ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က နေပြည်တော်၌ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့စဉ် မည်သူက ယခုကိစ္စကို ပထဆုံး ပြောဖြစ်ခဲ့သနည်း ဆိုသည်က မသဲကွဲပါ။ သို့သော်လည်း အလွန် အန္တရာယ်ကြီးသည့် (ပြည်တွင်းစစ်ကို မီးထိုးပေးနေသည့် တရုတ် လက်နက်များ) ကိစ္စကို ရှောင်လွှဲခြင်းက မည်သည့်အခါမျှ ရွေးချယ်စရာတခု ဖြစ်မည် မဟုတ်ပါ။
ပြီးခဲ့သည့်နှစ် အတွင်းတွင် အဆိုပါတရုတ်လက်နက်များက မြန်မာ့တပ်မတော်အတွက် အသက်ရာပေါင်းများစွာ ဆုံးရှုံးစေခဲ့သည်။ ရခိုင်ပြည်နယ်အနောက်ပိုင်းမှ တိုက်ပွဲများ အရှိန်အဟုန်မြင့်တက်လာသည်နှင့်
တိုက်ဆိုင်မှု မဖြစ်နိုင်သလောက်နီးပါး ရှိသည်မှာ ဇန်နဝါရီ ၁၈ ရက်နေ့ တွေ့ဆုံမှု (ရှီကျင့်ဖျင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို
တပ်မတော်မှ ထုတ်ပြန်သောပုံများတွင် ၁၀၇ မီလီမီတာ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များပေါ်တွင် ထုတ်လုပ်သည့် ရက်စွဲ ဖော်ပြရာ၌ “၂၀၁၈” ဟု ရိုက်နှိပ်သည့် အမှတ်အသားကို ထင်ထင်ရှားရှား ပြသရန် မပျက်ကွက်ခဲ့ကြပါ။ လတ်တလောအချိန် အထိ အသက်ဝင်နေဆဲ ဖြစ်ပြီး အဟောင်းအမြင်း အကျွင်းအကျန်များပေါ်တွင် မှီခိုခြင်း မရှိသည့် လက်နက်စီးဆင်းမှု လမ်းကြောင်းတခုကို ညွှန်ပြနေခြင်း ဖြစ်သည်။
သိန္နီ မြို့နယ်တွင် ဖမ်းမိမှု မတိုင်မီက ပိုမို၍ပင် ကြီးမားသည့် ဖြစ်စဉ် တခုရှိခဲ့ပြီး နိုဝင်ဘာလအတွင်းက နမ့်ဆန်မြို့နယ်တွင် ဖြစ်သည်။ ထိုအချိန်က ဖမ်းဆီးတွေ့ ရှိရသည့် အထဲတွင် တရုတ်နိုင်ငံလုပ် FN-6 မြေပြင်မှဝေဟင်ပစ်ဒုံးကျည်လည်း ပါဝင် ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလအစောပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံမှုတခု၌ ထည့်သွင်းပြောဆိုခဲ့သည်ဟု သိရသော နိမိတ်မကောင်းသည့် ကိစ္စတခု ဖြစ်ခဲ့သည်။
ပိုမိုဆိုးရွားလာသည့်ပြဿနာအပေါ် ရှီကျင့်ဖျင်၏ သံတမန်ရေးအရ ကိုင်တွယ်မှုကို ကြိုတင်ခန့်မှန်း၍ ရနိုင်သော်လည်း တချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ အလွန်ကြီးမြတ်သောခေါင်းဆောင်က ပထမဆုံးအနေဖြင့် လူသိရှင်ကြား ရှင်းရှင်း လင်းလင်း ပြောဆိုနေခဲ့သည် ဆိုသည့် အချက်မှာလည်း ထင်ရှားပါသည်။

ပထမဦးဆုံးအနေဖြင့် သေချာသည့်အချက်မှာ တရုတ်အစိုးရက တပ်မတော်၏ စစ်ရာဇဝတ်မှုများနှင့် ဖြစ်နိုင်ဖွယ်ရှိသည့် ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် လူမျိုးတုန်းသုတ်သင်မှုများ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူပုဂ္ဂိုလ်အရ တာဝန် ခံရမည့် အန္တရာယ် ရှိနေသော ရက်စက်မှုများ) နှင့် ပတ်သက်သည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ တိုက်ခိုက်မှုတွင် မြန်မာနိုင်ငံကို ဆက်လက် ကျောထောက်နောက်ခံပေးသွားမည် ဆိုခြင်းဖြစ်သည်။
