Quantcast
Channel: ဆောင်းပါး - ဧရာဝတီ

ဒီမိုကရေစီတိုက်ပွဲဝင် အမျိုးသမီး စစ်သည်တော်များ

$
0
0

နွေဦးတော်လှန်ရေး ၁၈ လကြာသောအခါ နိုင်ငံတဝှမ်းမှ တော်လှန်ရေး အင်အားစုများသည် ပိုမို အဆင့်မြင့်လာကြသည်။ ၎င်းတို့သည် လုပ်သေနတ်များဖြင့် တော်လှန်ရေးကို စတင်ခဲ့သော်လည်း ယခုအခါတွင် AK-47 ကဲ့သို့သော အော်တိုမက်တစ် သေနတ်များနှင့် ဒရုန်းများသုံးလာကြသည်။ နိုင်ငံအနှံ့အပြားမှ အမျိုးသမီးများသည်လည်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် အင်အားစုများတွင် ပါဝင်လာသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် ၄ လအကြာ လွန်ခဲ့သောနှစ် မေလတွင် လက်နက်ကိုင် တော်လှန်ရေးစတင်ခဲ့သည်။ ထိုစဉ်မှစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) ဟု အများသိကြသည့် တော်လှန်ရေးအင်အားစုများကို နိုင်ငံတဝှမ်းတွင် ဖွဲ့စည်းကြသည်။ အမျိုးသမီးများသည်လည်း ဆေးတပ်သားများအဖြစ် လုပ်ကိုင်ကြသလို ရန်ပုံငွေလည်း ရှာဖွေပေးပြီး PDF အခြေခံစခန်းများကို ထောက်ပံ့ကာ တာဝန်ထမ်းဆောင်၍ PDF များတွင် ပါဝင်ကြသည်။

ထို့အပြင် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန် အမျိုးသမီးများသာ ပါဝင်သော တပ်ဖွဲ့များကို အချို့ဒေသများတွင် ဖွဲ့စည်းကြသည်။ မြောင် အမျိုးသမီး စစ်သည်တော်များအဖွဲ့ကို လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် စတင်ဖွဲ့စည်းပြီး ထိုသို့သော အမျိုးသမီးတပ်ဖွဲ့များအနက် တခုဖြစ်သည်။

မြောင် အမျိုးသမီးစစ်သည်တော်များ

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များကို မိုင်းခွဲတိုက်ခိုက်ရာတွင် ကျော်ကြားသည့် မြောင် အမျိုးသမီး စစ်သည်တော်များ (M2W) ကို ဖက်ဆစ်စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရန်၊ အမျိုးသမီးများ တော်လှန်ရေးတွင် ပါဝင်နိုင်ကြောင်း ပြသရန်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်တို့အတွက် ဖွဲ့စည်းခဲ့ကြောင်း M2W ပြောခွင့်ရသူ မအမရာမှူးက ပြောသည်။

M2W တွင် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု၌ ပါဝင်သော ကျောင်းဆရာမများ၊ တက္ကသိုလ် ဘွဲ့ရနှင့် ကျောင်းသူများ၊ လယ်ယာလုပ်ငန်း လုပ်ကိုင်သောကျေးရွာများမှ အမျိုးသမီးများ စသည်တို့ ပါဝင်သော တပ်ဖွဲ့ဝင် ၂၂၅ ဦးရှိသည်။ ၎င်းတို့သည် အသက် ၁၈ နှစ်မှ ၄၅ နှစ် အရွယ်အတွင်းဖြစ်သည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များကို မိုင်းခွဲတိုက်ခိုက်ရာတွင် ကျော်ကြားသည့် မြောင် အမျိုးသမီး စစ်သည်တော်များ (M2W) ကို ဖက်ဆစ်စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရန်၊ အမျိုးသမီးများတော်လှန်ရေးတွင် ပါဝင်နိုင်ကြောင်း ပြသရန်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်တို့အတွက် ဖွဲ့စည်းခဲ့ကြောင်း M2W ပြောခွင့်ရသူ မအမရာမှူးက ပြောသည်။

M2W စစ်သည်တော်များသည် စစ်ကောင်စီတပ်များကို မိုင်းခွဲတိုက်ခိုက်ရာတွင် တခါတရံ ပါဝင်ကြသော်လည်း ၎င်းတို့၏ အဓိကတာဝန်မှာ မိုင်းများထုတ်လုပ်ပြီး မြောင် မြို့နယ်အတွင်း လှုပ်ရှားနေသည့် PDF အဖွဲ့အနည်းဆုံး ၂၂ ဖွဲ့သို့ ဖြန့်ချိပေးရေးဖြစ်သည်။

မြောင် အမျိုးသမီး စစ်သည်တော်များအဖွဲ့မှ အမျိုးသမီးရဲဘော်များ

“ဒီမိုင်းတွေရဲ့ အဖျက်စွမ်းအားက အမျိုးအစားပေါ် မူတည်တယ်။ ဖောက်ခွဲတိုက်ခိုက်မယ့် စစ်သား အရေအတွက်ကို ကြည့်ပြီး မိုင်းအမျိုးအစား ရွေးချယ်ရတာ။ စစ်ကားတွေအတွက်ဆိုရင် တမျိုး၊ ခြေလျင်စစ်သားတွေအတွက်ဆိုတမျိုး သုံးရတာ” ဟု အသက် ၂၀ ကျော်အရွယ်ရှိ မအမရာမှူးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

သူနှင့်အခြား M2W အဖွဲ့ဝင်များသည် စစ်သင်တန်းတက်ရောက်ခဲ့ပြီး အမျိုးသမီးများသာ ပါဝင်သော တပ်ဖွဲ့မဖွဲ့မီ မိုင်းထုတ်လုပ်သည့် နည်းလမ်းများကို လေ့လာရသည်။ မြောင် အရပ်သားကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းမှ ခေါင်းဆောင်များက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထံမှ ၎င်းတို့ သင်ယူထားသည့် မိုင်းထုတ်လုပ်သည့် နည်းလမ်းများကို ပြန်လည် သင်ကြားပေးသည်။ M2W စစ်သည်တော်များသည် စစ်ကောင်စီတပ်များကို မိုင်းခွဲ တိုက်ခိုက်ခြင်းအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က စတင်ခဲ့သည်။

“အမျိုးသားတွေက အမြဲလိုလို လက်နက်စွဲကိုင် တိုက်ခိုက်ချင်ကြတာ။ ဒါကြောင့် မိုင်းထုတ်လုပ်ရာမှာ အားနည်းချက် ဖြစ်နေတယ်။ ဒါကြောင့် M2W က မိုင်းထုတ်လုပ်ရေးကို အထူးလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်” ဟု မအမရာမှူးက ပြောသည်။

M2W သည် တနှစ်အတွင်း မိုင်းအလုံးပေါင်း ၁,၁၃၀ ထုတ်လုပ်ခဲ့ပြီး အားလုံးကို စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် အသုံးပြုသည်။ M2W သည် မြောင် မြို့နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများကို မိုင်းများမျှဝေပေးသည်။

M2W သည် တနှစ်အတွင်း မိုင်းအလုံးပေါင်း ၁,၁၃၀ ထုတ်လုပ်ခဲ့ပြီး အားလုံးကို စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် အသုံးပြုသည်။ M2W သည် မြောင် မြို့နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများကို မိုင်းများမျှဝေပေးသည်။

ထို့အပြင် စစ်ကိုင်းတိုင်းမှ ချောင်းဦးနှင့် မြင်းမူမြို့နယ်များ၊ မကွေးတိုင်းမှ ရေစကြိုနှင့် မန္တလေးတိုင်းမှ ငါန်းဇွန်မြို့နယ်တို့မှ မဟာမိတ်တော်လှန်ရေး အင်အားစုများသည်လည်း M2W က ထုတ်လုပ်သည့် မိုင်းများကို အသုံးပြုကြသည်။

မြောင် အမျိုးသမီး စစ်သည်တော်များအဖွဲ့ အဖွဲ့ဝင်များ မိုင်းများထုတ်လုပ်ရန် ပြင်ဆင်နေစဉ်

M2W သည် စတင်ဖွဲ့စည်းချိန်မှစတင်ပြီး အခြားမဟာမိတ်များနှင့် ပူပေါင်း၍ တိုက်ပွဲ ၈ ကြိမ် တိုက်ခဲ့ကာ ထိုတိုက်ပွဲများတွင် စစ်ကောင်စီစစ်သား ၈၅ ဦး သေဆုံးစေခဲ့သည်။ မိုင်းခွဲတိုက်ခိုက်မှု ၂၁ ကြိမ်ပြုလုပ်ပြီး စစ်ကောင်စီစစ်သား ၁၃၉ ဦးသေဆုံးစေကာ ၃၇ ဦး ဒဏ်ရာရသည်။

မိုင်းထုတ်လုပ်ရာတွင် အခက်အခဲများစွာ ရှိသော်လည်း M2W စစ်သည်တော်များသည် တော်လှန်ရေး အင်အားစုများအတွက် မိုင်းအများအပြား ထောက်ပံ့ရန် အကောင်းဆုံး လုပ်ဆောင်သည်။

“ဖောက်ခွဲပစ္စည်းတွေက အခက်အခဲ မရှိပေမယ့် လက်နက်စက်ရုံတွေမှာ ရှိတယ်” ဟု မအမရာမှူးက ပြောသည်။

KNDF တပ်ရင်း (၅) အမျိုးသမီးတပ်ဖွဲ့ဝင် တဦး စစ်လက်နက်လေ့ကျင့်နေစဉ် / KNDF-B-05

“တခါတုန်းက ယမ်းတွေ ထုတ်လုပ်နေတုန်း လက်နက်စက်ရုံမှာ မီးလောင်လို့ အားလုံးထွက်ပြေးရတယ်” ဟု သူက ပြောပြသည်။

မိုင်းများ ထုတ်လုပ်ရာတွင်သုံးသည့် ဂဟေစက်များနှင့် ကျောက်ခွဲစက်များကို အသုံးပြုရာတွင်လည်း M2W တပ်ဖွဲ့ဝင်များအတွက် အခက်အခဲမရှိပေ။ ထိုစက်များကို အသုံးပြုစဉ် အချို့အမျိုးသမီးများ လက်တွင် ဒဏ်ရာရကြသည်။ အခြားအမျိုးသမီးများသည် ထိုးစစ်အတွေ့အကြုံ ရှိကြသည်။

“ရှေ့တန်းစစ်မျက်နှာမှာ နေရတုန်းက ကျမတို့ အနားကို အမြောက်ဆံကျလာပြီး သစ်ပင်ကြီးတပင် လဲကျသွားတယ်။ အဲဒါက ပထမဆုံးအကြိမ် အပစ်ခံရတာဆိုတော့ တော်တော်ကြောက်သွားတယ်” ဟု မအမရာမှူးက ပြန်ပြောပြသည်။

လူမျိုးစု အမျိုးသမီး ရဲဘော်များ

အချို့လူမျိုးစု အမျိုးသမီးများသည်လည်း KIA ၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် (KNDF) နှင့် ချင်းကာကွယ်ရေး တပ်မတော် (CDF) စသည့် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများ (EAO) တွင် ပါဝင်နေကြသည်။

KNDF တပ်ရင်း (၅) အမျိုးသမီးတပ်ဖွဲ့ဝင်များ / KNDF-B-05

KNDF တပ်ရင်း (၅) အမျိုးသမီးတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ မေလတွင် စတင်ဖွဲ့စည်းပြီး အဖွဲ့ဝင် ဒါဇင်ပေါင်း များစွာပါဝင်သည်။ KNDF သည် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် အမျိုးသမီးတပ်ဖွဲ့ ပထမဆုံး ဖွဲ့စည်းသည့် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။

အမျိုးသမီးအများအပြားသည် တော်လှန်ရေးတွင် ပါဝင်ရန် စိတ်အားထက်သန်သောကြောင့် KNDF သည် အမျိုးသမီးတပ်ဖွဲ့ကို ဖွဲ့စည်းဖြစ်ကြောင်း KNDF အမျိုးသမီးတပ်ဖွဲ့မှ ပြောခွင့်ရသူ စိုးမြာက ပြောသည်။ တပ်ဖွဲ့ဝင်များသည် အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား အရွယ်များဖြစ်သည်။ ၎င်းတို့သည့် ယခုကဲ့သို့ လက်နက်မကိုင်မီက ကျောင်းသားကျောင်းသူများ၊ သပိတ်မှောက်ရာတွင် ပါဝင်ခဲ့သည့် ဆရာမများနှင့် ပြည်သူ့ ဝန်ထမ်းများဖြစ်သည်။

အသက် ၁၈ နှစ်ရှိပြီး ကယားပြည်နယ်မှ ကျောင်းသူဟောင်း စိုးမြာသည် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်အတွက် KNDF အမျိုးသမီးတပ်ဖွဲ့တွင် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ၌ ပါဝင်လာခြင်းဖြစ်သည်။

“ရှေ့တန်းစစ်မျက်နှာမှာ တိုက်ခိုက်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေ အများရှိတယ်။ အမျိုးသမီးတွေ ရှေ့တန်းစစ်မျက်နှာမှာ စစ်တိုက်တာ မထူးဆန်းတော့ဘူး” ဟု စိုးမြာက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ကျား အမျိုးသမီး ဒရုန်းတပ်ဖွဲ့ခေါင်းဆောင် ကျားခင်စိန်

KNDF အမျိုးသမီး တိုက်ခိုက်ရေးသမားများသည် တိုက်ခိုက်ရေးတွင်သာ အာရုံစိုက်သည် မဟုတ်ဘဲ ဆေးဝန်ထမ်းများနှင့် အခြားအထောက်အကူပြု လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ “တော်လှန်ရေး ကဏ္ဍအမျိုးမျိုးမှာ ကျမတို့ တတ်နိုင်တာ အကုန်လုပ်ပြီး ကျမတို့အမျိုးသမီးတွေ စစ်တပ်ကို တိုက်ခိုက်နေတယ်” ဟု စိုးမြာက ပြောသည်။

KNDF မှ အမျိုးသမီး တပ်ဖွဲ့ဝင်များကဲ့သို့ပင် ချင်းပြည်နယ်မှ အမျိုးသမီးအချို့သည် လွန်ခဲ့သော နှစ်မှစတင်ပြီး CDF သို့ ဝင်ရောက်ကြသည်။

ချင်းပြည်နယ်တွင် တော်လှန်ရေး အဖွဲ့အစည်း ၂၇ ခုခန့်ရှိသည်။ စုစုပေါင်း အင်အား ၉,၀၀၀ ခန့်ရှိသော အဖွဲ့ ၁၆ ဖွဲ့ခန့်သည် ချင်းပြည်ပူးတွဲကာကွယ်ရေး ကော်မတီ (CJDC) တွင် ပါဝင်နေသည်။ ချင်းပြည်နယ်မှ တော်လှန်ရေး အဖွဲ့အစည်း ၁၃ ခုတွင် အမျိုးသမီးတပ်ဖွဲ့ဝင် ၅၀၀ ခန့်ရှိသည်ဟု CJDC ထံမှ သိရသည်။

CDF-မင်းတပ်တွင် အမျိုးသမီးတပ်ဖွဲ့ဝင် အများဆုံးရှိပြီး ၁၂၀ ခန့်ရှိသည်။

ချင်း PDFs နှင့် EAOs မှ အမျိုးသမီးအများစုသည် ကျောင်းသူများဖြစ်ကြောင်း အမျိုးသမီးတပ်ဖွဲ့ဝင် ၉၀ ခန့် ပါဝင်သော CDF-ကန်ပက်လက် တပ်ရင်း (၁) အဖွဲ့ဝင် ဒေစီက ပြောသည်။

ချင်း PDF နှင့် EAO မှ အမျိုးသမီးအများစုသည် ကျောင်းသူများဖြစ်ကြောင်း အမျိုးသမီးတပ်ဖွဲ့ဝင် ၉၀ ခန့် ပါဝင်သော CDF-ကန်ပက်လက် တပ်ရင်း (၁) အဖွဲ့ဝင် ဒေစီက ပြောသည်။

KNDF တပ်ရင်း (၅) အမျိုးသမီးတပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ် / KNDF-B-05

“ကျမတို့က စစ်အာဏာရှင်စနစ်ကို လက်မခံဘူး။ မှန်ကန်မျှတတဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်ပဲ လိုချင်တယ်” ဟု ဒေစီက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

အသက် ၂၂ နှစ်ရှိပြီဖြစ်သော ဒေစီသည် CDF သို့ ဝင်ရောက်ပြီး စီမံအုပ်ချုပ်သည့် အပိုင်းတွင် တာဝန် မထမ်းဆောင်မီက တက္ကသိုလ်ကျောင်းသူ ဖြစ်သည်။ အချို့ အမျိုးသမီးတပ်ဖွဲ့ဝင်များက ရှေ့တန်းသို့ သွားကြသည်။ အချို့သည် တိုက်ခိုက်ရေးသမားများကို ထောက်ပံ့သည့် လုပ်ငန်းများ လုပ်ကိုင်သည်။

“တော်လှန်ရေးမှာ တိုက်ခိုက်ရေး သာမကဘူး နည်းလမ်းအမျိုးမျိုးနဲ့ ပါဝင်နိုင်တယ်” ဟု ဒေစီက ပြောသည်။ တော်လှန်ရေးသည် မည်သည့် ပိုင်ဆိုင်မှုမျှမရှိဘဲ စတင်ခဲ့သော်လည်း ယခုအခါ လက်နက်နှင့် ဘဏ္ဍာရေးအရ တိုးတက်မှုအချို့ ရှိလာသည်ဟုလည်း ဒေစီက ပြောသည်။

ကျား အမျိုးသမီး ဒရုန်းတပ်ဖွဲ့

M2W အပါအဝင် ခုခံတော်လှန်ရေးတပ်များသည် စစ်ကောင်စီ ပစ်မှတ်များကို ဗုံးကြဲရန် ဒရုန်းများကိုလည်း အသုံးပြုကြသည်။

ကျားခင်စိန် ဒရုန်း စမ်းသပ်နေစဉ်

ကျား အမျိုးသမီး ဒရုန်းတပ်ဖွဲ့ (TGR) သည် မြောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် ပါဝင်ပြီး လွန်ခဲ့သောနှစ် သြဂုတ်လမှစတင်ကာ မန္တလေး-မုံရွာလမ်းတွင် စစ်ကောင်စီယာဉ်တန်းများကို တိုက်ခိုက်နေသည်။

အမျိုးသား တော်လှန်ရေးသမားများနည်းတူ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန်အတွက် TGR ကို ၂၀၂၂ သြဂုတ်လတွင် အဖွဲ့ဝင် ၁၅ ဦးနှင့် စတင်ထူထောင်သည်။

“အမျိုးသားတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တဲအချိန်မှာ အမျိုးသမီး PDF အဖွဲ့ဝင်တွေကလည်း အလားတူ ပါဝင်ချင်ကြတယ်။ ဒါကြောင့်မို့လို့ ကျမတို့က စစ်ကောင်စီ စစ်သားတွေကိုတိုက်ဖို့နဲ့ အမျိုးသမီးတွေလည်း စစ်တိုက်နိုင်တယ်ဆိုတာကို ပြသဖို့ ဒရုန်းတပ်ဖွဲ့ ဖွဲ့လိုက်တယ်” ဟု TGR ခေါင်းဆောင် ကျားခင်စိန်က ပြောသည်။

KNDF တပ်ရင်း (၅) အမျိုးသမီးတပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ် / KNDF-B-05

အဖွဲ့ဝင်များသည် နယ်ပယ်အမျိုးမျိုးမှ လာကြသူများဖြစ်ပြီး ဒရုန်းများဖြင့် လအတန်ကြာ လေ့ကျင့်ရသည်။ TGR တွင် အမေရိကန် ဒေါ်လာ ၅,၀၀၀ စီတန်သည့် ဒရုန်း ၂ စီးရှိပြီး မြောင် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်လုပ်သည့် ဗုံးများကို အသုံးပြုသည်။

ထိုတပ်ဖွဲ့သည် စစ်ကိုင်းတိုင်းတွင် ဒရုန်းဖြင့် တိုက်ခိုက်မှုများပြုလုပ်ပြီး အထူးသဖြင့် မန္တလေး-မုံရွာလမ်းကို အသုံးပြုသည့် စစ်ယာဉ်တန်းများကို တိုက်ခိုက်သည်။ အောက်တိုဘာလအထိ တိုက်ခိုက်မှု ၃၀ ခန့် ဆောင်ရွက်ထားပြီး စစ်ကောင်စီစစ်သား ၄၈ ဦးခန့်ကို သေဆုံးစေသည်။

“စစ်ကောင်စီတပ်က လူအင်အားဖြည့်တင်းတာ အားလုံးအတွက် မန္တလေး-မုံရွာလမ်းကို သုံးတယ်။ ဒါကြောင့် အဲဒီလမ်းကို သူတို့သုံးမရအောင် ကျမတို့က ဖြတ်တောက်ချင်တယ်။ ဒါကြောင့် ဒီလမ်းကြောင်းမှာ ဒရုန်းနဲ့တိုက်တယ်” ဟု TGR ခေါင်းဆောင် ကျားခင်စိန်က ပြောသည်။ သို့သော် ထိုတပ်ဖွဲ့သည် တိုက်ခိုက်မှုများ ဆောင်ရွက်ရာတွင် အခက်အခဲနှင့် အန္တရာယ်များသော အခြေအနေများကို ရင်ဆိုင်ရသည်။

KNDF တပ်ရင်း (၅) အမျိုးသမီးတပ်ဖွဲ့ဝင်များ / KNDF-B-05

“ဗုံးကြဲဖို့ ကြိုးစားရင်း စစ်ကောင်စီ ကင်းထောက်တွေက ကျမတို့ကို ပစ်ခတ်ရင် ပြေးကြရတယ်” ဟု ကျားခင်စိန်က ပြောသည်။

တော်လှန်ရေးအတွက် ဆုံးဖြတ်ထား

တော်လှန်ရေးတွင် ပါဝင်နေသော အမျိုးသမီးများသည် စစ်ကောင်စီ ပြုတ်ကျသည့်အထိ ဆက်လက် တိုက်ပွဲနေကြပြီး ပြည်သူလူထုအနေဖြင့် တော်လှန် တိုက်ခိုက်ရေးသမားများကို ပြည်သူလူထုက ယုံကြည်စေလိုကြသည်။

CDF-ကန်ပန်လက် အမျိုးသမီးအဖွဲ့ဝင်များ အခြေခံစစ်သင်တန်း တက်နေစဉ်

“ကျမတို့ ဒီမိုကရေစီ လိုချင်တယ်။ ကျမတို့နိုင်ငံ လွတ်မြောက်စေဖို့ စစ်တပ်ကို ကျမတို့ တိုက်ခိုက်နေတယ်။ ဖက်ဒရယ် ဒီမိုကရေစီအတွက် ပြည်သူအားလုံး တိုက်ခိုက်မယ်လို့ ကျမတို့ ယုံကြည်တယ်” ဟု ကျားခင်စိန်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

တော်လှန်ရေးတွင် ပါဝင်နေသော အမျိုးသမီးများသည် စစ်ကောင်စီ ပြုတ်ကျသည့်အထိ ဆက်လက် တိုက်ပွဲနေကြပြီး ပြည်သူလူထုအနေဖြင့် တော်လှန် တိုက်ခိုက်ရေးသမားများကို ပြည်သူလူထုက ယုံကြည်စေလိုကြသည်။

PDF များသို့ပူးပေါင်းလာသော အမျိုးသား၊ အမျိုးသမီးများကို ပြည်သူ့စစ်သားများအဖြစ် သတ်မှတ်ပြီး တော်လှန်ရေးအတွက် အသက်ကို ပေးဆပ်မည့်သူများ ဖြစ်သော်လည်း ၎င်းတို့အတွက် လက်နက်ခဲယမ်း လိုအပ်ကြောင်းလည်း သူကပြောသည်။ တော်လှန်ရေး အင်အားစုများအတွက် လက်နက်များ ဝယ်ယူနိုင်ရန် ပြည်တွင်းပြည်ပမှ ပြည်သူများအနေဖြင့် လှူဒါန်းကြရန် ကျားခင်စိန်က တောင်းဆိုသည်။

တော်လှန်တိုက်ခိုက်ရေးသမား အားလုံးသည် အသက် စတေးရန် အသင့်ရှိပြီး တော်လှန်ရေး အောင်မြင်ရမည်ဟု ယုံကြည်ကြသည်။

“ကျမတို့က စစ်အာဏာရှင်စနစ် အဆုံးသတ်သည်အထိ တိုက်ခိုက်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စိတ်ဓာတ်ခိုင်မာစေချင်တယ်” ဟု KNDF အမျိုးသမီးတပ်ဖွဲ့ဝင် စိုးမြာက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Yuzana ၏ Myanmar’s Women Warriors Fight for Democracy ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

စစ်အာဏာသိမ်းဆန့်ကျင်ရေးနဲ့ ရာသီသွေးလာချိန်

တော်လှန်ရေးမှာ လိင်မှုဆိုင်ရာ အတွေးအမြင်တွေပါ ပြောင်းလဲပစ်ကြ

နွေဦးတော်လှန်ရေးလှိုင်းလုံးထဲက LGBTIQ များ

အာဏာရှင်ကို အမြစ်ဖြတ်ချင်တဲ့ အမျိုးသမီး PDF ကွန်မန်ဒိုများ

The post ဒီမိုကရေစီတိုက်ပွဲဝင် အမျိုးသမီး စစ်သည်တော်များ appeared first on ဧရာဝတီ.


ကာတာကမ္ဘာ့ဖလား ချန်ပီယံပြေးလမ်းပေါ်က အသင်းများ

$
0
0

“ဘရာဇီးလ်၊ ပြင်သစ်နဲ့ အင်္ဂလန်အသင်းတွေက တခြားအသင်းတွေထက် အနည်းငယ် ပိုမြင့်တဲ့အဆင့်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ဘာမဆို ဖြစ်သွားနိုင်ပါတယ်”

ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ မကြာသေးခင်က ပြောခဲ့တဲ့စကားပါ။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပဖို့ ရက်နီးလာလေလေ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတွေ မကြာခဏ ထွက်ပေါ်လာလေလေပါ။ “စူပါကွန်ပျုတာက ဘရာဇီးလ် ဗိုလ်စွဲမယ်ဟု ခန့်မှန်းပြောဆို”၊ “သင်္ချာပညာရှင်က အာဂျင်တီးနား ဗိုလ်စွဲမည်ဟုပြော”၊ “ဘောလုံးဘွတ်ကီဒိုင်က ဘရာဇီးလ် ဗိုလ်စွဲမည်ဟုဆို” စတဲ့စတဲ့သတင်းတွေကို အဆက်မပြတ် ဖတ်လာရတယ်။

ဘောလုံးပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖို့ ရေပန်းစားမှုဆိုတာက အသင်းလူစာရင်း၊ လူစာရင်းက ထွက်လာတဲ့ခြေစွမ်း၊ အရင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားရဲ့အစဉ်အလာ၊ လက်ရှိအသင်းရဲ့အောင်မြင်မှု၊ ပွဲထွက်လူစာရင်း တည်ငြိမ်မှု စတဲ့အချက်တွေနဲ့ တိုင်းတာအကဲဖြတ် ပြောဆိုကြတာပါ။

ဒီကြားထဲမှာ စောစောက မက်ဆီပြောသလို စိတ်ဓာတ်စစ်ဆင်ရေး ပြောဆိုမှုမျိုးတွေလည်း ထွက်ပေါ်လေ့ ရှိပြန်ပါတယ်။ ကောင်းပြီ။ ကာတာကမ္ဘာ့ဖလားမှာ ဘယ်အသင်းတွေ ဗိုလ်စွဲဖို့ ရေပန်းစားနေသလဲ။ ဘာ့ကြောင့် ရေပန်းစားနေကြတာလဲ။ ကြည့်ကြရအောင်ပါ။

အာဂျင်တီးနား ဗိုလ်စွဲဖို့ ဘာ့ကြောင့် ရေပန်းစား

မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ လူကြီးလူငယ် ပေါင်းစပ်မှု ညီညွတ်မျှတ တည်ငြိမ်နေတယ်။ နိုင်ငံတကာပွဲပေါင်း ၃၆ ပွဲဆက် ရှုံးပွဲမရှိဆိုတဲ့ အာဂျင်တီးနားအသင်းရဲ့ စံချိန်ဟာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ လုံလောက်တဲ့ အထောက်အထားတခုပါပဲ။

အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်ကတော့ ကမ္ဘာ့ဖလားမှာ နောက်ဆုံး နှုတ်ဆက်ပွဲဖြစ်ဖို့များတဲ့ အသင်းခေါင်းဆောင် မက်ဆီရဲ့ ဦးဆောင်လှုံ့ဆော်မှုနဲ့ပဲ အာဂျင်တီးနား ဗိုလ်စွဲသွားနိုင်တယ်လို့ သုံးသပ်တယ်။

မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ လူကြီးလူငယ် ပေါင်းစပ်မှု ညီညွတ်မျှတ တည်ငြိမ်နေတယ်။ နိုင်ငံတကာပွဲပေါင်း ၃၆ ပွဲဆက် ရှုံးပွဲမရှိဆိုတဲ့ အာဂျင်တီးနားအသင်းရဲ့ စံချိန်ဟာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ လုံလောက်တဲ့ အထောက်အထားတခုပါပဲ။

“အာဂျင်တီးနားက ဒီနှစ် ဘယ်လိုဖြစ်လဲဆိုတော့ အဓိကက မက်ဆီပေါ့၊ အာဂျင်တီးနားရဲ့ ရေပန်းစားမှုက မက်ဆီနဲ့ပဲဆိုင်တယ်၊ မက်ဆီက သူ့အတွက် ဒီကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံးဖြစ်ဖို့ များတယ်၊ ပြီးတော့ ကမ္ဘာ့ဖလားတလုံးပဲ သူရဖို့ကျန်တော့တယ်၊ အဲဒီတော့ အခု မက်ဆီ ဦးဆောင်နေတဲ့ အသင်းခြေစွမ်းရယ်၊ သူ့ရဲ့ကမ္ဘာ့ဖလားကို မျှော်ကိုးနေတဲ့ နောက်ဆုံးဆန္ဒပေါ့၊ နှစ်ခုပေါင်းပြီးတော့ အာဂျင်တီးနားက ရေပန်းစားလာတာ”

အာဂျင်တီးနား အသင်းနည်းပြ စကာလိုနီရဲ့အသင်းက အထူးတလည် ချီးကျူးစရာမလိုတော့တဲ့ အနေအထားတခုကို ရောက်နေတယ်။ ဆယ်စုနှစ်သုံးခုနီးပါး ဝေးကွာခဲ့တဲ့ ဒေသတွင်း ကိုပါအမေရိက ချန်ပီယံဆုကိုလည်း သူ့လက်ထက်မှာ ပြန်လည် ရယူပေးထားတယ်။

ဒါ့အပြင် အာဂျင်တီးနားရဲ့ အသင်းလိုက် ယုံကြည်မှုက အခြားပြိုင်ဘက် အသင်းကြီးများနဲ့ယှဉ်လျှင် နှာတဖျားသာနေတယ်။ ကမ္ဘာ့ဖလား ၂ ကြိမ်ရဖူးတဲ့ အာဂျင်တီးနားအသင်းရဲ့ လက်ရှိ ကမ္ဘာ့အဆင့်ရပ်တည်ချက်က ၃။

အုပ်စုအနေအထားအရ အာဂျင်တီးနားအသင်းအတွက် အခက်အခဲ သိပ်မရှိသလို အဖွင့်ပွဲမှာလည်း ဆော်ဒီအာရေဗျလိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာကြောင့် တာထွက်ကောင်းဖို့ သေချာသလောက် ရှိနေတယ်။ အုပ်စုတွင်း ပြိုင်ဘက်တွေဖြစ်တဲ့ ဆော်ဒီ၊ ပိုလန်နဲ့ မက္ကဆီကိုတို့ အနေနဲ့လည်း အာဂျင်တီးနား အုပ်စုဗိုလ်ဖြစ်ဖို့ ဖျက်မြင်းတွေ ဖြစ်လာနိုင်ခြေ နည်းပါတယ်။

ဒါပေမယ့် အုပ်စု (C) က အာဂျင်တီးနားအသင်း အုပ်စုကျော်တာနဲ့ ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ အသင်းတွေက ပြင်သစ်၊ နယ်သာလန်၊ အင်္ဂလန် စတဲ့အသင်းတွေဖြစ်ပြီး ဒီအသင်းတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှ ဆီမီးဖိုင်နယ်အဆင့်ကို တက်ဖို့ရှိတယ်။

ဒါပေမယ့် အုပ်စု (C) က အာဂျင်တီးနားအသင်း အုပ်စုကျော်တာနဲ့ ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ အသင်းတွေက ပြင်သစ်၊ နယ်သာလန်၊ အင်္ဂလန် စတဲ့အသင်းတွေဖြစ်ပြီး ဒီအသင်းတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှ ဆီမီးဖိုင်နယ်အဆင့်ကို တက်ဖို့ရှိတယ်။

ဒါက အုပ်စု (A)၊ အုပ်စု (B)၊ အုပ်စု (C)၊ အုပ်စု (D) ဘက်ခြမ်း အနေအထား။

ဘရာဇီးလ် ပါဝင်နေတဲ့ အုပ်စု (G) ဘက်ခြမ်းကိုကြည့်ရင် ဆီမီးမရောက်ခင် တွေ့ဆုံရင်ဆိုင်ရဖို့ရှိတဲ့ အသင်းတွေက စပိန်၊ ဂျာမနီ၊ ပေါ်တူဂီတို့ရှိနေလို့ ဘရာဇီးလ် ကျော်ဖြတ်ရမယ့်ခရီးက အာဂျင်တီးနားထက် ကြမ်းတမ်းမယ့် အနေအထား ရှိနေပါတယ်။

နိုင်ငံတကာပွဲပေါင်း ၃၆ ပွဲဆက် ရှုံးပွဲမရှိဆိုတဲ့ အာဂျင်တီးနားအသင်း

ကမ္ဘာ့ဖလားသမိုင်းမှာတော့ အာဂျင်တီးနားအသင်းဟာ ၁၈ ကြိမ် ပါဝင်ကစားဖူးပြီး ၁၉၇၈ ခုနှစ်နဲ့၁၉၈၆ ခုနှစ်တို့မှာ ချန်ပီယံ ဖြစ်ခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ မှတ်တမ်းတွေအရ ၈၁ ပွဲကစား၊ ၄၇ ပွဲနိုင်၊ ၁၀ ပွဲသရေ၊ ၂၄ ပွဲ ရှုံးထားတယ်။ ချန်ပီယံဖြစ်ပြီး ၃၆ နှစ်အကြာမှာ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီနဲ့အတူ တကျော့ပြန် ချန်ပီယံဖြစ်လေမလား။ စောင့်ကြည့်ချင်စရာပါ။

နှစ် ၂၀ ကြာ ကမ္ဘာ့ဖလား ဘရာဇီးလ် ရသွားနိုင်လား

မက်ဆီလိုပဲ ဘရာဇီးလ်စတား နေမာက အခုလို ပြောထားပြန်တယ်။

”ကမ္ဘာ့ဖလားက အံ့သြစရာတွေနဲ့ ပြည့်နှက်နေတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ အမေ့ခံအသင်းတွေ ခရီးပေါက်တာကိုလည်း ကမ္ဘာ့ဖလားမှာ ခင်ဗျားတို့ တွေ့ဖူးမှာပါ။ ဒါပေမဲ့ အာဂျင်တီးနား၊ ဂျာမနီ၊ စပိန်နဲ့ ပြင်သစ်တို့ ရေပန်းစားပြီး အဲဒီ ၄ သင်းထဲက တသင်းဟာ ဘရာဇီးလ်နဲ့အတူ ဗိုလ်လုပွဲရောက်မယ်ထင်ပါတယ်”

ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ ဘရာဇီးလ်အသင်း၊ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၅ ကြိမ်အထိ ရယူထားပြီး ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်း ဘရာဇီးလ်၊ ချန်ပီယံဆုနဲ့ ဆယ်စုနှစ် ၂ ခုကြာ ဝေးကွာလျက်ရှိတဲ့ ဘရာဇီးလ်အသင်း။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာ ပြန်ရောက်ကာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ဘရာဇီးလ်အသင်း။

“ဘရာဇီးလ်က အဓိကကတော့ လူအင်အားတောင့်တင်းတာပေါ့၊ ဒီနှစ်မှာတော့ သူတို့လူစာရင်းကို တိုက်စစ်ပိုင်းမှာ အများကြီး အားဖြည့်ထားတာ တွေ့ရတယ်၊ တိုက်စစ်ပိုင်းခေါ်လာတဲ့ ကစားသမားတွေကလည်း တော်တော်များများ ခြေစွမ်းပြနေကြတယ်၊ သူတို့ရဲ့ ခြေစစ်ပွဲလမ်းကြောင်းတွေ၊ ခြေစစ်ပွဲကစားခဲ့တဲ့ ခြေစွမ်းတွေ၊ စုဖွဲ့မှုအင်အားနဲ့ အသင်းလိုက် အနေအထားမှာ အာဂျင်တီးနားထက်တောင်မှ တဆင့်မြင့်ပြီးတော့ ဗိုလ်စွဲဖို့ ထိပ်ဆုံးမှာ ရှိနေတဲ့အသင်းလို့ ပြောလို့ရပါတယ်” အားကစားဆောင်းပါးရှင် ကိုဟိန်းသန့် ပြောပြခဲ့တာပါ။

အုပ်စုအနေအထားအရ ဘရာဇီးလ်အသင်းအတွက် အခက်အခဲမရှိနိုင်တဲ့ အုပ်စုဖြစ်ပါတယ်။ အုပ်စုဒုတိယ နေရာအတွက် အပြိုင်လုရဖွယ်ရှိတဲ့ ဆားဘီးယား၊ ဆွစ်ဇာလန်အသင်းများနဲ့ အဖွင့် ၂ ပွဲဆက်တိုက် ကစားရမှာ ဖြစ်လို့ ဘရာဇီးလ်အသင်းအနေနဲ့ တိုက်စစ်ဂိုးသွင်းအား ပြထားနိုင်မှ တန်ကာကျမယ်။

အုပ်စုအနေအထားအရ ဘရာဇီးလ်အသင်းအတွက် အခက်အခဲမရှိနိုင်တဲ့ အုပ်စုဖြစ်ပါတယ်။ အုပ်စုဒုတိယ နေရာအတွက် အပြိုင်လုရဖွယ်ရှိတဲ့ ဆားဘီးယား၊ ဆွစ်ဇာလန်အသင်းများနဲ့ အဖွင့် ၂ ပွဲဆက်တိုက် ကစားရမှာ ဖြစ်လို့ ဘရာဇီးလ်အသင်းအနေနဲ့ တိုက်စစ်ဂိုးသွင်းအား ပြထားနိုင်မှ တန်ကာကျမယ်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲသမိုင်းမှာ ၂၂ ကြိမ်စလုံး ပါဝင်ကစားခဲ့ဖူးတဲ့ ဘရာဇီးလ်အသင်းဟာ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄၊ ၂၀၀၂ တို့မှာ ချန်ပီယံဖြစ်ခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ မှတ်တမ်းတွေအရ ၁၀၉ ပွဲကစား၊ ၇၃ ပွဲနိုင်၊ ၁၈ ပွဲသရေ၊ ၁၈ ပွဲ ရှုံးထားတယ်။

အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့ အုပ်စုပထမတွေနဲ့ တက်သွားရင် ဆီမီးဖိုင်နယ်မှာ ဒီ နှစ်သင်း ထိပ်တိုက်ဆုံနိုင်တဲ့ လမ်းကြောင်းရှိနေတယ်။ ရှောင်လွှဲနိုင်ကြမယ်လို့ မျှော်လင့်ရပါတယ်။

၂၀၀၂ ချန်ပီယံ ဘရာဇီးလ်မှာ တိုက်စစ်မှူးတဦးဖြစ်တဲ့ ရီဘာဒိုက ဒီနှစ်မှာ ဘရာဇီးလ်ချန်ပီယံဖြစ်မှ သူတို့တုန်းက ဘရာဇီးလ်နဲ့ နှိုင်းယှဉ်ပြီးပြောနိုင်မယ်လို့ ဆိုထားတယ်။ လူငယ်ခြေတက်ဘောလုံးသမား အထူးသဖြင့် တိုက်စစ်အားကောင်းတဲ့ လူငယ်သွေးသစ်တွေ အသင်းမှာ အမြောက်အမြား ရှိနေတာကို ညွှန်းဆိုပြီး ပြောခဲ့တာပါ။

သူကပဲ ဒီတကြိမ်ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်၊ အာဂျင်တီးနား အသင်းတို့နဲ့အတူ ပြင်သစ်၊ ဂျာမနီ၊ စပိန်အသင်းတို့လည်း ချန်ပီယံဖြစ်နိုင်တယ်လို့ သုံးသပ်ပြောပါတယ်။

ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မကျင်းပမီ တပတ်အလို ထွက်ပေါ်ခဲ့တဲ့ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းတွေထဲမှာ ဘရာဇီးလ်၊ အာဂျင်တီးနားတို့ပြီးရင် လက်ရှိချန်ပီယံ ပြင်သစ်၊ စပိန်၊ အင်္ဂလန်၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံတို့ အသီးသီး ရပ်တည်နေတာ တွေ့ရတယ်။

ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မကျင်းပမီ တပတ်အလို ထွက်ပေါ်ခဲ့တဲ့ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းတွေထဲမှာ ဘရာဇီးလ်၊ အာဂျင်တီးနားတို့ပြီးရင် လက်ရှိချန်ပီယံ ပြင်သစ်၊ စပိန်၊ အင်္ဂလန်၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံတို့ အသီးသီး ရပ်တည်နေတာ တွေ့ရတယ်။

ဒီ ဖြစ်နိုင်ခြေ မှတ်တမ်းလေးကလည်း စိတ်ဝင်စားစရာပါ။

၂၀၂၂ ကမ္ဘာ့ဖလားမှာ ဖြစ်နိုင်ခြေရှိမှုများ

ချန်ပီယံဖြစ်နိုင်ဖို့ ရေပန်းအစားဆုံး အသင်းများ – ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပြင်သစ်။

ချန်ပီယံ ဖြစ်နိုင်ခြေရှိတဲ့ အသင်းများ – နယ်သာလန်၊ စပိန်၊ ဂျာမနီ၊ အင်္ဂလန်၊ ပေါ်တူဂီ။

ဖျက်မြင်းဖြစ်နိုင်တဲ့ အသင်းများ – ဘယ်လ်ဂျီယံ၊ ခရိုအေရှား၊ ဒိန်းမတ်၊ ဆီနီဂေါ၊ ဥရုဂွေး။

အံအားသင့်ဖွယ် လုပ်ပြနိုင်မယ့် အသင်းများ – မက္ကဆီကို၊ တူနီးရှား၊ ဂျပန်၊ မော်ရိုကို၊ ဆွစ်ဇာလန်၊ ဝေးလ်၊ အမေရိကန်၊ ဆားဘီးယား၊ ဂါနာ။

ချန်ပီယံဖြစ်ဖို့ အခွင့်အရေးနည်းတဲ့ အသင်းများ – ကနေဒါ၊ ပိုလန်၊ ကော်စတာရီကာ၊ ဆော်ဒီအာရေဗျ၊ သြစတြေးလျ၊ ကင်မရွန်း၊ တောင်ကိုရီးယား၊ အီကွေဒေါ၊ အီရန်၊ ကာတာ။

လက်ရှိချန်ပီယံ ပြင်သစ်အသင်း

ကမ္ဘာ့ဖလားသမိုင်းမှာ ၁၆ ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၉၉၈၊ ၂၀၁၈ တို့မှာ ချန်ပီယံဖြစ်ထားဖူးတယ်။ အခု ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်၊ အာဂျင်တီးနားတို့ပြီးရင် ဗိုလ်စွဲဖို့ ရေပန်းစားတယ်။ လက်ရှိကမ္ဘာ့အဆင့် ၄။ ကမ္ဘာ့ဖလားပြိုင်ပွဲ မှတ်တမ်းတွေအရ ၆၆ ပွဲကစား၊ ၃၄ ပွဲနိုင်၊ ၁၃ ပွဲသရေ၊ ၁၉ ပွဲရှုံး။

လက်ရှိချန်ပီယံ ပြင်သစ်အသင်း

ပြင်သစ်အသင်းမှာ ဒဏ်ရာရကစားသမား များနေတာက နည်းပြအတွက် အခက်တွေ့နေတယ်။

စပိန်အသင်း

ကမ္ဘာ့ဖလားသမိုင်းမှာ ၁၆ ကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၀ ကမ္ဘာ့ဖလားမှာ ချန်ပီယံ။ လက်ရှိကမ္ဘာ့အဆင့် ၇ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ မှတ်တမ်းတွေအရ ၆၃ ပွဲကစား၊ ၃၀ ပွဲနိုင်၊ ၁၅ ပွဲသရေ၊ ၁၈ ပွဲရှုံး။

အုပ်စုတွင်းပြိုင်ဘက် ဂျာမနီနဲ့ အုပ်စုဗိုလ်လုရမယ့်အပြင် ၁၆ သင်းအဆင့်မှာ ဘယ်လ်ဂျီယံ ဒါမှမဟုတ် ခရိုအေးရှားနဲ့ တွေ့မှာဖြစ်လို့ စပိန်ရဲ့ ချန်ပီယံလမ်းကြောင်းက ခက်ခဲကြမ်းတမ်းမယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်၊ ၂၀၂၂-၂၃ ရာသီ UEFA Nations League ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့် တက်လှမ်းထားတဲ့ စပိန်က ချန်ပီယံလမ်းကြောင်ပေါ် ရှိနေပါတယ်။

ဂျာမနီအသင်း

ကမ္ဘာ့ဖလားမှာ အကြိမ် ၂၀ ယှဉ်ပြိုင်ကစားဖူးပြီး ၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀၊ ၂၀၁၄ တို့မှာ ချန်ပီယံ။ ကမ္ဘာ့ဖလားပြိုင်ပွဲ မှတ်တမ်းတွေအရ ၁၀၉ ပွဲကစား၊ ၆၇ ပွဲနိုင်၊ ၂၀ ပွဲသရေ၊ ၂၂ ပွဲရှုံး။

ကမ္ဘာ့အဆင့် ၁၁။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေ မမျှော်လင့်ဘဲ ထွက်ခဲ့ရပေမယ့် ၂၀၁၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး ယင်းမတိုင်မီ ရှေ့ပြိုင်ပွဲ ၃ ပွဲမှာလည်း ထိပ်ဆုံး ၃ သင်းစာရင်းဝင်ခဲ့။ အုပ်စုပထမဆုံးပွဲဖြစ်တဲ့ ဂျပန်နဲ့ပွဲမှာ ဂျာမနီအတွက် အရေးပါတယ်။ တာထွက်ကောင်းရင် အခြေအနေကောင်းနိုင်ပြီး ပြိုင်ဘက်တိုင်းက လေးစားရတဲ့ ကစားသမားကောင်းတွေ ရှိနေတယ်။

အင်္ဂလန်အသင်း

ကမ္ဘာ့ဖလားသမိုင်းမှာ ၁၆ ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု စတုတ္ထ။ ၁၉၆၆ ခုနှစ်မှာ ချန်ပီယံဖြစ်ဖူးပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ မှတ်တမ်းတွေအရ ၆၉ ပွဲကစား၊ ၂၉ ပွဲနိုင်၊ ၂၁ ပွဲသရေ၊ ၁၉ ပွဲ ရှုံးထား။ လက်ရှိ ကမ္ဘာ့အဆင့် ၅၊ ရွှေရောင်တောက်ပနေတဲ့ နာမည်ကြီး လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့အသင်း။ အထင်ကြီးစရာ အသင်းဖြစ်ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၂၀၂၂-၂၃ UEFA Nations League ပြိုင်ပွဲမှာ ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ကာ League (B) သို့ တန်းဆင်းခဲ့ရသည်အထိ ခြေစွမ်းကျဆင်းနေတယ်။

You may also like these stories:

အငြင်းပွားဖွယ်အများဆုံး ကာတာကမ္ဘာ့ဖလား လာပြီ

အာဏာသိမ်း စစ်ကောင်စီကြောင့် အနုတ်လက္ခဏာ ပြနေတဲ့ မြန်မာ့ဘောလုံး

အပူချိန်ပြင်းထန်သည့်အတွက် ကာတာနိုင်ငံ လမ်းများတွင် လေအေးပေးစနစ်များ တပ်ဆင်

The post ကာတာကမ္ဘာ့ဖလား ချန်ပီယံပြေးလမ်းပေါ်က အသင်းများ appeared first on ဧရာဝတီ.

