Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all 3346 articles
Browse latest View live

ကျောင်းတွေကို ဘေးကင်းလုံခြုံစွာ ပြန်ဖွင့်နိုင်ပြီလား

$
0
0

ကိုဗစ် ၁၉ ကပ်ဘေးဒဏ်ကို အထိနာခဲ့တဲ့ အမေရိကန်မှာ ကျောင်းတွေ ပြန်လည်ဖွင့်ဖို့ ကြံဆောင်လာကြတဲ့အတွက် မိဘတွေဘက်က ဘေးကျပ်နံကျပ် မေးခွန်း ၂ ခုက လွန်းထိုးရက်ယှယ်လာကြပါတယ်။ ကလေးတွေ ကျောင်းကို ဘယ်လို မြန်မြန်ပြန်သွားနိုင်ကြမလဲ ဆိုတာရယ်၊ တကယ်ရော စိတ်ချလုံခြုံတဲ့ အနေအထားရောက်ပြီလား ဆိုတာရယ်ပါ။

အမေရိကန် ကလေးအထူးကု အကယ်ဒမီ American Academy of Pediatrics ကတော့ ဒီကိစ္စအတွက် ဒေသဆိုင်ရာ ကျန်းမာရေး ဌာနတွေနဲ့ သက်ဆိုင်ရာကျောင်းတွေ ပူးပေါင်းချိတ်ဆက်ပြီး စဉ်းစားလုပ်ဆောင်ရမယ့် အချက်တွေ အများကြီး ရှိတယ်လို့ဆိုပါတယ်။

အသစ်ထွက်လာတဲ့ လမ်းညွှန်ချက်တွေအရ ကလေးတွေကို ကျောင်းခန်းထဲမှာ၊ ကစားကွင်းမှာ လိုအပ်တဲ့ လူမှုအကွာအဝေးနဲ့ နေထိုင်ကြဖို့ ဘယ်လို လုပ်ကြမလဲ ဆိုတာ နဲ့ တကယ်လို့ ရောဂါဖြစ်ပွားမှုတွေ ပြန်ပေါ်လာရင် ဘယ်အနေအထားမှာ ကျောင်းတွေ ပြန်ပိတ်ကြမလဲ ဆိုတာတွေကို မီးမောင်းထိုးပြကြပါတယ်။

“ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ကျောင်းမဖွင့်မီမှာ ကျောင်းသား တွေနဲ့ ကျောင်းက ဝန်ထမ်း ဆရာ၊ ဆရာမ တွေရဲ့ကျန်းမာရေးကို ဦးစားပေး စဉ်းစားရမယ်” လို့ အမေရိကန် ကလေးအထူးကုအကယ်ဒမီ က ကျောင်းကျန်းမာရေး ကောင်စီဝင်လည်းဖြစ်၊ ဝါရှင်တန် ဒီစီ က အမျိုးသား ကလေးဆေးရုံ Children’s National Hospital က ကလေးအထူးကုဆရာဝန်လည်းဖြစ်တဲ့ Dr Nathaniel Beers က ပြောပါတယ်။

သူကပဲ “ ကလေးတွေ ကျောင်းပြန်မဖွင့်နိုင်တာက မိဘတွေအတွက်လည်း လုပ်ခွင် ချောချောမွေ့မွေ့ ပြန်ဝင်ဖို့ရာ ခက်ခဲစေသလို ကလေးတွေလည်း ပညာရေးထိခိုက်ပါတယ်၊ ကျောင်းဆိုတာကလည်း ကလေးတွေအတွက် စာသင်ပေးတာ တခုတည်း လုပ်တဲ့ နေရာ မဟုတ်ဘူး” လို့ပြောပါတယ်။ “ ကျောင်းတွေက ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်၊ တချို့ကျောင်းတွေမှာဆို ကလေးတွေကို အခမဲ့ နေ့လယ်စာနဲ့ အာဟာရတွေ ပံ့ပိုးတာတွေလည်း ရှိကြပါတယ်၊ အထူးဝန်ဆောင်မှု လိုအပ်တဲ့ ကလေးတွေအတွက် စကားပြောကုထုံးနဲ့ သင်ကြားပေးတာတွေ၊ အလုပ်ကုထုံးနဲ့ သင်ကြားစေတာတွေလည်း ရှိပါတယ်၊ ကျောင်းတွေက အမှန်တကယ်ဘဲ ကလေးတွေအတွက် ကျန်းမာရေး အမူအကျင့်ပံ့ပိုးရာ၊ လူမှုအခြေခံ ပံ့ပိုးရာတွေ ဖြစ်ပါတယ် “ လို့လည်း ဆိုပါတယ်။

ကျောင်းပြန်ဖွင့်ဖို့၊ ကျောင်းပိတ်ဖို့တွေက ပြဿနာပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့ အခင်းအကျင်း တခုလို့ ကျောင်းဆရာသမဂ္ဂတခုဖြစ်တဲ့ အမျိုးသား ပညာရေးအဖွဲ့ အကြီးအကဲ Lily Eskelsen Garcia ကလည်း ထောက်ပြပါတယ်။ သူက “ ကျောင်းဆရာတွေ က wifi လို အင်တာနက် အရည်အသွေးကောင်းမွန်ရာမှာ နေရတဲ့သူတွေချည်း မဟုတ်ကြသလို ကျောင်းသားတွေအတွက်လည်း ဆက်သွယ်ရေးနဲ့ နည်းပညာ အခက်အခဲတွေ ၊ လိုအပ်ချက်တွေ အများကြီးရှိတာပါ။ သင်ကြားပို့ချမှုတွေကို ရရှိကြရာမှာ တန်းတူညီမျှဖို့နဲ့ ရေရှည်တည်တံ့ဖို့ အဆင်မပြေနိုင်သေးပါဘူး။ ကျောင်းတွေက ဘယ်လောက်တီထွင်ဖန်တီးနိုင်ကြမလဲ ဆိုတာလည်း မေးခွန်းထုတ်စရာတွေပါ” လို့ ဆိုပါတယ်။ သူကပဲ ကလေးတွေနဲ့ တခြား သက်ရှိဝန်းကျင်အတွက် စိတ်ချလုံခြုံမှု မရသေးတဲ့ အခြေအနေမှာ ဆရာတွေက ကျောင်းတွေဖွင့်ဖို့ အဆင်မပြေဘူးလို့ဆိုပါတယ်။

ကလေးတွေအနေနဲ့ ဘယ်လို အနေအထားက လုံခြုံစိတ်ချရပြီလဲ ဆိုတာတော့ ပြောရခက်ခဲပါတယ်။ ကိုဗစ် ၁၉ ကူးစက်ရောဂါရယ်၊ ရောဂါပိုး ကူးစက်ပြန့်ပွားမှုရယ်နဲ့ ကလေးတွေရဲ့ ကဏ္ဍ ဆက်စပ်မှုကို ရှင်းလင်းဖို့ရာ အချက်အလက်တွေမှာ လစ်ဟာမှုတွေ အများကြီးရှိနေသေးတာပါ။ လက်ရှိ လေ့လာချက်တွေအရတော့ ကလေးတွေက ဖြစ်ပွားမှု နည်းတယ်၊ ဖြစ်လာရင်လည်း လက္ခဏာက အသင့်အတင့်သာ ဖြစ်ကြတာ များတယ်လို့ New York Times ရဲ့ အစီရင်ခံစာကို ကိုးကားနေကြတာလည်းရှိပါတယ်။

ဒါကလည်း အတည်တကျ ပြောလို့ရတာတွေ မဟုတ်သေးပြန်ပါဘူး။ နယူးယောက်မြို့ရဲ့ ရောဂါပိုးတွေ့ရှိတဲ့အထဲက ကလေး ၃၈ ယောက်မှာ ပြင်းထန်တဲ့ရောင်ရမ်းမှု အခြေအနေတွေ တွေ့ရပြီး ဒါက ဗိုင်းရပ်စ်ပိုးနဲ့ ဆက်နွယ်နေတယ်လို့ဆရာဝန်တွေက ယူဆပါတယ်။ အဲဒီ အခြေအနေမျိုးတွေက ကလေးတေါမှာ ဖြစ်တတ်တဲ့ Kawasaki ရောဂါ၊ toxic shock syndrome တွေနဲ့ ဆင်တူနေတာလည်းဖြစ်တယ်လို့ဆိုပြန်ပါတယ်။ အဲဒီ လက္ခဏာရှိသူတွေထဲက ၃ ယောက်ကတော့ အသက်ဆုံးရှုံးသွားကြရတယ်လို့ New York Times က ဆိုပါတယ်။

သတိထားရမှာက ကလေးတွေမှာ ရောဂါဖြစ်ပွားခံစားရတာက အတန်အသင့်လောက်ပါ ဆိုတဲ့တိုင်အောင် သူတို့ဆီကနေ မိဘတွေ၊ ဆရာတွေ နဲ့ တခြား ကျန်းမာရေး စောင့်ရှောက်သူတွေဆီကို ကူးစက်ပျံ့ပွားစေကြတာတော့ ရှိနိုင်တာကိုပါ။

ကျောင်းတွေပြန်လည် မဖွင့်မီမှာ ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်တွေကို အမေရိကန် ကလေးအထူးကု အကယ်ဒမီက ညွှန်ပြထားတာကတော့
• ရောဂါ စမ်းသပ်စစ်ဆေးနိုင်မှုနဲ့ ထိတွေ့သူ ကွင်းဆက်ကို လိုက်နိုင်ဖို့ရာ အနေအထား ဘယ်လောက်ရှိသလဲ
• ရောဂါ ကာကွယ်ရေး အစိအမံတွေ လုပ်ဆောင်နိုင်မှု-ဥပမာ- ကျောင်းခန်းတွေ နဲ့ ကျောင်းသားတွေ ထိကိုင်မှု များရာတွေမှာ ပိုးသတ်သန့်စင်ရေး၊ ကျောင်းသားရော ဆရာပါ ရောဂါ စမ်းသပ်စစ်ဆေးရေး၊ နှာခေါင်းစည်း အသုံးပြုဖို့နဲ့ သင့်တင့်တဲ့ လူမှုအကွာအဝေး လိုက်နာကျင့်သုံးမှု၊ ကျောင်းသား နဲ့ ဆရာအကြား ထိတွေ့မှုတွေ ကန့်သတ်ရေး၊ လိုအပ်ရင် ရောဂါပိုး စစ်ဆေးမှု လုပ်နိုင်မှု တွေ ပါဝင်ပါတယ်။
• ရောဂါ စမ်းသပ်ဖို့နဲ့ ပိုးသတ်သန့်စင်ရေး ဆိုင်ရာ ပစ္စည်းတွေ ပံ့ပိုးရရှိနိုင်မှု အနေအထားလည်း ကြည့်ရပါမယ်။
• အတန်း အဆင့်လိုက် ဖွင့်လှစ်ဖို့ စီမံချက်တွေ ဘယ်လိုဆွဲမလဲ
• ကျောင်းပြန်လည်ပိတ်ဖို့ လိုအပ်မယ့် အခြေအနေဆိုင်ရာ စိမံချက်တွေ ရေးဆွဲဖို့
• ကျောင်းပြန်ဖွင့်ချိန်မှာ အခန်းနဲ့ လူဦးရေ တွက်ဆ နေရာချဖို့၊ ကျောင်းချိန် လျှော့ချတာ တွေ လုပ်ဖို့၊ ဒေသဆိုင်ရာ ကျန်းမာရေးအဖွဲ့တွေ နဲ့ချိတ်ဆက်ပြီး လူထုအတွင်း ရောဂါပျံ ပါြးမှုတွေ စောင့်ကြပ်ကြည့်ရှုမှု အခြေအနေ သိရှိနိုင်ဖို့
• ထိခိုက်လွယ်တဲ့ ကျန်းမာရေး အခြေအနေ ရောဂါခံတခုခု ရှိနေလို့ ကျောင်းပြန်လာဖို့ အဆင်မပြေတဲ့ ကလေးတွေ အတွက် အစီအမံ တွေ ရေးဆွဲဖို့
• ကျောင်းပြင်ပ လှုပ်ရှားမှု ဖြစ်တဲ့ အားကစား နဲ့ တခြား အစီအစဉ်တွေအတွက် စီမံချက်တွေ ရေးဆွဲဖို့ စတဲ့ အချက်တွေပါဘဲ။

ကလေး ဆရာဝန်အဖွဲ့ရဲ့ လမ်းညွှန်ချက်တွေသာမက ကျောင်းပြန်ဖွင့်ရေးမှာ အမေရိကန် တာဝန်ရှိသူတွေက တခြားနိုင်ငံတွေရဲ့ လုပ်ကိုင်ပုံတွေကိုလည်း စောင့်ကြည့်လေ့လာကြပါတယ်။

အာရှနိုင်ငံတွေမှာတော့ ကျောင်းပြန်ဖွင့်ရေးကို နည်းလမ်းမျိုးစုံနဲ့ ချဉ်းကပ်ဖို့ ကြိုးစားနေကြပါတယ်။ တရုတ်မှာတော့ ကျောင်းသားတွေ ကျောင်းခန်းထဲ မဝင်မီ အပူချိန်တိုင်းတာ လုပ်ကြပြီး ကျောင်းက စားသောက်ဆိုင်တွေမှာ မျက်နှာချင်းဆိုင်အနေအထားအတွက် ပလပ်စတစ် အကာတွေ ခြားထားတာလည်း လုပ်ကြတယ်လို့ New York Times က ပြောပါတယ်။

သြစတြေးလျ ဆစ်ဒနီမှာတော့ တသမတ် ပုံစံ မရကြသေးပါဘူး။ ကျောင်းသားတွေကို အရေအတွက်ရဲ့ ၄ ပုံ ၁ ပုံ သာ တပတ်မှာ တရက်ဘဲ ကျောင်းတက်စေပါတယ်။ ဟောင်ကောင် နဲ့ ဂျပန်ကလည်း အဲဒီနည်း ကျင့်သုံးပါတယ်။ တိုင်ဝမ် မှာတော့ ဖေဖော်ဝါရီလ ကတည်းက ကျောင်းတွေပြန်ဖွင့်ပြီး စုဝေးတာ လုံးဝ မလုပ်စေဘဲ နှာခေါင်းစည်းတွေ မတပ်မနေရ တပ်ခိုင်းတယ်လို့ဆိုပါတယ်။

ဂျာမဏီမှာလည်း ကျောင်းသားတွေကို အခန်းမှာ ဦးရေ ထက်ဝက်သာ တက်စေတာမျိုး လုပ်ပါတယ်။ ခန်းမတွေရှိရင် တယောက်သွား လမ်းကြောင်းတွေ များများ နဲ့ချောင်အောင် လုပ်ထားကြပါတယ်။ဆရာတွေလည်း နှာခေါင်းစည်းတပ်စေပြီး ကျောင်းခန်းတွေကိုတော့ လေဝင်လေထွက်အတွက် ပြတင်းပေါက်တွေ ဖွင့်ပြီး သင်ကြားစေတယ်လို့ဆိုပါတယ်။

