Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ထိုင်းအမျိုးသား လိင်ကျွန်များ၏ တိတ်တိတ်ပုန်း ကမ္ဘာသို့

$
0
0

တညနေနှောင်းပိုင်း ချင်းမိုင်မြို့၏ နာမည်ကျော် ထာ့ဖယ် Tha Phae မုဒ်တံခါးနား လူငယ်ယောက်ျားလေးများ ၂ ယောက်တတွဲ လျှောက်လာနေကြသည်။ တဖြည်းဖြည်းသွားနေသော ကမ္ဘာလှည့် ခရီးသည်များက အမှတ်တရ ပစ္စည်းရောင်းသည့် ဆိုင်များအနီးမှ ခံတပ်ကို ဓာတ်ပုံရိုက်နေကြသည်။

အဆိုပါ လူငယ်လေးများကို အသက်ပိုကြီးသည့် လူဖြူ အမျိုးသားများ၊ သစ်ပင် တပင်အောက်တွင် ထိုင်နေသည့် အသက် ၄၀ ကျော် တရုတ်လူမျိုးစုံတွဲတတွဲ သို့မဟုတ် ရပ်ထားသည့် ဆိုင်ကယ်တစီးပေါ်မှ မိုဘိုင်းဖုန်းကိုင်ထားသည့် လူငယ် အမျိုး သားတယောက်နှင့် မည်သူကမျှ ဆက်စပ်ကြည့်မိလိမ့်မည် မဟုတ်ပါ။

သို့သော်လည်း အကျိုးအမြတ် မမျှော်ကိုးသည့် အဖွဲ့တခု ဖြစ်သော Urban Light ကို တည်ထောင်သူ အလက်ဇန်းဒြား ရက်ဆဲလ် Alezandra Russell အတွက်မူ ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များ သဘောအကျဆုံး နေရာများထဲမှ တခု၏ ညနေခင်းတိုင်းကို ဖော်ပြနေသော ထိုမြင်ကွင်းက လူကုန်ကူးမှုနှင့် ကျွန်ပြုခြင်းတွင် ထိုင်းနိုင်ငံ၏ ချဉ်းကပ်မှုမှား ယွင်းနေကြောင်း အားလုံးက ဖော်ပြနေသည်။

“ထိုင်းနိုင်ငံနဲ့ တကမ္ဘာလုံးက ဆွေးနွေးမှုတွေက အမျိုးသမီးတွနဲ့ မိန်းကလေးတွေကို အာရုံစိုက်တယ်။ ဘာကြောင့်လဲဆို တော့ ယောက်ျားလေးတွေက ထွားကျိုင်းတယ်၊ သန်မာတယ်၊ သူတို့ကိုယ်သူတို့ စောင့်ရှောက်နိုင်တယ်လို့ ယေဘုယျ အားဖြင့် ယူဆထားကြလို့ ဖြစ်ပါတယ်” ဟု အလက်ဇန်းဒြား ရက်ဆဲလ်က လက်ရှိ အခြေအနေများကို ထောက်ပြရင်း ပြော သည်။

အသက် ၁၄ နှစ်မှ ၂၄ နှစ် အတွင်းရှိသော ယောက်ျားလေးများက ပိုမိုလုံခြုံမှု ရှိစေရန်အတွက် ၂ ယောက်တတွဲ လျှောက် လာရင်း အမျိုးသားများနှင့် မျက်လုံးချင်း အချိတ်အဆက် ပြုလုပ်ကြသည်။ ထို့နောက် ထိုအမျိုးသားတို့က သူတို့၏ ရွေးချယ်မှုကို မိုဘိုင်းဖုန်းနှင့် အမျိုးသားအား ဆက်သွယ် အသိပေးရ၏။ သဘောတူညီချက် ရရှိသွားခဲ့လျှင် ယောက်ျားလေးများက ဘေးမှ လမ်းကြားတခုသို့ ရွှေ့သွားပြီး သူတို့၏ ဖောက်သည်များကို စောင့်ဆိုင်းရသည်။