ထို့နောက် တရုတ်နိုင်ငံက ၎င်း၏ အိမ်နီးချင်းကို အန္တရာယ်ပြုရေး ၎င်း၏ ပိုင်နက်ကို မည်သည့်အခါမှ အသုံးပြုခွင့်ပေးလိမ့်မည်မဟုတ်
သို့သော် အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းများသည် (တွေ့ဆုံပွဲနှင့် ပတ်သက်၍ တပ်မတော်၏ တရားဝင် မှတ်တမ်းများတွင် ဘာသာပြန် ဖွင့်ဆိုထားသည့် အတိုင်းဆိုလျှင်) “အခြားသော နည်းလမ်းများ” ဖြင့် တရုတ်လက်နက်များကို ရယူနိုင်ကြောင်း သူက ထပ်ပြောသည်။ တရုတ်နိုင်ငံက ထိုကိစ္စများကို “သေချာစွာ ဂရုတစိုက် စိစစ်” ပြီး “ ပြဿနာကို ဖြေရှင်းမည်” ဟုလည်း ပြောကြားခဲ့သည်။ “အခြားသောနည်းလမ်းများ” က မည်သို့ဆိုသည်ကို ၂ ဦးလုံး ပြည့်ပြည့်ဝဝ နားလည်ကြပါသည်။ ၎င်းတို့အနက်မှ အချို့သော ကိစ္စများသည် တိုင်းသိပြည်သိ မဟုတ်ခဲ့ဟု ဆိုလျှင်ပင် အနည်းဆုံး အချိန်အချို့တွင် လူအများအပြားက သိနေသော လျှို့ဝှက်ချက်များ ဖြစ်ခဲ့ကြသည်။
ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံတွင် “အခြားသောနည်းလမ်းများ” ဆိုသည်မှာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ယူနန်ပြည်နယ်တွင် တပ်စွဲထားသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ “စိတ်ဓာတ် မကောင်း သော ဗိုလ်ချုပ်များ” ကြားမှ အထိန်းအကွပ်မဲ့ အဂတိလိုက်စားမှုဟု ယူဆခြင်းများ မပါဝင်သည်မှာ သေချာသလောက် နီးပါး ဖြစ်သည်။
မြန်မာနိုင်ငံနှင့် အခြားနေရာများမှ နှစ်ပေါင်းများစွာ ထင်မြင်မှန်းဆခဲ့မှုများ၊ ကောလဟလများနှင့် ဆန့်ကျင်စွာပင် ယနေ့ PLA က ခေတ်မီ၍ စည်းကမ်းကောင်းသော တပ်ဖွဲ့တခု ဖြစ်ပြီး မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ ဘီးတပ်အမြောက်များနှင့် ခေတ်မီလက်နက်ငယ်များ ထည်သွင်းထားသည့် ကုန်သေတ္တာများကို ၎င်းတို့၏ လက်နက်တိုက်မှ ခိုးထုတ်၍ နိုင်ငံတကာနယ်နိမိတ်ကို ဖြတ်ကျော်ကာ အညိုရောင်စာအိတ်များနှင့် လဲလှယ်ခွင့် ပြုလိမ့်မည် မဟုတ်ပါ။
အကယ်၍ ခိုးယူခြင်း မဟုတ်ခဲ့လျှင် လက်တွေ့အမှန်တွင် လက်နက်များ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ရောက်ရှိရေး အဓိကလမ်းကြောင်းက ဝပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) က အုပ်ချုပ်သော အထူးဒေသမှတဆင့် ဖြတ်သန်း စီးဆင်းခြင်း ဖြစ်ပါသည်။ UWSA သည် အင်အားကြီးပြီး စနစ်တကျ ဖွဲ့စည်းထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်၍ တပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေးကို ကာလရှည်ကြာစွာ ထိန်းသိမ်းထားသလို တရုတ်အစိုးရနှင့်လည်း သမိုင်းဝင် ဆက်ဆံရေးများ ရှိနေသည်။

ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း UWSA က မြောက်ပိုင်း မဟာမိတ်အဖွဲ့ဟု ခေါ်သည့် ပလောင် (တအေန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကို လက်နက် အမျိုးမျိုး ရောင်းချခဲ့သည်ဟု သိရသည်။
UWSA မှ ကိုယ်တိုင် ထုတ်လုပ်ပြီး ရောင်းချသည့် တရုတ်ပုံစံ Type 81 ချေမှုန်းရေး ရိုင်ဖယ်များအပြင် တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ၁၀၇ မီလီမီတာဒုံးကျည်များ၊ Type-69 RPG လောင်ချာများနှင့် အထူးသဖြင့် MNDAA နှင့် AA တို့က ထိထိရောက်ရောက် အသုံးချနေခဲ့သည့် ၁၂.၇ မီလီမီတာ M-99 sniper ရိုင်ဖယ်များ အပါအဝင် လက်နက်များကိုလည်း လွှဲပြောင်းပေးခဲ့သည်။
မကြာသေးမီလများအတွင်း အာရှထောက်လှမ်းရေးအရာရှိများနှ
North China Industries Group Corporation (NORINCO) နှင့် China National Precision Machinery Import-Export Corporation (FN-6 နိုင်ငံခြား အရောင်းအတွက် တာဝန်ရှိသူ) ကဲ့သို့သော တရုတ်အစိုးရပိုင် လက်နက် ထုတ်လုပ်ရေး လုပ်ငန်းများမှ နိုင်ငံခြားတင်ပို့မှုများအတွက် ထုတ်ပေးသည့် တရားဝင် နောက်ဆုံးအသုံးပြုသူ သက်သေခံ လက်မှတ်များ (EUCs) တွင် လာအိုကာကွယ်ရေး ဝန်ကြီးဌာနကို လက်ခံရယူသူအဖြစ် စာရင်းသွင်းထားကြောင်း အလားတူရင်းမြစ်များက ဆိုသည်။
လာအိုနိုင်ငံတွင် အဖြူအမည်း မသဲကွဲသော ကုန်သွယ်ရေးကို လက်အပြောင်းအလဲ လုပ်သည်။ လက်နက်ခဲယမ်းများက နိုင်ငံ အနောက်မြောက်ဘက်မှ ကုန်တင်ကားများဖြင့် ဖြတ်သန်းလာသည်ဟု နားလည်ထားကြသည်။ မဲခေါင်မြစ်ကို ဖြတ်သန်း၍ ဆော့ပ်လွေ Sop Lui ဆိပ်ကမ်းမှ တဆင့် ဝ ထိန်းချုပ်ဒေသများသို့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) သို့မဟုတ် မိုင်းလားအဖွဲ့ က အုပ်ချုပ်သည့် အထူးဒေသ ၄ ကို ဖြတ်ကျော် သယ်ဆောင်ကြသည်။ NDAA သည် UWSA နှင့် မဟာမိတ်ဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးအတွက် လေ့လာစောင့်ကြည့်နေသည်။
လာအိုနှင့် မိုင်းလားအာဏာပိုင်များ၏ အခန်းကဏ္ဍအတွက် ငွေကြေးဖြင့် သို့မဟုတ် မည်သည့် နည်းလမ်းဖြင့် ပေးရသည် ဆိုသည်က အခြားသော တရားမဝင် ကုန်သွယ်ရေး အများစုကဲ့သို့ပင် တိတိကျကျ မသိရပါ။

