Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

PDF ဘာလဲ ဘယ်လဲ

$
0
0

မြန်မာနိုင်ငံ လုံခြုံရေးဆိုင်ရာ မြင်ကွင်းသည် ဖေဖေါ်ဝါရီလ စစ်အာဏာမသိမ်းမီကပင် လွန်စွာရှုပ်ထွေးနေသည်ဟု ဆိုလျှင် စစ်ကောင်စီကို ဆန့်ကျင်သည့် ကြီးထွားလာသော တနိုင်ငံလုံး လက်နက်ကိုင်ပုန်ကန်မှုကို မည်သို့မျှ နားလည်နိုင်မည် မဟုတ်ပေ။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကဲ့သို့သော ဝါရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်း(EAOs) များက စစ်တပ်ကို တိုက်ခိုက်မှု အရှိန် မြှင့်တင်လိုက်သည်။ ချင်းပြည်နယ်တွင် တူမီးသေနတ်များသုံးသော လယ်သမားပုန်ကန်မှု ဒေသကာကွယ်ရေးတပ်များကလည်း စစ်ကောင်စီတပ်များကို အကြီးအကျယ် အထိနာစေခဲ့သည်။

ကယားနှင့် ကရင်ပြည်နယ်များတွင်လည်း EAOs များသည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များကို လေ့ကျင့်ပေးပြီး ပူးပေါင်းဆောင်ရွက်ကြချိန် စစ်ကိုင်းတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီ စစ်တပ်နှင့် ရဲကို အသေအကြေတိုက်သည်။ ရန်ကုန်ကဲ့သို့သော အဓိကမြို့ကြီးများတွင်လည်း စစ်တပ်နှင့် ရဲကို ပစ်မှတ်ထားသည့် ဗုံးဖေါက်ခွဲမှုနှင့် ပစ်ခတ်မှုများ မကြာသေးမီ ရက်သတ္တပတ်များအတွင်း များပြားလာပြီး ဒလန်များကို သတ်ဖြတ်မှုကလည်း မြင့်မားလာနေသည်။

ထိုသို့သော သတ်ဖြတ်မှုများအကြား မြန်မာတနိုင်ငံလုံး ကျယ်ပြန့်သည် တပ်ဖွဲ့သစ်တခု ပေါ်ပေါက်လာသည်။

စစ်ကောင်စီကို ဖြုတ်ချရန် ဖွဲ့စည်းထားသည့် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ရန်၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖေါ်ရန်နှင့် အကြမ်းဖက်လုပ်ရပ်များ စစ်ရေးကျူးကျော်မှုများ စစ်ကောင်စီအတွင်း ရန်လိုမှုများကို အဆုံးသတ်ရန်တို့ကို ပြောကြားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို တည်ထောင်ကြောင်း မတ်လ ၅ ရက်နေ့တွင် ကြေညာသည်။

စစ်ကောင်စီတပ်နှင့် လက်ဝေခံအဖွဲ့အစည်းမျာအားလုံးသည် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြောင်းလည်း NUG က ဇွန်လ ၇ ရက်နေ့တွင် ကြေညာသည်။ သို့သော် NUG နှင့် PDF မှ ထုတ်ပြန်ချက်များအရ PDF သည် စစ်ကောင်စီတပ်ကို လှုပ်ရှား တိုက်ခိုက်မှုနှင့် ထိုးစစ် ထိရောက်မှုတွင် အဓိက စိန်ခေါ်မှုများ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြသနေသည်။

PDF ၏ ကာကွယ်ရေးမူဝါဒ ၃၅ ချက်က ၎င်းသည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး စံနှုန်းများ၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည့် ဖက်ဒရယ်တန်ဖိုးများနှင့် ကိုက်ညီမည်ဖြစ်ကြောင်းဖေါ်ပြသည်။

