လူမှုကွန်ရက်များကို ပိတ်ပင်ပြီး အင်တာနက်လွတ်လပ်မှုကို ထိခိုက်စေမည့် အဆိုပြု ဥပဒေကြမ်းကို ပြန်လည် အသက်သွင်းသောကြောင့် စီးပွားရေးလုပ်ငန်း အုပ်စုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက မြန်မာ စစ်ကောင်စီကို ဝေဖန်နေသည်။
လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသော်လည်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ စစ်ကောင်စီသည် အင်တာနက် လုံခြုံရေးအတွက် ကြားခံသုံးသည့် Virtual Private Network (VPNs) အသုံးပြုခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အွန်လိုင်းလောင်းကစားခြင်းကို တရားမဝင်ကြေညာကာ ဒေတာများကို ပြည်တွင်းတွင်သာ စုဆောင်းထားခြင်းကို ခွင့်ပြုသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေတခုကို အဆိုပြုထားသည်။
ထိုဥပဒေအရ ခွင့်ပြုချက်မရဘဲ VPN အသုံးပြုခြင်း သို့မဟုတ် အွန်လိုင်းလောင်းကစားခြင်းကို ငွေကျပ် သိန်း ၅၀ ဖြစ်စေ၊ ထောင် ၃ နှစ်ဖြစ်စေ၊ နှစ်ခုစလုံးဖြစ်စေ ချမှတ်နိုင်စေမည်ဖြစ်သည်။
အမည်၊ အင်တာနက်လိပ်စာနှင့် ပြင်ပလိပ်စာနှင့် အိုင်ဒီနံပါတ်များကို စတင်အသုံးပြုသည့်နေ့မှ ၃ နှစ်ကြာ ထိန်းသိမ်းထားရမည်ဖြစ်ပြီး အာဏာပိုင်များက တောင်းဆိုပါက လွှဲပြောင်းပေးအပ်ရမည်ဖြစ်သည်။
ထိုဥပဒေအရ ခွင့်ပြုချက်မရဘဲ VPN အသုံးပြုခြင်း သို့မဟုတ် အွန်လိုင်းလောင်းကစားခြင်းကို ငွေကျပ် သိန်း ၅၀ ဖြစ်စေ၊ ထောင် ၃ နှစ်ဖြစ်စေ၊ နှစ်ခုစလုံးဖြစ်စေ ချမှတ်နိုင်စေမည်ဖြစ်သည်။
“စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေ မူကြမ်းက အရင်ဥပဒေကြမ်းရဲ့ ဖိနှိပ်တဲ့ ပြဋ္ဌာန်းချက်တွေကို ပြန်လည် အသက်သွင်းပြီး မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်နယ်ပယ်ရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်တယ်” ဟု လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော Free Expression Myanmar (FEM) ၏ လေ့လာမှုတခုတွင် ဖော်ပြထားသည်။
ထိုအဆိုပြုဥပဒေသစ်တွင် တိကျခြင်းမရှိသည့် စစ်အုပ်စုက ဖျက်ပစ်နိုင်သော ရေးသာဖော်ပြချက် ဆဋ္ဌမတမျိုးကိုလည်း ထည့်သွင်းထားသည်။ “လူပုဂ္ဂိုလ်တဦး၏ လူမှုအဆင့်နှင့် အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေသော ရေးသား ဖော်ပြချက်များ” ဟု ဖော်ပြထားကြောင်း FEM က ထိုဥပဒေပုဒ်မ ၃၅ (စ) ကို ရည်ညွှန်းပြောကြားသည်။
ဘာသာစကား တိကျခြင်းမရှိဘဲ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်ပါက ယခုအခါ ရာဇဝတ်မှုမြောက်မည် ဖြစ်သည်။ ဒစ်ဂျစ်တယ်နယ်ပယ်တွင် စစ်ကောင်စီ၏ ဖြိုခွင်းမှု မှတ်တမ်းကြောင့် ထိုဥပဒေသည် အံ့သြစရာ မဟုတ်တော့ပေ။