အမေရိကန်မှာတော့ ကျောင်းတွေဖွင့်ဖို့က တကယ့် ဘေးကျပ်နံကျပ် အနေအထားဖြစ်ပြီး ခိုင်မာအားကောင်းတဲ့ စီမံချက်တွေ ရေးဆွဲရပါမယ်၊ ကျောင်းတွေ ပြန်ဖွင့်ရုံသာမက အနာဂတ်မှာ ဘယ် အနေအထားတွေက ပြန်ပိတ်ရမလဲ ဆိုတာတွေပါ ပါဝင်အောင် လုပ်ဖို့လိုတယ်လို့ Dr Beers ကပြောပါတယ်။

Eskelsen Garcia ကလည်း စိမံချက်ရေးဆွဲရာမှာ ဆရာတွေလည်း ပါဝင်စေရမယ်လို့ဆိုပါတယ်။ အခု လောလောဆယ် ကျောင်းပြန်ဖွင့်ရေးအတွက် ဆောင်ရွက်နေတဲ့ ကော်မီတီတွေမှာ နိုင်ငံရေးသမားတွေ နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်ပေမယ့် ဆရာတွေ မတွေ့ရသေးဘူးလို့ဆိုပါတယ်။ “ဆရာတွေလည်း ကျန်းမာရေးနဲ့ကိုက်ညီတဲ့ ကျောင်းပြန်ဖွင့်ရေး ပုံစံရေးဆွဲရာမှာ ပါဝင်ရပါလိမ့်မယ်။ သေချာတာတော့ တသမတ်တည်း ကျင့်သုံးရမယ့် ပုံစံတော့ ရရှိဖို့ မဖြစ်နိုင်သေးဘူး” လို့ဆိုပါတယ်။

သူကဘဲ ကျောင်းတွေ ပြန်ဖွင့်ရေးမှာ အကြီးမားဆုံး ရင်ဆိုင်ရမယ့် အခက်အခဲက ကုန်ကျစရိတ် ကိစ္စလို့ဆိုပါတယ်။ ကျောင်းတွေရဲ့ ငွေကြေးက အပိုအလျှံ မရှိလှပါဘူး။ အဲဒီထဲက သန့်ရှင်းရေးလုပ်ဖို့ ဝန်ထမ်းတွေ ပိုငှားရမယ်၊ လုံခြုံစိတ်ချရတဲ့ အနေအထားရဖို့ ဆရာတွေ ပိုငှားရမယ် ဆိုတာတွေက ခေါင်းခဲ စရာတွေ ဖြစ်လာမယ်လို့ဆိုပါတယ်။

ပုဂ္ဂလိက ကျောင်းတွေဆိုရင် အတန်းသား အရေအတွက် လျှော့ချရတာကနေ ဝင်ငွေ အခက်အခဲက ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သေးတယ်လို့ဆိုပါတယ်။

“ ကျောင်းသားတွေအနေနဲ့လည်း စိုးရိမ်ကြောက်လန့်မှုတွေ၊ မသေချာ မရေရာမှုတွေနဲ့ စိတ်ဒဏ်ရာတွေ လနဲ့ချီ ရှိနေကြမှာပါ၊ အဲဒီအတွက် ဖြေလျော့ပေးဖို့ကလည်း တချို့ ကျောင်းစိတ်ပညာရှင်တွေ နဲ့ ကျောင်းသူနာပြုတွေကို အလုပ်က ရပ်နားလိုက်ရတာတွေကလည်း ပြဿနာ” လို့ Eskelsen Garcia ကပြောပါတယ်။ “ ကျောင်းတွေမှာ ပိုးသတ် သန့်စင်တာတွေ လုပ်ဖို့ လူတွေ လိုအပ်ပါဦးမယ်၊ သူတို့ကို လေ့ကျင့်သင်တန်းပေးတာတွေလည်း လုပ်ရပါဦးမယ်၊ ဒီအချိန်မှာ လိုအပ်တာတွေ မရှိရင်၊ မဖြည့်ဆည်းနိုင်ရင် တစုံတယောက်ကတော့ ရောဂါ ကူးစက် အသက်ဆုံးရှုံးမှု ကြုံတွေ့နေနိုင်သေးတာပါဘဲ” လို့ သူက ဆက်လက် ပြောကြားခဲ့ပါသေးတယ်။

ကျောင်းပြန်ဖွင့်ရေး ကိစ္စက ထင်တာထက် ပိုပြီး လေးနက်ပါတယ်။ ပြီးပြည့်စုံတဲ့ အခြေအနေရောက်အောင် စီမံစရာတွေလည်း အများကြီးပါ။ ရောဂါပိုး ကူးစက်ပျံ့ပွားမှု တည်ငြိမ် လာချိန်ကို မစောင့်စားနိုင်လို့ ဖွင့်ကြမယ် ဆိုရင်၊ ထောင့်ပေါင်းစုံကနေ စဉ်းစားကာကွယ်မထားနိုင်ရင်တော့ ကိုဗစ်ရဲ့ အနေအထားက ဘယ်လို အကျိုးဆက်တွေ ယူဆောင်လာနိုင်သလဲဆိုတာ မတွေးရဲ တွေးရဲ တွေးနေမိပါတော့တယ် ။

ကိုးကား။ ။ HealthDay News တွင် ဖော်ပြထားသော Serena Gordon ၏ Can Schools Really Reopen Safely?

You may also like these stories:

ကျောင်းက အကြာကြီးပိတ်ထားရင် ရေရှည်တော့ မကောင်းဘူး

အခြေခံပညာ စာသင်ကျောင်း အားလုံး ဇူလိုင်လတွင် ပြန်ဖွင့်မည်

ကိုဗစ် ကာကွယ်ဆေး မပေါ်မချင်း ကျောင်းများပြန်မဖွင့်ဟု ဒူတာဒေး ပြော

The post ကျောင်းတွေကို ဘေးကင်းလုံခြုံစွာ ပြန်ဖွင့်နိုင်ပြီလား appeared first on ဧရာဝတီ.


Antifa ဆိုတာ ဘာလဲ

$
0
0

လူမည်းများအား သတ်ဖြတ်ခြင်းအတွက် ရဲတပ်ဖွဲ့ကို ဆန့်ကျင်သည့် အကြမ်းဖက်မှုများအတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က Antifa လှုပ်ရှားသူများကို အပြစ်တင်ပြီး ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပြောခဲ့သည်။ သို့သော် Antifa သည် အဖွဲအစည်းတခု မဟုတ်သောကြောင့် ၎င်းတို့ကို ပစ်မှတ်ထားရန် မလွယ်ပေ။

Antifa ဆိုသည်မှာ anti-fascists ဖက်ဆစ်ဆန့်ကျင်သူများကို အတိုကောက်ခေါ်ဆိုခြင်း ဖြစ်ပြီး ယင်းသည် အဖွဲ့အစည်းတခုတည်းကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ဆန္ဒပြပွဲများတွင် နာဇီလက်သစ်များနှင့် လူဖြူကြီးစိုးရေးဝါဒီများကို ရင်ဆိုင်ဆန့်ကျင်သည့် လက်ဝဲစွန်း စစ်သွေးကြွအုပ်စုများကို ခြုံငုံခေါ်သော စကားလုံးဖြစ်သည်။

Antifa တွင် ၎င်းတို့ကို ချက်ခြင်းခွဲခြားသိမြင်နိုင်သော အဆင့်ဆင့်ဖွဲ့စည်းတည်ဆောက်ပုံ သို့မဟုတ် တူညီသည့် နည်းပရိယယ်မရှိသော်လည်း အဖွဲ့ဝင်များသည် တော်လှန်သော သို့မဟုတ် အာဏာရှင်ဆန့်ကျင်သော အမြင်များကို လက်ခံယုံကြည်ကြကြောင်း Rutgers University မှ သမိုင်းဆရာနှင့် “Antifa: The Anti-Fascist Handbook” ဖက်ဆစ်ဆန့်ကျင်ရေး လက်စွဲစာအုပ်ကို ရေးသားသူ မာ့ခ်ဘရေးပြောသည်။

“သူတို့က အချိန်အခါ၊ နေရာဒေသအမျိုးမျိုးမှာ လုပ်နည်းလုပ်ဟန် အမျိုးမျိုးလုပ်တတ်ကြပြီး တချို့လုပ်ရပ်တွေက ဥပဒေချိုးဖေါက်တာမျိုးရှိပြီး တချို့လုပ်ရပ်တွေကျတော့ ဥပဒေကို ချိုးဖေါက်တာမျိုးမရှိဘူး” ဟု ဘရေး ပြောသည်။

ယုံကြည်သူများအနေဖြင့် လူဖြူကြီးစိုးရေး သမားများ၏ လှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်ရန်၊ ရန်သူဟု ယူဆသူများ၏ ကိုယ်ရေးအချက်အလက်များကို လူသိရှင်ကြားထုတ်ပြန်ရန်၊ မိမိကိုယ်မိမိ ခုခံကာကွယ်ရန်လေ့ကျင့်ရေး စနစ်များ ဖေါ်ထုတ်ရန်နှင့် ဖက်ဆစ်ဝါဒတိမ်းညွှတ်သူများ ဟောပြောသည့် အခမ်းအနားများ ဖျက်သိမ်းရေး ပြင်ပအဖွဲ့အစည်းများကို ဖိအားပေးရန် Antifa လှုပ်ရှားမှုမှ စာပေများက အားပေးကြောင်း ၂၀၁၈ ခုနှစ် ကွန်ဂရက် သုတေသန အစီရင်ခံစာက ဖေါ်ပြသည်။

Antifa လှုပ်ရှားမှုနှင့် ပတ်သက်သောသူများသည် လွန်ခဲ့သော ၃ နှစ်အတွင်း ထူးခြားသော ဆန္ဒပြပွဲများနှင့် တန်ပြန်ဆန္ဒပြပွဲများတွင် ပါဝင်ကြပြီး တခါတရံတွင် ရုန်းရင်ဆန်ခတ် ဖျက်ဆီးမှုဖြစ်စေကြောင်း သိရသည်။

၎င်းတို့သည် ၂၀၁၇ ခုနှစ် သြဂုတ်လက ဗာဂျီးနီးယားပြည်နယ် ရှားလော့ဗီး တွင် လူဖြူကြီးစိုးရေးသမားများ ချီတက်ပွဲကို ဆန့်ကျင်လှုပ်ရှားပြီး ဒိုင်းများ၊ တုတ်များနှင့် အခြားလက်နက်များကို သိမ်းဆည်းမိပြီး ဖမ်းဆီမှုများလည်းဖြစ်စေခဲ့သည့် လွန်ခဲ့သော နှစ်နွေရာသီက စုဝေးပွဲတခုပါအဝင် အောရီဂန်ပြည်နယ် ပို့တ်လန်းမှ လက်ယာစွန်းသမားများနှင့် မကြာခဏ ပဋိပက္ခဖြစ်ကြသည်။

ဆန္ဒပြပွဲများတွင် နာဇီလက်သစ်များနှင့် လူဖြူကြီးစိုးရေးဝါဒီများကို ရင်ဆိုင်ဆန့်ကျင်သည့် လက်ယာစွန်းရောက် စစ်သွေးကြွအုပ်စုများကို Antifa ခေါ်သည်

ဆန္ဒပြပွဲများမှ Antifa ၏ အခန်းကဏ္ဍ

ဂျော့ဖလွိုက်သေဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆန္ဒပြပွဲများမှ အကြမ်းဖက်မှုများအတွက် Antifa တွင် တာဝန်ရှိကြောင်း ထရမ့်နှင့် သူ၏ အစိုးရကပြောသည်။ Minneapolis မှ လူဖြူရဲတပ်ဖွဲ့ဝင်တဦးက ဂျော့ဖလွိုက်၏ လည်ပင်းကို မိနစ်အတန်ကြာ ဒူးဖြင့်ထောက်နင်းထားပြီးနောက် မလှုပ်ရှားတော့ပဲ အသက်ရှူခွင့်ပေးရန် တောင်းဆိုပြီး သူသေဆုံးခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ကြေညာချက်နှစ်စောင်တွင် ရှေ့နေချုပ် ဝီလျံဘားက ပြည်နယ်ပေါင်းစုံမှ လှုံ့ဆော်သူများ၏ Antifa နှင့်တူညီသည့် နည်းပရိရာယ်များကို ဖေါ်ပြခဲ့ပြီး Antifa သည် အကြမ်းဖက်မှုများကို လှုံ့ဆော်နေပြီး ပြည်တွင်းအကြမ်းဖက်မှုများတွင် ပါဝင်နေသောကြောင့် ထိုက်သင့်သောအရေးယူမှုများပြုလုပ်မည်ဟု ကြေညာခဲ့သည်။

ယခုဆန္ဒပြပွဲများတွင် Antifa သည် ကြီးမားသောအခန်းမှ ပါဝင်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကေးလိပ် မက်အန်နာနီက တနင်္လာနေ့တွင် သတင်းထောက်များကို ပြောသော်လည်း ထိုအဖွဲ့ဝင်များကို မည်သို့ခွဲခြားသိရှိနိုင်သနည်းဟူသောမေးခွန်းအတွက်မူ တရားရေးဌာနကိုမေးရန်ပြောသည်။

သို့သော် ထိုဆန္ဒပြပွဲများတွင် Antifa တို့မည်မျှကြီးမားသည့်အခန်းမှပါဝင်သည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

ဆန္ဒပြပွဲများတွင် Antifa နှင့် ပတ်သက်သူများ ပါဝင်သည်ဟု ယုံကြည်သော်လည်း ၎င်းတို့တွင် တူညီဝတ်စုံ သို့မဟုတ် အမှတ်အသားဖေါ်ပြသော ကဒ်မရှိသကဲ့သို့ ထိုလှုပ်ရှားမှုကို နိုင်ငံဝှမ်း အကြီးအကျယ်လုပ်ဆောင်နိုင်သည့် အင်အားလည်းမရှိသောကြောင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍကိုပြောရန်ခက်ကြောင်း ဘရေးပြောသည်။

“အခြေခံ လက်ဝဲဝါဒီတွေက Antifa ထက် အရမ်းကို အင်အားပိုများပြီး ပစ္စည်းတွေဖျက်ဆီးတဲ့သူတွေကလည်း အခြေခံလက်ဝဲစွန်းတွေထက် အရမ်းကို ပိုများနေတယ်” ဟုလည်း ဘရေးပြောသည်။

လက်ယာစွန်းသမားများ၏ အထောက်အထားများတွေ့ရကြောင်းလည်း အခြားသူများကပြောသည်။

Antifa ကို ထရမ့်အစိုးရက ဘာလုပ်ချင်လဲ။

“အမေရိကန်ပြည်ထောင်စုက Antifa ကို အကြမ်းဖက်အဖွဲ့အစည်းတခုအဖြစ် သတ်မှတ်ရလိမ့်မယ်” ဟု ထရမ့်က တနင်္ဂနွေနေ့က တွစ်တာတွင်ရေးသည်။

