဓိက ကိစ္စတွေပြီးတဲ့နောက် ဘုရင်က Amarin Winitchai ပလ္လင်ဆောင်မှာ တော်ဝင်မိသားစု တွေ၊ အစိုးရဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တရားသူကြီးတွေ၊ နိုင်ငံခြားဧည့်သည်တွေ၊ သံတမန်တွေနဲ့ တွေ့ ဆုံရပါတယ်။

ပရိသတ်က ဘုရင်ကို နှုတ်ခွန်းဆက်စကားပြောရပါတယ်။ ၁၉၅၀ မတိုင်မီအထိ တော်ဝင်မင်းသား တပါးပါးက ပြော ဆိုရတဲ့ အစဉ်အလာရှိခဲ့ပေမယ့် အခုတော့ ထိုင်းနိုင်ငံဝန်ကြီးချုပ်က အစိုးရ၊ အစိုးရဝန်ထမ်းတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကိုယ် ကိုယ်စားပြုပြီး နှုတ်ခွန်းဆက် ဆုတောင်းစကားပြောမှာ ဖြစ်ပါတယ်။ ပြီးတော့ လွှတ်တော် ဥက္ကဌက ပြည်သူတွေ ကိုယ်စား စကားပြောပြီးတဲ့ နောက် ဘုရင်ကလည်း ကျေးဇူးတင်စကား ပြန်ပြောရပါတယ်။

မိဖုရားမြှောက်ခြင်း

ထိုင်းဘုရင်တွေက အစဉ်အလာအရ ကြင်ယာတော်တွေ အများကြီး ရှိခဲ့ပေမယ့် တချို့ကိုပဲ မိ ဖု ရား အဆင့်အတန်း သတ် မှတ်ပေးပါတယ်။ ၁၉၂၆ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ရာမ(၇) ဘုရင်က နန်းတက်ပွဲပြီးပြီးချင်းပဲ သူ့ရဲ့ တဦးတည်းသော ကြင်ယာတော် Rambai Barni ကို မိဖုရားအဖြစ် ပေးလိုက်ပြီး မိဖုရား တပါးမက ထားတဲ့ဓလေ့ကို အဆုံးသတ်ခဲ့ပါတယ်။

Phatharabit ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရင်က သူ့ရှေ့မှာ ဦးညွတ် ရှိခိုးနေတဲ့ မိဖုရားပေါ်ကို ခရုသင်းမှာ ထည့်ထားတဲ့ ရေစင်ကို သွန်းလောင်းပြီး ဘိသိတ်မြှောက်ပေးရပါတယ်။ အဲဒီအချိန်မှာ တူရိယာတွေ တီးမှုတ်ပေးကြရပါတယ်။ အဲဒီ နောက် မိဖုရားက ထလာပြီး ဘုရင်ဘေးက သူ့နေရာမှာ ဝင်ထိုင်ရပါတယ်။ နန်းတော်တွင်းက အမျိုးသမီးတွေရဲ့ ဂုဏ်ပြု ခြင်းနဲ့ ဂါရဝပြုခြင်းကို ခံယူရပါတယ်။

ဗုဒ္ဓဘာသာကို ကာကွယ်သူ

ပြီးရင်တော့ ဘုရင်က Wat Phra Kaew ကို သွားရပါတယ်။ အတွင်းမှာ ရှိတဲ့ မြဘုရားရဲ့ ရှေ့မှာ ရွှေပန်းငွေပန်းတွေကပ်လှူ ရပါတယ်။ ဖရောင်းတိုင် ထွန်းပြီး ပူဇော်ရပါတယ်။ ကြိုတင်ရောက်ရှိနေကြပြီ ဖြစ်တဲ့ သံဃာတော်တွေရဲ့ ရှေ့မှောက်မှာ သူ့ ရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာတရားကို ကာကွယ်သူဖြစ်လာဖို့ ဆန္ဒရှိကြောင်း ကြေညာရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ် ကို ရတနာ ၃ ပါးထံ အပ်နှင်းကြောင်းနဲ့ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်ကြောင့် သစ္စာပြုရပါတယ်။

တော်ဝင် ဘိုးဘေးများကို ပူဇော်ခြင်း

ဘုရင် ဘုရားကျောင်းကနေ ဒူဆစ် မဟာ ပရာဆက်ပလ္လင် ခမ်းမဆောင်ကို ဝေါယာဉ်နဲ့ ပြန်လာရပါတယ်။ အဲဒီမှာ ဖရောင်း တိုင်တွေ ထွန်းညှိပြီး ဘိုးဘေးများကို ပူဇော်ရပါတယ်။ အဲဒါကတော့ အဲဒီနေ့အတွက် နောက်ဆုံးပြုလုပ်ရတဲ့ အများနဲ့ ဆိုင် တဲ့ အခမ်းအနားဖြစ်ပါတယ်။

အိမ်တော်ကို လက်ခံခြင်း

အိမ်တော်ကို လက်ခံယူတဲ့ အခမ်းအနားကတော့ တော်ဝင်မိသားစုဝင်တွေ သီးသန့်ကျင်းပကြတဲ့ အိမ်သစ်တက်ပွဲ အခမ်း အနားမျိုးဖြစ်ပါတယ်။ နန်းတက်ပွဲပြီးတဲ့ နောက်တနေ့မှာကျင်းပကြလေ့ရှိပါတယ်။ Chakkraphat Phiman တော်ဝင်အခန်း ဆောင်ကို ဘုရင်ပြောင်းရွှေ့နေထိုင်ဖို့ အဆင်သင့် ဖြစ်အောင် နန်းတက်ပွဲမတိုင်မီ ကထဲက ပြင်ဆင်ထားရပါတယ်။

မင်္ဂလာချိန်မှာ ဘုရင်နဲ့ မိဖုရားက အိပ်ခန်းဆီကို Chakkraphat Phiman တော်ဝင် ခန်းဆောင်အတွင်းက လမ်းအတိုင်း လျှောက်သွားချိန်မှာ တော်ဝင်မိသားစုဝင် အမျိုးသမီးငယ်တွေက ပစ္စည်းအမျိုးမျိုးကို သယ်ဆောင်ပြီး နောက် ကလိုက်ရ ပါတယ်။ အဲဒီထဲမှာ ဗုဒ္ဓဆင်းတုတော်တခု ၊ အဖြူရောင် ကြက်ဖတကောင်၊ ကြောင်တကောင်၊ ငရုတ်ကျည်ပွေ့ သို့မဟုတ် ဓားသွေးကျောက်တခု၊ သခွားသီးတလုံးနဲ့ ပဲ၊ ပြောင်း၊ နှမ်း အမျိုးမျိုးရဲ့ အစေ့တွေ ပါဝင်ပါတယ်။ သူတို့ကို တော်ဝင် မိသား စုအတွင်းက သက်ကြီးဝါကြီး အမျိုးသမီး ၂ ဦးက ဆီးကြိုနုတ်ဆက်ပြီး လက်ဆောင်အဖြစ် ဘုရင်ကို ဆင်ဖြူတော်ရဲ့ အမြီးနဲ့ လုပ်ထားတဲ့ ယင်မောင်းတဲ့ယပ် နဲ့ ကွမ်းသီးပင်ကပန်းပွင့် တစည်း ပေးပါတယ်။ နောက်ထပ် အမျိုးသမီးတ ဦး ကတော့ နေအိမ်ပိုင်ဆိုင်မှုကို ကိုယ်စားပြုတဲ့ အနေနဲ့ ဘုရင်ကို ရွှေသော့တချောင်း ပေးမှာဖြစ်ပါတယ်။

အခြားအခမ်းအနားများ

နန်းတက်ပွဲ အခမ်းအနား ပြီးတဲ့ အခါ ဘုရင်က အရေးပါတဲ့ လက်ခံတွေ့ဆုံမှု တွေလုပ်ရပါတယ်။ သံတမန်တွေ၊ ပွဲလာ တက်တဲ့ နိုင်ငံတကာက တော်ဝင်မိသားစု ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံရပါတယ်။ ဒါ့အပြင် အပြင်မှာ စောင့် ဆိုင်း နေကြတဲ့ ပြည်သူတွေကို ဝရန်တာကနေ ထွက်နှုတ်ဆက်ရပါတယ်။ မိန့်ခွန်းပြောရပါတယ်။ ဗုဒ္ဓဘာသာဆိုင်ရာ အခမ်း အနားတခုကိုလည်း Amarin Winitchai ပုလ္လင်ခန်းမဆောင်မှာ ပြုလုပ်ပြီးတော့ ဘုရင်က အသစ်ရရှိလာတဲ့ အာဏာကို အသုံးပြုပြီး ထိုင်းနိုင်ငံ အတွင်းက ဘုန်းတော်ကြီးတွေကို ဘွဲ့တံဆိပ်တွေ၊ ဂုဏ်ထူးဆောင်ဘွဲ့တွေ ဆက်ကပ် ရပါတယ်။

အထိမ်းအမှတ်ပွဲများ

နန်းတက်ပွဲနေ့ရဲ့ အထိမ်းအမှတ်ပွဲတွေကို နှစ်စဉ် ကျင်းပသွားကြမှာ ဖြစ်ပါတယ်။ အဲဒီနေ့ကို “နန်းတက်ပွဲနေ့” အဖြစ် တရားဝင် အများပြည်သူ အလုပ်ပိတ်ရက်တခုလည်း ဖြစ်လာပါလိမ့်မယ်။ သူ့ရဲ့ ခမည်းတော်ဖြစ်သူ ဘုရင် Bhumibol Adulyadej ရဲ့ နန်းတက်ပွဲ အထိမ်းအမှတ်နေ့ကိုတော့ ဘုရင်နတ်ရွာစံခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာ အစိုးရက တရား ဝင် ပယ်ဖျက် ခဲ့ပါတယ်။ နောက်နှစ်တွေမှာတော့ လက်ရှိဘုရင်ရဲ့ နန်းတက်ပွဲနေ့ ကို ဆက်လက် ကျင်းပကြပါလိမ့်မယ်။

ကိုးကား- Coronation of the Thai monarch

The post ထိုင်းဘုရင်တို့၏ နန်းတက်ပွဲ အစဉ်အလာများ appeared first on ဧရာဝတီ.


ပညာပြည့်ဝ နှလုံးလှသူများ ဖြစ်စေချင်

$
0
0

၂၀၁၈ ခုနှစ် ကုန်ခါနီးလောက်မှာ စီမံကိန်းများ ကြီးကြပ် အကဲဖြတ် ဌာနက စာသင်နှစ် တနှစ်တာ အတွက် ဒုတိယ အကြိမ် ကျောင်း စစ်ဆေးရေး ထွက်ကြရ ပါတယ်။

ရန်ကုန် တဖက်ကမ်း သံလျင် မြို့နယ်ထဲက အထက (ခွဲ) ကျောင်းတကျောင်းကို ရောက်တဲ့အခါ အဋ္ဌမ တန်း သိပ္ပံ ဘာသာ ရပ်ကို အလယ်တန်းပြ ဆရာမ ၂ ဦးက တယောက်တခန်းစီ သင်နေကြတဲ့ အဖြစ်ကို အံ့သြဖွယ် တွေ့ကြုံခဲ့ရပါတယ်။

အဋ္ဌမ တန်း A, B ၂ ခန်း ရှိရာမှာ တယောက်ကို တခန်း သင်နေကြတာပါ။ သက်ဆိုင်ရာ သိပ္ပံ ဘာသာရပ်မှူး နဲ့ စကား ပြောကြည့်တော့ ကျူရှင် ကိစ္စတွေ ပါလာတာကို ကြားသိခဲ့ရပါတယ်။

“ဆရာမကြီးရေ အလယ်တန်းပြ ဆရာမ ၂ ယောက်က လုပ်သက်ကရင့်၊ အသက်ကကြီး၊ နောက်ပြီး စွာလည်း စွာတယ်။ သူတို့ မကြိုက်ရင် ပြန်ပြောတယ်။ ပြန်အော်တယ်။ ကျောင်းအုပ်ကြီးက ပြန်မပြောရဲဘူး။ သူတို့အကြိုက် ပေးထားရတာ” တဲ့ “ဘုရားရေ…” လို့ တမိပါရဲ့။

သိပ္ပံ ဘာသာရပ်မှူးနဲ့ စကားပြောကြည့်လို့ အကျိုးအကြောင်း သိပြီးတဲ့နောက် ကျောင်းအုပ် ဆရာမကြီးနဲ့ပါ စကား ပြောကြည့် ရပါတယ်။

“ဆရာမကြီးရေ အတန်းပြတ် စနစ်နဲ့ ဘာသာရပ်ကို ခွဲဝေ တာဝန်ပေးရင် ကောင်းမယ် ထင်တယ်နော်။ ဥပမာ – အဋ္ဌမတန်း A, B ဆိုရင် အလယ်တန်းပြ ဆရာမ တယောက်ကို တာဝန်ပေး၊ သတ္တမတန်း A, B ဆိုရင်လည်း ဆရာမ တယောက်တည်း ကိုပဲ တာဝန် ပေးရင် ကောင်းမယ် ထင်တယ် နော်။ ဆရာမ တယောက်တည်းရဲ့ အာဘော်ကို A, B ၂ ခန်းစလုံးက ညီတူ ညီမျှ ရနိုင်မယ်။ ခွဲသင်နေတော့ အာဘော်က မတူတော့ဘူး။ ကလေးတွေကို လေ့ကျင့်ခန်းပေးတဲ့ အခါ၊ မေးခွန်း ထုတ်တဲ့ အခါ ကလေး အားလုံးရဲ့ အခြေအနေကို ဆရာမက ကောင်းကောင်း ခြုံခုံ သုံးသပ်နိုင်ဖို့၊ ကလေးတွေ အတွက် ပိုပြီး အဆင် ပြေ နိုင်မလားလို့လေ…။ အခုဟာက အပ်တချောင်းကို ဦးထမ်း၊ ပဲ့ထမ်းနဲ့ ၂ ယောက် ထမ်းနေသလိုပဲ။ မလိုအပ်ဘဲ အား တွေ အပို သုံးနေသလိုပဲ နော်။ ကလေးတွေ အတွက် အကောင်းဆုံး ဖြစ်အောင် စဉ်းစားပြီး လုပ်ပေးကြရအောင် နော်” ဆိုပြီး ပျားသကာ မက ချိုသာစွာ ပြောကြည့်ရပါတယ်။

ကျမတို့ကလည်း “ကျောင်းအုပ်ကြီးများနဲ့ လက်ထောက် ဆရာ၊ ဆရာမများ အလုပ်ကို သေချာစွာ မလုပ်ရင် ထိပ်တိုက် မတွေ့ပါနဲ့၊ အမုန်းစကား မပြောပါနဲ့” ဆိုတဲ့ မှာကြားချက်နဲ့ အညီ ဆောင်ရွက်ရတော့ ပညာရေးမှာလည်း အမုန်းစကား များကို ရှောင်ကျဉ်ကြရပါတယ်။

ကျောင်းအုပ် ဆရာမကြီးက“ဟုတ်ကဲ့ပါ၊ ဒီနှစ်က ကျမကလည်း ရာထူးတိုးနဲ့ ရောက်ခါစ ဖြစ်နေတော့…၊ နောက်နှစ် ကျောင်း ပြန်ဖွင့်ရင် အတန်းပြတ် စနစ်နဲ့ ဘာသာရပ်ကို ပေးပါ့မယ်။ ဒီနှစ်တော့ ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်”တဲ့..။

ကျောင်းအုပ် ဆရာမကြီးက အသက်က ငယ်ငယ်၊ အခုမှ ရာထူးတိုးနဲ့ ရောက်လာခါစမှာ လက်ထောက်တွေက အသက် ကြီး၊ လုပ်သက်ရင့်၊ ခပ်စွာစွာတွေ ဆိုတော့ လုပ်ရကိုင်ရ ကျပ်ကျပ်တည်းတည်း ဖြစ်နေတာကို တွေ့ခဲ့ရတာပါ။

သိပ္ပံ ဘာသာရပ်သင် ဆရာ၊ ဆရာမများနဲ့ နေ့စဉ်မှတ်တမ်း စာအုပ်တွေကို စစ်ဆေးကြည့်တဲ့အခါ အဋ္ဌမတန်း A, B ကို တယောက် တခန်း ယူထားတဲ့ ဆရာမ ၂ ဦးက ဆဋ္ဌမတန်း A, B ကိုလည်း တယောက် တခန်း ယူထားတာ တွေ့ရပါတယ်။ သူတို့ ရဲ့ တနေ့တာ စာသင်ချိန် အချိန်ဇယားက တနေ့လုံးမှ ၂ ချိန်ပဲ ရှိတာမို့ တွဲဖက် သင်ရိုးဝင် ဘာသာရပ်တွေကို သင်ရဲ့ လားလို့ မေးကြည့်တော့၊ ယောင်ဝါးဝါး ဖြစ်နေပြန်ရော…။

