Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all 3346 articles
Browse latest View live

လုပ်ခလစာ တိုးလာခြင်းရဲ့ အခြားတဖက်မှာ

$
0
0

ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ဆယ်စုနှစ် ၃ ခုကျော် တာဝန်ယူခဲ့ပြီးနောက် ဟွန်ဆန်က သူ့၏ လုပ်ငန်း အစီ အစဉ်တွင် နောက်ထပ် လမ်းကြောင်းသစ် တခုကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထည့်သွင်းခဲ့သည်။ တနိုင်ငံလုံး အတိုင်းအတာ အရဆိုလျှင် လူ ၇၀၀၀၀၀ ခန့် အလုပ်လုပ်နေသော အထည်ချုပ် စက်ရုံများနှင့် ဖိနပ် စက်ရုံများသို့ သွား ရောက်လည်ပတ်ရန် ဖြစ်သည်။

တခါတရံ သူက အလုပ်သမားများနှင့် အတူ နေ့လည်စာ စားသည်။ သူတို့နှင့် အတူ ပျော်ပျော်ရွှင်ရွှင် ဆယ်ဖီ ဓာတ်ပုံ ရိုက်သည်။ သူတို့ကို အခြေခံလုပ်ခလစာ မြင့်မားရေးကို ဗန်းပြ ဆွဲဆောင်မှုများ ပြုလုပ်နေခဲ့သည်။

မဲဆန္ဒရှင်များ၏ နှစ်သက်မှုကို ရရှိရန် လုပ်ခလစာကို အသုံးချနေသော၊ လူနေမှုဘဝ ပိုမိုကောင်းမွန်ရေး မျှော်လင့်ချက် များကို မြှင့်တင်ပေးနေသော်လည်း အလုပ်ရှင်များ ခေါင်းကိုက်စရာ ဖန်တီးပေးနေသော အရှေ့တောင် အာရှ ခေါင်းဆောင်က ဟွန်ဆန် တယောက်တည်း မဟုတ်ပါ။

ကမ္ဘောဒီးယားနိုင်ငံ မှ လူဦးရေ ၁၆ သန်းတွင် အထည်ချုပ် စက်ရုံ အလုပ်သမားများနှင့် သူတို့၏ မိသားစုများက အဓိက ကျသော မဲဆန္ဒရှင် အစုအဖွဲ့တခု အနေဖြင့် ပါဝင်နေသည်။ ဟွန်ဆန်က ယခုနှစ် ဇူလိုင်လတွင် ကျင်းပမည့် ရွေးကောက် ပွဲ၌ သူ၏ သက်တမ်းကို ဆက်တိုးနိုင်ရန်နှင့် အတိုက်အခံများကို တိုက်ခိုက်ချေမှုန်းခြင်းအပေါ် ပြည်သူလူထု၏ မကျေနပ်မှုများကို နှစ်သိမ့်နိုင်ရန် ကိုယ်တိုင်ကိုယ်ကျ ဆွဲဆောင် ကြိုးစားနေသည်။

ဟွန်ဆန်က အခြေခံလုပ်ခလစာ မြင့်မားရေးကို ဗန်းပြ ဆွဲဆောင်မှုများ ပြုလုပ်နေခဲ့သည်/ Reuters

“နောက်လမယ့် နေ့တွေမှာ အခြေခံလုပ်ခလစာ တလကို အမေရိကန်ဒေါ်လာ ၁၅၃ ကျနေ ၁၇၀ ကို တိုးမြှင့်ရရှိတော့မယ့် အလုပ်သမားတွေအတွက် ဂုဏ်ယူကြောင်း ပြောချင်ပါတယ်” ဟု ဟွန်ဆန်က ဖနွမ်းပင် ရှိ စက်ရုံ အလုပ်ရုံ ၁၅ ခုမှ အလုပ် သမား ၁၄၀၀၀ ကို ပြီးခဲ့သည့် ဒီဇင်ဘာလ နှောင်းပိုင်းက ပြောကြားခဲ့သည်။ အခမဲ့ ကျန်းမာရေး စစ်ဆေးမှု နှင့် အစိုးရ ဆေးရုံများတွင် ကုသခွင့် တို့ကဲ့သို့သော အခြားသက်သာချောင်ချိရေး ကိစ္စများကို ထောက်ပြရင်း “ကျနော် ဝန်ကြီးချုပ် ဆက်ဖြစ်နေမယ်ဆိုရင် ခင်ဗျားတို့ အဲဒါတွေကို ရရှိပါလိမ့်မယ်” ဟု ဟွန်ဆန်က ပြောသည်။

အနိမ့်ဆုံးလစာကို ၁၁ ရာခိုင်နှုန်း တိုးမြှင့်ရေးက ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်သက်ရောက်ခဲ့သည်။ အလုပ်ရှင်များနှင့် အလုပ်သမားများက အနိမ့်ဆုံး လစာကို တလလျှင် ၁၆၅ ဒေါ်လာအထိ တိုးမြှင့်ရန် ယခင်က သဘောတူညီခဲ့ပြီး ဖြစ် သော်လည်း ဟွန်ဆန်က နောက်ထပ် ၅ ဒေါ်လာ ထပ်ဆောင်းပေးခဲ့သည်။

“ကျနော့် အနေနဲ့ ဝန်ကြီးချုပ် နေရာကို နောက်ထပ်သက်တမ်း ၂ ခု ရယူသွားဖို့ ဆက်လက်ကြိုစားသွားမယ်ဆိုတာ ကျနော် ကြေညာထားခဲ့ပြီးပါပြီ။ ခင်ဗျားတို့တွေ၊ ခင်ဗျားတို့ မိဘတွေ၊ တကယ်လို့ အဖိုး၊ အဖွားတွေလည်း အသက်ထင်ရှား ရှိဦးမယ် ဆိုရင် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ ကမ္ဘောဒီးယားပြည်သူ့ပါတီကို ဆက်လက်ပြီး မဲပေးကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု ဝန်ကြီးချုပ် ဟွန်ဆန်က စီးပွားရေးမှသည် ငြိမ်းချမ်းရေးအထိ ပါဝင်သော သူ့ မိန့်ခွန်း၏ အဆုံးပိုင်းတွင် အလုပ်သမားများကို ပြောကြားသွားခဲ့သည်။

ဟွန်ဆန်က အတိုက်အခံပါတီ၏ နည်းဗျူဟာ လမ်းစဉ်များထဲမှ တခုကို ယူသုံးခဲ့ခြင်း ဖြစ်ပါသည်။ လုပ်ခ လစာများ တိုးမြှင့် ပေးရေး တောင်းဆိုမှုကြောင့် အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေး ပါတီ(CNRP) က ၂၀၁၃ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် နယ်မြေရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်နေရာများ ရယူနိုင်ခဲ့ကြသည်။ သို့သော်လည်း ပြီးခဲ့သည့် နှစ်အတွင်းတွင် ကမ္ဘောဒီးယား နိုင်ငံ၏ အမြင့်ဆုံးတရားရုံးက CNRP ကို ဖျက်သိမ်းရန် အမိန့် ထုတ်လိုက်ပြီး ပါတီ ဥက္ကဌကို ဖမ်းဆီး ထောင်ချခဲ့သည်။ ယခုအခါ ဟွန်ဆန်က တချိန်က အတိုက်အခံကို ထောက်ခံခဲ့သည့် အလုပ်သမားများကို စည်းရုံးရန် ကြိုးစားနေပါသည်။

အင်ဒိုနီးရှားက ကားစက်ရုံတရုံ၏ လုပ်ငန်းခွင်/ Reuters

လုပ်ခလစာတိုးမြှင့်ရေးက အထည်ချုပ် အလုပ်သမားများ စိတ်ကျေနပ်မှု ရရှိစေရန် အစိုးရ၏ အားထုတ်မှု တစိတ်တပိုင်း ဖြစ်သည်ဟု လူမူစီးပွား လေ့လာသုံးသပ်သူ တဦးဖြစ်သည့် ချန်းစိုဖယ်က ပြောသည်။

သြဂုတ်လ မတိုင်မီ အထွေထွေ ရွေးကောက်ပွဲတခု ကျင်းပရန် ရှိနေသည့် မလေးရှား နိုင်ငံတွင်လည်း အခြေခံ လုပ်ခ လစာတိုးမြှင့်ရေး အသံများ ဆူညံနေသည်။ လက်ရှိအချိန်၌ ကျွန်းဆွယ် ပြည်နယ်များတွင် ၁၀၀၀ ရင်းဂစ်နှင့် ကျွန်းစု ပြည်နယ်များတွင် ၉၂၀ ရင်းဂစ်ရှိသော လုပ်ခလစာနှင့် ပတ်သက်၍ ၂ နှစ်တကြိမ် ပြုလုပ်လေ့ရှိသော သုံးသပ်ချက် စစ်တမ်းတခုကို ယခုနှစ် နှစ်လယ်ပိုင်းတွင် အစိုးရက ကောက်ယူလိမ့်မည် ဖြစ်သည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က လတ်တလော နှစ်များ အတွင်းတွင် ဝင်ငွေနည်းသော မဲဆန္ဒရှင်များကို အာရုံစိုက် ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အနိမ့်ဆုံး လစာသတ်မှတ်ချက်ကို အကောင်အထည်ဖော်ခြင်း အပါအဝင် တလလျှင် ဝင်ငွေ ရင်းဂစ် ၃၀၀၀ ထက်နည်းသည့် အောက်ခြေမှ အိမ်ထောင်စု ၄၀ ရာခိုင်နှုန်း၏ ဝင်ငွေ မြှင့်တင်ရေးကို ဦးတည်သော အစီ အစဉ် အများအပြားကို ဆောင်ရွက်ခဲ့သည်။

စီးပွားရေးတိုးတက်မှုနှုန်း လျှင်မြန်နေခြင်းနှင့် နိုင်ငံရေး အကျိုးစီးပွားတို့ကြောင့် အရှေ့တောင်ရှ တလွှားတွင် လုပ်ခလစာ များကို ဆက်လက်မြင့်တက်စေခဲ့သည်။ ဇန်နဝါရီလ အတွင်းတွင် အင်ဒိုနီးရှားနိုင်ငံက ဂျကာတာ အပါအဝင် အဓိက ကျ သည့်နေရာများတွင် လုပ်ခလစာကို ၈.၇ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့ပြီး ဗီယက်နမ် နိုင်ငံက နေရာဒေသကို လိုက်၍ ၆.၁ ရာ ခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးခဲ့ကြောင့် Tokyo-Mitsubishi UFJ ဘဏ်မှ ကောက်ယူစုဆောင်းခဲ့သည့် အချက် အလက်များအရ သိရသည်။ ပြီးခဲ့သည့် ၅ နှစ် အတွင်းတွင် အရှေ့တောင် အာရှ အချို့နေရာများ၌ အနိမ့်ဆုံး လုပ်ခလစာကို ၂ ဆကျော်အထိ တိုးမြှင့် ပေးခဲ့သည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ဂျကာတာဒေသမှ အနိမ့်ဆုံး လုပ်ခလစာက ယခင်နှစ်ကထက်စာလျှင် ၄၃.၉ ရာခိုင်နှုန်း မြင့် တက်ခဲ့သည်။ ယင်းအချိန်သည် ယခု အင်ဒိုနီးရှား သမ္မတဖြစ်နေသော ဂျိုကိုဝီဒိုဒိုက ဂျကာတာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရသည်မှာ ၄ လသာ ရှိသေးသည့် အချိန်ဖြစ်ပြီး မကြာခန ပေါ်ပေါက်နေသော အလုပ်သမား ဆန္ဒပြပွဲများကို ပြေငြိမ်းသွားစေရန် သူက ကြိုးစားခဲ့သည်။

ယခုနှစ်အတွင်း လုပ်ခလစာ သတ်မှတ်ရေး ဆန္ဒပြပွဲများက အင်ဒိုနီးရှားနိုင်ငံတွင် ပြန်လည် နေရာယူလာခဲ့ပြန်သည်။ ယခင်နှစ်ကထက် ကျော်လွန် တိုးမြှင့်ပေးရန် အင်ဒိုနီးရှားနိုင်ငံ နေရာ အများအပြားတွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ဂျကာတာ အုပ်ချုပ်ရေးမှူးသစ်က တိုးမြှင့်သတ်မှတ်ပေးပြီး များမကြာမီမှာပင် အလုပ်သမား အဖွဲ့အစည်းများမှ ရာနှင့် ချီသော အဖွဲ့ဝင်များက ပိုတိုးပေးရေး တောင်းဆိုရန်နှင့် အုပ်ချုပ်ရေးမှူးကို ဝေဖန် ပြစ်တင်ရန် ဂျကာတာ မြို့တော် ခန်းမ ရှေ့သို့ လာရောက်စုရုံးခဲ့ကြသည်။

ယခုနှစ်အတွင်းတွင် အနိမ့်ဆုံး လုပ်ခလစာကို ဒေသတွင်း၌ အများဆုံး တိုးပေးရန် ပြင်ဆင်နေသော မြန်မာနိုင်ငံတွင် “နိုင်ငံ တော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၌ စစ်မှန်သော ဒီမိုကရေစီ တည်ဆောက်နေသည့် တပြိုင်တည်းမှာပင် စီးပွားရေးတိုးတက်မှု ရရှိစေရန် အစွမ်းကုန် ကြိုးစားနေသည်”ဟု ရန်ကုန် အခြေစိုက် စီးပွားရေး လုပ်ငန်းတခု ဖြစ်သည့် Min Thiha Jewelry မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်မြင့်မြင့်ချိုက ပြောသည်။ “သူက အလုပ်သမားတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့ ကြိုးစားနေပါတယ်။”

ဆန္ဒပြပွဲများနှင့် ဈေးဆစ်မှုများ၏ ရလဒ်က ၃၃ ရာခိုင်နှုန်းအထိ ကြီးမားစွာ တိုးမြှင့်ရေး ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းတွင် စက်ရုံ အလုပ်သမား ၂၀၀၀ ခန့်က ရန်ကုန်မြို့တွင် ချီတက်၍ အနိမ့်ဆုံး တနေ့ လုပ်အားခကို ၂၀၁၅ ခုနှစ်က အစိုးရ က ပထမဆုံး သတ်မှတ်ပေးခဲ့သည့် ၃၆၀၀ ကျပ်မှ ၅၆၀၀ ကျပ်အထိ တိုးမြှင့်ပေးသင့် ကြောင်း တောင်းဆို ခဲ့ကြသည်။ “အဲဒါက ကျနော်တို့ လူနေမှု စရိတ်ကို မကာမိဘူး” ဟု ဆန္ဒုပြပွဲကို ဦးဆောင်သူ တ ယောက်က ပြည်တွင်း မီဒီယာများသို့ ပြောသည်။

အလုပ်ရှင်များက ၄၀၀၀ ကျပ် သတ်မှတ်ရန် ကြိုးစားခဲ့သော်လည်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ၄၈၀၀ ကျပ်ဖြင့် သဘောတူညီမှု ရရှိခဲ့သည်။

၂၀၁၅ ခုနှစ် အခြေခံလစာ တိုးမြှင့်ရေး မြန်မာ အလုပ်သမားများ တောင်းဆိုခဲ့စဉ်/Reuters

အရှေ့တောင်အာရှမှ စီးပွားရေးများ အနေဖြင့် ဘေးထွက် ဆိုးကျိုးများကို တောင့်ခံနိုင်ပါမည်လားဟု မေးခွန်း ထုတ်စရာ ရှိလာသည်။

ယခုနှစ်၏ အနိမ့်ဆုံး လုပ်ခလစာတိုးမြှင့်မှုက မျှော်လင့်ထားသော ငွေကြေးဖောင်းပွမှုထက် ကျော်လွန်နေသည်။ နိုင်ငံတ ကာငွေကြေးရံပုံငွေ အဖွဲ့ (IMF) က လူသုံးကုန်ပစ္စည်းဈေးနှုန်းများ ကမ္ဘောဒီးယားတွင် ၃.၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားတွင် ၃.၉ ရာခိုင်နှုန်း၊ မလေးရှားတွင် ၂.၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၆.၁ ရာခိုင်နှုန်း နှင့် ဗီယက်နမ်တွင် ၄ ရာခိုင်နှုန်း မြင့်တက် လာကြောင်းတွေ့ရှိခဲ့ရသည်။

အမေရိကန် အခြေစိုက် စီးပွားရေး အတိုင်ပင်ခံလုပ်ငန်း တခုဖြစ်သည့် Korn Ferry Hay Group က မကြာသေးမီက ထုတ် ပြန်ခဲ့သည် အစီရင်ခံစာတစောင်တွင် ယခုနှစ်အတွင်း အာရှတိုက်၌ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ပြီးသည့် လစာတိုးနှုန်းက ၂.၈ ရာခိုင်နှုန်း ရှိမည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် အများဆုံး နှုန်းဖြစ်၍ ကမ္ဘာ့ ပျမ်းမျှနှုန်းထားဖြစ်သည့် ၁.၅ ရာခိုင်နှုန်း၏ ၂ ဆနီးပါးရှိနေသည်။

အနိမ့်ဆုံး အခြေခံလစာကို တိုးမြှင့်ခြင်းက ဥပမာ စားသုံးမှု တိုးတက်လာခြင်းကဲ့သို့သော အပေါင်းလက္ခဏာ ဆောင်သည့် သက်ရောက်မှုများ ရှိပါသည်။ သို့သော်လည်း အရှေ့တောင်အာရှ အနေဖြင့် ကုန်ပစ္စည်းထုတ်လုပ်ရေး အခြေခံနေရာ တခုဆိုသည့် ၎င်း၏ အနေအထားကို ဆုံးရှုံးရနိုင်သည်။ ၂၀၀၀ ခုနှစ်များတွင် နိုင်ငံတကာ လုပ်ငန်းကြီး အချို့က လုပ်ခလစာဖိအားနှင့် စွန့်စားရမှုများ ကျယ်ပြန့်လာခြင်းတို့ကို ရှောင်ရှားရန် သူတို့၏ စက်ရုံများကို အရှေ့တောင် အာရှသို့ ရွှေ့ ပြောင်းလာခဲ့ကြသည်။

ဗီယက်နမ်လွှတ်တော်က ၂၀၁၈ ခုနှစ်တွင် လစာ ၆.၅ ရာခိုင်နှုန်း ပျမ်းမျှအနေဖြင့် တိုးမြှင့်ရန် အတည်ပြုလိုက်ပြီး များမကြာ မီ အောက်တိုဘာလအတွင်း လုပ်ငန်းရှင်များက ချိန်သားကိုက်မှု မှားယွင်းနေကြောင်း အခိုင်အမာ ပြောခဲ့ကြသည်။

ဗီယက်နမ်နိုင်ငံ ချည်ထည်နှင့် အဝတ်အထည် အသင်းက ဟနွိုင်မြို့တွင် ညီလာခံတခု ကျင်းပ၍ လစာတိုးရန် အစီအစဉ် ကို အနည်းဆုံး ၂ နှစ် ဆိုင်းငံ့ပေးရေးကို တောင်းဆိုခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်အတွင်းတွင် လုပ်ခလစာ ၇.၃ ရာခိုင်နှုန်း တိုး မြှင့်ပေးလိုက်ရခြင်းကြောင့် ချည်ထည်နှင့် အထည်ချုပ်ကုမ္ပဏီများအတွက် စုစုပေါင်း ထုတ်လုပ်ရေးစရိတ်က ၂.၉ ရာခိုင် နှုန်း မြင့်တက်သွားခဲ့သည်ဟု သူတို့က ပြောသည်။

“ကုန်ထုတ်လုပ်သူတွေက လစာတွေနဲ့ လူမှုရေး အာမခံရံပုံငွေတွေ တိုးမြှင့် ပေးရပါတော့မယ်” ဟု ဗီယက်နမ် ချည်မျှင် ထုတ်လုပ်ရေး လုပ်ငန်းတခု ဖြစ်သည့် Fortex မှ အထွေထွေဒါရိုက်တာ Nguyen Thi Mai က ပြောသည်။ Fortex တွင် အလုပ်သမား ၁၀၀၀ ရှိပါသည်။ “ကျနော်တို့က ကုန်ကျစရိတ်နဲ့ အမြတ်အစွန်းကို ဟန်ချက်ညီမျှအောင် လုပ်ရမယ့် ဖိအား အောက်မှာ ရောက်နေပါတယ်။ တကယ်လို့ ဟန်ချက် ညီမျှအောင် ကျနော်တို့ မလုပ်နိုင်ဘူးဆိုရင် အလုပ်သမားလျှော့ ချ ရတာတွေ ဒါမှမဟုတ် ထုတ်လုပ်ရေးကို လျှော့ချရတာတွေ ဖြစ်လာနိုင်ပါတယ်။”

လုပ်ခ လစာမြှင့်တင်ခြင်းက ကုန်ထုတ်လုပ်မှု တိုးတက်လာခြင်းနှင့် လိုက်လျောညီထွေ ရှိရမည်ဟု သူက ထပ်ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အထည်ချုပ်လုပ်ငန်း၏ အနာဂတ်အတွက် အမှန်တကယ် စိုးရိမ်စရာ ရှိနေသည်ဟု ကမ္ဘောဒီး ယားနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (GMAC) ၏ ဒုတိယ အထွေထွေ အတွင်းရေးမှူး Monika Kaing က ပြောသည်။ အလုပ်သမားစရိတ် မြင့်တက်လာခြင်း၏ သက်ရောက်မှုများကို လျှော့ချရန် ဘက်အားလုံးကို သူက တောင်းဆို လိုက်သည်။

“ကုန်ထုတ်လုပ်ငန်းရှင်တွေက ကုန်ထုတ်လုပ်မှုနဲ့ လုပ်ငန်းတွင်ကျယ်မှု တိုးမြှင့်ရေးကို လုပ်ရမယ့် အချိန်မှာ အစိုးရအနေနဲ့ အများပြည်သူ ဝန်ဆောင်မှု ကုန်ကျငွေတွေကို လျှော့ချနိုင်မယ့် မူဝါဒတွေ ရှိသင့်ပါတယ်” ဟု Monika Kaing က ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အနှေးနှင့် အမြန်ဆိုသလို လုပ်ငန်းကို ထိရောက်မှုရှိအောင်(အလုပ်ဖြစ်အောင်) လုပ် မည်လား သို့မဟုတ် စွန့်လွှတ်မည်လား ဆိုသည်ကို ရွေးချယ်ရတော့မည် ဖြစ်သည်။

“လုပ်ခ လစာ အသစ်ရဲ့ ကုန်ကျစရိတ်တွေကို ကျနော်တို့ ကြည့်ဖို့ လိုပါတယ်။ အချိန်ပိုတွေနဲ့ မကျွမ်းကျင်တဲ့ အလုပ်သမားတွေကို လျှော့ချတာလိုမျိုး ဆက်လက်ရပ်တည်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ လိုပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက ပြောသည်။

စက်မှုဝန်ကြီး ဟောင်းတဦး ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က သူ၏ Facebook စာမျက်နှာတွင် “တကယ်လို့ လုပ်ငန်းရှင်တွေက အနိမ့်ဆုံး လုပ်ခ အသစ် ၄၈၀၀ ကို မပေးနိုင်ဘူးဆိုရင် တချို့ စီးပွားရေး လုပ်ငန်းတွေ ပိတ်သွားလိမ့်မယ်။ အဲဒါဆိုရင် အလုပ်လက်မဲ့ နှုန်းတက်လာလိမ့်မယ်” ဟု ရေးသားခဲ့သည်။

ကမ္ဘာ့အဆင့် ကုန်ပစ္စည်းထုတ်လုပ်သူများမှာ အလိုအလျောက်စနစ်များကို ပိုမို အသုံးပြုခြင်းအားဖြင့် ထိုဖိအားကို တုန့်ပြန် နေကြသည်။ တရုတ်၊ ဗီယက်နမ် နှင့် အခြားနေရာအများ အပြားတွင် စက်ရုံများ တည်ထောင်ထားသော ဂျပန်နိုင်ငံမှ Mabuchi Motor လည်း တခု အပါအဝင် ဖြစ်သည်။ အဆိုပါကုမ္ပဏီသည် တရုတ်နှင့် ဗီယက်နမ်တို့တွင် အလုပ်သမား စရိတ်က ၁ နှစ်လျှင် ၁၀ ရာခိုင်နှုန်း မြင့်တက်လာနေကြောင်း တွေ့ရှိခဲ့ရသည်။ “ကျနော်တို့ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် အမြတ်အစွန်း ဆုံးရှုံးရမှာ ဖြစ်ပါတယ်” ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။

Tokyo-Mitsubishi UFJ ဘဏ်၏ ကမ္ဘာ့စီးပွားရေး ဌာနခွဲမှ အထွေထွေမန်နေဂျာ Yoshio Morishita က ထိုင်းနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံမှ မော်တော်ကား စက်ရုံများကလည်း စက်ရုပ်များကို ပြောင်းလဲ အသုံးပြုနေကြောင်းပြောသည်။ “နိုင်ငံခြား အထည်ချုပ်လုပ်ငန်းတွေနဲ့ လုပ်သားအင်အားကို ဦးစားပေးတဲ့ တခြားလုပ်ငန်းရှင်တွေက သူတို့ရဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေကို အလုပ်သမားစရိတ် နည်းပါးတဲ့ နိုင်ငံတွေဆီကို ပြောင်းရွှေ့သွားနိုင်ပါတယ်” ဟု သူက မှတ်ချက်ချသည်။ တရုတ်နိုင်ငံမှ အရှေ့တောင် အာရှသို့ ပြောင်းရွှေ့လာသော စက်ရုံများက တောင်အာရှ နှင့် အာဖရိကသို့ ပြောင်းသွားနိုင် ပါသည်။

မော်တော်ကားနှင့် အိမ်သုံး အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုက်သည့် လုပ်ငန်းရှင်မျာကမူ အရှေ့တောင်အာရှ တွင် တည်ငြိမ်သော ထောက်ပံ့ရေး ကွင်းဆက် (Supply chains) များ ရှိထားသည့်အတွက် လိုက်လံပြောင်းရွှေ့ဖွယ်ရာ မရှိကြောင်း Yoshio Morishita ကပြောသည်။

အနိမ့်ဆုံး လုပ်ခလစာ တားမနိုင်ဆီးမနိုင် မြင့်တက်လာခြင်းက နောက်ထပ်တုန့်ပြန်မှုတခုလည်း ပေါ်ပေါက်လာနိုင်ပါသေး သည်။ ထုတ်လုပ်ရေး လုပ်ငန်းများက ပို၍ အဆင့်မြင့်သော ဈေးကွက်များဆီသို့ ပြန်ရောက်သွားနိုင်ပါသည်။

Honda Motor က ၎င်းတို့၏ Super Cub မော်တော်ဆိုင်ကယ်များကို တရုတ်နိုင်ငံတွင် ၅ နှစ်ကျော် ထုတ်လုပ်ခဲ့ပြီး နောက် လုပ်ခ လစာများမြင့်တက်လာပြီး ကုန်ကျစရိတ် ကွာဟမှု ကျဉ်းမြောင်းလာသည့် နောက်တွင် ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံ သို့ ပြန်လည် ပြောင်းရွှေ့ခဲ့သည်။ အလားတူပင် အရှေ့တောင် အာရှမှ လုပ်ခလစာ မြင့်တက်မှုက တရုတ်နိုင်ငံကဲ့သို့ ကွာ ဟမှု ကျဉ်းမြောင်းလာလျှင် အချို့ လုပ်ငန်းများကလည်း ထိုလမ်းကြောင်းအတိုင်း ပြန်သွားကြနိုင်ပါသည်။

အရှေ့တောင် အာရှတွင် လုပ်ခလစာက ၎င်းတို့၏ ပြိုင်ဖက်များ နှင့် နှိုင်းယှဉ်ပါက ဈေးကြီးနေခဲ့ပြီးသား ဖြစ်သည်ဟု HSBC ဘဏ်၏ အာရှစီးပွားရေး သုတေသနဌာန တွဲဖက်ခေါင်းဆောင် Frederic Neumann က မှတ်ချက်ချသည်။ “ တကယ်လို့ ကောင်းမွန်တဲ့ အခြေခံအဆောက်အဦးနဲ့ အများတန်းတူ ဥပဒေစနစ်တခု မရှိဘူးဆိုရင် အလုပ်သမား စရိတ် နည်းနည်း လေးတိုးတာက ပိုပြီးတောင် အရေးကြီးသေးတယ်” ဟု သူက ပြောသည်။

စီးပွားရေး အခြေအနေ တိုးတက်ကောင်းမွန်ခြင်း မရှိဘဲ အခြေခံ လုပ်ခလစာကို တိုးမြှင့်ရန် အလောတကြီး လုပ်ဆောင် နေသည့် နိုင်ငံများမှာ အခက်အခဲတွေ့ရနိုင်သည့် အန္တရာယ်ရှိပါသည်။ ထိုကဲ့သို့သော ဇာတ်လမ်းကို ဒေသဆိုင်ရာ အာဏာ ပိုင်များ၏ စိတ်အပြောင်းအလဲမြန်ခြင်းအပေါ် နိုင်ငံတကာ ကုန်ပစ္စည်းထုတ်လုပ်သူများ၏ စိတ်ပျက်မှုများ တိုးလာနေသည့် ကမ္ဘောဒီးယားတွင် စတင်တွေ့နေရပြီ ဖြစ်သည်။

“ကမ္ဘောဒီးယားဖက်က အပြောကောင်းတာကို ကျနော်တို့ ယုံစားခဲ့တယ်” ဆိုသည့် သဘောထားများ ကမ္ဘောဒီးယား နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ဂျပန် လုပ်ငန်းရှင်များကြားတွင် ပျံ့နှံ့ နေသည်ဟု တိုကျိုမြို့ Aoyama Gakuin တက္ကသိုလ်မှ ပါမောက္ခတဦး ဖြစ်သည့် Manabu Fujimura က ပြောသည်။

ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံများမှ အထည်ချုပ်လုပ်ငန်းများနှင့် အသေးစားစက်မှုကုန်ပစ္စည်း ထုတ် လုပ်သူများမှာ လစဉ် ဒေါ်လာ ၁၀၀ ထက်နည်းသည့် အလုပ်သမားစရိတ်၏ ဆွဲဆောင်မှုကြောင့် ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၁၀ ခုနှစ် ဝန်းကျင်တွင် စုပြုံဝင်ရောက်ခဲ့ကြသည်။ သို့သော်လည်း ထို အနိမ့်ဆုံး လုပ်ခက မူလထက်များစွာ မြင့်မား သွားခဲ့ပြီ ဖြစ်၍ အချို့ ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စတင်လက်တွန့်လာနေကြသည်။

ကမ္ဘောဒီးယားနှင့် အခြားသော ပေါ်ထွန်းစ စီးပွားရေးများတွင် သူတို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ရန် အဓိက ကျသော အခွင့်အရေးတရပ် ရှိပါသည်။ လုပ်သား အင်အားကို ဦးစားပေးသည့် စက်မှုလုပ်ငန်းများမှတဆင့် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ရယူစုဆောင်းနိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း အကယ်၍ ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှု များများစားစား မထားခဲ့ဘဲ တခြားနေရာများသို့ ရောက်သွားမည်ဆိုလျှင် အဆိုပါ အခွင့်အရေးက မီးခိုးကဲ့သို့ ပျောက်ကွယ်သွားမည် ဖြစ်သည်။

“အများကြိုက် လုပ်တဲ့ဝါဒက စီးပွားရေးကို သတ်တယ်” ဟု Manabu Fujimura က ပြောသည်။

(Nikkei Asian Review ပါ Kentaro Iwamoto ၏ Minimum wage politicking stings employers in Southeast Asia ကို ဘာသာပြန်ဆိုသည်)

The post လုပ်ခလစာ တိုးလာခြင်းရဲ့ အခြားတဖက်မှာ appeared first on ဧရာဝတီ.


အိပ်မက်ပမာ ရောက်လာခဲ့သူ မြန်မာ ဗင်ဂိုး

$
0
0

ထောင် ၃၆ နှစ်ချခံရပြီး အင်းစိန်ထောင်တွင် ရှိစဉ် ကိုစန်းဇော်ထွေးသည် သူနေ့စဉ်စားသုံးနေသည့် ထမင်းတွင် ရောပါလာသည့် စားမရသော စပါးလုံးများကို စုပြီး ကိုက်အနည်းငယ်အကွာရှိ အကျဉ်းထောင် ခြံစည်းရိုးအနီးတွင် စုရုံးနေသည့် စာကလေးများထံသို့ ကြဲပက်ကျွေးတတ်သည်။

ပထမတွင် ထို စပါးလုံးများကို ခပ်လှမ်းလှမ်းသို့ ရောက်အောင် ပစ်ကျွေးရသော်လည်း ငှက်ကလေးများ သူနှင့် အလွန် အလှမ်းဝေးနေသည်ကို မကြိုက်သောကြောင့် နောက်ပိုင်းတွင် ပိုပို နီးလာအောင် မလှမ်းမကမ်းတွင် ပစ်သည်။

သီတင်း ၃ ပတ်ခန့်ကြာသောအခါ စာကလေးများသည် သူ့ကို ပိတ်လှောင်ထားသည့် တိုက်ခန်းရှေ့ ခုန်ဆွခုန်ဆွ ရောက်လာတတ်ကြပြီ ဖြစ်သည်။ နောက်တနေ့တွင်မူ သူ့ကို အခြားသော ထောင်တခုသို့ ပြောင်းရွှေ့လိုက်သောကြောင့် ထိုမိတ်ဆွေသစ် ငှက်ကလေးများနှင့် လမ်းခွဲခဲ့ရပြန်သည်။

“တော်တော် စိတ်မကောင်းစရာပဲ။ သူတို့တွေကို ထားခဲ့ရလို့ ကျနော် စိတ်ထိခိုက်ရတယ်” ဟု လွန်ခဲ့သော သြဂုတ်လက ရန်ကုန်မြို့စွန် တောင်ဒဂုံရှိ သူ၏ နေအိမ်တွင် စာရေးသူကို ပြန်ပြောပြသည်။

တောင်ကြီးထောင်တွင်လည်း အလားတူစွာပင် ဇီးကွက်တကောင်နှင့် မိတ်ဖွဲ့ခဲ့သည်။ လက်တဘက် ပြတ်နေသော တောက်တဲ့ တကောင်မှာ သူ၏ နေ့စဉ် အဖော် ဖြစ်လာသည်။ “ထမင်းနည်းနည်းလောက် လုံးပြီး ချကျွေးလိုက်ရင် သူလာ စားပြီး ကျနော့်ကို မော့ကြည့်တယ်” ဟု သူက ပြောသည်။ ထို တောက်တဲ့သည် သူ့ကို လှောင်ပိတ်ထားသည့် တိုက်ခန်းတွင် လပေါင်းများစွာ နေခဲ့ပြီးနောက် အကျဉ်းထောင် အလုပ်သမားတဦးက တက်နင်းမိသောအခါ သေဆုံးသွားခဲ့သည်။

“ကျနော့် အဖော် သေဆုံးသွားတော့ အဲဒီညက အိပ်လို့တောင် မရဘူး” ဟုလည်း သူက ပြောသည်။

စာရေးသူကို သူပြောပြသော ဇာတ်လမ်း အများစုကဲ့သို့ပင် သူ၏ ဇာတ်လမ်းများ အဆုံးတွင် အမြဲလိုလို သင်ခန်းစာ ယူစရာ တခု ပါတတ်သည်။ “ ဒီလိုဆုံးရှုံးမှုတွေကို ရင်ဆိုင်ရတဲ့အခါ ပျော်ရွှင်မှုကို ဖွေရှာဖို့ မျှော်လင့်ချက်သစ်တွေကို ထပ်ထပ်ပြီး မွေးဖွားရတယ်” ဟု သူပြောသည်။

ကိုစန်းဇော်ထွေးကို ချစ်ခင်ကြသူများသည် ၎င်းတို့၏ ခင်မင်လှစွာသော ပန်းချီဆရာ၊ တက်ကြွလှုပ်ရှားသူ၊ ကျောင်းဆရာ၊ ကဗျာဆရာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းသည် ကင်ဆာရောဂါဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် စောစောတွင် ကွယ်လွန်သွားပြီး နောက်တွင်လည်း ၎င်းတို့၏ မျှော်လင့်ချက်သစ်များကို ထပ်မံမွေးဖွားပြီး ပျော်ရွှင်မှုကို ရှာဖွေရန် လေ့လာသင်ယူရပေဦးတော့မည်။

ကိုစန်းဇော်ထွေး ကို ၁၉၇၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် မွန်ပြည်နယ် ရေးမြို့နယ်တွင် ဖွားမြင်သည်။ သားသမီး ၆ ဦးအနက် အငယ်ဆုံးသား ဖြစ်ပြီး မွန်၊ ထားဝယ်နှင့် ဗမာ ကပြားဖြစ်သည်။ သူ လူမမယ်အရွယ် ကပင် မိဘများ ကွဲသွားခဲ့ပြီး မိခင်ဖြစ်သူသည် ရန်ကုန်သို့ သွားရောက်ပြီး စောင်ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်သော အခါ ၎င်းတို့မောင်နှမ ၆ ယောက်ကို အဖွားဖြစ်သူထံတွင် အပ်ထားခဲ့ရသည်။

ကိုစန်းဇော်ထွေး၏ ပန်းနုလရောင် အမည်ရှိ စွန့်ပစ်ပစ္စည်းများ ပြန်အသုံးပြုထားသော ပန်းချီကား

သူ ကလေးဘဝက အစ်မအကြီးဆုံး၏ မင်္ဂလာပွဲကို တက်ရောက်ရန် ရန်ကုန်သို့ ရောက်လာခြင်းသည် ရန်ကုန်ကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ “အဲဒီတုန်းက ရွာကနေ လာရတဲ့လမ်းက ခက်ခဲနေတုန်းပဲ ရှိသေးတယ်။ ကားလမ်းက သွားရင် ဓားပြတိုက်ခံရတာပဲ။ လူတွေက ရေလမ်းကပဲ သွားကြတာ။ ရေးမြို့ပေါ်ကို ရောက်ဖို့ ပင်လယ်ထဲမှာ ၂ ညအိပ် ၃ ရက် ခရီးသွားရတယ်” ဟု သူရှင်းပြသည်။

ရန်ကုန်တွင် အခြေချနေထိုင်ရန် အတွက် နောက်တခါ ရောက်လာသောအခါ ကိုစန်းဇော်ထွေးသည် လူပျိုပေါက် ဖြစ်နေပြီ ဖြစ်သည်။ နောင်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သည်။ သို့သော် သူ၏ တက္ကသိုလ် ကျောင်းသားဘဝမှာ သက်တမ်း ရှည်ကြာခြင်း မရှိလှပေ။

သူသည် အခြားသော ဖန်တီးမှုများကို အားသန်ပြီး စိတ်ကူးစိတ်သန်း ဆန်းသစ်သကဲ့သို့ပင် ဒီမိုကရေစီလိုလားသူများ၏ ကွန်ရက်တွင် မိသားစုသဖွယ် ခံစားလာရသည်။ ၁၉၉၉ ခုနှစ်တွင် အစိုးရဆန့်ကျင်သူဟု သူယူဆသူ တဦးသည် သတင်းပေး ဖြစ်နေပြီး သူ့ကို ဖမ်းဆီးကာ ထောင် ၃၆ နှစ်ချခဲ့သည်။

ထောင်တွင်း အကျဉ်းကျခံဘ၀ အမှောင်ထုသည် ကိုစန်းဇော်ထွေး၏ အစ္ဇျတ္တအလင်းရောင်ကို လွှမ်းမိုး ငြိမ်းသတ်နိုင်ခြင်း မရှိပေ။ ထိုအမှောင်ထုသည် သူ ရွာငယ်လေးတခုတွင် လူလားမြောက်ခဲ့စဉ်နှင့် ၁၉၈၈ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က ဖျက်ဆီးခဲ့သော တက္ကသိုလ်တွင် ရှာဖွေတွေ့ရှိခြင်း မရှိသည့် စွမ်းအားများကိုပင် ဖြစ်စေခဲ့သည်။

ထောင်ထဲတွင် သူ့ကို ပန်းချီပညာ သင်ကြားပေးသော သူ့ထက် အသက်ကြီးသည့် အခြားအကျဉ်းသားတဦးနှင့် တွေ့ခဲ့သည်။ နောင်တွင် သူသည် ကပ်ကြေးများနှင့် ကော်များ ရရှိရန် အတွက် အကျဉ်းထောင် အစောင့်များထံတွင် အစားအစာနှင့် လဲလှယ်ယူတတ် လာသည်။

ထိုအစောင့်များက ထောင်တွင်းရှိ အမှိုက်အိတ်များကို မွှေနှောက်ရန်လည်း သူ့ကို ခွင့်ပြုခဲ့သည်။ သူသည် ပလပ်စတစ် အပိုင်းအစများ၊ သတ္တု အပိုင်းအစများကို ယူပြီးနောက် ဖမ်းစားနိုင်သည့် အရောင်အသွေးစုံ ပန်းချီကားများ အဖြစ် ပြောင်းလဲ ပစ်လိုက်သည်။ ထိုပန်းချီကားများသည် အကျဉ်းထောင်အတွင်းမှ သူ ခံစားခွင့် မရသည့် ရှုခင်းများကို သရုပ်ဖော်ထားသလို သူ၏ စိတ်ဝိဉာည်ကို ပြသနေသည့် ပြူတင်းပေါက်များလည်း ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ထောင်မှ ပြန်လည် လွတ်မြောက်လာသောအခါ အရောင်အသွေး၊ အလင်းအမှောင်၊ ပြင်းထန်သော ခံစားချက်များနှင့် ပြည့်နှက်နေသော ကိုစန်းဇော်ထွေး၏ အတွင်းသရုပ်ကို ပြင်ပလောကက တွေ့ မြင်ခွင့် ရလာခဲ့သည်။ ထိုစဉ်က သူသည် ကွဲပြားသော အရာများကို ပေါင်းစပ်ထားသည့် ပန်းချီကား ဒါဇင်ပေါင်းများစွာ ဖန်တီးထား ပြီးလည်း ဖြစ်သည်။

ခြေတံရှည်အိမ်များ၊ မြေသြဇာကောင်းသော တောင်စောင်းတွင် တွေ့ရသည့် ဘုရားပုထိုး စေတီများဖြင့် သူ၏ စိတ်ကူး စိတ်သန်းသည် မြန်မာဆန်မှုကို အထင်အရှား တွေ့မြင်ရ သော်လည်း ထိုလက်ရာများက ပေးသော စိတ်ခံစားမှုသည် အကြွင်းမဲ့သည်။ စိတ်ကို အဖမ်းစားနိုင်သော သူ၏ လက်ရာများမှာ သဘာဝရှုခင်းများ ဖြစ်ကောင်း ဖြစ်နိုင်ပြီး ၎င်းတို့သည် အဝေးမှ ရေးဆွဲထားသော စုတ်ချက်များနှင့် တူသလို သူထောင်မကျမီက သူ မြင်တွေ့ဖူးနိုင်ခြေ မရှိသော အခြား ပန်းချီ ဆရာများ၏ လက်ရာများကို ပေါင်းကူးထားပေးသည်။

ကိုစန်းဇော်ထွေး၏ ပင်လယ်ထဲက တောင် အမည်ရှိ စွန့်ပစ်ပစ္စည်းများ ပြန်အသုံးပြုထားသော ပန်းချီကား

ကိုစန်းဇော်ထွေး၏ collage ပန်းချီများတွင် သရုပ်ဖော်ထားသော သဘာဝပတ်ဝန်းကျင်သည် ခံစားကြည့်ရှုသူကို ချာဂါလီးယန်း ကောင်းကင် (Chagellian sky) ဆန်ဆန် ခံစားရသော ပင်လယ်အောက်တွင် ရှိသည့် ဟီရိုးရှိဂျ်၏ တောင်များ (Hiroshige’s mountains)၊ လယ်ကွင်းများ ရှိရာ အိပ်မက် ကမ္ဘာသို့ ပို့ဆောင်ပေးလိုက်သည်နှင့် တူသည်။

(မှတ်ချက်- Hiroshige’s mountains ဆိုသည်မှာ ဂျပန်ပန်းချီဆရာကြီး Hiroshige ရေးဆွဲသည့် တောင်ကုန်း၊ တောင်တန်း၊ ပင်လယ်၊ ကျွန်းများ၊ သစ်ပင်များကို နီးဝေးအမြင်ကို ပသာဓဖြစ်အောင် ရေးဆွဲထားသည့် ပန်းချီကားများကို ရည်ညွှန်းပြီး Chagellian sky မှာ တောင်တန်းနှင့် တိမ်များကို နီးဝေးအမြင်၊ အရောင်ပြင်များကို သုံးစွဲရေးဆွဲသည့် ပန်းချီကားများကို ညွှန်းသည်။)

သူ၏ collage ပန်းချီကားများတွင် ဝေးကွာသော ယဉ်ကျေးမှုများမှ ပန်းချီဆရာများ၏ လက်ရာများကို တင်ဆက်သည်နှင့် ဆင်ဆင်တူသော အစိတ်အပိုင်းများ ရှိနေသော်လည်း သူ၏ အရောင်ရွေးချယ်မှုနှင့် ဖြစ်ပေါ်စေသော ခံစားမှုသည် ဗင်းဆင့်ဗင်ဂိုး နှင့် အတူဆုံး ဖြစ်သည်။ သူ၏ အကျော်ကြားဆုံးလက်ရာ အချို့ကို မဖန်တီးမီ စိတ်ကုဆေးရုံတက်ခဲ့ရသော ဗန်ဂိုးကဲ့သို့ပင် ကိုစန်းဇော်ထွေးသည် ပြင်ပလောကနှင့် အဆက်အသွယ် ကင်းမဲ့နေချိန် (အကျဉ်းထောင်ထဲ) တွင် သူ၏ ပန်းချီလက်ရာများကို ဖန်တီးခဲ့ရသည်။

ပင်လယ်ထဲမှတောင် အမည်ရှိ သူ၏ ပန်းချီလက်ရာတွင် တစိတ်တပိုင်း ပျောက်ကွယ်နေသော နေတစင်းမှ ရစ်ခွေထွက်လာသော အဝါရောင် အလင်းတန်းများဖြင့် အစင်းအကြောင်း ထင်နေသည့် လှုပ်ခတ်နေသော စိမ်းပြာရောင် ပင်လယ်တခုသည် တောက်ပသော ကုန်းမြေဒေသ တစိတ်တပိုင်းနှင့် အနီရောင်နှင့် အဝါရောင် အလင်းတန်းများ ထင်ဟပ်နေသော ထူးခြားစွာ စိမ်းလန်းနေသည့် တောင်တလုံးကို ဝန်းရံထားသည်။

သူ ကလေးဘဝက ထားဝယ်တွင် သို့မဟုတ် မုတ္တမ ပင်လယ်ကွေ့အတွင်း သူ၏ ပထမဆုံးခရီးက အရောင်များကို ပြန်လည်မြင်ယောင် ဖန်တီးထားသည် ဟု ဆိုနိုင်သည်။

ကိုစန်းဇော်ထွေးသည် ဒီမိုကရေစီ လှုပ်ရှားမှုကို သူ၏ ပန်းချီဖြင့် မကြာခဏ ဖော်ညွှန်းတတ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ကာလကြာမြင့်စွာကပင် ထောက်ခံခဲ့ပြီး ထောင်တွင်း၌သာမက ထောင်ပြင်ပတွင်လည်း သူမ၏ ပုံတူများကို ဖန်တီးရန် ရွှေဆိုင်းများကို အသုံးပြုခဲ့သည်။ သူသည် ကွယ်လွန်ချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားခဲ့သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်သူများ အတွက်လည်း ကိုစန်းဇော်ထွေးတွင် ပြောစရာ သတင်းစကားတခု ရှိသည်။ “ဒေါ်အောင်ဆန်းစုကြည် က သူ တတ်နိုင်တာကို သူ လုပ်နေတယ်။ သူဟာ အကန့်အသတ်ကို ကျော်ဖြတ်သွားဖို့လည်း ကြိုးစားတယ်။ ဒါကြောင့် ကျနော် သူ့ကို လေးစားတယ်။ ကြည်ညိုတယ်။ ကျေနပ်တယ်။ ကျနော်တို့ တဦးချင်း ကိုယ်တိုင်လည်း ဒီလိုပဲ လုပ်ဆောင်သင့်တယ်” ဟု သူက စာရေးသူကို ၂၀၁၇ ခုနှစ်က ပြောခဲ့ဖူးသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သူတွေဟာ ဒီမှာ ရှိနေတဲ့ အရာရာကို ပြောင်းလဲရမယ့် သူတွေရဲ့ အမြင်တွေကို ထည့် မစဉ်းစားကြဘူး။ ဒါကြောင့် သူတို့ ဝေဖန်နေကြတယ်။ ငါလုပ်ဖို့ ကြိုးစားနေတာတွေက တခြားသူတွေကို ဘယ်လို အထောက်အကူ ပြုလဲ ဆိုတာကို မစဉ်းစားကြဘူး။ ကျနော်တို့ ဘယ်လိုလုပ်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်မှာလဲ” ဟုလည်း သူက ပြောသည်။

ကိုစန်းဇော်ထွေး၏ စွန့်ပစ်ပစ္စည်းများ ပြန်အသုံးပြုထားသော အမည်မသိ ပန်းချီကားတချပ်

“လူတိုင်း ဒီလိုလုပ်ဖို့ အခွင့်အလမ်းရှိတယ်။ ဘာမှ အကူအညီမပေးဘဲ ဝေဖန်နေရုံနဲ့ ဘဝက ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ တိုင်းပြည်လည်း ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး” ဟုလည်း သူက ဆိုသည်။