ထိုကဲ့သို့သော အမြင်မျိုးဖြင့် ထရမ့် ပြောဆိုနေသည်မှာ ယခုအကြိမ် ပထမဆုံးမဟုတ်ပေ။ ပို့တ်လန်းတွင် တိုက်ခိုက်မှုဖြစ်ပြီးနောက် Antifa ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် ရီပတ်ဗလစ်ကန် လွှတ်တော်အမတ်များက တောင်းဆိုပြီးနောက် လွန်ခဲ့သော နှစ်နွေရာသီကလည်း ထရမ့်သည် အလားတူ တွစ်တာတွင်ရေးခဲ့ဖူးသည်။

ဒေါ်နယ်ထရမ့်ကို ထောက်ခံသော လက်ယာစွန်းရောက် စစ်သွေးကြွအုပ်စုများနှင့် ထိပ်တိုက်တွေ့နေသော Antifa

အစိုးရက ထိုသို့သတ်မှတ်နိုင်မည်လား။

Antifa သည် လွတ်လပ်ပြီး ဗဟိုချုပ်ကိုင်မှုရှိသည့် အဖွဲ့အစည်းမဟုတ်သောကြောင့် ထိုသို့သတ်မှတ်ရန် အစိုးရက မည်သို့ လုပ်ဆောင်နိုင်သည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

ထို့အပြင် Antifa သည်ပြည်တွင်း အင်အားစုဖြစ်သောကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ပအကြမ်းဖက်အဖွဲ့အစည်းစာရင်းတွင်လည်း ပါဝင်နိုင်ခြင်းမရှိပေ။ ထိုကဲ့သို့သော စာရင်းမှ အစ္စလမ်မစ်အစွန်းရောက်အဖွဲ့များနှင့် Real Irish Republican Army တို့သည် အမေရိကန်နိုင်ငံတွင် မဟုတ်ဘဲ ပြည်ပအခြေစိုက်များဖြစ်သည်။

ထိုသို့သတ်မှတ်ခြင်းကြောင့် ထိုအဖွဲ့ကို ထောက်ခံသူမည်သူမဆိုသည် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် စွဲချက်များကို ရင်ဆိုင်ရနိုင်သောကြောင့် ထိုကိစ္စသည် ဥပဒေကြောင်းများစွာအရ အရေးပါသည်။

သို့သော် ပြည်တွင်းအတွက် ထိုကဲ့သို့သော စာရင်းမရှိကြောင်း အိုဘားမား အစိုးရ အဆင့်မြင့်အကြမ်းဖက်မှုတိုက်ဖျက်ရေး အရာရှိဟောင်း နှင့် Georgetown University ဥပဒေဌာန Institute for Constitutional Advocacy and Protection ကိုတည်ထောင်သူ အမှုဆောင်ဒါရိုက်တာ ဂျော့ရွှာ ဂျဲ့တ်ဇာ ပြောသည်။

လူဖြူကြီးစိုးရေးဝါဒီများ၏ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ပြည်တွင်း အကြမ်းဖက်မှု ဥပဒေထူထောင်ရန် တောင်းဆိုမှုများရှိသော်လည်း မည်သည့် ဥပဒေမျှ ပြဋ္ဌာန်းခြင်း မရှိပေ။

Antifa ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် သမ္မတတွင် မည်သည့် ဥပဒေ အခွင့်အာဏာရှိသနည်းဟု တနင်္လာနေ့က မေးသောအခါ မက်အန်နာနီက ပြည်တွင်းနှင့်နိုင်ငံတကာ အကြမ်းဖက်မှုများကို ဖွင့်ဆိုသော လက်ရှိအမေရိကန်ရာဇဝတ်မှု ဥပဒေကို ထောက်ပြသည်။

သို့သော် အကြမ်းဖက်မှုကို ဖွင့်ဆိုခြင်းနှင့် အဖွဲ့အစည်းတခုလုံးကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းသည် မတူညီပေ။

Antifa ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းမရှိပင်လျှင် ဖက်ဒရယ် တရားဥပဒေစိုးမိုးရေး အဖွဲ့များသည် ထိုအင်အားစုကို စောင့်ကြည့်နေကြောင်း FBI ဒါရိုက်တာ ခရစ်၀ရေး ပြောသည်။ FBI သည် အတွေးအခေါ်ကို အခြေခံသည့် စုံစမ်းစစ်ဆေးမှုမလုပ်သော်လည်း Antifa အတွေးအခေါ်ပုံစံ အကြမ်းဖက်မှုများကို ကျူးလွန်ရန် စိတ်ထက်သန်သည့်သူများကို တနိုင်ငံလုံးတွင် စုံစမ်းစစ်ဆေးနေကြောင်း သူပြောသည်။

ကိုးကား။ ။ AP ၏ What is Antifa? President Trump says US to label group as terrorist organization

You may also like these stories:

အမေရိကန်မှာ ဖြစ်နေတဲ့ အဓိကရုဏ်း အပေါ် သူတို့ဘယ်လိုမြင်လဲ

အိမ်ဖြူတော်အနီး ရုန်းရင်းဆန်ခတ် ဖြစ်သည်အထိ အမေရိကန် မငြိမ်သက်မှု နက်ရှိုင်းလာ

အမေရိကန် ဆန္ဒပြသူများနှင့် ထောက်ခံပူးပေါင်းသူ ရဲများလည်း ရှိသည်

The post Antifa ဆိုတာ ဘာလဲ appeared first on ဧရာဝတီ.

ဘဝကို သုညက ပြန်စရမယ့် ရန်ကုန်ရောက် ချင်းဒုက္ခသည်များ

$
0
0

အချိန်မရွေး ပြေးရ၊ ပုန်းရနိုင်တဲ့ နယ်မြေထဲကနေ ဒေါ်ပြီတင်းတို့ သားအမိ ထွက်ပြေးလာခဲ့တာ ၃ လ ရှိပါပြီ။ သားအမိ နှစ်ယောက်က ပလက်ဝကနေ လှေစီးပြီး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို တဆင့်၊ ကျောက်တော်ကနေ ရန်ကုန်ကို ထပ်ပြီး ခရီးဆက်လာကြတာ ဖြစ်ပါတယ်။

ရန်ကုန်လို လုံခြုံတဲ့ နေရာကို ရောက်ဖို့ ဒေါ်ပြီတင်းတို့ ကား ၁ တန်၊ လှေ ၁ တန်၊ သင်္ဘော ၁ တန်နဲ့ အဆင့်ဆင့် မိုင်ပေါင်း ၆၀၀ ကျော်ကို ခရီးနှင်ခဲ့ကြရတာပါ။ အခုတော့ ပြေးစရာ ပုန်းစရာ မလိုတဲ့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ထဲက စစ်ဘေးရှောင် စခန်းမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေပါတယ်။

“ကျမတို့ ပလက်ဝမှာ အသိလည်းမရှိတော့ နေဖို့ ထိုင်ဖို့လည်း မရှိဘူး။ ပြီးတော့ လုံခြုံမယ်လို့လည်း မထင်ဘူး။ နေရာ တိုင်းက တိုက်ပွဲတွေ ဖြစ်နေတာလေ။ ရန်ကုန်ကို ရောက်ရင်တော့ ပစ်ထားကြမှာ မဟုတ်ဘူးလို့ တွေးပြီး ပြေးလာတာ” လို့ သူက ပြောပါတယ်။

ရန်ကုန်တွင် ရောက်ရှိနေသည့် စစ်ရှောင်ဒုက္ခသည် ဒေါ်ပြီတင်း/နန်းလွင်နှင်းပွင့်/ဧရာဝတီ

နေရပ်ရင်းဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ မီးလက်ဝ ကျေးရွာမှာ သူ့ဘဝ တလျှောက်လုံး အေးအေး ချမ်းချမ်း နေရမယ်လို့ ထင်ခဲ့ပေမယ့် တပ်မတော်နဲ့ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲတွေဟာ မီးလက်ဝကျေးရွာနားထိ ရောက်လာတာကြောင့် မတ်လအတွင်းမှာတော့ သူတို့ တရွာလုံး ဘေးလွတ်ရာကို ပြေးခဲ့ကြရပါတယ်။

ရွာသူရွာသားအများစုက မီးလက်ဝ တဖက်ကမ်းက ပလက်ဝမြို့ပေါ်ကို ခိုလှုံဖို့ ပြေးကြပေမယ့် ဆွေမျိုးလည်း မရှိ၊ ခိုလှုံစရာ နေရာလည်း မရှိတာကြောင့် ဒေါ်ပြီတင်းကတော့ ရန်ကုန်ကို ထွက်ပြေးဖို့ ဆုံးဖြတ်ပြီး ရောက်လာတာ ဖြစ်ပါ တယ်။

ဒေါ်ပြီတင်းလိုမျိုး ပလက်ဝမှာ ဆက်နေဖို့ လုံခြုံတယ်လို့ မခံစားရတာကြောင့် ရန်ကုန်အထိ ပြေးလာကြတဲ့ ချင်းခူမီး ဒုက္ခသည်တွေ ရန်ကုန်မှာ ဦးရေ ၁၃၀ ကျော် ရှိပါတယ်။

ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ (RRCCI)က ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်ထဲက လယ်ကွင်းကျယ် တခုမှာ နေရာ ချထားပေးပြီး စစ်ဘေးရှောင်စခန်းတခု တည်ဆောက် ပေးထားပါတယ်။

ဒုက္ခသည်စခန်းထဲမှာ တချို့ကလည်း မိသားစုလိုက် ၇ ယောက် တစု၊ ၉ ယောက် တစုနဲ့ တပြုံတမကြီး ပြေးလာ နိုင်ကြ သူတွေ ရှိသလို မိသားစုတွေ တကွဲတပြား ကျန်ရစ်ပြီး ပြေးလာကြသူတွေလည်း ရှိနေပါတယ်။

တကယ်တော့ သူတို့အားလုံးက စစ်ဘေးရှောင်ဒုက္ခသည်တွေ မဖြစ်ခင်က ဘိုးဘွားစဉ်ဆက် ကုလားတန်မြစ် ကြောင်း တလျှောက် ပိုင်ဆိုင်ကြတဲ့ မြေတွေ တောင်ယာတွေမှာ လုပ်ကိုင်စားသောက်ရင်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်း နေကြတဲ့ သူတွေပါ။

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် ရောက်ရှိနေသည့် ချင်းစစ်ရှောင်ဒုက္ခသည်များ/မျိုးမင်းစိုး/ဧရာဝတီ

ကုလားတန်မြစ်ကြောင်းတလျှောက်ကို မှီခိုပြီး ရွာစဉ်တွေ အလိုက် နေထိုင်ကြတဲ့ ချင်းခူမီးမျိုးနွယ်စုတွေဟာ ကုလား တန်မြစ်ကို မှီခိုရင်း သားငါးရှာ၊ မြစ်ကမ်းနံဘေးမြေမှာ ပဲနဲ့ သီးပင်စားပင်တွေ စိုက်၊ တောင်ကုန်းတွေပေါ်မှာ ရွာတည်၊ ရွာနောက် တကြောက တောင်ကြောတလျှောက်မှာ တောင်ယာလုပ်နဲ့ နေထိုင်ကြသူတွေပါ။

ချင်းခူမီးမျိုးနွယ်စု၊ အမျိုးသမီးကြီးတွေဆိုရင် နားမှာ ငွေသားနားတောင်းကြီးကို ဝတ်ဆင်ပြီး ငွေသားလို ပြောင်လက် နေတဲ့ ကြေးအိုးကြီးတွေနဲ့ သွားလာနေတာမျိုး၊ အမျိုးသားတွေ ကလေးငယ်တွေ ဆိုရင်လည်း မြစ်ကြောင်းတလျှောက် လှေကို ကျွမ်းကျွမ်းကျင်ကျင်စီးပြီး ငါးရှာကြတဲ့ လှုပ်ရှားမှုတွေဟာ ကုလားတန်မြစ်ရိုးတလျှောက်က သူတို့ ဘဝ ဓလေ့တွေ ဖြစ်ပါတယ်။

အခုတော့ တိုက်ပွဲကြောင့် မြေစာပင်ဘဝကို ရောက်ရကြပြီးနောက်မှာတော့ သူတို့ပိုင်ဆိုင်တာ ဘာမှ မရှိတော့ပါဘူး။

စစ်ဘေးရှောင်ဒုက္ခသည်ဆိုတဲ့ အမည်နဲ့ သစ်ရိပ်ဝါးရိပ်မရှိ၊ လယ်ကွင်းပြောင်ပြောင်မှာ သက်ကယ်မိုး၊ ဝါးထရံတွေ ခပ်ကျဲကျဲ ဆောက်ထားတဲ့ ခြေတံရှည်အိမ်ကလေးတွေမှာ မှီခိုနေကြရပါတယ်။

ဒေါ်ပြီတင်းက “ဒါအခု တော်တော်ကို ကောင်းသွားတာ။ ကျမတို့ စရောက်တုန်းကဆိုရင် ဘာမှကို မရှိလို့ ဒီတိုင်း နေပူထဲ လမ်းဘေးမှာ ၃ ရက်၊ ၄ရက် နေခဲ့ရတာ”လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်စခန်း အခြေခံ အိမ်သုံး ပစ္စည်းတွေနဲ့ ထမင်း၊ ဟင်း ချက်ပြုတ်စားသောက်ဖို့ အိုးခွက်တွေကို တော့ RRCCI ကပဲ ထောက်ပံ့ပေးထားပါတယ်။

ပလက်ဝမှာလို လေယာဉ်တွေ မြေကြီးမှာ ဝပ်နေရတဲ့ အကြောက်တရားမျိုး၊ ရွာနားပတ်ဝန်းကျင်ကိုတောင် မ သွားရဲအောင် စိုးရိမ်ရတဲ့ အခြေအနေမျိုးနဲ့ တိုက်ပွဲကြား ပစ်ခတ်ခံရ၊ ပြေးရတာမျိုး တွေကို မကြုံရတော့ပေမယ့် ကျန်နေခဲ့တဲ့ မိသားစုနဲ့ ဆွေမျိုးတွေအတွက်တော့ ပူပန်နေကြရဆဲပါပဲ။

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် ရောက်ရှိနေသည့် ချင်းစစ်ရှောင်ဒုက္ခသည်များ/မျိုးမင်းစိုး/ဧရာဝတီ

ဒေါ်ပြီတင်းဆိုရင် ပလက်ဝမှာ သူ့ခင်ပွန်းသည်နဲ့ သားသမီး ၂ ဦး ကျန်ခဲ့ပါတယ်။ သူ့ခင်ပွန်းနဲ့ သူ့သားသမီးတွေက အခုတော့ ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတာပါ ။

ပလက်ဝက အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ဖြစ်တာကြောင့် မိသားစုတွေ အချင်းချင်း အွန်လိုင်းက တဆင့် ဗီဒီယိုဖုန်းခေါ်တာမျိုးတွေ လုပ်လို့ မရပေမယ့် ဖုန်းနဲ့တော့ နေ့တိုင်းနီးပါး ဆက်သွယ်ပြီး တဖက်နဲ့ တဖက် အခြေအနေတွေကို မေးမြန်းကြပါတယ်။

ပလက်ဝမှာ ကျန်ခဲ့တဲ့ ဒေါ်ပြီတင်းရဲ့ ၁၀နှစ် အရွယ်သားက ဖုန်းဆက်တိုင်း ရန်ကုန်က လုံခြုံလား၊ ပလက်ဝမှာလို တိုက်လေယာဉ်တွေ ရှိလားဆိုတာကို မကြာခဏ မေးမြန်းတတ်ပါတယ်။