လာအိုဆက်သွယ်ရေးလမ်းကြောင်းက မြန်မာနိုုင်ငံရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများကို လက်နက်ရောင်းချမှုအတွက် တရုတ်အစိုးရက ကြောင်းကျိုး ညီညွတ်စွာ ငြင်းဆိုနိုင်သည့် အခွင့်အရေးကို ပေးသည့် အဓိကလမ်းကြောင်းအဖြစ် ပေါ် ထွက်လာခဲ့သည့် အတိုင်းအတာအရဆိုလျှင် ယခုအခါ ပျောက်ကွယ်သွားပြီ ဖြစ်သော ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ကို တရုတ် အစိုးရက ထောက်ပံ့ပေးခဲ့သည့် ကာလနှင့် ၂၀၀၀ ပြည့်လွန်နှစ်များအထိ ရှိခဲ့သလို တရုတ်လက်နက်များက တရုတ်-မြန်မာ နယ်စပ်ကို ဖြတ်ကျော်နေဆဲဆိုသည်မှာ မဖြစ်နိုင်ဖွယ်ရာ ရှိသည့် အသွင်ဖြစ်ပါသည်။
သို့သော်လည်း အနည်းဆုံးအနေဖြင့် မြန်မာနိုင်ငံမှ လက်နက်ကိုင် အဖွဲ့များသည် စစ်ဘက်၊ အရပ်ဘက် ၂ မျိုးလုံး သုံးနိုင်သည့် နည်းပညာရရှိရန်၊ ကျွမ်းကျင်သူများ ငှားရမ်းရန်နှင့် ငွေကြေးရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံကို အသုံးပြုနိုင်ကြဆဲဖြစ်သည်။
သို့သော်လည်း တရုတ်အာဏာပိုင်များက ထိုကိစ္စများကို “စနစ်တကျ စိစစ်” ရန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ကြီးထွားလာသောပြဿနာကို ရှီကျင့်ဖျင် ကတိပြုခဲ့သည့်အတိုင်း “ ဖြေရှင်းရန်” အချိန် မည်မျှကြာမည် ဆိုသည်က တပ်မတော်နှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်း
အံ့သြစရာ မဟုတ်သည်မှာ ရှီကျင့်ဖျင်၏ မှတ်ချက်များကြောင့် တရုတ်န်ိုင်ငံသည် ၎င်း၏ အိမ်နီးချင်း နိုင်ငံငယ်လေးကို မတည်ငြိမ်စေရန်နှင့် အားနည်းသည့် အခြေအနေတွင် ထားရှိရန် ရည်ရွယ်၍ ၂ ဆင့်ပါသော ကစားပွဲတခုကို ကစားနေသည်ဟူ၍ သံသယရှိသော မီဒီယာများ၏ ဝေဖန်ရေးလှိုင်းတခု မြန်မာနိုင်ငံတွင် ပေါ်ထွက်စေခဲ့သည်။
တိုင်းပြည်၏ မြောက်ပိုင်းမှ ဧရာမ အိမ်နီးချင်းနိုင်ငံအပေါ် ကြာရှည်စွာထားရှိခဲ့သော မယုံကြည်မှုကို ထင်ဟပ်ပြခြင်း ဖြစ်သည့်တိုင် အဆိုပါ အယူအဆသည် တရုတ်နိုင်ငံက ဖန်တီးခြင်း မဟုတ်သော ပင်မအမှန်တရားတခု (တပ်မတော်က ၎င်းကို ဆယ်စုနှစ်များစွာ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေခဲ့သည့် တိုင်းပြည်၏ ကျယ်ပြန့်သော ဒေသများနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အပ်နှင်းထားသည့် ဗဟို ချုပ်ကိုင်မှု စည်းမျဉ်းစည်းကမ်းများ ချမှတ်ရန် အမြဲမပြတ် ကြိုးပမ်းနေသည်နှင့် အမျှ တိုင်းရင်းသား လူနည်းစုပြဿနာကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်စွမ်းရည် ကြာရှည်စွာ ကင်းမဲ့နေမှု) ကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့သည်။
တိုင်းရင်းသား တပ်များ လက်နက်ချခြင်း သို့မဟုတ် အဓိပ္ပာယ်ပြည့်ဝသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စဉ်းစားပေးရန် တပ်မတော်၏ စိတ်ဆန္ဒမရှိလျှင် (၂ ခုလုံးက ယနေ့အချိန်တွင် ဖြစ်လာဖွယ်မရှိသည့် အသွင်ဖြစ်သည်) တိုင်းရင်းသား တပ်ဖွဲ့များကို ထောက်ပံ့နေသော လက်နက်ရောင်းဝယ်မှု မီးခိုးရောင်ဈေးကွက်ကို စွန့်ခွာရန် တရုတ်အစိုးရအတွက် ဖြစ်နိုင်ချေ နည်းပါသည်။