ညှဉ်းပမ်းနှိပ်စက် ခံရသူ ဖြစ်သော်လည်း ကိုစန်းဇော်ထွေးသည် သူ့ကို ညှဉ်းပမ်းသူများကို မေတ္တာထားနိုင်သည်။ သူ လွတ်မြောက်လာပြီးနောက် သူ၏ ပထမဆုံး နိုင်ငံရေး ဆောင်ရွက်ချက်မှာ ထောင်ဝါဒါများနှင့် ပူးပေါင်းပြီး သူ့ကို မကောင်းကြံသည့် အကျဉ်းသားတယောက် လွတ်မြောက်ရေးဖြစ်သည် ဟုသူက ပြောသည်။ ခွင့်လွှတ်ခြင်းသည် အတိတ်က ဖြစ်ရပ်ကို ဖျောက်ဖျက်ခြင်း မဟုတ်ကြောင်းလည်း သူသိသည်။

အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် လုပ်ဆောင်သည့် သူ၏ အနုပညာဆိုင်ရာ ဆောင်ရွက်ချက်များသည် လူထုအသိကို လှုပ်နှိုးရန်နှင့် တရားမမျှတမှုကို သက်သေပြရန် ဖြစ်သည်ဟုလည်း သူက ပြောသည်။

မိသားစုနှင့် မိတ်ဆွေများက ညီထွေး ဟု ခေါ်ကြသော ကိုစန်းဇော်ထွေးသည် သူ့တွင် ရှိသမျှ အနည်းငယ်သော ငွေနှင့် အားလပ်ချိန် အားလုံးနီးပါးကို အခြားသူများ အတွက် အသုံးချသည်။ လွန်ခဲ့သော နှစ်က မိတ်ဆွေတဦး ဖျားနာသောအခါ ပြန်လည် နေကောင်းသည် အထိ သွားရောက် ချက်ပြုတ်ကျွေးမွေးပြီး မစားနိုင်သော အခါများတွင် ဇွန်းဖြင့်ပင် ခွံ့ကျွေး ပြုစုခဲ့သည်။

ဉာဏ်ကောင်းပြီး သိမ်မွေ့သူ ကိုစန်းဇော်ထွေးတွင် ခေါင်းမာသော ပြတ်သားမှုလည်း ရှိသည်။ ထိုသို့သော ခေါင်းမာ ပြတ်သားခြင်းသည် မစဉ်းစားရဲလောက်အောင် ပြင်းထန်သည့် ဖိနှိပ်မှု၊ ကြမ်းကြုတ်ရက်စက်မှုများနှင့် ရင်ဆိုင်ရသော အခါတွင် အခိုင်အမာ ဆက်လက် ယုံကြည်သူတဦး ဖြစ်စေရန် စိတ်ခွန်အား တခုပင် ဖြစ်သည်။

ကိုစန်းဇော်ထွေးသည် ပျော်ပျော်နေတတ်သူ ဖြစ်ပြီး ပျော်ရွှင်မှုကို ဖန်တီးရန် ပူးပေါင်းကြံစည်တတ်သူ ဖြစ်သည် ဟုလည်း သူ၏ မိတ်ဆွေများက အမှတ်ရကြသည်။

ထောင်မှ လွတ်လာပြီးနောက် ကိုစန်းဇော်ထွေးသည် သူ၏ ဆန်းသစ်တီထွင်ခဲ့သည့် မတူညီသော အရာများ ပေါင်းစပ် ဖန်တီးသည့် collage ပန်းချီကိုသုံးပြီး ကချင်စစ်ဘေးရှောင်များ၊ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံလူငယ်များနှင့် ရန်ကုန်ရှိ အခြေခံ အခွင့်အရေး ဆုံးရှုံးနေသောလူငယ်များကို ပန်းချီပညာသင်ကြားပေးသည်။

သူ မကွယ်လွန်မီက စာရေးသူနှင့် ဒီမိုကရေစီ လှုပ်ရှားမှုအကြောင်း၊ ကလေးစာပေများ ထုတ်ဝေရန် ပူးပေါင်းဆောင်ရွက် နေကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ကလေးများ အတွက် ပညာရေး အစီအစဉ်တခုကိုလည်း ပူးတွဲလုပ်ဆောင်နေကြောင်း စသည့် အကြောင်းအရာများ ပြောဆိုဖြစ်ခဲ့သည်။

၂၀၁၄ ခုနှစ်က သူ Artraker Award ဆုရရှိရေး အတွက် လျှောက်လွှာကို စာရေးသူ ကူညီ ရေးသားပေးနေချိန်တွင် ကိုစန်းဇော်ထွေးသည် စာရေးသူထံ စာတစောင် ရေးသားခဲ့သည်။ ညှဉ်းပမ်းနှိပ်စက်မှုများနှင့် ဖိနှိပ်မှုများသည် လူတဦး၏ ခန္ဓာကိုယ်ကို ချိုးဖျက်နိုင်သော်လည်း အတွင်းရှိ စိတ်ဓာတ်ကို ထုတ်ယူသွားနိုင်ခြင်း မရှိဟု သူထင်ကြောင်း ထိုစာတွင် သူက ရေးသားခဲ့သည်။

သူ၏ စိတ်ဓာတ်သည် ခံနိုင်ရည်ရှိသော်လည်း နောက်ဆုံးတွင် သူ၏ ခန္ဓာက အရှုံးပေးလိုက်ရသည်။ ကိုစန်းဇော်ထွေးသည် အသည်းကင်ဆာ ကျွမ်းနေကြောင်း နိုဝင်ဘာလ အစောပိုင်းတွင် သိလိုက်ရသည်။ ထိုကင်ဆာမှာ ထောင်အတွင်း ရောဂါကူးစက်ခံရခြင်းများ၏ အကျိုးဆက် ဖြစ်သည်။ သူ့ကို ပထမဆုံး ထောင်ချစဉ်မှ စတင်ပြီး အခက်အခဲများ ပတ်ချာ ဝိုင်းနေသော သူ၏ မိသားစုသည် သူ့အတွက် လုံလောက်သော ကုသမှုရရန် ရုန်းကန်ရသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အတွက် နစ်နာမှုလျှော်ကြေး မရှိသေးခြင်း၊ သူ့ကို ကူညီမည့်အစီအစဉ် မရှိသလောက် ဖြစ်နေခြင်းနှင့် နိုင်ငံတကာ အသိုင်းအဝန်းက ၎င်းတို့ အပေါ် စာနာမှု မရှိတော့သောကြောင့် သူ၏ မိတ်ဆွေများသည် နောက်ဆုံးတွင် သူ့အတွက် ကင်ဆာကုသစရိတ် ရရန် သူ၏ ပန်းချီကားများကို လေလံတင် ရောင်းချရန် နည်းလမ်းမှအပ အခြားနည်းလမ်း ရှာမရတော့ပေ။

ကိုစန်းဇော်ထွေးသည် ကွဲပြားခြားနားလွန်းသော ဘဝများကို ပေါင်းကူးပေးရန် သူ့ဘဝ အချိန်များစွာကို အသုံးချခဲ့သည်။ သူသည် သူ၏ အနုပညာမှ တဆင့် သူ၏ ကလေးဘဝ အမှတ်သညာများ၏ အစ္ဇျတ္တနှင့် ချိုးဖျက်မရနိုင်သော အတွေး စိတ်ကူး ဖန်တီးမှု အယူအဆများကို ဝေဒနာနှင့် တရားမျှတမှု ကင်းမဲ့ခြင်း၏ ပြင်ပလောကသို့ ဖွင့်ထုတ် ဆောင်ယူပေးခဲ့သည်။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ ခံစားနေရသော ဒုက္ခများနှင့် မြန်မာနိုင်ငံရှိ အခြားအသိုင်းအဝန်းများ ခံစားနေရ သော ဝေဒနာများ အကြားတွင် ရှိနေသည်ဟု ထင်ရသော နက်ရှိုင်းသည့် ချောက်ကမ်းပါးသည် ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်သည် ဟု သူ သိမြင်လာသည်။ ထိုသို့ သိမြင်မှုကြောင့်ပင် သူသည် HIV ပိုး ကူးစက်ခံ ကလေးများ၊ ကချင် ဒုက္ခသည်များ၊ အခြေခံအခွင့်အရေး ဆုံးရှုံးနေသည့် မြို့ပြလူငယ်များနှင့် နိုင်ငံရေးအကျဉ်းသားများ အကြားတွင် ပေါ့ပေါ့ပါးပါး သွားလာနေထိုင်သည်။

သူ ကွယ်လွန်ပြီးနောက် သူ့မိသားစုနှင့် စာရေးသူအပါအဝင် မိတ်ဆွေများသည် သူနှင့်အတူ ယုံကြည်ခဲ့သည့် ဤစံနှုန်း အိပ်မက်များကို မည်သို့ အကောင်အထည်ဖော်ရမည်ကို စဉ်းစားရင်း ကျန်ရစ်ခဲ့ကြသည်။

ကင်ဆာရောဂါကြောင့် သူ မသေဆုံးမီ နောက်ဆုံးနေ့ရက်များတွင် ကိုစန်းဇော်ထွေးက စာရေးသူကို မည်မျှကြီးမားသည့် အလှတရားများ ပေးခဲ့သည်၊ သူ၏ သိမြင်မှု အလင်းရောင်ကို မည်မျှအထိ ခွဲဝေပေးခဲ့သည် နှင့် စာရေးသူက အနည်းငယ်သာ တုံ့ပြန်နိုင်ခဲ့သည်ကို မကြာခဏ စဉ်းစားမိသည်။

သူ၏ ပေးဆပ်မှု လက်ဆောင်များ အတွက် စာရေးသူက ပြန်လည်ပေးဆပ်နိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ထင်ယောင်ထင်မှားမှု ရလဒ် အဖြစ် တည်ရှိနေသော ချောက်ကမ္ဘားကြီးကို ပေါင်းကူးပေးဖို့ ကြိုးစားရန်နှင့် သူခံစားခဲ့ရသော ဝေဒနာများကို ကန့်သတ်ချုပ်ချယ်မှု ရှိနေသော နေရာတွင်မထားဘဲ မျှော်လင့်ချက်တို့ စဉ်ဆက်မပြတ် အသစ်တဖန် ရှင်သန်နိုင်ပြီး ချေမှုန်းမရနိုင်သည့် ကိုစန်းဇော်ထွေး၏ စစ်မှန်သော အလှတရားသည် ပင်ကိုယ်အတိုင်း ရှိနေမည့် ပိုမိုကျယ်ပြန့်သော အိပ်စက်ရာ ခြုံလွှာပေါ်တွင်သာ ထားရှိရန် တတ်နိုင်သလောက် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း စာရေးသူ နားလည် မိပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Seinenu Thein-Lemelson ၏ Myanmars Van Gogh Taken Too Soon, Leaves Legacy of Indomitable Beauty ကို ဘာသာပြန်သည်။ ၎င်းသည် မြန်မာ-အမေရိကန်ကပြား၊ စိတ္တဗေဒဆိုင်ရာ မနုဿဗေဒ ပညာရှင် ဖြစ်ပြီး University of California, Berkeley တွင် ဧည့်သုတေသီ အဖြစ်လုပ်ကိုင်နေသည်။ Institute for Democratic Education and Leadership (IDEAL) ကို တည်ထောင်သူလည်း ဖြစ်သည်။ ကိုစန်းဇော်ထွေး၏ ဘဝကို ဂုဏ်ပြုရန် သူမ စုဆောင်း ထားသော ကိုစန်းဇော်ထွေး၏ ပန်းချီကားများကို ယခုနှစ် အတွင်း ရန်ကုန်တွင် ပြသမည် ဖြစ်သည်။ လာရောက် ကြည့်ရှုနိုင်ရေး စုံစမ်းမေးမြန်းရန် အတွက် သူမ၏ seinenu@berkeley.edu သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။)

The post အိပ်မက်ပမာ ရောက်လာခဲ့သူ မြန်မာ ဗင်ဂိုး appeared first on ဧရာဝတီ.

ခေတ်မီမှုနှင့် အစဉ်အလာကြားက အင်ဒိုနီးရှား တရုတ် နတ်ဝင်သည်

$
0
0

အရီဖင်ကာနီယာဝမ် Arifin Kurniawan က ဝပ်တွားနေသော အသက် ၅၅ နှစ်အရွယ် သူ့ဖခင် ၏ အပေါ်တွင် စီးမိုးရပ်နေသည်။ အဖိုးအို၏ ဦးခေါင်းကို မြဲမြဲကိုင်ထားရင်း ဆံပင်ရွှေရောင်နှင့် သားဖြစ်သူက ဟုတ်ကီယန့် Hokkien ဘာသာစကားဖြင့် ညွှန်ကြားချက်များ မာမာထန်ထန် ပြောနေသည်။

အသက် ၂၁ နှစ် အရွယ် တရုတ်နွယ်ဖွား အင်ဒိုနီးရှားနိုင်ငံသား အရီဖင်ကာနီယာဝမ်က ခုနကပင် သူ့ လျှာကို ဒါးဖြင့် တမင်သက်သက် လှီးခဲ့သေးသည်။ သွေးကို အသုံးပြု၍ စာရွက်ပေါ်တွင် တရုတ်စာလုံးများ ရေးသားရန် ဖြစ်သည်။ ခြောက်ခြားစရာ အနီရောင် အလင်းတခုက လွှမ်းထားပြီး နံရံပေါ်တွင် မရေတွက်နိုင်သော နတ်ဘုရား ရုပ်ထုများနှင့် လေထုထဲတွင် ဆုတောင်းသံများဖြင့် ပြည့်နေသော ဖက်ကူကွန်း Fat Cu Kung ဘုရားကျောင်းက ယခုညအတွက် အရီဖင်ကာနီယာဝမ်၏ ပိုင်နက် ဖြစ်သည်။

ဒူးထောက်ထားသည့် ပရိသတ်များဝန်းရံထားသည့်ကြားတွင် သူက ရင်ဘတ်အထိအောင်ရှည်လျားသည့် မုတ်ဆိတ် ရှိနေသလိုမျိုး ပွတ်သပ်နေသည်။

သို့သော်လည်း သာမန်နေ့တနေ့တွင် ဆိုလျှင် ထိုလူငယ်လေးက ဟုတ်ကီယန့် စကားမပြောပါ။ သို့မဟုတ် တရုတ်စာပင် မရေးတတ်ပါ။ သူ့မှာ မုတ်ဆိတ်လည်း မရှိပါ။

အရီဖင်ကာနီယာဝမ်နှင့် သူ့အဖေတို့ အတူတကွ/ Ceritalah / Muhammad Fadli

အရီဖင်က နတ်ဝင်သည်တဦး ဖြစ်သည်။ ထိုညနေက သူ့ကို ရှေးခေတ် တရုတ်နိုင်ငံ သုံးပြည်ထောင်ခေတ် (Three Kingdoms) မှ သမိုင်းဝင် ဗိုလ်ချုပ်ကြီး တဦးဖြစ်သည့် ကန်ယု Guan Yu ကို အခြေပြုသည့် နတ်ဖြစ်သော ကန်ကွန်း Guan Gong က ပူး ကပ်ထားသည်။ ရိုးရာ ပူဇော်ပသမှု၏ တစိတ်တပိုင်း အနေဖြင့် ကန်ကွန်း (သူ၏ မယိမ်းယိုင်သော သစ္စာရှိမှုနှင့် ရဲ စွမ်း သတ္တိကြောင့် လူကောင်းများကြားတွင်ရော လူဆိုးများကြားတွင်ပါ ရေပန်းစားသူ) က သူ့ကိုယ်တွင်းသို့ ဝင်လာခဲ့သည်။

“တချို့ ညတွေဆိုရင် ကျနော့်ကို ဝိဉာဉ် ၄ ခု သို့မဟုတ် ၅ ခုလောက် ပူးကပ်ခြင်း ခံရနိုင်တယ်။ ကြိုတင်ပြင်ဆင်ထားဖို့ ကျနော့် အနေနဲ့ အနည်းဆုံး ၃ ရက်လောက် ကိုယ့်ကိုယ်ကို သန့်ရှင်းအောင် ထိန်းသိမ်းထားရတယ်။ အသီး အရွက် စားရတယ်။ ညစ်ညမ်းတာတွေ မတွေးရဘူး။ တရား အများကြီး ထိုင်ရတယ်။ ကျနော်က နတ်ဖြစ်လာတာ မဟုတ် ပါဘူး။ အဲဒါက စိတ်ကြီးဝင်သလို ဖြစ်သွားပါလိမ့်မယ်။ ကျနော်က (ပူးကပ်ဖို့အတွက်) အခွံတခု သက်သက်ပါ” ဟု အရီဖင်က ရှင်းပြသည်။

လွန်ခဲ့သော နာရီ အနည်းငယ်က အရီဖင်ကို အင်ဒိုနီးရှား နိုင်ငံမှ တရုတ်လူမျိုးပိုင် ရှေးအကျဆုံး ကော်ဖီဆိုင်များထဲမှ တခုဖြစ်သော တက်ကီ Tak Kie တွင် ကျနော် ပထမဆုံးတွေ့ခဲ့ရပါသည်။ ၁၉၂၇ ခုနှစ်တွင် စတင်တည်ထာင်ခဲ့သည့် ကော်ဖီဆိုင်က ဂျကာတာမြို့၏ တရုတ်တန်းတွင် လူကြိုက်များသည့် နေရာတခု ဖြစ်သည်။ သူ ဆိုင်ထဲသို့ ဝင်လာသည့် အချိန်တွင် ထိုင်နေကျ ပုံမှန်ဖောက်သည် အများအပြားက လှိုက်လှိုက်လှဲလှဲ ကြိုကြသည်။

အင်ဒိုနီးရှား နိုင်ငံမှ တရုတ်လူမျိုးပိုင် ရှေးအကျဆုံး ကော်ဖီဆိုင်များထဲမှ တခုဖြစ်သော တက်ကီ Tak Kie/ Ceritalah / Muhammad Fadli

ကော်ဖီဆိုင် နောက်ဖက် လမ်းကြားအတိုင်း ဆင်းသွားလျှင် အရီဖင်၏ မိသားစု ပိုင်သော ကုန်စုံဆိုင်ငယ်လေး တခုရှိသည်။ စတုရန်းမီတာ ၇၀ ကျယ်သည့် သူတို့အိမ် အပြင်ဖက်တွင် ဖြစ်သည်။ အရီဖင် ဆုတောင်းမှုများ ပြုလုပ်သည့်နေရာ ဖြစ်သော ဘုရားကျောင်းနှင့် ၅ မိနစ် ခရီး အကွာတွင် တည်ရှိပါသည်။ ဘုရားကျောင်းနှင့် ဘေးချင်းကပ်လျှက်တွင် အရီဖင် ၆ နှစ်သား ကတည်းက ပါဝင်ဖျော်ဖြေခဲ့သည့် နဂါး အကအဖွဲ့ လေ့ကျင့်ရာနေရာ ရှိပါသည်။

“ဒါက ကျနော့် အသိုင်းအဝိုင်းပဲ။ ဘုရားကျောင်းက တဆင့် ကူညီခြင်းနဲ့ ဖြစ်စေ ကျနော်တို့ရဲ့ ရိုးရာဓလေ့တွေကို ထိန်း သိမ်းခြင်းနဲ့ ဖြစ်စေ ကျနော်တတ်နိုင်တဲ့ နည်းနဲ့ အလုပ်အကြွေးပြုဖို့ ကျနော်ကြိုးစားတယ်။”

အထက်တန်းအောင်မြင်ပြီးနောက် အလုပ်စတင်လုပ်ရန် အရီဖင်က ချက်ခြင်း ရွေးချယ်ခဲ့သည်။ အရပ်မြင့်မြင့်၊ ထက် မြက်သော အကြည့်နှင့် နွေးထွေးသော အပြုံးတို့ ရှိသောကြောင့် ဖက်ရှင် မော်ဒယ်တယောက် အဖြစ် သူ အလုပ်ရခဲ့ သည်။ ခြေင်္သ့အက၊ ရိုးရာ အစဉ်အလာများနှင့် ဖက်ရှင်ရှိုးပွဲတွင် လမ်းလျှောက်ခြင်းများ လုပ်ရင်း အလုပ်ကြိုးစားသည့် လူငယ်လေးက အပိုဝင်ငွေ ရရေးအတွက် ပွဲလမ်းများတွင် တယ်လီဖုန်း ဆင်းမ်ကတ်များ ရောင်းသည့် အလုပ်ကိုလည်း လုပ်သေးသည်။

“ကျနော် တက္ကသိုလ် မတက်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော့် မိသားစုအတွက် ပိုက်ဆံပဲ ရှာချင်ခဲ့တယ်။ ကျနော့် အတွက် အောင်မြင်မှုဆိုတာက ကျနော့် မိဘတွေကို ပိုက်ဆံ ပြန်ပေးနိုင်တာပဲ”

သားသမီး ၃ ယောက်တွင် အငယ်ဆုံး ဖြစ်သော အရီဖင်က ခေတ်မီမှုနှင့် ရိုးရာ အစဉ်အလာကြားတွင် ကြိုးတန်း လျှောက်နိုင်စွမ်း ရှိခဲ့ခြင်းမှာ သူ၏ စုံလင်ကွဲပြားသော မိသားစု အသိုင်းအဝိုင်းကြောင့် ဖြစ်ပုံရပါသည်။ သူ၏ ဖခင်နှင့် အကို တို့က ဗုဒ္ဓဘာသာဝင်များ ဖြစ်သော်လည်း သူ့မိခင်က မွတ်ဆလင် ဖြစ်သည်။ သူ၏ အမက ကက်သလစ် ခရစ် ယန် ဖြစ်သည်။

“ကျနော်တို့ရဲ့ ကွဲပြာခြားနားမှုတွေကို ကျေနပ်ပါတယ်။ ခရစ်စမတ် အချိန်ဆိုရင် ကျနော်တို့ အမကို ပျော်စရာ ခရစ် စမတ်ပါလို့ ဆုတောင်းပေးတယ်။ အစ္စလမ်ဥပုတ်လ ဆိုရင် ကျနော်တို့ အမေကို တတ်နိုင်သမျှ ပံ့ပိုးပေးပါတယ်။”

အရီဖင် ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင် တယောက် ဖြစ်သော်လည်း မွတ်ဆလင် မိန်းကလေး တဦးနှင့် ချစ်ကျွမ်းဝင်နေသူ ဖြစ်သည်။

“ကျနော်တို့ ဒါကို ဖြေရှင်းပါမယ်။ ကျနော်က သူ့အတွက် အစ္စလမ်ဘာသာကို ပြောင်းဖို့ ဆန္ဒရှိပါတယ်။ ကျနော့် အဖေ က ဘုရားကျောင်းမှာ လုပ်နေတဲ့ ကျနော့်တာဝန်တွေကို ဆက်လုပ်ရမယ် ဆိုတာ တချက်ပဲ ကန့်သတ်ပါတယ်။ ကျနော် ကလည်း အဲဒါကို တကယ်ကို ဆက်လုပ်မှာပါ။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ ကိုးကွယ် ယုံကြည်မှုတွေမှာ ဝိရောဓိ ဖြစ်စရာ တခုမှမတွေ့ဘူး။ အပေးနဲ့ အယူ ရှိပါတယ်။

“ကျနော်က တရုတ်နဲ့ မွတ်ဆလင်၊ ခေတ်သစ်နဲ့ ရိုးရာ အစဉ်အလာ၊ Instagram ပေါ်က ဖက်ရှင် မော်ဒယ်နဲ့ ဘုရားကျောင်းတွေက နတ်ဝင်သည်တယောက် ဖြစ်လို့ ရပါတယ်။ အဲဒါတွေ အားလုံးက ဟန်ချက်ညီမျှစွာ အတူယှဉ်တွဲပြီး တည်ရှိလို့ ရပါတယ်။ နောက်ဆုံးပြောရရင် အင်ဒိုနီးရှား နိုင်ငံက ရာနဲ့ချီတဲ့ ဘာသာတွေ လူမျိုးတွေ ရှိနေတဲ့ မြေပါ။ ကျနော် ကိုယ်တိုင်နဲ့ ကျနော့် မိသားစုကိုပဲ ကြည့်လိုက်ပါ။”

Islamic Defenders Front (FPI) ကဲ့သို့ အခြေခံဝါဒီ အဖွဲ့များက ဦးဆောင်သည့် ဘာသာရေး ရှေးရိုးစွဲလှိုင်းကို သတိ ရမိသည့် ကျနော်က အရီဖင်ကို ဂျကာတာ အုပ်ချုပ်ရေးမှူးဟောင်း တရုတ်/ခရစ်ယန် အဟော့ Ahok နှင့် ပတ်သက်၍ သူ့အမြင်ကို မေးကြည့်ပါသည်။

“အပြောနည်းပြီး အလုပ်ပိုလုပ်တယ်။ အဟော့ကို ကျနော် ဒီလိုပဲမြင်တယ်။ သူ့လက်အောက်မှာ ဂျကာတာက ပိုပြီး သန့်ရှင်းလာတယ်။ ပိုပြီး ထိရောက်လာတယ်။ သူက မှန်ကန်တဲ့ လမ်းကြောင်းကို ဦးဆောင်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်တယ်။ ယာဉ်ကျော ပိတ်ဆို့မှုတွေကို လျှော့ချတယ်။ မြို့တော်ကို ခေတ်မီအောင် လုပ်တယ်။”

ယခုအခါ အဟော့မှာ ဘာသာရေးကို စော်ကားပြောဆိုမှုဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရသည်။

ကျနော် ယုံကြည်တဲ့ အင်ဒိုနီးရှား ဆိုတာက ကျနော်တို့တွေ အတူတကွ ရှေ့ ဆက်သွားနေတဲ့ နေရာတခုပါ”/ Ceritalah / Muhammad Fadli

“ဝမ်းနည်းစရာ တခုလို့ ကျနော် ထင်ပါတယ်။ သူ့ရဲ့ လူမျိုး သို့မဟုတ် ဘာသာကို ကျနော် ဂရုမစိုက်ဘူး။ သူ ဘာတွေ ပြီးမြောက်အောင် လုပ်ခဲ့သလဲ ဆိုတာပဲ ဂရုစိုက်တယ်။ ဂျကာတာအတွက် ကျနော့် မျှော်လင့်ချက်က ရိုးရှင်းပါတယ်။ ကျနော်တို့ ခေတ်မီတဲ့ မြို့တမြို့ ဖြစ်လာသင့်တယ်။ အဲဒါက ဘာလဲဆိုတော့ ယာဉ်ကျောပိတ်ဆို့မှု ပြဿနာ တွေကို ဖြေရှင်းရမယ်။ အများပြည်သူအတွက် ပို့ဆောင်ရေး စနစ်တွေပို ရှိရမယ်။ လမ်းတွေ သန့်ရှင်းရမယ်။ နေရာတိုင်းမှာ ဆိုက်ကားတွေ၊ အမှိုက်သရိုက်တွေနဲ့ ၁၉၈၀ နှစ်တွေဆီကို ကျနော်တို့ ပြန်မသွားနိုင်ဘူး။”

အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲ နှင့် ၂၀၁၉ ခုနှစ် သမ္မတ ရွေးကောက်ပွဲတို့ နီးကပ်လာ သည့်အချိန်၌ နိုင်ငံရေး ကွဲပြားမှုလမ်းကြောင်းများက ပိုပြီး နက်ရှိုင်းလာသည်။

၂၀၁၇ ခုနှစ် ဂျကာတာ အုပ်ချုပ်ရေးမှူး ရွေးပွဲကို အဆိပ်ခတ်ခဲ့သည့် လူမျိုးရေး နှင့် ဘာသာရေးကိစ္စများက နောက်တကြိမ်ပြန်၍ အရုပ်ဆိုးစွာ ခေါင်းထောင်ပြီး အင်ဒိုနီးရှား နိုင်ငံ၏ ဆောင်ပုဒ်ဖြစ်သော “Bhinneka Tunggal Ika” (ကွဲပြားမှုဖြင့် စည်းလုံးခြင်း) ကို စိန်ခေါ်လာနိုင်ပါသည်။ အဖြစ်အပျက် အချို့လည်း ရှိခဲ့ပြီး ဖြစ်သည်။

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ဒါးရှည်ကိုင်ထားသော အမျိုးသား တယောက်က ဂျော့ဂျကာတာ Yogyakarta ရှိ ခရစ်ယန် ဘုရားကျောင်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် လူ ၄ ယောက် ဒဏ်ရာရပြီး ယေရှု ခရစ်တော် နှင့် မယ်တော်မာရီတို့၏ ရုပ်ထုများ ခေါင်းပြတ်ခဲ့ရသည်။ ထိုကိစ္စ မတိုင်ခင် တပတ်က တန်ဂျရန်းမြို့ Tangerang မှ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတပါး နှင်ထုတ်ခံရသည် ဆိုသည့် သတင်းပျံ့နှံခဲ့ခြင်းကြောင့် အင်တာနက်သုံးစွဲသူများ ဒေါသထွက်ခဲ့ကြသည်။

“ကျနော်သိတဲ့၊ ကျနော်ကြီးပြင်းလာတဲ့၊ ကျနော် ယုံကြည်တဲ့ အင်ဒိုနီးရှား ဆိုတာက ကျနော်တို့တွေ အတူတကွ ရှေ့ ဆက်သွားနေတဲ့ နေရာတခုပါ။ ခင်ဗျားက ခရစ်ယန် ဖြစ်တယ်၊ မွတ်ဆလင် ဖြစ်တယ်၊ တရုတ်ဖြစ်တယ်၊ ဂျားဗား လူမျိုး ဖြစ်တယ် ဆိုတာက အရေးမပါပါဘူး။ ဒါက အင်ဒိုနီးရှားပါ။”

“Bhinneka Tunggal Ika” (ကွဲပြားမှုဖြင့် စည်းလုံးခြင်း) ဆိုသည်က အရီဖင် အတွက် မန္တန် တခု ထက်ပါပိုသော အင်ဒိုနီးရှား နိုင်ငံသား ဆိုသည့် အဓိပ္ပါယ် ဖြစ်ပါသည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

The post ခေတ်မီမှုနှင့် အစဉ်အလာကြားက အင်ဒိုနီးရှား တရုတ် နတ်ဝင်သည် appeared first on ဧရာဝတီ.

အမှောင်ပြန်လွှမ်းလာနေတဲ့ မြန်မာ့သတင်းလွတ်လပ်ခွင့်

$
0
0

ပူလစ်ဇာ ဆုရှင်သတင်းထောက် တဦးဖြစ်သည့် အက်စ်သာ ထုဆန်မှာ သူ၏ မိခင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံမှ နေ၍ သတင်းများပေးပို့ရန် လုံခြုံမှု မရှိတော့ပါ။ AP သတင်းဌာန၏ သတင်းထောက် တဦးဖြစ်သည့် အက်စ်သာ ထုဆန်သည် ပြီးခဲ့သည့် နှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ ရိုဟင်ဂျာ ဒုက္ခသည်များ ထွက်ပြေးခြင်းနှင့် ရခိုင်ပြည်နယ်မှ တပ်မတော်၏ အငြင်းပွားဖွယ်ရာ သောင်းကျန်းသူ နှိမ်နှင်းရေး စစ်ဆင်ရေးများမှသည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပဋိပက္ခကို ကိုင်တွယ်မှုအထိ အာဏာပိုင်များက ထိရှလွယ်သည်ဟု ယူဆသော အကြောင်းအရာ အမျိုးမျိုးကို ဝေဖန်သည့်သတင်းများ ရေးသားခဲ့ခြင်းကြောင့် ခြိမ်းခြောက်မှုများ ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းတွင် ဖြစ်သည်။

နိုဝင်ဘာလအတွင်းတွင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု၊ အကြမ်းဖက်ဝါဒနှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းမှု ကိစ္စများနှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတခုကို သူက လွဲမှားစွာ သတင်းရေးခဲ့သည်ဟု အစိုးရက ယူဆခဲ့ပြီး နောက် ပြင်းထန်သော တရားဝင် ဝေဖန် ပြစ်တင်မှုနှင့် အက်စ်သာထုဆန် ရင်ဆိုင်ခဲ့ရသည်။ ဆူညံပွက်လောရိုက်မှုများ ကြားတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ထင်ရှားသူတဦးက followers ၃ သိန်းကျော် ရှိသော သူ၏ Facebook စာမျက်နှာမှတဆင့် အက်စ်သာထုဆန်၏ အသက်ကို ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သည့် အမည်မဖော်လိုသူ AP သတင်းထောက်များက ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (Committee to Protect Journalists – CPJ) သို့ ပြောသည်။

ထိုဖြစ်ရပ်မတိုင်မီတွင် ညနေခင်းတခု၌ မည်သူမည်ဝါမှန်း မသိရသည့် အမျိုးသားတဦးက အိမ်အထိ သူ့နောက်က လိုက်လာခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ အက်စ်သာ ထုဆန်၏ တိုက်ခန်း အပြင်ဖက် အမှောင်ထုထဲမှနေ၍ သူ၏ အမည်ကို အော်ဟစ်ခဲ့သည်။ သူ၏ လုံခြုံရေးကို စိုးရိမ်သည့်အတွက် ဒီဇင်ဘာလတွင် အက်စ်သာထုဆန် ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့သည်။ မကြာသေးမီ ရက်ပိုင်းအတွင်းတွင် အရပ်ဝတ်ဖြင့် ရဲတပ်ဖွဲ့ဝင်များဟု ယူဆရသူများက ရန်ကုန်မှ အက်စ်သာထုဆန်၏ တိုက်ခန်း ရှိရာ အဆောက်အဦးသို့ ရောက်လာ၍ အိမ်နီးချင်းများကို အက်စ်သာ ထုဆန် မည်သည့်နေရာတွင် ရှိသည်ကို မေးမြန်း စုံစမ်းမှုများ ပြုလုပ်ခဲ့သည်ဟု CPJ နှင့် တွေ့ဆုံခဲ့သော ဂျာနယ်လစ်များက ပြောကြသည်။

“လောလောဆယ်မှာတော့ မြန်မာနိုင်ငံကို သူပြန်သွားမှာ မဟုတ်ဘူး” ဟု သတင်းထောက်တဦးက ပြောသည်။

ပြည်တွင်းရော ပြည်ပပါ ပါဝင်သည့် မြန်မာနိုင်ငံ၏ မီဒီယာမှာ စစ်အုပ်ချုပ်ရေးလက်ထက်က စာနယ်ဇင်းကို ဖိနှိပ်ရန် လုံခြုံရေးကို အသုံးချ၍ ကြီးလေးသော နှောက်ယှက်မှုအောက်တွင် ရှိခဲ့သလိုမျိုး ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သား တပိုင်း ဒီမိုကရေစီ အစိုးရလက်ထက်တွင်လည်း ပြန်လည် အသက်ဝင်လာသည်ဟု မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတင်းရယူ ရေးသားနေသော ဂျာနယ်လစ် အများအပြားက ပြောသည်။ လတ်တလော ရရှိနေသည့် စာနယ်ဇင်း လွတ်လပ်ခွင့်က မယုံနိုင်စရာ နောက်ကြောင်းပြန်သွားခြင်းကို ဖော်ပြနေသလို စစ်အုပ်ချုပ်ရေးမှ ရွေးကောက်ခံ အုပ်ချုပ်ရေးသို့ သိမ်မွေ့ သော အသွင်ကူးပြောင်းရေး ကျရှုံးမှု နိမိတ်လည်း ဖြစ်သည်။

အကြောင်းအရာ အတော်များများနှင့် ပတ်သက်၍ သတင်းရေးသားခြင်းကို ဖိနှိပ်ရန် ခေတ်မမီတော့သည့် ကိုလိုနီခေတ် ဥပဒေများနှင့် စစ်အုပ်ချုပ်ရေးခေတ်က ဥပဒေများကို အာဏာပိုင်များက အသုံးပြုခြင်း ပိုတိုးလာသည်။ လွတ်လပ်သော ပြုပြင်ပြောင်းလဲရေးများမှ တဆင့် ဒီမိုကရေစီ အပြောင်းအလဲကို တွန်းအားပေးရန် ခိုင်မာသော ရွေးကောက်ပွဲ ကတိဖြင့် ဒေါ်အောင်ဆန်းစုကြည် အာဏာ ရရှိလာခဲ့သည့် အချိန်တွင် ဥပဒေများကို ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်လိမ့်မည်ဟု ဂျာနယ်လစ်နှင့် တက်ကြွလှုပ်ရှားသူများက မျှော်လင့်ထားခဲ့ကြသည်။

သို့သော်လည်း ရိုက်တာ သတင်းဌာနမှ သတင်းထောက် ဝလုံး နှင့် ကျော်စိုးဦးတို့ကို ကိုလိုနီခေတ် ဥပဒေ တခုဖြစ်သည့် နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် ဖမ်းဆီး တရားစွဲဆိုခြင်းခံနေရဆဲ ဖြစ်ခြင်းနှင့် အတူ နောက်ကြောင်းပြန်သွားခြင်းက ပိုမို ထင်ရှားလာနေသည်။ အဆိုပါ ဂျာနယ်လစ်၂ ဦးကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့သည်။ လျှို့ဝှက်ချက်များ ဖြစ်သည်ဟု အာဏာပိုင်များက ပြောသော စာရွက်စာတမ်းများကို ရဲတပ်ဖွဲ့ ထံမှ လက်ခံရယူခဲ့ပြီးနောက်တွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

ရိုက်တာ သတင်းဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့သော “မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” အမည်ရှိ အထူးသတင်းတွင် ဝလုံးနှင့် ကျော်စိုးဦးတို့ အဖမ်းခံခဲ့ရခြင်းသည် စက်တင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ် အင်းဒင် ကျေးရွာတွင် ရိုဟင်ဂျာ အမျိုးသားများကို ရွာသားများနှင့် လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့ခြင်းကို စုံစမ်းဖော်ထုတ် ရေးသားခဲ့ခြင်းကြောင့် ပိုမို၍ ဖြစ်နိုင်ဖွယ်ရာ ရှိသည်။

ထိုသတ်ဖြတ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာသတင်းများကို တုန့်ပြန်ရာတွင် မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က အင်းဒင်ရွာတွင် မြေမြှုပ်ထားသည်ကို တွေ့ရသော ရိုဟင်ဂျာ မွတ်ဆလင် ၁၀ ဦး အသတ်ခံရခြင်း၏ နောက်ကွယ်တွင် သူ၏ တပ်ဖွဲ့များနှင့် ကျေးရွာသားများ ရှိခဲ့ကြောင်း လက်ခံခဲ့သည်ဟု သတင်းများအရ သိရသည်။

သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးလုံးက ရိုက်တာ သတင်းထောက်များ တရားရုံးတင် စစ်ဆေးခြင်း မပြုမီ ဖမ်းဆီးထိန်းသိမ်းခြင်းကို ကာကွယ်ခဲ့ကြခြင်းက ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရနှင့် အာဏာပြင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော တပ်မတော်တို့သည် ယခုအခါတွင် အစောပိုင်းက ခွင့်ပြုခဲ့သော မီဒီယာ လွတ်လပ်ခွင့်ကို ပြန်သိမ်းရန်နှင့် အစိုးရနှင့် တပ်မတော်ကို မကောင်းပြောသည့် သတင်းများကို တက်ကြွစွာ ဖိနှိပ်ရန် လိုအပ်ကြောင်း အမြင်တူညီနေကြသည် ဆိုသည့် အယူအဆကို ဖော်ပြနေသည်။

ယခင်က စာနယ်ဇင်း လွတ်လပ်ခွင့် အတွက် အဓိက စိုးရိမ်စရာမှာ ဂျာနယ်လစ်များနှင့် အခြားသူများကို ဆက်သွယ်ရေး ဥ ပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုုခံရခြင်း ဖြစ်သည်။ ကျယ်ပြန့်၍ မရေရာသော သတ်မှတ်ချက်များ ပါဝင်သည့် ဆက်သွယ်ရေး ဥပဒေက အွန်လိုင်းတွင် အသရေဖျက်ခြင်းအတွက် ထောင်ဒဏ် ၂ နှစ် အထိ ချမှတ်ခွင့် ပြုထားသည်။ သတင်းထောက် အများအပြားမှာ စုံစမ်း စစ်ဆေးမှုများ ပြလုပ်စဉ်အတွင်းတွင် တရားရုံးတင် စစ်ဆေးခြင်းမပြုမီနှင့် တရားရုံးတင် စစ်ဆေးစဉ် ကာလရှည်ကြာစွာ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရကြောင်း CPJ ၏ သုတေသနက ဖော်ပြနေသည်။

ပြည်တွင်းမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခု ဖြစ်သော Free Expression Myanmar က ပြုလုပ်သည့် သုတေသန တွင် ၂၀၁၆-၁၇ ကာလအတွင်းတွင် အဆိုပါဥပဒေအရ တရားစွဲဆိုမှုများ၏ ၁၀၀ ရာခိုင်နှုန်းက ပြစ်ဒဏ် စီရင်ခြင်းခံရ ကြောင်း ဖော်ပြနေသည်။ ဂျာနယ်လစ် အများအပြားသည် ယခုအခါတွင် ဝေဖန်မှုများ အသံတိတ်စေရန်နှင့် ခြိမ်းခြောက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တပ်မတော်တို့ ၂ ခုလုံးက အသုံးချခဲ့ပြီးဖြစ်သော ပြင်းထန်သည့် သတ်မှတ်ချက်များ၏ အောက်တွင် ဆိုင်းငံ့ တရားစွဲဆိုမှုများကို ရင်ဆိုင်နေရကြောင်း CPJ က သတိပြုမိပါသည်။

သို့သော်လည်း ပြည်တွင်း ဂျာနယ်လစ် ၃ ဦး ဖြစ်သော ဧရာဝတီ သတင်းဌာနမှ သိန်းဇော်နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ အေးနိုင် နှင့် ပြည့်ဖြိုးအောင်တို့ကို ဇွန်လ ၂၆ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းလိုက် သည့် အချိန်တွင် ကျယ်ပြန့်သည့် ဖြိုခွဲတိုက်ခိုက်မှုတခုကို အများစုက ခံစားမိခဲ့ကြသည်။ သူတို့ ၃ ဦးလုံးကို စစ်အစိုးရလက် ထက်က ဂျာနယ်လစ်များ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ အကြောင်းကို ရေးသားခြင်းမှ ကာကွယ်ရန် အသုံးပြုခဲ့သည့် ဥပဒေ တခုဖြစ်သော ၁၉၀၈ ခုနှစ် မတရားအသင်း ဥပဒေဖြင့် ဖမ်းဆီး တရားစွဲဆိုခဲ့သည်။

သတင်းထောက် ၃ ဦးကို စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က စွဲချက်များ ပြန်လည် ရုပ်သိမ်းပေးခဲ့သော်လည်း ခြိမ်းခြောက်မှု အစဉ်အလာက ရှိလာခဲ့ပြီ ဖြစ်သည်။ “ကျနော်တို့ သတင်းထောက်နဲ့ DVB သတင်းထောက်တွေကို တပ်မတော်က ဖမ်းဆီးခြင်း ခံခဲ့ရတဲ့ ပြီးခဲ့တဲ့နှစ်က စလို့ ဂျာနယ်လစ်တိုင်း စိတ်ပျက်အားလျော့မှုနဲ့ မလုံခြုံမှုကို ခံစားကြရမှာ သေချာပါတယ်။ ရိုက်တာက သတင်းထောက်တွေကို ဖမ်းဆီးခြင်းက အခြေအနေ ပိုဆိုးသွားစေခဲ့ပါတယ်” ဟု ဧရာဝတီ (အင်္ဂလိပ်ပိုင်း)မှ အယ်ဒီတာ ကျော်စွာမိုးက ပြောသည်။

ယခုအခါတွင် အစိုးရ၏ ဖိနှိပ်မှုက ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၅ ရက် နောက်ပိုင်းတွင် တပ်မတော်၏ စစ်ဆင်ရေးများကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာ မွတ်ဆလင် ၆၈၀၀၀၀ ကျော် ထွက်ပြေးခဲ့ကြရသော ရခိုင်ပြည်နယ် အနောက်ပိုင်းမှ သတင်းများကို စိစစ်ရေး၌ အာရုံစူးစိုက်နေသည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင် ရိုဟင်ဂျာ ကယ်ဆယ် ရေးတပ်မတော် (ARSA) က လုံခြုံရေးတပ်ဖွဲ့ စခန်းများကို တိုက်ခိုက်ခဲ့ခြင်းက အကြမ်းဖက်မှု စက်ဝန်းကို လှုပ်ရှားစေခဲ့သည်။

အစိုးရက လုံခြုံရေးကို အကြောင်းပြ၍ (အစိုးရက စီစဉ်သည့် စာနယ်ဇင်း ခရီးစဉ် အနည်းငယ်မှ လွဲ၍) ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သတင်းထောက်များ သွားလာမှုကို တင်းကျပ်စွာ တားမြစ်ထားခဲ့သည်။ မတရားပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်း နှင့် အခြားသော အကြမ်းဖက်မှု စွပ်စွဲချက်များနှင့် ပတ်သက်သည့် သတင်းအများစုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကို တွေ့ဆုံမေးမြန်းမှုများကို အရင်းအမြစ် ပြုခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ အစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အလောင်းများ မြှုပ်နှံထားသည်ကို တွေ့ရှိရသော လတ်တလော သတင်း များ အပါအဝင် စွပ်စွဲမှု အားလုံးနီးပါးကို ညင်းပယ်ခဲ့သည်။ လတ်တလောတွင် AP သတင်းဌာနက အသက်ရှင် လွတ်မြောက်လာသူများနှင့် အင်တာဗျူးများ နှင့် မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသည့် အချိန်ရက်စွဲပါသော ဗီဒီယိုများ အရ ဖော်ထုတ်၍ အလောင်းများ မြှုပ်နှံထားသည့် နေရာ ၅ ခု ရှိသည်ဆိုသော သတင်းကို အာဏာပိုင်များက ပယ်ချခဲ့သည်။

အာဏာပိုင်များက သတင်းနှင့် ပတ်သက်၍ တရားစွဲရန် ခြိမ်းခြောက်ခဲ့သော်လည်း အမှုဖွင့် တိုင်ကြားခြင်း မရှိသေးပါ။ AP သတင်းဌာနက အမှားပြင်ဆင်ချက်နှင့် တောင်းပန်ကြောင်း ထုတ်ပြန်ရန် တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်၏ တိုင်းရင်းသား နိုင်ငံရေးနှင့် ပဋိပက္ခကို သတင်းရယူရန် ကြိုးစားသော ပြည်တွင်း သတင်းထောက်များမှာ အကြမ်းဖက်ခြင်း ခံရလေ့ရှိသည်။ Roma Time ဟုသိကြသည့် သတင်းဌာနတခုကို လုပ်ကိုင်နေသည့် ပြည်တွင်း သတင်း ထောက်တဦး ဖြစ်သော ကျော်လင်းမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆိုင်ကယ် စီးလာစဉ် အမည်မသိသူ တဦးက နောက်ကျောကို ဒါးဖြင့် ၂ ချက်ထိုးခြင်း ခံခဲ့ရသည်။

ပြင်းထန်သော ဒဏ်ရာများကို စစ်တွေ ဆေးရုံတွင် ၅ ရက်ကြာ ကုသခဲ့ပြီးနောက် လုံခြုံရေးအတွက် စိုးရိမ်သောကြောင့် ရန် ကုန်သို့ ပြောင်းလာခဲ့သည်ဟု သူက CPJ သို့ပြောသည်။ နောက်ထပ် တလ ကြာသောအခါ တရားမဝင် မူးယစ်ဆေး ကုန်သွယ်မှုနှင့် ပတ်သက်၍ သတင်းရေးသားခြင်းကို ရပ်တန့်စေလိုသော ရခိုင်အမျိုးသားရေး ဝါဒီများနှင့် ဆက်နွယ်မှု ရှိသည်ဟု ယူဆရသော ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူကို ရှာဖွေဖမ်းဆီးရန် အာဏာပိုင်များက အနည်းငယ်မျှသာ အား ထုတ်ခဲ့သည်ဟု ကျော်လင်းက ပြောသည်။

သူ၏ တယ်လီဖုန်းနှင့် ဆိုရှယ်မီဒီယာတွင် ခြိမ်းခြောက်မှုများ ဆက်လက်ရရှိနေသည်ဟု ကျော်လင်းက ပြောသည်။ အမည်မသိ Facebook သုံးစွဲသူတဦးက “ဒီတကြိမ်တော့ မင်း အသက်ရှင်ချင် ရှင်လိမ့်မယ်။ နောက်တခါတော့ မရဘူး” ဟု မကြာသေးမီက ရေးသားခဲ့သည်။ ထိုသို့ခြိမ်းခြောက်မှုများကြောင့် ရန်ကုန်မြို့တွင် လူမသိသူမသိ နေထိုင်နေရသော ကျော်လင်းက လတ်တလောတွင် သူ၏ ဇနီးသည်နှင့် ကလေးရှိရာ ရခိုင်ပြည်နယ်သို့ ပြန်သွားရန် မရည်ရွယ်ကြောင်း ပြောသည်။ “ကျနော်တို့ ဂျာနယ်လစ်တွေ အမှောင်ခေတ်ထဲမှာ နေနေရတယ်” ဟု သူက CPJ သို့ ပြောသည်။

အခြေအနေက နိုင်ငံခြား သတင်းထောက်များနှင့် သူတို့၏ သတင်းရင်းမြစ်များအတွက်လည်း ပိုဆိုးလာသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် သတင်းထောက်တဦး ဖြစ်သော ဘာတေးလင့်တနာ Bertil Lintner က ပြောသည်။ စစ်အုပ်ချုပ်ရေး ကာလအတွင်းတွင် နှစ်ပေါင်း ၃၀ နီးပါး အစိုးရက နာမည်ပျက် စာရင်းသွင်းခြင်းခံခဲ့ရသော ဘာတေးလင့်တနာက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း သတင်းရေးသားရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် သူ့ကို ရဲ သတင်းတပ်ဖွဲ့ က နောက်ယောင်ခံ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်ဟု CPJ သို့ ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဆက်လက်တိုက်ခိုက်နေသည့် မြောက်ပိုင်း ကချင်ပြည်နယ်တွင် အာ ဏာပိုင်များက ဘာတေးလင့်တနာကို ဓာတ်ပုံရိုက်ယူခဲ့ကြသည်။ နောက်ပိုင်းတွင် သူ၏ သတင်းရင်းမြစ်များထဲမှ တဦးကို သူတို့ တွေ့ဆုံမှု အကြောင်း မေးမြန်းခဲ့သည်။ ဘာတေးလင့်တနာ အင်တာဗျူး လုပ်ခဲ့သော UNHCR အရာရှိတဦး၏ ယာဉ်မောင်းကိုလည်း တာဝန်ရှိသူများ စစ်ဆေးမေးမြန်းခဲ့ကြသည်ဟု သူက ပြောသည်။ သူ့ကို အစိုးရ အရာရှိများက ပြောင်ပြောင်တင်းတင်း နောက်က လိုက်ခဲ့ကြသည့် ၂၀၁၃ ခုနှစ် နောက်ပိုင်း ပထမဆုံး ဖြစ်သည်ဟု ဘာတေးလင့်တနာ က ဆိုသည်။

“သူတို့က ဒေသခံတွေကို နိုင်ငံခြားသတင်းထောက်တွေနဲ့ စကားမပြောအောင် ခြိမ်းခြောက်ဖို့ ကြိုးစားနေတယ်” ဟု ဘာတေးလင့်တနာက ပြောသည်။ ဂျာနယ်လစ် ဗီဇာ မရရှိမီ ခရီးစဉ် အသေးစိတ်၊ အင်တာဗျူးရန် အဆိုပြုထားသူများ စာရင်းနှင့် သတင်းခေါင်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးရန် လိုအပ်ခြင်းက သူ့အတွက် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံး ဖြစ်သည်ဟု သူက ဆိုသည်။ ယခင်က ဂျာနယ်လစ် ဗီဇာကို ပြန်ကြားရေး ဝန်ကြီး ဌာန ကသာ စီမံခန့်ခွဲခဲ့သည်။

CPJ နှင့် တွေ့ဆုံခဲ့သည့် အခြားသော နိုင်ငံခြားသား ဂျာနယ်လစ်များကလည်း သူတို့အနေဖြင့် စာနယ်ဇင်း ဗီဇာ ရယူရေးနှင့် သက်တမ်းတိုးရေးတို့တွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်းနှင့် အရေးပါသော သတင်းများနှင့် ပတ်သက်၍ သူတို့၏ ဗီဇာလျှောက်လွှာများ အပယ်ခံရနိုင်ခြင်းကို ရှောင်ရှားရန် အချို့က အမည်ဝှက်များဖြင့် သတင်းရေးသားကြရကြောင်း ပြောကြသည်။ နိုင်ငံတကာ သတင်းဌာန အများအပြားအတွက် ရေးသားပေးနေသော အလွတ်တန်း သတင်းထောက်တဦး ဖြစ်သည့် Kayleigh Long က သူ့ကို ကူညီပေးနေသည့် ပြည်တွင်းဂျာနယ်လစ်များနှင့် အဆက်အသွယ်များ အန္တရာယ် မဖြစ်စေရေး နိုင်ငံအတွင်းမှ ထွက်သွားရန် မကြာသေးမီက ဆုံးဖြတ်ခဲ့ကြောင်း CPJ သို့ ပြောသည်။

“ကျမတို့ အလုပ်တွေကို လုပ်ဖို့ ကျမတို့ကို ကူညီနေတဲ့ ပြည်တွင်းက လူတွေအတွက် အန္တရာယ်များပါတယ်။ ကျမကြောင့် ကျမကို ကူညီတဲ့သူတယောက် သို့မဟုတ် ယာဉ်မောင်းတယောက် ထောင်ကျတာမျိုး ဘယ်တော့မှ မဖြစ်စေချင်ပါဘူး။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အခုတလောမှာ အဲဒီ ဖြစ်နိုင်ချေက မြင့်တက်လာတာကို တွေ့နေရပါတယ်” ဟု မကြာသေး မီက ရန်ကုန်မှ ဘန်ကောက်သို့ ပြောင်းရွှေ့ခဲ့သော Kayleigh Long က ပြောသည်။ “ကျမ အတွက်ကတော့ အဲဒီမှာ အခြေစိုက်ရတာ မတန်တော့ပါဘူး။”

(Shawn W. Crispin သည် နယူးယောက်အခြေစိုက် ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (Committee to Protect Journalists – CPJ) ၏ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ်ဖြစ်သည်။ ၎င်း၏ Threats, arrests, and access denied as Myanmar backtracks on press freedom ကို ဘာသာပြန်ဆိုသည်။)

The post အမှောင်ပြန်လွှမ်းလာနေတဲ့ မြန်မာ့သတင်းလွတ်လပ်ခွင့် appeared first on ဧရာဝတီ.