NUG ကာကွယ်ရေး ဝန်ကြီးဌာနကို အရပ်သားများကသာ ဦးဆောင်ပြီး ကာကွယ်ရေးအသုံးစရိတ်နှင့် အခြား စည်းမျဉ်းစည်းကမ်းများအား “အရပ်သားအုပ်ချုပ်ရေး”အောက်တွင် ထားမည်ဖြစ်ကြောင်းပြောသည်။ ထိုတပ်ဖွဲ့သည် လက်နက်ကိုင် ပဋိပက္ခများတွင် ဂျနီဗာကွန်ဗင်းရှင်းကို လိုက်နာမည်ဖြစ်ကြောင်းလည်းပြောသည်။ ထိုမူများက တာဝန်များပေးအပ်ရာတွင် မည်သည့် လူမျိုးစု၊ ဘာသာရေးခွဲခြားဆက်ဆံခြင်း၊ လိင်ခွဲခြားဆက်ဆံခြင်း ပြုမည် မဟုတ်ကြောင်းလည်း ကတိပြုသည်။

ထိုစာရွက်စာတမ်းများအနက်တခုတွင် “စိတ်ဓါတ်စစ်ဆင်ရေးသည် ဦးစားပေးသေနင်္ဂဗျူဟာ”ဖြစ်ကြောင်း ကတိပြုသည့် သဘောကျစရာ အဖွဲ့အစည်းတည်ဆောက်ပုံများနှင့် အဓိကကျသည့် မူများပါဝင်ပြီး “PDF တပ်များတွင် အရပ်သားထိခိုက်မှုများကို ရှောင်ရှားရန် ပြည်သူ့လုံခြုံရေးအကြီးအကဲက ကွပ်ကဲသည့် လုံခြုံရေးတပ်ဖွဲ့များပါမည်”ဖြစ်ကြောင်း ဖေါ်ပြသည်။

တချိန်တည်းတွင် NUG-PDF ကျင့်ဝတ်တွင် လက်နက်ကိုင်ပဋိပက္ခနှင့် အရပ်သားများအား ဆက်ဆံရေး၌ ဥပဒေများကို လိုက်နာရန် ညွှန်ကြားချက်ကို ထည့်သွင်းထားသည်။ တပ်ဖွဲ့၏ ကျယ်ပြန့်သော ဦးတည်ချက်များကို ဖေါ်ပြသည့် မေလ ၁၇ ရက်နေ့က ထုတ်ပြန်သည့် PDF ညွှန်ကြားချက် ၁/၂၀၂၁ တွင် တပ်သားသစ်များသည် သတ်မှတ်ထားသည့် စစ်သင်တန်းတက်ရောက်ပြီး စစ်တိုင်းအသီးသီးရှိ တပ်ရင်းများတွင် တာဝန်ထမ်ဆာင်ရမည်ဟု ဖေါ်ပြထားသည်။ တပ်သားသစ်များသည် အနည်းဆုံး ၂ နှစ်တာဝန်ထမ်းဆောင်ရမည်ဟု ဆိုသည်။

PDF များအတွက် သင်တန်းအများစုကို မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပ်ိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်ချုပ်ထားသည့် နေရာများတွင် ပို့ချသည်။ NUG-PDF သည် လှုပ်ရှားမည့် စစ်တိုင်း ၅ တိုင်းဖြစ်သည့် မြောက်ပိုင်း၊ တောင်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်း စစ်တိုင်းများကို ဖွဲ့စည်းမည်ဖြစ်သည်။ (စစ်ကောင်စီက စစ်တိုင်း ၁၄ တိုင်း ဖွဲ့စည်းထားသည်။)

စစ်တိုင်းတခုချင်းစီတွင် တပ်မဟာ ၃ ခု ပါဝင်မည့် တိုင်း PDF တပ်ဖွဲ့ရှိကာ တပ်မဟာ တခုစီတွင် ခြေလျှင်တပ်ရင်းများ၊ အမြောက်တပ်ဖွဲ့တခု၊ အထူးတပ်ဖွဲ့များ (ကော်မန်ဒိုတပ်များ) ပါဝင်ပြီး တပ်ခွဲ၊ တပ်စု၊ တပ်စိတ်များ အဖြစ် ခွဲခြားထားမည်ဟု ဆိုသည်။