“နောက်ပြီး အမေရယ် အမေ့ကို ဖုန်းခေါ်လို့လည်း မရဘူးတဲ့။ တခါတလေ ဖုန်းလိုင်းက မကောင်းဘူးတဲ့ ။ သားနဲ့ သမီးနဲ့ အဖေနဲ့ ထမင်းလည်း တခါတလေ မစားရဘူးတဲ့ ။ အမေက အဲဒီဘက်မှာ နေတော့ ထမင်းရောစားရလား။ မုန့်တွေရော စားရလားတဲ့။ ကျမ အရမ်းဝမ်းနည်းတယ်”လို့လည်း ဒေါ်ပြီတင်းက ပြောပြပါတယ်။

ပလက်ဝက ကုလားတန်မြစ်ကြောင်းကို အမှီပြုပြီး ရေကြောင်းက တဆင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကနေ အခြေခံ စားသောက်ကုန်၊ ဆန်၊ ဆီ၊ဆား တွေကို ဝယ်ယူ စားသုံးနေကြရတာပါ။

ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ တိုက်ပွဲတွေကြောင့် ရေလမ်းရော ကုန်းလမ်းပါ ပိတ်ဆို့သွားတော့ ပလက်ဝ ဒေသခံတွေလည်း ဆန်ပြတ်တောက်သွားသလို စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း ဆန် မရှိတော့တဲ့ ဘဝကို ရောက်ခဲ့ကြပါသေးတယ်။

အဲဒီထဲမှာ ဒေါ်ပြီတင်းရဲ့ မိသားစုတွေလည်း ပါ ပါတယ်။

ရန်ကုန်က စစ်ဘေးရှောင်စခန်းမှာ နေ့စဉ် စားသောက်ရေး အဆင်ပြေပေမယ့် ပလက်ဝမှာ ကတော့ မတ်လတုန်းက တော်တော်ကို ခက်ခဲခဲ့ကြပါတယ်။

တခါက ပလက်ဝဘက်က ကျန်ရစ်ခဲ့တဲ့မိသားစုဆီကို ဖုန်းဆက်စကားပြောရင်း ပလက်ဝမှာ စားစရာ ဆန်ပြတ်လုနီးပါး ဖြစ်နေလို့ ခက်ခဲနေတဲ့ အကြောင်းနဲ့ ဟင်းမရှိတာကြောင့် ရှိတဲ့ ဆန်နဲ့ ဆားနဲ့ ရောချက်ပြီး စားလို့ ဝမ်းပျက် ဝမ်းလျော တွေ ဖြစ်ကြတဲ့ အကြောင်း ကြားလိုက်ရပြီးကတည်းက “ထမင်းစားပြီးပြီလား”ဆိုတဲ့ မေးခွန်းကို သူဘယ်တော့မှ မမေးတော့ဘူးလို့လည်း ဒေါ်ပြီတင်းက ဆိုပါတယ်။

သူ့မိသားစု အတူပြန်ဆုံဖို့ မိသားစုကို ပြန်ခေါ်နိုင်ဖို့လည်း ဒေါ်ပြီတင်းက မျှော်လင့်နေပါတယ်။

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် ရောက်ရှိနေသည့် ချင်းစစ်ရှောင်ဒုက္ခသည်များ/မျိုးမင်းစိုး/ဧရာဝတီ

ရန်ကုန်မှာပဲ စက်ရုံအလုပ်ရှာလုပ်ပြီး ဝင်ငွေရှာဖို့နဲ့ တမိသားစုလုံး ရန်ကုန်ကို ရွှေ့ပြီး ကလေးတွေကိုလည်း ရန်ကုန်မှာပဲ ကျောင်းထားချင်လို့ သူကြိုးစားမယ်လို့လည်း ဆိုပါတယ်။

စစ်ဘေးရှောင် ဒုက္ခသည်စခန်းထဲမှာ ခိုလှုံနေကြတဲ့ ပလက်ဝဒေသခံတွေဟာ ပြေးလာကြတဲ့ အကြောင်းရင်းတွေ ကိုယ်စီနဲ့ပါပဲ။

ကျီးလေကျေးရွာက ပြောင်းပြေးလာကြတဲ့ ဦးကံထွန်းတို့ မိသားစုကတော့ မီးလက်ဝရွာလိုမျိုး တိုက်ပွဲတွေကြောင့် ပြေးရင်း ရန်ကုန်ကို ရောက်လာတာ မဟုတ်ပါဘူး။

ကျီးလေကျေးရွာထဲကို AA စစ်သားတွေ ဝင်လာပြီး အဓမ္မ ပစ္စည်းတွေ သယ်ခိုင်းတာ၊ တပ်ကို သတင်းပို့တယ်ဆိုပြီး မသင်္ကာ ဖြစ်လို့ တရွာလုံးကို လူစုပြီး ရိုက်နှက်တာ ကြိမ်းမောင်းတာတွေကြောင့် ကြောက်လန့်ပြီး သူတို့ရွာကို စွန့်ခဲ့တာ ဖြစ်ပါတယ်။

ကျီးလေကျေးရွာမှာ ရွာသားတွေကို ရိုက်နှက်ပြီးနောက်မှာတော့ AA ဘက်က သူတို့ မတရား လုပ်တာ မရှိကြောင်း သက်သေပြဖို့ ရုပ်သံမှတ်တမ်းတွေ လာရိုက်ယူ၊ ရိုက်နှက်ခံခဲ့ရတဲ့ ရွာသားတွေကို တောင်းပန်ကြောင်း လာပြောပေမယ့် ကျီလေရွာသားတွေ စိတ်ထဲမှာတော့ အကြောက်တရားက စွဲကျန်နေခဲ့ပါတယ်။

ဦးကံထွန်းက “ထပ်ပြီး လာရိုက်မှာကို ကြောက်တယ်။ သူတို့က နောက်ထပ် သတင်းပို့ရင် ရွာကို မီးရှို့မယ်။ တရွာလုံး ကို ပစ်သတ်မယ် ဘာညာဆိုတော့ ကျနော်တို့ ကြောက်လန့်တာပေါ့။ သူတို့က စကားလည်လည်ဝယ်ဝယ်တတ်တဲ့ လူဆိုလည်း လိုက်ခေါ်တယ်။ အဲဒီမှာ ဆက်နေရင် ကိုယ့် အသက်မစွန့်ချင်လို့ ထွက်ပြေးတာပါ” လို့ ပြောပြပါတယ်။

ဦးကံထွန်းက အသက် ၆၀ ကျော်ပြီဖြစ်လို့ အသက်ကြီးလို့ AA တပ်ဖွဲ့ဝင်တွေ ရိုက်နှက်မေးမြန်းတုန်းက အရိုက် မခံခဲ့ရပေမယ့် ရွာထဲမှာ ထပ်ပြီး မသင်္ကာမှုတွေ ဖြစ်လာခဲ့ရင် သူ့သား၊ သူ့သမီး တွေနဲ့ မြေးတွေ တခုခုဖြစ်မှာကို စိုးရိမ်တာကြောင့်လည်း ထွက်ပြေးဖို့ စဉ်းစားခဲ့တာလို့ သိရပါတယ်။

တကယ်တော့ ကျီးလေ ရွာသားတွေက ရွာထဲမှာ AA တပ်ဖွဲ့တွေ ရောက်နေတဲ့ အကြောင်းနဲ့ ရိက္ခာတွေ သယ်ယူ နေတဲ့ အကြောင်းကို သတင်းပို့ခဲ့တာ မရှိပါဘူး။

အရက်မူးနေတဲ့ ရွာသားတယောက်က အဓမ္မပစ္စည်းသယ်ခိုင်းတာ တပ်ကို တိုင်မယ်လို့ မူးမူးနဲ့ ပြောခဲ့တာကြောင့် တရွာလုံး သံသယဖြစ်ခံခဲ့ကြရပြီး ရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကျီးလေရွာထဲက တယ်လီဖုန်းဆိုင်ပိုင်ရှင်ဆိုလည်း ရိုက်ခံရတဲ့ ဒဏ်ရာတွေ ရရှိတာကြောင့် ပလက်ဝမြို့မှာ ဆေးကုခဲ့ရပါသေးတယ်။

တယ်လီဖုန်းဆိုင်ပိုင်ရှင်လည်း ရွာကို မပြန်ရဲတော့တာကြောင့် ဆွေမျိုးတွေရှိတဲ့ အခြားဒေသ တခုကို တိမ်းရှောင် သွားတယ်လို့ သိရပါတယ်။

ဦးကံထွန်းကတော့ ရန်ကုန်ကို သူ့သား၊ သမီး၊ ချွေးမ၊ မြေးတွေ အားလုံးကို ခေါ်ပြီး စုစုပေါင်း မိသားစုဝင် ၉ ဦးလုံး ပြောင်းလာကြတာပါ။

ရွာကနေ ထွက်ပြေးတာကို AA တပ်ဖွဲ့ဝင်တွေ သိရင် ဟန့်တားတာ ထွက်ခွင့်မပေးတာမျိုး ကြုံရမှာ စိုးရိမ်တာ ကြောင့်လည်း ထွက်ပြေးတုန်းက အထုပ်အပိုးတွေ သိပ်မသယ်ပဲ ပလက်ဝမြို့ကို အလည်အပတ် သွားသလိုနဲ့ ထွက်လာခဲ့ကြတာလို့ သူ့ရဲ့စိုးရိမ်မှုကို ဦးကံထွန်းက ပြောပါတယ်။

ဦးကံထွန်းက “ရွာက လူတွေတောင် မသိဘူး။ ကိုယ့်ညီအစ်ကိုလောက်ပဲ ပြောခဲ့တာ။ ကျနော် ထွက်ပြေးတော့မယ်။ မနေနိုင် တော့ဘူးလို့ ပြောပြီး ပြေးခဲ့တာ။ ပစ္စည်းတွေလည်း ကျန်ခဲ့တယ်။ အဝတ်အစားနဲ့ပဲ ပြေးလာတာ” လို့လည်း ဆက်ပြောပါတယ်။

သူ့ရဲ့ အိမ်၊ သူတို့ မိသားစုရဲ့စီးပွားရေး အားလုံးဟာ ကျီးလေရွာမှာပဲ ကျန်ခဲ့ပါတယ်။ ဦးကံထွန်းတို့ မိသားစုအနေနဲ့ ပလက်ဝမြို့ပေါ်ကို ပြောင်းပြေးရင်လည်း တိုက်ပွဲတွေရဲ့ စက်ကွင်း မလွတ်နိုင်တာကတကြောင်း၊ သားသမီးနဲ့ မြေးမြစ်တွေ အတွက် အလုံခြုံဆုံး၊ အဝေးဆုံး ဘယ်တပ်ဖွဲ့မှ လိုက်လာပြီး ဒုက္ခပေးလို့ မရတဲ့ နေရာ၊ အကြောက်တရား တွေနဲ့ နေထိုင်ဖို့ မလိုတဲ့ အရပ်၊ ရန်ကုန်ကို ပြောင်းလာခဲ့တာလို့လည်း ဆိုပါတယ်။

ဆက်ပြီး ဦးကံထွန်းက “အေးချမ်းရင်တော့ ကိုယ့်ရွာကိုယ် ပြန်ချင်တာပေ့ါ။ ပစ္စည်းတွေလည်း ကျန်ခဲ့တာလေ။ သတိ လည်း ရတယ်”လို့ ဆိုပါတယ်။

ဒုက္ခသည်တဦးဖြစ်တဲ့ ဘာသာရေးဆရာ ဦးကံလွတ်ကတော့ ပလက်ဝကို ပြန်မယ်ဆိုရင်တောင် သူတို့မှာ ပိုင်ဆိုင်မှု ဘာမှ မရှိတော့ဘူးလို့ပြောပါတယ်။

တပ်မတော်စစ်ကြောင်းတွေက ရွာတွေထဲကို ဝင်ရင် သူတို့ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ယူသွားပြီ ဆိုတဲ့ သတင်းတွေ ကြောင့် ရွာမှာ ဘာမှကျန်တော့မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

မေ ၂၆ ရက်မှာတော့ အောက်မီးလက်ဝကျေးရွာသားတွေ ထပ်ပြီး ကံဆိုးပြန်ပါတယ်။ သူတို့ ထွက်ပြေးလာခဲ့တဲ့ ရွာ၊ လူမရှိပဲ အိမ်နဲ့အိမ်တွင်း ပစ္စည်းတွေသာ ကျန်ခဲ့တဲ့ ရွာက မီးရှို့ခံရပါတယ်။ ဦးကံလွတ် အနေနဲ့ ဝမ်းနည်းပြီး မျက်ရည်ကျရုံက လွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။

“ကျနော်တို့ အဝတ်အစားကအစ ဘာမှ မယူပဲ သေတ္တာတွေနဲ့ ထားခဲ့တာ။ အခု မီးလောင်ပြီဆိုတော့ အကုန် ပါသွားပြီ”လို့ ပြောပါတယ်။

အခြေအနေ အေးချမ်းရင် အိမ်ကို ပြန်ကြမယ်ဆိုတဲ့ မျှော်လင့်ချက်တောင် ပျောက်သလို ဖြစ်သွား ကြပါတယ်။

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် ရောက်ရှိနေသည့် ချင်းစစ်ရှောင်ဒုက္ခသည်များ/မျိုးမင်းစိုး/ဧရာဝတီ

ပလက်ဝတဖက်ကမ်းက စစ်ဘေးရှောင်ဒုက္ခသည်တွေက အောက်မီးလက်ဝကျေးရွာ မီးလောင်နေတုန်း မီးငြှိမ်းဖို့ တဖက်ကမ်းကို လှေနဲ့ ကူးကြပေမယ့် ခြောက်လှန့် ပစ်ခတ် ခံခဲ့ရတာကြောင့် မီးရှို့ခံရတာကို ဒီအတိုင်း ကြည့်နေ ခဲ့ကြရတာပါ။

ရွာသားတွေကတော့ မီးလောင်ချိန်မှာ တပ်မတော်၊ စစ်ကြောင်းတွေကို အောက်မီးလက်ဝရွာ နားမှာ တွေ့တာကြောင့် တပ်မတော်က မီးရှို့တာလို့ စွပ်စွဲပြောဆိုကြပါတယ်။

တပ်မတော်ကတော့ AA ရှို့တာလို့ ပြန်စွပ်စွဲပြီး AA ကလည်း တပ်မတော် ရှို့တာဆိုပြီး အပြန်အလှန် စွပ်စွဲ ထားပါတယ်။

လက်သည်မပေါ်ပေမယ့် စစ်ဘေးရှောင်ဒုက္ခသည်တွေကတော့ သူတို့နေရပ်ရင်းရွာကိုတောင် ဆုံးရှုံးလိုက်ရပါပြီ။

အိမ်တွေ ဆုံးရှုံးလို့မှ မကြာသေးပေမယ့် မေ ၂၉ ရက်မှာ အောက်မီးလက်ဝရွာနား ထင်းကောက်ဖို့သွားတဲ့ စစ်ဘေးရှောင် အမျိုးသမီးတဦး ပစ်သတ်ခံခဲ့ရပြန်ပါတယ်။

ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ကျေးရွာထဲကိုတောင် ပြန်သွားလာဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။

ရန်ကုန်က စစ်ဘေးရှောင်ဒုက္ခသည်တွေကတော့ ပလက်ဝကို လက်ရှိအခြေအနေမှာ ပြန်လို့ မရတာ သေချာနေတာ ကြောင့် လတ်တလောမှာတော့ ဒုက္ခသည်စခန်းမှာပဲ မှီခိုပြီး ရန်ကုန်မှာပဲ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်ရှာကြမယ်လို့ ဆိုပါတယ်။

သူတို့ဘဝက ရန်ကုန်က စစ်ဘေးရှောင်ဒုက္ခသည်စခန်းထဲမှာ လုံခြုံနေပေမယ့် ရေရှည်မှာ တဘဝလုံး အတွက်ကတော့ ဒုက္ခသည်အဖြစ် မှီခိုနေလို့ မဖြစ်တာကြောင့် စားဝတ်နေရေး အတွက် ဝင်ငွေရှာကြရဦးမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် ရောက်ရှိနေသည့် ချင်းစစ်ရှောင်ဒုက္ခသည်များ/ နန်းလွင်နှင်းပွင့် /ဧရာဝတီ

ပလက်ဝမှာ နေတုန်းကတော့ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင်တောင်ယာနဲ့ စားဝတ်နေရေး၊ ငွေရေးကြေရေးကို အပူအပင်မရှိဘဲ ဖြတ်သန်းခဲ့ကြသူတွေပါ။

အခုတော့ စစ်ဘေးဒဏ်ကြား ထွက်ပြေးရင်း အကြောက်တရားတွေ ကျည်ဆန်တွေ နဲ့ ဗုံးလာကျဲမယ့် လေယာဉ်တွေ မရှိတဲ့ အရပ်၊ ရန်ကုန်မြေမှာ ဘဝကို သုညကနေ ပြန်စကြရတော့မှာ ဖြစ်ပါတယ်။

ဆက်စပ်လင့် 

ကိုဗစ်-၁၉ ကြောင့် ချင်းပြည်နယ် ပထမဆုံးလေယာဉ်ကွင်း ဖွင့်ရန် နှောင့်နှေးနေ

The post ဘဝကို သုညက ပြန်စရမယ့် ရန်ကုန်ရောက် ချင်းဒုက္ခသည်များ appeared first on ဧရာဝတီ.

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

$
0
0

မြန်မာပြည် လက်နက်ကိုင် ပဋိပက္ခများ အကြောင်း ပြောပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုသာ အလေးပေး ပြောဆိုလေ့ရှိပြီး မြန်မာ-အိန္ဒိယနယ်စပ်၌ လှုပ်ရှားနေသည့် ကသည်း လက်နက်ကိုင် တော်လှန်သူများ အကြောင်းကို ပြောဆိုလေ့ မရှိပါ။

ကသည်းလက်နက်ကိုင်များသည် မြန်မာမြေတွင် နေကာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို တော်လှန်၍ မဏိပူရ်ပြည်နယ် လွတ်မြောက်ရေး တောင်းဆိုနေကြသူများဟု သိကြသော်လည်း လူသိပ်မသိသည့် အချက်မှာ ယင်းအဖွဲ့များကြောင့် မြန်မာပြည်သူများ စိတ်မသက်သာ ဖြစ်နေမှုပင်ဖြစ်၏။

အိန္ဒိယ- မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း တမူးမြို့မှ ဒေသခံ အများစုကမူ “ကသည်း”ဟု ဆိုလိုက်သည်နှင့် ဝေးဝေးရှောင်လို ကြသည်။ အကြောင်းက လက်နက်ရှိသူတို့ ထုံးစံအတိုင်း လက်နက်အားကိုး ဗိုလ်ကျလေ့ ရှိသောကြောင့် ဖြစ်သည်။

တမူးမြို့သည် စစ်ကိုင်းတိုင်း အထက်ပိုင်း နယ်စပ်မြို့ ဖြစ်ပြီး အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး အတွက် အရေးပါ သည့်မြို့လည်း ဖြစ်သည်။ တဖက်တွင် အိန္ဒိယအရှေ့မြောက် အစွန်ဆုံးဒေသ မဏိပူရ်ပြည်နယ်နှင့် ထိစပ်နေသည်။

တမူးဒေသခံ လွှတ်တော် ကိုယ်စားလှယ်တဦးက“ဒေသခံတွေက ကသည်းတွေကို မကြိုက်ဘူး။ နယ်မြေချဲ့တယ်။ အနိုင် ကျင့် ဗိုလ်ကျတယ်။ လက်နက်ရှိတော့ ကျယ်တာပေါ့။ ဆက်ကြေးတောင်းရင် ပေးရတယ်။ တမူးဈေးထဲအထိ ဝင်ပြီး ဆက် ကြေးတောင်းတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ကသည်းလက်နက်ကိုင်များ လှုပ်ရှားရာ မြန်မာပြည်တွင်းရှိ ဒေသများ

တမူးခရိုင်ရှိ နယ်မြေခံ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မသိကျိုးကျွံ ပြုထားသည့်အတွက် ကသည်းသူပုန်များက မြန်မာပိုင်နက် တမူးမြို့နယ်ထဲ ဝင်ရောက်နေထိုင်ကြသည်မှာ ဆယ်စုနှစ်တခု ရှိခဲ့ပြီ ဖြစ်သည်။

ဒေသရှိ လူနေရပ်ကွက်များ အတွင်း လက်နက် ခဲယမ်းများသိုလှောင်ခြင်း၊ သူပုန်အဖွဲ့ဝင် အချင်းချင်း လုပ်ကြံသတ်ဖြတ် ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခြင်း၊ ဆက်ကြေးကောက်ခြင်း စသည့် လုပ်ရပ်များကြောင့် တမူး ဒေသခံများ က မနှစ်မြို့ကြပါ။

ကသည်းများသည် တမူးမြို့ ပေါ်တွင် ပေါ်ပေါ်ထင်ထင်ပင် နေခဲ့သည်။ ရောက်စ အရေအတွက်မှာ ရာဂဏန်း အထိ ရှိပြီး၊ နောက်ပိုင်း တမူးမြို့ အနီး ဟဲဆင်းရွာသို့ ပြောင်းရွေ့ သွားကြသည်။ ယခုအခါ ဟဲဆင်းရွာမှ ယူးမြစ် အရှေ့ ဘက် တောတွင်းသို့ ပြောင်းရွေ့နေကြသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ခြေချလာသည့် ကသည်းများကြောင့် လူမှုရေး ပြဿနာတချို့လည်း ရှိကြကြောင်း သိရသည်။

ကသည်းသူပုန်အဖွဲ့များအကြောင်း

၂၀၁၃ ခုနှစ်က မဏိပူရ် ပြည်သူ့ တပ်မတော် (Manipur People Army – MPA)၏ ၂၆နှစ် ပြည့် အခမ်းအနား (The Sangai Express)

၁၉၆၄ ခုနှစ်မှ စတင်၍ မဏိပူရ်ပြည်နယ်အား အိန္ဒိယနိုင်ငံမှ ခွဲထက်၍ သီးခြားလွတ်လပ်သော နိုင်ငံတခု တည်ထောင်ရန် ကြိုးပမ်းသောအဖွဲ့အစည်းများ ပေါ်ပေါက်ခဲ့သည်။

အစောဆုံး တည်ထောင်သည့်အဖွဲ့မှာ ပြည်ထောင်စု အမျိုးသား လွတ်မြောက် ရေး တပ်ဦး (United National Liberation Front-UNLF) ဖြစ်ပြီး ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ၂၄ ရက်နေ့တွင် တည်ထောင်ခဲ့သည်။ တည်ထောင်စဉ်က လက်နက် ကိုင် တိုက်ခိုက်ခြင်း မရှိသော်လည်း ၁၉၈၇ ခုနှစ်တွင် မဏိပူရ် ပြည်သူ့ တပ်မတော် (Manipur People Army – MPA) ကို ဖွဲ့စည်းကာ လက်နက်စွဲကိုင်တော်လှန်မှု စတင်ခဲ့သည်။

UNLF နောက်ပိုင်း မဏိပူရ်ပြည်နယ် ခွဲထွက်ရေးအတွက် လက်နက်ကိုင်တော်လှန်သည့်အဖွဲ့ အများအပြား ပေါ်ပေါက် ခဲ့သည်။

၁၉၇၇ ခုနှစ်တွင် ကသည်း ပြည်သူ့လွတ်မြောက်ရေးပါတီ – People’s Revolutionary Party of Kangleipak – PREPAK) အဖွဲ့၊ ၁၉၇၈ ခုနှစ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA အဖွဲ့၊ ၁၉၈၀ ခုနှစ်တွင် ကသည်းကွန်မြူနစ်ပါတီ – Kangleipak Communist Party – KCP အဖွဲ့တို့ အသီးသီး ပေါ်ထွက်လာခဲ့သည်။

ထို့ပြင် ၁၉၉၄ ခုနှစ်တွင် Kanglei Yawol Kanna Lup – KYKL ဟူသည့် လက်နက်ကိုင်သူပုန်အဖွဲ့ ပေါ်ပေါက်ခဲ့ပြီး
PREPAK အဖွဲ့မှ ကွဲထွက်သည့်အဖွဲ့တခုမှာ ၂၀၀၆ ခုနှစ်တွင် ညီညွတ်သော ကသည်း ပြည်သူ့ပါပါတီ – United People’s Party of Kangleipak – UPPK အဖြစ် ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်။

ကသည်းသူပုန်များတွင် အဖွဲ့ငယ်များစွာရှိသော်လည်း အထက်တွင် ဖော်ပြခဲ့သည့်အဖွဲ့ ၆ ဖွဲ့မှာ အင်အားအကြီးဆုံးနှင့် အထင်ရှားဆုံးအဖွဲ့များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ကသည်း ပြည်သူ့လွတ်မြောက်ရေးပါတီ – People’s Revolutionary Party of Kangleipak – PREPAK) တပ်ဖွဲ့များ(E Pao)

အဆိုပါ ကသည်းသူပုန်များမှာ မဏိပူရ်ပြည်နယ်အတွင်း ဘဏ်ဓားပြတိုက်ခြင်း၊ မဏိပူရ်ရဲတပ်ဖွဲ့နှင့် မဏိပူရ်ရိုင်ဖယ် တပ်ဖွဲ့ တို့ကို ပြောက်ကျားစနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခြင်း၊ ဗုံးခွဲခြင်း၊ ရဲတပ်ဖွဲ့အကြီးအကဲများနှင့် အစိုးရ အဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ နယူးဒေလီ ဗဟိုအစိုးရက အထူး သတိထားစောင့်ကြည့်ခံ နေရသည့်သူပုန်အဖွဲ့များ ဖြစ်သည်။

အိန္ဒိယ – မြန်မာ နယ်စပ်အရေး စောင့်ကြည့်လေ့လာသူတို့ အဆိုအရ ကသည်းသူပုန်အဖွဲ့ အားလုံး၏ အင်အားမှာ ၃ ထောင် နီးပါး ရှိမည်ဟု ခန့်မှန်းကြသည်။

ကသည်းလက်နက်ကိုင်များ မြန်မာဘက်ခြမ်း ဝင်ရောက်လာမှုကို ဆက်လက်ဖော်ပြပါမည်။

You may also like these stories:

အိန္ဒိယ အစိုးရကို တော်လှန်သည့် ကသည်းသူပုန် ၂၂ ဦးကို မြန်မာ ပြန်လွှဲပေး

ကသည်းလက်နက်ကိုင်အဖွဲ့ အလိုမရှိကြောင်း ချင်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

The post အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ appeared first on ဧရာဝတီ.

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

$
0
0

ကသည်းသူပုန်များ မြန်မာဘက်ကို ဘယ်လိုရောက်လာလဲ

အမှန်တကယ် ကသည်းလက်နက်ကိုင်များသည် အိန္ဒိယ အစိုးရကို ပုန်ကန်နိုင်စွမ်း မရှိဟု နယ်စပ်မှ စစ်ရေး အကဲခတ် များက ယုံကြည်သည်။

အိန္ဒိယအစိုးရအား တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် သူပုန်အဖွဲ့အားလုံးပူးပေါင်း၍ စစ်ရေးမဟာမိတ် Joint Fighting Force – JFF အဖြစ် တိုက်ခိုက်လေ့ရှိသော်လည်း ကျန်အချိန်များတွင် PLA အဖွဲ့က သီးခြားရပ်တည်ကာ အခြားသော UNLF ၊ PREPAK ၊ KYKL ၊ KCP ၊ UPPK အဖွဲ့များက မဟာမိတ်များအဖြစ် ပူးပေါင်းလှုပ်ရှားလေ့ရှိကြောင်း အိန္ဒိယ – မြန်မာ နယ်စပ်အရေး စောင့်ကြည့်လေ့လာသူများက ပြောဆိုသည်။

၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် အိန္ဒိယဗဟိုအစိုးရက အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုအဖွဲ့များဖြင့် မဏိပူရ် ပြည်နယ်အတွင်းရှိ ကသည်းသူပုန်များကို အင်အားသုံးနှိမ်နင်းချိန်၌ မြန်မာစစ်အစိုးရသည် ကသည်းသူပုန်အဖွဲ့များ ဆက်လက် ရှင်သန် ရပ်တည်နိုင်ရေးအတွက် တခုတည်းသော အားကိုးရာ ဖြစ်လာခဲ့သည်။

“အိန္ဒိယတပ်က အဆင့်မြင့်နည်းပညာတွေ သုံးတယ်။ စစ်ဆင်ရေးထွက်ရင် Satellite (ဂြိုလ်တု)ကနေကြည့်နေပြီး စစ် ကြောင်းကို သတင်းပို့ပေးတာ။ တောထဲမှာ ပုန်းလို့ကို မရဘူး။ အိန္ဒိယတပ်ကို ပြောက်ကျားစနစ်နဲ့ ခြုံခိုတိုက်လို့ မရတော့ ဘူး။ အဲဒီမှာ ကသည်းသူပုန်တွေရဲ့ ပြောက်ကျားစနစ် နိဂုံးချုပ်တာပဲ”ဟု အမည်မဖော်လိုသည့် အိန္ဒိယ – မြန်မာ စစ်ရေး လေ့လာသုံးသပ်သူက ရှင်းပြသည်။

ထိုအချိန်က မြန်မာနိုင်ငံကို အာဏာသိမ်းစစ်ကောင်စီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရက အုပ်ချုပ်နေချိန်ဖြစ်သည်။

နအဖ ထိပ်တန်းခေါင်းဆောင်တဦးက သဘောတူသည့်အတွက် ကသည်းသူပုန်အဖွဲ့များကို အိန္ဒိယ – မြန်မာနယ်စပ်တွင် ကန့်သတ်ချက်များဖြင့် နေထိုင်ခွင့်ပေးခဲ့သည်ဟု ဒေသတွင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

