Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all 3346 articles
Browse latest View live

မြန်မာနိုင်ငံ၌ ဘဏ္ဍာရေးလုပ်ငန်းကြီး တခု တည်ဆောက်နေသည့် KBZ မိသားစု

$
0
0

၁၉၉၆ ခုနှစ်ခန့်ဆီက မြန်မာပြည်မြောက်ပိုင်း၌ ဇနီးမောင်နှံနှစ်ဦးက ကမ္ဘောဇဘဏ်ကို စတင်တည် ထောင်ခဲ့စဉ် ဖခင် နှင့် မိခင်ဖြစ်သူသာ ဦးစီးလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။၁၉၉၆ ခုနှစ်ခန့်ဆီက မြန်မာပြည်မြောက်ပိုင်း၌ ဇနီးမောင်နှံနှစ်ဦးက ကမ္ဘောဇဘဏ်ကို စတင်တည် ထောင်ခဲ့စဉ် ဖခင် နှင့် မိခင်ဖြစ်သူသာ ဦးစီးလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ဇနီးဖြစ်သူမှာ ယင်းဒေသမှ ကျောင်းဆရာမတဦးဖြစ်ပြီး၊ ခင်ပွန်းသည်မှာလည်း ကုန်သွယ် ရေးနှင့် ကျောက်မျက် သတ္တု ရှာဖွေရေးလုပ်ငန်း မလုပ်ကိုင်မီအထိ စာသင်သည့် အလုပ်ကိုသာ လုပ်ကိုင်ခဲ့သည်။ ယနေ့မှာတော့ ဇနီးမောင်နှံ နှစ်ဦးသာမက သမီးနှစ်ယောက်ပါ မိဘစီးပွားရေးကို ဝင်ရောက်လုပ် ကိုင်နေကြပြီဖြစ်ရာ ၎င်းတို့လုပ်ငန်းအားလုံးကို သူတို့ မိသားစုက လုံးလုံးလျားလျား ပိုင်ဆိုင်နေတော့၏။

သို့သော် ထိုအခြင်းအရာများသည် မျက်လှည့်ပြလိုက်သကဲ့သို့ရှိ၏။ ယနေ့၌မူ ဦးအောင်ကိုဝင်းနှင့် ဇနီး ဒေါ်နန်းသန်းထွေး တို့သည် ကမ္ဘောဇ (KBZ) ကို အကြီးဆုံးဘဏ်အဖြစ် တည်ထောင်နိုင်ခဲ့ပြီ ဖြစ်ပြီး ဤတိုင်းပြည်တွင် အကြီးမားဆုံးသော ကုမ္ပဏီများထဲမှာ တခုအဖြစ် ရပ်တည်နိုင်လျက်ရှိသည်။

KBZ လုပ်ငန်းစုက Air KBZ နှင့် Myanmar Airways International ဟူ၍ လေကြောင်းလိုင်း နှစ်လိုင်းကို တိုးချဲ့လုပ်ကိုင် နိုင်ခဲ့ပြီး စိုက်ပျိုးရေး၊ အိမ်ခြံမြေနှင့် ခရီးသွားလုပ်ငန်းတို့ပါ ပါဝင်သည်။

သမီးနှစ်ယောက်ကို နိုင်ငံခြားပို့၍ စီမံခန့်ခွဲဘာသာရပ်သင်ယူစေကာ ယခုနှစ်တွင်ကျွမ်းကျင့်အဆင့် အမှုဆောင်အရာရှိ အဖြစ် တာဝန်ယူစေသည်။ ၎င်းမိသားစုသည် ပြည်တွင်းပြည်ပရှိ သူတို့၏ စီးပွားရေး လုပ်ငန်းသစ်များတွင် ရင်းနှီးမြှပ်နှံရန် အတွက် စတော့ဈေးကွက်ရှိ ငွေကြေးများကို မြှင့်တင်ကောင်းမြှင့် တင်နိုင်လိမ့်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အာရှတွင် နောက်ထပ်တိုးလာမည့် ကျားတကောင်အဖြစ်သို့ အရူးအမူးရောက်ချင် နေသည်ဖြစ်ရာ ပြည် တွင်းရှိ KBZ ကဲ့သို့လုပ်ငန်းမျိုးက နိုင်ငံတကာနှင့် ရင်ပေါင်တန်း ပြိုင်ဆိုင်နိုင် သည့် အဆင့်သို့ မြှင့်တင်နိုင်ရန်လိုသည်။

“ကျမတို့က မြန်မာနိုင်ငံမှာပဲ အကောင်းဆုံးဘဏ်ဖြစ်ချင်တာ မဟုတ်ပါဘူး။ ကမ္ဘာမှာပါ အကောင်းဆုံး ဖြစ်ချင်တာပါ” ဟု ဒုတိယသမီးဖြစ်သူ ဒေါ်နန်းခမ်းနောင့်က ပြောကြားသည်။

KBZ သည် တိုင်းပြည်၏ ဘဏ်အပ်ငွေ ၄၀ ရာခိုင်နှုန်းကို လက်ခံထားရှိပြီး ယင်းပမာဏသည် တိုင်းပြည်ပွင့်လင်းလာစဉ် ကတည်းက ရရှိလာခြင်းဖြစ်ပြီး  ၂၀၁၂ ခုနှစ်မှစတင်၍ နှစ်စဉ်ပျမ်းမျှ ၄၃ ရာခိုင်နှုန်း တိုးတက်လျက်ရှိပါသည်။

ပြီးခဲ့သည့်နှစ်က ထိုင်း၊ မလေးရှားနှင့် စင်ကာပူတို့တွင် မြန်မာနိုင်ငံမှ လာရောက်ဖွင့်လှစ်သည့် ပထမဆုံးဘဏ်အဖြစ် KBZ က ဖွင့်လှစ်နိုင်ခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများ ဈေးကွက်တွင် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါရုံမကဘဲ ပြည်ပ ရောက် မြန်မာအလုပ်သမားထံမှ ငွေလွှဲမှုများကိုပါ စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့်မတ်လတွင် ဆူမီတိုမို မစ်ဇူရီ ဘဏ်ကော်ပိုရေးရှင်းနှင့် အရေးပါသည့် သဘောတူညီချက် ရရှိခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုတွင် ဘဏ္ဍာရေးဆိုင်ရာ အဆီးအတားမရှိ ပူးပေါင်းလုပ်ကိုင်နိုင်ပြီး ဖြစ်ကြောင်း KBZ ကကြေညာသည်။

ယင်းသို့ ကြေညာနိုင်ခြင်းမှာ အမေရိကန်က မြန်မာကို ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ထားခြင်းမှ ဖြေလျော့ပေးပြီးသည့် နောက်ပိုင်း ယခင်ကစိတ်ကူးအိပ်မက်တစ်ခု အကောင်အထည်ပေါ်လာခြင်းဟု ဆိုနိုင်သည်။

အများစုပိုင်ဆိုင်မှုတခုက တိုင်းပြည်၏ တတိယမြောက် အကြီးဆုံးအာမခံဈေးကွက်ကိုလည်း အကြမ်းဖျင်းအားဖြင့် ထိန်း ချုပ်နိုင်ပြီဖြစ်ပြီး၊ ၄၀ ရာခိုင်နှုန်းဖြင့် ထိပ်တန်းမှရှိကာ ပရီမီယံ နှစ်စဉ်တိုးတက်လျက်ရှိပါသည်။

KBZ သည် အကြွေးဝယ်ကတ် (Credit Card)ကဲ့သို့ အခြားဘဏ္ဍာရေး ဝန်ဆောင်မှုများတွင်လည်း ပြည်တွင်း၌ ထိပ်တန်း မှ ဦးဆောင်နေသည်။ အကဲခတ်သမားများက KBZ ၏ အစီအစဉ်များ၊ စီမံခန့်ခွဲများ၊ ရင်းနှီးမြှုပ်နှံများနှင့် ပတ်သက်ပြီး ချီးကျူးကြသည်။

“သူတို့ဟာ မြန်မာပြည်မှာ အရေးကြီးဆုံးကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။ လူ့အရင်းအမြစ်၊ အလုပ်အကိုင် ရရှိရေး၊ ပွင့်လင်းမြင် သာမှုနဲ့ စီးပွားလက်တွေ့နယ်ပယ် စတာတွေမှာ ရှေ့ရောက်ပါတယ်။ တနည်းအားဖြင့်ဆိုရရင် KBZ ဟာ အကောင်းဆုံးဖြစ် အောင် တကယ့်ကိုလုပ်နိုင်ပါတယ်” ဟု ရန်ကုန်မြို့မှ အတိုင်ပင်ခံတစ်ဦးက မှတ်ချက်ချသည်။

၎င်းဘဏ်သည် ဝန်ထမ်းပေါင်း နှစ်သောင်းကျော်ကို အလုပ်ပေးထားနိုင်ပြီး တိုင်းပြည်ကို အကြီးမားဆုံး အခွန်ထမ်းသူ အဖြစ်လည်း အသိအမှတ်ပြုခြင်းခံရသည်။ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၂၅ သန်းနီးပါး အခွန်ထမ်းဆောင်ခဲ့သည်။

KBZ လုပ်ငန်းစု၏ ဝန်ထမ်းပေါင်း ရှစ်သောင်းအနက် ဘဏ်ဝန်ထမ်းများက လေးချိုးတစ်ချိုးမျှရှိပြီး၊ အတွင်းစည်းအားဖြင့် ကုမ္ပဏီသည် အခွန်တော်နှင့် အမြတ်တို့၏ အချက်အလက်ကိန်းဂဏန်းများကို ထုတ်ဖော်ခြင်းမရှိပေ။

ဒေါ်မာလင်း နန်းခမ်းနောင့်မှာ ၂၆ အရွယ်ရှိပြီဖြစ်ပြီး၊ အမဖြစ်သူ ဒေါ်နန်းလိုင်ခမ်းမှာ အသက် ၂၉နှစ်ရှိကာ နှစ်ဦးလုံးမှာ ကမ္ဘောဇ ဘဏ်အုပ်စု (KBZ)၏ အမှုဆောင် ဒါရိုက်တာများအဖြစ် တာဝန်ယူထားသလို  ကမ္ဘောဇဘဏ် လီမိတက်၏ ဒုတိယ အမှုဆောင် အရာရှိချုပ်များအဖြစ်လည်း ဖြစ်သည်။

သူတို့ကို မြန်မာ လူငယ်စီးပွားရေးခေါင်းဆောင်များလှိုင်းလုံးတခု၏ ကြယ်ပွင့်နှစ်ပွင့်အဖြစ် မှတ်ယူကြသည်။

နန်းလိုင်ခမ်းသည် တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့စေရန် စွမ်းဆောင်မှုအပိုင်း ပြောကြားပေးရန် နိုင်ငံခြားမှ စီးပွားရေး လူငယ်ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရသည်။ မာလင်းသည် လေးလေးနက်နက် စဉ်းစားတတ်သူတဦးကဲ့သို့ သွင်ပြင်လက္ခဏာရှိပြီး နိုင်ငံခြားဝန်ဆောင်မှုများတွင် တက်လမ်းရှိသူအဖြစ် မျှော်မှန်းထားသည်။

KBZ ဘဏ်တွင် အမှုဆောင်အရာရှိများအဖြစ်တာဝန်ယူထားသည့် သမီးနှစ်ဦး
Forbes

သူတို့ ညီအစ်မနှစ်ဦး၏ ဂုဏ်သတင်းမှာ မွှေးပျံနေပြီး၊ KBZ ရုံးသို့ အလည်တခေါက်သွားခြင်းဖြင့် တစုံတခုသော ယုံကြည် စိတ်ချမှုအဟုန်ကို မြင့်တက်လာစေသလို ခံစားရသည်။

အမိမြေကို ပြန်လည်အကျိုးပြုမည့် သားကောင်းသမီးမွန်များ မွေးဖွားပေးရန် ဥခွံမှဖောက်ထွက်ရန် ရုန်းကန်ပေးသည့် ခွန်အားကိုလည်း ရရှိလိုက်သည်။ တောက်ပသည့်အနာဂတ်များကို မြင်ရသည်။

ညီမနှစ်ယောက်သည် မြန်နှုန်းမြင့် အင်တာနက်ကွန်ရက်ကို သုံးစွဲလျက် ဘဏ်ခွဲအသီးသီးနှင့် ချိတ်ဆက်ကာ မိုဘိုင်းလ် ဖုန်းသုံးစွဲသူ ဖောက်သည်များကို ပစ်မှတ်ထားသည့် ဒီဂျစ်တယ်မားကက်တင်းကိုလည်း ဖန်တီးနေကြသည်။

လူကြိုက်များသည့် Viber ဆက်သွယ်မှုမှလည်း အသံနှင့်သတင်းအချက်အလက်တိုများကို ဖြန့်ဝေ နေကြသည်၊ ဤ တိုင်းပြည်သည် ဆဲလ်ဖုန်းများဖြင့် အင်တာနက်သုံးစွဲခြင်းကို မကြာသေးမီ အချိန်အထိ ကန့်သတ်ခဲ့သော်ငြားလည်း အင်တာနက်လိုင်းမိသော ဖုန်းပေါ်မှ စကားပြောဆိုခြင်း များကတော့ ရိုးရှင်းနေဆဲရှိသည်။

KBZ သည် ၎င်းဝန်ထမ်းများ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ရန် ရည်ရွယ်လျက် လူသားအရင်း အမြစ် (HR) ဌာနကို အထူးအာရုံစိုက်သည်။ ထို့အပြင် လူမှုကူညီရေးကိစ္စများအတွက်လည်း ငွေကြေး ကုန်ကျခံသည်။

သူတို့ တည်ထောင်ထားသည့် အနာဂတ်အလင်းတန်းဖောင်ဒေးရှင်းသည် ရှမ်းပြည်နယ်တွင် ရေရရှိရေး စီမံကိန်းများ၊ သဘာ၀ ဘေးအန္တရာယ်ကျရောက်သည့် ဒေသများတွင် ကူညီခြင်းဖြစ်လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အပိုင်း တွင်လည်းကောင်း၊ ရန်ကုန်ဓာတ်ပုံပွဲတော်တွင် လွတ်လပ်သည့် လှုံ့ဆော်ရေးဇာတ်ကား များ၊ ဆင်ဆာမဲ့သတင်း ဓာတ်ပုံ ပညာ ရှေ့တန်းတင်ခြင်းအတွက် ဆွေးနွေးခြင်းစသည့်လှုပ်ရှားမှုများ အတွက် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ယူထားသည်။

၂၀၁၄ ခုနှစ်တွင် KBZ သည် တာဝန်သိလုပ်ငန်းများအတွက် မြန်မာစင်တာ(Myanmar Centre for Responsible Business)၏ နံပါတ် ၁ အဆင့် သတ်မှတ်ခြင်းခံရသည်။

ကမ္ဘောဇ၏ ပထမဆုံးလုပ်ကိုင်သော လုပ်ငန်းတစ်ခုမှာ ရှမ်းပြည်နယ်တွင် ပတ္တမြားတူးဖော်ရေး လုပ်ငန်းဖြစ်သည်။ မြန်မာ နိုင်ငံတွင် ကျောက်မျက်ရတနာ တူးဖော်ရေးသည် စစ်ဗိုလ်ချုပ်ကြီးများက လူမသိသူမသိ လုပ်ကိုင်ပြီး ခိုးထုတ်နေသော လုပ်ငန်းဖြစ်ကြောင်း အကျင့်ပျက်ခြစားမှုအဖြစ် လန်ဒန်အခြေစိုက် ကမ္ဘာတလွှားစောင့်ကြည့်ရေးအဖွဲ့၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာက ဖော်ပြသည်။

၎င်းအဖွဲ့ကပင် KBZ သည် မိမိတို့ သုတေသနစစ်တမ်းအတွက် ဖွင့်ချပြရဲပြီး ပူးပေါင်းဆောင်ရွက်ရှိ သည့် တခုတည်းသော ကုမ္ပဏီဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။ ကျောက်မျက်တူးဖော်ရေးမှာ လက်ရှိလုပ်ကိုင်နေဆဲဖြစ်ကြောင်း၊ သို့သော် သစ်တောပြန်လည်ပျိုးထောင်ရေးနှင့် ခေတ်မီနည်းစနစ် သုံးစွဲရေးဘက် အာရုံစိုက်နေကြောင်း ကမ္ဘောဇမှ ပြောရေးဆိုခွင့်ရှိ သူအမျိုးသမီးတစ်ဦးက ပြောကြားသည်။

“ကျမတို့ကို တူးဖော်ရေး လုပ်ငန်းလုပ်ခဲ့အတွက် တာဝန်ရှိတယ်လို့ ပြောဆိုခြင်းခံရပါတယ်” ဟု သူမက ပြောကြားသည်။
ကမ္ဘောဇ၏ အင်တာနက်စာမျက်နှာတွင်လည်း “ ကျွန်တော်တို့ရဲ့လုပ်ငန်းအားလုံးနဲ့ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းနှင့် အဆင့်သတ်မှတ်ချက် အစည်းအဝေးတက်ဖို့ ခေါ်ယူခြင်းခံရပါတယ်။ ကျွန်တော်တို့မှာ လာဘ်ပေးလာဘ်ယူမှု၊ ဒါမှမဟုတ် ညှိနှိုင်းကြေးပေးတာမျိုး လုံးဝလက်မခံဖို့ မူဝါဒချထားပါတယ်” ဟု ရေးသားထားသည်။

၎င်းကျောင်းဆရာမိသားစုသည် ကမ္ဘောဇဘဏ်လီမိတက်ကို ၁၉၉၄ ခုနှစ်တွင် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ငွေချေးလုပ်ငန်းပုံစံမျိုးဖြင့် စတင်တည်ထောင်ခဲ့ပြီး၊ KBZ ဆိုသည်မှာ ရှမ်းပြည်နယ် ဟူသော ပါဠိစကားလုံး ကမ္ဘောဇ ကို အတိုကောက်ခေါ်ဝေါ်ခြင်းဖြစ်သည်။

အောင်ကုန်သွယ်ရေးနှင့်ကျောက်မျက်တူးဖော်ရေးလုပ်ငန်းအတွင်း တိုးတက်ပြောင်းလဲခဲ့ပြီး ဘဏ် လုပ်ငန်းကိုပါ လုပ် ကိုင်နိုင်ခဲ့သည်။ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးအောင်ကိုဝင်းသည် သူ့လုပ်ငန်းကို KBZ ဟုအမည်တပ်ပြီးနောက် ၁၉၉၀ ပြည့်လွန်နှစ်များအကုန်ပိုင်းတွင် ရန်ကုန်သို့ မိသားစုပြောင်းရွှေ့ခဲ့ချိန်ဝယ် ဘဏ်ခွဲပေါင်း ၄ ခုသာရှိသေးသည်။ ယနေ့တွင် ဘဏ်ခွဲပေါင်း ၄၈၅ ဘဏ်ရှိလာခဲ့ပြီး ယခုနှစ်နှောင်းပိုင်းတွင် ဘဏ်ခွဲ ၅၀၀ အထိ KBZ က မျှော်မှန်းထားသည်။

၎င်းမိသားစုသည် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ ပျားပန်းခတ်များပြားနေသည့်ဘဏ် ရုံးချုပ် အဆောက်အဦ အပေါ်ဆုံးထပ်တွင် နေထိုင်ကြသည်။ “နန်းကဘဏ်မှာပဲ အမြဲတမ်း အလုပ်လုပ်ချင် နေမိတာ။ အခုတော့ ကျမတို့ ညီမ နှစ်ယောက်စလုံး ဒီလုပ်ငန်းထဲ ဝင်လုပ်ပေးနေပြီလေ” ဟု နန်းက ပြောပြသည်။

“ဘဏ်လုပ်ငန်းဆိုတာ စိတ်လှုပ်ရှားစရာပါ။ တကယ့်ကို နောက်ဆုံးစည်းတစ်ခုပါပဲ။ ကျမတို့ ဘဏ်မှာပဲ ကြီးပြင်းကြတာပါ။ ကလေးဘဝတုန်းက ကျမတို့ ဘဏ်ထဲမှာပဲ နေပြီး Customer တွေကို နှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီကတည်းက တစိတ် တပိုင်း ထိတွေ့ခဲ့ရတယ်ပေါ့” ဟု နန်းက ဖြည့်စွက် ပြောကြားသည်။

မြန်မာနိုင်ငံ လူကုံတန်အသိုင်းအဝိုင်းမှ ကလေးများကဲ့သို့ပင် နန်းနှင့် မာလင်းတို့ကို နိုင်ငံရပ်ခြားသို့ ပို့လွှတ်၍ ပညာသင်စေ သည်။ နန်းသည် စီးပွားရေးစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးပညာကို စင်ကာပူအမျိုးသားတက္ကသိုလ်တွင် ဆည်းပူးခဲ့ရပြီး စီမံခန့်ခွဲ မှု မဟာဘွဲ့ကို ဆစ်ဒနီတက္ကသိုလ်တွင် ဆက်တက်ခဲ့ရသည်။

တဖန် မာလင်းသည် လန်ဒန်ရှိ  Imperial College စီးပွားရေးပညာကျောင်းတွင် စွန့်ဦးတီထွင်နှင့် စီမံခန့်ခွဲမှုမဟာဘွဲ့မရမီ ကာတာနိုင်ငံရှိ ဂျော့ချ်တောင်းတက္ကသိုလ်၏ နိုင်ငံခြားဝန်ဆောင်မှုတွင် လေးနှစ်တက်ခဲ့ရသေးသည်။ (အငယ်ဆုံး ညီမဖြစ် သူ ထရေစီနန်းမိုဟွမ်သည် အသက် ၂၁ နှစ်သာရှိသေးပြီး ဒေါက်တာဖြစ်ရန် ကျောင်းတက်နေဆဲဖြစ်သည်) ညီမနှစ်ယောက်က စီးပွားရေးလုပ်ငန်းတွင် မိဘများ၏ အမြင်စူးရှမှုအပေါ် ထပ်မံမြှင့်တင်ပေးသည်။
KBZ ဒုတိယဥက္ကဋ္ဌဖြစ်သူ အသက် ၆၀ အရွယ်ရှိ မိခင်ကြီးထံမှလည်း ဘဏ္ဍာရေးနှင့်ပတ်သက်သမျှ နောက်ဆုံးဆုံးဖြတ် ချက်စကားကို ကြားရလေ့ရှိသည်။ “ဖေဖေက အင်မတန်မှ ခေတ်မီတာ။ သူ ကိုယ်တိုင် Facebook မသုံးပေမယ့် Facebook အကြောင်း ကျမတို့ထက် ပိုသိတယ်” ဟု နန်းက မှတ်ချက်ချသည်။

သူသည် မြန်မာပြည်သတင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာပဲ အချိန်ကုန်ဆုံးလေ့ရှိကြောင်း သူမက ဆက်လက်ပြောပြသည်။ “သူကလူပေါင်းစုံနဲ့ပေါင်းပြီး သတင်းစကားတွေ နားထောင်လေ့ရှိတယ်” ဟုဆိုသည်။

အာမခံလုပ်ငန်းနှင့် ပတ်သက်ပြီး သူမတို့ကုမ္ပဏီက ပထမဆုံးစာရင်းဝင်ဖြစ်ခဲ့သည်။ သို့သော် ရွေးချယ်စရာက များပြားပြီး KBZ က ကတ်ပြားပေါင်းများစွာကို ကိုင်ထားသည်။ “ကျမတို့ဖေဖေက မဟာဗျူဟာချမှတ်သူပါ။ ဘယ်လုပ်ငန်းမှာမဆို ကျမတို့မှာ အစီအစဉ်ရှိပြီးသားဖြစ်ပါတယ်။ ကျမတို့ ငယ်ငယ်တုန်းကတောင် ဖေဖေတို့မေမေတို့ဆီမှာ အစီအစဉ်တခု ရှိခဲ့တာပါ” ဟု နန်းက ပြောပြသည်။

(အမေရိကန်အခြေစိုက် စီးပွားရေး မဂ္ဂဇင်း Forbes ၌ ဖော်ပြထားသည့် Ron Gluckman ၏ A Family Of Entrepreneurs Has Built KBZ Into a Finance Powerhouse In Myanmar ကို ဘာသာပြန်ဆိုသည်။)

The post မြန်မာနိုင်ငံ၌ ဘဏ္ဍာရေးလုပ်ငန်းကြီး တခု တည်ဆောက်နေသည့် KBZ မိသားစု appeared first on ဧရာဝတီ.


အဂွန်းမီးတောင် ပေါက်တာ စောင့်နေရတဲ့ ဘာလီက အဖွား

$
0
0

၁၉၆၃ ခုနှစ်တွင် ဘာလီမှ အဂွန်း Agung မီးတောင် နောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့စဉ်က လူ ၁၇၀၀ ကျော်သေဆုံးခဲ့ရသည်။ မီးတောင်ပေါက်ကွဲမှုမှ ထွက်လာသော ချော်ရည်များ၊ ပြာများ၊ ကျောက်တုံးအပိုင်းအစများ နှင့် ဓာတ်ငွေ့များက အထွဋ်အမြတ်ထားရာ တောင်တဝိုက်ရှိ ကျေးရွာများကို ဖျက်ဆီးပစ်ခဲ့သည်။ ချော်ရည်များနှင့် မီတာ အနည်း ငယ် လွဲချော်သွား၍ ကျန်ရစ်နေသည့် တခုတည်းသောအရာမှာ ဘာလီ၏ မိခင်ဘုရားကျောင်း (Mother Temple of Bali) ဟုသိကြသည့် Besakih ဘုရားကျောင်း ဖြစ်သည်။

စက်တင်ဘာလ ၂၁ ရက်ကစ၍ အလားတူ ကပ်ဆိုးမျိုးကို စိုးရိမ်ကြောက်လန့်မှုက ကျွန်းကို လွှမ်းမိုးခဲ့ပြီး ထိတ်လန့်နေသော ရွာသူရွာသားများကို ထွက်ပြေးစေခဲ့သည်။ ယခုဆောင်းပါးကို ရေးနေသည့် အချိန်အထိ ကယ်ဆယ်ရေး စခန်း ၄၇၁ ခုတွင် ထွက်ပြေးတိမ်းရှောင်လာသူ ၁၅၀၀၀၀ နီးပါး ရောက်ရှိနေပြီ ဖြစ်သည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် Ceritalah အဖွဲ့က အဂွန်း မီးတောင်နှင့် ၆၂ ကီလိုမီတာ ခန့်အကွာတွင်ရှိသော ဂီယာညာ Gianyar မြို့စွန်ရှိ ပုဂ္ဂလိက ရံပုံငွေဖြင့် တည်ထောင်ထားသော ကယ်ဆယ်ရေး စခန်းတခုသို့ သွားရောက်ခဲ့ ပါသည်။ ကယ်ဆယ်ရေး စခန်းက မြို့၏ ဘောလုံးကွင်း အနီးတွင်ရှိပါသည်။ အများပြည်သူ အသုံးပြုသည့် ခန်းမတခုကို အသွင် ပြောင်းထားသည့် ကယ်ဆယ်ရေး စခန်း၏ လှေခါးထစ်များပေါ်တွင် ကလေး ၅ ယောက်၏ အဖွားဖြစ်သော အသက် ၅၂ နှစ် အရွယ် Nyoman Gerti ကို ကျနော်တို့ တွေ့ခဲ့ရသည်။ သူက အဂွန်း တောင်စောင်းပေါ်ရှိ Ababi ရွာမှ ဖြစ်ပါသည်။

“စက်တင်ဘာလ ၂၁ ရက်နေ့ ညဘက်မှာ မြေကြီး လှုပ်သွားတာကို ကျမတို့ ပထမဆုံး ခံစားလိုက်ရတယ်။ ကျမနိုးလာ ပြီး မြေးတွေကို ခေါ်လိုက်ပါတယ်။ အားလုံး ဝရုန်းသုံးကာဖြစ်ကုန်တယ်။ လူတိုင်းသူတို့ အိမ်ထဲကနေပြေးထွက်လာ ကြတယ်” ဟု Nyoman Gerti က ကျနော်တို့ကို ပြောပြသည်။

ကယ်ဆယ်ရေး စခန်းရောက် ကလေး ၅ ယောက်၏ အဖွားဖြစ်သော အသက် ၅၂ နှစ် အရွယ် Nyoman Gerti နှင့် မိသားစု

“၁၉၆၃ ခုနှစ်က မီးတောင်ပေါက်ကွဲတာကို မှတ်မိတဲ့သူတွေက ကျမတို့ကို မြစ်တွေနဲ့ ဝေးဝေးနေပြီး ဘေးကင်းအောင် မြေပြင်မြင့်တဲ့ နေရာနားမှာ နေဖု့ိ ပြောကြတယ်။ ကျမ အိမ်ထဲမှ ပြန် မအိပ်တော့ဘူး။”

“ဒါပေမယ့် ငလျင်တွေက ဆက်လှုပ်နေတယ်။ တနေ့ကို နှစ်ကြိမ် သုံးကြိမ်လောက်လှုပ်တယ်။ ကျမ မအိပ်နိုင်ဘူး၊ အာရုံစိုက်လို့လည်းမရဘူး။ စားလို့လဲ မရဘူး။ ဒါကြောင့် ၂ ရက်ကြာတော့ ကျမတို့အားလုံး ဒီကိုပြောင်းလာခဲ့ကြတယ်။ ကျမ အိမ်ကို စိတ်ပူနေတုန်းပဲ။ ဒါပေမယ့် ကျမတို့ မီးတောင်နဲ့ ဝေးတဲ့နေရာကို ရောက်နေပြီလို့ သိနေတာကြောင့် ကျမ စိတ်သက်သက်သာသာ နေနိုင်တယ်။”

ထူးဆန်းသည်မှာ ကယ်ဆယ်ရေး စခန်းတွင် အလုပ်လုပ်နိုင်သည့် အရွယ် အမျိုးသား အလွန်နည်းပါးနေခြင်း ဖြစ် သည်။ “ကျမတို့ မိသားစုတွေက တကွဲတပြားဖြစ်နေတယ်။ ကျမ ခင်ပွန်းနဲ့ သားတွေက ရွာမှာ ရှိနေတုန်းပဲ။ သူတို့က ကျမတို့ ပစ္စည်းတွေကို စောင့်နေကြရတယ်။ မွေးထားတဲ့ တိရိစ္ဆာန်တွေကို စောင့်ရှောက်နေကြတယ်။ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ကလေးတွေနဲ့ အတူ လုံခြုံတဲ့ ဒီနေရာမှာ ရောက်နေကြတာပါ” ဟု Nyoman Gerti က ရှင်းပြသည်။

စပ်စုသည့် အနေဖြင့် အခြားမိသားစုများလည်း ဤသို့ရှိပါသလားဟု ကျနော်က အသံကျယ်ကျယ် ဖြင့်မေးလိုက်ပါ သည်။ အနားမှာ ရှိနေသည့် အမျိုးသမီး အားလုံးက သူတို့လက်များ ထောင်ပြကြသည်။

ကျန်ရစ်သော တိရိစ္ဆာန်များကို ကယ်ထုတ်နေကြစဉ်

လူတိုင်းက ဘာလီကျွန်းမှ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု အကြောင်း စဉ်းစားနေချိန်တွင် ကျန်းမာသန်စွမ်း သည့် ပြည်သူများ အန္တရယ်ဇုန်ထဲတွင် သူတို့မွေးမြူထားသည့် တိရိစ္ဆာန်များကို စောင့်ရှောက်ရန် ကျန်ရစ်နေဆဲ ဖြစ် သည်ကို အများစုက ဥပေက္ခာပြုထားကြသည်။

သူ့တွင် နွားမ ၂ ကောင်နှင့် နွားပေါက်လေး ၁ကောက်၊ ဝက် ၁၀ ကောင်နှင့် ကြက်များ ရှိကြောင်း Nyoman Gerti ပြောသည်။ နွားမ တ ကောင်လျှင် အင်ဒိုနီးရှားငွေ ရူပီးယား သိန်း ၈၀ မှ သိန်း ၁၀၀ အထိတန်ပြီး ဝက် တကောင်လျှင် ရူပီးယား ၁၀သိန်း ကျော်တန်ကြေးရှိသည်။ Nyoman Gerti က ခေါင်းကို ခါရင်း “သူတို့ကို ဒီတိုင်းထားပစ်ခဲ့လို့ မဖြစ် ဘူး။ အဖိုးတန်တယ်။ သူတို့က ကျမတို့ရဲ့ အသက်မွေးဝမ်းကျောင်းပဲ။ တကယ်လို့ သူတို့ကို ဆုံးရှုံးလိုက်ရမယ် ဆိုရင် ကျမတို့မှာ ဘာမှမရှိတော့ဘူး” ဟု ထပ်ပြောသည်။

“ကျမတို့ ပြန်သွားဖို့က အန္တရယ်များလွန်းတယ်။ နေ့တိုင်း ငလျင် ၃ ကြိမ်၊ ၄ကြိမ်လောက် လှုပ်နေတယ်။ လူငယ် အ မျိုးသားတွေကတော့ တခုခု ဖြစ်လာရင် သူတို့ ရဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ မြန်မြန်ဆန်ဆန် ထွက်ပြေးလို့ရ တယ်။”

သူ၏ ခင်ပွန်းနှင့် သားများကို သတိရသလားဟု ကျနော်က မေးသောအခါ Nyoman Gerti က“ကျမက အဲဒါကို ကျင့်သားရနေပါပြီ။ ကျမသားတွေက မြို့ပေါ်မှာသွားပြီး ပန်းရန်လုပ်ကြတယ်။ သူတို့က ၁၀ ရက်ကို ၁ကြိမ်လောက်ပဲ အိမ် ကို ပြန်လာနိုင်ကြပါတယ်” ဟု တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောသည်။

ယခုအခြေအနေကတော့ ယခင်နှင့် ပြောင်းပြန် ဖြစ်နေသည်။ အမျိုးသမီးများက မြို့များတွင်ရောက်နေကြပြီး အမျိုး သားများက အိမ်စောင့်နေကြရသည်။

သို့သော်လည်း ယခုလို အရေးပေါ် အခြေအနေကို မကြုံတွေ့ရမီက Nyoman Gerti အတွက် အေးချမ်းသော ကျေး လက် ဘဝဖြစ်ခဲ့သည်။

“ကျမတို့ရွာက လွန်ခဲ့တဲ့ ၇ နှစ်ကမှ လျှပ်စစ်မီးရတာ။ အဲဒီအရင်ကဆိုရင် ကျမတို့ ဆီမီးအိမ်တွေ သုံးနေရတုန်းပဲ။ နိုင် လွန်ကတ္တရာလမ်းတွေ မရှိဘူး။ ကွန်ကရစ်လမ်းတွေပဲ ရှိတယ်။”

သူ၏ ကျေးရွာတွင် Nyoman Gerti က ကုန်စုံ ဆိုင်လေးတခု ဖွင့်ထားသည်။ တနေ့လျှင် ပျမ်းမျှ ရူပီးယား ၁၅၀၀၀ (အမေရိကန် ၁ ဒေါ်လာခန့်) ဝင်ငွေ ရှိသည်။

“တခါတလေ လူတိုင်း(မိသားစုဝင်အားလုံး)ကို ကျမကျွေးနိုင်ပါတယ်။ တခါတလေတော့ ကျမ မစားဘဲ ကျမမြေးလေး တွေကိုပဲ ကျွေးရတယ်။ တကယ်တော့ ကျမတို့ အဖေတွေ ခေတ်လောက်ကထဲက စီးပွားရေး အခြေအနေက ပိုဆိုး လာခဲ့တယ်။ ရွာမှာ အလုပ်မရှိဘူး။”

သူ၏ နေ့စဉ်ဘဝက ခက်ခဲသော်လည်း အသက် ၁၇ နှစ် အရွယ်မြေးမလေး Putu Dobriani အကြောင်းကို ပြောသည့် အချိန်တွင် Nyoman Gerti အားရပါးရ ပြုံးနေသည်။

“ကလေးမ ၃ နှစ် သမီးအရွယ်မှာ သူ့အမေ ကျမသမီးက လည်ချောင်းကင်ဆာနဲ့ ဆုံးပါးသွားပါတယ်။ အဲဒီအချိန်ကထဲ က ကျမ သမီးလိုပဲ သူ့ကို မွေးခဲ့ပါတယ်။”

“ကျမ စာရေး၊ စာဖတ် မသင်ခဲ့ရဘူး။ ကျမ အဖေက ဘုန်းကြီးပါ။ အဲဒါကြောင့် သူက အမြဲတမ်း ဘုရားကျောင်း မှာ ရှိနေခဲ့ရတယ်။ ကျမကို ကျောင်းပို့ဖို့ ပိုက်ဆံလည်း မရှိခဲ့ဘူး။ Dobriani ကိုတော့ ပညာသင်ပေးဖို့ ကျမ ဆုံးဖြတ်ခဲ့ ပါတယ်။

“သူက အခု အထက်တန်းကျောင်း ရောက်နေပြီ။ ကျမတို့ မိသားစုထဲမှာ ဒီလိုလုပ်နိုင်တာ သူက ပထမဆုံးပဲ။ သူက နေ့တိုင်း ကျောင်းကို ဆိုင်ကယ်စီးပြီး သွားတယ်။ ဘွဲ့ရတဲ့ အခါ သူက ဟိုတယ်မှာ အလုပ်လုပ်ချင်တယ်။ သူ့အိမ်မက် ကတော့ တနေ့မှာ လက်ပ်တော့ကွန်ပျူတာ တလုံးရဖို့ ပဲ။”

သို့သော်လည်း မီးတောင်ပေါက်ကွဲမှုက သူတို့ရရှိထားသည့် အနည်းငယ်မျှသော တိုးတက်မှုကို အဝေးသို့ ယူဆောင် သွားနိုင်ပါသည်။

သူ၏ သား ၂ယောက်နှင့် တွေ့ဆုံရန် ကျနော်တို့ ညနေပိုင်းတွင် တခေါက်ပြန်ရောက်သွားသည့် အခါ Nyoman Gerti ၏သားများက အိမ်မွေးတိရိစ္ဆာန်များကို မရောင်း မဖြစ်၍ အလွန်နည်းပါးသည့် လျှော့ဈေး ဖြင့် ရောင်းခဲ့ရကြောင်း ပြော ပြ သည်။ သူတို့ အမေကြားသွားလျှင် စိတ်မကောင်းဖြစ်မည် စိုးသည့်အတွက် ကျနော်တို့ကို တီးတိုးပြောခြင်း ဖြစ် သည်။

Nyoman Gerti ကတော့ အေးချမ်းသာယာမှု ပျက်ပြားသွားခဲ့ရသည့် အတွက် စိတ်အနှောက်အယှက် ဖြစ်နေဆဲ ဖြစ် ပါသည်။

“ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုတာ ကျမ မသိဘူး။ ကျမတို့က အမှားအယွင်း တခုတခုလုပ်မိလို့ ဘုရား သခင်က ဒေါသထွက်တာ ဖြစ်နိုင်တယ်။ သတ္တုတူးဖော်တာတွေကြောင့်များလား။ အဲဒါတွေက သဘာဝကို နှောက် ယှက်နေတာ ဖြစ်ရမယ်။ လူတွေက တောင်ပေါ်ကို တက်ပြီး မရိုမသေ မလေးမစား လုပ်မိတာတွေကြောင့်များလား။”

“အဲဒါက ဘယ်အချိန်မှာ ပေါက်ကွဲလိမ့်မယ် ဆိုတာတောင် ကျမ မသိဘူး။ အောက်တိုဘာလ ၃ ရက်နေ့မှာ ၄ ကြိမ် မြောက်လပြည့်အတွက် ရိုးရာအစဉ်အလာအရ လုပ်ရတာ တခုရှိတယ်။ ကျမ ပြန်သွားချင်တယ်။ ဒါပေမယ့် အရမ်း အန္တရယ်များတယ်လို့ ကျမသားကပြောတယ်။ အဲဒါက နှစ် ၁ နှစ်မှာ အရေးအကြီးဆုံး လပြည့်နေ့ပါ။ ကျမ အရမ်းကို စိတ်ပျက်တယ်။”

ဘာလီကျွန်းသူတယောက်အတွက် ဘဝက ဝတ်ပြုဆုတောင်းခြင်းဖြင့် လည်ပတ်နေသည်။ သူတို့၏ ယုံကြည်မှုများ နှင့် ရိုးရာဓလေ့များက ဘဝဟန်ချက်ညီမျှရေး ခံစားချက်ထဲတွင် ရောယှက်နေသည်။ အဓိကကျသည့် ရိုးရာ အစဉ် အလာတခုကို ပယ်ဖျက်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းက စိုးရိမ်စရာ အကြောင်းတခု ဖြစ်သည်။ ဘုရားသခင်ကို စော် ကားခြင်း အဖြစ်ယူဆကြသည်။

“ဘေးအန္တရယ်ကင်းရှင်းရေးအတွက် ကျမ ဆုတောင်းချင်တယ်။ ကျမမိသားစုရဲ့ အနာဂါတ်အတွက်။ တကယ်လို့ကျမ က လုံလုံလောက်လောက် ဆုတောင်းခဲ့မယ်ဆိုရင် ဘုရားသခင်က ကျမတို့ကို ထောက်ထား ညှာတာမယ်လို့ ကျမ မျှော်လင့်ပါတယ်။”

ကျနော်ဘာမှ မတတ်နိုင်ခဲ့ပါ။ သို့သော်လည်း ကျွန်း၏ ပြဿနာများ အတွက် ကမ္ဘာနှင့်ပိုဆိုင်သည့် အဖြေများရှိသည် ဟု ခံစားရပါသည်။

မရေမတွက်နိုင်သော သဘာဝ အန္တရယ်၊ လူသားတို့က ပြုလုပ်သည့် ဘေးအန္တရယ်များမှ ဘာလီကျွန်းက ပြန်လည် နာလံထလာလိမ့်မည် ဖြစ်သည်။ ဘာလီပြည်သူတို့၏ အခက်အခဲများကို ကျော်လွန်နိုင်သည့် စွမ်းရည်ကိုလည်း မြင်ရ လိမ့်မည် ဖြစ်သည်။

နိုင်ငံခေါင်းဆောင်များ အနေဖြင့် အနာဂတ်အတွက်လည်း စဉ်းစားသင့်ပါသည်။

ကယ်ဆယ်ရေးစခန်းရောက် အမေနှင့် ကလေး

ဘာလီ ခရီးသွားလုပ်ငန်းက တနှစ်လျှင် ၂၀ရာခိုင်နှုန်းတိုးတက်နေပါသည်။ ပြီးခဲ့သည့် နှစ်အတွင်းတွင် ဟိန္ဒူအများစု လွှမ်းမိုးရာ ဘာလီကျွန်းသို့ ကမ္ဘာလှည့် ခရီးသည် ၄.၄သန်း လာရောက်ခဲ့သည်။ အကျိုးဆက် အနေဖြင့် နှစ်စဉ် ဒါ ဇင် နှင့် ချီသော ဟိုတယ်များ တိုးလာခြင်း နှင့် အတူ တိုးတက်မှုကလည်း လျှင်မြန်ခဲ့သည်။

သို့သော်လည်း စီးပွားရေး အကျိုးအမြတ်များက ညီမျှမှု မရှိပါ။ ကျွန်းတောင်ပိုင်းက ဧည့်သည်များဖြင့် စည်ကားပြည့် ကျပ်နေသော်လည်း ဝေးလံသော မြောက်ပိုင်းမှ Ababi ကဲ့သို့သော ကျေးရွာများက ဥပေက္ခာပြုခြင်း ခံနေရသည်။

ထို မညီမျှမှုကို ဖြေရှင်းရမည် ဖြစ်သည်။ အရာရာ အခြေတကျ ဖြစ်သွားပြီးသည့် နောက်တွင် အဓိက ကျသည့် ဆောင် ရွက်မှုမှာ ကာလရှည်ကြာစွာ ရပ်တန့်နေခဲ့ရသည့် မြောက်ပိုင်းတွင် (ဆိပ်ကမ်းမြို့တခု ဖြစ်သည့် Singaraja အနီးတွင်) လေဆိပ်တခု တည်ဆောက်မည့် အစီအစဉ်ကို ပြန်လည်စတင်ရေး ဖြစ်ပါလိမ့်မည်။

အဆိုပါလေဆိပ်က တောင်ပိုင်း၏ Ngurah Rai လေဆိပ်မှ လေယာဉ်ပိတ်ဆို့ကြန့်ကြာမှုများကို သက်သာစေပါလိမ့် မည်။ မှတ်တမ်းတင်လောက်အောင် လှပသော်လည်း ဥပေက္ခာပြုထားခြင်းခံရသည့်၊ သဘာဝအတိုင်း မပျက်မယွင်း ရှိနေသေးသည့် မြောက်ပိုင်းသို့လည်း ခရီးသွားလုပ်ငန်းမှ အကျိုးအမြတ်များ ပျံ့နှံ့ ရောက်ရှိစေပါလိမ့်မည်။

နောက်ဆုံးအကြိမ် မီးတောင်လှုပ်ရှားလာခြင်းက အရေးယူဆောင်ရွက်ရန်အတွက် တွန်းအားတခု ဖြစ်သင့်ပါသည်။ ရှိမြဲအတိုင်းသာ ဆက်လက်၍ ရှိမနေသင့်တော့ပါ။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

The post အဂွန်းမီးတောင် ပေါက်တာ စောင့်နေရတဲ့ ဘာလီက အဖွား appeared first on ဧရာဝတီ.

အစဉ်အလာတွေကို အံတုရင်း အမျိုးသမီးရေးတွေကို ကူညီပေးနေတဲ့ မလွင်လွင်အေး

$
0
0

သမီးမိန်းကလေး မွေးတာထက် သားယောကျ်ားလေး မွေးတာက ပိုပြီးမြတ်တယ်။ သမီးမိန်းကလေးဆိုရင် ကျောင်းဆရာမ အလုပ်ကသာ ပိုပြီးသင့်တော်တယ်လို့ ယုံကြည်လက်ခံထားတဲ့ မိသားစု အသိုင်းအဝိုင်းကနေ မွေးဖွားကြီးပြင်းလာတဲ့ ထား ဝယ် တိုင်းရင်းသူ မလွင်လွင်အေးဟာ အသက် ၂၁ နှစ်အရွယ်မှာပဲ အမျိုးသမီးအရေး ကိစ္စတွေကို ကူညီဆောင်ရွက်ပေးသူ တဦး ဖြစ်လာပါတယ်။

ယောကျ်ားလေး မွေးဖွားသူမှ ‘မိန်းမမြတ်’ ဖြစ်မယ်။ သားယောကျ်ားလေးမွေး ရဟန်းခံရှင်ပြုပြီး ဘုရားအစ်မ ကျောင်းအစ်မ အဖြစ် ခံယူပြီးမှ မြတ်မယ်ဆိုတဲ့ အယူအစွဲရှိနေတဲ့ မလွင်လွင်အေး မိခင်ဟာ မိန်းကလေး ၅ ယောက်မွေးပြီးတဲ့ အချိန်မှာမှ သားယောကျ်ားလေး ၂ ဦးကို မွေးဖွားခဲ့ပါတယ်။

အရွယ်ရောက်လာတဲ့ သားယောကျ်ားလေးကို ရှင်ပြုပေးပြီးတဲ့ အခါမှာတော့ သူ့မိခင်ဟာ “ငါ တာဝန် တခုတော့ ကျေသွား ပြီ” ဆိုတာမျိုး အမြဲပြောတယ်လို့ မလွင်လွင်အေးက ပြောပြပါတယ်။

မလွင်လွင်အေးရဲ့ မိဘတွေဟာ မွေးချင်း ၇ ယောက်ရှိတဲ့အနက် ဒုတိယမြောက် ဖြစ်တဲ့သူ့ကို တက္ကသိုလ်ကျောင်း ပြီးတဲ့ အခါ ရပ်ရွာထဲက တခြားသော မိန်းကလေးတွေလိုပဲ ကျောင်းဆရာမ အလုပ်ကိုလုပ်ရင်း အိမ်ထောင့် တာဝန်တွေကို ဝင်ကူ ထမ်းစေချင်ခဲ့တာပါ။

တကယ်တမ်းမှာတော့ မလွင်လွင်အေးဟာ မိဘတွေ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ဘဲ သူဝါသနာပါရာ အလုပ်ကိုပဲ အခက် အခဲတွေ အမျိုးမျိုးကြားက ရွေးဖြစ်ခဲ့သလို မိခင်ဖြစ်သူရဲ့ ခါးခါးသီးသီး ငြင်းဆန်မှု၊ အသက်အရွယ်နဲ့ အတွေ့အကြုံ နုနယ်မှု တွေက သူ့အတွက် စိန်ခေါ်မှုတွေ အခက်အခဲတွေ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ် ခရိုင်အတွင်းက လောင်းလုံမြို့နယ် ညင်းမော်ကျေးရွာမှာ ကြီးပြင်းလာရတဲ့ သူ့အနေနဲ့ အစဉ်အလာတွေကို အံတုပြီး အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သူ အဖြစ် ရွေးချယ်လုပ်ကိုင်ခဲ့ခြင်းဟာ နိုင်ငံရေးနဲ့ ခပ် ဝေးဝေး နေချင်တဲ့ မိသားစု အသိုက်အဝန်းထဲ အထူးအဆန်း ဖြစ်ခဲ့ရပါတယ်။

၂၀၁၄ ခုနှစ် သမိုင်းဘာသာရပ်နဲ့ သူကျောင်းပြီးတဲ့နှစ်မှာပဲ ရွာမှာ ရေနံချက်စက်ရုံ ဆောက်မယ်ဆိုလို့ ကန့်ကွက် ဆန္ဒပြပွဲ တွေဖြစ်ခဲ့တော့ သူပါဝင်ခဲ့သလို ဘယ်အရာမှာမဆို အမျိုးသမီးတွေက အမျိုးသားတွေနဲ့အတူ ပါဝင်သင့်တယ် ဆိုတဲ့ ယုံကြည် ချက် ရှိလာခဲ့တယ် လို့လည်း အတိတ်ကို အောက်မေ့သတိရရင်း တိုးညှင်းညင်သာစွာ ပြောပြပါတယ်။

အဲဒီကနေတဆင့် ထားဝယ် အမျိုးသမီး သမဂ္ဂ (TWU) နဲ့ အချိတ်အဆက် ဖြစ်သွားခဲ့သလို အမျိုးသမီးအခွင့်အရေး အတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ TWU က တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေဟာ သူ့အတွက် တွန်းအားတခု ဖြစ်စေ ခဲ့ပါတယ်။

မလွင်လွင်အေးက “သူတို့ အသက်ငယ်ငယ်နဲ့ အရမ်း တက်တက်ကြွကြွ လုပ်နေတာမြင်တော့ ကျမ စိတ်ဝင်စားတယ်။ ဘာလို့ သူတို့ငယ်ငယ်လေးနဲ့ အရမ်းကို တော်ကြတာလဲ။ ငါရော လုပ်နိုင်မလား။ ငါလည်းဖြစ်ချင်တယ် ဆိုပြီး တွေးမိတယ်” လို့ ပြောပါတယ်။

၂၀၁၄ မှာ ထားဝယ် အမျိုးသမီးသမဂ္ဂမှာ စလုပ်ဖြစ်တော့ အလုပ်သင် ၆ လဆင်းပြီးတဲ့အခါ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ဖွင့်တဲ့ နိုင်ငံရေးစွမ်းရည်မြှင့် သင်တန်းကို ၆ လသွားတက်ခဲ့ပါတယ်။

အဲဒီနောက် TWU ရဲ့ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းစဉ်ရဲ့တာဝန်ခံအဖြစ် လုပ်ဆောင်ပြီး အမျိုးသမီးတွေကို ပိုမို အကူအညီ ပေးလာနိုင်တယ်လို့ ဆိုပါတယ်။

“စိတ်ဝင်စားပေမယ့် ပထမတော့ နည်းနည်း ကြောက်တာပေါ့နော်။ ကိုယ့်ရဲ့ Background ကလည်း နိုင်ငံရေးနယ်ပယ်က ဆင်းသက်လာတာ မဟုတ်ဘူး။ ကျမ အဘိုးက ကျောင်းဆရာ။ အဒေါ်တွေက ဆရာမတွေ။ အစိုးရ ဝန်ထမ်းတွေဆိုတော့ စိတ်ပူတာပေါ့” လို့ မလွင်လွင်အေးက ပြောပြတယ်။

အဘိုးနဲ့ ဖခင်ဖြစ်သူက သူဖြစ်ချင်တာကို လုပ်ဖို့ တိုက်တွန်းခဲ့ပေမယ့် မိခင်ကတော့ စိတ်ပူတာရယ်၊ အမျိုးသမီးဆိုရင် အိမ်မှာပဲ ရှိသင့်တယ်၊ ယဉ်ကျေး သိမ်မွေ့ရမယ် ဆိုတဲ့ ခံယူချက်တွေရယ်ကြောင့် သူ့အလုပ်ကို မနှစ်သက်သလို၊ ခရီး ခဏခဏ ထွက်နေရတဲ့ သူ့ကိုလည်း သဘောမကျဘူးလို့ ဆိုပါတယ်။

TWU မှာ အလုပ်စဝင်တော့ မဲဆောက်မှာ သင်တန်း သွားတက်ရတဲ့အခါ မိခင်သဘောတူပြီး လွှတ်အောင် ပညာတော်သင် ဆုပေးလို့ သွားတက်ရတာပါ ဆိုပြီး ညာခဲ့ရသလို အလုပ်သင်ဝင်စက ရခဲ့တဲ့ ရုံးကပေးတဲ့ မုန့်ဖိုးကိုလည်း မိခင်ကျေနပ်အောင် လစာရတယ် ဆိုပြီး လိမ်ညာခဲ့ရပါတယ်။

“အဲဒီအချိန်မှာ သူငယ်ချင်းအသီးသီးက ဆရာမတွေဖြစ်ကုန်ပြီ။ တဝမ်းကွဲအစ်မက ဘဏ်မှာ အလုပ်လုပ်နေပြီ။ ကျမတို့က Volunteer ဆိုတော့ တခါတလေ စနေ၊ တနင်္ဂနွေ အမှုပေါ်လာရင် ချက်ချင်းလုပ်ရတာမျိုး ရှိတယ်။ အဲဒီအခါကျရင် အမျိုးတွေက အစ စနေ၊ တနင်္ဂနွေတောင် မနားရဘူးဆိုပြီး ပုတ်ခတ်တာမျိုး ရှိတယ်။ အမေကလည်း သူ့သမီးကို အဲဒီလို ပြောရင် မကြိုက်ပြန်ဘူး။ ကိုယ့်သမီးကိုယ်ကပဲေ ပြာချင်တာလေ” လို့ ဆိုပါတယ်။

အဲဒီအချိန်တုန်းက သူဝါသနာပါရာ အလုပ်လည်း လုပ်ခွင့်ရအောင် မိခင်ဖြစ်သူလည်း စိတ်မဆင်းရဲရအောင် သူ့အနေနဲ့ အတော်လေးကို ရုန်းကန် ကြိုးစားခဲ့ရတယ်လို့ အလုပ်ဝင်စက အခက်အခဲတွေကို ရင်ဖွင့်ပြောပြတယ်။

“အမေ့ကိုလည်း စိတ်မဆင်းရဲစေချင်ဘူး။ မုန့်ဖိုးပေးတယ်ဆိုရင် အိမ်ကိုညာရတယ်။ ကျမ လစာရတယ်။ ကျောင်းဆရာမ လည်း ဒီလောက်ပဲရတာကို ကျမ ရှင်းပြတယ်။ တကယ်တမ်းကျတော့ အစ်မကနေ ပိုပေးတာပေါ့နော်။ အဲဒီထဲက အမေ့ကို ကန်တော့တယ်ဆိုပြီး သူ့ကိုပြန်ပြီး ချော့ရတဲ့ပုံစံမျိုး ရှိတယ်” လို့ သူက ရယ်ပြီးပြောပါတယ်။

သူ့အဖို့ အခက်အခဲတွေ များစွာကြုံတွေ့ခဲ့ရပေမယ့် ဘယ်အရာမဆို ခဏနေရင် အဆင်ပြေသွားမှာပါ ဆိုတဲ့ စိတ်ဓာတ် ခွန်အားနဲ့ ကျော်ဖြတ်ခဲ့တယ်။

“ကြိုးစားနေသရွေ့တော့ ဘယ်တော့မှ ကျရှုံးမှာ မဟုတ်ဘူး။ အောင်မြင်မှုတွေနဲ့ အမြဲပြည့် နေ မှာပါ” လို့ မလွင်လွင်အေး က ပြောဆိုပါတယ်။