အဓမ္မပြုကျင့်သူများကို သေဒဏ်ပေးခြင်းက တရားမျှတမှု၏ အဖြေလား

$
0
0
သင်သည် မြန်မာနိုင်ငံက ဆယ်ကျော်သက်ရွယ် မိန်းကလေးတဦးဖြစ်ပါက သင်၏ မိခင်၊ အဖွားများနှင့် ဒေါ်လေးများသည် သင့်အတွက် စိုးရိမ်ကြရသည်။ သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ရန်၊ တယောက်တည်း အပြင် မထွက်ရန်၊ နေဝင်လျှင် အိမ်ဝင်းအတွင်း နေရန် ပြောဆို ဆုံးမခံရမည် ဖြစ်သည်။ မိန်းကလေးများမှာ အပျိုဖော်ဝင်သည်နှင့် ယောက်ျားလေးများနှင့် အတူ ကစားသည်ကို တားမြစ်ပိတ်ပင်ခံကြရသည်။ အဓမ္မပြုကျင့်ခံရမည့် အန္တရာယ်နှင့် ပတ်သက်ပြီး အမြဲတစေ သတိပေးခံနေရမည် ဖြစ်သည်။
ဆယ်ကျော်သက် မိန်းကလေးတိုင်း လိုလို ထိုစိုးရိမ်ပူပန်မှုဖြင့် ဖြတ်သန်းကြရပြီး ထိုပူပန်ရမှုသည်လည်း မျိုးဆက် တဆက်မှ တဆက်သို့ ဆက်လက် သယ်ဆောင်ခဲ့ကြသည်မှာ တိုးတိုးတိတ်တိတ်သာ ဖြစ်သည်။ မိခင်များသည် သမီးများ အတွက် စိုးရိမ်ပြီး သမီးများ၏ လှုပ်ရှားမှု အားလုံးကို ကန့်သတ်ထိန်းချုပ်ကြသည်။ သို့သော် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အဓမ္မ ပြုကျင့်မှုမှာ ကျဆင်းသွားခြင်း မရှိပေ။
ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ လွန်ခဲ့သော ၂ နှစ်အတွင်း ကလေးငယ်များနှင့် အမျိုးသမီးများကို အဓမ္မ ပြုကျင့်မှုများ တိုးလာကြောင်း တွေ့ရသည်။ လက်နက်ကိုင် စစ်သားများက ဖြစ်စေ၊ အရပ်သားများက ဖြစ်စေ အမျိုးသမီးများကို လိင်ကွဲပြားမှုအခြေခံ အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပေါ်နေပြီး ဆယ်စုနှစ် ၇ ခုကြာ ပြည်တွင်းစစ်မီး တောက်လောင် နေသော ပဋိပက္ခ ဒေသများတွင်လည်း အခြေအနေမှာ ပိုမို ဆိုးရွားနေသည်။
ပြစ်မှု ကျူးလွန်မှု ထင်ရှားသူ မုဒိမ်းကောင်များကို ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်းမျိုးမှာ ရှားပါးလှသည်။
သို့သော် ၂၁ ရာစုတွင် အမျိုးသမီးများသည် နှုတ်ဆိတ် မနေကြတော့ပေ။ အမျိုးသမီးများသည် အဓမ္မပြုကျင့်ခံခဲ့ရသူများကို ဝိုုင်းဝန်း အကူအညီပေးပြီး အမှုများကို ကူညီ တိုင်ကြားပေးကြသည်။ များသောအားဖြင့် မြို့များတွင် အဓမ္မ ပြုကျင့်မှုများကို ပိုမို တိုင်ကြားလာကြသည်။ အဓမ္မပြုကျင့်ခံရသူများသည် အငယ်ဆုံး အသက် ၂ နှစ်မှ အထက် ဖြစ်နေကြသည်။ သက်ငယ် မုဒိမ်းမှုများတွင် တရားခံများမှာ ဆွေမျိုးသားချင်းများ၊ မောင်နှမတော်စပ်သူများနှင့် တခါတရံတွင် ဖခင်များကိုယ်တိုင်ပင် ဖြစ်နေသည်။
“ကာယကံရှင် အမျိုးသမီးတွေ ကိုယ်တိုင် ဒါမှ မဟုတ် အုပ်ထိန်းသူတွေက ပိုမိုထုတ်ဖေါ်ပြောကြားလာ ကြတဲ့ အတွက် ဒီလို အမှုတွေ ပိုဖြစ်လာတာကို သိရတယ်။ ဒီပြဿနာတွေက အရင်ကလည်း ရှိနေတယ်။ အခုက ဆိုရှယ်မီဒီယာတို့ ဘာတို့ ပိုများလာတော့ ပိုပွင့်လာတယ်။ အရင်ကဆို အမျိုးသမီးတွေက ရှက်ပြီး ဒါမျိုးတွေ မတိုင်ကြဘူးပေါ့။ အခုကျတော့ ပိုပြီးတော့ ပွင့်လင်းလာတော့ အမျိုးသမီးတွေ တိုင်ရဲပြောရဲ ဆိုရဲ ဖြစ်လာကြတယ်” ဟု မြန်မာ ငြိမ်းချမ်းရေးနှင့် လုံခြူံရေးဌာန (Myanmar Institute for Peace and Security) အမည်ရှိ သုတေသီအဖွဲ့၏ တည်ထောင်သူနှင့် အမှုဆောင် ဒါရိုက်တာ ဦးမင်းဇော်ဦးက ပြောသည်။
လွန်ခဲ့သော နှစ်များမှ စတင်ကာ အမျိုးသမီး အခွင့်အရေး ဆောင်ရွက်သူများသည် ခုခံနိုင်စွမ်း အားနည်းသော အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမည့် အန္တရာယ်မှ အကာအကွယ် ပိုပေးနိုင်မည့် ဥပဒေပြဌာန်းရေးကို တောင်းဆိုခဲ့ကြသည်။
မုဒိမ်းကောင်များကို ပိုမိုပြင်းထန်သော ပြစ်ဒဏ်၊ သေဒဏ်အထိပင် အပြစ်ပေးရန်လည်း လူထုအတွင်း ကျယ်ကျယ် လောင်လောင် တောင်းဆိုမှုများ ရှိလာသည်။
သေဒဏ်နှင့်ပတ်သက်သော အမြင်အမျိုးမျိုး
မုဒိမ်းကောင်များသည် လူ့အဖွဲ့အစည်း အတွက် မည်သည့်ကောင်းကျိုးကိုမျှ ယူဆောင် ပေးသူများ မဟုတ်သောကြောင့် ၎င်းတို့ကို သေဒဏ်ပေးရန် အချို့သော တက်ကြွလှုပ်ရှားသူများက တောင်းဆိုကြသည်။
“လက်ရှိ ပေးနေတဲ့ ပြစ်ဒဏ်က လုံလောက်တဲ့၊ ထိရောက်တဲ့ ပြစ်ဒဏ် မဟုတ်တဲ့ အတွက် ဒီရာဇဝတ်ကောင်တွေကို သေဒဏ်ပေးရမယ်” ဟူသော စကားမှာ မကြာခဏ ကြားရသော စကားဖြစ်သည်။ အချို့သော သူများကမူ တရားခွင် ရောက်ရှိရန် အဆင့်ဆင့် ဆောင်ရွက်ချိန် ရှည်ကြာသောကြောင့် သံသယ ရှိခံရသော မုဒိမ်းကောင်များကို တရားခွင်သို့ ပို့ဆောင်ခြင်းမရှိဘဲ သတ်ပြစ်သင့်သည် ဟု ယူဆကြသည်။
အချို့ကမူ ထောင်ဒဏ် နှစ် ၂၀ ကဲ့သို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်သင့်သည် ဟု ယူဆသည်။
“အဲဒီလိုသာ [မုဒိမ်းမှု ကျူးလွန်သူကို] သေဒဏ်ပေးမယ် ဆိုရင်…၊ အဲဒီကျူးလွန်သူဟာ ဆွေမျိုးရင်းချာထဲက ဆိုရင် ပြုကျင့် ခံရသူရဲ့ မိဘ၊ အုပ်ထိန်းသူတွေက ငါတိုင်လိုက်တာနဲ့ သေဒဏ်များ ဖြစ်သွားရင် ဆိုပြီး တွေးပြီး တချို့အမှုတွေ ထုတ်ဖော် ပြောဆိုတာ မလုပ်တော့မှာကို စိတ်ပူတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။
“သေဒဏ်ပေးမှု ဆိုတဲ့ဟာ ကျမတို့က သိပ်တော့ အားမပေးဘူး။ တခါတခါကျရင် ကျမတို့ မေ့နေတာက မုဒိမ်းကျင့်တဲ့ လူကိုယ်တိုင်က မုဒိမ်းကျင့်ခံခဲ့ရတဲ့ လူ ဖြစ်ကောင်း ဖြစ်နေနိုင်တယ်။ ကိုယ်ရခဲ့တဲ့ဟာကို ပြန်ပြီး ကျင့်သုံးတဲ့ အကျင့် လူတွေမှာ ရှိတယ်” ဟု အင်းလေးအမွေအနှစ် နှင့် ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေတွင် ပထမဆုံး ပုဂ္ဂလိက စာသင် ကျောင်းကို တည်ထောင်သူ ဒေါ်ယဉ်မျိုးစုက ပြောသည်။
အဓမ္မမှု ကျူးလွန်သူအား သေဒဏ်ပေးတာက “အဖြေမဟုတ်ဘူး။ ဒီလူကို သေဒဏ်ပေးလိုက်ရုံနဲ့ ကလေးတွေအတွက် ဘာ အကျိုးရမလဲ။ ကာယကံရှင် အတွက် လတ်တလော တရားမျှတမှုလည်း ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်သလို ပြုကျင့်ခံ ရသူဟာ တသက်လုံး စိတ်ဒဏ်ရာနဲ့ နေသွားရတာ” ဟု အနာဂတ် အလင်းတန်းဆုံမှတ် အဖွဲ့မှ နိုင်ငံရေး အကျဉ်းသား ဟောင်း ဒေါ်သက်သက်အောင်က ပြောသည်။
ပိုမို တင်းကျပ်သော တရားဥပဒေစိုးမိုးရေး လိုအပ်
အဓမ္မပြုကျင့်မှုများကို တားဆီးရန် တရားဥပဒေစိုးမိုးရေးသည် အရေးပါလှသည် ဟူသည့်အချက်ကိုမူ လူတိုင်း သဘောတူကြသည်။
“မုဒိမ်းမှု ကျူးလွန်တဲ့ သူတွေကို နှစ်အကန့်အသတ်မဲ့တို့…၊ ထောင့်တသက် လွတ်ရက်မရှိတို့… မျိုးတွေနဲ့ ပြစ်ဒဏ်တွေကို ပြင်းပြင်းထန်ထန် ချမှတ်သင့်တယ်။ သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မသက်ဆိုင်ဘူး။ ဒါပေမယ့်လို့ မကြာသေးခင် နှစ်တွေက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေနဲ့ သူတို့ လွတ်သွားတာမျိုးတွေ ရှိတယ်” ဟု ဒေါ်သက်သက်အောင် က ပြောသည်။
အဓမ္မပြုကျင့်မှု အများစုတွင် မျက်မြင်သက်သေ ကင်းမဲ့နေလေ့ ရှိသောကြောင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် အချို့သော နိုင်ငံများကဲ့သို့ ပြုကျင့်ခံရသူ ကိုယ်တိုင် အမှုဖွင့်ခွင့် ပေးသင့်သည်ဟု ဦးမင်းဇော်ဦးက ပြောသည်။
“တခြားနိုင်ငံတွေမှာ အဲဒီလိုတိုင်တန်းနိုင်ဖို့ ရဲစခန်းတွေမှာဆိုရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သပ်သပ် လုပ်ထုံးလုပ်နည်း ရှိရတယ်။ ကျနော်တို့ အဲလို မရှိနေဘူး။ ကျူးလွန်ခံခဲ့ရသူတို့ရဲ့ ပြဿနာတွေကို နားထောင်ပေးဖို့လည်းလိုတယ်။ အမျိုးသမီးတယောက်က လိင်အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်လို့ လာတိုင်ရင် သူ့ကို အင်တာဗျူးရမှာက ရိုးရိုး လုပ်ထုံးလုပ်နည်းနဲ့ မတူဘူး။ သပ်သပ် ရှိတယ်။ ဒါတွေကို ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့်နဲ့ လေ့ကျင့်ပေးဖို့ လိုတယ်။ အမျိုးသမီးတွေကိုယ်တိုင် ဒီလို ကိစ္စမျိုးဖြစ်လာရင် တိုင်တန်းနိုင်တဲ့ နည်းနာတွေကို သိအောင် လုပ်နိုင်ဖို့ လိုတယ်” ဟုလည်း ဦးမင်းဇော်ဦး ပြောသည်။
အဓမ္မ ပြုကျင့်ခံရသူများ၏ ဘဝ ပြန်လည်ထူထောင်ရေး အတွက် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများလည်း လိုအပ်သည်။ အဓမ္မပြုကျင့် ခံရသူများသည် ဆယ်ကျော်သက်ရွယ် မိန်းကလေးများဖြစ်လျှင် ၎င်းတို့သည် ရှက်ကြောက်သောကြောင့် ကျောင်းပြန် မတက်ရဲကြတော့သည့် အခြေအနေမျိုး ကြုံရသည်များလည်း ရှိသည်။ အချို့မိသားစုများမှာ ဆိုးရွားလှသော အတွေ့အကြုံကို အတိတ်တွင်ထားရစ်ရန် နေရပ်ပင် ရွှေ့ပြောင်းကြရသည်။
ငယ်ရွယ်သူများနှင့် အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများ တားဆီးရေး လှုပ်ရှားဆောင်ရွက်မှုများ ရှိနေသည်။ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ အကာအကွယ်ပေးရေးဥပဒေသည် ယခုအခါ ရှေ့နေချုပ်ရုံးသို့ ရောက်ရှိနေပြီး မကြာမီ ဥပဒေတရပ် ဖြစ်လာမည်ဟု ထိုဥပဒေဖြစ်မြောက်ရေး ကြိုးပမ်းသူများ မျှော်လင့်နေကြသည်။
“ဥပဒေပြုရေးဘက်ကလည်း လွှတ်တော်တင်ပြီး ကာကွယ်မယ်။ တဖက်က လူထုအခြေပြုအဖွဲ့တွေက အများကြီး ပါဝင်မယ်။ တရားစီရင်ရေးဘက်ကလည်း တကယ်ကို ပြစ်မှုပြစ်ဒဏ်ကလည်း ပြင်းပြင်းထန်ထန် လုပ်မယ်ဆိုရင် အဓမ္မပြုကျင့်မှုတွေ လျော့သွားမယ် လို့ ယူဆတယ်” ဟု ဒေါ်ကြည်ပြာက ပြောသည်။
အမျိုးသားများလည်း ထောက်ခံရန် လိုအပ်
ပညာပေး လှုပ်ရှားမှုများတွင် ပါဝင်သူအများစုမှာ အမျိုးသမီးများ ဖြစ်နေပြီး ၎င်းတို့ကပင် ပေးလိုသော သတင်းစကားကို အခြား အမျိုးသမီးများအား ပေးနေရသည်။ အမျိုးသားများက ထိုအမျိုးသမီးများနှင့်ပိုမို ပူးပေါင်းဆောင်ရွက်ရန် လိုနေသည်။
အမျိုးသားတွေ အနေနဲ့ ဒီလို ကျူးလွန်မှုတွေကို လက်မခံကြောင်း ပိုပြီး ပြောသင့်သည်ဟု ဦးမင်းဇော်ဦးက ယူဆသည်။ “အသက်အရွယ် အရ အသက်ဘယ်လောက် အောက်ကို လိင်ဆက်ဆံတယ် ဆိုရင် ဒါ ဥပဒေအရ မုဒိမ်းမှုပေါ့။ ဥပဒေအရ အားလုံး သိရမယ်။ လူထုပညာပေးမှုတွေ များများလုပ်ရမယ်။ အခု ပြဿနာက အမျိုးသားတွေ ကိုယ်တိုင်ကလည်း မသိတဲ့ ပြဿနာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ယောက်ျားလေးများ အပေါ် လိင်အကြမ်းဖက်မှုများ ရှိသော်လည်း ထုတ်ဖော်တိုင်ကြားလေ့ မရှိဟု တက်ကြွလှုပ်ရှားသူများ က ဆိုသည်။ မြန်မာ့ယဉ်ကျေးမှုတွင် ယောက်ျားလေးများ အနေဖြင့် အမျိုးသား ပီသသူ ဖြစ်လာရန် လိုအပ်သော သတ်မှတ်ချက်များရှိသည့် အတွက် မည်သူမျှ အားနွဲ့သူအဖြစ် အမြင်မခံလိုကြပေ။
“တချို့ ယောက်ျားလေးတွေမှာ နှစ်ဆတောင် ခံရဦးမယ်။ ရှက်တာက ရိုးရိုးမိန်းကလေး တယောက်ထက်တောင် ပိုသာ ဦးမယ်။ ယဉ်ကျေးမှုအရ ယောက်ျားလေးဆို ပိုပြီး မျှော်မှန်းချက် မြင့်ပြီးသား။ အမျိုးသားတွေ၊ ယောက်ျားလေးတွေကို ဒီလို ကိစ္စမျိုးတွေ ပွင့်ပွင့်လင်းလင်း ပြောဖို့ အား မပေးတာရယ်။ အများက ပျော့ညံ့တယ် လို့ မြင်တာတွေကို ရှောင်ချင်တာ ကြောင့် နှစ်ခါရှက်ရတယ် လို့ ခံစားချင် ခံစားနေရမှာ…” ဟု ဒေါ်ယဉ်မျိုးစုက ပြောသည်။
အစဉ်အလာ ထုံးစံများ
အဓမ္မ ပြုကျင့်မှုများ တားဆီးရာတွင် တရားဥပဒေ အကာအကွယ်ပေးမှုများ အားကောင်းခိုင်မာစေခြင်းနှင့် ပညာပေးခြင်း အပြင် စိတ်သဘောထားများ၊ ယဉ်ကျေးမှု အတားအဆီးများနှင့် လူမှုထုံးစံများ ပြောင်းလဲ ရေးလည်း လိုအပ်သည်။
“အစဉ်အလာ ထုံးစံတွေကို မေ့ထားလို့ မရဘူး။ သက်ငယ်မုဒိမ်းမှုက တနိုင်ငံလုံးရဲ့ ပြဿနာ ဖြစ်တယ်။ သက်ငယ် မုဒိမ်းမှုဆို အကာအကွယ်ပေးတဲ့ဟာ မရှိဘူး။ အမျိုးသားတွေက သူတို့လုပ်ချင်တာ လုပ်လို့ ရတယ် ဆိုတဲ့ အစဉ်အလာ ကနေ ဆင်းသက်တဲ့ဟာ အဲဒါတွေက တကယ်ပဲ ပပျောက်ဖို့ လိုတယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူနှင့် ၂၀၁၇ ခုနှစ် အတွက် N-Peace ငြိမ်းချမ်းရေးဆုရှင် မချယ်ရီဇာဟောင်းက ပြောသည်။
“သေဒဏ်ပေးတယ် ဆိုတာထက် မုဒိမ်းမှု ဖြစ်လာတဲ့ အကြောင်းကို မလိမ်တန်း မညာတန်း ဝန်ခံနိုင်သလားပေါ့ နော်။ ဒါဟာ ကျမတို့ ယဉ်ကျေးမှုကြောင့်ပဲ။ ယဉ်ကျေးမှုဆိုတဲ့ စကားတခုထဲမှာ တော်တော်များများ လိင်ကိစ္စနဲ့ ပတ်သက်လာရင် မပွင့်လင်းတာတွေက ကျမတို့ ယဉ်ကျေးမှုမှာ ရှိနေတယ်။ ဒါ မယဉ်ကျေးဘူး၊ မပြောရဘူး။ ဒီဥစ္စာသည် ရှက်စရာကောင်းတဲ့ ကိစ္စတခု စသဖြင့် ကျမတို့ ဆယ်ကျော်သက် ကတည်းက အသင်ခံထားရတာ။ အမေက သမီးကို သင်မပေးဘူး။ ကျောင်း ကလည်း သင်မပေးဘူး။ ကျမတို့ ပညာရေးမှာ ဆယ်ကျော်သက် အရွယ် ဖိုမ လက္ခဏာနဲ့ မျိုးဆက်ပွား ကျန်းမာရေး အကြောင်း မသင်ခဲ့ရဘူး။ အဲဒီလို စိတ်ဖြစ်ရင် ဘယ်လိုဖြေရှင်းရမယ် ဆိုတာလည်း မသင်ပေးကြဘူး” ဟု ဒေါ်ယဉ်မျိုးစုက ပြောသည်။
မြန်မာ့ လူ့အဖွဲ့အစည်းတွင် အဓမ္မပြုကျင့်မှု မဖြစ်လာစေရန် အမျိုးသမီးများနှင့် မိန်းကလေးများမှာ အဓိကတာဝန်ရှိကြောင်း လူကြီးသူမများ သာမက တရားဥပဒေစိုးမိုးရေး အာဏာပိုင်များကပါ ပြောကြသည်။ သို့သော် မိန်းကလေးများ၊ အမျိုးသမီးများကို အန္တရာယ် အကြောင်းသိရန် ၎င်းတို့ ပြုမူမှုများကို စောင့်ကြည့် တားမြစ်ခြင်းသည် အဓမ္မပြုကျင့်မှု လျော့ကျသွားမယ့် အဖြေ မဟုတ်သေးပါ။
ဥပဒေပြုရေးနှင့် ပညာပေး လှုပ်ရှားမှုများသည် အရေးကြီးသည်။ ထို့အပြင် လူတိုင်းက အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို လူသားများ အဖြစ် လေးစားခြင်းသည်လည်း အလားတူ အရေးပါလှပေသည်။ ။

The post အဓမ္မပြုကျင့်သူများကို သေဒဏ်ပေးခြင်းက တရားမျှတမှု၏ အဖြေလား appeared first on ဧရာဝတီ.

တိုက်ခိုက်ရေးမှာ စွမ်းတဲ့ ချမ်း

$
0
0

ရန်ကုန်မြို့ရဲ့ အခန်းငယ်တခုထဲမှာ လုံးထွေးသတ်ပုတ်နေတဲ့ အမျိုးသမီး၂ယောက်ကို မိန်းကလေး၊ ယောကျ်ားလေး လူငယ် ၃၀ လောက်က အာရုံစိုက်ပြီး ဝိုင်းကြည့်နေကြပါတယ်။

၁၅ ပေ၊ ပေ ၂၀ အကျယ်လောက်သာ ရှိတဲ့ အခန်းကလေးထဲမှာ လုံးထွေးနေတဲ့ အမျိုးသမီးထဲက တယောက်က သူနဲ့ လုံးထွေးနေတဲ့ အမျိုးသမီးကို လက်နက်မဲ့ ပြန်တိုက်ခိုက်နိုင်ဖို့ လက်ကို ဘယ်လို ထားရမယ်၊ ခြေထောက်ကို ဘယ်လို ဟန်ထားပြီး တိုက်ခိုက်ရမယ်ဆို တာကို ရှင်းပြရင်း လက်တွေ့ တိုက်ခိုက်ပြနေပါတယ်။

သူတို့ ၂ဦး လုံးထွေးသတ်ပုတ်နေတာက ၂မိနစ်လောက် အတွင်းမှာပဲ ပြီးဆုံးသွားပါတယ်။ နောက်ထပ် တယောက်ပြီး တယောက် ရှေ့ကို တက်လာပြီး လေ့ကျင့်ကြပါတယ်။ အများဆုံး ၂မိနစ်ကျော်လောက်မှာပဲ သင်ပြနေတဲ့ အမျိုးသမီး ကို အရှုံးပေးနေကြရပါတယ်။

ပွဲအစမှာတင် ခံနိုင်ရည်မရှိတဲ့သူတွေကတော့ ကြမ်းပြင်ကို လက်နဲ့ ၃ချက်ပုတ်ပြီး အရှုံးပေးကြောင်း အမှတ်အသား ပြပြီး ပွဲကို ရပ်ပစ်ကြပါတယ်။

တယောက်တည်း ဒိုင်ခံ ရှင်းပြနေတဲ့ အမျိုးသမီး ကတော့ ချွေးတွေ သုတ်ရင်း နည်းနည်းလေးမှ မဖြုံတဲ့ ပုံနဲ့ နောက် တယောက် ရှေ့ကို တက်လာပြီး သူနဲ့ တိုက်ခိုက်ဖို့ ခေါ်ရင်း “မကြောက်နဲ့ လာကြ၊ ကိုယ်တိုင် အနာခံမှ ချတဲ့သူက ဘယ်နေရာမှာ ဘယ်လိုလုပ်ရမယ် ဆိုတာ သိမှာ” လို့ ပြောနေပါတယ်။

လက်မောင်းကြွက်သားတွေ တောင့်တောင့်၊ ကိုယ်ခန္ဓာ ထွားထွားနဲ့ အမျိုးသားတဦး ရှေ့တက်လာပြီး တိုက်ခိုက် ပါတယ်။ လက်ကို ဆွဲယူလိမ်လိုက်ပြီး ကိုင်ပေါက်လိုက်တာကြောင့် ၂ မိနစ်ကျော်ကျော် အတွင်းမှာပဲ ထွားထွား ကျိုင်းကျိုင်းနဲ့ အမျိုးသား အရှုံးပေးလိုက်ရပြန်ပါတယ်။

သင်တန်းသားတွေကို ဂျူဒို နည်းပညာ သင်ပြနေတဲ့ ချမ်း/ချမ်းစွန်း/ဧရာဝတီ

တိုက်ခိုက်နည်းတွေကို ရှင်းပြနေသူကတော့ ဂျူဒို ဒိုင်နည်းပြ ဒေါ်ခင်ချမ်းမြေ့သူပါ။ ခင်မင်ကြသူတွေကတော့ သူ့ကို ချမ်း လို့ပဲ ခေါ်ကြသလို သူကိုယ်တိုင်ကလည်း စကားပြောရင် ချမ်းလို့ပဲ သုံးနှုန်း ပြောဆိုပါတယ်။

ချမ်းဟာ အသက် ၉ နှစ်အရွယ် ကတည်းက မြောင်းမြမှာ ဂျူဒို ကျောင်းလက်ရွေးစင်တဦး ဖြစ်လာပြီး ၂၀၁၁ ခုနှစ် အသက် ၂၆ နှစ်မှာ ခါးပတ်နက် ၃ခုထိ ရလာကာ ကမ္ဘာ့အဆင့် အပြည်ပြည်ဆိုင်ရာဂျူဒိုအဖွဲ့ချုပ်ရဲ့ အသက်အငယ် ဆုံး ဒိုင်နည်းပြ တဦး ဖြစ်နေပါပြီ။

ကမ္ဘာ့အဆင့်မီတဲ့ ဒိုင်နည်းပြတဦးဖြစ်လာဖို့ ခါးပတ်နက် ၃ခု အဆင့်ဆင့်ရလာဖို့ နိုင်ငံတကာက ဂျူဒိုကစား သမား တွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့အခါ အစားအသောက်၊ ကစားသမား ဝတ်စုံကအစ နိုင်ငံတကာ ကစားသမားတွေနဲ့ ကွာဟမှု တွေကို ကြုံတွေ့ရပြီး ယှဉ်ပြိုင်ရင်း ကြိုးစားခဲ့ရသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ချမ်းက အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတဦးပါ။ ဂျူဒို ဒိုင်နည်းပြ အဖြစ်နဲ့ပဲ ဆက်လက် ရပ်တည် နေသူလည်း ဖြစ်ပါတယ်။

ဂျူဒို အားကစားဆိုတာကတော့ တဖက်ရန်သူကို ကိုင်ပေါက်မယ်၊ ချုပ်မယ်၊ ချိုးမယ်၊ ညှစ်မယ် ဆိုတဲ့ ကစားကွက်တွေ နဲ့ လက်နက်မဲ့ ခုခံကာကွယ်တိုက်ခိုက်တဲ့နည်းပညာ တခုဖြစ်ပါတယ်။
အစောပိုင်းမှာ လုံးထွေးတိုက်ခိုက်နေတာကတော့ လက်နက်မဲ့ ခုခံကာကွယ်တိုက်ခိုက်နည်း ဖြစ်တဲ့ ဂျူဒိုအားကစားကို ချမ်းရဲ့နေအိမ်မှာ အခမဲ့ သင်ပေးနေတာပါ။

ဂျူဒို တိုက်ကွက်တွေကို လက်တွေ့ လေ့ကျင့်နေကြတဲ့ ချမ်းရဲ့ သင်တန်းသားများ/ချမ်းစွန်း/ဧရာဝတီ

ရန်ကုန်မြို့တွင်းမှာ တက္ကစီစီးရင်း မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးငယ်ရဲ့သတင်းတွေ၊ နေအိမ်မှာ နေရင်း ရည်းစားဟောင်းက မကျေနပ်ချက်ကြောင့် ဓားနဲ့ ဝင်ထိုးသတ်သွားတဲ့ အမှုတွေ၊ ကလေးသူငယ် မုဒိမ်းမှုတွေ ဖြစ်လာ တဲ့ နောက် ချမ်းတယောက် မခံမရပ်နိုင်စိတ်တွေ ဖြစ်ပြီး မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် လက်နက်မဲ့ ခုခံ ကာကွယ်ဖို့ နည်းလမ်းတွေ တိုက်ခိုက်နည်းတွေ တတ်ထားသင့်တယ်လို့ ယူဆတာကြောင့် အခမဲ့ သင်တန်းကို ဖွင့်ပေး မှာ ဖြစ်တယ်လို့ လူမှုကွန်ရက်ကနေ ကြေညာပြီး ဖွင့်လှစ်လိုက်တာပါ။

“ဒီလို (မုဒိမ်းမှု)တွေ ကြားတော့ အားပါပြီး အခမဲ့ သင်ပေးမယ်ဖြစ်ကုန်တာ။ သင်တန်းကြေး ယူရင် သင်တဲ့သူတွေ နည်းကုန်မှာ စိုးလို့။ ကိုယ်တိုင်ကလည်း မိန်းမဖြစ်နေတော့ မကြိုက်ဘူး။ တယောက် တတ်သွားရင် သူလမ်းမှာ ကြုံရင် လည်း ပြေးကူညီလို့ ရပြီဆိုတဲ့ အတွေးမျိုးလည်း တွေးမိတယ်။ ဒါ့ကြောင့် သင်ပေးတာပါ”လို့ ချမ်းက ဆိုပါတယ်။

အခမဲ့ သင်တန်းကျောင်း မဖွင့်ခင်က ချမ်းရဲ့ ရန်ကုန်မြို့ တာမွေမြို့နယ် ၁၆၄ လမ်းက သင်တန်းကျောင်းမှာ ဂျူဒို လာ သင်နေသူ တွေ ဦးရေ ၇၀ လောက် ရှိပေမယ့် မိန်းကလေးက ၁၀ ဦးလောက်ပဲ ပါဝင် ပါတယ်။

ချမ်းရဲ့ အခမဲ့ သင်တန်းကျောင်း ဖွင့်တဲ့ သတင်းကို လူမှုကွန်ရက် ကနေတဆင့် ကြေညာပြီးတဲ့နောက်မှာတော့ သင်တန်းကျောင်းကို ဆက်သွယ်လာသူအများစုက မိန်းကလေးတွေ ဖြစ်လာပါတယ်။

“သင်တန်းစုံစမ်းတာ တနေ့မှာ ဖုန်း ၃၀လောက်လာရင် မိန်းကလေးက ၂၅ယောက်လောက် ဖြစ်နေတယ်။ ရုံး ဝန်ထမ်း တွေဆို အဖွဲ့လိုက်လာမယ်ပေါ့။ သူတို့က အကြောက်တရားတခုနဲ့ သင်ချင်နေကြတာ”လို့ ချမ်းက ပြောပါတယ်။

တကယ်တမ်းလည်း အခမဲ့ သင်တန်းစဖွင့်တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်မှာ လာတက်တဲ့ လူငယ် ၃၀ လောက်မှာ အမျိုးသမီးငယ်တွေက အများစု ဖြစ်နေတာ တွေ့ရပါတယ်။

သင်တန်းသူ သင်တန်းသားတွေကို အခြေခံလေ့ကျင့်ရေး နည်းတွေ သင်ပေးပြီး လက်အားသန်တဲ့ သူကို လက်အား စိုက်ပြီး တိုက်ခိုက်တဲ့ နည်းတွေ၊ ခြေထောက်အားသန်တဲ့ သူကို အားသန်သလို၊ တဖက်သား လက်ခြေကို ချိုးတဲ့ နေရာ မှာ အားသန်ရင် သန်သလို တကွက်ကောင်းတွေ သင်ပြပေးတယ်လို့ ချမ်းက ပြောပြပါတယ်။

“အပိုင်တနည်းသင်ပေးတယ်။ သူများက ကိုယ့်ကို နောက်ကနေ ဆောင့်ဆွဲရင်၊ လာဖက်ရင် ပြန်ပြီးခံချပြီး ပြေးပေ တော့ ဆိုတာမျိုး သင်တာပါ။ အဲ့ဒါကြောင့် သင်တန်းချိန်လည်း မှန်စရာ မလိုဘူး။ ကိုယ်တကွက်ရရင် တကွက်သင်၊ ၁၀မိနစ်ဆို ၁၀မိနစ်။ ခံနိုင်ရည်ရှိသလောက် မှတ်နိုင်သလောက်ကိုပဲ သင်ပေးလိုက်မှာ”လို့ ချမ်းက ဆိုပါတယ်။

ချမ်းဆီမှာ သင်တန်းလာတက်နေသူ အမျိုးသမီးငယ်များမှာ သူနာပြုဆရာမတွေ၊ ဆရာဝန်မတွေ၊ မီးသတ် တပ်ဖွဲ့ဝင် တွေ၊ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေနဲ့ ရုံးဝန်ထမ်း အမျိုးသမီးငယ်တွေ ဖြစ်ပါတယ်။

သူနာပြု ဆရာမတွေဆိုရင် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ တာဝန်ကျတဲ့ အခါ သူတို့ ဆေးထိုးပေးရမယ့် လူနာ တွေ က အရက်မူးသမားတွေ ဖြစ်နေတာမျိုး ကြုံရတဲ့အပြင် အမျိုးသမီးတွေကို နှောင့်ယှက်လိုတဲ့ သူတွေနဲ့ ကြုံရရင် ပြန်လည် ခုခံကာကွယ်နိုင်အောင် တိုက်ခိုက်နည်း၊ ချုပ်နည်း ပညာတွေကို လာသင်နေကြတာလို့ သိရပါတယ်။

“မိန်းကလေးက လာသင်ရင် ဌာနဆိုင်ရာ ဝန်ထမ်းက အမျိုးသမီးတွေ ပိုများတယ်။ သူတို့ ကြုံရတဲ့ အခက်အခဲတွေ ပိုများတယ်။ သူနာပြုတွေဆိုလည်း နယ်တွေမှာ သွားရင် မူးတာ ရူးတာတွေကို ဆေးထိုးပေးမယ်ဆိုရင် ပြန်ရိုက် ထုတ် တယ် ဆိုတော့ အန္တရာယ် ပိုရှိတယ်ပေါ့”လို့လည်း ချမ်းက ပြောပါတယ်။

ချမ်းကိုယ်တိုင်က အမျိုးသမီးဂျူဒို ဒိုင်နည်းပြတဦး ဖြစ်တာကြောင့် တိုက်ခိုက်နည်း ပညာတွေကို ပြန်သင်တဲ့ အခါမှာ လည်း အမျိုးသမီးတွေကို ပိုပြီး သင်ပေးချင်တာလို့ ဆိုပါတယ်။

ဂျူဒို တိုက်ကွက်တွေကို လက်တွေ့ လေ့ကျင့်နေကြတဲ့ ချမ်းရဲ့ သင်တန်းသားများ/ချမ်းစွန်း/ဧရာဝတီ

သို့ပေမယ့် ကျား/မ ခွဲခြားတဲ့ သူတယောက် မဖြစ်အောင် သင်တန်းကို ရောက်လာတဲ့ အမျိုးသား ပညာသင်သား တွေ ကို လည်း လက်ခံသင်ပေးသလို အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ပိုအားစိုက်လေ့လာတဲ့သူကို ပိုဂရုစိုက်ပြီး သင်ပေး တယ်လို့လည်း သိရပါတယ်။

ဂျူဒို အားကစားနဲ့ ရင်းနှီးမှုမရှိတဲ့ သင်တန်းသူ သင်တန်းသားအသစ်တွေကို သင်တဲ့အခါ အမှားတွေ လုပ်နေရင်လည်း အမှားကို မှားတယ်လို့ မပြောဘဲ မှန်တယ်ဆိုပြီး အားပေးရင်း ကစားကွက် အမှန်ကို ရောက်အောင် သင်ပေး နေတာ လည်း တွေ့ရပါတယ်။

ချမ်းက သူ့ငယ်ဘဝ အကြောင်းကိုလည်း ပြန်ပြောင်း ပြောပြပါသေးတယ်။

“ကိုယ်မှားနေရင်တောင် မမှားပါဘူးဆိုပြီး အဒေါ့်ဆီက ရတဲ့ ခွန်အားတွေနဲ့ ချမ်းက ဒီလို ဖြစ်လာတာ။ ဒီအချိန်မှာ တပည့် တွေ ရတော့ အဲ့ဒီ ခွန်အားကို ပြန်ပေးတယ်။ သူတို့ စလုပ်တယ်။ တလွဲလုပ်တယ်ဆိုလည်း မှန်တယ်ပဲ။ ဖြည်းဖြည်းချင်းစီ အမှန်ဆီရောက်သွားအောင် ပြင်ယူတယ်”လို့လည်း သူက ပြောပါတယ်။

ချမ်းက မိဘတွေနဲ့ ကြီးပြင်းလာရသူ မဟုတ်ဘဲ အဘွားနဲ့ အဒေါ်အပျိုကြီးတို့ရဲ့ အုပ်ထိန်းမှု အောက်မှာ ကြီးပြင်း လာရ သူပါ။

အသက် ၉ နှစ်အရွယ် ဂျူဒိုအားကစား စစိတ်ဝင်စားလို့ ကစားတဲ့ အချိန်မှာ အိမ်စီးပွားရေးက သိပ်တောင့်တင်း လွန်း တဲ့ အခြေအနေ မဟုတ်တာကြောင့် တိုက်ခိုက်နည်း သင်ယူနေတဲ့ ချမ်းကို အာဟာရရှိအောင် ဖြည့်စွက်စာတွေ အားဆေးတွေ တိုက်တာမျိုး မရှိဘဲ ကုလားပဲတွေကို တညလုံးရေစိမ်ပြီး မနက်ကျရင် အစိမ်းလိုက် ဝါးစားခိုင်းတာတွေ အသားတုံးတွေကို ပြုတ် ကျွေးတာတွေနဲ့ အဒေါ်ဖြစ်သူက ပံ့ပိုးပေးခဲ့တာလို့ သိရပါတယ်။

ချမ်း ငယ်စဉ်က ဂျူဒိုတိုက်ကွက်တွေ လေ့ကျင့်ခဲ့ရတာက လက်ရှိ သူ့ရဲ့သင်တန်းကျောင်းမှာ သင်ပေးနေသလို အောက်ကို ပြုတ်ကျရင် အခံထားရှိတဲ့ ဖော့ပြားတွေ မရှိပါဘူး။

ခြံဝင်းကျယ်ထဲမှာ သဲတွေ ဖုန်တွေအပြည့်နဲ့ မြေကြီးပေါ်မှာ လေ့ကျင့်ခဲ့ရသလို ကျူထရံ ၂ထပ် ခင်းထားတဲ့ အခင်း ကြမ်းကြမ်းပေါ်မှာ လေ့ကျင့်ခဲ့ရတာပါ။

ချမ်းဟာ ဂျူဒိုတိုက်ကွက်တွေ လေ့ကျင့်ရင်း၊ လေ့ကျင့်ဖော်နဲ့ တိုက်ခိုက်ရင်း အသားတွေ နေ့တိုင်း နာခဲ့ရသလို လေ့ကျင့်ရင်း လက်တွေ ကောက်ပြီး ပြန်မဆန့်နိုင်တော့ထိ ဖြစ်ခဲ့ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အသားနာပေမယ့် ဂျူဒိုအားကစားကို သင်ယူနေရရင် ပျော်နေသူ ဖြစ်တာကြောင့် သင်ယူရင်း လေ့ကျင့် တိုက်ခိုက်ရင်း နဲ့ ဆုတံဆိပ်တွေ အဆင့်ဆင့်ရလာပြီး သူတတ်ထားတဲ့ ဂျူဒိုပညာက လမ်းမှာ အနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီးငယ်တွေ ကို အကူအညီပေးနိုင်တဲ့ နေရာမှာလည်း အသုံးဝင်လာတယ်လို့ ချမ်းက ဆိုပါတယ်။

ဂျူဒို တိုက်ကွက်တွေကို လက်တွေ့ လေ့ကျင့်နေကြတဲ့ ချမ်းရဲ့ သင်တန်းသားများ/ချမ်းစွန်း/ဧရာဝတီ

သူအကူအညီပေးခဲ့တဲ့ ဖြစ်ရပ်တွေထဲက မှတ်မှတ်ရရ ဖြစ်နေတဲ့ အကြောင်းကတော့ ၂၀၁၄ ခုနှစ်က နေပြည်တော်မှာ နည်းပြ မွမ်းမံ သင်တန်းသွားတက်တဲ့ ခရီးစဉ်မှာ ကြုံခဲ့ရတာပါ။

သင်တန်းပြီးချိန် ညပိုင်းဈေးဝယ်ထွက်ဖို့ နေပြည်တော်ကနေ ပျဉ်းမနားမြို့ဘက်ကို သွားတဲ့လမ်းမှာ စက်ဘီးနဲ့ အမျိုးသမီး ငယ် ၂ဦးကို ဆိုင်ကယ်နဲ့ အမျိုးသား၂ဦးက လိုက်နှောင့်ယှက်နေပြီး စက်ဘီးနောက်ခုံမှာ ထိုင်နေတဲ့ အမျိုးသမီးငယ်ကို ဆိုင်ကယ်ပေါ်က အမျိုးသား တဦးက တဘီ လိုက်ဆွဲလှန်နေတာကိုတွေ့တဲ့ ချမ်းက အမျိုးသား၂ဦး မောင်းလာတဲ့ ဆိုင်ကယ်ရှေ့မှာ သူ့ဆိုင်ကယ်ကို ပိတ်ရပ်ပြီး နားအုံတွေကို ရိုက်ပြီး အမျိုးသမီးတွေနောက်ကို ဆက် မလိုက်ဖို့ ဝင်တားမြစ်ခဲ့တဲ့ ဖြစ်ရပ်ပါ။

ချမ်းက “ထဘီကို ဆွဲလှန်တဲ့ထိ မြင်ရတော့ သွေးက ဆူလာပြီ။ ဘာလုပ်နေတာလဲ ဆိုတော့ အရှေ့က ဆိုင်ကယ် ကယ်ရီသမားက ကြောက်တယ်။ နေခဲ့ပါ ထားထားခဲ့လိုက်ပါ ဆိုတော့ ရပ်ဆို ရပ်လိုက်တော့နော် ဆိုတော့ ရပ်ပေး လိုက် တော့ စရိုက်တာပဲ။ နားအုံတွေကိုပဲ လွှဲရိုက်ပစ်တာ” လို့ ပြန်ပြောပြပါတယ်။

ဆိုင်ကယ်ရှေ့က ပိတ်ရပ်လိုက်စဉ်တုန်းကတော့ အမျိုးသမီးငယ်တွေကို လိုက်နှောင့်ယှက်နေတဲ့ အမျိုးသား ၂ဦးက ချမ်းကို ဆဲဆိုနေကြပေမယ့် ရိုက်လိုက်တဲ့ အချိန်မှာ ကြောင်ကြည့်ပြီး ဘာမှ ပြန်မလုပ်နိုင်ကြဘူးလို့လည်း ချမ်းက ပြောပါတယ်။

“မိန်းကလေးတယောက်က ရိုက်လိုက်ပြီး သူ့သူငယ်ချင်းကိုလည်း ဗျင်းနေတာ မြင်တော့ သူတို့ ၂ယောက် စိတ်ထဲ အကြောက်တရား ဝင်သွားပုံရတယ်။ ချမ်းတို့ ဆိုင်ကယ်နဲ့ ထွက်သွားတာတောင် သူတို့က ကြောင်ကြည့်ပြီး ကျန်နေခဲ့ တယ်။ ထပ်လည်း မဆဲတော့ဘူး။ ကောင်မလေး ၂ယောက်လည်း စက်ဘီးနင်းပြေးသွားတာ မတွေ့တော့ဘူး”လို့လည်း ပြောပါတယ်။

ချမ်းက အမျိုးသမီးတွေ အနေနဲ့ လက်နက်မဲ့တိုက်ခိုက်ရေး နည်းပညာတွေကို တတ်ထားရင် ကိုယ်တိုင် ထိပါး နှောင့်ယှက် ခံရရင် ကာကွယ်နိုင်သလို လမ်းမှာ အခြားအမျိုးသမီးတွေ နှောင့်ယှက်ခံရရင်လည်း ဝင်ကူညီနိုင်မှာ ဖြစ်တာကြောင့် ဂျူဒိုပညာ အခြေခံကိုတော့ အမျိုးသမီးတိုင်း တတ်သိနားလည် ထားသင့်တယ် လို့လည်း ယုံကြည်နေ ပါတယ်။

သွားလာနေရင်း နှောင့်ယှက်ခံနေရတဲ့ အမျိုးသမီးတွေကို တွေ့ရင် တတ်ထားတဲ့ ဂျူဒိုပညာနဲ့ ဝင်ကူညီဖို့ တားမြစ်ဖို့ လက် မနှေးတတ်တဲ့ ချမ်းက ရန်ကုန်မြို့မှာ အမျိုးသမီးတွေ အနိုင်ကျင့်ခံနေရတဲ့ ဗလက်ကာယ ပြုခံနေရတဲ့ သတင်း တွေကြောင့် အခမဲ့ သင်တန်းကို ဖွင့်ခဲ့သူ ဖြစ်ပါတယ်။

ချမ်းက မိန်းကလေးတွေ အနေနဲ့ ကိုယ်တိုင်က အားနည်းတယ်၊ အားငယ်သူဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ် အောက်မှာ နေတာကို မဖြစ်သင့်ဘူးလို့ ယူဆထားသူဖြစ်ပြီး လမ်းသွားနေရင်း အနိုင်ကျင့်ခံရတာတွေ မကြုံရအောင်လည်း လက်နက် မဲ့ တိုက်ခိုက်ရေး နည်းပညာတွေကို အခြေခံလောက်တော့ တတ်ထားသင့်တယ်လို့လည်း ဆိုပါတယ်။

တချို့က အမောမခံနိုင်လို့ ကျန်းမာရေး မကောင်းလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အားကစား မလုပ်သင့်ဘူး ဆိုတဲ့ အတွေးတွေ ခေါင်းထဲက ဖျောက်ပြီး လုပ်နိုင်သလောက် ဖြည်းဖြည်းချင်း ကစားရင်းကနေ သက်လုံ ကောင်းလာနိုင် တယ် လို့လည်း ချမ်းက ပြောပါတယ်။

အမျိုးသမီးငယ်တွေ အတွက် လက်နက်မဲ့ တိုက်ခိုက်ရေး နည်းပညာ၊ ဂျူဒို တိုက်ကွက်တွေကို သင်ကြားပေးဖို့ တက်ကြွ နေတဲ့ ချမ်းက “ဘယ်သူမဆို နာမည်စာရင်း ပေးပြီး လာတက်နိုင်ပါတယ်။ စနေ၊ တနင်္ဂနွေတွေမှာ အခမဲ့ သင်ပေးနေပါ တယ်။ လာသင်လို့ ရပါတယ်။ လာခဲ့ပါ”လို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။ ။

The post တိုက်ခိုက်ရေးမှာ စွမ်းတဲ့ ချမ်း appeared first on ဧရာဝတီ.