အဲဒီ ဆရာမ ၂ ဦးက သူတို့ရဲ့ ကိုယ်ပိုင် အချိန်ဇယားမှာ စာရိတ္တ နဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ (တွဲဖက် သင်ရိုးဝင် ဘာသာများ) ကို တပတ် တချိန် ထည့်ရေး ထားပါတယ်။ တွဲဖက် သင်ရိုးဝင် ဘာသာကို သင်ပါမှ တပတ်ကို ၁၂ ချိန် ဖြစ်ပါတယ်။

နေ့စဉ် မှတ်တမ်း စာအုပ်ရဲ့ အချိန်ဇယားမှာ ထည့်ရေးရုံနဲ့ တွဲဖက် သင်ရိုးဝင် ဘာသာများကို မသင်ပြဘူး ဆိုရင် တပတ်ကို ၁၀ ချိန်ပဲ ရှိနေတာပါ။ ဒီအခြေအနေကို ကျောင်းအုပ်ကြီးကလည်း ချက်ချင်း မပြင်နိုင်။

“ဒီကျောင်းကို ဆရာမ လာလုပ်ရင် ကောင်းမယ် ထင်တယ်။ အဲဒီလောက်ကြီး သက်သာ ခိုနေရင်တော့ သိပ်မဟုတ်တော့ ဘူး။ သူများ ကျောင်းတွေ တော်တော် များများမှာ တနေ့ကို ၆ ချိန် ဝင်ပြီး တပတ် အချိန်ပေါင်း ၃၀၊ တချို့ ၂၆ ချိန်၊ ၂၇ ချိန် ဝင်နေကြရတာ၊ မနားမနေ သင်နေကြရတာ။ သူတို့တွေကို အားနာလိုက်တာ” ဆိုပြီး ရင်ထဲ မထားနိုင်တော့လို့ ခပ်ရွဲ့ရွဲ့ လေး ပြောလိုက်မိ ပါတယ်။

အလယ်တန်းဆင့် ကျောင်းသား ဦးရေပေါင်း ၄၉၀ မှာ အလယ်တန်းဆင့် သင် ဆရာမ ဦးရေ ၂၀ ဆိုတော့ ဆရာ အချိုးက များ နေတာ။ ကျောင်းအုပ်ကြီးရဲ့ စီမံခန့်ခွဲမှု အားနည်းတာ၊ လူများပြီး ပွဲမစည် ဖြစ်နေတာ။ အားလုံး ပေါင်းလိုက်တော့ ကလေးတွေ အတွက် စိတ်မကေင်းစရာ အနုတ် လက္ခဏာ တခုပါ။

ဆရာ အင်အား လုံလုံလောက်လောက် ရှိနေလို့ တွဲဖက် သင်ရိုးဝင် ဘာသာရပ်တွေ ဖြစ်တဲ့ ဘဝ တွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တ နဲ့ ပြည်သူ့ နီတိ၊ ကာယ၊ ပန်းချီ၊ ဂီတ၊ စိုက်ပျိုးရေး၊ အိမ်တွင်းမှု စတာတွေကို သေချာစွာ သင်ကြရဲ့လား ဆိုတော့ လည်း ဝတ်ကျေတန်းကျေ။

တွဲဖက် သင်ရိုးဝင် ဘာသာရပ်တွေကို ကျောင်းတွေမှာ သင်စေချင်လို့ သင်တန်းတွေ ပေးတာ၊ ဘာသာရပ် တခု အနေနဲ့ ဆရာကိုင်၊ ကျောင်းသားကိုင်၊ သင်ထောက်ကူ စာအုပ်များ အခမဲ့ ဖြန့်ဝေပေးတာ၊ ကျောင်းစစ်ဆေးရေး အဖွဲ့တွေက စိတ်

ဓာတ်၊ စည်းကမ်း၊ ပညာ အတွက် တွဲဖက် သင်ရိုးဝင် ဘာသာရပ်များ သင်ကြားနိုင်မှုကို စနစ်တကျ အမှတ်ပေးတာ။ ဒါတွေ ဟာ ဒီလို ကျောင်းမျိုး အတွက်တော့ အဟောသိကံ ဖြစ်ရတာပါပဲ။

အထက (ခွဲ) …. ကျောင်းရဲ့ အလယ်တန်း အဆင့်ဟာ အားရစရာ မရှိလှတာမို့ လေးလံလှတဲ့ ခြေလှမ်းများနဲ့ မူလတန်း ကျောင်းဆောင် ဘက်ကို ရောက်ခဲ့ပါတယ်။

Kg (သူငယ်တန်း) မှ စတုတ္ထတန်း အထိ ကျောင်းသား ဦးရေ ၈၀၅ ဦးမှာ ဆရာမ ၁၁ ဦးနဲ့ အဆင်ပြေပြေ ကြိုးကြိုးစားစား သင်ကြား၊ သင်ယူနေတာကို တွေ့ရတဲ့ အခါ အမောပြေ သွားရပါတယ်။

ကိုယ်ကလည်း Kg၊ G1 (ပထမတန်း)၊ G2 (ဒုတိယတန်း)ကို တိုင်းအဆင့် သင်တန်းတွေ တက်ထားခဲ့တာမို့ ၊ ကလေးတွေ ရဲ့ အတန်းထဲ ဝင်လိုက်တာနဲ့ တသားတည်း ဖြစ်သွားပြီး ငယ်မူတောင် ပြန်မိပါရဲ့။

Kg၊ G1၊ G2 အတန်းတွေကို တာဝန်ယူ သင်ကြားနေကြတဲ့ ဆရာမလေးတွေက သူတို့တွေ လုပ်ကိုင် ဆောင်ရွက်ထားတဲ့ စစ်ဆေး အကဲဖြတ် မှတ်တမ်း၊ စံသတ်မှတ်ချက် မှတ်တမ်း၊ သင်ယူမှု ရလဒ်၊ လအလိုက် ရေးသွင်းထားမှု ဇယားများ စနစ် တကျ ရေးသွင်းထားတာကို ပြကြပါတယ်။

စနစ်သစ် သင်ရိုးအတိုင်း စိတ်ပါ လက်ပါ အားတက်သရော သင်ကြား ပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

Kg ၃ ခန်း၊ G1 ၃ ခန်း၊ G2 ၃ ခန်း ရှိရာမှာ ဆရာမလေးတွေက အချင်းချင်း ပူးပေါင်း တိုင်ပင်ပြီး လုပ်ကိုင် နေကြတာကို မြင်ရတော့ ဝမ်းသာ ကြည်နူး ခဲ့ရပါတယ်။

ကျမတို့တွေ ကျောင်းများကို စစ်ဆေး ကြီးကြပ် အကဲဖြတ်ဖို့ သွားကြတဲ့ အခါ ကိုယ်တာဝန် ယူရမယ့် အပိုင်းတွေကို သတ်မှတ် ခွဲဝေ ယူကြရပါတယ်။

ကျမ တာဝန်ယူ ရတဲ့ သမိုင်း နဲ့ သိပ္ပံ (ဘာသာရပ်)၊ နေ့စဉ်မှတ်တမ်း ရေးသားနိုင်မှု၊ သင်နည်း မှတ်စုများ၊ ဘာသာရပ်များ လေ့ကျင့်ခန်း၊ စစ်ဆေးမှု အခြေအနေ၊ တွဲဖက် သင်ရိုးဝင် ဘာသာရပ်များ သင်ကြားနိုင်မှု အခြေအနေ၊ စနစ်သစ် သင်ရိုး သင် အတန်းများ Kg၊ G1၊ G2 အခြေအနေ စတဲ့ ခေါင်းစဉ်များ အတိုင်း စစ်ဆေးရတဲ့ အခါ ရုံးခန်းထဲမှာ On paper (နေ့စဉ် မှတ်တမ်း၊ သင်နည်း မှတ်စု) အမြန်ဆုံး နည်းနဲ့ ကြည့်ရှု စစ်ဆေးပြီး တွဲဖက် သင်ရိုးဝင်များ သင်၊ မသင် စိတ်ဓာတ် စည်းကမ်း ပညာ ကောင်းမွန်မှု ရှိ၊ မရှိ သိရှိနိုင်ဖို့ စာသင်ခန်းတွေကို လက်တွေ့ဝင်ရောက် သင်ကြားရင်း၊ စစ်ဆေး အကဲ ဖြတ် ရင်း တွေ့ကြုံခဲ့ရတာပါ။

မူလတန်း ရာမလေးတွေကို “သမီးတို့ရေ သမီးတို့ကို ကျေးဇူး တင်ပါတယ်၊ ဂုဏ်လည်း ယူပါတယ်၊ အားလည်း ကိုးပါတယ်၊ ဆက်ပြီးတော့လည်း ကြိုးစားပေးကြပါဦးနော်၊ သမီးတို့ရဲ့ စေတနာတွေ ဘဝတကွေ့မှာ အကျိုးပေးပါစေ”လို့ ဆိုတော့ သူတို့လေးတွေ၊ အမောများကြားက အပျော်မျက်နှာလေးတွေနဲ့ “ပေးတဲ့ဆုနဲ့ ပြည့်ပါစေရှင့်..” တဲ့ ။

ဆရာမ ပီပီသသ လေးတွေကို တွေ့ရတဲ့အခါ ဝမ်းသာကြည်နူး ချစ်ခင်စိတ်များနဲ့ ပီတိဖြစ်ရသလို သူတို့တွေ အသက်တွေ ကြီးလာလို့ လုပ်သက်တွေ ရင့်လာတဲ့ အခါ ပညာပြည့်ဝ နှလုံးလှ သူများအဖြစ် ပညာရေး ဝန်ထမ်းဘဝ ဆက်လက် ရပ်တည် နိုင်ကြပါစေ။ အကြောင်းအမျိုးမျိုး အခြေအနေ အမျိုးမျိုးကြောင့် အရောင်ဆိုး မခံကြရပါစေနဲ့လို့ ဆုတောင်းရင်း ဖြင့်သာ…..။  ။

စာရေးသူ ခင်မေထက် (ပညာရေး) သည် ပညာရေးဝန်ကြီး ဌာနတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသည့် လုပ်ငန်း အတွေ့အကြုံ နှစ် ၄၀ ခန့်ရှိသော အရာရှိတဦး ဖြစ်ပါသည်။

The post ပညာပြည့်ဝ နှလုံးလှသူများ ဖြစ်စေချင် appeared first on ဧရာဝတီ.

ဧရာဝတီမြစ်နဘေးက ပုလွေဆရာတို့ရဲ့ စလေအညာ

$
0
0

ပုံမှန်အတိုင်းဆိုရင်တော့ အခုလိုပူပြင်းလှတဲ့ နွေရာသီကာလဟာ အထက်အညာလို မြန်မာနိုင်ငံရဲ့ အပူဆုံး ဒေသတွေကို ခရီးထွက်ရတယ်ဆိုတာ တော်တော်တော့ ကသီလင်တ ဖြစ်ရပါတယ်။ ပူပြင်းလွန်းလှတဲ့ နွေလည်ခေါင်မှာ အညာဒေသရဲ့ တရှိန်းရှိန်းထနေတဲ့ အပူချိန်၊ တံလျှပ်တွေကို အံတုလို့ ခရီးထွက်ပြီး လေ့လာမယ် ဆိုရင်တော့ ကျန်းမာရေးကောင်းမယ့်သူ ဖြစ်ဖို့ လိုတာပေါ့နော်။

ပြီးခဲ့တဲ့ သြင်္ကန်ရက်အတွင်းက ရန်ကုန်လို၊ နေပြည်တော်လို အပူချိန် တရှိန်ရှိန်တက်နေတဲ့ ဒေသတွေကနေ ဖယ်ခွာပြီး ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့က နတ်မတောင်ဘက်ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ချင်းပြည်နယ် တောင်ပိုင်းကတော့ နတ်မတောင်ခေါ် ခေါ်နူးသုမ်လို့ခေါ်တဲ့ မြန်မာနိင်ငံက တတိယအမြင့်ဆုံး မြေသားတောင်ကြောင့် နာမည်ရပြီးသားပါ။ ခရီးသွားဆောင်းပါးတွေလည်း အများကြီး ထွက်ပေါ်ပြီးသားပါ။

ဒီတခါ ပြောပြချင်တာကတော့ ချင်းပြည်နယ်ကနေ အပြန်မှာ ဝင်ရောက်လည်ပတ်ခဲ့ရတဲ့ မြန်မာနိုင်ငံ အပူပိုင်း ဇုန်ဖြစ်တဲ့ ချောက်မြို့နယ်အတွင်းက စလေမြို့မှာရှိတဲ့ လည်ပတ်စရာ နေရာတချို့ အကြောင်းပဲဖြစ်ပါတယ်။ စလေမြို့ဆိုတာနဲ့ စလေဆီးသီးရယ်၊ ငယ်ငယ်က ကြားဖူးရတဲ့ စလေအညာက ပုလွေဆရာဆိုတဲ့ ပုံပြင် လေးတွေရယ်ကို မြင်ယောင်မိမှာ အမှန်ပဲ မဟုတ်လား။

ချောက်မြို့နယ် ဆိုတာကတော့ လတ်တလောမှာ မြန်မာနိုင်ငံရဲ့ အပူဆုံးဒေသအဖြစ် ၄၆ ဒီဂရီ စင်တီဂရိတ် နီးပါး ရောက်နေတဲ့ အပူချိန်နဲ့ အပူဒဏ် အတော်မြင့်တက်နေတဲ့ ဒေသပါပဲ။

ဒီလိုအချိန်မှာ စလေမြို့ကို ရောက်တာကတော့ တခြားအချိန် ကာလတွေနဲ့ မတူဘဲ၊ ပူပြင်းမှုနဲ့ ဒွန်တွဲနေတဲ့ ခရီးသွား အရသာအကြောင်းကို ပြောချင်လို့ပဲ ဖြစ်ပါတယ်။ စလေမြို့ဟာ မကွေးတိုင်းဒေသကြီးထဲက ချောက်မြို့နယ် အပိုင်မှာပါဝင်ပြီး ဧရာဝတီ မြစ်ကမ်းဘေးမှာရှိတဲ့အတွက် ရေကြောင်း ကုန်စည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။

အခု နောက်ပိုင်းကာလတွေမှာ ချင်းပြည်နယ်ဘက်ကို ဆွဲတဲ့ ခရီးသွားလုပ်ငန်းတွေဟာ ချင်းတောင်က ဆင်းလာရင် စလေမြို့ကို ဝင်ရောက် လည်ပတ်နိုင်အောင် စီစဉ်လာကြတာ တွေ့ရပါတယ်။ ကျမတို့ သွားဖြစ်ခဲ့တဲ့ ခရီးသွား လုပ်ငန်းကလည်း ထိုနည်းလည်းကောင်းပါပဲ။ ချင်းတောင်က မနက် အစောပိုင်း ဆင်းလာပြီး ၃ နာရီသာသာလောက် မောင်းပြီးတဲ့အခါမှာတော့ စလေမြို့ကို ရောက်ရှိပြီး တနေကုန် လည်ပတ်နိုင်အောင် လုပ်ပေးထားတာကို တွေ့ကြုံရပါတယ်။

ဒီမြို့လေးကတော့ မကွေးမြို့ရဲ့ အထက်ဘက် ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။ ချောက်မြို့နဲ့ ဆိုရင်တော့ ၅ မိုင်သာသာလောက် ဝေးမှာဖြစ်ပါတယ်။ ပုဂံ – ညောင်ဦး ဘက်က လာမယ်ဆိုရင်တော့ ၃၄ မိုင်လောက် ကွာပါတယ်။ ပုဂံဘက်ကို ခရီးထွက်ရင်းလည်း အချိန်ရရင် သီးသန့် လာလည်လို့ ရမယ့်နေရာလို့ ပြောလို့ရပါတယ်။

အင်္ဂလိပ်အစိုးရ အုပ်စိုးတဲ့ အချိန်ကာလလောက်က မြို့ပိုင်အဆင့် ရုံးစိုက်တဲ့မြို့ ဖြစ်တဲ့အတွက် စလေမြို့ထဲမှာ ကိုလိုနီခေတ် အဆောက်အဦတွေကို ခုထက်တိုင်တွေ့နိုင်ဦးမှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သက်ဦးဆံပိုင် ပဒေသရာဇ် ခေတ်တွေတုန်းကလည်း ဧရာဝတီမြစ်ကမ်းဘေးက မြို့ငယ်တခုအဖြစ် ရေကြောင်းကုန်စည် စီးဆင်းမှုတွေ ရှိခဲ့တဲ့အတွက် ပြည်တွင်း သင်္ဘောဆိပ် မြို့ကလေးတခု အဖြစ်တော့ ဖွံ့ဖြိုးမှုတွေ ရှိခဲ့တာ တွေ့ရပါတယ်။