၁၉ လပြည့် NUG ကို သုံးသပ်ခြင်း

$
0
0

NUG (အမျိုးသား ညီညွတ်ရေး အစိုးရ) သည် ၂၀၂၁ ခုနှစ် နွေဦး တော်လှန်ရေးတွင် ပင်မအင်အားစုအဖြစ် ပေါ်ထွက်လာ သည်ကတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အသိအမှတ်ပြုရပေမည်။

NUG သည် အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားနေရသည်နှင့် တပြိုင်တည်းတွင် ၎င်းအား သဲကြီးမဲကြီး တိုက်ခိုက် နေသည့် စစ်ကောင်စီအပြင် အခြားအင်အားစုများ၊ လူပုဂ္ဂိုလ်များတို့၏ ဝေဖန်မှု အမျိုးမျိုးကိုလည်း ရင်ဆိုင်နေရသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော NUG သည် ၂၀၂၂ နိုဝင်ဘာ ၁၆ ရက်တွင် ၁၉ လ တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ မေလတွင် ဖွဲ့စည်းခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) သည်လည်း ၁၈ လကျော် ၁၉ လထဲ ဝင်ခဲ့ပြီ ဖြစ်၏။

ထိုသို့သော ကာလတွင် NUG နှင့် ပတ်သက်၍ ပကတိ အခြေအနေများပေါ်မှ သုံးသပ်ကြည့်ပါက အားသာချက်၊ အား နည်းချက်များကို အောက်ပါအတိုင်း တွေ့ရ၏။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော NUG သည် ၂၀၂၂ နိုဝင်ဘာ ၁၆ ရက်တွင် ၁၉ လ တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ မေလတွင် ဖွဲ့စည်းခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) သည်လည်း ၁၈ လကျော် ၁၉ လတွင် ဝင်ခဲ့ပြီ ဖြစ်၏။

NUG သည် နိုင်ငံရေး ရည်မှန်းချက်တခုကို အကောင်အထည်ဖေါ်ရန် ဖွဲ့စည်းသည့် နိုင်ငံရေးပါတီတရပ်၊ အစုအဖွဲ့ တ ရပ်နှင့် မတူကွဲပြားသကဲ့သို့ နိုင်ငံရေးအမြင် တူသူများကို စုစည်းထားသည့် နိုင်ငံရေးပါတီတရပ်နှင့်လည်း ကွဲပြား၏။

NUG သည် ၂၀၂၁ ခှနှစ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော၊ လူထုအုံကြွမှုကို အကြမ်းဖက်ဖိနှိပ်သော စစ်တပ်အား လက်နက်ကိုင် ခုခံဆန့်ကျင်သည့် စစ်ပွဲကို ဦးဆောင်ရန် လူထုက တွန်းတင်ပေးလိုက်သည့် နိုင်ငံရေးအစုအဖွဲ့အဖြစ် ပေါ်ထွက်လာခြင်း ဖြစ်၏။

NUG ၏ စည်းရုံးရေး ပုံသဏ္ဍာန်သည် လက်နက်ကိုင်တိုက်ပွဲနှင့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ NUG သည် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော PDF ဖွဲ့စည်းရေးအား လှုံ့ဆော်ခဲ့သကဲ့သို့ အခြေခံအားဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။ ပြန့်ကျဲနေသော အင်အားစုများကို စုစည်းနိုင်ခဲ့သည်ဟုဆိုရမည်။

သို့ဖြစ်ရာ NUG အားသာချက်၊ အားနည်းချက်ကို သုံးသပ်မည်ဆိုပါက NUG ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော PDF ဖွဲ့ စည်းမှုက အဓိက အခန်းတွင်ရှိ၏။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပြည်သူလူထုသည် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြ‌သော်လည်း စစ်တပ်သည် ဆန္ဒပြသူများကို အကြမ်းဖက်၍ ဖြိုခွင်းနှိမ်နှင်းခဲ့သည်။ စစ်အာဏာရှင်စနစ်အောက် ပြန်မရောက်ချင်တော့သည့် ပြည်သူများသည် ရရာလက်နက်စွဲကိုင်ပြီး PDF အဖြစ် ထွက်ပေါ်လာခါ စစ်အာဏာရှင်အောက်တွင် ဒုက္ခရောက်နေရသော ပြည်သူ များကို ကာကွယ်ပေးခဲ့သည်။

သို့ဖြစ်ရာ PDF တပ်ဖွဲ့များအား NUG က တိုက်ရိုက်ဖွဲ့စည်းသည်ရှိသကဲ့သို့ ဒေသအလိုက် ကိုယ်အားကိုယ်ကိုးပြီး ဖွဲ့ စည်းခဲ့ကြသည်က ပိုများသည်ဟု ဆိုရမည်။

ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကို အမျိုးအစားအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသခံပြည်သူ့ ကာကွယ် ရေးတပ် (LDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ – PDT ) အဖြစ် ခွဲခြားနိုင်ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ် (PDF)သည် အင်အားအများဆုံးဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အသိအမှတ်ပြုထားသည့် တပ်ဖွဲ့ ဖြစ် သည်။

တဖက်ကပြောလျင် ကိုယ့်နယ်ကိုယ့်ဒေသနှင့်တော်လှန်နေသော အဖွဲ့အစည်းများကို NUG က စုစည်းထားခြင်းဖြစ်၏။ PDF များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) များနှင့် NUG မှ ပူးတွဲ ကွပ်ကဲထားသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF)သည် အင်အားအများဆုံးဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အသိအမှတ်ပြုထားသည့် တပ်ဖွဲ့ ဖြစ် သည်။တဖက်ကပြောလျင် ကိုယ့်နယ်ကိုယ့်ဒေသနှင့်တော်လှန်နေသော အဖွဲ့အစည်းများကို NUG က စုစည်းထားခြင်းဖြစ်၏။ PDF များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) များနှင့် NUG မှ ပူးတွဲ ကွပ်ကဲထားသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်တပ်ကို နိုင်ငံရေး၊ စစ်ရေးအရ ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်နေသော လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြရာ စစ်ရေး အတွေ့အကြုံရှိသည်။ တောင့်တင်းသော လက်နက်ကိုင် တပ်ဖွဲ့များ ရှိကြသည်။ ထိန်းချုပ်ထားနိုင်သည့် အခြေခံ‌ ဒေသများရှိကြသည်။ သို့ဖြစ်ရာ ယခုမှ လက်နက်စွဲကိုင်သော PDF များနှင့် ဝါရင့် တိုင်းရင်း သားတပ်ဖွဲ့များ၏ အတွဲအစပ် ပေါ်လာ၏။

LDF များသည် NUG ၏ အမိန့်ကွပ်ကဲမှု ပြင်ပမှ ပြောက်ကျားစနစ်နှင့် ကိုယ်ထူကိုယ်ထ တော်လှန်နေကြသူများ ဖြစ်ကြသည်။ ပြည်သူ့ ကာကွယ်ရေး အဖွဲ့အစည်း (ပ.က.ဖ – PDT) များကမူ မိမိနယ်မြေဒေသများကို ကာကွယ်ရေး၊ လုံခြုံရေးအတွက် နယ်မြေအလိုက် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ယေဘုယျအားဖြင့် PDF များသည် တပ်ရင်းတပ်ဖွဲ့အနေနှင့် တည်ရှိပြီး LDF နှင့် ပ.က.ဖ များက ဒေသအခြေပြု ကိုယ်ထူကိုယ်ထ ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ ဖြစ်ကြသည်။

PDF ပြည်သူ့ကာကွယ်ရေးတပ်

လက်ရှိ အခြေအနေတွင် NUG လက်အောက်၌ တပြည်လုံးတွင် PDF တပ်ရင်း ၂၂၁ ရင်းရှိပြီး ကရင်နီရှိ KNDF တပ်ရင်းများနှင့် ချင်းပြည်နယ်ရှိ CDF တပ်ရင်းများပါ ထည့်ပေါင်းပါက တပ်ရင်း ၃၀၀ ဝန်းကျင်ခန့် ရှိသည်ကို တွေ့ရသည်။ တပ်ရင်း ၆၃ ရင်းခန့်က NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုမှုကို စောင့်ဆိုင်း‌နေဆဲဖြစ်သည်ဟု သိရသည်။

LDF အဖွဲ့ပေါင်း ၁၀၀ ခန့်သည် PDF အဖြစ် ကူးပြောင်းခဲ့ကြပြီး တချို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့– ပကဖ ( PDT ) အဖြစ် ပါဝင်လာကြပါသည်ဟု သိရသည်။ LDF တဖွဲ့နှင့် တဖွဲ့ အင်အား မတူကြဘဲ စုစုပေါင်း သုံးသောင်းခန့် ရှိနိုင်ပြီး ပြီးခဲ့သော ၆ လခန့်အတွင်း LDF ၂၅ ရာခိုင်နှုန်းခန့်သည် PDF အဖြစ် ကူးပြောင်းခဲ့သည်ဟု ဆိုပါသည်။

PDF အင်အား စုစုပေါင်းသည် အကြမ်းအားဖြင့် ၆၅၀၀၀ ခန့်ရှိပြီး ၎င်းတို့ထဲမှ ၂၀ ရာခိုင်နှုန်းခန့်အား ပုံမှန်တပ် တခုကဲ့သို့ လက်နက်တပ်ဆင်ထားနိုင်ပြီး ၄၀ ရာခိုင်နှုန်းခန့်မှာမူ လက်လုပ် သေနတ်များရှိကြသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ စာရင်းအရ PDF တပ်ရင်းပေါင်း ၃၀၀ ခန့်ရှိပြီး တပ်ရင်းတရင်းလျှင် အင်အား ၂၀၀ ခန့်မှ ၅၀၀ အထိရှိကြဟု သိရသည်။ တပ်ရင်းတိုင်းအား တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်း ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းထားသည်ဟု ဆိုပါသည်။

LDF ဒေသကာကွယ်ရေး တပ်ဖွဲ့များ

၂၀၂၂ ဧပြီလအထိ LDF အဖွဲ့ပေါင်း ၄၀၁ ဖွဲ့ခန့်ရှိသည်ဟု NUG က ခန့်မှန်းသည်ဟု သိရသည်။ LDF များသည် PDT နဲ့ PDF များထက် ပိုပြီး ကိုယ့်ခြေကိုယ့်လက်နှင့် လှုပ်ရှားနေကြသည်။
NUG/EAO များ၏ ကွပ်ကဲမှုအောက်တွင် မရှိသော်လည်း အလွတ်သဘော ချိတ်ဆက်ဆောက်ရွက်နေသောအဖွဲ့ ၃၅၄ ဖွဲ့ ရှိသည်ဟု သိရသည်။ ဤအချက်သည် LDF များအား ပိုပြီး ကျယ်ပြန့်သော တပ်အုပ်ချုပ်ရေးစနစ်ထဲတွင် ပူးပေါင်း ပါဝင်လာရန်အတွက် ပထမခြေလှမ်း ဖြစ်သည်။

LDF အဖွဲ့ပေါင်း ၁၀၀ ခန့်သည် PDF အဖြစ် ကူးပြောင်းခဲ့ကြပြီး တချို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့– ပကဖ ( PDT ) အဖြစ် ပါဝင်လာကြပါသည်ဟု သိရသည်။ LDF တဖွဲ့နှင့် တဖွဲ့ အင်အား မတူကြဘဲ စုစုပေါင်း သုံးသောင်းခန့် ရှိနိုင်ပြီး ပြီးခဲ့သော ၆ လခန့်အတွင်း LDF ၂၅ ရာခိုင်နှုန်းခန့်သည် PDF အဖြစ် ကူးပြောင်းခဲ့သည်ဟု ဆိုပါသည်။

LDF များသည် တပ်ဖွဲ့ရံပုံငွေကို ကိုယ်တိုင်ရှာဖွေပြီး တိုက်နေကြသူများဖြစ်ပြီး တချို့ LDF များကတော့ လက်နက်နှင့် စစ်ပညာများ ပေးနိုင်သည့် အင်အားကြီး EAO များနှင့် ချိတ်ဆက်လှုပ်ရှားနေကြသည်ကို‌ တွေ့ရသည်။

ပကဖများသည် ကျေးရွာအဆင့်တွင် အခြေပြုဖွဲ့စည်းပြီး မြို့နယ်အဆင့်တွင်လည်း စုစည်းလုပ်ကိုင်ကြသည်ဟု သိရသည်။ ပကဖတို့သည် အများအားဖြင့်တော့ အိမ်လုပ် လက်နက်ငယ်တွေသာ ရှိသည်ဟုသိရပြီး တော်လှန်ရေး လှုပ်ရှားမှုကြီး တခုလုံးနှင့် ရပ်ရွာကြားကို ဆက်စပ်ပေးသော အခြေခံအုတ်မြစ်များအဖြစ် တည်ရှိကြ၏။

LDF များသည် မိုင်း‌ထောင်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း၊ အလစ်အငိုက်တိုက်ခိုက်ခြင်း၊ ရန်သူပစ်မှတ်များကို ချောင်းပြီး တိုက်ခိုက်ခြင်းများ ပြုလုပ်ကြပြီး ၎င်းတို့နယ်မြေများတွင် စစ်တပ်၏အုပ်ချုပ်ရေး အထိုင်ကျမသွားစေရန် ဟန့်တားထားကြသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့–ပကဖ (PDT)

ပကဖ များအား NUG က ဖွဲ့စည်းပေးခဲ့ပြီး မြို့ပြပျောက်ကျား စစ်ဆင်ရေးများ ဆောင်ရွက်ရန်၊ PDF များကို ကူညီရန်၊ ပြည်သူကို စည်းရုံးရန်၊ ထောက်ပို့တာဝန်ယူရန်နှင့် တော်လှန်ရေးတပ်သားသစ်များအား အခြေခံစစ်သင်တန်းပေးရန်အတွက် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်သည်ဟုဆိုသည်။

NUG ၏ အဆိုအရ မြို့နယ်ပေါင်း ၃၃၀ တွင် ပကဖ အဖွဲ့ပေါင်း ၂၅၀ ခန့်ဖွဲ့ထားပြီဟု ဆိုသည်။ လွန်ခဲ့သော ၆ လအတွင်း ကျေးရွာအဆင့်တွင် ဖွဲ့စည်းမှု ပိုမိုများပြားလာခဲ့ပြီး ပကဖများအား စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းများတွင် ပို၍ ဖွဲ့စည်းမှု များသည်ဟု သိရသည်။

ပကဖများသည် ကျေးရွာအဆင့်တွင် အခြေပြုဖွဲ့စည်းပြီး မြို့နယ်အဆင့်တွင်လည်း စုစည်းလုပ်ကိုင်ကြသည်ဟု သိရသည်။ ပကဖတို့သည် အများအားဖြင့်တော့ အိမ်လုပ် လက်နက်ငယ်တွေသာ ရှိသည်ဟုသိရပြီး တော်လှန်ရေး လှုပ်ရှားမှုကြီး တခုလုံးနှင့် ရပ်ရွာကြားကို ဆက်စပ်ပေးသော အခြေခံအုတ်မြစ်များအဖြစ် တည်ရှိကြ၏။

PDF တပ်ဖွဲ့များကို ကွပ်ကဲရန် စစ်ဒေသအုပ်ချုပ်မှု Military Division Commands-MDC သုံးခုဖွဲ့စည်းထားပြီး PDF တပ်ရင်း ၂၀၀ ခန့်သည် ကချင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ချင်း စစ်မြေပြင်များကို ညှိနှိုင်းဆောင်ရွက်သည့် စစ်ဒေသ အုပ်ချုပ်မှု ၁ အောက်တွင် လည်းကောင်း၊ PDF တပ်ရင်း ၅၀ ခန့်သည် ကရင်၊ မွန်နှင့် ကရင်နီ‌ဒေသတွင်ရှိသည့် စစ်ဆင်ရေးများကို ကွပ်ကဲနေသည့် စစ်ဒေသအုပ်ချုပ်မှု ၂ နှင့် စစ်ဒေသအုပ်ချုပ်မှု ၃ ၏ အောက်တွင်ရှိနေကြသည်။

ထို့ပြင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် အလုပ်ရုံပေါင်း ၇၀ ခန့်လည်း တည်ဆောက်ထားနိုင်သည်ဟု သိရသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဦး၊ ရေး၊ ထောက် စစ်ဦးစီးတာဝန်များကို ဆောက်ရွက်ရန် စစ်ရုံးတခု တည် ဆောက်လျက်ရှိသည်ဟု သိရသည်။ PDF တပ်ဖွဲ့များအတွက် အဓိကလိုအပ်ချက်မှာ လက်နက်ခဲယမ်းဖြစ်ပြီး PDF တပ်ဖွဲ့များ၏ ၆၀ ရာခိုင်နှုန်းခန့်သာ လက်နက်တပ်ဆင်နိုင်သေးခြင်း ရှိသည်ဟု သိရသည်။

မည်သို့ဆိုစေ NUG သည် ၎င်း၏ လက်နက်ကိုင် ခုခံတော်လှန်စစ် တာဝန်ကိုယူနိုင်ရန် လက်နက်ကိုင်တပ်ဖွဲ့ကို အခြေခံအားဖြင့် စုစည်းနိုင်ခြင်း၊ လက်နက်တပ်ဆင်နိုင်ခြင်းသည် NUG ၏ အားသာချက်ဟု ဆိုရမည်။

နှိုင်းယှဉ်ချက်အရ AA သည် အင်အား ၃၀၀၀၀ ခန့် စုစည်း လက်နက်တပ်ဆင်ရန် အချိန် ၁၃ နှစ်ခန့်ယူခဲ့ရ၏။ MNDAA သည် ၂၀၀၉ မှစ၍ ပြန်လည် နလံထူလာဖို့ ၁၃ နှစ်ခန့် အချိန်ယူခဲ့ရ၏။ TNLA သည် အင်အား ၈၀၀၀ ခန့် စုစည်း လက်နက်တပ် ဆင်ရန် အချိန် ၁၂ နှစ်ခန့် ယူခဲ့ရသည်။

NUG သည် အစိုးရတရပ်အနေနှင့် ဖွဲ့စည်းထားသော်လည်း မည်သည့်နိုင်ငံကမှ တရားဝင် လက်နက်ဝယ်မရပါ။ ထို့ပြင် မည်သည့်နိုင်ငံကမှလည်း လက်နက်ထောက်ပံခြင်း မရှိပေ။ ဤသို့သောအခြေအနေအောက်တွင် PDF အင်အား ၆၀၀၀၀ အား အချိန်တိုတွင်း လက်နက်တပ်ဆင်ရန် မဖြစ်နိုင်သော်လည်း ဘဏ္ဏာရေးရှာဖွေရရှိမှု၏ ရာခိုင်နှုန်း အများစုအား လက် နက်တပ်ဆင်ရေးတွင် အသုံးပြုခဲ့ရာ မျှော်လင့်သည်ထက် ပိုမိုတပ်ဆင်နိုင်ခဲ့သည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံပွဲတခု

နှိုင်းယှဉ်ချက်အရ AA သည် အင်အား ၃၀၀၀၀ ခန့် စုစည်း လက်နက်တပ်ဆင်ရန် အချိန် ၁၃ နှစ်ခန့်ယူခဲ့ရ၏။ MNDAA သည် ၂၀၀၉ မှစ၍ ပြန်လည် နလံထူလာဖို့ ၁၃ နှစ်ခန့် အချိန်ယူခဲ့ရ၏။ TNLA သည် အင်အား ၈၀၀၀ ခန့် စုစည်း လက်နက်တပ် ဆင်ရန် အချိန် ၁၂ နှစ်ခန့် ယူခဲ့ရသည်။

ထိုအဖွဲ့အစည်းများနှင့် နှိုင်းယှဉ်ပါက အတိုင်းအတာ ကြီးမားကျယ်ပြန့်သည့် လူထု၏ လက်နက်ကိုင်ပုန်ကန်မှုကို NUG သည် အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်ရန် ကြိုးစားခဲ့သည်ဟု လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုရမည်။

NUG ၏ နောက်အားသာချက်တခုမှာ ဘဏ္ဏာရေး ရန်ပုံငွေ ရှာဖွေမှု ဖြစ်သည်။ နွေဦးထီ၊ ထောက်ပို့တပ်ဖွဲ့၊ ငွေတိုက်စာ ချုပ်များ၊ နွေဦးမြေကွက်ရောင်းချခြင်း၊ NUG-Pay စသည့် ဆန်းသစ်သည့် ဘဏ္ဏာရှာဖွေမှုများသည် အောင်မြင်ခဲ့သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ဒေါ်လာ ၅၅ သန်းအထိ ရန်ပုံငွေ ရှာဖွေနိုင်ခဲ့ပြီး NUG-Pay စမ်းသပ်ကာလ လပိုင်းအတွင်း မြန်မာငွေ သန်း ၄၀၀၀ ကျော် ၅၀၀၀ နီးပါး လည်ပတ်နေသည်ကို တွေ့ရ၏။ ထို့ပြင် ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည်ကို တွေ့ရ၏။

ဤအခြေအနေများသည် ပြည်တွင်း ပြည်ပ စောင့်ကြည့်လေ့လာသူများ အံ့အားသင့်စေလောက်သည့် NUG ၏ အောင်မြင်မှုများ ဖြစ်၏။ နွေဦးလက်နက်ကိုင်တိုက်ပွဲကို အချိန်တိုတွင်း ချေမှုန်းနိုင်မည်ဟု ယူဆခဲ့သော စစ်ကောင်စီသည်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ဤသို့သော လုပ်ဆောင်နိုင်မှုများကြောင့် နိုင်ငံတကာတွင် NUG အား အသိမှတ်ပြုမှု မြင့်တက်လာခဲ့၏။ ကမ္ဘာ့ ကုလသမဂ္ဂနှင့် အာဆီယံတွင် စစ်ကောင်စီကို ဖယ်ထားသည့်အဆင့်မှ မြန်မာ့အရေး ဖြေရှင်းရာတွင် NUG အား ဖယ်ထား၍မရ၊ NUG နှင့် ဆက်ဆံဆွေးနွေးရန် လိုသည်ဟု အာဆီယံ ထိပ်သီးညီလာခံက ဆုံးဖြတ်ခဲ့ရသည်။

ကမ္ဘာ့ ကုလသမဂ္ဂနှင့် အာဆီယံတွင် စစ်ကောင်စီကို ဖယ်ထားသည့်အဆင့်မှ မြန်မာ့အရေး ဖြေရှင်းရာတွင် NUG အား ဖယ်ထား၍မရ၊ NUG နှင့် ဆက်ဆံဆွေးနွေးရန် လိုသည်ဟု အာဆီယံ ထိပ်သီးညီလာခံက ဆုံးဖြတ်ခဲ့ရသည်။ ဤအချက်သည် NUG/PDF အား အကြမ်းဖက်အဖွဲ့များဟု ကြေညာထားသည့် စစ်ကောင်စီကို ပြင်းထန်စွာ ထိုးနှက်နိုင်ခဲ့သည့် NUG ၏ အောင်မြင်မှုလည်း ဖြစ်သည်။

ဤအချက်သည် NUG/PDF အား အကြမ်းဖက်အဖွဲ့များဟု ကြေညာထားသည့် စစ်ကောင်စီကို ပြင်းထန်စွာ ထိုးနှက်နိုင်ခဲ့သည့် NUG ၏ အောင်မြင်မှုလည်း ဖြစ်သည်။ NUG ၏ လက်နက်ကိုင်တပ်ဖွဲ့၊ ဘဏ္ဏာ ရှာဖွေနိုင်စွမ်း၊ အုပ်ချုပ်ရေး စသည် တို့သည် သမိုင်းတွင်ရှိခဲ့သည့် NCGUB နှင့် အခြေခံအားဖြင့် ကွာခြားသည့် NUG ၏ အားသာချက်များဟု ဆိုရမည်။

NUG ၏ အားနည်းချက်များ

ဤသို့ဆို၍ NUG တွင် အားနည်းချက်မရှိဟု မဆိုလိုပါ။ CDM ဝန်ထမ်းများ၊ စစ်တပ်နှင့်ရဲမှ ကူးပြောင်း တပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရာတွင် အားနည်းချက်များရှိနေသည်ဟူသည် ဝေဖန်ချက်များ ကြားနေရသည်။ အချို့ NUG အဆင့်‌ဆင့်ခေါင်းဆောင်အချို့အောက်ခြေနှင့် ကင်းကွာသည်ဆိုသည့် ဝေဖန်ချက်များ ကြားနေရသည်။

စသည်စသည့် အဖွဲ့အစည်းတိုင်းဖြစ်လေ့ရှိသော အားနည်းချက်များကို တွေ့နေရရာ ထိုအချက်များကို NUG အနေနှင့် သတိပြုရန်လိုသည်။ ထို့ကိစ္စများထက်ပို၍ အရေးကြီးသော အားနည်းချက် ၄ ချက်ရှိသည်ကို တွေ့ရ၏။

ဆိုရလျှင် အထူးသတိထားရန်လိုသည့် အချက်‌ ၄ ချက်ဟုလည်း ဆိုရမည်။ ပထမအချက်မှာ လူထုအား မျှော်လင့်ချက် အမှားပေးခြင်း၊ ဒုတိယအချက်မှာ စစ်ရေးနှင့်ပတ်သက်၍ မှားယွင်း တွက်ချက်ခြင်း၊ တတိယအချက်မှာ ပြည်ပအားကို ပို၍မျှော်လင့်ခြင်းနှင့် စတုတ္ထအချက်မှာ NUG အဖွဲ့ဝင်များကြား မတူညီသော နိုင်ငံရေးအမြင်များ ပြဿနာဖြစ်သည်။

ပထမအချက်အနေနှင့် လူထုအား မျှော်လင့်ချက်အမှားများ ပေးခြင်းကို စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲကာလမှာကတည်းက စတင်တွေ့ရသည်။ CDM ဝန်ထမ်းများ တလတောင့်ခံလျှင် နိုင်ပြီ။ နှစ်လတောင့်ခံလျှင် R2P ဝင်ပြီ။ အမေရိကန်လေယဉ်တင် သင်္ဘောလာတော့မည် ဟူသည့် မျှော်လင့်ချက်အမှားများ ပေးခြင်းများကို လူထုဆန္ဒပြပွဲကာလ တလျှောက် တွေ့ကြုံခဲ့ရသည်။

ထိုမျှော်လင့်ချက်အမှားများ ပေးခဲ့သူအချို့သည် လက်ရှိ NUG/NUCC တို့တွင်လည်း ဆက်လက်ပါဝင်နေကြရာ NUG တခုလုံး၏ သဘောထား မဟုတ်သော်လည်း ၎င်းတို့တဦးချင်း သဘောထားတွင် ထင်ဟပ်ဖော်ပြပြောဆိုလေ့ရှိကြသည်ကို တွေ့ရသည်။

အထူးသတိထားရန်လိုသည့် အချက်‌ ၄ ချက်ဟုလည်း ဆိုရမည်။ ပထမအချက်မှာ လူထုအား မျှော်လင့်ချက် အမှားပေးခြင်း၊ ဒုတိယအချက်မှာ စစ်ရေးနှင့်ပတ်သက်၍ မှားယွင်း တွက်ချက်ခြင်း၊ တတိယအချက်မှာ ပြည်ပအားကို ပို၍မျှော်လင့်ခြင်းနှင့် စတုတ္ထအချက်မှာ NUG အဖွဲ့ဝင်များကြား မတူညီသော နိုင်ငံရေးအမြင်များ ပြဿနာဖြစ်သည်။

လက်နက်ကိုင်ခုခံ စစ်ပွဲသည် တာဝေးအပြေးပြိုင်ပွဲနှင့်တူသည်။ တာတိုမှာ ခွန်အား၊ တာဝေးမှာ စိတ်ဓါတ်ဆိုသည့် စကား အတိုင်း စိတ်ဓာတ်ကြံကြံခံတော်လှန်ဖို့ကို အလေးထားဖို့လိုသည်။ မျှော်လင့်ချက် အမှားများမပေးကြရန် NUG က ထိန်းသိမ်းဖို့ လိုသည်။

ဒုတိယအချက်မှာ စစ်ရေးနှင့်ပတ်သက်၍ ဖြစ်သည်။ ရန်သူသည် စက္ကူကျားတပိုင်း ဖြစ်သကဲ့သို့ တကယ့်ကျားလည်းဖြစ်သည်။ ၂ နှစ်အတွင်း စစ်နိုင်ရေး ကြွေးကြော်ခဲ့သော ဗကပ၏ အမှားကို သင်ခန်းစွာကောင်းစွာယူရန်လိုသည်။ တနှစ်အတွင်း သို့မဟုတ် အချိန်တိုအတွင်း စစ်နိုင်မည်၊ ထိုးစစ်ဆင်တော့မည်ဟု ကြွေးကြော်ညာသံပေး၍ မရပေ။ ဖြစ်လည်း မဖြစ်နိုင်ပေ။ မြန်မာ့အရေးနှင့်ပတ်သက်၍ အလေးထား စောင့်ကြည့်သုံးသပ်နေကြသူများ ဖြစ်သည့် အန်သိုနီဒေးဗစ်၊ အီဂေါ ဘလာဇစ်စသည့် လေ့လာသူများကလည်း အချိန်မတန်မီ ထိုးစစ်ဆင်၍မရဟု ယခုရက်ပိုင်းတွင် ပြင်းပြင်းထန်ထန် ပြောဆိုထောက်ပြခဲ့ပြီး ဖြစ်သည်။

လက်တွေ့တွင် ၂၅ ရာခိုင်နှုန်းသာ လက်နက်တပ်ဆင်နိုင်သေးသော PDF များအား မည်သို့ ထပ်မံ၍ လက်နက် တပ်ဆင်မည် ဆိုသည်က ဦးစားပေး ပြဿနာ ဖြစ်သည်။ လက်နက်တပ်ဆင်ပေးပြီးတောင်မှ ခဲယမ်းဖြည့်တင်းရန် ပြဿနာကြီး ကျန်သေးသည်။

ထိုးစစ်ဆင်ရန် PDF ခြောက်သောင်းအား တဦးလျှင် ကျည်ဆံ ၁၀၀၀ ဖြည့်တင်းရမည်ဆိုတောင်မှ ကျည်ဆံ သန်း ၆၀ လို လိမ့်မည်။ သို့ဖြစ်ရာ ယခုအချိန်တွင် တပ်များအား လက်နက်ခဲယမ်း ဖြည့်တင်းနိုင်ရေး၊ အကန့်အသတ်ဖြင့် မိမိပိုင်နိုင်သည့် နေရာဒေသများတွင် တိုက်ပွဲများဖေါ်ဆောင်ရေးကို စီမံကိန်းချ လုပ်ဆောင်ရန် လိုပါသည်။ လက်နက်ကိုင် တော်လှန်ရေး သည် စိတ်ကူးယဉ်၍ မရပါ။ စနစ်တကျတည်ဆောက်ပြီး တလှမ်းချင်းသွားရန် လိုပါသည်။

နိုင်ငံတကာက အသိမှတ်ပြုမှု ရှိလာသည်နှင့် NUG မှ တချို့ပုဂ္ဂိုလ်များက မကြာမီ R2P လာတော့မည် ဟူသော အပြောမျိုး ပြောလာသည်။ စိတ်ကူးမယဉ်ကြဖို့ လိုပါသည်။ နိုင်ငံတကာ၏ အသိမှတ်ပြုမှုဆိုသည်မှာ ပြည်တွင်း၏ အားထုတ်မှုပေါ်တွင် အခြေခံသည်။ ပြည်တွင်းအားထုတ်မှုကို အာရုံစိုက်ရန် အဓိကလိုအပ်ပါသည်။ ပြည်တွင်းအားထုတ်မှုမရှိဘဲ နိုင်ငံတကာ၏ အသိမှတ်ပြုမှု မရနိုင်ပါ။

တတိယအချက်အနေနှင့် NUG သည် ပြည်ပအားကို လိုအပ်သည်ထက်ပို၍ မျှော်လင့်ခြင်းအား ဖယ်ရှားရန် လိုသည်။ ယခု နောက်ပိုင်း NUG အား နိုင်ငံတကာနှင့် အာဆီယံအသိုင်းအဝိုင်းက ပို၍ အသိမှတ်ပြုလာခြင်းသည် ပြည်တွင်းရှိ လူထု၊ PDF များအား စည်းရုံးပြီး ကြံ့ကြံ့ခိုင်ခိုင် သတ္တိရှိရှိ တိုက်ပွဲဝင်သည့် အခြေခံပေါ်က NUG ကို အသိမှတ်ပြုခြင်း ဖြစ်သည်။

နိုင်ငံတကာက အသိမှတ်ပြုမှု ရှိလာသည်နှင့် NUG မှ တချို့ပုဂ္ဂိုလ်များက မကြာမီ R2P လာတော့မည် ဟူသော အပြောမျိုး ပြောလာသည်။ စိတ်ကူးမယဉ်ကြဖို့ လိုပါသည်။ နိုင်ငံတကာ၏ အသိမှတ်ပြုမှုဆိုသည်မှာ ပြည်တွင်း၏ အားထုတ်မှုပေါ်တွင် အခြေခံသည်။ ပြည်တွင်းအားထုတ်မှုကို အာရုံစိုက်ရန် အဓိကလိုအပ်ပါသည်။ ပြည်တွင်းအားထုတ်မှုမရှိဘဲ နိုင်ငံတကာ၏ အသိမှတ်ပြုမှု မရနိုင်ပါ။

PDF စစ်သင်တန်းဆင်းပွဲတခု

စတုတ္ထအနေနှင့် NUG အတွင်း ဖြေရှင်းရမည့် နိုင်ငံရေး ပြဿနာ ဖြစ်သည်။ အထက်တွင် ဖေါ်ပြထားသကဲ့သို့ NUG သည် နိုင်ငံရေး ပါတီတရပ် မဟုတ်ပေ။ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဖက်ဒရယ်ပြည်ထောင်စုတရပ်ကို ထူထောင်နိုင်ရန် မတူသော နိုင်ငံရေးအမြင်အမျိုးမျိုး၊ အယူအဆအမျိုးမျိုးရှိကြသည့် နိုင်ငံရေးအုပ်စုများ ပါဝင်ကြသည့် အဖွဲ့ အစည်း ဖြစ်သည်။

ဖက်ဒရယ်နှင့်ပတ်သက်၍ ဖွင့်ဆိုချက် မတူကွဲပြားကြသည့် နိုင်ငံရေးအုပ်စုများ၊ မတူကွဲပြားသော လူမျိုးများပါသည့် အဖွဲ့ အစည်းဖြစ်သည်။ ထို့ပြင် မိမိနိုင်ငံရေး ရည်မှန်းချက်များအား အကောင်အထည်ဖေါ်ရန် လက်နက်ကိုင်ထားကြသည့် အဖွဲ့ ပေါင်းစုံ ပါဝင်ကြသည့် အဖွဲ့အစည်းလည်း ဖြစ်၏။

အဖွဲ့အစည်းတိုင်းတွင် အားသာချက်၊ အားနည်းချက်ဆိုသည်မှာ ရှိစမြဲ ဖြစ်၏။ NUG သည် အားသာချက် အများစု ဖြစ်သည်။ သို့သော် အားနည်းချက်များကိုလည်း ဂရုတစိုက် ကိုင်တွယ် ဖြေရှင်းသွားရန် လိုအပ်သည်။

မတူသည့် နိုင်ငံရေးအမြင်များကို ဆွေးနွေးဖြေရှင်းရန်မှာ NUG အတွက်အရေးကြီးသည့် နိုင်ငံရေးကိစ္စ ဖြစ်သည်။ လက်ရှိအချိန်တွင် စစ်ကောင်စီသည် NUG သည် နိုင်ငံရေးအရ၊ စစ်ရေးအရ ဖြိုခွဲရန် မဖြစ်နိုင်ပေ။ NUG ပြိုကွဲနိုင်သည့် အခြေအနေမှာ အတွင်းပိုင်း၌ မတူသော နိုင်ငံရေးအမြင်ရှိသည့် အဖွဲ့အစည်းများကြား နိုင်ငံရေးအရ စေ့စပ်မရ၍သာ ပြိုကွဲနိုင်ပေသည်။

သို့ဖြစ်ရာ NUG တွင် ပါဝင်သည့် အဖွဲ့အစည်းများ၏ မတူသည့် နိုင်ငံရေးအမြင်၊ အထူးသဖြင့် ဖက်ဒရယ်နှင့်ပတ်သက်သည့် မတူသည့်အမြင်များကို ညှိနိုင်းဆွေးနွေးအဖြေရှာရေးသည် NUG တည်တန့်ခိုင်မြဲရေးအတွက်သာမက NUG အောင်ပွဲခံနိုင်ရေးအတွက် သော့ချက်ပင် ဖြစ်သည်။

အဖွဲ့အစည်းတိုင်းတွင် အားသာချက်၊ အားနည်းချက်ဆိုသည်မှာ ရှိစမြဲ ဖြစ်၏။ NUG သည် အားသာချက် အများစု ဖြစ်သည်။ သို့သော် အားနည်းချက်များကိုလည်း ဂရုတစိုက် ကိုင်တွယ် ဖြေရှင်းသွားရန် လိုအပ်သည်။

You may also like these stories:

မြန်မာ့အရေး ပြဿနာ ပြေလည်ရေး ဒေါ်အောင်ဆန်းစုကြည်က လမ်းစလား

အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်

စစ်တပ် ဖျက်ဆီးခဲ့သော ပြည်သူတို့၏ ဆန္ဒမဲများ

ပြည်သူရဲ့ ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာ မရှိပါဘူး

မျက်မှောက်ခေတ်ကာလရဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ် အားပြိုင်မှု

The post ၁၉ လပြည့် NUG ကို သုံးသပ်ခြင်း appeared first on ဧရာဝတီ.

နာမည်ပျက် တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ အမိန့်ချသတဲ့လား

$
0
0

နေပြည်တော် အကျဉ်းထောင်၌ အကျဉ်းကျခံနေရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခြေထောက်နှစ်ဖက်လုံးမှာ ရောင်ရမ်းလျက်ရှိသည်။ ထိုသို့ ဖြစ်ရခြင်းမှာ၂ ရက် ဆက်တိုက် အမှုစစ်ဆေးခံခဲ့ ရခြင်းကြောင့် ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ဆိုသည်။

အသက် ၇၇ နှစ် ကျော်သည့် အမျိုးသမီးကြီးတဦးအား တနေကုန်နီးပါး နှစ်ရက် ဆက်တိုက် အမှုစစ်သည့် တရားသူကြီး၏ လုပ်ရပ်ကိုလည်း တရားရုံးနှင့် နီးစပ်သူ အသိုင်းအဝိုင်းက အံ့သြ ဒေါသဖြစ်ကြပြီး သာမန်လူများကလည်း ထို တရားသူကြီး မှာ ဘယ်လို လူစားလဲ၊ ဘယ်လို စိတ်ဓာတ်ရှိသူလည်း ဆိုကာ မေးခွန်းထုတ်ကြသလို သိလည်း သိချင်နေကြသည်။

ထိုသူမှာ အခုရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် အမှုအား စစ်ဆေးနေသူမှာ မန္တလေးတိုင်း တရားလွှတ်တော် တရားသူကြီး ဦးမြင့်ဆန်း ဆိုသူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအား စစ်ဆေးသည့် တရားသူကြီးများထဲတွင် ဦးမြင့်ဆန်းသည် နာမည်ကြီးသူ ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်လည်း လေးစားမှု လုံး၀ မရှိသည့် ပုံစံမျိုး တွေ့ရသည်ဟု တရားရုံးနှင့် နီးစပ်သူများက ဆို သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရုံးချိန်းများတွင်လည်း တရားသူကြီး ဦးမြင့်ဆန်းမှာ မကြာခဏ ရုံးချိန်း ပျက်ကွက်လေ့ ရှိသည်။

အချို့သော တရားသူကြီးများသည် သူတို့ မလာနိုင်သည့် ရုံးချိန်းများတွင် အမှုသည်အား ကြိုတင် အကြောင်းကြားလေ့ ရှိသည်။ တရားသူကြီးနှင့် အမှုသည်ကြား အပြန်အလှန် လေးစားမှု ရှိကြသည်။ သို့သော် ဦးမြင့်ဆန်းသည် ထိုကဲ့သို့ မဟုတ်ပေ။

ဇူလိုင်လအတွင်း စစ်ဆေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်အမှု ရုံးချိန်းများတွင် တရားသူကြီး ဦးမြင့်ဆန်းမှာ မကြာခဏ ပျက်ကွက်လေ့ ရှိသည်။ ပျက်ကွက်တိုင်းလည်း ကြိုတင် အကြောင်းကြားခြင်း မရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားခွင်တွင် တနာရီကျော် ထိုင်စောင့်ပြီးမှသာ တရားသူကြီး မလာနိုင်သဖြင့် ရုံးချိန်း ရွှေ့ဆိုင်းကြောင်း သိရခြင်းမှာ အကြိမ်ပေါင်းများစွာပင် ဖြစ်သည်။

မန္တလေးတိုင်း တရားလွှတ်တော် တရားသူကြီး ဦးမြင့်ဆန်းသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်း စုကြည်အား စွဲဆိုထားသည့် အဂတိမှု အများစုကို စစ်ဆေးရသူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့များအား သိက္ခာကျဆင်းစေရန် အဂတိ လိုက်စားသည်ဟု စွပ်စွဲကာ စစ်ကောင်စီက တရားစွဲဆို ထောင်ချရာတွင် ပါဝင်ရသည့် စစ်ကောင်စီ ထောက်တိုင် တရားသူကြီးများပင် ဖြစ်သည်။

တရားသူကြီး ဦးမြင့်ဆန်းသည် တရားရေး လောကတွင်လည်း နာမည်ကောင်းရှိသူ မဟုတ်ကြောင်း တရားသူကြီးအချို့က ဆိုကြသည်။

ဦးမြင့်ဆန်းသည့် စစ်တပ်က အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် ၁၉၈၅ ခုနှစ်တွင် တရားရေးမဏ္ဍိုင်၌ ဝန်ထမ်း စတင် လုပ်ဆောင်ခဲ့သည်။

သူ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ တလျှောက် စစ်တပ်အလိုကျ ဆောင်ရွက်ခဲ့သူဟုလည်း အကြောင်းသိ တရားသူ ကြီးအချို့က ဆို ကြသည်။ ထို့ကြောင့်လည်း ရာထူး အဆင့်ဆင့်တိုးကာ ၂၀၁၆ ခုနှစ်တွင် ညွှန်ကြားရေးမှူး ရာထူးနှင့် ညီမျှ သော တိုင်းဒေသကြီး တရားရေး ဦးစီးမှူး ဖြစ်လာခဲ့သည်။

ထိုကဲ့သို့စစ်တပ်နှင့် တောက်လျှောက် အဆင်ပြေအောင် နေထိုင်ခဲ့သော တရားသူကြီး ဦးမြင့်ဆန်းသည် NLD အစိုးရ လက်ထက်တွင်လည်း NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် ရင်းနှီးရန် ကြိုးစားခဲ့သည်။ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ အိမ်သို့ မကြာခဏ ဝင်ထွက်သွားလာလေ့ ရှိခဲ့သည်။

သို့သော် ထိုသို့ ဝင်ထွက်သွားလာနေသည့် တချိန်တည်းမှာပင် သူ၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် တွေ့ဆုံသည်အခါ NLD အစိုးရ၏ အားနည်ချက်များနှင့် မကောင်းသတင်းကိုသာ ပြောဆိုလေ့ ရှိသူလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အမှုကို စစ်ဆေးနေသည် တရားသူကြီး ဦးမြင့်ဆန်း

ထို့နောက် NLD အစိုးရ လက်ထက် ၂၀၂၀ ပြည့်နှစ် မေလ ၂၈ ရက်တွင် ဦးမြင့်ဆန်းအား မန္တလေးတိုင်း တရားလွှတ်တော် တရားသူကြီးအဖြစ် ရာထူးတိုး ခန့်အပ်ခံခဲ့ရသည်။

NLD အစိုးရ လက်ထက်တွင် ရာထူးတိုး ရရှိခဲ့သော တရားသူကြီး ဦးမြင့်ဆန်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအား စစ်ဆေးရန် စစ်ကောင်စီက တာဝန်ပေးခဲ့သည်။

စစ်ကောင်စီအနေဖြင့် လက်ရှိ တရားသူကြီးများထဲတွင် သူတို့ ခိုင်းသည့်အတိုင်း လုပ်မည့်သူကို သိသည်။ ထို့ကြောင့်လည်း အရေးကြီး အမှုများတွင် ထိုကဲ့သို့တရားသူကြီးများကို ရွေးချယ် တာဝန် ပေးထားခဲ့သည်။

ဦးမြင့်ဆန်းသည် ပိုက်ဆံရလျှင် အကုန်လုပ်သည့် တရားသူကြီးမျိုးဖြစ်ပြီး ဥပဒေကို ကျောခိုင်းရဲသူ ဖြစ်သည်ဟုလည်း တရားရေးလောကမှ CDM ပြုလုပ်လာသူများက မှတ်ချက်ပြုကြသည်။ သူသည် မကြာခဏ ခရီးထွက်လေ့ရှိပြီး ခရီးထွက် သည့်အခါတွင်လည်း အဖော်အပေါင်းများစွာ ပါလေ့ ရှိသည်။

ထိုကဲ့သို နာမည်ဆိုးများနှင့်ကျော်ကြားသည့် တရားသူကြီး ဦးမြင့်ဆန်းအား စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင် ဆန်းစုကြည်၏ အမှုများအား စစ်ဆေး အမိန့်ချရန် တာဝန်ပေးခံခဲ့ရသည်။

တရားသူကြီး ဦးမြင့်ဆန်းသည် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် အမှုများထဲမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်အထိ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၁၅ နှစ်အထိ အမိန့် ချထားသည့် တရားသူကြီး ဖြစ်သည်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားသည်ဟူသော စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ် သည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော လူမျိုးအား အဂတိ လိုက်စားသည်ဟု စွပ်စွဲကာ ထောင်ဒဏ်ချခဲ့သူမှာ တရားရေးလောက၌ နာမည်ဆိုးများဖြင့် ကျော်ကြားသော တရားသူကြီး ဦးမြင့်ဆန်းဖြစ်သည် ဟု သမိုင်းတွင် ကျန်ခဲ့လေပြီ ဖြစ်သည်။

You may also like these stories:

စစ်ကောင်စီ စွပ်စွဲချက်မှားယွင်းကြောင်း အထောက်အထားနှင့် သမ္မတ ချေပ

မြန်မာ့အရေး ပြဿနာ ပြေလည်ရေး ဒေါ်အောင်ဆန်းစုကြည်က လမ်းစလား

စစ်ကောင်စီ အဂတိစွပ်စွဲချက် မမှန်ကြောင်း သမ္မတဦးဝင်းမြင့် ချေပထွက်ဆို

The post နာမည်ပျက် တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ အမိန့်ချသတဲ့လား appeared first on ဧရာဝတီ.