“သတင်းအချက်အလက်ရရှိရေးဆိုတာ လူ့အခွင့်အရေးဖြစ်တယ်။ အာဏာသိမ်းပြီး နောက်ပိုင်းက စတင်ပြီး စစ်ကောင်စီဟာ ထိန်းချုပ်နိုင်မှု ပိုမိုခိုင်မာကာ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ အင်အားချိနဲ့အောင်လို့ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစုရုံးခွင့်နဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကန့်သတ်ဖို့၊ ဒါမှမဟုတ် ရာဇဝတ်မှုမြောက်အောင်လုပ်ဖို့ ဥပဒေအများအပြားကို စနစ်တကျပြင်ဆင်နေတယ်” ဟု ရန်ကုန်ရှိ အနောက်တိုင်း သံတမန်တဦးက Asia Times သို့ပြောသည်။
VPN မသုံးရပါက Facebook ကို ထိထိရောက်ရောက် ပိတ်ပင်လိုက်ခြင်း ဖြစ်သောကြောင့် လုပ်ငန်းများ ပိုမိုခက်ခဲလာမည်ဖြစ်ရာ ထိုပြဋ္ဌာန်းချက်များသည် စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။ “ဗိုလ်ချုပ်တွေက မြန်မာနိုင်ငံကို မြောက်ကိုရီးယားလို ဖြစ်အောင် ပြောင်းချင်ကြတယ်” ဟု ရန်ကုန်ရှိ ပြည်ပ ကော်ပိုရိတ်လုပ်ငန်းအမှုဆောင်တဦးက Asia Times သို့ ပြောသည်။
စစ်ကောင်စီလိုလားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် မြင်နေကြသည့် ထိပ်တန်းစီးပွားရေးလုပ်ငန်း အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သည်ပင် ထိုဥပဒေကြမ်းကို ဝေဖန်သည်။
စစ်ကောင်စီလိုလားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် မြင်နေကြသည့် ထိပ်တန်းစီးပွားရေးလုပ်ငန်း အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သည်ပင် ထိုဥပဒေကြမ်းကို ဝေဖန်သည်။
UMFCCI က ကြေညာချက်တစောင်ကို ထုတ်ပြန်ပြီး “ဒစ်ဂျစ်တယ် စီးပွားရေး တိုးတက် တောင့်တင်းကြံ့ခိုင်ရေးသည် လက်ရှိစီးပွားရေး ပတ်ဝန်းကျင်၊ ကမ္ဘာ့စီးပွားရေး အခင်းအကျင်းနှင့် ဆက်သွယ်ရေး အရေးအကြီးဆုံးဖြစ်သည်။ VPN သည် ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ စီးပွားရေး လုပ်ကိုင်ရာတွင် မရှိမဖြစ် လိုအပ်သောကြောင့် VPN ကို ကန့်သတ်ချက်များအား ဖယ်ရှားရန် သို့မဟုတ် ပြန်လည် စဉ်းစားသုံးသပ်ရန် မိမိတို့တိုက်တွန်းသည်” ဟု ဖော်ပြသည်။
ထိုအဆိုပြုချက်များနှင့် ပတ်သက်ပြီး နိုင်ငံတကာ စီးပွားရေးလုပ်ငန်းအုပ်စု ၁၀ ခုကလည်း အတူတကွ ဆန့်ကျင်ကြသည်။ ပူးတွဲကြေညာချက်တွင် အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်၊ ဥရောပ၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိနှင့် အီတလီ အပါအဝင် အနောက်တိုင်း ကုန်သည်ကြီးများအသင်း ၈ ခု၊ US ICT Council for Myanmar နှင့် Asia Internet Coalition တို့က ထိုအဆိုပြုချက်နှင့် ပတ်သက်၍ လွန်စွာစိုးရိမ်ကြောင်း ပြောကြားပြီး ထိုဥပဒေကြမ်းသည် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းခွင့်ကို ပြတ်တောက်စေပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ တရားဝင်ထိရောက်စွာ လည်ပတ်ခြင်းကို တိုက်ရိုက် ထိခိုက်သည်ဟု ဖော်ပြကြသည်။