အကယ်၍ လမ်းဘေးမှာ စီတန်းပြသမှု မရှိခဲ့လျှင် အမျိုးသားများက လိင်ကိစ္စအတွက် ယောက်ျားလေးများ ရှိသော ဒါဇင်နှင့် ချီသည့် ဘားများနှင့် ကာရာအိုကေ ခန်းများထဲမှ တခုခုသို့ ဦးတည်သွားကြသည်။ နောက်ဘက်မှ အခန်းတခန်း အတွင်း သို့မဟုတ် ဖောက်သည်၏ ဟိုတယ်တွင် ဈေးနှုန်းများက တနာရီလျှင် ဘတ် ၂၀၀၀ (၆၂ဒေါ်လာ) မှသည် ထိုထက် ပိုမိုကြာမြင့်ပါက ဘတ် ၅၀၀၀ ခန့်အထိ ရှိသည်ဟု အလက်ဇန်းဒြား ရက်ဆဲလ်က ပြောသည်။

ချင်းမိုင်မြို့၏ လိင် စီးပွားရေး ကဏ္ဍမှ လူငယ် ယောက်ျားလေးများအတွက် စန်တာတခု ဖွင့်လှစ်ထားသည့် အလက်ဇန်းဒြား ရက်ဆဲလ်က “လူတွေက ဘာကြောင့် မိန်းကလေးတွေနဲ့ ပတ်သက်တဲ့ ကိစ္စလောက် မတုန်လှုပ်ကြတာလည်း၊ ဒေါသ မဖြစ် ကြတာလဲ မသိဘူး” ဟု မေးခွန်းထုတ်ခဲ့သည်။

“သူတို့တွေ အားနည်းတဲ့နေရာမှာ နှိပ်စက်ခံရတဲ့နေရာမှာ လိင်မှုလုပ်ငန်းထဲကို ကုန်ကူးခံရတာ မိန်းကလေးတွေထက် မလျော့ပါဘူး။ အဲဒါက အများကြီး ပိုပြီးတော့ ဖုံးကွယ်ထားသလို ဖြစ်နေတဲ့အတွက် စာနာထောက်ထားမှု အများကြီးပို နည်းတယ်၊ ယောက်ျားလေးတွေ အတွက် ထောက်ပံ့ကူညီတဲ့ အရင်းအမြစ်က အများကြီး ပိုနည်းတယ်” ဟု သူကပြော သည်။

ဆပ်ပြာ မာဆတ်

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် အမြတ်ထုတ်ရန် ကလေးငယ်များကို ကုန်ကူးရန် ထိုင်းနိုင်ငံက အရင်းအမြစ်တခု၊ လမ်း ဆုံတခုနှင့် ဦးတည်ရာနေရာတခု ဖြစ်သည်။

UNAIDS ၏ ၂၀၁၄ ခုနှစ်က အစီရင်ခံစာတခု အရ ထိုင်းနိုင်ငံတွင် လိင်လုပ်သား ၁၂၃၅၃၀ ကျော်ရှိသည်။ ၎င်းတို့ အနက် အနည်းဆုံး ၄၀ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်အောက်အရွယ်များ ဖြစ်ကြပြီး ယောက်ျားလေး အများအပြားပါဝင်သည်ဟု လူ့ အခွင့်အရေး အဖွဲ့အစည်းများ၏ အဆိုအရသိရသည်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်မှ ကလေးငယ်များကို ထိုင်းနိုင်ငံသို့ ကုန်ကူးကြသည်။ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မြောက်ကိုရီးယား နှင့် တရုတ်နိုင်ငံမှ သားကောင်များကိုလည်း အမေရိကန်၊ အနောက်ဥရောပနှင့် ရုရှားသို့ ထိုင်းနိုင်ငံမှ တဆင့် ပို့ဆောင်ကြသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြသည်။

