Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ရှာဖွေတွေ့ရှိတဲ့ဂြိုဟ်တွေထဲက အဆိုးဆုံးဂြိုဟ်များ

$
0
0

ကျနော်တို့ လူသားတွေ ဉာဏ်ရည် မြင့်မားလာမှုနဲ့ အတူမိမိကမ္ဘာပေါ်တင် မဟုတ်ပဲအခြား ဂြိုဟ်တွေရဲ့ အကြောင်း ကိုပါ လေ့လာနေခဲ့တာ ရာစုနှစ်ကာလထိအောင် ရောက်ရှိလာခဲ့ပြီ ဖြစ်သလို အဆိုပါ လေ့လာရှာဖွေကတည်းက အခုချိန်ထိ အောင် တွေ့ရှိခဲ့တဲ့ ပတ်ဝန်းကျင် ဂြိုဟ်တွေထဲက အဆိုးဆုံးဂြိုဟ်တွေ အကြောင်းကို ပြောပြချင်ပါတယ်။

အပူဆုံးဂြိုဟ်

နေမဟုတ်တဲ့ အပူဆုံးဂြိုဟ်ကတော့ မာကျူရီပါ။ သူကနေနဲ့ အနီးဆုံးမှာ တည်ရှိပြီးနေကနေ အကွာအဝေး ကီလိုမီတာ ၅.၇၉ သန်းပဲ ဝေးပါတယ်။ ဒါကြောင့် မာကျူရီဂြိုဟ်ရဲ့မျက်နှာပြင်အပူချိန်က ၄၃၀ ဒီဂရီစင်တီဂရိတ်ထိအောင် ပူပါတယ်။ နေကတော့ မျက်နှာပြင် အပူချိန် ၅၅၀၀ ဒီဂရီစင်တီဂရိတ်ထိအောင် ရှိတာပါ။
ဒါက ပတ်ဝန်းကျင် ဂြိုဟ်တွေထဲက အပူဆုံးဂြိုဟ်ကို ပြောတာပါ။ ကြယ်တွေထဲမှာတော့ HD 195689ဆိုတဲ့ KELT-9 အဖြစ် လူသိများတဲ့ ကြယ်ကတော့ နေထက် ၂.၅ဆလောက် ပိုပူပါတယ်။

အအေးဆုံးဂြိုဟ်

အပူဆုံးအနေအထားမှာ ၅၀ ဒီဂရီစင်တီဂရိတ်ပဲရှိပြီး အအေးဆုံးအနေအထားမှာ ၂၂၃ ဒီဂရီထိအောင် အေးတဲ့ ဂြိုဟ်က OGLE- 2005-BLG-390Lb ဂြိုဟ် ဖြစ်ပါတယ်။ သူက ကမ္ဘာထက် ကျောက်သားထုဖွဲ့စည်းမှု ၅.၅ဆ ပိုပါတယ်။ မားစ် ဂြိုဟ်နဲ့ ဂျူပီတာအကြားမှာ ရှိပါတယ်။ Red Dwarf အဖြစ် လူသိများပါတယ်။

ဓာတ်ငွေ့တွေ ရှိနိုင်တယ်လို့ ယူဆရပေမယ့် အေးနေတာကြောင့် အစိုင်အခဲအဖြစ် ရှိနေဖို့ များတယ်လို့ ခန့်မှန်းနေကြပါတယ်။

အကြီးဆုံးဂြိုဟ်

ကြယ်လို့ သတ်မှတ်ရမယ့် သူဟာ သူလောင်ကျွမ်းနေတဲ့ နေလိုဂြိုဟ်တွေ ရှိပါတယ်။ သူတို့ဟာ ပုံမှန် အခြားဂြိုဟ်တွေထက် အရွယ်အစား ကြီးမားကြပါတယ်။ တွေ့ရှိရသမျှထဲမှာ DENIS-P J082303.1-491201 b ဆိုတဲ့ ကြယ်ဂြိုဟ်ဟာ ဂျူပီတာ ဂြိုဟ်ထက် ၂၈.၅ လ လောက် ပိုမိုကြီးမားပြီး ရှာဖွေ တွေ့ရှိသမျှ ဂြိုဟ်တွေထဲမှာ အကြီးဆုံးလို့ သတ်မှတ်နိုင်ပါတယ်။ သူ့ကို Brown Dwraf အဖြစ်လည်း လူသိများပါတယ်။