TWU မှာ အလုပ်ဝင်တဲ့အခါ စကားပြောတာကအစ သင်တန်းပေးတာအဆုံး အစစအရာရာ အများကြီး အထောက်အပံ့ တွေ ရခဲ့သလို စီနီယာ အစ်မတွေဆီကလည်း စိတ်ဓာတ်ခွန်အားတွေ ရရှိခဲ့တယ်။ အခက်အခဲတခု ကြုံလာတိုင်း လုပ်ဖော် ကိုင်ဖက် တွေနဲ့အတူ ဖြေရှင်းကြတာမို့ သူ့အတွက်တော့ လုပ်ဖော်ကိုင်ဖက်တွေဟာ မိသားစုထက် ပိုရင်းနှီးတယ်လို့ ဆိုပါ တယ်။

“စိတ်ခွန်အားက အများကြီး အရေးကြီးတယ်။ လက်တွဲခေါ်တယ်။ ကိုယ့်ကို အမြဲတမ်း ရှုတ်ချနေရင် လုပ်နိုင်မှာမဟုတ်ဘူး။ ခွန်အားပေးလို့ပဲ လုပ်နိုင်တာ။ အခုချိန်ထိလည်း အမြဲကျေးဇူးတင်ပါတယ်” လို့ သူက ပြောပါတယ်။

လူမှုပတ်ဝန်းကျင်ရဲ့ အခန်းကဏ္ဍတိုင်းမှာ အမျိုးသားတွေဟာ ဦးဆောင်ကဏ္ဍမှာ ပါဝင်နေပေမယ့် အမျိုးသမီးတွေကတော့ ထမင်းချက် ဟင်းချက်ဘဝနဲ့ပဲ အဆုံးသတ်နေကြရတာမို့ လူချင်းအတူတူကိုပဲ အမျိုးသမီးတွေဟာ တဆင့်နိမ့်တဲ့ ဘဝမှာ နေရ တယ်လို့ ခံစားမိတဲ့ မလွင်လွင်အေးဟာ ဒီလောကထဲကို ခြေစုံပစ် ဝင်ခဲ့တယ်ဆိုရင်လည်း မမှားဘူးလို့ ဆိုရမှာပါ။

TWU မှာ အလုပ်ဝင်ပြီးနောက် သူဟာ မြို့တွေ၊ ရွာတွေအထိ ဆင်းပြီး စကားဝိုင်း ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ လုပ်ပေး ရာကနေ တကယ့်အောက်ခြေက အမျိုးသမီးတွေရဲ့ဘဝကို သိမြင်လာရတယ်။ အဓမ္မပြုကျင့်ခံရမှု၊ ကာမ လိမ်လည်ရယူမှု၊ သက်ငယ်မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု ဆိုတာတွေကို ခံစားရတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ တွေ့ဆုံ စကား ပြောဆိုခွင့် ရခဲ့ပါတယ်။

စီးပွားရေး အဆင်မပြေလို့၊ ခင်ပွန်းက အရက်သေစာ သောက်စားလို့၊ မူးယစ်ဆေးဝါး သုံးစွဲလို့၊ ကလေးတွေများလို့ ဆိုတဲ့ အကြောင်းရင်းတွေနဲ့ အမျိုးသမီးအများစုဟာ အိမ်တွင်း အကြမ်းဖက်မှုကို ခံနေရတယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးတွေဟာ သူတို့ လင်ယောကျ်ားတွေကို ပြန်လည်း မပြောရဲ၊ ပြန်ပြောရင်လည်း အရိုက်ခံရတဲ့ အခြေအနေတွေ ရှိနေတာကို သိမြင် လာရပါတယ်။ စိတ်ခံစားလွယ်တတ်တဲ့ သူ့အဖို့ တချို့ဖြစ်ရပ်တွေက အတော်လေးကို စိတ်ထိခိုက်စေတယ်လို့ ဆိုပါတယ်။

“ပထမတော့ သူတို့ပြောတဲ့စကားကိုပဲ ကျမတို့ နားထောင်တယ်။ အကြံဉာဏ် တောင်းလာမယ်ဆိုရင် လမ်းနှစ်ခုကို ပြောပြ တယ်။ ကောင်းကျိုးရှိမယ်။ ဆိုးကျိုးရှိမယ်။ အဓိကက သူတို့ဆန္ဒပဲ။ သူတို့ကို ရွေးချယ်ပိုင်ခွင့် ပေးတယ်။ ဒီအတိုင်းဆို သိပ် မပြောဘဲ သိုဝှက်နေတတ်ကြတော့ သူတို့နဲ့ တသားတည်းဖြစ်အောင် ရင်းရင်းနှီးနှီးနေရတယ်။ အဲဒီကနေမှ ပိုသိလာရ တယ်” လို့ မလွင်လွင်အေးက သူ့ အတွေ့အကြုံတွေကို ပြန်လည် ပြောပြပါတယ်။

သူ့အနေနဲ့ သူတို့အရပ်ဒေသရဲ့ သတို့သမီးကို တင်တောင်းရတဲ့ ဓလေ့ထုံးထမ်း တခုကို သဘောမကျဘူးလို့လည်း ပြောပြ တယ်။ အမျိုးသမီးတဦးဟာ ပစ္စည်းဥစ္စာရှိမယ်။ မိဘအသိုင်းအဝိုင်း ချမ်းသာမယ်။ ပညာအရည်အချင်း ပြည့်စုံတယ်ဆိုရင် တောင်းရမ်းငွေက တမျိုး။ အတင့်အသင့် လူတန်းစားမျိုးဆိုရင် တောင်းရမ်းငွေကတမျိုး ခွဲခြားထားတယ်။ ဒါဟာ အမျိုးသမီး တွေကို ပစ္စည်းဥစ္စာလို ဈေးစကား ပြောနေတာမို့ ရောင်းကုန်တွေလို ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

အခုဆို TWU မှာ လုပ်တာ ၄ နှစ်နီးပါးရှိပြီ။ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာတွေ များစွာရခဲ့သလို သူ့ရဲ့အသိအမြင်တွေလည်း ပြောင်းလဲလာခဲ့ပါတယ်။

ကြားသုံးကြား မဝင်ရဘူး။ ဝင်ရင် ကိုယ့်ကို အမှုပတ်တတ်တယ် ဆိုတာမျိုးတွေ နားထဲစွဲနေတဲ့ သူ့ပတ်ဝန်းကျင်မှာ လင် မယားချင်း ရန်ဖြစ်တဲ့အခါ အမျိုးသမီးတွေ အရိုက်ခံရတာမျိုးတွေ့ရင် ဘယ်လိုကူညီရမလဲ မသိခဲ့သလို ကိုယ်နဲ့မဆိုင်ဘဲ ကူညီလိုက်လို့ ရန်လာရှာခံရမှာကိုလည်း ကြောက်ခဲ့ရပေမယ့် အခုတော့ ဘယ်လို အကူအညီပေးရမလဲဆိုတာ သိနေပါပြီ။

နောက်ထပ် သူ့အတွက် တန်ဖိုးရှိတဲ့ တိုးတက်ပြောင်းလဲမှု တခုကတော့ သူ့အလုပ်နဲ့ ပတ်သက်လို့ မိခင်ရဲ့သဘောထား ပြောင်းလဲ လာခြင်းပါပဲ။

“ရပ်ရွာထဲမှာဖြစ်တဲ့ တချို့အမှုတွေကျရင် ငါ့သမီးနဲ့ သွားဆွေးနွေးလိုက်။ အကြံပေးမယ်။ သူတို့တွေက အမျိုးသမီးကိစ္စ တွေ နဲ့ ပတ်သက်ပြီး အရမ်းတက်ကြွတဲ့ အဖွဲ့တွေပေါ့။ တခါတလေကျ ကျမတို့အဖွဲ့တွေ ရွာတွေထိ ဆင်းလာပြီး သင်တန်း တွေပေး တယ်။ စကားဝိုင်းတွေ လုပ်ပေးတယ်ဆိုတော့ အမေကိုယ်တိုင်က မြင်တယ်။ သူ ဂုဏ်ယူချင်လည်း ယူမှာပေါ့နော် ကျမ ထင် တာ။ အရင်ထက် အများကြီးနားလည်လာပြီ၊ စိတ်ဝင်စားလာပါပြီ” လို့ပြောရင်း သူက ကျေနပ် သဘောကျနေ ပြန်ပါတယ်။

လက်ရှိမှာတော့ သူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ Altsean Burma မှာ ၅ လတာ လုပ်တဲ့ အမျိုးသမီးများ စွမ်းရည် မြှင့် သင်တန်းတခုကို TWU က လွှတ်လို့ သွားတက်နေတယ်။ အဲဒါပြီးရင် သူ့အနေနဲ့ အမျိုးသမီးအရေး ကိစ္စတွေကို ပိုပြီး လုပ်နိုင် မယ်လို့လည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

“ကျမ မျှော်လင့်ထားတာတခုက အမျိုးသမီးတွေ ပိုပြီး ပြောရဲဆိုရဲရှိလာအောင် တိုက်တွန်းပေးချင်တယ်။ ပြောရဲဆိုရဲရှိလာမှ အမှုတခုဖြစ်လာရင် ဖြေရှင်းနိုင်တယ်ဆိုတာ သိလာမှာ။ သူတို့က နှိမ့်ချခံနေရတဲ့သူတွေ မဟုတ်ဘူး။ လူသားချင်း အတူတူ ပဲ ဆိုတဲ့အသိတွေ ပိုမိုမြှင့်တင်ပေးချင်တယ်” လို့ မလွင်လွင်အေးက စိတ်အား ထက်သန်စွာ ပြောပါသေးတယ်။

အမျိုးသမီးတွေအတွက် နောက်ထပ် လုပ်ပေးချင်တာ တခုက အဖွဲ့အစည်းအနေနဲ့ဖြစ်ဖြစ် တဦးတည်း အနေနဲ့ဖြစ်ဖြစ် တတ်နိုင်မယ်ဆိုရင် အကြမ်းဖက်ခံ အမျိုးသမီးတွေရဲ့ဘဝ ရေရှည် ပြန်လည်ထူထောင်ရေး အတွက် ကူညီ စောင့်ရှောက် ပေးနိုင်မယ့် စင်တာတခု လုပ်ပေးချင်တယ်လို့လည်း ပြောပါတယ်။

မြို့ပေါ်က အမျိုးသမီးတွေနဲ့ နယ်က အမျိုးသမီးတွေယှဉ်ရင် နယ်ကအမျိုးသမီးတွေက အခွင့်အရေး ပိုနည်းတာမို့ နယ်မှာ ရှိတဲ့ အမျိုးသမီးတွေကို စွမ်းရည်မြှင့်တာမျိုးတွေ လုပ်ပေးချင်တယ်။ ဒါ့အပြင် ဘဝတခု ပြန်လည်ရှင်သန်ဖို့ အရမ်းခက်ခဲ သွားတဲ့ အကြမ်းဖက်ခံ အမျိုးသမီးတွေအတွက် ပိုပြီး ကူညီထောက်ပံ့ပေးချင်တယ်လို့ သူ့ရဲ့ဆန္ဒကို ပြောပြပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ အခန်းကဏ္ဍတိုင်းမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာမှသာ အမျိုးသမီးတွေ ရဲ့ ခံစားချက်တွေကို ပိုပြီးပြောလာနိုင်မယ်လို့ သူ ယုံကြည်တယ်။ ကလေးမွေးဖို့ ဗိုက်နာနေတဲ့ အမျိုးသမီးတဦးရဲ့ ခံစား ချက် ကို အမျိုးသမီးတွေထက် အမျိုးသားတွေက ပိုမသိနိုင်သလိုမျိုးပဲလို့ ဆိုပါတယ်။

ယနေ့ မြန်မာ့နိုုင်ငံရေးမှာ အမျိုးသမီးတွေအနေနဲ့ လုံးဝ မပါတာထက်စာရင် ပါနေတာက အားရကျေနပ်စရာ ဖြစ်ပေမယ့် ပါနေရုံတင်မကဘဲ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာလည်း ပူးပေါင်းပါဝင်နိုင်ဖို့ အရေးကြီးပါတယ်။ ဘယ်ကဏ္ဍမှာမဆို အမျိုး သား တွေပဲ ဦးဆောင်ပြီး သူတို့အသံတွေပဲ ဖြစ်နေမယ်ဆိုရင် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေဟာ ချိုးဖောက် ခံနေရ ဦးမှာ ပါ။

“အိမ်တွင်းမှာဖြစ်စေ၊ နိုင်ငံရေးမှာဖြစ်စေ၊ ပတ်ဝန်းကျင်မှာဖြစ်စေ နှစ်ဦးနှစ်ဖက် ပြိုင်တူတွန်းမှ ရွေ့နိုင်မယ်ဆိုတဲ့အတိုင်း အမျိုးသမီးရော အမျိုးသားရော၊ ကလေးဆိုလည်း ကလေးကဏ္ဍအလိုက် အားလုံးပူပေါင်း ဆောင်ရွက်မှ ပိုပြီး ဖွံ့ဖြိုး တိုးတက် မှုတွေ ငြိမ်းချမ်းမှုတွေရမယ်”လို့ မလွင်လွင်အေးက ယုံကြည်နေပါတယ်။

ဆယ်တန်းအောင်ပြီး ခါစက ရှေ့နေဖြစ်ချင်ခဲ့တဲ့၊ မိသားစုအသိုင်းအဝိုင်းက အစိုးရဝန်ထမ်း ဖြစ်စေချင်ခဲ့တဲ့ မလွင်လွင်အေး အခုချိန်မှာတော့ အမျိုးသမီးတွေအတွက် တထောင့်တနေရာကနေ ပံ့ပိုး ကူညီပေးနေသူ ဖြစ်နေပါပြီ။ ဒီအလုပ်ကိုရွေးခဲ့လို့ သူ နောင်တမရဘူးလို့လည်း ဆိုပါတယ်။

“အခုလည်း ကျမ ရှေ့နေမဟုတ်ပါဘူး။ ဒါပေမယ့် ကျမ ဒီဘဝကို ပျော်တယ်။ အမျိုးသမီးတွေနဲ့ ထပ်ထူထပ်မျှ ရှိရတာကို ပျော်တယ်။ အမျိုးသမီးတယောက် ဖြစ်ရလို့လည်း ဂုဏ်ယူပါတယ်”လို့ မလွင်လွင်အေးက ပြောပါတယ်။

တိုင်းရင်းသူ တဦးဖြစ်တဲ့ သူ့အနေနဲ့ ဘာသာစကားကအစ လိုအပ်ချက်တွေရှိသလို ရှေ့ဆက်လည်း များစွာလေ့လာရဦး မယ်၊ ဒီအဖွဲ့အစည်းမှာ ဘယ်လောက်ထိလုပ်သွားမယ်ဆိုတာ သေချာမသိပေမယ့် အမျိုးသမီးတွေကို ကူညီပေးမယ်ဆိုတဲ့ စိတ်ကတော့ သေတဲ့အထိ ရှိနေမယ်လို့လည်း မလွင်လွင်အေး က ခိုင်ခိုင်မာမာ ပြောဆိုပါတယ်။ ။

The post အစဉ်အလာတွေကို အံတုရင်း အမျိုးသမီးရေးတွေကို ကူညီပေးနေတဲ့ မလွင်လွင်အေး appeared first on ဧရာဝတီ.

ချေ ထပ်မံကျဆုံးခြင်း

$
0
0

လွန်ခဲ့သောနှစ် ၅၀ က ဘိုလစ်ဗီးယားနိုင်ငံရှိ စာသင်ကျောင်းတခုတွင် ချေဂွေဗားရားကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ကြိုတင် မမြင်နိုင်သော အကျိုးဆက်များဖြစ်လာခဲ့သည်။

ထိုသို့သတ်ဖြတ်ခဲ့ခြင်းကြောင့် တော်လှန်ရေး ပိုစတာမင်းသားအဖြစ် သူ၏အဆင့်အတန်းကို ခိုင်မာစေရုံသာမက သူ၏ရုပ် ပုံများကိုလည်း လက်ဖက်ရည်၊ လက်သုတ်ပုဝါမှသည် စီးကရက်ဘူးအထိ ကုန်ပစ္စည်းများတွင် ထင်ထင်ရှားရှား ဖော်ပြလာ စေခဲ့သည်။

မာ့က်စ်ဝါဒီ တော်လှန်ရေးသမားကို စီးပွားရေးလုပ်ငန်းများတွင် ကုန်အမှတ်တံဆိပ်သဖွယ် သဘောထားခြင်းမှာ ပြောက် ကျားခေါင်းဆောင် ချေဂွေဗားရားနှင့်ပတ်သက်သော အကြီးကျယ်ဆုံး ဆန့်ကျင်ဘက် အဓိပ္ပာယ်သက်ရောက်ခြင်းတခု ဖြစ် သည်ဟု “ချေခွေဗားရားကျဆုံးခြင်း” စာအုပ်ကို ရေးသားသူ ဂျေးကန်တာက ပြောသည်။

“ချေဂွေဗားရားပုံပါတဲ့ တီရှပ်တွေ ဝယ်လို့ ရတယ်။ ချေဂွေဗားရား ကုန်အမှတ်တံဆိပ် သန့်စင်ခန်းသုံး အမွှေးနံ့သာရည် တောင် ရှိနေမလားမသိဘူး။ ဘယ်လို ပုန်ကန်မှုမျိုးကို မဆို ကုန်အမှတ်တံဆိပ်လုပ်တာဟာ အံ့သြစရာကောင်းတယ်။ အဲဒီလို တလွဲ အသုံးပြုတာမျိုးကို ကျော်လွှားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူ ဘာအတွက် တိုက်ပွဲဝင်ခဲ့တယ် ဆိုတာကို အမြဲတမ်းသတိရနေဖို့ပဲ” ဟု ကန်တာက ပြောသည်။

၁၉၅၉ ခုနှစ်တွင် ကျူးဘားအာဏာရှင် ဘာတစ်စတာကို ဖြုတ်ချရာ၌ အာနက်စတိုချေဂွေဗားရား သို့မဟုတ် ချေ၏ အခန်း ကဏ္ဍသည် သူ့ကို လူသိများစေခဲ့သည်။ ထိုသို့သောတော်လှန်ရေးအောင်မြင်မှုမျိုးကို ဘိုလစ်ဗီးယား ထပ်မံဆောင်ရွက် နိုင်ခြင်းမရှိသော်လည်း လက်ဝဲဝါဒီ အာဇာနည်အဖြစ် သမိုင်းဝင်သွားခဲ့သည်။

၁၉၆၆ မှ ၁၉၆၇ အထိကာလအတွင်း သူ၏နောက်ဆုံးလများကို နေ့စဉ်မှတ်တမ်းတွင် သူကိုယ်တိုင်ရေးသားခဲ့ပြီး သူ၏ တော်လှန်ရေးတပ်ဖွဲ့ကို မမြင်နိုင်သော မဟာလူသားများအဖြစ် သရုပ်ဖော်ခဲ့ရာမှ ထိုတပ်သားများကို ဘိုလစ်ဗီးယားတပ် များက တဖြည်းဖြည်း သုတ်သင်သွားသည်ကို မြင်ရသည်အထိ ရေးသားခဲ့သည်။

ဘိုလစ်ဗီးယားနိုင်ငံ ဆူခရီနှင့် ဗော်လက်ဂရမ်းဒေသများအကြားရှိတောင်ကုန်းများတွင် ရက်သတ္တပတ်ပေါင်းများစွာ ဂူများ ကို တူးဖော်နေထိုင်ကြပြီးနောက် ချေဂွေဗားရားသည် သူ၏ပြောက်ကျားတပ်များကို စစ်ရေးတာဝန်များ ပေးအပ်ခဲ့သည်။ သူကိုယ်တိုင်မှာမူ အဒေါ့ဖိုလ ဂွန်ဇာလက် အမည်ရှိ ခေါင်းတုံးပြောင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိပ်မွှေးများ ရိတ်သင်ထားသည့် စီးပွားရေးသမားတဦးအဖြစ် ရုပ်ဖျက်ကာ ကျေးလက်ဒေသသို့ ကြိုတင်ရောက်ရှိနေပြီဖြစ်သည်။

သူ၏နယ်ခဲျ့လက်သစ် ရန်သူတော်ကြီးများအတွက် အဓိက ဆူးတချောင်းဖြစ်နေသော ချေဂွေဗားရားသည် တောင်အမေရိ က တိုက်တွင်လည်း အလားတူ တော်လှန်ရေးဆင်နွဲရန် အသင့်အနေအထားတွင် ရှိနေသော်လည်း သူ့တွင် လူ ၁၂ ဦးသာ ရှိတော့သည်။ ရက်စွဲမှာ ချေဂွေဗားရားသေဆုံးမီ တနှစ်ခန့်အလို ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြစ်သည်။

သူ့ကို အမေရိကန်ကျောထောက်နောက်ခံပြု ဘိုလစ်ဗီးယားတပ်မျာက ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ဖမ်း ဆီး စီရင်လိုက်ခြင်းဖြစ်သည်။

ချေ၏အမွေ

ချေဂွေဗားရားသည် ရုပ်ထွေး နားလည်ရခက်ခဲ့သည့်သမိုင်းဝင် ခေါင်းဆောင်တဦးဖြစ်ပြီး မေတ္တာတရားကြီး မားတတ်သူဖြစ် သကဲ့သို့ သွေးအေးအေးဖြင့် တိုက်ခိုက်တတ်သူလည်းဖြစ်သည်ဟု ခေဂွေဗားရားနှင့်ပတ်သက်သောသုတေသနများကို ၁၅ နှစ်ကြာလုပ်ဆောင်ခဲ့သူ ကန်တာက ပြောသည်။

သစ္စာဖောက်များကို စီရင်ရန် လက်မရွံ့ခြင်းနှင့် အိပ်နေသည်ဟု ယူဆရ သော ရန်သူစစ်သားများကို မတိုက်ခိုက်လိုခြင်း တို့က ထိုသို့သော အနုနှင့်အကြမ်း နှစ်ခု ရောထွေးနေသည့်သဘောကို ဖော်ပြနေသည်။

“သူ့ကို ကျနော် စိတ်ဝင်စားတာက သူဟာ ဘယ်လိုလူဆိုတာ ပြောရခက်ခဲတာပဲ။ သူ့မှာ စရိုက်လက္ခဏာမျိုးစုံရှိနေတယ်” ဟု ကန်တာက ပြောသည်။

“သူဟာ တော်လှန်ရေးကို ကြီးမားတဲ့မေတ္တာတရားက လမ်းညွှန်တယ်လို့ ပြောတတ်တဲ့သူဖြစ်သလို ကျနော်တို့တွေဟာ သွေးအေးအေးနဲ့ ရွေးချယ်သတ်ဖြတ်တတ်တဲ့စက်ဖြစ်ဖို့လိုတယ်လို့လည်း ပြောတတ်တယ်။ ဒီနှစ်ချက်လုံးက သူ့ ရဲ့စရိုက် လက္ခဏာဖြစ်နေတာလို့ ကျနော်ထင်တယ်” ဟုလည်း သူ ဆက်ရှင်းပြသည်။

“သူဟာ လူသားဆန်တဲ့ဗီဇနဲ့ ကြမ်းတမ်းတဲ့တိုက်ခိုက်လိုမှု နှစ်ခု ထူးထူးခြားခြား ပေါင်းစပ်ထားတဲ့သူပဲ” ဟုလည်း သူ ရှင်း ပြသည်။

“သူက အကြမ်းတိုက်ခိုက်မှုဘက်ကို ရောက်သွားတာနဲ့ သမိုင်းအရ လုပ်ဖို့လိုတယ်ထင်လို့ လုပ်တာဆိုတာမျိုးဖြစ်သွားတာ။ လူတွေဟာ သမိုင်းအရ လိုအပ်လို့လုပ်တာလို့ ပြောလာရင် အရမ်းကို အန္တရာယ်များသွားပြီ” ဟုလည်း ကင်တာက ပြော သည်။

“ချေ သက်တော်ရာကျော်ရှည်ပါစေ” ဟူသော ချေ၏ပုံ ထိုပန်းချီကို ဖန်တီးသူ ဂျင်ဖစ်ပက်ထရစ်က ချေသည် အာဇာနည် ဖြစ်သည်ဟု ပြောသည်။

ချေ၏ အမွေအနှစ်မှာ ဆန့်ကျင်ခြင်း၏သင်္ကေတဖြစ်သည်ဟု သူ ပြောသည်။ ချေ ဦးထုပ် ဆောင်းထားသောပုံများကို ဈေး ကွက်ရှာရန် နည်းလမ်းအဖြစ် သုံးခြင်းကို မြင်ရလျှင် မုန်းတီးသည်ဟုလည်း သူက ပြောသည်။

“ကျနော်မုန်းတီးတာက ချေရဲ့ပုံကို ပုံနှိပ်ပြီး စီးပွားရေးအတွက် အဆင်ခြင်ကင်းမဲ့စွာ အသုံးပြုတာပဲ။ ဆန္ဒပွဲအတွက်၊ လူ့ အ ခွင့်အရေးအတွက်သုံးတာကို လက်ခံတယ်” သူက သူ၏မူရင်းလက်ရာအကြောင်း ရှင်းပြသည်။

“ဒါဟာ လက်ဝဲ သင်္ကေတဗျ။ ဆေးလိပ်ဘူးခွံမှာ သုံးဖို့မဟုတ်ဘူး။ ဒီလိုမျိုး စီးပွားရေးအတွက် သုံးတာကို မုန်းတယ်။ အောက်တန်းကျတယ်လို့ မြင်လို့ကို မုန်းတာ” ဟု သူက ပြောသည်။

ကိုးကား။ ။ www.rt.com

The post ချေ ထပ်မံကျဆုံးခြင်း appeared first on ဧရာဝတီ.

စီးလူယဉ် စာချုပ် လက်မှတ်ထိုးလိုက်တဲ့အခါ

$
0
0

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကို ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်တွေထဲမှာ စစ်တားဆီးရေး၊ နိုင်ငံတွေ ပူးပေါင်းလက်တွဲပြီး ငြိမ်းချမ်းရေးကို ထူထောင်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေအပြင် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွန်းတွေကို ပြဌာန်းပြီး အဖွဲ့ဝင်နိုင်ငံတွေက လေးစားလိုက်နာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တခုလည်း ပါဝင်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နောက်ထပ်မဖြစ်အောင် ကာကွယ်တားဆီးဖို့ ကြိုးပမ်းတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။

ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွန်းတွေကို လေးစားလိုက်နာမှု ရှိမရှိ ဘယ်လိုစောင့်ကြည့်မလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားလာကြတဲ့အခါမှာ နိုင်ငံအစိုးရတွေကို နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွန်းတွေ ထည့့်သွင်းပြဌာန်းထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်တွေကို လိုက်နာပါမယ်ဖြစ်ကြောင်း ကတိပြု လက်မှတ်ရေးထိုးခိုင်းပြီး ပုံမှန်ဆန်းစစ်တဲ့လုပ်ငန်းတခုကို ထူထောင်လာခဲ့ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်တွေ (Treaties) တွေကို ပြဌာန်းပြီး စောင့်ကြည့်တဲ့ လုပ်ငန်းစဉ်မို့လို့ ကုလသမဂ္ဂမှာ (Treaties based Procedure) လို့ လူသိများပါတယ်။

ကုလသမဂ္ဂမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လိုက်နာသင့်တယ်ဆိုပြီး ပညာရှင်တွေက ပြဌာန်းထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွန်းတွေပါဝင်တဲ့ စာချုပ်တွေ ရှိပါတယ်။ တိတိကျကျပြောရရင် လူ့အခွင့်အရေး ဆိုင်ရာ စာချုပ်စာတမ်း ၉ ခု ရှိပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံက နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွန်းတွေကို လေးစားလိုက်နာမှု ဘယ်လောက်အထိရှိသလဲ ဆန်းစစ်တဲ့နည်းတခုကတော့ ဒီလူ့အခွင့်အရေးစာချုပ်တွေထဲက စာချုပ်ဘယ်နှစ်ခုကို လေးစားလိုက်နာကျင့်ကြံပါမယ်လို့ ကမ္ဘာ့အလည်မှာ ကတိပြုလက်မှတ်ထိုးသလဲဆိုတဲ့ အချက်တချက်လည်း ပါဝင်ပါတယ်။ နောက်တဆင့်ကတော့ လိုက်နာမယ်ပြောပြီး အမှန်တကယ် လိုက်နာမှု ရှိမရှိကို လေ့လာဆန်းစစ်သော လုပ်ထုံးလုပ်နည်းလည်း ပါဝင်ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ် ပင်မစာချုပ် ၉ ခုရှိတဲ့အနက် အားလုံးကို လက်မှတ်ထိုးတဲ့နိုင်ငံ အရေအတွက်ကတော့ တော်တော်လေးနည်းပါးပါတယ်။ အများစုကတော့ ၅ ခု ၆ ခုလောက်ကို ထိုးလေ့ရှိပါတယ်။ ဒီလောက်အရေအတွက်ကို ထိုးတဲ့နိုင်ငံဆိုရင် ကမ္ဘာ့အလည်မှာ မျက်နှာမငယ်လောက်တဲ့ နိုင်ငံလို့ကို ပြောလို့ ရပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံက စာချုပ်ကြီး ၉ ခုအနက် ၈ ခု၊ အင်ဒိုနီရှားနဲ့ ထိုင်းနိုင်ငံက ၇ ခုလောက်ကို ထိုးထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးစာချုပ်ကြီး ၉ ခုအနက် စီဒေါစာချုပ် (CEDAW အမျိုးသမီး အခွင့်အရေး စာချုပ်) ကို ၁၉၉၇ ခုနှစ်၊ စီအာစီ (CRC -ကလေးသူငယ် အခွင့်အရေးစာချုပ်) ကို ၁၉၉၁ ခုနှစ်နဲ့ စီအာပီဒီ (CRPD မသန်စွမ်းသူများ အခွင့်အရေးစာချုပ်)တို့ကို ၂၀၁၁ ခုနှစ် တို့မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ယခင် စစ်အစိုးရလက်ထက်မှာ အမျိုးသမီးနဲ့ ကလေးအခွင့်အရေးစာချုပ်ကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအစိုးရကာလအတွင်း ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က နောက်ထပ် လူ့အခွင့်အရေးစာချုပ်တခုဖြစ်တဲ့ နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးစာချုပ် (International Covenant on Economic, Social and Cultural Rights – ICESCR) အတည်ပြု လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးစာချုပ် (အတိုကောက် စီးလူယဉ်စာချုပ်) ဟာ မြန်မာနိုင်ငံက အတည်လက်မှတ်ရေးထိုးလိုက်တဲ့ ၄ ခုမြောက် နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ် ဖြစ်လာခဲ့ပါတယ်။

စီးလူယဉ်စာချုပ်နဲ့ အတူ ယှဉ်တွဲပေါ်လာတဲ့ နိုင်ငံတကာစာချုပ် နောက်တခုကတော့ နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ စာချုပ် (International Covenant On Civil and Political Rights) ဖြစ်ပါတယ်။ ဒီနောက်ထပ်စာချုပ်ကိုတော့ မြန်မာနိုင်ငံက အခုထိ ပဏာမအဆင့်တောင်မှ လက်မှတ်မထိုးသေးပါဘူး၊ ဒီစာချူပ်နှစ်ခုစလုံးကို ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုပြဌာန်းခဲ့ပါတယ်။ စီးလူယဉ်စာချုပ်ကတော့ ၁၉၇၆ ခုနှစ် ဇန်နဝါရီ ၃ ရက်မှာ စတင်အသက်ဝင်လာခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာပါတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေကို နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ စာချုပ်မှာတွေ့ရပြီး စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအခွင့်အရေး တွေကိုတော့ စီးလူယဉ်အခွင့်အရေးမှာ တွေ့ရပါတယ်။ အခွင့်အရေးအမျိုးအစားနှစ်ခုက မတူညီတဲ့သဘော တရားတွေရှိတဲ့အတွက် အခုလို စာချုပ်ကြီးနှစ်ခု ကွဲပြားလာတာဖြစ်တယ်လို့ ပညာရှင်များက သုံးသပ်ကြ ပါတယ်။ ဒီလို ပင်မစာချုပ်နှစ်ခုကို ပြဌာန်းနိုင်ခဲ့ခြင်းက နိုင်ငံသား၊ နိုင်ငံရေးအခွင့်အရေးများနဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများဟာတခုနဲ့တခု ဆက်စပ်မှုရှိနေပြီး အပြန်အလှန် မှီတွယ်လျက် ရှိသည်ဆိုတဲ့ ဆုံးဖြတ်ချက်ကို တနည်းအားဖြင့် သက်သေပြနေတာဖြစ်ပါတယ်။ သဘောတရားကွဲပြားပေမယ့် ဆက်စပ်မှုရှိတယ်ဆိုတဲ့သဘောပါ။

စီးလူယဉ်စာချုပ်မှာ အပိုဒ်ပေါင်း ၃၀ ပါဝင်ပါတယ်။ စာချုပ်မှာပါတဲ့အပိုဒ်တွေကတော့အပိုဒ် (၁) လူတိုင်း ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူတိုင်းသည် နိုင်ငံရေးအဆင့်အတန်းအပါအဝင် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုများကို လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

အပိုဒ် (၂) စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် မိမိတွင်ရှိသော ရင်းမြစ်များအား အစွမ်းကုန်အသုံးပြု၍ ယခုစာချုပ်တွင်ပါသော အခွင့်အရေးများကို အမြင့်မားဆုံးသို့ တဖြေးဖြေးရောက်ရှိ ခံစားနိုင်အောင် အဆင့်ဆင့် လုပ်ဆောင်ပေးရမည်။

အပိုဒ် (၃) စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် အမျိုးသား၊ အမျိုးသမီးခွဲခြားခြင်း မရှိစေဘဲ ယခုစာချုပ်ပါ အခွင့်အရေးများကို ကျားမ မရွေး တန်းတူခံစားခွင့်ရရန် အာမခံပေးရမည်။

အပိုဒ် (၄) အစိုးရအနေဖြင့် ဒီမိုကရေစီလူ့ဘောင်ရှိ အများအကျိုးအတွက် ရှေ့ရူ၍ အချို့အခွင့်အရေးများအား သင့်လျော်သလို ကန့်သတ်ထားနိုင်သည်။

အပိုဒ် (၅) စာချုပ်ပါအခွင့်အရေးများကို ပျက်စီးစေလိုသောရည်ရွယ်ချက်ဖြင့် ဤစာချုပ်ကို မည်သည့် လူတဦးကဖြစ်စေ၊ အုပ်စုတစုကဖြစ်စေ၊ အစိုးရဖြစ်စေ မပြုလုပ်ရ၊

အပိုဒ် (၆) လူတိုင်း သင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့်ရှိသည်။

အပိုဒ် (၇) လူတိုင်းသင့်တင့်လုံခြုံသော လုပ်ငန်းခွင်ရရှိခွင့်ရှိသည်။ အလုပ်ရှင်က ကြောင်းကျိုးမဲ့ အလုပ်မှ ထုတ်ပစ်ခြင်းနှင့် အဓမ္မလုပ်အားစေခိုင်းခြင်းတို့ကို ကာကွယ်ပေးရန် အစိုးရတွင် တာဝန်ရှိသည်။ အမျိုးသမီးအလုပ်သမားများအတွက် အမျိုးသားများထက် မနိမ့်ကျသော လုပ်ငန်းခွင်အခြေအနေများကို အာမခံရန် အစိုးရတွင် တာဝန်ရှိသည်။

အပိုဒ် (၈) လူတိုင်း အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်၊ ဆန္ဒပြခွင့်၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့များနှင့် ပူးပေါင်းပါဝင်ခွင့်ရှိသည်။

အပိုဒ် (၉) လူမှုဖူလုံရေး အခွင့်အရေးများကို ခံစားခွင့်ရှိရမည်။ ထိုလူမှုဖူလုံရေးအခွင့်အရေးများအတွက် ဆေးဝါးကုသပိုင်ခွင့်၊ လစာနှင့် ဆေးခွင့်၊ သားဖွားခွင့်၊ အာမခံ၊ အသက်အာမခံ၊ သက်ကြီးရွယ်အိုအာမခံ၊ မတော်တဆဒဏ်ရာရမှုအာမခံ၊ အလုပ်မှထုတ်ပစ်ပါက လျှော်ကြေးငွေအာမခံ၊ မိသားစုအာမခံတို့ အကြုံးဝင်သည်။

အပိုဒ် (၁၀) မိသားစု ကာကွယ်စောင့်ရှောက်ပေးမှုကို အစိုးရင တာဝန်ယူလုပ်ဆောင်ပေးရမည်။ အလုပ်လုပ်သူမိခင်များနှင့် ကလေးများအား စောင့်ရှောက်ရေးတို့ကို အစွမ်းကုန်ကာကွယ်ပေးရမည်။ အလုပ်လုပ်ခွင့်ပြုသည့် ကလေးအသက်အရွယ်ကို ကန့်သတ်သတ်မှတ်ပေးရမည်။

အပိုဒ် (၁၁) လုံလောက်မျှတသော လူနေမှုအဆင့်အတန်းရရှိရေးအတွက် အစိုးရက လုပ်ဆောင်ပေးရမည်။ လုံလောက်မျှတသော လူနေမှုအဆင့်အတန်းရရှိရေး လိုအပ်ချက်များဖြစ်သည့် တိုးတက်ကောင်းမွန်သော လူနေမှုအဆင့်အတန်း၏ လုံလောက်သော အစားအစာ၊ အဝတ်အစား၊ နေထိုင်စရာ အိမ်ယာစီမံကိန်းတို့ အကြုံးဝင်သည်။

အပိုဒ် (၁၂) လူထု၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အမြင့်မားဆုံးနှင့် အဖြစ်နိုင်ဆုံး ဖြည့်ဆည်းပေးရန် အစိုးရတွင ်တာဝန်ရှိသည်။ ထိုအခွင့်အရေးများတွင် လုံခြုံပြီး ကျန်းမာရေးရူထောင့်နှင့် ကိုက်ညီသော ပတ်ဝန်းကျင်ရရှိရေးအချက်လည်း အကြုံးဝင်သည်။

အပိုဒ် (၁၃) ကျား၊မ၊ အသက်အရွယ်၊ ကိုယ်အင်္ဂါချို့ယွင်းအားနည်းသူ၊ ရွေ့ပြောင်းအလုပ်သမားများ၏ ရင်သွေးများ၊ လူမျိုးစု၊ ဘာသာရေးလူနည်းစုတို့မှ ကလေးငယ်များအားလုံးအပါအဝင် လူတိုင်း ပညာသင်ကြားခွင့်ရှိရမည်။ အနိမ့်ဆုံးမူလတန်းပညာကို အခမဲ့ဖြစ်ရမည်။

အပိုဒ် (၁၄) ထိုသို့ မူလတန်းပညာ အခမဲ့ဖြစ်စေရန်အတွက် အစိုးရအနေဖြင့် စီမံကိန်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

အပိုဒ် (၁၅) ယဉ်ကျေးမှုဘဝထဲတွင် လူတိုင်းပါဝင်ခွင့်သာမက ခေတ်မှီသိပ္ပံပညာ၏ တိုးတက်မှု အကျိုးကျေးဇူးများတွင် ပါဝင်ခံစားခွင့်တို့ရှိသည်။ လူတဦးတယောက်၏ သိပ္ပံပညာ၊ စာပေ၊ အနုပညာ ထူးချွန်မှုအပေါ် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးမှုတို့ကို အကောင်အထည်ဖော်ရာတွင် လုပ်ဆောင်ပေးရမည်။

အပိုဒ် (၁၆-၃၀) ကတော့ စာချုပ်ကော်မတီရဲ့ လုပ်ထုံးလုပ်နည်းများဖြစ်ပါတယ်။

စီးလူယဉ်စာချုပ်မှာ ပါတဲ့အခွင့်အရေးတွေကို ပြည်သူတွေရရှိခံစားနိုင်အောင် လုပ်ဆောင်မယ်ဆိုရင် အချိန်၊ ငွေကြေး၊ နည်းပညာတွေ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်ကို တချို့သောနိုင်ငံတွေက အခွင့်ကောင်း ယူတတ်ကြပါတယ်။ ဘယ်လို အခွင့်ကောင်းယူနေတတ်လဲဆိုရင် အစိုးရအနေနဲ့ ပြည်သူတွေ ဘဝမြှင့်တင်ရေးကို အားကြိုးမာန်တက်လုပ်ဆောင်ချင်ပေမယ့် တိုင်းပြည်ရဲ့ စီးပွားရေးမကောင်းတာ၊ နိုင်ငံတကာက ပူးပေါင်းကူညီမှုမရှိတာ၊ အရင်အစိုးရဟောင်းက ခြစားထားတာတွေကို ပြန်ပြင်နေရတာကြောင့် အပြည့်အ၀ မလုပ်နိုင်သေးဘူးလို့ ဆင်ခြင်ပေးတတ်တာတွေ ရှိပါတယ်။

ဒီလိုဆင်ခြေတွေပေး အကြောင်းပြပြီး အမှန်တကယ် စာချုပ်ပါအခွင့်အရးတွေကို မလိုက်နာတာမျိုးူ မလုပ်နိုင်ဖို့အတွက် လက်မှတ်ထိုးလိုက်တဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ စာချုပ်ပါ အချက်တွေကို ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်နေသလဲဆိုတဲ့အပေါ် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခွင့်အရေး ကော်မတီက စောင့်ကြပ်လေ့လာပါတယ်။

တကယ်လို့ သက်ဆိုင်ရာနိုင်ငံက လိုအပ်တဲ့ နောက်ဆက်တွဲ အချက်အလက်တွေကို တင်ပြနိုင်ခြင်း မရှိရင် ကော်မတီအနေနဲ့ လိုအပ်တဲ့ ဆန်းစစ်မှုများ၊ အတတ်ပညာပိုင်းဆိုင်ရာ အကူအညီများ၊ အကြံပေးချက်များ ပံ့ပိုးနိုင်ရန် အဖွဲ့ဝင်တဦး သို့မဟုတ် နှစ်ဦးပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံအတွင်းလေ့လာဖို့ စေလွှတ်ခြင်းကို လက်ခံရန် အစိုးရကို ပန်ကြားနိုင်ပါတယ်။ လုပ်ဆောင်သင့်တဲ့အချက်တွေကို အကြံပြု တင်ပြပြီး လုပ်ဆောင်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။

ဒီစာချုပ်မှာပါတဲ့အပိုဒ်တပိုဒ်နဲ့ ပတ်သက်လို့ကတော့ အစိုးရအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထုတ်ဖော်ပြောဆိုထားတာ ရှိပါတယ်။ အဲဒီအပိုဒ်ကတော့ စာချုပ်ပါအပိုဒ် (၁) ဖြစ်တဲ့ “ကိုယ်ပိုင်ဆုံးဖြတိခွင့်”နဲ့ပတ်သက်တဲ့ အစိုးရရဲ့ ရပ်တည်ချက်ကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံအစိုးရဟာ ၁၉၉၃ ခုနှစ် ဗီယင်နာကြေညာစာတမ်းကို လက်ခံပေမယ့် ဒီစာချုပ်မှာပါတဲ့ “ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်”ဆိုတာ အချုပ်အခြာအာဏာကို ထိပါး မယ့် လွတ်လပ်ခွင့်မျိုးကို မဆိုလိုကြောင်း သို့မဟုတ် မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခု ဖွဲစည်းပုံအခြေခံဥပဒေကို ထိပါးအောင် အသုံးချခြင်းမျိုး မဟုတ်သောလို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာကို တွေ့နိုင်ပါတယ်။

ဒီလိုထုတ်ဖော်ပြောကြားထားတဲ့အတွက် ယခုလက်ရှိတိုင်းပြည်ကနေ ခွဲထွက်တာ၊ ပြိုကွဲတာမျိုးကို လက်မခံနိုင်ဘူးလို့ ထုတ်ဖော်တင်ပြထားတာ ဖြစ်ပါတယ်။ ဒီအပိုဒ်နဲ့ပတ်သက်လို့ နိုင်ငံတချို့မှာလဲ အခုလို အစိုးရရဲ့ အာဘော်ကို ထုတ်ဖော်ပြောဆိုထားတာ တွေ့ရလေ့ရှိပါတယ်။ ဒီအပိုဒ်မှာပါဝင်တဲ့ “ကိုယ်ပိုင်ပြဌာန်းချက်”နဲ့ ခွဲထွက်တာမျိုးကို ဆိုလိုတာမဟုတ်ဘဲ မတူညီတဲ့ ဝိသေသလက္ခဏာတွေကို အသိအမှတ်ပြုပြီး မခွဲထွက်ချင်တဲ့စိတ်ဓာတ်မျိုးကို မွေးမြူပြီး အတူတကွ ပေါင်းစည်းနေထိုင်တာမျိုးကို ဆိုလိုနိုင်တာလည်း သဘောပေါက်ဖို့ လိုအပ်ပါတယ်။

ဒီစာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးခြင်းဟာ ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးတွေ တိုးတက်ထွန်းကားအောင် အစိုးရက အစွမ်းဆောင်နိုင်ဆုံး လုပ်ဆောင်ပေးဖို့ ကတိကဝတ်ပြုလိုက်တာမို့ ကြိုဆိုပါတယ်။ အစိုးရက နိုင်ငံတကာမှာ လက်မှတ်ထိုးပြီးတဲ့အခါမှာတော့ ပြည်သူတွေအတွက် အကျိုးရှိမယ့်ကဏ္ဍတွေမှာ တိုင်းပြည်ရဲ့ရင်းမြစ်တွေကို အမှန်တကယ် သုံးမသုံးကို စောင့်ကြပ်စိစစ်ဖို့အတွက်ကတော့ ပြည်တွင်းမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့ပြည်သူတွေအပြင် နိုင်ငံတော်ဘတ်ဂျက်ကို ဆုံးဖြတ်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ဖြစ်လာပါပြီ။

တိုင်းပြည်ရဲ့ အသုံးစားရိတ်ကို ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခွင့်အရေး တွေ တိုးတက်မြှင့်မားအောင် လုပ်ဆောင်တဲ့ ကဏ္ဍတွေမှာ ဦးစားပေးသုံးနိုင်တော့မလား။ နိုင်ငံတော်ဘတ်ဂျက်တွေ ဆီးသီးဗန်းမှောက်သလို အစပျောက်သုံးတာတွေကို တားဆီးနိုင်မှာလား။ နိုင်ငံတော်ဘတ်ဂျက်သုံးစွဲမှုကို ဆန်းစစ်နိုင်သော လုပ်ငန်းစဉ်တွေကို မဖြစ်မနေ ထူထောင်ရတော့မှာ ဖြစ်ပါတယ်။

ဒီ စီးပွားရေး၊ လူမှုရေး၊ယဉ်ကျေးမှု အခွင့်အရေးစာချုပ်အပြင် လက်မှတ်ထိုးဖို့ ကျန်ရှိနေတဲ့ နိုင်ငံသားနှင့် နိုင်ငံရေးအခွင်အရေးဆိုင်ရာစာချုပ် (ICCPR) နဲ့ နှိပ်စက်ညှင်းပမ်းမှုစာချုပ် (CAT) စာချုပ်တွေကိုလည်း အမြန်ဆုံး လက်မှက်ထိုးရင်း မြန်မာနိုင်ငံ နယ်နမိတ်တွင်းရှိ လူသားအားလုံးရဲ့ အခွင့်အရေးတွေကို အမှန်တကယ် လေးစား၊ ကာကွယ်၊ ဖြည့်ဆည်းပေးနိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။

(အောင်မျိုးမင်းသည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး ပညာပေးပြန့်ပွားရေး Equality Myanmar အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်)

The post စီးလူယဉ် စာချုပ် လက်မှတ်ထိုးလိုက်တဲ့အခါ appeared first on ဧရာဝတီ.

မြန်မာ့ ငြိမ်းချမ်းရေး လမ်းပျောက်နေပြီလား

$
0
0

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ထိုးခဲ့သည်မှာ ယခု အောက်တိုဘာ ၁၅ ရက်နေ့ဆိုလျှင် ၂ နှစ် ပြည့်ပြီ ဖြစ်သည်။

သို့သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရမည့် အခြေအနေမှာ လမ်းပျောက်နေပြီးလားဟု မေးခွန်း ထုတ် ရမလို ဖြစ်နေသည်။

ယခုနှစ် မေလကုန်တွင်ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အကြိမ် အစည်း အဝေး အပြီးတွင် အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆွေးနွေးမှုများ မအောင်မြင် သလို အပစ်ရပ် ၈ ဖွဲ့နှင့် လုပ်ဆောင်သွားရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်လည်း ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေသည်။

အစိုးရက ကြီးမှူးပြီး ၆ လတကြိမ် ကျင်းပရန်ရှိသည့် ၂၁ ရာစုပင်လုံအစည်းအဝေး၏ တတိယအကြိမ် အစည်းအဝေး သည် ပုံမှန်အားဖြင့် ဆိုရလျှင် လာမည့် နိုဝင်ဘာလတွင် ကျင်းပရမည်ဖြစ်သည်။

သို့သေ်ာလည်း အပစ်ရပ် ၈ ဖွဲ့ထဲမှ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ရခိုင်အမျိုးသား လွတ်မြောက်ရေး ပါတီ (ALP) တို့သည် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို NCA နှစ်ပတ်လည် ရက်အထိ လုပ်ဆောင်ခွင့်မရသေးပေ။

ထို့အပြင် ၂၁ ပင်လုံ ဒုတိယ အစည်းအဝေးအပြီး ပြန်လည်သုံးသပ်ချက်များကို အစိုးရနှင့် ပြန်လည် မဆွေးနွေးနိုင် သေး သလို အထူးသဖြင့်တော့ NCA ကိုအကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် ကြုံတွေ့နေရသည့် အခက်အခဲ အကြပ် အတည်းတွေကို အစိုးရနှင့် အပစ်ရပ်အဖွဲ့များကြား မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင်ခြင်း လည်း မရှိသေးပေ။

ထိုသို့ တွေ့ဆုံနိုင်ရန်အတွက် NCA စာချုပ် အကောင် အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်း အဝေး ခေါ်ယူနိုင်ရေးအတွက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ကြိုးပမ်း နေကြလျက်ရှိပြီး အနီးကပ်ဆုံး NCA နှစ်ပတ်လည်ရက် အပြီးတွင် တွေ့ဆုံနိုင်ရန် မျှော်လင့်နေကြသည်။

ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “ဒီကနေ့ နိုင်ငံရေးအရ ကျနော်တို့ တိုင်းပြည်မှာ အားလုံး ကြုံနေဆုံနေရတဲ့ အထွေထွေ အကြပ်အတည်းတွေ အပါအဝင်ပေါ့လေ။ ဒီအခြေအနေ အနေ အထားမျိုးမှာ ကတော့ ကျနော်တို့ စိတ်ရှည်ထားဖို့တော့ လိုတယ်။ နောက်တခုကတော့ ကျနော်တို့ ၈ ဖွဲ့နဲ့ ဆွေးနွေးနေ တဲ့ ဟာတွေက အားလုံး လုံးဝ ဥသုံ Deadlock ပိတ်ဆို့သွားတယ် ဆိုတာမျိုးမဟုတ်ပါဘူး”ဟု ဆိုသည်။

အပစ်ရပ် ၈ ဖွဲ့နှင့် အစိုးရကြား ဆွေးနွေးနေမှုသည် ရှေ့မတိုးတော့ဘဲ ရပ်တန့်နေသည့် အနေအထားမျိုး မဟုတ် ကြောင်း အပစ်ရပ်အဖွဲ့များဘက်က ပြောဆိုနေကြသော်လည်း ဆွေးနွေးမှုရလဒ်များ အရ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေ သည်ကိုတော့ ငြင်း၍ မရနိုင်ပေ။

ထိုအခြေအနေကို အပစ်အခတ်ရပ်စဲရေး မပြုလုပ်ရသေးသည့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ ကလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးမှုများသည် အပစ်ရပ် ၈ ဖွဲ့နှင့်သာ ရပ်ဆိုင်းနေခြင်း မဟုတ်ဘဲ တိုင်းရင်းသား လက်နက် ကိုင် ၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုလို တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ (FPNCC) တို့နှင့်လည်း ဆွေးနွေး ညှိနှိုင်းမှုများက အလုပ်မဖြစ် ခဲ့ပါ။

အထူးသဖြင့် UNFC နှင့် ဆွေးနွေးနေသည့် အခြေအနေများသည် အပေါင်းလက္ခဏာ အဆင့်မှ အနုတ် လက္ခဏာ ပြသွား ခဲ့သည်။ အစိုးရနှင့် UNFC တို့ကြား မူလက NCA ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် အပစ်ရပ် လက်မှတ် ထိုး ရန် သဘောထားရှိနေရာမှ ဆွေးနွေးမှု မပြေလည်၍ လက်မှတ်ထိုးရေး အစီအစဉ်မှာ ဖြစ်မလာတော့ပေ။

NCA လက်မှတ်ရေးထိုးရန် အတွက် UNFC က အဆိုပြုထားသည့် အချက် ၈ ချက်ကို သြဂုတ်လပိုင်းက ဆွေးနွေးခဲ့ရာ ၁ မှ ၄ အထိ အချက် ၄ ချက်ကို နှစ်ဖက်ကြား မူအားဖြင့် သဘောတူခဲ့ကြရာမှ ယခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ ဆွေးနွေး ပွဲတွင် တပ်မတော်ဘက်က ပြင်ဆင်လိုကြောင်း သဘောထား တင်ပြလာရာမှ လက်မှတ်ထိုးရေး အခြေအနေ မှာ ပိုမိုဝေးကွာ သွားခဲ့ရသည်။

UNFC ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော် က “ပြီးပြတ်တဲ့ဆွေးနွေးမှုတွေကို တကြော့ပြန် ပြန်ပြီး ဆွေးနွေးမယ် ဆိုပြီးတော့မှ အနေ အထားတွေ ပြနေတယ်။ ဒါတွေက ရလဒ်ကောင်း ထွက်တော့မယ်ဆိုလို့ရှိရင် နောက်ပြန်ပြီးတော့ အနုတ် သဘော ဆောင်သွားတဲ့ အခါကြတော့ ဒါဘာကြောင့် ဖြစ်တာလဲ။ NCA လမ်းကြောင်းထဲမှာ ဒါတွေက တကယ် မဖြစ် စေချင်တဲ့ အင်အားစုတွေ ရှိပြီးတော့မှ အနှောင့်အယှက် ပေးနေတာလား ဒါတွေကို အကဲဖြတ်တာတွေလည်း ရှိပါ တယ်” ဟု ပြောသည်။

UNFC နှင့် အစိုးရကြား NCA ရေးထိုးနိုင်ရေး အတွက် အဆိုပြုချက် ၈ ချက်အပေါ်မှာပင် ၁၅ လကြာ ဆွေးနွေးပြီး ယခု ကဲ့သို့ အဆင်မပြေဖြစ်နေခြင်း အပေါ် နိုင်ငံရေးသမား တချို့က NCA လမ်းကြောင်းသည် ရပ်တန့် ပိတ်ဆို့နေပြီဟု သုံးသပ်ချက်များ ရှိနေသည်။

သို့သော်လည်း မွန်ပြည်သစ် ပါတီ (NMSP) ဗဟို ကော်မတီဝင် နိုင်အောင်မငေးက “ကျနော်တို့က NCA အတိုင်း ဆက် သွားမယ်။ အခုဆိုရင် ၁ ကနေ ၄ ကျန်ရှိတဲ့ ၅-၆-၇-၈ အချက်တွေကို ဆက်သွယ်မယ်” ဟု ဆိုသည်။

UNFC တပ်ပေါင်းစုတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ပါဝင်သည်။

အစိုးရနှင့် အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးနေသည့် အခြေအနေအရ ရလဒ် အဆိုးရွားဆုံးကတော့ တရုတ်မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ (FPNCC) နှင့် ဆွေးနွေးညှိနှိုင်းမှုများပင် ဖြစ်သည်။

FPNCC တွင် ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့် တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။

ထို FPNCC နှင့် အစိုးရတို့ကြား ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအပြီး နောက်ပိုင်း ဆွေးနွေးညှိနှိုင်းမှုများ လုံးဝ ပြတ်တောက် သွားခဲ့သည်။

နှစ်ဘက် ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး အတွက် တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ၏ ကျိုးပမ်းမှုများပြုလုပ်ခဲ့သော်လည်း မြန်မာအစိုးရဘက်က တဖွဲ့ချင်း တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် မြောက်ပိုင်း မဟာမိတ်များက FPNCC အနေဖြင့်သာ တွေ့ဆုံလိုကြောင်း လွန်ဆွဲနေရင်း က ဆွေးနွေးပွဲများ ဖြစ်မလာတော့သည့် အခြေအနေ ရောက်သွားသည်။

TNLA ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တားဂျုတ်ဂျာ က “အဓိကကတော့ မြန်မာ့ တပ်မတော်အပေါ်မှာ အများကြီး မူတည်တာပေါ့။ သူတို့ ငြိမ်းချမ်းရေးလိုချင်သပဆိုရင် မရစရာအကြောင်းမရှိပါဘူး။ စားပွဲဝိုင်းပေါ်မှာ အဖြေရှာလို့ရတာပဲလေ။ လက်မှတ် ထိုးထားတဲ့ ၈ ဖွဲ့တောင် အခု ရှေ့သွားဖို့ အခက်အခဲဖြစ်နေတယ်” ဟု ဆိုသည်။

ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပြည်တွင်းငြိမ်းချမ်းရေးကို နံပါတ်တစ် နေရာမှာထားပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် သည်ပင်လျှင် ၁၈ လသား အစိုးရလက်ထက် ငြိမ်းချမ်းရေး အခြေအနေကို အားရသည့်ဟန် မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်က “ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုတာ အစကတည်းက မငြိမ်းချမ်းစေတဲ့ အကြောင်းတွေရှိလို့ မငြိမ်းချမ်း ခဲ့တာကိုး။ အဲဒီတော့ ဒီအကြောင်းအရာတွေကို အဲဒီတော့ ဒီအကြောင်းအရာတွေကို ဖယ်ရှားဖို့ ဆိုတာ ဘယ်တော့မှ မြန်တာ မဟုတ်ဘူး။ တခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ကြည့်လိုက်တဲ့အခါမှာ တိုးတက် လိုက်၊ ရပ်သွားလိုက်၊ တန့် သွား လိုက် ပြန်တက်လိုက် တခါတလေ နည်းနည်းလေး ပြန်နောက်ဆုတ်လိုက်နဲ့ အဲဒီလိုပဲ သွားရတယ်ဆိုတာ တွေ့ထား တော့ အဲဒီလိုပဲ မျှော်မှန်းထားပြီးသားပါ။ ခြုံငုံပြောရရင် သိပ်တော့ မဆိုးဘူးလို့ ပြောရမှာ ပေါ့” ဟု RFA သတင်းဌာန နှင့် အင်တာဗျူးတွင် ပြောဆိုသွားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့်လည်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်ကာလမှာပင် အချင်းချင်း ညီညွှတ်မှု မရှိဘဲ အစိတ်စိတ်အမွှာမွှာ ကွဲခဲ့ပြီး မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့အဖြစ် FPNCC ၊ တောင်ပိုင်း အဖွဲ့အဖြစ် UNFC ၊ အစိုးရ နှင့် NCA ထိုးထားသော အပစ်ရပ် ၈ ဖွဲ့ စသည်ဖြင့် အုပ်စုကွဲကုန်ကြသည်။

လက်ရှိ အခြေအနေအရ အစိုးရအနေဖြင့် အပစ်ရပ် ၈ ဖွဲ့၊ FPNCC ၊ UNFC တို့နှင့် ဆွေးနွေးမှုများသည် တခုမှ အောင်မြင်မှု မရှိဘဲ ရပ်တန့်နေသည်ကို တွေ့ရပြီး နိုင်ငံရေးသုံးသပ်သူ တချို့နှင့် တိုင်းရင်းသား ခေါင်းဆောင် တချို့ ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အရေးကြောင့်ဟု ပြောဆိုမှုများ ရှိနေသည်။

ထိုအခြေအနေသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစည်းအဝေး ပြုလုပ်ရန် နှောင့်နှေးကြန့်ကြာမှုအတွက် ရိုက်ခတ်မှု တချို့ ရှိခဲ့သည် မှန်သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ထွက်ပေါ်လာမည့် ရလဒ်ကိုတော့ ရိုက်ခတ်ခြင်းမရှိနိုင်ပေ။

ရခိုင် မြောက်ပိုင်း အခြေအနေမဖြစ်ခင် ၂၁ ပင်လုံ အစည်းအဝေး ပြီးကတည်းက ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အလုပ် မဖြစ်ခဲ့သည်ကို မြင်တွေ့နိုင်သည်။

ထိုအခြေအနေနှင့် ပတ်သက်၍ အကြောင်းပြချက်များ အမျိုးမျိုး ပေးနေကြသော်လည်း သေချာနေသည့် အချက်က တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရလဒ်များ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေသည်ကို အားလုံး တွေ့မြင်နေရသည်မှာ အမှန်ပင် ဖြစ်ပါ သည်။ ။

The post မြန်မာ့ ငြိမ်းချမ်းရေး လမ်းပျောက်နေပြီလား appeared first on ဧရာဝတီ.

