Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

လူ့လောက သာယာရေး ဖခင်များမှာ ပိုတာဝန်ရှိသည်

$
0
0

အဖေများနေ့၊ အိမ်ထောင်၊မိဘ၊ သားသမီးအဖေများနေ့၊ အမေများနေ့ ဒီလိုအများ အမှတ်တရပြု ကျေးဇူတင်ကြတဲ့ နေ့တွေမှာ စာတွေ ကဗျာတွေ ရေးတဲ့သားတွေက တုတ်တုတ်မှ မလှုပ်ကြဘူး၊ ငါတို့ကုသိုလ်ပေါ့ဆိုပြီး အမေက ပြောတယ်။ အဲဒီတော့ အဖေက “အမလေး … သွေးသားသောင်းကျန်းလို့ ဖြစ်လာတာ၊ ဘာကျေးဇူးတင်ရမလဲ ဆိုခံမထိတာဘဲ ကျေးဇူး တင်ရမှာပေါ့..” ဆိုပြီး ပြန်ပြောတော့ မိသားစုအားလုံး ဟက်ဟက်ပက်ပက်ရယ်ရတယ်။ ဒီလိုအဖေ၊ အမေမျိုးနဲ့ နေရတာ ကျေးဇူးတင်စရာ ကောင်းတယ်။

လူရယ်လို့ဖြစ်လာရင် အသက်၊ အိုးအိမ်၊ စည်းစိမ်တည်ဆောက်ရေး အလို့ငှာ အသက်မွေးဝမ်းကျောင်းရတယ်။ ဘောဂဗေဒ ဖြစ်စဉ်အရ ကုန်ထုတ်လုပ်ရတယ်။ နောက်ပြီးတော့ မျိုးဆက်သစ်ရှင်ကျန်ရေး လုပ်ရတယ်။ တနည်းအားဖြင့် လူထုတ်လုပ်ရတယ်။ ဒါဟာလူသားဆောင်ရွက်ရမယ့် တာဝန်တွေထဲက တခုဖြစ်တယ်။

ဆိုတော့ အိမ်ထောင်၊ မိဘ၊ သားသမီး တည်ထောင်ခြင်း၊ အပြန်အလှန်ဆက်သွယ်ခြင်း၊ ဆက်ဆံရေး၊ နောက်စိတ္တဇဗေဒ ခံစားမှုချစ်ခြင်း၊ မေတ္တာ၊ သံယောဇဉ်အားလုံးဟာ လိုလားအပ်တယ်။ မိသားစုဘဝ၊ အလုပ်တာဝန်၊ ခံစားမှုတွေကို အလွန်အကျွံ ပုံဖော် ပြောကြ၊ဆိုကြ၊ ရေးကြ၊ ပုံဖော်ကြတာတွေ၊ အနုပညာပစ္စည်းတွေကတော့ ထောက်ပြစရာ ရှိတာကလည်း တပိုင်းပေါ့။

ဒါပေမယ့် အိမ်ထောင်မှုဘဝ ထူထောင်ခြင်းမှာ အဓိက ဘယ်အရာကို ဆန့်ကျင်ရသလဲဆိုတော့ အမျိုးသမီးတယောက်ဟာ လူမှုစီးပွား ဘဝလုံခြုံမှုအတွက်သက်သက် အိမ်ထောက်ဖက်ရှာ လိင်အမှုကို ပေးဆပ်ရရင်၊ အိမ်ထောင့်တာဝန်ကို ထမ်းဆောင်နေရရင်တော့ ဒီလိုမိသားစုဘဝ တည်ဆောက်ခြင်းမျိုးဟာ မလိုလားအပ်ဘူး၊ ဆန့်ကျင်ရမယ်၊ ဒါမျိုးပပျောက်
အောင်လုပ်ရမယ်။