“အဲဒီအချိန်က မင်းတို့နယ်စပ်မှာနေ၊ ဟိုဘက် (အိန္ဒိယ) ကို ကျည်တတောင့်မှ မကျစေနဲ့။ မူးယစ်ဆေးဝါး မလုပ်နဲ့၊ လက်နက်အရောင်းအဝယ် မလုပ်နဲ့ဆိုပြီး အမိန့်ပေးထားပြီး ကန့်သတ်ချက်နဲ့ နေခွင့်ပေးခဲ့တာ”ဟု အိန္ဒိယ – မြန်မာ စစ်ရေးလေ့လာ သုံးသပ်သူက ပြောသည်။

ထို့ကြောင့် ကသည်းသူပုန်အဖွဲ့များမှာ တမူးမြို့ပေါ်တွင် ၂၀၀၀ ခုနှစ်ဝန်းကျင်မှစတင်ကာ အခြေချနေထိုင် လှုပ်ရှားခဲ့ကြပြီး ကသည်းသူပုန်များနှင့် ပတ်သက်၍ ပြဿနာတစုံတရာပေလျှင် နယ်မြေခံ အုပ်ချုပ်ရေးဌာနများနှင့် ရဲတပ်ဖွဲ့တို့က လက် ရှောင်လေ့ရှိသည်ဟု သိရသည်။

ကလေးမြို့ အခြေစိုက် ဒေသကွပ်ကဲရေးဌာနချုပ်နှင့် မုံရွာမြို့အခြေစိုက် အနောက် မြောက်ပိုင်းစစ်ဌာနချုပ် (နမခ)က အဓိက ကိုင်တွယ်ဆောင်ရွက်ကြောင်း အိန္ဒိယ – မြန်မာစစ်ရေးလေ့လာစောင့်ကြည့်သူတွေက ပြောဆိုသည်။

မဏိပူရ်ပြည်နယ် ခွဲထွက်ရေး တိုက်ခိုက်နေသည့် ကသည်းသူပုန်များအရေးသည် နအဖစစ်အစိုးရ သက်တမ်း တလျှောက် အိန္ဒိယ – မြန်မာ နှစ်နိုင်ငံအစိုးရများ တွေ့ဆုံဆွေးနွေးချိန်တွင် အမြဲပါဝင်သည့်အရေးကြီးကိစ္စ ဖြစ်ခဲ့သည်။

အိန္ဒိယအစိုးရက မြန်မာကို ကသည်းသူပုန်များကို လက်ခံမထားရန် အမြဲတိုက်တွန်းပြောဆိုခဲ့သလို မြန်မာ ဘက်ကလည်း လက်ခံထားခြင်းမရှိကြောင်း အမြဲငြင်းဆန်လေ့ ရှိသည်။

မဏိပူရ် ပြည်သူ့ တပ်မတော် (Manipur People Army – MPA)၏ လေ့ကျင့်ရေး စခန်း(Indiacontent)

သို့သော် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က မြန်မာနိုင်ငံတွင် အခြေစိုက်လှုပ်ရှား၍ အိန္ဒိယ အစိုးရကို တော်လှန် တိုက်ခိုက် နေသည့် အာသံနှင့် ကသည်း သူပုန် အဖွဲ့ဝင် ၂၂ ဦးကို စစ်ကိုင်းတိုင်း၊ ခန္တီးလေဆိပ်တွင် အိန္ဒိယ အစိုးရထံသို့ ပြန်လည် လွှဲပြောင်း ပေးလိုက်သည့် ရှားပါးသည့် ဖြစ်ရပ်တခု ဖြစ်ခဲ့သည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်တွင် အခြေစိုက်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN – K) နှင့် ဆက် သွယ်ဆောင်ရွက်မှုများ ရှိလာသည့် သတင်းများကြောင့် မြန်မာ့တပ်မတော်က ကသည်းသူပုန်များကို လက်မခံရန် သတိပေးခဲ့သည်။

ထိုနောက်ပိုင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တပ်မတော်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာ အနီးရှိ NSCN – K အဖွဲ့ ဌာနချုပ်ကို ဝင်ရောက်စီးနင်းကာ နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

နယ်မြေရှင်းလင်းမှုအပြီးတွင် နာဂတို့ လက်ခံထားသည့် UNLF ၊ PREPAK ၊ PLA နှင့် KYKL ကသည်းသူပုန် တပ်ဖွဲ့ဝင် ၂၄ ဦးကို တပ်မတော်က ဖမ်းဆီးရမိခဲ့သည်။

နာဂအဖွဲ့ NSCN – K အနေဖြင့် ၂၀၁၂ ခုနှစ်တွင် တိုင်းဒေသကြီးအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုး ထားသော်လည်း အဆိုပါ သဘောတူညီချက်ကို ချိုးဖောက်ကြောင်း၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို တော်လှန်တိုက် ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များကို လက်ခံထားသည့်အတွက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ (NSCN-K) ဗဟိုဌာနချုပ် တကားစခန်းအနီးမှ အာသံနှင့် ကသည်း လက်နက်ကိုင်များ၏ စခန်းများကို တပ်မတော်က ရှင်းလင်းစဉ် ဖမ်းမိသည့် လက်နက်များ(တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

“နာဂအဖွဲ့က ကသည်းသူပုန်တွေကို လေ့ကျင့်ပေးနေတာ။ အလကားတော့ မဟုတ်ဘူး။ ကသည်းတွေက လေ့ကျင့် စရိတ် ပိုက်ဆံပေးရတယ်။ အခြေခံတပ်သားသစ် သင်တန်းတင် ၄ လလောက် တက်ရတယ်။ လေ့ကျင့်စရိတ်က တယောက်ကို ရူပီး ၃ သောင်း (မြန်မာငွေ ၅ သိန်း ၅ သောင်းကျပ်ဝန်းကျင်) အနည်းဆုံးပေးရတယ်။ နာဂအဖွဲ့က အဲ့လိုတွေ လေ့ကျင့်ပေးနေတာ တပ်ကသိလို့ နယ်မြေရှင်းလင်းရေးလုပ်တာ”ဟု အိန္ဒိယ – မြန်မာစစ်ရေး လေ့လာ စောင့်ကြည့်သူက ပြောပြသည်။

အဆိုပါ ကသည်းသူပုန် ၂၄ ဦးကို ၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် တမူးမြို့နယ်တရားရုံးက မတရားအသင်း အက် ဥပဒေပုဒ်မ ၁၇/၁ အရ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။

တနှစ်ခန့်အကြာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ ပြန်လွတ်လာသည့် ကသည်းသူပုန် ၂၂ ဦးမှာ မကြာမီ အိန္ဒိယ အစိုးရထံ လွှဲပြောင်းခံခဲ့ရသည်၊ ထိုအဖြစ်အပျက်မှ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

တပ်မတော်မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ကျနော်တို့ ဆုပ်ကိုင်ထားတဲ့ မူဝါဒက အိမ်နီးနားချင်း နိုင်ငံတွေကို ဆန့်ကျင် နေတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမှ မြန်မာနိုင်ငံထဲမှာ အခြေပြုပြီးတော့မှ ဒီပြင့်နိုင်ငံတွေကို ဆန့်ကျင်တဲ့လုပ်ငန်းတွေ လုပ်တာကို လက်ခံမှာ မဟုတ်ပါဘူး”ဟု ပြောသည်။

သို့သော် ဒေသခံများ၊ လွှတ်တော် ကိုယ်စားလှယ်များကမူ တပ်မတော်က လက်ခံဘဲ ကသည်းများ ယခုလို ရပ် တည် နိုင်ခြင်း မရှိကြောင်း၊ တပ်မတော်၏ အင်အားဖြင့် ကသည်းများကို အချိန်မရွေး ဝင်ရောက် ရှင်းလင်းနိုင်ကြောင်း ပြော သည်။

“တပ်မတော်ကတော့ ကျနော်တို့ဒေသမှာ ကသည်းတွေ မရှိဘူးလို့ပဲ ပြောမှာ။ သမ္မတဆီကို သတင်းတင်ရင်တောင် မရှိဘူး လို့ပဲ တင်မှာ။ လွှတ်တော်မှာ ကာကွယ်ရေး ဒုတိယ ဝန်ကြီးက တမူးမှာ ကသည်းတွေ မရှိဘူး ဖြေခဲ့တာပဲလေ။ ရှိရင် သူတို့ ကို သတင်းပေးပါဆိုတော့ ပြီးပြီပေါ့”လို့ အမည်မဖော်လိုသည့် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

တပ်မတော်က ရှင်းလင်းသည့် အာသံနှင့် ကသည်းလက်နက်ကိုင် စခန်းများပြ မြေပုံ( တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

အရပ်သားအစိုးရ မတိုင်မီ မြန်မာစစ်ခေါင်းဆောင်များက အိန္ဒိယ – မြန်မာနှစ်နိုင်ငံ ဆွေးနွေးသည့် စားပွဲဝိုင်းတိုင်းတွင် ကသည်းမရှိကြောင်း ငြင်းဆိုသော်လည်း မြန်မာနိုင်ငံ အုပ်ချုပ်ရေး အာဏာပိုင်များက မသိကျိုးကျွံပြုသည့် အတွက် မြန်မာပိုင်နက် တမူးဒေသအတွင်း၌ ကသည်းသူပုန်အဖွဲ့များ ဝင်ရောက် လှုပ်ရှားနေထိုင်မှု တစထက်တစ ပိုမိုများပြားလာခဲ့သည်။

အနေကြာလာသည်နှင့်အမျှ ကသည်းသူပုန်တို့က တမူးမြို့ပေါ်တွင် ကိုယ်ပိုင်အိမ်၊ ခြံ၊ မြေများ ဝယ်ယူ၍ နေထိုင်လာ ခဲ့ကြသည်။

ကသည်းသူပုန်အရာရှိများမှာ တမူးမြို့ပေါ်တွင်နေကြပြီး အောက်ခြေအဆင့်အဖွဲ့ဝင်များက တမူးမြို့နယ်ရှိ ဟဲဇင်း၊ ထုံကတပ်၊ လှည်းဆိပ်၊ နောင်သစ်နှင့် ကျေးရွာတချို့တွင် နေထိုင်လျှက်ရှိကြောင်း တမူးမြို့ခံများက ပြောဆိုသည်။

“ကသည်းသူပုန်ထဲက အရာရှိအဆင့်တွေကတော့ တမူးမြို့ပေါ်မှာနေတယ်။ မြန်မာဘက်က ဒေသခံ အမျိုးသမီးတွေကို ယူတယ်။ သူတို့နာမည်နဲ့ အိမ်ခြံမြေတွေ ဝယ်ပြီးနေတယ်။ ကျန်အဆင့်တွေကတော့ ရွာတွေမှာနေတာလည်း ရှိတယ်။ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာဆိုရင် ကသည်းတွေချည်း ဖြစ်ကုန်ပြီ။ ကသည်းရပ်ကွက်လိုမျိုးကို ဖြစ်သွားပြီ”ဟု
ကူကီးလူငယ်ကွန်ရက်ခေါင်းဆောင် တမူးမြို့ခံဖြစ်သူ ကိုဆေးဂင်က ပြောပြသည်။

မြန်မာပြည်အတွင်း ဝင်ရောက်လှုပ်ရှားနေသည့် ကသည်းလက်နက်ကိုင်များ ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ပြဿနာများကို ဆက်လက်ဖော်ပြပေးသွားမည်။

ဆက်စပ်ဖတ်ရှုရန်

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

တမူးမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

အိန္ဒိယ-မြန်မာ နယ်ခြားမျဉ်းပေါ်က နိုင်ငံရေးကျားကွက်များ

အိန္ဒိယ- မြန်မာ ပူးပေါင်း စစ်ဆင်ရေး လုပ်ဆောင်ခြင်း မရှိဟု တပ်မတော်ပြော

တပ်မတော်နှင့် အိန္ဒိယသူပုန်တို့ နယ်စပ်၌ တိုက်ပွဲဖြစ်

The post အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ appeared first on ဧရာဝတီ.

အသက်ကြီးပေမယ့် တိုက်ပွဲတပွဲ ထပ်နွှဲဦးမယ့် မဟာသီယာ

$
0
0

မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက် Mahathir Mohamad ၏ အမည်ပြောင် ဖြစ်သည့် ဒေါက်တာ M က မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကိုဗစ် ၁၉ ကူးစက်ကပ်ရောဂါနှင့် ပတ်သက်သော သတင်းများကသာ လွှမ်းမိုးနေခဲ့သော ဒေသတွင်း မီဒီယာများတွင် နောက်တကြိမ် သတင်းခေါင်းစဉ်များ ပြန်ဖြစ်လာခဲ့သည်။

မလေးရှားအစိုးရက မေလ ၄ ရက် နေ့တွင် ၇ ပတ်ကြာ ပိတ်ဆို့မှုများကို ဖြေလျှော့ပြီး ၎င်း၏ စီးပွားရေးကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။ မဟာသီယာမိုဟာမက်က ထိုအချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ပင် သူ၏ နောက်ဆုံးနိုင်ငံရေး ရွှေ့ကွက်ကို စတင်လိုက်သည်။

မေလ ၉ ရက်နေ့တွင် မဟာသီယာနှင့် သူ၏ သက်တမ်းရှည် နိုင်ငံရေးပြိုင်ဘက် ဒုတိယ ဝန်ကြီးချုပ်ဟောင်း အန်နဝါအီဘရာဟင် Anwar Ibrahim တို့က မူယစ်ဒင် ယက်ဆင်  Muhyiddin Yassin အစိုးရကို ဖြုတ်ချရေး အတူတကွ ဆောင်ရွက်ရန် ကတိပြုသော ပူးတွဲ ကြေငြာချက်တစောင်ကို ထုတ်ပြန်ခဲ့ကြသည်။

“ဒီအခြေအနေကို သိနေတဲ့အတွက် လက်ရှိ အစိုးရကို ကျနော်တို့ အသိအမှတ်မပြုပါဘူး။ ကျနော်တို့ရဲ့ အခြေခံ မူဝါဒက ပြည်သူလူထုရဲ့ ထောက်ခံမှု မပါဝင်ဘဲ ရပ်တည်တဲ့ ဒီအစိုးရကို ပထမဆုံးဖွဲ့စည်းတဲ့နေ့ကတည်းက ရှင်းရှင်းလင်းလင်း ရှိခဲ့ပြီး ဖြစ်ပါတယ်” ဟု ကြေညာချက်က ဆိုသည်။

မဟာသီယာ မိုဟာမက်က  မေလ ၁၈ ရက်နေ့တွင် ကျင်းပခဲ့သော ပါလီမန် အစည်းအဝေးတွင် အယုံအကြည်မရှိ အဆိုတင်သွင်းရန် စီစဉ်ခဲ့သော်လည်း ဝန်ကြီးချုပ် က ဘုရင် အဘ္ဘဒူလာ Abdullah ၏ မိန့်ခွန်းကို လိုက်နာသည့်အနေဖြင့် ပါလီမန်ကို ရွှေ့ဆိုင်းရန် အောက်လွှတ်တော် ဥက္ကဌကို အမိန့်ပေးခြင်းအားဖြင့် ထိုလုပ်ရပ်ကို တားဆီးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကို ပထမဆုံး ဖြေရှင်းရန် လိုအပ်သည်ဟု သူက အခိုင်အမာပြောကြားခဲ့သည်။