UNFC ကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့

$
0
0

ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် မြန်မာနိုင်ငံအတွက် အခြားသော သမိုင်းဝင်နေ့ တနေ့ ဖြစ်သည်။ ထိုနေ့သည် နှစ်ပေါင်းများစွာ ဆွေးနွေးခဲ့ပြီးနောက် အခြားသော လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း ၂ ခုတို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးသောနေ့ ဖြစ်သည်။

သို့သော် ထိုနေ့သည် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသော မွန်ပြည်သစ်ပါတီ (NMSP) နှင့် အဖွဲ့ဝင် လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU) နှစ်ဖွဲ့လုံး NCA ကို လက်မှတ်ရေးထိုးလိုက်သောကြောင့် UNFC တပ်ပေါင်းစု အတွက် ကံဆိုးမိုးမှောင်ကျသော နေ့တနေ့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အရ ထိခိုက်နစ်နာမှုများကို အဆုံးသတ်နိုင်ရေး အစိုးရ၊ တပ်မတော်တို့နှင့် သဘောတူညီချက် ရရှိရန် UNFC သန္ဓေတည်စက လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်း ၁၂ ခုနှင့် ဖွဲ့စည်းခဲ့သည်။

သို့သော် ၂၀၁၄ ခုနှစ်သို့ ရောက်သောအခါ ကရင်အမျိုးသား အစည်းအရုံး (KNU) သည် တပ်ပေါင်းစုမှ ရုတ်တရက် နုတ်ထွက်သွာခဲ့ပြီး ပအိုးဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့သည် ၂၀၁၅ ခုနှစ်တွင် NCA ကို လက်မှတ်ရေးထိုးလိုက်သောကြောင့် တပ်ပေါင်းစု အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားလိုက်သည်။

မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် ၂၀၁၆ ခုနှစ်တွင် တပ်ပေါင်းစုမှ နုတ်ထွက်လိုက်ပြီး ကချင်လွတ်လပ်ရေး အဖွဲ့ (KIA) ၊ ၀ အမျိုးသား အဖွဲ့ချုပ် (WNO) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့သည် ၂၀၁၇ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။

UNFC ၏ မူလအဖွဲ့ဝင် ၄ ဖွဲ့နှင့် NMSP နှင့် LDU တို့သည် အခြား အဖွဲ့ဝင်များဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့နှင့် ညှိနှိုင်းခြင်း မရှိဘဲ NCA ကို ရုတ်တရက် လက်မှတ်ရေးထိုးခဲ့သည်။

NMSP မှ သတင်းရင်းမြစ်များ၏ အဆိုအရ UNFC ၏ ဥက္ကဋ္ဌ နိုင်ဟံသာသည် သူနှင့် အခြားသော တပ်ပေါင်းစုဝင်များနှင့် ညှိနှိုင်းနေစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ဇန်နဝါရီလက တွေ့ဆုံခဲ့အပြီး NCA ကို လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့သော NMSP နှင့် LDU ဥက္ကဋ္ဌ များ၏ ဆုံးဖြတ်ချက် အတွက် စိတ်ပျက်ခဲ့ရသည် ဟု ဆိုသည်။

“ကျနော်တို့က တပ်ပေါင်းစုရဲ့ တခြား အဖွဲ့ဝင်တွေနဲ့ တိုင်ပင်ညှိနှိုင်းနေချိန်မှာ ကျနော်တို့ မွန်ပြည်သစ်ပါတီ တခုတည်းက NCA ကို လက်မှတ် မထိုးသင့်ဘူး။ တပ်ပေါင်းစုကို ကျနော်တို့ လျစ်လျူမရှုသင့်ဘူး” ဟု နိုင်ဟံသာက သြစတြေးလျရှိ မွန်အမျိုးသားများ ညီလာခံတွင် ပြောခဲ့သည်။

NCA ကို လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက်ကို NMSP နှင့် LDU ကိုယ်စားလှယ်များက နိုင်ဟံသာ သြစတြေးလျတွင် ရှိနေစဉ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“တခြားအဖွဲ့တွေနဲ့ ဆွေးနွေးပြီး NCA ကို လက်မှတ်ရေးထိုးဖို့ နိုင်ဟံသာရဲ့ မူလ အစီအစဉ်က မအောင်မြင်ဘူး” ဟု မွန်အရေး တက်ကြွလှုပ်ရှားသူ လူငယ် တဦးက ပြောသည်။

နှစ်ဖွဲ့ လက်မှတ်ထိုးပြီး အခြားအဖွဲ့များ မည်သည့်အတွက် လက်မှတ်မထိုးကြသနည်း

တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မတိုင်မီတွင် UNFC အဖွဲ့ဝင်များသည် NCA ကို လက်မှတ်ရေးထိုး လိုကြောင်း မူလက ဖော်ပြခဲ့ကြသည်။ သို့သော် ၂ ဖွဲ့သာ လက်မှတ်ထိုးပြီး ၂ ဖွဲ့သည် လက်မှတ်ထိုးရန် စိတ်မပါပေ။

ထို ၂ ဖွဲ့ လက်မှတ်ထိုးရခြင်း အကြောင်းတခုမှာ ဖြစ်ပေါ်လာနိုင်ခြေ ရှိသော တပ်မတော်၏ တိုက်ခိုက်မှုကို ဟန့်တားရန် ဖြစ်နိုင်သည်။ NMSP နှင့် LDU တို့သည် တပ်မတော်နှင့် ကြီးမားသော ပဋိပက္ခကို ရင်ဆိုင်လိုခြင်း မရှိပေ။

၎င်းတို့ လက်မှတ်ရေးထိုးခြင်း မပြုပါက တပ်မတော်သည် နောင်တွင် တိုက်ခိုက်လာနိုင်ပြီး လူအများအပြား ထပ်မံ နေရပ် စွန့်ခွာ စစ်ဘေးရှောင်ရမည် ဖြစ်သည်။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ အရှိန်မြင့်လာခြင်းကြောင့် ဒေသခံ သောင်းနှင့်ချီ စစ်ဘေး တိမ်းရှောင်နေကြရခြင်းက အရိပ်မိုး ခြိမ်းခြောက်နေပြီး ပဋိပက္ခကို ရှောင်လွှဲရန် NCA လက်မှတ်ထိုးခြင်း ဖြစ်သည်။

အစိုးရက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် NMSP နှင့် LDU သည် အကြမ်းဖက်အဖွဲ့အစည်းများ မဟုတ်ကြောင်း ကြေညာလိုက်ပြီး ၎င်းတို့ကို မတရားသင်း စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

အခြားသော အကြောင်းရင်းတခုမှာ KNU က နယ်မြေများ တိုးချဲ့နေခြင်း ဖြစ်နိုင်သည်။ NMSP သတင်းရင်းမြစ်တခု၏ အဆိုအရ KNU သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ်ရှိ ရေဖြူ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး တို့တွင် နယ်မြေများ ချဲ့ထွင်နေသည် ဟု သိရသည်။

နယ်နမိတ် အငြင်းပွားမှုကြောင့် ကြီးမားသော ပဋိပက္ခ ပေါ်ပေါက်လာနိုင်သည်။ KNU သည် NCA ကို လက်မှတ်ထိုးထားပြီး NMSP က ထိုးမထားလျှင် နှစ်ဖက် ပဋိပက္ခ ဖြစ်ပါက တပ်မတော်သည် KNU ကိုထောက်ခံလိမ့်မည် ဟု NMSP က ယုံကြည်ကောင်း ယုံကြည်နိုင်သည်။

သို့သော် အခြားသော UNFC အဖွဲ့ဝင် ၂ ဖွဲ့ဖြစ်သည့် ကရင်နီတိုးတက်ရေး ပါတီ (KNPP) နှင့် ရခိုင်အမျိုးသား ကောင်စီ (ANC) တို့သည် NCA ကို လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပေ။

၎င်းတို့၏ တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား တဦးကို တပ်မတော်က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က သတ်ဖြတ်ခဲ့သောကြောင့် KNPP က NCA ကို လက်မှတ်ရေးထိုးခြင်း မရှိပေ။ ထို သတ်ဖြတ်မှုကြောင့် တပ်မတော်ကို ကရင်နီလူထုက ဆန့်ကျင်မှု ဖြစ်လာခဲ့သည်။ ထိုသို့ ဆန့်ကျင်သူများ အနက်မှ ၅ ဦးကို ဖမ်းဆီးပြီး ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေဖြင့် တရားစွဲလိုက်သောအခါ အခြေအနေမှာ ပိုမိုဆိုးရွားလာသည်။

ကရင်နီ လူမှုအခြေပြု အဖွဲ့အစည်း ကွန်ရက်က ထိုဖမ်းဆီးမှု၊ သတ်ဖြတ်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။ KNPP နှင့် ကရင်နီလူထုက ထို သတ်ဖြတ်မှု အတွက် တရားမျှတမှုကို တောင်းဆိုခဲ့သည်။ ထို ဖြစ်ရပ်သည် NCA လက်မှတ် ရေးထိုးရေး အတွက် ကြီးမားသော အတားအဆီး ဖြစ်လာခဲ့သည်။

၎င်းတို့ ၏ လက်နက်ကိုင်တပ်များကို တပ်မတော်က အသိအမှတ် မပြုခြင်းသည် ANC အတွက် NCA လက်မှတ် မထိုးရခြင်း အဓိက အကြောင်းရင်း ဖြစ်သည်။

“မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖွင့်ဆိုခြင်း – ကိုးကားရန် လမ်းညွှန် (၂၀၁၆) (“Deciphering Myanmar’s Peace Process: A Reference Guide 2016,) အရ ANC တွင် လှုပ်ရှားနိုင်သော တပ်ဖွဲ့ဝင် ၁၀၀ ခန့် ရှိသည်။ သို့သော် တပ်မတော်က ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့ကို အသိအမှတ်မပြုဘဲ လက်နက် ဖြုတ်သိမ်းခြင်း၊ လှုပ်ရှားမှုကန့်သတ်ခြင်းနှင့် ပြန်လည် ပေါင်းစည်း (Disarmament, Demobilization and Reintegration – DDR) မှုများ ပြုလုပ်လိုသည်။

UNFC ၏ အနာဂတ်

UNFC ၏ အဖွဲ့ဝင် ၂ ဦး NCA ကို လက်မှတ် ရေးထိုးလိုက် သော်လည်း ထိုုတပ်ပေါင်းစု၏ အပစ်အခတ်ရပ်စဲမှု လေ့လာ စောင့်ကြည့်ရေး၊ တပ်ပိုင်းဆိုင်ရာများ၊ နယ်နမိတ် သတ်မှတ်ခြင်းနှင့် တပ်များ ပြန်လည် နေရာချထားခြင်း ဆိုင်ရာ အချက် ၉ ချက်ပါ အဆိုပြုချက်ကို တပ်မတော်က လက်ခံခြင်း မရှိသေးပေ။

UNFC အဖွဲ့ဝင်များသည် တပ်ပေါင်းစု၏ အနာဂတ်ကို ဆွေးနွေးရန် မကြာမီ တွေ့ဆုံကြမည် ဖြစ်သည်။ လူမျိုးစုများ ညီညွတ်မှု တည်ဆောက်ရေး၊ စစ်မှန်သော ပါတီစုံစနစ် တည်ဆောက်ရေးနှင့် ငြိမ်းချမ်းသော ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး စသော ကြီးမားလှသည့် ရည်မှန်းချက်များနှင့် စတင်ခဲ့သော UNFC သည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲခဲ့ရသည်။

ထိုတပ်ပေါင်းစု၏ အဖွဲ့ဝင်အများစု နှုတ်ထွက်ပြီး NCA ကို လက်မှတ်ရေးထိုးခဲ့ကြသောကြောင့် UNFC ကို ဖျက်သိမ်းကောင်း ဖျက်သိမ်းနိုင်သည်။ ထိုသို့ဆိုလျှင် UNFC သည် တိုးတက်သော အပြောင်းအလဲအတွက် မောင်းနှင်အားအစား သမိုင်း၏ အကြွင်းအကျန်အဖြစ်သာ စွန့်ပစ်လိုက်ရ နိုင်ပေသည်။

( ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Joe Kumbun ၏ The UNFC: Reasons Behind Signing and Not Signing the NCA ကို ဘာသာပြန်သည်။ Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် သုတေသီတဦးဖြစ်သည်။)

The post UNFC ကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့ appeared first on ဧရာဝတီ.

မုဒိမ်းမှုတွေ လျော့ကျသွားအောင် ဘယ်လိုပြင်ဆင်သင့်သလဲ

$
0
0

“ကျမက အဲဒီလိုကိုင်တာတွေကို မကြိုက်ဘူးလို့ အဒေါ်ကိုပြန်ပြောပြတယ်။ ဒါပေမယ့် အဒေါ်က ကိုယ့်ဦးလေး တွေပဲ ကိုင်ပါစေ၊ ဘာဖြစ်လဲဆိုပြီး ပြန်ပြောတယ်။ တကြိမ်မှာ ကျမအိပ်ယာက နိုးလာတော့ ကျမရဲ့မိန်းမကိုယ် က အရမ်းနာနေပြီး စပ်နေတာ။ ကျမကြောက်ပြီး ထိုင်တောင်မထိုင်ရဲဘူး။ တအိမ်လုံး ပတ်ပြေးပြီး အော်နေခဲ့ရတယ်”
ဒေါ်အိအိဖြူက သူငယ်စဉ်က ကြုံတွေ့ခဲ့ရတာတွေကို ပြောပြခဲ့တာပါ။

ဒေါ်အိအိဖြူက အခုချိန်မှာ သမီးနှစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး သူမဟာ ငယ်စဉ်က ဦးလေးအရင်းသုံးယောက် ရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသူတဦးဖြစ်ပါတယ်။ မိဘနှစ်ပါး စီးပွားရှာထွက်နေချိန် သမီးကို ယုံကြည်ရတဲ့ ဆွေမျိုး မောင်နှမတွေ အိမ်မှာထားခဲ့ရာကနေ စတင်ပြီး ဦးလေးဖြစ်သူတွေက အခွင့်အရေးယူ၊ ကျူးလွန်ခဲ့ကြတာဖြစ် ပါတယ်။

“ကျမငယ်ငယ်က အဒေါ်နဲ့အတူနေတာ။ ညအိပ်ရင် အဒေါ်နဲ့အတူအိပ်ပေမယ့် မနက်ရောက်ရင် ဦးလေး တွေရဲ့ အိပ်ယာထဲ ရောက်နေတယ်။ ကျမ ၆ နှစ်လောက် အရွယ်လောက်တည်းက ဦးလေးတွေရဲ့ အဓမ္မပြုကျင့် တာကို ခံခဲ့ရတယ်” လို့ ဒေါ်အိအိဖြူက ပြန်ရှင်းပြပါတယ်။

အစပိုင်းမှာတော့ ဦးလေးတွေက တအိမ်တည်း အတူနေတဲ့ တူမဖြစ်သူကို ချစ်စရာကောင်းလို့ဆိုပြီး ပါးကိုဆွဲလိမ်တာ၊ နမ်းတာတွေ ပြုလုပ်လေ့ရှိပြီး နောက်ပိုင်းသူမရဲ့ ခန္ဓာကိုယ်ကို ထိတာ၊ ကိုင်တာကနေ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုအထိ ဖြစ်လာခဲ့တာပါ။

သက်ငယ်မုဒိန်းလို့ ပြောလိုက်ရင် သူစိမ်းအမျိုးသား တယောက်က မိန်းကလေးငယ် တယောက်ကို အဓမ္မ ပြုကျင့်တယ်လို့ မြင်တတ်ကြပါတယ်။ ဒါပေမယ့် ဒေါ်အိအိဖြူလို ဦးလေးအရင်းတွေရဲ့ မုဒိန်းကျင့်ခံရတာ တွေရှိသလို တခြားရင်းနှီးတဲ့ ဆွေမျိုးနီးစပ် တော်သူတွေရဲ့ မုဒိန်းကျင့်တာကို ခံနေရတဲ့ မိန်းကလေးတွေလည်း အများအပြား ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုဟာ ၂၀၁၆ ခုနှစ်က ၆၇၁ မှု ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၂၂၆ မှု တိုးပွားလာ တယ်လို့ဆိုတဲ့ အတွက် ၈၉၇ မှု ရှိနေပါတယ်။ ဒါကြောင့်မို့ ၂၀၁၇ ခုနှစ်အတွင်းမှာ သက်ငယ်မုဒိမ်းမှုဟာ တရက်ကို အနည်းဆုံး ၂ မှုဖြစ်ပွားနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

သက်ငယ်မုဒိန်းမှုတွေထဲမှာ ပထွေး၊ အဖေအရင်း၊ ဦးလေး၊ အစ်ကို၊ ဆရာစတဲ့ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ၊ ယုံကြည်အားကိုးရတဲ့ သူတွေရဲ့ ကျူးလွန်မှုတွေဟာ သူစိမ်းက ကျူးလွန်တာထက် ပိုမို များပြားနေတာကိုလည်း စစ်တမ်းတွေအရ သိရပါတယ်။

ဒေါ်အိအိဖြူကတော့ သူမကြုံတွေ့ခဲ့ရသလို သမီးတွေကို မဖြစ်စေလိုတာကြောင့် မိခင်တယောက် အနေနဲ့ ကလေးတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး မထိသင့်၊ မကိုင်သင့်၊ မပြသင့်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကို သင်ကြား ထားပေးတယ်လို့ ဆိုပါတယ်။

သူက ကလေးတွေကို ကိုယ့်မိခင်မဟုတ်ပဲ တခြားသူတွေက ခန္ဓာကိုယ်ကို ထိတာကိုင်တာပြုလုပ်လာပြီဆို ရင် မိခင်ကို ချက်ချင်းလာပြောဖို့၊ ကလေးတွေကိုယ်တိုင်ကာကွယ်တတ်ဖို့၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ် အပိုင်းတွေက ဘယ်လို တန်ဖိုးရှိတယ်၊ ဘယ်လိုကျန်းမာအောင် နေရမယ်၊ စတဲ့လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက် တာတွေကို နားလည်အောင် ပြောပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ ပညာပေး (Sex Education) ဆိုတာဟာ ဖိုမဆက်ဆံတာတခုထဲ မဟုတ်ပဲ မိန်းက လေးရော ယောကျ်ားလေးရော သိသင့်သိထိုက်တဲ့ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေ၊ ခန္ဓာကိုယ် ဖွံဖြိုးလာပုံနဲ့ ဆက်စပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုကျန်းမာအောင် နေထိုင်ရမလဲ၊ ကိုယ့်ခန္ဓာ ကိုယ်ပေါ်မှာ မိခင်ကလွဲရင် တခြားသူတွေ မထိသင့်၊ မကိုင်သင့်တဲ့ အစိတ်ပိုင်းတွေ ရှိတဲ့အကြောင်း၊ ကိုယ့်ခန္ဓာ ကိုယ်ကို တန်ဖိုးထားတတ်ဖို့နဲ့ ကိုယ့်ခန္ဓာကိုယ်ကို တပါးသူလာရောက် ထိပါးရင် ဘယ်လိုတုန့်ပြန်ပြုမူပြောဆိုရ မလဲဆိုတဲ့ ဆွေးနွေးမှုတွေကို အသက် အရွယ်လိုက် သင်ကြားပေးတာတွေကို ဆိုလိုတာပါ။

“ကလေးတွေကို ဒါဟာ လိင်လို့လည်း သိစရာမလိုဘူး။ ဒီအင်္ဂါတွေဟာ သားသားတို့ မီးမီးတို့ပိုင်တဲ့ အင်္ဂါတွေ ဖြစ်တယ်ဆိုတာကို သင်ကြားရမယ်။ အဲ့ဒါတွေကို လာကိုင်တဲ့လူတွေရှိလာရင် ဘယ်လိုမျိုး ငြင်းဆန်ရမလဲ၊ ဘာလို့ငြင်းရမလဲ၊ ပြီးရင် မေမေ ဖေဖေကို ဘယ်လိုမျိုး ပြန်ပြောပြရမလဲ၊ အဲဒါတွေ သင်ထားပေးတာဟာ လိင်ပညာပေးတွေပါ” လို့ သက်ငယ်မုဒိမ်းနဲ့ လိင်ပညာပေးအကြောင်း ဆက်စပ်မှုကို အခရာအမျိုးသမီးအဖွဲ့ တည်ထောင်သူ မထားထားက ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုတွေ လျော့ကျဖို့အတွက် တဖက်မှာ ဥပဒေနဲ့ တားဆီးကာကွယ်ရမှာဖြစ်သလို တဖက် မှာလည်း ကျောင်းပညာရေးမှာ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာတွေကို သင် ကြားပေးဖို့ လိုအပ်နေတယ်လို့ထောက်ပြပြောဆိုလာကြတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အစဉ်အလာ ယဉ်ကျေးမှုတွေအရ ကလေးနဲ့မိဘအကြား လိင်ကိစ္စအကြောင်း ပြောရမှာကို ရှက်စရာလို့ သဘောထားကြပါတယ်။ ဒါကြောင့်လည်း လိင်ပညာပေး (Sex education) လို့ ပြောလိုက်ရင် ဖိုမဆက်ဆံတာကိုပဲ မြင်ကြလေ့ရှိပါတယ်။

လိင်ပညာပေးဆိုတာ လိင်ဆက်ဆံနည်းကို သင်ကြားပေးတာမဟုတ်ပဲ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော် ကားမှုတွေ လျော့ကျအောင်၊ ဆယ်ကျော်သက် အရွယ်မိန်းကလေးတွေ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်မှုလျော့ ကျအောင်၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး အသိရှိအောင်၊ လိင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါ တွေအကြောင်း သိရှိနားလည်ပြီး ကြိုတင် ကာကွယ်နိုင်အောင်၊ စတဲ့ရည်ရွယ်ချက်တွေရှိတာဖြစ်လို့ လိင်ပညာ ပေးဟာ မဖြစ်မနေ သင်ကြားဖို့လိုအပ်နေတာပါ။

လိင်ပညာပေး (Sex education) ဆိုရာမှာ ကိုယ့်ကလေးရဲ့ အသက် အရွယ်အလိုက် နားလည်သိရှိနိုင် မယ့် စကားလုံး အသုံးအနှုန်းမျိုး ရွေးချယ်ပြောပြတတ်ဖို့လိုပြီး ဆယ်ကျော်သက် အရွယ်မှာလည်း သူတို့ သိသင့် တာတွေကို ရွေးချယ်ပြောပြတတ်ဖို့လည်း အရေးကြီးပါတယ်။

သားသမီး ၃ ယောက်ရဲ့ မိခင်လည်းဖြစ်သူ မထားထားကတော့ စာသင်ကျောင်းတွေမှာ လိင်ပညာရေးနဲ့ ပတ်သက်ပြီး သင်ကြား ပေးစေလိုပေမယ့် ကျောင်းသားကျောင်းသူတွေထက် သူတို့ရဲ့မိဘတွေကလည်း လိင် ပညာပေးနဲ့ ပတ်သက်ပြီး သိရှိထားဖို့ က အရေးကြီးတယ်လို့ ဆိုပါတယ်။

“ဆရာမတွေကို သေသေချာချာ နားလည်အောင်၊ ပြောရဲအောင်၊ သင်တန်းပေးရမယ်။ သူတို့အဆင်ပြေ ပြီးတော့ သူတို့သင်ဖို့အတွက် အဆင်သင့်ဖြစ်သွားမှ၊ ပြီးရင် မိဘတွေကိုလည်း ပညာပေးရမယ်။ ဒီကလေး တယောက်က ကျောင်းမှာ တခုခုကြား လာလို့ အိမ်မှာပြန်မေးရင် အမေအဖေတွေက ကျောင်းမှာဘာတွေသင် တာလဲဆိုတာ ဖြစ်မယ်။ ဥပမာ မိန်းကလေးအင်္ဂါအကြောင်းကို သင်တယ်၊ ဒါကိုအိမ်မှာ ကလေးက ပြန်ပြော မယ်ဆိုရင် အိမ်မှာတောင် ဒီအကြောင်းတွေ မပြောဘူး။ ကျောင်းမှာ ဘာတွေပြောနေတာလဲ။ ဘာတွေသင်တာ လဲဆိုတဲ့ စိုးရိမ်စိတ်တွေဖြစ်ကြမယ်ဆိုတော့ မိဘတွေ နားလည်ထားမှဖြစ်မှာ” လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၁၆ ခုနှစ် ပညာသင်နှစ်ကစတင်ပြီး အခြေခံပညာအလယ်တန်းဖြစ်တဲ့ ၇ တန်း ကနေ အထက်တန်းဖြစ်တဲ့ ၁၀ တန်းအထိ စတင်သင်ကြား ပေးနေတယ်လို့ဆိုပါတယ်။

လိင်ပညာပေးကို ၇ တန်းအရွယ်မှ သင်ကြားပေးတာဟာ နောက်ကျတယ်လို့ ယူဆထားပေမယ့် တ ဖက်မှာလည်း လိင်ကိစ္စကို ရှက်စရာလို့ ခံယူထားတဲ့ အသိုင်းအဝိုင်းထဲမှာ ချက်ချင်းဆိုသလို သင်ကြားပေး လိုက်တာဟာလည်း သင်ကြားရတဲ့ဆရာ၊ ဆရာမတွေ အတွက် အခက်ခဲဖြစ်စေသလို သင်ကြားခံရတဲ့ ကလေး တွေအတွက်လည်း အဆင်မပြေ ဖြစ်စေပြီး မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ကလည်း ရှိနေပါတယ်။

မိဘတွေအနေနဲ့ ကလေးတွေ လိင်ကိစ္စကို သိရှိပြီး စမ်းသပ်လိုစိတ်တွေဖြစ်လာမှာကိုလည်း စိုးရိမ်ပူပန်နေကြ ပေမယ့် နောက်လာမယ့် မျိုးဆက်တွေအတွက်တော့ အကျိုးရှိတဲ့အကြောင်း အရာဖြစ်လို့ သင်ကြားတာကို အား ပေးတယ်လို့ မိခင်အချို့က ဆိုပါတယ်။

“အထူးသဖြင့် ဆယ်ကျော်သက် အရွယ်တွေမှာ စမ်းသပ်ချင်လာတယ်။ မှားယွင်းပြီးတော့များ စမ်းသပ်ကြမလားလို့ စိတ်ပူမိတယ်။ ဒါပေမယ့် သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တဲ့ အချိန်မှာ သူတို့က သိသိ မသိသိ စမ်းချင်တဲ့ လူကတော့ စမ်းမှာပဲ။ အဲဒီတော့ ဒါကိုပညာရေးပိုင်းမှာ စနစ်တကျထည့်ထားမယ်။ ဥပမာ အစ်မ လေ့လာထားမှု အရ ဘယ်အရွယ်ကနေစပြီး သူတို့ကို အဆင့်လိုက် ကြီးထွားတဲ့ အသက်အရွယ်အရ သူ့ရဲ့အကန့် အသတ် အရ သင်ပေးထားမယ်ဆိုရင်တော့ ဒါအရမ်းကောင်းတဲ့ အရာဖြစ်တယ်” လို့ မိခင်တဦးဖြစ်သူ နန့်သဇင်မင်းက ပြောပါတယ်။

အခုလိုသင်ကြားပေးခြင်းအားဖြင့် မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသိပညာရရှိသွားမှာ ဖြစ်သလို ကျားမ အခြေပြု အကြမ်းဖက်မှု တွေကလည်း လျော့ကျသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါတွေအပြင် နောက်ဆက်တွဲ အနေနဲ့ စောစီးစွာ အိမ်ထောင်ပြုမှုတွေ၊ အဆင်သင့်မဖြစ်သေးတဲ့ အရွယ်မှာ ကိုယ်ဝန် ဆောင်မှုတွေ၊ လျော့ကျ သွားမှာဖြစ်ပြီး နှစ်စဉ်မီးဖွားပြီး သေဆုံးနေတဲ့ မိခင်အရေအတွက်ဟာလည်း လျော့နည်းသွားမှာ ဖြစ်တယ်လို့ ဆယ်ကျော်သက် မိန်းကလေးတွေကို စွမ်းရည်မြင့်တင်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ ရောင်စုံမိန်းကလေးများ အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး နန့်သဇင်မင်းက ပြောပါတယ်။

ပြီးပြည့်စုံတဲ့ လိင်ပညာပေးဆိုတာ အခြေခံအချက် ၃ ချက်ရှိတယ်လို့ ဆိုပါတယ်။ ပထ မတချက် ကတော့ ခန္ဓာဗေဒဆိုင်ရာ သင်ကြားပေးမှုဖြစ်ပြီး နောက်တချက် ကတော့ ဒီခန္ဓာတွေနဲ့ ပတ်သက်ပြီး ထိန်းသိမ်းပုံ၊ ကျားမ ဆက်ဆံရေး အခန်းကဏ္ဍနဲ့ နောက်ဆုံး တချက်ကတော့ ကိုယ့်နိုင်ငံအတွင်း ကိုယ့်ဒေသအတွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ ဓလေ့ အယူ အဆတွေကို ပြန်လည်ရှင်းလင်းတဲ့ အပိုင်းတို့ ပါဝင်ပါ တယ်။

အခုချိန်မှာတော့ လိင်ပိုင်းဆိုင်ရာ ပညာပေးဆိုရင် ပထမတချက်ဖြစ်တဲ့ ခန္ဓာဗေဒဆိုင်ရာကိုသာ အားစိုက် သင်ကြား ပေးနေတာဖြစ်ပြီး ကိုယ့်ဒေသတွင်း ယဉ်ကျေးမှုဆိုင်ရာ ကျားမခွဲခြားထားတဲ့ အတားအဆီးတွေ ကို ပြန်လည်သုံးသပ် ရှင်းလင်းတဲ့ အပိုင်းမှာတော့ အားနည်း နေသေးတယ်လို့သိရပါတယ်။

အခုလို တဖြည်းဖြည်း ပိုမိုတိုးပွားလာတဲ့ ကျားမ အခြေပြု အကြမ်းဖက်မှုတွေ၊ မုဒိန်းမှုတွေ လျော့ကျဖို့ အတွက် လိင်ပညာပေးကို ဆယ်ကျော်သက် အရွယ်ရောက်မှ သင်ကြားပေးတာထက် ဆယ်နှစ်အောက်ကလေး တွေမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိနေတာကြောင့် မူလတန်းအရွယ်ကတည်း သိသင့်တာတွေကို သင်ကြားပေးခြင်းဟာ သက်ငယ်မုဒိန်းမှုတွေ လျော့ကျစေဖို့ အတွက် အရေးကြီးတဲ့ နည်းလမ်းတခုဖြစ်တယ်လို့ အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားနေသူတွေက ပြောဆိုကြပါတယ်။

www.hiburma.net မှ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။

The post မုဒိမ်းမှုတွေ လျော့ကျသွားအောင် ဘယ်လိုပြင်ဆင်သင့်သလဲ appeared first on ဧရာဝတီ.


ဝမ်းချန်ပီယံရှစ် နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန် ဖြစ်လာမလား

$
0
0

မြန်မာ ပရိသတ်တို့၏ အချစ်တော် ကိုယ်ခံပညာ ဘက်စုံသုံး (MMA) မစ်ဒယ်ဝိတ် ချန်ပီယံ အောင်လအန်ဆန် ကတော့ ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲသမိုင်း၌ မှတ်တမ်းသစ် တခု ရေးထိုးနိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

အောင်လသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမ၌ ဘရာဇီးနိုင်ငံမှ ဂျူဂျစ် ဆု ကမ္ဘာ့ ချန်ပီယံ မာချာဒိုနှင့် ထိုးသတ်ရန် အတွက် ဖြစ်သည်။

၂၀၁၁ ခုနှစ်က စတင်ကာ တိုက်ခိုက်ရေး အားကစားပြိုင်ပွဲများ စီစဉ်ကျင်းပနေခဲ့သည့် စင်္ကာပူနိုင်ငံ အခြေစိုက် ဝမ်း ချန်ပီယံရှစ် အဖွဲ့၏သက်တမ်း တလျှောက်တွင် ကစားသမား တဦးတည်းက မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် (One ; Light Heavyweight) ချန်ပီယံ ခါးပတ် ၂ ခုကို ရယူ ဆွတ်ခူးနိုင်ခဲ့သည့် မှတ်တမ်း မရှိခဲ့ပေ။

ထိုကဲ့သို့ မရှိဘူးသေးသည့် မှတ်တမ်းသစ်တခုကို ရေးထိုးရန်အတွက် မြန်မာပြည်သားတို့၏ တခဲနက်အားပေးခြင်း ခံနေရသူ မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်မှာ ၎င်းထိုးသတ်နေသည့် ဝိတ်တန်းထက် တဆင့်မြင့်သည့် လိုက် ဟဲဗီးဝိတ်ချန်ပီယံဆု အတွက် ဘရာဇီးနိုင်ငံမှ ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ မာချာဒိုနှင့် မနက်ဖြန်တွင် ယှဉ်ပြိုင် ထိုးသတ် မည် ဖြစ်သည်။

ဝမ်းချန်ပီယံရှစ်၏ လိုက်ဟဲဗီးဝိတ်ချန်ပီယံမှာ အသက်အရွယ်အရ ကစားသမားဘဝမှ အနားယူသွားသည့် အတွက် အဆိုပါ ရွှေခါးပတ်မှာ လစ်လပ်နေခြင်းဖြစ်ပြီး လစ်လပ်နေသည့် ရွှေခါးပတ်ဆု အတွက် မစ်ဒယ်ဝိတ် ချန်ပီယံ အောင်လ နှင့် ပြိုင်ဘက်ကို ချုပ်ကိုင်ရာတွင် အထူးကျွမ်းကျင်သူ မာချာဒိုတို့ ထိုးသတ်ရန် ဝမ်းချန်ပီယံရှစ် အဖွဲ့က Quest For Gold ပွဲကို ရန်ကုန်မြို့တွင် စီစဉ်ခြင်း ဖြစ်သည်။

ယခုပွဲတွင် အောင်လ အနိုင်ရရှိပါက လိုက်ဟဲဗီးဝိတ် ချန်ပီယံနှင့် မစ်ဒယ်ဝိတ် ချန်ပီယံ ဟူ၍ ချန်ပီယံခါးပတ် ၂ ခု ခံယူ ရရှိမည် ဖြစ်ပြီး အကယ်၍ အောင်လ ရှုံးနိမ့်ခဲ့ပါက ယခင်အတိုင်း မစ်ဒယ်ဝိတ် ချန်ပီယံ အဖြစ် ဆက်လက် တည်ရှိနေ မည် ဖြစ်သည်။

ချန်ပီယံဆုအတွက် အောင်လအန်ဆန်နှင့် ထိုးသတ်မည့် မာချာဒိုမှာ ၂၀၀၇ ခုနှစ်ကတည်းက MMA လောကကို ဝင်ရောက် ခဲ့သူ ဖိုက်တာတဦးဖြစ်ပြီး ၁၀ နှစ်တာ ကာလအတွင်း ပွဲပေါင်း ၁၀ ပွဲ ထိုးသတ်ကာ ၈ ပွဲနိုင်၂ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ပြိုင်ဖက်ကို မလှုပ်ရှားနိုင်ဘဲ အရှုံးပေးသွားအောင် ချုပ်ကိုင်သည့် ဘရာဇီး ဂျူဂျစ်ဆုပညာကို ခါးပတ်နက် အဆင့်အထိ ကျွမ်းကျင်စွာ တတ်မြောက်ထားသူ တဦး ဖြစ်ပြီး ဘရာဇီး ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ တဦးလည်း ဖြစ်သည်။

ပြိုင်ဖက်ကို ချုပ်ကိုင်ရာတွင် ကမ္ဘာ့အဆင့် ကျွမ်းကျင်သူတဦးအဖြစ် ဝမ်းချန်ပီယံရှစ် အဖွဲ့က ညွှန်းဆိုထားသူ မာချာဒို မှာ ၎င်းယှဉ်ပြိုင် အနိုင်ရခဲ့သည့် နိုင်ပွဲ ၈ ပွဲတွင် ၄ ပွဲက ဂျူဂျစ်ဆုနည်းဖြင့် ပြိုင်ဘက်ကို ချုပ်ကိုင်၍ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

မာချာဒိုမှာ ဂျူဂျစ်ဆုနည်းဖြင့် ချုပ်ကိုင် အနိုင်ယူလေ့ရှိသည့် အပြင် အားပါ ပြင်းထန်သည့် လက်သီးချက်များဖြင့်လည်း ပြိုင်ဖက်ကို ပွဲသိမ်းလေ့ရှိသည်။
၎င်းအနိုင်ရသည့် နိုင်ပွဲ ၈ ပွဲအနက် ၃ ပွဲမှာ လက်သီးချက်များဖြင့် ပွဲသိမ်းခဲ့ခြင်းဖြစ်ပြီး ဒိုင် အဆုံးအဖြတ်ဖြင့် အနိုင်ရသည့်ပွဲ ၁ ပွဲသာ ရှိခဲ့သည်။

ထူးခြားချက်အနေဖြင့် မာချာဒို နောက်ဆုံးထိုးသတ်ယှဉ်ပြိုင်ခဲ့သူက အောင်လအန်ဆန်နှင့် ၂၀၁၇ နိုဝင်ဘာလက ရန်ကုန် မြို့တွင် ထိုးသတ်ခဲ့သူ အလိန်း ငလာနီဖြစ်နေသည်။

မာချာဒိုနှင့် ငလာနီမှာ ၂၀၁၆ ခုနှစ် သြဂုတ်လက ယှဉ်ပြိုင် ထိုးသတ် ခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲတွင် မာချာဒိုက လက်သီး ချက်များဖြင့် လူသန်ကြီး ငလာနီကို ဒုတိယအချီတွင် ထိုးသတ် အနိုင်ရရှိခဲ့သည်။

မာချာဒို ထိုးသတ်ခဲ့သည့် ပွဲရလဒ်များအရ ပထမအချီတွင် အနိုင်အရှုံး အဖြေပေါ်သည့်ပွဲ ၆ ပွဲ ရှိခဲ့ပြီး ဒုတိယအချီနှင့် တတိယ အချီတို့တွင် ၂ ပွဲစီ အဖြေပေါ်ခဲ့သည်။

အောင်လအန်ဆန်နှင့် ထိုးသတ်မည့် ပွဲစဉ်မှာ ဘရာဇီးသား မာချာဒို၏ ကစားသမားဘ၀ သက်တမ်းတလျှောက် ပထမ ဆုံး အကြိမ် လိုက်ဟဲဗီးဝိတ် ချန်ပီယံလုပွဲ အဖြစ် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

ချန်ပီယံခါးပတ် လုကြသည့်ပွဲတိုင်း ခက်ခဲကြမ်းတမ်းကြသည်မှာ တိုက်ခိုက်ရေးလောက ထုံးစံဖြစ်သည်။

သို့သော် မာချာဒို ယှဉ်ပြိုင် ထိုးသတ်ရမည့် သူက မြန်မာ့မြေပေါ်တွင် ၄ ပွဲထိုး ၄ ပွဲနိုင် ရလဒ်ဖြင့် ရာနှုန်းပြည့်နိုင်ပွဲ ရယူ ထားသူ မြန်မာပြည်ဖွား မြစ်ကြီးနား မြို့သား အောင်လအန်ဆန် ဖြစ်နေသည့် အတွက် မာချာဒိုအနေဖြင့် ကစားသမား ဘ၀ သက်တမ်းတလျှောက် အခက်ခဲဆုံး ပြိုင်ဖက်နှင့် ရင်ဆိုင်တွေ့ရမည့် အနေအထား ဖြစ်သည်။

မြန်မာတို့၏ အသည်းကျော် အောင်လအန်ဆန်မှာ ၂၀၀၅ ခုနှစ်က စတင်၍ တိုက်ခိုက်ရေး အားကစား လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ၎င်း၏ ကစားသမားဘ၀ ၁၃ နှစ်တာ ကာလအတွင်း ပွဲပေါင်း ၃၁ ပွဲ ထိုးသတ်ကာ ၂၁ ပွဲနိုင် ၁၀ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

အောင်လ အနေဖြင့် ၎င်း၏ မွေးရပ်မြေ ဖြစ်သည့် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစတင်၍ ထိုးသတ်မှုများ ပြုလုပ်ခဲ့ရာ ၂၀၁၆ အတွင်း ထိုးသတ်သည့် ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရခဲ့သည်။

ထို့နောက် ၂၀၁၇ ဇွန်လ ၃၀ ရက် နေ့တွင် ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ရုရှားနိုင်ငံသား ဘစ်တာလီ ဘစ်ဒက်ရှ်ကို ရန်ကုန်မြို့တွင် ထိုးသတ် အနိုင်ယူ၍ MMA ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ် လွဲှပြောင်းရယူခဲ့ပြီး ၂၀၁၇ နိုဝင်ဘာ လတွင်လည်း ၎င်းထက် ဝိတ်တန်းမြင့်သည့် ဟဲဗီးဝိတ်ဖိုက်တာ အလိန်း ငလာနီ ကို အလဲထိုးဖြင့် အနိုင်ယူကာ မြန်မာ့ မြေပေါ်တွင် ရာနှုန်းပြည့် နိုင်ပွဲဆက်နေသည့် မှတ်တမ်းကို ရေးထိုးထားသူ ဖြစ်သည်။

လက်ရှိ မာချာဒိုနှင့် ချန်ပီယံခါးပတ် လုမည့်ပွဲမှာ မြန်မာ့မြေပေါ်တွင် ၅ ပွဲမြောက် ထိုးသတ်ခြင်း ဖြစ်သည်။

ကြိုးဝိုင်း အတွင်း ပြိုင်ဘက်ကို မလှုပ်နိုင်အောင် ချုပ်ကိုင်အနိုင်ယူလေ့ရှိသည့်အတွက် မြန်မာ့ စပါးအုံးမြွေ (Burmese Python) ဟု အမည်ပေးခြင်း ခံထားရသည့် မစ်ဒယ်ဝိတ် ချန်ပီယံ အောင်လအန်ဆန်မှာ နောက်ထပ် ချန်ပီယံခါးပတ် တခု အတွက် ချုပ်ကိုင်ရာတွင် ကျွမ်းကျင်ပြီး သန်မာလွန်းသူ မာချာဒိုကို ရင်ဆိုင်ဖို့ စိတ်လှုပ်ရှားနေကြောင်း စကိုင်းနက် ချန်နယ် နှင့် သီးသန့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

“ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းတလျှောက်မှာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ၂ ခုစလုံးကို ပိုင်တဲ့ချန်ပီယံဆိုတာ မရှိဖူး ပါ ဘူး။ ဒါကြောင့် ဒီပွဲအတွက် အရမ်းရင်ခုန်တယ်။ ကျနော့် လေ့ကျင့်မှုမှာလည်း အရမ်းကြိုးစားခဲ့တယ်။ ဒီပွဲအတွက် ကျနော် လေ့ကျင့်နေကြ နေရာအပြင် ဖလော်ရီဒါကိုပါ သွားပြီးတော့ ၇ ပတ် (၄၉ ရက်) စလုံး အပြင်းအထန် ကြိုးစား လေ့ကျင့် ခဲ့ပါတယ်”ဟု အောင်လအန်ဆန်က ပြောဆိုသည်။

မာချာဒိုမှာ ထိုးသတ်မှု ၁၀ ပွဲသာရှိပြီး အောင်လအန်ဆန်မှာ ၃၁ ပွဲ ထိုးသတ်ထားသည့်အတွက် ဝမ်းချန်ပီယံရှစ်တွင် ယှဉ်ပြိုင်ထိုးသတ်မှု အတွေ့အကြုံအရ အောင်လအန်ဆန်က မာချာဒိုထက် ၃ ဆ သာလွန်နေသည်။

ထို့ပြင် ရှေ့ပွဲစဉ်တွင် ဟဲဗီးဝိတ် ဖိုက်တာ အလိန်း ငလာနီနှင့် ထိုးသတ်ထားခြင်း၊ လတ်တလော ပြိုင်ပွဲအတွက်လည်း ဟဲဗီးဝိတ် လေ့ကျင့်ဖက်များ နှင့် လေ့ကျင့်ထားခြင်း၊ ရာနှုန်းပြည့် နိုင်ပွဲရထားသည့် မွေးရပ်မြေ မြန်မာပြည် ပရိသတ် များ ရှေ့တွင် ထိုးသတ်ရခြင်း တို့က အောင်လ အတွက် လိုက်ဟဲဗီးဝိတ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ အားသာချက် များ ဖြစ်နေသည်။

သို့သော် ဘာမဆို ဖြစ်သွားနိုင်သည့် ဝမ်းချန်ပီယံရှစ်ကြိုးဝိုင်းထဲတွင် အောင်လအနေဖြင့် ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ မာချာဒို ကို မည်ကဲ့သို့သော နည်းဗျူဟာများဖြင့် ရင်ဆိုင် ထိုးသတ်သွားမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေသည်။

“အခုပွဲက ကျနော့်အတွက် မူလရရှိထားတဲ့ မစ်ဒယ်ဝိတ်ခါးပိတ်ကို မထိခိုက်စေဘဲ နောက်ထပ် လိုက်ဟဲဗီးဝိတ် ခါးပတ် တခုကို ရရှိပိုင်ဆိုင်ဖို့ အခွင့်အရေး ရမယ့်ပွဲလည်း ဖြစ်တယ်။ ဒါကြောင့် ကျနော်အစွမ်းကုန် ကြိုးစား သွားပါ့မယ်။ အများ ကြီးလည်း ပြင်ဆင်ထားပါတယ်။ ပွဲနေ့မှာ ကျနော်ချစ်တဲ့ ပရိသတ်ကြီး ကျနော့် ဘက်ကနေ အားပေးကြပါဦး” ဟု အောင်လက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပမည့် Quest For Gold ပြိုင်ပွဲတွင် အဓိကပွဲအဖြစ် လိုက်ဟဲဗီး ဝိတ် (One ; Light Heavyweight Championship) ချန်ပီယံခါးပတ် အတွက် အောင်လအန်ဆန် နှင့် မာချာဒိုတို့ ထိုးသတ်မည် ဖြစ်သလို မြန်မာ MMA ဖိုက်တာ ဖိုးသော်မှာ ကမ္ဘောဒီးယားမှ နာမည်ကျော် ဖိုက်တာ Sor Sey နှင့် ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။

မာချာဒိုကို အနိုင်ယူကာ မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ချန်ပီယံအဖြစ် အောင်ပွဲခံရန် ယုံကြည်မှု ရာနှုန်းပြည့် ရှိနေ ကြောင်း အောင်လအန်ဆန်က စကိုင်းနက်နှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

“ကျနော်ကတော့ ဒီပွဲမှာ အနိုင်ရဖို့ ယုံကြည်မှု ၁၀၀ ရာခိုင်နှုန်း ရှိတယ်။ ဘာလို့ဆိုတော့ ကျနော် ထရိန်နင်မှာ ကြိုးစား ထား လို့ ဖြစ်ပါတယ်”ဟု အောင်လအန်ဆန် က ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သား အောင်လအန်ဆန် အနေဖြင့် ဘရာဇီးသား ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ မာချာဒိုကို အနိုင်ယူကာ ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲသမိုင်းတွင် မရှိဘူးသေးသည့် မစ်ဒယ်ဝိတ်ချန်ပီယံနှင့် လိုက်ဟဲဗီးဝိတ် ချန်ပီယံ ဟူ သည့် နှစ်ထပ်ကွမ်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မလား ဆိုတာ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားခန်းမတွင် ကျင်းပမည့် Quest For Gold ပြိုင်ပွဲတွင် ဆက်လက် စောင့်ကြည့် သွားရမည် ဖြစ်ပေသည်။ ။

The post ဝမ်းချန်ပီယံရှစ် နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန် ဖြစ်လာမလား appeared first on ဧရာဝတီ.