နာမည်ကျော်တာကတော့ မြန်မာရာဇဝင်ထဲက စာပေအကျော် ဦးပုညရဲ့ ဇာတိမြို့ဖြစ်တာကြောင့်လည်း ပါပါတယ်။ မြို့ထဲမှာပဲ ရှေးဟောင်းအုတ်ကျောင်းတွေ၊ ဘုရားတွေနဲ့ ဇရပ်ဟောင်းကြီးတွေလည်း တွေ့နေရဆဲမို့ လာရောက် လည်ပတ်တဲ့ ခရီးသွားတွေအတွက်တော့ လေ့လာစရာတွေ အတော်များများ ကျန်သေးတယ်လို့ ပြောရမှာပါ။

နာမည်ကျော် စလေရုပ်စုံကျောင်း ဆိုတာကတော့ စလေမြို့ရောက်ရင် ဝင်ကို ဝင်ရမယ့်နေရာပေါ့။ စလေ ရုပ်စုံကျောင်းဟာ ဗုဒ္ဓဝင်ထဲက ဇာတ်နိပါတ်တော်တွေကို ရုပ်စုံအသွင် သစ်သားပေါ်ရုပ်လုံးထွင်းပြီး ကျောင်းတော်ကြီးအနှံ့ ထွင်းထု ကပ်ထားခဲ့တာမို့ ပြည်တွင်းပြည်ပ ခရီးသွားတွေအကြား အတော်ရေပန်းစားတဲ့ နေရာလည်း ဖြစ်ပါတယ်။

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်ပြီးတော့ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်ဝန်းကျင်က အလွန်သောင်းကျန်းခဲ့တဲ့ မှောင်ခို သမားတွေကြောင့် ကျောင်းတော်ကြီးမှာ ရှိတဲ့ တချို့သော ရုပ်စုံပန်းပုများ ပျောက်ဆုံးခဲ့ရတဲ့ နောက်ပိုင်းမှာ ရှေးဟောင်း သုတေသနဦးစီးဌာနက သေချာ ပြန်လည် ကိုင်တွယ်မွန်းမံကာ ကျောင်းတော်ကြီးကို ခရီးသွားလုပ်ငန်းအတွက် အရေးပါတဲ့ နေရာတခုအဖြစ် ထင်ရှားစေခဲ့ပါတယ်။

ဒီကျောင်းတော်ကြီးထဲက ရှေးလက်ရာ ကျွန်းတိုင်ကြီးတွေ၊ ရုပ်စုံ သစ်သားပန်းပုတွေကတော့ လာရောက် လေ့လာသူတွေကို အံ့မခန်း ဖြစ်စေမှာ အမှန်ပါပဲ။ အဲဒီ စလေရုပ်စုံကျောင်းကို လေ့လာပြီးပြီဆိုတာနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ နှီးဘုရားကြီးနဲ့ ရှေးဇရပ်တွေ၊ စေတီတွေနဲ့ အုတ်ကျောင်းတွေရှိတဲ့ ဘုရားဝင်းကိုပါ ဆက်လက် လေ့လာနိုင်မှာဖြစ်ပါတယ်။

အိုမင်းလှတဲ့ ရှေးဟောင်းစေတီတွေ အုတ်ကျောင်းတော်ကြီးတွေကို လေ့လာကြည့်တဲ့အခါမှာ ယဉ်ကျေးမှု အဆင့်မနိမ့်တဲ့ စလေမြို့ရဲ့ အနေအထားကို ကောင်းကောင်း မြင်တွေ့နိုင်မှာလည်း ဖြစ်ပါတယ်။ နေပူပြင်းလှပေမယ့် ဆောင်းတွင်းလို ရာသီဥတုကောင်းတဲ့ အချိန်ဆိုရင် ဒီဒေသတွေဟာ လွမ်းဆွတ်ဖွယ် အင်မတန် ကောင်းမှာပဲလို့ တွေးမိပြီး ဆောင်းရာသီမှာ တခေါက်လောက် ထပ်လာချင်စိတ်တောင် ဖြစ်ရပါတယ်။

ပြီးတာနဲ့ ကျမတို့ လည်ဖြစ်ရတာကတော့ Salay House ဆိုတဲ့ နေရာလေးတခုပါပဲ။ စလေမြို့တွင်းက ဒီ Salay House ဆိုတဲ့ နေရာလေးကိုရောက်တော့ ကျမထင်တာက စားသောက်ဆိုင် တခုခုလား၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်လား လောက်ပဲ ထင်ခဲ့တာပါ။ အတွင်းကိုရောက်တော့မှပဲ ဒီနေရာဟာ ကျမ ထင်ထားတာ တွေထက် ပိုနေတာကို တွေ့ရပါတယ်။

ဝင်ဝင်ခြင်းမှာပဲ Salay House 1906 ဆိုတဲ့ ဆိုင်းဘုတ်ကို စတွေ့ရပါတယ်။ ကိုလိုနီခေတ်ရနံ့တွေ လွှမ်းထုံနေတဲ့ သစ်သားနဲ့ အုတ်ညှပ် အဆောက်အဦထဲ ဝင်သွားတဲ့အခါ ရှေးဟောင်းလက်ရာ ပတ္တလားတွေ၊ ဘီရိုတွေ စတဲ့ အသုံးအဆောင် မျိုးစုံကို မြင်ရတာပါ။ ပြည်တွင်းပြည်ပ ခရီးသွားတွေအတွက် အဓိကထား ဖွင့်လှစ်ထားပေမယ့် အတွင်းက ရောင်းချထားတဲ့ လက်မှုပစ္စည်းတွေရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာနဲ့သာ သတ်မှတ် ထားတာ တွေ့ရပါတယ်။

အတွင်းထဲကို ဆက်ဝင်သွားတဲ့ အခါမှာတော့ သစ်သားတွေနဲ့ချည်း ဆောက်လုပ်ထားတဲ့ နှစ်ထပ်အိမ်ကို ဝင်ဝင်ခြင်း အိမ်မနဲ့ တွဲဆောက်ထားတာ တွေ့ရပါတယ်။ အဲဒီအခန်းကို ကျော်ဖြတ်သွားတဲ့အခါ စိမ်းစိုလှတဲ့ ဥယျာဉ် အသေးလေးထဲကို ရောက်သွားပါတော့တယ်။ ဒီဥယျာဉ်လေးထဲရောက်တော့ ပူပြင်းလှတဲ့ နွေအပူက အတော်လေးတော့ အေးသွားစေပါတယ်။

ရာသီပေါ်ပန်းပင်တွေ၊ ငှက်ပျောပင်၊ သရက်၊ မာလကာစတဲ့ အပင်တွေအပြင် တခြား စားပင်တွေကိုလည်း စိုက်ထား ပါသေးတယ်။ ဒီဥယျာဉ်လေးရဲ့ ဘေးမှာတော့ Salay Riverview Inn ဆိုတဲ့ အခန်း ၁၄ ခန်းလောက် ရှိတဲ့ နှစ်ထပ် အဆောက်အဦကို တွေ့ရပါတယ်။ ဒါကတော့ ခရီးသွားတွေအတွက် အေးအေးဆေးဆေး အနားယူနိုင်မယ့် တည်းခိုစရာ အင်း တခုပေါ့။ အဲဒီကနေ ရှေ့ဆက် သွားလိုက်တဲ့အခါမှာတော့ ဧရာဝတီ မြစ်ကြီးကို ဘွားခနဲ တွေ့လိုက်ရပါတယ်။

ဥယျာဉ်လေးထဲကနေလည်း လှမ်းကြည့်နိုင်သလို၊ လှေကားထစ် ကလေးတွေကနေ ဆင်းချသွားရင် ဧရာဝတီ မြစ်ဘေးကို ရောက်သွားပါတော့တယ်။ မြစ်ကမ်းဘေးမှာ နေဝင်ချိန် ထိုင်ကြည့်နိုင်အောင် စီစဉ်ထားသလို၊ သိပ်မလှမ်းမကမ်း နေရာမှာလည်း သင်္ဘောကြီးတွေ ဆိုက်ကပ်လာနိုင်တဲ့ ဆိပ်ကမ်း သေးသေးလေး တခုရှိတာကို တွေ့ရမှာပါ။

ဒါကြောင့်လည်း စလေမြို့ကို ရေကြောင်းကနေ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေ အတွက် ဒီနေရာလေးက အပူပိုင်းဇုန်က အိုအေစစ်လို ဖြစ်နေတာပေါ့။ ဒီနေရာလေးကနေ အညာဒေသရဲ့ အလှအပတွေကို ခံစားလို့ရနိုင်တယ်လေ။

ဒီအဆောက်အဦလေး အကြောင်း စပ်စုချင်တာနဲ့ ကျမလည်း အတွင်းထဲ ပြန်ဝင်ပြီး ဒီ Salay House ကို ဖွင့်လှစ်ထားတဲ့ ပိုင်ရှင် ဇနီးမောင်နှံထဲက မခိုင်လို့ခေါ်တဲ့ မဝင်းသီတာခိုင်နဲ့ စကားစမြည် ပြောဖြစ်ခဲ့ပါတယ်။ သူကတော့ ရှမ်းပြည်ဇာတိဖြစ်ပြီး ဂျာမန်ဧည့်လမ်းညွှန်တဦး လုပ်ခဲ့ဖူးသူပါ။ သူရဲ့ အမျိုးသားကတော့ ဆရာဝန်တဦးဖြစ်ပြီး ဇာတိမဟုတ်တဲ့ ဒီစလေမြို့မှာ အခြေချဖြစ်ဖို့ ၂၀၁၆ ခုနှစ်မှာ ဒီ Salay House ကို စတင် ဖွင့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

ခုလိုဖွင့်ထားတဲ့ မူလ အဆောက်အဦဟာ ၁၉၀၆ ခုနှစ်က ဆောက်လုပ်ခဲ့တာမို့ အခုဆိုရင် နှစ်ပေါင်း ၁၁၀ ကျော် တောင် ရှိနေပါပြီ။ မူလပိုင်ရှင်ဖြစ်ခဲ့တဲ့ စလေမြို့က The Ayeyarwaddy Royal Trading Company ရဲ့ ကုန်သည်ကြီး တဦးဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ ပွဲရုံလုပ်ငန်းတွေနဲ့ ရေကြောင်းကနေ ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ခဲ့တဲ့သူ ဖြစ်တာကြောင့် ဒီအဆောက်အဦလေးမှာ သူ့စီးပွားရေးကို အခြေချခဲ့ပါတယ်။

သူနေထိုင်ခဲ့စဉ်က ပစ္စည်းပစ္စယတွေကိုလည်း မခိုင်တို့က ပြန်လည် စုဆောင်းထားတာကြောင့် ကုန်သည်ကြီး နေထိုင်ခဲ့တဲ့ အပေါ်ထပ် အခန်းလေးထဲမှာ ဒါတွေကို ပြန်လည် ပြသထားတာ တွေ့ရပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော်ပေမယ့် ခိုင်ခန့်နေသေးတဲ့ သစ်ကောင်းကောင်းနဲ့ လှေကားတွေကနေ အပေါ်ကို တက်သွားတဲ့အခါ ကုန်သည်ကြီး ရှိစဉ်က အသုံးပြုခဲ့တဲ့ စားပွဲ၊ ကုလားထိုင် စတာတွေကို တွေ့ရပါတယ်။ သစ်သား မှန်ဘီရို ကြီးတွေအပြင် အထဲမှာ အင်္ဂလိပ်ခေတ်က လူ့အသုံးအဆောင် ပစ္စည်းတွေကိုလည်း ထည့်ထားတာ တွေ့ရပါတယ်။ ပစ္စည်းတွေဘေးမှာတော့ Don’t Touch ဆိုတဲ့ စာတမ်းလေးတွေလည်း တွေ့ရပါတယ်။

“ကျမတို့က အရင်က ဒါတွေကို လာရောက် လေ့လာသမျှလူတွေကို အကုန်ပေးကိုင် ကြည့်တာမျိုးတွေ လုပ်ခဲ့ပါတယ်။ လူတွေအများကြီး လာလေ့လာကြတဲ့အခါမှာ ပစ္စည်းတွေက ပျက်စီး ကွဲကြေတာတွေ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေက ကျမတို့ တော်တော် စုဆောင်းထားခဲ့ရတာ၊ တန်ဖိုးကြီးပေးပြီး ရှာဖွေခဲ့ရတာတွေ ဆိုတော့ နောက်ပိုင်း မကိုင်ရလို့ စာတမ်း တင်ထားရတော့တာပါ” လို့ မခိုင်က ပြောပါတယ်။

မခိုင်တို့ ရှာဖွေ စုဆောင်းထားတဲ့ အထဲမှာ ရှေးခေတ် ဓာတ်ပြားစက်တွေ၊ ဘုရင်မပုံစံ ရေတကောင်းတွေ၊ ခွက်တွေ၊ ရေနွေးကရားတွေ၊ ကနုတ်တွေ၊ စောင်းတွေ၊ အလှတင်ခုံတွေ စသဖြင့် များပြားလှပါတယ်။ လေ့လာမယ်ဆိုရင် စိတ်ဝင်စားစရာတွေ ချည်းပဲဖြစ်ပါတယ်။

“ဒီအိမ်ရဲ့ အနောက်ဘက်က ဧရာဝတီမြစ်ဆိပ်မှာတော့ ခရီးသွားတွေပါတဲ့ သဘောၤကြီးတွေ ကပ်လာ တတ်ပါတယ်။ ဒီကနေ နိုင်ငံခြားသား ခရီးသွားတွေလည်း ဒီမှာ လာရောက် လည်ပတ်တော့ စဖွင့်ပြီးကတည်းက လူကတော့ မပြတ်ဘူး” လို့ မခိုင်က ပြောပါတယ်။

အထူးသဖြင့် ဆောင်းတွင်း ကာလတွေမှာ ခရီးသွားတွေ ပိုများတယ်လို့ဆိုပါတယ်။ ဒီအတွက် အစားအသောက်တွေ အပြင် ညအိပ်ညနေပါ နေနိုင်အောင် စီစဉ်ထားတာကြောင့် ပြည်တွင်းပြည်ပ ခရီးသွားတွေ အတွက် အဆင်ပြေစေမယ်လို့ သူက ဆိုပါတယ်။

အခုနောက်ပိုင်းတော့ ပြည်ပခရီးသွားဦးရေ ကျဆင်းသွားတာမျိုးတွေ ဖြစ်ပေါ်နေတယ်လို့လည်း သူက ဆက်ပြော ပါတယ်။

ပြည်တွင်း ခရီးသွားလုပ်ငန်းတွေကတော့ ဆက်လက်များပြားနေပြီး တခါတရံမှာ ပြည်တွင်းခရီးသွားတွေ များတာကြောင့် Tour car တွေကို လာခါနီး ကြိုတင်ဆက်သွယ်ဖို့ ပြောပြထားရတယ်လို့ သူကဆိုပါတယ်။ ပြည်တွင်း ခရီးသွားတွေ များပြားတယ်ဆိုပေမယ့် Salay House ကို လာကြတဲ့အခါမှာ ဓာတ်ပုံအလှရိုက်ခြင်း၊ ရေအိမ်သုံးခြင်း တွေနဲ့တင် ပြန်လည် ထွက်ခွာလေ့ရှိတာကြောင့် သူ့အနေနဲ့ ခရီးသွားတွေ ပြန်သွားကြတဲ့ အခါ အလုပ်များစွာ ရှုပ်ရပါတော့တယ်။

“အခုအချိန်ကလည်း ခရီးသွားလုပ်ငန်းတွေက ကျဆင်းနေတော့ ကျမတို့လို လုပ်ငန်းလေးတွေကလည်း အလုပ်သမားတွေ ငှားရတာ၊ ထိန်းသိမ်းရတာနဲ့ ကာမိအောင် အစားအသောက်ပဲဖြစ်ဖြစ်၊ အားပေး စေချင်တာမျိုးတော့ ရှိပါတယ်။ ပြည်တွင်းခရီးသွား လုပ်ငန်းတွေကိုလည်း ဒီလိုအနေအထားလေးတွေကို ပြောပြထားရပါတယ်” လို့ သူက ဆိုပါတယ်။

ဘယ်လိုပဲ နေပူပြင်းပေမယ့် သွားလာ လည်ပတ်စရာတွေ အတော်စုံလင်နေတဲ့ စလေမြို့ကိုတော့ ခရီးသွားရတာ ကြိုက်နှစ်သက်သူတွေက လက်မလွှတ်သင့်ပါဘူး။ အခုအချိန်ကာလက ရာသီဥတု မကောင်းလှ သေးပေမယ့် မိုးအကုန် ဆောင်းအကူး၊ လေပွေရူးတွေ တိုက်တဲ့ ကာလ၊ အညာဆောင်း ချမ်းချမ်းစီးစီးမှာ သွားလည်ပတ် ချင်တယ်ဆိုရင်တော့ စလေမြို့က အချိန်တိုတိုနဲ့ သင့်ကို စိတ်ကျေနပ်မှုတွေ ပေးစေမှာတော့ အမှန်ပါပဲ။

The post ဧရာဝတီမြစ်နဘေးက ပုလွေဆရာတို့ရဲ့ စလေအညာ appeared first on ဧရာဝတီ.