ထိုနေ့က ပါလီမန် အစည်းအဝေးမှာ မိနစ် ၃၀ အတွင်း အဆုံးသတ်ခဲ့သည်။ အယုံအကြည်မရှိ အဆိုကို မဲခွဲရေးနှင့် ပတ်သက်၍ အချေအတင် ဆွေးနွေးမှုများကို ပါလီမန်ပြန်လည်စတင်မည့် ဇူလိုင်လ အလယ်အထိ ရွှေ့ဆိုင်းခဲ့သည်။

မေလကုန်အထိ မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ၇၈၁၉ နှင့်သေဆုံးသူ ၁၁၅ ဦး ရှိခဲ့သည်။ ကူးစက်မှု ပေါက်ကွဲ ထွက်သွားမည်ကို ကာကွယ်သည့်အနေဖြင့် မူယစ်ဒင် ဟတ်ဆင်က သူ၏ အစိုးရကို စတင် ဖွဲ့စည်းခဲ့ပြီး ရက်သတ္တပတ် ၁ ပတ် အကြာ မတ်လ အလယ်ပိုင်းတွင် တနိုင်ငံလုံး အတိုင်းအတာ ပိတ်ဆို့ကန့်သတ်မှုကို ကြေညာခဲ့သည်။

ဗြိတိန် စစ်တမ်းကောက်ယူရေး အဖွဲ့အစည်းတခု ဖြစ်သည့် YouGov က နိုင်ငံနှင့် နယ်မြေ ၂၆ ခုတွင် လတ်တလော ပြုလုပ်ခဲ့သည့် စစ်တမ်းအရ မလေးရှားအစိုးရသည် ပြည်သူလူထု၏ ယုံကြည်မှုကို ၉၃ ရာခိုင်နှုန်းဖြင့် ဒုတိယ အမြင့်ဆုံး ရရှိထားသည်။ သူ့အထက်တွင် ဗီယက်နမ် တနိုင်ငံသာ ရှိသည်။ သို့သော် မဟာသီယာက မည်သည့် အတွက် ပြင်းပြင်းထန်ထန် ဝေဖန်နေရပါသနည်း။

မဟာသီယာမိုဟာမက်က နာဂျစ်ရာဇတ် Najib Razak ကို ရာထူးမှ ဖြုတ်ချခဲ့ပြီး ၂၀၁၈ အထွေထွေရွေးကောက်ပွဲတွင် နာဂျစ်ရာဇတ်၏ အာဏာရ United Malays National Organization (UMNO) ကို အနိုင်ယူခဲ့သည်။ ထိုကြိုးပမ်းမှုတွင် သူက အန်နဝါအီဘရာဟင်နှင့် ပူးပေါင်းခဲ့သည်။ ထိုအချိန်က အသက် ၉၂ နှစ်ရှိပြီဖြစ်သော မဟာသီယာသည်  ၁၅ နှစ်အတွင်း ပထမဆုံး အကြိမ် ဝန်ကြီးချုပ်အဖြစ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၂ နှစ်အတွင်း အန်နဝါဆီသို့ အာဏာ လွှဲပြောင်းပေးမည်ဟု ကတိပြုခဲ့သည်။

သို့သော်လည်း မဟာသီယာ မိုဟာမက်က ရာထူး လွှဲပြောင်းပေးရေး ရှင်းလင်းသော အချိန်အတိုင်းအတာ တခုကို မည်သည့်အခါမျှ ပေးခဲ့ခြင်း မရှိသောကြောင့် အာဏာရညွန့်ပေါင်းအစိုးရအတွင်း ဆန့်ကျင်ဘက် တုန့်ပြန်မှုများ ပေါ်ပေါက်စေခဲ့သည်။ မဟာသီယာ၏ ညာလက်ရုံး ဖြစ်သော လက်ရှိဝန်ကြီးချုပ် ယက်ဆင်က  နာဂျစ်ရာဇတ်ကို ဖြုတ်ချခဲ့စဉ်တုန်းကကဲ့သို့ သူ၏ အခွင့်အရေးကို အမိအရ အသုံးချခဲ့သည်။ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် သူက UMNO ကို အာဏာရ အသိုင်းအဝိုင်းအတွင်းသို့ ခေါ်ယူလာပြီး ညွန့်ပေါင်းအစိုးရကို အပြောင်းအလဲ ပြုလုပ်ရန် သူက ဘုရင်ကို တောင်းဆိုခဲ့သည်။

သူ၏ ယခင် ပါတီဟောင်းနှင့် မပူးပေါင်းလိုသူ မဟာသီယာက ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ သို့သော်လည်း အံ့အားသင့်စရာ လုပ်ရပ်အနေဖြင့် အာဏာရပါတီအတွင်းမှ အချင်းများမှုများကို ဖြေရှင်းရန်နှင့် အာဏာကို နောက်တကြိမ် ရယူနိုင်ရန် ရည်ရွယ်ပြီး အကွက်ရွှေ့သည်။ တန်ပြန်ရလဒ်က မကောင်းဘဲ ယက်ဆင်ကို အစိုးရ ပေးဖွဲ့ခဲ့ရသည်။

လက်ရှိဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်

ရှုပ်ထွေးမှုများ ရှိနေသည်တွင် ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်းရန် အခွင့်အာဏာရှိသည့် ဘုရင်က ဥပဒေပြု အမတ်များ အားလုံးပါဝင်သည့် အစည်းအဝေး တခုကို ကျင်းပခဲ့ပြီး မူယစ်ဒင် ယက်ဆင်ကို အမည်စာရင်းတင်သွင်းခဲ့သည်။ သူက ထောက်ခံမှု အများစု ရရှိထားသည်ဟုလည်း ပြောသည်။ ထောက်ခံမှု အများစုကို ပိုင်ဆိုင်သည်ဟု မဟာသီယာက အခိုင်အမာ ပြောဆိုသော်လည်း တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ဝန်ကြီးချုပ် ရာထူးကို ပြန်လည် ရယူနိုင်ခဲ့ခြင်း မရှိပါ။ ဒေသတွင်း မီဒီယာ သတင်းများ၏ အဆိုအရ ဇူလိုင်လတွင် ပါလီမန်ပြန်မစမီ အောက်လွှတ်တော်တွင် ထောက်ခံမှု အများစုရရှိရန် ၂ ဖက်လုံးက မြင်ကွင်းနောက်ကွယ်မှ ကြိုးစား နေကြသည်။

ဇူလိုင်လတွင် အသက် ၉၅ နှစ် ပြည့်မည့် မဟာသီယာ မိုဟာမက်က အကောင်းဘက်မှ မြင်နေဆဲဖြစ်သည်။ ယခုတကြိမ်သည် ဝန်ကြီးချုပ်တဦးကို ဖြုတ်ချရန် သူ၏ တတိယမြောက် ကြိုးပမ်းမှုဖြစ်သည်။

လွတ်လပ်ရေးရပြီး နောက်ပိုင်း မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် ဝန်ကြီးချုပ်ဖြစ်သော မဟာသီယာ မိုဟာမက်က ၁၉၈၁ မှ ၂၀၀၃ ခုနှစ် အထိ တိုင်းပြည်ကို ဦးဆောင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ထိုစဉ်က သူ၏ လက်ထောက် ဖြစ်သော အဗ္ဗဒူလာ ဘာဒါဝီ  Abdullah Badawi ကို သူ့နေရာဆက်ခံမည့်သူအဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။ “ဦးသန့်ရှင်း (Mr. Clean)”  ဟု အမည် တွင်သည့် အဗ္ဗဒူလာ ဘာဒါဝီက ငွေကြေး ဖြုန်းတီးသော ဆောက်လုပ်ရေးစီမံကိန်းများကို ဖယ်ရှားပစ်ရန် ရည်ရွယ်သော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ၏ တစိတ်တပိုင်း အနေဖြင့် ယခင်အစိုးရက စတင်ခဲ့သော ဂျိုဟိုး-စင်ကာပူ  Johor-Singapore  ဆက်သွယ်သည့်လမ်းကို အစားထိုး မည့်စီမံကိန်းအား ရပ်တန့်ခဲ့သည်။ သို့သော် မဟာသီယာ၏ ဆန့်ကျင်မှုကိုသာ ရရှိ စေခဲ့သည်။

၂၀၀၈ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် UMNO က အမတ်နေရာများ ဆုံးရှုံး ခဲ့ရပြီးနောက်တွင် မဟာသီယာက ဘာဒါဝီကို နှုတ်ထွက်ရန် တောင်းဆိုခဲ့သည်။ နောက်တနှစ်တွင် ဘာဒါဝီ ရာထူးမှ နှုတ်ထွက်သွားခဲ့ရပြီး အထင်ကြီးလောက်စရာ နိုင်ငံရေး မျိုးရိုး အစဉ်အလာ ရှိသူတဦး ဖြစ်သည့် နာဂျစ်ရာဇတ်က သူ့ နေရာကို ဆက်ခံခဲ့သည်။ နာဂျစ်ရာဇတ်သည် မလေးရှားနိုင်ငံ၏ ဒုတိယမြောက် ဝန်ကြီးချုပ် အဗ္ဗဒူရာဇတ် Abdul Razak ၏ သားအကြီးဆုံး ဖြစ် ပြီး တတိယမြောက် ဝန်ကြီးချုပ် ဟတ်ဆင်အွန်း Hussein Onn ၏ တူ ဖြစ်သည်။

သို့သော်လည်း  မဟာသီယာနှင့် နာဂျစ်ရာဇတ်တို့ကြားမှ မကျေလည်မှုများက အချိန်အချို့တွင် စတင်လာခဲ့သည်။ အာဏာရပြီး နောက် နာဂျစ်ရာဇတ်က မလေး လူမျိုးများကို ကူညီပေးရန် ရည်ရွယ်၍ မဟာသီယာ အားပေးခဲ့သည့် လူမျိုး ခွဲခြား မျက်နှာသာပေးမှု အစီအစဉ်တခု ဖြစ်သော Bumiputra မူဝါဒကို ပြန်လည် ပြင်ဆင်ရန် ကြိုးစားခဲ့သည်။ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် မလေးရှား ကားထုတ်လုပ်ရေး လုပ်ငန်း Proton သို့ ဘဏ္ဍာရေး အကူအညီ ပေးရန် နာဂျစ်က ငြင်းဆန်ခဲ့သည်။ မဟာသီယာက Proton ကို ကာလရှည်ကြာစွာ ထောက်ပံ့ခဲ့သူ ဖြစ်သည်။ နာဂျစ်က Proton ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို တရုတ်ကား ထုတ်လုပ်ရေး လုပ်ငန်းတခုထံ ရောင်းချခဲ့သည်။ အကျိုးဆက် အနေဖြင့် အစိုးရက စီမံကိန်းကို တာဝန်ယူရန် မလိုတော့။

ထိုသို့ ပြုလုပ်ခြင်းများက မဟာသီယာကို ပမာမခန့် ပြုသလို ဖြစ်နေသည်မှာ ထင်ရှားပါသည်။ မဟာသီယာကလည်း နာဂျစ်သည် 1Malaysia Development Berhad သို့မဟုတ် 1MDB မှ ဘီလီယံနှင့်ချီသော ဒေါ်လာငွေများကို အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲချက်များကို မီးမောင်းထိုးပြခြင်းအားဖြင့် လက်စားချေရန် ကြိုးစားခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ထိုအရှုပ်တော်ပုံက လူမြင်ကွင်းသို့ ပေါ်လာခဲ့သည်။ နိုင်ငံရေးလေ့လာသူ အများအပြားက 1MBD သည် နာဂျစ်ရာဇတ်၏ နိုင်ငံရေး သမားဘဝအတွက် သေစေလောက်သော ထိုးနှက်ချက် ဖြစ်သည်ဟု ဆိုကြသည်။

အကယ်၍ မဟာသီယာ မိုဟာမက်က သူ၏ နောက်ဆုံးပေါ် ရန်ဘက် မူယစ်ဒင် ယက်ဆင်ကို ဖြုတ်ချရေး အောင်မြင်ခဲ့လျှင် နောက်ထပ် သူ ဘာဆက်လုပ်မည်နည်း။ မတ်လအတွင်း Nikkei နှင့် တွေ့ဆုံမေးမြန်းခန်းတွင် မဟာသီယာက သူသည် ပါလီမန်အမတ်တဦး ဖြစ်နေဆဲ ဖြစ်သောကြောင့် အနားယူခြင်းက သူ့အတွက် တကိုယ်ကောင်း ဆန်သလို ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ “တခုခု လုပ်ဖို့ ကျနော့်မှာ တာဝန်ရှိတယ်လို့ ကျနော် ခံစားရတယ်” ဟု သူက ထပ်ပြောသည်။

သို့သော်လည်း ဂျပန်နိုင်ငံမှ ပညာရှင် အဖွဲ့အစည်း တခုဖြစ်သည့် Institute of Developing Economies  မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် မာဆာရှီ နာကာမုရ Masashi Nakamura က မဟာသီယာတွင် တိကျစွာ သတ်မှတ်ထားသော မူဝါဒအစီအစဉ် တခုရှိသည် ဆိုသည့်အပေါ် သံသယ ရှိနေသည်။ ဝန်ကြီးချုပ်ရာထူးကို ဒုတိယအကြိမ် ထမ်းဆောင်စဉ် အတွင်း စားသုံးသူ အခွန် ရုပ်သိမ်းခြင်းနှင့် အခြေခံ အဆောက်အဦး စီမံကိန်း အချို့ကို ပြန်လည်သုံးသပ်ခြင်းကဲ့သို့ နာဂျစ်ရာဇတ်၏ မူဝါဒများ ပြန်လည်ရုပ်သိမ်းရေး လုပ်ရပ်များက လွှမ်းမိုးနေခဲ့သည်ဟု မာဆာရှီ နာကာမုရ က ပြောသည်။ “သူပြောတဲ့ နိုင်ငံရေးဇာတ်ကြောင်းမှာ ရှင်းလင်းတဲ့ ဘယ်လိုမူဝါဒမှ ကျနော် သတိမပြုမိခဲ့ဘူး” ဟု သူက ထပ်ပြောသည်။

1MDB မှ ဘီလီယံနှင့်ချီသော ဒေါ်လာငွေများကို အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲချက်များ ပြုတ်သွားသော နာဂျစ်ရာဇတ်

၂၀၁၈ ခုနှစ်တွင် ဒုတိယအကြိမ် အာဏာရလာပြီးနောက် ဝန်ကြီးချုပ် ရာထူးကို ၂ နှစ်အတွင်း စွန့်လွှတ်မည်ဟု မဟာသီယာမိုဟာမက်က ကတိပြုခဲ့သည့် အချိန်တွင် သူ၏ အသက်အရွယ်က အချက်တချက် ဖြစ်ခဲ့နိုင်ပါသည်။ သို့သော်လည်း ရည်မှန်းချက် တခု ရရှိရန် ခက်ခဲနေဆဲ ဖြစ်သည်။ မလေးရှားနိုင်ငံက  ၂၀၂၀ ခုနှစ်တွင် ဖွံ့ဖြိုးပြီး နိုင်ငံ အဆင့်အတန်း ရရှိသည်ကို မြင်တွေ့ရရေး ဖြစ်သည်။ ၁၉၉၁ ခုနှစ် သူဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ်က ကြေငြာခဲ့သည့် သူ၏ “၂၀၂၀ ရည်မှန်းချက်” အစီအစဉ် အကောင်အထည် ပေါ်လာရေးကို မဟာသီယာမိုဟာမက်က ယခုအထိ မျှော်လင့်ကောင်း မျှော်လင့်နေနိုင်ပါသည်။