“လိင်ကုန်သွယ်ရေးမှာ ယောက်ျားလေးတွေလည်း ပါဝင်နေတာကို ကျနော်တို့ သတိထားမိပါတယ်” ဟု ဘန်ကောက်ရှိ တရားရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုဆိုင်ရာ ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး Krittat Uamson ကပြောသည်။ “ဒါပေမယ့် လိင် အလုပ်သမား အများစုက မိန်းကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်တဲ့ အတွက် ကျနော်တို့ရဲ့ အဓိက ဦးတည်ချက်က မိန်းကလေးတွေ ဖြစ်ပါတယ်။”

ကုလသမဂ္ဂ၏ ကလေးငယ်များဆိုင်ရာ အဖွဲ့အစည်းတခု ဖြစ်သော UNICEF ၏ အဆိုအရ တကမ္ဘာလုံး အတိုင်းအတာ အရဆိုလျှင် နှစ်စဉ် ကလေးငယ် ၂ သန်းခန့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ခေါင်းပုံဖြတ်ခြင်း ခံနေရသည် ဟု သိရသည်။ ယောက်ျားလေး အရေအတွက် အများအပြားပါဝင်သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြသည်။

မိသားစုကို ထောက်ပံ့နိုင်ရန် အလုပ်လုပ်ကြရသော ဆင်းရဲနွမ်းပါးသည့် တိုင်းပြည်များမှ ယောက်ျားလေးများက အဓိက အန္တရာယ် အရှိဆုံးဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်များ အလာများသည့်နေရာများတွင် မြူဆွယ်ရသည့် အခြေအနေသို့ ရောက်ရှိ သွားတတ်ကြသည်။

ထိုင်းနိုင်ငံ၏ ကမ်းခြေများ၊ ရွှေရောင် ဘုရားပုထိုးများနှင့် လူကြိုက်များသည့် အစားအစာများကြောင့် ၂၀၁၇ ခုနှစ်တွင် ဧည့် သည် ၃၅ သန်း စံချိန်တင် ရောက်ရှိခဲ့ပြီး ထိုအရေအတွက်က ယခုနှစ်အတွင်းတွင် ၃၈ သန်းအထိ တိုးလာမည်ဟု မျှော်လင့် ရ ကြောင်း အစိုးရမှ ထုတ်ပြန် သည့် အချက်အလက်များအရ သိရသည်။

ပြည့်တန်ဆာလုပ်ငန်းက တရားဝင်မဟုတ်သော်လည်း မျက်လုံးမှိတ် ခွင့်လွှတ်ခံထားရသည်။

ဘားများ၊ ကာရာအိုကေခန်းများ နှင့် ဆပ်ပြာ မာဆတ်(အမြုပ်များနှင့် ရေချိုးပေးခြင်းဖြစ်ပြီး များသော အားဖြင့် လိင်ကိစ္စနှင့် အဆုံးသတ်သည်) ဆိုင်များကို မြို့ကြီး အများအပြားနှင့် ဖူးကတ် Phuket နှင့် ဖတ်တယာ Pattaya တို့ကဲ့သို့သော ကမ်းခြေမြို့များတွင် တွေ့ရှိ ရနိုင်သည်။

ပွဲစားများက ယောက်ျားလေးများကို ကားဂိတ်များများတွင် အမိဖမ်းကြသည်။ သို့မဟုတ် ကျေးရွာများသို့ သွား ၍ ခေါ်ယူ စု ဆောင်းကြသည်။ လူငယ်ယောက်ျားလေးများမှာ အဝတ်အစား၊ မူးယစ်ဆေးနှင့် သူတို့၏ မိသားစုများထံ ပြန်ပို့ရသည့် ငွေ အတွက် ဘားပိုင်ရှင်များထံတွင် အကြွေးတင်သည့် အဖြစ်သို့ အလျှင် အမြန် ရောက်သွားကြသည့် အတွက် ဘားဆိုင်များ မှ ထွက်မသွားနိုင်ဘဲ ဆက်လက်ရှိနေရန် ဖြစ်လာသည်ဟု Alezandra Russell က ကပြောသည်။