ရဲဘော်သုံးကျိပ် ပန်းခြံဟောင်း မြေနေရာကိစ္စ ပြောပါရစေ

$
0
0

မြို့တိုင်း၊ နယ်တိုင်းရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ ပန်းခြံ (သို့မဟုတ်) ဘောလုံးကွင်းတကွင်း အကျယ်အဝန်းလောက် ရှိတဲ့ မြေကွက်အလွတ်တခု မြင်ရတွေ့ရဖို့ဆိုတာ အခုနေအချိန်ခါမှာ ကြုံတောင့်ကြုံခဲ၊ မြင်ရတွေ့ရခဲတဲ့ ဖြစ်ရပ်ဆန်းတခုလို့ ပြောရပါတော့မယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ် ၂ ခုကျော်လောက်က စပြီး မကြာသေးမီကာလထိ ဈေးကွက်စီးပွားရေးနဲ့အတူ မြေကွက်စီးပွားရေးကြောင့် အချိန်တိုကာလအတွင်း သူဌေးဘွဲ့ထူး ရရှိသွားတဲ့ လူတွေ ရှိခဲ့ကြပါတယ်။ မြေကွက်အလွတ် တွေ့ပြီဆိုတာနဲ့ ဆိုင်ရာတာဝန်ရှိသူတွေဆီ နည်းဗျူဟာမြောက်စွာ ချဉ်းကပ်ပြီး လုပ်ပိုင်ခွင့်ရအောင် အလျင်အမြန် အားထုတ်ကြပါတယ်။

လုပ်ပိုင်ခွင့်ရပြီး အချိန်တခုအတွင်း အဲဒီမြေပေါ်မှာ ထိုးထိုးထောင်ထောင်နဲ့ တိုက်တာ အမြင့်ကြီးတွေ ဟီးဟီးထလို့ မြင်ရလေတော့တယ်။

ဒါပေမယ့် အဲဒီအခန်းတွေကို ဘယ်သူတွေက ဘယ်အချိုးနဲ့ပိုင်းလို့ ဘယ်သူတွေ ဆိုင်သွားမှန်း မသိလိုက်ကြ။ အချိန် တခုအတွင်းမှာ အကြောင်းတခုကြောင့် မိမိမြေနဲ့ ကင်းလွတ်ဝေးကွာနေတဲ့ မူလပိုင်ရှင်ခမျာ သိသိချင်း ဆိုင်ရာကို သွားရောက်စုံစမ်းကြည့်တော့ မြေပိုင်ဆိုင်သူနေရာမှာ မူလပိုင်ရှင်ရဲ့ နာမည် မဟုတ်တော့၊ အမည် ပေါက်သူက နာမည်အသစ် တဦးဖြစ်နေတယ်။

အခုလို အမှန်အမှားအတွက် ရိုးအသူတွေဟာ ဘယ်သူ့ကိုအားကိုး၊ တိုင်တန်းရမှန်း မသိကြ။ မတရား အနိုင်ကျင့်ခံ အသိမ်းပိုက်ခံလိုက်ရတဲ့ မြေတွေ လူမသိသူမသိ အမျိုခံလိုက်ရတာ ဘယ်လောက်တောင် ရှိခဲ့ကြတယ်မသိ။ အဲဒီလိုနဲ့ အနယ်နယ်အရပ်ရပ်က မြို့ပြနိမိတ်အတွင်းမှာ မြေအလွတ်ဆိုတာ မရှိသလောက် ရှားပါးသွားပါပြီ။

အခု ကျနော်ပြောချင်တာက ကျနော်တို့ မြို့နယ်အတွင်းမှာ တည်ရှိတဲ့ “ရဲဘော် သုံးကျိပ် ပန်းခြံဟောင်း” ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့မြို့နယ်ဆိုတာက ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ပါဝင်တဲ့ ကမာရွတ် မြို့နယ်ပဲ ဖြစ်ပါတယ်။

အတိတ်ရဲ့ မြန်မာ့သမိုင်း နောက်ခံအရ ကျနော်တို့မြို့နယ် အတွင်းမှာ တည်ရှိတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းတော်ကြီးကို တက်ရောက်ခဲ့ကြပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှု တိုက်ပွဲတွေမှာ ရှေ့တန်းကပါဝင်ခဲ့ကြတဲ့ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ ဦးသိန်းဖေမြင့်၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း စတဲ့ ခေါင်းဆောင်ကြီးငယ်တွေ၊ ပြီးတော့ မြန်မာ့ တပ်မတော်ကြီးရဲ့ အမြုတေ
ရဲဘော်သုံးကျိပ်ဝင် တွေဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုရဲ့ ဘူမိနက်သံ အောင်မြေဖြစ်တဲ့ ကမာရွတ် လှည်းတန်းမှာ တိုင်းပြည်အတွက် တချိန်တခါက ပုန်းလျှိုးကွယ်လျှိုး သွားလာနေထိုင်ခဲ့ဖူးကြပါတယ်။

၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်မှာ ပန်းခြံတွေ၊ ဘောလုံးကွင်းတွေ၊ လမ်းတွေ၊ ဈေးတွေကို သမိုင်းဝင် တိုင်းကျိုးပြည်ပြု ခေါင်းဆောင်ကြီး တွေရဲ့ အမည်နာမတွေနဲ့ ကမ္ဗည်း မှတ်တမ်းတင် ခေါ်ဝေါ်ဂုဏ်ပြုခဲ့ကြတာ နိုင်ငံနဲ့ အဝန်းမှာ ရှိကြပါတယ်။

၁၉၅၇ ခုနှစ်၊ ပါလီမန်ဒီမိုကရေစီ လက်ထက်မှာ ကြည့်မြင်တိုင်က စတင် လောင်မြိုက်ခဲ့တဲ့မီးဟာ ကမာရွတ် လှည်းတန်းရပ်ကွက်ကြီး တခုလုံးကို ကူးစက် လောင်ကျွမ်း ခဲ့ပါတယ်။ မီးလောင်ကျွမ်းပြီး နောက်တနှစ် ၁၉၅၈ အိမ်စောင့် အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန်က ကမာရွတ်မြို့နယ်ရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ လှည်းတန်းလမ်းမကြီးရဲ့ မနီးမဝေး ကပ်လျက် မြေနေရာကို ပန်းခြံပြုလုပ်ပေးဖို့ မြေနေရာ တွေကို လူနေရပ်ကွက်အဖြစ် ပြန်လည် အကွက်ရိုက်ပါတယ်။

ချန်ထားတဲ့ မြေကွက်မှာ ပါလီမန်ဒီမိုကရေစီ အစိုးရက မြန်မာ့တပ်မတော်ကြီးရဲ့ သမိုင်းဦးစွန်းဖြစ်တဲ့ “ရဲဘော်သုံးကျိပ်” ခေါင်းဆောင်တွေကို အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ “ရဲဘော်သုံးကျိပ်ပန်းခြံ” လို့ အမည်ပေးပြီး ရဲဘော်သုံးကျိပ်ဝင် တချို့နဲ့ အခမ်းအနား ကျင်းပကာ ဖွင့်လှစ် ပေးခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီအစိုးရ တက်လာပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရ သက်တမ်း အတွင်းမှာလည်း “ရဲဘော်သုံးကျိပ်ပန်းခြံ” ဟာ အခိုင်အမာ တည်ရှိခဲ့ပါတယ်။ အဲဒီ ရဲဘော်သုံးကျိပ် ပန်းခြံထဲမှာ ကျနော် အပါအဝင် ရပ်ကွက်ထဲက ကလေးတွေရော၊ ပန်းခြံနဲ့ အနီးဝန်းကျင် ရပ်ကွက်ထဲက ကလေးတွေပါ လွတ်လပ်ပေါ့ပါး မြူးတူးဆော့ကစားရာ နေရာလေး ဖြစ်ခဲ့ရပါတယ်။

ကလေးတွေသာမက လူငယ်၊ လူကြီးတွေပါ အားလပ်ချိန်မှာ အပန်းဖြေ နားခိုစရာ ဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် ရဲဘော်သုံးကျိပ် ပန်းခြံထဲက မြေကွက်လပ်မှာ ကမာရွတ်မြို့နယ်၊ ရပ်ကွက်ပေါင်းစုံ ဘော်လီဘော ပြိုင်ပွဲတွေလည်း နှစ်စဉ် ကျင်းပပါတယ်။

မြို့နယ် ဘော်လီဘော လက်ရွေးစင်တွေလည်း တိုင်းအဆင့် ပြိုင်ပွဲတွေအတွက် လေ့ကျင့် ပြင်ဆင်ခဲ့တဲ့ နေရာ ဖြစ်ခဲ့ပါတယ်။ နွေရာသီ ကျောင်းပိတ်ရက် ကာလတွေမှာ ဦးမောင်မောင် ဆပ်ကပ်အဖွဲ့နဲ့ တခြား ဇာတ်သဘင်တွေ ရုံသွင်းကပြ အသုံးတော်ခံခဲ့ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။

၁၉၇၄ ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ ရဲဘော်သုံးကျိပ်ပန်းခြံရဲ့ မြေ တစိတ်တပိုင်းပေါ်မှာ တထပ် အဆောက်အဦကို တည်ဆောက်ပြီး ကမာရွတ်မြို့နယ်ကောင်စီရုံး အဖြစ် စိုက်ပါတယ်။ အဲဒီ အဆောက်အဦရဲ့ အခန်းငယ်တခန်းမှာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့လည်း ရုံးထိုင်ပါတယ်။

၁၉၈၈ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ပျက်သုဉ်း သွားပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) လက်ထက် အဆိုပါ ရုံးနေရာမှာ တပ်မတော်က ရပ်ကွက်နေ ပြည်သူများ အတွက် ကုန်ပစ္စည်းမျိုးစုံ ဆိုင်ဖွင့်ပြီး ရောင်းချခဲ့ပါတယ်။ အဲဒီနေရာမှာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့လည်း ရုံးဖွင့် ထားရှိခဲ့ပါတယ်။

အဲဒီနောက် တပ်မတော် ကုန်ပစ္စည်းမျိုးစုံဆိုင် ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ရဲဘော်သုံးကျိပ် ပန်းခြံဟောင်း မြေနေရာပေါ်က အဆောက်အုံ တခုလုံးကို မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးအဖြစ် ဆက်လက် ထားရှိခဲ့ပါတယ်။

၂၀၁၁ ခုနှစ်၊ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တာဝန်ယူ အုပ်ချုပ်စဉ်ကာလ ၂၀၁၅ ခုနှစ်အထိ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးအဖြစ် တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ ရဲဘော်သုံးကျိပ် ပန်းခြံဟောင်းမြေနေရာပေါ်မှာ ရုံးစိုက်ထားတဲ့ မြို့နယ် စည်ပင်ရုံးရှေ့မှာ နေပူရှိန်ကို အမှုမထားဘဲ၊ ရပ်ကွက်နေ ပြည်သူအများဟာ လက်သန်းလေးတွေ မင်အစိုခံ သက်သေထားပြီး တညီတညွတ်တည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မဲပေးခဲ့ကြတာတွေ သတိရ နေကြတုန်းပါပဲ။

ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ နဝတ၊ နအဖ၊ စစ်အုပ်ချုပ်ရေးခေတ်နဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရခေတ်အထိ ရဲဘော်သုံးကျိပ် ပန်းခြံဟောင်း မြေနေရာအဖြစ် ခေတ်အဆက်ဆက် တည်ရှိခဲ့ရာက၊ ၂၀၁၉ ခုနှစ် NLD အစိုးရ အုပ်ချုပ်စဉ် ကာလကျမှ ရဲဘော်သုံးကျိပ်ပန်းခြံ မြေနေရာမှာ ရှင်သန်ပေါက်ရောက်နေတဲ့ လူကြီးတဖက်စာ၊ နှစ်ဖက်စာ အရွယ် ကုက္ကိုပင်ကြီးတွေ၊ စိန်ပန်းပင်၊ ကံ့ကော်ပင်၊ ငုပင်၊ မန်ကျည်းပင်၊ ပိန္နဲပင်၊ သဖန်းပင်၊ သရက်ပင်၊ ဗာဒံပင် စတဲ့ သက်တမ်းရင့် အပင်ကြီးတွေကို ပြောင်တလင်းခါအောင် ခုတ်လှဲပြီး အများပြည်သူ အနားယူအပန်းဖြေဖို့ ပန်းခြံအဖြစ် ပြန်မပေးတော့ဘဲ အဆိုပါ မူလ ရဲဘော်သုံးကျိပ် ပန်းခြံဟောင်း မြေနေရာပေါ်မှာ အထပ်မြင့် အဆောက်အဦ ဆောက်လုပ်မယ်လို့ ကြားသိလိုက်ရပါတယ်။

၁၈၅၂ ခုနှစ် အင်္ဂလိပ်တို့ အောက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ရန်ကုန်မြို့ကို အစိုးရရုံး စိုက်ရာ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီး ၁၇၅၅ ခုနှစ်က အလောင်းမင်းတရားကြီး တည်ဆောက်ခဲ့တဲ့ သစ်တပ်မြို့ထက် ကျယ်ဝန်းတဲ့ ရန်ကုန်မြို့ ကွက်သစ်ကို ၁၈၅၄ ခုနှစ်မှာ စတင်အကွက်ချ တည်ဆောက်တဲ့အခါမှာ ရန်ကုန်မြို့သူ မြို့သားများ အလုပ်ခွင်ကနေ ပြန်လာတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ အလုပ် အားလပ်ရက်တွေမှာ ဖြစ်ဖြစ် အပန်းဖြေ အနားယူနိုင်ဖို့ (သူ့နိုင်ငံ/ သူ့လူမျိုးမဟုတ်ပါဘဲ) အဓိက ဦးစားပေးပြီး ပန်းခြံတွေကို တည်ဆောက်ခဲ့ကြပါတယ်။

ပန်းခြံ ဥပမာအနေနဲ့ မဟာဗန္ဓုလပန်းခြံကို သက်သေပြရာမှာပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်အစိုးရဟာ လူသားကို လူသားဆန်စွာ စဉ်းစားပြီး ပန်းခြံတွေကို တည်ဆောက်ပေးခဲ့တာပါ။ မဟာဗန္ဓုလ ပန်းခြံဟာ အခု အချိန်အထိ ရန်ကုန်မြို့သူမြို့သားတွေ၊ ခရီးသွားပြည်သူတွေ အနားယူအပန်းဖြေရာ ဘုံဌာနကြီးအဖြစ် တည်ရှိ နေပါတယ်။

ပန်းခြံတခုရဲ့ အနှစ်သာရနဲ့ တန်ဖိုးမည်မျှ ရှိပါသလဲလို့ မေးလို့ အတိုဆုံးစကားနဲ့ ပြန်ဖြေရမယ်ဆိုရင် လူပီသတဲ့ လူသားတိုင်း အတွက် အလွန်တရာ တန်ဖိုးထိုက်ပါတယ်လို့ ဖြေရမှာပဲ ဖြစ်ပါတယ်။ ပန်းခြံတခုက ပေးတဲ့တန်ဖိုးကို အသားရောင်မခွဲခြား၊ အသက်အရွယ်မခွဲခြား၊ ဆင်းရဲချမ်းသာ မရွေး တူမျှစွာ ရရှိကြမှာပဲ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ကြီး စတင်ထူထောင်ရာမှာ ဦးဆောင်ဦးရွက် ပြုခဲ့ကြတဲ့ ရဲဘော်သုံးကျိပ် ခေါင်းဆောင်ကြီးများကို အမှတ်တရ ဂုဏ်ပြုခဲ့ကြတဲ့ “ရဲဘော်သုံးကျိပ်ပန်းခြံ” ကို ပန်းခြံဟောင်း မြေနေရာမှာပဲ ပန်းခြံအဖြစ် ပြန်လိုချင်တဲ့ ရပ်ကွက်နေ အများပြည်သူရဲ့ ဆန္ဒကို ငြင်းဆန်ပြီး၊ ရုံးခန်းများ၊ ဆိုင်ခန်းများနဲ့ လူတချို့ နေထိုင်နိုင်ဖို့အတွက် ရည်ရွယ်ဆောက်လုပ်မယ့် အထပ်မြင့်အဆောက်အဦ အလျင်အမြန် ဆောက်လုပ်ဖို့ ကြိုးစား အားထုတ်နေတယ်လို့ သိရှိရပါတယ်။

