အာဏာသိမ်း စစ်ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့သည် ၎င်းတို့ရုံးထိုင်ရာ နေပြည်တော်နှင့် သိပ်မဝေးလှသည့် လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုများ ပြင်းထန်နေသော ကယားပြည်နယ်သို့ အပူတပြင်းခရီးထွက်ခဲ့သည်။
၎င်းတို့သည် ဖေဖော်ဝါရီလ ၃ ရက်တွင် တပ်မြို့ဟု ဒေသခံများခေါ်ဝေါ်ကြသည့် ဘော်လခဲသို့ ရဟတ်ယာဉ်ဖြင့် ရောက်လာပြီး နောက်တရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၄ ရက်တွင် ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်သို့ ပြန်လာသည်။
ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံဆန့်ကျင်ရာတွင် အင်အားကောင်းသည့် ဒေသဖြစ်ပြီး ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်သည်လည်း ဒေသခံ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဦးဆောင်သည့် ကရင်နီမဟာမိတ်တပ်များ၏ မကြာခဏမြို့တွင်း စစ်ဆင်မှုကို ခံနေရသည့် နေရာ ဖြစ်သည်။
ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံဆန့်ကျင်ရာတွင် အင်အားကောင်းသည့် ဒေသဖြစ်ပြီး ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်သည်လည်း ဒေသခံ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဦးဆောင်သည့် ကရင်နီမဟာမိတ်တပ်များ၏ မကြာခဏမြို့တွင်း စစ်ဆင်မှုကို ခံနေရသည့် နေရာ ဖြစ်သည်။
ထိုသို့ စစ်ရေးလှုပ်ရှားမှုအားကောင်းပြီး ဆန့်ကျင်တွန်းလှန်မှု ပြင်းထန်သည့် ကယားပြည်နယ်ကို စစ်ကောင်စီထိပ်ပိုင်း ခေါင်းဆောင်များ အပူတပြင်းသွားသည်မှာ အကြောင်းမဲ့သွားခြင်း မဖြစ်နိုင်သဖြင့် မည်သည့်အကြောင်းကြောင့် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များ ကယားပြည်နယ်သို့ သွားသနည်းဆိုသည့် အချက်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်လာသည်။

ဘော်လခဲနှင့် လွိုင်ကော်စည်းရုံးရေး
ကယားပြည်နယ်တွင် စစ်ကောင်စီတပ်များကို အပြင်းအထန်တိုက်စစ်ဆင်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က မကြာသေးသည့် ဖေဖော်ဝါရီလ ၁ ရက်တွင် အစီရင်ခံစာတစောင်ထုတ်ပြန်ခဲ့ပြီး ယင်းအစီအရင်ခံစာတွင် ကယားပြည်နယ်ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးသည် ၉၀ ရာခိုင်နှုန်းအထိ ရပ်တန့်သွားပြီဖြစ်ကြောင်း ပါရှိသည်။
KNDF သည် ကယားပြည်နယ်တွင် တပ်ရင်းပေါင်း ၁၈ ရင်းဖွဲ့ထားပြီး စစ်သည်အင်အား ၆၂၀၀ ကျော်ရှိကာ မောင်းပြန်ချေမှုန်းရေး ရိုင်ဖယ်များနှင့် ရော့ကတ်လောင်ချာအချို့ ပိုင်ဆိုင်ထားသည့် အာဏာသိမ်းမှုဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည်။