ရှောင်တာနဲလ်ပြောတဲ့ မြန်မာထောင်တွင်း ရက် ၆၅၀

$
0
0

(ဒီဆောင်းပါးဟာ The Australian သတင်းစာက အာမန်ဒါ ဟော့ဂျ်က နိုဝင်ဘာ ၂၁ က ရှောင်တာနဲလ် နှင့် တွေ့ဆုံ စကားပြောပြီး နိုဝင်ဘာ ၂၂ ရေးသားထုတ်ဝေလိုက်တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဧရာဝတီက ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။)

ညစ်ပတ်စုတ်ပြတ် ပြတင်းပေါက် မပါသည့် မြန်မာအကျဉ်းတိုက်အတွင်း ရှောင်တာနဲလ် နေထိုင်ရသည့် ၂၁ လကြာ ကာလအတွင်း အခြား နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်သောကြောင့် အော်ဟစ်နေသည်ကို မကြာခဏ ကြားနေရသလို ခြေထောက်ကို သံခြေကျင်းခတ်ကာ စစ်မေးရန် အိပ်ရာမှ ဆွဲခေါ်သွားခံရသည့် ကာလများအတွင်း သူလွတ်မြောက်သည်ဟု အိပ်မက် အကြိမ်ကြိမ်မက်ခဲ့သည်။

“ဒါပေမယ့် အိပ်မက်ထဲမှာ ထောင်ထဲကိုပဲ ပြန်ပြန်ရောက်သွားတယ်။ အချစ်ရေ၊ ညနေ ၆ နာရီ ကိုယ်ပြန်လာမယ်လို့ ‘ဟာ’ ကို ကျနော်ပြောတယ်” ဟု သူ့ဇနီး ဒေါက်တာ ဟာဗူကို ရည်ရွယ်ပြီး စီးပွားရေးပညာရှင် ရှောင်က ဆစ်ဒနီမှ တိုက်ခန်းတွင် The Australian သတင်းစာသို့ သူလွတ်မြောက်လာပြီး ၃ ရက်အကြာ လက်ခံတွေ့ဆုံပြောပြသည်။ ဩစတြေးလျ ဖက်ဒရယ်အစိုးရသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းသည့် မြန်မာစစ်ကောင်စီ ဖမ်းဆီးမှုမှ သူလွတ်မြောက်ရန် လုပ်ဆောင်ခဲ့သည်။

“ကျနော် အိပ်ရာက နိုးလာပြီး အဲဒီ သွေးစွန်းတဲ့ အကျဉ်းတိုက်ထဲကို ပြန်ရောက်နေမှာကို အရမ်းစိုးရိမ်ခဲ့တယ်။ ကျနော် မခံစားနိုင်ဘူး”

ဖြုတ်ချခံ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကာလကြာမြင့်ပြီဖြစ်သော စီးပွားရေးမူဝါဒ အကြံပေး အသက် ၅၈ နှစ်အရွယ် ရှောင်တာနဲလ်သည် ဖမ်းဆီးခံထားရစဉ်အတွင်း မှောင်မိုက်သောကာလ အများအပြားကို ဖြတ်သန်းရသော်လည်း လွန်ခဲ့သော နိုဝင်ဘာလ ၁၈ နေ့က သြစတြေးလျ နိုင်ငံသို့ အပြန်ခရီးသည် နောက်ထပ် အိပ်မက်တခုဖြစ်နေမည်ကို စိုးရိမ်နေခဲ့ခြင်းသည် သူ၏ဆိုးရွားသော အတွေ့အကြုံများအနက် အထင်ရှားဆုံး စိုးရိမ်မှုဖြစ်ကြောင်း သူကပြောသည်။

“ကျနော် အိပ်ရာက နိုးလာပြီး အဲဒီ သွေးစွန်းတဲ့ အကျဉ်းတိုက်ထဲကို ပြန်ရောက်နေမှာကို အရမ်းစိုးရိမ်ခဲ့တယ်။ ကျနော် မခံစားနိုင်ဘူး” ဟု သူကပြောသည်။ ရှောင်တာနဲလ်ကို ရက်ပေါင်း ၆၅၀ ကြာ ဖမ်းဆီးထားပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သည့် မြန်မာ ‘အမျိုးသားနေ့’ တွင် အခြားအကျဉ်းသား ၆,၀၀၀ နီးပါးနှင့်အတူ ပြန်လွှတ်ပေးခဲ့သည်။ အများအပြားမှာ အမည်ဆိုးကျော်ကြားသည့် အင်းစိန်ထောင်မှ လွတ်မြောက်ကြခြင်း ဖြစ်သည်။

ရှောင်တာနဲလ်  အကျဉ်းကျနေစဉ်

သူနှင့် အခြားနိုင်ငံခြားသား ၃ ဦးဖြစ်သည့် ဗြိတိန် သံအမတ်ဟောင်း ဗစ်ကီ ဘိုးမင်း၊ ဂျပန် ရုပ်ရှင် ရိုက်ကူးသူ တိုရူ ကူဘိုတာနှင့် အမေရိကန် ရုက္ခဗေဒပညာရှင် ဦးကျော်ဌေးဦးတို့ကို အခြားနိုင်ငံများနှင့် ချစ်ကြည်မှုကို ထိန်းသိမ်းရန် လူသားချင်း စာနာမှုနှင့် မေတ္တာကို အခြေခံ လွှတ်ပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီအရာရှိများက ပြောသည်။

အဝတ်အစား စုတ်ပြတ်သပ်နေပြီး ကိုယ်အလေးချိန်ကျဆင်းကာ စိတ်သက်သာရာ ရသွားပုံရသည့် ရှောင်တာနဲလ် သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မှတဆင့် သြစတြေးလျသို့ ပြန်လာသည်။ ဘန်ကောက်သို့ ရောက်ရှိစဉ် သူသည် ဩစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်ဘန်နိစ်နှင့် စကားပြောခဲ့ပြီး ဝန်ကြီးချုပ်က သူသည် ထူးခြားသူဖြစ်ကြောင်း စိတ်လှုပ်ရှားစွာ ပြောကြားခဲ့သည်။

ဟာနှင့် ရှောင်တာနဲလ် တို့က သူလွတ်မြောက်လာခြင်းသည် ယခင်နှင့်ယခု ဖက်ဒရယ်အစိုးရနှစ်ခု၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံးနှင့် နယူးဆောက်ဝေးလ် ပါလီမန်အမတ် ဂျန်နဲလ် ဆက်ဖင်တို့ ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြောင်း ပြောသလို အယ်လ်ဘန်နိစ် အစိုးရ အာဏာရလာပြီးနောက် လှုပ်ရှားဆောင်ရွက်မှုများ သိသိသာသာ တိုးလာခဲ့သည်။

ဝန်ကြီးချုပ်က သူလွတ်မြောက်လာခြင်းမှာ သူ့အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တိုက်ရိုက် စကားပြောခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်း၏ မဆုတ်နစ်သော အားထုတ်မှုနှင့် ကမ္ဘောဒီးယားတွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲအတွင်း သူတွေ့ဆုံပြောဆိုခဲ့သည့် အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်များ၏ ဖိအားကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟာနှင့် ရှောင်တာနဲလ် တို့က သူလွတ်မြောက်လာခြင်းသည် ယခင်နှင့်ယခု ဖက်ဒရယ်အစိုးရနှစ်ခု၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံးနှင့် နယူးဆောက်ဝေးလ် ပါလီမန်အမတ် ဂျန်နဲလ် ဆက်ဖင်တို့ ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြောင်း ပြောသလို အယ်လ်ဘန်နိစ် အစိုးရ အာဏာရလာပြီးနောက် လှုပ်ရှားဆောင်ရွက်မှုများ သိသိသာသာ တိုးလာခဲ့သည်။

“မာရိုက်စ် ပိန်း ကလည်း တော်တယ်၊ ဒါပေမယ့် အစိုးရပြောင်းသွားတဲ့အခါ အရှိန်မြှင့် လုပ်ဆောင်လာတယ်။ အရှိန်အဟုန် ပြောင်းလဲသွားပြီး စစ်ကောင်စီကို ပိုမိုပြောကြားလာတယ်” ဟု တန်းနဲလ်က ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းချိန်မှစတင်ပြီး မြန်မာနိုင်ငံသည် အပိုင်းပိုင်းအစစ ဖြစ်နေသည်။ ထိုဖြိုခွဲမှုများအတွင်း လူပေါင်း ၂,၅၀၀ ကျော် သတ်ဖြတ်ခံရကာ လာမည့်နှစ်ကျင်းပမည့် ရွေးကောက်ပွဲအတု မတိုင်မီ စစ်ကောင်စီက လူထုဆန့်ကျင်မှုကို ဖြိုခွဲရန်ကြိုးစားသောကြောင့် အကြမ်းဖက်မှုများ မြင့်မားလာနေသည်။

ကိုဗစ် ၅ ကြိမ် ကူးစက်ခံရပြီး ပြင်ပလောကနှင့် အဆက်အသွယ်မရဘဲ၊ မည်သည့် စာအုပ်မှမရှိဘဲ အိပ်ရာထဲတွင်သာ လဲလှောင်းနေရသော တဦးတည်း ချုပ်နှောင်ထားသည့် လပေါင်းများစွာကို ဖြတ်သန်းရသည်။

အကျဉ်းသားအချို့ကို မကြာသေးမီက လွှတ်ပေးသည်ဆိုသော်လည်း ဆက်လက် ဖမ်းဆီးထားသူ ၁၃,၀၀၀ နီးပါး ကျန်နေသေးသည်။

မြန်မာဘဏ္ဍာရေးစနစ်ဆိုင်ရာ ကမ္ဘာ့ ရှေ့တန်းအရောက်ဆုံး ကျွမ်းကျင်သူ ရှောင်တာနဲလ် ကို အရပ်သားအစိုးရ ဖြုတ်ချခံရပြီးနောက် ဖမ်းဆီးထားသည့် အခြား အရပ်သား ၁၆,၀၀၀ ကျော်ထက် သိသိသာသာ ကောင်းမွန်စွာ ဆက်ဆံမည်ဟု ယူဆခြင်းသည် ထင်ယောင်ထင်မှား ဖြစ်ခြင်းသာဖြစ်ကြောင်း သိလာရသည်။

သူ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မှ ဟိုတယ်တခု၌ စက်သေနတ်ကိုင်ဆောင်ထားပြီး ဦးထုပ်ဆောင်းထားသည့် စစ်သားနှင့် ရဲ ၅၀ ခန့်က ဖမ်းဆီးလိုက်သည့် အချိန်မှစတင်ပြီး သူသည် စစ်ကောင်စီ၏လက်တွင် အိပ်မက်ဆိုးများကို ဖြတ်သန်းခဲ့ရသည်။

ကိုဗစ် ၅ ကြိမ် ကူးစက်ခံရပြီး ပြင်ပလောကနှင့် အဆက်အသွယ်မရဘဲ၊ မည်သည့် စာအုပ်မှမရှိဘဲ အိပ်ရာထဲတွင်သာ လဲလှောင်းနေရသော တဦးတည်း ချုပ်နှောင်ထားသည့် လပေါင်းများစွာကို ဖြတ်သန်းရသည်။

အကျဉ်းချခံထားရာမှ ပြန်လွတ်လာသော ရှောင်တာနဲလ် ကို ဩစတြေးလျ သံဝန်ထမ်းတဦးနှင့် အတူ တွေ့ရစဉ်

သူ့ကို ဖမ်းဆီးပြီးတရက်အတွင်း ၆ မီတာနှင့် ၂ ဒသမ ၅ မီတာကျယ်သော ပြတင်းပေါက်မပါသည့် အကျဉ်းတိုက်ခန်းအတွင် ချုပ်နှောင်ထားလိုက်သည်။ ထိုအကျဉ်းတိုက်ခန်း ကြမ်းပြင်ကို ကွန်ကရစ်ဖြင့် ခင်းထားပြီး အိမ်သာမပါဘဲ အခန်းအလယ်ကြမ်းပြင်တွင် ခြေကျင်းတပ်ထားသည့် သံထိုင်ခုံတလုံးကို မူလီဖြင့် ဆင်ထားသည်။

သတင်းတပ်ဖွဲ့ အထူးရဲများ၏ ကတ်ဖ်ကာဝတ္တုဆန်ဆန် စစ်ဆေးမေးမြန်းမှုများကို ၂ လကြာခံရပြီး ထိုရဲများက သူသည် သေနတ်များကို နိုင်ငံတွင်းသို့ ခိုးသွင်းပြီး ဗြိတိန် MI 6 အတွက် အလုပ်လုပ်ပေးသည်ဟု ကနဦးတွင် စွပ်စွဲသော်လည်း နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက် အလုပ်လုပ်ပေးသည့် ကိစ္စသို့ လှည့်သွားသည်။

ရန်ကုန်မှ ကိုလိုနီခေတ် အင်းစိန်ထောင်တွင် အခြား နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်နေသောကြောင့် အော်ဟစ်သံများကို သူ့အခန်းမှ ကြားနေရသည်။ “အာဏာသိမ်းပြီး အစောပိုင်းနေ့တွေမှာ အိုးတွေခွက်တွေ တီးတာကို ကြားရတယ်” ဟုလည်း သူပြောသည်။ ပြည်သူများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ညဘက်တွင် အိုးခွက်များ တီးခြင်းဖြစ်သည်။

“သူတို့ အခြားအကျဉ်းသားတွေကို လုပ်သလို ကျနော့်ကို လျှပ်စစ်ရှော့တိုက်တာတော့ မလုပ်ဘူး။ ဒါပေမယ့် ညစ်ပတ်စုတ်ပြတ်နေတဲ့ အခန်းထဲမှာ ထားတယ်။ ကျနော်ကို သံပုံးနဲ့ စားစရာကျွေးတယ်။ ရက်ပေါင်း ၆၅၀ လုံး သံပုံးထဲက အစာကို နှိုက်စားနေရတာ။ နေပြည်တော်မှာဆိုရင် သံပုံးက အသစ်တောင်မဟုတ်ဘူး။ ဆေးသုတ်ထားတာ”

“ကျနော် နည်းနည်းပျော်သွားတယ်” ဟု သူကပြောသည်။

“နောက်တော့ ပေါက်ကွဲသံတွေ၊ သေနတ်သံတွေနဲ့ အနီးနားက အခန်းတွေမှာ လူတွေ နှိပ်စက်ခံနေရတဲ့ အသံတွေကို ကြားရတော့တာပဲ။ ငါ့ကိုတော့ သူတို့ ဒီလိုမလုပ်လောက်ဘူးဆိုတာ သေချာရဲ့လားလို့ တွေးမိတယ်။ ခဏနေတော့ လုပ်ရင်လည်း လုပ်နိုင်တယ် ပြန်စဉ်းစားမိပြန်ရော။ သူတို့က အဲဒီအသံတွေကို ကျနော် ကြားစေချင်နေတာ” ဟု တန်းနဲလ်က ပြောသည်။

သူ့ကို လုံခြုံရေး အရာရှိများက ဆက်ဆံပုံသည် ညှဉ်းပန်းနှိပ်စက်ခြင်း ဟုတ် မဟုတ် ရှောင်တာနဲလ် စဉ်းစားမိသော်လည်း ထိုသို့ဆက်ဆံပုံသည် ညှဉ်းပန်းနှိပ်စက်သည့် အဓိပ္ပာယ် အပြည့်အဝ မသက်ရောက်သော်လည်း မဖွယ်မရာ ပြုမူ ဆက်ဆံခြင်းဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။

“ကျနော့်ကို သူတို့ ဂရုတစိုက် ဆက်ဆံမယ်လို့ ထင်ခဲ့မိတာ” ဟု ရှောင်တာနဲလ် က လွတ်မြောက်လာပြီး ပထမဆုံးပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတွင် ပြောသည်။ “သူတို့ အခြားအကျဉ်းသားတွေကို လုပ်သလို ကျနော့်ကို လျှပ်စစ်ရှော့တိုက်တာတော့ မလုပ်ဘူး။ ဒါပေမယ့် ညစ်ပတ်စုတ်ပြတ်နေတဲ့ အခန်းထဲမှာ ထားတယ်။ ကျနော်ကို သံပုံးနဲ့ စားစရာကျွေးတယ်။ ရက်ပေါင်း ၆၅၀ လုံး သံပုံးထဲက အစာကို နှိုက်စားနေရတာ။ နေပြည်တော်မှာဆိုရင် သံပုံးက အသစ်တောင်မဟုတ်ဘူး။ ဆေးသုတ်ထားတာ” ဟုလည်း သူကပြောသည်။

“သူတို့ကျနော့်ကို မရိုက်ဘူး။ ဒါပေမယ့် ဆွဲလားရမ်းလားတော့ လုပ်တယ်” ဟု သူကပြောသည်။ သူ့ကို စွဲချက်မတင်ဘဲ ပြတင်းပေါက်မပါသည့် အကျဉ်းတိုက်တွင် ၂ လကြာ ပိတ်လှောင်ထားစဉ် သူသည် ကွန်ကရစ် ကြမ်းပြင်တွင် အိပ်ရပြီး မည်သည့်စာမျှ ဖတ်ခွင့်မပေးဘဲ အခြားအကျဉ်းသားများနှင့် သို့မဟုတ် သံရုံးအရာရှိများနှင့်ပင် တွေ့ခွင့်မပေးပေ။

သူ့ကို အသက် ဆက်လက်ရှင်သန်စေသည့် အကြောင်းနှစ်ခုမှာ သူ၏ဇနီး မက်ကွာရေး တက္ကသိုလ် ဘောဂဗေဒပညာရှင် ဟာဗူနှင့် အပတ်စဉ် ဟာဗူက သူ့ထံသို့ ပို့ပေးနေသော စာအုပ်များဖြစ်သည်။

သူသည် အကျဉ်းတိုက်ခန်းတွင် တနေကုန် လမ်းလျှောက်နေရသည်။ နံရံတခုမှ အခြားနံရံတခုအကြား ခြေလှမ်း ၈ လှမ်းစာသာ ကျယ်သည်။ ဇာတ်လမ်းများကို စဉ်းစား။ အမေရိကန် ပြည်ထောင်စုမှ ပြည်နယ် ၅၀ ကို စာရင်းပြန်လုပ်သည်။ ထို့နောက် အမေရိကန် သမ္မတများကို အစဉ်လိုက် ပြန်မှတ်မိအောင် စဉ်းစားသည်။ သံရုံး သို့မဟုတ် အခြား မည်သည့် လာရောက်တွေ့ဆုံသူနှင့်မျှ သူ့ကို တွေ့ခွင့်မပေးပေ။

အဆိုးဆုံးသော ရုပ်ပိုင်းဆိုင်ရာ မဖွယ်မရာဆက်ဆံပုံမှာ အင်းစိန်ထောင်မှ အနီးရှိတရားရုံးသို့ အပတ်စဉ် ရမန်ယူရန် ကြားနာခြင်းအတွက် အခြားနိုင်ငံရေးအကျဉ်းသား ၅၀ ခန့်နှင့်အတူ သံကြိုးဖြင့် ချည်နှောင်ထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနဲလ်

“လူ ၂၀ လောက်ပဲဆန့်တဲ့ အချုပ်ကားထဲကို ကျနော်တို့ကို တွန်းထိုးထည့်တယ်။ ကျနော်တို့တွေ တယောက်နဲ့တယောက် ညပ်နေတယ်။ အရမ်းလည်း ပူတယ်။ မျက်နှာမှ ချွေးတွေစီးကျကုန်တာပဲ။ လူတွေ အန်တယ်၊ ချွေးတွေထွက်တယ်၊ သတိလစ်ကုန်တယ်။ လူတွေအရမ်းကျပ်နေလို့သာ လဲမကျတာ” ဟု သူကပြောသည်။

“၁၉၈၈ ခုနှစ် အရေးတော်ပုံအတွင်းကလည်း ဒီအတိုင်းပဲဖြစ်တာ။ သူတို့က အကျဉ်းသားတွေကို အချုပ်ကားထဲ အတင်းထိုးထည့်တယ်။ နောက်တံခါးဖွင့်လိုက်တော့ လူတဝက်လောက် သေနေပြီ” ဟု သူက ရှင်းပြသည်။ သူ့ကို အသက် ဆက်လက်ရှင်သန်စေသည့် အကြောင်းနှစ်ခုမှာ သူ၏ဇနီး မက်ကွာရေး တက္ကသိုလ် ဘောဂဗေဒပညာရှင် ဟာဗူနှင့် အပတ်စဉ် ဟာဗူက သူ့ထံသို့ ပို့ပေးနေသော စာအုပ်များဖြစ်သည်။

“အဲဒီအချက် ၂ ချက်ကို စစ်ကောင်စီက ရုတ်သိမ်းလိုက်ရင် ကျနော် ဆက်လက်ရှင်မယ်၊ မရှင်သန်ဘူးကို မသိဘူး၊ အဲဒီ ၂ ချက်က ဆုံးရှုံးသွားနိုင်ခြေ မြင့်မားတယ်” ဟု သူက ပြောသည်။

သူ၏အသက်ကို ကယ်ခဲ့သူ တခြားတဦးမှာ မွတ်ဆလင် နိုင်ငံရေး အကျဉ်းသား ဦးခင်မောင်ဆွေ ဖြစ်သည်။ တန်းနဲလ်ကို အင်းစိန်ထောင်သို့ ပြောင်းလိုက်သောအခါ ဦးခင်မောင်ဆွေက သူ့ကို စောင့်ရှောက်ရေးသည် သူ၏ တာဝန်အဖြစ် သတ်မှတ်လိုက်သည်။

၎င်းတို့နှစ်ဦး ဖုန်းနှင့် စကားပြောခွင့်ရချိန်များတွင် မျက်ရည်ကျရန် အချိန်အနည်းငယ်သာရပြီး သူ၏ အမှုအကြောင်းကို ဆွေးနွေးနိုင်မည့် သင်္ကေတများ ဖော်ထုတ်ရကြောင်း သူပြောသည်။ သူ့ကို စွပ်စွဲထားသည့် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေအရ မစီရင်မချင်း သူ မလွတ်မြောက်နိုင်ကြောင်း သူတို့ ၂ ဦး သဘောပေါက်လိုက်သည်။ စက်တင်ဘာလတွင် ထိုအမှုကို စီရင်ခဲ့သည်။

သူ၏ဇနီး ကိုယ်တိုင်လုပ်သည့် ကွတ်ကီးများ၊ အယ်ကိုဟောလ် စိမ်ထားသည့် သစ်သီးကိတ်နှင့်အတူ သူ့ထံပေးပို့သည့် စာအုပ်များကို ဖတ်ခွင့်ရခြင်းအတွက် တန်းနဲလ်က ဟာဗူ၏ ဆုံးဖြတ်ချက် ပြတ်သားမှုကို အသိအမှတ်ပြုသည်။ ထိုစာအုပ်များနှင့် စားသောက်စရာများသည် နောက်ဆုံးတွင် သြစတြေးလျ နိုင်ငံတော် တံဆိပ်ပါသည့် အိတ်ကြီးများဖြင့် ဆစ်ဒနီမှ ကင်ဘာရာ ထိုမှတဆင့် သြစတြေးလျ သံရုံးသို့ အပတ်စဉ် ရောက်လာသည်။

ထိုအထုပ်ကြီးများကို သူက ညဘက်တွင် အကျဉ်းတိုက် တံခါးတွင် ထောင်ထားတတ်သည်။ သူ့ကို ဂရုစိုက်မည့်သူများ ရှိကြောင်း ထောင်အစောင့်များကို သတိပေးလိုသောကြောင့် ထိုသို့ ပြသထားခြင်းဖြစ်သည်။

ထိုအထုပ်များကို ပို့ဆောင်ပေးသူမှာ အမေရိကန် နိုင်ငံသား အသေးစားငွေကြေးလုပ်ငန်း ဘောဂဗေဒ ပညာရှင် ကားတစ် ဆလိုဗာ ဖြစ်သည်။ သူသည် ဆစ်ဒနီမှ ဟာဗူထံ နေ့တိုင်းဖုန်းဆက်သည့် ရဲရင့်ထူးခြားသူဖြစ်သည်။ “သူက ကျနော့်အတွက် မြန်မာပြည်မှာ ဆက်နေတာ။ သူ့ကိုမေးကြည့်ရင် သူငြင်းမှာ။ ဒါပေမယ့် သူက ကျနော့်အတွက် မြန်မာမှာ ဆက်နေတာ” ဟု တန်းနဲလ်က သူ၏ မိတ်ဆွေ အကြောင်းပြောပြီး သူသည် မြန်မာတွင် သူ့အသက်ကို ကယ်ခဲ့သူများအနက် တဦးဖြစ်ကြောင်း ပြောပြသည်။ “သူ့အတွက် အကာအကွယ် မရှိဘူး။ ပါဆယ်ပို့ပေးရတဲ့သူ။ ဟာနဲ့ သူနဲ့က တရက်ပြီး တရက် အစီအစဉ်တွေ လုပ်ရတာ။ ရက်ပေါင်း ၆၅၀ အတွက်ပဲ” ဟု သူကပြောသည်။ သူ၏အသက်ကို ကယ်ခဲ့သူ တခြားတဦးမှာ မွတ်ဆလင် နိုင်ငံရေး အကျဉ်းသား ဦးခင်မောင်ဆွေ ဖြစ်သည်။ တန်းနဲလ်ကို အင်းစိန်ထောင်သို့ ပြောင်းလိုက်သောအခါ ဦးခင်မောင်ဆွေက သူ့ကို စောင့်ရှောက်ရေးသည် သူ၏ တာဝန်အဖြစ် သတ်မှတ်လိုက်သည်။

“သူက ကျနော်နဲ့ အခန်းချင်းကပ်လျက်ပဲ။ သူက ကျနော့်အသက်ကို ကယ်ခဲ့တယ်” ဟု တန်းနဲလ် ပြောသည်။ “သူက ကျနော့်အတွက် အရာရာ လုပ်ပေးတယ်။ ကျနော့်အတွက် ချက်ပြုတ်ပေးတယ်။ အဝတ်တွေ လျှော်ပေးတယ်။ ကျနော့်ရဲ့ နှစ် ၃၀ စာလောက် ညစ်ပတ်နေတဲ့ စက်ဆုပ်စရာ အခန်းကို သန့်ရှင်းရေး လုပ်ပေးတယ်။ ဓားတချောင်း လုပ်ပေးတယ်။ ကျနော် သူ့ကို ချစ်ခင်တယ်” ဟု သူကပြောသည်။ အမှုရင်ဆိုင်ရန် နေပြည်တော်သို့ တန်းနဲလ်ကို ထောင်ပြောင်းလိုက်ပြီး တလအကြာတွင် ဦခင်မောင်ဆွေ သတ်ဖြတ်ခံရသည်။ နေပြည်တော်တွင် တန်းနဲလ်ကို လျှို့ဝှက်ချက်ဥပဒေနှင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲပြီး စက်တင်ဘာလတွင် ထောင် ၃ နှစ်ချလိုက်သည်။

တရားရုံးမထုတ်မီ နာရီဝက် အလိုတွင် တန်းနဲလ်သည် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမှုတွဲများနှင့် တွေ့ခွင့်ရခြင်းဖြစ်သည်။ ဆိုးရွားသည့် အခြေအနေများကို ရင်ဆိုင်နေရသော်လည်း ဒေါ်ဆောင်ဆန်းစုကြည်သည် ခန့်ငြားသည့် ပုံစံရှိနေကြောင်း သူကပြောပြသည်။

မယုံကြည်နိုင်စရာဖြစ်ရသည်မှာ နေပြည်တော် အချုပ်ထောင်သည် အင်းစိန်ထောင်ထက် ပိုမိုအခြေအနေ ဆိုးရွားသည်။ အင်းစိန်ထောင်သည် အရက်မူးနေသည့် အစောင့်များက စီမံခန့်ခွဲနေသည့် ဂျုံးဂျုံးကျနေကာ ပိုးဟပ်နှင့် ခြင်ပေါသော မိုးရွာတိုင်း မိုးယိုသည့် အဆောက်အအုံဖြစ်သည်။

“တနေ့ကို နာရီ ၂၀ လောက်ပိတ်ထားတဲ့ အခန်းထဲမှာ ဘာမှ လုပ်စရာမရှိလို့ တနေကုန် ချွေးတွေကျပြီး ထိုင်နေရတယ်” ဟု တန်းနဲလ်က ပြောပြသည်။

“မိုးရာသီမှာ ခေါင်မိုးက မိုးယိုမယ်။ ခေါင်မိုးကနေ ရေတွေစီးကျနေလို့ အဝတ်အစားနဲ့ စောင်တွေ ရေမစိုအောင် ပိုက်ထားပြီး တညလုံး ထိုင်နေရတယ်” ဟု သူကပြောသည်။

“တခါတခါ ထအော်ပစ်လိုက်တယ်။ ကျနော်သိမှန်း မသိခဲ့တဲ့ ကြမ်းတမ်းတဲ့ စကားတွေကိုတောင် သုံးမိတယ်” ဟုလည်း သူပြောသည်။ ကောင်းသောအချက်တခုမှာ တရားရုံးမထုတ်မီ နာရီဝက် အလိုတွင် တန်းနဲလ်သည် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမှုတွဲများနှင့် တွေ့ခွင့်ရခြင်းဖြစ်သည်။ ဆိုးရွားသည့် အခြေအနေများကို ရင်ဆိုင်နေရသော်လည်း ဒေါ်ဆောင်ဆန်းစုကြည်သည် ခန့်ငြားသည့် ပုံစံရှိနေကြောင်း သူကပြောပြသည်။

သူသည် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆက်လက်သစ္စာခံပြီး ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်ခြင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိသောကြောင့် အကြီးအကျယ် အဝေဖန်ခံရသော်လည်း မြန်မာအတွက် ကောင်းမြတ်သော အရာများသာဖြစ်စေချင်ကြောင်း သူကပြောသည်။ သို့သော် သူ့ဘဝကို များစွာ မြှုပ်နှံလုပ်ကိုင်ပေးခဲ့သည့် မြန်မာသို့ ပြန်ရန် မဖြစ်နိုင်လောက်အောင် ဖြစ်သွားခဲ့ပြီဖြစ်ကြောင်း တန်းနဲလ်က ဝန်ခံသည်။

You may also like these stories :

ရှောင်တာနဲလ် ကို အားနာတယ်

နိုင်ကျဉ်း အနည်းငယ်သာလွှတ်သည့် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ပိုမို ဖိအားပေးရန် လိုအပ်သည်

စစ်ကောင်စီက ဖမ်းတဲ့ နိုင်ငံခြားသား ၆ ဦး

The post ရှောင်တာနဲလ်ပြောတဲ့ မြန်မာထောင်တွင်း ရက် ၆၅၀ appeared first on ဧရာဝတီ.

ရခိုင် စစ်မျက်နှာ ရီဗျူး ၁

$
0
0

တိတ်ဆိတ်သွားသည့် ရခိုင်စစ်မျက်နှာ

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်သည့် ရခိုင်စစ်မျက်နှာ တိုက်ပွဲများသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် အတွင်း ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ရက္ခိုင့် တပ်တော် (AA)၏ တိုက်စွမ်းရည်၊ စည်းရုံးနိုင်စွမ်းနှင့် ရခိုင်လူထု၏ ထောက်ခံမှုသည် အများမျှော်လင့်ထားသည်ထက်ပိုခဲ့သည်။

AA အား အစောပိုင်းက အထင်မြင်သေးခဲ့ကြသော်လည်း လက်တွေ့တွင် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်-နပခ နယ်မြေရှိ တိုင်းတပ်များ၊ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ်-စကခ ၃ ခု၊ နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ရဲတပ်ဖွဲ့များဖြင့် ရင်ဆိုင်ရန် မလုံလောက်သဖြင့် တပ်မ ၅ ခုခန့် ထပ်မံ ပို့ပေးပြီး ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။

ပြင်းထန်သော စစ်ပွဲနှင့်အတူ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲခန့် အထိ မြင့်တက်ခဲ့သည်။ ထိုအချိန်ကာလက ပြည်မ ဒီမိုကရက်တစ်အများစုသည်ပင် AA ၏ လက်နက်ကိုင်တော်လှန်မှုကို နားလည်နိုင်စွမ်း မရှိကြပေ။ AA သည် ရခိုင်လူထုအ များစု၏ ထောက်ခံမှုဖြင့် ၎င်းတို့၏ လက်နက်ကိုင်တော်လှန်မှုကို ဆင်နွှဲခဲ့ရသည်။

ပြင်းထန်သော စစ်ပွဲနှင့်အတူ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲခန့် အထိ မြင့်တက်ခဲ့သည်။ ထိုအချိန်ကာလက ပြည်မ ဒီမိုကရက်တစ်အများစုသည်ပင် AA ၏ လက်နက်ကိုင်တော်လှန်မှုကို နားလည်နိုင်စွမ်း မရှိကြပေ။ AA သည် ရခိုင်လူထုအ များစု၏ ထောက်ခံမှုဖြင့် ၎င်းတို့၏ လက်နက်ကိုင်တော်လှန်မှုကို ဆင်နွှဲခဲ့ရသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် မြန်မာစစ်တပ်နှင့် AA ကြား ကိုယ့်အကြောင်းနှင့်ကိုယ် အပစ်ရပ်ရန် နားလည်မှုဖြင့် သဘောတူခဲ့ကြသည်။ သို့နှင့် ၂ နှစ်နီးပါးခန့် ပြင်းထန်စွာဖြစ်ပွားခဲ့သော ရခိုင်စစ်မျက်နှာသည် ရုတ်ချည်း တိတ်ဆိတ်ငြိမ် သက်သွားခဲ့သည်။

သို့သော် ထိုတိတ်ဆိတ်နေသောကာလတွင် AA သည် ထိုအချိန်ကာလကို သူအတွက်အကျိုးရှိအောင် မြန်မြန်ဆန်ဆန် ခြေသွက်လက်သွက် ဆောင်ရွက်ခဲ့သည်။

ရက္ခိုင့် တပ်တော် (AA)၏ တပ်ဖွဲ့ဝင်များ/DMG

ထိုကာလတွင် AA သည် စစ်ဒေသများ ခိုင်မာအောင် တည်ဆောက်ခြင်း၊ စစ် ဒေသအလိုက် စစ်သင်တန်းများပေး၍ တပ်သားသစ် ဖြည့်တင်းခြင်း၊ ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ -APA ကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေး နယ်မြေများ ခွဲခြား သတ်မှတ် ခြင်း၊ အုပ်ချုပ်ရေး၊ စည်းရုံးရေး၊ တရားစီရင်ရေးနှင့် ဘဏ္ဏာရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဖွဲ့စည်းခြင်း၊ သင်တန်းပေး ခြင်းများ ဆောင်ရွက်ခဲ့သည်။

တိတ်ဆိတ်မှု တစတစ ပျောက်ကွယ်ခြင်း

သို့ဖြစ်ရာ ထိုတိတ်ဆိတ်သောကာလတွင် ရခိုင်စစ်မျက်နှာ၌ AA ၏ စစ်အင်အားနှင့် တပ်ဖွဲ့စည်းပုံ၊ အုပ်ချုပ်ရေး ယန္တရား များ စနစ်တကျ လည်ပတ်လာနိုင်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် AA သည် တရင်းလျှင် အင်အား ၃၀၀ ခန့်ပါသည့် တပ်ရင်း ၃၀၀ ခန့် ဖွဲ့စည်းနိုင်ခဲ့ပြီး အနည်းဆုံး စစ်ဒေသ ၇ ခုနှင့် တပ်မဟာ ၃ ခု ဖွဲ့စည်းထားရှိနိုင်သကဲ့သို့ ရခိုင်ပြည်နယ် ကျေးလက်ဒေသသာမက မြို့ပြအားလုံးနီးပါး ထိုးဖောက် စည်းရုံးနိုင်ခဲ့ပြီး အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးတို့ကိုပါ ကိုင်တွယ်ခဲ့သည်။

သို့ဖြစ်ရာ စစ်အာဏာသိမ်းရန်အတွက် ရခိုင်တွင် ခေတ္တအပစ်ရပ်ထားသော စစ်ကောင်စီအဖို့ ရခိုင်စစ်မြေပြင်ကို လွှတ်ထား၍ မရနိုင်တော့ပေ။ အပစ်ရပ်ထားချိန်တွင် အဖွဲ့အစည်း ခေါင်းဆောင်များကို စီးပွားရေး အခွင့်အလမ်းများ၊ မက်လုံးများ ပေးပြီး လက်နက်ကိုင်တပ်ကို လုံးပါးပါးစေရန် မျှော်လင့်ထားသည့် စစ်ကောင်စီအတွက် AA သည် ရတက်မအေးစရာ ဖြစ် နေခဲ့သည်။

AA ၏ ကြီးမားသည့် နိုင်ငံရေး ရည်မှန်းချက်ကို စစ်ကောင်စီအနေဖြင့် အနုနည်းဖြင့် ချိုးဖျက်ရန် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။

၂၀၂၂ ခုနှစ်တွင် AA သည် တရင်းလျှင် အင်အား ၃၀၀ ခန့်ပါသည့် တပ်ရင်း ၃၀၀ ခန့် ဖွဲ့စည်းနိုင်ခဲ့ပြီး အနည်းဆုံး စစ်ဒေသ ၇ ခုနှင့် တပ်မဟာ ၃ ခု ဖွဲ့စည်းထားရှိနိုင်သကဲ့သို့ ရခိုင်ပြည်နယ် ကျေးလက်ဒေသသာမက မြို့ပြအားလုံးနီးပါး ထိုးဖောက် စည်းရုံးနိုင်ခဲ့ပြီး အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးတို့ကိုပါ ကိုင်တွယ်ခဲ့သည်။

သို့ဖြစ်ရာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် တိတ်ဆိတ်သွားခဲ့သော ရခိုင်စစ်မျက်နှာသည် ၂၀၂၁ ခုနှစ်တွင် ဆက်လက် တိတ်ဆိတ်နေခဲ့သော်လည်း ၂၀၂၂ ခုနှစ် နှစ်ဆန်းမှစ၍ တိုက်ပွဲများ စတင်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လမှ စတင်၍ ပြင်းထန်သည့် တိုက်ပွဲများ တကျော့ပြန် ပြန်လည် ဖြစ်ပွားခဲ့သည်။

ဤသို့ ပြန်လည်ဖြစ်ပွားသည့် အကြောင်းအချက်များမှာ ပထမ အချက်အနေနှင့် AA ၏ နိုင်ငံရေးရည်မှန်းချက်များကို စစ်ကောင်စီ အနေနှင့် လက်မခံနိုင်ခြင်း၊ ဒုတိယအနေနှင့် တဖြည်းဖြည်း ဩဇာတက်လာပြီး စည်းရုံးရေး၊ အုပ်ချုပ်ရေး နယ်‌မြေ ကျယ်ပြန့်လာသည့် AA အား ဟန့်တားတားဆီးရန် ပိုမိုတင်းကြပ်စွာ ကြိုးပမ်းလာခြင်းဆိုသည့် အချက်နှစ်ချက် အောက်တွင် ရခိုင်စစ်ပွဲ ပြန်လည်စတင်လာသည်ဟု ဆိုရမည်။

၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်များအတွင်း AA နှင့် စကစ အကြား အလွတ်သဘော ညိနှိုင်းမှုများ ပြုလုပ်ရာတွင် စစ်ကောင်စီဖက်မှ မည်သည့်လိုက်လျောမှုမှ မပြုလုပ်ဘဲ ၎င်းတို့၏ သဘောထားအား တဖက်သတ် လက်ခံခိုင်းသည်သာ ရှိခြင်းသည် ဆွေးနွေးညှိနှိုင်းမှုကို ပျက်ပြားစေသည့် အကြောင်းအချက်ဟု AA တာဝန်ရှိသူတဦးက ပြောသည်။

မောင်တောမြို့နယ်မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ AA က မြန်မာစစ်တပ်ကို ကြားဖြတ်တိုက်ခိုက်အပြီး

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် မောင်တော မြောက်ပိုင်း ဝေလာတောင်ကြောတွင် AA စခန်းတခုအား စစ်ကောင်စီက ဖယ်ခိုင်းရာမှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က နောက်ဆုတ်ပေး၍ ယာယီပြေလည်ခဲ့၏။

သို့သော် ပို၍ တင်းမာလာစေသည့် အချက်မှာ ၂၀၂၂ ခုနှစ် ဧပြီလတွင် စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်အား AA ခေါင်းဆောင်များက ပယ်ချခဲ့သည့်ပြင် AA ခေါင်းဆောင်များသည် NUG ခေါင်းဆောင်များနှင့် အလွတ်သ ဘော တွေ့ဆုံဆွေးနွေးခဲ့ရာ စစ်ကောင်စီအတွက် အမျက်ထွက်စရာဖြစ်ခဲ့၏။

သို့နှင့် AA နှင့် စစ်ကောင်စီအကြား တင်းမာမှု များပိုတိုးလာပြီး တကျော့ပြန်စစ်ပွဲ ပြန်လည် စတင်ခဲ့တော့သည်။

ရခိုင်ပြည်နယ်မှ ဖြတ်လေးဖြတ်နှင့် လူဖမ်းပွဲများ

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ အပစ်ရပ်ပြီးနောက် အဖမ်းခံရသည့် AA တပ်ဖွဲ့ဝင်အချို့၊ AA နှင့်ဆက်စပ်သူအချို့နှင့် ရခိုင် နိုင်ငံရေးသမားအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း စစ်ကောင်စီ အလေးထားကိုင်တွယ်သည်မှာ AA အား ဖြတ်တောက် ပိတ်ဆို့ရေး ဖြစ်သည်။

ရခိုင်ပြည်သို့ အဓိက ကုန်စည်စီးဆင်းရာ အမ်းတောင်ကြားလမ်းဂိတ်တွင် ကုန်တင်ကားကြီးများသည် ရခိုင်ပြည်နယ် စစ်ကောင်စီ နယ်/လုံ ဝန်ကြီး၏ လက်မှတ်မပါဘဲ ဖြတ်သန်းခွင့် မရပေ။ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ကုန်စည်စီးဆင်းမှုကို ချုပ်ကိုင်ခံရသည့် တခုတည်းသော ပြည်နယ်ဖြစ်သည်။

ပို၍ တင်းမာလာစေသည့် အချက်မှာ ၂၀၂၂ ခုနှစ် ဧပြီလတွင် စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်အား AA ခေါင်းဆောင်များက ပယ်ချခဲ့သည့်ပြင် AA ခေါင်းဆောင်များသည် NUG ခေါင်းဆောင်များနှင့် အလွတ်သ ဘော တွေ့ဆုံဆွေးနွေးခဲ့ရာ စစ်ကောင်စီအတွက် အမျက်ထွက်စရာဖြစ်ခဲ့၏။

ပို၍ တင်းမာလာစေသည့် အချက်မှာ ၂၀၂၂ ခုနှစ် ဧပြီလတွင် စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်အား AA ခေါင်းဆောင်များက ပယ်ချခဲ့သည့်ပြင် AA ခေါင်းဆောင်များသည် NUG ခေါင်းဆောင်များနှင့် အလွတ်သ ဘော တွေ့ဆုံဆွေးနွေးခဲ့ရာ စစ်ကောင်စီအတွက် အမျက်ထွက်စရာဖြစ်ခဲ့၏။

အဓိက AA ထံသို့ ရိက္ခာ၊ ဆေးဝါး၊ လက်နက်ခဲယမ်းနှင့် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ မရောက်အောင် ချုပ်ကိုင်ခြင်း ဖြစ်သည်။ ပြည်နယ်တွင်းတွင်လည်း ကျောက်တော်နှင့် ပလက်ဝကြား ကုလားတန်မြစ်ကြောင်းအတိုင်း ကုန်စည်သယ်ပို့ခြင်း၊ သွားလာခြင်းကို ကန့်သတ်မြဲ ဆက်လက်ကန့်သတ်ထားသည်။ တင်းကြပ်စွာ ချုပ်ကိုင်ထားသည်။