စိတ်ဒဏ်ရာ

မူးယစ်ဆေးသုံးစွဲခြင်း နှင့် HIV နှင့် AIDS အပါအဝင် လိင်ဆက်ဆံမှုမှ တဆင့် ကူးစက်တတ်သော ရောဂါများ ကဲ့သို့ပင် အကြမ်းဖက်ခြင်းနှင့် စော်ကားခြင်းများက ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေသည်ဟု ချင်းမိုင်၏ လိင်စီးပွားရေးလုပ်ငန်းတွင်းမှ ယောက်ျားလေးများကို လေ့လာခဲ့သည့် ၂၀၁၃ ခုနှစ်မှ လေ့လာမှုတခုက ဆိုသည်။

အဆိုပါ ယောက်ျားလေးများ တွင် မိမိကိုယ်မိမိ ထိခိုက်နာကျင်အောင် ပြုလုပ်ခြင်းနှင့် ကိုယ့်ကိုယ်ကို သတ်သေရန် အား ထုတ်ခြင်းများကိုလည်း တွေ့ရှိရသည် ဟု Alezandra Russell ကပြောသည်။ သူက Urban Light ကို တည်ထောင်ရန် သူ၏ စေ့စပ်လက်စွပ်နှင့် လက်ထပ်လက်စွပ်များကို ပေါင်နှံခဲ့သူဖြစ်သည်။

“သူတို့က အလွန်ဆိုးဝါးတဲ့ အကြမ်းဖက်မှုနဲ့ နှိပ်စက်မှုတွေ ခံခဲ့ရတယ်။ ထိုင်တောင် မထိုင်နိုင်တဲ့ ကောင်လေးတွေက ကျမ တွေ့ခဲ့ရဖူးတယ်။ အသက် ၁၅ နှစ် အရွယ် လောက်နဲ့ မဖြစ်သင့်တာတွေပါ” ဟု သူက ပြောသည်။

“ဒါပေမယ့် ကျမတို့က လူငယ်လေးတွေ လမ်းပေါ်မှာ မရှိအောင်ကိုပဲ အလေးမပေးသင့်ပါဘူး။ သူတို့ကို အန္တရာယ်အခြေ အနေထဲ တွန်းပို့နေတဲ့ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေလည်း ပါဝင်ရပါမယ်။ ကလေးသူငယ် အခွင့်အရေးနဲ့ ဘေးကင်း လုံ ခြုံစွာ ရွှေ့ပြောင်းသွားလာရေးတွေကိုလည်း ပြောရပါမယ်” ဟု Alezandra Russell က Thomson Reuters Foundation သို့ ပြောသည်။

Walk Free Foundation က ပြုစုသည့် ၂၀၁၆ ခုနှစ် Global Slavery Index တွင် ထိုင်းနိုင်ငံ၌ လိင်မှုဆိုင်ရာ ကျွန်ပြုခြင်း အပါအဝင် ခေတ်သစ်ကျွန်ပြုခံရသည့် အခြေအနေ၌ နေထိုင်ရသူ ၄၂၅၅၀၀ ရှိသည်ဟု ခန့်မှန်းထားသည်။

တိုင်းပြည်၏ ပုံရိပ်ကို သန့်ရှင်းစေရန် အတွက် လတ်တလောတွင် ထိုင်းအစိုးရက ဧည့်သည်များကို သတိပေးရန် လေကြောင်း လိုင်းများ၊ အလှူရှင် အဖွဲ့ အစည်းများနှင့် ပူးပေါင်းခြင်းနှင့် သံသယဖြစ်ဖွယ်ရာ အမှုများကို တိုင်ကြားရန် တိုက်တွန်းခြင်းများ ပြုလုပ်ခဲ့သည်။