၁၉ရာစု မြေရှင်ပဒေသရာဇ်နဲ့ စက်မှုအရင်းရှင်စနစ်က ဇနီးနဲ့သမီးတွေရဲ့ အိမ်တွင်းမှု လုပ်အားကို ခေါင်းပုံဖြတ်ရင်း အပိုလုပ်အားရသလို အစွန်းထွက်အရင်းဖြစ် အမြတ်ရကြတယ်။ ဇနီးက လိင်ကျွန်ဖြစ်ရတယ်။ သမီးဆိုတာ ရောင်းကုန် လည်းဖြစ်တယ်။ ပဒေသရာဇ်စစ်ဘုရင်များအတွက်ဆိုရင် စစ်ရေး၊သံတမန်ရေးအတွက် အသုံး ချစရာ ဖြစ်တယ်။

၂၁ရာစု လစ်ဘရယ် ဒီမိုကရေစီ အရင်းရှင်စနစ်မှာ အိမ်ထောင်ရှင် အမျိုးသမီးနဲ့သမီးတွေဟာ လိင်ကျွန်၊ အိမ်တွင်း အလုပ်သမား၊ ရောင်းကုန်အဖြစ်ကနေ ပြောင်းလဲခဲ့ပြီဆိုသော်ငြားလည်း မိသားစုတာဝန်ကို ယူရမှု၊ ပေးဆပ်ရမှု၊ အနစ်နာခံရမှု၊ ထိန်းချုပ်ခံရမှု၊ စံသတ်မှတ်မှု လောင်းရိပ်များအောက် အချုပ်ကျမှုတွေဟာ နက်နက်ရှိုင်းရှိုင်း နောက်ကွယ်မှာ ကျန်နေဆဲပါပဲ။

ကျနော်တို့ တိုင်းပြည်ကို ဥပမာပြုရင် – ချွတ်ခြုံကျနေတဲ့ လူမှုစီးပွား (Socioeconomic) အခြေအနေက အိမ်ထောင် မိသားစုရဲ့ အမျိုးသမီးတွေ (မိခင်နဲ့ နှမအကြီး၊ အငယ်တွေ) ရဲ့တကိုယ်ရေ ဆန္ဒသဘောတွေ ကို ထိန်းချုပ်စေတယ်။ သူတို့လုပ်ချင်တာ လုပ်ခွင့်မသာဘဲ မိသားစုအတွက် မဖြစ်မနေ ငဲ့ညှာစဉ်းစား ဦးစားပေးနေရတာရှိတယ်။

ပညာသင်ယူနိုင်မှု အခွင့်အရေး၊ ကျန်းမားရေး စောင့်ရှောက်ခံရမှု၊ ဝါသနာပါရာ အနုပညာ၊ စာပေ၊ အားကစားစတဲ့ ပင်ကိုယ်စိတ်ဗီဇနဲ့ ဆက်စပ်တဲ့ အလုပ်တွေကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်မှုမျိုးတွေမှာ ယောက်ျား၊ သား၊ မောင်ဘွား တွေနဲ့ယှဉ်ရင် အားနည်းနေတဲ့ဖြစ်ရပ်တွေ ဒုနဲ့ဒေးရှိတယ်။ မွေးရာပါ လူတဦးချင်းရဲ့ပိုင်ဆိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။

အမျိုးသမီးတွေ အိမ်ထောင်ပြုရင် ဒီလူမှုစီးပွား အခြေအနေကြောင့်ပဲ ပင်ကိုယ်အရည်အသွေး တိုးတက်အောင် လုပ်ဆောင် နေရခြင်းမျိုး မဲ့နေရတယ်။ ၁၉ရာစုတုန်းက အိမ်တွင်းမှာ အလုပ်လုပ်ရရင် ယောက်ျားတွေ အပိုကုန်ထုတ်အင်အားရှာနိုင်အောင် ထောက်ပံ့ရသလို အခုလည်း ပိုမိုရှားပါးလာတဲ့ခေတ် အခြေအနေအရ အိမ်ပြင်ထွက် အိမ်ထောင့်စီးပွားအတွက် ယောက်ျားများနဲ့ယှဉ် ဝမ်းစာရှာရတာကလွဲလို့ ဘယ်လောက်များ ပိုတူညီမျှတဲ့ အခွင့်အရေးတွေ ရရှိခဲ့ပြီလဲ။

