Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

တနှစ်အောက် ကလေးလေးတွေရဲ့အစွမ်းအစများ

$
0
0

မွေးကင်းစ အရွယ်ကနေ စကားကောင်းကောင်း မပြောသေးတဲ့ တနှစ်သားလောက်ထိအောင် ကလေးငယ် တွေကို အိပ်ဖို့၊ စားဖို့၊ ငိုဖို့လောက်ပဲ သိတယ်လို့ မထင်လိုက်ပါနဲ့။ သူတို့မှာ သင် မသိတဲ့ အစွမ်းတွေ ရှိနေပါတယ်။

(၁) ကောင်းကောင်းအိပ်နိုင်တယ်

ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အိပ်ပျော်အောင် အိပ်နိုင်တဲ့ စွမ်းအင် ရှိပါတယ်။ အပူ၊ အအေးတွေကလည်း သူတို့ရဲ့ အိပ်စက်မှုကို မဟန့်တားနိုင်ပါဘူး၊ အိပ်ယာထဲမှာ လှဲနေရင်းဖြစ်စေ၊ ချီထားရင်း အနေအထား ဖြစ်စေလည်း အိပ်နိုင်ပါ တယ်။ ဆူညံလွန်းတဲ့ အသံ မဟုတ်တဲ့ အနေအထားမှာလည်း အိပ်နိုင်ပါတယ်။

(၂) ဆုပ်ကိုင်နိုင်စွမ်းရှိတယ်

ကလေးတွေရဲ့ လက်ထဲကို အရာတခုခု ဒါမှမဟုတ် သင့်ရဲ့လက်ချောင်းလေး ထည့့်ပေးလိုက်ပါ။ ဆုပ်ထားပါလိမ့်မယ်။ အ ဆိုပါ ဆုပ်အားဟာ ကလေးရဲ့ခန္ဓာကိုယ်ကို မတ်တပ် ရပ်နိုင်အောင် ဆွဲထူဖို့လောက်ထိအောင် အင်အားရှိပါတယ်။ မထ နိုင်သေးတဲ့ အရွယ်မို့လို့သာ မထတာ ဖြစ်ပေမယ့် ဆုပ်အားကောင်းကောင်း ရှိပါတယ်။.

(၃) အရသာခံနိုင်စွမ်းရှိတယ်

ကျနော်တို့ အရွယ်ရောက် လူသားတွေထက် အရသာ ခံနိုင်စွမ်း ၃ဆ ပိုကောင်းတဲ့ လျှာကို ပိုင်ဆိုင်ထားပါတယ်။ မိခင်နို့က နေ အခြား နို့တခုခု ပြောင်းလဲသွားတာတွေ၊ စားနေကျ မဟုတ်တဲ့ အစာသစ် ကျွေးလာမှုတွေကို ကောင်းကောင်း သိပါ တယ်။

အရွယ်ကြီးလာလေလေ အရသာ ခံနိုင်မှုနှုန်း လျော့ကျသွားတာ ဖြစ်ပါတယ်။

(၄) သိတတ်နားလည်နိုင်စွမ်း အားကောင်းတယ်

မွေးကင်းစ ကလေးတွေကို ကြည့်ပါ။ ဦးခေါင်းဟာ ခန္ဓာကိုယ်ထည် အနည်းငယ် ပိုပြီး ကြီးနေပါတယ်။ အဆိုပါ အရွယ်ဟာ ခန္ဓာကိုယ်ထည် ဦးနှောက် ဖွံ့ဖြိုးမှု အထူးအားကောင်းနေပါတယ်။ အရာရာကို သိတတ်နားလည်းနိုင်စွမ်း မြန်ဆန် မြင့်မား ကောင်းမွန်နေပါတယ်။

Synapses လို့ ခေါ်တဲ့ အာရုံကြော ချိတ်ဆက်စနစ် ၁၀၀၀ လောက်ထိအောင် ရှိပြီး အရွယ်ရောက် ချိန်မှာတော့ ၃၀၀ လောက်သာ ကျန်ပါတော့တယ်။ ဒါကြောင် ငယ်စဉ်မှာ သင်ကြားတတ်မြောက်မှု အားကောင်းတာ ဖြစ်ပါတယ်။