ကချင် ဒေသ ပဋိပက္ခတွေကြားက ပယင်းမှော် (၁)

$
0
0

ကချင်ပြည်နယ် တနိုင်းဒေသက တူးဖော်ရရှိတဲ့ နှစ်သန်းပေါင်း ၉၉ သန်း သက်တမ်းရှိ ဒိုင်နိုဆောအမြီး အပိုင်းအစလေး နစ်မြုပ်နေတဲ့ ပယင်းကျောက်အကြောင်း ၂၀၁၆ ခုနှစ်အတွင်းက ကမ္ဘာတဝန်းလုံး သတင်းပျံ့ပြီးတဲ့နောက်မှာတော့ တနိုင်း က ပယင်းမှော်တွေဟာ ကျောက်တူးဖော်ရေး လုပ်ငန်းကနေ စစ်မြေပြင် အသွင်ပြောင်းသွားခဲ့ပါတယ်။

ပယင်းမှော်တွေရဲ့ ကနဦးပိုင်ရှင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ခဲ့တဲ့ မှော်နယ်မြေ တချို့ကို ဇွန်လ ပထမပတ်က စလို့ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ထိန်းသိမ်းလိုက်ပါတယ်။

အဲဒီ ပယင်းမှော်တွေကို တပ်မတော် တပ်ဖွဲ့ဝင်တွေက စောင့်ကြပ်နေလို့ လုပ်ငန်းတွေ ပြန်စလုပ်ဖို့လည်း ခက်ခဲသွားရ ပါ တယ်။

တနိုင်းဈေးက ပယင်း လက်ဝတ်ရတနာ ရောင်းသူများ (ဓာတ်ပုံ- နန်းလွင်နှင်းပွင့်/ဧရာဝတီ)

တနိုင်းမြို့က တည်းခိုခန်းပိုင်ရှင် ဒေါ်ရွယ်တောင်က “ဇွန်လ တိုက်ပွဲဖြစ်တုန်းက မှော်က အလုပ်သမားတွေ ပြေးလာကြတာ ဆိုတာ တကယ့် ကမ္ဘာပျက်တဲ့အတိုင်းပဲ။ အခုမှော်တွေ ရပ်ထားရတယ်ဆိုတော့ တနိုင်းမြို့က လုံးဝ ခြောက်ကပ် သွား တာ။ ဘယ်တုန်းကမှ လူမပြတ်ခဲ့တဲ့ ကျမတို့ တည်းခိုခန်းဆို အခု တည်းမယ့်လူတောင် မရှိတော့ဘူး”လို့ ပြောပါတယ်။

အရင်က KIA ကို အခွန်ပေးရင် လွတ်လွတ်လပ်လပ် သွားလာလို့ ရတဲ့ ပယင်းမှော်တွေ အနီးအနားမှာ အခုတော့ တပ်မတော် နဲ့ KIA နှစ်ဘက်လုံးက မိုင်းတွေ ထောင်ထားလို့ အန္တရာယ် သိပ်များတယ်ဆိုပြီးလည်း တနိုင်းဒေသခံတွေက ပြောဆိုနေကြပါတယ်။

KIA ထိန်းချုပ်စဉ်က ပယင်းလုပ်ငန်း

တနိုင်းမြို့နယ်ထဲက ပယင်းမှော်တွေဆီကို တနိုင်းချောင်းအတိုင်း စက်လှေတွေနဲ့ သွားနိုင်သလို ကုန်းလမ်းကနေလည်း ဆိုင်ကယ်တွေနဲ့ သွားနိုင်ပါတယ်။

မှော်အားလုံးဟာ အစိုးရနဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုထားခြင်းမရှိသေးတဲ့ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း ၁၄ နယ်မြေ ထဲမှာ ရှိနေတာပါ။

ပယင်းကုန်သည်တွေ ကျင်းလုပ်သားတွေ ပြောဆိုချက်အရ KIA က ၂၀၁၂ ခုနှစ် အစောပိုင်းကတည်းက အနယ်နယ် အရပ်ရပ် က လာတဲ့လူတွေကို အခွန်အခ ဆောင်ခိုင်းပြီး တူးဖော်ခွင့်ပေးတာလို့ သိရပါတယ်။

ပယင်း လုပ်ငန်းရှင် ဦးဇော်လွမ်တူးက “၂၀၁၆ တုန်းက ပေ ၅၀ ပတ်လည်ကို ကျပ် ၅ သိန်း ပေးရတယ်။ တနိုင်တပိုင် တကျင်း တူးရင်တော့ တကျင်းစာပဲ ပေးရတာပေါ့။ တခါပေးရင် တနှစ်စာလို့ ပြောတာပါပဲ”လို့ ပြောပြပါတယ်။

ဦးဇော်လွမ်တူး ပြောပြတဲ့ ကျင်းဈေးနှုန်းတွေက ကျင်းမတူးခင်မှာ မြေနေရာအတွက် ပေးရတဲ့ နှုန်းထားတွေ ဖြစ်ပြီး တူးပြီး လို့ ပယင်းကျောက်တွေ ထွက်ရင်တော့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို အခွန်အခအဖြစ် KIA ကို ထပ်မံ ပေးရတာပါ။

တနိုင်းဈေးက ပယင်း လက်ဝတ်ရတနာ ရောင်းသူများ (ဓာတ်ပုံ- နန်းလွင်နှင်းပွင့်/ဧရာဝတီ)

ပယင်း လုပ်ငန်းရှင်တဦးက ကျင်းတကျင်းကို ကျင်းလုပ်သား ၅ ဦးကနေ ၁၅ ဦးအထိ ငှားရမ်းပါတယ်။

ကျင်းတူးတဲ့အခါ ကုန်ကျတဲ့ စရိတ်နဲ့ ကျင်းသားတွေရဲ့ စားဝတ်နေရေးကို လုပ်ငန်းရှင်က အကုန်အကျ ခံရပြီး ပယင်း ကျောက် ရတဲ့အခါ ၃ စု ၁ စု ဝေပုံကျခွဲပြီး ၁ စုကို ကျင်းသားတွေက လုပ်အားခ အဖြစ် ရပါတယ်။

မှော်ထဲက ကျင်းတွေကို စက်ယန္တရားတွေနဲ့ တူးဖော်တာ မဟုတ်ဘဲ လူတကိုယ်စာ ဝင်လို့ရတဲ့ ၄ပေ ပတ်လည်တွင်း ရအောင် လက်ကိုင် မြေဖောက်စက်တွေနဲ့ ပေ ၂၀ ၊ ပေ ၃၀ ကနေ ပေ ၁၀၀ ၊ ပေ ၃၀၀ ထိ နက်နက်တူးပြီး ပယင်း ကျောက် ရှာပုံတော် ဖွင့်ကြတာပါ။

ကျင်း နက်ရင် နက်သလို ရေတွေထွက်လာတဲ့အခါ ရေစုပ်စက်နဲ့ စုပ်ထုတ်၊ ကျင်းထဲ အောက်ဆီဂျင် ရအောင် စက်တွေနဲ့ လေပေးတာတွေ လုပ်ကြပါတယ်။

ကျင်းကို တည့်တည့် နက်နက်တူးပြီးတဲ့အခါ ပယင်းအကြောကို ရှာပြီး ဘေးဘက်တွေကို လိုဏ်ခေါင်းလို အပေါက်တွေ ဖောက်၊ လူတကိုယ်စာ ဝင်လို့ ရအောင် သစ်လုံးတွေနဲ့ ထောက်ပြီး ကျင်းသားက လိုဏ်ခေါင်းထဲမှာ ပယင်းရှာရတာပါ။

တခါတလေ လိုဏ်ခေါင်းဖောက်တာ မှားယွင်းပြီး မြေပြိုကျတာတို့ ရေကြောကို ဖောက်မိပြီး ရေတွေ ထွက်လာတာမျိုး တွေ မှာ ကျင်းထဲကလူက အပေါ်ကို ချက်ချင်း ပြန်မတတ်နိုင်ရင် အသက်ဆုံးပါးတာတွေ ကြုံကြရပါတယ်။

အခန့်မသင့်လို့ မြေပြိုတာတွေ ဖြစ်တဲ့အခါ ထိခိုက်မှုနည်းအောင် ကျင်းသားတွေကို လုပ်ငန်းခွင်သုံး ဦးထုပ်တွေ၊ ကျင်းဆရာ တွေနဲ့ ဆက်သွယ်လို့ရမယ့် စကားပြောစက်တွေကို တပ်ဆင်ပေးရတယ်လို့ ဦးဇော်လွမ်တူးက ပြောပါတယ်။

အချောမကိုင်ရသေးတဲ့ ပယင်းကျောက်များ အရောင်းဆိုင် (ဓာတ်ပုံ- နန်းလွင်နှင်းပွင့်/ဧရာဝတီ)

ပယင်း တူးဖော်တဲ့ အစောပိုင်း ကာလတွေမှာ မြေအနေအထား၊ ကျင်းတူးဖော်တာတွေ မကျွမ်းကျင်တာ နည်းပညာ မသုံး တတ် တာတွေကြောင့် ကျင်းပြိုကျပြီး ကျင်းသားတွေ သေဆုံးတာ မကြာခဏဖြစ်ပွားခဲ့ပေမယ့် အခုနှစ်ပိုင်း တွေမှာတော့ ကျင်းထဲ အောက်ဆီဂျင် မပြတ်အောင် လေပေးတဲ့ စက်တွေ ကျင်းအတွင်းနဲ့ အပြင်ကို ဆက်သွယ်လို့ ရတဲ့ စကားပြောစက် တွေ အသုံးပြုလာကြတာကြောင့် အန္တရာယ်ကို ကာကွယ်နိုင်တာတွေ ရှိလာတယ်လို့လည်း ဦးဇော်လွမ်တူးက ဆိုပါတယ်။

“တော်တော် အန္တရာယ်များပါတယ်။ မြေကြီးအနက်ကြီးထဲဝင်တော့ လေပြတ်တာ တခါတလေ မြေကြီးအောက်မှာ သဘာဝ အရ ပထဝီ အနေအထားအရ နှစ်ပေါင်းများစွာ လုံံးထွေးနေတဲ့ အညစ်အကြေးရဲ့ ဂက်စ်တွေ ပေါက်လာတဲ့ အခါကျရင် မီး ထလောင်တတ်တယ်။ အဲ့ဒီလိုမျိုးတွေကျရင် အသက်ဆုံးရှုံးတာတွေ ရှိတယ်။ ရှိခဲ့ဖူးတယ်” လို့လည်း သူက ပြောပါတယ်။

ပယင်းတူးဖို့ ကျင်းထဲဝင်တဲ့ အခါမှာလည်း အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ ဆုတောင်းခဲ့ရတဲ့ အချိန်တွေ အများကြီး ရှိတယ်လို့ ကျင်းလုပ်သား ဦးဖြိုးကိုကလည်း ပြောပါတယ်။

ဦးဖြိုးကိုက “ကျနော် မှော်မှာ ကျင်းသားလုပ်တာ တိုက်ပွဲမဖြစ်ခင်ထိဆို ၂နှစ်ကျော်ပေါ့။ ဒီ၂နှစ်ကျော်မှာ သူများတွေ မြေပြို လို့ သေတာတွေ ကြုံရတယ်။ ကျင်းကို အောက်ဘက် တည့်တူးတဲ့အခါမှာ ပြဿနာမရှိ နိုင်ပေမယ့် ဘေးဘက် က ပယင်း ကြောတွေကို နှိုက်ဖို့ ထပ်တူးတဲ့အခါမှာ မြေပြိုတာတွေ ကြုံရနိုင်တယ်။ အသက်ဆုံးရှုံးနိုင်တာပေါ့ဗျာ”လို့လည်း ပြောပါ တယ်။

ဦးဇော်လွမ်းတူး ကတော့ အန္တရာယ်များတဲ့ မှော်ထဲမှာ ပယင်းတမျိုးတည်း ထွက်တာမဟုတ်ဘဲ ရွှေလည်း တူးဖော်လို့ ရ သလို ကျောက်နီတွေလည်း ထွက်တယ်လို့ ပြောပြပါတယ်။

တခါတရံမှာ စိန် အနည်းငယ်ကိုတောင် တူးဖော် တွေ့ရှိရတယ်လို့လည်း ဦးဇော်လွမ်တူးက ပြောပါသေးတယ်။

ပယင်းရောင်းသူနဲ့ ဝယ်သူ (ဓာတ်ပုံ- နန်းလွင်နှင်းပွင့်/ဧရာဝတီ)

တရုတ် ဝယ်လက်နဲ့ ပယင်း ဈေးကွက်

KIA မှော်တွေထဲက ထွက်ရှိတဲ့ ပယင်းကျောက်တွေကို အဓိက ဝယ်ယူသူတွေကတော့ တရုတ်ကုန်သည်တွေပါ။

ပယင်းကို လက်ဝတ်ရတနာအဖြစ် ဆောင်ထားရင် ကံကောင်းခြင်းတွေ ကိုယ့်ဆီရောက်လာသလို ပယင်းအစွမ်းက ကျန်းမာရေး ကောင်းတယ်၊ သွေးလိမ်းရင် မျက်နှာက တင်းတိတ်တွေ ပျောက်တယ်၊ ခေါင်းအုံးထဲ ထည့်အုံးရင် ခေါင်းကိုက် ပျောက်တယ်ဆိုတဲ့ ယုံကြည်မှုတွေနဲ့ တရုတ်တွေက ဝယ်ယူကြတာပါ။

ပယင်းအစစ်က ဆားငန်ရေပေါ်မှာ မြုပ်မသွားဘဲ ပေါ်နေပြီး ကျောက်တုံးလို အလေးချိန်မစီးဘဲ ပေါ့ပါတယ်။

ပယင်း လုပ်ငန်းရှင်တွေက ပယင်းကျောက် အရိုင်းတုံးတွေကို ကြည်လင်ပြောင်လက်နေတဲ့ ရောင်းတန်းဝင် ပယင်း ဖြစ်အောင် သွေးယူပြီး တရုတ်ကုန်သည်တွေဆီကို ရောင်းကြပါတယ်။

ပယင်းလုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးအောင်ထူးက “ပယင်းကို ကန်ပိုက်တည်၊ ထိန်ချုံးလမ်းကနေပဲ တရုတ်ကို ရောင်းတယ်။ တန်ဖိုး ရှိတာတွေက တရုတ်ဝယ်လက်ကို သွားတာများပါတယ်။ တချို့ချိတ်ရှိတဲ့ သူတွေက အနောက်နိုင်ငံဘက်က ကုန်သည် တွေကို ရောင်းတာတွေလည်း ရှိတယ်။ များသောအားဖြင့်ကတော့ တရုတ်ပါပဲ။ မြန်မာမှာက ဝယ်လက်သိပ် မရှိဘူး” လို့ ဆိုပါတယ်။

အရည်အသွေး ထိပ်တန်းမဟုတ်တဲ့ ပယင်းကျောက်တွေကိုတော့ တနိုင်းမြို့၊ ဝိုင်းမော်မြို့၊ မြစ်ကြီးနားမြို့က ပယင်း ဈေးကွက်တွေမှာလည်း လက်ကောက်၊ ဆွဲကြိုး၊ ဆွဲသီး၊ လက်စွပ်၊ ပယင်းခေါင်းအုံး စတဲ့ ပုံစံအမျိုးမျိုးနဲ့ ရောင်းချကြ တာကို မြင်တွေ့ရပါတယ်။

ကချင်ပြည်နယ်ထဲက ပယင်းဈေးကွက်တွေမှာတော့ ပယင်းကို အရောင်အလိုက် ကာလာဆန်း၊ ဒီဇယ်၊ အဝါကြည်၊ ကြက်သွေး၊ ဝက်ဆီ၊ လက်ဖက်စိမ်း၊ လိမ္မော်၊ အနီ၊ စပျစ်ချို ဆိုပြီး အမည်တွေ ခွဲခြားထားပါတယ်။

ပြည်တွင်း ဈေးကွက်ထဲမှာ အများဆုံးတွေ့ရတာကတော့ ဒီဇယ်ရောင် တောက်တောက်ရှိတဲ့ ဒီဇယ်ပယင်း၊ ဖန်သား အဝါရောင်လို ကြည်နေတဲ့ အဝါကြည်ပယင်း၊ ကြက်သွေးရောင် တောက်နေတဲ့ ကြက်သွေးပယင်း၊ အဖြူရောင် အနှစ်အခဲတွေ ဖြစ်နေတဲ့ ဝက်ဆီပယင်း၊ ကြည်လဲ့လဲ့ အစိမ်းရောင်ဖျော့ဖျော့ ရှိတဲ့ လက်ဖက်စိမ်း ပယင်းတွေပါ။

တခါတလေမှာ ဒီဇယ်ရောင်နဲ့ ဝက်ဆီစပ်ထားတဲ့ ပယင်းထဲမှာ ရွှေမှုန်တွေ အများကြီး နစ်မြုပ်နေတဲ့ ပယင်းမျိုး ကိုလည်း တွေ့ရတတ်ပါတယ်။

လိမ္မော်ရောင်၊ အနီရောင်နဲ့ အပြာလဲ့လဲ့ ရှိတဲ့ စပျစ်ချိုပယင်းတွေကိုတော့ ပြည်တွင်းဈေးကွက်တွေမှာ တွေ့ရနည်းပါတယ်။

ပယင်းကျောက် ရောင်းဈေးတွေက ကျပ် ၂၀၀၀ ကနေ ကျပ်သိန်း ထောင်ချီထိ ပေါက်ဈေးတွေ အသီးသီးရှိပါတယ်။

ပယင်း လက်ဝတ်ရတနာဆိုင် (ဓာတ်ပုံ- နန်းလွင်နှင်းပွင့်/ဧရာဝတီ)

ဦးအောင်ထူးက “ပယင်း အရည်အသွေးကို ကြည့်တဲ့အခါ အမှိုက်ကင်းစင်လား၊ အနာအဆာပါလား၊ အမှိုက်မှုန်တွေ များနေလား။ အက်ကြောင်းပါလား ဆိုတာကိုကြည့် တန်ဖိုးဖြတ်တယ်။ အမှိုက်အနာပါရင်တော့ တန်ဖိုးကျတယ်။ ကြည်လင်နေရင်တော့ ဈေးရတယ်။ ကြည်လင်နေတဲ့ ထဲမှာမှ အကောင် ပါရင်တော့ ပိုဈေးမြောက်တာပေါ့”လို့ ရှင်းပြ ပါတယ်။

ပယင်းထဲမှာ ခြင်၊ ပုရစ်၊ လိပ်ပြာ၊ ပင့်ကူ၊ ပျား၊ ခါချဉ်၊ ပုရွက်ဆိတ်၊ သစ်ခက်နဲ့ ပန်းပွင့်လေးတွေ နစ်မြုပ်နေတာကို အများဆုံး တွေ့ရတယ်လို့ ပယင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

တခါတရံတွေ့ရတဲ့ ပယင်းထဲက ခါချဉ်၊ ပုရွက်ဆိတ်၊ ပင့်ကူ၊ ပျားတွေက အခုခေတ်မှာ မြင်တွေ့ရတဲ့ အကောင်တွေနဲ့ မတူဘဲ အမွေးတွေ ပိုရှည်နေတာ ပုံစံကွဲပြားနေတာကို တွေ့တဲ့အခါ ဈေးပိုရတယ်လို့လည်း သိရပါတယ်။

ဦးဇော်လွမ်တူးကတော့ “ပုံစံပေါ် မူတည်ပြီး ဈေးကကွာတယ်။ အသေကောင်ဆိုရင် ဈေးမရဘူး။ ယက်ကန်နေတဲ့ ပုံစံမျိုး ပေါ်မှ ထင်ထင်ရှားရှား မြင်ရမှ ဈေးရတယ်။ တချို့ကျ အကောင်ရှိပေမယ့် မထင်ရှားဘူး။ မှန်ဘီလူးနဲ့ သေချာကြည့် မှ မြင်ရတာမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် အကောင် ထင်ထင်ရှားရှားပေါ်မှ ပိုပြီး ဈေးရတာ”လို့ ဈေးကွက် အခြေအနေကို ပြောပြပါ တယ်။

ပြည်တွင်းမှာ တရားဝင် ပယင်းဈေးကွက် သတ်မှတ်ပေးထားတာမျိုး မရှိတာကြောင့် တနိုင်း၊ ဝိုင်းမော်၊ မြစ်ကြီးနားက ပယင်းဈေးနှုန်းက တရုတ်နိုင်ငံထဲက ပယင်းဈေးထက် အဆမတန် နည်းနေပါတယ်။

ဥပမာ တနိုင်းက ပယင်းကို တရုတ်ကုန်သည်က ဝယ်ယူတဲ့အခါ မြန်မာငွေ ၁၀ သိန်းနဲ့ ဝယ်ယူသွားရင် တရုတ်ပြည် ဈေးကွက်ကို ရောက်တဲ့အခါမှာတော့ တန်ဖိုး ၅ဆလောက်ထိ မြင့်တက် သွားတာမျိုးပါ။

မည်သို့ပင်ဖြစ်စေ ပြည်တွင်းမှာ ဝယ်လက် နည်းပါးတာကြောင့် တန်ဖိုးရှိ ပယင်းတွေကို တရုတ် ဝယ်လက်ဆီမှာပဲ ရောင်းကြတယ်လို့ ပယင်း လုပ်ငန်းရှင်တွေက ဆိုပါတယ်။
တချို့ပယင်း လုပ်ငန်းရှင်တွေကတော့ အစိုးရဆီက ပယင်းရောင်းချ ကုန်ကူးခွင့် လိုင်စင် ရထားတာကြောင့် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေက ဈေးကွက်တွေမှာ အရောင်းအဝယ် လုပ်ကြပါတယ်။

ပြည်တွင်းဈေးကွက်ကို ပို့သည်ဖြစ်စေ၊ တရုတ်နိုင်ငံဈေးကွက်ကို ပို့သည်ဖြစ်စေ ပယင်းလုပ်ငန်း လုပ်ကိုင်ကြတဲ့ လုပ်ငန်း ရှင်တွေ ပယင်းတူးတဲ့ ကျင်းလုပ်သားတွေ အများစုက တနိုင်းဒေသခံ ကချင် တိုင်းရင်းသားတွေ မဟုတ်ပါဘူး။

မိုးကုတ်မြို့က ကျောက်ကုန်သည်တွေ ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ တောင်ကြီး၊ မကွေး၊ ရေနံချောင်း၊ စစ်ကိုင်း စတဲ့ ဒေသ အသီးသီးက လာပြီး ကျောက်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြသူတွေ ပိုများနေပါတယ်။

ဒေသခံ ကချင်အမျိုးသမီး အများစုကတော့ ခြံထွက် ဟင်းသီးဟင်းရွက်တွေ ထမင်းဟင်းတွေကို မှော်လုပ်သားတွေ အတွက် ရောင်းချပေးတဲ့ အလုပ်ကို လုပ်ပြီး အမျိုးသား အများစုကတော့ လယ်လုပ်တာတွေ၊ မှော်ထဲသွားဖို့ စက်လှေ မောင်းပို့ပေးတာတွေ၊ ဆိုင်ကယ် ကယ်ရီမောင်းသူတွေ အဖြစ် အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။

ဒေသခံတွေက ကျင်းသားလုပ်ဖို့ မှော်အကြောင်း နားမလည်သလို ပယင်းဈေးကွက်ကိုလည်း မသိတာကြောင့် ပယင်း လုပ်ငန်း လုပ်ကိုင်သူ အင်မတန် နည်းပါး ပါတယ်။ ။

The post ကချင် ဒေသ ပဋိပက္ခတွေကြားက ပယင်းမှော် (၁) appeared first on ဧရာဝတီ.

ကချင် ဒေသ ပဋိပက္ခတွေကြားက ပယင်းမှော် (၂)

$
0
0

၂၀၁၆ ခုနှစ်အတွင်း ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် တရုတ်လူမျိုး လီဒါရှန်က သူ မြစ်ကြီးနားဈေးက ဝယ်လာတဲ့ ပယင်း ထဲမှာ နှစ်သန်းပေါင်း ၉၉ သန်း သက်တမ်းရှိ ဒိုင်နိုဆောအမြီး နစ်မြုပ်နေတယ် ဆိုတဲ့ သုတေသန မှတ်တမ်းတွေကို ကမ္ဘာ တဝန်း ထုတ်ဖော် ပြောဆိုလိုက်တဲ့အခါ တနိုင်းက ပယင်းဈေးကွက်ကလည်း မြောက်တက်လာပါတယ်။

နိုင်ငံရပ်ခြားက ကျောက်ဖြစ်ရုပ်ကြွင်း သုတေသန ပညာရှင်တချို့ လေ့လာရေးလုပ်ဖို့ တနိုင်းဒေသကို ဝင်ရောက်လာသလို တပ်မတော်ကလည်း ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဖားကန့်မြို့နယ် ရှဒူးဇွပ် ကျေးရွာထဲက KIA ရဲ့ရွှေနဲ့ ပယင်းမှော်တွေကို ဝင်ရောက် တိုက်ခိုက်ပြီး မှော်လုပ်ကွက်က တရုတ်နိုင်ငံသား ၈ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ပယင်းကျောက် တဆင်စာရဖို့ ကျောက်စီနေတဲ့ ကုန်သည် (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

ရှဒူးဇွပ်ကျေးရွာက ဒေသခံတွေလည်း စစ်ဘေးရှောင် ဒုက္ခသည်တွေ ဖြစ်သွားသလို ဒုက္ခသည်တွေကို ကချင် အရပ်ဘက် အဖွဲ့ အစည်းတွေက လာရောက် ထောက်ပံ့တဲ့ ဆန်၊ ဆီ ရိက္ခာကားတွေကိုလည်း KIA ကို ထောက်ပံ့မယ့် ကားတွေဆိုပြီး တားမြစ်တာတွေ ၂၀၁၆ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၇ခုနှစ် ဇွန်လ ပထမပတ်မှာတော့ တနိုင်းဒေသမှာ အကြီးအကျယ် ဈေးကွက်ဖြစ်နေတဲ့ KIA ပယင်းမှော်တွေကို သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေတဲ့ မှော်တွေ နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးနေတဲ့ တရားမဝင်မှော်တွေလို့ စွဲချက်နဲ့ ထိုးစစ် ဆင်ပါတယ်။

ဒေသခံတွေ အပါအဝင် မှော်တွေမှာ လာလုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အားလုံး အသက် မဆုံးရှုံးဖို့ ဇွန်လ ၂၅ ရက် နောက်ဆုံးထား ထွက်သွားရမယ်ဆိုတဲ့ စာတွေကိုလည်း ရဟတ်ယာဉ်ပေါ်ကနေ ကျဲချခဲ့တာပါ။

ဇွန်လ ၃ ရက်မှာ နမ်ဗျူ၊ အင်ဂါးဂါး၊ နမ့်ခမ်း၊ အွယ်လော ကျေးရွာတွေအနီးမှာ တပ်မတော်နဲ့ KIA တို့ အပြန်အလှန် ပစ်ခတ် ကြတာကြောင့် ဇွန်လ ၂၅ ရက်ထိတောင် မရောက်ဘဲ ဒေသခံတွေ မှော်လုပ်ငန်းရှင်တွေ ကျင်းသားတွေ အားလုံးထွက်ပြေး ခဲ့ရ ပါတယ်။

မှော်ထဲမှာ လုပ်ငန်းတွေ လုပ်လက်စနဲ့ ပြေးရတာကြောင့် ကျင်းသားအများစုမှာ ဒေသအသီးသီးက နေအိမ်တွေကို ပြန်ဖို့ လမ်း စရိတ်တွေ မလုံလောက်သလို တိုက်ပွဲတွေကြောင့် မှော်တွေဆီကနေ တနိုင်းမြို့ပေါ်ကို ပြေးမယ့် လမ်းတွေ ကလည်း ပိတ်ဆို့ သွားပါတယ်။

ပယင်းရောင်းသူများ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

လုပ်ငန်းရှင်တွေလည်း ထွက်ပြေးကုန်တဲ့ အတွက် လုပ်အားခမရသေးတဲ့ ကျင်းသားတွေဟာ လမ်းစရိတ်ပြတ်ပြီး တနိုင်း မြို့နယ် နဲ့ ဖားကန့် မြို့နယ်ထဲမှာ သောင်တင်နေခဲ့ပါတယ်။

သူတို့ ခရီးဆက်နိုင်ဖို့ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေ လွှတ်တော်အမတ်တွေ ကားသမားတွေက အခမဲ့ ကူညီပေးခဲ့ ကြရပါတယ်။

ဒေသခံ တထောင်ကျော်ကတော့ တနိုင်းမြို့ပေါ်ကို ပြေးလာပြီး ဘာသာရေး ကျောင်းတွေထဲမှာ ခိုလှုံကြပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ဧရာဝတီက KIA ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ ၎င်းက “ဒါ KIA ရဲ့ ဝင်ငွေကို ဖြတ်တောက်ချင်လို့ တပ်မတော်က ဝင်တိုက်တာ” လို့ ပြောဆိုပါတယ်။

တပ်မတော်က စွပ်စွဲထားတဲ့ မှော်ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရတယ် ဆိုတာကိုလည်း ဒုဗိုလ်မှူးကြီး နော်ဘူက လုံးဝ လက်မခံပါဘူး။

ဖားကန့်ဒေသမှာ ကျောက်စိမ်းကို စက်ယန္တရားကြီးတွေနဲ့ တူးယူပြီး တောင်တွေကို ဖြိုချပစ်တဲ့ စစ်အစိုးရရဲ့ လုပ်ရပ် တွေက သာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတာလို့ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောဆိုပါတယ်။

သြဂုတ်လ ၁၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး စိုးမြင့်အောင် က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇ ပုဒ်မ(ဃ) အရ နိုင်ငံတော်ဟာ နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်၊ လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံးရဲ့ ပင်ရင်းပိုင်ရှင် ဖြစ်တယ်လို့ ပြောပါတယ်။

ကျန်းမာရေးအတွက် သုံးတဲ့ ပယင်း အသုံးအဆောင် ပစ္စည်းများ ရောင်းတဲ့ဆိုင် (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

နိုင်ငံတော် သယံဇာတတွေကို တူးဖော်တဲ့ အခါ ပြည်ထောင်စုအစိုးရ ခွင့်ပြုချက် ပါရှိမှ ဆောင်ရွက်လို့ရမှာ ဖြစ်သလို တူးဖော် သူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၁ ပုဒ်မခွဲ(က) ၊ ပုဒ်မ ၂၅၄ ပုဒ်မခွဲ (က) တို့အရ ပြည်ထောင်စု တိုင်း ဒေသကြီး/ပြည်နယ် များကို အခွန်ပေးရမှာလို့လည်း ဒုဗိုလ်မှူးကြီး စိုးမြင့်အောင်က ဆိုပါတယ်။

KIA က နိုင်ငံခြားသား ပညာရှင်တွေကိုလည်း ပယင်းမှော်တွေအတွင်း ခိုးသွင်းပြီး မှော်လုပ်ငန်းတွေ လုပ်ဆောင် နေတာလို့ လည်း ဒုဗိုလ်မှူးကြီး စိုးမြင့်အောင်က ပြောပါတယ်။
“တရားမဝင် လုပ်ရပ်တွေကနေ တနှစ်ကောက်ခံရရှိမှုက ကျပ်သိန်းပေါင်း ၂၈၀၀၀ ခန့်ရှိတယ်လို့ ဒေသ သတင်းတွေ အရ သိရပါတယ်။ ဒီငွေတွေကို KIA အဖွဲ့က ဒေသဖွံ့ဖြိုးရေး ဘာမှ မလုပ်ပေးပါဘူး။ ဒီငွေတွေဟာ နိုင်ငံတော် အတွက် အကျိုး မရှိဘဲ ၎င်းတို့ အဖွဲ့ရဲ့ အကျိုးနဲ့ လက်နက်ဆွဲကိုင်ပြီး ဥပဒေမဲ့ လုပ်ရပ်တွေ ဆက်လုပ်ဖို့ အဆိပ်ပင် ရေလောင်းသလို ဖြစ်သွား တာပါ”လိုလည်း ဒုဗိုလ်မှူးကြီး စိုးမြင့်အောင်က ပြောပါတယ်။

အချောမကိုင်ရသေးတဲ့ ပယင်းကျောက် အရိုင်းများ အရောင်းဆိုင် (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

မြေစာပင် ဖြစ်သွားတဲ့ ပယင်း ဒေသခံများ

တပြိုင်တည်းမှာ တပ်မတော်က KIA မှော်တွေရှိတဲ့ တနိုင်း မြို့ကို ဝင်တဲ့ ဆန်နဲ့ စက်သုံးဆီတွေကို ကန့်သတ် လိုက်ပါ တယ်။

နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး (ကချင်ပြည်နယ်) ၊ တနိုင်း မြို့နယ်ထဲက နယ်မြေခံ တပ်တွေက တပ်မတော် အရာရှိ တွေရဲ့ ခွင့်ပြုချက် လက်မှတ် အဆင့်ဆင့်ပါမှသာ ဆန်၊ စက်သုံးဆီတွေကို သယ်ယူခွင့် ပြုပါတယ်။

စစ်ဆေးမှုတွေ အထပ်ထပ်ကျော်ဖြတ်ပြီး တနိုင်းမြို့ထဲ ရောက်ရှိလာတဲ့ ဆန်၊ စက်သုံးဆီတွေက ဈေး ၂ဆ မြင့်တက် သွား ပါ တော့တယ်။

လျှပ်စစ်မီး မရှိတဲ့ တနိုင်းမြို့လေးရဲ့ ဒေသခံတွေကတော့ ဈေး ၂ဆမြင့်တက်နေတဲ့ စက်သုံးဆီကို နေ့စဉ် ဝယ်သုံး နေကြ ရပါတယ်။

ဆန်ကိုလည်း ပေါပေါများများ ဝယ်ယူလို့ မရတာကြောင့် ဘုရားကျောင်းဝင်း အတွင်းမှာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင်တွေ အတွက် ဆန်မလုံလောက်တဲ့ ပြဿနာကိုလည်း ဘုရားကျောင်း တာဝန်ရှိသူတွေက ရင်ဆိုင်နေရပါတယ်။

ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က “စစ်ဖြစ်တဲ့ အချိန်မှာ စီးပွားရေး အကောင်းဆုံး လုပ်တာကတော့ နှစ်ဘက်စစ်တပ်တွေပဲ KIA ဘက်လည်း အကြီးပိုင်းတွေက စီးပွားရေးပဲ ၊ တပ်မတော်မှာလည်း အကြီးပိုင်းတွေက စီးပွားရေးပဲ။ ခံရတာ ပြည်သူတွေပဲ”လို့ ဆိုပါတယ်။

တပ်မတော်က စာကျဲပြီး ထွက်ခိုင်းတဲ့ နမ်ဗျူ၊ အင်ဂါးဂါး၊ အွယ်လော၊ နမ့်ခမ်းရွာတွေက ပယင်း မတူးခင်ကတည်းက နေထိုင် နေကြတာ ဖြစ်ပြီး မှော်ရှိစဉ်ကလည်း ဒေသခံတွေက ဘာအကျိုးအမြတ်မှ ခံစားရတာ မဟုတ်ဘူးလို့ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

အချောမကိုင်ရသေးတဲ့ ပယင်းကျောက် အရိုင်းများ အရောင်းဆိုင် (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

KBC က တနိုင်း စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် အရပ်သားတွေ နေရပ်ပြန်မယ်ဆိုရင် နှစ်ဘက်တပ်တွေရဲ့ ကင်းစခန်းတွေ နောက်ဆုတ်ပေးဖို့ လိုသလို လုံခြုံရေးအရ ထောင်ထားတဲ့ မိုင်းတွေကို ပြန်ရှင်းပေးရမှာ ဖြစ်တာကြောင့် ညှိနှိုင်းမှု အဆင်မပြေသေးပါဘူး။

တနိုင်းမြို့အာဏာပိုင်တွေက မြို့ဂုဏ်သိက္ခာနဲ့ မညီဘူးဆိုပြီး စစ်ဘေးရှောင် စခန်းတွေလည်း ဖွင့်ခွင့် မပေးတာကြောင့် စစ်ဘေးရှောင်တွေက ဘုရားကျောင်းဝင်းထဲက အမိုးနဲ့ သံမံတလင်းပဲ ရှိတဲ့ အဆောက်အအုံတွေမှာ အကာအရံမရှိ နေထိုင် နေကြရပါတယ်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကတော့ တနိုင်းကိစ္စမှာ ပြည်သူတွေ နေရပ်ပြန်မယ်ဆို ကူညီပေးမယ် လို့ ပြောပေမယ့် မှော်ကိစ္စမှာတော့ တပ်မတော်က စစ်ရေးအမြင်နဲ့ လုပ်သွားတာ ဖြစ်ပြီး ပြည်နယ် အစိုးရနဲ့ တိုင်ပင်ပြောဆို ခြင်း တစုံတရာ မရှိတာကြောင့် ဘာမှ မှတ်ချက် မပေးလိုဘူးလို့ ဆိုပါတယ်။

သဘာဝ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (ကချင်ပြည်နယ်) ဝန်ကြီး ဦး H လအောင် ကတော့ မြန်မာနိုင်ငံ ကျောက်မျက် ဥပဒေကို အပြီးသတ် ပြင်ဆင်ပြဌာန်းပြီးပါက ပယင်းမှော်တွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းလမ်းတွေနဲ့ အညီ တရားဝင်လုပ်ကွက်တွေ ဖြစ်အောင် ဆောင်ရွက်သွားမှာလို့ ဆိုပါတယ်။

ပယင်းကျောက် ဝယ်ဖို့ ကြည့်နေတဲ့ ကုန်သည် (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

“ဥပဒေမရှိရင် ကျနော်တို့ ဘာမှလုပ်ပိုင်ခွင့် မရှိဘူး။ ဥပဒေတောင် ကချင်ပြည်နယ်ကို လုပ်ပိုင်ခွင့်ပေးမှ ကျနော်တို့ လုပ်လို့ ရမှာ။ တကယ်လို့ ဗဟိုကနေပဲ ကျောက်စိမ်းလို ကိုင်ထားတယ်ဆိုရင် ကျနော်လည်း ဘာမှလုပ်စရာ မရှိဘူး”လို့လည်း ဦး H လအောင် က ပြောပါတယ်။

ဥပဒေ ထွက်လာရင်တော့ ဘူမိဗေဒပညာရှင် အဖွဲ့တွေကို စေလွှတ်ပြီး ပယင်းမှော်တွေအကြောင်း သုတေသန လုပ်ဖို့နဲ့ ဒေသခံ တွေရဲ့ ဆန္ဒကိုလည်း ကောက်ယူဖို့ ကွင်းဆင်းတာတွေ လုပ်ဖို့ စဉ်းစားထားတယ်လို့ ဦး H လအောင် က ဆိုပါ တယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ တပ်မတော်ကြား ပယင်းမြေကို ပိုင်ဆိုင်ဖို့ တိုက်ခိုက်ကြတဲ့ ပွဲမှာ ဒေသခံတွေ ကတော့ အိုးအိမ်တွေ ပျောက်ဆုံး သွားခဲ့ရပါပြီ။
စားဝတ်နေရေး မပြေလည်လို့ အသက်နဲ့ ရင်းပြီး ကျင်းသား လာလုပ်တဲ့ သူတွေလည်း ထွက်ပြေးခဲ့ရ ပြီးပါပြီ။

ပယင်းမြေမှာ မှော်လုပ်ငန်းတွေ တကယ်ပဲ ရပ်တန့် သွားတော့မှာလား၊ လုပ်ငန်းရှင်နဲ့ ကျင်းသားတွေ စွန့်ပစ် ထားခဲ့ရတဲ့ ပယင်းကျင်းတွေရော ဘာတွေဖြစ်ကုန်ပြီလဲ ဆိုတာကိုတော့ ဘယ်သူကမှ မသိနိုင်ပါ။

အရင်က KIA ကို အခွန်အခပေးရင် မှော်ထဲ လွတ်လွတ်လပ်လပ် သွားလို့ ရပေမယ့် အခုတော့ မှော်တွေထဲကို နှစ်ဖက်တပ် က စစ်သားတွေက လွဲပြီး ဘယ်သူကမှ မဝင်ရဲကြတော့ပါဘူး။ ။

ဆက်စပ်ဖတ်ရှုရန် – ကချင် ဒေသ ပဋိပက္ခတွေကြားက ပယင်းမှော် (၁)

The post ကချင် ဒေသ ပဋိပက္ခတွေကြားက ပယင်းမှော် (၂) appeared first on ဧရာဝတီ.


စနစ်သစ် ပညာရေး နဲ့ အဆင်သင့် မဖြစ်သေးသူများ

$
0
0

အခုလက်ရှိ ပညာရေးဝန်ထမ်း အများစုက ပညာရေး စနစ်သစ်ကို ထဲထဲဝင်ဝင် လေ့လာပြီး ပူးပေါင်း ပါဝင်မှုနဲ့ ကြိုဆိုမှု အားနည်းတာကို တွေ့မြင်ရပါတယ်။

အနည်းစုကတော့ လေ့လာရင်း သင်ယူရင်းနဲ့ ပူးပေါင်းပါဝင်လို့ အပြုသဘော ဆောင်တာမျိုးလည်း ရှိပါတယ်။

ဝေဖန်မှုတွေထဲမှာ အများဆုံးက စနစ်တခုကိုပြောင်းရင် အဲဒီပြောင်းလဲလိုက်တဲ့ စနစ်က “What” ဘာလဲ၊ “Why” ဘာကြောင့်လဲ ဆိုတာကို သိချင်မှုက အဓိက ကျနေပါတယ်။

ဒါကြောင့် စနစ်ကိုတာဝန်ခံပြီး ပြောင်းလဲပေးတဲ့ တာဝန်ရှိ လူကြီးမင်းများ အနေနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ပညာရေး ဝန်ထမ်း တွေက တိကျစွာ တာဝန်ယူပေးနိုင်ဖို့ အားလုံး သဘောပေါက် ပါဝင်လာအောင် လွှမ်းခြုံနိုင်အောင် ဆောင်ရွက် ပေးနိုင်ဖို့ အထူး လိုအပ်လှပါတယ်။

ပညာရေး ဝန်ထမ်းတွေက တဆင့် ကျောင်းသား မိဘတွေ သိရှိပါဝင်လာအောင် ဆောင်ရွက်ပေးနိုင်ပေမယ့် လူကြီးမင်း များက သတင်း အချက်အလက်တွေ ပေးနိုင်မယ်ဆိုရင် ပိုပြီးခိုင်မာစေမှာပါ။

မိဘတချို့ကတော့ ပညာရေးစနစ်သစ်ကို စိတ်ဝင် တစားနဲ့ ပူးပေါင်း ပါဝင်နေကြတာကိုလည်း တွေ့မြင်နေရပါတယ်။

ယခုစနစ်သစ် ပညာရေးရဲ့ ခြေလှမ်းအစဖြစ်တဲ့ သင်ရိုးသစ် (KG – သူငယ်တန်း) နဲ့ (G1- ပထမတန်း) တွေကို စနစ်သစ် သင်ကြားနိုင်ဖို့ သင်တန်းတွေ ပေးတဲ့အခါ KG တန်း ဆိုရင် တကျောင်းကို KG တန်းသင် လက်ထောက် ဆရာမ တဦး၊ ကျောင်းအုပ်တဦး တက်ရပါတယ်၊ G1 တန်း ကိုတော့ တကျောင်းကို လက်ထောက်ဆရာမ နှစ်ဦး၊ ကျောင်းအုပ် တဦး တက်ကြရပါတယ်။

သင်တန်း တက်ထားပြီးတဲ့ ဆရာ၊ ဆရာမတွေ အပြောင်းအရွှေ့နဲ့ ရာထူး တိုးရသွားခဲ့ရင်၊ အဲဒီကျောင်းမှာ KG တန်း နဲ့ G1 တန်းသင် ဆရာမတွေ မရှိတော့ပါဘူး။ အစားဝင်လာတဲ့ ဆရာ၊ ဆရာတွေဟာ သင်တန်း တက်ထားပြီးသား မဟုတ် ရင် အဲဒီကျောင်းအတွက် လုံးဝအဆင်မပြေဘဲ စနစ်သစ် သင်ကြားရေးကို သွေဖည် သွားနိုင်ပါတယ်။

ဒါကြောင့် ယခုနှစ် သြဂုတ်လတွင်းမှာ KG တန်း နဲ့ G1 တန်းသင် ဆရာ၊ ဆရာမတွေ ရာထူးတိုးနဲ့ အပြောင်းအရွှေ့ တွေကြောင့် လစ်ဟာသွားတဲ့ ကျောင်းတွေကို သင်ရိုးသစ် သင်ကြားရေး ခိုင်မာစေရေး အတွက် လစ်ဟာမှု မရှိစေဖို့ စက်တင်ဘာ တလလုံး ကျောင်းပိတ်ရက် ဥပုသ်နေ့နဲ့ တနင်္ဂနွေနေ့တိုင်းမှာ သင်ရိုးသစ် သင်တန်းတွေ ထပ်မံဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။

ကျမတို့ရဲ့ သင်ရိုးသစ် သင်ကြားရေးကို တာဝန်ယူနေကြရတဲ့ ဆရာ၊ ဆရာမတွေဟာ သင်တန်း တက်ထားပြီး ပေမယ့် လည်း ကျောင်းရဲ့လိုအပ်ချက် အခြေအနေအရ တာဝန်ယူနေရပေမယ့် ကလေးများအပေါ်မှာ လည်းကောင်း၊ သင်ရိုး သစ် ရဲ့ သင်ကြားရေးအပေါ်မှာ လည်းကောင်း စိတ်ဝင်စားမှု မရှိဘူးဆိုရင်၊ ညွှန်ကြားချက်တွေ အတိုင်း မလိုက်နာဘဲ စနစ်ဟောင်း သင်ရိုးအတိုင်း စာပဲသင်နေမယ်ဆိုရင် ကျမတို့ သင်ကြားရေး ဆရာ၊ ဆရာမတွေရဲ့ အားနည်းချက်တွေ ဖြစ်လာနိုင်တာမို့ မဖြစ်အောင် ကြိုးစားကြရပါမယ်။

စနစ်သစ်ရဲ့ သင်ရိုးသစ်ကလေးများဟာ Grade Two, Three, Four ၂ တန်း ၃ တန်း ၄ တန်း စသဖြင့် တက်ရောက် သွားတဲ့အခါ အတန်းစဉ် အလိုက် ရရှိသွားရမယ့် Skill တွေကို တပါတည်း ရရှိသွားနိုင်အောင် အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေနဲ့ ကြိုးစားလှုပ်ရှား ကြရပါလိမ့်မယ်။

ကျမတို့ရဲ့ သက်ဆိုင်ရာ လူကြီးမင်းများနဲ့ ကျောင်းအုပ်ကြီးများကလည်း လိုအပ်ချက်တွေကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရပါမယ်။

ဥပမာ စာသင်ခန်း တခန်းမှာ ကလေးဦးရေ များလွန်းတဲ့အခါ ဆရာ၊ ဆရာမ တဦးတည်းနဲ့ သင်ကြားရေး မထိရောက် တာမျိုး။

ကျမတို့ (ကြီးကြပ်/အကဲဖြတ်) ဖို့ သွားခဲ့ရတဲ့ မူလွန်ကျောင်းတချို့မှာ ကျောင်းသား၊ ဆရာ အချိုးအစား မညီမျှမှုတွေ ကို တွေ့ခဲ့ရပါတယ်။

သင်ရိုးသစ်မှာ သင်ထောက်ကူ ပစ္စည်းတွေ မသုံးမဖြစ် အသုံးပြု သင်ကြားကြရတာမို့ ပညာရေးဌာနက ပံ့ပိုး ကူညီပေး တဲ့ (Kid box) တွေအပြင် အခြားအသုံးပြုဖို့ လိုအပ်တဲ့ သင်ထောက်ကူတွေကိုလည်း ဖြည်ဆည်းပေးနိုင်ဖို့ အရေး တကြီး လိုအပ်လှ ပါတယ်။

တချို့ကျောင်းတွေမှာ ကျောင်းအုပ်ကြီးတွေက ဖြည့်ဆည်းပေးကြပေမယ့် တချို့ ကျောင်းတွေမှာတော့ ကျောင်းအုပ် ကြီးတွေက စိတ်ဝင်စားမှု မရှိတာမို့ လိုအပ်တဲ့ သင်ထောက်ကူတွေ မရှိတာ ဝမ်းနည်းဖွယ် တွေ့ရပါတယ်။

တချို့ကျောင်းတွေမှာ KG တန်း အခန်းလေးကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စီမံပေးနိုင်မှုမရှိဘဲ ဖြစ်သလိုထားပြီး ဖြစ်သလို သင်ကြားနေတာလည်း တွေ့မြင်ရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ်ထဲက မူလတန်းကျောင်း တကျောင်းကို (ကြီးကြပ်/အကဲဖြတ်) သွားခဲ့ရာမှာ KG တန်း ကလေးတွေရဲ့ စာသင်ခန်းလေးဟာ အောက်ခံ သမံတလင်းကို ပလတ်စတစ် ကျွန်းကွက်စကို ခင်းထားပြီး အေးစိမ့်နေပါတယ်။ စာသင်တဲ့အခါ ပလတ်စတစ် ခုံပုလေးတွေနဲ့ ထိုင်ကြပါတယ်။ ခြေထောက်ချပြီး ထိုင်ရတာမို့ အအေး ဓာတ်ကို မကာကွယ် နိုင်ပါဘူး။

ကျမက နာရီဝက်လောက် ကလေးတွေနဲ့ အတူတူထိုင်ပြီး အအေးဓာတ်ကို ခံစားကြည့်ပါတယ်။ အေးစက်ပြီး နွေးထွေး မှု မရှိတဲ့ အခန်းလေးမှာ တနှစ်ပတ်လုံး နေရမယ့် နုနယ်တဲ့ ကလေးတွေ အတွက် စိုးရိမ်စရာ အခြေအနေပါ။

ကျောင်းအုပ် ဆရာမကြီးကို ခေါ်ပြီး အခြေအနေကို ပြောပြပြီး ထူထူလေးခင်းပေးဖို့ ဆွေးနွေးကြည့်တဲ့အခါ “မိဘများဆီက အလှူခံပြီး ခင်းလိုက်ပါ့မယ်” တဲ့ ။ ငွေ နှစ်သောင်းလောက် ကုန်ကျမယ့် ကိစ္စလေးကို မိဘများဆီက အလှူခံမယ် ဆိုတော့ သိပ်ပြီး ဘဝင်မကျလှပါဘူး။

ပထမတန်း G1 ခန်းကို ဝင်ကြည့်တဲ့အခါ သက်ဆိုင်ရာ ဆရာမက လပိုင်းနဲ့အညီ မသင်နိုင်တာကို တွေ့ရပါတယ်။ “စတုတ္ထတန်းကို သချာၤ (၇) ချိန် ဝင်ပေးရပါတယ်” တဲ့။
သင်ရိုးသစ် အတွက် လမ်းညွှန် ဆရာလက်စွဲမှာ တနေ့ချင်း သင်ခန်းစာတွေကို အချိန် သတ်မှတ်ချက်နဲ့ စနစ်တကျ ရေးဆွဲ ထားတာမို့ အခြား အတန်းတတန်းကို တွဲသင်ရတဲ့အခါ G1 တန်းဟာ လပိုင်းသင်ရိုးနဲ့ ကိုက်ညီမှု မရှိတော့ဘဲ နောက်ကျ နေပါတော့တယ်။

KG တန်း ဆရာမကလည်း “စတုတ္ထတန်းကို အင်္ဂလိပ်စာ ဝင်ရပါတယ်၊ ကျောင်းအုပ်ကြီး စာမသင်နိုင်ဘူး ဆိုတာက အထွေထွေ လုပ်သားမရှိတော့ ရုံးလုပ်ငန်းနဲ့ ရုံးစာပို့ကို သူကိုယ်တိုင် လုပ်နေရတော့လေ”လို့ ပြောပါတယ်။