ထိုသို့ တင်းမာမှုများ စတင်လာပြီးနောက် ၂၀၂၂ ခုနှစ် မေလမှစ၍ AA နှင့် ပတ်သက်ဆက်နွယ်သည်ဟူသည့် အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီက လူဖမ်းပွဲ စတင်ခဲ့သည်။ အစောပိုင်းတွင် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီမှ ပါတီဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များ၊ ကျေးရွာ/အုပ်စု အုပ်ချုပ်ရေးမှူးများ ပါဝင်ကြသည်။

AA ဘက်ကလည်း စစ်ကောင်စီ အရာရှိ၊ တပ်ဖွဲ့ဝင်များကို မြို့ပေါ်တက်၍ ဖမ်းဆီးသည်ကို တွေ့ရ၏။ သို့သော်လည်း စစ်ကောင်စီဘက်က ဖမ်းဆီးသူ ပိုများသည်ကို တွေ့ရ၏။ ဤသို့ပိတ်ဆို့မှု၊ ဖမ်းဆီးမှုများအပြင် ဝေလာတောင်ကြောရှိ AA စခန်းများအားလည်း စစ်ကောင်စီဘက်က ဖယ်ရှားရန် ကြိုးပမ်းသည့်နောက်တွင် ရခိုင်တွင် ပြင်းထန်သည့် စစ်ရေးတိုက်ပွဲများ ပြန်လည် တွေ့ကြုံရသည်။

စစ်ကောင်စီ၏ စစ်ပြင်ဆင်မှု

၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်တွင် စစ်ပြင်လာ၏။ ရခိုင်စစ်ပွဲကာလ ကတည်းက နပခ တိုင်းမှူးသည် ဌာနချုပ် အမ်းတွင် အခြေမစိုက်ဘဲ ဒကစရှိရာ စစ်တွေတွင်အခြေပြုသည်။ သို့ဖြစ်ရာ စစ်တွေတွင် တိုင်းမှူး၊ ဒကစမှူး နှင့် ဒကစ လက်အောက်ခံတိုင်းတပ်များ အခြေပြုသည်။

၂၀၂၂ ခုနှစ်ထဲတွင် ရခိုင်ပြည်နယ်အတွင်း ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးအထိ ပြုလုပ်နိုင်ရန် ကြိုတင်စီမံမှုများကို ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် အနီးကပ် လမ်းညွှန် ကြီးကြပ်ခဲ့ကြောင်း သိရသည်။ ကြည်းတပ် အင်အားသာမက ရေတပ်အင်အားကိုလည်း ရခိုင်ပြည်နယ်တွင် ဖြည့်တင်းခဲ့သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၀ ရက် AA က သိမ်းပိုက်လိုက်သော မြန်မာစစ်တပ် စခန်းပြ မြေပုံ

မောင်တော မယူတောင်တန်းတကြော ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက် ချထားသည့် အင်အား ၃၀၀၀ ခန့်ရှိ နယ်ခြား ရဲ ကွပ်ကဲမှုဌာနချုပ်အား တပ်မ ၇၇ တပ်များ ထပ်ဖြည့်ထား၏။ ဘူးသီးတောင်၊ ရသေ့တောင် စစ်နယ်တွင် ဒေသခံ ဘူး သီးတောင်အ‌ခြေစိုက် စကခ ၁၅ အပြင် တပ်မ ၂၂ ကို ထပ်ဖြည့်ထားသည်။

ကျောက်တော်၊ မြောက်ဦးစစ်နယ်တွင် ကျောက်တော်အခြေစိုက် ဒေသခံ စကခ ၉ အပြင် တပ်မ ၅၅ ကို ထပ်ဖြည့်ထား၏။ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ စစ်နယ်တွင် တိုင်းတပ်များအပြင် တောင်ကုတ်အခြေစိုက် ဒေသခံ စကခ ၅ တာဝန်ယူထား၏။

ပလက်ဝ စစ်နယ်တွင် တိုင်းတပ်အပြင် တပ်မ ၁၁ ကို ဖြည့်တင်းနေရာ ယူထားသည်။ ထို့ပြင် တပ်ရင်း၊ စကခ ဌာနချုပ်များတွင် အ‌မြောက်များ ဆင်ထားသကဲ့သို့ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းကြား ကန်စောက်၊ မြောက်ဦးနှင့် ကျောက်တော်ကြား လင်းမြွေတောင်တို့တွင် အမြောက်စခန်းများ ဖွင့်လှစ်ထားရှိပြီး အမြောက်များအပြင် အတွဲလိုက်ပစ်ဒုံးများပါ ပြင်ဆင်ထားဖွယ် ရှိသည်ဟု ဆို၏။

၂၀၂၂ ခုနှစ်ထဲတွင် ရခိုင်ပြည်နယ်အတွင်း ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးအထိ ပြုလုပ်နိုင်ရန် ကြိုတင်စီမံမှုများကို ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် အနီးကပ် လမ်းညွှန် ကြီးကြပ်ခဲ့ကြောင်း သိရသည်။ ကြည်းတပ် အင်အားသာမက ရေတပ်အင်အားကိုလည်း ရခိုင်ပြည်နယ်တွင် ဖြည့်တင်းခဲ့သည်။

တပြည်လုံး အနေအထားအရလည်း ရခိုင်ပြည်နယ် နပခ စစ်တိုင်းနယ်မြေသည် တိုင်းတပ်များအပြင် တပ်မ/စကခ ၇ ခု တပ်ဖြန့်ထားရာ တပ်အင်အားချထားမှု အများဆုံး ဖြစ်သည်။

ရမ်းဗြဲကျွန်းအခြေစိုက် ဓညဝတီရေတပ်စခန်းသည် ရမ်းဗြဲကျွန်းနှင့် ရခိုင်ကမ်းရိုးတန်းကြား သံဇိုက်မြစ်၊ ကလိန်တောင် မြစ်ကြောင်းများတွင်လည်းကောင်း၊ စစ်တွေ၊ မြေပုံ၊ ပေါက်တော ရေလမ်းကြောင်းတွင် လည်းကောင်း၊ ကုလားတန်မြစ်၊ မယူမြစ် မြစ်ကြောင်း တလျှောက်နှင့် လေးမြို့မြစ် အောက်ပိုင်းတွင်လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်း တလျှောက် ဘင်္ဂလား ပင် လယ်အော်တွင် လည်းကောင်း ဖြန့်ခွဲနေရာယူသည်။

ထို့ပြင် လေကြောင်းပစ်ကူအတွက် ကကလေကို တောင်းခံနိုင်သေးသည်။ စစ်ကောင်စီ အနေနှင့် ရခိုင်တွင် ကြည်း၊ ရေ၊ လေ စစ်ဆင်နိုင်ရန် ပြင်ဆင်ထားသည်။ ရခိုင်တွင် စစ်သည်အင်အား သက်သက်သာ တွက်ပါက AA က စစ်ကောင်စီ တပ်အင်အားထက် များနေသည်ဖြစ်ရာ စစ်ကောင်စီအနေနှင့် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့် AA အား ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။

AA ၏ စစ်ဆင်ရေး

AA ၏ တိုက်ပွဲများသည် ဩဂုတ်လအတွင်း စတင်သည်ကို တွေ့ရသည်။ အစောဆုံးတိုက်ပွဲများအား ပလက်ဝမြို့နယ်အတွင်း တွေ့ရပြီး ဆက်တိုက်ဆိုသလို မောင်တောမြောက်ပိုင်းတွင်လည်း စစ်ဆင်ရေးတရပ် ဆင်နွှဲလာသည်ကို တွေ့ရသည်။

စစ်ကောင်စီ အနေနှင့် ရခိုင်တွင် ကြည်း၊ ရေ၊ လေ စစ်ဆင်နိုင်ရန် ပြင်ဆင်ထားသည်။ ရခိုင်တွင် စစ်သည်အင်အား သက်သက်သာ တွက်ပါက AA က စစ်ကောင်စီ တပ်အင်အားထက် များနေသည်ဖြစ်ရာ စစ်ကောင်စီအနေနှင့် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့် AA အား ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၁၀ ရက်‌နေ့အထိ နှစ်ပတ်အတွင်း ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၅ ခုနှင့် မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၄ ခုအား AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီတပ်များက လေကြောင်းပစ်ကူသုံး၍ အပြင်းအထန် ခုခံခဲ့သည်။ စစ်ကောင်စီ လေတပ်၏ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ပိုင်နက်တွင်းသို့ ဗုံးများ၊ ဒုံးကျည်များကျရောက်သဖြင့် စစ်ကောင်စီနှင့် ဘင်္ဂလားအစိုးရကြား တင်းမာမှု မြင့်တက်ခဲ့သည်။

ဤသို့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကို အများအပြား အသုံးပြုခဲ့သော်လည်း စစ်ကောင်စီတပ်များသည် စခန်းများအား မခုခံနိုင်ဘဲ စွန့်လွှတ်ခဲ့ရသည်။

ထိုစခန်းများအား ပြန်လည် မသိမ်းပိုက်နိုင်သည့်အပြင် AA ထပ်မံ တိုက်ခိုက် သိမ်းပိုက်နိုင်သည့် သို့မဟုတ် AA ၏ ဝိုင်းပတ် ပိတ်ဆို့ခြင်းခံထားရသည့် ပလက်ဝ မြို့နယ်အတွင်းရှိ အင်အား ရာဂဏန်းရှိ စခန်းကြီးတခုအား မင်းပြားသို့ ဆုတ်ခွာရသည့်အပြင် မောင်တောမြောက်ပိုင်းရှိ စခန်းငယ် အများအပြားကိုလည်း ဆုတ်ခွာ ပူး‌ပေါင်းလိုက်ရရာ AA ထိန်းချုပ်နယ်မြေ ကျယ်ပြန့်သွားသည်။

ထို့ပြင် မောင်တောမြောက်ပိုင်းရှိ မိုင်တိုင် ၄၀ နှင့် မီးတိုက်နယ်ခြား စောင့်စခန်းတို့ကို သိမ်းပိုက်လိုက်သည်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ တောင်ပြိုလက်ဝဲ ဗျူဟာစခန်းကိုလည်း ကုန်းလမ်းမှ ပိတ်ဆို့ထားလိုက်ပြီးနောက် လိပ်ရစခန်းအား အောက်တိုဘာလဆန်းတွင် ဆက်လက်သိမ်းပိုက်ခဲ့ရာ တောင်ပြိုလက်ဝဲဗျူဟာစခန်းအား နတ်မြစ်မှတဆင့် ဆက်သွယ်သည့် ရေလမ်းကြောင်းအားလည်း ပိတ်ဆို့ထားလိုက်နိုင်သည်။

AA ထပ်မံ တိုက်ခိုက် သိမ်းပိုက်နိုင်သည့် သို့မဟုတ် AA ၏ ဝိုင်းပတ် ပိတ်ဆို့ခြင်းခံထားရသည့် ပလက်ဝ မြို့နယ်အတွင်းရှိ အင်အား ရာဂဏန်းရှိ စခန်းကြီးတခုအား မင်းပြားသို့ ဆုတ်ခွာရသည့်အပြင် မောင်တောမြောက်ပိုင်းရှိ စခန်းငယ် အများအပြားကိုလည်း ဆုတ်ခွာ ပူး‌ပေါင်းလိုက်ရရာ AA ထိန်းချုပ်နယ်မြေ ကျယ်ပြန့်သွားသည်။

ထို့ပြင် ကြိမ်ချောင်းဗျူဟာ ကာကင်းစခန်း၊ ခမရ ၃၅၂ တပ်ရင်း၏ စခန်းများကို သိမ်းပိုက်ပြီးနောက် ခမောက်ဆိပ်ဗျူဟာအားလည်း ဆက်လက်တိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။

သို့ဖြစ်ရာ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ရှိ ဝေလာတောင်ကြော၊ ခမောက်ဆိပ်မြောက်ဖက် မယူတောင်တန်း မြောက်ပိုင်း၊ ဘူးသီတောင် မြောက်ဖက် စိုင်းတင်တောင်တန်းမြောက်ပိုင်းမှသည် ပလက်ဝ အနောက်ဖက် အိန္ဒိယနယ်စပ် တလျှောက် ကောင်းစွာ စိုးမိုးသွားနိုင်သည်ကို တွေ့ရသည်။

လက်တွေ့မြေပြင်တွင်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်မှ ပြန်လည်ထိုးစစ်ဆင်သည်အား ကြိမ်ချောင်း မြောက်ဖက် ဝက်ကျိန်းအနီးတွင် AA ကဖြတ်တောက်ထားသည်ကို တွေ့ရပြီး နယ်စပ်နှင့် ဝေးကွာသည်ကို တွေ့ရသည်။

ထို့ပြင် ဘင်္ဂလားနယ်စပ်တလျှောက်တွင်လည်း လေကြောင်း တိုက်ခိုက်မှုများ မတွေ့ရတော့ပေ။ AA သည် နယ်စပ်မှ တောင်ဖက်သို့ အတော်အသင့် တိုးဝင် ထိန်းချုပ်နိုင်သည်ဟု ဆိုရပေမည်။

ဩဂုတ်လမှစ၍ နိုဝင်ဘာဆန်းအထိ AA တပ်ဖွဲ့၏ ပြင်းထန်သော စစ်ဆင်ရေးနှင့်တိုက်ပွဲများအား မောင်တော မြောက်ပိုင်း နှင့် ပလက်ဝ မြို့နယ်တွင်းတွင် ပြုလုပ်ခဲ့ရာတွင် စခန်းသိမ်းတိုက်ပွဲများ အဓိကထားပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ယခုတကျော့ပြန် ရခိုင်စစ်ပွဲတွင် AA ၏ စစ်ဗျူဟာနှင့် တိုက်ရည်ခိုက်ရည် သိသိသာသာ တက်လာသည်ကို တွေ့ရ၏။ စစ်ဆင်ရေးကိုလည်း သူဘက်က အသာဖြင့် သူတိုက်ချင်သည့်နေရာဒေသများတွင် သူလိုချင်သည့်ပုံစံအတိုင်း တိုက်လာနိုင်သည်ကို တွေ့ရသည်။

ကျန်မြို့နယ်ဒေသများ ဖြစ်ကြသော ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ တောင်ကုတ် မြို့နယ်များတွင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခြင်းမရှိဘဲ လမ်းဖြတ်တိုက်ပွဲ၊ ‌လှုပ်ရှားစစ်ကြောင်းအား ချေမှုန်းရေး တိုက်ပွဲများကိုသာ ဆင်နွှဲပြီး အကန့်အသတ်နှင့် စစ်ဆင်သည်ကို တွေ့ရသည်။

ယခုတကျော့ပြန် ရခိုင်စစ်ပွဲတွင် AA ၏ စစ်ဗျူဟာနှင့် တိုက်ရည်ခိုက်ရည် သိသိသာသာ တက်လာသည်ကို တွေ့ရ၏။ စစ်ဆင်ရေးကိုလည်း သူဘက်က အသာဖြင့် သူတိုက်ချင်သည့်နေရာဒေသများတွင် သူလိုချင်သည့်ပုံစံအတိုင်း တိုက်လာနိုင်သည်ကို တွေ့ရသည်။

စခန်းသိမ်းတိုက်ပွဲတိုက်သည့် စစ်ဆင်ရေးကို ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနယ်စပ်ကို ကျောပေး၍ ပြုလုပ်သွားပြီး လွတ်‌မြောက်အခြေခံဒေသ တည်ဆောက်ရေးကို ဦးတည်သည်ဟု သုံးသပ်ရ၏။

တချိန်တည်းတွင် ထိုစစ်ဆင်ရေးကို အထောက်အကူပြုရန်နှင့် အခြားဒေသများရှိ စစ်ကောင်စီတပ်များအား ထိန်းချုပ်ရန် စစ်ကောင်စီ စခန်းများ ပြန်လည်ဖြတ်တောက်ခြင်း၊ လှုပ်ရှားရန်သူချေမှုန်းခြင်းတို့အား ပိုင်နိုင်စွာ ပြုလုပ်သွားသည်ကို တွေ့ ရသည်။

ထို့ပြင် AA သည် မောင်တောမြောက်ပိုင်း၊ မယူတောင်တန်းမြောက်ပိုင်းတွင် အဓိကနယ်မြေ သိမ်းပိုက် တည်ဆောက်နေ သော်လည်း စစ်ကောင်စီတပ်များသည် AA တပ်များအား မယူတောင်တန်းမြောက်ပိုင်းတွင်သာ ပိတ်ဆို့ထား၍ မရခဲ့ပေ။ မယူတောင်တန်း၏ တောင်ဖက်ရှိ ကိုးတန်ကောက်၊ ချိန်ခါလီ၊ ကျောက်ပန္ဒူ၊ ဒုံပိုက်၊ ဂူတာပြင်၊ စေတီပြင်လမ်းခွဲစသည့် ဒေသများတွင် တိုက်ပွဲများ ဖေါ်ဆောင်နိုင်သည်ကို တွေ့ရသည်။

အလားတူပင် ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များတွင်လည်း တိုက်ပွဲများ ဖေါ်နိုင်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ခုနှစ် စစ်ပွဲကတည်းက လှုပ်ရှားခဲ့သည့် ရခိုင်မြောက်ပိုင်း မြို့နယ်များသာမက ရခိုင်တောင်ပိုင်းဟု ခေါ် ဆိုကြသည့် တောင်ကုတ်၊ သံတွဲ၊ ဂွ မြို့နယ်များတွင်ပါ တိုက်ပွဲများ AA ၏ လှုပ်ရှားမှုများကို တွေ့ရသည်။

ထို့ပြင် ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းများတွင်လည်း AA လှုပ်ရှားမှုများကို တွေ့ရသည်မှာ ၂၀၂၂ ခုနှစ်၊ တကျော့ပြန် ရခိုင် စစ်ပွဲ၏ ထူးခြားချက်ဟု ဆိုရပေမည်။

ဆက်ရန်ရှိသည်။

(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

စစ်တွေမြို့ကို စစ်ကောင်စီ ပိတ်ထား၍ ကူးသန်းသွားလာရေး အခက်အခဲများဖြစ်

စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို AA ထိန်းချုပ်ထားပြီလား

ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်

ရခိုင်မြောက်ပိုင်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့ထား

The post ရခိုင် စစ်မျက်နှာ ရီဗျူး ၁ appeared first on ဧရာဝတီ.

ရခိုင် စစ်မျက်နှာ ရီဗျူး ၂

$
0
0

ခံစစ်နှင့် ကွင်းဖွင့်ရသည့် စစ်ကောင်စီ

၂၀၂၂ ခုနှစ် တကျော့ပြန်စစ်ပွဲများ စသည့် အချိန်တွင် စစ်ကောင်စီတပ်များသည့် ခံစစ်နှင့်စ၍ ကွင်းဖွင့်သည်ကို တွေ့ရသည်။

တကယ်တော့ အမ်း၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များနှင့် အနီးတ ဝိုက်တွင် အခြေပြုထားသော AA စစ်ဒေသရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ AA တပ်ဖွဲ့များ တပ်စွဲထားသည့် နေရာများကို စစ်ကောင်စီဘက်က မသိဘဲ မနေပေ။

အနည်းနှင့် အများဆိုသလို သတင်းရသည်သာ ဖြစ်သည်။ သို့သော်လည်း မည်သည့်နေရာကိုမှ စစ်ကောင်စီတပ်များက ထိုးစစ်ဆင်တိုက်ခိုက်သည်ကို မတွေ့ရပေ။ အကြောင်းမှာ AA တပ်ဖွဲ့သည် ပလက်ဝမှသည် ဂွ အထိ ၁၈ မြို့နယ်လုံးတွင် အနှံ့အပြားဖြန့်ခွဲနေရာယူထားသည်။

ရခိုင်ကမ်းရိုးတန်း တလျှောက်သာမက ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းများတွင်ပါ လှုပ်ရှားမှု ရှိသည်။ ထို့ပြင် ထိုမြို့ အားလုံးကိုလည်း ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ ဆက်သွယ်ရေးလမ်းကြောင်းများအားလည်း ခြိမ်းခြောက်နိုင်စွမ်းရှိသည်။

AA တပ်ဖွဲ့သည် ပလက်ဝမှသည် ဂွ အထိ ၁၈ မြို့နယ်လုံးတွင် အနှံ့အပြားဖြန့်ခွဲနေရာယူထားသည်။ ရခိုင်ကမ်းရိုးတန်း တလျှောက်သာမက ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းများတွင်ပါ လှုပ်ရှားမှု ရှိသည်။ ထို့ပြင် ထိုမြို့ အားလုံးကိုလည်း ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ ဆက်သွယ်ရေးလမ်းကြောင်းများအားလည်း ခြိမ်းခြောက်နိုင်စွမ်းရှိသည်။

သို့ဖြစ်ရာ စစ်ကောင်စီသည် ဦးစွာအားဖြင့် မြို့များနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ထိန်းချုပ်ရန် ခံစစ်ဖြင့် စတင် ကွင်းဖွင့်သည်ဟုဆိုရမည်။

ခံစစ်ဖြင့် ကွင်းဖွင့်ရင်း ၎င်းတို့အတွက် ထောက်ပံ့ရေးလမ်းကြောင်း ကောင်းသည့်နေရာများတွင် တိုက်ပွဲဖော်ရန် စစ်မြှူသည်ကို တွေ့ရသည်။ နယ်စပ်တကြော တိုက်ပွဲများ ပြင်းထန်နေချိန်တွင် မြောက်ဦးတွင် တိုက်ပွဲအတု ဖန်တီးသည်။ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည်။ မြောက်ဦးဈေးအတွင်း ဗုံးမြှုပ်ထားသည်ဆိုကာ ပွဲလှန့်သည်။

ဤသို့ မြောက်ဦးလူထုအား ခြိမ်းခြောက်ပြီး စစ်မြှူသော်လည်း AA က သူစစ်မြှူသည့်အကွက်တွင်းသို့ ဝင်မလာ၍ တလခန့် ကြာပြီးနောက် ရပ်သွားသည်။ မောင်တောမြောက်ပိုင်း ခံစစ်စခန်းများ ဆုံးရှုံးပြီးနောက် ယခုနိုဝင်ဘာလအတွင်း အင်အား ၅၀၀ ခန့်၊ ခန့်မှန်းခြေ တပ်ရင်း ၄ ရင်းပါ ဗျူဟာတခုနှင့် ထိုးစစ်ဆင်သော်လည်း ကြိမ်ချောင်းအထက် ဝက်ကျိန်းတွင် AA က ခံစစ်ဆင်သဖြင့် ထင်တိုင်းမပေါက် ဖြစ်နေသည်။

ကျန်သည့်နေရာများတွင် ယခုတိုင် ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။ ရခိုင်တွင်သာမက တပြည်လုံးတွင် တွေ့ရသည့် စစ်ကောင်စီ၏ အားနည်းချက်မှာ ခံစစ်စခန်းတခု အတိုက်ခံရလျင် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူသာ ပေးနိုင်ပြီး မြေပြင်စစ်ကူ ပေးနိုင်ခြင်း မရှိပေ။

နောက်တချက်မှာ အင်အားအများအပြားသုံး ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ အများဆုံး တပ်ရင်း ၄ ရင်းပါ ဗျူဟာတခုကိုသာ အသုံးပြုပြီး အကန့်အသတ်နှင့်သာ ထိုးစစ်ဆင်နိုင်ခြင်း ဖြစ်သည်။

ကရင်ပြည်နယ် လေးကေးကော်ဒေသ သုံးထပ်ကွေ့တွင် ဗျူဟာတခုသုံး၍ ထိုးစစ်ဆင်သကဲ့သို့ ကချင်ပြည်နယ်၊ မိုးမောက် လုံဂျာဘွမ်ဒေသတွင်လည်း ဗျူဟာတခုသုံး၍ ထိုစစ်ဆင်သည်ကို တွေ့ရသည်။ ယခုရခိုင်တွင်လည်း မောင်တော မြောက်ဖက် ကြိမ်ချောင်းနယ်မြေတွင် ဗျူဟာတခုသုံး၍ ထိုးစစ်ဆင်သည်ကို တွေ့ရသည်။

အခြားနေရာနှစ်ခုကဲ့သို့ပင် ရခိုင်တွင်လည်း သိသာသည့် အောင်မြင်မှုမရပါ။ သို့ဖြစ်ရာ ရခိုင်တွင် စစ်ကောင်စီအနေနှင့် ထိုသို့ ဗျူဟာတခုခန့်သုံးသည့် စစ်ဆင်ရေးပြုလုပ်လာနိုင်သေးသော်လည်း ထို့ထက်ပို၍ အင်အားစုပြီး ပြုလုပ်ရန် ခက်ခဲမည်ဟု သုံးသပ်ရသည်။

ထိုသို့ ပြုလုပ်မည့် ထိုးစစ်များမှာ ယခုကဲ့သို့ အချက်အခြာကျသည့်နေရာများ ဆုံးရှုံးသည့်အခါ သို့မဟုတ် ဆုံးရှုံးနိုင်ခြေ ရှိသောအခါ ပြုလုပ်လာနိုင်သကဲ့သို့ စစ်ကောင်စီအနေနှင့် AA တပ်ဖွဲ့၏ သတင်းအပိုင်ရရှိသည့် အခြေအနေရှိသည့်ပြင် စစ်ကောင်စီတပ်ဘက်ကလည်း အလေးသာသည်ဟု တွက်ချက်ရသည့် အခါမျိုးတွင်လည်း ပြုလုပ်နိုင်သည်ဟု သုံးသပ်ရ၏။

ထို့ပြင် စစ်ကောင်စီအတွက် ရခိုင်တွင် ကြုံနေရသည့်အခက်အခဲမှာ စစ်ကောင်စီတပ်အား အထောက်အကူဖြစ်စေသည့် ပြည့်သူ့စစ်၊ ပျူစောထီး၊ နယ်ခြားစောင့်တပ်များကို ဖွဲ့စည်းနိုင်ခြင်း မရှိခြင်း ဖြစ်သည်။

စစ်ကောင်စီအတွက် ရခိုင်တွင် ကြုံနေရသည့်အခက်အခဲမှာ စစ်ကောင်စီတပ်အား အထောက်အကူဖြစ်စေသည့် ပြည့်သူ့စစ်၊ ပျူစောထီး၊ နယ်ခြားစောင့်တပ်များကို ဖွဲ့စည်းနိုင်ခြင်း မရှိခြင်း ဖြစ်သည်။

ရခိုင်လူထုအများစုကလည်း AA ကို ထောက်ခံနေသည်ဖြစ်ရာ စစ်ကောင်စီသည် လူထုစည်းရုံးနိုင်စွမ်း မရှိသည့်အပြင် လူထု ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု မရနိုင်ပေ။ ထို့ပြင် မြေပြင်သတင်းရရှိမှုမှာလည်း အားနည်းသည်။

မြစ်ချောင်းများနှင့် မြစ်ဝှမ်းဒေသစစ်ပွဲ

ရခိုင်စစ်ပွဲအတွင်း မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်ကြောင်းများအား စစ်ကောင်စီ ရေတပ်က စိုးမိုးထားသည်ဟု ဆိုနိုင်သော်လည်း များပြား ရှုပ်ထွေးသည့် မြစ်လက်တက်၊ ချောင်းလက်တက်များကို စစ်ကောင်စီ ရေတပ်က ထိန်းချုပ်နိုင်ခြင်း မရှိဘဲ AA က စက်တပ်ရေယာဉ်ငယ်များ အသုံးပြု၍ လွှမ်းမိုးထိန်းချုပ်ထားသည်။

အထူးသဖြင့် ကုလားတန်နှင့် လေးမြို့မြစ်ဝှမ်းဟု ဆိုရမည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြား ကားလမ်း ဝိုင်းပတ်ထားသည့် ပေါက်တောနှင့် မြေပုံမြို့နယ်အများစု ပါဝင်သည့် မြစ်ဝကျွန်းပေါ်ဒေသသည် မြစ်ချောင်းများ ဆက်နွယ်ရှုပ်ထွေးသည့် ဒေသဖြစ်သည်။

ရခိုင်ရှိ များပြား ရှုပ်ထွေးသည့် မြစ်လက်တက်၊ ချောင်းလက်တက်များကို စစ်ကောင်စီ ရေတပ်က ထိန်းချုပ်နိုင်ခြင်း မရှိ/ ဧရာဝတီ

စစ်ကောင်စီ ရေတပ်က မထိန်းချုပ်နိုင်ပေ။ စက်တပ်ယဉ်ငယ် သို့မဟုတ် လက်လှော်လှေများ အသုံးပြုသည့် AA ပြောက်ကျား တပ်ဖွဲ့များက စိုးမိုးထားသည်။ ထို့ပြင် ရမ်းဗြဲကျွန်းနှင့် ရခိုင်ကမ်းရိုးတန်းကြားရှိ မြစ်ချောင်းနှင့် ဒီရေတောများသည် စစ်ကောင်စီ ရေတပ်က မစိုးမိုးနိုင်ဘဲ AA ကသာ လှုပ်ရှားစိုးမိုးထားသည်ကို တွေ့ရသည်။

ဤသို့မြေအနေအထားတွင် စစ်ပွဲတရပ်ဆင်နွှဲခြင်းသည် ကရင်၊ ကချင်၊ ရှမ်းပြည်နယ် စသည့်တောင်တန်းဒေသများတွင် စစ်ပွဲဆင်နွဲသည်နှင့် ကွာခြားသည်။ စစ်ကောင်စီ ကြည်းတပ်နှင့် ရေတပ်သည်လည်း ၁၉၇၀ ခုနှစ် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ စစ်ဆင်ရေးပြီးနောက်ပိုင်း ထိုအတွေ့အကြုံ မရှိတော့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်သည်။

သို့ဖြစ်ရာ ရခိုင်ရှိ မြစ်ချောင်းများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ စစ်ဆင်ရာ၌ AA က တပန်းသာနေပြီး စစ်ကောင်စီအနေနှင့် အဓိက မြစ်ကြောင်းများနှင့် ပင်လယ်ဝများတွင် ထိန်းချုပ်ရန် ကြိုးစားနေရသည်။

ရခိုင်ရှိ မြစ်ချောင်းများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ စစ်ဆင်ရာ၌ AA က တပန်းသာနေပြီး စစ်ကောင်စီအနေနှင့် အဓိက မြစ်ကြောင်းများနှင့် ပင်လယ်ဝများတွင် ထိန်းချုပ်ရန် ကြိုးစားနေရသည်။

သို့ဖြစ်ရာ စစ်ကောင်စီ ကြည်းတပ်သာမက ရေတပ်သည်လည်း မြစ်ကြောင်းနှင့် အချက်အခြာ ပင်လယ်ဝများတွင် စိုးမိုးထိန်းချုပ်ရန်၊ လက်နက်ကြီး ပစ်ကူပေးရန်နှင့် ရိက္ခာ၊ စစ်သည်သယ်ယူပို့ဆောင်ပေးရန်သာ တာဝန်ယူနိုင်ပြီး ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။

သို့ဖြစ်ရာ တကျော့ပြန် ရခိုင်စစ်ပွဲတွင် အင်အား အနေအထား၊ မြေအနေအထားတို့ပေါ် မူတည်၍ စစ်ကောင်စီသည် ခံစစ်ဖြင့် မြို့ပြများကို ထိန်းသိမ်းပြီး တပိုင်တနိုင် စစ်ဆင်ရန် ပြင်ဆင်ထားသည်ဟု ဆိုရပါမည်။

လူဖမ်းပွဲ

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပြီး နောက်ပိုင်းမှစ၍ နှစ်ဘက်တင်းမာမှု စသည်။

စစ်ကောင်စီဘက်မှ AA နှင့် ပတ်သက်သည်ဆိုသူများကို ဖမ်းဆီးလာရာမှ စစ်ပွဲစတင်လာသောအခါ ပို၍ အဖမ်းအဆီး ကြမ်းလာသည်။ တက်ကြွလှုပ်ရှားသူ၊ လူမှုရေးကူညီသူ၊ နိုင်ငံရေး ပါတီဝင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး စသူများ သာမက စီးပွားရေး လုပ်ငန်းရှင်များ၊ စစ်ကောင်စိ အစိုးရဝန်ထမ်းများကိုပါ ဖမ်းဆီးလာသည်ကို တွေ့ရသည်။

ပညာရေးဌာနမှ ပညာရေးမှူးများ၊ ကျောင်းဆရာများ ပါသကဲ့သို့ ကျန်းမာရေးဌာနမှ ဆရာဝန်များလည်း ပါလာသည်။

ထို့ပြင် အခြားဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါလာသည်။ ထို့ပြင် စစ်ကောင်စီ၏ လုံခြုံရေး ယန္တရားမှ ရဲများသည်ပင်လျှင် AA နှင့် ဆက်သွယ်သည်ဟူ၍ ဖမ်းဆီးသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ၏ အစိုးရယန္တရားတွင် ရခိုင်လူမျိုးအတော်များများ တာဝန်ထမ်းဆောင်နေသည်ဖြစ်ရာ စစ်ကောင်စီ အနေနှင့် ရခိုင်လူမျိုး ဝန်ထမ်းများကို အယုံအကြည်မရှိ ဖြစ်နေသည်ဟု ဆိုရမည်။

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ၏ အစိုးရယန္တရားတွင် ရခိုင်လူမျိုးအတော်များများ တာဝန်ထမ်းဆောင်နေသည်ဖြစ်ရာ စစ်ကောင်စီ အနေနှင့် ရခိုင်လူမျိုး ဝန်ထမ်းများကို အယုံအကြည်မရှိ ဖြစ်နေသည်ဟု ဆိုရမည်။

ရခိုင်ပြည်နယ်တွင်သာမက တနိုင်ငံလုံး ရခိုင်လူမျိုး အစိုးရဝန်ထမ်းများကို ၂၀၂၀ ခုနှစ်မှ စတင်ကာ သတိနှင့် ကိုယ်တွယ်လာခဲ့ရာ နေပြည်တော်ရှိ နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုဝန်ကြီးအဆင့် ပုဂ္ဂိုလ်များ၏ ကိုယ်ရေးအရာရှိများထဲတွင် ရခိုင်လူမျိုးများ ပါဝင်နေပါက ဆက်မထားတော့ဘဲ လဲလှယ်ပစ်ခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ရခိုင်တောင်ပိုင်းသို့ AA ထိုးဖောက်လာသည်ဖြစ်ရာ သံတွဲမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစည်းအဝေး ခေါ်ဆိုပြီး AA နှင့်အဆက်အသွယ် မပြုလုပ်ရန်၊ ပြုလုပ်ပါက အရေးယူမည်ဟု စစ်ကောင်စီ တာဝန်ရှိသူများက ပြောဆိုနေသည်ကိုလည်း တွေ့ရသည်။

ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းတို့ကို AA က ထိန်းချုပ်ထားသည်/ဧရာဝတီ

စီးပွားရေးသမားများအားလည်း AA ကိုမကူညီ၊ မထောက်ပံ့ရန် ခြိမ်းခြောက်ပြောဆိုမှု၊ ဖမ်းဆီးမှု ပြုလုပ်သည်ကို တွေ့ရသည်။ ထို့ပြင် စစ်ဘေးဒုက္ခသည်စခန်းတွင် တာဝန်ယူနေသူများကိုလည်း လိုက်လံဖမ်းဆီးနေ၍ တိမ်းရှောင်နေရသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီ၏ ရခိုင်လူဖမ်းပွဲတွင် ဝန်ထမ်းများအပါ ရခိုင်တိုင်းရင်းသား ရာနှင့်ချီ၍ ဖမ်းဆီးခံထားရပြီး တောင်ကုတ် တမြို့ထဲ ၃၀ ခန့် ရှိသည်ဟု သိရသည်။

ဤသို့ စစ်ကောင်စီ၏ ဖမ်းဆီးမှုများသည် မြို့ပြများရှိ AA ၏ ခြေလက်များကို တုပ်နှောင်ရန် ကြိုးစားသည့် စစ်ကောင်စီ စစ်ဆင်ရေး၏ အစိတ်အပိုင်းဟု ဆိုရမည် ဖြစ်သည်။

ပိုမိုတင်းကြပ်လာသည့် ဖြတ်လေးဖြတ်

တကျော့ပြန် ရခိုင်စစ်ပွဲပြန်စလာသောအခါ စစ်ကောင်စီမှ ပိုမိုတင်းကျပ်လာသည်မှာ ဖြတ်လေးဖြတ်ဖြစ်သည်။ အဓိက ရိက္ခာနှင့် ဆေးဝါးဖြတ်တောက်ခြင်း ဖြစ်သည်။ ပို၍ဆိုးဝါးသည်မှာ ရခိုင်ပြည်နယ်တွင်း ဆေးဝါးဖြတ်တောက်ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်း တမြို့နှင့်တမြို့ ဆေးဝါးသယ်ဆောင်ခြင်းကို စစ်ကောင်စီက တင်းကြပ်စွာတားမြစ်ထားသည်။

အစိုးရ ဝန်ထမ်း ဆရာဝန်များပင် ဆေးဝါး သယ်ဆောင်ခွင့်မရှိဘဲ ဖမ်းဆီးအရေးယူသည်ကိုတွေ့ရသည်။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ်တွင်းရှိ အစိုးရ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံများတွင်ပါ ဆေးဝါးပြတ်လတ်နေသည်ကို တွေ့ရသည်။

အစိုးရ ဝန်ထမ်း ဆရာဝန်များပင် ဆေးဝါး သယ်ဆောင်ခွင့်မရှိဘဲ ဖမ်းဆီးအရေးယူသည်ကိုတွေ့ရသည်။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ်တွင်းရှိ အစိုးရ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံများတွင်ပါ ဆေးဝါးပြတ်လတ်နေသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ စစ်ကောင်စီ၏ ဆေးဝါးဖြတ်တောက်မှုသည် AA ကို ရည်ရွယ်သည်ဆိုသော်လည်း လက်တွေ့တွင် ရခိုင် ပြည်နယ်တွင်းရှိ လူထုတရပ်လုံးကိုပါ ဆေးဝါးဖြတ်တောက်နေသည်ဟု ဆိုရမည်။

ရိက္ခာဖြတ်တောက်မှုကို သာမန်အရပ်သားများက ကိုယ့်နည်းကိုယ်ဟန်နှင့် ဖြေရှင်းနိုင်သော်လည်း စစ်ဘေးဒုက္ခသည် စခန်းများရှိ လူထုအတွက်မှာ ကြီးစွာအခက်အခဲဖြစ်စေသည်ကို တွေ့ရသည်။ စစ်ဘေးဒုက္ခသည်စခန်းများအား အကူအညီ ပေးသည့်အဖွဲ့များအား သွားလာခွင့် ပိတ်ပင်ကန့်သတ်ထားရာ စစ်ဘေးဒုက္ခသည်စခန်းများ အခက်ကြုံရသည်။

ဂျပန် နိပွန်းဖေါင်ဒေးရှင်း၏ အကူအညီ ဆန်အိတ်များကိုလည်း ပို့ဆောင်ခွင့်ပိတ်ထားရာ အောက်တိုဘာလတွင်မှ ဒုက္ခသည်တဦးလျင် ဆန်တအိတ်နှုန်း ခွင့်ပြုခဲ့၍ စစ်ဘေးဒုက္ခသည်များ အတန်ငယ် အသက်ရှူချောင်ခဲ့၏။ ဂျပန် အကူအညီ ဆန်အိတ်များကို ကြာရှည်စွာ တားမြစ်ထား၍ ဂိုဒေါင်တွင်းရှိ ဆန်အိတ်အချို့ ပျက်စီးမှုပင် ရှိခဲ့သည်။

ထို့ပြင် မောင်တောဒေသ တိုက်ပွဲများ ဖြစ်လာပြီး အငူမော်၊ မောင်တော ကားလမ်းအား ပိတ်ထားခဲ့သည်။ ထိုကားလမ်း တလျှောက်ရှိ ရွာများအားလည်း တရွာနှင့်တရွာ အကူးအသန်း မပြုရန် တားမြစ်ထားခဲ့၏။ ရွာသားများသည် လိုအပ်သော ပစ္စည်းဝယ်ရန် ၁၅ ရက်တကြိမ်သာ စစ်ကောင်စီတပ်များ၏ ခွင့်ပြုချက်ဖြင့် မောင်တောဈေးသို့ သွားခွင့်ပြုထားသည်။

AA ညာလက်မောင်းတံဆိပ်/ဧရာဝတီ

ပလက်ဝ၊ ကျောက်တော် ရေလမ်းကြောင်းအားလည်း ယခင်ကထက် ပို၍ တင်းကြပ်ထားခဲ့သည်။ သို့သော်လည်း ရခိုင်ဒေသသည် ရှည်လျားသော ကမ်းရိုးတန်းရှိသည့်အပြင် မြစ်ချောင်းများပေါများသည်ဖြစ်၍ လူထုက ကိုယ့်နည်း ကိုယ့်ဟန် ဖြင့် စစ်ကောင်စီ၏ ပိတ်ဆို့မှုကို ကျော်လွှားကြသည်။

စစ်ကောင်စီသည်လည်း ကျယ်ပြန့်သော ကမ်းရိုးတန်းနှင့် မြစ်ချောင်းများကို အကုန်မပိတ်နိုင်ပေ။ အရင်က လွယ်ကူသည့် အရာများကို ခက်ခက်ခဲခဲ ကျော်လွှားရသည်သာ ကွာခြားသွားတော့၏။ သို့ဖြစ်ရာ ဆေးဝါး၊ ရိက္ခာများ လုံးဝပြတ်တောက် သွားသည့် အခြေမဆိုက်သော်လည်း ရှားပါးခြင်းနှင့် ကုန်ဈေးနှုန်း မြင့်ခြင်းကို ခံစားကြရသည်။

တကျော့ပြန် ရခိုင်စစ်ပွဲနှင့် ရခိုင်လူထု

စစ်ပွဲဖြစ်သည်နှင့် လူထု၏ အတိဒုက္ခသည် ကပ်ပါစမြဲဖြစ်သည်။ လက်ရှိ တကျော့ပြန်စစ်ပွဲဖြစ်ပြီးနောက် သုတေသန မှတ်တမ်းများအရ အောင်တိုဘာလ ၁၇ ရက်နေ့ထိ စာရင်းအရ ပလက်ဝနှင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ၁၇၄၇၄ ဦး တိုးလာပြီး မူလကျန်နေဆဲ စစ်ဘေးဒုက္ခသည် ၇၄၃၆၉ ဦးနှင့်ပေါင်းပါက ၉၁၈၄၃ ဦးထိ ရှိလာသည်။

စစ်ပွဲဖြစ်သည်နှင့် လူထု၏ အတိဒုက္ခသည် ကပ်ပါစမြဲဖြစ်သည်။ လက်ရှိ တကျော့ပြန်စစ်ပွဲဖြစ်ပြီးနောက် သုတေသန မှတ်တမ်းများအရ အောင်တိုဘာလ ၁၇ ရက်နေ့ထိ စာရင်းအရ ပလက်ဝနှင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ၁၇၄၇၄ ဦး တိုးလာပြီး မူလကျန်နေဆဲ စစ်ဘေးဒုက္ခသည် ၇၄၃၆၉ ဦးနှင့်ပေါင်းပါက ၉၁၈၄၃ ဦးထိ ရှိလာသည်။

စစ်ပွဲကျယ်ပြန့်လာပါက ထို့ထက် ပိုတိုးလာဖွယ်ရှိ၏။ ထို့ပြင် မိုင်းထိခြင်း၊ လက်နက်ကြီးထိမှန်ခြင်း၊ စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်ခြင်းတို့ကြောင့် သေဆုံးသူ ဆယ်အချို့နှင့် ဒဏ်ရာရရှိသူ ဆယ်အချို့ ရှိပြီဖြစ်ကြောင်း သိရသည်။

အဓိကအားဖြင့် တိုက်ပွဲဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သော စစ်ကောင်စီ၏ အမြောက်တပ်ကြောင့် ဖြစ်သည်ဟု မြေပြင်သတင်းများအရ သိရ၏။ စစ်ကောင်စီတပ်ကတော့ အမြဲငြင်းပယ်လေ့ ရှိသည်။

AA နှင့် ရခိုင်စစ်ပွဲ

ရက္ခိုင့်တပ်တော် ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သူ ဒေါက်တာညိုထွန်းအောင်က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် လက်ရှိ အချိန်သည် အဆုံးသတ်နှင့် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲအချိန်ရောက်နေပြီဟု သူ၏ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား လှုံ့ဆော်ခဲ့သည်ကို တွေ့ရသည်။

လက်ရှိ စစ်ကောင်စီက ၂၀၀၈ အခြေခံဥပဒေကို အသေဆုပ်ကိုင်ထားပြီး ပြင်လိုပါက သက်ဆိုင်ရာ အခန်းပါ ပုဒ်မ တခုချင်းကိုသာ ဆွေးနွေးပြင်ဆင်သွားမည်ဆိုသည့် နိုင်ငံရေး သဘောထားအရ လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်များအနေနှင့် လက်နက်ဆက်ကိုင်လိုပါက စစ်ကောင်စီ၏ စစ်တပ် သို့မဟုတ် နယ်ခြားစောင့်တပ်-BGF သို့ ဝင်ရမည်ဆိုသည့်သဘောထားအရ ၎င်းစစ်ကောင်စီနှင့် AA ကြား နိုင်ငံရေးဆွေးနွေးပွဲရလဒ် ထွက်ပေါ်စရာ အကြောင်း မရှိပေ။ သို့ဖြစ်ရာ AA နှင့် ရခိုင်စစ်မျက်နှာအခြေအနေသည် ပို၍ ပြင်းထန်လာဖွယ်ရာ ရှိသည်ဟု ဆိုရမည်။

AA သည် လက်ရှိကာလတွင် ဘင်္ဂလားနှင့် အိန္ဒိယနယ်စပ်တလျောက် တိုက်ပွဲများ အောင်မြင်စွာ ဆင်နွှဲနေသကဲ့သို့ ကျန် မြို့နယ်များတွင်လည်း ချေမှုန်းရေးတိုက်ပွဲများ အကန့်အသတ်နှင့် ဆင်နွှဲနေသည်။

ထို့ပြင် စစ်ကောင်စီတပ်များကို ပိတ်ဆို့ဖြတ်တောက်နေရာ စစ်ကောင်စီတပ်များ၏ အချို့စခန်းများ ဆုတ်လိုက်ရသကဲ့သို့ အချို့ စခန်းများ လှုပ်ရှား၍ မရပေ။ AA ၏ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် လေးမြို့မြစ်တကြောရှိ စစ်ကောင်စီတပ်များသည် မြောင်းဘွေ၊ ပန်းမြောင်းအထိသာ တပ်စွဲနိုင်ပြီး လေးမြို့မြစ်အထက်ပိုင်းနှင့် ရခိုင်ရိုးမ အထက်ပိုင်းကို စိုးမိုးနိုင်ခြင်း မရှိတော့ပေ။

လတ်တလောတွင်လည်း နိုဝင်ဘာ ၁၀ ခန့်မှစ၍ AA တပ်များသည် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းအား ဖြတ်တောက်သည်ကို တွေ့ရသည်။ AA တပ်ဖွဲ့များ ဖြတ်တောက်သည့်နေရာမှာ စစ်တွေမှ မိုင် ၂၀ ကျော်ခန့်သာ ဝေးသည့် တောင်ပေါက်ဆိုသည့် တောင်ကြောငယ်တွင်ဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့နှင့် မိုင်အနည်းငယ်မျှသာ ဝေးသည်။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း ကားလမ်းမ ကြီးပေါ်တွင် ဖြတ်တောက်ခြင်း ဖြစ်သည်။

လတ်တလောတွင်လည်း နိုဝင်ဘာ ၁၀ ခန့်မှစ၍ AA တပ်များသည် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းအား ဖြတ်တောက်သည်ကို တွေ့ရသည်။ AA တပ်ဖွဲ့များ ဖြတ်တောက်သည့်နေရာမှာ စစ်တွေမှ မိုင် ၂၀ ကျော်ခန့်သာ ဝေးသည့် တောင်ပေါက်ဆိုသည့် တောင်ကြောငယ်တွင်ဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့နှင့် မိုင်အနည်းငယ်မျှသာ ဝေးသည်။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း ကားလမ်းမ ကြီးပေါ်တွင် ဖြတ်တောက်ခြင်း ဖြစ်သည်။

တောင်ပေါက်တွင် AA တပ်များ ဖြတ်တောက်ပြီး မကြာမီ စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းပေါ်ရှိ ကွမ်းတောင်ရှိ စစ်ကောင်စီတပ်အား ဝင်တိုက်သည်မှအပ လှုပ်ရှားမှု မတွေ့ရပေ။ စစ်ကောင်စီဖက်ကလည်း နိုဝင်ဘာလ ၁၀ ရက်မှစ၍ စစ်တွေမြို့ အဝင်အထွက်ကို ပိတ်ဆို့ထားသည်။ AA တပ်အား ထွက်၍ ထိုးစစ်ဆင်သည့် မတွေ့ရပေ။ နှစ်ဖက်အခြေအနေကို စောင့်ကြည့်နေပုံရသည်။

AA တပ်ဖွဲ့များနှင့် စစ်‌ဒေသများသည် ဘင်္ဂလား၊ အိန္ဒိယနယ်စပ်မှသည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ အမ်း၊ တောင်ကုတ်၊ သံတွဲနှင့် ရမ်းဗြဲကျွန်းအထိ တဆက်စပ်ထဲရှိနေ၏။

စစ်ကောင်စီတပ်ကလည်း ထိုနယ်တလျှောက် အင်အားအလုံးအရင်းချထားသည်။ စစ်ကောင်စီ တပ်ကလည်း အခွင့်သာလျင် ဗျူဟာတခုခန့်သုံးသည့် စစ်ဆင်ရေးအငယ်များ ပြုလုပ်ရန် ချောင်းမြောင်းနေသကဲ့သို့ AA ကလည်း မည်သည့်နေရာတွင် တိုက်ပွဲကြီးဖေါ်မည် သို့မဟုတ် တိုက်ကွက်ဖေါ်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

ယခုကာလတွင်တော့ စစ်ကောင်စီသည် တပြည်လုံးအနှံ့ စစ်တိုက်နေရသည်။ အရူးမီးဝိုင်းဖြစ်နေ၏။ တပ်အင်အားလည်း လိုသလောက် သုံးခွင့်မရတော့ပေ။

AA ဒု-စစ်ဦးစီးချုပ် လှုံ့ဆော်သကဲ့သို့ အဆုံးအဖြတ်ပေးသည့် တိုက်ပွဲ တိုက်၊ မတိုက်ဆိုသည်နှင့်ပတ်သက်၍ AA တပ်ဖွဲ့ ၏ လက်နက်ခဲယမ်း သုံးနိုင်စွမ်းကို မသိနိုင်သဖြင့် ပြောဆိုရန် ခက်ခဲသည်ဟု ဆိုရမည်။ သို့သော် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေအရ ရခိုင်စစ်မျက်နှာတွင် ပို၍ ပြင်းထန်သော စစ်ပွဲများ ကြုံလာရတော့မည်ကတော့ မလွှဲမရှောင်သာဖြစ်သည်။

၂၀၁၉ ၊၂၀၂၀ ခုနှစ် ရခိုင်စစ်ပွဲကာလထက် ယခုကာလတွင် AA က အသာစီးရသည့် အခြေအနေတခုရှိသည်။ ၂၀၁၉၊ ၂၀၂၀ ခုနှစ် ကာလက မြန်မာစစ်တပ်သည် ရခိုင်စစ်မျက်နှာတခုထဲတွင်သာ အာရုံစိုက်၍ စစ်ဆင်ခွင့်ရသည်။ စစ်အင်အား လိုသလောက်သုံးခွင့်ရခဲ့သည်။

ယခုကာလတွင်တော့ စစ်ကောင်စီသည် တပြည်လုံးအနှံ့ စစ်တိုက်နေရသည်။ အရူးမီးဝိုင်းဖြစ်နေ၏။ တပ်အင်အားလည်း လိုသလောက် သုံးခွင့်မရတော့ပေ။

ပြီးပါပြီ။

(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

ရခိုင် စစ်မျက်နှာ ရီဗျူး ၁

စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို AA ထိန်းချုပ်ထားပြီလား

စစ်တွေမြို့ကို စစ်ကောင်စီ ပိတ်ထား၍ ကူးသန်းသွားလာရေး အခက်အခဲများဖြစ်

ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်

The post ရခိုင် စစ်မျက်နှာ ရီဗျူး ၂ appeared first on ဧရာဝတီ.