မိုင်းခင်းလမ်း၊ စစ်ဘေး ဒုက္ခ နဲ့ မယ်သဝေါ ဒေသ

$
0
0

နှစ်ပေါင်း ၅၀ ကျော် နေထိုင်ခဲ့တဲ့ မွေးရပ်မြေ ရွာလေးကို ပြန်သွားကြည့်ပြီးတဲ့ ဦးတကီး တယောက် သူ့ရွာကို သူ့ သားသမီး တွေ မြေးတွေ ခေါ်ပြီး ပြန်နေဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာ သိသွားပါတယ်။

အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဦးတကီးနဲ့ သူ့သားသမီး၊ မြေးတွေ သိုက်သိုက်ဝန်းဝန်း နေခဲ့တဲ့ ဘောသရောရွာက စစ်ပွဲ ဒဏ် ကြောင့် လုံးဝပျက်စီးနေပါပြီ။

“ပြီးခဲ့တဲ့ရက်ပိုင်းက ရွာကို ကျနော်ပြန်သွားကြည့်တာ။ ရှေ့ကိုတောင် ဆက်မသွားရဲတော့ဘူး။ ခြုံတွေနဲ့ တောကြီးဖြစ် နေပြီ။ နေရဲစရာကို မရှိတော့ဘူး။ မိုင်းလည်း ကြောက်ရတယ်”လို့ ဦးတကီးက ပြောပါတယ်။

အိမ်ခြေ ၄၉ အိမ်၊ လူဦးရေ ၃၀၀ ကျော် နေထိုင်ခဲ့တဲ့ ဘောသရောရွာကြီးက အခုတော့ ခြုံနွယ်တွေနဲ့ လူသူမရှိတဲ့ တော အုပ်ကြီးလို ဖြစ်နေပါပြီ။

တခါတရံ ရွာပျက်တွေနားကို သွားလာနေတဲ့ တိုးတတ်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ ဝင်တွေ ရောက်လာတတ်လို့လည်း ဒီရွာမှာ ပြန်နေဖို့ မလုံခြုံဘူးလို့ ဦးတကီးက ဆိုပါတယ်။

သူ့သားသမီးတွေ မြေးတွေနဲ့ ပြန်နေဖို့ စဉ်းစားနေသေးသလားလို့ မေးတော့ သူက ခေါင်းကို ရမ်းပြီး “မိသားစုနဲ့ ပြန်မယ် ဆိုရင် ၁ ယောက်မဟုတ် ၁ ယောက် အပြင်ထွက်ရင် မိုင်းအန္တရာယ်စိုးရိမ်ရတယ်။ ပြန်မရဲပါဘူး။ ပြန်လို့ မဖြစ်တော့ဘူး”လို့ ပြောပါတယ်။

ဦးတကီးက ဇနီး၊သားသမီး၊ သားမက်၊ မြေးတွေနဲ့ စုစုပေါင်း မိသားစုဝင် ၁၁ ယောက်နဲ့အတူ မြိုင်ကြီးငူ အထူးဒေသက မြတ်ပန်းဝတ်မှုံစစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူ ၁ ဦးပါ။

မြိုင်ကြီးငူဒေသက ဘားအံမြို့ကနေ ကားစီးသွားရင် ၂နာရီခန့် သွားရတဲ့ အကွာအဝေးမှာ ရှိပါတယ်။

၂၀၁၆ခုနှစ်က ဦးတကီးတို့ နေတဲ့ မယ်သဝေါဒေသက ထီးနော့ထရွာနားမှာ DKBA နဲ့ ကရင်ပြည်နယ်၊ နယ်ခြားစောင့် တပ် (BGF) တို့ စစ်ရေး တင်းမာလာတာကြောင့် ဦးတကီးတို့ ရွာကလူတွေအပြင် မယ်သဝေါ ဒေသတခုလုံး ရွာပေါင်း ၃၀ ခန့် က လူဦးရေ ၅၀၀၀ ကျော်က မြိုင်ကြီးငူ ဒေသကို စစ်ဘေးရှောင်ခဲ့ရတာပါ။

စစ်ဘေးရှောင်နိုင်ဖို့အတွက် မြိုင်ကြီးငူဆရာတော်က စီစဉ်ပေးပြီး ကားတွေနဲ့ ခေါ်ထုတ်ခဲ့တာ ဖြစ်ပြီး သူတို့အားလုံး ထွက်ပြေးပြီးနောက် အဲဒီညမှာပဲ DKBA နဲ့ BGF တို့ တိုက်ပွဲတွေ စပါတော့တယ်။

စစ်ရှောင်ရတဲ့ ကာလ ၁ နှစ်ကျော်လာလို့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ အိမ်ကို သွားပြန်ကြည့်တဲ့အခါ ပြန်ဖို့ မဖြစ်နိုင် တော့တာ သိလာသလို ရွာဘက်ကို ပြန်တဲ့ သူ့ရဲ့သားမက်ကိုလည်း လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က လူမှား ပစ်ခတ်လို့ သေဆုံးသွား တာကြောင့် ဦးတကီးတယောက် သူ့အိမ်ကို မိသားစုတွေ ခေါ်ပြီး ပြန်ဖို့ အတွေးတွေကို ထပ်ပြီး မစဉ်းစား တော့ဘူးလို့ ပြော ပါတယ်။

ဒီ့အပြင် သူစိုးရိမ်နေသေးတာကတော့ မြေမြှုပ်မိုင်းအန္တရာယ်ပါ။

မြိုင်ကြီးငူဒေသမှာ စစ်ဘေးရှောင်နေတာ ၁ နှစ်ကျော်ရှိပြီဖြစ်တဲ့ မယ်သဝေါဒေသက ရွာ ၃၀ခန့်မှ ဒေသခံ ၅၅၀၀ ကျော် ကို မြိုင်ကြီးငူ ဆရာတော်ကြီးက အေးလင်းမြတ်ရှင်စခန်းနဲ့ မြတ်ပန်းဝတ်မှုံစခန်း မှာ နေရာချထားပေးပါတယ်။

အေးလင်းမြတ်ရှင်စခန်းမှာတော့ အိမ်ထောင်စု ၇၂၆ စုက လူဦးရေ ၃၈၄၄ ဦးခိုလှုံနေပြီး  မြတ်ပန်းဝတ်မှုံစခန်းမှာတော့ အိမ် ထောင်စု၂၈၁ စုကလူဦးရေ ၁၆၈၁ ဦးခိုလှုံနေပါတယ်။

စစ်ဘေးရှောင် အများစုက မယ်သဝေါဒေသမှာ နေထိုင်စဉ်က ရာဘာ၊ ကွမ်းသီး၊ ကွမ်းရွက်၊ ဝဥနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြသလို တောလိုက်မုဆိုးအဖြစ် အသက်မွေးသူတွေ ဖြစ်ပါတယ်။

မြိုင်ကြီးငူဒေသက စစ်ဘေးရှောင်စခန်းတွေမှာ အလှူရှင်တွေဆီကရတဲ့ ဆန်နဲ့ ထမင်းကိုသာ အဓိက ချက်ပြုတ် ကျွေးမွေး တာကြောင့် စစ်ဘေးရှောင်တွေက ဟင်းဖိုးနဲ့ မိသားစုကုန်ကျစရိတ်တွေကို ကိုယ်တိုင် ရှာဖွေရပါတယ်။

ရံဖန်ရံခါမှာ ဟင်းသီးဟင်းရွက်အလှူရှင်ရှိရင်တော့ စခန်းကနေ ဟင်းကိုပါ ချက်ပြုတ်ပေးပါတယ်။

အိမ်နဲ့ သီးပင်စားပင် စိုက်ခင်းတွေ လယ်ယာတွေကို ပစ်ထားခဲ့ကြရတဲ့ ၁ နှစ်ကျော်ကာလအတွင်းမှာ တိုက်ပွဲတွေ ငြိမ်တယ် လို့ ကြားရင် အရဲစွန့်ပြီး အိမ်နဲ့ ယာခင်းတွေဆီ ပြန်ခဲ့ကြသူတွေလည်း ရှိပါတယ်။

မိသားစု စားဝတ်နေရေး အတွက် နေရပ်ရင်းရွာကို ပြန်ပြီး အိမ်နဲ့စိုက်ခင်းမြေ အခြေအနေတွေကို ပြန်ကြည့်ဖို့ ဟင်းသီး ဟင်းရွက် ရှာဖို့ မယ်သဝေါ ဒေသထဲကို ပြန်သွားခဲ့သူတွေ ရှိပေမယ့် သူတို့တွေဟာ မိုင်းထိလို့ သေဆုံးသွားသလို တချို့ ကတော့ မိုင်းဒဏ်ကြောင့် ခြေတဖက် ပြတ်ပြီး စခန်းကို ပြန်ရောက်လာကြပါတယ်။

မြတ်ပန်းဝတ်မှုံ စစ်ဘေးရှောင် ဒုက္ခသည်စခန်းက တာဝန်ခံ ၁ ဦးဖြစ်တဲ့ ဦးစောစိန်ပန်းက “အခု ကျနော်တို့ တချိန်လုံး စိတ် ထဲမှာထည့်ထားနေရတာ မိုင်းပဲ။ များသောအားဖြင့် ကျနော်တို့ စစ်ရှောင်အဖွဲ့တွေ ပြန်သွားရင် အဓိကတော့ ဒီမိုင်း ၁ ခုပဲ။ နောက်ပိုင်း တိုက်ပွဲတွေ ဖြစ်တယ် ပြုတယ် ဆိုတော့ ပြန်သွားရင် သူများ ပေါ်တာဆွဲမှာလည်း ကြောက်ရ တယ်” လို့ ဆိုပါ တယ်။

စစ်ဘေးရှောင်စခန်းကနေ မယ်သဝေါဒေသကို ပြန်သွားလို့ မိုင်းထိတဲ့သူတွေ စာရင်းကိုတော့ စခန်းက တာဝန်ခံတွေက စာ ရင်းပြုစုထားတာ မရှိလို့ အသေးစိတ် မသိရပါဘူး။

စစ်ဘေး ရှောင်သူများ နေထိုင်သော တဲအိမ်များ(ဓာတ်ပုံ/နန်းလွင်နှင်းပွင့်/ဧရာဝတီ)

ဦးစောစိန်ပန်းက “၂၀၁၆တုန်းက သေတာ ၂ ယောက်ရှိတယ်။ ပွဲချင်းပြီး သေတာ။ ၂၀၁၇ မှာ ပြတ်တာပြုတာ မရှိဘူး။ သေတယ် ထိတယ်။ ကျနော်တို့ စခန်းမှာက အဲဒီကိစ္စကို သေချာ မပြုစုထားတော့ စာရင်းမရှိဘူး ဖြစ်နေတာ” လို့ ပြော ပါ တယ်။

မိုင်းထိတဲ့ သူတွေထဲမှာ ဦးစောစိန်ပန်း မှတ်မှတ်ရရ ရှိနေသူ ၂ ဦးကတော့ ဦးငါန်းတိုးနဲ့ မောင်သုည ပါ။

မြတ်ပန်းဝတ်မှုံစခန်းမှာ နေထိုင်တဲ့ ဦးငါန်းတိုး ဆိုသူ ၁ ဦးမှာလည်း ၂၀၁၇ ခုနှစ်က ၎င်းရဲ့ နေရပ်ရင်း ထိနော့ထရွာကို ပြန် ပြီး စိုက်ခင်းတွေကို ပြန်ကြည့်ရာက အပြန်လမ်းမှာ မိုင်းနင်းမိပြီး ခြေထောက်တဖက်  ပြတ်သွားတယ်လို့ ဦးစောစိန်ပန်း က ပြောပြပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း မောင်သုည အမည်ရှိ မယ်သဝေါဒေသခံ ၁ ဦး နေရပ်ရင်း ပြန်ရင်း မနက်စောစော မိုင်းနင်း မိပေ မယ့် ကယ်ဆယ်သူတွေက ညနေမှ ရောက်လာတာကြောင့် သွေးလွန်ပြီး သေဆုံးသွားတယ် လို့ ဦးစောစိန်ပန်းက ဆိုပါ တယ်။

မယ်သဝေါဒေသက တောတောင်ထူထပ်ပြီး တောလမ်းကလေးတွေကြားထဲ တိုးဝှေ့သွားရတာ ဖြစ်တာကြောင့် မိုင်းထိ သံ ကြားရင်လည်း ကြားတဲ့ သူတွေက မိုင်းထိသူကို လာကယ်ဖို့ ချက်ချင်း မလုပ်ကိုင်ရဲကြပါဘူး။

မိုင်းထိတဲ့ အခါ ပွဲချင်းပြီး သေသွားတဲ့သူရှိသလို မသေဘဲ ခြေပြတ်သွားသူတွေလည်းရှိကြပြီး အနီးနားမှာ မိုင်းတွေ ထောင် ထားတာကို ထပ်နင်းမိမှာ စိုးရိမ်တာကြောင့် မိုင်းထိသူအနားကို သွားဖို့ ပြင်ဆင်ရင်း မိုင်းထိသူက သွေးလွန်ပြီး သေဆုံးရ သူတွေလည်း ရှိတယ်လို့ ဦးစောစိန်ပန်းက ပြောပါတယ်။

အေးလင်းမြတ်ရှင် စခန်းမှာ ချက်ပြုတ်ရေး တာဝန်ကို ယူထားတဲ့ ဒေါ်နော်တင်လှ ကလည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်က သူ့စခန်းမှာ လာခိုလှုံဖို့ ပြေးလာကြတဲ့ စုစုပေါင်း အယောက် ၂၀၊ မိသားစု ၄စု လမ်းမှာ မိုင်းနင်းမိတာ ကြောင့် အိမ်ထောင်ဦးစီး အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ကျန် ၁၉ ဦးပဲ စစ်ဘေးရှောင်စခန်းကို ရောက်လာတယ် လို့ ပြောပြပါတယ်။

ဒေါ်နော်တင်လှက “သူတို့က တိုက်ပွဲတွေ  ဖြစ်တော့ တောကြိုတောင်ကြားမှာ ပုန်းနေတယ်။ ကြာလာတော့ ရိက္ခာ မရှိ တော့ ထွက်လာတယ်။ ထွက်ပြီး မြိုင်ကြီးငူဘက်လာတာ မိုင်းထိပြီး ဆုံးတာ။ သူတို့ အဖေက အသက် ၆၀။ အဲဒီလို မိုင်း ထိတယ် ဆိုတဲ့ သတင်းကြားတည်းက ဒီကလူတွေ မပြန်ရဲကြတော့ဘူး” လို့ ပြောပါတယ်။

လက်ရှိကာလမှာ မယ်သဝေါဒေသထဲက တိုက်ပွဲတွေ ငြိမ်နေလား၊ ဆက်ဖြစ်နေလား ဆိုတာကို ဒေသခံတွေ မသိကြ ပါဘူး။ သူတို့သိတာက စစ်ရေးအခြေအနေတွေ တင်းမာနေဆဲမို့ မယ်သဝေါ ရွာတွေဆီ သွားတဲ့ ကျုံထော်လမ်းကို ပိတ်ထားတာ ပါပဲ။

DKBA က ဗိုလ်မှူးကြီး စောဆန်းအောင်ကတော့ မယ်သဝေါဒေသမှာ ပစ်ခတ်မှုတွေ ငြိမ်နေတာက သီတင်း နှစ်ပတ်ခန့် ရှိပြီလို့ ပြောပါတယ်။

၎င်းက “သူတို့ (BGF) ဘက်က အင်အားဖြည့်ပြီး ကျနော်တို့ကို အမြစ်ဖြတ်လုပ်ဖို့ ရှိတယ်။ ကျနော်တို့ ဘက်ကလည်း အင် အား အရမ်းနည်းနေတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း အခက်အခဲရှိတော့ လိုအပ်တဲ့ ရိက္ခာတွေ ရသလောက် ပြန်စု ဖြည့်ထားတော့ နည်းနည်းသက်သာတာပေါ့။ လွန်ခဲ့တဲ့ ၁ ပတ်၊ ၂ ပတ်ကဆို စားဝတ်နေရေး မပြေလည်ဘူး” လို့ သူတို့ တပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ပြောပြပါတယ်။

မယ်သဝေါ ဒေသထဲမှာ ဒေသခံတွေ မရှိတော့တာကြောင့် DKBA အဖွဲ့ရဲ့ ရိက္ခာရရှိရေးနဲ့ အထောက်အပံ့ ပစ္စည်းတွေ ရရှိရေး လမ်းကြောင်းကလည်း ကျပ်တည်းလာတယ်လို့ ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုပါတယ်။

မယ်သဝေါဒေသက DKBA အဖွဲ့ဟာ BGF အဖွဲ့တွေ ပိတ်ဆို့ထားတဲ့ တောထဲမှာ ပိတ်မိနေတဲ့ အခြေအနေ ဖြစ်နေသလို လက်နက်ခဲယမ်း အင်အားလည်း နည်းနေတာကြောင့် မြေမြှုပ်မိုင်းကိုပဲ အဓိက တိုက်ခိုက်ရေး လက်နက်အဖြစ် အသုံး ပြုပြီး BGF ကို တန်ပြန် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စစ်ဘေး ဒုက္ခသည် တဦးဖြစ်သော ဘောသရော ရွာသား ဦးတကီး(ဓာတ်ပုံ/နန်းလွင်နှင်းပွင့်/ဧရာဝတီ)

ပစ်ခတ်မှုတွေ ရပ်တန့်နေတဲ့ ယခုသီတင်းပတ် နှစ်ပတ်အတွင်းမှာ DKBA အဖွဲ့က ရိက္ခာတွေ ပြန်စုသလို ဆက်သွယ် ရေး စက်တွေနဲ့ တိုက်ခိုက်ရေး မိုင်းတွေပြုလုပ်ရာမှာ အသုံးပြုဖို့ ဓာတ်ခဲတွေကိုလည်း ပြန်စုဆောင်း ထားတယ်လို့ ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုပါတယ်။

၎င်းက “အထူးသဖြင့် ကျနော်တို့က မိုင်းကိုပဲ ဦးစားပေးရတယ်။ ပစ်ခတ်တဲ့  နေရာမှာ  တော်တော်ချွေတာရတယ်။ မိုင်း တွေလည်း လုပ်နိုင်သလောက် ပြန်လုပ်တယ်။ ဓာတ်ခဲတွေလည်း ပြည့်ပြည့်ဝဝ ပြန်ရှိတယ်ဆိုတော့ သူတို့ လာရင်တော့ ပြန်ခုခံနိုင်မှာပါ” လို့ ပြောပါတယ်။

DKBA အဖွဲ့ကို BGF ဘက်က အမြတ်ပြတ်ချေမှုန်းဖို့ သဘောထားရှိတယ်လို့ သိထားတာကြောင့် ရှိတဲ့ အင်အားနဲ့ ပြန်လည် ခုခံ တိုက်ခိုက်ဖို့ အမြဲ ပြင်ဆင်ထားတယ်လို့လည်း ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်တိုင်းမှာလည်း DKBA ဘက်က စခန်းပုံသေထိုင်တာမျိုး မရှိတာကြောင့် BGF ဘက်က လက်နက်ကြီး တွေနဲ့ ပစ်ခတ်လို့ မရလို့ ရွေ့လျားပုံစံနဲ့ လှုပ်ရှား နေရတာကလည်း သူတို့ရဲ့ အားသာချက် တခုပဲ လို့ ဗိုလ်မှူးကြီး စောဆန်းအောင် က ပြောပါတယ်။

မယ်သဝေါ ဒေသက တိုက်ပွဲတိုင်းမှာ DKBA ဘက်ကပဲ မိုင်းသုံးတာ မဟုတ်သလို BGF ဘက်ကလည်း မိုင်းတွေကို အများကြီး သုံးတယ်လို့ ဗိုလ်မှူးကြီးစောဆန်းအောင်က ဆိုပါတယ်။

ဗိုလ်မှူးကြီး စောဆန်းအောင်တို့ရဲ့ DKBA အဖွဲ့က အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူညီ မှုစာချုပ် (NCA) လက်မှတ် ထိုးထားတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)က အဖွဲ့ဝင် ဟောင်းတွေပါ။

၂၀၁၅ ခုနှစ် ဇူလိုင်လက BGF ၊ တပ်မတော်တို့နဲ့ တိုက်ပွဲဖြစ်ပွားရာ တပ်တွင်း မကျေလည်မှုတွေ ဖြစ်ပြီး ဗိုလ်မှူးချုပ် စောကျော်သက် ဦးစီးတဲ့ ကလို့ထူးဝါး ဗျူဟာ တခုလုံးကို DKBA က ထုတ်ပယ်သလို ပူးပေါင်းပါဝင်ခဲ့တဲ့ ကလို့ထူးဘော စစ်ဌာန ချုပ်က ဗိုလ်မှူးကြီး စောဆန်းအောင် တို့ကိုလည်း ထုတ်ပယ်လိုက်တာပါ။

ထုတ်ပယ်ခံရတဲ့ DKBA အရာရှိတွေက ပြန်လည်စုစည်းပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)ကို ပြန်လည်ထူထောင်ပြီး BGF နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာပါ။

ဗိုလ်မှူးကြီး စောဆန်းအောင်တို့က ယခင် DKBA အဖွဲ့မှာ ပါဝင်စဉ်က အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ကိုယ်စား လှယ် အနေနဲ့ ပါဝင်ခဲ့ပေမယ့် ယခုအသစ်ပြန်လည်ဖွဲ့စည်းတဲ့ DKBAကိုတော့ အစိုးရဘက်က ငြိမ်းချမ်းရေး ကမ်းလှမ်း ပြောဆို ဆွေးနွေးတာမျိုး မရှိပါဘူး။

ကရင် မြစ်ချောင်းများ စောင့်ကြည့်ရေး ကွန်ရက် ကတော့ မယ်သဝေါက DKBA နဲ့ BGF တိုက်ပွဲတွေက ထိုင်းနဲ့ တရုတ် က ရင်း နှီးမြှုပ်နံှပြီး အကောင်အထည် ဖော်မယ့် ဟတ်ကြီး ရေကာတာ စီမံကိန်းအတွက် သယ်ယူပို့ဆောင်ရေး လမ်း ပိုင်း နေရာရအောင် BGF ဘက်က တိုက်ခိုက်နေတာ ဖြစ်ပြီး တိုက်ပွဲကာလတွေ အတွင်းမှာ မယ်သဝေါနဲ့ ကျောချင်း ကပ် နယ်မြေဖြစ်တဲ့ သံလွင်မြစ် အနောက်ဘက်ခြမ်း၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ထိန်းချုပ်တဲ့ ဧရိယာထဲကို ဝင်ခွင့်ပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့တယ်လို့ ၂၀၁၆ ခုနှစ်က အစီရင်ခံစာ တစောင် ထုတ်ပြန် ပြောဆိုထားပါတယ်။

မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်း အတွင်း တွေ့ရသည့် စစ်ဘေး ဒုက္ခသည် တဲအိမ် တအိမ်(ဓာတ်ပုံ/နန်းလွင်နှင်းပွင့်/ဧရာဝတီ)

မယ်သဝေါဒေသမှာ တိုက်ပွဲတွေ ဖြစ်နေရခြင်းကလည်း DKBA ဘက်က ခေါင်းဆောင်တွေက မပစ်ခတ်တော့ပါဘူးလို့ ကတိကဝတ်တွေ အပြန်အလှန်ပေးပြီး BGF တပ်ဖွဲ့ဝင်တွေရဲ့ ကင်းစခန်းကို ညဘက်လာရောက် ပစ်ခတ်ရာမှ ပြန်စ လာတဲ့ တိုက်ပွဲတွေသာ ဖြစ်တယ်လို့ BGF က ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

ဟတ်ကြီး ရေကာတာ စီမံကိန်းကြောင့် တိုက်ခိုက်တာ လုံးဝမဟုတ်ဘူးလို့ ဗိုလ်မှူး နိုင်မောင်ဇော်က ငြင်းပါတယ်။

ဆက်ပြီး တိုက်ပွဲကာလအတွင်း BGF ဘက်ကလည်း မိုင်းအသုံးပြုတာ ရှိပေမယ့် DKBA ကတော့ မိုင်းကို ပမာဏပိုသုံး တယ်လို့ ၎င်းက ဆိုပါတယ်။

“လက်လုပ်မိုင်းနဲ့ မိုင်းမျိုးကို သူတို့ သုံးနေတယ်။ ကျနော်တို့ စစ်ကြောင်းတွေ သွားမယ်ဆို တပေ၊ တထောင့်ထွာရှိတဲ့ လမ်း လောက်ပဲ လမ်းဖောက်နိုင်တာ။ မိုင်းရှင်းသွားတာ။ လမ်းရှင်းသွားတာ။ အဲဒီလမ်းက လွဲပြီး တခြားနေရာကို မသွားရဲ ဘူး။ နယ်မြေကျွမ်းရင်တောင် မိုင်းကွဲတယ်” လို့ ဗိုလ်မှူး နိုင်မောင်ဇော် က ပြောပါတယ်။

တိုက်ပွဲမကြာခဏ ဖြစ်ပွားထားတဲ့ ၁ နှစ်ကျော်ကာလအတွင်းမှာ DKBA ရဲ့ တိုက်ပွဲဝင် BGF တပ်ဖွဲ့ဝင်တွေ တော် တော်များများ ဒဏ်ရာ ရထားကြတယ်လို့လည်း ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုပါတယ်။

“ဒီဘက်က အင်အား အလုံးအရင်းနဲ့လာတော့ အဟန့်အတားဖြစ်အောင် သူတို့က တော်တော်လေး မိုင်းခင်းထားတာ” လို့ သူက ပြောပါသေးတယ်။

ဒေသခံ ရွာသူရွာသားတွေ မဆိုနဲ့။ စစ်ရေးစစ်ရာ နားလည်တတ်ကျွမ်းတဲ့ BGF တပ်ဖွဲ့ဝင်တွေတောင် မိုင်း အန္တရာယ်ကို စိုးရိမ်နေရတဲ့ အနေအထားပါ။

လက်ရှိ DKBA နဲ့ BGF တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာက လှိုှုင်းဘွဲ့မြို့နယ်က ကရင် အမျိုးသား အစည်းအရုံး (KNU) တပ် စခန်း တွေနဲ့လည်း ကျောချင်းကပ် ဖြစ်နေတာကြောင့် KNU တပ်ဖွဲ့ဝင်တချို့လည်း တခါတရံ မိုင်းနင်းမိလို့ ထိခိုက် တာမျိုး တွေ ရှိတယ်လို့ KNU အရာရှိ ၁ ဦးက ပြောပါတယ်။

စစ်ဘေးရှောင်များအတွက် ချက်ပြုတ်ရာ စားဖို(ဓာတ်ပုံ/နန်းလွင်နှင်းပွင့်/ဧရာဝတီ)

မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေး အဖွဲ့က သုတေသီ  ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ ပူအန်စူဝမ် ကတော့ စစ်ပွဲအတွင်းမှာ မိုင်းကို အသုံးပြုတာက ရာဇဝတ်မှုကို ကျူးလွန် တာပဲလို့ ဧရာဝတီကို ဇန်နဝါရီလ အတွင်းက ပြောထားပါတယ်။

မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေသော  လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အဖွဲ့က ဇန်နဝါရီလထဲမှာပဲ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ မြေမြှုပ်မိုင်း အစီရင်ခံစာ ၁ စောင်ကို ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာမှာ မယ်သဝေါ ဒေသထဲ မှာ DKBA က မိုင်း ထောင်နေတယ် ဆိုတဲ့ အကြောင်းကိုလည်း တွေ့ရပါတယ်။

ထိုအဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံထဲက ပဋိပက္ခဒေသတွေမှာ မိုင်းကြောင့် သေဆုံးတဲ့သူ ၆၉ ဦး ရှိပြီး ၂၂၉ ဦး ဒဏ်ရာ ရထားတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်စာရင်းကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။

ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ ပူအန်စူဝမ်က မြန်မာအစိုးရ၊ တပ်မတော်တို့ကိုလည်း မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ် ပိတ်ပင်ခြင်း သဘောတူ စာချုပ်နဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ အသုံးပြုမှု တားမြစ် ပိတ်ပင်ခြင်း သဘောတူစာချုပ်တို့မှာ ပါဝင် လက်မှတ်ရေးထိုးဖို့ တိုက်တွန်းမှုတွေ ပြုနေသလို လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ လည်း စစ်မြေပြင်မှာ တဖက်ရန်သူ စစ်သားလား၊ အရပ်သားလား ခွဲခြားမသိဘဲ ထိခိုက်ဒဏ်ရာ ရစေတဲ့ မိုင်းကို မသုံး သင့်ဘူးလို့ ပြောပါတယ်။

DKBA ဘက်ကတော့ သူတို့ အင်အား နည်းနေချိန်မှာ ဖိတိုက်တဲ့ BGF ကို ရှိတဲ့ အင်အားနဲ့ ဆက်ပြီး တိုက်ခိုက်မှာ ဖြစ် သလို အစိုးရအနေနဲ့ သူတို့ကို လျစ်လျူရှုထားတာကိုလည်း စိတ်ထဲမှာ နာရတယ်လို့ ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုပါတယ်။

စစ်ဘေး ရှောင်သူများ နေထိုင်သော တဲအိမ်များ(ဓာတ်ပုံ/နန်းလွင်နှင်းပွင့်/ဧရာဝတီ)

အေးလင်းမြတ်ရှင် စခန်းနဲ့ မြတ်ပန်းဝတ်မှုံစခန်းမှာ လတ်တလော အခြေချနေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကတော့ သူတို့ နေရပ်ရင်းကို ပြန်ရဖို့ အတွက် DKBA နဲ့ BGF ကို ပြေလည်စေချင်တယ်လို့ ပြောကြပါတယ်။

ဗိုလ်မှူး နိုင်မောင်ဇော် ကတော့ ဒေသခံတွေ ပြန်ဖို့က တိုက်ပွဲတွေ မရှိတော့မှ ပြန်နိုင်မှာ ဖြစ်ပြီး တိုက်ပွဲတွေ မရှိတော့ ရင်တောင် မိုင်းတွေကို စနစ်တကျ ရှင်းပေးရဦးမယ်လို့ ပြောပါတယ်။

နယ်မြေအေးချမ်းသွားရင် ဒေသခံတွေ အိမ်ပြန်နိုင်ဖို့ မိုင်းရှင်းလင်းရေး လုပ်ပေးဖို့ အစီအစဉ်တွေ ရေးဆွဲထားတယ်လို့ လည်း ဗိုလ်မှူး နိုင်မောင်ဇော်က အခိုင်အမာ ပြောဆိုပါတယ်။

ခြုံနွယ်တွေနဲ့ ပျက်စီး နေပြီဖြစ်တဲ့ ဘောသရော ရွာကို ပြန်ချင်နေတဲ့ ဦးတကီးက မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းမှာ   နေရတဲ့ အချိန်တွေက သူ့အတွက် အဆင်မပြေဘူးလို့ ပြောပါတယ်။

သူများ လာလှူမှ စားသောက်ရတဲ့ ဘဝနဲ့ မိသားစုကို ရှာဖွေကျွေးမွေးဖို့လည်း သူ့မှာ အလုပ်မရှိဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေနဲ့ မိုင်းအန္တရာယ်သာ မရှိတော့ရင် ဦးတကီးက သူ့မိသားစုကို ခေါ်ပြီး နေရပ်ရင်းရွာကို အမြန်ဆုံး အရောက် ပြန်မယ့် ပုံပါပဲ။

“ကျနော့် သားသမီးနဲ့ မြေးတွေအတွက် အစိုးရိမ်ဆုံးက မိုင်းပဲ။ အန္တရာယ် အကြီးဆုံးပဲ။ အဲဒါတွေ မရှိရင် အိမ်ပြန်ဖို့ စဉ်းစားမယ်” လို့ ဦးတကီးက ပြောဆို လိုက်ပါတယ်။  ။

The post မိုင်းခင်းလမ်း၊ စစ်ဘေး ဒုက္ခ နဲ့ မယ်သဝေါ ဒေသ appeared first on ဧရာဝတီ.

မွန်၊ UNFC နဲ့ ‘ဝ’ တို့၏ နောက်ကွယ်က နိုင်ငံရေး

$
0
0

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးဖို့ မွန်ပြည်သစ်ပါတီ အနေနဲ့ အရေးပေါ် အစည်းအဝေးတရပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလမတိုင်ခင်က ပါတီ ဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် အများစုက NCA လက်မှတ်ထိုးဖို့ မဲပေးကြတဲ့ အခါ ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က စိတ်ဆိုး မာန်ဆိုးနဲ့ အစည်းအဝေးထဲမှာပဲ “ငါတို့ စားပြီးသားထမင်းကျန်ကို နေလှမ်းမယ်။ ငါတို့ တိုက်မယ် ဒီစစ်ကို။ ဒါပေမယ့် အခု ဒီ အစည်းအဝေးခန်းထဲကနေ စစ် မတိုက်ချင်သူတွေ ထွက်သွားလို့ရပြီ” လို့ ပြောပါတယ်။

ဥက္ကဋ္ဌကြီးက မွန်ပြည်သစ်ပါတီ အနေနဲ့ NCA ထိုးမယ့် ကိစ္စကို တချက်လွှတ် အခွင့်အာဏာကို သုံးပြီး အခြားသော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များနှင့် အတူ NCA ကို လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါဘူး။

၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ လူမျိုးစုလက်နက်ကိုင် အဖွဲအစည်း ၈ ခုတို့က NCA ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် မွန်တို့ဟာ အဓိကအားဖြင့် ၎င်းတို့၏ မဟာမိတ်တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် အခြားသော (UNFC) အဖွဲ့ဝင်များကြောင့် လက်မှတ်မထိုးခဲ့ပါ။

နိုင်ထောမွန်နှင့် ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာတို့က NCA လက်မှတ်ထိုးခြင်းကို အဓိက ကန့်ကွက်တဲ့ ခေါင်ဆောင်တွေ ဖြစ်ပါတယ်။ သို့ပေမယ့် သူ့တို့ရဲ့ လက်အောက် ဗဟိုကော်မတီအဖွဲ့ဝင် အများစုက စစ်တိုက်ရတာထက် အစိုးရနဲ့ ဆွေးနွေးရတာကို ပိုပြီး စိတ်ဝင်စားတဲ့ အတွက် NCA ထိုးဖို့ အတွက် မဲအများစု ထည့်ကြပါတယ်။

UNFC အစည်းအဝေး တခုလုပ်နေစဉ်ကလည်း မဟာမိတ် အဖွဲ့အစည်းကနေ နုတ်ထွက်မယ့် KNU အပါအဝင် အခြား အဖွဲ့အစည်းတွေကို နိုင်ထောမွန်က “ခင်ဗျားတို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်း စာအုပ်တွေ ဖတ်ကြရဲ့လား” လို့လည်း ဝေဖန်ခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီဟာ ထိုအချိန်က KIA နှင့် UNFC တို့နဲ့ ရပ်တည်ဖို့ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ယုံကြည်မှု ရှိခဲ့ပါတယ်။

အဲဒီတုန်းက မွန်ပြည်သစ်ပါတီနဲ့ UNFC ကို ကြည့်လိုက်လျှင် တသားတည်းလိုလို ဖြစ်နေတဲ့ အချိန် ဖြစ်ပြီး ၎င်းတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို မေးတဲ့ အခါတိုင်း မွန်ပြည်သစ်ပါတီက NCA နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်ရေး UNFC ရဲ့ နိုင်ငံရေး ရပ်တည်မှု အတိုင်း အမြဲတမ်း ရပ်တည်တယ် လို့ ဖြေပါတယ်။

သို့ပေမယ့် UNFC မှ ပလောင်၊ ရခိုင် (အေအေ) နဲ့ ကိုးကန့်တပ်ဖွဲ့တို့ အဖွဲ့ဝင် အဖြစ်ကနေ ထွက်သွားတဲ့ အခါ မွန်ပြည်သစ် ပါတီ အနေနဲ့ စိတ်မကောင်းဖြစ်ခဲ့ ပေမယ့် ၎င်းတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက် မပြောင်းခဲ့ပါ။ KIA နဲ့ ရှမ်းမြောက်တပ်ဖွဲ့တို့ UNFC အဖွဲ့ကနေ နုတ်ထွက်လိုက်ပြီးနောက် မွန်ပြည်သစ်ပါတီအနေနဲ့ အတော် စိတ်ထိခိုက်သွားတယ်။ အဲဒီအတွက် ပါတီရဲ့ ဗဟိုကော်မတီဝင်တွေက ဥက္ကဋ္ဌကြီးကို NCA ထိုးဖို့ တဖန် စည်းရုံး သိမ်းသွင်းဖို့ အားကောင်းလာပါတယ်။

မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ဗဟိုကော်မတီဝင် အများစုရဲ့ စိတ်ထဲကတော့ “ကျနော်တို့ လက်မှတ်ထိုးမယ်။ ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲထဲ ပါဝင်ကြည့်မယ်။ ဆွေးနွေးပွဲကနေ တဆင့် ကိုယ့် မွန်တိုင်းရင်းသား အခွင့်အရေး ရကောင်းရမယ်။ မရဘူး ဆိုရင်တော့ လက်နက်ကိုင် ပြန်တိုက်မယ်” ဆိုတဲ့ အချက်တွေ ရှိနေပါတယ်။

အခြားတချက်က မွန်ပြည်သစ်ပါတီ ခေါင်းဆောင် အများစုက အသက်အရွယ်ကြီးလာကြပြီ ဖြစ်တာကြောင့် တောထဲမှာ ပြန်နေပြီး စစ်ပြန်တိုက်ရမှာကို မလိုလားကြတော့ပါ။ အပစ်အခတ်ရပ်စဲရေး ကာလရှည်ကြာလာပြီးနောက် ၎င်းတို့ဟာ မွန်ပြည်နယ်တွင် အခြေချကာ မိသားစုများ၊ အိုးအိမ်များနဲ့ ဖြစ်လာကြပါတယ်။

နောက်ထပ် အကြောင်းရင်း တခုကတော့ မြန်မာတပ်မတော်နဲ့ ယှဉ်တိုက်ဖို့ တပ်ဖွဲ့ဝင် အင်အားလည်း အလုံအလောက် မရှိတော့တာကြောင့် ဖြစ်တယ် လို့ ခေါင်းဆောင်ပိုင်းများ အဆိုအရ သိရပါတယ်။ ပါတီမှာ အချိန်ပြည့် တာဝန် ထမ်းဆောင် နေသူ ၁၅၀၀ ခန့်သာ ကျန်တော့ပြီး ကျန်သူများက တပ်ထဲတွင် မနေဘဲ မိသားစုနဲ့ အတူ နေထိုင်နေကြတာ ဖြစ်ပါတယ်။

UNFC နဲ့ ‘ဝ’ တို့ နိုင်ငံရေးနောက်ကွယ်

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဟာ UNFC ပြိုကွဲသွားတာကို လိုလားကျေနပ်ပါတယ်။ UNFC ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ရင် အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံတကာ အသိုင်းအဝန်းတို့က အသိအမှတ်ပြုတဲ့ တခုတည်းသော မဟာမိတ်အဖွဲ့ ဖြစ်ပါတယ်။

UWSA က ၎င်းတို့ရဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို မြန်မာအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းတို့က အသိအမှတ် ပြုစေလိုတယ်။ UNFC မရှိတော့တဲ့အခါ မြောက်ပိုင်းမဟာမိတ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာတဲ့ တခုတည်းသော လူမျိုးစု အုပ်စုဖြစ်လာပြီး ငြိမ်းချမ်းရေး အကူအညီတွေ ရရှိမှာ ဖြစ်ပါတယ်။

UNFC ကို အားနည်းလာအောင် UWSA ရဲ့ ကနဦးလုပ်ဆောင်မှုက တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့် တပ်မတော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တို့ကို ၎င်းရဲ့ မဟာမိတ်အုပ်စု အတွင်း စည်းရုံးခေါ်ဆောင်ရေးဖြစ်တယ်။

‘ဝ’ ပြည်နယ် ပန်ခန်းမှာ မကြာခဏဆိုသလို အစည်းအဝေးများကို UNFC နဲ့ တပြိုင်တည်းကျင်းပ ပါတယ်။ ယင်း အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာခြင်းကို တပ်မတော်က အသိအမှတ်မပြုတာကြောင့် ထိုအဖွဲ့ ၃ ဖွဲ့ဟာ နောက်ဆုံးမှာ UNFC ကနေ နုတ်ထွက်ခဲ့ပါတယ်။

UWSA က KIA နဲ့ SSPP တို့ကိုလည်း UNFC မှ နုတ်ထွက်ဖို့ ဖိအားပေးခဲ့ပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်းက UWSA ခေါင်းဆောင်တချို့ကို ဘိန်းဘုရင်အဖြစ် သတ်မှတ်ပြီး ၎င်းတို့အတွက် ဖမ်းဝရမ်းများလည်း ထုတ်ထားတာ ရှိပါတယ်။ သို့ပေမယ့် UWSA ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ၎င်းရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ခံလိုပြီး အနာဂတ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်လိုတာ ဖြစ်ပါတယ်။

UWSA ဟာ တရုတ်နိုင်ငံရဲ့ သြဇာ လွှမ်းမိုးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် ကချင်နဲ့ ရှမ်းပြည်သူတွေက မိမိတို့ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို UNFC ကနေ နုတ်ထွက်ပြီး UWSA နဲ့ ပူးပေါင်းတာကို မလိုလားကြပါ။

ဒီအပေါ်မှာလည်း ဝေဖန်မှုများ ရှိနေတဲ့ အတွက် ၂ ဖွဲ့စလုံးမှ ခေါင်းဆောင်တွေက ၎င်းတို့ဟာ ဘာကြောင့် မြန်မာနိုင်ငံရဲ့ အင်အား အကြီးမားဆုံး လူမျိုးစု လက်နက်ကိုင်ဖြစ်သော UWSA နဲ့ အတူရပ်တည်ရန် ဆုံးဖြတ်ရကြောင်းကို ၎င်းတို့ဟာ ကွန်မြူနစ်သြဇာ လွှမ်းမိုးမှုကို မကြိုက်သော်လည်း မြန်မာ့တပ်မတော်ကို အတူတကွ တိုက်ခိုက်ရန် ဖြစ်တယ် လို့ ပြောပါတယ်။ ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် လဝီဝမ်၏ Behind the Mon, UNFC and UWSA ကို ဘာသာပြန်သည်။)

The post မွန်၊ UNFC နဲ့ ‘ဝ’ တို့၏ နောက်ကွယ်က နိုင်ငံရေး appeared first on ဧရာဝတီ.

အောင်လအန်ဆန် နှစ်ထပ်ကွမ်းချန်ပီယံ သမိုင်းသစ် ရေးထိုးခဲ့ပြီ

$
0
0

အောင်လအန်ဆန် ဟူသည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သားတဦးကတော့ ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ့ ဂုဏ် ဆောင် အားကစားသမား တဦးအဖြစ် သမိုင်းသစ် ရေးထိုးခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် လိုက်ဟဲဗီးဝိတ် ရွှေခါးပတ် လုပွဲ၌ ပြိုင်ဘက် မာချာဒိုအား ပထမအချီ ၅၆ စက္ကန့်မှာပင် အလဲထိုး အနိုင်ယူပြီးနောက် အောင်လအန်ဆန်မှာ ဝမ်းချန်ပီယံ ရှစ် သမိုင်း၌ မရှိဘူးသေးသည့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံနှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ဟူသည့် ခါးပတ် ၂ ခုပိုင်ရှင် နှစ်ထပ်ကွမ်း ချန်ပီယံအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။

ဝမ်းချန်ပီယံရှစ်၏ လိုက်ဟဲဗီးဝိတ် ချန်ပီယံမှာ အသက်အရွယ်အရ ကစားသမားဘဝမှ အနားယူသွားသောကြောင့် လစ်လပ် နေသည့် ရွှေခါးပတ်ဆု အတွက် မစ်ဒယ်ဝိတ် ချန်ပီယံ အောင်လနှင့် ပြိုင်ဘက်ကို ချုပ်ကိုင်ရာတွင် အထူး ကျွမ်းကျင် သူ မာချာဒိုတို့ ထိုးသတ်ရန် ဝမ်းချန်ပီယံရှစ် အဖွဲ့က Quest For Gold ပွဲကို ရန်ကုန်မြို့တွင် စီစဉ်ခဲ့ခြင်းဖြစ် သည်။

မာချာဒိုမှာ ပြိုင်ဘက်ကို မလှုပ်ရှားနိုင်ဘဲ အရှုံးပေးသွားအောင် ချုပ်ကိုင်သည့် ဘရာဇီးဂျူဂျစ်ဆု ခါးပတ်နက် တဦးဖြစ်ပြီး ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ တဦးလည်း ဖြစ်သည့်အတွက် အောင်လအန်ဆန် နှင့် အကြိတ်အနယ် တိုက်ခိုက်ပြီး ချန်ပီယံ ခါးပတ် အတွက် အသည်းကောင်းကောင်း ဇွဲကောင်းကောင်းဖြင့် ထိုးသတ်ကြမည်ဟု ပရိသတ်အများစုက ထင်မှတ်ထားခဲ့ ကြသည်။

သို့သော်ပြိုင်ဘက်ကို လျင်မြန်စွာ အဆုံးသတ် တိုက်ခိုက်တတ်သည့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ မြန်မာပြည်ဖွား အောင်လအန်ဆန် က ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ မာချာဒိုကို ပထမအချီ ၅၆ စက္ကန့်တွင် ခြေကန်ချက် တချက်တည်းဖြင့် ပွဲသိမ်းခဲ့သည့် အတွက် အောင်လအန်ဆန် ၏ စွမ်းဆောင်မှုအပေါ် ပြည်တွင်းပြည်ပမှ မြန်မာ ပရိသတ်များ ပါးစပ် အဟောင်း သားဖြင့် အံ့သြမင်တက် ခဲ့ကြသည်။

တကယ်တမ်း အောင်လအန်ဆန် ယှဉ်ပြိုင်ခဲ့သည့် ပွဲမှတ်တမ်းများကို ပြန်ကြည့်လျှင် မာချာဒိုကို ပထမအချီနှင့် အနိုင်ယူ ခဲ့သည့် ရလဒ်က အလွန်အမင်း အံ့သြဖွယ်ရာ မဟုတ်ပါ။

၂၀၀၅ ခုနှစ်ကတည်းက တိုက်ခိုက်ရေး အားကစားလောကသို့ ဝင်ရောက်ခဲ့သည့် အောင်လအန်ဆန် အနေဖြင့် ၁၃ နှစ်တာ ကာလအတွင်း ၃၁ ပွဲထိုး၊ ၂၁ ပွဲနိုင် ၁၀ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

၎င်းယှဉ်ပြိုင် အနိုင်ယူခဲ့သည့် ပြိုင်ဘက် ၂၁ ဦးအနက် ၁၅ ဦးကို ပထမအချီမှာပင် အနိုင်ထိုးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဝမ်းချန်ပီယံရှစ်က အောင်လအန်ဆန် ၏ Finishing Rate (ပြိုင်ဘက်အား အဆုံးသတ် အနိုင်ယူသည့် စွမ်းဆောင်ရည်) ကို ၉၀ ရာခိုင်နှုန်းအထိ သတ်မှတ် ပေးထားခဲ့သည်။

ယခုလို Finishing Rate မြင့်မားသည့် ပြိုင်ဘက်လည်း ဖြစ်ပြီး မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံလည်း ဖြစ်နေသည့် အောင်လ အန်ဆန် ၏ ညာခြေကန်ချက်ကို ခပ်ပေါ့ပေါ့ သဘောထား ကာကာကွယ်မှု သေချာမလုပ်ခဲ့သည့် အတွက် အဆိုပါ ခြေကန်ချက် တချက်တည်းဖြင့် မာချာဒို တယောက် ဖင်ထိုင်လျက် လဲကျကာ အရှုံးပေးခဲ့ရသည်။

ထို့ကြောင့် အောင်လအန်ဆန် ကို ရှုံးနိမ့်ခဲ့သည့်ပွဲမှာ ဘရာဇီးသား မာချာဒို၏ ကစားသမားဘဝ သက်တမ်း တလျှောက် အလျင်မြန်ဆုံး ရှုံးနိမ့်သည့် ပွဲစဉ်အဖြစ် မှတ်တမ်း ဝင်သွားခဲ့သည်။

အောင်လအန်ဆန် အတွက်တော့ မာချာဒိုမှာ ပထမအချီမှာပင် ထိုးသတ်အနိုင်ယူခဲ့သည့် ၁၆ ဦးမြောက် ပြိုင်ဘက်ဖြစ်ခဲ့ပြီး လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ နှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ဟူသည့် ခါးပတ် ၂ ခုပိုင်ရှင် နှစ်ထပ်ကွမ်း ချန်ပီယံဘွဲ့ ခံယူ ကာ မြန်မာနိုင်ငံ ဂုဏ်ဆောင် အားကစားသမား တဦးအဖြစ် ဝမ်းချန်ပီယံရှစ် တွင် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။

ချန်ပီယံခါးပတ် လုပွဲတွင် အောင်လအန်ဆန်က မာချာဒိုအား စက္ကန့်ပိုင်းအတွင်း အနိုင်ယူထိုးသတ် နိုင်ခဲ့သည့် အပေါ် ဝမ်းသာကြသူများ ရှိသလို အောင်လ၏ ထိုးသတ်မှုကို ခေတ္တခဏသာ ကြည့်ခွင့်ရသည့် အတွက် မချင့်မရဲ ဖြစ်ကြသည့် ပရိသတ် များစွာလည်း ရှိခဲ့သည်။

“ကျနော်တို့က အောင်လ ထိုးတဲ့ပွဲကြည့်ဖို့ တညနေလုံး အချိန်ပေး ထိုင်စောင့်ကြည့်နေတာ။ အနည်းဆုံးတော့ ဒုတိယအချီ အထိတော့ အကြိတ်အနယ် ထိုးရလိမ့်မယ် ထင်ထားတာ။ တကယ်တမ်းထိုးတော့ စက္ကန့်ပိုင်းလေးပဲကြာပြီး ပွဲသိမ်းသွား တော့ ကြည့်ရတာ သိပ်အားမရဘူးပေါ့ဗျာ။ ချန်ပီယံလုပွဲဆိုတော့ အကြိတ်အနယ် ရှိစေချင်တာတော့ အမှန်ပဲ။ ဒါပေမယ့် အောင်လနိုင်တဲ့ အတွက်တော့ ဝမ်းသာပါတယ်”ဟု ရန်ကုန်မြို့မှ ဝမ်းချန်ပီယံရှစ် အားပေးသူ ပရိသတ် ဦးစိုးမိုး ကပြော သည်။

ကိုယ်ခံပညာ သိုင်းပေါင်းစုံ အသုံးပြု ယှဉ်ပြိုင်သည့် MMA ပြိုင်ပွဲတို့ ထုံးစံအရ ကြိုးဝိုင်းထဲတွင် ပြိုင်ဘက်ကို အခွင့်အရေး ပေးလေ့မရှိဘဲ မြန်နိုင်သမျှ အမြန်ဆုံးပွဲသိမ်းနိုင်အောင် ကြိုးပမ်းရသည့်နည်းတူ အောင်လအန်ဆန် သည်လည်း ဒုတိယ မြောက် ချန်ပီယံရွှေခါးပတ် အတွက် မာချာဒိုအား အမြန်ဆုံး ပွဲသိမ်းခဲ့ခြင်း ဖြစ်သည်။

“အခုလိုခါးပတ် ၂ ခု ချန်ပီယံအဖြစ် စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ်မှာ ဘုရားသခင်ကို ဦးစွာကျေးဇူးတင်တယ်။ ကျနော့် မိတ်ဆွေ များနဲ့ ကျနော့်အပေါ် အကောင်းဆုံး အားပေးကူညီတဲ့ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျနော့်ကို သားသမီးလို ချစ်ခင်အားပေးတဲ့ အမိမြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု အောင်လအန်ဆန် က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ရေးသား ပြောဆိုသည်။

အောင်လအန်ဆန်သည် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်ကစတင်၍ ဝမ်းချန်ပီယံရှစ် အဖွဲ့၏ MMA ပြိုင်ပွဲများ ထိုးသတ်ခဲ့ရာ လက်ရှိ မာချာဒိုနှင့် ပွဲစဉ်အပါအဝင် ၅ ပွဲ ထိုးသတ်ခဲ့ရာ ၅ ပွဲလုံး အနိုင်ရရှိပြီး ၎င်းမွေးဖွားသည့် မြန်မာနိုင်ငံတွင် ရာနှုန်းပြည့် နိုင်ပွဲဆက်နေသည့် မှတ်တမ်းကို စိုက်ထူထားနိုင်ခဲ့သည်။

လက်ရှိတွင် MMA ဖိုက်တာ အောင်လအန်ဆန်သည် ၎င်းအသက်အရွယ်နှင့် ဝိတ်တန်းအရ ရရှိနိုင်သည့် လိုက် ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံနှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ၂ ခုစလုံးကို ရရှိထားပြီဖြစ်ရာ မကြာသော အချိန်တွင် စိန်ခေါ်သူ များနှင့် ချန်ပီယံခါးပတ် ၂ ခုကို ကာကွယ်ရမည့် ပွဲစဉ်များစွာ ရင်ဆိုင် ထိုးသတ်ရဖွယ် ရှိနေသည်။

မြန်မာ့ဂုဏ်ဆောင် ၂ ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန် အနေဖြင့် ဘယ်အချိန် အတိုင်းအတာအထိ ၎င်းရရှိထားသော ချန်ပီယံ ခါးပတ်များကို ကာကွယ်သွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါသည်။  ။

The post အောင်လအန်ဆန် နှစ်ထပ်ကွမ်းချန်ပီယံ သမိုင်းသစ် ရေးထိုးခဲ့ပြီ appeared first on ဧရာဝတီ.