အဲဒီတော့ KG တန်း ကလေးတွေမှာလည်း ရှိသင့်တဲ့ Skill တွေ ကလေးတွေမှာ မရှိတာကို တွေ့ခဲ့ရပါတယ်။

ကျောင်းအုပ်ကြီး တချို့ရဲ့ စနစ်သစ်ကို ကြိုဆိုမှု အားနည်းချက်တွေဟာ သင်ရိုးသစ် သင်ကြားရေးကို အနုတ် လက္ခဏာ ဆောင်စေပါတော့တယ်။

အုပ်ချုပ်မှု သင်တန်း တက်ခဲ့စဉ်က ပညာရေးဝန်ကြီး အမှာစကားပြောကြားရာမှာ ယခုလက်ရှိ ပညာရေးစနစ်သစ်ဟာ
– လူတိုင်း တန်းတူညီမျှ ပါဝင်သင်ကြားခွင့် ပေးထားကြောင်း
– အရည်အသွေး ရှိသည့် ပညာရေး စနစ်တခု ဖြစ်လာစေရန်
– သင်ထောက်ကူပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းများ၊ ကျောင်းသားဆရာ
အချိုးမျှတစေရန်၊ ဖြည့်ဆည်း ဆောင်ရွက် ပေးရေး လိုအပ်ကြောင်း ပြောကြားသွားပါတယ်။

ပညာရေးစနစ်သစ် သင်ရိုးသစ်ရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ KG တန်း နဲ့ G1 တန်းမှာ အရေးတကြီး လိုအပ်နေတဲ့ ဆရာ ဦးရေ၊ စာသင်ခန်း ဦးရေ တွေကိုလည်း ဖြည့်ဆည်းပေးနိုင်ဖို့ စနစ်သစ်ကို ကြိုဆိုရင်း မျှော်လင့်ရပါတယ်။

မျှော်လင့်ချက်နဲ့ အတူ ပညာရေး စနစ်သစ်(သင်ရိုးသစ်)ကို တာဝန်ယူ သင်ကြားပေးနေတဲ့ Main player တွေ ကိုယ်တိုင် က ဒီစနစ်သစ် အပေါ်မှာ ယုံကြည်မှုရှိရပါမယ်။
ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ကိုယ်တိုင် အကဲဖြတ်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းကြရပါမယ်။

ဆရာဆိုတာ “ထာဝရ ကျောင်းသားကြီးများ” လု့ိ ကျမတို့ရဲ့ ပညာရေးဌာန ဆရာကြီးများက ဆိုထားတာ လုံးဝ မှန်ကန် တာမို့ အမြဲမပြတ် လေ့လာသင်ယူ နေကြရမှာပါ။

ဆရာကြီး ဒေါက်တာ သိန်းလွင် (ပါမောက္ခငြိမ်း) ပညာရေး-စိတ်ပညာ ရေးသား ထုတ်ဝေထားတဲ့ “ထိထိရောက်ရောက် သင်ကြား သင်ယူရေး နည်းပညာ” စာအုပ်ထဲက “တချိန်က ဆရာဆိုတာ” ရိုးသားဖြောင့်မတ်မှု၊ အလုပ်ကြိုးစား လုပ်ကိုင် မှု၊ ရက်ရောမှု၊ ရင်းနှီးစွာ ဆက်ဆံတတ်မှု၊ အခြားလူများ အတွက် စဉ်းစားပေးနိုင်မှု စတဲ့ အရည်အသွေးတွေ အရေးကြီးတယ်လို့ သတ်မှတ်ကြပါတယ်တဲ့။

အခုအချိန်ထိတိုင် မရိုးနိုင်တဲ့ သတ်မှတ်ချက်တွေ ဖြစ်နေပါသေးတယ်၊ ဒါကြောင့် ကျမတို့အားလုံး “ထိရောက်တဲ့ဆရာ” တွေ ဖြစ်ခွင့်ရအောင် ပညာရေး စနစ်သစ်နဲ့အတူ စီးမျောပါဝင်နိုင်ဖို့ အခုအချိန်ဟာ အကောင်းဆုံးအချိန် ဖြစ်နေပါပြီ။

သင်ရိုးသစ် ပြောင်းလဲခြင်းနဲ့အတူ သင်ကြားရေးဆရာ တယောက်ရဲ့ အတန်းတွင်း အရည်အချင်းတွေကိုလည်း ဖြည့်ဆည်း ကြရပါမယ်။

အတန်းထဲမှာ သင်ကြားရေး စနစ်ကျမှု၊ စည်းကမ်း လိုက်နာမှု၊ ထိုးထွင်း သိမြင်တတ်မှု၊ နှစ်မြှုပ်လုပ်ကိုင် တတ်မှု ဆိုတာ တွေနဲ့ ပေါ်လွင်အောင် မိမိရဲ့အရည်အချင်းတွေကို ဖော်ထုတ်နိုင်သူတွေ ဖြစ်ကြရပါမယ်။

အဲဒီအချက်တွေ အားလုံး ပြည့်စုံတဲ့ အရည်အချင်းတွေ ကျမတို့မှာ ရှိနေပြီလား။

အခုလက်ရှိ ပညာရေး စနစ်သစ်က ၂၁ ရာစု ဆိုင်ရာ ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုး တိုးတက်စေဖို့နဲ့ တွေးခေါ်ကြံဆ ဝေဖန် ပိုင်းခြား နိုင်ပြီး ဉာဏဗလ၊ ကာယဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုတဲ့ ဗလ ငါးတန်နဲ့ ပြည့်စုံသူတွေ ဖြစ်လာ စေဖို့ ရည်ရွယ်ပါတယ်။

ဒါ့အပြင် မိမိတို့ နိုင်ငံသာမက၊ ကမ္ဘာ တဝန်းလုံး ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေကိုပါ စွမ်းဆောင်နိုင်တဲ့ နိုင်ငံ့ သားကောင်း ရတနာတွေ ဖြစ်လာစေရေး၊ ရည်မှန်းချက်တွေကိုလည်း ထားရှိပါတယ်။

“ပညာရေးဆိုတာ ရှင်ဘုရင်ကြီး ဖြစ်ဖို့၊ အရာရှိကြီး ဖြစ်ဖို့၊ တရားသူကြီး ဖြစ်ဖို့ မဟုတ်ပါဘူး၊ ပြည်သူပြည်သားကောင်း တယောက် ဖြစ်ဖို့ လေ့ကျင့်ပေးခြင်းသာ ဖြစ်ပါတယ်”တဲ့။
ဒါဟာ အတွေးအခေါ် ပညာရှင်ကြီး “ရူးဆိုး” ရဲ့ ပညာရေး ရည်မှန်းချက်ပါ။

ကျမတို့ ပညာရေးဟာ ပြည်သူပြည်သား ကောင်းတွေ ဖြစ်လာအောင် (သိန်းပေါင်းများစွာ) လေ့ကျင့်ပေးနိုင်တဲ့ နေရာ ပါ။

ပြည်သူပြည်သားကောင်း (Good Citizen) တယောက်ဖြစ်ဖို့ တာဝန် ဝတ္တရားတွေ၊ အခွင့်အရေးတွေ၊ လေးစားလိုက်နာ ရမယ့် စည်းကမ်းတွေက ဘာတွေလဲဆိုတာကို သိအောင် သင်ပြပေးပြီး လိုက်နာအောင် လေ့ကျင့်ပေးနိုင်တာ ကျမတို့ ရဲ့ ပညာရေးပါပဲ။

“ဆရာ၊ ဆရာမများရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်းတွေ မပြည့်ဝတဲ့အတွက် အချင်းချင်း အပြန်အလှန် လေးစား မှု၊ ရိုင်းပင်း ကူညီမှုတွေ မရှိကြတော့ဘူး၊ အဲဒီတော့ ကလေးများရှေ့မှာ မလုပ်သင့်တဲ့ အလုပ်တွေ (အချင်းချင်း အော်ဟစ် ငြင်းခုန်တာမျိုး၊ ပြစ်တင်မာန်မဲတာမျိုး၊ စောင်းမြောင်း ပြောဆိုတာမျိုး) ကို လုပ်လာကြတာ တွေ့လာပါတယ်” လို့ ရန်ကုန်တိုင်း ပညာရေးမှူးရုံးက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဆရာမကြီးက ကျမတို့ ဆရာ၊ ဆရာမတွေရဲ့ အခြေအနေမှန်ကို မီးမောင်း ထိုးပြသွားပါတယ်။

အဲဒီမီးမောင်းက ကျမအပေါ်ကို တည့်တည့်ကျဖူးပါတယ်။ စောင်းမြောင်း ပြောဆိုခြင်းကို အခုအချိန်မှာ လတ်တလော ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရလု့ိပါ။

ရှေ့ပိုင်းမှာပြောခဲ့တဲ့ KG တန်း နဲ့ G1 တန်း သင်ကြားရေး အဆင်မပြေဖြစ်နေတဲ့ မူလတန်းကျောင်းရဲ့ အခြေအနေကို မြို့နယ် ပညာရေးမှူးရုံးကို ပြန်ရောက်တဲ့အခါ မြေပြင် တွေ့ရှိချက်ကို အရှိအတိုင်း မြို့နယ်ပညာရေးမှူး ဆရာမကြီးကို အစီရင်ခံ တင်ပြပါတယ်။

ကျောင်းအုပ်ကြီး စာမသင်တာကို လက်ထောက်ဆရာမများက ဖုံးဖုံးဖိဖိလေး ပြောပြတဲ့အကြောင်း၊ KG တန်း ကလေး တွေ အခန်းဟာ အေးစက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခင်းမရှိကြောင်း ကျမက တွေ့ရှိချက်တွေကို အရှိအတိုင်း တင်ပြခဲ့တာပါ။

နောက်တနေ့ အဲဒီကျောင်းက ကျောင်းအုပ်ဆရာမကြီးကို မြို့နယ်ပညာရေးမှူးက ခေါ်ယူတွေ့ဆုံပြီး အခက်အခဲတွေ ကို မေးမြန်းပါတယ်။ ပြီးမှ ပညာရေးမှူး ဆရာမကြီးက KG တန်း နဲ့ G1 တန်း သင် ဆရာမတွေဟာ အခြားအတန်း တခုကို တွဲပြီး သင်ကြားရရင် သင်ရိုးသစ် အတွက် အဆင်မပြေကြောင်း မူလတန်း ကျောင်းအုပ်ကြီးတွေဟာ အခြေ အနေ အရ အတန်းတခုလုံးရဲ့ သင်ကြားရေးကို တာဝန်မယူနိုင်ရင် တဘာသာလောက် တာဝန်ယူ သင်ကြား နိုင်ရမယ် ဆိုတာ ညွှန်ကြားစာ ထုတ်ထားပြီးဖြစ်ကြောင်း စာမသင်ဘဲနေလို့ မရကြောင်း အချိန်ယူပြီး သေချာရှင်းပြပါတယ်။

ပညာရေးမှူး ဆရာမကြီး ရှင်းပြတာအဆုံးမှာ “အဲဒီ စာမသင်ဘူးဆိုတာကို ဘယ်သူက သတင်းပို့တယ်ဆိုတာကို သိတယ်၊ ဘယ်သူက ဘယ်လိုသတင်းပို့တယ် ဆိုတာကို သိတယ်၊ အလုပ်တွေမအားလို့ စာမသင်နိုင်တာ ဘယ်သူ သတင်းပို့တယ် ဆိုတာသိတယ်” နဲ့ ဒေါသသံ ထပ်တလဲလဲနဲ့ကို ပြောပါတော့တယ်။

တာဝန်ရှိ ပညာရေးမှူးက ဆရာမကြီးကို “ဒုတိယတန်း အဆင့်နဲ့ တတိယတန်းသင် ဆရာမတွေကို စတုတ္ထတန်းကိုပါ တွဲသင်ခိုင်းပါ” ဆိုတော့ “သူတို့လည်း အဲဒီအတန်းကို တွဲသင် နေရတာပဲလေ” တဲ့ ။

ကျောင်းရှိ ဆရာမများအားလုံး အတန်းတွဲသင် နေရတာကြောင့် အဆင်မပြေဖြစ်နေတာက သင်ရိုးသစ် KG တန်း နဲ့ G1 တန်း ကလေးတွေပါ။

လိုအပ်ချက်တွေ ရှိနေတဲ့အချိန်မှာ စာမသင်တာက သူတယောက်တည်း ဆိုတာကို မြို့နယ် ပညာရေးမှူးက ပေါ်လွင် အောင် သေချာမေးမြန်းပြီး “ကြိုးစားပေးပါနော် ဆရာမကြီးက စတုတ္ထတန်းမှာ နှစ်ဘာသာလောက် သင်ပေး နိုင်ရင် အဆင်ပြေပါပြီ” လို့ ပြောပြီး လမ်းညွှန် ညှိနှိုင်းမှုကို အဆုံးသတ်လိုက်ပါတယ်။

ကျမကို စောင်းမြောင်း ပြောဆိုတာ ခံလိုက်ရပေမယ့် နားလည်သွားလောက်ပြီလို့ ထင်ထားခဲ့တာမှာ သူက “ခံလိုက်ဦး ပေါ့၊ ကံနိမ့်နေတုန်းတော့ ခံလိုက်ဦးပေါ့၊ ဝဋ်ရှိသမျှ ခံလိုက်ဦးပေါ့”နဲ့ ပြောပြီး ပြန်သွားတဲ့အခါ စိတ်မကောင်းစွာနဲ့ ကျန်ခဲ့ ရပါတယ်။

ကျောင်းအုပ် ဆရာမကြီး တယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး မပြည့်ဝမှုဟာ ကျမတို့ ဆောင်ရွက်နေတဲ့ သင်ရိုးသစ် ပေါက်မြောက်ရေးကို ဦးမတည်တော့ဘဲ ဘေးချော် ထွက်သွားပါတော့တယ်။

ကြီးကြပ်/အကဲဖြတ်ခြင်း တာဝန်ကို ထမ်းနေကြရတဲ့ ကျမတို့တွေကို စင်ပေါ်ကလို့ ထင်ရင် မှားပါလိမ့်မယ်။ စင်ပေါ်က လို့ ဆိုရင်လည်း ရင်နာရတဲ့ ဇာတ်လမ်းလေးတွေကို တခါတရံမှာ ကနေကြရတဲ့ မင်းသမီးများမို့ ကိုယ့်ဝမ်းနာ ကိုယ်သာ အသိဆုံးပါ။

ကိုယ်တိုင် ကျောင်းအုပ်တာဝန် ယူခဲ့စဉ်က စစ်ဆေးရေး လာမယ်ဆိုရင် ရင်ပူခဲ့ရတာကို ကိုယ်ချင်းစာခဲ့တာမို့ ကိုယ် ဒီနေရာကို ရောက်တော့ “တီချယ်တို့ရေ စိတ်အေးအေးထားပြီး လုပ်ကြနော်၊ မပြီးရင် ကူလုပ်ပေးမယ်နော်၊ အတူတူ ပူးပေါင်းလုပ်ရင် အချိန်တန် ပြီးရမှာပေါ့” နဲ့ လက်တွဲ ခေါ်ယူပေးခဲ့ကြတာပါ။

ပြည်သူပြည်သားကောင်း များစွာကို ထုတ်ပေးနိုင်တဲ့ ကျမတို့ ပညာရေးဌာန ဝန်ထမ်းတွေဟာ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေ ပြည့်ဝမှု ရှိနေရမယ်ဆိုတဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဆရာမကြီးရဲ့ လမ်းညွှန်ချက်တွေဟာ အင်မတန် အရေးကြီးပြီး အချိန်မီ ပြုပြင်ပြောင်းလဲကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြောင်းလဲလာတဲ့ ပညာရေး စနစ်သစ်ကို ကျမတို့အားလုံးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေ မြှင့်တင် ကြိုးစားရင်း ကြိုဆိုကြဖို့ တိုက်တွန်း လိုက်ရပါတယ်။ ။

စာရေးသူ ခင်မေထက် (ပညာရေး) သည် ပညာရေးဝန်ကြီး ဌာနတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသည့် လုပ်ငန်း အတွေ့အကြုံ ၃၅ နှစ်ခန့်ရှိသော အရာရှိတဦး ဖြစ်ပါသည်။

The post စနစ်သစ် ပညာရေး နဲ့ အဆင်သင့် မဖြစ်သေးသူများ appeared first on ဧရာဝတီ.

သက်တော်ရှည်တော်လှန်ရေးသမားကြီး (သို့) နိုင်ငွေသိမ်း

$
0
0

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံ တနိုင်ငံအဖြစ် မှတ်တမ်းဝင်နေပြီဖြစ်ပါတယ်။ အင်္ဂလိပ်၂ ကြိမ်၊ ဂျပန်တကြိမ် သိမ်း ပိုက်အုပ်ချုပ်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းနေစဉ်ကာလအတွင်း ၁၉၄၇၊ ဇူလိုင်လထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အစိုးရအဖွဲ့ လုပ်ကြံခံရ ပါတယ်။

ထို့နောက်မှ ၁၉၄၈ ဇန်နဝါရီ ၁ရက်နေ့မှာ အင်္ဂလိပ်ထံက လွတ်လပ်ရေးရပြီး များမကြာမီ ဖွားဖက်တော် ပြည်တွင်းစစ်မီး လောင်တော့ တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖခင်ကြီးလို့ ခေါ်ဆိုသတ်မှတ်ကြတဲ့ အမျိုးသားစာဆိုကြီးသခင်ကိုယ်တော်မှိုင်း မကွယ်လွန်မီ မြည်ဟီးသွားသလို ငါမ သေခင် ပြည်တွင်းငြိမ်းချမ်းရေး မြင်သွားချင်တယ်ကွာဆိုတဲ့စကားကတော့ ခုထိ မပြည့်ဝနိုင်သေးပါဘူး။

မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့တိုက်ပွဲတွေဟာ တနေရာမဟုတ်တနေရာ နေ့စဉ်ရက်ဆက်ရှိနေပါတယ်။ ခုအ ခြေအနေမှာကို အပစ်ခတ်ရပ်စဲရေး လုပ်နေကြသော်လည်း မကြာခဏဆို တိုက်ပွဲတွေဖြစ်နေပါတယ်။ မည်သူမှား မည်သူမှန်ကတော့ ကာယကံရှင်များသာ(တိုက်ပွဲဆင်နေကြသူများ) သိပါလိမ့်မယ်။

ယခုစာအုပ်ကတော့ လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံးလုပ်ဆောင်ခဲ့တဲ့ မွန်အမျိုးသားတွေထဲက ခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ငွေသိမ်းကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ တော်လှန်ရေး၊ နိုင်ငံရေးဆိုင်ရာ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။

အသက် ၉၄ နှစ်အရွယ်ရှိ မွန်အမျိုးသားကြီး နိုင်ငွေသိမ်းဟာ သူ ဖြတ်သန်းလှုပ်ရှားခဲ့တဲ့အကြောင်းအရာများကို မမေ့မလျော့ မှတ် တမ်းတင်ထားနိုင်တာကို တွေ့ရပြီး စာအုပ်အမည်ကို ဇာတိမြေမှ ယနေ့တိုင် တော်လှန်ရေးနှင့်နိုင်ငံရေး ခရီး လို့ပေးထားပါတယ်။

စာအုပ်မှာ အပိုင်း ၂ပိုင်းပါရှိပြီး အပိုင်း(၁)မှာ ဇာတိမြေမှ ယနေ့တိုင်တော်လှန်ရေး၊ နိုင်ငံရေးဖြတ်သန်းမှုနောက်ခံသမိုင်း၊ ကျနော်နှင့် အကျဉ်းထောင်၊ ကျနော်နှင့်ထိုင်းခရီး၊ ကျနော်နှင့်သထုံဦးလှဖေ၊ ၃၁ကြိမ်မြောက် မွန်အမျိုးသားနေ့အကြို အခမ်းအနားတွင် မွန်အမျိုး သားနေ့နှင့်ပတ်သက်သော ဟောပြောချက်စာတမ်း၊ ဆရာနိုင်ငွေသိမ်း၏စာတမ်းကို ဖတ်ကြားပြီးနောက် မရှင်းလင်းသည့်အချက်များ ပေါ် အမေးအဖြေ၊ မွန်ပြည်နယ်ဖော်ထုတ်ရေးအလုပ်ကော်မတီ ဗဟိုဖွဲ့စည်းခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှတောင်ကြီးညီ လာခံသို့၊ မွန်လူမျိုးကို တလိုင်းအခေါ်အဝေါ်ကြောင့် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနသို့ ရေးသားပေးပို့သည့်စာတမ်း၊ နိုင်ငံ ရေး စည်းရုံးရေး- အရေအတွက်မှ အရည်အချင်းသို့၊ မွန်လက်နက်ကိုင်တော်လှန်ရေးကာလ အလုပ်သမားကိစ္စတို့ ပါဝင်ပါတယ်။

စာအုပ်ရဲ့အပိုင်း(၂)မှာတော့ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုများဆိုတဲ့ကဏ္ဍမှာ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ (UNLD)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်တို့တွေ့ဆုံဆွေးနွေးပွဲမှတ်တမ်း၊ မြန်မာ့အသံနှင့်မြန်မာရုပ်မြင်သံကြားအစီအစဉ်မှ အသံလွှင့်ဟောပြောချက်စာတမ်း၊ မွန်ပြည် သစ်ပါတီသို့ ရေးသားပေးပို့သည့်စာတမ်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ပေးစာ၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးထံသို့ ပေးပို့သည့်စာ၊ ဘယ်လိုရှေ့ဆက်မလဲ၊ MNDF EC စာရင်း၊ နိုင်ငွေသိမ်း၏မှတ်မှတ်ရရရက်စွဲများ၊ ဓာတ်ပုံမှတ်တမ်းတို့ပါရှိပါတယ်။

ဖဆပလ အပါအဝင် မဆလ၊ နဝတ၊ နအဖ အစရှိတဲ့ စစ်အစိုးရ ၃ဆက်လောက်ကို တော်လှန်ရေးလုပ်ခဲ့တဲ့ မွန်ခေါင်းဆောင် နိုင်ငွေ သိမ်းရဲ့ကိုယ်ရေးအကျဉ်းကို အနည်းငယ်ဖတ်ကြည့်စေချင်ပါတယ်။

၁၉၂၃ မတ်လ ၁၉ရက်နေ့မှာ အဘ နိုင်သာဒွန်းအောင် အမိ မိငွေသုန်တို့မှ ဖွားမြင်ပြီး ၁၉၃၈ခုနှစ်မှာ ဖျာပုံအထက်တန်းကျောင်းသား ဘဝမှပင် ကျောင်းသားသပိတ်ခေါင်းဆောင်အဖြစ် စတင်လှုပ်ရှားခဲ့ပါတယ်။

၁၉၄၂ ဂျပ်ဆင်ကောလိပ် တက္ကသိုလ်ကျောင်းသားဘဝမှာလည်း နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများလုပ်ခဲ့ပြီး BIA (ဗမာ့လွတ်လပ် ရေးတပ်မတော်)သို့ဝင်ခဲ့ပြီး ကျိုက်လတ်မြို့နယ်လုံခြုံရေးတာဝန်ယူခဲ့ပါတယ်။

ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)အဖြစ် ပြောင်းလဲဖွဲ့စည်းတဲ့အခါမှာလည်း ဗိုလ်ချုပ်အောင် ဆန်းက ဗိုလ်သင်တန်းတက်ရောက်ရန် ဆင့်ခေါ်ခံရဖူးသူတဦးဖြစ်ပြီး ဂျပန်တို့အား စတင်တော်လှန်ခဲ့တဲ့ ၁၉၄၅၊ မတ်လ ၂၇ရက် (တော်လှန်ရေးနေ့)မှာ ရန်ကုန်ခရိုင် ပြောက်ကျားတပ်ဖွဲ့ဝင်တဦးအဖြစ် ဒဂုံမြို့နယ်မှာ တာဝန်ယူခဲ့သူတဦးဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ပြည်သူ့ရဲဘော်အဖွဲ့တွင် ပါဝင်ခဲ့ပြီး အဖွဲ့ရဲ့ကြွေးကြော်သံဖြစ်တဲ့ ပြည်သူ့ ရဲဘော်ဂျာနယ်မှာ ပုံနှိပ်နဲ့ဖြန့်ချိရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့တယ်။ ၁၉၄၇ ဗိုလ်ချုပ်တို့လုပ်ကြံခံရအပြီး ပြည်သူ့ရဲဘော်အဖွဲ့က နုတ်ထွက်ခဲ့ပါတယ်။

စာအုပ်ရေးသားသူ နိုင်ငွေသိမ်းကိုယ်တိုင် ဦးနု အစိုးရ၊ ဦးနေဝင်းအစိုးရ၊ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် အစရှိတဲ့အစိုးရအဆက်ဆက်များမှာ ၎င်းကြုံတွေ့လျှောက်ခဲ့ရတဲ့ တော်လှန်ရေးဘဝ၊ ထောင်တွင်းနိုင်ငံရေးတိုက်ပွဲများပါဝင်တဲ့နိုင်ငံ ရေးခရီးရှည် ဖြတ်သန်းမှုများကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ထောင်တွင်းဖြတ်သန်းမှုများအဖြစ်လည်း ပထမဆုံးအကြိမ်အဖြစ် ၁၉၄၈ ဇူလိုင်၂၈ရက်မှာ မော်လမြိုင်ထောင်ကျခဲ့ပြီး ၁၉၆၂ မတ်လ ၂ရက် တော်လှန်ရေးကောင်စီတက်လာချိန်မှာ ထပ်မံဖမ်းဆီးခံရ၊ ၁၉၉၀ သြဂုတ်လ ၁၉ရက်မှာ ဂန္ဒီခန်းမ ဗိုလ်အောင်ကျော်လမ်းပူးတွဲ ကြေညာချက်ကြောင့် ထောင်ဒဏ် ၂၁ နှစ်ချခံခဲ့ရပြီး ၁၉၉၈မှာတော့ မွန်ပြည်သစ်ပါတီသို့ အကြံပြုစာတမ်းကြောင့် ထောင်ဒဏ် ၇ နှစ်နဲ့ ထောင်တွင်းအတွေ့အကြုံဖြတ်သန်းခဲ့ပုံကို ဖတ်ရှုရပါတယ်။

နိုင်ငံရေးဆောင်ရွက်မှုများအဖြစ် ၂၀၀၃ခု၊ မေလ၁၂ရက်တွင် နိုင်ငွေသိမ်းပါဝင်ဆောင်ရွက်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ အ ဖွဲ့ ၂၃ ဦးကော်မတီအနေနဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသို့ ပေးစာပို့ခြင်း၊ ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းထံ ပေးစာပေးပို့ခြင်းတို့ ဆောင်ရွက်ခဲ့ခြင်းများကို ဖတ်ရပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ပေးစာမှာ အချက် ၉ ချက်ပါဝင်ပြီး အမှတ်၄တွင် “ကျွန်ုပ်တို့သည် အခါအခွင့်သင့်တိုင်း ယုံကြည်ချက် အရ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးပါရန်၊ အကြိမ်ကြိမ်မေတ္တာရပ်ခံ ပန်ကြားခဲ့ ပါသည်။ ယင်းသို့မေတ္တာရပ်ခံပန်ကြားနေရခြင်းမှာလည်းကာယကံရှင်နှစ်ဦးနှစ်ဖက်စလုံးက လိုလားလျက်ရှိသည်ဟု ယူဆရသော အမျိုးသားရင်ကြားစေ့ရေးပြဿနာကိုဖြေရှင်းရာတွင်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးခြင်းသည် မလွှဲ မသွေပေါ်ပေါက်လာမည်ဖြစ်သော နိုင်ငံရေးဆွေးနွေးပွဲ၏ပမာဏ အဓိကလိုအပ်ချက်ဖြစ်သည်ဟု ယူဆသောကြောင့် ဖြစ်ပါသည်။ သို့ သော် နှစ်ဦနှစ်ဖက် ယုံကြည်တည်ဆောက်နိုင်ခဲ့ပြီဟု ဆိုပါသော်လည်း မည်သည့်အကြောင်းကြောင့်မသိ၊ အစိုးရက နိုင်ငံရေးအကျဉ်း သားများကို ခြွင်းချက်မရှိ လွှတ်မပေးနိုင်သည်ကို တွေ့ရသဖြင့် ကျွန်ုပ်တို့မှာ အကျဉ်းကျခံ မိသားစုအတွက်နှင့် မြန်မာနိုင်ငံ၏အနာ ဂတ်ဖြစ်ပေါ်တိုးတက်ရေးတို့အတွက် များစွာ စိတ်မကောင်းဖြစ်ခဲ့ရပါသည်” လို့ပေးစာမှာ ပါဝင်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ထိုသို့ပို့လည်း ပို့တာသာ အဖတ်တင် ဖြစ်မဖြစ်ကိုတော့ ပို့ခဲ့တဲ့ ခုနှစ်လကို ပြန်ဖတ်ကြည့်မိတဲ့အခါ ၂၀၀၃၊ မေ၃၀ ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားခဲ့ရတာသာကြည့် ပြောရလောက်အောင် သမိုင်းရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

စာရေးသူ နိုင်ငွေသိမ်း နောက်ဆုံးအကြိမ် ထောင်ကျခဲ့ရတဲ့ အဖြစ်အပျက်ကတော့ ၁၉၉၈၊ သြဂုတ်လ ၂၇ရက်နေ့မှာ မွန်ပြည်သစ်ပါ တီသို့ ပေးပို့ခဲ့တဲ့အကြံပြုစာတမ်းကြောင့်ဖြစ်ပါတယ်။

နိုင်ငွေသိမ်းဦးဆောင်တဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့က အကြံပြုစာမှာ ဘယ်လို အကြောင်းအရာတွေများ ပါဝင်ခဲ့လို့ ထောင်ဒဏ် ချမှတ်ခဲ့ရသလဲဆိုတာ သိချင်စိတ်ကြောင့် စာအုပ်မှာပါဝင်တဲ့ မွန်ပြည်သစ်ပါတီသို့ အကြံပြုစာတမ်းကို ဖတ်ကြည့်မိတော့ ဒီအချက် ကြောင့် ဖြစ်ရပါသတဲ့ဆိုတာ သိလိုက်ရပါတယ်။

စာတမ်းမှာ မွန်ပြည်သစ်ပါတီကို လက်ရှိအခြေအနေများအပေါ်ဝေဖန်ထားပြီး သုံးသပ်ချက် ၃ရပ် မှ အမှတ်၃၊ အပုဒ်၁တွင် “ မိမိတို့ ၏တန်းတူရေးနှင့် ဒီမိုကရေစီရေးကို ဆက်လက်မဆောင်ရွက်နိုင်ပါက စစ်အစိုးရ၏အသက်ရှည်ရေးကို ထောက်ကူပံ့ပိုးသလို ဖြစ်ပြီး တန်းတူရေးနှင့်ဒီမိုကရေစီရေး အားပျော့သွားစေပါသည်။ဤလုပ်ရပ်သည် နိုင်ငံရေးပါတီများ၏တာဝန်မကျေမှု ဖြစ်စေပါသည်” လို့ ပါရှိခဲ့မှုကြောင့်လို့ သိရပါတယ်။

စစ်အစိုးရ၏အသက်ရှည်ရေးကို ထောက်ကူပံ့ပိုးသလို ဆိုတဲ့စကားလုံးကြောင့် ၁၉၉၈၊ နိုဝင်ဘာ ၁၀ရက်နေ့မှာ မော်လမြိုင်မြို့နယ် တရားရုံးက ပုဒ်မ (၅ည) ဖြင့် စွဲချက်တင် ထောင် ၇ နှစ်ချခံခဲ့ရပါတယ်။

အချုပ်ဆိုရရင် မြန်မာနိုင်ငံထဲက တော်လှန်ရေး၊ နိုင်ငံရေးဘဝတွေကို အစိုးရ ၃ဆက်နဲ့အတူ စာအုပ်ရေးသားသူ နိုင်ငွေသိမ်း အသက် ၂၅နှစ်လောက်က ကြိုးစားဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး တန်းတူညီမျှရေးဟာ ခု မွန်အမျိုးသား တော်လှန်ရေးနိုင်ငံရေးသမားကြီး နိုင် ငွေသိမ်း အသက် ၉၄ နှစ်ထဲရောက်တဲ့တိုင်အောင် မျှော်လင့်ချက် ထွက်ပြူကာစလေးပဲရှိနေပါသေးတယ်။

နှစ်ပေါင်း ၇၀ နီးပါး ဒီနိုင်ငံရဲ့ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတို့အခွင့်အရေးတွေအတွက် အားထုတ်ကြိုးပမ်းနေတဲ့ နိုင်ငံရေးသမားကြီး နိုင်ငွေသိမ်းဟာ ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေ၊ ဒဂုန်တာရာတို့နဲ့အတူ ထောင်တွင်းတိုက်ပွဲများကို ဆင်နွှဲခဲ့ပုံများကိုလည်း ဒီစာအုပ် မှာ ဖတ်ရမှာဖြစ်ပါတယ်။

ယခု ဇာတိမြေမှ ယနေ့တိုင် တော်လှန်ရေးနှင့်နိုင်ငံရေး ခရီး စာအုပ်ဟာ ရှည်လျားကြာညောင်းတဲမြန်မာ့နိုင်ငံရေးဖြစ်စဉ်ထဲမှာ သမိုင်း ဆိုင်ရာအထောက်အထားတခုလို သက်တော်ရှည်နိုင်ငံရေးသမားကြီး ရေးသားနိုင်ခဲ့ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်။

စာရေးသူ                  – နိုင်ငွေသိမ်း
စာအုပ်အမည်           – ဇာတိမြေမှ ယနေ့တိုင် တော်လှန်ရေးနှင့်နိုင်ငံရေးခရီး
အမျိုးအစား               – နိုင်ငံရေး
ထုတ်ဝေသည့်တိုက် – ယဉ်မျိုးစာပေ
ထုတ်ဝေသည့် ခုနှစ်  – ၂၀၁၅၊ ဇွန်လ
တန်ဖိုး                       – ၂၅၀၀ ကျပ်

The post သက်တော်ရှည်တော်လှန်ရေးသမားကြီး (သို့) နိုင်ငွေသိမ်း appeared first on ဧရာဝတီ.

အမေ့လျော့ခံ ဖိလစ်ပိုင်ပြည်သူများအတွက် ဒူတာတေးက သူရဲကောင်း

$
0
0

ပြီးခဲ့သည့် ၄၅ နှစ်လုံး Manuel S. Abad နှင့် သူ၏ မိသားစုက လူဦးရေ ၂၈ သန်းရှိသော မနီလာမြို့တော်နှင့် တဆက် တစပ်တည်း ဖြစ်နေသည့် ကွီဇွန် Quezon မြို့မှ လူနေထူထပ်သည့် La Loma ရပ်ကွက်ရှိ အိမ်တလုံးကို ငှားရမ်းနေထိုင်ခဲ့ သည်။

အိမ်က ၆၀ စတုရန်း မီတာကျယ်ဝန်းသည်။ မိသားစု ၆ ယောက်က အိပ်ခန်း ၂ ခန်းကို ဝေမျှ နေထိုင်ရသည်။ ၂ ထပ် ကုတင် ၄ ခုနှင့် ကြမ်းပြင်ပေါ်တွင် မွေ့ယာများနှင့် အဆင်ပြေသလို နေခဲ့ရသည်။ ယခင် သူကလေး ဘဝကတည်းက သူ၏ မွေးချင်း ၄ ယောက် နှင့် မိဘများနှင့် အတူ အိပ်စက်ရင်း၊ နေရာ မျှသုံးရင်း အရွယ်ရောက်ခဲ့ရသည်။

၁၉၈၆ ခုနှစ် ပြည်သူ့အာဏာ တော်လှန်ရေး (People Power revolution) ပေါ်ပေါက်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီ ဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံသား အများအပြားအတွက် တိုးတက်မှုကို ဆောင်ကျဉ်း မပေးနိုင်သေးပါ။

“၁၉၈၀ နှစ်တွေ တုန်းက ဆိုရင် အိမ်ငှားခက တလကို ဖိလစ်ပိုင်ငွေ ပီဆို ၅၀၀ ပေးရတယ်။ အခု ကျနော် ပီဆို ၅၅၀၀ ပေးနေရတယ်။ အခုနေ ဒီအိမ်ကို ဝယ်မယ်ဆိုရင် အနည်းဆုံး ပီဆို ၁၂ သန်းလောက် ပေးရလိမ့်မယ်”

အသက် ၄၉ နှစ် အရွယ် Manuel S. Abad က Phillips ကဲ့သို့သော နိုင်ငံတကာ ကုမ္ပဏီများ၏ ပစ္စည်းများကို ရောင်းချပေးနေသော လျှပ်စစ်ပစ္စည်း (မီးလုံး၊ မီးချောင်းများ) ကုမ္ပဏီတခု၏ အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေး မန်နေဂျာအဖြစ် လုပ်ကိုင်နေသည်။ ရှေ့နေတဦး နှင့် စက်မှုအင်ဂျင်နီယာ တဦးတို့မှ မွေးဖွားခဲ့ပြီး သား ၃ ယောက် နှင့် သမီး တယောက်၏ ဖခင် Manuel S. Abad က အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောနိုင်သူ ဖြစ်သည်။

“ပုဂ္ဂလိက ကျောင်းမှာ ပညာသင်ဖို့ ကျနော် အခွင့်အရေးရခဲ့တယ်။ ကျနော်က ကျောင်းသားကောင်း တယောက် ပါ။ စာသင်ရတာလည်း တကယ်ပျော်ပါတယ်။ ဒါပေမယ့် ကျနော် အလယ်တန်းကျောင်းတက်နေတုန်းမှာပဲ ကျနော့် အဖေက အငြိမ်းစားယူလိုက်တယ်။ ကျနော့်ကိုယ် ကျနော် ထောက်ပံ့နိုင်ဖို့ အလုပ်ရှာခဲ့ရတယ်။ ကျနော် တက္ကသိုလ် တက်ချင်ခဲ့ပေမယ့် အဲဒီ အစား Dragon Ball Z နဲ့ Sailormoon တို့လို ရုပ်သံ အစီအစဉ်တွေမှာ အထူးပြုလုပ်ချက်တွေ လုပ်ပေးရတဲ့ animator တယောက်အနေနဲ့ ကန်ထရိုက် အလုပ်ရခဲ့တယ်။”

ထိုအချိန်မှစ၍ Manuel S. Abad အလုပ်အမျိုးမျိုး ပြောင်းလုပ်ခဲ့ရသည်။ ဒေသဆိုင်ရာ အစိုးရ ရုံးတွင် လုပ်ခဲ့ခြင်းလည်း အပါအဝင် ဖြစ်သည်။ အစိုးရအလုပ်ထက် လစာများစွာ နည်းသည့် ယခုအလုပ်ကို ပြောင်းလုပ်ခဲ့ရခြင်းမှာ သမ္မတ ရိုဒရီဂို ဒူတာတေး Rodrigo Duterte ကြောင့် ဖြစ်ပါသည်။

“ပြီးခဲ့တဲ့ နှစ် သြဂုတ်လမှာ ဒူတာတေးက အမိန့်ကျေညာစာ အမှတ် ၄ ကို ထုတ်ခဲ့တယ်။ အဲဒီမှာ သမ္မတ အမိန့်နဲ့ ခန့်အပ်ခြင်းခံရသူ အားလုံး အလုပ်ထွက်ဖို့ ညွှန်ကြားထားတယ်။ သူက ဗျူရိုကရေစီထဲက အကျင့်ပျက်ခြစားမှုကို ဖယ် ထုတ်ချင်တယ်။ အဲဒါတွေ အားလုံးကို စေ့စေ့စပ်စပ် စစ်ဆေးချင်တယ်။ အဲဒီအချိန်တုန်းက ကျနော့်ရဲ့ အထက်လူကြီး က အဲဒီလို ခန့်အပ်ခံထားရတဲ့ သူပါ။ ကျနော် အဲဒီမှာ ဆက်ပြီး မနေချင်တော့ဘူး။ အဲဒါကြောင့် ပုဂ္ဂလိက ကဏ္ဍဖက် ကို ပြောင်းလိုက်တယ်။”

“အခု ကျနော် တလကို ပီဆို ၄၅၀၀၀ ရတယ်။ အရင်ကဆို အဲဒီ ၂ ဆရပါတယ်။”

Manuel S. Abad ၏ မိသားစုနှင့် စာရေးသူတို့ ဆယ်ဖီရိုက်စဉ်
Karim Raslan

ထို့ကြောင့် Manuel S. Abad က အငြင်းပွားဖွယ်ရာများ လုပ်တတ်သည့် သမ္မတ ဒူတာတေးကို သဘောကျမည့် သူ တယောက် မဟုတ်ဟု ယူဆနိုင်ပါသည်။ သို့သော်လည်း သူက တိုက်ပွဲဝင်ရန် အသင့်ရှိနေတတ်သည့် ထိုနိုင်ငံရေး သ မားကြီးကို အခိုင်အမာ ထောက်ခံသူ တယောက် ဖြစ်နေသည်။

“အရင်က အစိုးရ အလုပ်လုပ်ဖူးသူတယောက် အနေနဲ့ ကျနော် အပြောင်းအလဲကို ခံစားလို့ရတယ်။ ဒူတာတေးမတိုင်ခင်က ဆိုရင် စိုက်ပျိုးရေး ကဏ္ဍမှာ အကျင့်ပျက်ခြစားမှုတွေ အများကြီး ရှိခဲ့တယ်။ ကျနော်သိတဲ့ ကိစ္စတခုမှာ ဆိုရင် ပစ္စည်းတခုက ပီဆို ၅၀၀၀ ပဲ ကျပေမယ့် ပီဆို ၇၅၀၀၀၀ ဘေလ်ပြန်တင်တယ်။ အခုဆိုရင် အဲဒါကို အနီးကပ်စောင့် ကြည့်နေပြီး အကျင့်ပျက်ခြစားမှုတွေကို အပြစ်ပေးတယ်။”

ဒူတာတေး အာဏာရလာသည့် အချိန်မှစ၍ အခြားသောမည်သည့် အပြောင်းအလဲများကို ခံစားရသနည်းဟု ကျနော်က Manuel S. Abad ကို မေးကြည့်ပါသည်။

“လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကျနော် ဒီကနေ Makati ကို သွားမယ်ဆိုရင် ၃ နာရီလောက်ကြာတယ်။ အခု ၁ နာရီနဲ့ မိနစ် ၄၀ လောက်ပဲကြာတော့မယ်။ ဘာကြောင့်လဲဆိုတော့ ယာဉ်ကြီးကြပ်မှု ဥပဒေစည်းကမ်းတွေ ပိုများလာပြီ။ လမ်းတွေကို တလမ်းမောင်းလုပ်လိုက်တဲ့ အတွက် ယာဉ်ကျောတွေမှာ စီးဆင်းမှု ပိုကောင်းလာပြီ။”

“အခု ကျနော့်မှာ ဆေးကုသခွင့် ကတ်ပြားတခုလည်း ရှိတယ်။ အဲဒါကို ယူသွားပြီး ဆေးရုံမှာ ဆရာဝန်နဲ့ အခမဲ့ ပြသ တိုင်ပင်လို့ရတယ်။ တကယ်လို့ ကျနော်က ဒေသဆိုင်ရာ အစိုးရရုံးကို သွားမယ်ဆိုရင် အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှု ရနိုင်တယ်။ ကတ်တကတ်ရဖို့က ခက်ခဲလေ့ရှိပါတယ်။ ဒါပေမယ့် အခုဆိုရင် မည်သူမဆို ၃ ရက်လောက် အတွင်းမှာ ရနိုင်နေပါပြီ။”

“အရင်ကဆိုရင် ညဖက် အပြင်ထွက်ရတာ အရမ်း အန္တရာယ်များပါတယ်။ အခု ကျနော် ညဖက် အပြင်မှာ လမ်းလျှောက်သွားလည်း လုံခြုံတယ်လို့ ခံစားရတယ်။ ရဲအဖွဲ့က ပိုတက်ကြွလာတယ်။ မူးယစ် ရာဇာတွေက ကြောက်နေကြတယ်။ မြို့ကို (အာဏာပိုင်များက) စောင့်ကြည့်မှုလည်း ပိုများလာတယ်။”

မူးယစ်ဆေး အကြောင်းပြောသည့် အခါ ဆယ်ကျော်သက်များ နှင့် ကလေးငယ်များကို သေနတ်နှင့် ပစ်ခြင်း အပါအဝင် ဒူတာတေး၏ ရက်စက်သော မူးယစ်ဆေးနှိမ်နင်းမှု စစ်ဆင်ရေးက အချို့သော နေရာများတွင် ပြင်းထန်လွန်း ခဲ့ကြောင်း ကျနော်က ထောက်ပြသည်။ Manuel S. Abad က ချင့်ချင့်ချိန်ချိန် စဉ်းစားသူတယောက် ဖြစ်သော်လည်း ပြတ်သား ရဲဝံ့သူ တဦးလည်း ဖြစ်ပါသည်။

“ဖိလစ်ပိုင်လူမျိုးတွေက ဘာသာတရား အလွန်ကိုင်းရှိုင်းပါတယ်။ ကျနော်တို့က ပြည်သူတွေကို မထိခိုက်စေချင်ပါဘူး။ ဒီလို အဆုံးသတ်တာက မျှတတယ်လို့လဲ ကျနော် မပြောချင်ပါဘူး။ ဒါပေမယ့် တချို့သော ကိစ္စတွေမှာ ပြည်သူအများစုကို စဉ်းစားရပါမယ်။”

“လူတွေမှာ အသက်ရှင်နေထိုင်ဖို့ အခွင့်အရေး ရှိပါတယ်။ ဒါပေမယ့် မူးယစ်ဆေးတွေက ကျနော်တို့ရဲ့ အသက်ရှင်ဖို့ အခွင့်အရေးကို ထိခိုက်လာရင်၊ အဲဒါတွေက ကျနော်တို့ ကလေးတွေကို အဆိပ်ခတ်လာရင် ဘာဖြစ်လာမလဲ။ တကယ်လို့ လူတွေကို ပြောင်းလဲဖို့ အမြဲပြောနေပေမယ့် သူတို့က နားမထောင်ခဲ့ရင် ခင်ဗျား ဘာဆက်လုပ်မလဲ။”

Manuel S. Abad ၏ သားနှစ်ယောက်နှင့် သူတို့၏ ကုတင်
Karim Raslan

“သူ့ရဲ့ နည်းလမ်းတွေက ပြင်းထန်ပြီး ထုံးတမ်း အစဉ်အလာနဲ့ မညီဘူးလို့ တချို့က ပြောကြတယ်။ ဒါပေမယ့် အဲဒါက အရာရာ ပိုကောင်းလာအောင် လုပ်ဖို့ တခုတည်းသော နည်းလမ်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အားလုံးကို ကြိုးစားခဲ့ပြီးပြီ။ အရင်သမ္မတတွေ၊ သူတို့လည်း ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့က ပြည်သူ မကျေနပ်မှာကို ကြောက်ခဲ့ကြတယ်။”

“သူတို့က လူကြိုက်များတာတွေ နောက်ကိုပဲ လိုက်ခဲ့ကြတယ်။ သူတို့ကို အကောင်းပဲ မြင်စေချင်ခဲ့ကြတယ်။ သူတို့က တခြား ကုမ္ပဏီတွေ ဒါမှမဟုတ် လွှတ်တော် အမတ်တွေနဲ့ ဆက်ဆံရေး ပျက်မှာကို မလိုလားခဲ့ကြဘူး။”

“တိုင်းပြည်ကို ထိန်းချုပ်ထားတဲ့ အထက်တန်းလွှာလူစုတွေ ကတော့ အမြဲရှိနေမှာပဲ။ အမြဲတမ်း လွှမ်းမိုးချင်ကြတယ်။ ဒါပေမယ့် ဒူတာတေးကတော့ သူ့ ရပ်တည်ချက်ကို ထိန်းထားလိမ့်မယ်လို့ ကျနော် ခံစားရတယ်။ တကယ်လို့ အဲဒီလူတွေက သူ့ကို သြဇာ လွှမ်းမိုးဖို့ ကြိုးစားလာမယ်ဆိုရင်တောင် သူက ဖိလစ်ပိုင်ပြည်သူတွေအတွက် ဘယ်ဟာက အကောင်းဆုံးလဲ ဆိုတာကို ဆက်ပြီး စဉ်းစားလိမ့်မယ်။”

ဆယ်စုနှစ်များစွာ အတွင်းတွင် ဖိလစ်ပိုင် နိုင်ငံရေး နှင့် စီးပွားရေးကို Osmenas၊ Cojuangcos နှင့် Aquinos ကဲ့သို့သော မိသားစုများကသာ လွှမ်းမိုးထားခဲ့သည်။ အခြား မိသားစုများလည်း ရှိပါသေးသည်။ သို့သော်လည်း Manuel S. Abad ကဲ့သို့သော လမ်းပေါ်မှ (အောက်ခြေမှ) အမျိုးသားတယောက် အတွက်မူ Marcos ၏ အာဏာရှင် အုပ်ချုပ်မှုကို ဖယ်ချခဲ့သော ပြည်သူ့ အာဏာ တော်လှန်ရေး၏ မြင့်မားသော ကတိကဝတ်များက ပြည့်စုံခြင်း မရှိသေးပါ။

ဝက်သားကင်ကြောင့် လူသိများသော Manuel S. Abad နေထိုင်ရာ La Loma က စိတ်ပျက်စရာ အခြေအနေများကို ရောင်ပြန်ဟပ်ပြနေသည်။ နှစ်ပေါင်းများစွာအတွင်းတွင် ထိုဧရိယာက လူနေထူထပ်လာခဲ့သည်။ လူသူ ပြည့်ကျပ်နေပြီး အထပ်မြင့် အဆောက်အဦးများကြောင့် လူဦးရေ ပိုများလာခဲ့သည်။ ထို့ပြင် ထိုနေရာတွင် ဆယ်စုနှစ် ၄ ခုကျော်ကြာ နေထိုင်ခဲ့သည့် Manuel S. Abad မှာ ကိုယ်ပိုင် အိမ်တလုံးမရှိသေးပါ။

“ကျနော့် မိတ်ဆွေ တယောက်က ဘဏ်ကနေ ပီဆို ၁ သန်း ချေးချင်တယ်။ ချေးငွေရဖို့ ပီဆို ၁သန်း စပေါ် တင်ဖို့ လိုတယ်လို့ ဘဏ်က သူ့ကို ပြောတယ်။ ကျနော်တို့လို လူတွေက အဲဒီလိုပိုက်ဆံ ဘယ်က ရနိုင်မှာလဲ။ ဖိလစ်ပိုင် နိုင်ငံမှာ အားလုံးအတွက် အဆင်ပြေလွယ်ကူမယ့် ဘဏ္ဍာရေး ကဏ္ဍက သေဆုံးသွားခဲ့ပြီ။”

Manuel S. Abad ၏ အိမ်ရှေ့ခန်းမြင်ကွင်း
Karim Raslan

ထိုကဲ့သို့သော တုန့်ဆိုင်းရပ်တန့်နေသည့် အခြေအနေမျိုးတွင် အာဏာပြင်းသည့် နိုင်ငံရေး မျိုးနွယ်တခုမှ လာသူဖြစ်သော်လည်း ဒူတာတေးက အပြောင်းအလဲကို ကိုယ်စားပြုနေသည်။ အနည်းဆုံးတော့ Manuel S. Abad နှင့် သူ၏ မိသားစု အတွက် ဖြစ်သည်။

Social Weather Stations (SWS) က ကောက်ယူခဲ့သော လတ်တလော စစ်တမ်းတခုတွင် သူ့အပေါ် ထောက်ခံမှု ၁၈ ရာခိုင်နှုန်းကျဆင်းသွားပြီး သွေးချောင်းစီးသည့် မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲအပေါ် သံသယများ တိုးပွားလာနေသည့်တိုင် အများစုက ဒူတာတေးသည် သူတို့၏ အနာဂါတ် ပိုမို ကောင်းမွန်ရေး အကောင်းဆုံး ရွေးချယ်စရာအဖြစ် မြင်နေကြဆဲ အသွင်ရှိပြီး သူ့ကို ထောက်ခံသူများက သူ့လုပ်ရပ်များသည် လိုအပ်၍ ဖြစ်ကြောင်း သရုပ်ဖော်ခဲ့ကြသည်။

“ကျနော့်မှာ ကလေး ၄ ယောက်ရှိတယ်။ အကြီးဆုံး သမီးက call centre တခုမှာ အလုပ်လုပ်တယ်။ အသက် ၁၇ နှစ် ရှိတဲ့ ကျနော့်သားက ၁၂ တန်းရောက်နေပြီ။ မကြာခင်မှာ သူက တက္ကသိုလ် တက်ချင်လာတော့မယ်။ သူက သချာၤ တော်တယ်။ ဒါကြောင့် သူက စာရင်းကိုင် တယောက် ဖြစ်ချင်တယ်။ ကျနော်ဆိုရင် ဘွဲ့မရခဲ့ဘူး။”

“ဒူတာတေးနဲ့ ပတ်သက်လို့ ကျနော်က ကျင့်ဝတ်ပိုင်းနဲ့ ပတ်သက်လို့ အကဲမဖြတ်နိုင်ပါဘူး။ ဒါပေမယ့် ရလဒ်တွေကို ကျနော်မြင်နိုင်တယ်။ ကျနော့်ရဲ့ ပတ်ဝန်းကျင်မှာ တိုးတက်နေတာတွေကို မြင်နေသရွေ့ ကာလပတ်လုံး ကျနော်က သူ့ကို အမြဲတမ်း ထောက်ခံသွားမယ်။”

Manuel S. Abad က လတ်တလောတွင် ဒူတာတေးအပေါ် ထောက်ခံမှုနှုန်းများ ကျဆင်းနေခြင်းကို အလေးမထား ခဲ့ပါ။ “ခုချိန် အထိ မလွတ်မြောက်သေးတဲ့ ဖိလစ်ပိုင်ပြည်သူတွေကို အကျိုးအမြတ် ဖြစ်စေမယ့် အရာတွေ အများကြီး ရှိပါတယ်။ ဆိုရိုးစကားတခု ရှိပါတယ်။ ‘တကယ်လို့ အငြင်းပွားဖွယ်ရာ မဟုတ်ဘူးဆိုရင် အဲဒါက သတင်းကောင်း မဟုတ်ဘူး’ တဲ့” ဟု ကျနော့်ကို ပြောသည်။

“ကျနော့် ကလေးတွေ အတွက် ကျနော် တစုံတရာကို ယုံကြည်မှ ဖြစ်မယ်။ ကျနော် မျှော်လင့်ချက် ထားကို ထားရ မယ်။”

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

The post အမေ့လျော့ခံ ဖိလစ်ပိုင်ပြည်သူများအတွက် ဒူတာတေးက သူရဲကောင်း appeared first on ဧရာဝတီ.