အသေးငယ်ဆုံး တပ်ဖွဲ့အင်အားကို အခြေခံတွက်ပါက တပ်စိတ်တခုတွင် စစ်သား ၁၀ ယောက်ရှိပြီး တပ်မတခု၏ အင်အားမှာ ၄၈၆၀ ရှိမည်ဖြစ်ကြောင်း အကြမ်းဖျင်းအားဖြင့် တွက်ချက်ရပြီး ထိုအင်အားတွင် ကွပ်ကဲမှု၊ ထောက်ပံ့မှု၊ သယ်ယူပို့ဆောင်ရေးနှင့် အကူတပ်များ မပါသေးပေ။

တဖက်တွင်ကြည့်လျှင် စစ်ကောင်စီတပ်များ၏ အင်အားကို ခန့်မှန်းရန် ခက်ခဲသော်လည်း အသင့်တင့်ဆုံးခန့်မှန်းပါက ကြည်း၊ရေ၊လေ တပ်များအားလုံးပေါင်းလျှင် အင်အား ၃၅၀၀၀၀ ရှိပြီး ရဲတွင် အင်အား ၈၀၀၀၀ နှင့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် ထောင်ချီရှိသည်။

NUG-PDF သည် လူ ၂၅၀၀၀ ကို ရှာဖွေလေ့ကျင့်ပေးကောင်းပေးနိုင်သော်လည်း ထိုအင်အားကို လက်နက်ကိုင် ပဋိပက္ခအတွင်း လက်နက်တပ်ဆင် ထိန်းသိမ်းထားရမည်ဖြစ်သည်။ သို့သော် PDF တွင် ထိုသို့ဖြစ်လာစေရန် ခေါင်းဆောင်မှု ရှိမရှိကို မေးခွန်းထုတ်ရမည်ဖြစ်သည်။

ပြည်တွင်းသတင်းဌာနတခုဖြစ်သော မြန်မာနောင်း၏ အဆိုအရ စစ်ကောင်စီတပ်မှ လူ ၈၀၀ ခန့်သည် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုနှင့် ပူးပေါင်းကြပြီး ၎င်းတို့၏ ၇၅ ရာခိုင်နှုန်းသည် NUG-PDF တွင် ပါဝင် သို့မဟုတ် ပါဝင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ စစ်သင်တန်းများတွင် အထောက်အကူ ပြုနိုင်သော်လည်း စစ်ကောင်စီကို တိုက်ခိုက်ရန်မှာမူ အဆင့်မြင့်ခေါင်းဆောင်ပိုင်း လိုမည် ဖြစ်သည်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် (မောင်တင်သစ်) သည် ၁၉၉၀ ခုနှစ်များတွင်း စစ်တပ်က ထောင်ချခံရသည့် အတွေ့အကြုံရှိသော တက်ကြွလှုပ်ရှားသူနှင့် ကဗျာဆရာဖြစ်သည်။ သူသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွင်း မြို့တော်နေပြည်တော်တွင် ဦးသိန်းစိန်အစိုးရ ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးဝေလွင်ကို မဲအနည်းငယ်မျှဖြင့် အနိုင်ရသူဖြစ်သည်။

ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အဆင့်မြင့်အဖွဲ့ဝင်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ၏ ပြောခွင့်ရသူအဖြစ် ဦးရည်မွန်သည် နိုင်ငံရေး ဝါရင့်သော်လည်း စစ်ရေးအတွေ့အကြုံမရှိဘဲ ကျန်းမာရေးလည်းမကောင်းဟု သိရသည်။

ဒုတိယကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးသည် လူသိများသော ပညာရှင်နှင့် မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးလေ့လာမှုအင်စတီကျု (MIPSS) မှ ဒါရိုက်တာဖြစ်သည်။ သူမ၏ သုတေသနအဖွဲ့ကို အနောက်နိုင်ငံများက ငွေကြေးအကြီးအကျယ် ထောက်ပံ့ထားသည့် မြန်မာငြိမ်းချမ်းရေးနှင် လုံခြုံရေး အင်စတီကျု (MIPS) နှင့် မမှားရန်လိုသည်။ ထိုအဖွဲ့မှ ဒုတိယ ဒါရိုက်တာဟောင်း ဒေါက်တာ ဆလိုင်း ငွန်ကျုံလျှံ (အမေရိကန်နိုင်ငံသား) ကို အာဏာသိမ်းပြီး မကြာမီ စစ်ကောင်စီက အကြံပေးအဖွဲ့တွင် ခန့်ထားသည်။

ဒေါ်ခင်မမမျိုးသည် စစ်အာဏာမသိမ်းမီက မြန်မာနိုင်ငံတွင် လုံခြုံရေးကဏ္ဍနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ ကျင်းပရာတွင် ကျော်ကြားသော်လည်း (မြန်မာနှင့် အင်္ဂလိပ်ဘာသာဖြင့်) လူနားမလည်သည့် ပညာရပ်ဆိုင်ရာ စကားလုံးများ သုံးစွဲသောကြောင့် မကြာခဏ ဝေဖန်ခံရသူဖြစ်သည်။ ဇွန်လ ၄ ရက်နေ့က ကျင်းပသည့် NUG အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင်လည်း ရှုပ်ထွေးလှသည့် တင်ပြပြောဆိုမှုတွင် ထိုသို့ပြောကြားသည်ကို ကြားရသည်။

သူမသည်လည်း NUG ထိပ်တန်းခေါင်းဆောင် အများအပြားကဲ့သို့ပင် လွန်ခဲ့သော နှစ်များအတွင်း ရိုဟင်ဂျာများနှင့် ပတ်သက်သည့် လူမျိုးရေး ခွဲခြားပြောဆိုခဲ့ဖူးသူ ဖြစ်သည်။

PDF ၏ ကံကြမ္မာကို လက်တွေ့စစ်မြေပြင်တပ်မှူးများက ဆုံးဖြတ်မည်ဖြစ်ပြီး အမည်ခံ နိုင်ငံရေး ကြီးကြပ်သူများက ဆုံးဖြတ်မည် မဟုတ်ပေ။ သို့သော် ထိုတပ်ဖွဲ့စည်းပုံသည် ခိုင်မာသောအဖြေကို မပေးနိုင်ပဲ နောက်ထပ်မေးခွန်းများကိုသာ ဖြစ်စေသည်။

မြန်မာနိုင်ငံတဝန်း နယ်မြေအများအပြားတွင် လက်နက်ကိုင်တပ်များ ထူထောင်ခြင်းကြောင့် PDF သည် မည်သည့် သယ်ယူပို့ဆောင်ရေး ကန့်သတ်မှုများနှင့် ရင်ဆိုင်ရမည်နည်း။ ကျေးလက် လက်နက်ကိုင် ပုန်ကန်မှုနှင့် မြို့ပြစစ်ရေးစစ်ရာ ၂ ခုလုံးကို PDF က မည်သို့ချဉ်းကပ်ကိုင်တွယ်မည်နည်း။ PDF တွင် အမျိုးသမီးများကို လေ့ကျင့်ပေးခြင်းနှင့် တိုက်ခိုက်ရေးတွင် ပါဝင်ခွင့်ပေးမည်လား စသည့်မေးခွန်များကို မေးစရာရှိသည်။

NUG-PDF သည် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မရှိသည့် သိုမဟုတ် နှုတ်ဆိတ်နေသည့် ရက္ခိုင့်တပ်မတော်နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ကဲ့သို့သော အဖွဲ့များနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်မည်နည်း။ ထိုသို့သော မေးခွန်းများနှင့် အခြားမေးခွန်းအများအပြားကို Asia Times က NUG ဒုတိယကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးသို့ ပေးပို့ခဲ့သော်လည်း ယခုဆောင်းပါးကို ထုတ်ဝေသည့် အချိန်အထိ အဖြေမရသေးပေ။