ရှေးဟောင်းဘူဇွာစိတ်၊ စံမိသားစုဘဝအဓိပ္ပာယ် သတ်မှတ်မှု၊ ဖွင့်ဆိုမှု ဘယ်လောက် လျှော့ချပစ်လိုက်နိုင်၊ ပပျောက်ပြီလဲ
ဒါကိုတော့ အမြဲဆန်းစစ်နေဖို့ လိုပါတယ်။

မိသားစုဆက်ဆံရေးပုံစံမှာ မိဘမေတ္တာ၊ ချစ်ခြင်း၊ အိမ်ထောင့်တာဝန်၊ ဇနီးမယားလင့်ဝတ္တရား၊ သားသမီးဝတ်ဆိုတာတွေနဲ့ စိတ်ခံစားမှုကို ပြန်ပေးဆွဲရင်း တရားလွန် အမိန့်အာဏာတည်ဆောက် ယူတဲ့၊နာခံတော်ဖြစ်စေတဲ့၊ တုတ်နှောင်မှုဖြစ်စေတဲ့ ဖြစ်စဉ်တွေကတော့ သတိထားဆင်ခြင်ရပါမယ်။

လူမှုအလွှာ လူတန်းစားမညီမျှမှု၊ ဖိနှိပ်မှုအားလုံးရဲ့ရင်းခံစိတ်ဟာ မိသားစုဘဝအနေအထား၊ စံသတ်မှတ်မှု၊ လုပ်နည်း လုပ်ဟန် အကျင့်အကြံတွေမှာ တည်တယ်။

အကြောင်းက မိသားစုဘဝ၊ တန်ဖိုး၊ အလုပ်ဆိုတာတွေဟာ လူမှုအသိုက်အဝန်းမှာ ဝါဒဖြန့်ချိရေး လက်နက်တွေဖြစ်တဲ့ ဘာသာရေးကျင့်ဝတ်၊ နီတိ၊ ပုံပြင်၊ ပညာရေးစနစ်၊ အနုသုခုမဆိုတာတွေထက် လူတွေရဲ့ ခံယူချက်အမြင်ကို လွှမ်းမိုးမှုရှိတယ်။

လူတွေအားလုံးရဲ့ လက်ဦးဆရာဟာ ကိုယ့်မိသားစု ပတ်ဝန်းကျင် ကွက်ကွက်ကလေးပဲ ဖြစ်တယ်။ ဒီမိသားစုဆက်ဆံရေးမှာ တရားမျှတလွတ်လပ်၊ ချုပ်ကိုင်မှုကင်းတဲ့ပုံစံဖြစ်ဖို့လိုတယ်။ မဟုတ်ရင် ဒီမိသားစုပုံစံက မွေးထုတ်ပေးလိုက်တဲ့လူတွေဟာ လူ့လောကမှာလည်း ကျားမဆက်ဆံရေး အရာဖြစ်ဖြစ်၊ လူမှုစီးပွားမှာဖြစ်ဖြစ် မတရားမှု ၊ တဖက်စောင်းနင်းပြုမူတွေကို အရိုးစွဲဓလေ့အနေနဲ့ နောင်တမဲ့ အသိမရှိ လုပ်ခွင့်ရကြတယ်။

ဒါမျိုး ချုပ်ကိုင်မှု၊ ဖိနှိပ်မှု၊ တရားမဲ့မှုတွေ မိသားစုဘဝမှာ ဓလေ့မဖြစ်ရအောင်ကလည်း အစဉ်အလာ စံသတ်မှတ်မှုအရ အိမ်ထောင်မှာ အကြီးအမှူးပြုရတဲ့ ဖခင်တွေမှာ ပိုတာဝန် ရှိတယ်။

အိမ်တွင်းအကြမ်းဖက်မှု ပပျောက်ရေး၊ ကလေးသူငယ် စိတ်ဖိစီးမှု ဝေဒနာကင်းရေး၊ မိသားစုဘဝလုံခြုံမျှတ တရားမှုရှိရေးမှာ မိဘနှစ်ပါးလုံး ထမ်းဆောင်ရမှာဖြစ်ပေမယ့် ရိုးရာ၊ အစဉ်အလာ စံတန်ဖိုး သတ်မှတ်ချက်တွေအရ ပိုမိုသြဇာကြီး၊ အာဏာတည်တဲ့ဖခင်တွေမှာ ပိုတာဝန်ရှိ၊တာဝန်ယူရပါမယ်။