ရိုဟင်ဂျာ ဆိုသူများ အပေါ် လူသားခြင်းစာနာမှုထက် လုံခြုံရေးကို အိန္ဒိယက ပိုမိုဦးစားပေး

$
0
0

အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဆိုသူ ဒုက္ခသည် အသိုင်းအဝန်း အပေါ် အိန္ဒိယနိုင်ငံ၏ သဘောထားကို နိုင်ငံတကာ အဖွဲ့အစည်းများက ပြင်းထန်စွာ ဝေဖန်နေကြသည်။ အိန္ဒိယနိုင်ငံသည် ဒုက္ခသည်များကို ပြည်နှင်ဒဏ်ပေးရန် ကြိုးစားသောကြောင့် အခြေခံလူသား မေတ္တာတရား ကင်းမဲ့သည်ဟု ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဇိဒ်ရာအက် အယ်ဟူစိန်က ဝေဖန်သည်။

ယင်း ဝေဖန်ချက်နှင့် ပတ်သက်ပြီး ဂျနီဗာရှိ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံ ကိုယ်စားလှယ်က “မည်သည့် လူ့ အဖွဲ့အစည်းအတွင်းက လူ့အခွင့်အရေးကို မဆို နားလည် အားပေးမှု မရှိသော၊ မတိကျ မပြည်စုံသော သတင်းများအပေါ် အခြေခံသည့် အငြင်းပွားမှုကို အားပေးလှုံ့ဆော်သော ဝေဖန်ဆုံးဖြတ်ချက် ဖြစ်သည်” ဟု တုံ့ပြန်သည်။

ထိုသို့ အပုပ်ချ အငြင်းပွား ကြသည့် ဖြစ်ရပ်တွင် မည်သူ အောင်ပွဲခံမည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း အိန္ဒိယနိုင်ငံက ရိုဟင်ဂျာ ဆိုသူများကို နေရာချထား ပေးရာတွင် မည်သည့်အတွက် ထိုမျှ တင်းကျပ်နေရသနည်း ဟူသော မေးသင့်မေးထိုက်သည့် မေးခွန်းထွက် ပေါ်လာသည်။ ထိုအသိုင်းအဝန်းသည် အိန္ဒိယနိုင်ငံတွင် နေထိုင်နေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သော် လည်း ယခုမှ မည်သည့် အတွက် ရုတ်တရက် စိုးရိမ်လာသနည်း ဟူသော မေးခွန်း ထွက်ပေါ်လာသည်။

ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီလက်အောက်ရှိ BJP ဦးဆောင်သော အစိုးရက မွတ်စလင်များကို ခိုလှုံခွင့်ပေးရမည်ကို စိုးရိမ်ပူပန်ခြင်း ရှိ/မရှိ အငြင်းပွားကြသည်။ လက်ယာပါတီဖြစ်သော BJP ပါတီနှင့် ၎င်း၏ သဘောတရားရေး ဦးဆောင်အဖွဲ့ ဖြစ်သော RSS အဖွဲ့ဝင် အများအပြားကို မွတ်စလင် ဆန့်ကျင်သူများ ဟု ခေါ်သောကြောင့် ထိုသို့ အငြင်းပွားကြခြင်း ဖြစ်သည်။

မွတ်စလင်ဆန့်ကျင်ရေး အစီအစဉ်ရှိလျှင် BJP သည် ၁၉၇၁ ဘင်္ဂလားဒေ့ရှ် စစ်ပွဲလွန်ဖိုင်များ ဖွင့်ထားခြင်းနှင့် အိန္ဒိယ နိုင်ငံသို့ ရောက်ရှိလာသော ဘာသာမျိုးစုံ ဒုက္ခသည် ၁၀ သန်း အနက်မှ မွတ်စလင်များကိုသာ ပြည်နှင်ဒဏ် ပေးရရန် ကြိုးစားခြင်း တို့ကို တွေ့ခဲ့ရမည် ဖြစ်သည်။ သို့သော် အိန္ဒိယ အစိုးရ၏ သဘောထားကို ဖွင့်ဆိုရန် ပါဝင်ပတ်သက်နေသော အကြောင်းရင်းခံများကို ပိုမို ဆင်ခြင်တုံတရား ရှိစွာ လေ့လာဆန်းစစ်ရန် လိုအပ်သည်။

လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှု

အိန္ဒိယအစိုးရ၏ စိုးရိမ်ပူပန်မှုသည် ရိုဟင်ဂျာ ဆိုသူများနှင့် ARSA အကြမ်းဖက် ဂျီဟတ်ဝါဒီ အဖွဲ့နှင့် ဆက်စပ်နေသည့် အချက်သည် ထိပ်ဆုံးမှ ပါဝင်သည်။

ယခု ARSA ခေါ် ယခင် ဟာရာခါ အယ်လ် ယာကင် အဖွဲ့ ပေါ်ပေါက်လာသောကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်း အခြား အစိတ်အပိုင်းများမှ ထောက်လှမ်းရေး အေဂျင်စီများတွင် ပူပန်မှုများ ဖြစ်စေခဲ့ရသည်။

မွတ်စလင် လွမ်းမိုးသည့် မလေးရှားနှင့် အင်ဒိုနီးရှားနှင် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ဖုံးကွယ်ရန် ပွဲကြည့် ပရိသတ် သဖွယ် တိတ်တိတ်ဆိတ်စွာ နေသော ထိုင်းနိုင်ငံတို့နှင့် မတူဘဲ အိန္ဒိယနိုင်ငံက ၎င်းတို့၏ ပူပန်မှုများကို ထုတ်ဖော် ပြောဆိုသည်။

ရိုဟင်ဂျာဆိုသူ စစ်သွေးကြွ လေ့ကျင့်သင်တန်းပေး ထားသူများ ပိုမို များပြားရေးနှင့် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ရေး အတွက် စနစ်တကျ အားထုတ်မှုများ ပြုလုပ်နေသည် ဟု အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အစီရင်ခံစာများက ဖော်ပြသည်။

ရိုဟင်ဂျာဆိုသူ စစ်သွေးကြွများသည် ပါကစ္စတန်မှ ဂျီဟတ်ဝါဒီများနှင့် ပူးပေါင်းပြီး ဆော်ဒီအာရေးဗီးယားမှ အစ္စလမ်မစ် အုပ်စုများထံမှ ငွေကြေး အထောက်အပံ့များ ရရှိနေသည် ဟူသော သတင်းများသည် အထောက်အထားမဲ့ နေသည် ဟု အချို့က ငြင်းကောင်းငြင်းကြမည်။ ထိုသို့ အထောက်အထား မရှိလျှင်ပင် ARSA ကို လက်ရှ်ကာအီတိုင်ဘာ (LeT), အယ်ကိုင်ဒါနှင့် အခြားသော အစ္စလမ်မစ် အုပ်စုများက ဗြောင်ကျကျ ထောက်ခံနေသည်ကို အိန္ဒိယနိုင်ငံက လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။

နိုင်ငံတကာ အဖွဲ့အစည်း အများအပြားနှင့် သတင်းဌာန အတော်များများတို့ ကလည်း ထိုအကြမ်းဖက် အဖွဲ့များ၏ ထောက်ခံမှု သတင်းစကားများကို လျစ်လျူရန် ရွေးချယ်ပြီး ထိုအစား ARSA အကြမ်းဖက် အဖွဲ့၏ အခြေခံအဆင့်သာ ရှိသော လက်နက်များ အကြောင်းကိုသာ ဖော်ပြကြသည်။ အိန္ဒိယနိုင်ငံသည် ဒေသတွင်းတွင် ဆီးရီးယား ပုံစံအခြေအနေ မျိုးကို အတင့်ရဲရဲနှင့် ခွင့်ပြုမည် မဟုတ်ပေ။

ဝါရင့် မြန်မာ့အရေး ကျွမ်းကျင်သူများ ကလည်း ARSA ၏ အဖွဲ့အစည်းပုံစံ စနစ်မကျသည့် သဘောသဘာဝကို သံသယ ရှိပြီး ထိုအဖွဲ့သည် လုံးဝနီးပါး ပြီးပြည့်စုံသော တွက်ချက်ထားသည့် သေနင်္ဂဗျူဟာ လမ်းညွှန်မှုဖြင့် လုပ်ဆောင်နေသည် ဟု ယူဆကြသည်။

“ARSA သည် လူသတ်အဖွဲ့ ဖြစ်ပြီး သံသယ ဖြစ်ဖွယ် နိုင်ငံရေး ရည်မှန်းချက်ဖြင့် ရိုဟင်ဂျာ ဆိုသူ အားလုံးကို စတေးရန် ဝန်မလေးကြောင်း တသီးပုဂ္ဂလ နိုင်ငံရေး သုတေသီနှင့် နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့် လေ့လာရေး အုပ်စုမှ ရစ်ချတ်ဟော်ဆေး (Richard Horsey) က တွစ်တာလူမှုကွန်ရက်တွင် စက်တင်ဘာလ ၃၀ ရက်နေ့က ရေးသားခဲ့သည်။

ARSA ၏ အဝတ်အစားနှင့် လက်နက်များမှာ ဖရိုမရဲ ဖြစ်နေသော်လည်း ၎င်းတို့၏ ရှုပ်ထွေးအဆင့်မြင့်ပြီး ရက်စက် ကြမ်းကြုတ်သော ရည်ရွယ်ချက်နှင့် ကိုက်ညီခြင်း မရှိ (ပြောင်းပြန် ဖြစ်နိုင်) ကြောင်းလည်း Richard Horsey က ရေးသားခဲ့သည်။

အကြမ်းဖက်ဝါဒ ကွန်ရက်

ARSA အကြမ်းဖက်ကွန်ရက် တခုကို ဖော်ထုတ်ရန်နှင့် ကျွမ်းကျင်သူ အများအပြားက ပြောသည့်အတိုင်း ထိုအဖွဲ့သည် နိုင်ငံတကာ ဂျီဟတ်ဝါဒီများ၏ အကြီးအကျယ် ရနေသည် ဟူသည့် သတင်းမှန်များကို လေ့လာရန် အိန္ဒိယနိုင်ငံ ထောက်လှမ်းရေး အေဂျင်စီများသည်၂၄ နာရီအချိန်ပြည့် လုပ်ဆောင်နေသည်။ ARSA အကြမ်းဖက် အဖွဲ့နှင့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် အီရတ် ရှိ အခြား အကြမ်းဖက် အဖွဲ့များကြား ဆက်စပ်မှုများ အကြောင်းသတင်းများလည်း ရရှိနေသည်။ သို့သော် ARSA ၏ အကြမ်းဖက် ကွန်ရက်နှင့် ပတ်သက်သော လုပ်နည်းလုပ်ဟန်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

ထောက်လှမ်းရေး အစီရင်ခံစာများနှင့် အိန္ဒိယ မီဒီယာများတွင် ထပ်ခါထပ်ခါ ပါနေသော အမည်တခုမှာ LeT နှင့် အဆက်အသွယ် ရှိသော ရိုဟင်ဂျာဆိုသူ ပါကစ္စတန်နိုင်ငံသား အက်ဘ်ဒပ်စပ် ကာဒို့စ် ဘာမီ ဖြစ်သည်။ ထို့အပြင် သူသည် ၂၀၀၈ ခုနှစ်မွန်ဘိုင်း တိုက်ခိုက်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်သူ ဟာဖစ် ဆေအက် ထံမှလည်း အထောက်အပံ့ ရနေခြင်း ဖြစ်သည်။

ဘာမီ (Burmi) သည် အစ္စလမ် အခြေခံဝါဒီ အဖွဲ့အစည်း ဖြစ်သော ဟာကက် အူလ် ဂျီဟတ်အယ်လ် အစ္စလမ်မီ အာရကန် (HUJI-K) ၏ အကြီးအကဲဖြစ်ပြီး ARSA နှင့် ဘင်္ဂလားဒေ့ရှ် LeT အဖွဲ့ခွဲဖြစ်သော ဂျမတ် အပ် ဒါဝါ (JuD), ကဲ့သို့သော အဖွဲ့များ အတွက် နိုင်ငံတကာ ထောက်ခံမှုရအောင် လုပ်ဆောင်ရာတွင် လွန်စွာ အရေးပါသူ ဖြစ်သည်။

JuD သည် ARSA အဖွဲ့ကို လက်လုပ်ဗုံး လုပ်နည်း သင်ကြားပေးပြီး လေ့ကျင့်မှုများကို ဦးဆောင်ကာ အုပ်စုခေါင်းဆောင် များနှင့် သေနင်္ဂဗျူဟာများ ချမှတ်လျှက်ရှိကြောင်း သတင်းအတိအကျ ရသည်ဟု အမည် မဖော်လိုသော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး သတင်းရင်းမြစ်များက ပြောသည်။ JuD သည် ပါကစ္စတန်ထောက်လှမ်းရေး ဖြစ်သည့် Inter-Services Intelligence of Pakistan ၏ ကျောက်ထောက်နောက်ခံကို ရရှိထားပြီး မြန်မာနိုင်ငံသို့ အခြေခံဝင်ပေါက် ဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင် ရင်းမြစ်များစွာ ရှိသည်ဟုသိရသည်။

JuD သည် နတ်မြစ်တလျှောက်ရှိ ကော့ဗဇားဒုက္ခသည် စခန်းများတွင် အခြေချသည် ဟု အိန္ဒိယထောက်လှမ်းရေး အေဂျင်စီများက ယူဆသော်လည်း ၎င်းတို့သည် ထိုစခန်းများတွင် လူသစ်စုဆောင်း လေ့ကျင့်ပေးရာတွင် ပါဝင် ပတ်သက်ခြင်း ရှိ/မရှိ မသိပေ။ ရခိုင်ပြည်နယ်မှ ရောက်ရှိလာသော တရားမဝင် ဝင်ရောက်လာသည့် ရိုဟင်ဂျာဆိုသူများကို စစ်သွေးကြွများက လူသစ် စုစောင်းနိုင်သည် ဟု အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာထားသည်။

လေ့ကျင့်သင်တန်းပေးရန် ဆက်သွယ်မှုများကို ၂၀၀၈ ခုနှစ်ခန့်ကပင် စတင်ခဲ့ပြီး ထိုလှုပ်ရှားမှုများကို ဘာမီက အကာမူလ် မူဂျာဟေဒင် (AMM) ဟူသော အလံအောက်မှ လုပ်ကိုင်သည်။ ဘာမီသည် ကက်ရှ်မီးယားတွင် ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှုများ တွင်လည်း ပါဝင်ပတ်သက်သည် ဟု ထောက်လှမ်းရေး အစီရင်ခံစာများက ဆိုသည်။ ကက်ရှ်မီးယားတွင် ဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှုများတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများလည်း ပါဝင်သည် ဟု အိန္ဒိယ ထောက်လှမ်းရေး အေဂျင်စီများက ယူဆကြသည်။

ဥပမာဆိုရပါက ၂၀၁၅ ခုနှစ်က တိုက်ခိုက်မှုတွင် သေဆုံးခဲ့သော ပါကစ္စတန် အကြမ်းဖက်အဖွဲ့ ဂျိုက်ရှ် အီ မိုဟာမက် (JeM) အဖွဲ့ဝင် ချိုတားဘာမီသည် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ဆိုသူ ဖြစ်သည်ဟု ထောက်လှမ်းရေး ဌာနများက ဆိုသည်။

ARSA ခေါင်းဆောင် အာတာအူလာ သည် ပါကစ္စတန်တွင် မွေးပြီး ဆော်ဒီအာရေးဗီးယားတွင် လူလားမြောက်သည်၊ သူသည် ရခိုင်နှင့် ရိုဟင်ဂျာဆိုသူများ ပဋိပက္ခ ဖြစ်ပွားသည့် ၂၀၁၂ နောက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့ကို စတင်ဖွဲ့စည်းသည် စသည့် ARSA သည် AMM နှင့် အနီးကပ် ညှိနှိုင်း လုပ်ကိုင်နေသည်ဟု အိန္ဒိယထောက်လှမ်းရေး အေဂျင်စီများက ယူဆကြသည်။ AMM ၏ လက်ရှိခေါင်းဆောင်မှာ ဟာဗစ်စ်တူလာ ဆိုသူ ဖြစ်ပြီး ပါကစ္စတန်တာလီဘန်များ ထံတွင် သင်တန်း ၆ လ တက်ခဲ့သည် ဟု ဆိုသည်။

ARSA အနေဖြင့် ရခိုင်ပြည်နယ်သို့ လက်နက်မှောင်ခို တင်သွင်းခြင်း မပြုနိုင်ရန် အိန္ဒိယ နယ်ခြားစောင့် တပ်များသည် အခြား အဖွဲ့များ၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ လုံခြုံရေးတပ်များနှင့် ပုံမှန် သတင်းဖလှယ်နေသည် ဟု ၎င်းတို့က စာရေးသူကို ပြောသော်လည်း မည်သည့်အဖွဲ့များက ကူညီနေသည်ကို ထုတ်ဖော်ပြောခြင်း မရှိပေ။

“လက်နက်တွေဟာ ပိုမိုကျယ်ပြန့်တဲ့ အစ္စလမ်မစ်ကွန်ရက်တွေက တဆင့်ရောက်လာနိုင်တယ်။ ရိုဟင်ဂျာ ဆိုသူတွေကို ဘင်္ဂလားဒေ့ရှ်က စစ်သွေးကြွတွေက လက်နက်ထောက်ပံ့နိုင်တယ်” ဟု သြစတေးလျ အမျိုးသားတက္ကသိုလ်မှ တွဲဖက် ပါမောက္ခ ဂရက်ဖီလီ (Greg Fealy) က ပြောသည်ဟု ABC ရေဒီယိုက ကိုးကားပြောဆိုသည်။ ARSA အကြမ်းဖက် အဖွဲ့သည် လက်နက်မှောင်ခိုကူးရာတွင် ပါဝင်ခြင်း ရှိ/မရှိ သို့မဟုတ် ကော့ဗဇားခရိုင်ရှိ တက်နက်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့သို့ အစ္စလမ်မစ်ကွန်ရက်များက လက်နက်ခဲယမ်း ပေးပိုးခြင်း ရှိ/မရှိကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

အယ်ကိုင်ဒါနှင့် ARSA

မကြာသေးမီက ထုတ်လွှင့်သော “ရိုဟင်ဂျာဆိုသူ စစ်သွေးကြွများနှင့် ဂျီဟတ်ဝါဒီများ အကြား ဆက်စပ်မှု အထောက်အထား” အစီအစဉ်တွင် ABC ရေဒီယိုက အယ်ကိုင်ဒါသည် ARSA နှင့် ချိတ်ဆက်နိုင်ရန် ကြိုးစားနေသည် ဟု ဆိုသည်။ လက်တွေ့တွင်လည်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာဆိုသူများကို လက်နက်များပေးပို့ကြရန် တကမ္ဘာလုံးမှ မွတ်စလင်များကို အယ်ကိုင်ဒါက တောင်းဆိုထားသည်။

ကက်ရှမီးယားမှ အယ်ကိုင်ဒါ အဖွဲ့ခွဲ အန်ဆာဂက်ဝက် အူလ် ဟိုင်း သည်လည်း အိန္ဒိယမှ ရိုဟင်ဂျာ ဆိုသူများ အတွက် တက်ကြွစွာ ဆောင်ရွက်နေသည်။ အိန္ဒိယမှ ရိုဟင်ဂျာ ဆိုသူများကို ပြည်နှင်ဒဏ် မပေးရန် ထိုအဖွဲ့၏ ခေါင်းဆောင် ဇကာမူဆာက ဝန်ကြီးချုပ်မိုဒီကို သတိပေးထားသည်။

ကက်ရှ်မီးယားအရေး ထည့်သွင်းစဉ်းစားခြင်း

ကက်ရှ်မီးယားမှ ခွဲထွက်ရေးဝါဒီများက ရိုဟင်ဂျာ ဆိုသူများကို မကြုံစဖူး ကြီးမားစွာ ထောက်ခံနေခြင်း သည်လည်း နယူးဒေလီ အတွက် အဆင်မပြေလှသည်မှာ သေချာသည်။

ကက်ရှ်မီးယားခွဲထွက်ရေး ခေါင်းဆောင်များသည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင်များ အပေါ် ဖိနှိပ်မှုကို မကြာသေးမီက ကန့်ကွက်ဆန္ဒပြ ချီတက်ခဲ့သည်။ သို့သော်ခွဲထွက်ရေး ဝါဒီများသည် ARSA က ဟိန္ဒူနှင့် မြိုကဲ့သို့သော အခြားသော လူမျိုးစုများကို သတ်ဖြတ်ခြင်းကို ရှုတ်ချခြင်း မရှိပေ။

၎င်း၏ ပြည်တွင်းလုံခြုံရေး အခြေအနေ အတွက် ဒုက္ခသည်များကို ပြည်နှင်ဒဏ်ပေးမည့် အိန္ဒိယအစိုးရ၏ အစီအစဉ်သည် ကျိုးကြောင်း ဆီလျော်မှု ရှိသည်ဟု အများက ဆိုကြမည် ဖြစ်သည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ကက်ရှ်မီးယားဒေသ လူ့အခွင့်အရေး စိုးရိမ်ပူပန်မှုများ အတွက် သူ၏ ရုံးကို ဆက်သွယ်ခဲ့ခြင်း မရှိဟူသော ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ၏ ပြောဆိုချက်ကို တုံ့ပြန်ရာတွင် ကုလသမဂ္ဂ ကိုယ်စားလှယ် ရာဂျစ် ချန်ဒါက “အကြမ်းဖက်ဝါဒ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားမှု မရှိခြင်းသည် စိတ်မကောင်းဖွယ်ရာ ဖြစ်သည်။ လူ့အခွင့်အရေး အခြေအနေ အကဲဖြတ်ခြင်းသည်လည်း နိုင်ငံရေးအရ အမြတ်ထုတ်ခြင်း မဖြစ်သင့်ပေ” ဟုဖော်ပြထားသည်။

နိုင်ငံတကာက သတ်မှတ်ထားသော အကြမ်းဖက်သမား ဖြစ်သည့် ဟာဖစ်ဆေအက်သည် အင်ဒိုနီးရှားဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ ဆိုသူ လူငယ်များကို ကယ်ဆယ်သည် ဟု အကြောင်းပြကာ LeT အတွက် လူသစ် စုဆောင်းကာ ကက်ရှ်မီးယားသို့ ပို့ရန် အားထုတ်ခဲ့သည်ဟု သံသယရှိရသည်။

စစ်အင်အားဖြင့် ရက်စက်ကြမ်းကြုတ်ခြင်းကို တရားဝင် ဖြစ်စေရန် စစ်သွေးကြွ အစ္စလမ်မစ် ခြိမ်းခြောက်မှုကို အသုံးမချသင့် သော်လည်း စစ်သွေးကြွ အစ္စလမ်မစ် ခြိမ်းခြောက်မှု ဒေသကို ဒုက္ခပေးနေသည် ဆိုသော အချက်ကို မျက်ခြေမပြတ်သင့် ပေ။ ထိုအချက်ကိုပင် နယူးဒေလီက တကမ္ဘာလုံးကို ရှင်းပြနေခြင်း ဖြစ်သည်။ အိန္ဒိယပညာတတ် အသိုင်းအဝန်းကလည်း အလားတူပင် ခံစားနေကြရသည်။

ရိုဟင်ဂျာ ဆိုသူများ၏ လတ်တလော ကံကြမ္မာ အတွက် မကြာသေးမီက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော ပြင်ပ အင်အားစုများတွင် တာဝန်ကြီးမားစွာ ရှိသည် ဟု နယူးဒေလီရှိ မူဝါဒလေ့လာရေး ဌာနမှ မဟာဗျူဟာ လေ့လာရေး ပါမောက္ခ ဗရာမာ ချယ်လန်နီ (Brahma Chellaney) ၏ “မြန်မာ့ဂျီဟတ် ကျိန်စာ” အမည်ရှိ ဆောင်းပါးတွင် ဖော်ပြထားသည်။ ထိုဆောင်းပါးကို Project Syndicate အမည်ရှိ အင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ရိုဟင်ဂျာဆိုသူ စစ်သွေးကြွများနှင့် အထူးသဖြင့် ISIS ကဲ့သို့သော အကြမ်းဖက်အဖွဲ့ အပါအဝင် ပြင်ပအင်အားစုများ အကြား အချိတ်အဆက်ကြောင့် အိန္ဒိယအစိုးရက ရိုဟင်ဂျာ ဆိုသူများ ရှိနေခြင်းသည် လုံခြုံရေး ခြိမ်းခြောက်မှု ဖြစ်သည်ဟု ကြေညာရခြင်း ဖြစ်ကြောင်း အာရှအင်အားကြီး (Asian Juggernaut) အမည်ရှိ စာအုပ်အပါအဝင် စာအုပေါင်း ၉ အုပ်ကို ရေးသားခဲ့သော ချယ်လန်နီက ဆိုသည်။ အိန္ဒိယတွင် တရားမဝင် လာရောက်နေထိုင်သော ရိုဟင်ဂျာ ဆိုသူ ၄၀၀၀၀ ခန့် ရှိနေသည်။

ရိုဟင်ဂျာ ဆိုသူ စစ်သွေးကြွများနှင့် ပြင်ပမှ ဂျီဟတ်ဝါဒီများ အကြား ဆက်စပ်မှုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကပင် ဝန်ခံထား ရသည် ဟုလည်း သူက ရေးသားပြီး ထိုပြဿနာနှင့် ပတ်သက်သော အိန္ဒိယအစိုးရ၏ ရပ်တည်မှု မှန်ကန်ကြောင်း သက်သေပြရန် ကြိုးစားသည်။

ပြဿနာမှာ ရှုတ်ထွေးလှသောကြောင့် လုံခြုံရေးရာများတွင် မြန်မာနှင့် အိန္ဒိယ အခြေအနေခြင်း ဆင်တူကြောင်း ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည် ကို အပြစ်တင်ခြင်းသည် မှားသည် ဟု သူက ပြောသည်။ ကက်ရှ်မီးယားတွင် ကဲ့သို့ပင် မြန်မာနိုင်ငံတွင် အကြမ်းဖက်သမားများနှင့် အပြစ်မဲ့ပြည်သူများကို ခွဲခြားရခက်ခဲကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့သည်။ ဘာသာရေး အစွန်းရောက်ဝါဒ ကြီးထွားလာခြင်းသည် လူမှုနိုင်ငံရေးရှုခင်းကို မည်မျှထိခိုက်စေသည်ကို ဒေါ်အောင်ဆန်းစုကြည်၊ ဘင်္ဂလားဒေ့ရှ်မှ ရှီအိုက် ဟက်စီနာနှင့် အိန္ဒိယမှ မိုဒီတို့ကဲ့သော ခေါင်းဆောင်များက ကောင်းစွာ နားလည်ကြသည်။

အစွန်းရောက်ဝါဒ ခေါင်းထောင်ထလာခြင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဓိက အစ္စလမ်နိုင်ငံရေးပါတီ ဖြစ်သော ဂျမက် အီ အစ္စလမ်မီကို တရားဝင် ပိတ်ပင်ထားသော်လည်း ထို ပါတီသည် ရခိုင်ပြည်နယ်မှ မွတ်စလင်များကို ဖိနှိပ်မှုကြောင့် ဒေါသပေါက်ကွဲနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြီးမားသော ထောက်ခံမှုရရှိနေသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အပြောင်းအလဲတွင် ဂျမက် အီ အစ္စလမ်မီ ပါတီသည် ပြန်လည် ခေါင်းထောင်ထလာပြီး ဒေသတွင်းတွင်လည်း အစွန်းရောက်မှု ပိုမို များပြားလာမည် ဖြစ်သည်။

ရိုဟင်ဂျာ ဆိုသူများ အစုလိုက်အပြုံလိုက် ထွက်ပြေးခြင်းနှင့် ပတ်သက်သော နယူးဒေလီ၏ မကြာသေးမီက အလေးအနက်ထားကြောင်း ပြသမှုတွင် ခိုင်မာသော အကြောင်းရင်းများ ရှိသည်။ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းသို့ ဒုက္ခသည်များ ထပ်မံရောက်ရှိ မလာစေရန် အရေးပါသော အစီအစဉ်များစွာကို လွန်ခဲ့သော သီတင်းပတ် အတွင်း ဆောင်ရွက်ခဲ့သည်။ ထိုဒေသမှ ပြည်နယ် ၈ ခုလုံးတွင် ၁၉၈၀ ခုနှစ်များက ကဲ့သို့သော အသိုင်းအဝန်းများ အကြား ပဋိပက္ခများနှင့် နောက်ဆက်တွဲ ပုန်ကန်မှုများ ဖြစ်စေသည့် ပြင်ပလူများကို ဆန့်ကျင်ရေးလှုပ်ရှားမှုများ အဖြစ်မခံနိုင် တော့ပေ။

အောက်တိုဘာလ ၃ ရက်နေ့တွင် အိန္ဒိယကာကွယ်ရေး ဝန်ကြီး အရှော့ကူးမား မြန်မာ- အိန္ဒိယနယ်စပ် မိုးရေးမြို့သို့ သွားရောက်ခဲ့ခြင်းသည် ရိုဟင်ဂျာ အကျပ်အတည်း အပြီးတွင် ဒေသတွင်း တရားဥပဒေ စိုးမိုးရေးကို အကဲဖြတ်ခြင်း ဖြစ်သည် ဟု ဒေသမီဒီယာများက ရေးသားကြသည်။

မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနှင့် နယ်စပ်ခြင်း ၃၉၈ ကီလိုမီတာ (၂၄၅ မိုင်ကျော်ခန့်) ထိစပ်နေသည်။ ထို ဒေသများ သည် တောင်ကုန်းတောင်တန်း ထူထပ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဝေးကွာလှသော်လည်း မဏိပူရ ဗဟိုနှင့် ပြည်နယ် အစိုးရများသည် ယင်း အခြေအနေများအား အခွင့်အလမ်းတရပ် သဖွယ် ဖြစ်မည့် အရေးကို လွှတ်ထားပေးလိုခြင်း မရှိကြပေ။

မီဇိုရမ် ပြည်နယ်နှင့် မြန်မာနိုင်ငံနယ်စပ် လောင့်လိုင်ခရိုင်ရှိ ဇိုရီပိုင် စခန်းတွင် လူဝင်မှုကြီးကြပ်ရေး စခန်းတခု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ် လန်ဂဲခရိုင်ရှိ ကွာပွိုင်ချူအာစခန်းတွင် လူဝင်မှုကြီးကြပ်ရေးစခန်း တခုဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီး နယ်စပ်သို့သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အိန္ဒိယ အစိုးရသည် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော အနောက်ဘင်္ဂလားနှင့် အာသံပြည်နယ်များရှိ ကုန်းတွင်းနယ်စပ်နှင့် မြစ်ကြောင်း နယ်စပ်များတွင်လည်း လုံခြုံရေး တိုးမြှင့်ထားသည်။

လက်တွေ့တွင် ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်း အခြားနေရာများသို့ ရိုဟင်ဂျာ ဆိုသူများ အလုံးအရင်းနှင့် ထွက်ပြေးခြင်းသည် လူသားချင်း စာနာမှု အကျပ်အတည်း ဖြစ်ပေါ်လာခဲ့သည်။ ထို့အပြင် ARSA အပေါ် ထောက်ခံမှု တိုးလာခြင်းနှင့် အတူ ဒေသတခုလုံးကိုလည်း မတည်မငြိမ် ဖြစ်စေနိုင်သော အလားအလာလည်း ရှိနေသည်။ ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြာထားသည့် ဘီဒါရက် ဒက်စ် (Bidhayak Das) ၏ India Chooses Security Over Compassion in Rakhine Crisis  ကို ဘာသာပြန်သည်။ ၎င်းသည် မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေး အတွက် ဆယ်စုနှစ်တခုကြာ လုပ်ဆောင်ခဲ့ သော သတင်းသမားတဦး ဖြစ်ပြီး လတ်တလောတွင် ရွေးကောက်ပွဲ၊ မီဒီယာနှင့် ဆက်သွယ်ရေး ဆိုင်ရာ အတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေသည်။)

The post ရိုဟင်ဂျာ ဆိုသူများ အပေါ် လူသားခြင်းစာနာမှုထက် လုံခြုံရေးကို အိန္ဒိယက ပိုမိုဦးစားပေး appeared first on ဧရာဝတီ.

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် –အပိုင်း ၁

$
0
0

“ပေါက်ဖော်” ဆိုသည်မှာ ၁၉၅၀ နှစ်များအတွင်းက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြားမှ ရင်းနှီးခင်မင်သော ဆက်ဆံရေး ကို ဖော်ပြရန် သုံးစွဲခဲ့သည့် စကားလုံးတလုံး ဖြစ်ပါသည်။ ညီရင်းအကိုပမာ ဖြစ်သည်ဟု ဘာသာပြန်နိုင်ပါလိမ့်မည်။ သို့ သော်လည်း မြန်မာ့အရေးကျွမ်းကျင်သူ တဦးဖြစ်သည့် ဒေးဗစ်စတိန်းဘာ့ဂ်၏ အဆိုအရ ထိုစကားလုံးသည် “တဝမ်းထဲမှ မွေးဖွားသူများ (တအူတုံဆင်း) ဆိုသည့် တရုတ်ဘာသာ အနက်အဓိပ္ပါယ်နှင့် ပိုမို နီးစပ်မှုရှိပြီး မြန်မာနိုင်ငံ တခုတည်း အတွက်သာ သီးသန့် သုံးစွဲခဲ့သည်” ဟု သိရသည်။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအဖြစ် အမှတ်တရ ဂုဏ်ပြုခြင်းက ၁၉၅၆ ခုနှစ် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်ရှီတွင် စတင်ခဲ့သည်။ လတ်တလော အဖြစ်ဆုံး အနေဖြင့် အဆိုပါ အသုံး အနှုန်းကို ၂၀၁၀ ခုနှစ် စက်တင်ဘာလက ထိုစဉ်က မြန်မာ စစ်အစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ တရားဝင် သွားရောက် လည်ပတ်သည့် အချိန်တွင် သုံးစွဲခဲ့သည်။

ထိုကဲ့သို့သော ယဉ်ကျေးပျူငှာသည့် သံခင်းတမန်ခင်းများရှိခဲ့သည့်တိုင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးက အမြဲတမ်း အထူးတလည် လှိုက်လှဲနေမှုမျိုး မရှိခဲ့ပါ။ ကုန်းတွင်းပိုင်း အများစုဖြစ်ပြီး အလွန်ကျယ်ပြန့်သော တရုတ်အင်ပါယာက ၎င်း၏ အနောက်ပိုင်းနှင့် အနောက်တောင်ပိုင်းမှ ကုန်းတွင်းပိတ် ပြည်နယ်များအတွက် ပင်လယ်ထွက်ပေါက်များကို အဆိုပါ မူဝါဒက ၁၈ ရာစုလောက်ကပင် စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ကာလတွင်လည်း တရုတ်နိုင်ငံနှင့် ဥရောပ၊ အာရှ ဒေသများကြား ကုန်သွယ်လမ်းကြောင်း အသစ်များ ဖွင့်လှစ်နိုင်ရန် တရုတ် ခေါင်းဆောင် ရှီကျင်ဖျင့် အဆိုပြုထားသည့် ခေတ်သစ် ပိုးလမ်းမ (One Belt, One Road) ဖွံ့ဖြိုးရေး မဟာဗျူဟာတွင် သိသာထင်ရှားစွာ မြင်တွေ့နေရသည်။ မြန်မာ စင်္ကြန်က တရုတ်နိုင်ငံကို တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ရောက်ရှိစေနိုင်သလို အိန္ဒိယ သမုဒ္ဒရာ ဒေသတခုလုံးသို့လည်း ရောက်ရှိစေနိုင်သည်။ ထို့ကြောင့် တရုတ်နိုင်ငံတွင် မည်သူက အုပ်ချုပ်နေသည် ဖြစ်စေ မြန်မာက ဗျူဟာအရ အရေးအပါဆုံးသော နေရာတခု အမြဲတမ်း ဖြစ်ခဲ့သည်။

၁၇၆၀ နှစ်များ အတွင်းတွင် တရုတ် ချင်မင်းဆက်က မြန်မာနိုင်ငံကို သိမ်းပိုက်ရန်အတွက် ၄ ကြိမ် ချီတက် တိုက်ခိုက်ခဲ့သည်။ မြန်မာတို့၏ ပြန်လည်ခုခံမှုကြောင့် အကျအဆုံး လွန်စွာ များပြားခဲ့ပြီးနောက် တရုတ်တပ်များ ပြန်လည် ဆုတ်ခွာခဲ့ရသည်။ မြန်မာ ဘုရင့်နိုင်ငံ၏ အောင်မြင်သော ခံစစ်က ၂ နိုင်ငံကြားတွင် ယနေ့ ရှိနေသည့် နယ်နိမိတ်ကို ချမှတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ဗြိတိသျှတို့ ရောက်ရှိလာသည့် ၁၉ ရာစုအထိ လွတ်လပ်သော နိုင်ငံတခု အနေဖြင့် ရပ်တည်နိုင်ခဲ့သည်။ ဗြိတိသျှကိုလိုနီပြုမှုက တရုတ်နိုင်ငံကို မြန်မာနိုင်ငံနှင့် ပို၍ အလှမ်းကွာစေခဲ့ရသော်လည်း မြန်မာနိုင်ငံက ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သည့် နိုင်ငံတခုဖြစ်လာခဲ့ပြီး မော်စီတုန်း၏ ကွန်မြူနစ်များက ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ (PRC) ကို ထူထောင်ကြောင်း ကြေညာလိုက်ပြီးနောက်ပိုင်း၌ ၂ နိုင်ငံ ဆက်ဆံရေးတွင် ခေတ်သစ်တခု သို့ရောက်လာသည်။

ထိုနောက်ပိုင်းတွင် တရုတ်နှင့် မြန်မာတို့၏ ဆက်ဆံရေးကို ကာလ ၅ ခု ပိုင်းခြားနိုင်ပါလိမ့်မည်။ ပထမပိုင်းမှာ ၁၉၄၉ မှ ၁၉၆၂ ခုနှစ် အထိဖြစ်ပြီး တရုတ်အစိုးရက သတိထားသည့် လှိုက်လှဲမှုမျိုးကို ထိန်းသိမ်းထားခဲ့သော်လည်း အခြေခံအားဖြင့် ဆိုလျှင် ဘက်မလိုက်သော ဝန်ကြီးချုပ်ဦးနု၏ ဒီမိုကရေစီ အစိုးရနှင့် ရင်းနှီးခင်မင်သော ဆက်ဆံရေးရှိခဲ့သည်။ လွတ်လပ်ရေး ရရှိခဲ့သည့် အချိန်မှ စ၍ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စစ်တပ်နှင့် ဗိုလ်ချုပ်ကြီး နေဝင်းတို့က အာဏာသိမ်းယူခဲ့သည့် အချိန်အထိ ဝန်ကြီးချုပ် ဦးနုခေါင်းဆောင်သော အစိုးရက မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည်။

ဒုတိယပိုင်းမှာ ဗိုလ်ချုပ်ကြီးနေဝင်း အုပ်ချုပ်ရေး၏ အစပိုင်း ၁၆ နှစ် ဖြစ်ပြီး တရုတ်အစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လက်နက်ကိုင် တော်လှန်ရေးကို တက်ကြွစွာ ထောက်ခံခဲ့သည်။ တရုတ်နိုင်ငံက ဗမာပြည်ကွန်မြူနစ်ပါတီကို အာရှနှင့် အင်ဒိုချိုင်းနားမှ အခြားသော ကွန်မြူနစ်လှုပ်ရှားမှုများထက် များစွာ ပို၍ လက်နက်ခဲယမ်းများ ထောက်ပံ့ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မော်စီတုန်း ကွယ်လွန်ပြီးနောက် တရုတ်နိုင်ငံတွင် မူဝါဒ အပြောင်းအလဲများ ပေါ်ပေါက်လာခဲ့သည်။ တိန့်ရှောင်ဖိန် အာဏာ ပြန်လည် ရရှိလာသည့် ၁၉၇၈ ခုနှစ်တွင် တရုတ်နိုင်ငံက ရန်ကုန်မြို့မှ မြန်မာအစိုးရကို ပြန်လည်ချဉ်းကပ်လာခြင်းဖြင့် တတိယ ကာလအပိုင်း အခြားကို စတင်ခဲ့သည်။

တချိန်တည်းမှာပင် တရုတ်နိုင်ငံက ဗကပကို ဆက်လက်ထောက်ပံ့မှုများ ပြုလုပ်နေခဲ့သော်လည်း အတိုင်းအတာ များစွာ လျှော့ချခဲ့သည်။ တရုတ်-မြန်မာ ဆက်ဆံရေး၏ စတုတ္တပိုင်းမှာ မြန်မာနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ပေါက်ခဲ့ သော ဒီမိုကရေစီ တောင်းဆိုသည့် ဆန္ဒပြပွဲများကို တပ်မတော်က ၁၉၈၈ ခုနှစ် စက်တင်ဘာလ အတွင်းတွင် ဖြိုခွဲခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) (နောက်ပိုင်းတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ)ကို ဖွဲ့စည်းခဲ့သည့်နောက်ပိုင်းတွင် ဖြစ်သည်။

အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြလုပ်ခဲ့သည့် အချိန်တွင် တရုတ်နိုင်ငံက စီးပွားရေး ဆက်ဆံမှုများကို တိုးမြှင့်ခြင်း နှင့် စစ် အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အပေါ် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုများကို နိုင်ငံရေးအရ အကာအကွယ် ပေးခြင်းများအားဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးက စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုအဖြစ် သတ်မှတ်နိုင်သည့် အခြေအနေသို့ စတင်ရောက်ရှိလာသည်။ ထိုအစီအစဉ်ကြောင့် တရုတ်အစိုးရအနေဖြင့် ယခင်ကာလများထက် ပို၍ မြန်မာနိုင်ငံတွင်းသို့ စီးပွားရေးအရ၊ နိုင်ငံရေးအရ ထိုးဖောက်ဝင်ရောက်နိုင်ခွင့် ရရှိခဲ့သည်။

ပဉ္စမပိုင်းက ၂၀၁၁ ခုနှစ်တွင် စတင်သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သော အရပ်သားတပိုင်း အစိုးရ အာဏာရလာပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ် ကြီးမားစွာ မှီခိုနေရခြင်းမှ ရှောင်လွှဲရန် စတင် အားထုတ်လာခဲ့သည်။ တရုတ်နိုင်ငံအပေါ် မှီခိုနေရခြင်းက အမျိုးသားရေးဝါဒီ တပ်မတော် အရာရှိအများအပြားအတွက် စိတ်မသက်သာစရာ ဖြစ်ခဲ့သည်။ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးက တိုးတက်လာသည်။ ထိုကဲ့သို့ အသစ်ဖြစ်သော၊ ကြိုတင်မျှော်လင့်မထားသော အခြေအနေမျိုးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ တုန့်ပြန်မှုက ကွဲပြားသည့် ပုံစံ ၂ မျိုး ဖြစ်လာ ခဲ့သည်။ (၁) မြန်မာအစိုးရကို ဆက်လက်ထောက်ခံရန်နှင့် (၂) အစိုးရကို တော်လှန်နေသော လက်နက်ကိုင် အဖွဲ့အစည်း အချို့ကို ထောက်ပံ့ရန် ဖြစ်သည်။ ထိုဗျူဟာက အလွန်ပင် ဝိရောဓိ ဖြစ်ဖွယ်ရာ ရှိပါသည်။ သို့သော်လည်း စဉ်းစားကြည့် မည်ဆိုလျှင် ၎င်း၌ ကိုယ်ပိုင် ယုတ္တိဗေဒ ရှိနေပါသည်။

တရုတ်နိုင်ငံက ၎င်း၏ စီးပွားရေးကို တင်းကျပ်သော ဆိုရှယ်လစ်ပုံစံမှ ပိုမို၍ အလုပ်ဖြစ်သော အရင်းရှင်စနစ်သို့ ပြောင်းလဲ ခဲ့ပြီး ဖြစ်ပါလိမ့်မည်။ သို့သော်လည်း နိုင်ငံရေးအရမူ အစိုးရနှင့် စစ်တပ်တို့က တရုတ်ကွန်မြူနစ်ပါတီ၏ အောက်တွင် ရှိနေ သော တပါတီ အာဏာရှင်နိုင်ငံအဖြစ် ဆက်၍ ရှိနေဆဲ ဖြစ်သည်။ မူဝါဒဟောင်း ဖြစ်သည့် အစိုးရချင်း ဆက်ဆံရေးကို ထိန်းသိမ်းထားသလို ပါတီချင်း ဆက်ဆံရေးကို ထိန်းသိမ်းရေးမှာလည်း ပြောင်းလဲခြင်း မရှိသေးပါ။ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ဆက်လက်တိုးတက်နေပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ တိုက်လေယာဉ်များနှင့် အခြား စစ်လက်နက်ပစ္စည်းများ ရောင်းချနေသည့် အချိန်မှာပင် ပါတီချင်း ဆက်ဆံရေး အနေဖြင့် ဗကပကို ဆက်ခံသည့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ယနေ့အချိန်တွင် UWSA က ယခင်ဗကပ ရရှိခဲ့သည်ထက် ပိုမိုသည့် တရုတ်နိုင်ငံ၏ ထောက်ပံ့မှုများဖြင့် ပိုမိုကောင်းမွန်သည့် လက်နက်များ တပ်ဆင်ထားသည်။ UWSA က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးတွင် အပြစ်ပေးသည့် “တုတ်” အဖြစ် အသုံးတော်ခံနေပြီး သံတမန်ရေးရာများ၊ အကူအညီပေးရေး ကတိကဝတ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများက ဆု ဖြစ်သည့် “မုန့်” များဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို အနောက်တိုင်းလက်သို့ လွယ်လွယ်နှင့် လွှဲမပေးနိုင်ပါ။ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံက ဗျူဟာအရရော စီးပွားရေးအရပါ အလွန် အရေးပါပါသည်။

ကိုလိုနီခေတ် တရုတ်-မြန်မာ နယ်ခြားပြ မြေပုံ

“ပေါက်ဖော်”နှစ်ကာလများ

၁၉၄၀ နှောင်းပိုင်း နှစ်များတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြားမှ ဆက်ဆံရေးက နယ်နိမိတ် သတ်မှတ်ရေး အငြင်းပွားမှု၊ အလွန်များသည့် တရုတ်အလုပ်သမားများနှင့် စီးပွားရေးသမားများသာကမ လယ်သမားများပါ စီးပွားရေး အခွင့်အလမ်းရှာဖွေရန်နှင့် မှောင်ခိုကုန်ကူးရန် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေကြခြင်းတို့ကြောင့် အဆင်မပြေမှုများ ရှိခဲ့သည်။ တရုတ်ပြည်တွင်းစစ်တွင် ကွန်မြူနစ်များကို ရှုံးနိမ့်ခဲ့သော ကူမင်တန်တပ်ဖွဲ့များက မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တောင်တန်းဒေသများသို့ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းတွင် ဆက်ဆံရေးက ပို၍ပင် မရေမရာ ဖြစ်ခဲ့သည်။

မြန်မာ ဗဟိုအစိုးရ၏ ထိန်းချုပ်နိုင်မှုအောက်တွင် မရှိသော နယ်စပ်ဒေသမှ ဝေးလံသည့် တောင်တန်းများပေါ်ရှိ လျှို့ဝှက် စခန်းများမှနေ၍ ကူမင်တန် (တရုတ်ဖြူ) တပ်များက ထိုင်ဝမ်ရှိ တရုတ်သမ္မတနိုင်ငံ အစိုးရ၊ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) နှင့် ထိုင်းနိုင်ငံတို့၏ အကူအညီဖြင့် တရုတ်နိုင်ငံမှ ကွန်မြူနစ် အစိုးရသစ်ကို ဆန့်ကျင်သည့် လျှို့ဝှက် စစ်ပွဲတခုကို ဆင်နွဲခဲ့ကြသည်။ တရုတ်ကွန်မြူနစ် အစိုးရနှင့် ကူမင်တန်တပ်ဖွဲ့များကို လက်မခံလိုသည့် အိမ်ရှင်နိုင်ငံတို့ ကြားတွင် စစ်ပွဲဖြစ်နိုင်ချေတခု ရှိသည်မှာ သေချာသလောက်ဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့ ပဋိပက္ခဖြစ်နိုင်သည့် အခြေအနေက ပေးသည့် သေးငယ်သော၊ (တရုတ်နိုင်ငံထက်စာလျှင်) အင်အားနည်းသော နိုင်ငံတခုက ၎င်း၏ လွတ်လပ်ရေးကို ထိန်းသိမ်းရန်နှင့် အာရှတွင် အကြီးမားဆုံးနှင့် အင်အားအကြီးဆုံးနိုင်ငံနှင့် ဆက်ဆံရေးတွင် ကြားနေမှုကို ထိန်းသိမ်းရန် မည်သို့ဆောင်ရွက်ခဲ့သည်ဆိုသည့် ဥပမာကောင်း တခုအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးက တိုးတက်လာခဲ့သည်။

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွင် မြန်မာနိုင်ငံ၏ လွတ်လပ်သော နိုင်ငံခြားရေးဝါဒက တရုတ်အစိုးရ အဆက်ဆက် (မည့်သည့် နိုင်ငံရေးသဘာဝ ရှိသည် ဖြစ်စေ) အမြဲတမ်း ယူဆထားခဲ့သလို ကိုလိုနီခေတ်မတိုင်မီ မြန်မာမင်းများက တရုတ် ဧကရာဇ်ထံသို့ လက်ဆောင်ပဏ္ဏာများ မကြာခန ပေးပို့ခဲ့ခြင်းကြောင့် သူတို့၏ သြဇာခံနိုင်ငံ ဖြစ်သည်ဆိုခြင်းထက် ပို၍ စဉ်းစား အသိအမှတ်ပြုဖွယ်ရာ ဖြစ်သည်။

၁၉၅၃ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံက ၎င်းတို့မြေပေါ်သို့ ကူမင်တန်များ ရောက်ရှိနေသည့်ကိစ္စကို ကုလသမဂ္ဂတွင် တင်ပြရန် ဆုံးဖြတ်ခဲ့သည့် အချိန်တွင် အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့သည်။ ထိုမတိုင်မီက အသစ်ဖွဲ့စည်းကာစ မြန်မာ့ တပ်မတော်က ကူမင်တန်များကို ခုခံတိုက်ခိုက်သည့် တိုက်ပွဲများ အများအပြား တိုက်ခိုက်ခဲ့ရပြီး ထိုသို့ ခုခံခြင်းက အဆိုပါဧည့်သည်များသည် ရန်ကုန်မြို့ရှိ မြန်မာအစိုးရ၏ ခွင့်ပြုချက်ဖြင့် မြန်မာ့မြေပိုင်နက်အတွင်းတွင် လှုပ်ရှားနေခြင်း မဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြခြင်း ဖြစ်သည်။

၁၉၅၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကူမင်တန်များ လက်နက်ချ၍ မြန်မာမြေပေါ်မှ ထွက်ခွာသွားရန် ကုလသမဂ္ဂက ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့သည်။ တရုတ် အမျိုးသားရေး ဝါဒီ ကူမင်တန် စစ်သားများ ထောင်နှင့် ချီ၍ ထိုင်ဝမ်သို့ ထွက်သွားခဲ့သော်လည်း မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ လက်ကျန်ကူမင်တန်များထံသို့ CIA က စီစဉ်ပေးသည့် လေယာဉ်များဖြင့် လေကြောင်းမှ ထောက်ပံ့မှုများ ပြုလုပ်နေခြင်းကို မြန်မာအစိုးရက တားဆီးရန် ခက်ခဲနေခြင်းကို ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်က ပြေလည်စေခဲ့သည်။

ထို့ကြောင့် ဦးနု၏ အစိုးရ အမှတ်ရခဲ့သည်။ ၁၉၅၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ၂ နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်တခုကို ပထမဆုံးအနေဖြင့် လက်မှတ်ထိုးခဲ့သည်။ ဇွန်လ ၂၈ နှင့် ၂၉ ရက်တို့တွင် မြန်မာအစိုးရ၏ ဖိတ်ကြားမှုဖြင့် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာနိုင်ငံသို့ လာရောက်၍ ဦးနုနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ခေါင်းဆောင် ၂ ဦး လက်မှတ်ထိုးထားသည့် တရုတ်-မြန်မာ ပူးတွဲကျေညာချက် တစောင်ကို ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ၌ တနိုင်ငံ၏ ပိုင်နက်နှင့် အချုပ်အခြာ အာဏာကို အပြန်အလှန်လေးစားရေး၊ မကျူးကျော်ရေး၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွတ်ဖက်ခြင်း မပြုရေး၊ အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူဝါဒ ၅ ခုကို ဖော်ပြခဲ့သည်။

ထိုမူဝါဒကို ဆွေမျိုးပေါက်ဖော်အဖြစ် တံဆိပ်တပ်ခဲ့သော်လည်း လက်တွေတွင် မြန်မာနိုင်ငံက ၎င်း၏ ပြည်တွင်းရေးအား တရုတ်နိုင်ငံက ဝင်ရောက်စွတ်ဖက်ခြင်းကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားရေးမူဝါဒတွင် ကြားနေဝါဒကို ကျင့်သုံးခဲ့သည်။ ပေါက်ဖော် ဆိုသည့် သဘောတရားက ကြီးမားပြီး တခါတရံတွင် ဒေသတွင်း ခြိမ်းခြောက်မှုဖြစ်သည့် တရုတ်နိုင်ငံနှင့် သေးငယ်ပြီး ၎င်း၏ အစွန်အဖျားတွင် တည်ရှိသည့် မြန်မာနိုင်ငံတို့ကြားမှ မညီမျှမှု နက်ရှိုင်းသည့် ဆက်ဆံရေးပေါ်တွင် မူတည်နေသည်။ မြန်မာ့လွတ်လပ်ရေး ခေတ်ဦးပိုင်း နှစ်များတွင် လက်နက်ကိုင်တော်လှန်မှုများ နိုင်ငံအနှံ့ တွင် ရှိနေခဲ့ပြီး ဗမာပြည် ကွန်မြူနစ်ပါတီက အဓိက ကျသည့် လက်နက်ကိုင် အဖွဲ့များထဲမှ တခု ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီက မော်ဝါဒ အပေါ်တွင် များစွာ တိမ်းညွှတ်မှုရှိခဲ့သော်လည်း တရုတ်အစိုးရက ဗကပကို ထောက်ပံ့ခြင်းမှ ရှောင်ကျဉ်ပေးခဲ့သည်။

နောက်ထပ် ဖြေရှင်းရမည့် ပြဿနာတခုမှာ တရုတ်နှင့် မြန်မာနိုင်ငံကြားမှ နယ်နိမိတ် အငြင်းပွားမှုဖြစ်သည်။ ၁၉၅၆ ခုနှစ် စက်တင်ဘာလက ဦးနု တရုတ်နိုင်ငံသို့ သွားရောက်စဉ် ထိုကိစ္စကို အသေးစိတ် ဆွေးနွေးခဲ့သည်။ သူက တရုတ်နိုင်ငံမှ အပြန်တွင် Namwan Assigned Tract ဟုခေါ်သည့် ဒေသတွင် (၁၈၉၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော သဘောတူညီချက် တခုအရ တရုတ်နိုင်ငံက ဗြိတိသျှတို့ထံ တနှစ်လျှင် ရူပီး ၁၀၀၀ ဖြင့် ရာသက်ပန် အငှားချခဲ့ရသည့် ဒေသ ဖြစ်သည်။ တရုတ်နိုင်ငံက ထိုသို့ငှားရမ်းခြင်းကြောင့် ထိုဒေသတွင် ၎င်း၏ အချုပ်အခြာ အာဏာဆုံးရှုံးသွားခြင်း မရှိဟု အမြဲယူဆ ထားခဲ့သည်။ လွတ်လပ်ရေးရသည့် ၁၉၄၈ နောက်ပိုင်းတွင် မြန်မာနိုင်ငံက နှစ်စဉ် ငှားရမ်းခ ငွေကို ဆက်လက်ပေးချေ သော်လည်း တရုတ်နိုင်ငံက လက်မခံတော့ပါ) မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို အသိအမှတ် ပြုပေးရန် တောင်းဆို၍ အပြန်အလှန် အနေဖြင့် ကချင်ပြည်နယ်မှ ဖီမော်၊ ဂေါ်လန်နှင့် ကန်ဖန် ကျေးရွာ ၃ ခုကို တရုတ် နိုင်ငံသို့ ပေး၍ ဖြေရှင်းမည့် အစီအစဉ်တခုကို ယူဆောင်လာခဲ့သည်။ တရုတ်နိုင်ငံကလည်း ကျန်သည့် နယ်စပ် ၁၃၅၇ မိုင်ကို မြန်မာနိုင်ငံက အဆိုပြုသည့်အတိုင်း အသိအမှတ်ပြုရန် အာမခံခဲ့သည်။

ဦးနု၏ အလျှော့ပေးမှုကြောင့် မြန်မာနိုင်ငံရေးသမားများရော ကချင်ကဲ့သို့ တိုင်းရင်းသားအဖွဲ့များကပါ ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်စေခဲ့သည်။ ကချင်ပြည်နယ်တွင် ၁၉၆၁ ခုနှစ်၌ လက်နက်ကိုင်တော်လှန်မှု ပေါ်ပေါက်လာရခြင်းမှာ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ဆွေးနွေးမှုများမှ တိုက်ရိုက် ရလဒ်တခု ဖြစ်သည်။ သို့သော်လည်း သဘောတူညီချက်တခု ရရှိရန် ညှိနှိုင်းဆွေးနွေးမှုများကို ၄ နှစ် နီးပါး ဆက်လက်ပြုလုပ်ခဲ့ရပြီး နောက်ဆုံးတွင် ၁၉၆၀ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့၌ လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

၁၉၅၈ ခုနှစ်တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အိမ်စောင့် အစိုးရသို့ ဦးနုက အာဏာ လွှဲပြောင်းပေးခဲ့ရသည်။ ဗိုလ်ချုပ်ကြီးနေဝင်းက နယ်စပ်သဘောတူညီချက် ရရှိရေးကို အဆုံးသတ်အောင် ဆက်လက် ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေးနှင့် အပြန်အလှန် မကျူးကျော်ရေး စာချုပ်တခုကို လက်မှတ်ထိုးခဲ့သည်။ ၅၉ စတုရန်း မိုင် ကျယ်ဝန်းသည့် ကချင်ကျေးရွာများ အပြင် ဗိုလ်ချုပ်ကြီးနေဝင်းက ဝ တောင်တန်းများ အနောက်ပိုင်းမှ ၁၇၃ စတုရန်းမိုင် ကျယ်ဝန်းသည့် ပန်ဟုံ-ပန်လောင် ဒေသကိုလည်း ပေးအပ်လိုက်ရသည်။

အပြန်အလှန် အနေဖြင့် ၈၅ စတုရန်းမိုင်ရှိသည့် Namwan ဒေသက မူလ ရည်ရွယ်ချက်အတိုင်း တရားဝင် မြန်မာပိုင်နက် ဖြစ်လာသည်။ ပို၍ အရေးကြီးသည်မှာ တရုတ်နိုင်ငံက ကချင်ပြည်နယ် မြောက်ပိုင်းမှ သူတို့တောင်းဆိုထားသည့် ဧရိယာများကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှ စ၍ တရုတ်မြေပုံများက နယ်စပ်ကို ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနား၏ မြောက်ပိုင်းနားတွင် ပြသထားသော်လည်း ထိုင်ဝမ် မြေပုံများတွင် နယ်စပ်ကို ယခင်အတိုင်းပြသထားဆဲ ဖြစ်သည်။ ထိုင်ဝမ် အစိုးရက ဘေဂျင်းမှ ကွန်မြူနစ် အစိုးရနှင့် အခြားနိုင်ငံများကြားတွင် လက်မှတ်ထိုးခဲ့သော မည်သည့် သဘောတူညီချက်ကိုမျှ အသိအမှတ်မပြုသောကြောင့် ဖြစ်သည်။

၁၉၆၀ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လများတွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲများ နောက်ပိုင်းတွင် ဦးနု အာဏာ ပြန်လည် ရရှိခဲ့သည်။ နယ်နိမိတ်ပိုင်းခြား သတ်မှတ်ပြီး ဖြစ်သော မြန်မာနိုင်ငံက နောက်နှစ်တွင် နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကူမင်တန်များကို ထိုးစစ် အသစ်တခု ဆင်နွဲခဲ့သည်။ ထိုအချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်သူ့ လွတ်မြာက်ရေး တပ်မတော် (PLA) မှ ထောင်နှင့် ချီသော တပ်သားများကလည်း ရှမ်းပြည်နယ် အရှေ့ ပိုင်း ကျိုင်းတုံမြို့ မြောက်ဖက် မိုင်းယန်းမြို့ အနီးမှ ကူမင်တန် ထိန်းချုပ်ထားသည့် အဓိက စခန်းတခုရှိရာသို့ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာခဲ့သည်။ လာအို-မြန်မာ နယ်စပ်အနီး မိုင်းပါသျှိုမှ နောက်ထပ် ကူမင်တန် စခန်းတခုကိုလည်း စစ်ဆင်ရေးတခုဖြင့် တိုက်ခိုက်ခဲ့ရာတွင် မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သည်မှာ ထင်ရှားပါသည်။ ထိုကိစ္စကို မည်သည့်အခါကမျှ တရားဝင် ဝန်ခံခြင်း မရှိခဲ့သော်လည်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြားမှ ချစ်ကြည်ရေး သဘောတူညီချက်သစ်၏ တစိတ်တပိုင်း ဖြစ်သည်ဟု ယူဆပါက ဆီလျှော်မှု ရှိပါလိမ့်မည်။

အပိုင်း ၂ ကို ဆက်လက် စောင့်မျှော် ဖတ်ရှုပါ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ဘာတေးလင့်တနာ၏ China and Burma: Not Only Pauk-Phaw  ကို ဘာသာပြန်ဆိုသည်။ မူရင်းဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စုရှိ မူဝါဒရေးရာ အဖွဲ့အစည်းဖြစ်သော The Project 2049 Institute တွင် ဖော်ပြခဲ့သည်။)

The post တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၁ appeared first on ဧရာဝတီ.