အဆိုပါကြေညာချက် ထွက်လာပြီးနောက် နောက်တရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၂ ရက်တွင် အာဏာသိမ်းစစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦးသည် ဘော်လခဲနှင့် လွိုင်ကော်မြို့များသို့ ခရီးထွက်လာခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ ဒုတိယဥက္ကဌသည် ဘော်လခဲမြို့တွင် ဘော်လခဲ၊ ဖားဆောင်း နှင့် ဖရူဆိုတပ်နယ်များမှ အရာရှိစစ်သည် မိသားစုဝင်များအား တပ်နယ်ခန်းမ၌ သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြောင်း နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
တွေ့ဆုံပွဲတွင် ၎င်းက မြန်မာပြည်သူ အများစု အယုံအကြည်မရှိသော အကြောင်းအရာများကို စစ်တပ်မှ အရာရှိစစ်သည်နှင့် မိသားစုဝင်များအား ရှင်းလင်းပြောပြပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည် ဆိုသည့် အချက်အပါအဝင် စစ်တပ်က အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာထိန်းခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းအပြင် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပ ပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် နယ်မြေတည်ငြိမ်ရေး လိုအပ်ကြောင်း ၊ နယ်မြေမတည်ငြိမ်သဖြင့် မဲမပေးနိုင်ပါက ကိုယ်စားလှယ်အမတ်များ ရွေးနိုင်မည်မဟုတ်ဘဲ ဒေသခံများ နစ်နာနိုင်ကြောင်း ၎င်းက သတိပေးသည်။
စစ်ကောင်စီထိပ်ပိုင်း ခေါင်းဆောင် ၂ ဦးသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လွိုင်ကော်မြို့သို့ ပြန်လာပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ဘာသာရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ နှင့် နယ်မြေခံ စစ်ဘက်အရာရှိများအပါအဝင် တပ်မိသားစုဝင်များအား တွေ့ဆုံသည်။
ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် လွိုင်ကော်ရှိ အစိုးရဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ကယားပြည်နယ်တည်ငြိမ်ရေး တဦးကောင်းတယောက်ကောင်း မလုပ်ဘဲ ပူးပေါင်းဆောင်ရွက်ရန် မှာကြားပြီး နယ်မြေတည်ငြိမ်ချိန်တွင် ရပ်နားထားသည့် လုပ်ငန်းများ ပြန်လုပ်ကြရန် ပြောသည်။
ယင်းနောက် ၎င်းသည် ရိုမန်ကတ်သလစ် ခရစ်ယာန်ဘာသာ ၊ အစ္စလာမ်ဘာသာ ၊ ဟိန္ဒူဘာသာနှင့် ကေ့ထိုးဘိုး (တံခွန်တိုင်) အဖွဲ့တို့မှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပြန်သည်။
ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဘာသာရေးခေါင်းဆောင်များသည် ဒေသအလိုက် ၊ ဘာသာအလိုက် ကိုးကွယ်သူ ဘာသာဝင်များအပေါ် သက်ရောက်မှု ကြီးသူများဖြစ်၍ ဘာသာရေးအဆုံးအမတို့ဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောသည်။
လွိုင်ကော်နှင့် ဖယ်ခုံတပ်နယ်မှ အရာရှိစစ်သည် မိသားစုများအား တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် စစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဓိကကျသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ဖြင့် လုပ်ဆောင်ရန်လိုကြောင်း ပြောသည်။
