Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

စောရဂုဏ် ဖြုတ်ရခက်နေသော ပြည်ခိုင်ဖြိုး

$
0
0

ပြည်ထောင်စု ကြံ့ခိုင်ဖွံဖြိုးရေးပါတီ (USDP) သည် ၎င်းတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မဆန့်ကျင်ကြောင်း လွန်ခဲ့သော ရက်များအတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထိုပွဲကို ဖေ့ဘွတ်မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ ၎င်းတို့၏ ပြောကြားချက်များကို ကြည့်ရှုသူအများစုက စိတ်ဝင်စားမှု နည်းပါးကြောင်း ထိုတိုက်ရိုက်ထုတ်လွှင့်မှုအောက်မှ မှတ်ချက်များမှတဆင့် ပါတီအနေဖြင့် စိတ်ပျက်ဖွယ် သိရှိလိုက်ရလေသည်။ ၎င်းတို့ကို စိတ်ကသိကအောက်ဖြစ်စေသည်မှာ ကြည့်ရှုသူအများအပြားက USDP ကို “ သူခိုးတွေ” “သူခိုးပါတီ” စသည့် မညှာတာသော ဝေဖန်မှုများဖြင့် comment ရေးသားရန် စိတ်အားထက်သန်နေခြင်းပင် ဖြစ်သည်။

USDP သည် ၁၉၉၀ ခုနှစ်များတွင် စစ်အစိုးရက တည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ အသွင်ပြောင်းလာခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် စစ်ဗိုလ်ချုပ်အများအပြားသည ်ရာထူးမှနုတ်ထွက်ကြပြီး USDP သို့ ဝင်ကာ ထိုနှစ်က ရွေးကောက်ပွဲတွင်ပ ါဝင်အရွေးခံခဲ့ကြရာ အနိုင်ရခဲ့ကြသည်။ ၂၀၁၆ ခုနှစ် မတ်လအထိ အာဏာရပါတီ ဖြစ်ခဲ့သည်။

အာဏာရစဉ်အတွင်းကလည်း USDP သည် လူထုထောက်ခံမှု မရသလောက်ပင်ဖြစ်ပြီး လူအများအပြား၏ အမြင်တွင် အစိုးရ တာဝန်ထမ်းဆောင်နေသူများအပါအဝင် ပါတီဝင်များသည် အရပ်ဝတ် ဝတ်ထားသော စစ်အရာရှိများထက်မပိုပေ။ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင် မြေ ၆၆ ကွက်ကို ထိုစဉ်က ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးအုန်းမြင့်တို့က စီမံသည့် မြန်မာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ လက်သိပ်ထိုးချထားပေးခြင်းအပါအဝင် ၎င်းတို့၏ အာဏာ၊ ဘဏ္ဍာငွေနှင့် နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုများကို လူထုက မကျေနပ်ကြပေ။

သူခိုးပါတီဟူသော စွပ်စွဲချက်များကို ဖေဖော်ဝါရီ ၂၅ တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပါတီပြောခွင့်ရသူ ဦးသိန်းထွန်းဦးက ထိုစွပ်စွဲချက်သည် ပြည်သူလူထုထံမှ လာခြင်း မဟုတ်ဘဲ အဖွဲ့အစည်းတခုက စတင်လိုက်သော စွပ်စွဲချက်ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ မည်သည့် အဖွဲ့အစည်း ဆိုသည်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

သို့သော် မီးခိုးရှိရာ မီးရှိစမြဲပင်။ ပြည်သူများအနေဖြင့် ထိုသို့ စွပ်စွဲရသည့် အကြောင်းများကလည်း ရှိနေသည်။ လောလောလတ်လတ် ဥပမာများကို ပြရပါက ၂၀၁၆ ခုနှစ်တွင် USDP က အာဏာလွှဲပြောင်းသောအခါ မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်း အစိုးရများက ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အထိ ကိုင်တွယ်သော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ ကျပ် ၁၅ ဘီလီယံကျော် (ဒေါ်လာ ၁၀ သန်းကျော် နီးပါး) မှာ စာရင်းပျောက်နေသည်။

မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေသည် သူတာဝန်ယူသော ကာလအတွင်း တိုင်းဖွံ့ဖြိုးရေးရန်ပုံငွေ မှ ကျပ် ၇.၅ ဘီလီယံ ပျောက်ဆုံးမှု အတွက် တာဝန်ရှိကြောင်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၏ စုံစမ်းစစ်ဆေးမှုက ဖေါ်ထုတ်နိုင်ခဲ့သည်။ ထိုငွေများတွင် USDP အတွက်ဟု သတ်မှတ်ထားသော ငွေ ကျပ် ၁.၇ ဘီလီယံလည်း ပါဝင်နေသည်။ ထိုပြဿနာကို ၂၀၁၆ ခုနှစ်မေလက တိုင်းလွှတ်တော်တွင် ဆွေးနွေးချိန်အထိ ဦးဖုန်းမော်ရွှေသည် မကွေးတိုင်း USDP ဥက္ကဌလည်း ဖြစ်သည်။