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် –အပိုင်း ၂

$
0
0

“ပေါက်ဖော်”မဖြစ်သော နှစ်ကာလများ

တရုတ် မြန်မာ ဆက်ဆံရေးသည် တရုတ် ဆန့်ကျင်ရေး အဓိကရုဏ်းများ ရန်ကုန်မြို့တွင် ပေါ်ပေါက်ခဲ့သော ၁၉၆၇ ခုနှစ် တွင် ပို၍ဆိုးသည့် ဘက်သို့ရောက်ရှိသွားကြောင်း ယေဘုယျ အားဖြင့် ယူဆခဲ့ကြသည်။ တရုတ် နိုင်ငံမှ ယဉ်ကျေးမှု တော် လှန်ရေး ခံစားချက်များက ရန်ကုန်ရှိ တရုတ်လူမျိုး အသိုင်းအဝိုင်း အပေါ်ဩဇာလွှမ်းမိုးခဲ့ပြီး မြန်မာနိုင်ငံမှ တရုတ်လူငယ် အများအပြားက အနီရောင် မော်စီတုန်း တံဆိပ်ရင်ထိုးများ စတင်၍ တပ်ဆင်လာခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းက လူအများကြားတွင် နိုင်ငံရေးနှင့် သက်ဆိုင်သော သင်္ကေတများ ဖော်ပြခြင်းကို မြန်မာနိုင်ငံတွင် တရားဝင် တားမြစ်ထားသည့် စည်းကမ်းကို ချိုးဖောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူငယ် တပ်နီ (Red Guards) များကို ရင်ထိုး တံဆိပ်များ တပ်ဆင်ခြင်း မပြုရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အချို့က ထိုအမိန့်ကို လိုက်နာခြင်း မပြုခဲ့ကြသည့် အတွက် ၁၉၆၇ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ပေါက်လာခဲ့သည်။

တရုတ်လူမျိုးပိုင် ဆိုင်များနှင့် နေအိမ်များ ဖျက်ဆီးခြင်းခံခဲ့ရသည်။ မြန်မာနိုင်ငံသား တရုတ် လူမျိုး အများအပြား အသတ် ခဲ့ရသည်။ အခြေအနေများ မထိန်းသိမ်းနိုင်မီ တရုတ်သံရုံးကိုပင် လူစုလူဝေးဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြင့် ကြုံတွေ့ ခဲ့ရသည်။ သို့သော်လည်း ထိုကိစ္စတွင် အာဏာပိုင်များ၏ အခန်းကဏ္ဍက အညင်းပွားစရာ ဖြစ်ခဲ့သည်။ ရန်ကုန်မြို့ တရုတ်တန်းမှ အဓိကရုဏ်းများက ရန်ကုန်မြို့တွင် ဆန်နှင့် အခြေခံ စားကုန်များ ထောက်ပံ့မှု ဆိုးဆိုးရွားရွား ပြတ်တောက် နေချိန်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ မျက်မြင်သက်သေများ၏ အဆိုအရ တရုတ်သံရုံးကို တိုက်ခိုက်မှု ပေါ်ပေါက် မလာမီ အချိန်အထိ သတ်ဖြတ်မှုများ၊ လုယက်မှုများကို ရဲအဖွဲ့က ဝင်ရောက်တားမြစ်ခဲ့ခြင်း မရှိဟု သိရသည်။ မြန်မာနိုင်ငံ၏ စစ်အစိုးရက တိုင်းပြည်တွင် ထိုစဉ်က ကြုံတွေ့နေရသည့် ပြည်တွင်းရေး ပြဿနာများ အပေါ် အလေးပေးမှု လျော့ကျသွားစေရန် အဓိကရုဏ်းများကို အားပေးခဲ့ခြင်း ဖြစ်သည်ဟု အများစုက ယုံကြည်ထားကြသည်။

တရုတ်-မြန်မာ အရေးအခင်းနောက်ပိုင်း ၂ နိုင်ငံမြို့တော်များရှိ သံအမတ်ကြီးများကို ပြန်လည် ရုပ်သိမ်း ခေါ်ယူခဲ့ကြသည်။ ရန်ကုန်မြို့ရှိ ဆင်ဟွာသတင်းအေဂျင်စီမှ သတင်းထောက်ကို နှင်ထုတ်ခဲ့သည်။ တရုတ်အစိုးရကလည်း ၁၉၆၀ ခုနှစ် ချစ်ကြည်ရေးစာချုပ်အရ မြန်မာနိုင်ငံသို့ ထောက်ပံ့ကူညီမှုပေးရေး အစီအစဉ်ကို ဆိုင်းငံ့လိုက်သည်။ ဘေဂျင်း အသံလွှင့် ဌာနကလည်း ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို ဖက်ဆစ်ဟု တံဆိပ်ကပ်၍ ပြင်းထန်စွာ တိုက်ခိုက် ပြောဆိုမှုများ ထုတ်လွှင့် ခဲ့သည်။ ၁၉၆၈ ခုနှစ် ဇန်နဝါရီလတွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်ဖွဲ့များက တရုတ်မှ နေ၍ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီက သူတို့၏ ညီနောင် ပါတီဖြစ်သော ဗမာပြည် ကွန်မြူ နစ်ပါတီကို အကူအညီ ကြီးမားစွာ ပေးရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း တရုတ်- မြန်မာ ဆက်ဆံရေးကို ပိုမို၍ စေ့စပ်စွာ လေ့လာမည်ဆိုလျှင် ၁၉၆၇ ခုနှစ် အဖြစ်အပျက်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို တိုက်ရိုက် ဝင်ရောက်စွက်ဖက်ရန် အဆင်ပြေစေမည့် ဆင်ခြေတခုထက် အနည်းငယ်မျှသာ ပိုပါသည်။ အမှန်တကယ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းယူလိုက်သည့် ၁၉၆၂ ခုနှစ် မှစ၍ တရုတ်-မြန်မာ ဆက်ဆံရေးက ခေတ်သစ်တခု စတင်ခဲ့ပြီ ဖြစ်သည်။ အားနည်းပါးသော်လည်း ကြားနေဝါဒကို ကျင့်သုံးသည့် မြန်မာနိုင်ငံမှ ဒီမိုကရေစီအစိုးရ၏ အားထုတ်မှုကြောင့် တည်ရှိခဲ့သော ဒေသတွင်းတည်ငြိမ်မှုကို စစ်တပ်၏ အာဏာသိမ်းယူမှုက ထိခိုက်စေခဲ့သည်။

ထို့ပြင် ရည်မှန်းချက်ကြီး၍ ခန့်မှန်းရခက်ခဲသော ရန်ကုန်မြို့မှ စစ်ဗိုလ်ချုပ်ကို တရုတ်နိုင်ငံက စိုးရိမ်နေခဲ့သည်မှာ ကာလ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရန်ကုန်မြို့တွင် စစ်တပ်က အာဏာသိမ်းယူပြီးသည်နှင့် အရေးပါသော အဖြစ်အပျက် ၆ခု ချက်ခြင်း ပေါ်ပေါက်ခဲ့ပါသည်။

(၁) ၁၉၅၀ နှစ်များ အစောပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ကေဒါ အများအပြား တရုတ်နိုင်ငံသို့ သွားရောက်၍ မြန်မာ နိုင်ငံမှ သူတို့၏ လက်နက်ကိုင်တော်လှန်ရေးကို အကူအညီပေးရန် မေတ္တာရပ်ခံခဲ့ကြသည်။ သို့သော်လည်း ဦးနု အာဏာ ရှိနေစဉ်အတွင်းတွင် အဆိုပါ မြန်မာကွန်မြူနစ်များ (စုစုပေါင်း ၁၄၃ ဦး) ကို တရုတ် အာဏာပိုင်များက စီချွမ်ပြည်နယ်တွင် ထားရှိခဲ့သည်။ သူတို့အနေဖြင့် ကွန်မြူနစ်ကျောင်းများ တက်ခွင့်ရခဲ့သော်လည်း အခြား အကူအညီများ ရရှိခဲ့ခြင်း မရှိပါ။ အထူးသဖြင့် လက်နက်နှင့် စစ်ရေးလေ့ကျင့်မှုများ ဖြစ်သည်။ တရုတ်နိုင်ငံရောက် ဗကပ များ၏ ခေါင်းဆောင်မှာ နောက်ပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌဖြစ်လာသော သခင်ဗသိန်းတင် ဖြစ်သည်။ ဘေဂျင်းတွင် အနေများသည့် သခင်ဗသိန်းတင်က မော်စီတုန်းနှင့် နီးစပ်မှု ရှိလာခဲ့သည်။ သူတို့ ၂ ဦး၏ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုက ကာလ ကြာရှည်စွာ ရှိနေခဲ့သည်။ ရန်ကုန်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် ဗကပ အနေဖြင့် ၎င်းတို့ ၏ ဝါဒဖြန့်ချီရေး စာရွက်စာတမ်းများနှင့် အခြားအရာများကို ပထမဦးဆုံးအကြိမ်အဖြစ် ဘေဂျင်းတွင် ပုံနှိပ်ခွင့် ရရှိလာခဲ့သည်။ ၁၉၆၂ ခုနှစ် ဩဂုတ် ၁ ရက်နေ့တွင် ဘေဂျင်း အခြေစိုက် ဗကပများက အာဏာသိမ်းစစ်အစိုးရကို ရှုတ်ချ ဝေဖန်ထားသော “နေဝင်း စစ်အစိုးရ၏ အချို့သော အချက်အလက်မှန်များ” အမည်ရှိ စာတမ်းကို ထုတ်ဝေခဲ့ကြသည်။

(၂) ဘေဂျင်းရှိ ပြည်ပရောက် ဗကပများအတွက် အရေးအကြီးဆုံး တာဝန်မှာ ရန်ကုန်မြို့မြောက်ဘက် မြန်မာနိုင်ငံ အလယ်ပိုင်း ပဲခူးရိုးမ တောင်တန်းများပေါ်ရှိ အခြေစိုက် နယ်မြေဟောင်းမှ ဗကပ တပ်ဖွဲ့များနှင့် ဆက်သွယ်မည့် နည်းလမ်း ရှာဖွေရေးဖြစ်သည်။ တချိန်က အင်အားကြီးမားခဲ့သော ကွန်မြူနစ်များသည် ပဲခူးရိုးမတွင် ပြင်းထန်စွာ ချေမှုန်း ခံခဲ့ရသည်။ ၁၉၅၀ အစောပိုင်းနှစ်များတွင် ယူနန် ပြည်နယ်သို့ ရောက်ရှိလာခဲ့သော ပြည်ပရောက် ကွန်မြူနစ်များသည် မြန်မာနိုင်ငံ အတွင်းမှ ကွန်မြူနစ်များနှင့် အဆက်အသွယ် မရှိတော့ပါ။

သို့သော်လည်း သမိုင်းအဖြစ်အပျက်များ၏ ထူးဆန်းသော လှည့်ကွက်တခု အနေဖြင့် တရုတ်နိုင်ငံရှိ ပြည်ပရောက် ဗကပ များ အဆိုပါ အအဆက်အသွယ်များ ပြန်လည်ထူထောင်နိုင်ရေး မရည်ရွယ်ပါဘဲ အခွင့်အရေးပေးခဲ့မိသူမှာ ရန်ကုန် စစ်အစိုးရသစ် ဖြစ်နေသည်။ စစ်အစိုးရ၏ ကြီးမားသော အင်အားနှင့် ရင်ဆိုင်ရလျှင် လက်နက်ကိုင် တော်လှန်သူများက အရှုံးပေးလိမ့်မည်ဟု မျှော်လင့်ကောင်း မျှော်လင့်ထားပုံရသည့် ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာရပြီး တနှစ်ခန့် အကြာတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ မည်သည့် ရလဒ်ထွက်ပေါ်သည် ဖြစ်စေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များသို့ လွတ်လပ်စွာ၊ လုံခြုံစွာ လာရောက်ခွင့်၊ ပြန်ထွက်သွားခွင့်များကို အာမခံချက်ပေးခဲ့သည့် အတွက် ၁၉၆၃ ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၊ သခင်စိုး၏ အင်အားပိုနည်းသည့် အလံနီကွန်မြူ နစ်ပါတီ၊ ကရင် ၊ ရှမ်း၊ မွန်၊ ကချင် တိုင်းရင်းသားလက်နက် ကိုင်များ နှင့် အခြားသောအဖွဲ့ငယ်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ကာကီရောင် စစ်ဝတ်စုံများ ဝတ်ဆင်ထားသော မိန်းကလေးများနှင့်အတူ ရောက်ရှိလာသော သခင်စိုးက စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်သည်။ သခင်စိုးက သူ့ရှေ့မှ ဆွေးနွေးပွဲ စားပွဲပေါ်တွင် စတာလင်ရဲ့ ပုံကိုချထား လိုက်ပြီးနောက် ဆိုဗီယက်ခေါင်းဆောင် ခရူးရှဖ်၏ “ပြန်လည်ပြင်ဆင်ရေးဝါဒ” နှင့် တရုတ်နိုင်ငံမှ မော်စီတုန်း၏ အခွင့်အရေးုဝါဒ သို့မဟုတ် “အချောင်သမားဝါဒ” တို့ကို စတင်တိုက်ခိုက်တော့သည်။ (မကြာမီမှာပင် ဆွေးနွေးပွဲများမှ သခင်စိုး ထုတ်ပယ်ခြင်းခံခဲ့ရသည်။) သို့သော် တရုတ်နိုင်ငံရောက် ဗမာပြည်ကွန်မြူနစ်ပါတီမှ လူ ၂၉ ယောက်လည်း ဆွေးနွေးပွဲတွင် ပါဝင်ရန် ဆိုသည့် အကြောင်းပြချက်ဖြင့် ရန်ကုန်မြို့သို့ ရောက်လာခဲ့ကြသည်။ နောက်ပိုင်းတွင် “ပီကင်းပြန်”များဟု သိကြသည့် အဆိုပါ ပုဂ္ဂိုလ်များထဲတွင် ရဲဘော်အောင်ကြီး၊ သခင်ဗိုလ်၊ ဗိုလ်ဇေယျနှင့် သခင်ဗသိန်းတင် တို့လည်း ပါဝင်ကြသည်။ အမှန်တကယ်တွင် သခင်ဗသိန်းတင်က ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ခြင်း မရှိသော်လည်း ထိုအခွင့်အရေးကို အသုံးချ၍ ပဲခူးရိုးမရှိ ဗကပ ဌာနချုပ်သို့ သွားရောက်ခဲ့သည်။ ရေဒီယို အသံလွှင့်စက်များနှင့် တရုတ်နိုင်ငံမှ ပေးသည့် အခြားအကူအညီများကိုလည်း သူနှင့်အတူ ယူဆောင်သွားခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ မှတ်တမ်းအထောက်အထားများအရ မြန်မာအစိုးရက ကွန်မြူနစ်တွေကို ၎င်းတို့၏ တပ်များနှင့် ပါတီဝင်များကို အာဏာပိုင်များက သဘောတူသတ်မှတ်ပေးသော နယ်မြေတခုအတွင်း စုစည်းထားရှိရန်၊ ကျန်နေသေးသော တပ်သားများ သို့မဟုတ် အခြားနေရာများတွင် ရောက်နေသော ကေဒါများ ရှိနေပါက အစိုးရကို အသိပေးရန်၊ ပါတီ၏ အဖွဲ့အစည်းအလိုက် လှုပ်ရှားမှု အားလုံးကို ရပ်တန့်ရန်နှင့် ဘဏ္ဍာငွေ ရှာဖွေဖြင်းကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

စစ်အာဏာပိုင်တို့၏ ခေါင်းမာမှုက ဗမာပြည်ကွန်မြူနစ်ပါတီအတွက် တနည်းတဖုံဖြင့် ကောင်းချီး မင်္ဂလာဖြစ်ခဲ့သည်။ နိုဝင်ဘာလတွင် ဆွေးနွေးပွဲများ ပျက်ပြားသွားသောအခါ လက်နက်ကိုင်အဖွဲ့များက သက်ဆိုင်ရာ တောတွင်းစခန်းများကို ပြန်သွားကြသည်။ သို့သော်လည်း သခင်ဗသိန်းတင်နဲ့ အခြားကေဒါ တဦးသာ ဘေဂျင်းသို့ ပြန်သွားပြီး ကျန် ၂၇ ယောက်က ပဲခူးရိုးမမှာ ကျန်ရစ်နေခဲ့၍ ပြည်တွင်းရှိ ပါတီ၏ ခေါင်းဆောင်မှုပိုင်းကို ရယူခဲ့ကြသည်။

(၃) နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုအတွင်း တရုတ်နှင့် ဆိုဗီယက် ကွဲကြပြီးနောက် များမကြာမီ ၁၉၆၃ ခုနှစ် နိုဝင်ဘာ လ တွင် ဆိုဗီယက်ပြည်ထောင်စုသို့ သွားရောက် ပညာသင်နေကြသော ဗကပ ကေဒါများ ဖြစ်သည့် ခင်မောင်ကြီး၊ စံသူ နှင့် သိန်းအောင်တို့ ဘေဂျင်းသို့ ပြန်လာခဲ့ကြသည်။ သခင်ဗသိန်းတင် ရန်ကုန် ငြိမ်းချမ်းရေးဆွေနွေးပွဲမှ ပြန်ရောက်ပြီး မကြာမီမှာပင် တရုတ်နိုင်ငံတွင်းမှ အလုပ်ကို ညွှန်ကြားရန် လူ ၅ ဦး ပါဝင်သော ဦးဆောင်အဖွဲ့ကို ဘေဂျင်းမြို့တွင် ဖွဲ့စည်း ခဲ့သည်။ ၁၉၆၀ နှစ်များအတွင်း ပေါ်ထွက်လာမည့် ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုအသစ်၏ ပင်မ အခြေခံဖြစ် သည့် ထိုအဖွဲ့တွင် သခင်ဗသိန်းတင်က ခေါင်းဆောင်ဖြစ်လာပြီး ခင်မောင်ကြီးက သူ့ကိုယ်ရေး အတွင်းရေးမှူး ဖြစ်သည်။ ခင်မောင်ကြီးက ဗမာပြည်ကွန်မြူနစ်ပါတီ၏ သဘောတရားရေးရာ အဓိက တာဝန်ခံလည်း ဖြစ်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌဟောင်း သခင်ဗသိန်းတင်/ Hseng Noung Lintner

(၄) ၁၉၆၃ ခု နှောင်းပိုင်းတွင် မော်စကိုပြန်တယောက်ဖြစ်သော စံသူကို ယူနန်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံ အရှေ့ မြောက်ပိုင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်မည့် လမ်းကြောင်းများကို စတင် ကွင်းဆင်းရှာဖွေနေသော အဖွဲ့၏ ခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့သည်။ ထိုကာလအတွင်းတွင် တရုတ်နိုင်ငံက ကူမင်းမှနေ၍ မြန်မာနှင့် နောက်ထပ် ကွန်မြူနစ် လှုပ်ရှားမှု တခုရှိနေသော လာအိုနယ်ခြားဒေသများ တလျှောက် နေရာအသီးသီးသို့ ဦးတည်သော အဝေးပြေး ကတ္တရာလမ်း ကွန်ရက်တခုကို ဖောက်လုပ်ခဲ့သည်။

(၅) တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဗမာပြည်ကွန်မြူနစ်ပါတီမှ ကေဒါ အားလုံးနီးပါးသည် မာ့က်စ် Marx ဝါဒနှင့် ပတ်သက်၍ ကျွမ်းကျင်သူ ပညာတတ်များ ဖြစ်ကြသော်လည်း စစ်ရေးစစ်ရာနှင့် ပတ်သက်လျှင် အတွေ့အကြုံ အနည်းငယ် သို့မဟုတ် လုံးဝ မရှိသူများဖြစ်ကြသည်။ သို့သော်လည်း ၁၉၅၀ ခုနှစ်တွင် ကချင်တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တဦး ဖြစ်သည့် နော်ဆိုင်းနှင့် ၂၀၀ မှ ၃၀၀ အတွင်းရှိသော သူ၏ နောက်လိုက်များ တရုတ်နိုင်ငံထဲသို့ ဆုတ်ခွာလာပြီး ကွေ့ကျုံး ပြည်နယ်တွင် သာမန် အရပ်သားပြည်သူများ အနေဖြင့် အခြေချနေထိုင်ခဲ့ကြသည်။ နော်ဆိုင်းသည် ဂျပန်တပ်များနှင့် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သော ဒုတိယကမ္ဘာစစ်ပြန် သူရဲကောင်းတဦး ဖြစ်သည်။ ဗကပ၏ လိုအပ်ချက်နှင့် ကိုက်ညီသော တပ်မှူးတယောက်လည်း ဖြစ်သည်။

ရန်ကုန်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ မပြုလုပ်မီ ၁၉၆၃ ခုနှစ် အစောပိုင်း ကတည်းက နော်ဆိုင်းကို စီချွမ် ပြည်နယ်သို့ ခေါ်ယူထားခဲ့သည်။ သခင်ဗသိန်းတင်နှင့် မိတ်ဆက်ပေးပြီး မြန်မာနိုင်ငံသို့ ပြန်သွား၍ တိုက်ခိုက်ရန် အချိန်ရောက်ပြီ ဖြစ်ကြောင်း ပြောခဲ့ကြသည်။ ကွေ့ကျုံး ပြည်နယ်မှ အသိုင်းအဝိုင်းကို စွန့်ခွာရန် စိတ်အားထက်သန်နေသော နော်ဆိုင်း ကလည်း သဘောတူရန် အသင့်ဖြစ်နေခဲ့သည်။ သူက သူ၏ အဖွဲ့ကို စုစည်း၍ ၁၉၆၅ ခုနှစ်တွင် ယူနန်ပြည်နယ်၌ သူတို့၏ စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်ခဲ့သည်။ နောက်ဆုံး ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့၌ နော်ဆိုင်း၏ ကချင်စစ်သည်များက တရုတ်နိုင်ငံမှနေ၍ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသသို့ ဝင်ရောက်လာခဲ့ကြသည်။ ခင်မောင်ကြီးနှင့် ဗကပ က အခြားနိုင်ငံရေးအရာရှိများလည်း သူတို့နှင့် အတူ လိုက်ပါလာခဲ့ကြသည်။

(၆) ၁၉၃၀ နှစ်များကတည်းက တရုတ် လူမျိုး ကွန်မြူနစ်များ မြန်မာနိုင်ငံ အလယ်ပိုင်းမြို့များတွင် လှုပ်ရှားနေခဲ့ကြသည်။ သို့သော်လည်း ပင်မဖြစ်သည့် မြန်မာကွန်မြူနစ်များ၏ လှုပ်ရှားမှုများနှင့် လုံးလုံးလျားလျား သီးခြားဖြစ်နေခဲ့သည်။ ၁၉၆၀ နှစ်များ အစောပိုင်းတွင် အဆိုပါ အဖွဲ့များက ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပထမဆုံးအဖြစ် ထိတွေ့မှုရှိလာသည်။ သူတို့၏ အရေအတွက်က များပြားခြင်း မရှိသော်လည်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ရန်ကုန်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်မှ တရုတ် လူမျိုးများကို ထိုစဉ်က ရွှေလီမြစ်ကြောင်း တလျှေက်တွင် အခြေပြုထားသော ဗကပ နယ်မြေ သို့ သွားရောက်နိုင်ရန် စီစဉ် ပေးခဲ့သည်။ အရှေ့မြောက်ဒေသ ဖွဲ့စည်း တည်ထောင်ပြီးသည့် ၁၉၆၈ ခုနှစ်နောက်ပိုင်းတွင်လည်း ထိုနေရာသို့သွားနိုင်ရန် ကူညီပေးခဲ့သည်။ ၁၉၆၇ ခုနှစ် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ရန်ကုန်တွင် ပေါ်ပေါက်ခဲ့ပြီးနောက် ဗမာပြည် ကွန် မြူ နစ်ပါတီ လူဦးရေတိုးတက်လာခဲ့သည်။ အဆိုပါ အဓိကရုဏ်းများက တရုတ်နိုင်ငံ၏ အကူအညီဖြင့် ရှမ်းပြည်နယ်ထဲသို့ ထိုးဖောက်ဝင်ရောက်မည့် ဗကပ၏ ရှိနှင့်ပြီး အစီအစဉ်ကို အထောက်အကူ ဖြစ်စေခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံက မြန်မာ ကွန်မြူနစ်များကို ကူညီရခြင်းအကြောင်းရင်းက ထို အဓိကရုဏ်းများ မဟုတ်ပါ။

နောက်ပိုင်းဆယ်စုနှစ်အတွင်းတွင် တရုတ်နိုင်ငံက ဗမာပြည်ကွန်မြူနစ်ပါတီကို ချေမှုန်းရေး ရိုင်ဖယ်သေနတ်များ၊ စက်သေနတ်များ၊ လောင်ချာများ၊ လေယာဉ်ပစ် အမြောက်များ၊ ဆက်သွယ်ရေး ပစ္စည်းများ၊ ဂျစ်ကားများ၊ ကုန်တင် ထရပ် ကားများနှင့် ဓာတ်ဆီများ ထောက်ပံပေးခဲ့သည်။ ဆန်၊ အခြား စားနပ်ရိက္ခာများ၊ စားသုံးဆီနှင့် မီးဖိုချောင်သုံး ပစ္စည်းများကိုပင်လျှင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တရုတ်- မြန်မာ နယ်စပ်တလျှောက်တွင် အသစ် တည်ထောင်နေသော တော်လှန်ရေးဒေသသို့ နယ်စပ်ဖြတ်ကျော် ပို့ပေးခဲ့သည်။ ထိုဒေသအတွင်းမှာပင် တရုတ်နိုင်ငံက ရေအားလျှပ်စစ် စက်ရုံများနှင့် လျှို့ ဝှက်အသံလွှင့်ရုံတခုကို တည်ဆောက်ပေးခဲ့သည်။ “The People’s Voice of Burma” က ၁၉၇၁ ခုနှစ် ဧပြီလမှ စတင်၍ နယ်စပ်ရှိ ယူနန်ပြည်နယ်ဘက်မှ နေ၍ အသံလွှင့်ခဲ့သည်။ တပ်နီလူငယ်များသာမက တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) မှ အမြုတေတပ်သားများလည်း ပါဝင်နေသည့် ထောင်ပေါင်းများစွာသော တရုတ် အပျော်တမ်းတပ်ဖွဲ့များ (volunteers) ကလည်း သူတို့၏ ဗမာရဲဘော်များနှင့် အတူ တိုက်ပွဲဝင်ရန် နယ်စပ် ဖြတ်ကျော် ရောက်ရှိလာခဲ့ကြသည်။ ၁၉၆၈ ခုနှစ် နှစ်သစ်ကူးနေ့တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းသို့ ပထမဆုံး စတင် ဝင်ရောက်လာသည့် အချိန်က စ၍ နောက် ၄ နှစ် အတွင်း ဗမာပြည် ကွန်မြူနစ်ပါတီက တရုတ်-မြန်မာ နယ်စပ် တလျှောက်မှ စတုရန်းမိုင် ၉၀၀၀ ကျော်ကို ထိန်းချုပ်နိုင်ခဲ့သည်။

ယဉ်ကျေးမှုတော်လှန်ရေးကာလ အတွင်းတွင် တရုတ်တို့က သူတို့ကိုယ်သူတို့ “ကမ္ဘာ့ပစ္စည်းမဲ့ တော်လှန်ရေး” ၏ ဦးဆောင် သူများ အဖြစ် မြင်နေခဲ့ကြပြီး ဗမာပြည်ကွန်မြူနစ်ပါတီကို ကြီးမားစွာ ကူညီခဲ့ခြင်းမှာလည်း ထိုမူဝါဒကို အင်တိုက်အားတိုက် ထုတ်ဖော်ပြခြင်းများထဲမှ တခုသာ ဖြစ်သည်။ သို့သော်လည်း ၁၉၇၀ နှစ်များ နှောင်းပိုင်းအထိ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒတွင် ထိုအချက်က အဓိကနေရာမှ ပါဝင်နေခဲ့သည်။ စစ်မက်ရေးကို ဦးစားပေးမှုနည်းသည့် မူဝါဒသို့ ဦးတည် သည့် အပြောင်းအလဲက ၁၉၇၆ ခုနှစ်တွင် မော်စီတုန်း ကွယ်လွန်ခဲ့ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီတွင်းတွင် အာဏာ အားပြိုင်မှုများ ဖြစ်ပွားခဲ့ရသည့် နောက်ပိုင်းတွင် စတင်ခဲ့သည်။ ထိုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံမှ လက်ဝဲစွန်းများက ပြန်လည် အင်အားခိုင်မာလာအောင် ပြုလုပ်နိုင်ခဲ့ကြပြီး တိန့်ရှောင်ဖိန်ကို ရာထူးမှ ထုတ်ပယ်ခဲ့ကြချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီက ဒေသတွင်းမှ အခြားသော ကွန်မြူနစ်ပါတီများကဲ့သို့ မဟုတ်ဘဲ သဘောထားတင်းမာသည့် မော်ဝါဒီများကို ထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်းပင် ထုတ်ပြန်ပြောဆိုခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ပြုလုပ်သည့် တရုတ် ကွန်မြူနစ်ပါတီ၏ ၅၅ နှစ်မြောက် အခမ်းအနားသို့ ဗမာပြည်ကွန်မြူနစ်ပါတီက အောက်ပါအတိုင်း ဝမ်းမြောက်ဂုဏ်ယူ ကြောင်း သတင်းစကား ပေးပို့ခဲ့သည်။

“လျူရှောက်ချီက ခေါင်းဆောင်၍ တိန့်ရှောင်ဖိန်နှင့် ဆက်နွယ်နေသော ပြန်လည်ပြင်ဆင်ရေးအုပ်စု ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ နောက်ကြောင်းပြန်မည့် လက်ယာသွေဖီရေး အားထုတ်မှုကို ဖယ်ရှားရန် ဆောင်ရွက်ခြင်းက မှန်ကန်သော သုံးသပ်မှု ဖြစ်ပြီး လက်ယာဝါဒ ခေါင်းဆောင် တိန့်ရှောင်ဖိန်ကို အရေးယူသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်က မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်များနှင့် အပြည့်အဝ ကိုက်ညီမှု ရှိပါသည်။”

၁၉၇၆ ခုနှစ် စက်တင်ဘာလတွင် မော်စီတုန်း ကွယ်လွန်ခြင်းကြောင့် ဝမ်းနည်းကြောင်း ပေးပို့သော ဒုတိယ သဝဏ်လွှာ တွင် ဗမာပြည်ကွန်မြူနစ်ပါတီက “ဥက္ကဌ မော်စီတုန်း၏ ပစ္စည်းမဲ့ တော်လှန်ရေးလမ်းစဉ်၏ လမ်းညွှန်မှုအောက်တွင် တရုတ်ပြည်သူများ အနေဖြင့် မဟာပစ္စည်းမဲ့ ယဉ်ကျေးမှု တော်လှန်ရေးကြီးအတွင်းမှ ဆိုရှယ်လစ် တော်လှန်ရေးနှင့် ဆိုရှယ်လစ်တည်ဆောက်ရေးတွင် လျူရှောက်ချီ၏ တန်ပြန်တော်လှန်ရေး ပြန်လည်ပြင်ဆင်ရေး လမ်းစဉ်ကို ဝေဖန်ရာတွင်၊ လင်ပြောင်နှင့် ကွန်ဖျူးရှပ် တို့ကို ဝေဖန်ရာတွင်၊ တိန့်ရှောင်ဖိန်ကို ဝေဖန်ရာတွင်၊ လက်ယာသွေဖီရေးသမားတို့၏ ကြိုးပမ်းမှုကို မှန်ကန်သော သုံးသပ်ချက်ဖြင့် ဖယ်ရှားရာတွင်၊ ပစ္စည်းမဲ့အာဏာရှင်စံနစ်ကို တောင့်တင်းခိုင်မာအောင် ပြုလုပ်ရာတွင် ကြီးမားသော အောင်ပွဲကြီးများ ရရှိခဲ့ကြပါသည်။ ထို့ကြောင့် ကမ္ဘာ့ ပစ္စည်းမဲ့တော်လှန်ရေး၏ အားထားရာ ခံတပ်ကြီးဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ အင်အားခိုင်မာလာခဲ့သည်” ဟု ဖော်ပြခဲ့သည်။

သို့သော်လည်း နောက်တနှစ်အကြာတွင် ဘေဂျင်း၌ တိန့်ရှောင်ဖိန် အာဏာပြန်လည်ရရှိလာသည့် အတွက် ဗမာပြည် ကွန် မြူနစ်ပါတီ အနေဖြင့် သူတို့၏ ခံတပ်ကြီး အပေါ် အားကိုးအားထားပြုနိုင်မှုကို ပြန်လည်သုံးသပ်ရန် ဖြစ်လာသည်။ တချိန်က သူတို့၏ ပါတီတွင်းမှ ပြန်လည်ပြင်ဆင်ရေးသမားများဖြစ်သည့် ရဲဘော်ဌေးနှင့် ရဲဘော် ဂိုရှယ်တို့ကို ဗမာတိန့်ရှောင်ဖိန်နှင့် ဗမာလျူရှောက်ချီ အဖြစ် အသီးသီး နာမည်တပ်ခဲ့သော ဗကပများ နှုတ်ဆိတ်သွားကြသည်။ ရဲဘော်ဌေးနှင့် ရဲဘော် ဂိုရှယ် တို့သည် ဗမာပြည်ကွန်မြူ နစ်ပါတီကို တည်ထောင်ရာတွင် ပါဝင်ခဲ့သူ ခေါင်းဆောင်၂ ဦး ဖြစ်ပြီး ၁၉၆၀ နှစ်များ နှောင်းပိုင်း ပါတီတွင်းမှ ဖြုတ်-ထုတ်-သတ် ပွဲများ အတွင်းတွင် သေဆုံးခဲ့ရသည်။ ယခင်က တိုက်ပွဲအမြင်များနှင့် ဗမာပြည် ကွန်မြူနစ်ပါတီမှ စာအုပ်စာတမ်းများကို ထုတ်ဝေပေးခဲ့သော Beijing Review နှင့် အခြားသော တရုတ် စာစောင်များက မြန်မာနိုင်ငံမှ လက်နက်ကိုင် တော်လှန်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာ မှန်သမျှကို ပုံနှိပ်ခြင်း ရပ်ဆိုင်း လိုက်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ အကြောင်းကို နောက်ဆုံး ဖေါ်ပြခဲ့သည်မှာ ၁၉၇၆ ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပြီး သခင် ဗသိန်းတင်နှင့် သူ၏ ဒု ဥက္ကဋ္ဌ သခင်ဖေတင့်တို့ကို တရုတ် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌသစ် ဟွကိုဖန်း Hua Guofeng က ဘေဂျင်းတွင် လက်ခံ တွေ့ဆုံသည့် သတင်း ဖြစ်သည်။ ၎င်းတို့တွေ့ဆုံမှုကို အသေးစိတ် သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း မြန်မာကွန်မြူနစ် ခေါင်းဆောင် ၂ ဦးက မော်စီတုန်း ခေတ်လွန်ကာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်နိုင်ငံက ဆက်လက် ထောက်ပံ့ ကူညီရေး သေချာစေရန် ဆန္ဒရှိခဲ့မည်ဟု ယူဆနိုင်ပါသည်။ ဟွကိုဖန်းလည်း မကြာမီမှာပင် ရာထူးမှ ပြုတ်ကျခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံတို့၏ ခွာပြဲမှုကို မြန်မာစစ်အစိုးရက လျှင်မြန်စွာ၊ ပါးနပ်စွာ အခွင့်အရေး ယူခဲ့ သည်။ ဗီယက်နမ်နိုင်ငံက ၎င်း၏ အင်ဒိုချိုင်းနား အိမ်နီးချင်း (ကမ္ဘောဒီးယား) အပေါ် ထားသည့် သဘောထားဆီသို့ တရုတ်နိုင်ငံ၏ အလေးထားမှု ပြောင်းသွားချိန်တွင် မြန်မာနိုင်ငံက ကမ္ဘောဒီးယားရှိ ၎င်း၏ ရုံးများကို တရုတ်နိုင်ငံသို့ ငှား ရမ်းလိုက်သည်။ ကမ္ဘောဒီးယားတွင် ခမာနီများ အာဏာရလာပြီးနောက် ပထမဆုံး လာသည့် နိုင်ငံ ခေါင်းဆောင် အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၇၇ ခုနှစ် နိုဝင်ဘာလတွင် ဖနွမ်းပင်သို့ သွားရောက်ခဲ့သည်။ ခမာနီများကို သံတမန်ရေး အထီးကျန်ဖြစ်နေခြင်းမှ ဆွဲထုတ်ရန် မျှော်လင့်ထားသော ပုံမှန်မဟုတ်သည့် ထိုခရီးစဉ်၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ ရှိနေမည် ဆိုသည်မှာ သံသယ ရှိရန် မလိုပါ။ ဗမာပြည် ကွန်မြူနစ်ပါတီ အပေါ် တရုတ်နိုင်ငံမှ ထောက်ပံ့နေမှုများ ထပ်မံလျှော့ချပေးရန် မျှော်လင့်နေသော ဗိုလ်ချုပ်ကြီး နေဝင်းကလည်း သူလုပ်ရမည့် အခန်းဏ္ဍအတိုင်း ပါဝင်ပေးခဲ့သည်။ ထိုသို့ ပြုလုပ်ပေးခဲ့ခြင်းကြောင့် သူ စိတ်မပျက်ခဲ့ရပါ။ ၁၉၇၈ ခုနှစ်တွင် တရုတ်နိုင်ငံတွင်းတွင် ရှိနေသော ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဗဟိုဌာနချုပ် တခုလုံးနှင့် Peoples Voice of Burma အသံလွှင့်ရုံတို့ကို ယူနန် ပြည်နယ် နယ်စပ်ရှိ ပန်ဆန်းသို့ တရုတ်နိုင်ငံက ဖိအားပေး ပြောင်းရွှေ့စေခဲ့သည်။ ၁၉၆၈ ခုနှစ်မှ စ၍ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် လက်တွဲ တိုက်ခိုက်ခဲ့သော တရုတ် အပျော်တမ်း တပ်များကိုလည်း ပြန်လည်ခေါ်ယူခဲ့သည်။

၁၉၇၉ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံက (၁၉၅၀ နှစ်များက ဖွဲ့စည်းတည်ထောင်ရာတွင် မြန်မာနိုင်ငံ ပါဝင် ကူညီ ခဲ့သော) ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့မှ နှုတ်ထွက်လိုက်သည်။ ဟာဗားနား၌ ကျင်းပသော ဘက်မလိုက် ထိပ်သီး အစည်းအဝေးတွင် ကျူးဘားနိုင်ငံ၏ ဥက္ကဌ နေရာနှင့် ခမာနီများကို ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြု၍ တက်ခွင့် မပြုခြင်းများကို ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် နှုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ ဟာဗားနား ထိပ်သီးအစည်းအဝေးအပြီးတွင် မြန်မာ ကိုယ်စားလှယ် ဦးစန်းယုက လွှတ်တော်သို့ အစီရင်ခံရာတွင် “နိုင်ငံတိုင်းမှာ အခြားနိုင်ငံတခုက မည်သည့် ပုံစံနဲ့ ဖြစ်စေ ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိဘဲ ၎င်းရဲ့ နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေးနဲ့ ယဉ်ကျေးမှု စနစ်တွေကို လွတ်လပ်စွာ ရွေးချယ်နိုင်တဲ့ ဖယ်ရှားလို့ မရနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြဿနာများကို ဖြေရှင်းရာမှာ ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးခြင်းများကို အခြေခံခြင်းအစား ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းရေး အတွက် အခိုင်အမာ ရပ်တည်ပါတယ်” ဟု ပြောကြားခဲ့သည်။ ဦးစန်းယု၏ မှတ်ချက်များက ၁၉၇၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဗီယက်နမ်က ကမ္ဘောဒီးယားသို့ ကျူးကျော် ဝင်ရောက်ခြင်းကို ရည်ညွှန်းသည့် အရိပ်အယောင် ရှိသော်လည်း တရုတ်နိုင်ငံက ဗမာပြည် ကွန်မြူနစ်ပါတီသို့ (အကန့်အသတ်ဖြင့် ထောက်ပံ့ခြင်းများ ဖြစ်လာခဲ့သည့်တိုင်) ဆက်လက် ထောက်ပံ့နေခြင်းများကို မြန်မာ အစိုးရက သဘောမတူကြောင်း အချက်ပေးလိုက်ခြင်းဖြစ်သည်ဟုလည်း ဘာသာပြန်၍ ရနိုင်ပါသည်။

အပိုင်း ၃ ကို ဆက်လက် စောင့်မျှော် ဖတ်ရှုပါ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ဘာတေးလင့်တနာ၏ China and Burma: Not Only Pauk-Phaw ကို ဘာသာပြန်ဆိုသည်။ မူရင်းဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စုရှိ မူဝါဒရေးရာ အဖွဲ့အစည်းဖြစ်သော The Project 2049 Institute တွင် ဖော်ပြခဲ့သည်။)

ဆက်စပ်ဖတ်ရှုရန် – တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၁

The post တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၂ appeared first on ဧရာဝတီ.

“ရိုဟင်ဂျာ” အရေး လှုပ်ရှားသူများနှင့် ဦးဟန်ညောင်ဝေ ဘယ်လို ပတ်သက်နေသလဲ

$
0
0

မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စပ်ရွှေသိုက် ၏ သားတဦး ဖြစ်သော ဦးဟန်ညောင်ဝေသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဝိုင်းများတွင် ပါဝင် ဆောင်ရွက်နေရင်း ကာလ အတန် ကြာ မထင်မရှား ပျောက်ကွယ်နေ ခဲ့သည်။

သူသည် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ထဲထဲဝင်ဝင် ဆောင်ရွက်ခွင့်ရခဲ့သူ ဖြစ်သော် လည်း NLD အစိုးရ လက်ထက်တွင် ပြည်ဝင်ခွင့် ကန့်သတ် ခံခဲ့ရပြီးနောက် ငြိမ်းချမ်းရေး စင်မြင့် မြင်ကွင်း ပေါ်ကနေ ကန့်လန့်ကာ နောက်ကွယ်သို့ ရောက်ရှိသလို ဖြစ်သွားသည်။

သို့သော်လည်း ယခုလ အစောပိုင်းက ဧရာဝတီ သတင်းဌာန၏ အင်တာဗျူး တခုနှင့်အတူ ဦးဟန်ညောင်ဝေ ကို ပြန်တွေ့ ခဲ့ရသည်။

ထို အင်တာဗျူး ကို ဖတ်ရှုခဲ့ကြသည့် မြန်မာနိုင်ငံသား အတော်များများက လူမှုကွန်ရက် Facebook စာမျက်နှာ ထက် တွင် ဦးဟန်ညောင်ဝေ အား ဒေါသူပုန်ထ ပြောဆို နေကြသည်ကိုလည်း တွေ့ရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း လေသံပစ်လာမှုနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် ARSA အဖွဲ့နှင့် ဆွေးနွေးသင့် ကြောင်း သဘောထား မှတ်ချက် ပေးခဲ့ခြင်း အပေါ် စာဖတ်သူများက ဒေါသ ထွက်ခဲ့ကြခြင်း ဖြစ်သည်။

ဦးဟန်ညောင်ဝေနှင့် ပတ်သက်ပြီး အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တိုဘာ ၉ ရက်နေ့က ပြုလုပ်သော အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့၏ အစည်း အဝေးကို တက်ရောက်ခဲ့သည့် ဦးဟန်ညောင်ဝေ ကို ဧရာဝတီ က ARSA ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အင်တာဗျူး ပြုလုပ်ရာတွင် ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးဟန်ညောင်ဝေက “ကျနော့် အနေနဲ့ကတော့ အတူတူပဲလေ။ လက်နက်ကိုင်ပြီး အဖြေရှာတာက မလွယ်ဘူး။ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ရှာမယ် ဆိုရင် ဖြစ်နိုင်တဲ့ အလားအလာ ရှိတာပေါ့။ သူတို့ကိုယ်တိုင်က ဆွေးနွေးချင်တယ် ဆိုတာ တကယ် တော့ ဆွေးနွေး သင့်တယ်။ ကြည့်ပေါ့။ သူတိုက ဘာကြောင့်မို့ တိုက်နေတာလဲ။ ဘာတွေ လိုချင် တာလဲ။ ပေးနိုင် မပေးနိုင် တာက တခြား။ ဒါပေမယ့် သူတို့က စကားပြောချင်တယ်ဆို ပြောသင့်တယ်လို့ မြင်တယ်” ဟု မှတ်ချက်ပေးထားသည်။

ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တော သုံးမြို့နယ်မှ ရဲစခန်းသုံးဆယ်နှင့် တပ်မတော် ဌာနချုပ် တခုအား တပြိုင် တည်း တိုက်ခိုက်ခဲ့ပြီး အစိုးရဝန်ထမ်းများနှင့် အရပ်သားအချို့ကို သတ်ဖြတ်ခဲ့သော ARSA ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက သတ်မှတ်ထားပြီး အကြမ်းဖက်အဖွဲ့နှင့် ဆွေးနွေးစရာ အကြောင်းမရှိဟု ထုတ်ဖော်ပြောဆိုထားသည်။

ဦးဟန်ညောင်ဝေနှင့် ပတ်သက်ပြီး အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများ

ထို့အပြင် အစိုးရအဆက်ဆက်က တရားဝင်သတ်မှတ် ဖော်ပြထားခဲ့သော မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် ရိုဟင်ဂျာ ဆိုသည်မှာ မပါဝင်ကြောင်းနှင့် ARSA ကို ငြိမ်းချမ်းရေး ဆွေးနွေးစရာ မလိုကြောင်း၊ လက်မခံကြောင်း တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များကလည်း ထုတ်ပြောကြသည်။

ထိုသို့ ထုတ်ပြောနေသည့် အချိန်မှာပင် အစိုးရအနေဖြင့် ARSA နှင့် ဆွေးနွေးသင့်ကြောင်း ပြောဆိုလာသည့် ဦးဟန်ညောင်ဝေ အပေါ် လူမှုကွန်ရက်ပေါ်တွင် ရိုဟင်ဂျာ လော်ဘီ၊ နိုင်ငံကို ရောင်းစားသူ၊ ကိုယ်ကျိုးကြည့်သူ စသဖြင့် အမျိုးမျိုး ပြစ်တင်ပြောဆို နေမှုများကိုလည်း တွေ့မြင်နေရသည်။

ထို့အပြင် ဦးဟန်ညောင်ဝေနှင့် ရိုဟင်ဂျာ အရေးလှုပ်ရှားသူ ဒေါက်တာ ဝါကာအူဒင် တွေ့ဆုံနေသည့် ဓာတ်ပုံများ၊ အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) နှင့် လက်မှတ် ရေးထိုးနေသည့် ဓာတ်ပုံများ တင်၍ OIC ထံမှ ငွေကြေး ယူ၍ ရိုဟင်ဂျာ အရေး ဆောင်ရွက်နေသူဟု လူမှုကွန်ရက်ပေါ်က မြန်မာ အသိုင်းအဝိုင်း ကြားတွင် စွပ်စွဲ ရေးသား နေကြသည်။

ဒေါက်တာ ဝါကာအူဒင်သည် အာရကန် ရိုဟင်ဂျာ သမဂ္ဂ Arakan Rohingya Union (ARU) ၏ ဦးဆောင် ညွှန်ကြား ရေးမှူး ဖြစ်ပြီး ပြီးခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက နိုင်ငံတကာ အဖွဲ့အစည်း အများအပြားနှင့် သာမက အနောက် တိုင်း အဆင့်မြင့် အရာရှိကြီးများ၊ သံတမန်များနှင့်လည်း ရင်းနှီး ကျွမ်းဝင်သူတဦး ဖြစ်သည်။

OIC သည် ကမ္ဘာ အနှံ့တွင်ရှိသော မွတ်စလင် နိုင်ငံပေါင်း ၅၇ နိုင်ငံကို ကိုယ်စားပြု ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

ဦးဟန်ညောင်ဝေနှင့် ဒေါက်တာ ဝါကာအူဒင်၊ OIC တာဝန်ရှိသူများ တွေ့ဆုံနေသည့်ပုံများ၊ လက်မှတ် ထိုးနေသည့် ပုံများမှာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခ ဖြစ်ပွားပြီးကတည်းက အင်တာနက်တွင် ပျံ့နှံ့ခဲ့ဖူးပြီး ယခု အခါတွင် ထပ်မံ ပျံ့နှံ့လာခြင်း ဖြစ်သည်။

ဦးဟန်ညောင်ဝေနှင့် ပတ်သက်ပြီး အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများ

ထိုဓာတ်ပုံများမှာ ၂၀၁၀ ပြည့်နှစ်က ဆော်ဒီအာရေဗျ နိုင်ငံတွင် ပြုလုပ်သည့် ရိုဟင်ဂျာ အစည်းအဝေးတွင် ရိုက်ထား သော ဓာတ်ပုံများ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်စလင်များ အရေးနှင့် ပတ်သက်၍ တကမ္ဘာလုံးရှိ ရိုဟင်ဂျာ အရေး ဆောင်ရွက်နေသူများကို ဖိတ်ကြား၍ အစည်းအဝေး တရပ် ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးဟန်ညောင်ဝေ က ရှင်းပြ သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာလို့ သူတို့ကိုယ် သူတို့ အမည်တပ် ခေါ်ဆိုနေကြသူများ အနေဖြင့် နိုင်ငံရေး ဘက်တွင် မျှော်လင့်ချက် မရှိလျှင် အကြမ်းဖက်သည့် လမ်းစဉ်ဘက် ပါသွားမည်ကို စိုးရိမ်သဖြင့် ၎င်းတို့အနေဖြင့် OIC နှင့် ဆက်သွယ်ပြီး ရိုဟင်ဂျာ အစည်းအဝေး တရပ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

“ကမ္ဘာမှာ ရှိတဲ့ ရိုဟင်ဂျာတွေကို ဖိတ်လိုက်မယ် ဖိတ်လိုက်ပြီးတော့မှ သူတို့ကို အကြမ်းဖက်တဲ့ဘက် သွားရင် မှားသွား မယ်။ ခင်ဗျားတို့ လိုလားတာက နိုင်ငံသား အဖြစ်လိုချင်တယ်။ အဲဒါ လုပ်မယ်ဆိုရင် နိုင်ငံရေးနည်းလမ်းနဲ့ လုပ်ကြပါ ဆိုတဲ့ အစည်းအဝေး ခေါ်တာ သူတို့ကလည်း လာကြတယ်။ အဲဒါက ဆော်ဒီအားရေဗျမှာ” ဟုလည်း ဦးဟန်ညောင်ဝေ က ဆိုသည်။

ထိုအစည်းအဝေးတွင် ဒေါက်တာ ဝါကာအူဒင် OIC တာဝန်ရှိသူများ၊ ကမ္ဘာတဝန်းရှိ ရိုဟင်ဂျာအရေး လှုပ်ရှားသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးကို နိုင်ငံရေး နည်းလမ်းနှင့်သာ ဆွေးနွေး အဖြေရှာ ကြမည် ဖြစ်ပြီး ရခိုင်ပြည်နယ်မှ ခွဲမထွက်ကြောင်း ကတိပြု လုပ်မှတ်ရေးထိုးခဲ့ကြသည်ဟု ၎င်းက ပြောဆိုသည်။

“နိုင်ငံရေး နည်းလမ်းနဲ့သွားမယ် ရခိုင်ပြည်ကို မခွဲဘူး။ တချို့ရခိုင်တွေက စိုးရိမ်တာက မွတ်စလင်ပြည်နယ် ပြန်ခွဲမယ် ဆိုတာ၊ သူတို့ မခွဲဘူးဆိုတာ ကတိပေးပြီး လက်မှတ် ထိုးကြတယ်။ သူတို့ထိုးကြတယ်။ ပြီးတော့မှ ကျနော်နဲ့ OIC က ပုဂ္ဂိုလ်နဲ့ အသိသက်သေ အနေနဲ့ လက်မှတ်ထိုးတာ။ ဒါပေမယ့် ဒီဓာတ်ပုံကို သူများဖြန့်ကြတာက ကျနော်က ငွေ လက် ခံ နေတဲ့ပုံ ဆိုပြီး သူများတွေ ဖြန့်ကြတယ်လေ” ဟုလည်း ဦးဟန်ညောင်ဝေ က ရှင်းပြသည်။

ရိုဟင်ဂျာအရေး လှုပ်ရှားသူများနှင့် ထိုကဲ့သို့ အဆက်အသွယ် ရှိခဲ့သော်လည်း လူမှုကွန်ရက်အပါအဝင် မြန်မာ အသိုင်း အဝိုင်း ကြားတွင် OIC ပိုက်ဆံယူ၍ ရိုဟင်ဂျာအရေး ဆောင်ရွက်နေသည် ဆိုသည့် ဝေဖန်ချက်များနှင့် ပတ်သက်၍ “ယူရိုဘားမား အနေနဲ့ OIC ပိုက်ဆံ လက်ခံတာမရှိဘူး” ဟု ဦးဟန်ညောင်ဝေ က ဆိုသည်။

ဦးဟန်ညောင်ဝေနှင့် ပတ်သက်ပြီး အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများ

ဦးဟန်ညောင်ဝေသည် ဘယ်လ်ဂျီယမ် နိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် ဥရောပ-မြန်မာရုံး (EBO) ယူရိုဘားမား ၏ အမှုဆောင် ဒါရိုက်တာလည်း ဖြစ်သည်။

သူသည် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရကြား ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့တွင် ရေးထိုးခဲ့သော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်ရေး အတွက် အဓိက အခန်းကဏ္ဍက ပါဝင်သူ တဦးဖြစ်ခဲ့သည်။

အပစ်ရပ် ၈ ဖွဲ့၏ ဆက်ဆံရေးရုံးများနှင့် ပတ်သက်၍ ငွေကြေး အထောက်အကူ ပေးထားသလို ထိုအဖွဲ့များအပေါ် သြဇာ သက်ရောက်မှု ရှိသူဖြစ်သည်ဟုလည်း သိရသည်။

သို့သော်လည်း NLD အစိုးရလက်ထက် ယခုနှစ် ထဲတွင် ဦးဟန်ညောင်ဝေ ကို ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်လိုက် သဖြင့် အပစ်ရပ် ၈ ဖွဲ့နှင့် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိုင်းနိုင်ငံမှ တဆင့် ဆောင်ရွက်နေရ သည် ကို တွေ့ရှိ ရသည်။

သမ္မတ ဦးသိန်းစိန် လက်ထက်တွင် မြန်မာနိုင်ငံ အတွင်း စိတ်ကြိုက် ဝင်ထွက်သွားလာခွင့် ရခဲ့သည့် ဦးဟန်ညောင်ဝေ ကို လက်ရှိအစိုးရက ဘာကြောင့် သတိထားပြီး ကန့်သတ်လိုက်သည် ဆိုသည်ကတော့ စိတ်ဝင်စားစရာ ကောင်းသလို ထိုသို့ ကန့်သတ်လိုက်သည့် အခြေအနေ၏ နောက်ကွယ်မှ အကြောင်းအရာကို အစိုးရက ထုတ်မပြောသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပြင် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်နေမလားဟု သုံးသပ်နေသူများလည်း ရှိနေသည်။ ။

The post “ရိုဟင်ဂျာ” အရေး လှုပ်ရှားသူများနှင့် ဦးဟန်ညောင်ဝေ ဘယ်လို ပတ်သက်နေသလဲ appeared first on ဧရာဝတီ.