ထို့နောက် ၎င်းသည် လွိုင်ကော်နှင့် ဖယ်ခုံတပ်နယ်မှ အရာရှိစစ်သည် မိသားစုများအား တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် စစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဓိကကျသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ဖြင့် လုပ်ဆောင်ရန်လိုကြောင်း ပြောသည်။
ထို့အပြင် တပ်တွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ရမည်ဟုလည်း ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
စစ်ကောင်စီခန့် ပြည်ထဲရေး ဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကမူ ဇန်နဝါရီလဆန်းပိုင်းကမှ ကရင်နီမဟာမိတ်ပူးပေါင်းတပ်များ၏ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခံထားရသော လွိုင်ကော်အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုများအားတွေ့ ဆုံစကားပြောသည်။
၎င်းက ရဲတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့မိသားစုဝင်များအား စခန်းများ အတိုက်မခံရရေး ခံစစ်ပြင်ရန် မှာကြားပြီး ရဲတပ်ဖွဲ့မိသားစုဝင် ရဲမေများအား လက်နက်ငယ်ပစ်ခတ်ရေးသင်တန်းတက်ရန်နှင့် စဉ်ဆက်မပြတ်လေ့ကျင့်ရန် မှာကြားခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြချက်အရသိရသည်။

စစ်ကောင်စီ ခေါင်းဆောင် ၂ ဦး၏ ကယားပြည်နယ်ခရီးစဉ်အတွင်း လုံခြုံရေးတင်းကြပ်ထားပြီး တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါစောင့်ရှောက်နေသည်ကိုလည်း တွေ့ရသည်။
ကယားပြည်နယ်ဒေသခံအချို့ကလည်း စစ်ကောင်စီ ခေါင်းဆောင် ၂ ဦး၏ ခရီးစဉ်အတွင်း လွိုင်ကော်မြို့ဝန်းကျင် ၌ တိုက်လေယာဉ်များ မကြာခဏ ပျံဝဲနေသည်ကို တွေ့ရကြောင်း ဆိုသည်။
ကောင်းသောလာခြင်း မဟုတ်
စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်နေသည့် ကယားပြည်နယ်အခြေစိုက် ကရင်မဟာမိတ်နီပူးပေါင်းတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကမူ အာဏာသိမ်းစစ်ခေါင်းဆောင် ၂ ဦး၏ ကယားပြည်နယ်ခရီးသည် လာခြင်းကောင်းသည့် ခရီးမဟုတ်ဟု ရှုမြင်ကြသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မျက်မှန်က စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် စိတ်ဓာတ်ပျက်ပြားနေသည့် ၎င်းတို့လက်အောက်ခံလူများ စိတ်ဓာတ်မကျရန် လာရောက်စည်းရုံးခြင်းဖြစ်နိုင်ကြောင်း ပြောသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မျက်မှန်က စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် စိတ်ဓာတ်ပျက်ပြားနေသည့် ၎င်းတို့လက်အောက်ခံလူများ စိတ်ဓာတ်မကျရန် လာရောက်စည်းရုံးခြင်းဖြစ်နိုင်ကြောင်း ပြောသည်။
“ကယားပြည်နယ်မှာ သူတို့ စည်းရုံးရေးဆင်းတဲ့နေ့မှာပဲ။ ဝန်ထမ်းတွေ ထွက်ပြေးကြတာရှိတယ်။ သဘောကတော့ သူတို့ထိန်းချုပ်နိုင်တဲ့ ၁၀ ရာခိုင်နှုန်းကို ဒီထက်ပိုထိန်းချုပ်နိုင်အောင် စည်းရုံးရေးဆင်းတဲ့ သဘောပဲလို့ ကျနော်တို့က သုံးသပ်မိပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစကားပြောခြင်းသည်လည်း ဘာသာရေးကို နိုင်ငံရေးရည်ရွယ်ချက်အတွက် အသုံးချနိုင်ရန် ကြိုးပမ်းခြင်းဖြစ်နိုင်ကြောင်း ဗိုလ်မျက်မှန်က ဆိုသည်။