ရုံးခန်း၊ ဆိုင်ခန်း၊ ခန်းမတို့အတွက် အသုံးပြုဖို့ အခန်းလွတ် လိုအပ်မယ်ဆိုရင် ကမာရွတ်မြို့နယ်အတွင်း မြေအလွတ် တချို့အပေါ်မှာ ဆိုင်ရာဌာနများနဲ့ အကျိုးတူပူးပေါင်း ဆောက်လုပ်ပြီးစီးထားတဲ့ အထပ်မြင့်များနဲ့ အကျိုးတူ ပူးပေါင်း ဆောက်လုပ်နေဆဲ အထပ်မြင့်စီမံကိန်းများ ရှိနေပါတယ်။ ဒါမှမဟုတ် အခန်းလွတ်မဟုတ်ဘဲ သင့်လျော်တဲ့မြေနေရာ အလိုရှိရင်လည်း အလွယ်တကူ ရနိုင်လိမ့်မယ်လို့ မဆိုချင်သော်လည်း မခက်ခဲလောက်ဘူးလို့ ထင်ပါတယ်။
နိဂုံးချုပ်ပါမယ်။ “ရဲဘော်သုံးကျိပ်” ဆိုတဲ့ အမည်နာမဟာ မြန်မာ့တပ်မတော်ကြီးကို ကိုယ်စားပြုပါတယ်။ ရဲဘော်သုံးကျိပ် ဆိုတဲ့ အမည်နာမဟာ မြန်မာ့သမိုင်းမှာ ဖယ်ထား၊ ချန်ထားလို့မရတဲ့ မြန်မာ့ တပ်မတော်ကြီးနဲ့ ဆိုင်တဲ့ ကြီးမားတဲ့ ဂုဏ်ဒြပ်ပါ။

ရဲဘော်သုံးကျိပ်ဝင် ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ဒြပ်ကို အမှတ်တရ ဂုဏ်ပြုခဲ့ကြတဲ့ ခေတ်အဆက်ဆက် အလေးအနက် ထားရှိတဲ့ ရဲဘော်သုံးကျိပ် အမည်ရ ပန်းခြံနဲ့ ပန်းခြံဟောင်း မြေနေရာကို အပြီးတိုင် ဖယ်ရှား ရှင်းလင်းပြီး အထပ်မြင့် ဆောက်လုပ်ဖို့ သဘောတူ ဆုံးဖြတ်ပေးခဲ့ကြတဲ့ တာဝန်ရှိသူများအနေနဲ့ အချိန်မီ ပြန်လည် စဉ်းစားသင့်ကြောင်း တင်ပြ လိုက်ရပါတယ်။

(စာရေးသူသည် အမှတ် ၈၊ စံပယ် ၁ လမ်း၊ ၃-ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်နေသူတဦးဖြစ်သည်။)


The post ရဲဘော်သုံးကျိပ် ပန်းခြံဟောင်း မြေနေရာကိစ္စ ပြောပါရစေ appeared first on ဧရာဝတီ.

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း –၄

$
0
0

လမ်းတိုးချဲ့ဖေါက်လုပ်ရာတွင် ဂရုပြုရမည့်အချက်များ

လမ်းတိုးချဲ့ဖေါက်လုပ်ရာတွင် ဂရုပြု ရမည့် အပိုင်း ၂ ပိုင်းရှိပါသည်။ တပိုင်းမှာ လက်တွေ့လမ်းဖေါက်လုပ်ရာတွင် ရင်ဆိုင်ရမည့်အချက်များဖြစ်ပြီး နောက်တပိုင်းမှာ နိုင်ငံရေးပြသနာများဖြစ်သည်။

လက်တွေ့လမ်းဖေါက်ရာတွင်ရင်ဆိုင်ရမည့်ပြသနာများ

လမ်းဖေါက်လုပ်ပုံ

လက်ရှိ အိုရီယမ်တယ်ဟိုက်ဝေးကုမ္ပဏီ၏ လမ်းတိုးချဲ့ဖေါက်လုပ်ပုံစနစ်မှာ ထပ်ပိုးလွှာခင်းသည့်စနစ်ဖြစ်သည်။ သို့ဖြစ်ရာ မူလလမ်းထက် လမ်းကပို၍မြင့်လာသည်။ ထိုသို့လမ်းခင်းသည့် စနစ်မှာ လူသူမနေသည့် နေရာများတွင် ပြဿနာ မရှိသော်လည်း လူအများအနေထိုင်သည့်မြို့ များတွင် မြို့နေလူထုနှင့် ပြဿနာ ဖြစ်ပွါးသည်ကို တွေ့ရသည်။

လက်ရှိ ကွတ်ခိုင်မြို့ တွင်း၌ ထပ်ပိုးလွှာခင်းသည့်အတွက် လမ်းမတန်းရှိ အိမ်များသည့် လမ်းထက်ပိုနိမ့်သွားပြီး မိုးရွာသည့်အခါ အိမ်အတွင်းသို့ ရေဝင်သည့် ပြဿနာများတွေ့ရသည်။ တချိန်တည်းတွင် လမ်းဖေါက်သည့် ကုမ္ပဏီကလည်း ရေမြောင်းဖေါက်လုပ်ခြင်းကို ဦးစွာမပြုလုပ်ဘဲ(ဝါ) တပြိုင်ထဲ မပြုလုပ်ဘဲ လမ်းဖေါက်ပြီးမှ လမ်းဘေးရေမြောင်းဖေါက်ရန် ပြင်ဆင်သည်ဖြစ်ရာ မိုးတွင်းကာလရောက်နေ၍ မိုးရွာသည့်အခါ လမ်းကလည်းမြင့် ရေမြောင်းကလည်းမရှိ၍ လမ်းဘေးဝဲယာအိမ်များသို့ ရေများဝင်ပြီး မြို့နေလူထု မကျေမနပ် ဖြစ်ပွါးနေသည်ကို လောလောဆယ်တွေ့နေရပါသည်။

လမ်းချဲ့ထွင်ခြင်း

မြို့ ရွာများအပ နေရာများတွင် လမ်းချဲ့ထွင်ပါက ပြဿနာ မရှိသော်လည်း မြို့ ရွာများအတွင်း လမ်းချဲ့ထွင်ပါက ၄ လမ်းသွားလမ်းချဲ့ ပြီးပါက လမ်းနယ်ကုန်သွားသည်ကို၎င်း၊ အရပ်သားပိုင် မြေအချို့ ပါသွားသည်ကို၎င်း တွေ့ရသည်။ လက်ရှိ မြန်မာပြည်လမ်းမကြီးဥပဒေအရ လမ်းမကြီးတိုးချဲ့ရန် မြေသိမ်းရန် မခက်ခဲသော်လည်း လူထု ကျေလည်မှုရှိရန် သို့မဟုတ် လျော်ကြေးပြသနာကို ကောင်းမွန်စွာဖြေရှင်းရန် လိုအပ်ပါသည်။

မြို့ရှောင်လမ်းနှင့် လျော်ကြေး

မြို့ရှောင်လမ်း မဖေါက်လုပ်ရသေးသော မြို့များတွင် မြို့ရှောင်လမ်း မဖြစ်မနေဖေါက်လုပ်ရန် လိုအပ်ပါသည်။ ထိုသို့မြို့ရှောင်လမ်း ဖေါက်လုပ်ရာတွင် မလွဲမသွေတွေ့ကြုံ ရမည့်ပြဿနာမှာ အရပ်သားပိုင်မြေများ သိမ်းခြင်းနှင့် လျော်ကြေးပေးခြင်း ဖြစ်သည်။ တောင်ပေါ်ဒေသတွင် မြေဈေး သိပ်မကြီးရာ ဖြေရှင်းရန် မခက်ခဲပါ။ စိုက်ပျိုးသီးနှံများဖြစ်ထွန်းသည့် မြေများသိမ်းလျှင်သာ အခက်အခဲ အတန်ငယ်ရှိပြီး လျော်ကြေးငွေ အနည်းငယ်မြင့်နိုင်သည်။

လျော်ကြေးပေးရသည်ထက် ပို၍ဂရုပြုရန် လိုအပ်သည်ပြသနာမှာ လျော်ကြေးငွေများ အမှန်တကယ် နစ်နာသူများလက်ထဲသို့ တိုက်ရိုက်ရောက်ရေးဖြစ်သည်။ အထက်ပါအချက်သည် မြေသိမ်းခံလူထု မ ကျေနပ်မှု မဖြစ်စေရန်သော်၎င်း မလိုအပ်သောသွေးထိုးလှုံ့ဆော်မှုများ ရှောင်ရှားနိုင်ရန်သော်၎င်း အရေးပါသောအချက်ဖြစ်သည် အထူးဂရုပြုရမည့်အချက်ဖြစ်သည်ကို တွေ့ရပါသည်။ ဤလျော်ကြေးပေးမှု နှင့်အတူတွဲ၍ တွေ့ရမည့် ပြဿနာမှာ အခွင့်အရေးယူတတ် ကိုယ်ကျိုးရှာတတ်သည့် တာဝန်ရှိသော အစိုးရအရာရှိများ ပြဿနာဖြစ်သည်။

လမ်းထိန်းသိမ်းခြင်း

မြန်မာပြည် လမ်းဖေါက်လုပ်သည့်စနစ်တွင် အားနည်းချက်မှာ လမ်းများအား စနစ်တကျ ပုံမှန် ထိန်းသိမ်းသည့် ဘတ်ဂျက်များ ထားရှိခြင်းနှင့် ဝန်ထမ်းများခန့်ထားပြီး ပုံမှန် လမ်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည်။ မြန်မာအစိုးရဖေါက်လုပ်သော လမ်းများတွင် လမ်းတခုဖေါက်လုပ်ပြီးပါက ပုံမှန်ထိန်းသိမ်းမှု မရှိဘဲ လမ်းအတော်ကြီးပျက်စီး၍ သုံးစွဲရန် ခက်ခဲသည့်အနေအထားရောက်မှ ပြန်လည်ပြုပြင်လေ့ရှိသည်။ ထို့သို့သော အခြေအနေအောက်တွင် တရုတ်တို့အနေနှင့် မူဆယ်-မန္တလေး လမ်းမကြီး တိုးချဲ့ဖေါက်လုပ်ခြင်း နှင့်အတူ လမ်းပြုပြင်ထိန်းသိမ်းသည့် စနစ်ကောင်းများ သယ်ဆောင်လာပါက မြန်မာပြည်လူထု လိုလားမှုနှစ်သက်မှုကို ရရှိနိုင်မည် ဖြစ်သည်။ လမ်းကောင်းနှင့် စနစ်ကောင်းပါ သယ်ဆောင်လာသည့်ဟု ယူဆပါက လူအများ၏ အကောင်းမြင်ခြင်း ခံရပေမည်။

လမ်းဖေါက်သည့်ပုံစံ

လက်ရှိအချိန်တွင် မူဆယ်-မန္တလေးလမ်းဖေါက်လုပ်ရေးအတွက် တရုတ် ဆောက်လုပ်ရေးဘဏ်မှ အိုရီယမ်တယ်ဟိုက်ဝေး ကုမ္ပဏီအား တရုတ်ယွမ်ငွေ သန်း ၂၀၀ ခန့်ချေးငွေထုတ်ပေးထားသည်ဟု စီးပွါးရေးအသိုင်းအဝိုင်းက ဆိုပါသည်။ အကယ်၍ လာမည့် OBOR ကုန်သွယ်မှု လမ်းကြောင်းအတွက်ပါ စဉ်းစား၍ မူဆယ်-မန္တလေးလမ်းဟောင်းအား အမှန်တကယ်အဆင့် မြှင့်တင်၍ အသုံးပြုမည်ဟု ဆုံးဖြတ်ပါက အဆိုပါလမ်း အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ အိုရီယမ်တယ်ဟိုက်ဝေး ကုမ္ပဏီကဲ့သို့ ကုမ္ပဏီတခုအား ချေးငွေထုတ်ပေးခြင်းထက် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆွေးနွေး သဘောတူညီချက် ရယူပြီး အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှု ဖြင့်ဆောင်ရွက်သင့်သည်ဟု ယူဆကြသည်။ သို့မှသာ နည်းပညာမြင့်၍ ကောင်းမွန်သော လမ်းမတခုကို ဖေါက်လုပ်နိုင်မည်ဟု သုံးသပ်ကြပါသည်။

ရင်ဆိုင်ရမည့် နိုင်ငံရေးပြဿနာများ

လမ်းဖေါက်လုပ်ရာတွင်ရင်ဆိုင်ရမည့် နိုင်ငံရေးပြသနာ ၂ ပိုင်းရှိသည်။ ပထမပိုင်းမှာ ဒေသခံများနှင့် ဒေသခံအရပ်ဖက်အဖွဲ့ အစည်းများဖြစ်သည်။ ဒုတိယပိုင်းမှာ လမ်းလုံခြုံ ရေးနှင့်ဆက်နွယ်နေသည့် တိုင်းရင်းသားအဖွဲ့အစည်းများဖြစ်သည်။

ဒေသခံများနှင့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ

၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ပြည်မနှင့်နည်းတူ ရှမ်းပြည်မြောက်ပိုင်းတွင်လည်း အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းလာခဲ့သည်။ ဒေသခံလူထုအား ကိုယ်စားပြု၍ ဒေသခံလူထု၏နစ်နာမှု များဖေါ်ထုတ်ခြင်း၊ ဒေသခံလူထု၏ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များကို ကူညီခြင်း၊ စစ်ဘေးဒုက္ခသည်များကို ကူညီခြင်းများကို တက်ကြွစွာ ဆောင်ရွက်ကြသဖြင့် လူထုထောက်ခံမှုကို ရရှိထားကြသည်။ရှမ်းပြည်မြောက်ပိုင်းရှိ အရပ်ဖက်အဖွဲ့အစည်းများသည် ကိစ္စရပ်တခု ကဏ္ဍတခုကိုဦးတည်၍ ဖွဲ့စည်းထားလေ့ရှိကြသည်လည်းရှိသကဲ့သို့ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အဖွဲ့စည်းပုံစံနှင့်လည်း ဖွဲ့စည်းထားကြသည်လည်း ရှိသည်။

ထိုရှမ်းမြောက်ရှိ အရပ်ဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့သည့် အလှူရှင်များမှ အနောက်နိုင်ငံများမှဖြစ်ပြီး ပြည်မမှ အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်း ကွန်ယက်ချိတ်ဆက်ထားလေ့ရှိကြပါသည်။ သို့သော် ရှမ်းမြောက်ရှိ အရပ်ဖက်အဖွဲ့အစည်းအချို့မှာ နံမည်သာရှိပြီး လှုပ်ရှားမှု မရှိကြပါ။ သို့သော် အချို့အဖွဲ့များမှာမူ တက်ကြွစွာ လှုပ်ရှားကြသည်ကို တွေ့ရပါသည်။

ထိုတက်ကြွစွာ လှုပ်ရှားနေကြသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံများမှ လေ့လာသိရှိရသည်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ မူဆယ်-မန္တလေးလမ်းမကြီး တိုးချဲ့ဖေါက်လုပ်ခြင်းအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှု မရှိပါ။

၂။ လမ်းမကြီးဖေါက်လုပ်ပြီးနောက် လမ်းဆက်သွယ်ရေးကောင်းမွန်လာပါက တပ်မတော်မှ စစ်ကြောင်းများရောက်လာပြီး စစ်ဆင်ရေးများပြုလုပ်ခြင်းကြောင့် စစ်ဘေးဒုက္ခခံစားရမည်ကို စိုးရိမ်မှု ရှိသည်ကို တွေ့ရသည်။