တရုတ်လက်နက်များ ဖြတ်တောက်ခြင်းသည် တပ်မတော်က လူနည်းစုများ နာခံလာစေရန် ထိုးနှက်သည့် ၎င်း၏ စစ်ဆင်ရေးများကို အရှိန်မြှင့်တင်လာရေး အားပေးသလိုသာ ဖြစ်သွားစေလိမ့်မည်ဆိုလျှင် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် နိုင်ငံနှင့် နယ်စပ်တလျှောက်တွင် နောက်ထပ်မတည်ငြိမ်မှုများ၊ ပဋိပက္ခနှင့် ဒုက္ခသည် စီးဆင်းမှုကို ဖိတ်ခေါ်ခြင်းပင်။
ထို့ပြင် တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်သို့ မဟာဗျူဟာအရ လမ်းပွင့်ရန် ကြိုးစားနေသည့် တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ရည်မှန်းချက်များ အဆင့်မြှင့်တင်ရေး တရုတ်အစိုးရ၏ ဗျူဟာမြောက် အစီအစဉ်များကို အကန့်အသတ်မရှိ နှောင့်နှေးသွားစေလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် တရုတ်အစိုးရအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပြီး ၎င်းတို့ကြိုးစားနေသည်မှာ ၂ ဘက်လုံးနှင့် ရင်းရင်းနှီးနှီး ဆက်ဆံမှုကို ထိန်းသိမ်းရင်း အနည်းဆုံးအနေဖြင့် ရန်လိုမှုများကို ရပ်တန့်စေနိုင်သည့် သို့မဟုတ် လျှော့ချပေးနိုင်မည့် အပစ်အခတ်ရပ်စဲရေးတခုအတွက် တွန်းအားပေးခြင်းနှင့် UWSA နှင့် မိုင်းလား အဖွဲ့တို့ ထိန်းချုပ်ထားသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများသို့ နှစ်ပေါင်း ၃၀ အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ယူဆောင်ပေးခဲ့သော ပိုမို၍ ကြာရှည် ခံမည့် ဟန်ချက်မျှသော ပုံစံတမျိုးကို အကောင်းဆုံး အာမခံပေးနိုင်ရန် ဖြစ်သည်။
မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေက ယခင်ဇာတ်ညွှန်းဟောင်း (မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များနှင့် တပ်မတော်ကြားမှ အကဲဆတ်သော်လည်း ရေရှည်တည်တံဖွယ်ရှိသော အပြန်အလှန် အပစ်အခတ်ရပ်စဲရေး) နှင့် နီးကပ်လု နီးပါး ဖြစ်နေပြီဟု ဆိုရပါလိမ့်မည်။
ကချင်ပြည်နယ်တွင် ယခင်က ဂုဏ်တက်ခဲ့သော KIA ၏ ပင်ပန်းပြီး အသက်အရွယ်ထောက်နေပြီ ဖြစ်သည့် ခေါင်းဆောင်ပိုင်းက ၂၀၁၈ ခုနှစ်တွင် တပ်မတော်၏ ထိုးနှက်မှုကို ခံခဲ့ရသည့် အချိန်မှစ၍ နောက်ထပ် တိုက်ခိုက်မှုများ မပြုလုပ်လိုတော့ကြောင်း ပြသခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၈ ထောင်မှ ၉ ထောင် အတွင်းရှိပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် အင်အားအကြီးဆုံး