“ဘာသာရေးခေါင်းဆောင်တွေက ဘာသာဝင်တွေအပေါ်မှာ လွှမ်းမိုးမှုရှိတယ်ဆိုတာကို မငြင်းလိုပါဘူး။ ဒါက အရှိတရားပဲ။ ဒါကြောင့် စစ်ကောင်စီက ဘာသာရေးကို လက်နက်သဖွယ် အသုံးချဖို့ လုပ်လာတာလို့ မြင်တယ်။ တော်လှန်ရေးကို ဘာသာရေးခေါင်းဆောင်တွေကတဆင့် အဟန့်အတားဖြစ်စေမယ့် စကားမျိုးတွေ မကြာခင်မှာ ဖြစ်ပေါ်လာလိမ့်မယ်လို့ ခန့်မှန်းပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် စစ်ကောင်စီဒုဥက္ကဌသည် ကယားပြည်နယ်၌ ၎င်းတို့ တပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်အရေးယူရမည့်အစား လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုလုပ်ရန် လာရောက်အားပေးနေကြောင်း ဗိုလ်မျက်မှန်က သုံးသပ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးတွင် မိုဆိုကျေးရွာသားများအပါအဝင် ခရီးသွားပြည်သူ ၃၀ ကျော်အား ဖမ်းဆီးကာ အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခဲ့သည်။ သေဆုံးသူများထဲတွင် မြန်မာနိုင်ငံ၌ ကလေးသူငယ်အရေး ကူညီဆောင်ရွက်ပေးနေသည့် Save the children အဖွဲ့မှ ဝန်ထမ်း ၂ ဦးလည်း ပါဝင်သည်။
KNDF ပြောခွင့်ရ ဗိုလ်မျက်မှန်က “ တကယ်တမ်းလူ့အခွင့်အရေး ချိုးဖောက်မှုတွေ သတ်ဖြတ်မှုတွေက နေ့စဉ်နဲ့အမျှဖြစ်နေတာ။ ဒါတောင်မှ ခေါင်းဆောင်လို့ သူ့ကိုယ်သူခံယူထားတဲ့ သူတယောက် ဒီလိုအခြေအနေမှာ တုံးတိုက်တိုက်ကျားကိုက်ကိုက်လုပ်ဖို့ အဲဒီလို စကားတွေပြောထွက်တယ်ဆိုတာက အင်မတန်ရှက်စရာကောင်းတဲ့ ကိစ္စဖြစ်သလို ဒေသတွင်းမှာ မတည်မငြိမ်တွေဖြစ်ဖို့၊ တတ်အားသမျှ လူတွေကို လိုက်သတ်ဖို့၊ လူထုကို လိုက်သတ်ဖို့ အောက်ခြေစစ်သားတွေကို လူသတ်တဲ့စိတ်ဓာတ်တွေ ထပ်မွေးဖွားပေးနေတာလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်နေသည့် ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး (၁) ဖြစ်သူ ခူးဒယ်နီရယ်ကလည်း စစ်ကောင်စီဒုဥက္ကဌ ကယားပြည်နယ်သို့ လာခြင်းသည် ကယားပြည်နယ်တွင် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်နိုင်ရန် လာခြင်းဖြစ်နိုင်ကြောင်းဆိုသည်။
“အခုလက်ရှိဖြစ်နေတာက တပ်စခန်းရယ်၊ သူတို့ရုံးရယ် အဲဒီလောက်ပဲကျန်တော့တယ်။ ရပ်ကွက်တိုင်းကို အုပ်ချုပ်ရေး မချနိုင်တော့ဘူး။ ၁ အချက်အားဖြင့် သူတို့က စိုးရိမ်စရာတွေ ဖြစ်နေမှာပေါ့။ နောက်တခုက သူတို့ရဲ့ စည်းရုံးရေးပေါ့။ ဝန်ထမ်းတွေကိုလဲ အလုပ်တွေပြန်လုပ်ဖို့ လာပြောသွားတာတွေ ပါရှိတယ်။ နောက်တဆက်တည်းမှာ ကယားဝန်ကြီးချုပ် ကလည်း အသစ်ဖြစ်နေတော့ အဲ့ဒီပေါ်မှာ လာအားပေးတဲ့အနေနဲ့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