ပုံစံခွက်မှ ဖောက်ထွက်သူ ကချင် အမျိုးသမီးသတင်းစာဆရာ

$
0
0

“ကျနော်ရဲ့ အိပ်မက်က ဒေသရဲ့လိုအပ်ချက်တွေ ဖော်ထုတ်ရေးသားနိုင်တဲ့၊ လူအခွင့်အရေး ချိုးဖေါက်မှုတွေ တင်ပြနိုင်တဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ထင်ဟပ်တဲ့ စာစောင်တခု ကချင်ပြည်နယ်မှာ ရှိချင်တယ်” ဟု မြစ်ကြီးနား သတင်းဂျာနယ်ကို ပူးတွဲတည်ထောင်သူ နှင့် အယ်ဒီတာချုပ် ဆိုင်းမိုင်မရန်က ဆိုသည်။

ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနား အမည်အတိုင်းပေးထားသော ထိုဂျာနယ်ကို လွန်ခဲ့သော ၄ နှစ်က စတင် ထုတ်ဝေခဲ့ကြသည်။ ထုတ်ဝေသူများက လူမျိုးဘာသာမရွေး ပြည်နယ်အတွင်း နေထိုင်သူအားလုံးထံ သတင်းအချက်အလက်ဖြန့်ဝေရန်ဟူသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။

၂၀၀၀ ခုနှစ်များ နှောင်းပိုင်းက နိုင်ငံပိုင်နှင့် ပုဂ္ဂလိက မီဒီယာများသည် ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု များပြားသော၊ အထူးသဖြင့် ကျောက်စိမ်းတွင်းနှင့် ရွှေတွင်းများရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တရားမဝင် သစ်ထုတ်လုပ်သည့်လုပ်ငန်းများအကြောင်းသတင်း ဖေါ်ပြခဲလှသည်။

“ဂျာနယ်မရှိတဲ့အတွက် ကချင်ပြည်နယ်က သတင်းတွေ ဘယ်သတင်းစာစောင်မှာမှ မပါဘူး။ ပြီးတော့ လူတွေက အရမ်းကြောက်ကြတယ်” ဟု ဆိုင်းမိုင်မရန်ကပြောသည်။ ထိုစဉ်က ၁၉၉၄ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား ချုပ်ဆိုခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အသက်ဝင်နေဆဲ ဖြစ်သော်လည်း ထိုသဘောတူညီမှုသည် ၂၀၁၁ ခုနှစ်တွင် ပျက်ပြယ်သွားခဲ့သည်။

အိပ်မက်ကို အကောင်အထည်ဖေါ်ခြင်း

“သတင်းစာပညာ သင်တန်းစတက်တော့ ကျနော့်ရဲ့ပထမဆုံး မီဒီယာ သင်တန်းဆရာ ဦးရဲနိုင်မိုးက ဘာလို့ ဒီသင်တန်းတက်ရလဲ။ ဘာလို့ သတင်းသမားဖြစ်ချင်တာလဲလို့ မေးတယ်။ ကျနော်က ကချင်ပြည်နယ်မှာ ဒေသအခြေပြု ဂျာနယ်တစောင်ရှိချင်တယ်လို့ ဖြေခဲ့တယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အများကြီးရှိတယ်။ အဲ့တုန်းက စစ်ပြန်မဖြစ်သေးဘူး။ စစ်မဖြစ်တဲ့ကာလ ငြိမ်းချမ်းရေးကာလမှာ လူ့အခွင့်အရေးချိုုးဖောက်ခံရတာ အများကြီးတောင်မှ ဘယ်စာစောင်မှ ထုတ်ဖော်ရေးခဲ့တာ မရှိဘူး” ဟု သူက ရှင်းပြသည်။

သူသည် အသက် ၁၈ နှစ်အရွယ် ၂၀၀၈ ခုနှစ်တွင် သတင်းစာပညာကို စတင်စိတ်ဝင်စားခဲ့သည်။ သူသည် တိုင်းရင်းသားမီဒီယာတခုဖြစ်သည့် ကချင်သတင်းဌာန Kachin News Group တွင် ဝင်ရောက်လုပ်ကိုင်ပြီး Internews သတင်းကွန်ရက်မှ ဖွင့်လှစ်သော သတင်းစာပညာ အခြေခံမိတ်ဆက်သင်တန်းသို့ တက်ရောက်ခဲ့ကာ ရန်ကုန်တိုင်းမ် ဂျာနယ်တွင် အလုပ်သင် အဖြစ်လုပ်ကိုင်ခဲ့သည်။ ထိုနောက် ဘီဘီစီ မြန်မာပိုင်း အပါအဝင် ပြည်တွင်း ပြည်ပ အသံလွှင့်ဌာနများနှင့် စာစောင်များတွင် အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် မြစ်ကြီးနား သတင်း ဂျာနယ်အတွက် ထုတ်ဝေခွင့် လိုင်စင် လျှောက်ထားပြီး မတ်လတွင် ပထမဆုံး ဂျာနယ်ထွက်ရှိခဲ့သည်။ ထိုစဉ်က တလ ၂ ကြိမ်ထုတ်ဝေသည်။ ယခု ထိုဂျာနယ်ကို အပတ်စဉ် သောကြာနေ့တိုင်းထုတ်ဝေနေပြီး ပျမ်းမျှစောင်ရေ ၈၀၀၀ အထိ ထုတ်ဝေရသည်။ တပ်မတော်နှင့် လူမျိုးစု လက်နက်ကိုင်အုပ်စုများ၏ တိုက်ပွဲများအကြား သတင်းများရယူရာတွင်ရော၊ စာစောင်ကို စာဖတ်သူများထံ အချိန်မီ ပို့ဆောင်ရာတွင်ပါ အခက်အခဲများစွာ ရှိနေပြီး ဟက်ကာများက အင်တာနက်မှ တိုက်ခိုက်မှုများ ပြုလုပ်စေကာမူ ထို စောင်ရေသည် ကျဆင်းသွားခဲ့ခြင်းမရှိပေ။

မြစ်ကြီးနားသတင်းဂျာနယ်သည် ဝန်ထမ်း ၁၃ ဦးနှင့် စခဲ့ရာမှ လက်ရှိတွင် ဝန်ထမ်း ၃၀ ဦးအထိရှိလာသည်။ ဆိုင်းမိုင်သည် သတင်းသမားအသစ်များကိုလည်း လေ့ကျင့်သင်တန်းပေးသည်။

“သူများအမြင်မှာတော့ အောင်မြင်တာပေါ့၊ ကျနော့်အတွက်ကျတော့ အမြဲလိုနေတာပဲ။ ဒီထက်မက ပိုလုပ်ဖို့ ပဲ” ဟု သူက ဆိုသည်။

ကချင်ပြည်နယ်တွင် နေထိုင်သူအများစုသည် ကချင်မျိုးနွယ်စုများ ဖြစ်သည့်အတွက် တိုင်းရင်းသား ဘာသာစကားဖြင့်ထုတ်ဝေသော တိုင်းရင်းမီဒီယာတခု အဖြစ် မြင်လိုကြသော်လည်း မြစ်ကြီးနား သတင်းဂျာနယ်သည် ရုံးသုံးဘာသာဖြစ်သော ဗမာ ဘာသာဖြင့်သာ ထုတ်ဝေသည့် ဒေသန္တရ စာစောင်ဖြစ်သည်။

ဆိုင်းမိုင်မရန် ကိုယ်တိုင်သည်လည်း ကချင်စကားနှင့် ဗမာစကားကို သူ၏ဒေသခံ ကချင်မျိုးနွယ်စုတခု ဖြစ်သည့် လီဆူများထက် ပိုမို ကျွမ်းကျင်စွာ ပြောတတ်သည်။

“ကိုယ့်စာပေစကားကို မတတ်ဘူးဆိုတာ ရှက်စရာဆိုပေမယ့် အစိုးရကျောင်းမှာ ကျနော်တို့ လီဆူ ဘာသာစကား သင်ခွင့်မရဘူး။ ကချင်စာလည်း သင်ခွင့်မရဘူး။ လီဆူစာ၊ ရဝမ်စာ သင်ခွင့်မရဘူး။ ကျနော်က ကချင် အသိုင်းအဝန်းမှာ နေခဲ့ပြီး ကချင်စာကို ဘုရားကျောင်းမှာ သင်ထားတော့ ကချင်စကားနဲ့စာကို ပိုတတ်တယ်” ဟုလည်း သူက ဆိုသည်။

သတင်းထောက်နှင့် ဓာတ်ပုံဆရာ

ဓာတ်ပုံမည်သို့ ရိုက်ရမည်ကို မိမိဘာသာလေ့လာထားသော ဆိုင်းမိုင်မရန်သည် ဖေဖော်ဝါရီ ၂၄ ရက်က ၁၀ ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပြပွဲ ဆုပေးပွဲတွင် သူ၏ ”လုံခြုံတယ်လို့ ငါထင်တယ်” ဟူသော ဓာတ်ပုံ အက်ဆေးဖြင့် ပညာရှင် အဆင့် ပထမဆုရခဲ့သည်။ ထို ဓာတ်ပုံ အက်ဆေးသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ အမျိုးသမီး တပ်ဖွဲ့ဝင်များ၏ ဘဝကို သရုပ်ဖော်ထားသော ဓာတ်ပုံများဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ အမျိုးသမီး တပ်ဖွဲ့ဝင်များ၏ ဘဝကို သရုပ်ဖော်ထားသော ဆိုင်းမိုင်မရန်၏ ဓာတ်ပုံများသည် ယခုနှစ် ရန်ကုန်ဓာတ်ပုံပြပွဲတွင် ဆုချိတ်ခဲ့သည်

ယမန်နှစ်ကလည်း “ထောင်ချောက်” ဟူသော ဓာတ်ပုံအက်ဆေးဖြင့် ပါရမီရှင် အဆင့်တွင် ဆုရရှိခဲ့သည်။ ထိုဓာတ်ပုံ အက်ဆေးမှာ ဖားကန့်ဒေသ ကျောက်စိမ်းတွင်းများမှ မူးယစ်ဆေးစွဲသူ အမျိုးသမီးများအကြောင်းဖြစ်သည်။

ဆိုင်းမိုင်သည် မောင်နှမငါးဦးထဲတွင် အကြီးဆုံးဖြစ်ပြီး၊ မိဘများက ကုန်သည်မျိုးရိုးဖြစ်သည်။ ငယ်စဉ်က စာဖတ်ရန် စာအုပ်စာတမ်း မရှိခဲ့ဖူးသော မိသားစုမှ ကြီးပြင်းလာသော်လည်း စာရေးစာဖတ်ခြင်းဖြင့် မပြတ်လပ်ရသော သတင်းထောက်တဦး ဖြစ်လာခဲ့သည်။

သို့သော် ဖခင်ဖြစ်သူသည် သူ၏ အိပ်မက်အကောင်အထည်ဖော်နိုင်ရန် အားပေးပြီး ဆိုင်းမိုင်မရန် ဟူသော ကလောင်အမည်ကိုပင် ကူညီရွေးချယ်ပေးခဲ့သည်။ သူ့ကို မိဘများက ပေးထားသည့် အမည်ရင်းမှာ မရွှေယဉ်ဖြစ်သည်။ သမီးဖြစ်သူ ဖမ်းဆီးထောင်ချခံရမည်ကို စိုးရိမ်သောကြောင့် မိခင်နှင့်အခြားဆွေမျိုးများက သတင်းထောက်မလုပ်ရန် တားမြစ်ကြသော်လည်း ထိုလမ်းကိုသာ သူ ဆက်လျှောက်သည်။ “ကျမ သိထားတာတွေကို တခြားသူတွေကို ပြောပြချင်တယ်” ဟု ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ အမျိုးသမီး တပ်ဖွဲ့ဝင်များ၏ ဘဝကို သရုပ်ဖော်ထားသော ဆိုင်းမိုင်မရန်၏ ဓာတ်ပုံများသည် ယခုနှစ် ရန်ကုန်ဓာတ်ပုံပြပွဲတွင် ဆုချိတ်ခဲ့သည်

ပုံစံခွက်ထဲမှ ဖောက်ထွက်ခြင်း

ဆံပင်တိုတို၊ ရှပ်အကျႌ၊ ဘောင်းဘီကိုသာ ဝတ်ဆင်လေ့ရှိသည့် ဆိုင်းမိုင်မရန်သည် အမျိုးသားတဦးပုံပေါက်သည်။ သို့သော် အမျိုးသမီး သတင်းသမားတယောက်အနေဖြင့် ပဋိပက္ခဒေသတွင် သတင်းထောက်လှမ်းရင်း ကြုံတွေ့ရမည့် နောက်ဆက်တွဲအခက်အခဲများကိုလည်း ကောင်းစွာ သိနေသည်။

သူ၏ ယောင်္ကျားလျှာ ဆန်သော ပုံစံကြောင့်ပင် သတင်းခန်းကို နေ့စဉ် စီမံရသော စိတ်ဖိစီးမှုများနှင့် စိန်ခေါ်မှုများကို ကျော်ဖြတ်ရာတွင် အထောက်အကူပြုသည်ဟု သူပြောသည်။ ထုတ်ဝေသူ၏ လုပ်ငန်းတာဝန်ကို ပူးတွဲတည်ထောင်သူ အမျိုးသား ၂ ဦးကိုလွှဲပေးထားပြီး သတင်းခန်းနှင့် တည်းဖြတ်မှုကိုသာ အာရုံထားသူ ဖြစ်သည်။

အရွယ်ငယ်ငယ် ယောက်ျားလေးဆန်သူတဦးက ဂျာနယ်တစောင်ကို စီမံခန့်ခွဲနိုင်ပါ့မလားဟူသည့် မယုံကြည်သည့် အကြည့်မျိုးဖြင့် အထင်သေးခံခဲ့ရဖူးသော်လည်း ၄ နှစ်အတွင်း အောင်မြင်မှု ရနေသည့်အခါ ပြန်ကြားရေးဝန်ကြီးဌာန၏ စာပေမူပိုင်ခွင့်နှင့် မှတ်ပုံတင်ရုံးတွင် ထုတ်ဝေခွင့်လိုင်စင်ရရှိရေးအတွက် လွန်ခဲ့သော ၄ နှစ်က ကြိုးပမ်းခဲ့ရသည်ကို သူပြန်ပြောင်းပြောပြသည်။ “အဲဒီတုန်းက ထုတ်ဝေခွင့်ဌာနက အရာရှိတွေက ကျနော် ဂျာနယ်ထုတ်မှာကို မယုံကြဘူး။ လှောင်ကြတယ်။ …ခုလိုပဲ ယောက်ျားလေးပုံစံပဲ။ ဘယ်သူမှ မယုံကြဘူး။ ၂ လပြည့်လို့ မထုတ်နိုင်ရင် ပြန်သိမ်းမှာလို့ပြောပီး ပေးလိုက်တာ” ဟုသူပြောသည်။ တလကြာမျှ ထိုရုံးသို့ ကြိမ်ဖန်များစွာ သွားခဲ့ပြီးနောက် လိုင်စင်ရလာခဲ့ခြင်း ဖြစ်သည်။

ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် အမျိုးသားရေးစိတ်ဓာတ်

ဒေသန္တရစာစောင်တခုအနေဖြင့် မြစ်ကြီးနား သတင်းဂျာနယ်သည် မျှတသော သတင်းတက်ဆက်မှုက တခါတရံ အန္တရာယ်ရှိကြောင်းကိုလည်း သတိပြုမိသည်။ စာဖတ်ပရိသတ်များထဲတွင် သတင်း၏ ဘက်တဘက်ကိုသာ ကြားလိုမြင်လိုသူများ ရှိနေခြင်းကြောင့် ဖြစ်သည်။

စစ်သားတယောက်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သော ကချင်လူငယ်တဦးအကြောင်း ၂၀၁၆ ခုနှစ်က သူမ၏ ဂျာနယ်တွင် ဖော်ပြခဲ့သော သတင်းအကြောင်းကို ဆိုင်းမိုင်မရန်က ပြန်ပြောပြသည်။ တပ်မတော်ဘက်က သတင်းထုတ်ပြန်ရာတွင် သေနတ်ကို လူငယ်အုပ်စုက လုယက်စဉ် ထိုစစ်သား၏ သေနတ်မှ ကျည်ဆံမှားယွင်းပြီးထွက်သွားသည် ဆိုသည်။

“အသတ်ခံခဲ့ရတဲ့သူဘက်က ထုတ်ပြောမယ့်သူ မရှိတော့ ကျနော်တို့ မျက်မြင်သက်သေရဲ့ အသံကိုရဖို့ ခက်တယ်။ ဒီတော့ ကျနော်တို့က တပ်မတော်ဘက်ကပြောတဲ့ အပိုင်းကို ဖော်ပြတယ်။ ဆိုတော့ ကျနော်တို့ ဂျာနယ်ကို မမှန်တဲ့ပြောဆိုချက်တွေကို ထုတ်ဝေတယ်လို့ စွပ်စွဲခံရတယ်။ ဒါပေမယ့် ဒါက ရဲဘက်ကပြောတဲ့ တရားဝင် မှတ်တမ်းဖြစ်နေတယ်” ဟု သူက ရှင်းပြသည်။

မြစ်ကြီးနားဂျာနယ်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သတင်းများ ရေးသား ဖော်ပြရာတွင်လည်း အထူးဂရုစိုက်ရေးသားရသည်။ ထိုသို့ ဂရုစိုက်ရေးသားခြင်းက စစ်ရေး၊ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာအဖွဲ့များထံမှ တန်ပြန်ရိုက်ခတ်မှုများကို ရှောင်ရှားနိုင်သည်။ KIA နှင့် တပ်မတော်၏ တိုုက်ပွဲများအကြောင်း ရေးသားရာတွင်လည်း စိုးရိမ်ပူပန်နေရသေးသည်။ အခန့်မသင့်ပါက တရားမဝင်အသင်းအဖွဲ့ ဆက်သွယ်မှုပုဒ်မဖြင့် ဖမ်းဆီး တရားစွဲဆိုခံရနိုင်ရသည့် အခြေအနေမှလည်း မလွတ်ကင်းသေးပေ။

ဂျာနယ်အနေဖြင့် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ပက်ဂျာဆန်နှင့် ပတ်သက်၍ သတင်းဖော်ပြမှုများကိုလည်း အထူး သတိထားရသည်။ ပက်ဂျာဆန်အဖွဲ့က မူးယစ်ဆေးစွဲသူတချို့ကို ဖမ်းဆီးရိုက်နှက်ခဲ့သည့် သတင်းဖော်ပြခဲ့ဖူးသည့်အတွက် ဂျာနယ်ကို ဝယ်မဖတ်ရန် ဖိအားပေးသည့် အခြေအနေများနှင့်လည်း ကြုံခဲ့ရဖူးသည်။

“စိန်ခေါ်မှုကတော့ အပတ်တိုင်းရှိတယ်။ လူ့အခွင့်အရေးဆိုတဲ့ဘက်နဲ့ မျက်နှာဖုံးသတင်းမှာကအစ ဂရုစိုက်ရတယ်။ ဘာသာရေး လူမျိုးရေးတွေဆိုတာ ထိလွယ်ရှလွယ်ဖြစ်တော့ ဒါတွေ နည်းနည်းပါလာတာနဲ့ မီးက တောက်ပြီ။ မနည်း ဒါကို ငြှိမ်းနေရတာ။ ဘယ်အချိန်မီးထလောင်မလဲဆို စိတ်ပူနေရတာ” ဟု ဆိုင်းမိုင်မရန် ပြောသည်။

The post ပုံစံခွက်မှ ဖောက်ထွက်သူ ကချင် အမျိုးသမီးသတင်းစာဆရာ appeared first on ဧရာဝတီ.

စစ်ဘေးဒုက္ခသည် စခန်းက အမျိုးသမီး စားဖိုမှူးကြီး

$
0
0

နေ့လယ်ခင်း နေပူရှိန်က ပြင်းချိန်၊ သစ်ပင်ရိပ်တွေ မရှိတဲ့ ကွင်းပြင်ကြီး ထဲက အင်ဖက်မိုး ခြေတံရှည် တဲအိမ်ငယ်တွေ ထဲမှာ ကလေး လူငယ် လူကြီးတွေ အပူဒဏ်ကို ချွေးတဒီးဒီး ကျတဲ့ အထိ ခံစားနေရပါတယ်။

တဲအိမ်ငယ်တွေရဲ့ လမ်းတဖက်က သွပ်မိုးထားပြီး လေးဘက်လေးတန် အကာအရံမရှိတဲ့ မီးဖိုဆောင်ကြီးထဲမှာတော့ အမျိုးသား ၃ ဦး ထမင်းအိုးတွေကို တအိုးပြီး တအိုး တည်ရင်း မီးဖိုကြီးတွေထဲ ထင်းမီးထိုးရင်း ချွေးတလုံးလုံးနဲ့၊ သူတို့ ကို ကြီးကြပ်တဲ့ အမျိုးသမီးကလည်း အနားမှာ လမ်းလျှောက်ရင်း နေပူပူထဲက တဲအိမ်တွေဆီကို ငေးနေပါတယ်။

ခဏအကြာမှာတော့ တဲအိမ်ငယ်တွေထဲကနေ ပလတ်စတစ်ခွက်၊ ဇလုံ အလွတ်တွေ ကိုင်ပြီး ကလေးတွေ အမျိုးသမီး တွေ အမျိုးသားတွေ ထွက်လာကြပါတယ်။

သူတို့က မီးဖိုဆောင်ကြီးဆီကို ဦးတည်လာပြီး သူတို့ ပါလာတဲ့ ခွက်၊ ဇလုံ အလွတ်တွေထဲ ထမင်းတွေ ထည့်လို့ ပြန် သွား ကြပါတယ်။

အခမဲ့ထမင်းကို လာယူနေကြတဲ့ စစ်ဘေးရှောင် ကလေးငယ်များ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

သူတို့တွေကို ငေးနေတဲ့ အမျိုးသမီးက “ဒီမှာ ကျမတို့ ထမင်းအခမဲ့ တနေကုန်ပေးတယ်။ သူတို့က ဒီက ထမင်းကိုပဲ အဓိက အားပြု စားကြတယ်။ လူက ဒီမှာ ၃၀၀၀ ကျော်ရှိတော့ ထမင်းအိုး တည်ရတာတော့ တနေကုန်ပဲ”လို့ ပြောပါ တယ်။

သူကတော့ အေးလင်းမြတ်ရှင် စစ်ဘေးရှောင်စခန်း က ဒုက္ခသည်တွေရဲ့ စားသောက်ရေးကို တာဝန်ယူ ချက်ပြုတ် ပေးနေတဲ့ ကရင် အမျိုးသမီး နော်တင်လှပါ။

စခန်းမှာတော့ သူ့ကို အများက မတင်လှလို့ ခေါ်ကြတာကို ကြားရပါတယ်။

မိုးလင်းကနေ မိုးချုပ်ထိ စားဖိုဆောင်ထဲမှာ ထမင်းအိုးတွေ တည်နိုင်ဖို့  ရိက္ခာဂိုဒေါင်ထဲက တနေ့တာ ကုန်မယ့် ဆန် ရိက္ခာ ထုတ်တာတွေ အထုတ်အသွင်းလုပ်တာ၊ မီးဖိုနိုင်ဖို့ ထင်းဘယ်လောက်ရှိသေးလဲ စတဲ့ စာရင်းဇယား မှတ်ချက် တွေနဲ့ တနေကုန် အလုပ်များ နေတတ်သူပါ။

“ဟင်းကတော့ အလှူရှင်လာမှ ချက်ပေးနိုင်တယ်။ အလှူရှင် မရှိတဲ့အခါ သူတို့ဘာသူတို့ ကြံဖန်စားပေါ့။ ဒီမှာ တနေ ကုန် ချက်ပြုတ်နိုင်ဖို့ စစ်ရှောင်တွေထဲကပဲ လာကူကြတယ်။ အဖွဲ့ ၈ ဖွဲ့ ခွဲထားတယ်။ တဖွဲ့ကို ၃ ရက် အလှည့်ကျ ချက် ကြတယ်”လို့လည်း နော်တင်လှ က ပြောပြပါတယ်။

အေးလင်းမြတ်ရှင် စစ်ဘေးရှောင်စခန်းက ကရင်ပြည်နယ် မြိုင်ကြီးငူဒေသထဲမှာ ရှိပါတယ်။

အဲဒီစခန်းမှာ ၂၀၁၆ ခုနှစ်က မယ်သဝေါ ဒေသမှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)နဲ့ တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)တို့ တိုက်ပွဲတွေကြောင့် နေအိမ်တွေက နေထွက်ပြေးလာကြ သူတွေ ခိုလံှုနေတာပါ။

စစ်ဘေးရှောင် မိသားစုတစုရဲ့ နေ့လယ် ထမင်းဝိုင်း (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

စခန်းက ပုံမှန်ပင်တိုင် အလှူရှင် မရှိသလို ပြည်တွင်းက စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေလည်း လာရောက်ထောက်ပံ့တာ မရှိတာကြောင့် တခြား စစ်ရှောင်စခန်းကြီး တွေလို တော့  တလစာ စားနပ်ရိက္ခာဝေမျှပေးရတာတွေ စာရင်းဇယားကြီးကြီးမားမား လုပ်ကိုင်ရတာ မျိုးတွေတော့ မရှိပါဘူး။

နေ့စဉ် ထမင်းဝေနိုင်ဖို့ ချက်ပြုတ်ရေး တာဝန်ကသာ အကြီးဆုံး တာဝန်ဖြစ်ပေမယ့် သူနေ့စဉ် ခေါင်းခဲ တွက်ချက် နေရ တာကလည်း ရှိပါသေးတယ်။

အဲ့ဒါကတော့ ဂိုဒေါင်ထဲက ရှိတဲ့ ဆန်အိတ်တွေ ဘယ်နေ့ထိ ချက်ပြုတ်လို့ ရမလဲ။ ဒီနေ့ ဆန်အိတ် ဘယ်လောက် ကုန်တယ်။ ဟင်းသီးဟင်းရွက် အလှူရှင်ပေါ်ရင် စစ်ရှောင်တွေ စားလို့ မြိန်အောင် ဝမ်းမပျက်အောင် ဘယ်လို ချက်ကျွေးမလဲ ဆိုတာတွေကို နေ့စဉ် စဉ်းစားချိန်ဆပြီး တာဝန်ယူရတယ်လို့ ဆိုပါတယ်။

“အလှူရှင်တွေ လာမှပဲ ကျမတို့က စားရတယ် ဆိုတော့ အလှူရှင်တွေ မလာဘူးဆိုရင် ဆန် မပြတ်ပေမယ့် ကျပ်တည်း သွားတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကဆို ဆန် ပြတ်ထွက်သွားတာ ၂ ရက်တောင် ရှိတယ်”လို့လည်း နော်တင်လှ က ပြောပြ ပါတယ်။

ဆန်ပြတ်သွားတဲ့ ၂ ရက်မှာ စခန်းက လူ ၃၀၀၀ ကျော်အတွက် ထမင်း မချက်ပေးနိုင်တာကြောင့် အဲဒီ ၂ ရက် အတွင်း မှာ ဒုက္ခသည် အများစု ထမင်း မစားခဲ့ရဘူးလို့ သိရပါတယ်။

နော်တင်လှ တယောက် သူ့ရဲ့ စားဖိုဆောင် ပြန် လည်ပတ်နိုင်ဖို့ အရေး ဆန်ရဖို့ အလှူရှင်တွေ အုပ်ချုပ်ရေး တာဝန် ရှိသူတွေဆီ ဆက်သွယ်ပြီး အလှူခံခဲ့ရပါတယ်။

ဆန်ရလာတော့ စစ်ရှောင်တွေကို ထမင်းချက်ပြုတ် အခမဲ့ ပြန်လည် ဝေငှနိုင်လို့ စိတ်မအေးရသေးပါဘူး။ ထင်း မပြတ် စေဖို့ ထပ်ပူပန်ရ ပြန်ပါတယ်။

ထင်းမရှိရင်လည်း ထမင်းအိုး တနေကုန် တည်ဖို့ အခက်အခဲကြုံရမှာလို့ နော်တင်လှက ပြောပါတယ်။

နော်တင်လှ ကြီးကြပ်တဲ့ စားဖိုဆောင် (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

“တနေကုန်ချက်ရတော့ ထင်းက တနေ့ကို ဆယ်ဘီးကား တစီးစာ နီးနီးလောက်ကို တခါတလေ ကုန်တယ်။ ထင်း အလှူရှင်က အစတုန်းက ရှိတယ်။ အခုဆို နည်းသွားပြီ။ တခါတလေဆို အလှူရှင် မရှိဘူး။ အဲ့ဒီတော့ ထမင်းချက် တာဝန် အလှည့်မကျတဲ့ အဖွဲ့က ထင်းရှာကြတယ်”လို့လည်း သူက ပြောပြပါသေးတယ်။

မီးဖိုဆောင်မှာ ချွေးတလုံးလုံးနဲ့ ထမင်းချက်နေတဲ့ ကိုဌေး ဆိုသူကလည်း ထင်းမီးထိုးရင်း “ထင်းတစီးက လူတဖက်စာ ရှိတယ်လေ။ ထင်းမီးက ပြိုက်ပြိုက်နဲ့ မီးအားကောင်းတော့ ခဏနဲ့ ကုန်တယ်”လို့ ပြောပါတယ်။

ထင်းရှာဖွေရာမှာလည်း စခန်းအနီးအနား ပတ်ပတ်လည်က ထင်းတချောင်း ကောက်မိရင်တောင် ပိုင်ရှင်ရှိတယ် ဆိုပြီး တာဝန် ရှိသူတွေကို လာရောက် တိုင်ကြားတဲ့ အတွက် သစ်သားခြောက် တချောင်းကောက်ဖို့ အတွက်တောင် ခက်ခဲမှု တွေ ရှိနေတယ်လို့ ကိုဌေးက ပြောပြပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းအရ ကြည့်မယ်ဆိုရင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ အခြေအနေနဲ့ ဝင်ငွေမရှိ အလုပ်အကိုင် မရှိကြတော့ စစ်ဘေးရှောင် ဒုက္ခသည်တွေ အတွက် ဟင်းတနပ်ရဖို့ အနိုင်နိုင်ပါ။ နေ့စဉ် ဝမ်းရေး အတွက် စခန်းက ဝေတဲ့ အခမဲ့ ထမင်းကို အဓိက အားကိုးကြရပါတယ်။

မြိုင်ကြီးငူ အထူးဒေသက မြိုင်ကြီးငူ ဆရာတော်ကြီးရဲ့ ဘာသာရေးအရ စည်းကမ်း သတ်မှတ်ချက်နဲ့ သားသတ်လွတ် သာ စားသုံးရတဲ့ နယ်မြေ ဖြစ်တာကြောင့် စစ်ဘေးရှောင် စခန်းကို ရံဖန်ရံခါ လာလှူကြတဲ့ အလှူရှင်တွေက ဘူးသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ အာလူး၊ ပဲ နဲ့ အသားတုတွေကို ယူလာပြီး ပေးတတ် ကြပါတယ်။

အေးလင်းမြတ်ရှင် စစ်ဘေးရှောင် စခန်းက ကလေးငယ်များ(ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

ဟင်းစားအတွက် အသီးအနှံရတဲ့ အခါမျိုးမှာတော့ နော်တင်လှတို့ ထမင်းချက် အဖွဲ့က အသီးအနံှတွေကိုပါ ချက်ပြုတ် ပြီး အခမဲ့ထမင်း လာယူသူတွေကို ဟင်းတွေပါ ဝေငှပေးပါတယ်။

အသီးအနှံ အလှူရှင်မရှိတဲ့ အခါမှာတော့ ထမင်း အခမဲ့ကိုပဲ ဝေသလို တခါတရံမှာတော့ ဟင်းမချက်နိုင်တဲ့ စစ်ဘေး ရှောင် တွေ ထမင်းမြိန်စေဖို့ ငါးပိပုံစံဖြစ်အောင် နှမ်းဖတ်နဲ့ပြုလုပ်ထားတဲ့ ဒေသအခေါ် နှမ်းဖတ် ငါးပိကို ကြိုချက်ပြီး လည်း ဝေငှပေးဖို့ သူက စီစဉ်ပေးလေ့ ရှိပါတယ်။

စခန်းက စစ်ဘေးရှောင်တွေ ဝမ်းရေးကို နေ့စဉ် ဖြေရှင်းပေးနိုင်ဖို့ နော်တင်လှ တယောက် အမြဲ အကြံထုတ်နေလေ့ လည်း ရှိပါတယ်။

မီးဖိုဆောင်မှာပဲ အာရုံစိုက်နေရလို့ နော်တင်လှကို အိမ်မှုကိစ္စ လုပ်စရာ မလိုတဲ့ တကိုယ်တည်း သမားလို့လည်း မထင်လိုက်ပါနဲ့။

သူ့မှာ ၁၅ နှစ်၊ ၁၀ နှစ်နဲ့ ၅ နှစ်အရွယ် သားသုံးယောက်နဲ့ ခင်ပွန်းသည် ရှိပါတယ်။ သူတို့ရဲ့ ဝေယျာဝစ္စတွေကိုလည်း မလစ်ဟင်းအောင် ကလေးတွေ ကျောင်းကြိုကျောင်းပို့ အလုပ်နဲ့ မိသားစုတွေရဲ့ အဝတ်တွေ လျှော်ဖွပ်ဖို့လည်း ရတဲ့ အချိန်မှာ လုပ်ရသူပါ။

သို့ပေမယ့် သူ့တနေတာရဲ့ အချိန်အများဆုံးကိုတော့ မီးဖိုဆောင်မှာပဲ အချိန်ကုန်လေ့ရှိပါတယ်။

သူ့ တနေ့တာလုံးကို မီးဖိုဆောင်မှာပဲ မြှုပ်နှံထားပေမယ့် စစ်ဘေးရှောင် ဒုက္ခသည်စခန်းက အိမ်ရှင်မ တွေကတော့ သူတို့ မိသားစုဝင်တွေကို ကိုယ်တိုင်ချက်ပြုတ် မပေးနိုင်ဘဲ စခန်းက အခမဲ့ထမင်းကိုသာ မှီခိုနေရလို့ စခန်းမှာ ဆက် မနေချင်ကြဘူးလို့ ပြောကြပါတယ်။

စစ်ဘေးရှောင်များနဲ့ အတူ တွေ့ရတဲ့ နော်တင်လှ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

နော်တင်လှက စခန်းက ကလေး၊ လူငယ်၊ လူကြီး တွေရဲ့ စားဝတ်နေရေး အခက်အခဲကို နားလည်သလို စစ်ဘေးဒဏ် သင့်ပြီး ထွက်ပြေးရတဲ့ အမျိုးသမီးတွေရဲ့ အကြောင်းကို သူကောင်းကောင်း နားလည်တယ်လို့ ပြောရင်း သူ့ငယ်ဘဝ ကိုလည်း ပြန် ပြောပြပါသေးတယ်။

“၁၉၉၃ခုနှစ်၊ ကျမ အသက် ၁၄ နှစ်၊ ဖာပွန်က ညောင်ဝိုင်းစုရွာမှာ ကျမမိဘတွေနဲ့ နေတဲ့အချိန် KNU (ကရင် အမျိုးသား အစည်းအရုံး) နဲ့ စစ်တွေ ဖြစ်တာ အကြီးအကျယ်ပဲ။ ကျမတို့ ဗုံးခိုကျင်းထဲ နေနေတုန်းက တပ်က ကျမကို ပေါ်တာဖမ်းတဲ့ထဲ ခေါ်သွားတယ်။ အဲ့ဒီ တုန်းက ကြောက်စိတ်က အခုထိကျမမှာ ရှိတယ်”လို့ သူက ပြောပါတယ်။

ပေါ်တာ ပါသွားတဲ့ နော်တင်လှ မိသားစုနဲ့ ကွဲသွားပြီး စစ်သားတွေက သယ်ခိုင်းတဲ့ ဆန်၊ ရိက္ခာတွေနဲ့ လက်နက်ကြီး ကျည်တွေကို ၂၈ ရက်လုံးလုံး တောလမ်းထဲမှာ စစ်ကြောင်းတွေ နောက်ကလိုက်ပြီး သယ်ပေး ခဲ့ရပါတယ်။

အဝတ် တထည် ကိုယ်တခုနဲ့ စစ်ကြောင်းတွေနောက် ပါသွားတဲ့ ၂၈ ရက်အလွန် ပစ္စည်းတွေသယ်ပေးပြီး နောက်မှာ တော့ ကရင်သူပုန် တဦးဦးရဲ့ သမီးလို့ သံသယရှိခံရပြီး ဖာပွန် ရဲစခန်းကို အပို့ခံရတာကြောင့် အချုပ်ခန်းထဲမှာ ၁၁ ရက် ထပ်နေလိုက်ရပါတယ်။

ဖခင်ဖြစ်သူက ဖာပွန် ရဲစခန်းမှာ လာထုတ်မှ ပြန်လွတ်လာခဲ့တာပါ။

အဲဒီလောက်နဲ့တင် နော်တင်လှ တယောက် လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဆိုးကျိုး ခံရတာ မကုန်သေးပြန်ပါဘူး။

ပေါ်တာပါသွားချိန်က လမ်းမှာ မြင်တွေ့ခဲ့ရတဲ့ မိုင်းကြောင့် ပြတ်ရှဒဏ်ရာ ရနေသူတွေ အပြန်အလှန်ပစ်ခတ် နေကြတဲ့ မြင်ကွင်းတွေကြောင့် အိမ်ပြင်မထွက်ရဲ၊ ညဆိုရင် စိတ်ချလက်ချ မအိပ်ရဲ ဖြစ်လာတဲ့ နော်တင်လှကြောင့် မိဘတွေက ဖာပွန်မှာ ဆက်မနေတော့ဘဲ မိသားစုလိုက် ထိုင်းနိုင်ငံဘက်က ဘောနော်ဒုက္ခသည်စခန်းကို သွားခိုလှုံကြပြန်ပါတယ်။

ဒုက္ခသည်စခန်းမှာ နေပြန်တော့လည်း စခန်းအပြင်ကို သွားလာဖို့ခက်၊ တဖက်ထိုင်းနိုင်ငံမှာ ဖြစ်တာကြောင့် စခန်းမှာပဲ အလှူရှင်တွေ ပေးတာနဲ့ နေလာရင်း ၂ နှစ်အကြာမှာ မြိုင်ကြီးငူဆရာတော်က သူ့ရဲ့ စစ်ကင်းမဲ့ဇုန်မှာ လာခိုလှုံဖို့ ဖိတ် ခေါ်တာနဲ့ နော်တင်လှတို့ မိသားစုတွေ မယ်သဝေါဒေသကို ပြန်ပြောင်းလာခဲ့ ပြန်ပါတယ်။

စစ်ဘေးသင့်တဲ့ ဆိုးကျိုးကတော့ အတန်းပညာ ပြီးဆုံးအောင် မနေခဲ့ရပါဘူး။ သူဖြစ်ချင်တဲ့ ဘွဲ့ရပညာတတ် အမျိုးသမီး တယောက်လည်း ဖြစ်ခွင့် မရခဲ့ပါဘူး။ သူ့ငယ်ဘဝ တလျှောက်လုံးက ပြေးလွှားရင်းနဲ့ပဲ အချိန်ကုန်ခဲ့ရတာပါ။

မယ်သဝေါမှာ ၁၁ နှစ်ကြာနေပြီး အိမ်ခြံနဲ့ လယ်ယာနဲ့ အခြေကျနေကာမှ BGF နဲ့ DKBA တို့ တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူကို စစ်ဘေးရှောင် အဖြစ် ပြန်ရောက်ရှိလာပါတယ်။

ဒီတကြိမ်မှာတော့ မြိုင်ကြီးငူ ဆရာတော်ကြီးက နော်တင်လှခေါင်းကို ပုတ်ပြီး “နင်က စစ်ဘေးရှောင်တွေကို ကြည့်ရ မယ့် တာဝန်ရှိတယ်။ နင်သူ့တို့ကို စောင့်ရှောက်ရမယ်”လို့ ပြောပြီး စားဖိုဆောင်နဲ့ ဂိုဒေါင် ကြီးကြပ်တဲ့ တာဝန်ကို ပေးလိုက်တာကြောင့် စားဖိုဆောင် တာဝန်ခံ ဖြစ်လာပါတယ်။

“ကျမ ကြုံခဲ့ရတာတွေကြောင့် အခု ပြန်ကူခွင့်ရတော့လည်း ကျမတတ်နိုင်သလောက် ကူတယ်။ ဒါပေမယ့် အားမရဘူး။ တခါတလေဆို စိတ်ဓာတ်ပါကျတယ်။ ဒါပေမယ့် ဒါက ကိုယ်ရသလောက်ပဲလေ ဆိုပြီး ပြန်အားတင်းရတယ်”လို့လည်း နော်တင်လှ က ပြောပါတယ်။

ပြောဆိုနေရင်း စခန်းက ကလေးငယ်တွေကို နေ့လယ်စာ စားဖို့ ဖရဲသီးစိတ်လာလှူတဲ့ လူငယ်အဖွဲ့ တဖွဲ့  ရောက်လာ တာနဲ့ နော်တင်လှ တယောက် အလုပ်များပါတော့တယ်။

နေပူပူထဲမှာ ဖရဲသီးစိတ်လာယူကြတဲ့ ကလေးငယ်တွေကို တန်းစီဖို့ ပြောရင်း မီးဖိုဆောင်မှာ ချွေး တလုံးလုံးနဲ့ ချက်ပြုတ် နေတဲ့ အမျိုးသားတွေကိုလည်း လှမ်းကြည့်ရင်း “ပစ်နေတဲ့ အဖွဲ့တွေ ပြေလည်ရင် အိမ်ပြန်မယ်။ မပြန်နိုင်ခင် ထိတော့ ကျမ ဒီမှာပဲ ဆက်ကူညီနေမယ်”လို့လည်း နော်တင်လှ ပြောဆိုလိုက်ပါတယ်။  ။

The post စစ်ဘေးဒုက္ခသည် စခန်းက အမျိုးသမီး စားဖိုမှူးကြီး appeared first on ဧရာဝတီ.