အန္တရာယ်တွေ့နိုင်သည့် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်တန်းများ ဖွင့်လှစ်ခြင်း နှင့် ၂၄ နာရီ ဆက်သွယ်နိုင်သည့် တယ်လီဖုန်းလိုင်းများ ထားရှိခြင်းများလည်း ပြုလုပ်နေသည်ဟု Krittat Uamson က ပြောသည်။

သို့သော်လည်း အဆိုပါ အားထုတ်မှု အများစုမှာ မိန်းကလေးများနှင့် အမျိုးသမီးများကိုသာ အဓိက ဦးတည်ပြီး ယောက်ျား လေးများနှင့် ငယ်ရွယ်သော အမျိုးသားများ အတွက် အားနည်းစေခဲ့သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြသည်။

“ထိုင်းနိုင်ငံမှာ အပါအဝင် ယဉ်ကျေးမှု အချို့မှာ ငယ်ရွယ်တဲ့ ယောက်ျားလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာနဲ့ ပတ် သက်လို့ ကြီးမားတဲ့ အစွဲအလမ်း ရှိပါတယ်” ဟု ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ စော်ကားအနိုင်ကျင့်ခံရမှု အဆုံး သတ်ရေး အတွက် လုပ်ဆောင်နေသည့် အကျိုးအမြတ် မမျှော်ကိုးသော ကွန်ရက်တခု ဖြစ်သော ECPAT International မှ Damian Kean က ပြောသည်။

“စာရင်းအတိအကျ မသိရှိနိုင်ပေမယ့် ကြားသိရတဲ့ သက်သေအထောက်အထားတွေအရ ဒီကိစ္စက မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာလောက် ကျယ်ကျယ်ပြန့်ပြန့် မသိကြဘူးဆိုတာကို ဖော်ပြနေပါတယ်။ ကျူးလွန်တဲ့သူ တွက အနောက်တိုင်းသား ကမ္ဘာလှည့်ခရီးသည်တွေချည်းပဲ မဟုတ်ပါဘူး။ ဒေသခံတွေနဲ့ တခြား အာရှတိုက်သား အမျိုးသားတွေလည်း ပါဝင်ဖွယ်ရာ ရှိပါတယ်” ဟု သူက ပြောသည်။

ကမ္ဘာပေါ်မှာ ကလေးငယ်များသည် တရားမဝင် လိင်မှုကိစ္စကို ရှာဖွေနေကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ ထက် သူတို့၏ မိခင်မြေတွင် နေထိုင်ကြသည့်သူများ၏ သားကောင်ဖြစ်ရဖွယ်ရာ ပိုများသည်ဟု လူကုန်ကူးမှု တိုက်ဖျက် ရေး ကျွမ်းကျင်သူများ ကပြောကြသည်။

တုတ်တုတ်

ပြီးခဲ့သည့် နှစ်အတွင်းတွင် Urban Light က ချင်းမိုင်မှ ယောက်ျားလေး ၁၀၀၀ ကျော်နှင့် အလုပ်လုပ်ခဲ့ပြီး စံချိန်တင်ပင် ဖြစ်သည်ဟု Alezandra Russell ကပြောသည်။

ဆင်းရဲ နွမ်းပါးမှုကြောင့် ထိုင်းနိုင်ငံ ကျေးလက်ဒေသများ နှင့် အိမ်နီးချင်းနိုင်ငံများ မှ ထောင်နှင့်ချီသောသူများက စည်ကား သည့် မြို့တော် ဘန်ကောက်သို့ ရောက်ရှိလာခဲ့ကြသည်။

ယောက်ျားလေးများ နှင့် ladyboy သို့မဟုတ် လိင်ပြောင်းထားသည့် အမျိုးသမီးများသည် စားသောက်ဆိုင်များတွင် အလုပ် ရမည်ဆိုသည့် ကတိစကား၏ ဆွဲဆောင်မှုဖြင့် လူကုန်ကူးခံကြရသည်။ ထို့နောက် လိင်စီးပွားရေး လုပ်ငန်းတွင် အဓမ္မ ခိုင်းစေခံ ကြရသည်။