“အခုလက်ရှိဖြစ်နေတာက တပ်စခန်းရယ်၊ သူတို့ရုံးရယ် အဲဒီလောက်ပဲကျန်တော့တယ်။ ရပ်ကွက်တိုင်းကို အုပ်ချုပ်ရေး မချနိုင်တော့ဘူး။ ၁ အချက်အားဖြင့် သူတို့က စိုးရိမ်စရာတွေ ဖြစ်နေမှာပေါ့။ နောက်တခုက သူတို့ရဲ့ စည်းရုံးရေးပေါ့။ ဝန်ထမ်းတွေကိုလဲ အလုပ်တွေပြန်လုပ်ဖို့ လာပြောသွားတာတွေ ပါရှိတယ်။ နောက်တဆက်တည်းမှာ ကယားဝန်ကြီးချုပ် ကလည်း အသစ်ဖြစ်နေတော့ အဲ့ဒီပေါ်မှာ လာအားပေးတဲ့အနေနဲ့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ကယားပြည်နယ်သည် နေပြည်တော်နှင့် သိပ်မဝေးလှသဖြင့် ကယားပြည်နယ်တခုလုံးအား ကရင်နီတော်လှန်ရေးတပ်များက အပြည့်အဝ စိုးမိုးသွားပါက စစ်ကောင်စီဌာနချုပ်ဖြစ်ရာ နေပြည်တော်ကို ခြိမ်းခြောက်မှုဖြစ်နိုင်သဖြင့် စစ်ကောင်စီဘက်က ကယားပြည်နယ် လက်လွှတ်ရမည့်အရေး စိုးရိမ်နေခြင်း ဖြစ်နိုင်ကြောင်း ခူးဒယ်နီရယ်က ပြောသည်။

“ခုနက ကျနော်ပြောသလိုပေါ့။ တပ်စခန်းတွေက တပ်ရင်းမှာပဲကျန်တော့ ဒီလို သူတို့တွက် စိုးရိမ်စရာဖြစ်တယ် ။ ဒုတိယအချက်က ကျနော်တို့ ကရင်နီပြောရင် မိုးဗြဲ၊ ဖယ်ခုံ စသဖြင့် နဂိုထဲက ရှိပြီးသား ကရင်နီပြည်က နေပြည်တော်နဲ့ သိပ်မဝေးဘူးဆိုတော့ ဒါကတချက်ပေါ့။ စစ်ရေးအရ ပြောရင် ဖြစ်နိုင်ပါတယ်။ နေပြည်တော်ရဲ့ အရှေ့ဘက်ခြမ်းတောင်တွေကို အခြေပြုပြီး တပ်ကို ထောင်ထားတာကိုး” ဟု ၎င်းက ဆိုသည်။
လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်သည့် စစ်ဘက်အရာရှိတဦးကလည်း စစ်ကောင်စီ ဒုဥက္ကဌသည် KNDF ၏ ထုတ်ပြန်ချက်ကို ချေပနိုင်ရန်နှင့် ကယားပြည်နယ်ကို ၎င်းတို့ ထိန်းချုပ်ထားနိုင်ကြောင်း ပြသလိုသဖြင့် ခရီးထွက်လာခြင်းဖြစ်ကြောင်း သုံးသပ်သည်။
“ကျနော်တို့ကြားရ သလောက်ပေါ့။ လွိုင်ကော် ဒ.က.စ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) မှူးဆိုရင်လည်း ရာထူးချပြီး အရေးယူထားတာတွေ ရှိတယ်။ စ.က.ခ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ၇ က ဒု တပ်မမှူးကိုလည်း သူတို့အရေးယူထားတယ်ပေါ့။ စစ်ဆင်ရေးကွပ်ကဲမှု ညံ့ဖျင်းဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့။သူတို့အောက်ခြေမှာ ဒီလိုမျိုးဖြစ်ပျက်နေတာလေးတွေ သိဖို့လိုတယ်။ နောက်တခုက ကမ္ဘာကို ပြချင်တာလည်း ပါတာပေါ့။ ကယားကို ထိန်းချုပ်ထားနိုင်ပြီဆိုတာ ပြချင်တာပေါ့” ဟု ၎င်းက ဆိုသည်။
စစ်ဆင်ရေးဖြစ်နိုင်မလား
အာဏာသိမ်းစစ်ကောင်စီ ဒုဥက္ကဌနှင့် ပြည်ထဲရေးဝန်ကြီးတို့ ကယားပြည်နယ်ကို လာရောက်ခဲ့ပြီးနောက်တွင် ကယားပြည်နယ်၌ စစ်ကောင်စီဘက်က စစ်ဆင်ရေးတရပ် ဖြစ်လာနိုင်မည်လောဟု ကယားပြည်နယ်ဒေသခံ အချို့နှင့် ကရင်နီကာကွယ်ရေးအဖွဲ့အချို့က ခန့်မှန်းမှုများလည်း ရှိသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူတဦးကမူ စစ်ကောင်စီထိပ်ပိုင်း ခေါင်းဆောင် ၂ ဦး၏ ခရီးစဉ်သည် အောက်ခြေတပ်ဖွဲ့ဝင်များကို အားပေးရုံသာဖြစ်ပြီး အင်အားပြည့် စစ်ဆင်ရေး တရပ် ဆောင်ရွက်ရန် လတ်တလော မဖြစ်နိုင်သေးကြောင်းဆိုသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူတဦးကမူ စစ်ကောင်စီထိပ်ပိုင်း ခေါင်းဆောင် ၂ ဦး၏ ခရီးစဉ်သည် အောက်ခြေတပ်ဖွဲ့ဝင်များကို အားပေးရုံသာဖြစ်ပြီး အင်အားပြည့် စစ်ဆင်ရေး တရပ် ဆောင်ရွက်ရန် လတ်တလော မဖြစ်နိုင်သေး