“VPN များသည် စီးပွားရေးလုပ်ငန်းများကို ဆိုက်ဘာနှင့် ဘဏ္ဍာရေး ရာဇဝတ်မှုများမှ ကာကွယ်ပေးသည့် တရားဝင်သော လုံခြုံရေး ကိရိယာများဖြစ်ပြီး ဒစ်ဂျစ်တယ် စီးပွားရေးတခုလုံးကို ထောက်ကူရန် စီးပွားရေး လုပ်ငန်းများကို လုံခြုံသောအသုံးပြုခွင့် ဖြစ်စေသည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။ “နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများသည် ထိရောက်လုံခြုံစွာ လုပ်ငန်းများလည်ပတ်ရေးအတွက် VPN များအသုံးပြုမှုကို မှီခိုနေရသည်။ အထူးသဖြင့် မြန်မာပြင်ပမှ လုံခြုံသော ကော်ပိုရိတ်ဖိုင်များနှင့် အီးမေးလ်ဆာဗာများကို အသုံးပြုရာတွင် မှီခိုနေရသည်” ဟုလည်း ထိုကြေညာချက်ဆိုသည်။
သတင်းအချက်အလက်၊ နည်းပညာနှင့် ဝန်ဆောင်မှုများ ရယူအသုံးပြုပိုင်ခွင့်များသည် လုပ်ငန်းလည်ပတ်မှုနှင့် ခိုင်မာတောင့်တင်းသော ဒစ်ဂျစ်တယ် စီးပွားရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်းလည်း ထိုကုန်သည်ကြီးများ အသင်းများက ဖော်ပြသည်။
“စစ်ကောင်စီသည် အင်တာနက် ဖြတ်တောက်နိုင်လျှင် ၎င်းတို့အနိုင်ရမည် ထင်နေသော်လည်း လက်တွေ့တွင်မူ ထိုဥပဒေကို အတည်ပြုပါက ဖြစ်လာမည့် စီးပွားရေးထိခိုက်မှုများကို လွန်စွာလျှော့တွက်ထားသည်”
လူ့အခွင့်အရေးအဖွဲ့များကလည်း ထိုဥပဒေအဆိုပြုချက်ကို ဆန့်ကျင်ကြသည်။ “မည်သည့် အွန်လိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုမဆို ထိုဥပဒေကြမ်းက ဖျက်ဆီးလိုက်ပြီး မြန်မာပြည်သူများကို အမှောင်ခေတ်အတွင်း ကျရောက်သွားစေသည်” ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ အာရှဒေသဆိုင်ရာ ဒုတိယ ညွန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆန်က ပြောသည်။ “စစ်ကောင်စီသည် အင်တာနက် ဖြတ်တောက်နိုင်လျှင် ၎င်းတို့အနိုင်ရမည် ထင်နေသော်လည်း လက်တွေ့တွင်မူ ထိုဥပဒေကို အတည်ပြုပါက ဖြစ်လာမည့် စီးပွားရေးထိခိုက်မှုများကို လွန်စွာလျှော့တွက်ထားသည်” ဟုလည်း သူက ပြောသည်။
ယခုတကြိမ်တွင်မူ စစ်ကောင်စီသည် ဆန့်ကျင်မှုများ ရှိသော်လည်း ထိုဥပဒေကြမ်းကို အတည်ပြုရန် ဆုံးဖြတ်နိုင်သည်။ သို့သော် ထိုသို့လုပ်လိုက်ပါက ဗိုလ်ချုပ်များနှင့် စီးပွားရေးလုပ်ငန်း အသိုက်အဝန်းအကြား ပိုမိုသွေးကွဲသွားပြီး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် စစ်ကောင်စီ၏ မအောင်မြင်သော အားထုတ်မှုများကိုလည်း အပြင်းအထန် ထိခိုက်စေမည်ဖြစ်သည်။