စစ်ကောင်စီကို ဒူးမထောက်တဲ့ CDM ကျန်းမာရေး ဝန်ထမ်းများ

$
0
0

ထရေစီသည် မိဘများကို နောက်ဆုံးတွေ့ခဲ့ရသည်မှာ လွန်ခဲ့သော ၂ နှစ်နီးပါးက ဖြစ်သည်။ သူသည် ဆေးတက္ကသိုလ် (၁) နောက်ဆုံးနှစ် ကျောင်းသူဘဝတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အသက် ၂၃ နှစ်ပြည့် မွေးနေ့ပွဲကျင်းပပြီး နောက်တရက်၌ သူ၏မိသားစုကို ရန်ကုန်တွင် ချန်ထားခဲ့ရသည်။

ယခုအခါ အသက် ၂၄ နှစ်ပြည့်ပြီဖြစ်သော ထရေစီသည် အဆင်ပြေချောမွေ့သော မြို့ပြဘဝနှင့် အာမခံချက်ရှိသော အနာဂတ်ကို စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေး၏ ကြမ်းတမ်းလှသော တောတွင်းဘဝနှင့် အလဲအထပ် လုပ်ခဲ့သူတဦး ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက သတ်ဖြတ်နှိမ်နင်းသောကြောင့် ထရေစီကဲ့သို့သော လူငယ်ပေါင်းများစွာသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် ဒေသများတွင် သွားရောက်ခိုလှုံရသည်။

ယခုအခါ အချို့သည် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့်အတူ တိုက်ခိုက်နေပြီး ထရေစီ ကဲ့သို့သောသူများသည် ၎င်းတို့ လေ့လာထားသော ပညာများဖြင့် မရှိမဖြစ် လိုအပ်သော အကျိုးဆောင်မှု ပြုလုပ်နေပြီး ရဲဘော်ရဲဘက်များနှင့် ဒေသခံများကို ဆေးဝါးကုသပေးနေသည်။

ယခုအခါ အချို့သည် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့်အတူ တိုက်ခိုက်နေပြီး ထရေစီ ကဲ့သို့သောသူများသည် ၎င်းတို့ လေ့လာထားသော ပညာများဖြင့် မရှိမဖြစ် လိုအပ်သော အကျိုးဆောင်မှု ပြုလုပ်နေပြီး ရဲဘော်ရဲဘက်များနှင့် ဒေသခံများကို ဆေးဝါးကုသပေးနေသည်။

ယခုအခါ ထရေစီသည် လွန်ခဲ့သောနှစ် မေလမှစတင်ပြီး စစ်ကောင်စီတပ်များနှင့် လူမျိုးစုလက်နက်ကိုင်တပ်များအကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့် ကရင်နီ (ကယား) ပြည်နယ်တွင် နေထိုင်နေသည်။

အခြားသူ အများအပြားကဲ့သို့ပင် ထရေစီသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားသည့် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သည်။ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး တဦးဖြစ်သောကြောင့် သူသည် နိုင်ငံတဝှမ်းမှ စစ်အုပ်ချုပ်ရေးဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်သည်။ သို့သော် စစ်ကောင်စီတပ်များက လှုံ့ဆော်မှုဖြင့် စွဲချက်တင်ပြီး သူ၏ အိမ်ကို ဝင်ရောက်စီးနင်းသောအခါ ထွက်ပြေးရသည်။

“တော်လှန်ရေး မပြီးမချင်း စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်ရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ရန်ကုန်က ထွက်လာခဲ့တယ်” ဟု ထရေစီက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“မတရားမှုတွေကို ရပ်ကြည့်မနေနိုင်ဘူး။ ပြည်သူတွေ အနာဂတ်ဆုံးရှုံးတာ မလိုချင်ဘူး။ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ လုပ်လို့ရတာ အကုန်လုပ်မယ်” ဟု သူကပြောသည်။

ထရေစီသည် ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်သို့ ရောက်လာပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFs)၊ ဒေသခံများနှင့် စစ်ဘေးရှောင်များအတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်သည်။ မြို့နယ်အတွင်း ဝေးကွာသော ဒေသများမှ ကျောင်းသားများအတွက် သင်ကြားရေး အထောက်အကူပြုများကို ဝေငှကာ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ ကျောင်းများတွင် ကျန်းမာရေးပညာပေးများ သင်ကြားပေးသည်။

ကျန်းမာရေးဝန်ထမ်းများ နေပြည်တော်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေစဉ် / ဧရာဝတီ

ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ စီနီယာ အကိုအမများနှင့် အများပြည်သူအကူအညီဖြင့် ပေးပို့သည့် အစားအသောက်များကို စစ်ဘေးရှောင်စခန်းများသို့ မျှဝေပေးသည်။ ထို့အပြင် သူနှင့် လုပ်ဖော်ကိုင်ဖက်များသည် ၎င်းတို့ဒေသတွင် နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တခုကိုလည်း ထူထောင်ခဲ့သည်။

၎င်းတို့ဒေသမှ ဆေးခန်းတခန်းကို ယခုအခါ ခွဲစိတ်ကုသမှုအမျိုးမျိုး လုပ်နိုင်သည့် ဆေးရုံတရုံအဖြစ် အဆင့်မြှင့်တင်လိုက်ပြီ ဖြစ်သည်။ ထိုဆေးရုံမှ ခွဲစိတ်ကုသမှုများကို သူ၏ဆေးတက္ကသိုလ်မှ စီနီယာများ၏ အကူအညီဖြင့် ပြုလုပ်နေကြောင်း ထရေစီက ပြောသည်။ အမည်မဖော်လိုသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ ပြည်သူ့စေတနာ့ဝန်ထမ်းများနှင့် NUG ကျန်းမာရေးဝန်ကြီးဌာနက ၎င်းတို့ကို ကူညီနေသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုများအကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် ထိုဆေးရုံသည် အပြင်းအထန် ဒဏ်ရာရလာသူ တဒါဇင်ကျော်ကို ကုသပေးရသည်။ ထိုသို့သော အချိန်များတွင် ထရေစီနှင့် လုပ်ဖော်ကိုင်ဖက်များသည် နေ့ရောညပါ ခွဲစိတ်ကုသပေးရသည်။

“လူနာတွေက ခွဲစိတ်ခန်းရောက်လာတော့ ခြေထောက် မပါတော့တာ၊ လက် မပါတော့တာ၊ ဗိုက်ကပွင့် နေတာမျိုးတွေ ဖြစ်နေတာ” ဟု တော်လှန်ရေးတပ်ဖွဲ့မှ ဒဏ်ရာရသူများအကြောင်း သူကပြောပြသည်။

စစ်ကောင်စီ၏ အမြောက်ဆံထိမှန်ပြီး ဝမ်းဗိုက်တွင် အပြင်းအထန် ဒဏ်ရာရလာသော လူငယ် ရဲဘော်တဦးအား သယ်ဆောင်လာသည်ကို သူမှတ်မိနေသည်။ သူ အသက် ဆက်လက်ရှင်သန်ရန် အခွင့်အလမ်း နည်းသော်လည်း ထရေစီနှင့် အခြားဆရာဝန်များက သူ့ကို ဆက်လက် ကုသပေးသည်။ ၆ နာရီကြာ အပြင်းအထန် ကုသရပြီးနောက် ထိုရဲဘော် အသက်ရှင်သေးသော်လည်း နောက် နာရီဝက် အကြာတွင် ကွယ်လွန်သွားသည်။

ထိုရဲဘော် ကျဆုံးသောကြောင့် သူနှင့် လုပ်ဖော်ကိုင်ဖက်များ စိတ်နှလုံးကြေကွဲရကြောင်း ထရေစီက ပြောပြသည်။

“လူငယ်တော်လှန်ရေးသမားတွေရဲ့ တိုက်ပွဲအတွက် ကျမ မဆောက်တည်နိုင်လောက်အောင် ခံစားရတယ်။ တချိန်တည်းမှာပဲ ကျမက စစ်ခွေးတွေနဲ့ သူတို့အတွက် အလုပ်လုပ်ပေးနေသူတွေကို မုန်းတယ်၊ ရွံတယ်၊ ဒေါသထွက်တယ်” ဟု စိတ်ခံစားမှုကြောင့် ကွဲအက်နေသော အသံဖြင့် သူကပြောသည်။

“လူငယ်တော်လှန်ရေးသမားတွေရဲ့ တိုက်ပွဲအတွက် ကျမ မဆောက်တည်နိုင်လောက်အောင် ခံစားရတယ်။ တချိန်တည်းမှာပဲ ကျမက စစ်ခွေးတွေနဲ့ သူတို့အတွက် အလုပ်လုပ်ပေးနေသူတွေကို မုန်းတယ်၊ ရွံတယ်၊ ဒေါသထွက်တယ်” ဟု စိတ်ခံစားမှုကြောင့် ကွဲအက်နေသော အသံဖြင့် သူကပြောသည်။

တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ရန် သဘောတူခဲ့သော မိဘများနှင့် ခွဲခွာလိုက်ရသောကြောင့် ဝမ်းနည်းကြောင်း ထရေစီက ပြောသည်။

“ကျမ စိတ်ဓာတ်ကျရတဲ့အခါ တော်လှန်ရေးသမားတွေ စွန့်လွှတ်အနစ်နာခံရတာကို ကျမ စဉ်းစားတယ်။ သူတို့တွေက အသက်တွေပေးသွားလို့ မိဘတွေနဲ့ ဘယ်တော့မှ ပြန်မတွေ့ရ တော့ဘူးလေ” ဟုလည်း ဧရာဝတီ သတင်းဌာနသို့ သူကပြောသည်။

ထရေစီနှင့် လုပ်ဖော်ကိုင်ဖက်များကို အားကိုးနေရသည်မှာ PDF တပ်ဖွဲ့ဝင်များသာမကဘဲ ထိုဒေသမှ အရပ်သားများနှင့် စစ်ဘေးရှောင်များလည်း ပါဝင်သည်။ စစ်ကောင်စီတပ်များသည့် ကျေးရွာများကို မကြာခဏ တိုက်ခိုက်သောကြောင့် အရပ်သားဒေသခံများသည် မကြာခဏ ဒဏ်ရာရသလို နေအိမ်များကိုလည်း ဆုံးရှုံးကြသည်။ တချိန်တည်းတွင် IDPs စစ်ဘေးရှောင် ဒေသခံစခန်းများတွင်လည်း လူသားချင်း စာနာမှု အကူအညီမရသောကြောင့် ကျန်းမာရေး ညံ့ဖျင်းခြင်းနှင့် အရေးပေါ်အခြေအနေများကို ကြုံတွေ့နေရသည်။

ထရေစီနှင့် ကျန်းမာရေးဝန်ထမ်းတဦးတို့ လူနာကို ကုသနေစဉ်

IDPs စစ်ဘေးရှောင်စန်းများတွက် စောင်မလုံလောက်ဘဲ ကလေးငယ်များသည် အေးသောရာသီတွင် အအေးမိကာ သန့်ရှင်းသောရေ မရသောကြောင့် ဝမ်းလျှောကြသည်။ တချိန်တည်းတွင် အသက်အရွယ် ကြီးရင့်သော စစ်ဘေးရှောင်များသည် သွေးတိုး၊ နှလုံး၊ ဆီးချိုစသည့် နာတာရှည်ရောဂါများ ခံစားနေရပြီး ဆေးဝါး မလုံလောက်သောကြောင့် လွန်စွာဖျားနာသောအခါမှသာ ဆေးရုံသို့ရောက်လာကြသည်။

“ကျမတို့က သူတို့ကို နေ့ရောညပါ စောင့်ရှောက်တယ်။ သူတို့ပြန် နာလန်ထလာရင် ကျမတို့ အရမ်း ဝမ်းသာကြတယ်” ဟုလည်း သူကပြောသည်။

ထရေစီကဲ့သို့ပင် ဂျူလီယာသည်လည်း ချင်းပြည်နယ်မှ အရပ်သားများနှင့် လူမျိုးစုလက်နက်ကိုင်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတဦး ဖြစ်သည်။

လူထုအာဏာဖီဆန်ရေး ဆေးဝန်ထမ်းများ၏ အင်အား

အသက် ၃၃ နှစ်ရှိပြီဖြစ်သော ဂျူလီယာသည် စစ်အာဏာမသိမ်းမီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းတဦးဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် သူနှင့် လုပ်ဖော်ကိုင်ဖက် အများအပြားသည် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသည်။ တနိုင်ငံလုံးမှ ကျန်းမာရေးလုပ်သားများသည် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပထမဆုံး ပညာရှင်များဖြစ်သည်။ တနိုင်ငံလုံးရှိ ဆေးရုံများမှ ကျန်းမာရေးလုပ်သားများသည် ဆေးရုံများတွင် CDM စာတန်းများ ချိတ်ဆွဲကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။

ချင်းပြည်နယ်၊ မင်းတပ်ရှိ ဝေးလံသော ဒေသတခုတွင် ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော ဂျူလီယာ

မြန်မာမှ ကျန်းမာရေးလုပ်သား ၁၁၀,၀၀၀ အနက် ၆၀,၀၀၀ သည် CDM လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် ရပ်ဆိုင်းသွားသည်။

ကျန်းမာရေး CDM လှုပ်ရှားမှုတွင် ပါဝင်သူ ၅,၀၀၀ နီးပါးသည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှ တော်လှန်ရေးအုပ်စုများနှင့်အတူ ကျန်းမာရေး လုပ်သားများအဖြစ် ဆက်လက် လုပ်ကိုင်နေသည်ဟု ထိုစာရင်းကို ပြုစုနေသည့် CDM ကျန်းမာရေးလုပ်သားကွန်ရက်၏ အဆိုအရ သိရသည်။ ထိုသူများတွင် အထူးကုဆရာဝန် ၃၂၀၊ သူနာပြုဆရာမ ၅၆၀ နှင့် အခြေခံ ကျန်းမာရေးလုပ်သား ၁,၅၅၄ ဦးနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်ကြောင်း NUG ၏ အဆိုအရ သိရသည်။

ကျန်းမာရေး CDM လှုပ်ရှားမှုတွင် ပါဝင်သူ ၅,၀၀၀ နီးပါးသည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှ တော်လှန်ရေးအုပ်စုများနှင့်အတူ ကျန်းမာရေး လုပ်သားများအဖြစ် ဆက်လက် လုပ်ကိုင်နေသည်ဟု ထိုစာရင်းကို ပြုစုနေသည့် CDM ကျန်းမာရေးလုပ်သားကွန်ရက်၏ အဆိုအရ သိရသည်။ ထိုသူများတွင် အထူးကုဆရာဝန် ၃၂၀၊ သူနာပြုဆရာမ ၅၆၀ နှင့် အခြေခံ ကျန်းမာရေးလုပ်သား ၁,၅၅၄ ဦးနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်ကြောင်း NUG ၏ အဆိုအရ သိရသည်။

ဂျူလီယာသည် ထိုကျန်းမာရေးဝန်ထမ်းများအနက် တဦးဖြစ်ကာ တော်လှန်ရေးတပ်များ၏ အခြေစိုက် စခန်းတွင်သာမက မင်းတပ်မြို့နယ်မှ ဝေးကွာသော နေရာများတွင်လည်း တာဝန်ထမ်းဆောင်သည်။ ယခင်က သူသည် ကျန်းမာရေးဝန်ကြီးဌာနတွင် ၁၀ နှစ် လုပ်ကိုင်ဖူးသည်။

“စစ်အာဏာသိမ်းတာကို အရမ်းဆန့်ကျင်ရှုတ်ချလို့ CDM လှုပ်ရှားမှုမှာ ကျမပါဝင်တယ်” ဟု ဂျူလီယာက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

သူနှင့်မိတ်ဆွေများသည် မင်းတပ်တွင် တိုက်ပွဲများ မဖြစ်ပွားမီ ၂၀၂၁ ခုနှစ်၊ မေလမတိုင်မီတွင် CDM ဆေးကုခန်းတခုကို တည်ထောင်ကြသည်။ ထို့နောက် သူသည် ချင်းကာကွယ်ရေးတပ် CDF (မင်းတပ်) က စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် ဝေးကွာသောနေရာတခုသို့ ပြောင်းရွှေ့သွားခဲ့သည်။

၂၀၂၁ ခုနှစ်မေလတွင် သူနှင့်အခြားကျန်းမာရေးလုပ်သား ၅ ဦးသည် ရှေ့တန်းစစ်မျက်နှာတွင် ၁၄ ရက်ကြာ တာဝန်ထမ်းဆောင်ရသည်။

“ကျမတို့ဘက်မှာ လက်နက် မလုံလောက်တော့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ရတယ်။ ဒဏ်ရာ အပြင်းအထန်ရပြီး သွေးတွေ အရမ်းထွက်နေတဲ့ ရဲဘော်တွေအတွက် ပတ်တီးတွေ အများကြီး သုံးရတယ်” ဟု သူကပြောပြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်များနှင့် သူနာပြုများ စစ်အာသိမ်းမှု ဆန့်ကျင်ရေး ဖဲကြိုးနီ လှုပ်ရှားမှု၌ ပါဝင်စဉ် / ဧရာဝတီ

ယခင်က စစ်ပွဲအခြေအနေမျိုးနှင့် မရင်ဆိုင်ခဲ့ဖူးသောကြောင့် အစောပိုင်းတွင် ကြောက်လန့်ခဲ့သည်။ သို့သော် တိုက်ပွဲတွင် ဒဏ်ရာရသော CDF ရဲဘော်များကို ကုသပေးရင်း ထိုအကြောက်တရားကို ကျော်လွှားနိုင်ခဲ့သည်။

ဒဏ်ရာရသည့် ရဲဘော်များ၏ သွေးများ အများအပြား စွန်းထင်းနေသောကြောင့် ကျန်းမာရေး လုပ်သားများ မထိုင်နိုင်သည့် တာပေါ်လင်စ တခုကို တွေ့ခဲ့ကြောင်း သူကပြောပြသည်။

“ရဲဘော်တယောက်က အမြောက်ဆံထိလို့ ဦးခေါင်းခွံကြေပြီး ဆုံးတယ်။ ကျန်တဲ့သူတွေလည်း မေးရိုးကျိုးတာတို့၊ ခြေထောက်ကို ကျည်ဆံမှန်တာတို့ ဖြစ်ကြတယ်။ စာရေးကိရိယာ ကိုင်ရမယ့်အစား လက်နက်တွေကိုင်ရတဲ့ ဒီလူငယ်တွေအတွက် ကျမ ဝမ်းနည်းတယ်” ဟု သူကပြောသည်။

စစ်မြေပြင်မှ အဝေးသို့ ရောက်နေချိန်တွင် သူသည် CDF အခြေစိုက်စခန်းတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင် အများအပြားသည် မသန့်ရှင်းသော ရေကြောင့် ကျောက်ကပ်တွင် ကျောက်တည်ကြသည်။ ဆိုးရွားသော ရာသီဥတုနှင့် လေ့ကျင့်ရေးကြောင့် သူကိုယ်တိုင်လည်း ဖျားနာဖူးသည်။

ရှေ့တန်း စစ်မျက်နှာသို့ သွားရန်လိုအပ်တိုင်း သူအသင့်ရှိနေသည်။ တချိန်တည်းတွင် သူသည် မြို့နယ်အတွင်းမှ အလှမ်းဝေးသည့် ကျေးရွာများတွင် သူ၏အဓိက ကျွမ်းကျင်သည့် လုပ်ငန်းဖြစ်သည့် အမျိုးသမီးနှင့် ကလေးကျန်းမာရေး ဝန်ဆောင်မှုများလည်း ပေးရသည်။

ဝေးကွာသည့် ကျေးရွာများတွင် ဆေးပစ္စည်းကိရိယာ လုံလုံလောက်လောက် မရှိသောကြောင့် အခက်အခဲများစွာ ရင်ဆိုင်ရသည်။

“အာဏာမသိမ်းခင်တုန်းက ဌာနတခုအနေနဲ့ ဝန်ဆောင်မှု အပြည့်ပေးခဲ့တာ” ဟုလည်း သူကပြောသည်။

“ဒါပေမယ့် မနှစ်ကစပြီး အလုပ်တွေအားလုံးကို ကျမတို့ပဲလုပ်ရတယ်။ အာဏာသိမ်းချိန်ကစတင်ပြီး ကျမတို့မှာ ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာ မလုံလောက်တော့ဘူး” ဟု အများပြည်သူကျန်းမာရေး ဝန်ဆောင်မှုပေးရာတွင် ကြုံရသည့် အခက်အခဲများအကြောင်း သူကပြောပြသည်။

ကျန်းမာရေး ဝန်ဆောင်မှုပေးနေသော ကျန်းမာရေးဝန်ထမ်းတဦး

သို့သော် ဂျူလီယာနှင့် အခြား CDM ဆေးဝန်ထမ်းများသည် ၎င်းတို့တာဝန်ယူရသည့် နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ပေးရန် ဆုံးဖြတ်ထားကြသည်။

ဒို့မြေ ဆေးတပ်ဖွဲ့

စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ အခိုင်အမာဒေသဖြစ်သော စစ်ကိုင်းတိုင်း အနောက်ပိုင်းတွင် ကျန်းမာရေး ဝန်ဆောင်မှုများပေးရန် CDM ဆေးဝန်ထမ်းများက ဒို့မြေ ဆေးတပ်ဖွဲ့ကို လွန်ခဲ့သော ၃ လက တည်ထောင်သည်။ ထိုအဖွဲ့သည် စစ်ဘေးရှောင်များ အတွက်သာမက တော်လှန်ရေး အင်အားစုများကိုလည်း ကျန်းမာရေး စောင့်ရှောက်ပေးနေသည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သော ကိုမြတ်သူသည် ဒို့မြေ ဆေးတပ်ဖွဲ့ကို ထူထောင်သည့် CDM ဆေးဝန်ထမ်းတဦး ဖြစ်သည်။

စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ အခိုင်အမာဒေသဖြစ်သော စစ်ကိုင်းတိုင်း အနောက်ပိုင်းတွင် ကျန်းမာရေး ဝန်ဆောင်မှုများပေးရန် CDM ဆေးဝန်ထမ်းများက ဒို့မြေ ဆေးတပ်ဖွဲ့ကို လွန်ခဲ့သော ၃ လက တည်ထောင်သည်။ ထိုအဖွဲ့သည် စစ်ဘေးရှောင်များ အတွက်သာမက တော်လှန်ရေး အင်အားစုများကိုလည်း ကျန်းမာရေး စောင့်ရှောက်ပေးနေသည်။

စစ်အာဏာသိမ်းပြီးနောက် ၂ ရက်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ CDM လှုပ်ရှားမှုတွင် မပါဝင်မီက သူသည် ပြည်သူ့ကျန်းမာရေး အရာရှိတဦးအဖြစ် လုပ်ကိုင်ခဲ့သည်မှာ ၁၈ နှစ် ရှိပြီဖြစ်သည်။

“ကျနော်တို့ကို CDM လှုပ်ရှားမှုမှာ ပါဝင်စေတာက စစ်အာဏာသိမ်းမှုပဲ” ဟု ကိုမြတ်သူက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

လွန်ခဲ့သော နှစ်မှစတင်ပြီး အခြား CDM ဆေးဝန်ထမ်းများကဲ့သို့ပင် ကျေးရွာများသို့ လှည့်လည်သွားကာ ပြည်သူများကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုများပေးသည်။ သူနှင့် လုပ်ဖော်ကိုင်ဖက်များသည် လွန်ခဲ့သော ၃ လမှစတင်ပြီး PDF အဖွဲ့ဝင်များကိုလည်း ကျန်းမာရေး ဝန်ဆောင်မှုများ ပေးသည်။

ကိုမြတ်သူနှင့် အခြားဆေးဝန်ထမ်း ၂ ဦးသည် ရှေ့တန်းစစ်မျက်နှာ နောက်ဘက်တွင် စခန်းချပြီး ဒဏ်ရာရသော ရဲဘော်များအတွက် ရှေးဦးသူနာပြုစုမှုများ လုပ်ဆောင်ပေးသည်။ အပြင်းအထန် ဒဏ်ရာရသော ရဲဘော်များကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ဒေသရှိ ဆေးရုံများသို့ ပို့ဆောင်ပေးသည်။

တော်လှန်ရေးရဲဘော် အများအပြား ကျဆုံးရခြင်း၊ ခြေလက်အင်္ဂါ ဆုံးရှုံးရခြင်းကိုလည်း သူကြုံဖူးသည်။

“ဒီမှာကတော့ ပျော်ရွှင်စရာထက် နာကျင်စရာတွေပဲရှိတယ်” ဟုလည်း သူကပြောသည်။

သူ့မိသားစုက သူ့အတွက် စိုးရိမ်သလို သူ့မိသားစုအတွက်လည်း သူက စိုးရိမ်ရသည်။ စစ်ကောင်စီ တပ်များသည် သူ၏ဒေသမှ ကျေးရွာများကို နေ့စဉ်နီးပါး တိုက်ခိုက်နေသည်။

စစ်ကောင်စီလေတပ်ကလည်း ဒေသတွင်းတွင် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်သည်။

“လေယာဉ်တွေလာရင် ဘာမှ လုပ်မရဘူး။ ပြေးရတာပဲ” ဟုလည်း သူကပြောပြသည်။

ဦးမညွှတ် အရှုံးမပေးသော CDM ဆေးဝန်ထမ်းများ

၎င်းတို့၏ ဒေသအသီးသီးတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများ ထူထောင်ပြီးနောက် CDM ကျန်းမာရေး ဝန်ထမ်းများသည် ဆေးဝါးနှင့် အခြားလိုအပ်သော ပစ္စည်းများ မလုံလောက်သော်လည်း ၎င်းတို့အလုပ်ကို ၎င်းတို့ ဆက်လက် လုပ်ကိုင်နေသည်။

“တော်လှန်ရေး ပြီးတဲ့အထိ ရဲဘော်တွေနဲ့အတူ ဆက်လက် တိုက်ပွဲဝင်မယ်။ တော်လှန်ရေး ပြီးရင် ကျနော့်ဌာနမှာ ကျနော်ပြန်လုပ်မယ်” ဟု ဧရာဝတီ သတင်းဌာနသို့ ကိုမြတ်သူကပြောသည်။

ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများသည် တရားသော စစ်ကို တိုက်ခိုက်နေသောကြောင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့်တိုက်ပွဲ အောင်မြင်ရမည်ဟု ဂျူလီယာ ယုံကြည်သည်။

“ကျမတို့ မလွဲမသွေ အောင်မြင်ရမယ်။ ဒါပေမယ့် အချိန်တော့ လိုတယ်။ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဘယ်တော့မှ မစွန့်လွှတ်ဘူး။ နောက်ဆုံးအချိန်အထိ စစ်တပ်ကို ဆက်လက် တိုက်ပွဲဝင်မယ်” ဟု သူကပြောသည်။

PDF စခန်းများတွင်သာမက စစ်ဘေးရှောင်များစခန်းများနှင့် အရပ်သားဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးရင်း ဆေးဝန်ထမ်းများသည် တနိုင်ငံလုံးမှ ၎င်းတို့ ဆေးအဖွဲ့များအတွက် ပြည်သူလူထုထံမှ အလှူခံရသည်။

စစ်တပ်အုပ်ချုပ်မှုအောက်တွင် ပေါ့ပေါ့ဆဆ မနေဘဲ တော်လှန်ရေး အင်အားစုများကို မည်သည့်နည်းဖြင့်မဆို ထောက်ပံ့ရာတွင် ပါဝင်ရန် ပြည်သူများကို ထရေစီက တိုက်တွန်းသည်။

“ကျမတို့ဟာ တော်လှန်ရေး အမြန်ဆုံးပြီးအောင် တိုက်ပွဲဝင်နေတယ်။ ဒီတိုက်ပွဲမှာ ပါဝင်စေချင်တယ်” ဟု သူကပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Yuzana ၏ Myanmar Resistance Medics on Front Line of Fight Against Military Rule ကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြသည်။)

You may also like these stories :

မြန်မာ့နွေဦး တော်လှန်ရေးထဲက အသက်ကယ် လက်များ

မန္တလေးတွင် CDM အထူးကု ဆရာဝန်ကြီးများအပါ ၉ ဦး ထပ် အဖမ်းခံရ

သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင် စစ်ကြောရေးတွင် သေဆုံး

မီးလောင်ပြင်မှ နိုးထလာသည့် တော်လှန်ရေးအမာခံဒေသ ထန်တလန်

The post စစ်ကောင်စီကို ဒူးမထောက်တဲ့ CDM ကျန်းမာရေး ဝန်ထမ်းများ appeared first on ဧရာဝတီ.


ပထမတကျော့မှာပင် ဖမ်းစားနိုင်ခဲ့တဲ့ ကာတာကမ္ဘာ့ဖလား

$
0
0

ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပထမပွဲတွေ တကျော့ကန်ပြီးသွားကြပြီ။ ဗိုလ်စွဲဖို့ ရေပန်းစားခဲ့တဲ့ အာဂျင်တီးနားနဲ့ နာမည်ကြီး ဂျာမနီအသင်းတို့ ရှုံးပွဲတွေ့ခဲ့ကြတာကလွဲလို့ ကျန်တဲ့ ရေပန်းစား နာမည်ကြီးအသင်းများ အားလုံးလိုလို နိုင်ပွဲယူနိုင်ခဲ့ကြတယ်။

ဒီတကြိမ် ကမ္ဘာ့ဖလားမှာ အာရှ ဘောလုံးအသင်းတွေရဲ့ စွမ်းဆောင်ရည်ကြောင့် ပွဲစည်ခဲ့ပြီး ကမ္ဘာ့ဖလားဘက်ကလူတွေ လှည့်ကြည့်လာကြတယ်လို့ ဆိုချင်တယ်။

ပြိုင်ပွဲမှာဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အာဂျင်တီးနားအသင်းကို အာရှက ဆော်ဒီအာရေဗျအသင်းက အနိုင်ကန်လိုက်တာမှာ အငိုက်မိသွားတဲ့ အာဂျင်တီးနား အသင်းသားတွေနဲ့အတူ ဘောလုံးပရိသတ်တွေ ခေါင်းထောင်ထလာတယ်။

ဆော်ဒီအသင်းရဲ့ လူကျွံဘောဖမ်းကစားတာ အလုပ်ဖြစ်ခဲ့ပြီး အာဂျင်တီးနားအသင်းသွင်းတဲ့ ဘောလုံး ၂ လုံး ဂိုးပိုက်ထဲရောက်ခဲ့ပေမယ့် ဂိုး မဖြစ်ခဲ့ဘူး။ ဒုတိယပိုင်းမှာ အာဂျင်တီးနား ကစားအားကျသွားပြီး ဆော်ဒီကို ဒူးထောက်အရှုံးပေးလိုက်ရတယ်။

အာဂျင်တီးနားအသင်းရဲ့ သက်ကြီး ကွင်းလယ်ကစားသမားတွေ အလုပ်မဖြစ်ခဲ့ဘဲ တပွဲလုံးလိုလို ဒီမာရီယာရှိတဲ့ ညာဘက်ခြမ်းကပဲ ထိုးဖောက်ကစားသွားတာလည်း ပြောစရာဖြစ်ခဲ့တယ်။

ဆော်ဒီအသင်းရဲ့ လူကျွံဘောဖမ်းကစားတာ အလုပ်ဖြစ်ခဲ့ပြီး အာဂျင်တီးနားအသင်းသွင်းတဲ့ ဘောလုံး ၂ လုံး ဂိုးပိုက်ထဲရောက်ခဲ့ပေမယ့် ဂိုး မဖြစ်ခဲ့ဘူး။ ဒုတိယပိုင်းမှာ အာဂျင်တီးနား ကစားအားကျသွားပြီး ဆော်ဒီကို ဒူးထောက်အရှုံးပေးလိုက်ရတယ်။

အာဂျင်တီးနားကို အနိုင်ရခဲ့လို့ ဆော်ဒီမှာ အလုပ်နဲ့ကျောင်းများပိတ်ပြီး အောင်ပွဲခံခဲ့ကြတယ်။ ဆော်ဒီအိမ်ရှေ့မင်းသားက အာဂျင်တီးနားလို အသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့အတွက် ဆောဒီကစားသမား တယောက်ချင်းစီကို လန်ဘော်ဂီနီ ကားတစီးဆီ ချီးမြှင့်ခဲ့တယ်။

ဆော်ဒီခြေရာ နောက်ထပ်လိုက်နိုင်ခဲ့တဲ့ အာရှအသင်းက ဂျပန်ဖြစ်ပြီး နာမည်ကြီး ဂျာမနီအသင်းကို ၂-၁ နဲ့ အနိုင်ကစားလိုက်ပြန်တယ်။ ပထမပိုင်းမှာ ဂျာမနီအသင်းခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး အာဂျင်တီးနားလိုပဲ ပယ်နယ်တီနဲ့ ၁ ဂိုး အသာရထားတယ်။

ဒုတိယပိုင်းမှာ ဂျာမနီအသင်း ခြေကျသွားသလို လူစားဝင် ကစားသမားတွေကလည်း အလုပ်မဖြစ်ခဲ့ဘူး။ ဒီအချိန်မှာ ဂျပန်လူစားဝင် ကစားသမားတွေက ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပြီး အလုပ်ဖြစ်သွားတယ်။

ဆောင်းပါးရှင် ချစ်ဝင်းမောင် သုံးသပ်ချက်က ပြုံးစရာ။

“ဂျာမန်တွေကို ဘွန်ဒက်စ်လီဂါ ဆေးခါးကြီး

ပြန်တိုက်ကျွေးလိုက်တဲ့ ဆာမူရိုင်းအပြာ ဂျပန် …။

နိုဝင်ဘာ ၂၃ ညနေက ဒိုဟာ၊ ခါလီဖာကွင်းမှာ ဂျပန်ဆာမူရိုင်းအပြာတွေက ကမ္ဘာ့ဖလား လေးကြိမ်ရ ဘောလုံးဘိုးအေ၊ ဘောလုံးဂုရုဂျာမနီကို အံ့အားသင့်ဖွယ် အနိုင်ရရှိသွားခဲ့တယ်။

ဒီမတိုင်ခင် တရက်က အာရှဘောလုံးချာတိတ် ဆော်ဒီက ကမ္ဘာ့ထိပ်သီး အာဂျင်တီးနားကို အနိုင်ယူပြီးတဲ့နောက် ဂျပန်ရဲ့ ဂျာမနီနိုင်ပွဲဟာ အာရှသားတွေအတွက် ဒီနှစ် ကာတာကမ္ဘာ့ဖလား မှတ်တမ်းသစ်တွေပါ။

ဂျပန်အသင်းအတွက် ဒုတိယပိုင်းမှာ လူစားဝင်လာပြီး အနိုင်ဂိုးသွင်းခဲ့သူ နှစ်ဦးစလုံးဟာ ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ဖရိုင်းဘတ်နဲ့ ဘိုချမ်မှာ ကစားနေတဲ့ ဂျပန်တိုက်စစ်မှူး ရစ်ဆူ ဒိုအန်နဲ့ တာကူမာ အာဆာနိုတို့ပါပဲ။ သူတို့နှစ်ဦးဟာ ဘွန်ဒက်စ်လီဂါက ရရှိခဲ့တဲ့ အတွေ့အကြုံ သင်ခန်းစာတွေနဲ့ ဂျာမနီအသင်းကြီးကို အသည်းခွဲခဲ့တာပဲ ဖြစ်တယ်။”

ဂျပန်အသင်းအတွက် ဒုတိယပိုင်းမှာ လူစားဝင်လာပြီး အနိုင်ဂိုးသွင်းခဲ့သူ နှစ်ဦးစလုံးဟာ ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ဖရိုင်းဘတ်နဲ့ ဘိုချမ်မှာ ကစားနေတဲ့ ဂျပန်တိုက်စစ်မှူး ရစ်ဆူ ဒိုအန်နဲ့ တာကူမာ အာဆာနိုတို့ပါပဲ။ သူတို့နှစ်ဦးဟာ ဘွန်ဒက်စ်လီဂါက ရရှိခဲ့တဲ့ အတွေ့အကြုံ သင်ခန်းစာတွေနဲ့ ဂျာမနီအသင်းကြီးကို အသည်းခွဲခဲ့တာပဲ ဖြစ်တယ်။

ဂျပန်အသင်းက ဂျာမနီကိုနိုင်ပြီး တာထွက်ကောင်းခဲ့သလို ဂျပန်ဘောလုံး ပရိသတ်တွေကလည်း အမှိုက်ကောက်လို့ ချီုးကျုးခံခဲ့ရတယ်။ ကာတာကမ္ဘာ့ဖလားမှာ ဂျပန်ဘောလုံးသမားတွေနဲ့ အသင်းပရိသတ်တွေဟာ လူတကာချီးကြူးဂုဏ်ပြုခံရတဲ့ စံပြအမှိုက်ကောက်သူများအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တယ်။

တဘက်မှာ ဂျာမနီအသင်းကတော့ ဘောလုံးပွဲလာပြီး နိုင်ငံရေးတွေများနေလို့ ရှုံးတာလို့ ဝေဖန်ခံနေရတယ်။ ဖတ်ကြည့်ပါ။ “ဘောလုံးကို အာရုံမစိုက်ဘဲ နိုင်ငံရေးကို အာရုံရောက်နေလို့ ဂျာမနီ ရှုံးရတာဟု ပရိသတ်ဝေဖန်” ဆိုတဲ့သတင်းမှာ အခုလို ဖော်ပြထားပါတယ်။

“ဂျာမနီနဲ့ ဂျပန်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ ဂျာမနီ အရေးနိမ့်ရတာက ဘောလုံးပွဲကို အပြည့်အဝ အာရုံမစိုက်ဘဲ နိုင်ငံရေးဘက်ကို အာရုံရောက်နေခဲ့တာကြောင့် ဖြစ်တယ်လို့ ဂျာမနီအသင်းအားပေးသူ အမာခံပရိသတ်တွေက ဝေဖန်ပြောကြားလိုက်ပါတယ်။

ဂျပန်အသင်းက ဂျာမနီကိုနိုင်ပြီး တာထွက်ကောင်းခဲ့

ဂျာမနီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်ခင်ကတည်းက သက်တံ့ရောင် လက်ပတ်အကြောင်းနဲ့ လူ့အခွင့်အရေး အကြောင်းတွေကိုသာ ပြောဆိုနေခဲ့ပြီး ပွဲကစားဖို့အတွက် အဝတ်လဲခန်းထဲကို ရောက်တဲ့အချိန်မှာတောင် နည်းပြ ဟန်ဆီဖလစ်ခ်က ဘောလုံးပွဲအကြောင်း၊ ပြိုင်ဘက်အကြောင်း၊ ပြိုင်ဘက်ကို ချဉ်းကပ်ရမယ့် နည်းဗျူဟာတွေအကြောင်း သေသေချာချာ မပြောဘဲ သက်တံ့ရောင် လက်ပတ်အကြောင်းကိုသာ အာရုံရောက်နေခဲ့တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးထားပါတယ်။

ဂျာမနီက သမိုင်းထဲမှာ ဧရာမအမည်းစက်ကြီးရှိခဲ့လို့ တခုခုဆိုရင် ပိုပြီး လူသားဆန်ပြချင်နေတာက ဆိုးရွားလွန်းလှပြီး အဲ့ဒါကြောင့် ဘောလုံးထက် နိုင်ငံရေးဘက်ဆီ ပိုပြီး စိတ်ရောက်သွားချိန်မှာ အခုလို ဖြစ်ခဲ့ရတာလို့ ပရိသတ်တွေက ထောက်ပြသွားခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင် အသင်းခေါင်းဆောင် နျူအာကလည်း ဂျပန်နဲ့ကစားမယ့်ပွဲမှာ ဘောလုံးပွဲထက် သက်တန့်ရောင်လက်ပတ်ကို ဘယ်လိုဝတ်ဆင်ရမလဲဆိုတဲ့ အကြောင်းကိုသာ အာရုံရောက်နေခဲ့ပြီး ပွဲစဉ်အတွင်း နျူအာဝတ်ဆင်တဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ဒိုင်လူကြီးက လာရောက်စစ်ဆေးတာတွေတောင် ရှိခဲ့ပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုရဲ့နံဘေးမှာ ဘောလုံးပွဲကို ကြည့်ရှုသွားခဲ့တဲ့ ဂျာမနီပြည်ထဲရေးဝန်ကြီး (ဘောင်းဘီအနီရောင်ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီး) ကလည်း လက်ပတ်ဝတ်ဆင်ထားခဲ့ပြီး ဒါဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်သလို လုပ်ရပ်မျိုးဖြစ်ကြောင်း၊ သူတပါးနိုင်ငံကို ဂရုမစိုက်တဲ့ပုံစံ လုပ်ရပ်မျိုးဖြစ်ကြောင်း၊ ဘောလုံးပွဲမှာ ပွဲအနိုင်ရရေးထက် နိုင်ငံရေးဘက်ကိုသာ အာရုံရောက်နေကြောင်း ပရိသတ်တွေက ဆိုပါတယ်။