ရွေးကောက်ပွဲသို့ မလေးရှားတို့ ၏ မရေရာသော ခြေလှမ်း

$
0
0

တရုတ်နှစ်သစ်ကူးက ရောက်လာပြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ မလေးရှားနိုင်ငံ၏ ၁၄ ကြိမ်မြောက် အထွေထွေရွေး ကောက်ပွဲ ကို မတ်လ နှောင်းပိုင်းလောက်တွင် ကျင်းပလိမ့်မည် ဖြစ်သည်။

သာမန် နိုင်ငံ အများစုတွင် ပြည်သူလူထု၏ စိတ်သဘောထားကို သိရန်အတွက် သတင်းစာများနှင့် ရုပ်မြင်သံကြားကို ကြည့်ရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း မလေးရှားနိုင်ငံတွင် ထိုသို့ကြည့်ခြင်းက အထောက်အကူများစွာ ရနိုင်လိမ့်မည် မဟုတ်ပါ။

အစိုးရက (သတင်းအတု အယောင်များကို တိုက်ခိုက်ခြင်း ခေါင်းစဉ်တပ်၍ လုပ်ဆောင်ခြင်း အပါအဝင်) ထုတ်ဖော် ပြောဆို ပြသမှု ပုံစံ အားလုံးကို ဖိနှိပ်တားဆီးနေခြင်းနှင့်အတူ မလေးရှားနိုင်ငံသားများ စိတ်တွင် မည်သို့ရှိသည်ကို ခံစားကြည့်နိုင်ရေးက လွယ်ကူမည် မဟုတ်ပါ။

ဥပဒေပိုင်းအရ ဖိအားများ တိုးလာနေသည်ကို ရင်ဆိုင်နေရခြင်းကြောင့် အွန်လိုင်းမီဒီယာသည်ပင် ပို၍ တိတ်ဆိတ်လာ ခဲ့သည်။

သဘောထား စစ်တမ်းများနှင့် ကြားနေ မီဒီယာတခု မရှိခြင်းကြောင့် နိုင်ငံရေး လေ့လာစောင့်ကြည့်သူများမှာ အထူးခြား အဆန်းပြားဆုံး နေရာများမှ သဲလွန်စများ သို့မဟုတ် အရိပ်အယောင် သင်္ကေတများကို လိုက်ရှာကြရတတ်ပါသည်။

ကွာလာလမ်ပူရှိ အထပ် ၄၀ မြင့်သော အာဏာရ UMNO ပါတီရုံးချုပ်တွင် လက်ရှိအချိန်၌ အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ထားသော ပုံပျက်ပန်းပျက် မလေးရှားနိုင်ငံ အလံကြီးဖြင့် တန်ဆာဆင်ထားသည်။ မလေးရှား အလံ (JalurGemilang) ကို ကလေးများ ကစားသည့် ဆေးရောင်ချယ်စာအုပ်မှ ပုံတခုလို ဖြစ်စေသည့် နည်းပညာ လွဲချော်မှု ရှိနေသည်မှာ သိသာထင်ရှားသော်လည်း ပါတီခေါင်းဆောင်ပိုင်းက LED ပြကွက်ကို ပယ်ဖျက်ရန် ဖြစ်စေ ပြင်ဆင်ရန် ဖြစ်စေ ဒုက္ခမခံလိုကြသည်ကလည်း ထင်ရှားနေပါသည်။

မလေးရှားပြည်သူများသည် လုံးဝ စိတ်အားထက်သန်မှု မရှိသည့်ကြားက ၎င်းတို့ ဦးဆောင်သော BarisanNasional (BN) မဟာမိတ်အဖွဲ့ အနိုင်ရရှိရန် ကံကြမ္မာက ပြဌာန်းသတ်မှတ်ပြီး ဖြစ်ကြောင်း UMNO ခေါင်းဆောင်များက ယုံကြည်ထားသည်ဟူသော အချက်ကို ကျနော် တွေးနေမိသည်။ အာဏာရပါတီ၏ ဌာနချုပ်က အနိုင်ရမည်ဟူသော သတင်းစကားမျိုးကို ထုတ်လွှင့်နေချိန်တွင် အလားတူပင် ဂရုမစိုက်သည့် လေသံများနှင့် စိတ်ဝင်စားမှုမရှိသည့် လုပ်ရပ်များက နိုင်ငံအတွင်းတွင် ပျံ့နှံ့နေသော အသွင်ရှိခြင်းက အံ့သြစရာမဟုတ်ပါ။

ဝန်ကြီးချုပ်ကလည်း သူ၏ အစိုးရအဖွဲ့ကို အတတ်နိုင်ဆုံး ဈေးကွက်မြှင့်တင် ရောင်းချနေခြင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ ပြည်တွင်း စားသောက်ကုန် ဈေးနှုန်းများ သိသိသာသာ ဆက်တိုက်မြင့်တက်လာနေ သည့် (BFM ရေဒီယိုနှင့် မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးတခုတွင် လက်လီ အရောင်းလုပ်ငန်းရှင်ကြီး ဒေါက်တာ အမီးယား မိုင်ဒင်က ကုန်ဈေးနှုန်းများ နေစဉ်တိုးလာနေကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယ ငါးကွန်းရှပ်က ၁၉.၅ ရာခိုင်နှုန်း၊ ကင်မရွန်း ဂေါ်ဖီထုပ်က ၂၉ ရာခိုင်နှုန်းနှင့် မက်ဂီ ငရုပ်သီးဆော့စ် က ၃၈.၈ ရာခိုင်နှုန်း ဈေးတက်လာခဲ့သည်) အချိန်တွင် ဝန်ကြီးချုပ်က နိုင်ငံဘတ်ဂျက်နှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာတခုမှ ထုတ်လွှင့်ပြောပြရန် ရွေးချယ်ခဲ့ပြီး မလေးရှားလူငယ်များကိုလည်း သူတို့၏ ငွေကြေးများကို မည်သို့ သုံးစွဲသင့်ကြောင်း အကြံပြုခဲ့သည်။

၂၄ နာရီဖွင့်သည့် တန်ဖိုးနည်း စားသောက်ဆိုင်တခုတွင် ထမင်းတနပ်ကို မည်မျှပေးရကြောင်း မော်ဒရေတာကို မေး ကြည့်ခဲ့သင့်သည့် ထိုကဏ္ဍတွင် သူက ဆန်အစား quinoa (တောင်အမေရိကမှ အစေ့တမျိုး ) ကိုစားကြောင်း ဝန်ကြီးချုပ် နာဂျစ်က ကြွားဝါခဲ့သည်။ ၂၅၀ ဂရမ်လေးသည့် quinoa အိတ်တအိတ်က မလေးရှားငွေ ၁၅ ရင်းဂစ် ကျသင့်ပြီး ၎င်းနှင့် အလေးချိန်တူသော ဆန်ထက် ၂၃ ဆခန့် ဈေးပိုုကြီးပါသည်။

ဝန်ကြီးချုပ်က ထောင်စုနှစ် လူငယ်များနှင့် ဆက်သွယ်ရန် ကြိုးစားနေသော်လည်း လူနေမှုစရိတ် မြင့်မားခြင်းကြောင့် စိုးရိမ်မှုများ တိုးလာချိန်တွင် quinoa ကို ထည့်ပြောခြင်းက ဆန့်ကျင်ဖက်သက်ရောက်မှု ဖြစ်စေခဲ့သည်။

သကြားလုပ်ငန်းမှသည် ဟိုတယ်လုပ်ငန်းများအထိ လုပ်ကိုင်နေသည့် တရုတ်နွယ်ဖွား မလေးရှား စီးပွားရေးလုပ်ငန်းရှင်ကြီး တဦးဖြစ်သည့် ရောဘတ်ကုက် Robert Kuok မှာလည်း (အတိုက်အခံကို ငွေကြေးထောက်ပံ့နေသည်ဟု စွပ်စွဲခြင်း အပါအဝင်) ရယ်စရာကောင်းသော စော်ကား တိုက်ခိုက်မှု အမျိုးမျိုး ခံခဲ့ရသေးသည်။ အသက် ၉၄ နှစ် အရွယ် ရှိပြီ ဖြစ်သော ရောဘတ်ကုက်က မလေးရှားရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်သင့်သည် ဆိုသည့် မဟားဒယား စိန်ခေါ်မှုမျိုး အထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

နောက်တဘက်တွင်မူ 1Malaysia Development Berhad (1MDB) အရှုပ်အထွေးနှင့် ဆက်သွယ်မှုရှိသည်ဟု သံသယရှိသော ရွက်လှေတစီးကို အင်ဒိုနီးရှား အာဏာပိုင်များက မကြာသေးမီက ဖမ်းဆီးခဲ့သည်။ သို့သော် ထိုကိစ္စက မလေးရှား မီဒီယာများမှ လွဲ၍ နေရာတိုင်းတွင် သတင်းခေါင်းစဉ် ဖြစ်ခဲ့ပါသည်။

ကျနော်တို့က အလွန်ရယ်စရာကောင်းသည့် ခေတ်တခုတွင် အမှန်တကယ်ပင် နေထိုင်နေကြရခြင်း ဖြစ်ပါသည်။

ကျနော်တို့တွင် အသက် ၉၀ ကျော် အဖိုးအိုတဦး ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် Mahathir Mohamad ရှိပါသည်။ သူက ၁၉၈၀ နှစ်များအတွင်း နိုင်ငံရေးအရ ဆန့်ကျင်သူ အများအပြား ထောင်ချခဲ့ခြင်းအတွက် တာဝန်ရှိသူ ဖြစ်သော်လည်း ယခုအခါ အတိုက်အခံ PakatanHarapan (PH) မဟာမိတ်အဖွဲ့ကို ဦးဆောင်နေသည်။

အခြားတဖက်တွင် ဒေါက်တာ မဟာသီယာ မိုဟာမက် ဆယ်စုနှစ် ၂ ခုကျော် တည်ဆောက်ခဲ့သည့် စနစ်၏ ထုတ်ကုန် တခုဖြစ်သော ဝန်ကြီးချုပ်တဦး ရှိနေသည်။

လက်ရှိ မလေးရှား နိုင်ငံရေး အခင်းအကျင်းတွင် ဘက်အားလုံးမှ တယောက်အကြောင်း တယောက်သိပြီး အပြန်အလှန် စိတ်မသက်မသာ ဖြစ်ရခြင်းများ ပျံ့နှံ့နေသည်ဆိုလျှင် အံ့သြစရာမဟုတ်ပါ။

စိတ်ပျက်လက်ပျက် ဖြစ်နေသည်ဟု ယူဆရသည့် လူငယ်တစုက #UndiRosak ဟု ခေါ်သည့် လှုပ်ရှားမှုကို ပြုလုပ် နေကြသည်။ မကောင်းသည့်သူများထဲမှ မကောင်းမှု တခြားသူများထက် နည်းသူကို ရွေးချယ်ရခြင်းဟု သူတို့မြင်သည့် ရွေးကောက်ပွဲကို ငြင်းပယ်ပြီး မဲဆန္ဒရှင်များအနေဖြင့် ပယ်မဲ ဖြစ်အောင် မဲပေးကြရန် လှုံ့ဆော်နေကြသည်။

ယခင်က ကျနော်ဆိုခဲ့ပြီး ဖြစ်သော အကောင်းမြင်ဝါဒ ဆုံးရှုံးခြင်းကို ထုတ်လုပ်ပေးခဲ့သည့် စနစ်တခုကြောင့် သူတို့ စိတ်ပျက်နေကြသည်။ မဖြည့်ဆည်းပေးနိုင်သည့် မြောက်များလှစွာသော ကတိစကားများက မလေးရှား နိုင်ငံသားတို့၏ မျှော်လင့်ချက်ကို မှေးမှိန်စေခဲ့သည်။

ကွဲပြားခြင်း၏ ဘက် ၂ ခုလုံးတွင် ဖောက်ထွက်နိုင်သည့် နိုင်ငံရေး ပုံရိပ် ရှိမနေပါ။

အီမန်ညူယယ် မာ့ခရွန် Emmanuel Macron (ပြင်သစ် သမ္မတ) မရှိပါ။ ရိုဒရီဂို ဒူတာတေး Rodrigo Duterte လို လူ တယောက်ပင် မရှိပါ။

၁၄ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲတွင် မလေးရှားနိုင်ငံသားများ တွေ့ကြုံရမည့် ရွေးချယ်မှုမှာ တဆင့်ပြီး တဆင့် ပြောင်းလဲရေး ဝါဒ သို့မဟုတ် အတိတ်က အာဏာရှင် ခေတ်ကာလသို့ ပြန်ရောက်သွားခြင်း တို့ကြားတွင် ရှိမည့် အသွင်ရှိပါသည်။

မဲပေးရန် အကျုံးမဝင်သည့် မဲဆန္ဒရှင်များနှင့် မဲပေးသူ နည်းသည့် မဲရုံများ ဖြစ်လာဖွယ်ရှိသော ဇာတ်ကြောင်းတခု ဖြစ် ပါသည်။ ထိုသို့ ဖြစ်ခြင်းက လက်ရှိ အာဏာရထားသူများကို အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု လေ့လာဆန်းစစ်သူများ က ယူဆကြသည်။

BN က စီးပွားရေး ခိုင်မာရေးကို အကြီးအကျယ် ကတိပေးနေသော်လည်း လက်တွေ့ အခြေအနေများက သူတို့ ပြောသလောက် ကောင်းမွန်၍ မနေပါ။ မလေးရှားနိုင်ငံသားများမှာ အရည်အသွေးမြင့် မက်ခရိုကိန်းဂဏန်းများ၊ စီစဉ်ထားသည့် အခြေခံအဆောက်အဦး စီမံကိန်း သတင်းများဖြင့် အမြဲလိုလို ဖိဆီးခံနေကျရသော်လည်း အမှန်တကယ် လက်တွေ့ ရရှိလာသော အကျိုးကျေးဇူးက နည်းပါးနေသည်။

ထိုအချက်ကို မာဒေးကားစင်တာ Merdeka Centre က မကြာသေးမီက ပြုလုပ်ခဲ့သော သဘောထားစစ်တမ်း ကောက်ယူမှုတခုတွင် မြင်တွေ့ရသည်။ အဆိုပါ စစ်တမ်းကို ဖြေကြားသူများက စီးပွားရေး တိုးတက်လာနေခဲ့သည် သို့မဟုတ် တိုင်းပြည်က လမ်းကြောင်းမှန်သို့ သွားနေသည်ဟု သူတို့ ခံစားရခြင်း မရှိကြောင်း ဖော်ပြခဲ့ကြသည်။

ဆိုးရွားနေသေးသည်မှာ ဝန်ကြီးချုပ်၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ကတိက ရပ်တန့်နေခြင်း ဖြစ်သည်။ ဖော်ကောင်လုပ်ခဲ့သည့် အတွက် လက်ရှိအချိန်တွင် ထောင်ဒဏ်နှင့် ရင်ဆိုင်နေရသော အတိုက်အခံ နိုင်ငံရေးသမား ရာဖီဇီရမ်လီ Rafizi Ramli ၏အဖြစ်ကို ကြည့်လျှင် နိုင်ငံရေး အတိုက်အခံများကို တိုက်ခိုက်ဖြိုခွဲမှုက ကျန်ရှိနေသေးသည်။

ထို့ပြင် BarisanNasional (BN) မဟာမိတ်အဖွဲ့က ရွေးကောက်ပွဲ နောက်ပိုင်းတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်လိမ့်မည်မဟုတ်ဟု မလေးရှား နိုင်ငံသားများက သိနေကြသည်။ အတိုက်အခံ PakatanHarapan (PH) မဟာမိတ်အဖွဲ့ နှင့် ပူးပေါင်းရန် ငြင်းဆန်ခဲ့သော သဘောာထားတင်းမာသည့် Islamist PAS ပါတီကို ဝန်ကြီးချုပ်၏ ဖက်တွယ်ထားမှုက နောက်လာမည့် နှစ်များအတွင်းတွင် Ulama (ဘာသာရေး ပညာရှင်) များ အင်အားကောင်းလာပြီး လူမှုရေးအရ ပိုမို၍ ရှေးရိုးစွဲဆန်သည့် စည်းကမ်းဥပဒေများ ရှိလာမည့် အဓိပ္ပါယ် ဆောင်နေသည်။

စီးပွားရေး တိုးတက်မှု ရပ်တန့်သွားခြင်း ခြိမ်းခြောက်မှုနှင့် လူမှုနိုင်ငံရေးတွင် ကွဲပြားသွားခြင်းတို့က မလေးရှားနိုင်ငံ၏ ပုံသေ သတ်မှတ်ချက် ဖြစ်လာနေသည်မှာ အမှန်ဖြစ်သည်။

အတိတ်ကာလက ပြည်သူတို့၏ ဘဝအောင်မြင်နိုင်မှု အခွင့်အလမ်းနှင့် တိုးတက်ချမ်းသာမှုတို့က အထက်တန်းလွှာ တစု၏ မသမာမှုများမှ သက်သာရာ ရစေခဲ့သည်။ သို့သော်လည်း ယနေ့အချိန်တွင်မူ စီးပွားရေးအရ နောက်ကျန်နေခဲ့ပြီး မပြောင်းမလဲ မြင်နေရသည့် နိုင်ငံရေးသမားများ၏ မျက်နှာများကို စိတ်ကုန်နေသော မဲဆန္ဒရှင်များနှင့် အနည်းဆုံး နိုင်ငံက ကွဲပြားမှု ဖြစ်လာလိမ့်မည်ဆိုသည့် အရိပ်အယောင် ရှိမနေခြင်းတို့သာ ရှိနေသည်။

မြင့်မားသော ကတိများနှင့် ညတွင်းချင်း ပြုပြင်ပြောင်းလဲရေးတခု သို့မဟုတ် လက်ရှိ အခြေအနေ တို့ကိုသာ ကျနော်တို့ ရွေးချယ်ကြရတော့မည်။ ခြုံ၍ အရှင်းဆုံးပြောရလျှင် ယခုမလုပ်ပါက နောင်တွင် လုပ်၍မရတော့ပါ။

ထိုအချိန်တွင် အတိုက်အခံ PakatanHarapan (PH) ၏ ယန္တယားက အပြည့်အဝ လည်ပတ်နေသည်။ လတ်တ လောတွင် ကျန်းမာရေး စိုးရိမ်စရာများ ရှိသော်လည်း ဒေါက်တာ မဟာသီယာ မိုဟာမက်က မဲဆွယ်လှုပ်ရှားမှုကို အင်တိုက်အားတိုက် လုပ်ဆောင်နေသည်။

သို့သော် အတိုက်အခံများက ကွဲပြားနေသည့်အတွက် BarisanNasional (BN) က မလွဲမသွေ အပြတ်အသတ် အနိုင်ရလိမ့် မည်ဟု အများစုက ထင်မြင်နေကြသည်။

မည်သို့ပင် ဖြစ်စေ စာရေးသူက Brexit နှင့် Trump ခေတ်တွင် သင်ယူ လေ့လာသူ ဖြစ်သည့်အတွက် အရာရာ တိုင်းက ဖြစ်နိုင်သည်ဟု စိတ်ကို ဖွင့်ထားသည်။

မလေးရှား နိုင်ငံသားတို့က ပိုမိုကောင်းမွန်ရေး (မိုက်မဲခြင်းလည်း ဖြစ်နိုင်သည့်) ဆန္ဒတခုဖြင့် ရွေးချယ်ကြမှာလား။ သို့မဟုတ် လုပ်နေကြအတိုင်းသာ လုပ်ကြမှာလား။

အတိတ်ကဆိုလျှင် မလေးရှားနိုင်ငံသားတို့က ကြိုးစားမှုနှင့် စမ်းသပ်မှုကို ကိုင်စွဲရန် ဆန္ဒရှိခဲ့ကြသည်။

၂ ဘက်လုံးက ကစားသမားများကို ကျနော်တို့က သိနေသည့် ယခုကိစ္စတွင် ရွေးကောက်ပွဲ၏ မှော်ပညာဆိုသည်မှာ အလွန်တရာ ကြီးမားလှသော မသိခြင်းတခုဆီသို့ ဦးတည်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

The post ရွေးကောက်ပွဲသို့ မလေးရှားတို့ ၏ မရေရာသော ခြေလှမ်း appeared first on ဧရာဝတီ.


အင်ဒိုနီးရှား ဒီမိုကရေစီအပေါ် ဘာသာရေးဩဇာ အရိပ်မိုးလာနေ

$
0
0

လူငယ်အမျိုးသားတဦးက “အလ္လာဟုအက္ကဘာ” သို့ မဟုတ် ဘုရားသခင်က အကြီးမြတ်ဆုံး ဟု အော်ဟစ်သည့် အသံကို တက်ရောက်လာသူ ၃၀၀ က ကြားရလိုက်ရသော အချိန်အထိ သာမန် တနင်္ဂနွေ ဝတ်ပြုဆုတောင်းပွဲ တခုသာ ဖြစ်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်မှ ဂျော့ဂျကာတာ Yogyakarta မြို့ရှိ စိန့်လီဒွင်နာ St. Lidwina ခရစ်ယန် ဘုရားကျောင်းအတွင်းသို့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ မနက် ၇ နာရီခွဲတွင် ထိုလူက မုန်တိုင်းတိုက်သလို တဟုန်ထိုး ဝင်ရောက်လာခဲ့သည်။

ရဲတပ်ဖွဲ့၏ ပစ်ခတ် ဖမ်းဆီးခြင်း မခံရမီ သူက တရားဟောစင်ပေါ်ရှိ ဘုန်းတော်ကြီး ဖာသာ ကားလ်အက်ဒ်မွန် ပရီယာ Karl Edmund Prier ကို တမီတာရှည်သော ဓားကို ဝှေ့ရမ်း၍ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့သလို ယေရှုခရစ်တော်၏ ရုပ်ထု ၂ ခုကိုလည်း ခေါင်းဖြတ်ပစ်ခဲ့သည်။ ထိုသို့ပြုလုပ်ရခြင်း၏ အကြောင်းရင်းကို မသိရသော်လည်း နောက်ပိုင်းတွင် ဆူလီယိုနို Suliyono အမည်ရှိသူ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည့် အဆိုပါ အကြမ်းဖက်သမားသည် အခြေခံဝါဒီ မွတ်ဆလင် အဖွဲ့အစည်းများ၏ သြဇာလွှမ်းမိုးခြင်း ခံခဲ့ရသူ ဖြစ်သည်ဟု စုံစမ်း စစ်ဆေးသူများက ယုံကြည်ကြသည်။

အဆိုပါ အဖွဲ့အစည်းများက အင်ဒိုနီးရှားနိုင်ငံ လူမျိုး ဘာသာ စုံလင်သော လူ့အဖွဲ့အစည်းကို ချည့်နဲ့ ပျက်စီးအောင် မည်သို့ လုပ်ဆောင်နေသည်၊ လွတ်လပ်ရေးရသည့် အချိန်ကတည်းက တိုင်းပြည်၏ အခြေခံ လမ်းညွှန်မူဝါဒများထဲမှ တခုဖြစ်သည့် Bhinneka Tunggal Ika (ကွဲပြားမှုဖြင့် စည်းလုံးခြင်း) ကို မည်ကဲ့သို့ ခြိမ်းခြောက်နေသည်ကို ပြသရန် အထက်ပါ အဖြစ်အပျက်က နောက်ဆုံး ထွက်ပေါ်လာသည်။

အခြေခံ မူဝါဒများကို စောင့်ရှောက်ထိန်းသိမ်းရာတွင် အကြီးအမှူး အနေဖြင့် သမ္မတ ဂျိုကိုဝီဒိုဒိုက ဘုရားကျောင်း တိုက်ခိုက်မှု နောက်ပိုင်း ပြင်းထန်သော ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ “သဘောထား ကျဉ်းမြောင်းသူများအတွက် ကျနော်တို့ နိုင်ငံတွင် နေရာမရှိပါ။ အထူးသဖြင့် အကြမ်းဖက် ဆူပူသူများအတွက် ဖြစ်သည်” ဟု သူက ပြောသည်။ ထိပ်တန်း အစ္စလမ် အဖွဲ့အစည်းများကလည်း တိုက်ခိုက်မှုကို ဝေဖန် ပြစ်တင်ခဲ့ကြသည်။

သို့သော်လည်း အယူဝါဒ ကွဲပြားမှုများကို လက်မခံ တိုက်ခိုက်လာခြင်းအား ဆန့်ကျင်ရာတွင် အစိုးရပိုင်း အရရော ဘာသာရေးပိုင်းအရပါ ပြတ်သားခိုင်မာမှု ရှိမနေခဲ့ပါ။

စိန့်လီဒွင်နာ ဘုရားကျောင်းက ပျက်ဆီးသွားတဲ့ ယေရှုရုပ်တု/Reuters

စိန့်လီဒွင်နာ ဘုရားကျောင်း တိုက်ခိုက်မှု မဖြစ်ပွားမီ ၂ ပတ်အလိုတွင် ဂျော့ဂျကာတာ မြို့ရှိ နောက်ထပ် ကက်သလစ် ဘုရားကျောင်းတခုဖြစ်သည့် စိန့်ပေါလ် St. Paul က အလှူအတန်း အစီအစဉ်တခုကို ပယ်ဖျက်ခဲ့ရသည်။ အသိုင်းအဝိုင်းကို “ခရစ်ယန် ဇာတ်သွင်းခြင်း”အဖြစ် ရှေးရိုးစွဲ မွတ်ဆလင် အဖွဲ့တခုက ဆန့်ကျင်ဆန္ဒပြခဲ့ပြီးနောက်တွင် ထိုသို့ ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။

ထိုဆန္ဒပြပွဲသည် မမျှော်လင့်ဘဲ ဂျော့ဂျကာတာ ပြည်နယ် ဘုရင်ခံ စူလတန်၏ ထောက်ခံမှုကို ရရှိ ခဲ့ သည်။ ဘုရင်ခံရာထူးကို မျိုးရိုးအလိုက် ဆက်ခံခဲ့သူ ဖြစ်သော စူလတန်က အလှူအတန်းကို ဘုရားကျောင်း၏ အမည်ကို အသုံးပြု၍ မကျင်းပသင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ဘုရင်ခံက ကိုးကွယ်ယုံကြည်မှု အားလုံးတို့ကို အလေးထားမည်ဟု မျှော်လင့်ထားကြသူများ အလွန်အံ့အားသင့် ခဲ့ကြရသည်။ အထူးသဖြင့် ဂျော့ဂျကာတာအတွင်း သို့မဟုတ် အနီးတွင်ရှိသော ဘောရောဘူဒါး Borobudur နှင့် ပရမ်ဘနန်း Prambanan ရှိ ရှေးဟောင်း ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာ ဘုရားကျောင်းများ အတွက် ဖြစ်သည်။

ဗုဒ္ဓဘာသာ ရဟန်းတပါး နှင့် မွတ်ဆလင် ဘာသာရေးခေါင်းဆောင် ၂ ဦးကဲ့သို့သော ဘာသာရေးခေါင်းဆောင်များကို တိုက်ခိုက်ခြင်းများက အင်ဒိုနီးရှားနိုင်ငံ အတွင်းတွင် ဘာသာရေးအရ တင်းမာလာမှုများကို ဖော်ပြနေသည်။ ယခုနှစ် အတွင်းတွင် အလားတူ အမှုမျိုး ၄ ခု ရှိခဲ့ပြီ ဖြစ်သည်။ Setara ဟုသိကြသည့် ဂျကာတာ အခြေစိုက် Institute for Democracy and Peace က ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်းတွင် လူနည်းစုများ၊ ဘာသာရေး ခေါင်းဆောင် များ သို့မဟုတ် အဆောက်အဦးများကို တိုက်ခိုက်ခြင်းများ အပါအဝင် (ကွဲပြားမှုကို) သည်းမခံနိုင်ခြင်းကြောင့် ဖြစ်ရသည့် အမှု ၁၀၉ ခု ရှိကြောင်း မှတ်တမ်းတင်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်က အစ္စလမ် ဘာသာကိုးကွယ်သူများ ဖြစ်ကြသည်။ အများစုမှာ သဘောထား အလယ်အလတ်ကျသူများ ဖြစ်ကြပြီး ခရစ်ယန်များ၊ ဟိန္ဒူများ နှင့် အိမ်နီးချင်း အခြားဘာသာဝင်များနှင့် အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။ သို့သော်လည်း လူမှုအသိုင်းအဝိုင်း၏ ရာသီဥတု ပြောင်းလဲမှုက တိုးလာနေသည်နှင့်အမျှ အများစုက သည်းမခံနိုင်မှုကို ဆန့်ကျင်ပြောဆိုရန် တွန့်ဆုတ်မှု ရှိကောင်းရှိနိုင်သည်။

ဗဟုဝါဒကို ရွံမုန်းကြောင်း ဖုံးကွယ်မထားကြသည့် သဘောထားတင်းမာသူများက အစ္စလမ်ကို ဆန့်ကျင် စော်ကားသည် ဟု သူတို့ယူဆခြင်းများကို ဆန္ဒပြရန်အတွက် ကြီးမားသော လူစုလူဝေးဖြစ်အောင် လှုံ့ဆော် စည်းရုံးရာတွင် ကျွမ်းကျင်မှု ကို ပြသခဲ့ပြီး ဖြစ်သည်။ အရေအတွက် များပြားခြင်း၏ အားကို ယူသော ဗျူဟာက သူတို့၏ နိုင်ငံရေး ထိုးနှက်မှုကို မြှင့်တင် ပေးသည်။

ထိပ်ဆုံးနေရာတွင် Islamic Defenders Front သို့မဟုတ် FPI ရှိနေသည်။ သူတို့အဖွဲ့၏ ရည်မှန်းချက် ပန်းတိုင်မှာ အင်ဒို နီးရှား နိုင်ငံတွင် အစ္စလမ်ဥပဒေ (sharia) ကို စတင်နိုင်ရေး ဖြစ်သည်။ ၎င်း၏ အဖွဲ့ဝင်များက အဖြူရောင် ဝတ်ရုံများ ဝတ် ဆင်ကြပြီး အကြမ်းဖက်နည်းလမ်းများ အတွက် ဂုဏ်သတင်း ကျော်စောသူများ ဖြစ်ကြသည်။ FPI ၏ ဦးတည် ချက် များက အလွန် အစွန်းရောက်သည်ဟု ယူဆခြင်းခံရသော်လည်း လတ်တလော အချိန် အထိ မီဒီယာက သူတို့ကို အလေး အနက် မထားကြသေးပါ။

ယခုအခါ FPI က ဥပက္ခာပြုရန် မဖြစ်နိုင်သည့် အဖွဲ့တခု ဖြစ်လာသည်။ အဘယ်ကြောင့်နည်း။

“အခြေခံ(Radical)ဝါဒက အင်ဒိုနီးရှားနိုင်ငံမှာ သိပ်ဖွံ့ ဖြိုးမလာသေးပါဘူး။ ဒါပေမယ့် ဆိုရှယ်မီဒီယာကို သုံးစွဲတာက ဒီလိုမျိုး သတင်း အချက်အလက်တွေကို ဖြန့်ဖို့ အလွန်လွယ်ကူစေပါတယ်” ဟု Setara ၏ ဥက္ကဌ Hendardi က ပြောသည်။

ယခင် ဂျကာတာ အုပ်ချုပ်ရေးမှူး အဟော့ Ahok ရာထူးမှ ပြုတ်ကျခဲ့ရခြင်းတွင် FPI က အဓိက အကြောင်းရင်းတခု ဖြစ်သည်။ သူတို့အဖွဲ့က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ချီတက်ပွဲတခု ပြုလုပ်၍ ခရစ်ယန် ဘာသာဝင် တရုတ်လူမျိုး အဟော့က ကိုရမ်ကျမ်းကို စော်ကားခဲ့ကြောင်း ဆန္ဒပြခဲ့ကြသည်။ မြို့တော် ဂျကာတာတွင် လူဦးရေ ၃ သိန်း ရှိသော လူစုလူဝေးကြီးက “အဟော့ကို ထောင်ချပစ်” ဟု ကြွေးကြော်ခဲ့ကြသည်။

ဂျကာတာ အုပ်ချုပ်ရေးမှူးမှာ ရွေးကောက်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရပြီး နောက်ပိုင်းတွင် သူ့ကို ဘာသာရေး အ သရေဖျက်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။

ယခုအခါ နိုင်ငံရေးသမား အများစုက သဘောထားတင်းမာသူများ၏ သြဇာကို အသိအမှတ်ပြုလာကြပြီ ဖြစ်သည်။ ယခင် အာဏာရှင်ဟောင်း ဆူဟာတို Suharto ၏ သမက်ဟောင်းဖြစ်သော ပရာဘိုဝို ဆူဘီယန်တို Prabowo Subianto က အဟော့နှင့် ယှဉ်ပြိုင်သော အနီးစ် ဘတ်စ်ဝီဒန် Anies Baswedan ကို ထောက်ခံခဲ့သည်။ ပြီးခဲ့သည့် ဧပြီလအတွင်း အနီးစ် ဘတ်စ်ဝီဒန် အုပ်ချုပ်ရေးမှူး ဖြစ်လာသည့် အခါ ပရာဘိုဝို ဆူဘီယန်တိုက FPI ကို ကျေးဇူးတင်ခဲ့သည်။

အဟော့ကို ထောင်ချရန် ဆန္ဒပြတောင်းဆိုသူများ/Reuters

သဘောထားတင်းမာသူများ တိုးလာခြင်းကို ရာစုနှစ် အကူးအပြောင်း ကာလများ တဝိုက်မှ အင်ဒိုနီးရှားနိုင်ငံ၏ ဗဟို ချုပ်ကိုင်မှု လျှော့ချရေး လုပ်ငန်းစဉ်များအထိ ခြေရာခံ၍ လိုက်နိုင်ပါသည်။

၁၉၉၈ ခုနှစ်တွင် Suharto ပြုတ်ကျသွားပြီးနောက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများက ဒေသဆိုင်ရာ အာဏာပိုင်များကို ထိန်းချုပ်မှုများ ပို၍ ရရှိစေခဲ့သည်။ ဒေသဆိုင်ရာ အစိုးရများသည် ဆရာများ ခန့်ထားရန်နှင့် သင်ကြားရေး ပစ္စည်းများ ရွေး ချယ်ရန် အခွင့် အာဏာများ ရရှိလာသည်။ အကျိုးဆက် အနေဖြင့် ဗဟိုအစိုးရက ဘာသာရေးနှင့် ဆိုင်သည့် ပညာရေးကို ထိန်းချုပ်နိုင်မှု လျော့နည်းသွားပြီး ကလေးငယ်များကို အစ္စလမ်သည်သာ အကြီးမြတ်ဆုံးဆိုသည့် အယူဝါဒမျိုး သွတ်သွင်း နိုင်ရန် အခွင့်အလမ်းပေးသလို ဖြစ်သွားခဲ့ရသည်။

“ပြုပြင်ပြောင်းလဲရေး ကာလက အစွန်းရောက်ဝါဒအပေါ်မှာ သက်ရောက်မှု တခု ရှိခဲ့ပါတယ်။ တခြား အယူဝါဒ တွေကို လက်မခံတဲ့ အဖွဲ့အစည်းတွေက သူတို့ရဲ့ အမြင်ကို တက်တက်ကြွကြွ ထုတ်ပြောရဲ လာစေပါတယ်” ဟု ခရစ်ယန် အဖွဲ့အစည်းတခု ဖြစ်သည့် Indonesian Communion of Churches ၏ ပြောရေးဆိုခွင့် ရှိသူ JeirrySumampow က ပြောသည်။

လူငယ်မျိုးဆက်သစ်များက သဘောထားတင်းမာသည့် အယူအဆများကို လက်ခံကိုင်စွဲမှု တိုးလာနေကြောင်း လူထု သဘောထား စစ်တမ်းကောက်ယူမှုများက ဖော်ပြနေသည်။ ဒေသတွင်း သုတေသန ကုမ္ပဏီတခု ဖြစ်သည့် Alvara ၏ စစ် တမ်းကောက်ယူချက်အရ အထက်တန်း ကျောင်းသားများ၏ ၂၀ ရာခိုင်နှုန်းက နိုင်ငံကို အစ္စလမ် ဝါဒအရ အုပ်ချုပ်ခြင်းကို ထောက်ခံသည်ဟု တွေ့ရကြောင်း ရိုက်တာသတင်းတပုဒ်၏ အဆိုအရ သိရသည်။ နောက်ထပ် သဘောထားစစ်တမ်း ကောက်ယူမှုတခုတွင် အထက်တန်းကျောင်းသားများ၏ ၆၀ ရာခိုင်နှုန်းက သူတို့တွင် ဘာသာရေးကို အခြေခံသည့် အတွေးအခေါ် သဘောထားရှိကြောင်း တွေ့ရှိရသည်။

“ရှေးရိုးစွဲ ဆန်တဲ့ အတွေးအခေါ်က ပင်မရေစီးကြောင်းတော့ ဖြစ်မလာသေးပါဘူး။ ဒါပေမယ့် သဘောထား စစ်တမ်း ကောက်ယူမှု ရလဒ်တွေက အလွန်စိုးရိမ်စရာ ဖြစ်ပါတယ်” ဟု ဥရောပ သံတမန် တဦးက ပြောသည်။

၂၀၁၉ ခုနှစ် ဧပြီလတွင် ပြုလုပ်ရန် ရှိနေသော နောက်လာမည့် အထွေထွေရွေးကောက်ပွဲ အတွက် အရှိန်မြှင့်နေကြသည့် အချိန်တွင် သမ္မတနေရာ မျှော်လင့်သူများ ထည့်သွင်းစဉ်းစားစရာ ဖြစ်ပါလိမ့်မည်။ ဂျကာတာ အုပ်ချုပ်ရေးမှူး ရွေး ကောက်ပွဲက သင်ခန်းစာ ဖြစ်သည်။ အဓိက ပြည်နယ်များတွင် ဇွန်လ၌ ကျင်းပရန် ရှိနေသော ဒေသတွင်း ရွေးကောက်ပွဲများ အတွက် မဲဆွယ်လှုပ်ရှားမှုများကလည်း ပြုလုပ်နေဆဲ ဖြစ်သည်။ အချို့သော နိုင်ငံရေးသမားများ အတွက် ရှေးရိုးစွဲ မွတ်ဆလင် ထောက်ခံမဲများ၏ ဆွဲဆောင်မှုက လွန်ဆန်ရန် အလွန်ခက်ခဲပါလိမ့်မည်။

LGBT (လိင်တူချစ်သူများ၊ ကျားမစိတ် နှစ်မျိုး ရှိသူများ) အသိုင်းအဝိုင်း အပေါ် ကြီးမားသောဖိအား သက်ရောက်ခြင်းက နောက်ထပ် ဥပမာတခု ဖြစ်သည်။

“LGBT ကိစ္စနဲ့ ပတ်သက်လို့ ပြီးခါနီး အခြေအနေကို ရောက်နေပါပြီ။ ကျနော်တို့က LGBT အဓိပ္ပါယ် ဖွင့်ဆိုချက်ကို တိုးချဲ့ဖို့ ဆောင်ရွက်နေပါတယ်” ဟု အစ္စလမ်ဘာသာရေး အတွေးအခေါ်ဘက် တိမ်းညွှတ်သော National Mandate ပါတီမှ လွှတ်တော်ကိုယ်စားတဦး ဖြစ်သည့် ဟာနာဖီ ရာအီးစ် Hanafi Rais က သတင်းထောက်များကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြောသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပြန်လည် ပြင်ဆင်ခြင်း မူကြမ်းတခု နှင့် ပတ်သက်၍ ဟာနာဖီ ရာအီးစ်က ပြောကြားခဲ့သည်။ လိင်တူ ဆက်ဆံခြင်း၊ လက်မထပ်ဘဲ လိင်ဆက်ဆံခြင်းနှင့် မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းမဟုတ်သူ နှင့် လိင်ဆက်ဆံခြင်း များကို ဥပဒေတွင် အိမ်ထောင်ရေးဖောက်ပြန်မှု ခေါင်းစဉ်အောက်၌ ထည့်သွင်းသင့်ကြောင်း လွှတ်တော်ရှိ နိုင်ငံရေးပါတီ ၁၀ ခုလုံး မှ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီခဲ့ကြသည်ဟု သိရသည်။ ဖောက်ဖျက်ကျူးလွန်သူသည် ထောင်ဒဏ် ၅ နှစ် အထိ ချမှတ်ခြင်း ခံရနိုင်ပါသည်။

အဆိုပါ မူကြမ်းကို လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ထိုကိစ္စများအတွက် ပြစ်ဒဏ်ကျခံရခြင်း မဖြစ်သင့်ကြောင်း အင်ဒိုနီးရှား နိုင်ငံသား အများအပြားကလည်း ပြောကြလိမ့် မည်ဖြစ်သည်။ သို့သော် ဥပဒေပြု လွှတ်တော်အတွင်း ကန့်ကွက်မှု အနည်းငယ် ရှိခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်များက အစ္စလမ် ဆန့်ကျင်သူ အဖြစ် တံဆိပ်ကပ်ခံရပြီး ကိုယ်စားလှယ်ဘဝ အဆုံးသတ်သွားနိုင်သည်ကို စိုးရိမ်ခဲ့ကြခြင်း ဖြစ်ဖွယ်ရာ ရှိပါသည်။ သမ္မတ ဂျိုကိုဝီပင်လျှင် နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

သမ္မတ ဂျိုကိုဝီ ကိုယ်တိုင်လည်း ပြီးခဲ့သည့် ၂၀၁၄ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုကာလ အတွင်းတွင် ထိုသို့ တံဆိပ်ကပ် တိုက်ခိုက်ခြင်း၏ ပစ်မှတ်ဖြစ်ခဲ့ရသည်။ ဂျိုကိုဝီက တရုတ်လူမျိုး ဖြစ်သည်ဆိုသည့် ကောလာဟလက အစ္စလမ်ဆန့်ကျင်ရေး လမ်းကြောင်းပေါ်သို့ တွန်းပို့၍ ပြိုင်ဖက်ဖြစ်သူ ပရာဘိုဝို ဆူဘီယန်တိုက လိုက်မီလု နီးပါးအထိ ဖြစ်ခဲ့သည်။

ဒီမိုကရေစီ၏ အခြေခံ စည်းမျဉ်းများက ပြိုလဲလုလု ဖြစ်နေသည်။ ကွဲပြားခြားနားမှုဖြင့် စည်းလုံးရမည့် နေရာတွင်သာ မဟုတ် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် အခြားသော အခွင့်အရေးများတွင်လည်း ထိုနည်းတူ ဖြစ်နေသည်။ ဗြိတိန် အခြေစိုက် သုတေသနနှင့် လေ့လာဆန်းစစ်ရေး အဖွဲ့တခု ဖြစ်သည့် Economist Intelligence Unit ၏ ၂၀၁၇ ခုနှစ် အတွက် ဒီမိုကရေစီညွှန်းကိန်းတွင် အင်ဒိုနီးရှားနိုင်ငံက အဆင့်လျော့ကျခဲ့ရပြီး ဖြစ်သည်။

လူမှုရေး တင်းမာမှုများက စီးပွားရေးကို ကျဆင်းစေပါသလား။

ဂျိုကိုဝီက အာဏာရရှိပြီး ပထမ ၃ နှစ်အတွင်းတွင် အခြေခံအဆောက်အဦး စီမံကိန်း အများအပြားကို တွန်းအားပေး ဆောင်ရွက်ခဲ့သည်။ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများက သူ၏ ကြီးကြပ်ကွပ်ကဲမှု စွမ်းရည်အပေါ် ယုံကြည် စိတ်ချမှုများ ရရှိခဲ့သည်။ တည်ငြိမ်သော ဖွံဖြိုးတိုးတက်မှု မျှော်လင့်ချက်များက မြင့်မားသည်။ ၂၀၅၀ တွင် အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့ စီးပွားရေးတွင် စတုတ္ထမြောက် အကြီးဆုံး ဖြစ်လာမည်ဟု ခန့်မှန်းခြင်း ခံခဲ့ရသည်။

“မက်ခရိုစီးပွားရေး မူဝါဒတွေက တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေးကို ဦးတည်ပြီး အဆက်မပြတ် တွန်းအားပေးခဲ့တဲ့ အ တွက် ပြင်ပသက်ရောက်မှု (စီးပွားရေးထိခိုက်မှု)တွေကနေ အင်ဒိုနီးရှားနိုင်ငံရဲ့ လျှင်လျှင်မြန်မြန် ပြန်ရုန်းထွက်နိုင်စွမ်းက ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း တဖြည်းဖြည်း အင်အားကောင်းလာခဲ့ပါတယ်” ဟု ချေးငွေ ယုံကြည်စိတ်ချရမှု ဆိုင်ရာ အဆင့်အတန်း သတ်မှတ်သည့် အဖွဲ့တခု ဖြစ်သည့် Fitch Ratings က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၏ ငွေတိုက်စာချုပ်များကို အဆင့်မြှင့်တင် သတ်မှတ်ပေးလိုက်စဉ်က ပြောကြားခဲ့သည်။

ကုမ္ပဏီ အုပ်စုကြီး တခုကို ခေါင်းဆောင်နေသည့် တရုတ်နွယ်ဖွား အင်ဒိုနီးရှားနိုင်ငံသား တဦးက ဘာသာရေးနှင့် နိုင်ငံရေးတို့ ရောထွေးနေခြင်းက အသစ်အဆန်း မဟုတ်ဟု ပြောသည်။ “ရွေးကောက်ပွဲမှာ ဘာသာရေးကို အားသာချက်အဖြစ် ရယူတဲ့ နိုင်ငံရေးသမားတွေ အမြဲတမ်း ရှိပါတယ်။ ကျနော် စိတ်မပူပါဘူး” ဟု သူက ဆိုသည်။

သို့သော်လည်း သဘောထားတင်းမာသည့် မွတ်ဆလင် အဖွဲ့အစည်းများက တရုတ်လူမျိုးများကို ပို၍ ပစ်မှတ်ထားလာကြသည်။ တရုတ်လူမျိုးအများစုမှာ ခရစ်ယန် ဘာသာဝင်များ ဖြစ်ကြသည်။ တရုတ်လူမျိုးများက တိုင်းပြည်၏ ဥစ္စာဓနကို ထိန်းချုပ်ထားကြသည်ဟု သူတို့က စွပ်စွဲနေသည်။

“သမ္မတကြီး ခင်ဗျာ၊ ကျနော်တို့ တိုင်းပြည်ကို ဘေဂျင်းဆီ ရောင်းမစားလိုက်ပါနဲ့” ဟု လွှတ်တော် ဥက္ကဌဟောင်း အေမီယန် ရာအီးစ် Amien Rais က မကြာသေးမီက ပြောကြားခဲ့သည်။ ဆူဟာတိုကို ဖြုတ်ချစဉ်က ကူညီခဲ့သော အလယ်အလတ်ကျသည့် မွတ်ဆလင်ခေါင်းဆောင်တယောက် ဖြစ်ပြီး အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရခဲ့သူ ဖြစ်သော အေမီယန် ရာအီးစ်ပင်လျှင် ယခုအခါ FPI နှင့် အလားတူ လေသံထွက်နေသည်။

သမ္မတ ဂျိုကိုဝီ ကိုယ်တိုင်လည်း ၂၀၁၄ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုကာလအတွင်း တံဆိပ်ကပ် တိုက်ခိုက်ခြင်း၏ ပစ်မှတ်ဖြစ်ခဲ့ရသည်/Reuters

တူရကီနိုင်ငံ၏ အဖြစ်အပျက်က သတိပေးနေသော ဇာတ်လမ်းတခု ဖြစ်နိုင်ပါသည်။

အလယ်အလတ် မွတ်ဆလင် နိုင်ငံတခု ဖြစ်သည့် တူရကီနိုင်ငံတွင် နိုင်ငံရေးနှင့် ဘာသာရေး ရောထွေးမှုမရှိရေး ကတိကို ကာလရှည်စွာ ထိန်းသိမ်းထားခဲ့ပြီး အစိုးရကို ဘာသာရေးနှင့် ကင်းလွတ်ခွင့် အာမခံချက်ပေးခဲ့သည်။။ ယခုအခါ သမ္မတ တေယစ် အာဒိုဂန်၏ လက်အောက်တွင် ဆယ်စုနှစ် တခုကျော် ကြာမြင့်ခဲ့ပြီးနောက် အဆိုပါ စည်းမျဉ်းက ဝိုင်းရံ ပိတ်ဆို့ခြင်းနှင့် ကြုံနေရသည်။

ရပ်ရွာတွင်းရှိ ကျောင်းများတွင် သိပ္ပံပညာကို လျှော့ချ၍ ဘာသာရေးကို အလေးပေးရန် ကြိုးစားနေခြင်းကို ကျောင်းသား မိဘများ ကြုံတွေ့နေရသည်။ နိုင်ငံအတွင်းရှိ ဗလီများကို ကြီးကြပ်ကွပ်ကဲ၍ ဘာသာရေး ကိစ္စများကို အဆုံးအဖြတ်ပေး သည့် အစိုးရ အဖွဲ့အစည်းတခုဖြစ်သော Diyanet က ယခင်ကထက် သြဇာ အရှိန်အဝါ များစွာ ကြီးမားလာပြီး တေယစ် အာဒိုဂန် အာဏာရရှိ လာစဉ် အချိန်ကထက် ၁၄ ဆ ပိုသည့် ဘတ်ဂျက်ကိုလည်း ရရှိနေသည်။

အင်ဒိုနီးရှားနိုင်ငံက တူရကီနိုင်ငံ၏ လမ်းစဉ်ကို လိုက်မည်လား သို့မဟုတ် ၎င်းနိုင်ငံအတွင်းမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အာချေး Aceh ပြည်နယ်၏ လမ်းအတိုင်း လိုက်နိုင်ပါသလား။

အာချေး ပြည်နယ်တွင် ရှာရီးယား ဥပဒေကို တစိတ်တပိုင်း ကျင့်သုံးနေသည်။ ဘာသာရေး ရဲများက ပြည်သူများကို မွတ်ဆလင်များအဖြစ်နှင့် ဆီလျော်စွာ ဝတ်စားဆင်ယင်ကြရန် အမိန့်ပေးသည်။ အမျိုးသမီးများ မော်တော်ဆိုင်ကယ် နောက်တွင် ထိုင်စီးခွင့် မရှိပါ။ လက်မထပ်ရသေးသည့် အမျိုးသားများနှင့် အမျိုးသမီးများ တခန်းထဲတွင် တူတူနေခွင့် မရှိပါ။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (HRW) က အာချေး ပြည်နယ် အာဏာပိုင်များသည် ရှာရီးယား ဥပဒေကို ချဲ့ကားနေပြီး အမျိုးသမီးများနှင့် လူမှုရေးအရ အင်အားနည်းသည့် အဖွဲ့အစည်းများ အပေါ် အသုံးချနေသည်ဟု စွပ်စွဲခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံရေးက အမြင် ၂ ခုကြား အားပြိုင်မှုတခု ပို၍ ဖြစ်လာနေသည်။

သဘောထားစစ်တမ်း ကောက်ယူမှုတခုတွင် ဖြေကြားသူများကို ကွဲပြားမှုတွင် စည်းလုံးခြင်း အပါအဝင် နိုင်ငံ၏ အခြေခံမူ ၅ ချက် (Pancasila) ကို အကောင်းဆုံး ကိုယ်စားပြုနိုင်သည့် သမ္မတလောင်း တဦးကို ရွေးချယ်ပေးရန် မေးမြန်းသည့်အခါ အများစုက ရွေးချယ်ခဲ့သူမှာ ဂျိုကိုဝီ ဖြစ်သည်။

ဖြေကြားပေးသူများကို အစ္စလမ်ဘာသာနှင့် အနီးစပ်ဆုံးသူကိုလည်း ရွေးချယ်ခိုင်းခဲ့သည်။ ထိုအခါ ဆူဘီယန်တိုက ပထမ နေရာ ရှိခဲ့သည်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် သူတို့ ၂ ယောက် ထပ်မံ၍ ထိပ်တိုက် ရင်ဆိုင်ကြဦးမည်ဟု အများစုက မျှော်လင့်ထား သည်။ ရလဒ်က နောက်လာမည့် မျိုးဆက်များအပေါ် သက်ရောက်မှု ရှိလာနိုင်ပါသည်။ “တကယ်လို့ ဘာသာအယူအဆ မတူတဲ့သူတွေကို သည်းမခံနိုင်တဲ့ဘက် အင်ဒိုနီးရှား လက်ခံလိုက်မယ်ဆိုရင်တော့ နိုင်ငံက ကွဲပြားမှုတွေနဲ့ အကျပ် အတည်းတခုထဲကို ကျရောက်သွားလိမ့်မယ်” ဟု Indonesian Communion of Churches မှ ဂျယ်ရီဆူမန်ပိုး Jeirry Sumampow က သတိပေးလိုက်သည်။

(Nikkei Asian Review ပါ Jun Suzuki ၏ Islamists’ growing clout strains Indonesia’s democratic pillars ကို ဘာသာပြန်ဆိုသည်။)

The post အင်ဒိုနီးရှား ဒီမိုကရေစီအပေါ် ဘာသာရေးဩဇာ အရိပ်မိုးလာနေ appeared first on ဧရာဝတီ.