၃။ လမ်းမကြီးကောင်းမွန်လာပြီး ပေါ်ထွက်လာသည့် အကျိုးစီးပွါးကြောင့် တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြသည်ကိုတွေ့ရသည်။ (ကချင်ပြည်နယ်၌ တရုတ်ပြည်မှ လာရောက်ဆောက်လုပ်သည့် တပိန်ရေအားလျှပ်စစ်စက်ရုံ အကျိုးအမြတ်ကြောင့် ၂၀၁၁ ခုနှစ်တွင် KIA နှင့် စစ်တပ်တို့ တကျော့ပြန်စစ်ပွဲဖြစ်ခဲ့ရာ ယခုတိုင် အဆုံးသတ်နိုင်ခြင်းမရှိဟု ထောက်ပြကြသည်)

၄။ ဤသို့ လမ်းမကြီးကောင်းမွန်ပြီး ကုန်သွယ်ရေး ပိုမိုကောင်းမွန်လာပါကလည်း ဒေသခံတို့အတွက် မည်သည့်အကျိုးခံစားခွင့်မှမရှိ၍ လမ်းမကြီး တိုးချဲဖေါက်လုပ်သည်ကို ကြိုဆိုခြင်းမရှိကြပါ။

၅။ လမ်းမကြီးတိုးချဲ့ ဖေါက်လုပ်၍ အရပ်သားအိမ်များထိခိုက်ခြင်းနှင့် လျော်ကြေးပေးလျော်မှုများ တရားမျှတမှု မရှိမည်ကို စိုးရိမ်မှုရှိကြပါသည်။

ဤဒေသမှာ ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ သဘောထားဖေါ်ပြချက်ဖြစ်သည်။ ဤသို့ ဆို၍ လမ်းတိုးချဲ့ ဖေါက်လုပ်ခြင်းနှင့်ပတ်သက်၍ အားလုံးက ဆန့်ကျင်ကြသည်တော့ မဟုတ်ပေ။ ကူးသန်းရောင်းဝယ်မှု ပြုလုပ်သည့် ကုန်သည်များ၊မော်တော်ယဉ်ပြေးဆွဲသူများနှင့် NLD ပါတီထောက်ခံသူများ ကတော့ လမ်းတိုးချဲ့ ဖေါက်လုပ်ခြင်းအား ကြိုဆိုမှု ရှိကြပါသည်။ ကုန်သည်နှင့်ကားသမားများကတော့ သူတို့အကျိုးရှိ၍ ထောက်ခံခြင်းဖြစ်ပြီး NLD ပါတီထောက်ခံသူများကတော့ ၎င်းတို့ NLD အစိုးရပေါ်လစီအား ထောက်ခံခြင်းဖြစ်သည်။ သို့သော် ကြိုဆိုသူက အနည်းစုဖြစ်ပြီး ဆန့်ကျင်သူက အများစုဖြစ်သည်။ သို့သော်လည်း မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရနိုင်သည့် ကိစ္စဖြစ်ပါသည်။

ဒေသခံများနှင့် ပတ်သက်၍ ရင်ဆိုင်ဖြေရှင်းရာတွင် ပထမအချက်အနေနှင့် လက်တွေ့ကျကျအလေးထားရမည်မှာ လမ်းတိုးချဲ့၍ဖြစ်စေ၊ မြို့ရှောင်လမ်း ဖေါက်လုပ်ရာ၌ မြေယာသိမ်းဆည်းရာ၌ဖြစ်စေ ထိခိုက်သည့်အရပ်သား အိမ်ထောင်များအား ကောင်းမွန်စွာ ခေါ်ယူတွေ့ဆုံခြင်း၊ ထိုက်သင့်သောမြေယာ လျော်ကြေးသတ်မှတ်ပေးခြင်း၊ လျော်ကြေးငွေများအား နစ်နာသူများ၏ လက်တွင်းသို့ တိုက်ရိုက်ရောက်အောင် ပို့ပေးခြင်း တို့ကို ဂရုစိုက်လုပ်ဆောင်ရန် လိုအပ်သည်။

မြန်မာပြည်ဘက်ရှိ တာဝန်ရှိသော အောက်ခြေအဆင့်အချို့သည် လျော်ကြေးငွေအား ၎င်းတို့ကိုယ်ကျိုးအတွက် ဖြတ်စားတတ်သည်ကို ဂရုပြုရန်လိုသည်။ ထိုသို့ ဖြစ်ပွါးပါက အရပ်သားလူထုအနေနှင့် အဖြစ်မှန်မသိဘဲ တရုတ်တို့ကိုသာ မကြေမလည်ဖြစ်မည်ဖြစ်ပေရာ တရုတ်တို့အနေနှင့် ငွေလည်းကုန်သေး ကျေနပ်မှုလည်းမရဆိုပါက မိအေးနှစ်ခါနာဖြစ်ပေလိမ့်မည်။

ထို့ ကြောင့် နစ်နာသူများကိုယ်တိုင် ကျေနပ်မှုရရှိရေးကို ဂရုစိုက်ရန်လိုသည်။

ဒုတိယအချက်မှာ ကားလမ်းဖြတ်သန်းရာ မူစယ်မှ နောင်ချိုအထိသည် ရှမ်းပြည်နယ် တိုင်းရင်းသားဒေသဖြစ်သည်။ လက်ရှိမြန်မာပြည်တွင် တိုင်းရင်းသားဒေသများတွင် ပြုလုပ်သော စီးပွါးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အကျိုးအမြတ်ခွဲဝေမှု ၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးမှု ၊ အာဏာခွဲဝေမှု တို့နှင့် ပတ်သက်ပြီး မကျေလည်မှုများဖြစ်ပွါး၍ လက်နက်ကိုင်တိုက်ခိုက်မှု များ ဖြစ်ပွါးနေသကဲ့သို့ မြို့ ပေါ်ဥပဒေတွင်း၌လည်း မကျေလည်မှု များရှိသည်။ ဤပြဿနာသည် မြန်မာပြည် ပြည်တွင်းပြသနာဖြစ်၍ တရုတ်တို့ ဝင်ရောက်ဖြေရှင်းရန် မလွယ်ကူပေ။ သို့သော် လမ်းမသစ်တိုးချဲ့ ဖေါက်လုပ်မည့် တရုတ်တို့အနေနှင့် ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

အဆိုပါ လမ်းမကြီးတလျှောက် ပညာရေး၊ ကျန်းမာရေးကဏ္ဏများတွင် ဖွံ့ဖြိုးမှုအကူအညီပေးခြင်း( ကျောင်း၊ ဆေးပေးခန်း၊ ဆေးရုံများဆောက်လုပ်ပေးခြင်း၊ ဒေသခံတိ့ုအား တရုတ်ပြည်သို့ခေါ်ယူ၍ သင်တန်းများပေးခြင်း စသည်များ) တို့ကို နှစ်အလိုက် ရံပုံငွေရာထားပြီး ဆောင်ရွက်ရန်လိုအပ်သည်။ ဥပမာ ကျောက်ဖြူ အခြေစိုက် တရုတ် CNPC လက်အောက်ခံ သဘာဝဓါတ်ငွေ့ ကုမ္ပဏီနှင့်ရေနံကုမ္ပဏီတို့သည်တနှစ်လျင် ဒေါ်လာတသန်းစီ ဒေသဖွံ့ဖြိုးရေးရံပုံငွေထားရှိသည်။ ထိုသို့ ထားရှိဆောင်ရွက်ပါက တရုတ်တို့သည် ကားလမ်းမတိုးချဲ့ ဖေါက်လုပ် အသုံးပြုသည်သာမက ဒေသဖွံဖြိုးရေးပါ ဆောင်ရွက်ပေးသည်ဟူ၍ ဒေသခံများကြား အကောင်းမြင်လာနိုင်ပါသည်။ ဤအချက်သည် တရုတ်တို့လုပ်နိုင်သည့် အချက်ဖြစ်ပြီး အလေးထားလုပ်ဆောင်ရန် လိုအပ်ပါမည်။

ဤသို့ ကားလမ်းတလျောက် ဖွံဖြိုးရေးလုပ်ရာတွင် ဂရုပြုရမည့်အချက် တရုတ်ပြည်နယ်စပ်ခရိုင်အချို့၏ ဆောင်ရွက်ချက်များကို စိစစ်ရန်လိုသည်။ ဥပမာ နယ်စပ်ဒေသ ဘိန်းပပျောက်ရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံနယ်စပ်ရှိ ဒေသများ ပူးပေါင်းဆောင်ရွက်မှု များရှိသည်။ မြန်မာပြည်အရှေ့ပိုင်း မိုင်းလား( NDAA) ဒေသနှင့် ဆစ်ဆောင်ပဏ္ဏားဒေသ မုန်းဟိုင်းခရိုင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ဘိန်းအစားထိုးအတွက် ကြံစိုက်ခြင်း၊ ရာဘာစိုက်ခြင်းတို့အား မုန်းဟိုင်ခရိုင်မှ စိုက်ပျိုးရေးအတတ်ပညာ အကူအညီပေးခြင်းများ ပြုလုပ်ခဲ့သည်။ မြန်မာပြည် မိုင်းလားဒေသ၌ ဘိန်းစိုက်ပျိုးမှု ပပျောက်၍ မိုင်းလား-မုန်းဟိုင်လမ်းကြောင်းသည် အောင်မြင်သည်ဟု ယူနန်ပြည်နယ်တွင်း၌ ဝါဒဖြန့်နေသည်ကို တွေ့ရသည်။ သို့သော်လက်တွေ့တွင် မိုင်းလားဒေသ၌ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးသူများ ဒုက္ခရောက်နေကြသည်။

အကြောင်းမှာ ဘိန်းအစားထိုးသီးနှံများအဖြစ် ထွက်ပေါ်လာသည့် ရာဘာ၊ ကြံမှကုန်ချော ထွက်သည့် သကြားတို့ကို အနီးဆုံး တရုတ်ပြည်မှ တရားဝင် ဝယ်ယူခြင်းမရှိ၍ ဈေးကွက်ပျောက်နေသည်။ ထွက်ကုန်များဈေးကျ ပြီး စိုက်ပျိုးသူများ အရှုံးပေါ်နေသည်။ ဤသို့သော အခြေအနေသည် မိုင်းလား-မုန်းဟိုင်လမ်းကြောင်းသည် အောင်မြင်သည်ဟု မြန်မာပြည်ဖက်မှ တိုင်းရင်းသားများက မခံစားရပေ။ ထို့ပြင် ဘိန်းအစားထိုးသီးနှံများကို မဝယ်ယူဘဲ ပိတ်ဆို့ထားသည့် တရုတ်တို့အား စိတ်ပျက်နေကြသည်။ ဤသို့ဖြစ်ရခြင်းမှာ တရုတ်ဗဟိုအစိုးရပေါ်လစီကောင်းမွန်သော်လည်း နယ်စပ်ရှိ တရုတ်ပြည်တွင်း ခရိုင်အုပ်ချုပ်ရေးပိုင်းမှ ၎င်းတို့ခရိုင်၊ ဒေသအကျိုးစီးပွါးအတွက်သာ ကြည့်ရှုခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ကြပါသည်။

နောက်ထပ်ဂရုပြုရမည့်အချက်တချက်မှာ တရုတ်အစိုးရတို့သည် ဒေသဖွံ့ဖြိုးရေးအတွက် ဖြစ်စေ၊ အခြားအကြောင်းများ ကြောင့်ဖြစ်စေ G to G ဟုဆိုသည့် အစိုးရချင်းဆက်ဆံရေးကို အားသန်ကြသည်။ ထိ့ုပြင် မြန်မာပြည်ရှိ အရပ်ဘက်အဖွဲ့ အစည်းများ(CSO များ)၊ အစိုးရမဟုတ်သည့်အဖွဲ့ အစည်းများ(NGO များ) နှင့်ပတ်သက်၍ အနောက်တိုင်းအထောက်အပံ့ ယူထားသော အဖွဲ့အစည်းများ၊ တရုတ်အကျိုးစီးပွါးအား တိုက်ခိုက်မည့် အဖွဲ့အစည်းများအဖြစ် သဘောထားကြသည်။ ဆက်စပ်လုပ်ကိုင်ခြင်းမျိုး မရှိပေ။

ဤနေရာတွင် ဆေးရုံ၊ ကျောင်းစသည်တို့ ဆောက်လုပ်လှူဒါန်းခြင်းတို့နှင့်ပတ်သက်၍ အစိုးရချင်း ဆက်ဆံ လုပ်ကိုင်သည်နှင့်ပတ်သက်၍ ဝေဖန် ကန့်ကွက်ရန် အကြောင်းမရှိသော်လည်း မြန်မာပြည်တွင် CSO များ၊ NGO များကို ပစ်ပယ်၍မရသည်ကို သဘောပေါက်ရန်လိုအပ်သည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ပိုမိုလိုအပ်သည်။ အကြောင်းမှာ ပြည်တွင်းနိုင်ငံရေးပဋိပက္ခများကြောင့်ဖြစ်သကဲ့သို့ မြန်မာပြည်၏ နိုင်ငံရေးစနစ်ကြောင့်လည်း ဖြစ်သည်။

တရုတ်ကွန်မြူ နစ်ပါတီနိုင်ငံတကာဆက်ဆံရေးဌာနကြီးအောက်တွင် NGO ကွန်ယက်တခု ဖွဲ့စည်းထားသော်လည်း တရုတ် NGO များသည် မြန်မာပြည်ရှိ CSO/NGO များ မဆက်စပ်နိုင်ဘဲ မြန်မာအစိုးရအာဏာပိုင်အဖွဲ့အစည်းများနှင့်သာ ချိတ်ဆက်နေသည်ကို တွေ့ရသည်။ ပြည်ထောင်အစိုးရ၏အုပ်ချုပ်ရေးကို မကျေလည်သော တိုင်းရင်းသားဒေသလည်းဖြစ်၊ တရုတ်ပြည်နှင့် နိုင်ငံရေးစနစ်နှင့် ကြည့်မြင်ပုံလည်း မတူသည့် တိုင်းပြည်လည်းဖြစ်သည့် အခြေအနေတွင် တိုင်းရင်းသား ဒေသများတွင် လုပ်ကိုင်မည့် တရုတ်စီးပွါးရေးလုပ်ငန်းများအတွက် အကျိုးရှိစေရန်အတွက် ဒေသခံတိုင်းရင်းသားပါတီများ၊ ဒေသခံ CSO/NGO များကို ဆက်ဆံထားရန်လိုအပ်သည်။ ထိုအဖွဲ့အစည်းများနှင့် ဆက်ဆံခြင်းဖြင့် ဒေသခံလူထု၏ ထောက်ခံမှုကို ရနိုင်မည်ဖြစ်သည်။

တရုတ်ကွန်မြူ နစ်ပါတီနှင့် တရုတ်အစိုးရသည် ၂၀၁၂ နောက်ပိုင်းစ၍ မြန်မာပြည်မှနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများနှင့် အဆက်အဆံရှိသည်။ အားသာချက်ရှိပြီး ဖြစ်သည်။ သို့သော် တရုတ် NGO ကွန်ယက်သည် မြန်မာပြည်ရှိ NGO များ၊ CSO များနှင့် ဆက်ဆံရာတွင် လွန်စွာအားနည်းနေဆဲဖြစ်သည်။ တရုတ် NGO အဖွဲ့အစည်းများသည် မြန်မာ့အစိုးရ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်ဆံနေပြီး တရုတ်အစိုးရလုပ်ရမည့်အလုပ်ကို လုပ်နေပြီး NGO အလုပ်ကိုမလုပ် သို့မဟုတ် မြန်မာပြည်နိုင်ငံရေးစနစ်တွင် အံဝင်ဂွင်ကျ ဖြစ်အောင် မဝင်တတ်ဟုဆိုရမည်။ ထိုအချက်မှာ တရုတ်တို့အနေနှင့် အားနည်းချက် ဖြစ်သည်။

ဤသို့ဆို၍ ရှမ်းမြောက်အပါ မြန်မာပြည်တွင်းရှိ NGO/CSO များသည် ချို့ယွင်းချက် အားနည်းချက်မရှိဟု မဆိုလိုပါ။ အဆိုပါ NGO/CSO များတွင် အဖွဲ့အစည်းဖွဲ့ထားသော်လည်း တက်ကြွလှုပ်ရှားမှု မရှိသည့် အဖွဲ့များလည်း ရှိသည်။ နိုင်ငံတကာအဖွဲ့အစည်းများသို့ project များ တင်စားနေသောသူများလည်းရှိသည်။ တရုတ်ပြည်မှ ပြုလုပ်သော စီးပွါးရေး လုပ်ငန်းများကို ပစ်မှတ်ထားပြီး အနောက်အထောက်အပံ့နှင့် လုပ်ကိုင်နေသောအဖွဲ့များလည်း ရှိသည်။ ဥပမာ ရွှေလီမြစ်တွင်း ရေကာတာများဆောက်လုပ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်း၍ ဒေသတွင်းထိခိုက်နစ်နာမှု စသည်များကို စစ်တမ်းကောက်ယူ လှုပ်ရှားနေသော အဖွဲ့များလည်း ရှိသည်။