ဂျာမနီကစားသမားတွေဟာ ပွဲမစခင် အသင်းဓာတ်ပုံ ရိုက်ကူးချိန်မှာလည်း ပါးစပ်တွေကို လက်ဝါးနဲ့ပိတ်တဲ့ အမူအရာလုပ်ကာ ဆန္ဒထုတ်ဖော်

ဂျာမနီကစားသမားတွေဟာ ပွဲမစခင် အသင်းဓာတ်ပုံ ရိုက်ကူးချိန်မှာလည်း ပါးစပ်တွေကို လက်ဝါးနဲ့ပိတ်တဲ့ အမူအရာလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒီလို သရုပ်ဖော်တာက ‘ငါတို့ရဲ့ လက်ပတ်ကို ငြင်းဆိုတာဟာ ငါတို့ရဲ့ အသံကို ငြင်းဆိုတာပါပဲ’ လို့ ဂျာမနီကစားသမားတွေက ဆိုလိုတာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။”

လက်ပတ်ကိစ္စက မပြီးသေးဘဲ ဖွဲမီးလို တငွေ့ငွေ့လောင်နေတုန်းပါ။

ပထမအကျော့ပွဲစဉ် ယှဉ်ပြိုင်ကစားပုံတွေအရ ချန်ပီယံ ရေပန်းစားအသင်းတွေထဲ စပိန်အသင်းက ကော်စတာရီကာအသင်းကို ၇ ဂိုးပြတ် အနိုင်ကစားပြီး ချန်ပီယံခြေစွမ်းပြခဲ့တယ်။ ပီလီပြီးနောက် ကမ္ဘာ့ဖလားမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် စပိန်အသင်းက လူငယ်လေး ဂါဗီ မှတ်တမ်းဝင်ခဲ့တယ်။

မီဒီယာက ခုလို မှတ်တမ်းတင်ထားတယ်။

အုပ်စုပွဲစဉ်များအတွင်း ခြေစွမ်းပြနိုင်ထားသည့် လူငယ်ကစားသမားများ –

-ဂျု့ထ် ဘယ်လင်ဟမ် (အင်္ဂလန်)

-ကီလီယန် အမ်ဘတ်ပေ (ပြင်သစ်)

-ဂါဘီ (စပိန်)

လက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ နာမည်ကြီး အင်္ဂလန်အသင်းတို့လည်း တာထွက်ကောင်းခဲ့ပြီး နောက်ပွဲတွေအတွက် ဖိအားနည်းသွားတယ်။ ပွဲဦးထွက်ရလဒ်ကောင်းခဲ့တဲ့ အသင်းကြီးတွေရဲ့ ခြေမှန်ကိုတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်တယ်။

အာရှအသင်းတွေ ခြေစွမ်းပြနေချိန်မှာ အာဖရိကအသင်းတွေ ထင်သလောက် ခရီးမပေါက်ဖြစ်နေတယ်။ မီဒီယာက အခုလို မှတ်တမ်းတင်ထားတယ်။

ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ဂိုးနှင့်ရလဒ်ဆိုးရွားနေတဲ့ အာဖရိက အသင်းများ –

-ဂါနာအသင်း ၂ ဂိုး

-ကျန်အသင်းများ နိုင်ပွဲမရှိ

မော်ရိုကို၊ တူနီးရှား၊ ဆီနီဂေါနှင့် ကင်မရွန်း တို့သည် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ၂ ဂိုးသွင်းယူနိုင်သော ဂါနာအသင်းသည်လည်း ရှုံးနိမ့်ခဲ့သည်။

လက်ရှိတွင် မော်ရိုကိုနှင့် တူနီးရှားအသင်းသည် ရမှတ် ၁ မှတ်စီ ရယူထားနိုင်သော်လည်း ကျန်အသင်းများသည် ရမှတ်ရယူထားနိုင်ခြင်း မရှိပေ။

အာဖရိကအသင်း ပရိသတ်တွေ ရိုးရာဝတ်စုံတွေနဲ့ အားပါးတရ အားပေးနေပုံတွေကလည်း ပွဲပရိသတ်တွေကို ဖျော်ဖြေမှု ပေးနိုင်နေပါတယ်။ ကာတာကမ္ဘာ့ဖလားနဲ့ ဘီယာပြဿနာကလည်း ပြောစမှတ်တွင်တယ်။

ကာတာကမ္ဘာ့ဖလားနဲ့ ဘီယာပြဿနာကလည်း ပြောစမှတ်တွင်တယ်။

“အခုကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံတဝန်း အရက်ရောင်းချမှုကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့ အိမ်ရှင်ကာတာနိုင်ငံက ဘာသာရေး ကန့်ကွက်မှုတွေကြောင့် အားကစားကွင်းအတွင်း ဘီယာရောင်းချမှု တားမြစ် ပိတ်ပင်တာကို ပွဲကျင်းပခါနီး မိနစ်ပိုင်းအလိုမှ ဖီဖာက လက်ခံ သဘောတူလိုက်ရပါတယ်။”

ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဘရာဇီးကလည်း ခြေစွမ်းမာကျောတဲ့ ဆာဘီးယားကို အနိုင်ကစားပြီး ချန်ပီယံခြေစွမ်းပြခဲ့တယ်။ ဘရာဇီးလ်စတား နေမာ နာသွားတာလည်း သတင်းဖြစ်ခဲ့ပေါ့။

ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဘရာဇီးကလည်း ခြေစွမ်းမာကျောတဲ့ ဆာဘီးယားကို အနိုင်ကစားပြီး ချန်ပီယံခြေစွမ်းပြခဲ့တယ်။ ဘရာဇီးလ်စတား နေမာ နာသွားတာလည်း သတင်းဖြစ်ခဲ့ပေါ့။

“ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာသည် ဆားဘီးယားနှင့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိမှုကြောင့် ၇၉ မိနစ်တွင် လူစားလဲခံခဲ့ရသည်။

ဘရာဇီးလ်အသင်း ဆရာဝန် လက်စ်မာက နေမာ၏ ဒဏ်ရာအခြေအနေကို ၂၄ နာရီမှ ၄၈ နာရီအကြား စောင့်ကြည့်ပြီးမှ ဆုံးဖြတ်သွားမည်ဟု ပြောကြားသည်။

နေမာသည် ဆားဘီးယားနှင့်ပွဲတွင် ပြစ်ဒဏ်ကျူးလွန်ခံရမှု ၉ ကြိမ်အထိ ရှိခဲ့ပြီး ကမ္ဘာ့ဖလား ပွဲစဉ်တပွဲတည်း၌ ပြစ်ဒဏ်ကျူးလွန်ခံရမှု အများဆုံးကစားသမား ဖြစ်ခဲ့သည်။”

ဘရာဇီးက ရစ်ချာလီဆန်၏ လှပသော ဂိုး

တခါ နာမည်ကြီး ပေါ်တူဂီက စီရော်နယ်ဒိုကလည်း သူ့မှတ်တမ်းနဲ့သူပါ။

“ဂါနာနှင့်ပွဲတွင် ပယ်နယ်တီမှ ဂိုးသွင်းယူနိုင်ခဲ့သည့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်၌ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးနှင့် တဦးတည်းသော ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။”

အုပ်စုပထမပွဲများအပြီး အုပ်စုအလိုက်ရပ်တည်နေတဲ့ အဆင့်နဲ့ အနေအထားများကြည့်ရင် ခုလို တွေ့ရတယ်။

အုပ်စု (A)
ကာတာ ဝ-၂ အီကွေဒေါ
ဆီနီဂေါ ဝ-၂ နယ်သာလန်

အုပ်စု (B)
အင်္ဂလန် ၆-၂ အီရန်
အမေရိကန် ၁-၁ ဝေးလ်

အုပ်စု (C)
အာဂျင်တီးနား ၁-၂ ဆော်ဒီအာရေဗျ
မက္ကဆီကို ဝ-၀ ပိုလန်

အုပ်စု (D)
ဒိန်းမတ် ဝ-၀ တူနီးရှား
ပြင်သစ် ၄-၁ သြစတြေးလျ

အုပ်စု (E)
ဂျာမနီ ၁-၂ ဂျပန်
စပိန် ၇-၀ ကော်စတာရီကာ

အုပ်စု (F)
မော်ရိုကို ဝ-၀ ခရိုအေရှား
ဘယ်ဂျီယံ ၁-၀ ကနေဒါ

အုပ်စု (G)
ဆွစ်ဇာလန် ၁-၀ ကင်မရွန်း
ဘရာဇီး ၂-၀ ဆားဘီးယား

အုပ်စု (H)
ဥရုဂွေး ဝ-၀ တောင်ကိုရီးယား
ပေါ်တူဂီ ၃-၂ ဂါနာ

အုပ်စု (A)
အီကွေဒေါ – ၃ မှတ်
နယ်သာလန် – ၃ မှတ်
ကာတာ – ဝ
ဆီနီဂေါ – ဝ

အုပ်စု (B)
အင်္ဂလန် – ၃ မှတ်
အမေရိကန် – ၁ မှတ်
ဝေးလ် – ၁
အီရန် – ဝ

အုပ်စု (C)
ဆော်ဒီအာရေဗျ – ၃ မှတ်
ပိုလန် – ၁ မှတ်
မက္ကဆီကို – ၁ မှတ်
အာဂျင်တီးနား – ဝ

အုပ်စု (D)
ပြင်သစ် – ၃ မှတ်
ဒိန်းမတ် – ၁ မှတ်
တူနီးရှား – ၁ မှတ်
သြစတြေလျ – ဝ

အုပ်စု (E)
စပိန် – ၃ မှတ်
ဂျပန် – ၃ မှတ်
ဂျာမနီ – ဝ
ကော်စတာရီကာ – ဝ

အုပ်စု (F)
ဘယ်လ်ဂျီယံ – ၃ မှတ်
ခရိုအေးရှား – ၁ မှတ်
မော်ရိုကို – ၁ မှတ်
ကနေဒါ – ဝ

အုပ်စု (G)
ဘရာဇီးလ် – ၃ မှတ်
ဆွစ်ဇာလန် – ၃ မှတ်
ဆာဘီးယား – ဝ
ကင်မရွန်း – ဝ

အုပ်စု (H)
ပေါ်တူဂီ – ၃ မှတ်
ဥရုဂွေး – ၁ မှတ်
တောင်ကိုရီးယား – ၁ မှတ်
ဂါနာ – ဝ

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ကာတာမှာ ဘောလုံးကိုပဲ အာရုံစိုက်ကြပါလို့ ဘယ်လောက်ပဲ အာပေါက်အောင်ပြောပြော နိုင်ငံရေးကတော့ ပါတာပါပဲ။ အီရန်နိုင်ငံထဲမှာ အစိုးရကို မကျေနပ်လို့ ဆန္ဒပြနေကြတာ လနဲ့ချီကြာနေပြီ။ ဒါကို အီရန်အစိုးရက သတ်ပစ်နေတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အီရန်ဘောလုံးသမားတွေက နိုင်ငံတော်သီချင်း မဆိုခဲ့ကြပါဘူး။

ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ချက်မှာ တွေ့မြင်လိုက်ရတာက အီရန်အသင်းမှာ နည်းပြ တယောက်ကလွဲပြီး ကျန်တဲ့သူအားလုံး နိုင်ငံတော်သီချင်း မဆိုကြဘူး။ ကမ္ဘာ့ဖလားက အလှတရားတခုလည်း ရှိတယ်။

ဖတ်ကြည့်ပါ။

“ဂရီလစ်ရှ်ရဲ့ ကပြအောင်ပွဲခံမှု နောက်ကွယ်မှာ ရှိနေခဲ့တဲ့ ကတိစကားတခွန်း” လို့ ဖော်ပြထားပါတယ်။

လက်နှစ်ဖက်ကို ရေလှိုင်းပုံစံတွန့်ပြီး ဂရီလစ်ရှ် ကပြတဲ့ ကကွက်

“အီရန်နဲ့ပွဲမှာ လူစားဝင်ကစားပြီး အင်္ဂလန်အတွက် အနိုင်ဂိုးတဂိုး သွင်းယူပေးခဲ့ပြီးနောက် ဂျက်ဂရီလစ်ရှ်က ကခုန်အောင်ပွဲခံပြသွားခဲ့ပါတယ်။ အင်္ဂလန်က ၆-၂ နဲ့ ဂိုးပြတ်အနိုင်ရခဲ့ရာမှာ ဂရီလစ်ရှ်လည်း ဂိုးသွင်းယူနိုင်ခဲ့ပြီး ပျော်ရွှင်စရာ ညတညဖြစ်ခဲ့ရသလို သူ့ရဲ့ ကပြသွားခဲ့တဲ့ နောက်ကွယ်မှာလည်း လေးစားဖွယ်ရာ ဇာတ်လမ်းပုံပြင်တပုဒ် ရှိနေခဲ့ပါတယ်။

အဲဒါကတော့ ဂရီလစ်ရှ်ဟာ ဒီရာသီအစပိုင်းက သူ့ဆီကို စာရေးသားပြီး တောင်းဆိုခဲ့တဲ့ မန်စီးတီးပရိသတ် ဖင်လေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာပါပဲ။ ဖင်လေဟာ ဦးနှောက်ချို့ယွင်းတဲ့ ရောဂါကို ခံစားနေရတာဖြစ်ပြီး သူမနဲ့ ဂရီလစ်ရှ်တို့ ပြီးခဲ့တဲ့ လအနည်းငယ်က တွေ့ဆုံခဲ့ကြကာ ဘောလုံးအတူကစားခဲ့ကြပါတယ်။ ဒီတွေ့ဆုံချိန်မှာ ဂရီလစ်ရှ် နောက်တကြိမ်မှာ ဂိုးသွင်းခဲ့ပါက ကပြအောင်ပွဲခံပေးဖို့အတွက် တောင်းဆိုခဲ့တာပါ။

အဲဒါကတော့ ဂရီလစ်ရှ်ဟာ ဒီရာသီအစပိုင်းက သူ့ဆီကို စာရေးသားပြီး တောင်းဆိုခဲ့တဲ့ မန်စီးတီးပရိသတ် ဖင်လေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာပါပဲ။ ဖင်လေဟာ ဦးနှောက်ချို့ယွင်းတဲ့ ရောဂါကို ခံစားနေရတာဖြစ်ပြီး သူမနဲ့ ဂရီလစ်ရှ်တို့ ပြီးခဲ့တဲ့ လအနည်းငယ်က တွေ့ဆုံခဲ့ကြကာ ဘောလုံးအတူကစားခဲ့ကြပါတယ်။ ဒီတွေ့ဆုံချိန်မှာ ဂရီလစ်ရှ် နောက်တကြိမ်မှာ ဂိုးသွင်းခဲ့ပါက ကပြအောင်ပွဲခံပေးဖို့အတွက် တောင်းဆိုခဲ့တာပါ။

အခုတော့ သူ့ရဲ့ကတိအတိုင်းပဲ ဂရီလစ်ရှ်က ဂိုးသွင်းပြီးချိန်မှာ ဖင်လေရဲ့ တောင်းဆိုမှုအတိုင်း ကပြအောင်ပွဲခံပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ တွေ့ဆုံခဲ့တုန်းကလည်း ဂရီလစ်ရှ်က နွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေးခဲ့သလို ပျော်ပျော်ရွှင်ရွှင်နဲ့လည်း အတူတူ ဘောလုံးကစားခဲ့ကြပြီး စိတ်ဓာတ်ခွန်အား ဖြည့်ဆည်းပေးခဲ့ပါတယ်။

လက်နှစ်ဖက်ကို ရေလှိုင်းပုံစံတွန့်ပြီး ကပြတဲ့ ကကွက်ကို ဖင်လေက ကပြခဲ့ပြီး အဲဒီလို အောင်ပွဲခံပေးပါလို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာလည်း ဂရီလစ်ရှ်က “ဖင်လေရေ၊ ဒါမင်းအတွက်ပါကွာ” လို့ ရေးသားကာ သူတို့နှစ်ဦး တွေ့ဆုံခဲ့တဲ့ ရုပ်သံဗီဒီယိုကို ပြန်လည်ဖော်ပြခဲ့ပါတယ်။ ဂရီလစ်ရှ်ရဲ့ ကတိကဝတ်အတွက် အားလုံးက ချီးကျူးနေကြပါပြီ။”

ကစားပြီးသမျှ အုပ်စုပထမပွဲတွေမှာ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပြီး ပွဲကောင်းတပွဲလို့ သတ်မှတ်ချင်တဲ့ ပွဲကတော့ ဂျာမနီ-ဂျပန် ကန်တဲ့ပွဲပါ။

ပျင်းစရာကောင်းတဲ့ ပွဲကတော့ ဆွစ်ဇာလန်-ကင်မရွန်းပွဲပါ။

ဂိုးမရှိ သရေပွဲတွေ များနေတာကလည်း ကာတာကမ္ဘာ့ဖလားမှာ ပြောစရာဖြစ်နေပါတယ်။ ဥပမာ ။ ။ ခရိုအေးရှား-မော်ရိုကိုပွဲ။ ပိုလန်-မက္ကဆီကိုပွဲ။ ဒိန်းမတ်-တူနီးရှားပွဲ။ ဥရုဂွေး-တောင်ကိုရီးယားပွဲ။

အုပ်စုတွင်း ဒုတိယပွဲစဉ်တွေကတော့ နိုဝင်ဘာ ၂၅ ရက်ညနေကစပြီး ကစားပါပြီ။ အာဂျင်တီးနားအသင်း ပြန်လာနိုင်မလား။ ဘရာဇီးနိုင်ပွဲဆက်ပြီး အုပ်စုဗိုလ်ဖြစ်မလား။ စပိန်ရဲ့ ပထမပွဲခြေစွမ်းကို ထိန်းထားနိုင်မလား။ ဂျာမနီ ခြေစွမ်းပြနိုင်ဦးမလား။ အင်္ဂလန်ကရော ပထမပွဲခြေစွမ်းက အမှန်လား။

အုပ်စုတွင်းပြိုင်ပွဲ ၃ ပွဲကစားကြရာမှာ အုပ်စုဒုတိယပွဲတွေဟာ အုပ်စုတက်ရေး အဆုံးအဖြတ်ပေးမယ့် ပွဲတွေ ဖြစ်လာမှာမို့ စောင့်မျှော်ကြည့်ရှုကြဦးစို့။

You may also like these stories:

ကာတာကမ္ဘာ့ဖလား ချန်ပီယံပြေးလမ်းပေါ်က အသင်းများ

အငြင်းပွားဖွယ်အများဆုံး ကာတာကမ္ဘာ့ဖလား လာပြီ

The post ပထမတကျော့မှာပင် ဖမ်းစားနိုင်ခဲ့တဲ့ ကာတာကမ္ဘာ့ဖလား appeared first on ဧရာဝတီ.

ကျေးလက်ကို မီးရှို့ကာ မြို့ပြအား အိမ်ရာမဲ့ ဖြစ်စေရန် စစ်ကောင်စီ လုပ်ဆောင်နေ

$
0
0

အာဏာသိမ်း စစ်ကောင်စီသည် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား စသည့် ဒေသများရှိ ပြည်သူများ၏ နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးနေသည်သာမက ရန်ကုန်၊မန္တလေးကဲ့သို့ မြို့ကြီးများရှိ ရပ်ကွက်တချို့ကိုလည်း ကျူးကျော်ဟု ခေါင်းစဉ်တပ်ကာ ဖျက်ဆီးဖယ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်။

လက်ရှိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်၊ မန္တလေးမြို့ရှိ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့ နယ် တို့တွင် တရားမဝင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ထောင်နှင့်ချီသည့် နေအိမ်များအား အဓမ္မအကြမ်းဖက်သည့် နည်း လမ်းဖြင့် ဖြိုချ ဖယ်ရှားလျှက်ရှိသည်။

ယင်းလုပ်ရပ်များကြောင့် ပြည်သူများမှာ အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်ခဲ့ရပြီး ဖျက်ဆီးမှုများကို တားဆီးကန့်ကွက်ပါက ဖမ်းဆီး အရေးယူခံရမှုနှင့် ရန်ရှာခြိမ်းခြောက်ခြင်းများ ကြုံတွေ့ခံစားနေကြရာ ထိုသို့ဖိအားပေးမှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်သူ ၃ ဦးခန့်အထိ ရှိနေကြောင်းလည်း သိရသည်။

မရမ်းကုန်းမြို့နယ်မှ ကျူးကျော်ဟုဆိုကာ နေအိမ်ဖယ်ရှားပေးရမည့်သူတဦးက “ဘဝတွေပျက်တာပေါ့၊ အကုန်လုံးက စိတ် တွေဆင်းရဲပြီး နေကြရတာ၊ ကိုဗစ်ရဲ့ဂယက်ရော၊ အာဏာသိမ်းမှုကြောင့်ရော အကုန်လုံးက စီးပွားရေးထိခိုက်ပြီး နလန်မထူ နိုင်ဘဲနဲ့ ကြိုးစားအသက်ရှင်နေကြရတာ၊ လူတွေကတော့ ဘဝက ပျက်ပြီးရင်း ပျက်ရင်းပဲ၊ ကူရာကယ်ရာ တော်တော်မဲ့တဲ့ အခြေအနေဖြစ်နေတယ်” ဟု ပြောသည်။

လတ်တလော ရန်ကုန်မြို့၌ ဖယ်ရှားမည့်နေရာများမှာ အိမ်ခြေတထောင်ကျော်ရှိသည့် မင်္ဂလာဒုံ၊ ထောက်ကြံ့ တိုးချဲ့(၁) ရပ်ကွက်၊ ပျဉ်းမပင်ကျေးရွာ အုပ်စုရှိ ရပ်ကွက်ငါးခု၊ အိမ်ခြေ တရာခန့်ရှိသော မရမ်းကုန်း ၁ ရပ်ကွက် ဘောလုံးကွင်း ဘေးပတ်လည်နေရာ၊ မရမ်းကုန်းမြို့နယ် (၃ )ရပ်ကွက်၊ ကံသာဇေယျုံလမ်းထဲမှ အိမ်ခြေ ၁၅၀ ခန့်တို့ဖြစ်ကြောင်း သိရ သည်။

မန္တလေးမြို့တွင်လည်း ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ ထောင်နှင့်ချီသည့်နေအိမ်များနှင့် ပြင်ဦးလွင်မြို့၊ ဘူတာလမ်းရှိ စစ်ဗိုလ်ချုပ်များ အိမ်ရာအရှေ့မှ အိမ်ဆိုင်ခန်း ၂၀၀ ခန့်ကိုလည်း ဖယ်ရှား ရှင်းလင်းရန် အမိန့်ထုတ်ထားပြီး နေရာအချို့တွင် နေအိမ်များအား ဘူဒိုဇာများဖြင့် စတင်ဖြိုဖျက်နေကြပြီ ဖြစ်သည်။

ထိုသို့ ဖြိုဖျက်ခံရသူများထဲက အချို့မှာ ဤနေရာတွင် နေထိုင်လာသည်မှာ နှစ်ပေါင်း ၂၀ခန့် ရှိပြီဖြစ်ပြီး မြေနေရာ ဝယ်ယူ ကာ လက်ဆင့်ကမ်းနေထိုင်လာကြသူများ ဖြစ်သည်။

အိမ်ရာအခွင့်အရေးဆိုင်ရာ ကုလမဂ္ဂအထူးကိုယ်စားလှယ် Balakrishnan Rajagopal က စစ်ကောင်စီသည် ရန်ကုန် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်မှ မိသားစုပေါင်း တသောင်းခန့်ကို ယနေ့မှ စတင် မောင်းထုတ်ဖို့ အမိန့်များပေးနေ ကြောင်း၊ ထိုလုပ်ရပ်ကို ရပ်တန့်ပြီး အခြားနည်းလမ်းရှာရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့က သူ၏ Twitter စာမျက်နှာမှ နေ၍ ပြောထားသည်။

ထို့အပြင် အစုလိုက်အပြုံလိုက် အကြမ်းဖက်မောင်းထုတ်ခြင်းများသည် မကြာသေးမီက ကုလသမဂ္ဂအထွေထွေ ညီလာခံ အစီရင်စာတွင် မကြာသေးမီက မိမိသတိပေးခဲ့သည့်အတိုင်း နိုင်ငံတကာ ဥပဒေအရ ရာဇဝတ်မှုမြောက်သည် ထိုအချက်ကို မြန်မာစစ်ကောင်စီအနေဖြင့် ကောင်းစွာသတိရသင့်သည်ဟုလည်း ဆိုထားသည်။

သို့သော် လူထုကို အကြမ်းဖက်သတ်ဖြတ်ပြီး နေအိမ် ထောင်သောင်းချီကာ မီးရှို့ဖျက်ဆီးနေသော ရာဇဝတ်မှုများစွာကို ကျူးလွန်နေသည့် စစ်ကောင်စီအပေါ် လက်တွေ့ကျ ထိရောက်သည့် အရေးယူမှုများမရှိဘဲ ဖိအားပေးရုံသက်သက်ဆိုလျှင် နေအိမ်များ အဓမ္မ ဖြိုဖျက်ဖယ်ရှားနေသည့် စစ်ကောင်စီအတွက် သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။

လေ့လာသူများ၏ အဆိုအရ ရန်ကုန်တမြို့လုံးတွင် ကျူးကျော်နေထိုင်သည့် လူဦးရေမှာ ၄ သိန်းခန့်ရှိနေပြီး စက်မှုဇုန်များ တည်ထောင်ထားသည့် လှိုင်သာယာကဲ့သို့ မြို့နယ်များတွင် အများဆုံး နေထိုင်ကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင်မူ အဆိုပါ ကျူးကျော် နေထိုင်မှု ပြဿနာများ ဖြေရှင်းရေးအတွက် မြို့ပြစီမံကိန်း ချမှတ်ကာ တန်ဖိုးနည်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းများ ဖော် ဆောင်ခြင်း၊ ကျူးကျော် နေထိုင်ကြောင်း အသိအမှတ်ပြု စမတ်ကဒ်များ ထုတ်ပေးကာ နေရာချထားပေးရန် ပြင်ဆင်ခြင်း စသည့် နည်းလမ်းများဖြင့် ကြိုးပမ်းခဲ့ သည်။

အဆိုပါ စီမံကိန်းများသည် အနည်းအကျဉ်းသာ အဆင်ပြေပြီး ကျူးကျော်နေထိုင်သူများအရေး အလုံးစုံ မဖြေရှင်းနိုင်ခဲ့ သော်လည်း ရေရှည်စီမံကိန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန် ကြိုးပမ်းမှုများအား မြင်တွေ့ခဲ့ရသည်။

အာဏာသိမ်းပြီး နောက်ပိုင်း ယခုလို ကျူးကျော်ခေါင်းစဉ်တပ်၍ နေအိမ်များ အဓမ္မဖယ်ရှားခြင်းအပေါ် စစ်ကောင်စီ ပြောခွင့် ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ တရားဥပဒေ စိုးမိုးရေးအရ လုပ်ဆောင်ခြင်းဖြစ်သည့်အပြင် ရွေးကောက်ခံ နိုင်ငံရေးအစိုးရ မဟုတ်သည့်အတွက် လုပ်ရဲခြင်းဖြစ်ကြောင်း မတ်လ ၂၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

ထိုပြောကြားချက်မှာ စစ်ကောင်စီအနေဖြင့် နိုင်ငံသားတို့၏ အိမ်ရာပိုင်ဆိုင်ခွင့် အခွင့်အရေးကို လျစ်လျူရှုပြီး ၎င်းတို့ ကိုယ် ကျိုးစီးပွားနှင့် အာဏာဆုပ်ကိုင်ထားနိုင်ရန် လူထုအပေါ် စနစ်တကျ ရည်ရွယ်ချက် ရှိရှိ အစုလိုက်အပြုံလိုက် နှင်ထုတ် ဖယ်ရှားရန် လုပ်ဆောင်နေသည်ကို ပြသနေခြင်း လည်းဖြစ်သည်။

အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်သည့် လူထုအပေါ် ရန်သူသဖွယ် သဘောထားသည့် စစ်ကောင်စီသည် မြို့ပြနေ အခြေခံလူတန်းစား ကျူးကျော်နေထိုင်သူများ အရေးနှင့်ပတ်သက်၍ အဆင်ပြေအောင် လုပ်ဆောင်ပေးရန် ဆန္ဒ မရှိကြောင်း ထင်ရှားနေပေသည်။

ရန်ကုန်အခြေစိုက် အဓမ္မရွှေ့ပြောင်းမှုနှင့် ကျူးကျော်နေထိုင်မှုဆိုင်ရာ လေ့လာနေသူတဦးက “စစ်ကောင်စီက လုံခြုံရေး အကြောင်းပြ ရွှေ့ပေမယ့် သူတို့အကျိုးစီးပွားက အဓိကလို့ပဲ ထင်ပါတယ်၊ အကျိုးဆက်ကတော့ လူတွေ ဒုက္ခပင်လယ် ဝေလေ၊ နိုင်ငံရေးကို အာရုံ မစိုက်နိုင်လေ ဖြစ်ဖို့ ရည်ရွယ်ပုံပါပဲ၊ အာဏာရှင်များ လုပ်ထုံးလုပ်နည်းပေါ့၊ နေစရာလည်း ဖန်တီးမပေးနိုင်၊ အလုပ်အကိုင်၊ ဘဝမြှင့်တင်ရေး ဘာမှကို မလုပ်ပေးနိုင်ဘဲနဲ့ အိမ်တွေဖျက်ပြီး ကျူးရှင်းတယ်ဆိုတာ အာဏာရှင်လုပ်ရပ် သက်သက်၊ ဥပဒေမဲ့လုပ်ရပ် သက်သက်သာဖြစ်ပါတယ်” ဟု ပြောသည်။

အကျိုးစီးပွားဟုဆိုရာတွင် အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် ၎င်းတို့အပေါင်းအပါ ခရိုနီစီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်ပြီး အဓမ္မဖယ်ရှားခံလိုက်ရသည့် ပြည်သူများနေထိုင်ရာ နေရာများတွင် အဆောက်အအုံသစ်များစွာဖြင့် နေရာယူ လာ ကြပြီး အကျိုးအမြတ်ရမည့်သူများ ဖြစ်သည်။

ဖယ်ရှားခံရသူများမှာ စားဝတ်နေရေး အကျပ်အတည်းများကြား မြို့စွန်နေရာများတွင် ငှားရမ်းနေထိုင်ရမည့် နေစရိတ် အတွက်ပါ ပိုမိုရုန်းကန်ကြရမည်ဖြစ်သည့်အတွက် ဝန်ထုပ်ဝန်ပိုးနှင့် ဖိအားများကို ပို၍ ရင်ဆိုင်ကြရမည် ဖြစ်သည်။

ယခုကဲ့သို့ စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် မြို့နေအခြေခံလူတန်းစာများက အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့ ကြသူများ ဖြစ်သည့်အတွက် အငြိုးထားကာ တန်ပြန်မှုဖြစ်သလို ကျူးကျော်နေရာ ဟုဆိုသော နေရာ များသည် မြို့ပြလက်နက်ကိုင် ပြောက်ကျားလှုပ်ရှားမှုအတွက် ရေခံမြေခံနှင့် အထောက်အပံ့ပြုရာ နေရာအဖြစ် စစ်ကောင်စီ က ရှုမြင်နေသည်။

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီး လပိုင်းအကြာတွင် အခြေခံလူတန်းစား အများဆုံးနေထိုင်သည့် ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာစသည့် မြို့နယ်များအား စစ်အုပ်ချုပ်ရေးကြေညာပြီး ပြင်းပြင်းထန်ထန် နှိပ်ကွပ်သတ်ဖြတ်ပြခဲ့သည်။

ထို့ပြင် အဆိုပါ မြို့နယ်များအတွင်း ကျူးကျော်ဟုဆိုကာ ဖယ်ရှားရှင်းလင်းမှုများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့ရာ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် လှိုင်သာယာမြို့နယ်တခုတည်းမှ မိသားစုရှစ်ထောင်ခန့်မှာ နေအိမ်များ အဓမ္မဖြိုဖျက်ခံရပြီး မည်သည့်နစ်နာကြေးမှ မရဘဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည်။

အဓမ္မရွှေ့ပြောင်းမှုနှင့် ကျူးကျော်နေထိုင်မှုဆိုင်ရာ လေ့လာနေသူတဦးက “မြို့ပြမြေအောက် တော်လှန်ရေး လှုပ်ရှားမှုတွေ ရပ်မသွားဘဲ အားကောင်းနေဆဲက ရန်ကုန်နဲ့မန္တလေးက အမြဲထိပ်ကပါတယ်၊ ကျူးကျော်အိမ်ရာတွေက မျက်ကွယ်လည်း ရတယ်၊ စစ်ကောင်စီလှုပ်ရှားမှုကိုလည်း စောင့်ကြည့်ရ လွယ်ကူတယ်၊ ပြေးဝင်ပုန်းခိုရင်လည်း စိစစ်ဖို့ မလွယ်ဘူး၊ ဒါကြောင့် ရှင်းချင်တာထင်တယ်၊ နောက်တခု ဖြစ်နိုင်တာက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စီမံကိန်းတချို့လုပ်ချင်တာ၊ နိုင်ငံရေး မငြိမ် သက်ချိန်မှာ တပ်ပိုင်မြေတွေ ပြန်သတ်မှတ်ပြီး သိမ်းယူချင်တာမျိုးကြောင့်လို့ ထင်တယ်” ဟု သုံးသပ်သည်။

အာဏာနှင့် အကျိုးစီးပွားအတွက် လူထုကို မျက်ကွယ်ပြုကာ အဓမ္မနေရာရွေ့ပြောင်းမှုများသည် ရှေးယခင် အာဏာရှင် စစ်အစိုးရများ လက်ထက်ကတည်းက လုပ်ဆောင်ခဲ့ ကြသည်သာဖြစ်သည်။

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးအပြီးတွင်လည်း ရန်ကုန်မြို့မှ ပြည်သူအများအပြားအား မြို့ပြဖွံ့ဖြိုးရေး အမည်ခံ အကြောင်း ပြချက်ဖြင့် အဓမ္မ ဖယ်ရှားရွှေ့ပြောင်းစေမှုများကို အပြစ်ဒဏ်ပေးသည့်အနေဖြင့် လုပ်ဆောင်ခဲ့သည်။

ထိုသို့ ဖယ်ရှားခံခဲ့ရသူများထဲတွင် ၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် လူထုမိန့်ခွန်းပြောကြားရာ ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားပတ်ဝန်ကျင်ရှိ ဆန္ဒပြပွဲများတွင် တက်ကြွပါဝင်ခဲ့သူများ၏ နေရာများအား ပစ်မှတ်ထားကာ ရွှေ့ပြောင်းမှု များပြုလုပ်ခဲ့ကြောင်း မြေယာနှင့် ပတ်သက်၍ သုတေသနပြု မှတ်တမ်းတင်နေသည့် ရန်ကုန် ဇာတ်လမ်းများအဖွဲ့က ဆိုထားသည်။

ရန်ကုန်ဇာတ်လမ်းများ(Yangon Stories)အဖွဲ့သည် ရန်ကုန်မြို့တွင် မြေယာပိုင်ဆိုင်မှုအပေါ် အကြမ်းဖက်သည့် ကျူးလွန် မှု ဖြစ်ရပ်များအား သုတေသနပြုမှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် လှိုင်သာယာ မြို့နယ်တွင် ကျူးကျော်ဟုဆိုကာ နေအိမ်များအား ဖယ်ရှားရှင်းလင်းသည့် အကြောင်းအရာ၊ အချက်အလက်များကိုလည်း ၎င်းတို့၏ ဝက်ဆိုဒ်တွင်ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည်လည်း ၎င်းတို့အား အားကောင်းကောင်းဖြင့် ခုခံနေသည့် ဒေသများမှ ပြည်သူများအား သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးခြင်းများ၊ မြို့ပေါ်နေပြည်သူများအပေါ် ကျူးကျော်ဟု ဆိုကာ အဓမ္မဖယ်ရှားမှုများအား လုပ်ဆောင် လျှက်ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြို့ပေါ်တွင် ကျူးကျော်ဟုဆိုကာ အဓမ္မဖယ်ရှားရွှေ့ပြောင်းမှုကြောင့် ဖြိုဖျက်ခံရသည့်အိမ် အရေအတွက်မှာလည်း သောင်းဂဏန်းအထက် ရှိနေပြီး၊ ထို့အတူ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အောက်တိုဘာလ တလအတွင်းမှာပင် နေအိမ် ၁၅၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရ ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar) က ဆိုထားသည်။

အဆိုပါ လုပ်ရပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများအား ကြီးမားစွာချိုးဖောက်ပြီး နိုင်ငံသားများအနေဖြင့် ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်မှုနှင့် ဘဝလုံခြုံမှုအတွက် အိမ်ရာပိုင်ဆိုင်ခွင့် ရရှိရမည့် အခွင့်အရေးများကို စစ်ကောင်စီက စနစ်တကျဖြင့် ချိုးဖောက် ကျူးလွန်နေခြင်းလည်း ဖြစ်သည်။

You may also like these stories:

ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမယ့် ကျူးကျော် ပြဿနာ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ

ဘဏ်အပ်ငွေ ကျပ်သန်းပေါင်းထောင်ချီ ထုတ်သည့် ရွှေလုပ်ငန်းရှင် ၇ ဦး စစ်ဆေးခံရ

The post ကျေးလက်ကို မီးရှို့ကာ မြို့ပြအား အိမ်ရာမဲ့ ဖြစ်စေရန် စစ်ကောင်စီ လုပ်ဆောင်နေ appeared first on ဧရာဝတီ.

အင်တာနက် ဘယ်လိုပိတ်လဲ၊ ဘယ်လို ပြန်တိုက်ဖျက်သလဲ

$
0
0

အင်တာနက်ပိတ်ခြင်းများသည် ပုံစံအမျိုးမျိုးရှိသည်။ အင်တာနက်ကို လုံးဝဖြတ်တောက်ခြင်းမှသည် လူအုပ်စုများကို ပစ်မှတ်ထားသော အင်တာနက်မြန်နှုန်း လျှော့ချခြင်းများအထိ ပုံစံမျိုးစုံရှိသည်။ အောက်ဖော်ပြပါ နည်းလမ်းများသည် အစိုးရများက အင်တာနက်ပိတ်ရာတွင် အသုံးပြုသည့် နည်းလမ်းအချို့ ဖြစ်သည်။

အပြင်းထန်ဆုံး တုံ့ပြန်မှု ။ ။ ၂၀၁၉ ခုနှစ်၊ သြဂုတ် ၅ ရက်တွင် အိန္ဒိယနိုင်ငံ ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရသည် ကက်ရှ်မီးယားဒေသ၏ အထူးအဆင့်အတန်းကို ရုတ်သိမ်းခဲ့ပြီး ၎င်း၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တဖက်သတ် ဖျက်သိမ်းခဲ့သည်။ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ပြီး အင်တာနက်၊ မိုဘိုင်းလ်နှင့် တယ်လီဖုန်း ဆက်သွယ်မှုများကို ဖြတ်တောက်ခဲ့သည်။ အဆိုပါဒေသသည် ရက်ပေါင်း ၅၅၂ ရက်ကြာ အွန်လိုင်းအသုံးပြုမှုမရခဲ့ဘဲ ကမ္ဘာ့အကြာဆုံး အင်တာနက်ပိတ်ပင်မှုကို ကြုံခဲ့ရသည်။

ဤအမျိုးအစားကဲ့သို့ အပြင်းထန်ဆုံး လုပ်ဆောင်မှုကို နိုင်ငံအများအပြားတွင် နှစ်စဉ်အသုံးပြုကြပြီး စာမေးပွဲများတွင် စာခိုးချခြင်းကဲ့သို့ အသေးအဖွဲများကို တားမြစ်ရန်ဟူသော အကြောင်းပြချက်များဖြင့် ခေတ္တအရေးယူ ဆောင်ရွက်ချက်အဖြစ် အသုံးပြုပါသည်။ ဆီးရီးယားတွင် အထက်တန်း ကျောင်းသားများ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ဖြေဆိုချိန်တွင် မိုဘိုင်းလ်အင်တာနက် အပါအဝင် ကွန်ရက်တခုလုံးကို ပိတ်ထားပြီး အိန္ဒိယနိုင်ငံ၏ အချို့နေရာများတွင် ဆရာဖြစ်သင် စာမေးပွဲဖြေဆိုချိန်၌ မိုဘိုင်းလ်ကွန်ရက်ကို ဖြုတ်ချထားသည်။

အင်တာနက်မြန်နှုန်းသည် ဗီဒီယို လွှင့်တင်ရန်အတွက် နှေးကွေးလွန်းသဖြင့် ရက်စက်ကြမ်းကြုတ်မှုများ သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းများ ထွက်ပေါ်လာခြင်းမှ ရပ်တန့်နိုင်သလို နှောင့်နှေးစေနိုင်သည်။

အမြန်နှုန်း လျှော့ချခြင်း ။ ။ အမြန်နှုန်း လျှော့ချခြင်းသည် အင်တာနက်ကို နှေးကွေးစေပြီး 4G အဆင့် အင်တာနက် မြန်နှုန်းသည် 2G အဆင့်ဖြစ်ပြီး နှေးကွေးလာသည်။ အင်တာနက်မြန်နှုန်းသည် ဗီဒီယို လွှင့်တင်ရန်အတွက် နှေးကွေးလွန်းသဖြင့် ရက်စက်ကြမ်းကြုတ်မှုများ သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းများ ထွက်ပေါ်လာခြင်းမှ ရပ်တန့်နိုင်သလို နှောင့်နှေးစေနိုင်သည်။ အမြန်နှုန်း လျှော့ချခြင်းကို အုပ်စုအချို့၏ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်သော ချဉ်းကပ်မှုများနှင့် ပေါင်းစပ်နိုင်သည်။ ဥပမာ ပထဝီအခြေခံ ပိတ်ဆို့မှုများသည် အထူးသဖြင့် မတည်ငြိမ်သော ပြည်နယ်များကို ဦးတည်ပိတ်ခြင်း သို့မဟုတ် ပုဂ္ဂလိကအင်တာနက် ချိတ်ဆက်မှုများကို ပိတ်ခြင်းတို့ ပါဝင်သည်။

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားတွင် အင်တာနက်ကို ၅၅၂ ရက်ကြာ အပိတ်ခံရပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ပြန်ဖွင့်ပေးလိုက်ချိန် မိုဘိုင်းလ်ဖုန်း သုံးနေသော အမျိုးသမီးတဉီး / Anadolu Agency

ပုဂ္ဂလိက အင်တာနက် ချိတ်ဆက်မှုများကို ပိတ်ပင်ခြင်းသည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အီရန်နိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည်။ သမ္မတ မိုဟာမက် အာမက်ဒီနေဂျက်၏ အငြင်းပွားဖွယ် ရွေးကောက်ပွဲ အနိုင်ရမှုကို ဆန့်ကျင်သည့် လမ်းပေါ်ထွက် ဆန္ဒပြပွဲများ လုပ်ဆောင်ရန် Twitter ကို အသုံးပြုခဲ့သော Twitter တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက အင်တာနက် ချိတ်ဆက်မှုများကို ပိတ်ဆို့ထားခဲ့သော်လည်း အစိုးရပိုင် အင်တာနက် အသုံးပြုသူများသည် ပုံမှန် အမြန်နှုန်းအတိုင်း အသုံးပြုနိုင်ကြသည်။ ဆန္ဒပြပွဲစီစဉ်သူများသည် သတင်းအချက်အလက် မျှဝေခြင်း သို့မဟုတ် စည်းရုံးလှုံ့ဆော်ခြင်း မပြုနိုင်တော့သော်လည်း ဘဏ္ဍာရေးနှင့် အစိုးရပိုင်အဖွဲ့အစည်းများကို ဆက်လက် လည်ပတ်ခွင့်ပြုခြင်း ဖြစ်သည်။

အမည်ပျက်စာရင်းသွင်းခြင်း သို့မဟုတ် ပိတ်ဆို့စာရင်းသွင်းခြင်း ။ ။ ပလက်ဖောင်းတခုခုကို အသုံးပြုခွင့်မရစေရန် ပိတ်ဆို့ခြင်းသည် သတင်းအချက်အလက် စီးဆင်းမှုကို ဟန့်တားရန်သုံးသော ဘုံနည်းဗျူဟာတခုဖြစ်ပြီး ယင်းကို အမည်ပျက်စာရင်းသွင်းခြင်းဟု ခေါ်သည်။ ယခုနောက်ပိုင်းတွင် ပိတ်ဆို့စာရင်းသွင်းခြင်းဟုလည်း ခေါ်လာကြသည်။ ဆိုက်ဘာအသိုင်းအဝိုင်းသည် ခြုံငုံမိသော ဘာသာစကားကို ရွေ့လျား အသုံးပြုလာကြသောကြောင့် ယင်းသို့ စကားရပ်အသစ်များ အသုံးပြုလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၄ ရက်တွင် စစ်တပ်သည် Facebook ကို ပိတ်ဆို့ခဲ့ပြီး မြန်မာအများစု၏ အင်တာနက်သုံးသည့် အဓိကတံခါးပေါက်ကို ပိတ်ပစ်ခဲ့သည်။ ဆက်သွယ်ရေးနှင့် ပြန်ကြားရေး ဝန်ကြီးဌာနသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အမည်အောက်တွင် ပိတ်ဆို့မှုသည် လျော်ကန်ကြောင်း ပြောဆိုပြီး “သတင်းအတု၊ သတင်းမှားနှင့် … Facebook သုံး၍ လူအများကြား နားလည်မှု လွဲမှားခြင်း” ဟူသော စကားရပ်များကို ထည့်သွင်းရေးသားခဲ့သည်။