ဘန်ကောက်မှ လိင်မှု စီးပွားရေးလုပ်ငန်း ကဏ္ဍအတွင်းတွင် အလုပ်လုပ်နေသော လိင်ပြောင်းအမျိုးသမီး အနည်းဆုံး ၁၀၀၀၀ ခန့် ရှိသည်ဟု ငယ်ရွယ်သော ယောက်ျားလေးများ နှင့် လိင်ပြောင်းအမျိုးသမီးများ အတွက် အကူအညီပေးနေ သည့် Dton Naam အဖွဲ့ကိုတည်ထောင်သူ Celeste McGee က ပြောသည်။

“လိင်ပြောင်းအမျိုးသမီးတွေက လိင်တူဆက်ဆံတဲ့ အမျိုးသားတွေထက်တောင် အခြေအနေပိုဆိုးပါတယ်” ဟု Celeste McGee က ပြောသည်။

“သူတို့ဟာ ဖောက်သည်တွေရဲ့ အကြမ်းဖက်မှုတွေ၊ နှိပ်စက်စော်ကားမှုတွေ အများကြီး ခံစားကြရပါတယ်။ ပြန်လည် ထူ ထောင်ရေးအတွက် ကွဲပြားခြားနားတဲ့ ကြားဝင်ဆောင်ရွက်ပေးမှုတွေ လိုအပ်ပါတယ်။”

Urban Light နှင့် Dton Naam တို့က နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ အသက်မွေးဝမ်းကျောင်းအတွက် လမ်းညွှန်ပေးခြင်း၊ ကျောင်းပညာရေး ပြီးဆုံသည်အထိ သင်ကြားနိုင်ရန် ငွေကြေး ထောက်ပံ့ခြင်း နှင့် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေ ပေး ခြင်းများ ပြုလုပ်နေသည်။

ချင်းမိုင်တွင် အများစုက ချေးငွေ သို့မဟုတ် ထောက်ပံ့ငွေ အကူအညီဖြင့် တုတ်တုတ် (၃ ဘီး တက္ကဆီ) မောင်း ကြသည်ဟု Alezandra Russell က ပြောသည်။

သူတို့ထဲမှ တဦးဖြစ်သည့် Joe မှာ အသက် ၁၅ နှစ် အရွယ်တွင် လူကုန်ကူးခံခဲ့ရပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းတွင် ၇ နှစ် ကြာလုပ်ကိုင်ခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် HIV ကူးစက်ခြင်း မခံခဲ့ရပါ။

ယနေ့ အချိန်တွင် သူ တုတ်တုတ်မောင်းနေပါသည်။ ‘Boys cannot be baht’ ဟုရေးထားသည့် Urban Light ၏ စတစ် ကာကို ထင်ထင်ရှားရှား ဖော်ပြထားသော တုတ်တုတ်ပေါ်တွင် တခါတရံ သူ့ချစ်သူမိန်းကလေးကလည်း လိုက်ပါလာ တတ်သည်။

“ကျနော် ဒီအလုပ်ကို ကြိုက်တယ်။ ကိုယ့်ကိုယ်ကို ပိုင်တယ်။ အဲဒါက ကျနော့်ကို ပျော်ရွှင်စေတယ်။ ယုံကြည်မှု ရှိစေ တယ်။၊” ဟု သူက ပြောသည်။

( Thomson Reuters Foundation ၏ In Thai Tourist Spots, a Hidden World of Male Sex Slavery ကို ဘာသာပြန်ဆိုသည်။)

The post ထိုင်းအမျိုးသား လိင်ကျွန်များ၏ တိတ်တိတ်ပုန်း ကမ္ဘာသို့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...