ထိုဥပဒေကြမ်းသည် စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုသည်ဟု စွပ်စွဲခံနေရသည့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းအချို့နှင့် ပတ်သက်သည့် မကြာသေးမီကက အငြင်းပွားမှုများနောက်ပိုင်း စီးပွားရေးလုပ်ရန် လှုံ့ဆော်နေသည့် လုပ်ငန်းများအတွက်လည်း စမ်းသပ်မှုဖြစ်သည်ဟု ကျယ်ပြန့်စွာ မြင်ကြသည်။
“မြန်မာက ပြည်ပ ကုန်သည်ကြီးများအသင်းတွေနဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်တွေနဲ့အညီ ဒီဥပဒေကို ဆန့်ကျင်ဖို့ သူတို့ရဲ့ ရှိသမျှ သြဇာတွေအားလုံးကို အသုံးပြုရမယ်။ အခုအချိန်က ထုတ်ဖော်ပြောဆိုဖို့ အချိန်ကျရောက်နေပြီ” ဟု တက်ကြွလှုပ်ရှားသည့်အဖွဲ့ တခုဖြစ်သော Justice for Myanmar မှပြောခွင့်ရသူ ဒေါ်ရတနာမောင်က ပြောသည်။
“စစ်ကောင်စီဟာ ဥပဒေတွေပြဋ္ဌာန်းဖို့ အခွင့်အာဏာရှိတဲ့ တရားဝင်အဖွဲ့အစည်းတခု မဟုတ်ဘူး။ ဆိုက်ဘာဥပဒေဟာ အသက်အန္တရာယ် ကျရောက်စေတဲ့ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ သတင်းလွတ်လပ်မှုအပေါ် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုဖြစ်တယ်” ဟုလည်း သူက ဆက်ပြောသည်။
အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း (IMCC)၊ ကိုရီးယား-မြန်မာကုန်သည်ကြီးများအသင်း (KoCham) နှင့် မလေးရှား-မြန်မာကုန်သည်ကြီးများအသင်း (MMBC) ကဲ့သို့သော ဒီမိုကရေစီနိုင်ငံများ အပါအဝင် အနည်းစုသော အဖွဲ့အစည်းများက မှတ်ချက်ပေး ဖြေကြားရန် ငြင်းဆန်ကြသည်။
အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း (IMCC)၊ ကိုရီးယား-မြန်မာကုန်သည်ကြီးများအသင်း (KoCham) နှင့် မလေးရှား-မြန်မာကုန်သည်ကြီးများအသင်း (MMBC) ကဲ့သို့သော ဒီမိုကရေစီနိုင်ငံများ အပါအဝင် အနည်းစုသော အဖွဲ့အစည်းများက မှတ်ချက်ပေး ဖြေကြားရန် ငြင်းဆန်ကြသည်။
ထိုဥပဒေကို မျှော်လင့်ထားပြီးဖြစ်ကြောင်း စီးပွားရေးလုပ်ငန်း အမှုဆောင်များက ပြောသည်။ IMCC ဥက္ကဋ္ဌ ဆန်နေးလ် ဆက်သ်သည် အိန္ဒိယ၏ အဒါနီဆိပ်ကမ်းကို ဦးဆောင်သူဖြစ်သည်။ ထိုလုပ်ငန်းသည် စစ်အုပ်စုပိုင်မြေကို ငှားရမ်းလုပ်ကိုင်နေသည့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ရောင်းထုတ်ရခြင်း မရှိသေးပေ။ KoCham ဥက္ကဋ္ဌ ဂျောင်ဟွမ်ပတ်သည် စစ်ကောင်စီ၏ အရပ်သားဝန်ထမ်းများနှင့် စစ်ကောင်စီနှင့် ပတ်သက်နေသည့် Lotte ဟိုတယ်တွင် အခမ်းအနားတခု ကျင်းပသောကြောင့် နိုင်ငံတကာတွင် ထုတ်ဖော်ကြေညာ အရှက်ခွဲခံထားရသူ ဖြစ်သည်။