Facebook ကို ပိတ်ပင်ခြင်းသည် ယင်းပလက်ဖောင်းပေါ်တွင် မှီခိုအားထားနေရသော အသေးစား လုပ်ငန်းရှင်များကို များစွာ ထိခိုက်သည်။ Facebook ကို ပိတ်ပင်မှုသည် သူမ မိခင်၏ စီးပွားရေး တခဏတည်းနှင့် ထိုးဆင်းပျက်သွားခဲ့ရသည်ကို ရန်ကုန်မှ အမျိုးသမီးတဦးက “ကျမအမေက အစားအသောက် ချက်ပြုတ်ပြီး သူ့ Facebook စာမျက်နှာနဲ့ သူ့အကောင့်မှာ ရောင်းခဲ့တာ။ ခု သူ့အွန်လိုင်းစီးပွားရေးကို မလုပ်နိုင်တော့ပါဘူး” ဟု ဆိုသည်။

Facebook ကို ပိတ်ပင်မှုသည် သူမ မိခင်၏ စီးပွားရေး တခဏတည်းနှင့် ထိုးဆင်းပျက်သွားခဲ့ရသည်ကို ရန်ကုန်မှ အမျိုးသမီးတဦးက “ကျမအမေက အစားအသောက် ချက်ပြုတ်ပြီး သူ့ Facebook စာမျက်နှာနဲ့ သူ့အကောင့်မှာ ရောင်းခဲ့တာ။ ခု သူ့အွန်လိုင်းစီးပွားရေးကို မလုပ်နိုင်တော့ပါဘူး” ဟု ဆိုသည်။

Whitelisting သို့မဟုတ် ခွင့်ပြုစာရင်းသွင်းခြင်း ။ ။ ၎င်းသည် အင်တာနက်ကို အင်ထရာနက် (intranet) အဖြစ် ပြောင်းလဲပေးသည်။ အင်တာနက်ပေါ်ရှိ အရာများကို အမည်ပျက်စာရင်းသွင်းခြင်းထက်၊ ထိန်းချုပ်ထားသော အင်ထရာနက်ပေါ်တွင်သာ ဝက်ဘ်ဆိုဒ်များကို ခွင့်ပြုထားပြီး အစိုးရမှ ဒဏ်ခတ်ပိတ်ဆို့ထားသော ပလက်ဖောင်းများအတွက် နံရံကာထားသော ဥယျာဉ်တခုသဖွယ် ဖန်တီးထားခြင်း ဖြစ်သည်။

“အရာရာတိုင်း ရှာဖွေတွေ့ရှိနိုင်တဲ့ အင်တာနက်ရဲ့ ပုံစံကို ပြောင်းပြန်လှန်လိုက်တာ။ အချို့အရာတွေကိုသာ ကန့်သတ်ခြင်း ဒါမှမဟုတ် ပိတ်ဆို့ခြင်းမျိုး ဖြစ်တယ်” ဟု Access Now အဖွဲ့မှ Raman Singh က ဆိုသည်။ မြန်မာနိုင်ငံတွင် အင်တာနက်မှ ပံ့ပိုးပေးထားသည့် ဆက်သွယ်ရေး လုပ်ဆောင်ချက်များကို ဆက်လက် ပိတ်ဆို့နေချိန်တွင် ထိုသို့ ပိတ်ပင်ခြင်းက စစ်တပ် အကျိုးစီးပွားများကို လည်ပတ်စေပြီး နစ်နာနေသော စီးပွားရေးကို ပြန်လည်စတင်စေခဲ့သည်။

ထို့နောက် အာဏာသိမ်းစစ်အုပ်စုသည် whitelisting ကို စတင်စမ်းသပ်ခဲ့သည်။ မြန်မာနိုင်ငံသားများသည် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အင်တာနက်စာမျက်နှာများ၊ ဂိမ်း ဝက်ဘ်ဆိုက်များ၊ Netflix နှင့် YouTube ကဲ့သို့ ဖျော်ဖြေရေးဆိုက်များနှင့် New York Times ကဲ့သို့သော သတင်း ဝက်ဘ်ဆိုက်အချို့ အပါအဝင် မြန်မာစစ်တပ်က ခွင့်ပြုထားသော အင်တာနက် ဝက်ဘ်ဆိုက် ၁,၂၀၀ ကိုသာ ဝင်ရောက်ကြည့်ရှုခွင့် ရရှိသည်။

Facebook နှင့် Twitter ကဲ့သို့သော ဆိုရှယ်မီဒီယာဆိုက်များကို အသုံးပြုခွင့်မရဘဲ ကျန်နေသည်။ ချိတ်ဆက်မှု ပြန်တက်လာသော်လည်း ဝင်ရောက်အသုံးပြုနိုင်သည့် ဆိုက်အရေအတွက်မှာ သိသိသာသာ နည်းပါးသွားသည်။ “သူတို့ ထိထိရောက်ရောက် လုပ်ဆောင်ခဲ့တာက စိစစ်ရေးဘုတ်အဖွဲ့ကို ပြန်ဖွဲ့လိုက်တာပဲ။ အဲဒါက အွန်လိုင်းအတွက်ပေါ့” ဟု Free Expression Myanmar အဖွဲ့မှ Oliver Spencer က ဆိုသည်။ ၎င်းက ၂၀၁၂ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကြာ လည်ပတ်ခဲ့သည့် ဆင်ဆာအဖွဲ့ကို ရည်ညွှန်းပြီး ပြောကြားခဲ့သည်။

A Firewall ။ ။ တရုတ်၏ firewall သည် အပြင်းထန်ဆုံး whitelisting ၏ ဥပမာတခုဖြစ်သည်။ ယခင်က တရုတ်သည် မိန်းခလုတ်ဆွဲပိတ်ခြင်းကို အသုံးပြုခဲ့သော်လည်း ဘေကျင်းအစိုးရသည် ဤနည်းလမ်းမှ ရွေ့လျားသွားကာ ခေတ်မီသော အင်တာနက်ထိန်းချုပ်မှုများအပေါ် မှီခိုလာသည်။ ၂၀၀၉ ခုနှစ်တွင် ရှင်ကျန်ဒေသ၌ လူမျိုးရေး တင်းမာမှုများကြောင့် အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် တရုတ်အစိုးရသည် ရှင်ကျန်ဒေသကို ၁၀ လကြာ အင်တာနက်အသုံးပြုခွင့် ပိတ်ထားခဲ့သည်။ ဤသည်က ပြည်သူတရပ်လုံးအား အပြစ်ပေးသည့်ပုံစံဖြစ်သည့် ဖြိုခွင်းမှုသတင်းများကို ကန့်သတ်ရန်နှင့် နိုင်ငံရေးစည်းရုံးမှုကို ရပ်တန့်ရန် လှုပ်ရှားမှုတခုအဖြစ် ရှုမြင်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း အင်တာနက်ဖြတ်တောက်မှု တနှစ်ပြည့် ရန်ကုန်က လှုပ်ရှားမှုတခု

သို့သော်လည်း ကွန်မြူနစ်ပါတီသည် များပြားလှသော နိုင်ငံရေးအယူဝါဒဆိုင်ရာ ဗဟိုဌာနများ ထူထောင်ပြီး ဝီဂါ (Uyghur) လူမျိုး အနည်းဆုံး တသန်းကို ထိန်းသိမ်းထားသော်လည်း ယင်းဒေသတွင် အင်တာနက်ကို ထပ်မပိတ်တော့ပေ။ အကြောင်းရင်းတခုမှာ ဘေကျင်းအစိုးရ၏ အင်တာနက်ကို ထိန်းချုပ်မှုများ ထိရောက်မှုရှိသောကြောင့် ဖြစ်သည်။

ဆိုလိုသည်မှာ အလုံးစုံပိတ်ပစ်သည့် နည်းနာ မလိုအပ်တော့ပေ။ တရုတ်၏ great firewall ဖြင့် တပ်ဆင်ထားသော စောင့်ကြည့်ခြင်းနှင့် ဆင်ဆာဖြတ်ခြင်းတို့သည် တရုတ်အင်တာနက် အသုံးပြုသူအများစုကို ကမ္ဘာလုံးဆိုင်ရာ ဝက်ဘ်ကွန်ရက်သို့ ဝင်ရောက်ခြင်းမှ ထိရောက်စွာ တားဆီးနိုင်ပြီး ၎င်းတို့တင်သော အကြောင်းအရာကိုလည်း ကန့်သတ်ထားနိုင်သည်။

“သူတို့ဟာ စီးပွားရေးလုပ်ဆောင်မှုရဲ့ အဓိက ကိရိယာတခုကို ကိုးရိုးကားရားနိုင်လှတဲ့ ကျော်မကောင်း ကြားမကောင်းတဲ့ ပိတ်ပင်မှုမျိုးနဲ့ ပိတ်ပစ်ဖို့ မလိုအပ်ဘူး” ဟု IP Observatory မှ Simon Angus က ဆိုသည်။ “အင်တာနက်ဟာ စာတိုမက်ဆေ့ချ်ပို့ခြင်းနဲ့ ဆက်သွယ်ခြင်းအတွက် ၎င်းတို့ရဲ့မိတ်ဆွေ ဖြစ်တယ်”။

တရုတ်၏ great firewall ဖြင့် တပ်ဆင်ထားသော စောင့်ကြည့်ခြင်းနှင့် ဆင်ဆာဖြတ်ခြင်းတို့သည် တရုတ်အင်တာနက် အသုံးပြုသူအများစုကို ကမ္ဘာလုံးဆိုင်ရာ ဝက်ဘ်ကွန်ရက်သို့ ဝင်ရောက်ခြင်းမှ ထိရောက်စွာ တားဆီးနိုင်ပြီး ၎င်းတို့တင်သော အကြောင်းအရာကိုလည်း ကန့်သတ်ထားနိုင်သည်။

အနာဂတ် ပုံစံတခုတွင် တရုတ်၏ ဦးဆောင်မှုနောက်လိုက်ခြင်းဖြင့် အစိုးရများသည် ၎င်းတို့၏ ကိုယ်ပိုင်အင်တာနက်များကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှုကြောင့် အင်တာနက်ပိတ်ရန် မလိုအပ်တော့ပေ။ ဤသည်က ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အစား “splinternet” တခု ဖြစ်လာမည့် အလားအလာကို ညွှန်ပြနေသည်။ အင်တာနက်ကို အချုပ်အခြာအာဏာပိုင် – တခါတရံတွင် hyperlocal သို့မဟုတ် ဒေသန္တရ -အခြေခံဖြင့် စီမံသည့် အင်ထရာနက်များအဖြစ်သို့ ခွဲထားလိုက်ခြင်းပုံစံ ဖြစ်သည်။

သို့သော် ဝဘ်ကို အစိုးရထိန်းချုပ်မှုသည် အတားအဆီး အသစ်တခုနှင့် ရင်ဆိုင်နေရသည်။ ၎င်းမှာ ဂြိုဟ်တုအင်တာနက် ဖြစ်သည်။

ဂြိုဟ်တုအင်တာနက်

Elon Musk ၏ Starlink နည်းပညာသည် ရုရှားနိုင်ငံက ကုန်းတွင်းပိုင်း အင်တာနက်အခြေခံ အဆောက်အအုံများကို ဖျက်ဆီးပြီး လမ်းကြောင်းပြောင်းသွားသည့်တိုင် ယူကရိန်းနိုင်ငံသို့ မြန်နှုန်းမြင့် အင်တာနက်ဝင်ရောက်မှုကို လွှင့်တင်ရန် မြေနိမ့်ပတ်လမ်းရှိ ဂြိုဟ်တု အစုများကို အသုံးပြုထားသည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် ၎င်း၏ နေ့စဉ်ဗီဒီယိုများကို ထုတ်လွှင့်နိုင်စေရန် ခွင့်ပြုပေးသော Starlink ဂြိုဟ်တုကိရိယာ ၁၅,၀၀၀ မှ ၎င်း၏ အရေးကြီးသော အခြေခံအဆောက်အအုံများ အားလုံးကို လည်ပတ်စေပါသည်။

သီအိုရီအရ SpaceX ၏ Starlink ကဲ့သို့သော ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုသည် ယခင်က အင်တာနက် ပိတ်သွားခြင်းကို ဖြစ်ပေါ်စေနိုင်သော်လည်း လက်တွေ့တွင် ၎င်းသည် ယူကရိန်းလူဦးရေ တခုလုံးအတွက် အတိုင်းအတာဖြင့် ပုံတူကူးမရနိုင်သေးပေ။ သို့သော်၊ ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုများသည် သုံးစွဲသူများအား အင်တာနက်ပိတ်ဆို့မှုများကို ကျော်လွှားနိုင်စေမည့် ကတိကို ယူကရိန်းတွင် နေ့စဉ် သရုပ်ပြလျက်ရှိသည်။ ဂြိုဟ်တုဆန့်ကျင်ရေး လက်နက်သစ်များ တီထွင်ထုတ်လုပ်နေသော တရုတ်သုတေသီများက ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။

(The Guardian မှ Julia Bergin, Louisa Lim, Nyein Nyein နှင့် Andrew Nachemson တို့၏ How to shut down the internet – and how to fight back ကို ဘာသာပြန် ဖော်ပြသည်။ ဤဆောင်းပါးကို Judith Neilson Institute မှ ငွေကြေးထောက်ပံ့သည်။)

You may also like these stories:

အင်တာနက်ပိတ်ပင်မှုက နယ်စည်းမခြား ဖြစ်လာတဲ့အခါ

အင်တာနက် ထိန်းချုပ်မှုကို လက်နက်သဖွယ် အသုံးပြုလာခြင်း

အင်တာနက် ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက တရုတ်ကို အားကိုးနိုင်မလား

အင်တာနက်ဖြတ်တောက်မှုနှင့် စစ်ကောင်စီ၏ အရိပ်မဲ့စစ်ဆင်ရေး

The post အင်တာနက် ဘယ်လိုပိတ်လဲ၊ ဘယ်လို ပြန်တိုက်ဖျက်သလဲ appeared first on ဧရာဝတီ.

ငါတို့အညာ ငါတို့ဗမာ

$
0
0

မြန်မာစကားတွင် အထက်အညာ၊ အောက်အကြေဟု ခေါ်ဆိုလေ့ ရှိကြ၏။ ထိုဝေါဟာရ အထူးပြုမှုသည် ဗမာလူမျိုးတို့ အခြေချ နေထိုင်ရာဒေသများကို ခေါ်ဆိုခြင်း ဖြစ်သည်။ အညာဒေသသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံ ဝဲယာ ဒေသ ဖြစ်ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း ‌ဒေသတို့ ဖြစ်သည်။

အကြေဟုခေါ်သော ဒေသကတော့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသတို့ ဖြစ်၏။ အညာနှင့် အကြေကြား ပြည်၊ အောင်လံ ဒေသကို မြေလတ်ဒေသဟုလည်း ခေါ်ဆိုကြသည်။ ထိုသို့ခေါ်ဆို သမုတ်သောဒေသသည် ဗမာလူမျိုးတို့ အခြေချ နေထိုင်ရာ ဒေသတို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။

ထို့ကြောင့် အထက်၊ အညာဆိုသော်လည်း မြန်မာပြည်မြေပုံ၏ အလယ်ပိုင်းတွင် ရှိနေသည်ကို တွေ့ရမည် ဖြစ်ပေသည်။

မြန်မာမြေပုံ၏ အလယ်ပိုင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ အထက်၊ အောက်၊ ဝဲ၊ ယာ တဝိုက် ဗမာလူမျိုးများ၏ မူလဘူတ အခြေစိုက်ရာ ဒေသဖြစ်၏။ ထိုအညာဒေသသည် ဗမာလူမျိုးတို့ သမိုင်းတင်သည့်ကာလတွင် မြို့ပြနိုင်ငံများ၊ ပဒေသရာဇ်နိုင်ငံ စတင်ထူထောင်သည့် ဒေသလည်း ဖြစ်၏။

မြန်မာမြေပုံ၏ အလယ်ပိုင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ အထက်၊ အောက်၊ ဝဲ၊ ယာ တဝိုက် ဗမာလူမျိုးများ၏ မူလဘူတ အခြေစိုက်ရာ ဒေသဖြစ်၏။ ထိုအညာဒေသသည် ဗမာလူမျိုးတို့ သမိုင်းတင်သည့်ကာလတွင် မြို့ပြနိုင်ငံများ၊ ပဒေသရာဇ်နိုင်ငံ စတင်ထူထောင်သည့် ဒေသလည်း ဖြစ်၏။

ဗမာအစ တကောင်းက၊ ဗမာအစ ကျောက်ဆည်ကဟု အငြင်းပွားမှုများ ရှိစေကာမူ ဗမာသမိုင်းကတော့ ပုဂံခေတ်မှစ၍ သမိုင်းတင်သည်။ တောင်ငူခေတ်မှလွဲ၍ ပုဂံ၊ အင်းဝ၊ အမရပူရ၊ ရတနာပုံ မင်းနေပြည်တော် အားလုံးသည် အညာတွင် ရှိသည်။ အညာသည် ဗမာတို့၏ အထိမ်းအမှတ် သရုပ်သကန်လည်း ဖြစ်သည်ဟု ဆိုရမည်။

အောက် အကြေဒေသသည် အထူးသဖြင့် အင်္ဂလိပ်-မြန်မာစစ်ပွဲကာလတွင်မှ အညာမှ ဗမာလူမျိုးတို့ ပြောင်းရွှေ့ အခြေချသည့် ဒေသ ဖြစ်သည်။

ရခိုင်ကို ကြည့်ပါက စစ်တွေသည် အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ရုံးစိုက်ရာဒေသဖြစ်သော်လည်း မြောက်ဦးသည်သာ ရခိုင်တို့၏ အစဉ်အလာ အုပ်ချုပ်ရေး အခြေစိုက်သည့်မြို့ ဖြစ်သည်။

ရှမ်းပြည်နယ်ရှိ တောင်ကြီး၊ လားရှိုးတို့သည်လည်း အင်္ဂလိပ်သိမ်းပိုက်ပြီးနောက် ရုံးစိုက်ရာ မြို့များအဖြစ် စည်ကားလာသော်လည်း ရှမ်းစော်ဘွားတို့၏ အုပ်ချုပ်ရေး အခြေပြုရာ၊ ဟော်နန်းစိုက်ရာမြို့များ မဟုတ်ခဲ့ပေ။

အလားတူပင် ရန်ကုန်သည် အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး အခြေစိုက်ရာ မြို့ဖြစ်ခဲ့သော်လည်း အညာသည်သာ ဗမာတို့၏ ပဒေသရာဇ်မင်း နေပြည်‌တော်များ အခြေစိုက်ရာ ဖြစ်သည်။ ဆိုရလျင် အညာသည် ဗမာသမိုင်း အစဖြစ်ကဲ့သို့ အညာသည် ဗမာတို့၏ ဘူမိနက်သန်လည်းဖြစ်သည်။

ဗမာလူမျိုးတို့၏ ကိုယ်ပိုင်လက္ခဏာ၊ ယဉ်ကျေးမှု မူလသရုပ်သကန်တို့ကို တွေ့နိုင်သောဒေသ ဖြစ်သည်။ ရန်ကုန်သည် အင်္ဂလိပ်ကိုလိုနီအောက်တွင် မြို့တော်ဖြစ်ခဲ့ပြီး အောက်အကြေအရပ်သည် ဖွံ့ဖြိုး စည်ကားခဲ့သော်လည်း ယဉ်ကျေးမှုတို့ ရောပြွမ်းနေသည်။

အညာသည် ဗမာလူမျိုးတို့၏ ယဉ်ကျေးမှု၊ အစဉ်အလာ၊ ကိုယ်ပိုင်လက္ခဏာနှင့် ဗမာလူမျိုးတို့ ရုန်းကန်ရှင်သန်မှု အစစ်အမှန်ကို တွေ့ရှိရသောဒေသဖြစ်သည်။ ထို့ကြောင့် အညာသည် ဗမာ၊ ဗမာသည် အညာဟု ဆိုရပေမည်။

အညာသည် ဗမာလူမျိုးတို့၏ ယဉ်ကျေးမှု၊ အစဉ်အလာ၊ ကိုယ်ပိုင်လက္ခဏာနှင့် ဗမာလူမျိုးတို့ ရုန်းကန်ရှင်သန်မှု အစစ်အမှန်ကို တွေ့ရှိရသောဒေသဖြစ်သည်။ ထို့ကြောင့် အညာသည် ဗမာ၊ ဗမာသည် အညာဟု ဆိုရပေမည်။

ပထဝီ ရာသီဥတုသဘောအရ အညာဒေသအား ယခင်က မိုးခေါင်ရေရှားရပ်ဝန်းဟု ခေါ်ဆိုပြီး ယခုအခါ မိုးနည်းရေရှား ရပ်ဝန်းဒေသဟု ခေါ်ဆိုကြသည်။ မည်သို့ပင် ခေါ်ဆိုခဲ့သည်ဖြစ်စေ ဗမာလူမျိုးတို့ အညာဒေသ၌ အခြေချပြီး သမိုင်းတင်ခဲ့သည်။

အညာဒေသသည် မိုးနည်းသော်လည်း ဧရာဝတီ၊ ချင်းတွင်း၊ မူးမြစ်၊ ဇော်ဂျီမြစ် စသည့် မြစ်များ ဖြတ်သန်းစီးဆင်းရာ ဒေသ ဖြစ်သည်။ ထိုမြစ်များမှ ဆည်ရေသွယ်တန်းခဲ့ကြပြီး စိုက်ပျိုးရေး ပြုလုပ်ခဲ့ကြသည်။ ဓားမဦးချ ခုတ်ထွင် ရှင်းလင်း စိုက်ပျိုးခဲ့ကြသည်။ ထိုမြစ်များအတွင်းရှိ နုံးတင်မြေနုကျွန်းဒေသများတွင် ဗမာတို့ အခြေချ စိုက်ပျိုးရှင်သန်ခဲ့ကြသည်။ ဗမာတို့၏ သမိုင်း၊ ယဉ်ကျေးမှု၊ ပဒေသရာဇ်နိုင်ငံနှင့် ဗမာတို့၏ ကိုယ်ပိုင်လက္ခဏာကို ဖေါ်ပြခဲ့ကြသည်။

ဤနေရာတွင် ဦးစွာပြောကြားလိုသည်မှာ ဗမာတို့၏ ပဒေသရာဇ်နိုင်ငံတော်နှင့် ဗမာတို့၏ ယဉ်ကျေးမှု အစပြု ဖော်ပြခြင်းအား ဗမာလူမျိုးကြီးဝါဒနှင့်လည်းကောင်း၊ ဗမာပဒေသရာဇ်နိုင်ငံတော်က အခြားလူမျိုးဒေသများအား ဝါးမြိုခြင်းနှင့်လည်းကောင်း ရောထွေးမကြည့်ရန်လိုအပ်ပါသည်။

ထို့အတူ ဗမာပဒေသရာဇ် နိုင်ငံတော်ခေတ်ကာလကလည်း အဆိုးများလည်းရှိသကဲ့သို့ တပြည်ထောင်စနစ် မကျင့်သုံးခဲ့သည်ကို ရှမ်းစော်ဘွားများ အုပ်ချုပ်ရေးကို ကြည့်လျင် တွေ့မြင်နိုင်ပါသေးသည်။

ထို့ပြင် ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအများစုသည် လက်ရှိကာလတွင် မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ ပဒေသရာဇ် နိုင်ငံတော် အဆင့်ကို ဖြတ်သန်းဖူးသည်သာ ဖြစ်သည်။

ယခုအခါတွင် ပဒေသရာဇ် သက်ဦးဆံပိုင်ကို မိမိတိုင်းပြည်၊ မိမိလူမျိုး၏ ကိုယ်ပိုင် သမိုင်းဖြတ်သန်းမှုအဖြစ် တန်ဖိုးထား မှတ်တမ်းပြုကြသည်သာ ဖြစ်သည်။

ဆိုလိုချင်သည်မှာ လက်ရှိ မြန်မာပြည်ရှိ ကချင်၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားလူမျိုးတိုင်းတွင် ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ မိမိလူမျိုး ရှင်သန်မှုအတွက် ရုန်းကန်မှုစသည့် ကိုယ်ပိုင်လက္ခဏာများ ရှိကြသကဲ့သို့ ဗမာလူမျိုးတို့တွင်လည်း ကိုယ်ပိုင်လက္ခဏာရှိသည်။

လက်ရှိ မြန်မာပြည်ရှိ ကချင်၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားလူမျိုးတိုင်းတွင် ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ မိမိလူမျိုး ရှင်သန်မှုအတွက် ရုန်းကန်မှုစသည့် ကိုယ်ပိုင်လက္ခဏာများ ရှိကြသကဲ့သို့ ဗမာလူမျိုးတို့တွင်လည်း ကိုယ်ပိုင်လက္ခဏာရှိသည်။

မြန်မာပြည်ရှိ ဗမာအပါ တိုင်းရင်းသား လူမျိုးတိုင်းသည် လူမျိုးတိုင်း၏ ကိုယ်ပိုင်လက္ခဏာကို အပြန်အလှန်အသိအမှတ်ပြု၍ လေးစားစွာ ဆက်ဆံရန် လိုအပ်ပေသည်။ ဤနေရာတွင် အညာနှင့်ပတ်သက်၍ ရေးသားလိုသည်မှာ ဗမာတို့၏ ကိုယ်ပိုင် လက္ခဏာနှင့် ပတ်သက်၍ ဖြစ်သည်။

အညာဒေသ၏ မြေပြန့်လွင်ပြင်ရှိ ဆည်ရေသောက်နှင့် နုံးတင်မြေနုကျွန်းများတွင် အညာသားတို့ စိုက်ပျိုး လုပ်ကိုင် စားသောက်သည်ဆိုနိုင်သော်လည်း မိုးမျှော်၍ စိုက်ပျိုးရသည့် ဒေသများ၊ သီးနှံများလည်း ရှိသည်။

မိုးကောင်းသည့် အချိန်ကာလတွင် သီးနှံအထွက်ကောင်း၍ မိုးခေါင်လျင် သီးနှံအထွက်ကျသည်။ သီးနှံပျက်၏။ မည်သို့ဖြစ်စေ ပုံမှန်မိုးရာသီကျသည်နှင့် ယာခင်းများကို ထွန်ယက်ပြင်ဆင်ထားကြပြီး မိုးမျှော်ကြရတော့၏။ ဤသည်မှာ အညာ၏ ဓလေ့ဖြစ်သည်။

မိုးမရွာသ၍ သီးနှံကျဲ မရ၊ စိုက်ပျိုး မရကြ။ မိုးခေါင်သည့်နှစ်သည် အညာသားတို့အတွက် ခက်ခဲသည့်နှစ်ဖြစ်သည်။ ထို အခက်အခဲများကို အညာသားတို့ စုပေါင်း ရင်ဆိုင်ကြ၏။ စုပေါင်း ရိုင်းပင်း ဖြေရှင်းကြ၏။ စုပေါင်းကျော်လွှားကြ၏။ စုပေါင်း ရှင်သန်ကြသည်။ ဤသည်ပင်လျင် အညာ၏ ဓလေ့၊ အညာ၏ စရိုက်လက္ခဏာ ဖြစ်သည်။

အညာ၏ ပူပြင်းသော ရာသီဥတု၊ မိုးနည်းပါးမှု စသည့် ရာသီဥတုဒဏ်ကို ကြံကြံခံရင်း လယ်ထဲ၊ ယာထဲ၊ ကိုင်းထဲတွင် အညာသားတို့ ရုန်းကန်ရှင်သန်ရသည်။ ကြီးပြင်းလာခဲ့ရ၏။ ဤသို့သို့သော ကြမ်းတမ်းသော ရာသီဥတုရှိ‌သော နေပူစပ်ခါးတွင် အလုပ်လုပ်ခဲ့ရသော အညာသားတို့အတွက် သဘာဝကပေးသည့် ကြံခိုင်မှု ရရှိခဲ့သည်။

သန်စွမ်းမှုရရှိခဲ့သည်။ အခက်အခဲ ကြမ်းတမ်းမှုကို ခံနိုင်သည့် စွမ်းရည်များ ရရှိခဲ့သည်။ ပင်ပန်းဆင်းရဲမည်ကို မကြောက်ဘဲ ဘဝကို ရင်ဆိုင်ရဲသည့် သတ္တိများ ရရှိလာခဲ့ကြ၏။ ဤအချက်သည် တမာနံ့၊ ထနောင်းနံ့သင်းသည့် အညာဒေသမှ အညာသားတို့၏ စရိုက်လက္ခဏာတခုလည်း ဖြစ်၏။

အရေးအပါဆုံးသော အညာ၏ ကိုယ်ပိုင်လက္ခဏာမှာ ဗမာလူ့အဖွဲ့အစည်း၏ အုပ်ချုပ်ရေးစနစ်တရပ်ကို ထူထောင်ခြင်း၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတို့ကို ထူထောင်ခြင်းဖြစ်သည်။ ဤသည်မှာ အညာနှင့် အညာသားတို့၏ ထူးခြားချက်ဖြစ်သည်။

ပုဂံခေတ်မှစ၍ ကိုလိုနီခေတ်ကာလအထိ ဗမာတို့၏ အုပ်ချုပ်ရေးများ စတင်ထူထောင်ခြင်း၊ ပျက်ယွင်းသွားသည့် ဗမာတို့၏ အုပ်ချုပ်ရေးစနစ်များကို ပြန်လည် တည့်မတ်ထူထောင်ခြင်းတို့ ဆောင်ရွက်အားထုတ်ခဲ့ကြသည်မှာ အညာဖြစ်သည်။

ပုဂံခေတ်မှစ၍ ကိုလိုနီခေတ်ကာလအထိ ဗမာတို့၏ အုပ်ချုပ်ရေးများ စတင်ထူထောင်ခြင်း၊ ပျက်ယွင်းသွားသည့် ဗမာတို့၏ အုပ်ချုပ်ရေးစနစ်များကို ပြန်လည် တည့်မတ်ထူထောင်ခြင်းတို့ ဆောင်ရွက်အားထုတ်ခဲ့ကြသည်မှာ အညာဖြစ်သည်။

ပျက်ယွင်းသွားသော အုပ်ချုပ်ရေးများ ပြန်လည်ထူထောင်ရန် လူသူလက်နက်စုဆောင်းခြင်း၊ ရဲရင့်စွာ တိုက်ပွဲဝင်ကြခြင်း၊ မင်းနေပြည်တော်များ ပြန်လည်တည်ဆောက်ခြင်းဖြင့် ဗမာတို့၏ အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းသည်မှာ အညာဒေသဖြစ်၏။ အညာသားများ ဖြစ်ခဲ့ကြသည်။

အညာသည် ဗမာအုပ်ချုပ်ရေးစနစ်များကို ကိုယ်ဒူးကိုယ်ချွန် ကိုယ်အားကိုယ်ကိုးပြီး ထူထောင်ခဲ့ကြသည်။ တိုက်ပွဲဝင်ခဲ့ကြသည်။ ဤသည်မှာ အညာ၏ ထူးခြားချက်ဖြစ်ခဲ့သည်။

ကိုလိုနီခေတ်ကာလ လွတ်လပ်ရေး ကြိုးပမ်းသည့်အချိန်များတွင် ရန်ကုန်သည် ဗဟိုချက်ဖြစ်ခဲ့သည်။ အကြောင်းမှာ နိုင်ငံရေး၊ မြန်မာပြည်အရေးသည် ကမ္ဘာကြီးနှင့်ဆက်စပ်နေသောကာလ ဖြစ်သွားခဲ့ပြီး နိုင်ငံလွတ်လပ်ရေးကြိုပမ်းမှုသည် ပညာတတ်များစုဝေးရာ အောက်အကြေသို့ စုဝေးရောက်ရှိသွားခဲ့သောကြောင့် ဖြစ်သည်။

ခက်ခဲကြမ်းတမ်းသည့်အပြင် ခေတ်နောက်ကျသော အရပ်ဒေသဖြစ်နေခဲ့သည့် အညာဒေသသည် ကမ္ဘာကြီးနှင့် ဆက်စပ်နေသော လွတ်လပ်ရေးကြိုးပမ်းမှုတွင် ရှေ့ဆောင်နိုင်ခြင်းမရှိခဲ့ပေ။

သို့သော်လည်း ပြီးခဲ့သော အနှစ် ၂၀ အတွင်း အညာသည် ကြီးမားစွာပြောင်းလဲခဲ့သည်။ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း အခြားဒေသ အခြားလူမျိုးများကဲ့သို့ပင် အညာတွင် ပညာတတ်များစွာ‌ ထွက်ပေါ်လာခဲ့၏။ နိုင်ငံတကာနှင့် လက်လှမ်းမှီခဲ့သည်။
အထူးခြားဆုံးအချက်မှာ ပြီးခဲ့သောအနှစ် ၂၀ အတွင်း အညာဒေသ ကျေးလက်မှ လူငယ်များ ထိုင်း၊ မလေးရှားအပါ နိုင်ငံရပ်ခြားသို့ အောက်ခြေအလုပ်များမှစ၍ သွားရောက်လုပ်ကိုင်သူ လွန်စွာ များပြားခဲ့သည်။

အညာဒေသ ရွာများတွင် နိုင်ငံခြားသို့ အလုပ်သွားလုပ်သူ တရွာလျင် ၈၀/၁၀၀ ခန့်မှသည် ရွာကြီးများဆိုလျင် ၂၀၀ နှင့် အထက်ရှိခဲ့သည်။ အညာဒေသ ချောင်ကြိုချောင်ကြား ရွာများပင်မကျန် သွားရောက်လုပ်ကိုင်ခဲ့ကြသည်။

အညာဒေသမှ နိုင်ငံခြားသို့ အလုပ်သွားလုပ်သူ သန်းချီခဲ့သည်။ သူတို့သည် နိုင်ငံရပ်ခြား နိုင်ငံများ၏ တိုးတက်မှု၊ ကြွယ်ဝ ချမ်းသာမှု၊ တဦးချင်း ဝင်ငွေမြင့်မားမှု၊ လုပ်ခလစာ မြင့်မားမှုတို့ကို စတင်ထိတွေ့ခဲ့ကြ၏။

အညာဒေသမှ နိုင်ငံခြားသို့ အလုပ်သွားလုပ်သူ သန်းချီခဲ့သည်။ သူတို့သည် နိုင်ငံရပ်ခြား နိုင်ငံများ၏ တိုးတက်မှု၊ ကြွယ်ဝ ချမ်းသာမှု၊ တဦးချင်း ဝင်ငွေမြင့်မားမှု၊ လုပ်ခလစာ မြင့်မားမှုတို့ကို စတင်ထိတွေ့ခဲ့ကြ၏။

ထိုမှတဆင့် နိုင်ငံသားများ၏ အခွင့်အရေး၊ ရပိုင်ခွင့်၊ အစိုးရ၏ တာဝန်ယူမှု၊ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများကို စာတွေ့ မဟုတ်ဘဲ လူကိုယ်‌တိုင် ထိတွေ့လေ့လာခွင့်ရခဲ့ကြသည်။

မြန်မာပြည်တွင် မရခဲ့သည့် အခွင့်အရေးများကို နိုင်ငံခြားတွင် ရခဲ့ကြသည်။ သူတို့မှတဆင့်အညာဒေသမှ သူတို့မိသားစုများသည်လည်း ထိတွေ့ခွင့်ရခဲ့ကြသည်။

ဤသို့သော အခြေအနေအောက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်သော အဆိုပါ ဆိုးဝါးလှသော အုပ်ချုပ်ရေးစနစ်အား ဖျက်ဆီးပြီး အုပ်ချုပ်ရေး ယန္တယားတရပ် ထူထောင်ရန် အညာသားနှင့် အညာဒေသသည် အတက်ကြွဆုံး ပြန်လည်ပါဝင်ခဲ့ကြသည်ကို တွေ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အစောဆုံး ဆန္ဒပြပွဲကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ‌ ၄ ရက်နေ့တွင် အညာဒေသ မန္တလေးတွင် အညာသားတို့ စတင်ဖောက်ခွဲခဲ့သည်။ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် မုံရွာသပိတ်စတင်သည်။ ထို့နောက် အညာတခွင်တွင် မြို့ပြရော၊ ကျေးလက်ပါ လူထုဆန္ဒပြပွဲများကို မြင်တွေ့ခဲ့ကြရသည်။

လူထုသပိတ်များကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းသောအခါတွင်လည်း အညာသားတို့ ရရာ လက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့ကြသည်။ တူမီးများ၊ လက်လုပ်မိုင်းများဖြင့် စတင်တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့ စတင်ခါစက အညာသားတို့၏ တော်လှန်ပုန်ကန်မှုများအား ကောက်ရိုးမီးဟု ယူဆခဲ့ကြသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပုန်ကန်ရန် အညာသားများ စစ်သင်တန်းတက်နေစဉ်

စစ်ကောင်စီကလည်း ၆ လ လောက်နှိမ်နင်းလိုက်လျင် ငြိမ်သက်သွားမည်ဟု ယူဆခဲ့ကြသည်။ သို့သော် လပေါင်း ၂၀ ကျော်ခဲ့သော်လည်း အညာသားတို့၏ တော်လှန်ပုန်ကန်မှုအား စစ်ကောင်စီအနေဖြင့် နှိမ်နင်းနိုင်စွမ်း မရှိခဲ့ပေ။

ထိုသို့ဆို၍ စစ်ကောင်စီသည် ဗမာဒေသဖြစ်၍ အညာသားတို့အား သက်သက်ညှာညှာ စစ်ဆင်နေ၍ မဟုတ်ပေ။ မြန်မာပြည်ဒေသအားလုံးထဲတွင် အညာဒေသသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှု အခံရဆုံးဖြစ်သည်။

အညာဒေသသည် ဒုတိကမ္ဘာစစ်ကို ကြုံဖူးသည်။ ဂျပန်တို့ ပါးရိုက်သည်ကိုလည်း ခံဖူးသည်။ မဟာမိတ်တပ်များနှင့် ဂျပန်တို့ အပြင်းထန်တိုက်သည်ကိုလည်း ကြုံဖူးသည်။ လွတ်လပ်ရေးရပြီးနောက် အလံနီ၊ အလံဖြူ (ဗကပ)၊ ပြည်သူ့ရဲဘော်တို့၏ ပုန်ကန်ထကြွမှုနှင့် ပြည်တွင်းစစ်မီးကိုလည်း ကောင်းစွာခံခဲ့ရဖူးသည်။

အညာဒေသသည် ဒုတိကမ္ဘာစစ်ကို ကြုံဖူးသည်။ ဂျပန်တို့ ပါးရိုက်သည်ကိုလည်း ခံဖူးသည်။ မဟာမိတ်တပ်များနှင့် ဂျပန်တို့ အပြင်းထန်တိုက်သည်ကိုလည်း ကြုံဖူးသည်။ လွတ်လပ်ရေးရပြီးနောက် အလံနီ၊ အလံဖြူ (ဗကပ)၊ ပြည်သူ့ရဲဘော်တို့၏ ပုန်ကန်ထကြွမှုနှင့် ပြည်တွင်းစစ်မီးကိုလည်း ကောင်းစွာခံခဲ့ရဖူးသည်။ သို့သော် ယခုကာလလောက် ရက်စက်ကြမ်းကြုတ်မှုကို မခံခဲ့ရဖူးပေ။

သို့သော် ယခုကာလလောက် ရက်စက်ကြမ်းကြုတ်မှုကို မခံခဲ့ရဖူးပေ။ စာသင်ကျောင်းများကို စစ်ကောင်စီ လေကြောင်းက ပစ်ခတ်ခံရ၍ ဆရာနှင့် ကျောင်းသားများ သေဆုံးသည်ကို ကြုံခဲ့ရသည်။ CDM ကျောင်းဆရာအား ခေါင်းဖြတ်၍ ကျောင်းတံခါးတွင် ချိတ်ဆွဲသည်ကိုလည်း ခံရဖူးသည်။

ဆေးရုံ ဆေးခန်းများကို ဗုံးကြဲတိုက်ခိုက်သည်ကိုလည်း ခံရဖူးသည်။ စစ်ကောင်စီ စစ်ကြောင်းများ ရွာထဲဝင်လာလျှင် တွေ့သမျှ လူတိုင်းအား သူပုန်ဟု သတ်မှတ်၍ ပစ်သတ်ခြင်းကိုလည်း အကြိမ်ကြိမ်ခံခဲ့ရဖူးသည်။

ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် အညာကျေးရွာများအား အကြိမ်ကြိမ် တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရဖူးသည်။ ခံနေရဆဲလည်းဖြစ်သည်။

ထို့ပြင် ဒုတိယကမ္ဘာစစ်ကာလ၊ လွတ်လပ်ရေး ရပြီးကာစ ပြည်တွင်းစစ် အစောပိုင်းကာလများတွင် မကြုံခဲ့သော အဖြစ်အပျက်ဟု ဆိုရမည့် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီ တပ်များ၏ ရွာများအား မီးရှို့ မီးလောင်တိုက်သွင်းခြင်း ကိုလည်း ခံခဲ့ရသည်။ ခံနေရဆဲလည်း ဖြစ်သည်။

လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို လေကြောင်းက ပစ်ခတ်အပြီး

သုတသန အဖွဲ့အစည်းတခု ဖြစ်သည့် ISP-Myanmar ၏ မှတ်တမ်းများအရ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ တပြည်လုံးတွင် ဘာသာရေး အဆောက်အအုံများအပါ အရပ်သားအိုးအိမ် စုစုပေါင်း ၃၈၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

၎င်းတို့အထဲတွင် စစ်ကိုင်းတိုင်းမှ ၂၆၉၇၀ လုံး၊ မကွေးတိုင်းမှ ၈၈၆၆ လုံး၊ မန္တလေးတိုင်းမှ ၁၁၁ လုံးရှိပြီး အညာဒေသတွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် အိုးအိမ်စုစုပေါင်းသည် ၉၃ ရာခိုင်နှုန်းကျော်ရှိပြီး အများဆုံးဖြစ်သည်ကို တွေ့ရသည်။

စစ်ကိုင်းတိုင်းအတွင်းက မီးလောင်ပြင်တခု

မြို့နယ်အလိုက်ဆိုလျှင် အညာဒေသစစ်စစ်ဖြစ်သည့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်တို့တွင် အိမ်ခြေ အလုံး ၃၀၀၀ ကျော်စီဖြင့် အများဆုံးဖြစ်ကြောင်း တွေ့ရသည်။

စစ်ကောင်စီတပ်က မီးရှို့သူများသည် PDF များ ပုန်ကန်သူများဟု လက်ညိုးထိုး၍ ဘူးခံငြင်းဆိုလျက် ရှိသည်။ သို့သော် ဒေသခံ အညာသားများကတော့ သူတို့အိုးအိမ်၊ သူတို့ရပ်ရွာကို သူတို့ အညာသားများ မီးမရှို့သည်ကို ကောင်းစွာ သိကြပြီး ဖြစ်သည်။ မီးရှို့သူများသည် သူစိမ်းများ ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှု ဖြစ်ကြောင်း ကောင်းစွာ သိကြသည်။

အညာဒေသ၌ စစ်ကောင်စီတပ်များ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုမှတ်တမ်းများ အပုံအပင်ရှိသည်။ ဤတသက်ဖျောက်ဖျက်၍ ရနိုင်တော့မည် မဟုတ်ပေ။

ရွာများထဲသို့ စစ်ကောင်စီတပ်များ ဝင်လာပါက ရွာမီးရှို့၊ တွေ့သည့်သူသတ် စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်ကြသဖြင့် တရွာလုံး တိမ်းရှောင်ထွက်ပြေးကြရသည်။ ဤသို့ဖြစ်ပျက်နေသည်မှာလည်း နှစ်ပေါက်နေပြီဖြစ်သည်။

အညာဒေသတွင် စစ်ဘေးဒုက္ခသည်အရေအတွက်ကို တွက်ဆရန် မလွယ်ကူလှပေ။ ဤမျှ ဒုက္ခကိုခါးစည်းခံနေသော်လည်း အညာသားအများစုတို့သည် အခြားဒေသသို့ သို့မဟုတ် ပြည်ပနိုင်ငံတခုသို့ ထွက်ပြေးသည်ကို မကြားရပေ။ထိုအညာဒေသ အတွင်းတွင်ပင် နေထိုင်ပြီး စစ်ကောင်စီကို ခုခံတိုက်ပွဲဝင်နေကြသည်။

အညာဒေသတွင် စစ်ဘေးဒုက္ခသည်အရေအတွက်ကို တွက်ဆရန် မလွယ်ကူလှပေ။ ဤမျှ ဒုက္ခကိုခါးစည်းခံနေသော်လည်း အညာသားအများစုတို့သည် အခြားဒေသသို့ သို့မဟုတ် ပြည်ပနိုင်ငံတခုသို့ ထွက်ပြေးသည်ကို မကြားရပေ။ထိုအညာဒေသ အတွင်းတွင်ပင် နေထိုင်ပြီး စစ်ကောင်စီကို ခုခံတိုက်ပွဲဝင်နေကြသည်။

မကြာမီက အညာဒေသ PDF တပ်ရင်းမှူး တဦးနှင့် ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် “ကျနော်တို့ အညာမှာတော့ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ပွဲဝင်တယ်ဆိုတာက ယာလုပ် မြေပဲခင်းလုပ်သလို နေ့စဉ်ပုံမှန်အလုပ် ဖြစ်သွားပြီဗျ”ဟု ဖြေဆိုသည်ကို တွေ့ရသည်။

အမှန်ပင် အညာဒေသကျေးရွာများတွင် မနက်မိုးလင်းသည်နှင့် စကစတပ်များအား မည်သို့တိုက်မည်၊ မည်သည့် လက်နက်ခဲယမ်းသုံးမည်၊ လက်နက်ခဲယမ်း မည်သို့ရှာမည်၊ ဝယ်မည်၊ ထုတ်လုပ်မည်ဆိုသည်ကို တိုင်ပင်ကြ၊ ဆွေးနွေးကြ၊ လုပ်ကိုင်ကြသည်မှာ နေ့စဉ်ပုံမှန် အလုပ်ဖြစ်နေပြီဟု အညာသားများက ပြောကြသည်။

စစ်ကောင်စီကလည်း အကြမ်းနည်းဖြင့် ဖိနှိပ်ရန် ကြိုးပမ်းနေသော်လည်း အညာသားတို့ နောက်မတွန့်ခဲ့ကြပေ။ စစ်ကောင်စီ လက်ကိုင်တုတ်ပါတီဖြစ်သည့် ကြံ့ဖွံ့ပါတီဥက္ကဌကလည်း အညာသားများသည် အသိဉာဏ်မဲ့သူများဟု ပုတ်ခတ် ပြောဆိုသည်ကို တွေ့ရသည်။

အာဏာသိမ်းတပ် စစ်ကြောင်းဝင်လာ၍ ရှောင်တိမ်းကြသူများ

တကယ်တော့ အညာသားများသည် စစ်ကောင်စီ၏ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန်၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ဖယ်ရှား အစားထိုးရန် လိုအပ်ပြီကို ကောင်းစွာသိကြသည့် အသိဉာဏ်ကြီးသူများ ဖြစ်သည်။

စစ်ကောင်စီ၏ အလိမ်အညာများကို ငြိမ်ခံနေကြမည့် လူအများ မဟုတ်တော့ပေ။ ထို့ပြင် အညာသားများသည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဘာသာရေးကို လေးစားကိုင်းရှိုင်းကြသူများ ဖြစ်၏။ ဗုဒ္ဓဘာသာအား ကိုးကွယ်ရာဘာသာအဖြစ် ယုံကြည်ဆည်းကပ်သူများဖြစ်သည်။

မီးလောင်ပြင်ကြားက ပြည်သူ့ကာကွယ်ရေးတပ်သား ၂ ဦး

ဘာသာရေးအား မိမိကိုယ်စီးပွားအတွက်၊ မိမိအာဏာတည်မြဲရေးအတွက် အသုံးချရန်ကြိုးစားနေသည့် စစ်ကောင်စီအနေဖြင့် အညာသားတို့အား ဘာသာရေးဖြင့် ခုတုံးလုပ်ဖြိုခွဲရန်လည်း မဖြစ်နိုင်ပေ။

ကျန်ဗမာ အများစုနေထိုင်ကြသည့် အကြေဒေသများတွင် စစ်အာဏာရှင်အား ပုန်ကန်မှုများရှိသော်လည်း စစ်ကောင်စီအား တော်လှန်ပုန်ကန်ကြသည်မှာ အညာသာရှိသည်။ ဤအချက်သည် အညာ၏ ထူးခြားချက်ဖြစ်၏။ နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်၏။

ကျန်ဗမာ အများစုနေထိုင်ကြသည့် အကြေဒေသများတွင် စစ်အာဏာရှင်အား ပုန်ကန်မှုများရှိသော်လည်း စစ်ကောင်စီအား တော်လှန်ပုန်ကန်ကြသည်မှာ အညာသာရှိသည်။ ဤအချက်သည် အညာ၏ ထူးခြားချက်ဖြစ်၏။ နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်၏။

ကရင်နီပြည်နယ်၊ ချင်းပြည်နယ်များတွင်လည်း တခွင်တပြင်လုံး စစ်ကောင်စီအား တော်လှန်ကြသည့် ပြည်နယ်များ ဖြစ်သည်။ တိုင်းရင်းသားလူမျိုး၊ ပြည်နယ်တိုင်း စစ်ကောင်စီအား တော်လှန်နေကြသည်။

ဗမာလူမျိုးအဖို့ပြောလျင် ယခင်အခါက အယူဝါဒအပေါ် အခြေပြု၍ စစ်အာဏာရှင်စနစ်အား တော်လှန်ပုန်ကန်မှုရှိခဲ့သည်။ သို့သော် ယခုနွေဦး တော်လှန်ရေး၏ ထူးခြားချက်မှာ ဗမာလူမျိုး အညာသားများ၏ တော်လှန်ရေးသည် အယူဝါဒပေါ် အခြေမတည်ပေ။

ဆိုးဝါးလှသည့် စစ်အာဏာရှင်အုပ်ချုပ်ရေး ဖျက်သိမ်းပြီး အုပ်ချုပ်ရေးအသစ်တခု အစားထိုးရန် တော်လှန်သည့် အညာသား ဗမာလူမျိုးတို့၏ တော်လှန်ရေးဖြစ်သည်။ အာဏာရှင်များ၏ တရားဥပဒေမဲ့ ထင်ရာစိုင်းမှုများ၊ လက်နက်အားကိုး အနိုင်ကျင့်မှုများ ကိုယ်ကျိုးစီးပွါးရှာမှုများ၊ အကျင့်ပျက်လဘ်စားမှုများ ပြည့်နှက်နေသည့် အုပ်ချုပ်ရေးစနစ်အား ဖျက်သိမ်း၍ သစ်လွင်သည့် အုပ်ချုပ်ရေးစနစ် တရပ်အစားထိုးရန် ရည်ရွယ်သည့် အညာသားတို့၏ အစဉ်အလာတော်လှန်ရေးဖြစ်သည်။

နွေဦးတော်လှန်ရေးတွင် အခြားတိုင်းရင်းသားလူမျိုးများကဲ့သို့ အညာသားဗမာများ အလုံးအရင်းလိုက် ပါဝင်လာခြင်းသည် ထူးခြားချက်ဟု ဆိုရမည်။ ဤသည်မှာ အညာ၏ ထူးခြားချက်ဖြစ်သည်။ အညာ၏ ကိုယ်ပိုင်လက္ခဏာကို လှစ်ဟ ဖော်ပြ ခြင်းလည်း ဖြစ်ပေသည်။

(အေးချမ်းဆုသည် နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူတဦးဖြစ်သည်။)

You may also like these stories:

စစ်ကိုင်းတွင် အရပ်သားများသတ်ဖြတ်ခံရပြီး ကျေးရွာများပါ မီးရှို့ခံနေရ

ကျေးလက်ကို မီးရှို့ကာ မြို့ပြအား အိမ်ရာမဲ့ ဖြစ်စေရန် စစ်ကောင်စီ လုပ်ဆောင်နေ

တပတ်အတွင်း စစ်ကိုင်းတိုင်းမှ ရွာ ၂၀ ကျော် စစ်တပ်မီးရှို့

ဧရာဝတီမြစ်ရိုးတလျှောက်ကရွာများအား စစ်တပ်က စီးနင်းဖျက်ဆီး

မီးရှို့မည်ဟု ခြိမ်းခြောက်သဖြင့် လှတောရွာ တရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်

The post ငါတို့အညာ ငါတို့ဗမာ appeared first on ဧရာဝတီ.