လူ့လောကက လူမှု၊ စီးပွားမညီမျှမှု၊ ကျား-မလိင်ခွဲခြားမှု၊ အသားအရောင်၊ လူမျိုး၊ ဘာသာအစွန်းရောက် ပြင်းထန်မှု၊ လူတန်းစားခွဲခြားမှု အားလုံး ပပျောက် လျော့ပါးလာရေး အားလုံးဟာ စဉ်းစားတွေးခေါ်မြော်မြင်မှု အားလုံးမြစ်ဖျားခံရာ မိသားစုဘဝတွေမှာ တည်တယ်။ မိဘတွေရဲ့ အတွေးအခေါ်ကောင်း တရားမျှတလွတ်လပ်ဖို့လိုတယ်။ အထူးသဖြင့် အိမ်ထောင့်ဦးစီးလို့ နေရာယူထားတဲ့ ဖခင်တွေမှာ တာဝန်ပိုရှိပါတယ်။

ဆိုတော့ ပြန်ချုပ်ရရင် မိသားစုဘဝ၊ အိမ်ထောင်အမှုနဲ့ မိဘသားသမီးရေးရာ ကိစ္စတွေမှာ ဆိုခဲ့တဲ့စနစ် အဆောက်အအုံက သတ်မှတ်ပုံဖော် ဖွင့်ဆိုလိုက်တဲ့ အထဲက အားနည်းချက်တွေကို ဆန့်ကျင်တော်လှန် ပြုပြင်နိုင်ရမယ်။

အမျိုးသမီးကို လိင်ပစ္စည်းသက်သက်၊ ကုန်ထုတ်လုပ်မှုဖြစ်စဉ် အသုံးချခံသက်သက် ခံယူတဲ့ အိမ်ထောင်သားမွေးအမှု ဓလေ့တွေကို တိုက်ဖျက်ရပါမယ်။ ချုပ်နှောင်မှုတွေကိုလည်း ဖြေလျော့နိုင်ရပါမယ်။

ခွင့်တူပါဝင်ခွင့်ရှိရေး၊ တရားမျှတ လွတ်လပ်မှုအတွက် ဒုတိယ ဆရာစာသင်ကျောင်း စနစ်ပညာရေးမှာ တောင်းဆိုကြသလို ပထမလက်ဦးဆရာ ပုဗ္ဗာစရိယ မိနဲ့ဖ အစုအဝေးစနစ် မှာလည်း ပြောဆိုဆွေးနွေးဖို့လိုပါတယ်။

ကိုယ်တိုင်မိဘဖြစ်လာနိုင်၊ အိမ်ထောင်တခု တည်ထောင်လာနိုင်တာမို့ ဒီလို ခံယူနိုင်ဖို့ ဟာ လူတိုင်းမှာလည်း တာဝန် ရှိတယ်။

အပြောင်းအလဲတခုခု အခြေတည်အောင်မြင်ဖို့ဆိုရင် ခြယ်လှယ်စွမ်းသူ လူတန်းစား ကအဓိကမို့ ဖခင်လောင်း ယောက်ျား များမှာ ပိုလို့တာဝန်ရှိကြောင်း တရားမျှတလွတ်လပ်ခြင်းကို ဖော်ဆောင်နိုင်တဲ့ ဖခင်ကောင်းများကိုဂုဏ်ပြုလျက် ကမ္ဘာ့ အနှံ့အပြားမှာ သတ်မှတ်ကျင်းပကြတဲ့ ဇွန်လ ၂၂ရက် ဖခင်များနေ့ အမှတ်တရ ဆွေးနွေး တင်ပြလိုက်ကြောင်းပါ။

ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါး ပါ အာဘော် ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။

The post လူ့လောက သာယာရေး ဖခင်များမှာ ပိုတာဝန်ရှိသည် appeared first on ဧရာဝတီ.


Viewing all articles

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...