အသေးဆုံးဂြိုဟ်

ကျနော်တို့ ကမ္ဘာရဲ့အရန်ဂြိုဟ်ထက်တော့ နည်းနည်းကြီးပါတယ်၊ ဒါပေမယ့် အရန်ဂြိုဟ်မဟုတ်ဘဲ ဂြိုဟ်အဖြစ် တည်ရှိ နေတဲ့ မာကျူရီထက် အနည်းငယ်သေးတဲ့ Kepler-37b လို့ သတ်မှတ်ထားတဲ့ ဂြိုဟ်က အသေးဆုံးဂြိုဟ်ပါ။ ကျောက်သားတွေနဲ့ ဖွဲ့စည်းထားတာပါ။ နေနဲ့ အနီးမှာရှိပါတယ်။ ဒါကြောင့် ကျောက်သားတွေဟာ အရည်ပျော်လာနိုင်သလို နောက်ပိုင်းမှာ သက် ရှိတွေ ဖြစ်ထွန်းလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

သက်တမ်းအရင့်ဆုံးဂြိုဟ်

PSR B1620-26b ဂြိုဟ်ဟာ နှစ်ပေါင်း ၁၂.၇ ဘီလီယံသက်တမ်းရှိနေပြီလို့ ယူဆရပါတယ်။ ဒါကြောင့် သူကိုသက်တမ်း အရင့်ဆုံးဂြိုဟ်အဖြစ် သတ်မှတ်ထားပါတယ်။ ဂျူပီတာဂြိုဟ်ထက် ၂.၅ဆ ပိုပြီး ကြီးပါတယ်။ ကျနော်တို့ နေအဖွဲ့အစည်း ဟာသက်တမ်း ၁၃.၈ ဘီလီယံနှစ်ပဲရှိသေးလို့ အခုဂြိုဟ်ဟာ ရှေးဦးဆုံး ဖြစ်ထွန်းတည်ရှိနေတဲ့ ဂြိုဟ်တစင်းလို့ ဆိုရမှာပါ။ ဒီဂြိုဟ်မှာ သူ့ကို ဗဟိုပြု လည်ပတ်နေသေးတဲ့ နေအသေးစား ၂စင်းလည်း ရှိပါသေးတယ်။ အခုသက်တမ်း အရင့်ဆုံး ဂြိုဟ်ကို White Dwraf အဖြစ် လူသိများပါတယ်။

သက်တမ်းအနုဆုံးဂြိုဟ်

V830 Tauri လို့ အမည်ပေးထားတဲ့ ဂြိုဟ်က သက်တမ်း နှစ် ၂သန်းပဲ ရှိပါသေးတယ်။ အရွယ်ကတော့ နေနဲ့ ရွယ်တူပါ။ အခုချိန်ထိအောင် သူ့ရဲ့ ပုံစံကို ရေးဆွဲဖို့ ကြိုးစားနေဆဲပါ။ ဂျူပီတာထက် ဓာတ်ငေ့ွတည်ရှိနိုင်မှုနှုန်း ၃ ချိုး ၁ ချိုးလောက်ပဲ ရှိပါတယ်။

သက်ရှိတွေ ရှိနေနိုင်တယ်လို့လည်း ယူဆနေကြပါတယ်။ ဒါပေမယ့် အချိန်ကြာရှင်သန်နိုင်ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။ ဒါက ဂြိုဟ်ရဲ့မျက်နှာပြင် အခြေအနေနဲ့ ရာသီဥတုကြောင့် ဖြစ်နိုင်ပါတယ်။

ရာသီဥတုအဆိုးဆုံးဂြိုဟ်

ဗီးနပ်လို့ ပြောရပါလိမ့်မယ်။ ဂြိုဟ်ရဲ့မျက်နှာပြင်မှာ လေထုရှိပါတယ်။ ဒါပေမယ့် လေတိုက်နှုန်းက ဂြိုဟ်ရဲ့လည်ပတ်နှုန်း ထက် မြန်နေပါတယ်။ ဟာရီကိန်းမုန်တိုင်းတွေ အမြဲတိုက်ခတ်နေပြီး တနာရီ ၃၆၀ ကီလိုမီတာအမြန်နှုန်းနဲ့ တိုက်နေတာပါ။ ကမ္ဘာနဲ့ ရွယ်တူလောက်ပဲရှိပါတယ်။

လေထုက ကမ္ဘာ့လေထုထက် အဆ ၁၀၀ လောက် ပိုသိပ်သည်းပါတယ်။ ၉၅ ရာခိုင်နှုန်းလောက်ထိအောင် ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ ပါရှိနေပါတယ်။

တခါတလေမှာ မာကျူရီထက် ပိုပူပြီး အပူချိန် ၄၆၂ ဒီဂရီစင်တီဂရိတ်လောက်ထိအောင် မြင့်တက်နိုင်ပါတယ်။ လူသာ ရောက်သွားမယ်ဆိုရင် လေထုနဲ့ မုန်တိုင်းတွေကြောင့် အရိုးတွေတောင် ချက်ချင်း ခန်းခြောက်သွားပါလိမ့်မယ်။

Ref: www.businessinsider.com

The post ရှာဖွေတွေ့ရှိတဲ့ဂြိုဟ်တွေထဲက အဆိုးဆုံးဂြိုဟ်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...