ဦးနေဝင်းနဲ့ နိုင်ငံခြားသားကြောက်ရောဂါ

$
0
0

Xenophobia ကို ဘာသာအလွယ်ပြန်ရင်တော့ နိုင်ငံခြားသားကြောက်ရောဂါ၊ လူစိမ်းတွေကိုု မယုံတဲ့ရောဂါလို့ ဆိုရမှာပေါ့။

သမိုင်းမှတ်တမ်းတွေမှာတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဥက္ကဌတာဝန် ယူခဲ့သူ ဦးနေဝင်းဟာ ဒီရောဂါအခံရှိသူလို့ စွပ်စွဲခံရသူပါ။

ရဲဘော်သုံးကျိပ်ဝင်ဖြစ်ပြီး တိုင်းပြည်ဂုတ်သွေးစုပ်တဲ့ နယ်ချဲ့အင်္ဂလိပ်ကို ဂျပန်အကူအညီနဲ့ မောင်းထုတ်ခဲ့တဲ့ ဦးအောင်ဆန်း၊ ဦးနေဝင်း စတဲ့ ထိပ်တန်း ခေါင်းဆောင်တွေဟာ အမျိုးသားရေး ခေါင်းဆောင်တွေ ဖြစ်တယ်။ တိုင်းပြည်လွတ်မြောက်ရေး အတွက် လုပ်ခဲ့တာ ဖြစ်တယ်။

ဒါပေမယ့် တချိန်တည်းမှာပဲ နယ်ချဲ့အင်္ဂလိပ် အပေါ်မှာလည်း သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အမြင်တွေ ရှိနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း (ဦးအောင်ဆန်း) ရဲ့ အဘိုး ဗိုလ်မင်းရောင်ဟာ အင်္ဂလိပ်ကို လက်နက်ကိုင် တော်လှန်ပုံကန်လို့ အဖမ်းခံခဲ့ရပြီး ခေါင်းဖြတ် အသတ်ခံခဲ့ရပါတယ်။ ဒါကြောင့် နယ်ချဲ့ဂုတ်သွေးစုပ် အင်္ဂလိပ်တွေကို သူ့ရဲ့အမြင်ဟာ ခံစားချက် ပြင်းပြင်းထန်ထန် ရှိနိုင်ပါတယ်။

နောက်ဆုံး အင်္ဂလိပ်နဲ့ပဲ စားပွဲမှာထိုင်ပြီး လွတ်လပ်ရေး ရဖို့အတွက် ညှိယူခဲ့ရတာဖြစ်ပြီး အင်္ဂလိပ် ပယောဂ မကင်းတဲ့ ကူညီမှုကိုရတဲ့ ဂဠုန်ဦးစောနဲ့ အပေါင်းပါတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

ဦးနေဝင်းနဲ့ မော်စီတုန်း

ဦးနေဝင်းကတော့ သူ အာဏာရတဲ့ အချိန်မှာ ပြည်သူပိုင် သိမ်းခဲ့တယ်။ တရုတ်နဲ့ ကုလားတွေကို မောင်းထုတ်ခဲ့တယ်။ နိုင်ငံခြား သတင်းအေဂျင်စီတွေနဲ့ အပါအဝင် Asia Foundation အပါအဝင် အနောက်နိုင်ငံက လာဖွင့်တဲ့ အကူအညီ ပေးရေးအဖွဲ့တွေ တိုင်းပြည်ကနေ မောင်းထုတ်ခဲ့ပါတယ်။ တံခါးပိတ် မူဝါဒကို ကျင့်သုံးခဲ့တယ်။

ဒါတွေကြောင့်ပဲ သူဟာ Xenophobia နိုင်ငံခြားသားကြောက် ရောဂါရနေတာလို့ ပြောလို့ရသလား။

ဦးနေဝင်းဟာ သူ့ခေတ် သူ့အခါမှာ ကမ္ဘာ့ခေါင်းဆောင် အတော်များများကို ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။

တရုတ်ခေါင်းဆောင် မော်စီတုံး၊ ချူအင်လိုင်း၊ တိန့်ရှောင်ဖိန်၊ ရုရှားခေါင်းဆောင် ခရူးရှပ်၊ အမေရိကန် သမ္မတ လင်ဒန်ဂျွန်ဆင် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဦးနေဝင်းနဲ့ အလွန်ရင်းနှီးသူတွေ အထဲမှာ ကွယ်လွန်သူ အိန္ဒိယဝန်ကြီးချုပ် အင်ဒီရာဂန္ဒီ ပါသလို အင်္ဂလန်က အိမ်ရှေ့မင်းသမီး အဲလက်ဇန္ဒားနဲ့ ဆိုရင်လည်း အတော်ကို ရင်းနှီးပါတယ်။

ဦးနေဝင်းနဲ့ အင်ဒီရာဂန္ဒီ

နိုင်ငံခြားသား မုန်းတယ် ကြောက်တယ်လို့ စွပ်စွဲခံရတဲ့ ဦးနေဝင်းဟာ သူ့ရဲ့ အားလပ်ရက်တွေကို ဥရောပနိုင်ငံတွေမှာပဲ လပေါင်းများစွာ နေခဲ့တာဖြစ်ပါတယ်။ ၁၉၈၈ အရေးအခင်း ဖြစ်နေချိန်မှာတောင် ဦးနေဝင်းနဲ့ ဒေါ်နီနီမြင့်တို့ရဲ့ အပန်းဖြေ ဥရောပ ခရီးစဉ်ဟာ လပေါင်း အတော်ကြာခဲ့ပါတယ်။ သူ့ရဲ့ အနောက်နိုင်ငံတွေကို လည်ပတ်တဲ့ နောက်ဆုံး ခရီးစဉ်ပါ။

ဦးနေဝင်းရဲ့ အကြိုက်ဆုံး Holiday destination တွေကတော့ အင်္ဂလန်၊ ဂျာမဏီ၊ အီတလီ စတဲ့ ဥရောပ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ (နိုင်ငံတော် ဘတ်ဂျက်တွေနဲ့ သွားခဲ့တာ နောက်ပိုင်းမှာဆိုရင် အသက်အရွယ် ကြီးလာတဲ့အတွက်ကြောင့် လေယာဉ်စင်းလုံးငှားပြီး သွားခဲ့တာတွေ ရှိခဲ့ပါတယ်)

ဦးနေဝင်းနဲ့ ဒေါ်နီနီမြင့်တို့ အား ၁၉၇၃ ခုနှစ် ဆွစ်ဇာလန်ခရီးစဉ်တွင် အတူတကွ မြင်ရစဉ်

ဦးနေဝင်းဟာ Xenophobia ရောဂါမျိုး ခံစားခဲ့ရသလား။ သူ့ရဲ့ လက်စွဲတော် ထမင်းချက်ကတော့ အိန္ဒိယလူမျိုး ရာဂျူးပဲ ဖြစ်ပါတယ်။ ရာဂျူးဟာ ဦးနေဝင်းရဲ့ အိမ်တော်မှာ တန်ခိုးကြီးသူဖြစ်ပြီး ဝန်ကြီးနီးပါး အာဏာပြနိုင်သူလို့ မ.ဆ.လ ခေတ်မှာ သတင်းကြီးသူ ဖြစ်ပါတယ်။

အာဏာရှင်ဟောင်း ဦးနေဝင်းကို နိုင်ငံခြားသားကြောက်ရောဂါ၊ သူစိမ်းကြောက်ရောဂါ ခံစားနေရတယ်လို့ ထင်ပါသလား။

မြန်မာပြည်မှာ နိုုင်ငံခြားသားကြောက်ရောဂါ ခံစားနေရသူတွေ ဘယ်လောက်ရှိသလဲ။

The post ဦးနေဝင်းနဲ့ နိုင်ငံခြားသားကြောက်ရောဂါ appeared first on ဧရာဝတီ.

တရုတ်ကို စစ်ရေး မဟာအင်အားကြီးနိုင်ငံ ဖြစ်စေခဲ့သော စစ်ပွဲ

$
0
0

တရုတ်- ဗီယက်နမ် စစ်ပွဲသည် ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့မှ မတ်လ ၁၆ရက်နေ့အထိ ရက်သတ္တ ၃ပတ်နှင့် ၆ရက်ကြာဖြစ်ပွားခဲ့သည်။

စစ်ပွဲပြီးဆုံးသွားသည်ဆိုသော်လည်း ပဋိပက္ခမှာ လုံးဝပြေလည်သွားသည် မဟုတ်ပေ။

နှစ်ဘက်လုံးက ၎င်းတို့အောင်ပွဲခံခဲ့သည်ဟု ကြေညာခဲ့သော်လည်း ဗီယက်နမ်သည် တရုတ်၏ မဟာ မိတ်များဖြစ်သည့် ကမ္ဘောဒီးယားနှင့် ထိုင်းတို့ကို ဆက်လက် ဖိအားပေးနေသည်။

ထို့ကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) သည် ၁၉၈၀ ခုနှစ်များတလျှောက် လုံး ဗီယက်နမ် နယ်စပ်၌ တိုက်ခိုက်မှုများဆက်လက်ပြုလုပ်ကာ ဖိအားပေးသည်။ ၁၉၇၀ ခုနှစ်စစ်ပွဲ အတွင်း သောင်းနှင့် ချီသည့် သေပျောက်မှုများနှင့် ယှဉ်လျှင် ထိခိုက်သေပျောက်မှုနည်းသော်လည်း နယ်စပ်တလျှောက် တပ်ရင်းအဆင့်နှင့် တပ်မအဆင့် စစ်ဆင်ရေးများသည် နှစ်ဖက်လုံးတွင် ကြီးမား သော ထိခိုက်သေဆုံး မှုများဖြစ်စေခဲ့သည်။

၁၉၈၀ ခုနှစ်များက ဗီယက်နမ်ကို တိုက်ခိုက်သည့် တရုတ်စစ်ဆင်ရေးများကို အဆင့် ၄ ဆင့် ခွဲခြား လေ့ရှိသည်။

ပထမဆင့်တွင် တရုတ်နှင့်ဗီယက်နမ်တပ်များသည် နယ်စပ်တလျှောက် ၎င်းတို့၏ စခန်းများကို ခိုင်မာ အောင်ဆောင်ရွက်ကြရာ ၁၉၈၁ ခုနှစ်အထိကြာခဲ့သည်။

ဒုတိယနှင့် တတိယအဆင့်များတွင် ၁၉၈၁ မှ ၁၉၈၇ ခုနှစ်အတွင်း နယ်စပ်တလျှောက် ထိုးစစ်ဆင်ခြင်း များပါဝင်ပြီး ပိုမိုပြင်းထန်လာသည်။ နောက်ဆုံးအဆင့်မှာ နယ်စပ်ဒေသမှ PLA ပြန်လည် ဆုတ်ခွာ ခြင်း ဖြစ်သည်။

တရုတ် တိုက်ခိုက်မှုများ၏ နိုင်ငံရေးရည်မှန်းချက်မှာ ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံများတွင် ရန်လိုမှု များအတွက် ဗီယက်နမ်ကို နိုင်ငံရေးအရ ဒဏ်ခတ်ရန်ဖြစ်ပြီး ဗီယက်နမ်တပ်များ ကမ္ဘောဒီးယား နိုင်ငံ အတွင်း ဆက်လက် ဝင်ရောက်နေသောကြောင့် တရုတ်နိုင်ငံက လည်းအလားတူ လုပ်ဆောင်ခြင်းဖြစ် သည်။

စစ်ရေးအရဆိုပါက တရုတ်နိုင်ငံသည် နယ်စပ်တွင် စစ်သဘောတရားသစ်နှင့် လက်နက်ကိရိယာသစ် များစမ်းသပ်ခြင်းအားဖြင့် နယ်စပ်ပဋိပက္ခသည် PLA ကို ခေတ်နောက်ကျသော တပ်ဖွဲ့တခုအဆင့်မှ ခေတ်မီတပ်ဖွဲ့တခုဖြစ်လာအောင် အဆင့်မြှင့်တင်ရန် နည်းလမ်းဖြစ်သည်ဟု မြင်သည်။

၁၉၇၉ ခုနှစ်စစ်ပွဲတွင် PLA ၏စွမ်းဆောင်မှုသည် လွန်စွာဆိုးရွားသောကြောင့် ဗီယက်နမ်တပ်မှူး များအနေဖြင့် လွန်စွာ အံ့သြခဲ့ရသည်ဟု အချို့သော ရင်းမြစ်များကဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(PLA )အတွင်း စစ်ဆင်ရေး ပြုလွယ် ပြင်လွယ်မရှိခြင်းနှင့် စစ်ရေးအတွေးအခေါ်တိုးတက်မှု တုံ့ဆိုင်းနေခြင်း၊ ကိုရီးယားစစ်ပွဲပုံစံ ခြေလျင် တပ် တိုက်ခိုက်မှု နည်းပိရိယာယ်ကို မှီခိုအားထားသောကြောင့်ဖြစ်သည်။

စစ်ဆင်ရေးကွပ်ကဲမှု စခန်း၏ ပုံစံ၊ ၎င်းတို့ကိုထောက်ကူရမည့် အခြေခံအဆောက်အအုံများသည် အရည်အသွေးမြင့် တပ်ဖွဲ့ငယ်များ ဆုတ်တက်လှုပ်ရှားမှုစစ်ရေးစစ်ရာများကို ထောက်ကူနိုင်ခြင်း မရှိပေ။

၁၉၇၉ ခုနှစ် စစ်ပွဲနောက်ပိုင်းတွင် PLA အတွင်းပြုပြင်ပြောင်းလဲမှုနှင့် ပြန်လည်ဖွဲ့စည်းမှု အများ အပြား ဖြစ်လာခဲ့သည်။ ခေါင်းဆောင်ဟောင်းများကို ဖယ်ရှားလိုက်ပြီး အရာရှိသစ်များနှင့် အစားထိုး လိုက် သည်။

နောက်ဆုံး ၁၉၈၄ ခုနှစ်တွင် ထိုပြုပြင်ပြောင်းလဲမှုများကို စမ်းသပ်ရန် အခွင့်အလမ်း ပေါ်ပေါက် လာ သည်။ ၁၉၈၃ ခုနှစ်နှောင်းပိုင်းတွင် တိန့်ရှောင်ဖိန်သည် ကမ္ဘောဒီးယား မင်းသားကြီးသီဟာနုနှင့် တွေ့ဆုံသည်။

ဗီယက်နမ်တပ်များသည် ကမ္ဘောဒီးယားနိုင်ငံအတွင် သိသိသာသာ ရှေ့တိုးလာသောကြောင့် မင်းသား ကြီး သီဟာနုအနေဖြင့် အကူအညီလိုသည်။ ထို့ကြောင့် တိန့်ရှောင်ဖိန်က ၁၉၈၄ ခုနှစ်တွင် ထူးခြား သော ထိုးစစ်အတွက် PLA ကို လှုပ်ရှားစေရန်ဆုံးဖြတ်လိုက်သည်။

ထို ထိုးစစ်၏ရည်ရွယ်ချက်များမှာ လောင်ရှန်နှင့် ဇီရင်ရှန်ဒေသများကို သိမ်းပိုက်ရန်ဖြစ်သည်။ ဧပြီလ တခုလုံးနီးပါး ကြိုတင်ပြင်ဆင် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးနောက် ဧပြီ ၂၈ ရက်နေ့တွင် မြေပြင်ထိုးစစ် စတင်သည်။ ခြေလျင် တပ်ရင်း ၅ရင်းက လောင်ရှန်ရှိ တောင်ကုန်းစခန်းများကို တခုပြီးတခု တိုက် သည်။ ထိုတပ်များသည် ၁၉၇၉ ခုနှစ်ကနှင့် အလားတူသော ပြုလွယ်ပြင်လွယ်မရှိသည့် နည်းပိရိ ယာယ်ကိုသုံးခဲ့ရာ အသေအပျောက်များခဲ့သောကြောင့် လုံးဝအောင်မြင်သော ဇာတ်လမ်း တပုဒ်ဟု မဆိုနိုင်ပေ။

ဇီရင်ရှန်ကို တိုက်ခိုက်ရန် တာဝန်ပေးလိုက်သော တပ်ရင်း ၂ ရင်း မှာ ပိုမိုအောင်မြင်သည်။

ပြုလွယ်ပြင်လွယ်ရှိသော ကွပ်ကဲမှုကြောင့် တိုက်ခိုက်မှုကို အခွင့်သာသည် အထိစောင့်၍ လုပ်နိုင်ပြီး ဗီယက်နမ် စခန်းများကို သိမ်းပိုက်နိုင်သည်။ ထိုတပ်ရင်းများကို ဦးဆောင်သော တပ်မှူးကို မကြာမီမှာ ပင် အမှတ် ၁၁ တပ်မတော် တပ်မှူးအဖြစ် ရာထူးတိုးပေးလိုက်ပြီး ထိုတိုက်ပွဲသည် PLA ၏လုပ်ဆောင် နိုင်စွမ်းဆိုင်ရာ စံနမူနာဖြစ်လာသည်။

ဗီယက်နမ်ကလည်း လောင်ရှန်ထိုးစစ်တွင် ဆုံးရှုံးသွားသော စခန်းများ ပြန်လည်ရရှိရေး MD- 84 တန်ပြန်တိုက်ခိုက်မှု ကို ဗီယက်နမ်လုပ်ဆောင်သည်။ ဇွန်နှင့် ဇူလိုင်လများ တလျှောက်လုံး လောင်ရှန် ရှိ တရုတ်သိမ်းပိုက်ထား သော စခန်းများကို တန်ပြန်ထိုးစစ်ဆင်သည်။

ထို ထိုးစစ်များအပြီးထုတ်ပြန်သော အစီရင်ခံစာများအရ တရုတ်စစ်ဘက် ခေတ်မီရေး လုပ်ဆောင် မှုများသည် ထိုအောင်ပွဲများ၏ အကြောင်းရင်းဖြစ်သည်ဟု ဆိုရမည်ဟု သုံးသပ်သည်ကိုတွေ့ရသည်။

ရှေ့တန်းစစ်မျက်နှာတွင် တရုတ်က ညကြည့် ကိရိယာသစ်များ ဖြန့်ချထားသောကြောင့် ညဖက်တွင် ပင် အမြောက်များဖြင့် ပစ်ခတ်ခံနေရသည်ကို ဗီယက်နမ်သားဟောင်းများက ပြန်ပြောပြသည်။

ထိုအပြင် တရုတ်၏ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုသည်လည်း အဆင့်သစ်တခုသို့ ရောက်လာ ခဲ့ သည်။ ထိုတိုက်ပွဲတွင် တန်ပြန်တိုက်ခိုက်မှုကို တွန်းလှန်ရာတွင် အမြောက်ဆံများကို သူ့ဘဝတွင် ပထမဆုံးအကြိမ် အကန့်အသတ်မရှိ စိတ်တိုင်းကျသုံးခွင့် ရသည်ဟု တရုတ်အမြောက်တပ် တပ်မှူး တဦးကပြောသည်။

လောင်ရှန်စစ်ဆင်ရေးများက PLA ၏ စစ်မြေပြင်ထောက်လှမ်းရေး တပ်ဖွဲ့များ၏ တိုက်ရိုက်အရေးယူ ဆောင်ရွက်မှု စွမ်းရည်တိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေခဲ့သည်။

ဗီယက်နမ်၏ ဒပ်ကောင် ကော်မန်ဒို တပ်ဖွဲ့တဖွဲ့သည် ၁၉၈၄ ခုနှစ်တွင် PLA ၏ အမြောက်ချေမှုန်းရေး ရေဒါတခုကို ဖျက်ဆီးခဲ့ပြီးနောက် အလားတူစွမ်းရည်များတည်ဆောက်ရန် တိန့်ရှောင်ဖိန် က စစ်ဦးစီး အဖွဲ့ကို ညွှန်ကြားခဲ့သည်။

တရုတ်စစ်ဒေသများ အားလုံးတွင် စစ်မြေပြင် ထောက်လှမ်းရေး တပ်မဟာများဖွဲ့စည်းပြီး ထိုတပ်မဟာ များကို လောင်ရှန်ဒေသတွင် အလှည့်ကျ တာဝန်ထမ်းဆောင်စေသည်။

စစ်မြေပြင် ထောက်လှမ်းရေးတပ်မ ၁၅ ခုကို ဖွဲ့စည်းပြီး တပ်မ ၃ ခုမှ ၅ ခုကို လောင်ရှန်တွင် တာဝန် ထမ်းဆောင်စေသည်။ ယင်းတပ်မများသည် ရှေ့တန်းစစ်မျက်နှာ နောက်ကျောကို ဝင်ရောက်စီးနင်း တိုက်ခိုက်ရာတွင် လွန်စွာ ထိရောက်သောကြောင့် ၎င်းတို့၏ အတွေ့အကြုံများဖြင့် PLA ၏ အထူး စစ် ဆင်ရေးတပ်များကို တည်ဆောက်ရာတွင် အသုံးပြုခဲ့သည်။

ခြုံ၍ပြောရပါမူ တရုတ်-ဗီယက်နမ် စစ်ပွဲသည် အရေးပါ သည့်ပုံမရသော်လည်း PLA အတွင်း ပြုပြင်ပြောင်းလဲရေးများကို စမ်းသပ်သောနေရာဖြစ်ခဲ့သည်။

လောင်ရှန်ဒေသမှ တိုက်ပွဲဖြင့် အစစ်ဆေးခံသောနည်းသည် PLA အတွင်း ရှေ့ကိုမျှော်ကြည့်သော ခေါင်ဆောင်မှုကို ပေါ်ပေါက်စေခဲ့သလို နည်းပညာသစ်နှင့် တပ်တည်ဆောက်ပုံ များကိုလည်း စမ်းသပ်ပြီး ပြုပြင်ပြောင်းလဲသည်။

ထိုးစစ် အတွေ့အကြုံများ လာသောကြောင့် တရုတ် အထူးစစ်ဆင်ရေး တပ်များကို ဖွဲ့စည်းနိုင်သည်။

တရုတ်ဗိုလ်ချုပ်တဦး၏ စကားကိုကိုးကားရပါမူ ထိုနယ်စပ်ပဋိပက္ခသည် သူ၏ ခေတ်သစ်စစ်ပွဲကို ခေတ်သစ်နည်းများဖြင့် ဆင်နွှဲရေး အိပ်မက်ကို အကောင်အထည် ပေါ်စေခဲ့သည်ဟုဆိုမည်ဖြစ်သည်။

၁၉၇၉ခုနှစ်မှ ၁၉၉၀ အထိရှည်ကြာသော တရုတ်-ဗီယက်နမ်စစ်ပွဲသည် ခေတ်သစ် PLA ကို ၁၉၇၉ ခုနှစ် ဗီယက်နမ်ကို နှေးကွေးစွာတိုက်ခိုက်နေသော တပ်အဖြစ်မှ ခေတ်သစ် PLA အဖြစ်မွေးဖွားလာစေ သော ပြောင်းလဲစမ်းသပ်မှုပင် ဖြစ်သည်။

The National Interest တွင် ဖော်ပြသည့် This War Turned China Into a Military Superpower ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post တရုတ်ကို စစ်ရေး မဟာအင်အားကြီးနိုင်ငံ ဖြစ်စေခဲ့သော စစ်ပွဲ appeared first on ဧရာဝတီ.

သမိုင်းဝင် ဖုန်းမော်အရေးအခင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ

$
0
0

လွန်ခဲ့သော နှစ်ပေါင်း ၃၀ က တပါတီ အာဏာရှင်စနစ်ကို ပြုတ်ကျစေခဲ့သည့် အပြင် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေး လှုပ်ရှားမှု၏ ရှေးဦးအမွန် အခြေခံဖြစ်သော “ကျောင်းသား ဖုန်းမော်” အရေးအခင်းသည် ရန်ကုန်စက်မှုတက္ကသိုလ်နယ်တွင် ပေါ်ပေါက်ခဲ့ပါသည်။ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက်ရပ်ကွက် လူထုအချို့တို့ ဖြစ်ပွားသည့် အရေးအခင်းမှ စတင်ပြီး စက်မှုတက္ကသိုလ် ကျောင်းသား ဖုန်းမော်သေဆုံးခဲ့သည့် အတွက် “ဖုန်းမော် အရေးအခင်း” ဟု သမိုင်းတွင်ခဲ့ပါသည်။

အဆိုပါ “ဖုန်းမော် အရေးအခင်း” နှင့် ပတ်သက်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ – မဆလ ပါတီလက်ထက် နိုင်ငံတော်ကောင်စီက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့စည်းကာ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ရန် ၁၉၈၈ ခုနှစ် မတ် ၁၇ ရက်နေ့တွင် တာဝန်ပေးအပ်ခဲ့သဖြင့် ဖုန်းမော်အရေးအခင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ ပေါ်ပေါက်လာပါသည်။

“ဤ အစီရင်ခံစာသည် မဆလ အစိုးရ၏ တာဝန်ပေးချက်အရ ပြုစုထားခြင်း ဖြစ်သော်လည်း ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် ပြုစုထားကြောင်း စာဖတ်သူတို့ ဖတ်ကြည့်လျှင် ပို၍ သိသာမြင်သာလာပါလိမ့်မည်” ဟု လည်းကောင်း၊ “စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ မေးမြန်သမျှကို ရိုးသားစွာ ဖြေကြားသူ၊ လိမ်လည် ဖြေကြားသူ စသည်တို့ကို စာဖတ်သူ မြင်တွေ့ကြရပါလိမ့် မည်” ဟု လည်းကောင်း ထုတ်ဝေသူ၏ အမှာစကားတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာ၏ မူလအမည်မှာ “ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက်ရပ်ကွက် လူထုအချို့ ဖြစ်ပွားသည့် အရေးအခင်းနှင့် ပတ်သက်၍ စုံစမ်းဆေးရေး ကော်မရှင်၏ အစီရင်ခံစာ” ဖြစ်သည်။ သို့ရာတွင် စာအုပ် ထုတ်ဝေသူက အများပြည်သူ အလွယ်တကူ ခေါ်ဝေါ်လွယ်ကူစေရန် “ဖုန်းမော်အရေးအခင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ” ဟုအမည်ပြောင်းထားသော်လည်း မူရင်းအစီရင်ခံစာပါ စာသားအတိုင်းနှင့် စာလုံးပေါင်း သတ်ပုံမှစ၍ ပြင်ဆင်တည်းဖြတ်ခြင်း မပြုဘဲ မူရင်းအတိုင်း ပြန်လည်ထုတ်ဝေသည် ဟုလည်း ဖော်ပြထားသည်။

ဖုန်းမော်အရေးအခင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၇ ခုနှစ်တွင် လွင်ဦးစာပေမှ ပြန်လည် ရိုက်နှိပ် ထုတ်ဝေဖြန့်ချိထားသော “ဖုန်းမော်အရေးအခင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ” စာအုပ်မှ အခန်း (၁) ကို ပြန်လည် ဖော်ပြလိုက်ပါသည်။

ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက်ရပ်ကွက် လူထုအချို့တို့ဖြစ်ပွားသည့် အရေးအခင်းနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ

အခန်း(၁)

စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခြင်း

၁။ ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့ညတွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက် ရပ်ကွက် လူထုအချို့တို့ ဖြစ်ပွားသည့် အရေးအခင်းကို စုံစမ်းစစ်ဆေးတင်ပြရန် နိုင်ငံတော်ကောင်စီက အောက်ပါ ဗဟို အာဏာပိုင် အဖွဲ့အစည်းဝင် သုံးဦးပါဝင်သော စုံစမ်းရေးကော်မရှင်ကို ၁၉၈၈ ခုနှစ် မတ်လ ၁၇ ရက်နေ့စွဲပါ အမိန့် ကြော်ငြာစာ အမှတ် ၄၅/ ၈၈ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

(က) ဦးဘမော် ဥက္ကဋ္ဌ
ပြည်သူ့တရားသူကြီးအဖွဲ့ဝင်
(ခ) ဦးလှတင့် အဖွဲ့ဝင်
ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ဝင်
(ဂ) ဒေါက်တာ မောင်ရှိန် အဖွဲ့ဝင်
ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်

၂။ စုံစမ်းရေးကော်မရှင်၏ အတွင်းရေးမှူး အဖြစ် ဥက္ကဋ္ဌက တာဝန်ပေးအပ်သူ ဗဟိုတရားရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ဆောင်ရွက်ခဲ့ပါသည်။

၃။ (က) စုံစမ်းရေးကော်မရှင်ဖွဲ့စည်းသည့် အမိန့်တွင် စုံစမ်းရေး ကော်မရှင်အား အောက်ပါအချက်များကို အမှန် ရရှိအောင် စုံစမ်းစစ်ဆေး၍ အစီရင်ခံစာရန် တာဝန်ပေးအပ်ထားပါသည်။

(၁) ၁၂-၃-၈၈ နေ့ညတွင် စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်း အနောက်ရပ်ကွက် လူထုအချို့တို့ ဖြစ်ပွားသည့် အရေးအခင်း မည်သို့ စတင်ပေါ်ပေါက်ခဲ့သည်၊
(၂) အရေးအခင်းတွင် ကျောင်းသားတဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရခြင်းမှာ မည်သည့် သေနတ်ဖြင့် မည်သူ၏ လက်ချက်ကြောင့် သေဆုံးရခြင်းဖြစ်သည်၊
(ခ) ကော်မရှင်၏ အစီရင်ခံစာတွင် အောက်ပါအချက်များကိုလည်း ထည့်သွင်းဖော်ပြရန် တာဝန်ပေးအပ်ထား ပါသည်။
(၁) အရေးအခင်းနှင့် ပတ်သက်သည့် ကော်မရှင်၏ သုံးသပ်ချက်၊ အကြံပြုချက်၊
(၂) အလားတူ အရေးအခင်းမျိုး ထပ်မံမပေါ်ပေါက် စေရန် ဆောင်ရွက်သင့်သည့် အချက်များ၊
(၃) ကော်မရှင်က ထည့်သွင်း အစီရင်ခံသင့်သည်ဟု ယူဆသော အခြားတွေ့ရှိချက်များ။

၄။ အစီရင်ခံစာကို ၁၉၈၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ နောက်ဆုံးထား၍ တင်ပြရန် ကော်မရှင်ဖွဲ့စည်းသည့် အမိန့် ကြော်ငြာစာ အမှတ် ၄၅ / ၈၈ တွင် သတ်မှတ်ထားပါသည်။ စုံစမ်းရးကော်မရှင်က ဒဏ်ရာရသော ကျောင်းသား များကို လည်းကောင်း၊ အရေးအခင်းကို သိရှိနိုင်သော အခြားကျောင်းသားများကို လည်းကောင်း စစ်ဆေးရန် အတွက် သက်ဆိုင်ရာများနှင့် ဆက်သွယ်၍ ဆောင်ရွက်ရမည် ဖြစ်သဖြင့် လုံလောက်သော အချိန်ရရှိရန် အတွက် အစီရင်ခံစာ တင်ပြရမည့် ရက်ကို တိုးမြှင့်ပေးရန် နိုင်ငံတော်ကောင်စီသို့ တင်ပြခဲ့ရာ နိုင်ငံတော်ကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် ၅၀ / ၈၈ ဖြင့် အစီရင်ခံစာ တင်ပြရန် နောက်ဆုံးရက်ကို ၁၉၈၈ ခုနှစ် မေလ ၁၇ ရက်အထိ တိုးမြှင့်ပေးခဲ့ပါသည်။

၅။ စုံစမ်းကော်မရှင်သည် အထက်အပိုဒ် ၃ ပါ တာဝန်များသာမက ၁၅ – ၃ – ၈၈ နေ့၌ ရန်ကုန်စက်မှုတက္ကသိုလ်အား သက်ဆိုင်ရာက ဝင်ရောက်ထိန်းသိမ်း၍ ရန်ကုန်စက်မှုတက္ကသိုလ်အတွင်း အခြေအနေ အေးငြိမ်းသွားသည် အထိ အဖြစ်အပျက်များ ကိုလည်း အစီရင်ခံရန် ဖြစ်ပါသည်။

စာရေးသူ                  – စုံစမ်းစစ်ဆေးရေး ကော်မရှင်

စာအုပ်အမည်            – ဖုန်းမော် အရေးအခင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ

အမျိုးအစား                – နိုင်ငံရေး

ထုတ်ဝေသည့်တိုက် – လွင်ဦးစာပေ / ၂၀၁၇ (ပထမ အကြိမ်)

တန်ဖိုး                    – ၄၀၀၀ ကျပ်

The post သမိုင်းဝင် ဖုန်းမော်အရေးအခင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ appeared first on ဧရာဝတီ.

မယ့်လိမ့်လုံဆိုင်က လိင်တူအဓမ္မမှု ဘာတွေ ဆက်ဖြစ်လာမလဲ

$
0
0

ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ်ရှိ မယ့်လိမ့်လုံ (သူဌေးမကြီး) ရိုးရာ စားသောက်ဆိုင်တွင် မကြာသေးခင်က ဖြစ်ပျက် ခဲ့သည့် လိင်တူ အဓမ္မပြုကျင့်မှု သတင်းက ကြားရသူအပေါင်းကို တုန်လှုပ်သွားစေသည်။

မတ်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့သော ထိုဖြစ်ရပ်တွင် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲ ဖမ်းဆီးခံထားရသူ ဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ် (ခ) အက်ဒီ သည် HIV Positive တဦးဖြစ်ကြောင်း ၎င်းနှင့် ရင်းနှီးသည့်မိတ်ဆွေ အသိုင်းအဝိုင်းက အတည်ပြု ပြောကြားနေခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO) ဟူသည့် အဖွဲ့များ မတွင်ကျယ်သေးသည့် ကာလကပင် နိုင်ငံတကာ HIV/AIDS ကာကွယ်တားဆီးရေး NGO အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားခဲ့ကာ ပညာပေး အစီအစဉ် များတွင် ပါဝင်ဆောင်ရွက်ခဲ့သူ တဦး ဖြစ်သည့် ကိုအောင်မျိုးထွဋ် အမှုက NGO ကွန်ရက်များကိုပင် ရိုက်ခတ်ခဲ့သည်။

“HIV နဲ့ပတ်သက်တဲ့ ကွန်ရက်ထဲမှာ ဦးဆောင်ခဲ့သူတဦးက ဒီလိုဖြစ်တယ်ကြားတော့ အရမ်းအံ့သြပြီး ကြောက် သွား တယ်။ သူက ဘာမှမသိတဲ့သူ မဟုတ်ဘူး၊ လူ့အခွင့်အရေး၊ ကျန်းမာရေး ရှုထောင့် အားလုံးက သိနေတဲ့ သူက ပိုစောင့်ထိန်းသင့်တယ်”ဟု ကိုအောင်မျိုးထွဋ် နှင့် ရင်းနှီးသူတဦးက ပြောသည်။

မယ့်လိမ့်လုံ ဆိုင်ပိုင်ရှင် အက်ဒီအနေဖြင့် လက်ရှိတွင် ဓမ္မတာနှင့်ဆန့်ကျင်၍ အဓမ္မပြုကျင့်သည့် ပြစ်မှုပုဒ်မ ၃၇၇ ဖြင့် ဖမ်းဆီး အရေးယူ ခံထားရသည်။

လိင်အမြတ်ထုတ်ခံရတဲ့ စားပွဲထိုးလေးရဲ့ ရင်ဖွင့်သံ

လိင်အမြတ်ထုတ်ခံရတဲ့ စားပွဲထိုးတဦးရဲ့ ရင်ဖွင့်သံ (ရုပ်/သံ)ဧရာဝတီ ၊ မတ် ၁၂ ၊ ၂၀၁၈ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် မယ့်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင် အမျိုးသားကသူ့ရဲ့ဝန်ထမ်း စားပွဲထိုးအမျိုးသားငယ်ကို "အလိုမတူဘဲ ဓမ္မတာနဲ့ ဆန့်ကျင်ပြီး အဓမ္မပြုကျင့်မှု" နဲ့ မတ်လ ၉ရက်နေ့က တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် ဆိုင်ပိုင်ရှင်ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ ဒီဖြစ်ရပ်မှာ အမှုဖွင့် တိုင်ကြားထားတဲ့ တရားလို အမျိုးသားငယ်နဲ့ သူ့ မိတ်ဆွေ အသိုင်းအဝိုင်းကို ဧရာဝတီက မေးမြန်းမှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ ရိုက်ကူး – အဲမလီ၊ ရွှေလေးတည်းဖြတ်- အဲမလီ

Posted by The Irrawaddy – Burmese Edition on Monday, March 12, 2018

ကျူးလွန်ခံခဲ့ရသည် ဆိုုသည့် ဆိုုင်မှ စားပွဲထိုး ဝန်ထမ်းအမျိုးသား ထွန်းထွန်း(အမည်လွှဲ) မှာ HIV ကူးဆက်မည့် အန္တရာယ် ရှိနေ၍ ကျန်းမာရေးဆိုုင်ရာ တတ်ကျွမ်း နားလည်သူများ၏ အကြံပေးမှုအရ ကာကွယ်ဆေး သောက်နေရပြီ ဖြစ်သည်။

နိုင်ငံတကာ NGO တခုဖြစ်သည့် International HIV/AIDS Alliance တွင် Programme Officer အဖြစ် လုပ်ကိုင်ခဲ့ ဖူးသည့် အက်ဒီသည် HIV ရောဂါအတွက် ART ဆေးသောက်နေရသူ ဖြစ်ကြောင်း NGO တွင် ပူးပေါင်း လုုပ်ကိုုင်ဖူးသူ ၎င်း၏ မိတ်ဆွေတဦးက ပြောပြသည်။

HIV Alliance တွင်လုပ်ကိုင်ခဲ့ပြီးနောက် သူ့အနေဖြင့် ၂၀၁၀ ပြည့်နှစ်ခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရောက် ကာ အလုပ်လုပ် နေထိုင်ခဲ့ကြောင်းလည်း သိရသည်။
အက်ဒီသည် ဘန်ကောက်မှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီးနောက်တွင် ရန်ကုန်မြို့ မြေနီကုန်းနှင့် ယခု စားသောက် ဆိုင် အောက်ထပ်တို့တွင် SPA နှစ်ခုကို ဖွင့်လှစ်ခဲ့ဖူးကြောင်း ၎င်း၏ မိတ်ဆွေ အမျိုးသမီးတဦးက ပြောသည်။

ယခု အခင်းဖြစ်ပွားသည့် မယ့်လိမ့်လုံ ရိုးရာ စားသောက်ဆိုင်သည် SPA လုပ်ငန်းများပိတ်ပြီးမှသာ ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မယ့်လိမ့်လုံ စားသောက်ဆိုင်မှ မန်နေဂျာဖြစ်သူ မဟန်နာက“ဆိုင်ကဖွင့်တာ ၆ လ လောက်တော့ရှိပြီ။ သူနဲ့ရင်းနှီးတာ ကြာပြီဖြစ်လို့ သူ HIV Positive ရှိတာကို သိထားတယ်။ အရင်ကလည်း ဆိုင်က ကောင်လေး ၃ ယောက်လောက် ထွက်သွားဖူးတယ်။ အဲဒီတုန်းကလည်း ဒီလို အသံတွေ ကြားဖူးတယ်”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ယခုဖြစ်စဉ်ကို ကြားသိလိုက်ရသည့် အချိန်တွင် တုန်လှုပ်သွားခဲ့ကြောင်း၊ အက်ဒီနှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိသူတဦး ဖြစ်သော်လည်း အမှုနှင့်ပတ်သက်၍ အမှန်အတိုင်း ဖြစ်စေချင်သည့် ဆန္ဒ၊ နောက်ထပ် ဆိုးရွား သည့် ဖြစ်ရပ်များ မဖြစ်စေချင်တော့သည့် စိတ်စေတနာများကြောင့် အမှုမှန်ပေါ်ပေါက်ရေး အတွက် တတ်နိုင်သည့် ဘက်က ကူညီပေးနေကြောင်းလည်း ရှင်းပြသည်။

ထွန်းထွန်းသည် ဆိုင်သို့ အလုပ်ဝင်သည်မှာ တပတ်ခန့်သာ ရှိသေးချိန်တွင် ဆိုင်ရှင်ဖြစ်သူ၏ လိင်တူ ဆက်ဆံမှုကို သုံးကြိမ် ခံခဲ့ရခြင်းဖြစ်ပြီး သူ၏ ရင်ဖွင့်သံများက ကြားရသူတိုင်းကို အံ့အား သင့်စေခဲ့သည်။

“ဆိုင်ကအစ်မက သူဌေးခေါ်နေတယ်ဆိုလို့ သူ့အခန်းထဲ သွားတော့ မျက်နှာသုတ်ပုဝါလေးပဲ ပတ်ထားတာ တွေ့ရ တယ်။ နောက်တော့ သူ့ရဲ့ တောင်းဆိုမှုကို ငြင်းတော့ ရှူဆေးဘူးလိုဟာလေး ခပ်ပြင်းပြင်း ရှူခိုင်းတယ်။ ရှူပြီးတော့ တကိုယ်လုံး ပူတက်လာပြီး ဘာမှမလုပ်နိုင်တော့ဘူး။ အဲဒီမှာ သူ့အကြိုက် လုပ်ပါတော့တယ်”ဟု သူက ပြောသည်။

ထိုသို့ပြုကျင့်မှုများ အတွက် ဆိုင်ရှင်ဖြစ်သူက ပထမနှစ်ကြိမ်တွင် ကျပ်ငါးထောင်စီ ပေးခဲ့ကြောင်းနှင့် တတိယ အကြိမ် ပြုကျင့်ပြီးချိန်တွင် ငွေကျပ် ၂၅၀၀ နှင့် ဖုန်းဘေလ် ၃၀၀၀ ဖြည့်ပေးကာ မည်သူ့ကိုမျှ ပြန်မပြောရန် နှုတ်ပိတ်ခဲ့သည်ဟု ဆို သည်။

မိသားစုနှင့် ညီမဖြစ်သူ၏ ကျောင်းစရိတ်ထောက်ပံ့ပေးလိုသည့် ထွန်းထွန်းအနေဖြင့် လစာ ၈ သောင်းကျပ်ဖြင့် ဆိုင် တွင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး အလုပ်ဝင်ပြီး တပတ်မပြည့်ခင်မှာပင် ရည်ရွယ်ချက်များ ဖျက်ဆီး ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းအား ကူညီသူများက ပြောဆိုကြသည်။

“မဟန်နာကို ပြောပြတော့မှ အစ်မက သူ့မှာ HIV ရှိတာကို ပြောပြတော့ ကျနော် အရမ်းကြောက်သွားတယ်။ ဘာလုပ် ရမှန်း မသိဘူး။ သတ်သေချင်စိတ်တွေ ပေါက်လာတယ်။ ရှက်လည်း ရှက်တယ်။ သူ့မှာ အဲဒီလို ရှိနေမှန်းသိရက်နဲ့ ဘာလို့ သူများကို ဖျက်ဆီးတာလဲ။ ကျနော် လက်မခံနိုင်ဘူး။ သူက တခြားအလုပ်တွေနဲ့ အရှိန်က ရှိတော့ သူ့ကို ကြောက်ကြတယ်”ဟု ထွန်းထွန်း ကပြောသည်။

ထွန်းထွန်း၏ ဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် ၎င်းအား ဆိုင်သို့ အလုပ်သွင်းပေးသည့် သူငယ်ချင်း ဖြစ်သူသည်လည်း ထိုကဲ့သို့ပင် ဓမ္မတာနှင့် ဆန့်ကျင်သည့် အပြုအမူများ ကြုံတွေ့ခဲ့ဖူးကြောင်း ဝန်ခံခဲ့သည်။

အဆိုပါ သူငယ်ချင်းဖြစ်သူက “သားကိုယ်တိုင်လည်း စရောက်တုန်းက အဲဒီလို ခံရဖူးပါတယ်။ သူ့လို နီးပါးပါပဲ။ ကိုယ် လုံးတီးနဲ့ ခုုတင်ပေါ်မှာ နှိပ်ခိုင်းတယ်။ ဆက်ဆံတဲ့အထိတော့ မဟုတ်ဘူး။ သူ့ကို ခုလိုအခြေအနေအထိ ဖြစ်လာမယ်လို့ လုံးဝထင်မထားဘူး။ အလုပ်ကထွက်ပြီး အမှုမှာ ထွက်ဆိုပေးမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။

အက်ဒီအနေဖြင့် ထိုကဲ့သို့သော အပြုအမူများကို ဆိုင်ဝန်ထမ်းများအပေါ် ပြုကျင့်ရန်ကြိုးပမ်းမှုများ ယခင် ကတည်းက ရှိခဲ့ကြောင်း အမှုဖွင့်ထားသူများနှင့် ယခင်လုပ်ကိုင်ခဲ့ဖူးသူတချို့က ထုတ်ဖော် ပြောကြားကြသည်။

အက်ဒီ၏ D Spa တွင် အလုပ်ဝင်ခဲ့ဖူးသူ တဦးက “ကျနော့်တုန်းကတော့ ကြံစည်ရုံပဲ ရှိသေးတယ်၊ ကျူးလွန် မခံ လိုက် ရဘူး။ အဲဒီတုန်းက မပြောခဲ့တာက ကိုယ်လည်း ဘာမှမဖြစ်ခဲ့တော့ တလတောင် မပြည့်ဘူး အလုပ်ထွက်လိုက်တယ်။ ဒီလိုအဖြစ်တွေ ဘယ်လောက်များနေပြီလဲ၊ နောက်ထပ်မဖြစ်စေချင်တော့ဘူး။ အမှုမှာ အကူအညီ တောင်းလာရင် ကူညီမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။

အက်ဒီကဲ့သို့ နိုင်ငံတကာ HIV ကာကွယ်ရေး NGO လောကတွင် ကျင်လည်ခဲ့ပြီး လူသိများသူ တဦးအနေဖြင့် ယခု ကဲ့သို့သော ပြစ်မှုဖြစ်ပေါ်နေခြင်းကြောင့် ၎င်းနှင့်နီးစပ်သည့် လူ့မှု အဖွဲ့အစည်းများ အတွင်းတွင်ပါ ဝေဖန်မှုများ ပြင်းထန် နေသည်။

ဝေဖန်ကြရာတွင် စွပ်စွဲခံထားရသူ အက်ဒီကို ရှုတ်ချသူများရှိသကဲ့သို့ နှုတ်ဆိတ်နေခဲ့သည့် ဆိုင်ဝန်ထမ်းများ အပေါ် အပြစ်တင်သူ တချို့ရှိနေသည်ကိုလည်း တွေ့ရသည်။

HIV ဝေဒနာရှင်များအတွက် ကျန်းမာရေး အသိပညာပေး စောင့်ရှောက်မှု စီမံဂျက်များတွင် လူသိများသည့် အက်ဒီ အနေဖြင့် HIV နှင့်ပတ်သက်သည့် နိုင်ငံတကာ ဆွေးနွေးပွဲများကို တက်ရောက်လေ့ ရှိသူဖြစ်ပြီး UN ကဲ့သို့သော အဖွဲ့ အစည်းအထိ လူသိများသူဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေတချို့က ပြောသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ အတွက် တခါတရံ ဘာသာပြန် ဆောင်ရွက်ပေးရင်း လွှတ်တော်အထိ ဝင်ထွက် ဆောင် ရွက် နေရသည့် အက်ဒီသည် လူငယ်ဆိုင်ရာ သင်တန်းများလည်း ပြုလုပ်ပေးလေ့ရှိသူ ဖြစ်ကြောင်း သိရသည်။

“သူနဲ့လူချင်း ရင်နှီးတယ် ဆိုပေမယ့် သူ့လို လူတယောက်က ကျင့်ဝတ်တွေပိုပြီး စောင့်ထိန်းသင့်တယ်၊ ဒီအမှုမှာ ကျူးလွန် တာ မှန်ရင် ထိုက်တန်တဲ့ ပြစ်ဒဏ်တော့ ခံရသင့်တယ်”ဟု အမှုတွင် ထွန်းထွန်းကို ကူညီပေးနေသူ တဦးက ပြောသည်။

လက်ရှိ တောင်ဥက္ကလာပ ရဲစခန်းတွင် အမှုဖွင့်ခံထားရသူ အက်ဒီကို ချုပ်ရမန် ယူထားကြောင်း သိရသည်။

“လောလောဆယ်က ပုဒ်မ ၃၇၇ နဲ့ပဲ အမှုဖွင့်ထားတာပေါ့၊ တရားရုံးတင်လာတဲ့ အခါမှ တခြား ဘယ်ပုဒ်မတွေနဲ့ ငြိစွန်း နေသလဲဆိုတာ ဥပဒေ အကြံပြုချက်တွေနဲ့ ဆက်လုပ်ရမှာပါ”ဟု အမှုမှန် ပေါ်ပေါက်ရေး ကူညီပေးနေသည့် ဥပဒေ ရေးရာ ကုစားရေး အဖွဲ့ (မြန်မာ)မှ တာဝန်ရှိသူ တဦး က ပြောသည်။

ကျူးလွန် ခံခဲ့ရသူ ထွန်းထွန်းကမူ ကျူးလွန်သူအနေဖြင့် အပြစ်ကိုဝန်ခံစေချင်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ရပ်ကို နောက်ထပ် မည်သည့် ဝန်ထမ်း လူငယ်ကိုမျှ မဖြစ်စေလိုကြောင်း၊ ကျူးလွန်ခံရမှုကြောင့် HIV ရောဂါရရှိပါကလည်း နောက်လူများ ထံ ဆက်လက် မပြန့်ပွားရေးကို ဂရုစိုက် သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

The post မယ့်လိမ့်လုံဆိုင်က လိင်တူအဓမ္မမှု ဘာတွေ ဆက်ဖြစ်လာမလဲ appeared first on ဧရာဝတီ.

Viewing all 3346 articles
Browse latest View live