လက်ရှိတွင် တိုက်ခိုက်ရေးတပ် အင်အား ၁ သိန်းကျော်ရှိသည့် စစ်ကောင်စီတပ်သည် ကချင်ပြည်နယ် ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအများစု၌ တပ်ဖြန့်ထားရပြီး ကယားကို တိုက်ခိုက်မည်ဆိုပါက တပ်ကူထပ်ပို့ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လွိုင်ကော်ကို တပ်ပို့စရာမရှိပါဘူး။ တပ်ပို့ရင် တခြားနေရာက တပ်တွေကို ထုတ်နှုတ်ရမှာ။ တပ်ပို့နိုင်ရင် ထိုးစစ်ဆင်နိုင်ရင် သူအလုပ်ရှုပ်ခံပြီး လာမှာ မဟုတ်ဘူး” ဟု မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူတဦးက ပြောသည်။
CDM လှုပ်ရှားမှုတွင် ပါဝင်သည့် စစ်ဘက်အရာရှိတဦးကလည်း “တိုက်ပွဲတွေ ပိုပြင်းထန်လာမလားဆိုတာကျတော့ စစ်ကောင်စီရဲ့ စစ်မျက်နှာတွေအပေါ်မှာကြည့်ပြီး သုံးသပ်ရမှာပေါ့။ စစ်မျက်နှာတွေက ကချင်မှာလည်း ဖွင့်ထားတယ်။ ချင်းမှာလည်း ဖွင့်ထားတယ်။ ကယားမှာလည်း ဖွင့်ထားတယ်။ ရှမ်းမြောက်နဲ့ ကရင်ဘက်တွေမှာလည်း ဆိုင်ထားရတာကိုး။ ဒီအပေါ်မှာမူတည်ပြီး သူတို့အနေနဲ့ စစ်မျက်နှာချုံ့ချင်ရင် ငြိမ်းချမ်းရေး စကားဆိုတာမျိုးလုပ်ရမှာပဲလေ။ စစ်မျက်နှာထပ်ချဲ့ရင်တော့ ဒီကောင်တွေက တိုက်မှာပါပဲ” ဟုဆိုသည်။
သို့သော်လည်း ကရင်နီကာကွယ်တပ်များဘက်ကမူ စစ်ကောင်စီကို လမည့် ၄ လအတွင်း တိုက်စစ်ဆင်မှု ရှိလာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“ကျနော်ထင်တာက KNDF အဖွဲ့တွေကလည်း အများကြီးပေါ့။ သူကတော့ ဒီ ၄ လအတွင်းမှာ ရုန်းမှာပေါ့။ အခု လွိုင်ကော်မှာဆိုရင် ပြည်သူလူထုက ကျန်မှ မကျန်တော့ဘဲကိုး ။ ဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေလည်း သိပ်မှ မရှိတော့ဘဲ” ဟု ၎င်းက ဆိုသည်။
မြေပြင်အခြေအနေတွင်တော့ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့တို့တွင် ဒေသခံပြည်သူများ မရှိတော့ဘဲ တချက်တချက် စစ်ကောင်စီဘက်က ပစ်သည့် အမြောက်သံကလွဲ၍ မြို့သည် တိတ်ဆိတ် ခြောက်ကပ်လျက်ရှိသည်။
You may also like these stories:
ပူတာအိုက စစ်ကောင်စီ တပ်စခန်း KIA နှင့် PDF ပူးပေါင်း သိမ်းပိုက်
AA သြဇာကြီးလာခြင်းက စစ်ကောင်စီအတွက် ခေါင်းခဲစရာ
ကယားတွင် တိုက်ပွဲများကြောင့် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော် ရှိလာ
ရှမ်းပြည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ပါ့မလား
မြန်မာ့ အတိုက်အခံများ စစ်ရေးအကူအညီ လိုသည်
The post အဝိုင်းခံ ကယားပြည်နယ်ကို စစ်ကောင်စီ ဒုဥက္ကဋ္ဌ သွားအားပေး appeared first on ဧရာဝတီ.