Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

မြန်မာ့ခရိုနီလက်သစ်တဦး (သို့မဟုတ်) ဒေါက်တာထွန်းမင်းလတ်

$
0
0

မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုများ နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်နေသလို မြန်မာ့လေတပ်အတွက်လည်း လိုအပ်သည့် ကိရိယာပစ္စည်းများနှင့် အသုံးအဆောင်များကို တင်သွင်းခွင့်နေရ သည့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တဦးမှာ ဒေါက်တာထွန်းမင်းလတ် (Star Sapphire Group of Companies) ဖြစ်သည်။

သူသည် မြန်မာစစ်တပ်၏ လေတပ်အတွက် အစ္စရေးလုပ် ကင်းထောက်ဒရုန်းများ၊ လေယာဉ်များ အတွက် အထောက်အပံ့ပစ္စည်းများ နှင့် အပိုပစ္စည်းများကို တင်သွင်းပေးနေသူဖြစ်ကြောင်း သတင်းရင်းမြစ်တချို့က ပြောသည်။

ထို့ပြင် ဒေါက်တာထွန်းမင်းလတ်၏ Star Sapphire Group of Companies သည် စစ်တပ်ပိုင်လုပ်ငန်း တခု ဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် MEHL နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင် MEC တို့နှင့် လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အများအပြားရှိကြောင်း သိရသည်။

ရန်ကုန်မြို့ သီလဝါရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် MEHL ပိုင်မြေနေရာတွင် ဟောင်ကောင်ကုမ္ပဏီ VPower ၏ LNG သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတည်ဆောက်နိုင်ရန်အတွက် အဓိက ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးသူမှာ ဒေါက်တာထွန်းမင်းလတ်ဖြစ်ကြောင်း ဂျပန်သတင်းဌာန Nikkei Asia ၏ သတင်းတပုဒ်အရ သိရသည်။

အဆိုပါစီမံကိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD လက်ထက် ၂၀၁၉ ခုနှစ်က တင်ဒါခေါ် ယူခဲ့သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းတခုဖြစ်ပြီး VPower ကုမ္ပဏီက ထိုစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ရင်းနှီးမြှုပ်နှံခဲ့သည်။

ဒေါက်တာထွန်းမင်းလတ်၏ ဖခင်မှာ မြန်မာ့လေတပ်မှ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးခင်မောင်လတ်ဖြစ်သည်။ ဦးခင်မောင်လတ်သည် ဦးသန်းရွှေ စစ်အစိုးရလက်ထက်၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ၁၉၉၆ ခုနှစ်ဝန်းကျင်မှ စတင်ကာ နှစ်အတန်ကြာ လုပ်ခဲ့သူဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပြသည်။

ဦးခင်မောင်လတ်ကို ခရီးသွားလုပ်ငန်းကဏ္ဍမှ လုပ်ငန်းရှင်များကြား သက်တော်ရှည် ညွှန်ချုပ်ကြီးအဖြစ် လူသိများကြသည်။

ဒေါက်တာထွန်းမင်းလတ်သည် လောင်းကစားလုပ်ငန်းများဖြင့် နာမည်ကျော်သော ရှမ်းပြည်နယ် တာချိလိတ်မြို့တွင်လည်း ထိုင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့်လည်း ဟိုတယ်လုပ်ငန်းအများအပြား လုပ်ကိုင်လျက်ရှိကြောင်း အထက်ပါ ခရီးသွားလုပ်ငန်းရှင်က ဆိုသည်။

တာချိလိတ်မြို့ကို မြန်မာ၊ ထိုင်း နှင့် လာအို နိုင်ငံတို့ နယ်နိမိတ်ချင်းထိစပ်နေသော ရွှေတြိဂံဒေသ၏ မြို့တော်ဟု တင်စားခေါ်ဝေါ်ကြသလို ကမ္ဘာ့ပေါ်တွင် အကြီးဆုံး ဘိန်းနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု ဒေသ နှင့် အရောင်းအဝယ်လုပ်ရာ နေရာအဖြစ်လည်း နာမည်ဆိုးဖြင့် ကျော်ကြားသည့် မြို့ဖြစ်သည်။

ဒေါက်တာထွန်းမင်းလတ်၏ Star sapphire group of companies သည် ၂၀၁၉ ခုနှစ်က ထုတ်ပြန်သည့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှစ်၏ အစီအရင်ခံစာတွင် စစ်တပ်၏ အကျိုးစီးပွားများကို ကုမ္ပဏီ၏ ပုဂ္ဂလိကရှယ်ယာရှင် တဦးအဖြစ် ထည့်သွင်းထားသည့် ကုမ္ပဏီတခုဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်နေ မွတ်ဆလင်(ရိုဟင်ဂျာ)များအပေါ်က စစ်တပ်က လူ့အခွင့်အရေးချိုး ဖောက်မှုများစွာပြုလုပ်ခဲ့သော စစ်ဆင်ရေးများအပြီး မြန်မာစစ်တပ်ကို အလှူငွေများ ပံ့ပိုးပေးခဲ့သည့် ကုမ္ပဏီတခုလည်း ဖြစ်သည်။

You may also like these stories:

မြန်မာ့စစ်လက်နက် ထုတ်လုပ်ရေးအတွက် အရေးပါသူ ဦးထွန်းလှိုင်

ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်

ယူကရိန်းမှ လက်နက်အဝယ်တော် (သို့မဟုတ်) ဦးအောင်လှိုင်ဦး

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၂)

The post မြန်မာ့ခရိုနီလက်သစ်တဦး (သို့မဟုတ်) ဒေါက်တာထွန်းမင်းလတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...