ပတ်၊ ဆက်သ် နှင့် MMBC ကိုဦးဆောင်သူ ရှေ့နေ ဂျန်လွိုင်တို့သည် ဝေဖန်ပြောကြားပေးရန် တောင်းဆိုမှုများကို အကြောင်းပြန်ကြားခြင်း မရှိပေ။
အာဆီယံ အဖွဲ့အတွင်း မလေးရှားသည် စစ်ကောင်စီကို အကျယ်လောင်ဆုံးဝေဖန်သည့် နိုင်ငံများတွင် ပါဝင်ပြီး တောင်ကိုရီးယားက မြန်မာစင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုထောက်ခံသောကြောင့် ဂျောင်ဟွမ်ပတ်နှင့် ဂျန်လွိုင်တို့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ထောက်ခံသော ၎င်းတို့အစိုးရများ၏ အားထုတ်မှုများကို ထိခိုက်စေသူများအဖြစ် မြင်နိုင်သည်။
ထိုကုန်သည်ကြီးများအသင်း ၃ ခုလုံးသည် စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးအောင်နိုင်ဦးကို သွားရောက် တွေ့ဆုံသူများဖြစ်ပြီး ထိုအစည်းအဝေးကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရက ထိုအစည်းအဝေးကို ပြစ်တင်ရှုတ်ချသည်။
“စီးပွားရေး လုပ်ငန်းတွေကို အပြင်းအထန်ထိခိုက်စေတဲ့ မူဝါဒဆိုင်ရာ ပြဿနာမှာ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ပြီး စစ်ကောင်စီခန့် ဝန်ကြီးကို သွားရောက်တွေ့ဆုံနှုတ်ဆက်တဲ့ ကုန်သည်ကြီးများအသင်းတခုအတွက် ကျင့်ဝတ်အရ ဘယ်လိုကာကွယ်မှာလဲ” ဟု ရန်ကုန်အခြေစိုက် လုပ်ငန်းအမှုဆောင်တဦးက ပြောသည်။
တရုတ်နိုင်ငံသည် ယခုနှစ်အတွက် မြန်မာနိုင်ငံတွင် ထိပ်ဆုံးမှ ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း ယခုအပတ်အတွင်း စစ်ကောင်စီက ကြေညာသော်လည်း အသေးစိတ်များကို ပြောကြားခြင်းမပြုပေ။ မြန်မာနိုင်ငံသည် ဂျပန်ရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာ ၅၁၆ ဒသမ ၄ သန်းရပြီး စင်ကာပူ ရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာ ၄၄၂ ဒသမ ၂ သန်း၊ ထိုင်လုပ်ငန်းများမှ ဒေါ်လာ ၇၅ ဒသမ ၅ သန်းနှင့် တောင်ကိုရီးယားလုပ်ငန်းများထံမှ ဒေါ်လာ ၆၆ ဒသမ ၁ သန်းရရှိကြောင်းလည်း စစ်ကောင်စီက ကြေညာသည်။
လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နှစ်ပတ်အကြာတွင် စစ်ကောင်စီသည် ထိုဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းရန် စတင်ကြိုးစားပြီး ဝန်ကြီးဌာနများ၊ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့များထံမှ သဘောထားများကို တောင်းခံသည်။ သို့သော် လူမှုအခြေပြုအဖွဲ့အစည်းနှင့် စီးပွားရေး အဖွဲ့အစည်းများထံမှ ဆန့်ကျင်မှုများကို ရင်ဆိုင်ရပြီးနောက် ထိုဥပဒေကြမ်းသည် ရပ်ဆိုင်းသွားသည်။
အာဏာသိမ်းချိန်မှစတင်ပြီး မြန်မာ၏ အင်တာနက်နယ်ပယ်သည် လွန်စွာ ဘောင်ကျဉ်းသွားပြီးဖြစ်သည်။ စစ်အုပ်စုသည် Facebook နှင့် Twitter ကဲ့သို့သော လူမှုကွန်ရက်များကို ပိတ်ပင်ထားသော်လည်း အသုံးပြုသူများနှင့် စီးပွားရေး လုပ်ငန်းများသည် VPN များသုံးကာ ပိတ်ပင်မှုကို ကျော်လွှားကြသည်။