ဤသို့အဖွဲ့များရှိ၍ NGO/CSO များကို မဆက်ဆံဘဲ နေ၍မရပေ။ မည်သို့ဆိုစေ CSO/NGO များသည် မြန်မာပြည်နိုင်ငံရေးလူမှု ရေးစနစ်အတွင်း လျင်မြန်စွာ အသားကျလာနေပြီး လူထုကြားပျံ့နှံစိမ့်ဝင်နေသော အဖွဲ့အစည်းများဖြစ်ပြီး လူထုကြား တစုံတရာသြဇာရှိသည်ကိုလည်း ငြင်းပယ်၍မရပေ။ လက်ရှိ ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ခမ်း၊ မူစယ်၊ နန့်ဖတ်ကာ၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို စသည့် ကားလမ်းမကြီးပေါ်ရှိ မြို့များသာမက ကားလမ်းဝဲယာရှိမြို့ငယ်များ၊ ကျေးရွာကြီးများ၌ပါ ထိုအဖွဲ့များ၏ ကွန်ရက်ဆက်စပ်နေသည်။ ဒေသခံလူထုအားလည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့်တိ့ုကို အကူအညီ ပေးနေသည်ဖြစ်ရာ ဒေသခံလူထုကြား၌ စိမ့်ဝင်နိုင်သည်။ သို့ဖြစ်ရာ မည်သို့ဆက်ဆံမည်နည်း ဆိုသည်ကိုသာ စဉ်းစားရန်လိုပေသည်။

ဆက်ဆံခြင်းမရှိပါက တရုတ်တို့၏ စီးပွါးရေးလုပ်ငန်းများအတွက် ကောင်းကျိုးရှိမည်မဟုတ်ပေ။ အထူးသဖြင့် လမ်းဖေါက်ရေးကိုထောက်ခံသော ဒေသတွင်းစီးပွါးရေးသမား အနည်းစုကိုသာ မျက်နှာမူ၍ ဒေသခံအများစုနှင့် NGO/CSO များကို ကျောခိုင်းပါက တရုတ်၏လမ်းဖေါက်လုပ်ရေး လုပ်ငန်း အဆင်ပြေချောမွေ့မည် မဟုတ်ပေ။ အနှောက်အယှက်နှင့် ဆန့်ကျင်မှုများမည်ကို သတိပြုရန်လိုပါသည်။

မြောက်ပိုင်း ၇ ဖွဲ့

မြောက်ပိုင်း ၇ ဖွဲ့ဟုခေါ်သော UWSA/NDAA/KIA/SSPP/AA/TNLA/MNDAA အဖွဲ့များသည် ယခုချိန်ထိ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းသည့်ဖြစ်စဉ်အတွင်း ပါဝင်နိုင်ခြင်း မရှိသေးပေ။ မြောက်ပိုင်း ၇ ဖွဲ့မပါဘဲ ငြိမ်းချမ်းလုပ်ငန်းစဉ်သည် ပြီးပြည့်စုံမည်မဟုတ်သကဲ့သို့ စစ်ပွဲများကိုလည်း ရပ်တန့်နိုင်မည်မဟုတ်ပေ။ မြောက်ပိုင်းအဖွဲ့များ၏ စုစုပေါင်းလက်နက်ကိုင် အင်အားမှာ တပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အား၏ ၈၀% ရှိနေပေရာ မြောက်ပိုင်းအဖွဲ့များပြသနာကို ဖြေရှင်းရေးသည် ငြိမ်းချမ်းရေး အတွက် အရေးပါသည်။

၂၀၁၇ နှစ်ဆန်းပိုင်း အဆိုပါ မြောက်ပိုင်းအဖွဲ့များသည် FPNCC ဟူ၍ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီး အစိုးရ/တပ်မတော်တိ့ုနှင့် ဆွေးနွေးရေးအား NCA မဟုတ်သောလမ်းကြောင်းမှသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC အား စတင်ဖွဲ့စည်းကတည်းက ယနေ့အထိ အစိုးရနှင့် တပ်မတော်က အသိအမှတ်မပြု ခဲ့ပေ။ ထို့ ပြင် အဆိုပါ မြောက်ပိုင်း ၇ ဖွဲ့ထဲမှ KIA/TNLA/MNDAA/AA အဖွဲ့ ၄ အား အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ရန် တပ်မတော်နှင့် ကြ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်တွင် တင်သွင်းလာခဲ့ရာ မဲခွဲ၍ ရှုံးနိမ့်သွားခဲ့သော်လည်း တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီအများစုရှိသော ရှမ်းပြည်နယ်လွှတ်တော်တွင် တင်သွင်း အတည်ပြုနိုင်ခဲ့သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ၂၀၁၇ ခုနှစ်အတွင်း မြောက်ပိုင်း အဖွဲ့များနှင့် တင်းမာမှု မြင့်တက်ခဲ့သည်ဟု ဆိုရပါမည်။

၂၀၁၇ ခုနှစ် ဇူလိုင်တွင်း ကျင်းပသည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံသို့ တရုတ်၏ ညှိနှိုင်းမှု အရ မြောက်ပိုင်း အဖွဲ့များ လာတက်သည်။ FPNCC အနေဖြင့်သာ ဆွေးနွေးမည်ဆိုသည့် မြောက်ပိုင်း ၇ ဖွဲ့သည် တရုတ်၏ ညှိုနှိုင်းမှုကြောင့် တနည်းအားဖြင့်ဆိုရလျင် ဖိအားပေးမှုကြောင့် တဖွဲ့ချင်း ဖိတ်ကြားသည်ကို လက်ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာ တွင် KIA/SSPP/UWSA/NDAA အဖွဲ့ ၄ ဖွဲ့ နှင့် AA/TNLA/MNDAA အဖွဲ့ ၃ ဖွဲ့ ဟူ၍ နှစ်ဖွဲ့ခွဲတွေ့ဆုံခဲ့ရသည်။ သို့သော် တပ်မတော် ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ခြင်းမရှိသကဲ့သို့ ညီလာခံသို့ လာရောက်သော်လည်း ဆက်ဆံရေး များက မာမာထန်ထန်ရှိနေသည်ကို တွေ့ရသည်။ ၂၀၁၇ ဒုတိယပင်လုံသို့လာ ရောက်ပြီးနောက်ပိုင်းတွင်လည်း တိုးတက်မှု သိသိသာသာ မတွေ့ရသည့်ပြင် ၂၀၁၇ နှစ်ကုန်ပိုင်းနှင့် ၂၀၁၈ ခုနှစ်ဆန်းပိုင်း တွင် မြောက်ပိုင်း ၄ ဖွဲ့ နှင့် တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်။

တွေ့ဆုံမှုများ

သို့ရာတွင် ၂၀၁၇ နှစ်ကုန်ပိုင်းနှင့် ၂၀၁၈ နှစ်ဆန်းပိုင်းတွင် တွေ့ဆုံမှုအချို့ရှိခဲ့သည်။ UWSA နှင့် NDAA (မိုင်းလား) တိ့ုအား နယ်စပ်ဒေသဖွံ့ဖြိုးရေးခေါင်းစီးအောက်တွင် နယ်စပ်ဒေသဝန်ကြီးခေါင်းဆောင်၍ ၂၀၁၇ နှစ်ကုန်ပိုင်းတွင် သွားရောက် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှု တွင် PC (ငြိမ်းချမ်းရေးကော်မရှင်) မှ တာဝန်ရှိသူများ ပါဝင်ခဲ့သည်။

၂၀၁၈ ခုနှစ်အစောပိုင်းတွင် KIA ကိုယ်စားလည်အဖွဲ့နှင့် တပ်မတော်ခေါင်းဆောင်များ တရုတ်ပြည်တွင်း တွေ့ဆုံခဲ့သကဲ့သို့ PC မှတာဝန်ရှိသူများလည်း UWSA ခေါင်းဆောင်များနှင့် တရုတ်ပြည်တွင်း၍ တွေ့ဆုံခဲ့သည်။ ထို့ ပြင် SSPP ဌာနချုပ်သို့လည်း PC မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံခဲ့သည်။ ဆိုရလျင် MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့မှ လွဲ၍ ကျန် ၄ ဖွဲ့အား တွေ့ဆုံခဲ့ပြီး NCA လက်မှတ်ထိုး လာစေရန် PC မှ ရည်ရွယ်ခဲ့သည်ကို တွေ့ရသည်။ အကဲခတ်များကမူ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့အား ခွဲထုတ်ရန် ကြိုးစားမှုအဖြစ် ရှုမြင်ခဲ့ကြသည်။

ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် ဖက်ဒရယ်၊ တိုင်းရင်းသားရေးရာနှင့် နယ်စပ်ရေးရာများကို လေ့လာစမ်းစစ်သော သုတေသီတဦး ဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန် –
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၁ 

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၂ 

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၃ 

The post မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၄ appeared first on ဧရာဝတီ.

လွတ်ငြိမ်းချမ်းသာခွင့် အကြောင်းပြပြီး ထောင်တွေဆူကြသည်

$
0
0

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် နောက်ဆုံးအသုတ်အဖြစ် မေလ ၇ ရက်နေ့က နောက်ဆုံးပေးခဲ့ပြီးနောက်မှာတော့ အကျဉ်းသား တန်းတူညီမျှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးဆိုပြီး ယနေ့ (မေလ ၉ ရက်) မနက်ပိုင်းအထိ အကျဉ်းထောင် ၆ ထောင်တွင် ထောင်ဆူပူမှုဖြစ်ခဲ့သည်။

မေလ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမော်လိုက်ထောင်၊ ကရင်ပြည်နယ် ဘားအံထောင်တို့တွင် ထောင်တွင်း ဆန္ဒပြဆူပူမှု စတင်လာခဲ့ရာမှ အဆိုပါနေ့ည ၉ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ရွှေဘိုထောင်တွင် ဒုတိယအကြိမ်မြောက် ထောင်တွင်းဆူပူမှုဖြစ်ခဲ့သည်။ မေလ ၉ ရက် မနက် ၄ နာရီအချိန်ကစပြီး ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင်လည်း ထပ်မံဆူပူခဲ့ကာ ပဲခူးတိုင်း သာယာဝတီထောင်၊ ဧရာဝတီတိုင်း ပုသိမ်ထောင်တို့တွင် ဆူပူမှု ဆက်တိုက်ဖြစ်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုထောင်တွင် ညအချိန်ဖြစ်ခဲ့သည့်အတွက် အကျဉ်းသား ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ရုပ်အလောင်းများကို သယ်ဆောင်ထုတ်ယူခဲ့သော လူမှုကူညီရေးအသင်းမှ ပြောသည်။

ထိုကဲ့သို့ ထောင်ဆူပူမှုများသည် နိုင်ငံတော်သမ္မတက ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁(က) အရ မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည့် နည်းလမ်းကို အသုံးပြုကာ မြန်မာနှစ်ဆန်း တရက်နေ့က စပြီး ၃ ကြိမ်တိတိ အကျဉ်းသား ၂၃၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့အပြီး ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသားများထဲတွင် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျနေသည့် အကျဉ်းသား ၇၅ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပြီးခဲ့သည့် ဧပြီလအတွင်းက အတည်ပြုထားသည်။

လွတ်ငြိမ်းချမ်းသာခွင့် နောက်ဆုံးအကြိမ်အဖြစ် ပေးခဲ့ပြီးနောက်ပိုင်း ထောင် ၆ ထောင်က ဆက်တိုက်ဆူပူမှု ဖြစ်နေခဲ့သည်အတွက့် သွေးရိုးသားရိုးဖြစ်ရဲ့လား ဆိုသည့်အချက်ကို ပြည်သူအများက ဝေဖန်နေကြသည်။ ထို့အပြင် ရွှေဘိုထောင်တွင် ညဘက်ကြီး ဆူပူမှုဖြစ်နေချိန် ထောင်တွင်းအခြေအနေကို လူမှုကွန်ယက်တွင် တိုက်ရိုက်လွှင့်ခဲ့သည်က လူအများ၏ ဝေဖန်မှု မြင့်တက်နေခဲ့သည်။

ထောင်အတွင်း မိုဘိုင်းဖုန်း ကိုင်ပြီး လူမှုကွန်ယက်တွင် ထောင်ဆူမှုကို တိုက်ရိုက်လွှင့်ထုတ်ခြင်းသည် အကျဉ်းဦးစီးဝန်ထမ်းများ၏ တာဝန်ပေါ့လျော့ခြင်းနှင့် သက်ဆိုင်နိုင်သော်လည်း အကျဉ်းထောင်များ ဆက်တိုက် ဆူပူမှုဖြစ်စေရန် နိုင်ငံရေးအရ အကျဉ်းဦးစီးဌာန၏ ဝန်ထမ်းများက နောက်ကွယ်တွင် ရှိသည်ဆိုသည့်အချက်ကမူ မဟုတ်နိုင်ကြောင်း ထောင်မှူးကြီးဟောင်းဖြစ်သူ ဦးခင်မောင်မြင့်က သုံးသပ်သည်။

အကျဉ်းထောင်လက်စွဲအရ ထောင်တခုခုတွင် ဆူပူမှုဖြစ်လာပြီဆိုလျှင် ထောင်အာဏာပိုင်များအနေဖြင့် အနိမ့်ဆုံးအဆင့် ခုံရုံးဖွဲ့ စစ်ဆေးခံရကြောင်း၊ ထိုထက်ကြီးလေးလာလျှင် ရာထူးချခြင်း၊ ထောင်ဒဏ်အထိ အပြစ်ပေးခြင်းတို့ကို ခံကြရသည့်အတွက် ထောင်အာဏာပိုင်များက မြှောက်ပေးမှုဆိုသည့် အချက်က မဟုတ်နိုင်ဟု သူကဆိုသည်။

ဦးခင်မောင်မြင့်က “ထောင်ဆူတယ်ဆိုတာနဲ့ ထောင်ပိုင်၊ ထောင်မှူးတွေကအစ ဝန်ထမ်းအားလုံးက မထောင်းသာဘူး။ ထောင်ပါကျနိုင်ချေရှိတော့ သူတို့ကမြှောက်ပေးလို့ဆိုတဲ့ ပြောဆိုချက်တွေက လုံးဝမဖြစ်နိုင်ဘူး။ ကျနော်တို့အတွေ့အကြုံအရ ဒီဟာဖြစ်လာတာ လွတ်ငြိမ်းချမ်းသာခွင့်ရဲ့ မမျှတမှုတွေကြောင့်လို့ ထင်တယ်။ ထောင်အာဏာပိုင်တွေမှာ ကိုယ့်ကိုကိုယ် ကြိုးကွင်းစွပ်ခံရမယ့်ဟာ လုပ်မှာမဟုတ်ဘူး။ သူတို့တောင် အခုဆို ပိုအလုပ်ရှုပ်နေကြပြီ” ဟု သူကဆိုသည်။

ဘာ့ကြောင့် ထောင်ဆူရလဲ

နိုင်ငံတော်သမ္မတက ယခင်အစိုးရများလက်ထက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(ခ) ကို အသုံးမပြုပဲ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(က) ကိုအသုံးပြုခဲ့ခြင်း၏ အကျိုးဆက်ဖြစ်နိုင်ကြောင်း ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က သုံးသပ်သည်။

၄၀၁(က) တွင် ပြစ်မှုပြစ်ဒဏ်တစုံတရာအတွက် တဦးတယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည်နှင့် နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်များမထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည်၊ သို့မဟုတ် ၎င်းကို စီရင်သည့် ပြစ်ဒဏ်တရပ် သို့မဟုတ် အစိတ်အပိုင်းတစုံတရာကို လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်သည်ဟု ပြဌာန်းထားသည်။

၄၀၁(ခ) တွင် မည်သည့်အခါမဆို ပြစ်ဒဏ်တခုကို ဆိုင်းငံ့ထားရန် သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပေးရန်အတွက် နိုင်ငံတော်သမ္မတထံ လျှောက်ထားသည့်အခါ ယင်းလျှောက်ထားချက်ကို ခွင့်ပြုသင့်သည် သို့မဟုတ် ငြင်းပယ်သင့်သည်ကို မည်သို့ထင်မြင်သဘောရကြောင်း၊ မည်သည့်အတွက်ကြောင့် ထိုသို့သဘောရကြောင်းကို အကြောင်းပြချက်များ ဖော်ပြရန်အပြင် အဆိုပါ ထင်မြင်ချက်စာတမ်းနှင့်အတူ အမှုတွဲမှတ်တမ်း၏ မိတ္တူ၊ သို့မဟုတ် အဆိုပါအမှုတွဲကို ပေးပို့စေရန် ၎င်းပြစ်မှုထင်ရှားစီရင်သည့် သို့မဟုတ် အတည်ပြုသည့် တရားရုံး၏ ရုံးထိုင်တရားသူကြီးအား နိုင်ငံတော်သမ္မတက ညွှန်ကြားနိုင်သည် ဟု ပြဌာန်းထားသည်။