ပိတ်ကားထက်က ကဗျာဆရာမ မြတ်ရဲ့မိုးရေစက်တွေ

$
0
0

မြန်မာစာပေလောကမှာမှ အထူးဂရုပြုမိတဲ့အချက်ကတော့ အမျိုးသမီးစာရေးဆရာ၊ ကဗျာဆရာရှားပါးမှု ဖြစ်ပါတယ်။ ခေတ် အဆက်ဆက် ဝတ္ထု၊ ဆောင်းပါး စကားပြေရေးဖွဲ့သူ အမျိုးသမီးစာရေးဆရာမ လက်ချိုးလို့ရအောင် ရှိပေမယ့်လည်း ကဗျာဆ ရာမတွေထဲမှာတော့ အတော့်ကို ရှားပါးပါတယ်။

ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလတွေကြောင့် ဖြစ်နိုင်သလို မြန်မာဓလေ့ထုံးတမ်းတွေအရ ယခင့်ယခင်က အမျိုးသမီးတွေ စာရေး စာဖတ်လုပ်ကြခြင်းကို မိသားစုဝင်တော်တော်များများမှာ ကန့်သတ်ခံခဲ့ရတာတွေလည်း ထည့်သွင်းရမယ်ထင်ပါတယ်။

၁၉၇၀၊ ၈၀နှစ်တွေမှာ အမျိုးသမီးကဗျာဆရာမများကို ဖတ်ရပေမယ့် ၉၀၊ ၂၀၀၀ နောက်ပိုင်းမှာတော့ မဂ္ဂဇင်းတစောင်ကဗျာ ဖော်ပြမှုမှာ အရေအတွက် ၆ ယောက်ရှိရင် အမျိုးသမီးကဗျာဆရာမ တယောက်ပါဝင်ဖို့ မသေချာပါဘူး။

ကဗျာဆရာမ၊ စာရေးဆရာမ ဖြစ်ဖို့ ဝေးစွ၊ စာအုပ်အငှားဆိုင်သွားတဲ့မိန်းခလေးတယောက် စာအုပ်ငှားလာရင်ကို ဆူတတ်ငြို ငြင်တတ်တဲ့ မိဘနဲ့ သားသမီးကြား ယဉ်ကျေးမှုတရပ်က ကျနော်တို့ မြန်မာပြည်မှာ အတိအကျကြီး ရှိခဲ့ဖူးပါတယ်။

နင် ဒီစာတွေဖတ်နေလို့ ဘာရမှာလဲဆိုတဲ့ အသံနဲ့ ခေတ်ကျပ်ခေတ်ပျက်ကြီးတခုရဲ့ပြန်တမ်းလိုလို အမိန့်အောက်မှာ စာဖတ်ချင် စိတ်ပျောက်ခဲ့ကြသူ အဲဒီခေတ် လူငယ်မောင်/ မတွေ ထုနဲ့ထေးရှိခဲ့ပါလိမ့်မယ်။

စိုးရိမ်စိတ်ကြီးစိုးနေတဲ့ မိဘမမှားသလို စာအုပ်စာပေကနေ ဉာဏ်ပညာကိုရှာဖွေချင်တဲ့သားသမီးလည်း မမှားပါဘူး။ ဘာ ကြောင့်လဲဆိုရင် မိဘတွေက ကိုယ့်သားသမီးဆင်းရဲမှာ လူတန်းမစေ့မှာ တွေးပူနေရတဲ့ ခေတ်ကြီးဖြစ်ခဲ့လို့ပါပဲ။

စာဖတ်စာရေးဖို့ ခွင့်ပြုချက် နည်းပါးခဲ့ရတဲ့အချက်ကလည်း အမျိုးသမီးစာပေသမားတွေ နည်းပါးရတဲ့အချက်တချက်ဖြစ်နိုင် ပါတယ်။

တောင်တွင်းရှင်ငြိမ်းမယ်၊ ငွေတာရီ၊ ကြည်အေး၊ မရီဝေ၊ ဧဧသန်း၊ မအိ၊ ဖြူမွန်၊ မနော်ဟရီ၊ k မြနွယ် အစရှိတဲ့ ခေတ်အဆက် ဆက် အမျိုးသမီးကဗျာဆရာမ ရှားပါးတန်ဖိုးထားရတဲ့အထဲက ယခု လူလတ်အမျိုးသမီး ကဗျာဆရာမမြတ်ရဲ့တကိုယ်တော် ကဗျာစုစည်းမှုဖြစ်ပါတယ်။

အဝေးမှာ မိုးတွေရွာပြီ အမည်ရတဲ့ ကဗျာစုစည်းမှုမှာ အပိုင်း ၂ပိုင်း ပါရှိပြီး ကျွန်မရဲ့ပွင့်ဦးကြွေနှင့် အောက်မေ့သတိရခြင်းများ ဆိုတဲ့အပိုင်းမှာတော့ ကဗျာ ၃၉ ပုဒ် ပါဝင်ပြီး သီတံဖျားက ငါးတွေနှင့် စီးဆင်းသွားသော မိုးတိမ်များမှာတော့ ကဗျာ၂၁ ပုဒ် ပါဝင်ပါတယ်။

ပါဝင်တဲ့ကဗျာတွေကတော့ “ကျွန်မရဲ့ပွင့်ဦးကြွေ၊ မန်းအပျိုးမရဲ့ည၊ ဂန္ဓာရီမ၊ စိမ်းမြတမာ နွေသစ္စာ၊ ဟေမန္တဟိုက္ကု၊ အလွမ်း ငှက်၊ ညဉ့်နက်အောက်ကမြို့၊ ဝိညာဉ်ရဲ့ဆည်းဆာ၊ မီးခိုးငွေ့များရဲ့မိတ်ဆွေ၊ ပုလဲနှစ်စို့၊ ဖန်သားပြင်ထက် ဖြားယောင်မှု၊ ခို အိမ်၊ သေမိန့်၊ ကလော၊ ညရထား၊ ချစ်ခြင်းရဲ့ဈာပန၊ အဝေးမှာ မိုးတွေရွာပြီ၊ ငါ့ဓား၊ ညတေး၊ နှင်းဆက်မယ့် နှင်းစက်မဲ့လမ်း၊ သစ္စာဖျက်သူရဲ့လက်၊ နှောင်ကြိုးဝေးရာ၊ လှိုင်းမူးချိန်၊ သစ်ပင်များရဲ့အရောင်၊ အချစ်အိမ်၊ ချစ်တဲ့မြို့ကလေး၊ သုံ့ပန်း၊ ဖြစ် ခြင်းပျက်ခြင်းများ၊ ပိုလီယိုကလေးရဲ့ရန်ကုန်၊ မမေ့ခင်(၁)၊ မမေ့ခင်(၂)၊ စိတ္တဇလူသတ်သမား၊ ပြာကျသွားတဲ့ အိပ်မက်၊ လှေ ငယ်တစ်စီးရဲ့ဆိပ်ကမ်း၊ အဓမ္မပင်လယ်၊ တစ်ခု တစ်ကောင် တစ်ယောက် တစ်ဝက်၊ လိုက်မပို့ဖြစ်သော ဈာပနတစ်ခု၊ ခါးခါး သီးသီး၊ အင်း ၄”တို့ပါဝင်ပါတယ်။

သီတံဖျားက ငါးတွေနှင့် စီးဆင်းသွားသော မိုးတိမ်များမှာတော့ “သီတံဖျားက ငါးတွေ၊ နာရေးကြော်ငြာအသစ်တစ်ခု၊ သွား ရည်စာ၊ ယာဇ်၊ ပြာတွေမှိုင်းမှိုင်းပြာ၊ တစ်ညနေ၊ ကူကယ်ရာမဲ့၊ အနိဌာ ရုပ်ရှင်ရုံ၊ ပျောက်ဆုံးနိုင်ငံ၊ ငါတို့မျက်ရည်စို့တယ်၊ အ မိမြေမှ သားကောင်များ၊ဟောဒီမိုးဦး၊ ဒီနွံ၊ ၂၀၁၆ သင်ပုန်းကြီး၊ ကောင်းချီးမင်္ဂလာ၊ ဟဲလို မပျော်ရွှင်သော လူ့အဖွဲ့အစည်း ကြီး၊ တောင်ကုန်းအမှတ် ၇၀၊ လိပ်ပြာတောင်ပံခတ်သံ၊ နယ်စည်းမခြား ဇူကာဘတ်၊ စစ်တုရင်လောင်းကြေး၊ မိစ္ဆာတွေ လိပ် ပြာနင်းထားတဲ့ မြို့တော်”တို့ ပါရှိပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်နေ့ဟာ အရေးပါတဲ့နေ့စွဲတခုဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ယ ခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ အပြီးတိုင် လွတ်မြောက်လာတဲ့နေ့ ဖြစ်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိရာ နာမည်ကျော် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄)ရှေ့မှာ ဧရာမလူအုပ်ကြီး ရောက်ရှိ နေတဲ့ မြင်ကွင်းဟာ မီဒီယာတွေအကူအညီနဲ့ ကမ္ဘာအရပ်ရပ် ပျံ့နှံ့ခဲ့ပါတယ်။

ပျော်ရွှင်နေတဲ့ လူအုပ်ကြီးကို ဒေါ်အောင်ဆန်းစုကြည်က ခြံရှေ့ကနေ နှုတ်ဆက်အပြုံးတွေနဲ့တိုင်းပြည်ကို အမှာပါးနေတဲ့မြင် ကွင်းကို အဲဒီကာလက ကဗျာဆရာမ မြတ်လည်း ရောက်ရှိသိရှိ မှတ်တမ်းတင်နိုင်ခဲ့တယ်ဆိုတာ ယခုကဗျာကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။

တစ်ညနေ
တစ်ဖက်မှာ
လက်ကိုင်တုတ်တွေ သံဆူးကြိုးတွေ
ယူနီဖောင်းဝတ် သေနတ်သမားတွေ အရံအတားတွေ
တစ်ဖက်မှာ
လမ်းလျှောက်တုတ်ကောက်တွေနဲ့ အဘိုး၊ အဘွားတွေနဲ့ နှင်းဆီပန်းအဝါတွေ
ကင်မရာလွယ် သတင်းသမားတွေ မျှော်လင့်ခြင်းတွေ
သေနတ်သမားတွေက အရံအတားတွေဖယ်ရှားလိုက်တယ်ဆိုရင်ပဲ
မျှော်လင့်ခြင်းတွေ ဝေါခနဲ သွန်ကျ
လမ်းမပေါ် ဝမ်းမြောက်ခြင်း ပုလဲလုံးတွေ အချုပ်အနှောင်မဲ့
လေထဲ လွင့်ပါသွားမတတ် မြေမထိ ခြေထောက်တွေ သံတံခါးဝဆီ အပြေးအလွှား
အမေနဲ့ဝေးတဲ့ကလေးတွေ အမေ့ကို ပြန်တွေ့တဲ့ တစ်ညနေ ။ ။

ကင်မရာရှိသူက ကင်မရာနဲ့၊ စုတ်တံရှိသူက စုတ်တံနဲ့၊ နှလုံးသားရှိသူက နှလုံးသားနဲ့၊ စကားလုံးရှိသူက စကားလုံးနဲ့ သမိုင်း ဝင်မြင်ကွင်းကြီးကို မှတ်တမ်းတင်လိုက်ကြတာပဲဖြစ်ပါတယ်။

ယခု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီး ၇နှစ်၊ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်၊ ၂၀၁၅ ဒုကြိမ် ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံ အနိုင်ရ၊ အစိုးရတရပ်ထူ ထောင်ပြီး ၂ နှစ် ပြည့် လုမှာရော မြန်မာ့နိုင်ငံရေးအခြေအနေတွေက ဘာတွေဖြစ်နေလဲဆိုတာ ပြည်သူတယောက်အနေနဲ့ ကဗျာဆရာတ ယောက် အနေနဲ့ တုံ့ပြန်ပုံများပါဝင်တဲ့ ကဗျာများကိုလည်း ဖတ်ရပါတယ်။

“၂၀၁၆ သင်ပုန်းကြီး”
ရောင်နီပျို့လာပြီ
တက် မထောင်ကြပါနဲ့ဦး
ရဲတိုက်ကြီးထဲ စာအုပ်အစိမ်းကြီး ရှိနေသေးသည်
ပြိုင်တူတောင်းလျှင် ပြောင်းနိုင်ပါသည်။ ။

မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေများများ အကျပ်အတည်းများကို ပြည်သူတယောက်အနေနဲ့ ကြုံဆုံရပုံများကို မမေ့ မလျော့ ထည့်သွင်းရေးသားချက်များကိုလည်း ဖတ်ရပါတယ်။

“ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားရင်တောင်မှ
ရင်ကြားစေ့ပေးနေဦးမှာပဲလား မေမေ”
“မေမေ့နောက်ကျောက ဘရူးတပ်(စ)တွေမှာ
မထူးသေနတ်တွေရှိတယ်။” စစ်တုရင်လောင်းကြေးကဗျာမှ
“ဗမာစစ်သားပဲ သတ်သတ် ကချင်စစ်သားပဲ သတ်သတ်
စစ်ပွဲဆိုတာ လူလူချင်းသတ်တဲ့ပွဲပဲ
ရခိုင်ကျကျ ဗမာကျကျ ဘင်္ဂါလီကျကျ
လူသားတစ်ယောက် ကျဆုံးတာပါပဲ
ဓားနဲ့ခုတ်ခုတ် သေနတ်နဲ့ပဲ ပစ်ပစ် အမြောက်နဲ့ပဲ ထုထု
စစ်ပွဲတိုင်းမှာ အကြမ်းဖက်မှုရှိတယ်
မျက်ကန်းမျိုးချစ်စိတ် အတိပြီးတဲ့ သွေးတွေနဲ့”
“နောက်ဆုံးတော့
စစ်သားမိန်းမ အနိဌာရုံပဲရတယ်
စစ်ပွဲသားကောင် ပြည်သူသာ မွဲပြောင်တယ်” တောင်ကုန်းအမှတ် ၇၀ ကဗျာမှ
“တောင်ကြောပေါ်က တောကြောင်တွေ
အာဏာရှင် ဗိန်းမောင်နဲ့လက်ခမောင်းခတ်နေကြပြီ” အနိဌာရုပ်ရှင်ရုံ ကဗျာမှ ကဗျာဆရာလည်း လူပဲ၊ နိုင်ငံရေးသမားလည်း လူပဲ၊ စစ်သားလည်း လူပဲ ဒီထက် ဘာမှပိုလို့ရမှာ မဟုတ်ပါဘူး။ ကဗျာဆ ရာလည်း လူသားတယောက် ဖြစ်တာကြောင့် ပျော်ရွှင်အေးချမ်းလုံခြုံမှုကို လိုချင်ကြမှာပဲ၊ ဘယ်လိုနည်းမျိုးနဲ့ ရနိုင်မယ်ဆို တာကိုလည်း ညွှန်ဆိုထားတာကို ဖတ်ရမှာဖြစ်ပါတယ်။

“ဉာဏ်ပညာတောင်ပံခတ်တဲ့အခါ
စကြဝဠာ အနန္တက သတ္တဝါမှန်သမျှတို့
ဘေးရန်ခပ်သိမ်း ငြိမ်းချမ်းပါလိမ့်” လိပ်ပြာတောင်ပံခေတ်သံ ကဗျာမှဉာဏ်ပညာတောင်ပံခေတ်တဲ့အခါ ယနေ့ မြန်မာနိုင်ငံရဲ့နာမည်ကျော်ပြည်တွင်းစစ်ကြီးလည်း ငြိမ်းသွားနိုင်မယ်လို့ ကဗျာဖတ် နှလုံးသွင်းရင်း ကဗျာဆရာမ မြတ်ရဲ့အဝေးမှာ မိုးတွေ တကယ်ရွာစွေနိုင်ခဲ့ပါကြောင်း ။ ။

စာရေးသူ                   – မြတ်
စာအုပ်အမည်           – အဝေးမှာ မိုးတွေရွာပြီ
အမျိုးအစား               – ကဗျာ
ထုတ်ဝေသည့်တိုက်  – မြစ်ကွေ့စာအုပ်တိုက်
ထုတ်ဝေသည့် ခုနှစ်   – ၂၀၁၇၊ စက်တင်ဘာ
တန်ဖိုး                        – ၁၅၀၀ ကျပ်

The post ပိတ်ကားထက်က ကဗျာဆရာမ မြတ်ရဲ့မိုးရေစက်တွေ appeared first on ဧရာဝတီ.

ဖေ့ဘွတ်ခေတ်မှာ ဘုရင်လုပ်ကြမယ်ဆိုရင်

$
0
0

ဘရူနိုင်းဘုရင် ဆူလ်တန် Hassanal Bolkiah ၏ ဆယ်ဦးမြောက်သားတော် Abdul Mateen က ဟောလီးဝုဒ် ရုပ်ရှင် မင်းသား ရုပ်သွင်မျိုး ရှိသူ ဖြစ်သည်။ Instagram မှာ follower ၇၀၅၀၀၀ ကျော်ရှိရာ သူ့တိုင်းပြည်က လူဦးရေထက်ပင် များ၏။

မလေးရှားတောင်ပိုင်းပြည်နယ် ဂျိုဟော၏ အိမ်ရှေ့မင်းသား Ismail Sultan Ibrahim က အလွန် စိတ် အားထက်သန်သော ပိုလို ကစားသမား တယောက် ဖြစ်သလို မလေးရှားနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို ဦးဆောင်နေသူ လည်း ဖြစ်သည်။ သူ့တိုင်းပြည်မှ နိုင်ငံရေးသမားများထက်ပင် စကားပြောကောင်းသူ တယောက်ဖြစ်သည်။

ဆယ်စုနှစ်များစွာ နောက်ချန်နေခဲ့ပြီးနောက် အရှေ့တောင်အာရှ၏ တော်ဝင်မိသားစုများ စိတ်လှုပ်ရှားစရာ ပြန်လည် ပေါ်ထွက်လာခြင်းနှင့် သူတို့၏ လက်ရှိ သူတို့ကိုယ် သူတို့ ယုံကြည်မှုကို ဖော်ပြရာ၌ ပြီးခဲ့သည့် အပတ်အတွင်းတွင် အခမ်းနား အကြီးကျယ်ဆုံး ဖြစ်ခဲ့သော ဘရူနိုင်းဘုရင်၏ နန်းစံသက် ၅၀ ပြည့် အခန်းအနားထက် ပို၍ ပေါ်လွင် စေမည့် အကြောင်းအရာ မရှိပါ။ ဘရူနိုင်း ဘုရင်သည်လည်း ဗြိတိန်မှ ဒုတိယမြောက် အဲလိဇဘတ် ဘုရင်မပြီးလျှင် ဒုတိယမြောက် နန်းသက် အရှည်ဆုံး ဘုရင် ဖြစ်လာသည်။

အခမ်းအနားသို့ ကမ္ဘာတလွှားမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြရာတွင် မလေးရှားနိုင်ငံ မှ တော်ဝင်မျိုးနွယ် များ၊ အင်ဒိုနီးရှား သမ္မတ Joko Widodo၊ ဖိလစ်ပိုင်နိုင်ငံ သမ္မတ Rodrigo Duterte နှင့် (တက်ရောက်လာကြသည့် တော်ဝင်မျိုးနွယ် အများစုထက်ပင် နန်းဆန်သည့် အသွင်ရှိနေသော) မြန်မာနိုင်ငံမှ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တို့လည်း အပါအဝင် ဖြစ်သည်။

ဆိုရှယ်မီဒီယာပေါ်က ဘရူနိုင်းမင်းသား Abdul Mateen

ထို့ပြင် အင်ဒိုနီးရှားသမ္မတ နိုင်ငံမှ ဆူလ်တန် Hamengku Buwono (ဒဿမမြောက်) သည် ဂျော့ဂျကာတာ Yogyakarta အထူးဒေသ၏ ဘုရင်ခံအဖြစ် ပြန်လည်ခန့်အပ်ခြင်း ခံရသူ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ပြည်နယ် အကြီးအကဲ ၃၄ ဦးထဲတွင် သူ တဦးတည်းသာ ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ အာဏာကို ဆက်လက် ထိန်းသိမ်းထားနိုင်သူ ဖြစ်နေခြင်းမှာ သူ၏ ဘိုးဘေးများက အင်ဒိုနီးရှားတော်လှန်ရေးအတွက် အလွန် အရေးပါသော အကူအညီများ ပေးခဲ့ခြင်းကို အသိအမှတ်ပြုသည့် အနေဖြင့် ဖြစ်ပါသည်။

ယခုအချိန်အထိ ဆူလ်တန်က လူသိများသော ပုံရိပ်တခု အဖြစ်ရှိနေသေးသည်။ ပြင်ပမှ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်ရာတွင် အရေးပါသော၊ မြို့တော်မှ ဂျားဗားလူမျိုးတို့၏ ကွဲပြားခြားနားသော စရိုက်လက္ခဏာကို ခိုင်မာအားကောင်းစေသော ခံတပ်ကြီးတခု အဖြစ် အသိအမှတ်ပြုထားသည်။

တချိန်တည်းလောက်မှာပင် ရှားရှားပါးပါး လူသိထင်ရှား ထုတ်ဖော်ပြောကြားမှု တခု အနေဖြင့် ဆူလ်တန် ၉ ဦးဖြင့် ဖွဲ့စည်းထားသော မလေးရှားနိုင်ငံ အုပ်ချုပ်သူများ ကောင်စ ီ(Council of Rulers of Malaysia) က ဘာသာရေးအရ ခွဲခြားခြင်းကို ဆန့်ကျင်သတိပေးသည့် ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။

ထိုအချိန်တွင် ထိုင်းနိုင်ငံ၌ တနှစ်ကြာ ဝမ်းနည်းပူဆွေးမှုကာလ အမြင့်ဆုံး အချိန်သို့ ရောက်ရှိခဲ့သည်နှင့် အမျှ နိုင်ငံ အတွင်းတွင် ပြည်သူအများ၏ လေးစားကြည်ညိုခံရသော ကွယ်လွန်သူ ဘုရင် Bhumibol Adulyadej (နဝမ မြောက် ရာမ)၏ ဈာပန အတွက် ပြင်ဆင်နေကြသည်။

သူ၏ နိုင်ငံတော်ကို ဆယ်စုနှစ် ၇ ခုစာ ကာလ တလျှောက်လုံး ငြိမ်းချမ်ေးသာ၊ မငြိမ်းချမ်းသော ကာလများတွင်ပါ ဦးစီး ပဲ့ကိုင်ခဲ့သော ပုဂ္ဂိုလ်တဦး၏ အကြောင်းနှင့် လူကြိုက်နည်းသော သူ၏ သားဖြစ်သူ ဘုရင် Maha Vajiralongkorn Bodindradebayavarangkun (ဒဿမမြောက်ရာမ) နန်းတက်လာသည့် လက်တွေ့ အခြေအနေများကို တနိုင်ငံလုံးက စဉ်းစားနေကြသည်နှင့် အမျှ ဘန်ကောက်မြို့၏ လမ်းများပေါ် သိန်းပေါင်းများစွာသော ထိုင်းနိုင်ငံသားများ ရောက်ရှိလာကြလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ထိုင်းဘုရင်သစ် Maha Vajiralongkorn Bodindradebayavarangkun

ငယ်ရွယ်သော တော်ဝင်မျိုးဆက်များ အပေါ် ဆိုရှယ်မီဒီယာ၏ အထောက်အပံ့က တိုး၍ လာနေသည်။ ဆိုရှယ်မီဒီယာ က သူတို့ကို ငြီးငွေ့ကျဉ်းကျပ်ဖွယ်ရာ နန်းတော်က ဘဝ၏ အပြင်ဖက်သို့ရောက်စေသော ပလက်ဖောင်း တခုကိုလည်း ပေးသည်။

ဥပမာပြရလျှင် မင်းသား Ismail Sultan Ibrahim မလေးရှား ဘောလုံးအဖွဲ့ချုပ်က တာဝန်ကို မယူမီက ဦးဆောင်ခဲ့ သော Johor Southern Tigers ဘောလုံး ကလပ်၏ Facebook စာမျက်နှာက တိုင်းပြည်မှ တော်ဝင်မိသားစု၏ (တရားဝင် မဟုတ်သော်လည်း) သတင်း အချက်အလက် ထုတ်ပြန်သောနေရာ ဖြစ်လာသည်။ Like လုပ်ထားသူ ၂ သန်း နီးပါးရှိသော စာမျက်နှာ၏ ထိရောက်မှုက တော်ဝင်မိသားစု၏ အခြားသော သတင်းထုတ်ပြန်စရာ နေရာများကို သေးငယ်သွားစေသည်။

ဘရူနိုင်ငံ နိုင်ငံမှ မင်းသား Abdul Mateen က GQ မဂ္ဂဇင်း၏ မျက်နှာဖုံးရှင် ဖြစ်သည်။ အထက်တွင် ရည်ညွှန်းခဲ့သော သူ၏ Instagram တွင် လေယာဉ်မောင်းနေသည့် ပုံများ၊ ကျားငယ်လေးများကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ပုံများ နှင့် ပိုလို ကစားနေသည့် ပုံများကို ပုံမှန်တင်ပေးနေသည်။

ဆိုရှယ်မီဒီယာက ကျနော်တို့ ဘဝများအတွင်းသို့ ပေါင်းစည်း ဝင်ရောက်လာချိန်တွင် တော်ဝင်မျိုးနွယ်များကလည်း အလားတူ လက်ခံ ကျင့်သုံးခဲ့ကြသည်။ Facebook၊ Instagram နှင့် Twitter တို့ကို အသုံးပြုရာတွင် သူတို့၏ တွက်ဆ နိုင်မှုနှင့် ကျွမ်းကျင်မှုများက သူတို့ ပုံရိပ်ကို မြင့်တက်စေပြီး သူတို့ကို လူသိ အလွန်များလာအောင် ပြုလုပ်ပေးသည်။ မလေးရှားနိုင်ငံတွင်လည်း သူတို့က နိုင်ငံရေး ထိပ်တန်းပုဂ္ဂိုလ်များကို မှေးမှိန်သွားစေခဲ့သည်။

သူတို့ကိုယ်သူတို့ ယုံကြည်မှုများ တိုးလာသည်နှင့် အမျှ အချို့က သူတို့၏ သြဇာလွှမ်းမိုးမှုကို ပြည်သူ့ဘဝတွင်ပါ အသုံးချလာခဲ့ကြသည်။

ဥပမာပြရလျှင် ဂျိုဟောပြည်နယ်၏ ဆူလ်တန် Ibrahim Ibni Almarhum Sultan Iskandar က ဘာသာရေး ခွဲခြားခြင်းကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ သူ့ပြည်နယ်အတွင်းမှ ပင်မင်းဆိုင်ရှင်တဦးက သူ၏ ဖောက်သည်များ အတွက် မွတ်ဆလင် သီးသန့်ဖြစ်စေမည့် မူတခုကို ချမှတ်နိုင်ရန် ကြိုးစားသည့် အခါ ဆူလ်တန်က ထိုမူကို ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ ဂျိုဟောပြည်နယ်သည် ပြည်နယ်တွင် နေထိုင်သူ အားလုံးအတွက် ဖြစ်ရမည် ဆိုသည့် သူ့အမြင်ကို ခိုင်မာစေခဲ့သည်။ နောက်ပိုင်းတွင် သူ၏ ဆောင်ရွက်မှုကို သူ၏ ညီအကိုတော်များ ဖြစ်သည့် မလေးရှား နိုင်ငံ အုပ်ချုပ်သူများ ကောင်စီ(Council of Rulers of Malaysia) က အထက်တွင် ရည်ညွှန်းခဲ့သည့် ကြေညာချက်ကို ထုတ်ပြန်၍ ခိုင်မာအောင် အတည်ပြုပေးခဲ့သည်။

မလေးရှား ဂျိုဟော၏ အိမ်ရှေ့မင်းသား Ismail Sultan Ibrahim

နောက်ပိုင်းတွင် အစိုးရ၏ ဘာသာရေးဌာနတွင် လုပ်ကိုင်နေသည့် တရားဟောဆရာ တဦးက ဆူလ်တန်၏ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့သော်လည်း ဂျိုဟော တော်ဝင် မိသားစုကို ထောက်ခံသော အင်တာနက် သုံးစွဲသူများ၏ ပြင်းထန်စွာ ဝေဖန် ရှုတ်ချခြင်းနှင့်သာ ရင်ဆိုင်ခဲ့ရသည်။

ဂျိုဟောပြည်နယ်၏ ဆူလ်တန်က သူ့အနေဖြင့် ဖက်ဒရယ် အစိုးရ၏ ဘာသာရေးဌာနနှင့် ဆက်ဆံမှု ဖြတ်တောက်ရ လိမ့်မည်ဟု ပြောကြားခဲ့သည်။ အဆိုပါ တရားဟောဆရာမှာ ရက်ပေါင်းများစွာ ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရပြီး စီလန်ဂေါ ပြည်နယ်ကလည်း ၎င်းတို့ ပြည်နယ်အတွင်းမှ ဗလီများတွင် တရားဟောပြောခြင်း မပြုရန် ပိတ်ပင် တားမြစ်ခဲ့သည်။ ထိုကဲ့သို့သော အရွေ့မျိုးက မွတ်ဆလင် အများစု ဖြစ်သည့် မလေးရှားနိုင်ငံ၏ သမိုင်းတွင် ကြိုတင် မျှော်လင့်မထားခဲ့သော အရာ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျော့ဂျကာတာ အထူးဒေသတွင် မြို့တော်က သူ၏ မိသားစုက ၁၇၅၅ ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့သော ဆူလ်တန် Hamengku Buwono က ဟိုတယ်လိုင်စင်သစ်များ ထုတ်ပေးခြင်း ယာယီ ရပ်တန့်ထားသည်ကို သက်တမ်းထပ်တိုးရန် တောင်းဆိုခဲ့သည်။ သူက အခပေးလမ်းတခု ဖောက်လုပ်မည့် အစီအစဉ်ကိုလည်း ညင်းပယ်ခဲ့သည်။ တိုးတက်မှု လွန်ကဲခြင်းနှင့် ကမ္ဘာလှည့် ခရီးသည်များ အလုံးအရင်းနှင့် ဝင်ရောက်လာမှုက ဒေသခံများကို ဖုံးလွှမ်းသွားမည်ကို စိုးရိမ်ကြောင်းလည်း ပြောသည်။

၂၁ ရာစု၏ မီဒီယာ အခင်းအကျင်းက အမြဲတမ်း ပြောင်းလဲနေသည့်အချိန်တွင် တော်ဝင်မိသားစုများက သူတို့၏ အကြောင်းအရာများ ထုတ်ပြန်နိုင်ရန်၊ သူတို့၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန် နှင့် သူတို့၏ နိုင်ငံရေး ဆက်စပ်ပတ်သက်မှုကို ခိုင်မာစေရန် အခွင့်အရေးကို ရှင်းရှင်းလင်းလင်းပင် ဖမ်းဆုပ်ခဲ့ကြသည်။

ထိုနည်းတူပင် အသုံးပြုသူများကြားတွင် ဝေဖန်ခြင်းနှင့် နောက်ပြောင်ခြင်းများ ရှောင်လွှဲ၍ မရနိုင်သော ဆိုရှယ် မီဒီယာ၏ လွတ်လပ်သော သဘောသဘာဝအတွင်းသို့လည်း ရောက်ရှိသွားစေခဲ့သည်။

အင်ဒိုနီးရှား ဂျော့ဂျကာတာ ဆူလ်တန် Hamengku Buwono

ဆိုရှယ်မီဒီယာ၏ လွတ်လပ်သော လှုံ့ဆော်မှုများက တော်ဝင်မိသားစုများ လေးစားလိုက်နာသော အစဉ်အလာ အယူအဆများနှင့် ပွတ်တိုက်ခြင်းကလည်း ရှောင်လွှဲ၍ မရနိုင်ပါ။ ဒေသတွင်း (အထူးသဖြင့် ထိုင်း နိုင်ငံတွင်) အင်တာနက် အသုံးပြုသူများသည် အုပ်ချုပ်သူများ၊ တော်ဝင်မိသားစုများကို ပုတ်ခတ်ခြင်း၊ အသရေဖျက်ခြင်းများမှ တားမြစ်ထားသည့် ဥပဒေများနှင့် ငြိစွန်းခဲ့ကြသည်။

ရွေးကောက်ခံ အစိုးရများ အနေဖြင့် သူတို့၏ ဖြောင့်မှန်မှု နှင့် ယုံကြည်အားထားနိုင်မှုအပေါ် ကြိုတင်မျှော်မှန်း၍ မရ နိုင်သည့် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် တော်ဝင်မျိုးနွယ်တို့၏ ရေပန်းစားမှုနှင့် စွမ်းဆောင်ရည် မြင့်တက် လာခြင်းတို့က သူတို့၏ သက်ဆိုင်ရာပြည်သူများ၏ အသိစိတ်တွင် သူတို့ နေရာဝင်ယူနိုင်သည့် အခွင့်အရေးများလည်း ပို၍ ပေးလာသည်။

သူတို့တွင် တိုက်ရိုက် အုပ်ချုပ်နိုင်သည့် အာဏာများ မရှိသည့်တိုင် သူတို့က သူတို့၏ ကိုယ့်ကျင့်သိက္ခာနှင့် လူမှုရေးသြဇာ လွှမ်းမိုးမှုကို ခိုင်မာအောင် ပေါင်းစည်းခဲ့ကြသည်။

ဆိုရှယ်မီဒီယာက လွန်စွာ ထိခိုက် ပျက်ဆီးစေနိုင်သော အင်အားစုတခု ဖြစ်ပါသည်။ လက်ရှိ အနေအထားကိုလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေနိုင်သည်။ ဆိုရှယ်မီဒီယာက ကစားကွင်းကို ဒီမိုကရေစီဆန်အောင် ပြုလုပ်ပြီး ဝါစဉ် သတ်မှတ်ချက်ကိုလည်း ပြောင်းလဲပစ်သည်။ ရယ်စရာကောင်းနေသည်မှာ (အနည်းဆုံးတော့ အရှေ့တောင် အာရှ တွင်) ရှေးကျသော၊ သမိုင်းကြောင်းရှိသော တော်ဝင်မိသားစု အများအပြားအတွက် သူတို့၏ နိုင်ငံရေးဝင်ဆံ့မှုနှင့် သြဇာလွှမ်းမိုးမှုတို့ အမှန်တကယ် ဖြစ်လာရေး ဆိုရှယ်မီဒီယာက ကြိုးစားစရာ ဒုတိယနေရာတခု ဖြစ်နေခြင်းပင် ဖြစ် ပါသည်။

သို့သော် စိုးရိမ်စရာလည်း ရှိပါသည်။ အထူးသဖြင့် ရွေးကောက်ခံ နိုင်ငံရေး ခေါင်းဆောင်များက ခေါင်းဆောင်မှု မပေးနိုင်သည့် မလေးရှား နိုင်ငံကဲ့သို့ ကိစ္စတွင် ဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ လူတစုက ခေတ်နောက်ကျလာကြသည်။ အတွေးအခေါ် ကျဉ်းမြောင်းလာကြသည်။ သူတို့ အပေါ် မကျေနပ်မှုများ နက်ရှိုင်းလာကြသည်။

ထို့ကြောင့် ဒေသတွင်းမှ နိုင်ငံရေးသမားများနှင့် အစိုးရများ အနေဖြင့် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ ကျယ်ပြန့်သော ထောက်ခံမှု အခြေခံများ တည်ဆောက်ခြင်းနှင့် မညီမျှမှုများကို ဆန့်ကျင်ခြင်း စသော တော်ဝင်မိသားစုတို့၏ သင်ခန်းစာများကို သတိပြုမိသင့်ပါသည်။

တော်ဝင်မျိုးနွယ် ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ တနေ့တွင် ပြည်သူများကို အကောင်းဆုံး ဝန်ဆောင်ပေးနိုင်စွမ်းရှိမည့် အဖွဲ့အစည်းများမှာ အချိန်အခါနှင့် ကိုက်ညီစွာ ပြောင်းလဲတိုးတက်အောင် လုပ်နိုင်သည့် သူများသာ ဖြစ်ပါလိမ့်မည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

The post ဖေ့ဘွတ်ခေတ်မှာ ဘုရင်လုပ်ကြမယ်ဆိုရင် appeared first on ဧရာဝတီ.

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် –အပိုင်း ၃

$
0
0

ပြန်လည်ချည်းကပ်မှု နှစ်ကာလများ

၁၉၇၈ မှ ၁၉၈၈ ဆယ်စုနှစ်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်သည့် ကာလတခု ဖြစ်ခဲ့သည်။ ယခင်က အလွန် ပြင်းထန်ခဲ့သည့် မြန်မာအစိုးရတပ်များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကြားမှ တိုက်ပွဲများ သိသိသာသာ ရပ်တန့်နေခဲ့သည်။ ၁၉၇၇ ခုနှစ် အတွင်း ဦးနေဝင်း၏ တရုတ်နှင့် ကမ္ဘောဒီးယား ခရီးစဉ်များ နောက်ပိုင်းတွင် တိန့် ရှောင်ဖိန်က နိုင်ငံရေးအရ အလွန်အရေးပါသည့် ခရီးစဉ်တခု အနေဖြင့် ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှ ၃၁ ရက် အထိ ရန်ကုန်မြို့သို့ လာရောက်လည်ပတ်ခဲ့သည်။ တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့က သံအမတ်အဆင့် သံတမန်ဆက် ဆံရေးကို ၁၉၇၀ ခုနှစ်ကတည်းက ပြန်လည်ထားရှိခဲ့ပြီး ဖြစ်သော်လည်း တိန့်ရှောင်ဖိန်၏ ခရီးစဉ်မတိုင်မီအထိ ၂ နိုင်ငံကြားမှ (အားစိုက်နေရသော) ဆက်ဆံရေးကို သာမန်အနေအထားဟုသာ သတ်မှတ်နိုင်လိမ့်မည် ဖြစ်ပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသို့ ထောက်ပံံ့မှုများကို တရုတ်နိုင်ငံက လျှော့ချလိုက်သော်လည်း လုံးလုံးလျားလျား ဖြတ်တောက် ခဲ့ခြင်း မဟုတ်ပါ။ ၁၉၇၉ ခုနှစ်မှ ၁၉၈၈ အထိ တရုတ်နိုင်ငံ၏ တရားဝင်မူဝါဒက တရုတ်နိုင်ငံ၏ ဝိရောဓိဖြစ်ဖွယ်ရာ သဘောတရား ဖြစ်သည့် ပါတီချင်း ဆက်ဆံရေးနှင့် အစိုးရချင်း ဆက်ဆံရေးကို ခွဲခြားထားခြင်းတွင် ဆက်ရှိနေသည်ဟု လည်း သတ်မှတ်နိုင်ပါသည်။ တရုတ်နိုင်ငံတွင် ပါတီက အစိုးရကို ဖွဲ့စည်းခြင်း ဖြစ်သည့် အတွက် အဓိပ္ပါယ်မဲ့သော ခွဲခြားခြင်းတခု ဖြစ်ပါသည်။

မည်သို့ပင် ဖြစ်စေ မြန်မာအစိုးရနှင့် တရုတ် အစိုးရတို့၏ ဆက်ဆံရေးက သတိထားမိလောက်အောင် တိုးတက်လာခဲ့သည်။ ၁၉၇၉ ခုနှစ် ဇူလိုင်လ ၉ ရက်မှ ၁၃ ရက်အတွင်းတွင် တရုတ်နိုင်ငံသို့ မြန်မာဝန်ကြီးချုပ် ဦးမောင်မောင်ခ သွားရောက်၍ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တခုကို လက်မှတ်ရေး ထိုးခဲ့သည်။ ၁၉၈၀ ခုနှစ် အောက်တိုဘာလနှင့် ၁၉၈၅ ခုနှစ် မေလတို့တွင် ဦးနေဝင်းက တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့သည်။ ၁၉၈၅ ခုနှစ် မတ်လတွင် တရုတ် သမ္မတ လီရှန်နင်း ရန်ကုန်သို့ လာရောက်လည်ပတ်ခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ ဗကပတပ်ဖွဲ့များမှာမူ သူတို့ အချိန်အခါမဟုတ်၍ အရာမဝင်တော့သလို မသက်ဆိုင်သလို ပို၍ ဖြစ်လာသည်။ သူတို့ရှေ့သို့လည်း ဆက်၍ မချီတက်နိုင်တော့သလို မြန်မာ့တပ်မတော်၏ တိုက်ခိုက်ချေမှုန်းခြင်းနှင့်လည်း မကြုံတွေ့ရပါ။

ထိုအချိန်တွင် အခြေအနေသစ်တခုက ဗကပအတွက် အရေးပါလာသည်။ သူတို့ အခြေစိုက်ထားသည့် ဧရိယာတွင် အကျိုးအမြတ် များပြားသည့် နယ်စပ်ဖြတ်ကျော်၍ မှောင်ခိုကုန်ကူးခြင်းက စီးပွားရေးအရ သိသိသာသာ ဖြစ်ထွန်းလာသည်။ ၁၉၇၈-၇၉ တွင် တရုတ်နိုင်ငံက ဗမာပြည်ကွန်မြူနစ်ပါတီ အနေဖြင့် ကိုယ့်ဖာသာ ရပ်တည်နိုင်ရမည်ဟု ဆုံးဖြတ်လိုက်သည့် အချိန်တွင် တရားမဝင် နယ်စပ်ကုန်သွယ်ရေးက ဗကပအတွက် အဓိက ဝင်ငွေ အရင်းအမြစ် ဖြစ်လာသည်။ ရှေးရိုးစွဲဆန်သည့် မြန်မာကွန်မြူနစ်များက ရုတ်ချည်းပင် လွတ်လပ်သော အရင်းရှင်များ ဖြစ်လာကြသည်။ ချည်ထည်၊ ပလပ်စတစ် ပစ္စည်း၊ စီးကရက်၊ ဘီယာ၊ စက်ဘီး၊ ဓာတ်ဆီနှင့် အိမ်သုံး ပစ္စည်းများ အစရှိသော တရုတ်နိုင်ငံလုပ် လူသုံးကုန်များကို မြန်မာပြည်မှ သစ်၊ တွင်းထွက်သတ္တု၊ ကျောက်မျက်ရတာနာများ ကျောက်စိမ်းများနှင့် အလဲအလှယ် ပြုလုပ်ခဲ့ကြသည်။ တရားမဝင် နယ်စပ်ကုန်သွယ်ရေးမှ အခွန်ကောက်ခံခြင်း ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီက ဆက်လက်ရပ်တည်ခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးက ဗဟို အဆင့်တွင်သာမက နယ်စပ်တလျှောက်တွင်ပါ တရုတ်နှင့် မြန်မာ ၂ နိုင်ငံကြားမှ လုံးဝ အသစ်ဖြစ်သော ဆက်ဆံရေးတခုအတွက် အခြေခံ အုတ်မြစ် ဖြစ်လာသည်။

၁၉၈၉ ခုနှစ် တီယန်နန်မင် ရင်ပြင် ဒီမိုကရေစီဆန္ဒပြပွဲကို ဝင်ရောက်ဖြိုခွင်းသော တရုတ်တင့်ကားများအား ရင်ဆိုင်နေသူတဦး/Reuters

ပေါက်ဖော်လား ဆရာတပည့်လား

၁၉၈၈ ခုနှစ် နွေရာသီ အတွင်းတွင် မြန်မာနိုင်ငံကို လွှမ်းမိုးနေသည့် နိုင်ငံရေး မတည်ငြိမ်မှုများကြား အရေးပါခြင်း မရှိ ဟု ယူဆရနိုင်သော အဖြစ်အပျက်တခုက တရုတ်-မြန်မာ ဆက်ဆံရေးတွင် အလွန်အရေးပါသော အလှည့်အပြောင်းတခုကို ပေါ်ပေါက်စေခဲ့ပါသည်။ ကြီးမားသော ဆန္ဒပြပွဲများက ရန်ကုန်မြို့ကို နေ့စဉ်နီးပါး လှုပ်ခါနေပြီး တနိုင်ငံလုံး ပါဝင်လာမည့် အထွေထွေသပိတ်မတိုင်မီ ၂ ရက်အလို ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့က ၂ နိုင်ငံကြားမှ နယ်စပ်ကုန်သွယ်ရေးကို တရားဝင် ခွင့်ပြုသည့် သဘောတူညီချက်တခုကို ရန်ကုန်မှ တရားဝင် (အစိုးရ) မီဒီယာတွင် တွေ့လိုက်ရသည့် လေ့လာစောင့်ကြည့်သူ အများစုက ပြုံးမိကောင်း ပြုံးမိကြနိုင်ပါသည်။ ကျန်သည့် တကမ္ဘာလုံးက စစ်အစိုးရ၏ နောက်ဆုံးနေ့ရက်များဟု တွေးထင်ပြီး စောင့်ကြည့်နေချိန်တွင် နယ်စပ်တဖက်မှ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ယဉ်ကျေးမှုအရရော သမိုင်းအရပါ ဆက်နွယ်နေမှုနှင့် ရန်ကုန်တွင် မည်သည့် အစိုးရ အာဏာရှိသည် ဖြစ်စေ ဆက်ဆံနိုင်ရန် အသုံးပြုသည့် ကြားနေပုံစံ ချဉ်းကပ်မှုတို့ ၂ ခုလုံးကို အထောက်အပံ့ဖြစ်မည့် ၂ ဘက်ချွန်ကစားပွဲ ဆက်၍ ကစားနိုင်စွမ်း အပေါ်တွင် တရုတ် အစိုးရက လောင်းကြေးတင်ခဲ့သည်။

တရုတ်အစိုးရက သူတို့၏ ရည်ရွယ်ချက်ကို ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့လောက်ကတည်းက Beijing Review မှ ဆောင်းပါးတပုဒ်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ အများစုက သတိမထားမိခဲ့ခြင်းသာ ဖြစ်သည်။ “Opening to the Southwest: An Expert Opinion,” အမည်ရှိ အဆိုပါဆောင်းပါးကို ရေးသားသူ တရုတ် ဒုတိယ ဆက်သွယ်ရေး ဝန်ကြီး ဟောင်း ပန်ချီက မြန်မာနိုင်ငံကို ဖြတ်ကျော်၍ တရုတ်နိုင်ငံမှ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်တခု ရှာဖွေရေး၏ ဖြစ်နိုင်ချေများကို ဖော်ပြခဲ့သည်။ ပန်ချီက မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ မီးရထားလမ်းဆုံးမြို့များ ဖြစ်သော မြစ်ကြီးနားနှင့် လားရှိူးတို့သည် တရုတ်ကုန်စည်များ တင်ပို့ရန် ဖြစ်နိုင်ချေရှိသည့် လမ်းကြောင်းများ ဖြစ်သည်ဟု ရည်ညွှန်းခဲ့သော်လည်း သက်ဆိုင်ရာ နယ်စပ်ဒေသများမှာ မြန်မာဗဟို အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိကြောင်း ဖော်ပြခဲ့ခြင်း မရှိပါ။

ထိုအချိန်တွင် ၁၃၅၇ မိုင် ရှည်လျားသည့် တရုတ်-မြန်မာ နယ်စပ် နေရာ အားလုံးနီးပါးကို လက်တွေ့ ထိန်းချုပ်ထားသူများ မှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံ နှင့် နိုင်ငံရေးအရ၊ လူမျိုးရေး အရ သို့မဟုတ် ၂ မျိုးလုံးတွင် ဆက်နွယ်မှု ရှိနေသော အစိုးရမဟုတ်သည့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသည်။ ၁၉၆၀ ခုနှစ် နယ်နိမိတ် သဘောတူညီချက် နောက်ပိုင်းတွင် တရုတ်-မြန်မာ ပူးတွဲ အဖွဲ့က ၂ နိုင်ငံ နယ်စပ်တလျှောက်လုံးတွင် နယ်ခြား ကျောက်တိုင်များ စိုက်ထူ၍ နယ်နိမိတ်ကို မှတ်သားခဲ့ကြသည်။ ဆယ်စုနှစ် ၂ ခုကျော်ကြာမြင့်ခဲ့ပြီး နောက်တွင် ထိုနယ်ခြား ကျောက်တိုင်များ ပြိုကျ ပျက်စီးခဲ့သည့် အတွက် ၁၉၈၅ ခုနှစ်တွင် သဘောတူညီချက် အသစ်အရ ကျောက်တိုင် အသစ်များ စိုက်ထူခဲ့သည်။ သို့သော်လည်း ယခုတကြိမ်တွင် တရုတ်နိုင်ငံက ဆုံးဖြတ်သည့် နေရာများတွင် စိုက်ထူသည့် ကျောက်တိုင်များက နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်များ၏ အဓိက စခန်းများနှင့် ဝေးကွာသော လယ်ကွင်းများ၊ တောတွင်းမှ ကွက်လပ်များတွင် ရှိနေကြသည်။

၁၉၈၇ ခုနှစ် အစောပိုင်းအထိ မြန်မာအစိုးရက နယ်စပ်တလျှောက်ရှိ ဗမာပြည် ကွန်မြူနစ်ပါတီ၏ အခြေစိုက် စခန်းအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ရာတွင် ထင်ရှားသည့် မြန်မာလမ်းမကြီး (Burma Road) တရုတ်နိုင်ငံ အတွင်းသို့ ဝင်ရောက်သွား သည့်နေရာတွင် ရှိပြီး ကုန်သွယ်ရေးမြို့အဖြစ် ဖွံ့ဖြိုးလာနေသော ပန်ဆိုင်းလည်း အပါအဝင် ဖြစ်သည်။ တချိန်တည်းမှာပင် ယဉ်ကျေးမှုတော်လှန်ရေး ပြီးဆုံးကတည်းက မူဝါဒများ သိသိသာသာ ပြောင်းလဲခဲ့သည့် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်းမှ ကြီးမားသည့် စီးပွားရေး ထောက်လှမ်း သတင်းပေး စနစ်တခုမှ တဆင့် မြန်မာဈေးကွက်ကို စတင်ထိုးဖောက်လာခဲ့သည်။ အဆိုပါ ထောက်လှမ်းရေး ကွန်ရက်က မြန်မာပြည်တွင်းမှ ကုန်ပစ္စည်းထုတ်လုပ်နိုင်စွမ်းကို စောင့်ကြည့်သလို ထိုင်း၊ မလေးရှား၊ စင်္ကာပူ နှင့် အိန္ဒိယတို့ကဲ့သို့သော အခြား အိမ်နီးချင်းနိုင်ငံများ နှင့် တရားမဝင် ကုန်သွယ်မှု ပမာဏ နှင့် သဘာဝကိုလည်း စောင့်ကြည့်လေ့လာသည်။

နောက်ပိုင်းတွင် တရုတ်နိုင်ငံက သူတို့၏ နိုင်ငံပိုင် စက်ရုံများတွင် ထုတ်လုပ်သော ကုန် ပစ္စည်းများဖြင့် (မြန်မာ) ဈေးကွက်ကို တုန့်ပြန်လာနိုင်ခဲ့သည်။ စနစ်တကျ ရွေးချယ်ထားသည့် ကုန်ပစ္စည်း အမျိုးအစား ၂၀၀၀ ကျော် မြန်မာဈေးကွက်သို့ စီးဝင်ခဲ့သည်ဟု သိရသည်။ တရုတ်နိုင်ငံလုပ် လူသုံးကုန်ပစ္စည်းက အခြားအိမ်နီးချင်း နိုင်ငံများမှ ပစ္စည်းများထက် (ရည်ရွယ်ချက်ရှိရှိနှင့်) ဈေးသက်သာနေခဲ့သည်သာမက မြန်မာနိုင်ငံတွင်းတွင် ထုတ်လုပ်သည့် ပစ္စည်း များထက်လည်း ဈေးချိုနေခဲ့သည်။

၁၉၈၉ ခုနှစ် မတ်လနှင့် ဧပြီလ အတွင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့မှ တောင်ပေါ်တိုင်းရင်းသား တပ်ဖွဲ့ဝင်များက တော်လှန်ပုန်ကန်ခဲ့ကြခြင်းကြောင့် လူအများအပြား အံ့အားသင့်ခဲ့ရသည်။ ပါတီမှ မော်ဝါဒီ ခေါင်းဆောင် များ တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ အဆိုပါ တပ်တွင်းပုန်ကန်မှုသည် ဗကပတပ်ဖွဲ့ အတွင်းသို့ အတင်းဆွဲသွင်းခြင်း ခံထားရသည့် (စစ်ပွဲတွင် ထိုးကျွေးခံရသည့်) တောင်ပေါ် တိုင်းရင်းသား တပ်ဖွဲ့ဝင်များနှင့် အတွေးအခေါ်ဟောင်းများကို ယခုအချိန်အထိ ကိုင်စွဲထားကြသည့် သက်ကြီးပိုင်း ဗမာခေါင်းဆောင်များကြားတွင် နှစ်ပေါင်းများစွာကြာ တငွေ့ငွေ့နှင့် ရှိနေခဲ့သည့် မကျေလည်မှုများကြောင့် ဖြစ်သည်။

ရန်ကုန်မှ အစိုးရက လိမ်မာပါးနပ်စွာဖြင့် ထိုပုန်ကန်မှုကို အလျှင်အမြန် အခွင့်ကောင်းယူနိုင်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ အကြွင်းအကျန်များကြားမှ ပေါ်ထွက်လာသော လက်နက်ကိုင် တပ်ဖွဲ့သစ်များ၏ ခေါင်းဆောင်များကို အစိုးရက အကယ်၍ သူတို့က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့လျှင်၊ သူတို့၏ (၁၉၆၈ မှ ၇၈ ခုနှစ်များ အတွင်း တရုတ်နိုင်ငံမှ ရရှိခဲ့သည့်) များပြားလှသော လက်နက်များကို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များသို့ မျှဝေခြင်း မပြုခဲ့လျှင် မည်သည့် စီးပွားရေးလုပ်ငန်းမျိုးကို မဆို လုပ်ဆောင်နိုင်ကြောင်း ကတိပြုခဲ့သည်။ စစ်အစိုးရက ဗမာနယ်မြေများ အတွင်းမှ အရေးကြီးသော ခြိမ်းခြောက်မှုတခုကို ရင်ဆိုင်နေရချိန်တွင် အစိုးရအတွက် အလားအလာအရှိဆုံး စစ်ရေးခြိမ်းခြောက်မှု ပြေငြိမ်းသွားခဲ့သည်။ အကျိုးဆက် အနေဖြင့် နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးလာခဲ့ သည်။