မည်ကဲ့သို့သော စစ်ပွဲကို NUG က ရွေးချယ်မည်နည်း။ မြို့ပြလူငယ် သူပုန်မျိုးဆက်သစ်ကို တောတွင်းစစ်ရေးနည်းလမ်း ကျင့်သုံးခိုင်းမည်လား။ ထိုသို့လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အတွက် အလုပ်မဖြစ်ခဲ့ဘဲ အများအပြားမှာ ငှက်ဖျားနှင့် အခြားရောဂါများ၊ စစ်ရေးမကျွမ်းကျင်မှု၊ အိမ်ကို သတိရခြင်း၊ အဖွဲ့အတွင်း အငြင်းပွားမှုများကို ရင်ဆိုင်ခဲ့ရသည်။

အဆိုးရွားဆုံးဖြစ်ရပ်မှာ ၁၉၉၂ ခုနှစ်တွင် အဖွဲ့ဝင်အချင်းချင်း စစ်တပ်သတင်းပေးဟု မျှတမှုမရှိဘဲ စွပ်စွဲကာ ညှဉ်းပမ်း သုတ်သင် ရှင်းလင်းခြင်းဖြစ်သည်။ လူ ၈၀ ခန့် ညှင်းပမ်းနှိပ်စက်ခံရပြီး ၃၀ မှာ နှိပ်စက်မှုများကြောင့် သေသည်။ ၁၅ ဦးကို စိတ္တဇဆန်သော ထိုတောတွင်းအာဏာသိမ်းမှုတွင် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။

သို့မဟုတ် NUG-PDF သည် မြန်မာနိုင်ငံတဝှမ်းမှ အခြားသော PDF တပ်မျိုးစုံကို တစုတစည်းတည်းသော ဖက်ဒရယ်တပ်မတော်အဖြစ် သွပ်သွင်းကာ တိုင်းရင်းသားလက်နက်ကိုင်အများအပြား ပူးပေါင်းပြီး ဂန္တဝင်တော်လှန်ရေး သေနင်္ဂဗျူဟာဖြစ်သည့် ကျေးလက်တွင် လှုပ်ရှားပြီး မြိ့ပြကို ဝိုင်းသည့် နည်းလမ်းဖြင့် မြို့ပြတွင် စစ်ကောင်စီကို နှောက်ယှက်တိုက်ခိုက်မည်လား။

ကွန်မြူနစ်တို့က ၁၉၅၀ ခုနှစ်များအတွင်းနှင့် ကရင်အမျိုးသားအစည်းအရုံး၏ ၁၉၉၁ ခုနှစ် ဧရာဝတီတိုင်း ဘိုကလေးတွင် အန္တရာယ်နှင့် ရင်ဆိုင်ရသော စစ်မျက်နှာသစ်ဖွင့်ခြင်းအပြီး ထိုနည်းလမ်းကို မစမ်းသပ်သည်မှာ ဆယ်စုနှစ်အတန်ကြာပြီဖြစ်သည်။

ချင်းပြည်နယ် မင်းတပ်မှ ဧရာဝတီမြစ်ဝကျွန်းပေ၊ စစ်ကိုင်းတိုင်းနှင့် မြန်မာန်ိုင်ငံတဝှမ်း ဒေသအများအပြားမှ ဒေသအလ်ိုက်ပေါ်ပေါက်လာသော PDF တပ်များသည် သုညမှ အမျိုးသားတပ်မတော် တည်ထောင်ရန် ကြိုးစားနေသည့် စစ်ရေးအရ အမိန့်စီးဆင်းမှုတွင်ပင် အင်အားချည့်နဲ့ပြီး မကျွမ်းကျင်သော စင်ပြိုင်အစိုးရ၏ အမိန့်ကို နာခံရန် ဝေးပြီး သစ္စာခံရန် ဖြစ်နိုင်ဖွယ် မရှိပေ။

စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖေါက်မှုများကို ဆယ်စုနှစ်များစွာ အဖန်တရာတေအောင် ကျူးလွန်ထားသောကြောင့် ဗမာလွှမ်းမိုးသည့် PDF တပ်များကို တိုင်းရင်းသားဒေသအများအပြားက ကြိုဆိုကြမည်မဟုတ်ပေ။

အပျံသင်စ စီမံကိန်းများ၊ များပြားလှသော စိန်ခေါ်မှုများ၊ အထင်အရှားတွေ့နေရသည့် အားနည်းချက်များ၊ ဖတ်စာအုပ်ပါ သဘောတရားဆိုင်ရာ လေ့ကျင့်ခန်းများကို ကနဦး ပေါ်ပေါက်လာခြင်းနှင့် လက်စမ်းချင်နေသော စစ်သားသစ်များသာ ဖြစ်နေသေးသော်လည်း NUG-PDF သည် စစ်အုပ်စု၏ တရားမဝင်အာဏာသိမ်းမှုနှင့် လပေါင်းများစွာ အလွန်အမင်းအကြမ်းဖက်မှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။

NUG နှင့် ၎င်း၏ PDF ကို အလေးမထားခြင်းက ခေတ်ပေါ်ဖက်ရှင်ဆိုး ဖြစ်သည်။ သို့သော် ထိုအမြင်သည် စောနေပါသလော။

မိမိတို့သည် ကြိုတင်ခန့်မှန်းချက်လွန်ကာလ မြန်မာနိုင်ငံတွင် နေထိုင်ကြပြီး ဆီးရီးယားဖြစ်ရပ်မျိုးဟောကိန်း ထုတ်နေသော ပညာရှင်များကြောင့် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကို နားလည်စေရန် အာရုံမစိုက်မိအောင် ဖြစ်စေသည်။ မြန်မာသည် မည်သည့် ပဋိပက္ခနှင့်မျှ မတူဘဲ ပိုမိုရှုပ်ထွေးအကြမ်းဖက်သော မြန်မာသာ ဖြစ်လာပါလိမ့်မည်။

NUG နှင့် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့သစ်သည် တရားဝင်မှု၊ သယံဇာတများနှင့် ဩဇာလွှမ်းမိုးမှုကို ရှာနေကြသည့် လက်နက်ကိုင်သံသရာ မြင်ကွင်းထဲတွင် ဇာတ်ကောင်တကောင် ဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် မြန်မာနိုင်ငံသား အများစု၏အမြင်တွင် တရားဝင်မှု လုံးဝနီးပါး မရှိတော့သည့် စစ်ကောင်စီကို NUG က မည်သို့ ရင်ဆိုင်မည်ဆိုသည်မှာ မည်သူမဆို ခန့်မှန်းပြောကြားနိုင်ပါသည်။

(David Scott Mathieson သည် မြန်မာနှင့် ပတ်သက်သည့် ပဋိပက္ခ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု ပြဿနာများကို လေ့လာသည့် လွတ်လပ်သော သုတေသီတဦး ဖြစ်သည်။ Asia Times တွင် ဖော်ပြထားသော ၎င်း၏ Myanmar people’s army aims wishfully at Tatmadaw ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်သည်များ CDM လုပ်ရန် ဆက်လက်ဆွဲဆောင်သင့်ဟု အရာရှိဟောင်းများ တိုက်တွန်း

AA နဲ့ စစ်တပ်တို့ရဲ့ တခြမ်းပဲ့ ငြိမ်းချမ်းရေး

ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို

ဒီးမော့ဆိုမြို့ကို ထိန်းချုပ်နိုင်ရေး အာဏာသိမ်းတပ် ကြိုးပမ်း

The post PDF ဘာလဲ ဘယ်လဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...