(၅) ခွဲခြားသိတတ်မှု ရှိတယ်

ဒါက မွေးရာပါ အစွမ်းပါ။ အရောင်၊ ပုံစံနဲ့ စကားလုံးတွေကို တူ၊ မတူ ခွဲခြား သိတတ်ပါတယ်။

(၆) အလိုလို အာရုံခံ အသိရှိတယ်

ဒါကတော့ ကလေးတွေရဲ့ မိဘ၊ ပတ်ဝန်းကျင်လူတွေရဲ့ မျက်နှာကို ဖတ်တတ်တဲ့ ပညာပါ။ ဆူလိုက်တာနဲ့ ငိုရမယ် ဆိုတာ သိတယ်၊ စကားနဲ့ မဟုတ်ဘဲ လက်ဟန် ခြေဟန်ကို ကြည့်ပြီး ရယ်တတ်တယ်၊ အံ့သြတတ်တယ်၊ ငိုတတ်တယ်ဆိုတာတွေ အာရုံခံ သိနေကြပါတယ်။

အသက်အရွယ် ကြီးလာရင်တော့ အဆိုပါ အစွမ်းတွေ လျော့နည်းလာပြီး အခု ကျနော်တို့ အရွယ်ရောက်ချိန်မှာတော့ ဘာ လုပ်ဆိုတာကို ပြောမှပဲ သိနားလည်ကြပါတော့တယ်။

(၇) အမြင်ပိုင်း မှတ်သားမှု အားကောင်းတယ်

အသက် ၆လသား အရွယ်မှာ ပိုပြီး သိသာတဲ့ အမြင်ပိုင်း မှတ်သားနိုင်မှု အားကောင်းခြင်းကို တွေ့ရပါတယ်။ မျောက်တွေ ပါတဲ့ ကာတွန်းကား ပြသထားသည့်တိုင်အောင် ဘယ်မျောက်က ရယ်ရတယ် ဆိုတာ ကောင်းကောင်း မှတ်မိပါတယ်၊ အ နောက်တိုင်း ကလေးတွေ ကြားထဲမှာ တရုတ်ကလေးငယ် တယောက်ရောပါနေမှုကို ခွဲခြားပြနိုင်ပါတယ်။ ဒီလို အမြင်ပိုင်း မှတ်သားနိုင်မှု အားကောင်းကြပါတယ်။ ဒါပေမယ့် အသက်ကြီးလာချိန်မှာတော့ အဆိုပါ အစွမ်းတွေ လျော့နည်းသွားပါ တော့တယ်။

(၈) အကြားအာရုံ အထူးကောင်းမွန်တယ်

ကလေးတွေရဲ့အကြားအာရုံဟာ လူကြီးတွေနဲ့ သိပ်မကွာပါဘူး။ တိုးဖွတဲ့ အသံတွေကိုပါ ကြားနိုင်၊ သိနိုင်ပါတယ်။ အသက် ကြီးလာချိန်မှာ အဆိုပါ အကြားအာရုံ သိသိသာသာ လျော့နည်း မသွားပေမယ့် အသိစိတ်ကြောင့် အချို့သော အသံတွေ ကို ကျနော်တို့ လျစ်လျူရှုလိုက်လို့ သိပ်ပြီး မကြား၊ မခံစားမိတော့တာ ဖြစ်ပါတယ်။

(၉) အိုင်းစတိုင်းလို ဦးနှောက်စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်ပေါင်းများစွာအရ ကလေးတွေရဲ့ ဦးနှောက်ဟာ သင်ကြားနိုင်မှု အပါအဝင် ပြဿနာ ဖြေရှင်းနိုင်မှုက အစ ဦးနှောက်နဲ့ လုပ်ဆောင်ရတဲ့ အပိုင်းတွေမှာ အရွယ်ရောက်ပြီးသူတွေ အားလုံးထက် ပိုမို ကောင်း မွန်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

အသက်အရွယ် ကြီးလာလေလေ ဦးနှောက် စွမ်းရည် လျော့ကျ သွားလေလေ ဖြစ်ပါတယ်။

Ref; www.businessinsider.com

The post တနှစ်အောက် ကလေးလေးတွေရဲ့အစွမ်းအစများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...