သို့သော်လည်း ဗမာပြည် ကွန်မြူနစ်ပါတီ၏ အရေးပါမှုလျော့ပါးသွားခြင်းက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှုကို ထိခိုက်အောင် မပြုလုပ်နိုင်ခဲ့ပါ။ ၁၉၈၈ ခုနှစ်က ရန်ကုန်မှ (ဒီမိုကရေစီ ဆန္ဒပြပွဲများကို) ကြမ်းတမ်းစွာ ဖြိုခွဲမှုနှင့် နောက် ၁ နှစ်တွင် တရုတ်နိုင်ငံ တီယန်နန်မင် ရင်ပြင်တွင် ရက်စက်သော သတ်ဖြတ်မှုများ ပေါ်ပေါက်လာပြီးနောက်ပိုင်း နှစ်များတွင် အထီးကျန်သော၊ နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရသော အိမ်နီးချင်း နိုင်ငံ ၂ ခုက တခုနှင့်တခု ပိုမို နီးကပ်သွားခြင်းက အံ့အားသင့်စရာ မရှိပါ။ မြန်မာနှင့် တရုတ် ၂ နိုင်ငံကြားမှ အလွန်ထူးခြားသော ဆက်ဆံရေးသစ်နှင့် ပတ်သက်၍ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ ၏ ထိပ်တန်း အဖွဲ့ဝင် တဦး ဖြစ်သလို မြန်မာနိုင်ငံတွင် အလွန် သြဇာကြီးသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်က ရန်ကုန်မြို့ရှိ စီမံကိန်းတခုမှ တရုတ် အင်ဂျင်နီယာအဖွဲ့ကို ပြောခဲ့သော မိန့်ခွန်းတွင် ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံမှာ ယမန်နှစ်က တွေ့ ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ အလားတူ အနှောက်အယှက်တွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ (၁၉၈၉ ခုနှစ် မေလ နှင့် ဇွန်လ တွင်) ပေါ်ပေါက်ခဲ့တဲ့အတွက် ကျနော်တို့ အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပေါ် စာနာမိပါတယ်” ဟု သူက ပြောကြားခဲ့သည်။

သွေးစွန်းသော အာဏာရှင် အစိုးရ ၂ ခုကြားမှ ဆက်ဆံရေး၏ အရေးပါမှုက ၁၉၈၉ ခုနှစ် အောက်တိုဘာလအတွင်းတွင် အဖွဲ့ဝင် ၂၄ ဦးပါသော မြန်မာ စစ်ဘက်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ၁၂ ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ ပြီးနောက် ပိုမိုတိုးတက်လာခဲ့သည်။ ဗိုလ်ချုပ်ကြီး သန်းရွှေ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ စစ်လက်နက်ပစ္စည်း ဝယ်ယူရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် အေဘယ်လ်နှင့် လေတပ် နှင့် ရေတပ်မှ ဦးစီးချုပ်များ ပါဝင်ခဲ့ကြသည်။ အဆိုပါခရီးစဉ်၏ အကျိုးဆက် အနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ (ဆိုဗီယက် MiG-21 ၏ တရုတ်ပုံစံ ဖြစ်သော) F-7 တိုက်လေယာဉ်များ၊ Hainan-class ရေတပ်ကင်းလှည့် ရေယာဉ် အနည်းဆုံး ၄ စီး၊ အပေါ့စားတင့်ကား ၁၀၀ ခန့်နှင့် သံချပ်ကာ လူစီးယာဉ်များ၊ လေယာဉ်ပစ် လက်နက်ကြီးများ၊ ဒုံးကျည်များ၊ လက်နက်ငယ် နှင့် ကျည်များ နှင့် စစ်သုံး ဆက်သွယ်ရေး ကိရိယာများ အပါအဝင် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ ရောင်းချပေးရန် တရုတ်နိုင်ငံက ကတိပြုသည့် ကြီးမားသော လက်နက်ရောင်းဝယ်ရေးဆိုင်ရာ သဘောတူညီချက် တခု ရရှိခဲ့သည်။

၁၉၉၀ ခုနှစ်ရောက်သည့် အခါ မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ အရှေ့တောင်အာရှမှ အဓိက နိုင်ငံရေးနှင့် စစ်ရေး မဟာမိတ် ဖြစ်လာခဲ့သည်။ နယ်စပ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံတွင်းသို့ တရုတ်လက်နက်များ ဝင်ရောက်နေခြင်းက ရန်ကုန်မှ အလွန် လူကြိုက်နည်းသည့် စစ်အစိုးရ ဆက်လက်ရှင်သန်နိုင်ရေးအတွက် အရေးပါခဲ့သည်။ ၁၉၈၈ ခုနှစ် သြဂုတ်လတွင် နယ်စပ်ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ဈေးချိုသော လူသုံးပစ္စည်းများ အဓိကတင်ပို့ရာ နိုင်ငံခြားဈေးကွက် ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သစ်၊ သစ်တောထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ ရေထွက်ကုန်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ အဓိက ဝယ်ယူတင်သွင်းသည့် နိုင်ငံဖြစ်လာသည်။ ထိုအချိန်တွင် ကမ္ဘာ့ဘဏ်မှ လေ့လာဆန်းစစ်သူများက တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ နီးပါး တန်ဖိုးရှိသည့် ကုန်ပစ္စည်းများ ဖလှယ်နေသည်ဟု ခန့်မှန်းခဲ့သည်။ ထိုတန်ဖိုးတွင် ရွှေတြိဂံဒေသ မြန်မာဖက်ပိုင်းတွင် တိုးတက်လာနေသာ မူးယစ်ဆေးကုန်သွယ်မှုကို ထည့်သွင်းထားခြင်း မရှိပါ။

ကုန်သွယ်ရေး အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ထိန်းသိမ်းစောက်ရှောက်မှု အားနည်းခဲ့သော လမ်းများနှင့် ရထား လမ်းများ အဆင့်မြှင့်တင်ရာတွင်လည်း မကြာမီမှာပင် ပါဝင်လာခဲ့သည်။ ၁၉၉၁ ခုနှစ် နှောင်းပိုင်းရောက်သည့်အခါ တရုတ် ကျွမ်းကျင်သူများက မြန်မာနိုင်ငံတွင်းမှ အခြေခံ အဆောက်အဦး စီမံကိန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြပြီ ဖြစ်သည်။ ထိုနှစ်အတွင်းမှပင် တရုတ် စစ်ရေးအကြံပေးများ ရောက်ရှိလာခဲ့ပြီး သူတို့သည် ၁၉၅၀ နှစ်များ နောက်ပိုင်းတွင် မြန်မာနိုင်ငံ တွင် ပထမဆုံး လာရောက် အခြေချသည့် နိုင်ငံခြား စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ဖြစ်လာသည်။ အခြခံအားဖြင့် မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ဖောက်သည်နိုင်ငံ ဖြစ်လာသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံ အတွက် စစ်မြေပြင်တွင် ဆောင်ကျဉ်းမပေးနိုင်ခဲ့တို့ကို တရုတ်နိုင်ငံက နိုင်ငံရေးအရ အားနည်းသော အစိုးရတခုနှင့် ၂ နိုင်ငံ ကုန်သွယ်ရေးကို မြှင့်တင်ခြင်းနှင့် လိမ္မာပါးနပ်သော သံတမန်ရေးရာတို့မှ တဆင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ သယံဇာတများကို တရုတ်နိုင်ငံက စိတ်ဝင်စားမှုနှင့် ရယူလိုခြင်းများ ရှိခဲ့သော်လည်း သယံဇာတနှင့် ဆိုင်သည့် အမှန်တကယ်ကစားပွဲက နောက်ပိုင်းမှ အရှိန်အဟုန်ပြင်းစွာ ရောက်လာသည်။ ၂၀၀၇ ခုနှစ် ဧပြီလတွင် တရုတ် နိုင်ငံ၏ National Development and Resource Commission က တရုတ်နိုင်ငံ အတွင်းပိုင်းနှင့် မြန်မာနိုင်ငံ၏ မဖော်ထုတ်ရသေးသော ကျယ်ပြန့်သည့် ကုန်းတွင်းနှင့် ကမ်းလွန် ရေနံအရင်း အမြစ်များကို ဆက်သွယ်ပေးမည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်မည့် အစီအစဉ်ကို အတည်ပြုလိုက်သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန် ရေနံပိုက်လိုင်းတခုနှင့် ဒေါ်လာ ၁.၀၄ ဘီလီယံတန် ဓာတ်ငွေ့ ပိုက်လိုင်းတခု တည်ဆောက်ရန် သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၀၉ ခုနှစ် ဇွန်လတွင် ရေနံစိမ်း ပိုက်လိုင်းတည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ စတင်သည့် အခန်းအနားကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ အနောက်ဘက် ကမ်းရိုးတန်းမှ မဒေးကျွန်းတွင် ပြုလုပ်ခဲ့ကြသည်။

ဘင်္ဂလားပင်လယ်အော်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ဆက်သွယ်သည့် ဓာတ်ငွေ့ပိုက်လိုင်း နှင့် အတူ အရှေ့အလယ်ပိုင်းမှ အရှေ့အလယ်ပိုင်းမှ တင်သွင်းလာသည့် ရေနံများတင်ဆောင်လာသည့် တရုတ်သင်္ဘောများအတွက် ဆောက်လုပ်ထားသည့် ရခိုင်ပြည်နယ် ကျောက်ဖြူဒေသရှိ ဆိပ်ကမ်းတခုမှတဆင့် တရုတ်နိုင်ငံကို တင်ပို့မည့် ရေနံပိုက်လိုင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်း အားဖြင့် ရှုပ်ထွေးသော မလက္ကာရေလက်ကြားကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံက ရေအားလျှပ်စစ်စီမံကိန်းများ၊ ကားလမ်း ရထားလမ်းများ တည် ဆောက်ရေး နှင့် သတင်းအချက်အလက်နည်းပညာဖွံ့ဖြိုးရေးတို့ အတွက် အသုံးပြုရန် မြန်မာနိုင်ငံသို့ နှစ် ၃၀ အတွင်း အ တိုးမဲ့ ချေးငွေ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ ပေးရန် ကတိပြုခဲ့သည်။

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးပွားလာခြင်းကြောင့် မြန်မာနိုင်ငံမှ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သော ထိပ်တန်း စစ်ဘက်အရာရှိများကြားတွင် စိတ်မသာမယာဖြစ်မှုများ ပိုမို နက်ရှိုင်းစေခဲ့သည်။ သူတို့ အများစု၏ စိတ်ထဲတွင် တရုတ်က လက်နက် ထောက်ပံ့ထားသော ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲများက လောလောလတ်လတ်ပင် ရှိနေသေးသည်။ ထိုတင်းမာမှုများက တခါတရံတွင် ဌာနတွင်း အာဏာပြိုင်ဆိုင်မှု ပုံစံမျိုးဖြင့် ပေါ်ထွက်လာတတ်သော်လည်း လက်တွေ့မှာ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုနှင့် ပတ်သက်၍ အညင်းပွားမှုများ၏ တွန်းအားကြောင့် ဖြစ်တတ်ပါသည်။

ပထဆုံး အကြိမ် တရုတ်နိုင်ငံကို ဆန့်ကျင်မှုက ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ပေါ်ပေါက်ခဲ့သည်။ ထိုစဉ်က ဝန်ကြီးချုပ် ဖြစ်သည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန့် အစိုးရတွင်း အာဏာသိမ်းယူမှုတခုတွင် ဖြုတ်ချခြင်းခံခဲ့ရသည်။ တရုတ်- မြန်မာ ဆက်ဆံရေးတွင် အလွန်ရေးပါသူ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အခြားသော ဗိုလ်ချုပ်ကြီးများက ဆန့်ကျင်သည့် လုပ်ရပ် ဖြစ်သည်။ ပထမပိုင်းတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်းမှ သူတို့၏လူ ဖယ်ရှား ခံလိုက်ရသည်ကို မယုံနိုင်အောင် ဖြစ်ခဲ့ကြရသည်။

သို့သော်လည်း နောက်ပိုင်းတွင် ၂ ဘက်လုံးက ထိုကိစ္စနှင့် ပတ်သက်၍ အဆင်ပြေအောင် လုပ်နိုင်ခဲ့ကြသည်။ ၂ နိုင်ငံ ဆက်ဆံရေးကလည်း ပုံမှန် ပြန်ဖြစ်လာခဲ့သည့် အသွင်ရှိသည်။ ထို့နောက် ၂၀၀၉ ခုနှစ်တွင် တရုတ် အစိုးရသို့ ကြိုတင်သတိပေးခြင်း မရှိဘဲ မြန်မာတပ်များက အရှေ့မြောက်ပိုင်းရှိ ကိုးကန့်ဒေသမှ လက်နက်ကိုင် တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြသည်။ နယ်စပ် ၂ ဘက်လုံးမှ လူ ၃၀၀၀၀ ကျော် ထွက်ပြေးရပြီး တရုတ်ဘက်ခြမ်းတွင် ယာယီ နားခိုစရာများ ရှာဖွေရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ မြန်မာတပ်မတော်၏ ဗျူဟာနှင့် ပတ်သက်၍ စိတ်မသက်မသာ ဖြစ်ရကြောင်း တရုတ် အစိုးရက ထုတ် ဖော်ပြောကြားခဲ့သော်လည်း နိုင်ငံရေးအရထက်ပို၍ တစုံတရာ ဆောင်ရွက်ခြင်း မပြုခဲ့ပါ။

တရုတ်ခေါင်းဆောင်များ ထပ်မံ၍ စိတ်မသက်သာစွာ အံ့အားသင့်ခဲ့ရသည်မှာ ဦးသိန်းစိန်၏ အစိုးရသစ်က ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ တွင် တရုတ်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့လိုက်သည့် အချိန်တွင် ဖြစ်သည်။ ထိုအချိန်တွင် မြန်မာနှင့် အမေရိကန်တို့ကြားမှ ဆက်ဆံရေး ပေါ်ထွန်းလာခြင်း အပါအဝင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု လျော့ကျလာနေခြင်းနှင့် ပတ်သက်၍ ထပ်မံလျစ်လျူရှု၍ မရတော့ကြောင်း တရုတ် အစိုးရကို အချက်ပေးသည့် အခြားသော သင်္ကေတများလည်း ရှိလာပြီ ဖြစ်သည်။

အပိုင်း ၄ ကို ဆက်လက် စောင့်မျှော် ဖတ်ရှုပါ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ဘာတေးလင့်တနာ၏ China and Burma: Not Only Pauk-Phaw ကို ဘာသာပြန်ဆိုသည်။ မူရင်းဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စုရှိ မူဝါဒရေးရာ အဖွဲ့အစည်းဖြစ်သော The Project 2049 Institute တွင် ဖော်ပြခဲ့သည်။)

ဆက်စပ်ဖတ်ရှုရန်

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၁ 

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၂

The post တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၃ appeared first on ဧရာဝတီ.

ရှီကျင့်ဖျင်က အာဏာရှင်လား ပြုပြင်ပြောင်းလဲရေးသမားလား

$
0
0

တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကို ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပြီဖြစ်သည်။ ယင်းကွန်ဂရက်သည် တရုတ်ပြည်အတွက် ဧရာမကြီးမားလှသည့်နိုင်ငံရေးဖြစ်စဉ်ဖြစ်ပြီး ငါးနှစ်တစ်ကြိမ် ယင်းသို့ပါတီအစည်းအဝေးကျင်းပလေ့ရှိသည်။ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ဆုံးဖြတ်ကာ အမျိုးသားဦးစားပေးမူဝါဒများကို ကွန်ဂရက်က ချမှတ်လေ့ရှိသည်။ ထုံးစံအတိုင်းပင် ပါတီသည် ဆယ်နှစ်တစ်ကြိမ် ခေါင်းဆောင်အပြောင်းအလဲပြုလုပ်သည်။ ပြီးခဲ့သည့်ကွန်ဂရက်မှစတင်၍ ရှီကျင့်ဖျင်က ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်ပြီး ယခုကွန်ဂရက်တစ်ကြိမ် နောက်ထပ် ငါးနှစ်သက်တမ်း ဆက်လက်ထမ်းဆောင်ရန် ပြန်လည်ရွေးချယ်ခန့်အပ်သည်။

ပါတီက ထိပ်ပိုင်းအဆင့်ခေါင်းဆောင်များကို ခန့်အပ်ရာတွင် ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီ (နိုင်ငံရေးဦးဆောင်မှုအမြဲတမ်းကော်မတီ) ၏ ထောက်ခံမှုဖြင့်သာ အတည်ပြုသည်။ တရုတ်ကွန်မြူနစ်ပါတီတွင် ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီကို ကော်မတီဝင် ၇ ဦးဖြင့်ဖွဲ့စည်းထားပြီး အရေးကြီးဆုံးသောကိစ္စရပ်များကို ပေါ်လစ်ဗျူရိုက ဆုံးဖြတ်သည်။ ပေါ်လစ်ဗျူရိုကော်မတီဝင်များသည် လက်ရှိစီးပွားရေးအခြေအနေ (သို့မဟုတ်) တိုင်းပြည်သို့ ဝါဒဖြန့်ချိရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရသည်။

ယခုနှစ် ကွန်ဂရက်အဖွင့်တွင် ရှီကျင့်ဖျင်က ၃ နာရီခွဲကြာရှည်လျားမိန့်ခွန်းကို ပြောကြားခဲ့ပြီး တိုင်းပြည်အနာဂတ်အမြင်နှင့် ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း သူ့ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ တရုတ်နိုင်ငံရေးဘ၀ သွေးသစ်လောင်းမည့် ခေတ်သစ်အကြောင်း ရှီကျင့်ဖျင်က သတင်းကောင်းပါးခဲ့သလို တရုတ်အနေအထားမှာ မဟာအင်အားကြီးတိုင်းပြည်အဖြစ်ရောက်ရှိပြီဟု ထပ်တလဲလဲ အကျယ်တဝင့် ပြောကြားသွားသည်။

ပိုမိုသွက်လက် မြန်ဆန်သော စီးပွားရေး ဖန်တီးရန်နှင့် နိုင်ငံပိုင်လုပ်ငန်းများ မြှင့်တင်ခြင်းကို ကြီးပွားတိုးတက်လာစေရန် အထူးတလည် မျှော်မှန်းထားကြောင်း၊ သို့သော် သမရိုးကျဈေးကွက်စီးပွားရေးဖြင့် ဆက်လက် မသွားနိုင်သည်ကို မိမိရှင်းလင်းစွာမြင်ကြောင်း ရှီကျင့်ဖျင်က ထည့်သွင်းပြောကြားသည်။ “ဈေးကွက်” ဟူသော စကားကို ၁၉ ကြိမ်ကြိမ်တိတိထည့်သွင်းပြောကြားကြောင်း၊ ၎င်းစကားကိုပင် ဟူကျင်တောင်းကမူ ၂၀၁၂ ခုနှစ် ကွန်ဂရက်တွင် ၂၄ ကြိမ်တိတိပြောကြားကြောင်း၊ ကျန်ဇီမင်းက ၁၉၉၇ ခုနှစ်ကွန်ဂရက်တွင် ၅၁ ကြိမ်တိတိပြောကြားကြောင်း ကွန်ဂရက်မိန့်ခွန်းချင်း နှိုင်းယှဉ်၍ နယူးယောက်တိုင်းမ်က မှတ်တမ်းတင်ထားသည်။

သူ့ ပထမ သက်တမ်းကာလအတွင်း တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုချဲ့ထွင်ခဲ့မှု၊ တရုတ်စစ်အင်အား ပိုမိုဖြည့်တင်းခဲ့မှုတို့နှင့် စပ်လျဉ်းပြီး ကမ္ဘာ့အဆင့်တွင် တရုတ်က လွှမ်းမိုးလာမှုဆိုသည့်ကိစ္စကိုလည်း ရှီကျင့်ဖျင်က ကာကွယ်ပြောဆိုခဲ့သည်။ တရုတ်ပြည်မက ခွဲထွက်ပြီး သီးသန့်နိုင်ငံထူထောင်နေသည့် ထိုင်ဝမ်ကျွန်းကို ထိန်းချုပ်နိုင်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

ထို့ပြင် သူ၏ပထမသက်တမ်းအတွင်း အကြီးမားဆုံးကိစ္စတစ်ခုဖြစ်သည့် ပြည်တွင်းဖိနှိပ်ချုပ်ချယ်မှုများကိုလည်း ဆက်လက် တိုးမြှင့်သွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က မီးမောင်းထိုးပြသည်။ ၎င်းအုပ်ချုပ်မှုအောက်တွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများကို တရုတ်အာဏာပိုင်များက နှိမ်နင်းမှုများ ရှိခဲ့သည်။ ၎င်းမိန့်ခွန်းတွင် ရှီက အင်တာနက်ကွန်ရက်အတွင်း စိစစ်ဖြတ်တောက် ဆင်ဆာပြုလုပ်ခြင်းအပေါ် အဆိုးမြင်ရှုထောင့်များကို အတိအလင်း ကန့်ကွက်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

ရှီကျင့်ဖျင်ကို ကွန်ဂရက်က နောက်ထပ် ငါးနှစ်သက်တမ်း ဆက်လက်ထမ်းဆောင်ရန် ပြန်လည်ရွေးချယ်ခန့်အပ်သည်
Reuters

ဘေဂျင်းတွင် ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်တွင် ဘယ်သူတက်မလဲ၊ ဘယ်သူကျမလဲ ဟူသည့် ကိစ္စမှာ ထုံးစံအတိုင်း နိုင်ငံရေး မြူနှင်းများ သိပ်သည်းမှု အောက်၌ ဝိုးတဝါးသာ မြင်တွေ့နေရ၏။ သို့သော် ပြီးခဲ့သည့် ဆယ်စုနှစ်က ညီလာခံတွင် တိုင်းပြည်အတွက် အားထားရမည့် သမ္မတ ရှီကျင့်ဖျင် ပေါ်ထွက်လာခြင်းအားဖြင့် ရှင်းရှင်းလင်းလင်း ဖြစ်ခဲ့ပြီးဖြစ်သည်။ တရုတ်ကွန်မြူနစ်များ၏ နိုင်ငံရေးထုံးစံအတိုင်း ယခု ကွန်ဂရက်သည် ပါတီတွင်း အားကောင်းမောင်းသန်ဖြစ်လာနေသော သမ္မတ ရှီကျင့်ဖျင် ချုပ်ကိုင်မှုကို အားဖြည့်ထောက်ခံရင်း ကမ္ဘာ့နိုင်ငံရေးတွင် တရုတ်၏ အခန်းကဏ္ဍကို နောက်ထပ် ခြေလှမ်းတခုနှင့် အရွေ့တခု ဖန်တီးဖွယ် ရှိနေသည်။

ယနေ့ တရုတ်သမိုင်းတွင် လှုပ်လှုပ်ခတ်ခတ် အရှိဆုံး ဖြစ်စဉ်များ ဖန်တီးခဲ့သည့် မော်စီတုံးခေတ်ကို ပြောင်းပြန်လှန်၍ အံ့အား သင့်ဖွယ်ရာ တရုတ် စီးပွားရေးဖြစ်ထွန်းလာခြင်းမှာ လစ်ဘရယ်ဆန်ဆန် ပြုပြင်ပြောင်းလဲရေး ကြောင့် ဖြစ်သည် ဆိုသည့် အချက်ကို မေ့ထား မရပါ။ မော်စီတုံး ထင်တိုင်းကြဲခဲ့သည့် ရာစုနှစ် လေးပုံတစ်ပုံ၊ တနည်းအားဖြင့် ၂၅ နှစ်တာ ကာလကို လွန်မြောက်ပြီးနောက် စီးပွားရေးနှင့် လူမှုရေး ကသောင်းကနင်း ဒဏ်ကို ခါးစည်းခံခဲ့ရမှုမှ လွတ်ကာ မော်စီတုံး ကွယ်လွန်ပြီးနောက် တရုတ် ထိပ်တန်း ခေါင်းဆောင်များက အုပ်ချုပ်ရေးပိုင်းကို ပို၍ လက်တွေ့ဆန်ဆန်နှင့် တည်ငြိမ်အောင် ထိန်းလိုက်ပြီး စီးပွားရေးဘက် ဇောက်ချခဲ့သည်။

ယင်း လှုပ်ရှားမှုကို သြဇာတိက္ကမ ကြီးမားသည့် ကွန်မြူနစ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က ဦးဆောင်သည်။ တိန့်ရှောင်ဖိန်က ပညာရှင် မူဝါဒများ နောက်ကွယ်တွင် စေ့ဆော်ပေးနေသည့် စိတ်ဓာတ်ကို ပုံသွင်းသည်။ တိန့်ရှောင်ဖိန်၏ အမှန်တကယ် စွမ်းပကားမှာ ပုံလောင်း ပုံသွင်းခြင်းပင် ဖြစ်သည်။ အကွဲကွဲ အပြားပြား ဖြစ်နေသောနိုင်ငံရေး ဂိုဏ်းဂဏများကို ပြန်စုစည်းသည်။ မကျက်တကျက် ဖြစ်နေသော ဗဟိုကော်မတီ အစီအမံများနှင့် ဝါရင့်ကွန်မြူနစ်များကို ပြည်နယ်များတွင် ရည်ရွယ်ချက်ရှိရှိဖြင့် မွေးမြူသည်။ မျိုးဆက်သစ် ခေါင်းဆောင်များ များများ ပေါ်ပေါက်အောင် ဖန်တီးသည်။

ပါတီဝင်များကို “တိန့်” က နိုင်ငံရေး အယူအဆ မဟုတ်လျှင် လွတ်လပ်စွာ တွေးခေါ်ပြီး မူဝါဒလမ်းစဉ်များကို သုံးသပ်နိုင် ကြောင်း ပြောကြားခြင်းဖြင့် ကိုယ်စီကိုယ်စီ လမ်းဖွင့်ပေးသည်။ ယင်းသို့ ဦးဆောင်မှုများ ပေးခြင်းဖြင့် အတွေးအခေါ်များ ထက်သန်လာသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု စွမ်းဆောင်ရည်များ မြင့်တက်လာသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ဖွင့်ချလိုက်ပြီး စိုက်ပျိုး ထွက်ကုန်များ ချဲ့ထွင်သည်။ ဤနည်းအားဖြင့် စီးပွားရေး ဘက်တွင် တရုတ်သည် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်လာသည်။

မော်စီတုန်းပြီးလျှင် ရှီကျင့်ဖျင်သည် အာဏာကို အချုပ်ကိုင်နိုင်ဆုံး တရုတ်ကွန်မြူနစ်ခေါင်းဆောင် ဖြစ်သည်
Reuters

ကျူရုံကျိ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူသည့် ၁၉၉၈ ခုနှစ်မှ ၂၀၀၃ ခုနှစ် ကြားကာလတွင် နောက်ထပ် ပြုပြင်ပြောင်းလဲ ထပ်လုပ်ရန် အချိန်တန်ပြီ ဆိုသည်ကို သတိပြုမိသည်။ ကျူရုံကျိ သည် တရုတ်ကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ ဆွဲသွင်းနိုင်ရုံသာ မက ပြည်သူပိုင် ခေါင်းစဉ်အောက်တွင် အထိနာနေသည့် တိုင်းပြည်အတွက် အရေးကြီး လုပ်ငန်း အချို့ ချိနဲ့နေသည်ကို ပြန်လည် သုံးသပ်သည်။ တရုတ်နိုင်ငံရေးတွင် ထိပ်တန်းနံပတ် “တစ်” ခေါင်းဆောင် မဟုတ်စေကာမူ သူသည် ထိုသို့သော ယိုယွင်းမှုကို တတ်နိုင်သမျှ ကုစားကြည့်သည်။ သူ့ရာထူး ဝန်ကြီးချုပ်သည် သမ္မတ ကျန်ဇီမင်း၏ နောက်တွင်သာ ရှိသည်။ ကျန်ဇီမင်းနှင့် ကျူရုံကျိ တို့ အတွဲသည် အသီးအပွင့်များ ဖွံ့ထွားအောင် ရေလောင်း ပေါင်းသင်ကြသည်။ “ကျူ”က အငြင်းပွားစရာ ပြောင်းလဲမှုများ အတွက် ရှင်းထုတ်စရာ ရှိသည်ကို ရှင်းထုတ်ပစ်၊ သုတ်သင်စရာ ရှိသည်ကို သုတ်သင်နေသည့် အချိန်တွင် “ကျန်”က နိုင်ငံရေး အထောက်အပံ့ကို ထိန်းပြီး မတူကွဲပြားသော အကျိုးစီးပွားကို စီမံခန့်ခွဲ ကြည့်သည်။

အမှန်တကယ်တွင်လည်း “တိန့်” နှင့် “ကျူ” တို့သည် အစွမ်းအစ ရှိသူများပီပီ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချခဲ့ကြသည်။ သူတို့ နှစ်ဦး ဝေဖန်ထောက်ပြစရာများ ရှိလင့်ကစား ကြီးမားသော အထောက်အပံ့ ကွန်ရက်အတွင်း လှုပ်ရှားလည်ပတ်ကာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့ကြသူများ ဖြစ်သည်။ နောက်လိုက်များ မျက်ဖြူဆိုက်နိုင်စရာ မူဝါဒအချို့ ရှိခဲ့သော်လည်း လှုပ်ခတ် နေသည့် ပြုပြင်ပြောင်းလဲရေး များကို အောင်ပွဲခံ မောင်းနှင် နိုင်ခဲ့ကြသည်။ အပြန်အလှန် အားဖြင့် နောက်လိုက်များကလည်း အစိုးရ၏ အလောတကြီးလို အပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်သည့် လမ်းသစ် ရှာဖွေရန် စွမ်းပကားများ ရရှိလာသောကြောင့် “တိန့်” နှင့် “ကျူ” တို့အတွက် အောက်ခြေမှ ပေးပို့သည့် ပြောင်းလဲခြင်း စိတ်ဓာတ်နှင့် စွမ်းအင်များ ပြန်လည် ခံစားကြရသည်။

ရှီကျင့်ဖျင် လက်ထက် ပြီးခဲ့သည့် ၅ နှစ်က အာဏာကို အလွန်အမင်း စုစည်းထားခြင်း၏ အန္တရာယ်ကို သိမြင်လာခဲ့သည်။ သူ့လက် သူ့ခြေဖြင့် ပို၍ပို၍ ထိန်းချုပ်ရန် စုစည်းနေမည့် အစား “ရှီ” ကလည်း တိုင်းပြည်အတွက် အကျိုးမရှိသည့် အစိုးရပိုင် လုပ်ငန်း များကို ချုံ့တန် ချုံ့၍ အချို့လုပ်ငန်းများကို ပုဂ္ဂလိက လက်သို့ ပေးလိုက်သည်။ ဘဏ္ဍာရေး ရင်းမြစ်တွင် အခြေခံသည့် ဈေးကွက်ကို ဖန်တီးရန် တွန်းအားပေးသည်။ ကျန်းမာရေး ထုတ်ကုန်များကို ဖူလုံစွာ ထုတ်လုပ်နိုင်ရန် လမ်းကြောင်းချသည်။ “ရှီ” ၏ ပါဝါကို မည်သူမျှ မထိန်းညှိစေဘဲ လွှတ်ထားပြီး ဝန်ကြီးချုပ် လီကီချန်က ဗဟိုဘဏ် ဥက္ကဋ္ဌ ဇူရှီချန်းက လိုသလို စီမံခန့်ခွဲခွင့် ပေးသည်။ ပြောင်းလဲမှု မြန်ဆန်စေသည်။

တိန့်ရှောင်ဖိန်ကြောင့် တရုတ်ပြည် ယနေ့အနေအထား ရောက်ခဲ့ကြရသည်
Reuters

“တိန့်” လုပ်ပြခဲ့သလို မှတ်ကျောက်တင် ခံနိုင်သည့် သဘောတရားရေးရာ ညီညွတ်မျှတခြင်းထက် သာလွန်၍ “ရှီ” နှင့်သူ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဘက်တော်သားများက တိုင်းပြည်အပေါ် လုံးဝဥဿုံ သစ္စာရှိနေသည့် အသွင် ပုံဖော်ပြနိုင်ခဲ့သည်။ ဤအချက်သည် စီးပွားရေး ပြောင်းလဲမှု အတွက် လိုအပ်ချက်များကို ဆုတ်သာတက်သာ ရှိစေခြင်းဖြင့် အစိုးရနှင့် တရုတ် မူဝါဒဆန့်ကျင်သူများ အကြား အကြိတ်အနယ် ဆွေးနွေးကြလျှင် ပြောစရာ ထောက်ကွက် မရှိအောင် ဖြစ်နေခဲ့သည်။

တရုတ်ရေးရာ ကျွမ်းကျင်သူများကြား မေးနေကြသော မေးခွန်းမှာ “ရှီ” အနေဖြင့် သူ့အစွမ်းအစကို ထုတ်ပြပြီး သူ့ခေတ်ကို ထူထောင်နိုင်ပြီဖြစ်သည်မှာ သေချာခဲ့သော်လည်း သူသည် ရှေ့မှ ပါတီခေါင်းဆောင်များကဲ့သို့ နောက်လူများအတွက် လမ်းခင်းပေးနိုင်ခဲ့မည်လောဟူ၍ပင်။

အကယ်၍ ထိုမျှော်လင့်ချက် အမှန်တကယ် ဖြစ်လာလျှင် တရုတ်ပြည်အတွက် အတိုင်းထက်အလွန်ပင် ဖြစ်ချေမည်။ သို့သော် အာဏာကို ချုပ်ကိုင်ထားသူ၏ သဘောဆန္ဒက လိုလားမှု ရှိမှသာ အပြောင်းအလဲ ဖြစ်စေနိုင်ပေသည်။ ယခု “ရှီ” ၏ အနေအထားသည် အာဏာရှင်လား၊ သို့မဟုတ် ပြုပြုပြောင်းလဲသူလား ဆိုသည်မှာ မရေရာသေးသည့် အနေအထား ဖြစ်နေဆဲပင်။

ကိုးကား ။ ။ Business Day

The post ရှီကျင့်ဖျင်က အာဏာရှင်လား ပြုပြင်ပြောင်းလဲရေးသမားလား appeared first on ဧရာဝတီ.

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် –အပိုင်း ၄

$
0
0

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် မဟာဗျူဟာကို နိုင်ငံခြား လေ့လာစောင့် ကြည့်သူများ ပြောဆိုကြသည့်အတိုင်း တရုတ်နိုင်ငံ၏ လက်ထဲသို့ ကျရောက်မသွားစေခဲ့ပါ။ သို့သော်လည်း အနောက်နိုင် ငံများ၏ မူဝါဒများကြောင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် သူတို့ စီစဉ်ထားသည့် အတိုင်း ပိုမိုလွယ်ကွယ်စွာ အကောင် အထည်ဖော်နိုင်စေခဲ့ခြင်းကတော့ သေချာပါသည်။ ထိုသို့ ဖြစ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံကို အထီးကျန် ဖြစ်စေပြီး တရုတ်နိုင်ငံလက်သို့ လွှဲပြောင်းပေးသလို ဖြစ်ခဲ့ရသော မူဝါဒကို အနောက်တိုင်းမှ အချို့သောသူများက ဝေဖန်ခဲ့ကြသည်။

အဆိုပါစိုးရိမ်မှုကို အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)တွင် လေ့လာဆန်းစစ်သူအဖြစ် လုပ်ကိုင်ခဲ့ဖူးသော အမေရိကန် လုံခြုံရေး ကျွမ်းကျင်သူတဦး ဖြစ်သည့် Marvin Ott ရေးသားသော ၁၉၉၇ ခုနှစ် ဇွန်လတွင် ထုတ်ဝေခဲ့သည့် Los Angeles Times သတင်းစာမှ ဆောင်းပါးတပုဒ်တွင် ဖော်ပြခဲ့သည်။ “အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောဆို ဝေဖန်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် လုပ်ဆောင်ရမယ့် လုံခြုံရေးနဲ့ အခြားသော အမျိုးသား အကျိုးစီးပွားတွေ ရှိနေပါတယ်။ အခု အချိန်က တခြားသော နည်းလမ်းတွေကို အလေးအနက် စဉ်းစားရမယ့် အချိန် ဖြစ်ပါတယ်” ဟု Marvin Ott က သုံးသပ် ခဲ့သည်။

သို့သော်လည်း အပြောင်းအလဲတွင် ဂရုစိုက် စဉ်းစားစရာ အချို့ရှိပါသည်။ ၂၀၀၀ မှ ၂၀၀၈ ခုနှစ်အတွင်းတွင် ဂျော့ရှ်ဘုရှ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒက ကလင်တန်အစိုးရလက်ထက်က ကွန်ဂရက်လွှတ်တော်မှ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဆက်လက်ထိန်းသိမ်းခြင်းအပြင် မြန်မာနိုင်ငံမှ ဒီမိုကရေစီ အင်အားစုများကို ထောက်ပံ့ရန် အားထုတ်သည့် အနေဖြင့် အသစ်ထပ်မံဖြည့်သွင်းမှုများလည်း ရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ထင်ရှားသည့် ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်လာခြင်းနှင့် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုံး မုန်တိုင်းအပေါ် စစ်အစိုးရ၏ ဆိုးရွားသော တုန့်ပြန်မှု များကြောင့် ဂျော့ရှ်ဘုရှ်အစိုးရက မြန်မာနိုင်ငံတွင်းတွင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီ နှင့် အခြားသော အစီအစဉ်များကို တိုးချဲ့ခြင်းအားဖြင့် မြေပြင်မှ အရပ်ဘက် အဖွဲ့အစည်းများကို ကူညီရန် နေရာပိုရလာသည့် အားသာချက်ကို ရယူရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ခြုံကြည့်လျှင်မှု စစ်အစိုးရ၏ ခေါင်းဆောင်မှုကို ဆန့်ကျင်သည့် အနေအထား တခုကို ခိုင်ခိုင်မာမာ ထိန်းထားခဲ့သည်။

၂၀၀၀ ခုနှစ်များ အစောပိုင်းတွင် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့က ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတခုကို ထူထောင် ပေါ်ထွက်လာခြင်းကလည်း အမေရိကန် အစိုးရ အပေါ် တွန်းအားတခု ဖြစ်ခဲ့သည်။ မြောက်ကိုရီးယားက မြန်မာနိုင်ငံကို ဥမင်လိုင်ခေါင်း ကျွမ်းကျင်သူပညာရှင်များ၊ လက်နက်ကြီးများ၊ ရေဒါများ၊ လေကြောင်းကာကွယ်ရေး စနစ်များနှင့် (အနောက်တိုင်းနှင့် အာရှမှ ထောက်လှမ်းရေး အေဂျင်စီများက သံသယ ရှိကြသလို) ဒုံးပျံ နည်းပညာကိုပင်လျှင် ထောက်ပံ့ခဲ့သည်ဟု သိရသည်။ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၊ အရှေ့အာရှ ကော်မတီခွဲ၏ ဥက္ကဌ အမတ် ဂျင်ဝက်ဘ်ကဲ့သို့သော နိုုင်ငံခြားရေး မူဝါဒဆိုင်ရာ ထိပ်တန်းလူ အချို့က လမ်းကြောင်း ပြောင်းလဲရန်နှင့် မည်သို့သော နောက်ဆက်တွဲများ ရှိသည် ဖြစ်စေ အာဏာကို ခိုင်ခိုင်မာမာ တွယ်ကပ်ထားမည် အသွင်ရှိသော မြန်မာနိုင်ငံ၏ ခေါင်းဆောင်ပိုင်းနှင့် ထိတွေ့ဆက်ဆံမှုများ စတင်ရန် အချိန်ကောင်း ဖြစ်သည်ဟု စတင်ပြောဆို လာခဲ့ကြသည်။ အိုဘားမား အစိုးရသည် ဂျော့ရှ်ဘုရှ်ခေတ်က နိုင်ငံခြားရေး မူဝါဒကို ပြန်လည် ပြင်ဆင်ရန် ကတိဖြင့် အာဏာရရှိလာခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်လည်း အပြောင်းအလဲတခု ဖြစ်လာရန် လမ်းစ ပွင့်လာခြင်း အဖြစ် အများစုက မြင်ခဲ့ကြသည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော စစ်အစိုးရကို တရားဝင် အဆုံးသတ် စေခဲ့ပြီး ဗြောင်ကျသော၊ မရိုးသားသော လှည့်စားမှုများဖြင့် ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အာဏာရရှိလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ အနောက်နိုင်ငံများ အနေဖြင့် မြန်မာ ခေါင်းဆောင်များနှင့် ကြားတွင် ခြားထားသော အကာအရံများကို ပယ်ဖျက်ရေးအတွက် လိုအပ်သော အခွင့်အရေးတရပ် ဖြစ်သည်ဟု မြင်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် အာဏာရှင် အစိုးရတခု မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် လည်ပတ်သည်ဟု ထင်မြင်ရသော နိုင်ငံအသစ်တခု ချက်ချင်း ဖြစ်လာ ခဲ့သည်။ အမေရိကန်တွင်လည်း အစိုးရသစ်တခု ရှိနေခြင်းနှင့် အတူ မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်ဟောင်းများအတွက် အ နောက်နိုင်ငံများကို ဆွဲဆောင်ရန် အချိန်ကောင်းတခု ဖြစ်ခဲ့သည်။ အမေရိကန်နှင့် အနောက်နိုင်ငံများအတွက်လည်း တင်းမာမှုများ ဖြေလျှော့သည့် လုပ်ငန်းစဉ်ကို စတင်ရန် အချိန်ကောင်းတခု ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ သက်တောင့်သက်သာ မရှိသည့် ထွေးပွေ့မှုနှင့် မြောက်ကိုရီးယားနှင့် နီးကပ်သော ဆက်ဆံရေးတို့မှ ဆွဲထုတ်ခြင်းက ခေတ်သစ်အတွက် အရေးပါသော အချက်ဖြစ်သည်ဟု မြန်မာခေါင်းဆောင်များကရော အမေရိကန် ခေါင်းဆောင်များကပါ မြင်ခဲ့ကြသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခဲ့သည်။ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပထမဆုံး ဖြစ်သည့် အမေရိကန် အစိုးရထိပ်တန်း တာဝန်ရှိသူ တဦး၏ ခရီးစဉ်လည်း ဖြစ်ပါသည်။ ဟီလာရီကလင်တန် ရောက်လာပြီးနောက်ပိုင်းတွင် အမေရိကန် သမ္မတ အိုဘားမားလည်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ ရောက်လာခဲ့သည်။ နောက် ၂ နှစ်ကြာပြီး မြန်မာနိုင်ငံက အာဆီယံအဖွဲ့၏ ဥက္ကဌနေရာကို ရယူခဲ့သည့် အချိန်တွင်လည်း အိုဘားမား ထပ်မံလာရောက်ခဲ့သည်။ ၂၀၁၃ ခုနှစ် မေလတွင် ဦးသန်းစိန်က ၁၉၆၆ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း၏ ခရီးစဉ်နောက်ပိုင်းတွင် ပထမဆုံးသော မြန်မာနိုင်ငံ၏ အကြီးအကဲအဖြစ် အမေရိကန် နိုင်ငံသို့ သွားရောက်ခဲ့သည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် နိုင်ငံသို့ ရောက်ရှိခဲ့သည့် အချိန်တွင် အမေရိကန်-မြန်မာ ဆက်ဆံရေးက လုံးဝနီးပါး ပုံမှန် ပြန်ဖြစ်နေပြီ ဖြစ်သည်။ ထိုခရီးစဉ်တွင် သမ္မတ အိုဘားမားက ကျန်ရှိနေသေးသော အရေးယူ ပိတ်ဆို့မှု အားလုံးကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ စိတ်လှုပ်ရှားစရာ မူဝါဒ အပြောင်းအလဲကို နားလည်နိုင်ရန် ၂၀၀၀ ခုနှစ်များ အစောပိုင်းက မြန်မာ့တပ်မတော်၏ အတွင်းစည်းများအတွင်းတွင် ဆွေးနွေးခဲ့သည်များကို နက်နက်ရှိုင်းရှိုင်းကြည့်မည်ဆိုပါက ပိုမို အထောက်အကူ ရမည် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချ၍ အထီးကျန်ထားခဲ့သည့် ထိုအချိန်တွင် စစ်အစိုးရက “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” အတွက် အဆင့် ၇ ဆင့်ပါ လမ်းပြ မြေပုံတခုကို ၂၀၀၃ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီအစဉ်တွင် အခြေခံဥပဒေရေးဆွဲရေး၊ ရွေးကောက်ပွဲများ၊ ခေတ်မီ ဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံကို ဦးဆောင်မည် နိုင်ငံခေါင်းဆောင်များကို ရွေးချယ်မည့် လွှတ်တော် ခေါ်ယူရေးတို့ ပါဝင်သည်။

လမ်းပြ မြေပုံကို အများသိစေရန် ထုတ်ဖော် ကြေညာခဲ့သော်လည်း တချိန်တည်းမှာပင် နိုင်ငံတကာအသိုင်းအဝိုင်း (အထူးသဖြင့် အမေရိကန်) ကိုရော ပြည်တွင်းမှ အတိုက်အခံများကိုပါ ကိုင်တွယ်မည့် နည်းလမ်းများကို ဖော်ပြထားသည့် လျှို့ဝှက် မဟာဗျူဟာ (master plan) တခုကိုလည်း ရေးဆွဲခဲ့သည်။ အဆိုပါ မဟာဗျူဟာကို ရေးဆွဲခဲ့သူများကို မသိရသော်လည်း မြန်မာနိုင်ငံ၏ စစ်တက္ကသိုလ်မှ သုတေသီတဦးဟု ဖော်ပြထားသော ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်လှ ရေးသားသည့် ဌာနတွင်း စစ်ရေးစာတမ်းတစောင်က ၂၀၀၄ ခုနှစ် သြဂုတ်လခန့်တွင် ရေးသားပြီးစီး၍ ဖြန့်ဝေခဲ့သည်။ “တရုတ်လူ” ဟု သိကြသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ရာထူးမှ ဖယ်ရှားခြင်း မခံရမီ ၂ လ ခန့်က ဖြစ်ပါသည်။

စာရေးသူ ရရှိခဲ့သော မြန်မာဘာသာဖြင့် ရေးသားထားသော စာတမ်းက မဟာဗျူဟာ နောက်ကွယ်မှ အယူအဆနှင့် ဗျူ ဟာများကို ဖော်ပြထားသည်။ သို့သော်လည်း ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်လှ ဆိုသူမှာ လူပုဂ္ဂိုလ်တယောက်လား သို့မဟုတ် စစ်ဘက်မှ ပညာရှင် အဖွဲ့အစည်းတခု၏ အမည်ဝှက်လားဆိုသည်မှာ မသဲကွဲပါ။ တွေ့ရှိရသော သဲလွန်စများအရမူ ဒုတိယ တခု (ပညာရှင်အဖွဲ့) ဖြစ်ကြောင်း ညွှန်ပြနေသည်။

စာမျက်နှာ ၃၄၆ ခုပါ ဖိုင်တွဲမှ “မြန်မာ-အမေရိကန် ဆက်ဆံရေးကို လေ့လာခြင်း” ဟု ခေါင်းစဉ်တပ်ထားသော အဓိက စာတမ်းတွင် လတ်တလော၌ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို နိုင်ငံရေး မဟာမိတ်တခုနှင့် စီးပွားဖက် အဖြစ် မှီခိုနေရခြင်းက နိုင်ငံ၏ လွတ်လပ်ရေးကို ခြိမ်းခြောက်သည့် အမျိုးသားအဆင့် အရေးပေါ် အခြေအနေ တခုကို ဖန်တီးခဲ့ကြောင်း ဖော်ပြ ထားသည်။ စာတမ်းအရ မြန်မာနိုင်ငံအနေဖြင့် လမ်းပြမြေပုံကို အကောင်အထည်ဖော်ခြင်းနှင့် အစိုးတခု ရွေးချယ်ခြင်းများ နောက်ပိုင်းတွင် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပုံမှန် ဖြစ်အောင် ပြုလုပ်ရမည် ဖြစ်ပြီး စစ်အစိုးရအနေခြင့် ပြင်ပ ကမ္ဘာက ပိုမိုလက်ခံနိုင်မည့် အခြေအနေများနှင့် အလုပ်လုပ်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အနောက်နိုင်ငံများတွင် လူ့အခွင့်အရေးက စိုးရိမ်စရာဖြစ်သော်လည်း အမေရိကန်က ဗျူဟာမြောက် အကျိုးစီးပွားများ အတွက် ၎င်း၏ မူဝါဒကို ပြင်ဆင်ရန် ဆန္ဒရှိနေလိမ့်မည်ဟု ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်လှက ဆိုသည်။ အဆိုပါ အကျိုးစီးပွားများကို စာတမ်းပြုစုသူက အတိအကျ ဖော်ပြခြင်း မရှိသော်လည်း အဆိုပါ စာတမ်းရေးသားသူ၏ အယူအဆက အမေရိကန်နှင့် တရုတ်တို့ကြား နေရာကို စဉ်းစားခြင်း ဖြစ်ကြောင်း ထင်ရှားပါသည်။ စာတမ်းရှင်က ဒီမိုကရေစီနှင့် ဗျုဟာမြောက် အကျိုးစီးပွားတို့နှင့် ပတ်သက်လျှင် အမေရိကန် နိုင်ငံခြားရေး မူဝါဒ၏ ပြောင်းလွယ်ပြင်လွယ် ဖြစ်မှုကို ဗီယက်နမ်နှင့် ယခင် အာဏာရှင်ဟောင်း ဆူဟာတို လက်ထက်က အင်ဒိုနီးရှား နိုင်ငံတို့ကို ဥပမာ ထား၍ ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းက အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို တိုးတက်စေခဲ့သည်
Reuters

အကယ်၍ အမေရိကန်နိုင်ငံနှင့်၂ နိုင်ငံဆက်ဆံရေး တိုးတက်လာခဲ့လျှင် မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေသော ရံပုံငွေများကို ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ နှင့် အခြားသော ကမ္ဘာ့အဆင့် ဘဏ္ဍာရေး အဖွဲ့ အစည်းများထံမှ ရရှိနိုင်လိမ့်မည်ဟု မဟာဗျူဟာက အကြံပြုထားသည်။ ထိုအခါတွင် မြန်မာနိုင်ငံအနေဖြင့် ကူညီစောင်မမှုနှင့် ကုန်သွယ်ရေးတို့ အတွက် တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံများ အပေါ် မှီခိုနေရသည့် ဒေသတွင်းဝါဒမှနေ၍ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်သစ်သို့ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုရမှုကို လျှော့ချနိုင်၍ အနောက်နိုင်ငံများ၏ ယုံကြည်ရသော မိတ်ဖက်တဦး ဖြစ်မလာမီ ဖြေရှင်းရမည့် ပြဿနာများ ရှိကြောင်းကိုလည်း မဟာဗျူဟာက ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ စာတမ်း ရေးသားသည့် အချိန်မှ အဓိက ပြဿနာမှာ ဒီမိုကရေစီ ပုံရိပ် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသည့် ဆုံမှတ်တခု ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်လှက “သူ(ဒေါ်အောင်ဆန်းစုကြည်) ထိန်းသိမ်းခံထားရတိုင်း ဖိအားများ တိုးလာသည်။ သို့သော်လည်း သူ့ကို ထိန်းသိမ်းထားခြင်း မရှိလျှင် ဖိအားနည်းသွားသည်” ဟု ရေးသားခဲ့သည်။

စာတမ်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းက အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို တိုးတက်စေလိမ့် မည်ဟု စောင်းပါးရိပ်ခြည် ဖော်ပြထားသော်လည်း ရှင်းလင်းစွာ ဖော်ပြထားသည့် ဗျူဟာ၏ အဆုံးစွန်သော ရည်ရွယ်ချက် မှာ အတိုက်အခံများကို ချေမှုန်းရေး ဖြစ်သည်။

အစိုးရ အနေဖြင့် မီဒီယာများနှင့် ပြည်ပရောက် မြန်မာများက ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်သော်လည်း အကယ်၍ အမေရိကန် နိုင်ငံရေးသမားများ နှင့် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ် များကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်အောင် ဖိတ်ခေါ်နိုင်ခဲ့လျှင် နိုင်ငံတကာ၏ အမြင်ကို အစိုးရဖြစ်စေ လိုသည့် အတိုင်း ဖြစ်လာရေးအတွက် ဆွဲဆောင်ရာတွင် သူတို့က ကူညီပေးနိုင်မည် ဖြစ်ကြောင်း စာတမ်းက သုံးသပ်ထားသည်။ လက်တလော မူဝါဒ အပြောင်းအလဲများ မပေါ်ပေါက်မီ နှစ်ပေါင်းများစွာ အတွင်းတွင် ကွန်ဂရက် လွှတ်တော် အမတ်များ အပါအဝင် အမေရိကန် အမြောက်အများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြသည်။ စစ်အစိုးရအပေါ် သူတို့၏ ဝေဖန်မှုများလည်း ယခင်က ထက်ပိုမို နည်းပါးသွားသည်ကိုပင် တွေ့ခဲ့ရသည်။

နောက်ဆုံးတွင် မြန်မာ စစ်ခေါင်းဆောင်များက အမေရိကန် နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မလုပ်ဘဲ ထိတွေ့ဆက်ဆံမှု ပြုလုပ်ရန် အောင်မြင်စွာ စီမံနိုင်ခဲ့သည့် အသွင် ရှိပါသည်။ အကျိုးဆက် အနေဖြင့် အမေရိကန် နိုင်ငံနှင့် ဆက်ဆံရေးက အလျှင်အမြန် တိုးတက်လာခဲ့သည်။ ၂၀၀၄ ခုနှစ်က ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်လှ အကြံပြုခဲ့သော လမ်းကြောင်းများ အတိုင်းပင် ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဟီလာရီ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အချိန်က မြောက်ကိုရီးယားနှင့် တရုတ် ၂ နိုင်ငံလုံးက ထိပ်တန်း ဦးစားပေးများ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် မဟာဗျူဟာနှင့် စီးပွားရေးဆိုင်ရာ ကိစ္စများက ၂ နိုင်ငံ၏ အစီအစဉ်တွင် မြင့်တက်လာခဲ့သည်နှင့်အမျှ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီက အလေးအနက်ပြုမှု တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့သည်။

ယနေ့ အချိန်တွင် ရန်သူတော်ဟောင်းများ ဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် အမေရိကန်တို့က အရှေ့တောင်အာရှ၏ အာဏာ နှင့် သြဇာလွှမ်းမိုးမှု တိုက်ပွဲတွင် ခြံစည်းရိုး တဖက်တည်းတွင် ပို၍ ရောက်လာခဲ့ကြသည်။ တရုတ်-မြန်မာ ဆက်ဆံရေး၏ အနာဂတ်တွင် ကွဲပြားမှုများ (ရန်လိုမှုများပင် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်) ကို မျှော်လင့်နိုင်ပါသည်။ သို့သော်လည်း ကြိုတင်၍ မမြင်နိုင်သည့် ကိစ္စအချို့မှ လွဲ၍ အမေရိကန်နှင့် အနောက်နိုင်ငံ အများအပြားက မြန်မာနိုင်ငံကို အထီးကျန်ထားရမည့် အပယ်ခံနိုင်ငံ တခုအနေဖြင့် ဆက်လက်၍ မြင်ကြတော့မည် မဟုတ်ပါ။

အပိုင်း ၅ ကို ဆက်လက် စောင့်မျှော် ဖတ်ရှုပါ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ဘာတေးလင့်တနာ၏ China and Burma: Not Only Pauk-Phaw ကို ဘာသာပြန်ဆိုသည်။ မူရင်းဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စုရှိ မူဝါဒရေးရာ အဖွဲ့အစည်းဖြစ်သော The Project 2049 Institute တွင် ဖော်ပြခဲ့သည်။)

ဆက်စပ်ဖတ်ရှုရန်

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၁

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၂ 

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၃

The post တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၄ appeared first on ဧရာဝတီ.

Viewing all 3346 articles
Browse latest View live