ဦးခင်မောင်မြင့်က “၄၀၁(ခ) နဲ့ အရင်သမ္မတအဆက်ဆက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ။ အဲ့ဒီပုဒ်မနဲ့ဆို သမ္မတတဦးထဲက ဆုံးဖြတ်တာမဟုတ်ပဲ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်သလိုမျိုး သက်ဆိုင်ရာ ဌာနတွေရဲ့ သဘောထားကို တောင်းခံပြီးမှ လွတ်ငြိမ်းပေးလို့ရတာ။ ဆိုလိုချင်တာက ဒီပုဒ်မနဲ့ဆို သေဒဏ်ကို တသက်တကျွန်းပြောင်းတာမျိုး၊ ပြစ်ဒဏ် ၁၀ နှစ်အောက်ကို လွှတ်၊ ၁၀ နှစ်အထက်ဆို ၁၀ နှစ်လျော့ပေးတာမျိုးတွေ လုပ်ရတယ်။ အခုက ၄၀၁(က) ဖြစ်တော့ သမ္မတက သူ့သဘောနဲ့သူ ဘယ်သူမှ သဘောထားတောင်းခံစရာမလိုပဲ လွတ်ငြိမ်းပေးလို့ရတယ်” ဟု သူက ဆိုသည်။

ထိုအချက်တွင် သမ္မတအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မည်သည့်သူများကို စိစစ်ရေးအဖွဲ့ဖွဲ့ပြီး စိစစ်လွှတ်ပေးသည်က အဓိကအချက်ဖြစ်စေခဲ့သည်ဟု သူက ဆက်ဆိုသည်။

ယခုလွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်စနစ်သည် ပွင့်လင်းမြင်သာမှုမရှိပဲ မည်ကဲ့သို့ စိစစ်လွှတ်ပေးသည်ကို တိတိကျကျ မသိရသဖြင့် ဘဝင်မကျမိကြောင်း၊ နိုင်ငံတော်သမ္မတအနေဖြင့် လွှတ်ပေးရမည့် အကျဉ်းသားများနှင့် ပက်သက်ပြီး တိကျစွာမသိနိုင်ခြင်းကြောင့် အောက်ခြေမှ မည်သို့စိစစ်သည်၊ မည်သည့်မူများဖြင့် လွှတ်ပေးသည်ကို ပြည်သူအများ သိသင့်ကြောင်း ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က ဆက်ဆိုသည်။

သို့ရာတွင် အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် မိမိတို့ထောင်တွင်းရှိ မည်သည့်အကျဉ်းသားက စည်းကမ်းလိုက်နာသည်၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သည်ဆိုသည့်အချက်ကို နိုင်ငံတော်သမ္မတနှင့် အကျဉ်းဦးစီးဌာနတို့ထံ တင်ပြခဲ့ခြင်းမျိုးမရှိဟု ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ ထောင်မှူးကြီး ဦးဇော်ဇော်က ပြောသည်။

အထူးသဖြင့် ထောင်အတွင်း သတ်မှတ်လူဦးရေ၏ ၂ ဆခွဲမျှ လူများ ကျပ်တည်းနေမှုကိုသာ တင်ပြခဲ့ကြောင်း၊ အကျဉ်းသားများနှင့် ပက်သက်သည် နေ့စဉ်မှတ်တမ်းများကိုသာ တင်ပြခဲ့ရသည်ဟု သူက ဆက်ပြောသည်။

ဦးဇော်ဇော်က “ကျနော်တို့မှာ နေ့စဉ် အချုပ်သားဘယ်လောက်၊ ဘယ်ပုဒ်မတွေနဲ့ဆိုတာ၊ ထောင်အကျအကျဉ်းသား ဘယ်လောက်၊ ဘယ်အမှုတွဲတွေ၊ ဘယ်လောက်ထောင်ကျန်ရှိတာတွေ စတာတွေပဲ ပေးပို့ရတယ်။ အဓိကကတော့ သမ္မတရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်ပါတယ်။ ကျနော်တို့ဆီမှာ ထောင်သားတွေ ကျပ်နေတော့ မူးယစ်ဆေးဝါး ခိုးသွင်းတာမျိုး၊ အကျဉ်းသားအချင်းချင်း ရန်ဖြစ်တာ၊ အနိုင်ကျင့်တာမျိုးဖြစ်နေတာပေါ့။ သတ်မှတ်ထားတဲ့ လူဦးရေးအတိုင်းသာဆို ကျနော်တို့က ကောင်းကောင်းထိန်းနိုင်ပါတယ်” ဟု ဆိုသည်။

လူ့အခွင့်အရေး ကော်မရှင်ထံသို့ တိုင်ကြားနိုင်

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ်လုံးတွင် ပါသင့်ပါထိုက်ပေမယ့် ကျန်ရစ်ခဲ့သော မူးယစ်အမှုဖြင့် ထောင်ချခံရသူများအနေနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံသို့ ဆက်သွယ်တိုင်တန်းကြရန် တိုက်တွန်းကြောင်း လူ့အခွင့်အရေး ကော်မရှင်မှ တိုင်ကြားစာများကော်မတီ ဦးဆောင်သူ ဦးယုလွင်အောင်က ပြောသည်။

မြန်မာနှစ်ဆန်းတရက်နေ့မှစပြီး မတ်လ ၇ ရက်နေ့အထိ ၃ ကြိမ်တိတိ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၂၃၀၀၀ ကျော်ကို ပေးခဲ့ရာတွင် မူူးယစ်ဆေးဝါးအမှုဖြင့် ထောင်ချခံခဲ့ရသူ အများစုပါဝင်ခဲ့ရာတွင် တချို့အကျဉ်းသားများ မပါခဲ့မှုများ ရှိနေသည်ဟု ပြည်သူအများ ပြောဆိုဝေဖန်နေမှုကို လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် နိုင်ငံတော်သမ္မတထံသို့ အချက်အလက်နှင့်တကွ အသိပေး အကြောင်းကြားစာ ပေးပို့ရန် ပြင်ဆင်နေကြောင်း သူက ဆက်ပြောသည်။

“ကိုယ့်မိသားစုဝင်တွေ မူးယစ်အမှုမှာ ပါသင့်ပါထိုက်တယ်လို့ ယူဆပေမယ့် မပါခဲ့လို့ရှိရင် ကျနော်တို့ကော်မရှင်ကို အထောက်အထားတွေနဲ့တကွ ပေးပို့တာကို ကြိုဆိုပါတယ်။ ကျနော်တို့ဘက်ကလည်း ဒီအထောက်အထားတွေစုပြီး နိုင်ငံတော်သမ္မတသိအောင်လို့ အကြောင်းကြားစာ ပေးပို့သွားမယ်။ ခက်တာက အခု ဘယ်သူတွေလွတ်တယ်၊ ဘယ်ဝါတွေလွတ်တယ်ဆိုတာ ကျနော်တို့ စာရင်းမရရှိတာပဲ” ဟု သူက ဆိုသည်။

ယခင်ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ယခုအစိုးရအထိ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံသို့ အကြံတောင်းခြင်း၊ စာရင်းများတောင်းခြင်းကို မပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အကျဉ်းသားဦးရေစာရင်းများကိုလည်း ထုတ်ပြန်ပေးခြင်းမျိုး မရှိခဲ့ကြောင်း သူက ဆက်ဆိုသည်။

ယခုလွတ်ငြိမ်းချမ်းသာခွင့်တွင် မိမိ၏သားကိုယ်တိုင် စိတ်ကြွဆေးပြား မသုံးစွဲကြောင်း ဆေးစစ်ချက်ပေါ်ပေါက်ခဲ့ပေမယ့် မိမိသား တည်းခိုရာအခန်းထဲတွင် စိတ်ကြွဆေးပြား ၁၃ ပြားနှင့် ဆေးပြားအသုံးပြုရာတွင် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့သည်ဟုဆိုပြီး သာယာဝတီထောင်တွင် ထောင်ဒဏ် ၅ နှစ်အပြစ်ပေးခံနေရသူကလည်း လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်ခဲ့သဖြင့် စိတ်ဘဝင်မကျကြောင်း ရန်ကုန်မြို့နေ ဒေါ်စန္ဒာက ပြောသည်။

မြဝတီမြို့မှ မြို့မျက်နှာဖုံးဖြစ်သူ စားသောက်ဆိုင်နှင့် ဟိုတယ်များ ပိုင်ဆိုင်သည့်သူက နေအိမ်တွင် စိတ်ကြွဆေးပြား ၂၆ ပြားမိသည်ဆိုပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံလိုက်ရသော်လည်း ယခုတခေါက် လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်ခြင်းက မမျှမတ ဖြစ်ရသည်ဟု ထောင်ဒဏ်အပြစ်ပေးခံရသူ၏ ဇနီးက ပြောသည်။ သို့သော် ထောင်တွင်းတွင် မိမိ၏ အမျိုးသားအပေါ် အခြေအနေတမျိုးဖြစ်လာနိုင်မည်ကို စိုးရိမ်သည်ဟုဆိုပြီး ၎င်း၏ အမည်ကိုတော့ ထုတ်ဖော်မပြောခဲ့ပေ။

အဆိုပါကိစ္စကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက နေအိမ်တွင်း ဝင်ရှာမည်ဟုဆိုပြီး အဆိုပါ မူးယစ်ဆေးဝါးကို ဗီဒိုထဲရှိ ဘောင်းဘီရှည်ထဲတွင် ထည့်သွင်းကာ ကြားလူတယောက်ကို ထပ်ရှာခိုင်းရာမှ မူးယစ်ဆေးတွေ့ရှိသည်ဟုဆိုပြီး ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့်အမှုဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု လူ့အခွင့်အရေး ကော်မရှင်မှ ဦးယုလွင်အောင်က ပြောသည်။

ဦးယုလွင်အောင်က “ဒီအမှုဆို သူဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတာကို ကျနော်တို့ စစ်ဆေးတွေ့ရှိခဲ့တယ်။ အထူးသဖြင့် ရဲတပ်ဖွဲ့နဲ့ အဆင်မပြေလို့ ထောင်ဖမ်းခံခဲ့ရတယ်ဆိုတာကို နိုင်ငံတော်သမ္မတအထိ စာပေးပို့ပြီးသားအမှုပါ” ဟု သူက ဆိုသည်။

အကျဉ်းသား စိစစ်ရေး ကော်မတီကို တိတိကျကျ ဖွဲ့စည်းသင့်

နိုင်ငံတော်သမ္မတ၏ နှစ်ဆန်းတရက်နေ့တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးနောက်ပိုင်း ဧပြီ ၂၃ ရက်နေ့တွင် ပထမအကြိမ် စစ်ကိုင်းတိုင်း ရွှေဘိုထောင်တွင် ထောင်တွင်းဆူပူ ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။ မကြာမီ ဧပြီ ၂၆ ရက်နေ့တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် အဆိုပါထောင်တွင်းမှ မူးယစ်အမှုဖြင့် အကျဉ်းကျနေသူ တချို့ လွတ်မြောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ မေလ ၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တရားဝင်ထုတ်ပြောပြီးနောက် ထောင် ၅ ထောင်မှ ဆူပူဆန္ဒပြမှု ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။

ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က “ထောင်ဆူမှ လွတ်ငြိမ်းချမ်းသာရမယ်ဆိုတဲ့ အစဉ်အလာဖြစ်လာမှာတော့ စိုးရိမ်မိတယ်။ အခုက ထောင်ဆူတာတွေ ဆက်တိုက်ဖြစ်လာတာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမှာ မမျှမတဖြစ်လာလို့ ဆိုတာ သိပ်ကိုပေါ်လွင်နေပြီ။ စနစ်မကျတဲ့ စီမံခန့်ခွဲမှုကြောင့် အစိုးရဆီမှာ ပိုပြီးဖိအားဖြစ်စေခဲ့ပြီ” ဟု သူက ဆိုသည်။

အထူးသဖြင့် အကျဉ်းသားအချင်းချင်းကြားတွင် ထောင်အာဏာပိုင်များ၏ ခွဲခြားဆက်ဆံမှု၊ ထောင်တွင်းနေရေးထိုင်းရေးကို စနစ်တကျ တတန်းစားထဲ မစီမံနိုင်မှုကလည်း အကျဉ်းသားများအကြားတွင် စိတ်ဒဏ်ရာရခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် တရားစီရင်ရေးစနစ်၏ မမျှတသည့် အခြေအနေများကြောင့် အကျဉ်းသားများတွင် လွတ်ငြိမ်းချမ်းသာခွင့်ကိုသာ အဓိကထား မျှော်လင့်နေကြရာမှ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပြစ်မှုတူ၊ ပြစ်ဒဏ်တူအချင်းချင်း အလွတ်မြောက်မှုက ယခုလို ထောင်ဆူပူမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေးကော်မတီ AAPP ၏ မြန်မာနိုင်ငံတာဝန်ခံ ကိုအောင်မျိုးကျော်က သုံးသပ်သည်။

မိမိ၏ အမှုတွဲတူ၊ ပြစ်ဒဏ်တူသူတဦးက လွတ်မြောက်ပြီး မိမိက မလွတ်မြောက်သည့်အခါ ထောင်ထဲတွင် ဆန္ဒပြသည့်နည်းလမ်းကလွဲပြီး ရွေးချယ်စရာမရှိတော့သည့် အနေအထားမျိုးကို ရောက်သွားစေသည်ဟု သူက ပြောသည်။

ထို့အတွက် နိုင်ငံတော်သမ္မတအနေဖြင့် အမှန်တကယ် လွှတ်ပေးသင့်သည့် အကျဉ်းသားများကို လွှတ်ပေးနိုင်ရန်အတွက် စနစ်ကျသည့် ကော်မတီတရပ်ကို ဖွဲ့စည်းရန်လိုအပ်လာပြီဟု သူကဆက်ပြောသည်။

ကိုအောင်မျိုးကျော်က “လွတ်ငြိမ်းချမ်းသာမှ မျှတတယ်၊ မမျှတဘူးဆိုတာထက် အကျဉ်းကျခံနေရတဲ့သူအများစုက မြန်မာနိုင်ငံရဲ့ မျှတတဲ့ တရားစီရင်မှုကို ရခဲ့တယ်လို့ကို မခံစားရတာ။ ဆင့်ကဲ ဆင့်ကဲ တရားရေးတွေမှာကို မျှတမှု မခံစားခဲ့ရဘူး။ ဒါတွေကို ပြန်သုံးသပ်ဖို့လိုတယ်။ သက်ဆိုင်ရာဒေသအလိုက် လွှတ်တော်ကိုယ်စားလှယ်တွေရှိမယ်၊ အစိုးရအဖွဲ့ဝင်တွေရှိမယ်၊ လူမှုရေးအဖွဲ့တွေရှိမယ်။ အဲ့ဒါတွေနဲ့ စုပေါင်းပြီးတော့ အကျဉ်းသားစိစစ်ရေး ကော်မတီဖွဲ့ဖို့ လိုတယ်ဆိုတာကို ပြောချင်တယ်” ဟု သူကဆိုသည်။

မိမိတို့အဖွဲ့အနေဖြင့် ပြည်သူအများကို ဒုက္ခပေးနိုင်သည့် ရာဇဝတ်အကျဉ်းသားများကို လွှတ်ပေးခြင်းမျိုး မထောက်ခံကြောင်း၊ သို့ရာတွင် အမှတ်တကယ် ပြစ်မှုမကျူးလွန်ခြင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ် မမျှမတ ဖြစ်နေသည့် အကျဉ်းသားများ ဖြစ်နေခြင်းမျိုးကိုတော့ စနစ်တကျစိစစ်ကာ လွှတ်ပေးသင့်သည်ဟု ယူဆကြောင်း သူက ဆက်ဆိုသည်။

ဆက်စပ်ဖတ်ရှုရန်ဆေးအတွက်လေးနေတဲ့ သမ္မတ လွတ်ငြိမ်း

The post လွတ်ငြိမ်းချမ်းသာခွင့် အကြောင်းပြပြီး ထောင်တွေဆူကြသည် appeared first on ဧရာဝတီ.

Viewing all 3346 articles
Browse latest View live