သူတင်ကိုယ်တင် ယှဉ်ကစားလာသည့် ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲများ

$
0
0

ကမ္ဘာ့ဖလား အုပ်စုတွင်း ဒုတိယအကျော့ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားပြီးတဲ့နောက် ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းကြီးအချို့ နောက်တဆင့် တက်သွားခဲ့ပါပြီ။ ဘရာဇီး၊ ပြင်သစ်နဲ့ ပေါ်တူဂီအသင်းတို့ နှစ်ပွဲကစား နှစ်ပွဲနိုင်ရလဒ်နဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲဆီ တက်ရောက်ခဲ့တယ်။

နောက်ထပ်နာမည်ကြီး အာဂျင်တီးနားနဲ့စပိန်တို့ နောက်တဆင့်တက်ဖို့ အခြေအနေကောင်းနေပေမယ့် နာမည်ကြီးဂျာမနီ နောက်တဆင့်တက်ရေးက မရေမရာ ဖြစ်နေပါသေးတယ်။

လူငယ်ခြေတက်တွေနဲ့ စုဖွဲ့ထားတဲ့ အင်္ဂလန်အသင်းကတော့ အီရန်ကို ဂိုးပြတ်နိုင်တဲ့ လူစာရင်းနဲ့ အမေရိကန်ကို ရင်ဆိုင်ခဲ့ပေမယ့် သရေရလဒ်သာ ထွက်ပေါ်ခဲ့တယ်။ ဘောလုံးဘိုးအေနိုင်ငံနဲ့ တက်သစ်စ အမေရိကန် ဘောလုံးအသင်းတို့ သရေကျခဲ့လို့ အင်္ဂလန်အသင်း ဝေဖန်ခံခဲ့ရတယ်။

အုပ်စုတွင်း ဒုတိယပွဲရလဒ်များကို အုပ်စုအလိုက် လေ့လာကြည့်ကြရအောင်ပါ။ အုပ်စုနှစ်ပွဲ ကန်ပြီးသမျှ အုပ်စု (A) မှာ နယ်သာလန်၊ အီကွေဒေါနဲ့ ဆီနီဂေါတို့ နောက်တဆင့်တက်ဖို့ အခွင့်အရေးရှိနေပြီး အိမ်ရှင်ကာတာကတော့ အုပ်စုက ထွက်ခဲ့ရပါပြီ။

နယ်သာလန်က အုပ်စုနောက်ဆုံးပွဲကို ကာတာနဲ့ ကစားရမှာဖြစ်လို့ အုပ်စုဗိုလ်ဖြစ်ဖို့ အခြေအနေကောင်းနေပြီး အီကွေဒေါနဲ့ဆီနီဂေါက အုပ်စုဒုတိယနေရာအတွက် ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်တယ်။ အီကွေဒေါက သရေကျရုံနဲ့ နောက်တဆင့် တက်နိုင်မှာဖြစ်ပေမယ့် ဆီနီဂေါကတော့ နိုင်မှတက်မှာပါ။

နယ်သာလန်က အုပ်စုနောက်ဆုံးပွဲကို ကာတာနဲ့ ကစားရမှာဖြစ်လို့ အုပ်စုဗိုလ်ဖြစ်ဖို့ အခြေအနေကောင်းနေပြီး အီကွေဒေါနဲ့ဆီနီဂေါက အုပ်စုဒုတိယနေရာအတွက် ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်တယ်။ အီကွေဒေါက သရေကျရုံနဲ့ နောက်တဆင့် တက်နိုင်မှာဖြစ်ပေမယ့် ဆီနီဂေါကတော့ နိုင်မှတက်မှာပါ။

လက်ရှိခြေစွမ်းတွေအရ အုပ်စု (A) မှာ နယ်သာလန်နဲ့ အီကွေဒေါတို့ ရှုံးထွက်အဆင့်တက်ဖို့ များတယ်။

အုပ်စု (B) မှာ ဂိုး ၆ ဂိုး ရထားပြီး ရမှတ် ၄ မှတ်နဲ့ နောက်တဆင့်တက်ဖို့ အခြေအနေ ကောင်းနေတာက အင်္ဂလန်အသင်းပါ။ အုပ်စုဒုတိယအတွက် အီရန်နဲ့ အမေရိကန်တို့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အီရန်က သရေကျရုံနဲ့ နောက်တဆင့်တက်မယ်။ အင်္ဂလန်နဲ့ နောက်ဆုံးပွဲကစားရမယ့် ဝေးလ်ကတော့ အုပ်စုအဆင့်က ထွက်ရဖို့များပြီး အင်္ဂလန်က အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့် တက်နိုင်တယ်။

အာဂျင်တီးနားတို့ပါတဲ့ အုပ်စု (C) မှာ ၄ သင်းစလုံး အုပ်စုတက်ဖို့ မျှော်လင့်ချက်ရှိနေတယ်။ ပိုလန်က ရမှတ် (၄) မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပေမယ့် အုပ်စုနောက်ဆုံးပွဲအဖြစ် အာဂျင်တီးနားနဲ့ ကန်ရမယ်။ ပိုလန် အနိုင်ကန်ရမှာဖြစ်ပြီး ရှုံးသွားရင် တဘက်မှာ ဆော်ဒီ-မက္ကဆီကိုပွဲ နိုင်တဲ့အသင်းက နောက်တဆင့်တက်ပြီး ပိုလန်ပြိုင်ပွဲက ထွက်သွားရနိုင်တယ်။

အာဂျင်တီးနားကလည်း ပိုလန်ကို အနိုင်ကစားပြီး အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်တက်နိုင်မှ တဘက်အုပ်စုက လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို ရှုံးထွက်အဆင့်မှာ ရှောင်နိုင်မယ်။ အုပ်စု (C) မှာ လက်ရှိ ခြေစွမ်းတွေအရ အာဂျင်တီးနားနဲ့ ဆော်ဒီအသင်းတို့ နောက်တဆင့်တက်ဖို့ အခွင့်အရေးကောင်းနေတယ်။

ပြင်သစ်အသင်း

ပြင်သစ်အသင်းပါတဲ့ အုပ်စု (D) မှာတော့ ဒိန်းမတ်နဲ့တူနီးရှားတို့က နောက်ဆုံးပွဲ ရှုံးလို့မရတော့ပါဘူး။ သြစတြေးလျက မထင်မှတ်ဘဲ တူနီးရှားကို အနိုင်ရသွားတဲ့အတွက် ဒိန်းမတ်နဲ့ပွဲမှာ သရေကစားရုံနဲ့ ရှုံးထွက်အဆင့် တက်နိုင်တယ်။ ခြေစွမ်းနဲ့ အတွေ့အကြုံအရ ဒိန်းမတ်အသင်းက သြစတြေးလျအသင်းကို အနိုင်ရပြီး ဒီအုပ်စုမှာ ပြင်သစ်က အုပ်စုပထမ ဒိန်းမတ်က အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့် တက်သွားနိုင်တယ်။

အုပ်စု (E) မှာ စပိန်က ကော်စတာရီကာကို ၇ ဂိုးပြတ်နဲ့နိုင်ထားပြီး ရမှတ် ၄ မှတ် ရထားတော့ အုပ်စုတွင်း အားအကောင်းဆုံး ဖြစ်နေတယ်။ နောက်တဆင့်တက်ဖို့ စပိန်က ကျိန်းသေသလောက် ဖြစ်နေတယ်။ စပိန်က နောက်ဆုံးပွဲမှာ ဂျပန်နဲ့ကစားရမှာဖြစ်ပြီး ရှုံးခဲ့ရင်တောင် ဂိုးကွာခြားချက်အရ စပိန်မှာ အခွင့်အရေးကောင်း ရှိနေတုန်းပဲ။ ဒီအုပ်စုမှာ စပိန်က အခရာကျနေပြီး ဂျပန်ကို သရေကစားကာ ရှုံးထွက်အဆင့်ကို ဆွဲခေါ်သွားမလား စောင့်ကြည့်ရမယ်။

အုပ်စု (E) မှာ စပိန်က ကော်စတာရီကာကို ၇ ဂိုးပြတ်နဲ့နိုင်ထားပြီး ရမှတ် ၄ မှတ် ရထားတော့ အုပ်စုတွင်း အားအကောင်းဆုံး ဖြစ်နေတယ်။ နောက်တဆင့်တက်ဖို့ စပိန်က ကျိန်းသေသလောက် ဖြစ်နေတယ်။ စပိန်က နောက်ဆုံးပွဲမှာ ဂျပန်နဲ့ကစားရမှာဖြစ်ပြီး ရှုံးခဲ့ရင်တောင် ဂိုးကွာခြားချက်အရ စပိန်မှာ အခွင့်အရေးကောင်း ရှိနေတုန်းပဲ။

အုပ်စု (F) မှာတော့ ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ နောက်ဆုံးကစားမယ့်ပွဲက အဆုံးအဖြတ်ပေးမယ်။ မော်ရိုကိုက အုပ်စုပြုတ် ကနေဒါနဲ့ တွေ့မှာဖြစ်လို့ အုပ်စုတက်ဖို့ အခြေအနေ ကောင်းသွားပြီ။ ဘယ်လ်ဂျီယံက အသင်းတွင်းညီညွတ်မှု ပြိုကွဲနေပုံရတယ်။ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းက သူ့အသင်းမှာ လူအိုတွေများနေလို့ ကမ္ဘာ့ဖလား မရနိုင်ဘူးပြောခဲ့တယ်။ မော်ရိုကို ကို ရှုံးတော့ နောက်တန်းလူ ဗော်တွန်ဂန်က ရှေ့တန်းမှာ လူအိုတွေများနေလို့ ရှုံးတာဆိုပြီး ပြန်ထောက်ပြတယ်။ ခရိုအေးရှား လက်ရှိစုဖွဲ့မှုနဲ့ကစားပုံက ဘယ်လ်ဂျီယံထက် သာလွန်ကောင်းမွန်နေတယ်။ ဘယ်လ်ဂျီယံကတော့ ဒီနှစ်ကမ္ဘာ့ဖလားကို စောစောစီးစီး နှုတ်ဆက်ရနိုင်တယ်။

နိုဝင်ဘာ ၂၈ ရက်ညနဲ့ ၂၉ ရက်မနက်မှာ ကစားသွားကြတဲ့ အုပ်စု (G) နဲ့ အုပ်စု (H) အုပ်စု ဒုတိယပွဲတွေမှာတော့ နာမည်ကြီး ဘရာဇီးအသင်းနဲ့ ပေါ်တူဂီအသင်းတို့ နိုင်ပွဲကိုယ်စီရပြီး နောက်တဆင့်တက်ဖို့ သေချာသွားခဲ့ကြတယ်။

အုပ်စု (G) မှာ ဘရာဇီးအသင်းက ရှုံးထွက်တက်ဖို့ သေချာနေပေမယ့် အုပ်စုဗိုလ်ရပြီး နောက်တဆင့်တက်ဖို့ ကင်မရွန်းကို အနည်းဆုံး သရေ ၁ မှတ်ရအောင် ကစားရမယ်။ အုပ်စုဗိုလ်ဖြစ်မှ တဘက်အုပ်စုက ပေါ်တူဂီအသင်းကို ရှောင်နိုင်မယ်။ အုပ်စုဒုတိယနေရာအတွက် ဆွစ်ဇာလန်နဲ့ ဆာဘီးယားအသင်းတို့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဆွစ်ဇာလန်က သရေ ၁ မှတ်ရတာနဲ့ ရှုံးထွက်အဆင့် တက်နိုင်တယ်။ ကစားပုံနဲ့ လက်ရှိအသင်း တည်ငြိမ်မူအရ အုပ်စု (G ) မှာ ဒုတိယနေရာအတွက် ဆွစ်ဇာလန် အခြေအနေ ကောင်းသွားနိုင်တယ်။

ပေါ်တူဂီအသင်း

ပြင်သစ်၊ ဘရာဇီးတို့နည်းတူ ပေါ်တူဂီလည်း နှစ်ပွဲကစား နှစ်ပွဲနိုင်ပြီး ရှုံးထွက်အဆင့်တက်ဖို့ သေချာနေတယ်။ ဂါနာ-ဥရုဂွေးပွဲက အုပ်စုဒုတိယအတွက် အဆုံးအဖြတ်ပွဲ ဖြစ်လာနိုင်ပြီး ဂါနာက သရေ ၁ မှတ်ရရုံနဲ့ ရှုံးထွက်အဆင့် တက်မှာဖြစ်လို့ ဂါနာအသင်း အခြေအနေကောင်းနေတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းများ အုပ်စုတွင်းပြိုင်ပွဲ နှစ်ကျော့ကစားပြီးချိန်မှာ ၁၆ သင်း ရှုံးထွက်အဆင့်တက်မယ့် အသင်းတွေ အုပ်စုတက်ဖို့ အခြေအနေ ကောင်းနေတဲ့အသင်းတွေ ထွက်ပေါ်ခဲ့သလို အုပ်စုက လက်ပြနှုတ်ဆက်ရတဲ့ အသင်းတွေလည်း ထွက်ပေါ်ခဲ့တယ်။

ကစားခဲ့သမျှ ဘောလုံးပွဲတွေကို ခြုံကြည့်ရင် ထိန်းကစားတဲ့အသင်းတွေ တွေ့မြင်ခဲ့ရပေမယ့် နောက်တန်း ပိတ်ဆို့ကစားတဲ့ အသင်းရယ်လို့ မတွေ့ရဘဲ သူတင်ကိုယ်တင် ယှဉ်ကစားကြတာ တွေ့ရတယ်။

ဥရောပအဆင့်အသင်းတွေကို အာဖရိကနဲ့ အာရှအဆင့်အသင်းတွေက ယှဉ်ကစား၊ ဖွင့်ကစားခဲ့ကြတယ်။

နိုဝင်ဘာ ၂၈ ရက်က ကစားခဲ့တဲ့ ကင်မရွန်း-ဆာဘီးယားပွဲ ဂါနာ-ကိုရီးယားပွဲတို့ကိုကြည့်ရင် ဒီအချက်ကို တွေ့နိုင်တယ်။ နှစ်ဂိုးအသာနဲ့ အရှေ့ဥရောပက ဆာဘီးယားအသင်းကို အာဖရိက ကင်မရွန်းက သူတင်ကိုယ်တိုင်ကစားပြီး သရေ ၁ မှတ်ခွဲယူသွားနိုင်တယ်။

အာရှအသင်း ကိုရီးယားကလည်း နှစ်ဂိုးနဲ့ဦးဆောင်နေတဲ့ ဂါနာကို နောက်က လိုက်ကစားပြီး သရေရအောင် ကစားတယ်။ ဂါနာတိုက်စစ်က ပိုဂိုးသွင်းသေချာလို့ အနိုင်ရသွားတယ်။ ဘောလုံးအသင်းတွေ အခုလို သူတင်ကိုယ်တင် ယှဉ်ပြိုင်ကစားပြီး ဂိုးတွေ သူတပြန်ကိုယ်တပြန် သွင်းကြတော့ ပရိသတ်အကြိုက်တွေ့တဲ့ပွဲတွေ ဖြစ်လာနေတယ်။

အာရှအသင်း ကိုရီးယားကလည်း နှစ်ဂိုးနဲ့ဦးဆောင်နေတဲ့ ဂါနာကို နောက်က လိုက်ကစားပြီး သရေရအောင် ကစားတယ်။ ဂါနာတိုက်စစ်က ပိုဂိုးသွင်းသေချာလို့ အနိုင်ရသွားတယ်။ ဘောလုံးအသင်းတွေ အခုလို သူတင်ကိုယ်တင် ယှဉ်ပြိုင်ကစားပြီး ဂိုးတွေ သူတပြန်ကိုယ်တပြန် သွင်းကြတော့ ပရိသတ်အကြိုက်တွေ့တဲ့ပွဲတွေ ဖြစ်လာနေတယ်။

အုပ်စုတွင်း ဒုတိယအကျော့ပွဲတွေအနက် စပိန်-ဂျာမနီပွဲက နည်းပြချင်း၊ နည်းစနစ်ချင်း ပြိုင်တဲ့ အဆင့်မြင့်ပွဲတခုဖြစ်လို့ ကြိုက်တယ်။ ဆာဘီးယား-ကင်မရွန်းပွဲ၊ ဂါနာ-ကိုရီးယားပွဲတွေက စိတ်ဓာတ်ပြင်းပြင်းနဲ့ အနိုင်မခံ အရှုံးမပေး ကြိုးစားကစားသွားကြလို့ ပွဲကောင်းတွေလို့ သတ်မှတ်ကြောင်း အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်က မှတ်ချက်ပေးပြောဆိုတယ်။

သူကပဲ အခုကစားပြီးသမျှ ဘောလုံးပွဲတွေကြည့်ပြီး ဗိုလ်စွဲမယ့် အသင်းခြေစွမ်းရယ်လို့ မတွေ့ရသေးဘဲ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းတိုင်း လိုအပ်ချက်တွေ ရှိနေတုန်းပဲလို့ ပြောပါတယ်။

ကမ္ဘာ့ဖလားရဲ့ ဒီတပတ်အလှတရားကတော့ အာဖရိကအသင်း ပရိသတ်တွေပါ။ တောက်ပဝင့်ကြွားတဲ့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး ပွဲကြည့်စင် စင်မြင့်ထက်ကနေ မာန်ပါပါ ကခုန်အားပေးနေကြတဲ့ အာဖရိက ပရိသတ်တွေ ကြည့်ပြီး ကြည်နူးပီတိဖြစ်ရသလို အားလည်းဖြစ်ရတယ်။

နိုင်ငံရေးတွေလည်း ပါနေတုန်းပဲ။ ဂျာမနီ-စပိန်ပွဲမှာ ကာတာပရိသတ်တွေက လူမျိုးရေးခွဲခြားဖူးတဲ့ ဂျာမနီဘောလုံးသမား အိုဇေး ပုံကိုင်ပြီး ပါးစပ်ပိတ်ကာ ဂျာမနီအသင်းကို တန်ပြန်ဆန္ဒပြခဲ့ကြတယ်။

အခုနောက်ဆုံး ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ လိင်တူချစ်သူများကို ထောက်ခံတဲ့” One Love” လက်ပတ်ဝတ်ဆင်သူ ကစားသမားကို အကန့်အသတ်မရှိပြစ်ဒဏ်နဲ့ အရေးယူမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ခြိမ်းခြောက်ထားကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ဖွင့်ချလာတယ်။

မည်သို့ပင်ဆိုစေကာမူ တစတစ ဇာတ်ရှိန်တက်လာတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေက ပျော်ရွှင်သနား အားမရ အံကြိတ်ခြင်းများစွာနဲ့ ရသစုံပေးပြီး ဘောလုံးချစ်ပရိသတ်တွေကို ဆက်ပြီး ဆွဲဆောင်နေဦးမှာ အသေအချာပါပဲ။

You may also like these stories:

ပထမတကျော့မှာပင် ဖမ်းစားနိုင်ခဲ့တဲ့ ကာတာကမ္ဘာ့ဖလား

ကာတာကမ္ဘာ့ဖလား ချန်ပီယံပြေးလမ်းပေါ်က အသင်းများ

အငြင်းပွားဖွယ်အများဆုံး ကာတာကမ္ဘာ့ဖလား လာပြီ

The post သူတင်ကိုယ်တင် ယှဉ်ကစားလာသည့် ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲများ appeared first on ဧရာဝတီ.

ကွယ်လွန်သူ တရုတ်သမ္မတဟောင်းက ယခင်စစ်အုပ်စုကို ထောက်ခံပံ့ပိုးခဲ့သည်

$
0
0

ယခင်မြန်မာ စစ်အုပ်စု၏ မိတ်ဆွေ တရုတ်သမ္မတဟောင်း မစ္စတာ ကျန်ဇီမင်းသည် အသက် ၉၆ နှစ်အရွယ်တွင် လွန်ခဲ့သော နိုဝင်ဘာလ ၃၀ ရက်နေ့က ကွယ်လွန်သည်။

၁၉၈၉ နှစ်က တီအန်နန်မင်ရင်ပြင်မှ ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသောကြောင့် ကမ္ဘာက တုန်လှုပ်ရပြီးနောက် ၁၉၉၃ ခုနှစ်တွင် ကျန်ဇီမင်းသည် သမ္မတအဖြစ် ခန့်အပ်ခံရသည်။

၂၀၀၁ ခုနှစ်က မြန်မာရောက် သမ္မတ ကျန်ဇီမင်းနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်

ထိုစဉ်က စစ်အာဏာရှင် သန်းရွှေသည်လည်း တရုတ်၏ စစ်ရေးနှင့် စီးပွားရေး အကူအညီများဖြင့် မြန်မာတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) ထူထောင်ကာ သူ၏အာဏာ ခိုင်မာရန် လုပ်နေသောကာလ ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် ကျန်ဇီမင်းက သန်းရွှေကို တရုတ်သို့ ဖိတ်ခေါ်ပြီး ကုန်သွယ်ရေး၊ နည်းပညာလွှဲပြောင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေများအတွက် သဘောတူစာချုပ်များ ချုပ်ဆိုသည်။ သူက သန်းရွှေကို ပေါက်ဖော် သို့မဟုတ် ညီအကိုဟု ခေါ်သည်။

မြန်မာရောက် သမ္မတ ကျန်ဇီမင်း

ထိုစဉ်က သန်းရွှေစစ်အုပ်စုသည် အနောက်နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့မှုများ ခံစားနေရပြီး ကျန်ဇီမင်းက စစ်အုပ်စုကို လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတောင်းဆိုမှုများမှ အကာအကွယ် ပေးမည်ဟု ကမ်းလှမ်းသည်။

ကျန်ဇီမင်းသည် ၁၉၉၁ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် သန်းရွှေ မတိုင်မီ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင် တရုတ်သို့ သွားရောက်စဉ်ကလည်း အလားတူ ကတိပေးခဲ့သည်။

၂၀၀၁ ခုနှစ်တွင် သမ္မတ ကျန်ဇီမင်းနှင့် သူ့မိန်းမ ဝန်ယီဖျင်းသည် မြန်မာသို့ ၄ ရက်ကြာ လာရောက် လည်ပတ်သည်။ ထိုစဉ်က စစ်ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ထိုဇနီးမောင်နှံကို ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် ငပလီသို့ လိုက်ပါပို့ဆောင်ပေးသည်။

သမ္မတ ကျန်ဇီမင်းနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်

နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စာချုပ်များစွာ လက်မှတ်ရေးထိုးကြသည်။

၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်သည် တရုတ်ပြည်သို့ ၆ ရက် သွားရောက်သောအခါ သမ္မတ ကျန်ဇီမင်း အငြိမ်းစားယူရန် ၂ လ လိုသေးသည်။

သမ္မတ ကျန်ဇီမင်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

အိမ်နီးချင်း ၂ နိုင်ငံသည် ထိုအချိန်မှ စတင်ကာ နီးကပ်သော ဆက်ဆံရေးထူထောင်ပြီး အပြန်အလှန် ပုံမှန် သွားရောက် လည်ပတ်ကြသည်။

ဘေဂျင်းသည် လက်ရှိစစ်ကောင်စီကို နည်းမျိုးစုံဖြင့် ထောက်ခံနေဆဲ ဖြစ်သော်လည်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်ပြည်သို့ တခါမျှ အလည်လာရန် မဖိတ်ပေ။ ဇူလိုင်လက ပုဂံတွင် လန်ချန်း-မဲခေါင် အစည်းအဝေးလာတက်သော တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိကလည်း သူ့ကို မတွေ့ဆုံပေ။

၂၀၀၁ ခုနှစ်က မြန်မာရောက် သမ္မတ ကျန်ဇီမင်း မြန်မာ့စောင်းကို တီးကြည့်နေစဉ်

မစ္စတာ ကျန်ဇီမင်းကဲ့သို့ မြန်မာပြည်သို့ လာရောက်ခြင်းကို သမ္မတ ရှီကျင့်ဖျင် ထပ်မံကျူးလွန်မည့် အခြေအနေမရှိပေ။

You may also like these stories:

ရှီကျင့်ဖျင် တရုတ်ကွန်မြူနစ်ပါတီ မဟာခေါင်းဆောင်ကြီး ဖြစ်လာပြီ

တရုတ်ကွန်မြူနစ်ပါတီ၏ ခေတ်သစ်တခုအစပြုခြင်း

တရုတ်ကွန်မြူနစ် ကွန်ဂရက်မှ သမ္မတဟောင်း ဟူ ထွက်ခွာသွားမှု ခန့်မှန်းပြောဆိုနေ

“တရုတ်ကိုလည်း အရမ်းတော့ ဆဲဆိုပြီး မလုပ်နဲ့”

The post ကွယ်လွန်သူ တရုတ်သမ္မတဟောင်းက ယခင်စစ်အုပ်စုကို ထောက်ခံပံ့ပိုးခဲ့သည် appeared first on ဧရာဝတီ.

စစ်အာဏာသိမ်းခြင်းကို ကြိုဆိုသည့် တိပိဋက ဘွဲ့ရ ဘုန်းကြီး

$
0
0

စစ်တပ်က အာဏာသိမ်းပြီး နောက်တနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကို ကြိုဆိုကြောင်း တိပိဋက ဘွဲ့ရ ဘုန်းကြီးတပါးက ကြေညာချက်ထုတ်ခဲ့သည်။

ထိုဘုန်းကြီး၏ လုပ်ရပ်ကိုကြည့်၍ စာတတ်ပေတတ် ဘုန်းကြီးတွေကြားတွင် အံသြစရာ ဝေဖန်စရာလည်း ဖြစ်ခဲ့သည်။ မြန်မာ့သမိုင်းတွင် စစ်တပ်အာဏာသိမ်းမှုကို ကြိုဆိုသည့် ဘုန်းကြီးလည်း ဖြစ်ခဲ့သည်။

အာဏာသိမ်းမူကို ကြိုဆိုသော ကြေညာချက်ထုတ်သည့် ဘုန်းကြီးမှာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဦးသီလက္ခန္ဓ ဘိဝံသ ဖြစ်သည်။

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ဆက်ကပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ အမြင့်ဆုံး ဘွဲ့တံဆိပ်တော်များအနက် တခု ဖြစ်သည်။

အာဏာသိမ်းမူကို ကြိုဆိုသော ကြေညာချက်ထုတ်သည့် ဘုန်းကြီးမှာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဦးသီလက္ခန္ဓ ဘိဝံသ ဖြစ်သည်။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ဆက်ကပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ အမြင့်ဆုံး ဘွဲ့တံဆိပ်တော်များအနက် တခု ဖြစ်သည်။

ယင်းဘွဲ့တံဆိပ် ရရှိသူ အဆိုပါ ဘုန်းကြီးသည် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း ပိဋက သုံးပုံ နိကာယ် စာသင်တိုက် ကို ဦးဆောင်အုပ်ချုပ်နေသည့် ဘုန်းကြီး ဖြစ်သည်။

အာဏာသိမ်းပြီး နောက်တနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဦးသီလက္ခန္ဓ ထုတ်ပြန်သည့် ကြေညာချက်တွင် “မဖြစ်မနေ ဆောင်ရွက်ပေးရမည့် ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုနှင့် မဲမသမာမှုများကို အမှန်အတိုင်း ဖြစ်အောင် ဖြေရှင်း ဆောင် ရွက်ပေးရန် တာဝန်ယူလိုက်သော မြန်မာ့တပ်မတော်ကြီးကို လှိုက်လဲစွာကြိုဆိုသည်”ဟု ကြေညာချက် ပထမဆုံး အပိုဒ် တွင် ဖော်ပြထားသည်။

ထို့ပြင် တပ်မတော် ခေါင်းဆောင်ကြီးများနှင့်တကွ တပ်မတော်သားများအားလုံး ဘေးရန်အန္တရာယ် ကင်းကင်းရှင်းရှင်း ရှိကြ ပါစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါသည်ဟုလည်း ဖော်ပြပါရှိသည်။

ဦးသီလက္ခန္ဓသည် လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များ နှင့် ရင်းနှီးသူ ဖြစ်သည်။ စစ်ခေါင်းဆောင် ရုရှားသွားသည့် ခရီးစဉ်တွင် လိုက်ပါသွားသည့် ဘုန်းကြီးလည်း ဖြစ်သည်။

ဦးသီလက္ခန္ဓသည် ယခုခေတ်မှာပင် စစ်ခေါင်းဆောင်များနှင့် ရင်းနှီးသူ မဟုတ်ပေ။ နဝတ အစိုးရ လက်ထက်ကပင် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးခဲ့သူ ဖြစ်သည်။ နဝတ အစိုးရရုံးအား နေပြည်တော်သို့ မပြောင်း မီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်သည် လပြည့်၊ လကွယ်နေ့တိုင်း ဦးသီလက္ခန္ဓ သီတင်းသုံးသည့် ဘုန်းကြီးကျောင်းသို့ လာရောက်၍ ဥပုဒ်သီလ လာရောက်တောင်းခံလေ့ ရှိခဲ့သည်။

ထို့အချိန်ထဲကစ၍ စစ်ခေါင်းဆောင်များသည် ဦးသီလက္ခန္ဓကျောင်းသို့ ဝင်ထွက်သွားလာလေ့ ရှိသည်ဟုလည်း ဒေသခံ အချို့က ဆိုသည်။

ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း NLD ပါတီအား မဲမပေးရန် တရားပွဲများတွင် ထည့်သွင်း ဟောပြောလေ့ ရှိသည်။ NLD ပါတီအား မဲမပေးရန် ဟောပြောထားသည့် တရားခွေများအား CD ချပ် ထုတ်ကာ ရွေးကောက်ပွဲ ကာလတွင် အချို့ သော မြို့နယ်များသို့ ဖြန့်ဝေခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင်လည်း NLD ပါတီအား မဲမပေးရန် တရားပွဲများတွင် ထည့်သွင်း ဟောပြောလေ့ ရှိသည်။ NLD ပါတီအား မဲမပေးရန် ဟောပြောထားသည့် တရားခွေများအား CD ချပ် ထုတ်ကာ ရွေးကောက်ပွဲ ကာလတွင် အချို့ သော မြို့နယ်များသို့ ဖြန့်ဝေခဲ့သည်။

“NLD ပါတီက ဘာသာ သာသနာကို ဖျက်တဲ့ပါတီပေါ့။ ဒေါ်အောင်ဆန်းစုကြည်အမေဆိုရင် ဘယ်ဘာသာ ကိုးကွယ်မှန်း မသိတဲ့သူ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံခြားသားကို ယူခဲ့တယ်။ ဒါကြောင့် NLD ကို မဲမပေးဖို့သူ တရားတွေမှာ ထည့်ဟောတာ”ဟု ဆရာတော်၏ တရားပွဲကို နားဖူးသူ လူငယ်တဦးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေး ထည့်သွင်းရေးဆွဲထားသည့် အချက်အလက်များသည် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လွတ်လပ်ရေး မရခင်က ရေးဆွဲသွားသော ဥပဒေတွင် ထည့်သွင်းထားသည့် အချက်ဖြစ်သည်ဟုလည်း မဟုတ်မမှန်သည့် အချက်အလက်ကို သူ့တရားပွဲ တော်တော်များများတွင် ထည့်သွင်း ဟောလေ့ရှိသူလည်း ဖြစ်သည်။

ထို့ပြင် ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ လက်ထက်တွင် ဦးသီလက္ခန္ဓကျောင်းထိုင်သည့် ကျောင်းတိုက်သို့ မဘသများနှင့် စစ်ခေါင်းဆောင်များ ဝင်ထွက်သွားလာလေ့ရှိပြီး နာမည်ဆိုးဖြင့် ကျော်ကြားသော ဦးဝီရသူလည်း လာရောက်လေ့ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်ပြုလုပ်သော ဦးသီလက္ခန္ဓ၏ ၅၈ နှစ်မြောက် မွေးနေ့ပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့ တက်ရောက်ခဲ့ကြ သည်။

၂၀၁၈ စက်တင်ဘာလအတွင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပိဋကသုံးပုံ နိကာယ် စာသင်တိုက်တွင် ဝါဆိုသင်္ကန်းနှင့် ဆန်ကပ်လှူစဉ်

ကြံ့ခိုင်ရေးပါတီမှ ခေါင်းဆောင်များသည်လည်း သူ့ကျောင်းတိုက်သို့ ဝင်ထွက်လေ့ရှိပြီး ငွေကြေး လှူဒါန်းမှုများ ပြုခဲ့သည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဌဟောင်း ဦးသန်းဌေးမှ ဘုန်းကြီး ဦးသီလက္ခန္ဓအား ငွေကျပ် ၅ သိန်း လှူဒါန်းသည့် အကြောင်းအား ကြံ့ခိုင်ရေးပါတီ Facebook တွင် ဖော်ပြထားခဲ့သည်။

ထို့ပြင် ကြံခိုင်ရေးပါတီ ရန်ကုန်တိုင်း နာယက ဒေါက်တာ ခင်မောင်ထွန်းနှင့် ဇနီး ဒေါ်ဥမ္မာသန်း (ထက်လင်းနှင့် ရွှေခေါင်းပေါင်း) တိုင်းရင်းဆေးထုတ်လုပ်ရေး လုပ်ငန်းမှလည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဦးသီလက္ခန္ဓအား ငွေနှင့် ဆေးပစ္စည်းများ လှူဒါန်းသည့် ဓာတ်ပုံအား တင်ထားခဲ့သည်။

ဗုဒ္ဓစာပေ ကျမ်းဂန်တတ်ဘုန်းကြီး ဖြစ်သော်လည်း မွတ်ဆလင်မုန်းတီးရေး တရားများဟောပြောခဲ့ပြီး မဘသများ ထုတ်ဝေသည့် အောင်ဇေယျတု ဂျာနယ်တွင်လည်း ပင်တိုင်ဆောင်းပါးများ ရေးခဲ့သည့် ဘုန်းကြီး ဖြစ်သည်။

ဗုဒ္ဓစာပေ ကျမ်းဂန်တတ်ဘုန်းကြီး ဖြစ်သော်လည်း မွတ်ဆလင်မုန်းတီးရေး တရားများဟောပြောခဲ့ပြီး မဘသများ ထုတ်ဝေသည့် အောင်ဇေယျတု ဂျာနယ်တွင်လည်း ပင်တိုင်ဆောင်းပါးများ ရေးခဲ့သည့် ဘုန်းကြီး ဖြစ်သည်။

ဦးသီလက္ခန္ဓသည် ဧရာဝတီတိုင်း မော်ကျွန်း (မော်လမြိုင်ကွန်းမြို့နယ်) ပန်းတောင်စု ကျေးရွာတွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ငယ်ရွယ်စဉ်ကပင် ကိုရင်ဘဝဖြင့် သာသနာဘောင်ဝင်ခဲ့ပြီးနောက် ဘုန်းကြီးရဟန်း ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ့အား မော်ကျွန်း ဆရာတော်ဟု ခေါ်လေ့ ရှိကြသည်။

သူသည် အသက် ၃၅ နှစ်အရွယ်တွင် ပိတိဋသုံးပုံ စာမေးပွဲကို အောင်မြင်ခဲ့သည့်အတွက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ ချီးမြှင့်ခံခဲ့ရသည့် သတ္တမမြောက် ဘုန်းကြီး ဖြစ်လာခဲ့သည်။

ထိုကဲ့သို့ ဗုဒ္ဓစာပေကျမ်းဂန်တတ်မြောက်သော ဘုန်းကြီးတပါးက မဟုတ်မမှန်သော စကားများကို ပြောဆိုခြင်း၊ အမုန်းတရားများ ဟောပြောခြင်း၊ စစ်အာဏာရှင်များအား ထောက်ခံခြင်းနှင့် အစွန်းရောက် မဘသများအား အားပေးနေခြင်း တို့သည့် အံသြစရာ ဖြစ်နေကြသည်။

၂၀၁၈ စက်တင်ဘာလအတွင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပိဋကသုံးပုံ နိကာယ် စာသင်တိုက်တွင် ကျန်းမာရေးစစ်ဆေးပေးစဉ်

“ဦးဇင်းတို့ မြင်တာတော့ စစ်တပ်က လူတွေက သူ့အားနည်းချက်ကို ကိုင်ထားပုံရတယ်။ အဲဒါကြောင့် သူ အခုလိုတွေ ဟောပြောနေတာ”ဟု ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။

ဦးသီလက္ခန္ဓနှင့် ပတ်သက်၍လည်း သူနှင့်ရင်းနှီးခဲ့သော ဒကာ ဒကာမများ၊ တောင်ဒဂုံဒေသခံ အချို့က တူညီသည့် စွပ်စွဲ ဝေဖန်မှု တခုရှိခဲ့သည်။ ဦးသီလက္ခန္ဓအား စစ်တပ်အသိုင်းအဝိုင်းနှင့် ငွေကြေးချမ်းသာသူများက ကိုးကွယ်လာပြီးနောက် စစ် ခေါင်းဆောင်များ၊ ငွေကြေးချမ်းသာသူများနှင့် ရင်းနှီးလိုသော အနုပညာရှင်များက ဘုန်းကြီးထံ ဝင်ရောက်ချည်းကပ်မှုများ ရှိခဲ့သည်။

ဦးသီလက္ခန္ဓသည်လည်း မြန်မာသံစဉ်၊ မြန်မာသီချင်းများကို ကြိုက်နှစ်သက်သူ ဖြစ်သည်။ ထို့ကြောင့် ဘုန်းကြီးထံ ချဉ်း ကပ်လာသူများထဲမှ မြန်မာသံစဉ် သီချင်းသီဆိုသော အဆိုတော်တဦးအား ဘုန်းကြီးမှ အရပ်စကားနှင့် ဆိုပါက စပွန်ဆာ ပေးမှုများ ရှိခဲ့သည်ဟု ပြောဆိုကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးသီလက္ခန္ဓသည် စစ်တပ်ကပြုလုပ်သောအခမ်းအနားများနှင့် YMBA အဖွဲ့က ပြုလုပ်သော အခမ်းအနားများသို့ တက်ရောက်လေ့ရှိသည်။ ထို့ပြင် စစ်ဗိုလ်ချုပ်များနှင့် အမျိုးသားရေး အမည်ခံ အစွန်းရောက်ဝါဒီများသည်လည်း ဘုန်းကြီးကျောင်းသို့ မကြာခဏ လာရောက်လေ့ ရှိကြသည်။

ဦးသီလက္ခန္ဓနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူတဦး၏ အဆိုအရ အဆိုပါတေးသံရှင်အတွက် ဘုန်းကြီးမှ တေးစီးရီးထုတ်ပေးခြင်း၊ ကွန်ဒိုတိုက်ခန်းဝယ်ပေးခြင်းများ ရှိခဲ့သည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးသီလက္ခန္ဓသည် စစ်တပ်ကပြုလုပ်သောအခမ်းအနားများနှင့် YMBA အဖွဲ့က ပြုလုပ်သော အခမ်းအနားများသို့ တက်ရောက်လေ့ရှိသည်။ ထို့ပြင် စစ်ဗိုလ်ချုပ်များနှင့် အမျိုးသားရေး အမည်ခံ အစွန်းရောက်ဝါဒီများသည်လည်း ဘုန်းကြီးကျောင်းသို့ မကြာခဏ လာရောက်လေ့ ရှိကြသည်။

ရန်ကုန်တိုင်းဒေသကြီး YMBA အသင်းကြီး၏ သြဝါဒ စရိယ ရာထူးကိုလည်း လက်ခံထားသူ ဖြစ် သည်။

ထို့ကဲ့သို့ စစ်တပ်အာဏာသိမ်းခြင်းကို ထောက်ခံကြိုဆိုသော စာထုတ်ခဲ့ပြီး စစ်တပ်အသိုင်းအဝိုင်းနှင့် ရင်းနှီးသော ဘုန်းကြီး ဦးသီလက္ခန္ဓ၏ ဘုန်းကြီးကျောင်းသို့ ဒဂုံမြို့သစ်တောင်ပိုင်းမှ ဒေသခံများမှာမူ သွားလာလှူဒါန်းမူ သိသိသာသာ နည်းသွားခဲ့တော့သည်။

You may also like these stories:

အာဏာရှင်လက်စွဲဆရာတော်များ

အာဏာရှင်နဲ့ ထေရဝါဒ

စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ

ဦးသိန်းစိန်၏ ခြေရာကို “အဖေ့ခြေရာ” အဖြစ် ဆောင်ခိုင်းသူ

The post စစ်အာဏာသိမ်းခြင်းကို ကြိုဆိုသည့် တိပိဋက ဘွဲ့ရ ဘုန်းကြီး appeared first on ဧရာဝတီ.