တပ်ဖွဲ့ဖြစ်သည့် KIA ၏ လှုပ်ရှားမှုများက ၂၀၁၉ ခုနှစ် တလျှောက်လုံးတွင် ထင်ထင်ရှားရှား ပျောက်ဆုံးနေခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် KIA ၏ မဟာမိတ်များဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက်သည့် TNLA နှင့် တရုတ်လူမျိုးများဖြစ်သည့် MNDAA တို့က ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ကြီးမားသော ထိုးစစ်တခုကို ဆင်နွှဲခဲ့ပြီး တရုတ်-မြန်မာဆက်ဆံရေးတွင် အလားအလာရှိသော အဖျက်စွမ်းအားအဖြစ် သူတို့၏အင်အားကို ဖော်ပြခဲ့သည်။
ရက်ပေါင်းများစွာ ကြာသည့် တိုက်ခိုက်မှုများက မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့နှင့် တရုတ်နိုင်ငံကြားမှ အဓိက ကုန်သွယ်ရေး လမ်းကြောင်းများကို ပြတ်တောက်သွားစေပြီး မန္တလေးမြို့နှင့် များစွာမဝေးသည့် တပ်စခန်းမြို့ ဖြစ်သော ပြင်ဦးလွင်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အဦးများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းဖြင့် တပ်မတော်အား အရှက်ရစေခဲ့သည်။
သို့သော်လည်း ထိုအချိန်မှစ၍ ၂ ဖွဲ့လုံးက မြောက်ပိုင်းမဟာမိတ်အဖွဲ့ နှင့် တပ်မတော်ကြားမှ စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်လာခဲ့ပြီး ဇန်နဝါရီလတွင် ဖေဖော်ဝါရီလကုန်အထိ တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို တိုးချဲ့ခဲ့သည်။ အားလုံးက တရုတ်နိုင်ငံ၏ ဖိအားကို တုန့်ပြန်ခြင်း ဖြစ်ကြောင်း ထင်ရှားပါသည်။
တရုတ်နှင့် မြန်မာ အစိုးရ ၂ ခု လုံးအတွက် ဖြေရှင်းရန် အဓိက အတားအဆီးမှာ မြောက်မဟာမိတ်အဖွဲ့၏ စတုတ္ထမြောက် အဖွဲ့ဝင် ရခိုင်တပ်မတော် (AA) ဖြစ်သည်။ ဗျူဟာမြောက် ဆိပ်ကမ်းတခု တည်ဆောက်ရန် တရုတ်နိုင်ငံက ရည်မှန်း ထားသည့် ရခိုင်ပြည်နယ်ရှိ မြန်မာနိုင်ငံ၏ အနောက်ဘက် ပင်လယ် ကမ်းရိုးတန်းနှင့် ကီလိုမီတာ ၁၀၀ အဝေးတွင် ၎င်းတို့ ဆင်နွှဲနေသည့် စစ်ပွဲက အရှိန် မြင့်တက်လာနေသည်။
(Asia Times ပါ China’s loose arms still fuel Myanmar’s civil wars ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာကို ချိနဲ့ပြီး မတည်ငြိမ်ဖို့ တရုတ် ဗျူဟာတကျ ရည်ရွယ်သလား
ရှမ်းမြောက်တွင် လက်နက်ခဲယမ်း အမြောက်အမြား ထပ်မံ သိမ်းဆည်းရမိ
အပ်ကြောင်းထပ်နေသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ကျော်လွန်၍
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၉ တွင် နိုင်ငံခြား ခရီးစဉ် ၁၁ ခု သွားရောက်ခဲ့
The post တရုတ်လက်နက်တွေ မြန်မာပြည်ကို လာအိုကတဆင့် ဝင်နေခဲ့သည် appeared first on ဧရာဝတီ.