မန္တလေးတိုင်းတွင် ယခင်အစိုးရလက်ထက် တိုင်းဖွံ့ဖြိုးရေးရန်ပုံငွေမှ ကျပ် ၃ ဘီလီယံကျော် ပျောက်ဆုံးနေကြောင်း တိုင်းစာရင်းစစ်ချုပ်က ၂၀၁၇ ခုနှစ်တွင် ဖေါ်ထုတ်လိုက်သည်။ ထိုစဉ်က ဝန်ကြီးချုပ်မှာ ဦးရဲမြင့်ဖြစ်ပြီး သူသည် မန္တလေးတိုင်း USDP ဥက္ကဌလည်းဖြစ်သည်။

ဧရာဝတီတိုင်းတွင် တိုင်း USDP ဥက္ကဌလည်းဖြစ် ဝန်ကြီးချုပ်လည်း ဖြစ်သူ ဦးသိန်းအောင်သည် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို ၂၀၁၆ ခုနှစ်တွင် NLD အစိုးရသစ်သို့ လွှဲပြောင်းပေးရန် ပျက်ကွက်ကြောင်း စာရင်းစစ်ချုပ်ရုံး၏ အဆိုအရ သိရသည်။ အစိုးရသစ်သို့ လွှဲပေးရမည့်အစား ထိုငွေကို သူ နာယက အဖြစ်ဆောင်ရွက်သော ဖေါင်ဒေးရှင်းသို့ပင် လွှဲပေးလိုက်သေးသည်။

အထက်ပါ ဖြစ်ရပ် ၃ ခုလုံးတွင် ဝန်ကြီးချုပ်များသည် အသစ်တက်လာသော NLD အစိုးရသို့ ရန်ပုံငွေများကို သူတို့ ရာထူးမှ မဆင်းမီ လွှဲပြောင်းပေးခြင်း မရှိကြောင်း ထင်ရှားသည်။ ထို အလွဲသုံးစားမှု လူသိရှင်ကြားဖြစ်လာပြီး ထိုငွေများကို ပြန်မပေးပါက တရားစွဲမည်ဟု လက်ရှိ အစိုးရက ခြိမ်းခြောက်သောအခါမှ မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်း USDP ဥက္ကဌများက အရစ်ကျပြန်ပေးရန် သဘောတူခဲ့ကြလေသည်။

USDP ကို ပြည်သူများက သူခိုးဟုခေါ်ခြင်းမှာ ခိုင်လုံသော အကြောင်းရှိသည်ဟု မြန်မာရှေ့နေများကွန်ရက်မှ ဦးကြီးမြင့်က ဧရာဝတီသို့ ပြောသည်။ “သူတို့က ဖွံ့ဖြိုးရေးရန်ပုံငွေတွေကို သုံးတယ်၊ ဒါမှမဟုတ် ပြန်မပေးဘဲ ဖယ်ထားထားတယ်။ ဒါကြောင့်ပဲ လူတွေက သူတို့ကို ဒီလိုခေါ်တာပဲ။ အဲဒီတော့ ပြည်သူတွေ ပြောတာက အခြေအမြစ်မရှိ စွပ်စွဲတယ်လို့ ပြောမရဘူး” ဟု သူပြောသည်။

သူခိုးပါတီ မဟုတ်ကြောင်းငြင်းသည့် ပြောရေးဆိုခွင့်ရသူ ဦးသိန်းထွန်းဦးကို ကြာသပတေးနေ့က ဧရာဝတီက ဆက်သွယ်သောအခါ ဆက်သွယ် မရပါ။

လက်ရှိ အချိန်တွင် မကွေး၊ မန္တလေးနှင့် ဧရာဝတီ ဝန်ကြီးချုပ်ဟောင်းတို့သည် ယခင်ကလို ဒေသဆိုင်ရာ ပါတီာအကြီးအကဲများ မဟုတ်တော့ကြောင်းနှင့် ပါတီလှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင် ပါဝင်ခြင်း မရှိတော့ကြောင်း ပါတီ၏ ပြောခွင့်ရသူ တခြားတဦးဖြစ်သည့် ဦးအောင်ချိုဦးက ဧရာဝတီသို့ ပြောသည်။

“၂၀၁၆ သြဂုတ်လ ပါတီညီလာခံ အပြီးကတည်းက သူတို့တွေက ဗဟိုအတိုင်ပင်ခံတွေ ဖြစ်သွားကြပါပြီ။ ပါတီဝင်တွေတော့ ဖြစ်နေကြတုန်းပါ” ဟုသူပြောသည်။

(Kyaw Phyo Thar ၏ USDP Finds It’s Not Easy Shedding Its Reputation as ‘Party of Thieves’ ကို ဘာသာပြန်သည်)

The post စောရဂုဏ် ဖြုတ်ရခက်နေသော ပြည်ခိုင်ဖြိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...