သို့သော် စစ်ကောင်စီခန့် ဝန်ကြီးများသည်လည်း Facebook ကို ဆက်လက်အသုံးပြုကာ ပို့စ်များတင်နေကြကြောင်း ကော်ပိုရိတ်လုပ်ငန်း အမှုဆောင်များပြောသည်။ လူမှုဝန်ထမ်းဝန်ကြီး ဒေါ်သက်သက်ခိုင်သည် ဇန်နဝါရီလလယ်က သူ၏ ကချင်ပြည်နယ်ခရီးစဉ်နှင့် ပတ်သက်ပြီး အနည်းဆုံး ပို့စ် ၅ ခုကို သူ၏ Facebook စာမျက်နှာတွင် တင်ခဲ့သည်။
ကမ္ဘာဘဏ်က ထုတ်ပြန်သည့် မြန်မာ့စီးပွားရေးစောင့်ကြည်မှု အစီရင်ခံစာကလည်း VPN များအသုံးပြုမှု ပိတ်ပင်ခြင်းသည် လူမှုကွန်ရက်နှင့် စီးပွားရေးလုပ်ငန်းများကို ဆိုးရွားသော အကျိုးဆက်များ ဖြစ်စေမည်ဟု သတိပေးထားသည်။
ကမ္ဘာဘဏ်က ထုတ်ပြန်သည့် မြန်မာ့စီးပွားရေးစောင့်ကြည်မှု အစီရင်ခံစာကလည်း VPN များအသုံးပြုမှု ပိတ်ပင်ခြင်းသည် လူမှုကွန်ရက်နှင့် စီးပွားရေးလုပ်ငန်းများကို ဆိုးရွားသော အကျိုးဆက်များ ဖြစ်စေမည်ဟု သတိပေးထားသည်။
“ထိုကဲ့သို့သော အယူအဆများ ဆက်လက်ရှိနေသည့် အတိုင်းအတာအထိ မြန်မာတွင် ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံ တိုးတက်ရေးနှင့် ဒစ်ဂျစ်တယ်နည်းအရ လုပ်ဆောင်သော ဝန်ဆောင်မှုများကို ကာလအလွန် ရှည်ကြာသော သက်ရောက်မှုဖြစ်စေပြီး စီးပွားရေးတိုးတက်မှု၊ ကုန်ထုတ်လုပ်မှုနှင့် ထုတ်လုပ်သည့် ပမာဏများတွင် ကြီးမားသော စီးပွားရေးတန်ဖိုး ပေးဆပ်ရလိမ့်မည်” ဟု ထိုအစီရင်ခံစာက ဆိုသည်။
စစ်ကောင်စီ၏ အင်တာနက်အခွန်သစ်သည် ဒေတာအသုံးပြုမှုအတွက် အနိမ့်ဆုံးဈေးနှုန်းများကို တိုးမြှင့်လိုက်ပြီး အင်တာနက် ကန့်သတ်ချက်များကို ဆက်လက်လုပ်ဆောင်စေကာ အင်တာနက် ဖြတ်တောက်မည့် ခြိမ်းခြောက်မှုများ ဖြစ်စေသည်။ လွန်ခဲ့သော ဆယ်နှစ်အတွင်းက ရရှိထားသည့် ကြီးမားသော တိုးတက်မှုများကို ပြောင်းပြန်ဖြစ်စေရန် ခြိမ်းခြောက်ခံရသော ဝန်ဆောင်မှုပေးသူများ ဈေးကွက်မှ ထွက်ခွာခြင်းကိုလည်း ဖြစ်စေသည်ဟု ထိုအစီရင်ခံစာက ဆိုသည်။
(Asia Times ပါ Dominic Oo ၏ Junta cyber bill has Myanmar business up in arms ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
နည်းပညာသပိတ်များက စစ်ကောင်စီကို အထိနာစေသဖြင့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို ရေးဆွဲ ဟုဆို
အွန်လိုင်းအခြေပြု ကြော်ငြာလုပ်ငန်းများ ရပ်တည်ရေး ခက်ခဲလာ
မြန်မာ့ဒစ်ဂျစ်တယ် စီးပွားရေး ပြိုကွဲလုနီးဖြစ်နေ
မြန်မာနိုင်ငံအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်သစ် Facebook မိတ်ဆက်
The post စစ်ကောင်စီ ဆိုက်ဘာဥပဒေကို စီးပွားရေးလုပ်ငန်းများ ဆန့်ကျင် appeared first on ဧရာဝတီ.