သို့သော်လည်း မလေးရှားနိုင်ငံ၏ ကျဆင်းနေသော စီးပွားရေးက ရည်မှန်းချက်ကို ၂၀၂၄ ခုနှစ်သို့ ပြောင်းလဲရန် မဟာသီယာကို ဖိအားပေးနေပြီး နိုင်ငံရေးလှိုင်း  အမြင့်မားဆုံး အချိန်တွင် နိုင်ငံရေးမှ အနားယူရန် မဖြစ်စေနိုင်သလောက် ဖြစ်စေခဲ့သည်။

မလေးရှား အမျိုးသားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် မူဟာမက်တာကီယွတ်ဒင် Muhamad Takiyuddin က “ သူ့ကို နိုင်ငံရေးခေါင်းဆောင် တယောက်အဖြစ် ကျနော်တို့ လေးစားနေတုန်းပါပဲ။ ဒါပေမယ့် သူက အခုချိန်မှာ သူရဲကောင်းကနေ သုည ဖြစ်သွားတဲ့ အမျိုးအစားအဖြစ် သဘောထားခံနေရပြီ။ သူက နှုတ်ထွက်သွားခဲ့တဲ့သူပါ။ အခု သူက သူ့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို  ပြန်လိုချင်နေတယ်” ဟု မှတ်ချက်ချသည်။

မူယစ်ဒင် ယက်ဆင်ကို ဖြုတ်ချရေး ရှုံးနိမ့်ခဲ့မည်ဆိုလျှင် မဟာသီယာ၏ နိုင်ငံရေးဘဝက အဆုံးသတ်သွားမည်မှာ သေချာနေသည်။ အကယ်၍  သူအောင်မြင်ခဲ့သည်ဆိုလျှင်ပင် အန်နဝါအီဘရာဟင်နှင့် သူ၏ ဆက်ဆံရေးက ထပ်မံ တင်းမာလာမည်မှာ သံသယ ရှိစရာ မလိုပါ။ သူက အန်နဝါအီဘရာဟင်ကို မည်သည့်အချိန်တွင် ထပ်မံ စွန့်ခွာမည်နည်း ဟူသော မေးခွန်းကို နောက်ဆုံးတွင် ဖြေဆိုရန် လိုပါလိမ့်မည်။

ပုဂ္ဂိုလ်ရေးရည်မှန်းချက်က မောင်းနှင်သည့် ထိုကဲ့သို့သော အာဏာ တိုက်ပွဲတခုက ကူးစက်ရောဂါမှ တိုင်းပြည်၏ ပြန်လည်နာလန်ထမှုကို နောက်ထပ် အဟန့်အတား ဖြစ်စေနိုင်ပါသည်။ အာရှတိုက်တွင် နိုင်ငံရေးအရ အထင်ကရ ပုဂ္ဂိုလ်အဖြစ် ကာလရှည်ကြာ ရှိခဲ့သော ဒေါက်တာ မဟာသီယာမိုဟာမက်က နောက်တကြိမ် ထွန်းလင်း တောက်ပလာမည်လား သို့မဟုတ် သူ၏ ဆည်းဆာနှစ်များတွင် မှန်ဖျော့ ပျောက်ကွယ်သွားမည်လား ဆိုသည်မှာ မသဲကွဲသေးပါ။

(Nikkei Asian Review မှ အာရှဆိုင်ရာ အယ်ဒီတာများ ရုံးချုပ်၏ အယ်ဒီတာချုပ် Toru Takahashi ရေးသားသော Malaysia’s ex-PM Mahathir gears up for one last fight ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အယုံအကြည်မရှိ အဆိုကို ရှောင်ရန် မလေးရှားဝန်ကြီးချုပ်သစ် ပါလီမန်ကို အချိန်ဆွဲ

ဝန်ကြီးချုပ်သစ်နဲ့အတူ အရှုပ်ထုပ် မလေးရှားပါတီများ ထိပ်ပိုင်းသို့ ပြန်လည်ရောက်ရှိ

မလေးရှားဝန်ကြီးချုပ် မဟာသီယာ ရာထူးမှနုတ်ထွက်

The post အသက်ကြီးပေမယ့် တိုက်ပွဲတပွဲ ထပ်နွှဲဦးမယ့် မဟာသီယာ appeared first on ဧရာဝတီ.

YBS မထသ စနစ်ဆိုးထံ ပြန်လှည့်နေသလား

$
0
0

ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်၍ ထင်သလို မောင်းနှင်သည့် YBS တစီးကြောင့် မိသားစု နှစ်စု ဘဝပျက်ပြား စေသည်အထိ ဖြစ်ပွားခဲ့ကာ နှစ်ပေါင်းများစွာ နာမည်ဆိုးဖြင့် ကျော်ကြားသည့် မထသ (မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်း သိမ်းရေး အဖွဲ့) ဆန်ဆန် ဖြစ်နေပြီလားဟု မေးခွန်းထုတ်စရာ ရှိလာခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ၂ ရက်နေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ သင်္ဘောကျင်း မှတ် တိုင်အနီးတွင် ဖြစ်ပွားခဲ့သည်။

လမ်းပြောင်းပြန် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာသည့် YBS ၄၀ ယာဉ် တစီးသည် တဖက်လမ်းကြောတွင် ရှိသော အငှားယာဉ်တစီးကို တိုက်မိပြီး ယာဉ်မောင်းနှင့် ခရီးသည်၂ ဦး ထိုနေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

သေဆုံးခဲ့သော အသက် ၃၀ အရွယ် အငှားယာဉ်မောင်းသည် အသက်၂ နှစ်အရွယ် သမီးကလေးရှိသော ဖခင်တဦးဖြစ်သ လို၊ အသက်၂၀ ကျော်အရွယ်မျှသာရှိသော Taxi ပေါ်ပါ ခရီးသည်မောင်နှမ နှစ်ဦးတို့သည်လည်း ရောဂါသည် မိခင်နှင့် အနှေးယာဉ် မောင်းဖခင် တို့ကို အလုပ်အကျွေးပြုနေသူများ ဖြစ်သည်။

ယခုလို ဖြစ်ရပ်ဆိုးဖြင့် ရုတ်တရက် ဆုံးပါးသွားခြင်းကြောင့် ၎င်းတို့ကို မှီခိုနေရသည့် မိသားစုများသည် ဆုံးရှုံးမှုအတွက် ဖြေ ဆည်၍ မရသေးသလို ရှေ့ဆက်သွားကြရမည့် အခက်အခဲများစွာလည်း ကျော်ဖြတ်ရဦးမည် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာရှေ့တွင် YBS ၇ ယာဉ်တစီးက အမျိုးသမီးတဦအား တိုက်မိ၍ လူသေဆုံးမှု ဖြစ်ခဲ့သလို ဧပြီလ ၅ ရက်တွင်လည်း မရမ်းကုန်းမြို့နယ် လမ်းဝ ခုံးကျော် တံတားပေါ်မှ YBS ၁၆ ယာဉ်တစီးသည် လူအိမ်များအပေါ် ထိုးကျခဲ့ခြင်းကြောင့် လူသေဆုံးမှု မရှိခဲ့သော်လည်း လူ ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ယခု ဇွန်လဆန်းအထိ ၅ လကျော် ကာလအတွင်း YBS ယာဉ်များနှင့် အခြားယာဉ်များ တိုက်မိမှုပေါင်း ၆၄ မှုအထိ ရှိခဲ့ပြီး သေဆုံးသူ ၂၁ ဦးအထိ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

အမှု အများစုသည် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက် ထူထောင်ထားသော အများပိုင် ကုမ္ပ ဏီများ၏ ထိန်းချုပ်မှုအောက် အပြည့်အဝ မရှိသော တဦးတည်းပိုင် ပုဂ္ဂလိက (အုံနာစနစ်)ဖြင့် ပြေးဆွဲနေသော YBS ယာဉ် များ ဖြစ်သည်။

အထက်ပါ YBS ၄၀ ဖြစ်ရပ်သည် ရန်ကုန်တိုင်း အစိုးရက ရှယ်ယာ ထည့်ဝင်ထားသော ရန်ကုန်မြို့ပြ အများပြည်သူ သယ် ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) အများပိုင် ကုမ္ပဏီအောက်ရှိ ယာဉ်လိုင်းတခု ဖြစ် သော်လည်း ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သည့် ယာဉ်သည် ပုဂ္ဂလိကပိုင် ယာဉ်တစီး ဖြစ်သလို ပိုင်ရှင် အဆင့်ဆင့် လွှဲ ပြောင်းထားကာ ယာဉ်မောင်းသည်လည်း YRTA တွင် ယာဉ်မောင်းအဖြစ် မှတ်ပုံတင်ထားသူ မဟုတ်ပေ။

အဆိုပါ ယာဉ်မောင်းမှာ ယာဉ်တိုက်မှု ဖြစ်ပွားပြီး ထွက်ပြေးသွားကာ ဇွန်လ ၆ ရက်တွင် ဘားအံမြို့၌ ပြန်လည် ဖမ်းမိခဲ့ သည်။ ထို့နောက် ကမာရွတ်မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) (ပေါ့လျော့မှု‌ကြောင့် လူသေမှု)၊ ပုဒ်မ ၂၇၉ (ယာဉ် မဆင်မခြင် မောင်းနှင်မှု)၊ ပုဒ်မ ၂၀၂ (ပြစ်မှုကျူးလွန်ကြောင်း သတင်းပေးရန် ပျက်ကွက်ခြင်း) စသည့် ပုဒ်မတို့ဖြင့် အမှုဖွင့် ထားသည်။

ထိုသို့ ဖြစ်ရပ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု အားလုံးကို ကြီးကြပ်ကွပ်ကဲရန် တာ ဝန် အရှိဆုံး အဖွဲ့အစည်းတခု ဖြစ်သည့် YRTA ၏ ပုဂ္ဂလိက ယာဉ်များအပေါ် ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆို မှုများ ရှိလာခဲ့သည်။

YRTA အနေဖြင့်လည်း ယာဉ်မတော်တဆ ဖြစ်ရပ်များတွင် ပုဂ္ဂလိက ယာဉ်များကို အရေးယူရာတွင် လုပ်ငန်းလိုင်စင်ပါ စည်းကမ်း သတ်မှတ်ချက်များဖြင့် ဖောက်ဖျက်သည့် ကိစ္စရပ်အပေါ် မူတည်ပြီး အရေးယူမှုများ လုပ်ဆောင်ကြောင်း YRTA ၏ တွဲဖက် အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

သို့သော် မည်မျှအထိ အရေးယူ ဆောင်ရွက်လို့ရလဲဆိုသည့် မေးခွန်းကိုတော့ ၎င်းတို့ အရေးယူဆောင်ရွက်သည့် အချိန် မှသာ ထုတ်ပြန် ပြောကြားပေးမည်ဟုသာ ပြန်လည် ဖြေကြားသည်။

ဦးလှအောင်က “ယာဉ် မတော်မဆဖြစ်ရင် ယာဉ်မောင်းကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်တာက တပိုင်းပေါ့။ ယာဉ် ကိုက လုပ်ငန်းလိုင်စင်မှာပါတဲ့ စည်းကမ်းတွေ ဖောက်ဖျက်ထားတဲ့အတိုင်း အရေးယူ ဆောင်ရွက်တယ်” ဟု ဆိုသည်။

YBS သမိုင်းတွင် အဆိုးရွားဆုံး ယာဉ်တိုက်မှု တခုဟု ဆိုရမည့်၂၀၁၈ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော YBPC ကုမ္ပဏီပိုင် YBS ၃၇ နှင့် YBS ၅၅ တို့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ၁၀ ဦးအထိ သေဆုံးခဲ့ရကြောင်း တိုက်ကြီးသား အများ ပိုင်ယာဉ်လိုင်း YBS ၅၅ ကို ယာဉ်လိုင်း ပိတ်သိမ်းသည်အထိ YRTA က အရေးယူခဲ့ဖူးသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦဖြိုးမင်းသိန်း၏ ဦးဆောင်မှုဖြင့် မထသစနစ်ကို ဖျက်သိမ်းပြီး ၂၀၁၇ ဇန်နဝါရီလ ၁၆ ရက်တွင် အများပိုင် ကုမ္ပဏီများက တာဝန်ယူပြေးဆွဲမည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ် YBS (Yangon Bus Service) ကို စတင် ပြောင်းလဲလိုက်သည်။

စတင်ပြောင်းလဲချိန်တွင်လည်း ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့ခြင်းကြောင့် ခရီးသွားပြည်သူများနှင့် ယာဉ်လိုင်းများပါ ကမောက်ကမ ဖြစ်ခဲ့ရသလို YBS စတင်ပြီး ၄ လ ကျော်တွင် “ပြည်သူ့အတွက် YBS” ဟူသော ဆောင်ပုဒ်ကို “ပြည်သူ စိတ်ပျက် YBS” ဟု အမည်ပြောင်းလဲ ခေါ်ဆိုခံရသည်။

ထို့ပြင် အစိုးရက ရှယ်ယာ ထည့်ဝင်ထားသောYBS အများပိုင် ကုမ္ပဏီများက နှစ်စဉ်အရှုံး ပေါ်နေခဲ့သော်လည်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) သည် ကျပ်သန်း ၇၀၀၀ ကျော် အမြတ် ရထားပြီး အစိုးရကို ဝင်ငွေခွန် ပေးဆောင်မှု မရှိခြင်းကို ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်၊ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားခဲ့ခြင်းကြောင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ ဝေဖန် ထောက်ပြမှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သေးသည်။

ရန်ကုန်ုတိုင်း ဒေသကြီး အစိုးရက ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YBPC)နှင့် ရန်ကုန် မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ လီမိတက် (YUPT) ၂ ခုတွင် ကျပ် ၃၅ ဘီလီယံစီ ရင်းနှီးမြှုပ်နှံ ထားပြီး ၂၀၁၇-၁၈ တိုင်းစာရင်းစစ်ချုပ်၏ အစီအရင်ခံစာအရ ကုမ္ပဏီ ၂ ခုစလုံးသည်ကျပ်သန်းပေါင်း ၃၅၀၀ ကျော် အရှုံး ပေါ်နေသည်။

ယခုတွင် YBS စနစ်သည် သုံးနှစ်ကျော် သက်တမ်းရှိလာပြီ ဖြစ်သော်လည်း YBS စတင်ပြီး သိပ်မကြာခင်ကတည်းက ဆောင်ရွက်နေသော ကတ်စနစ်ဖြင့် ငွေပေးချေမှုသည်ပင် အကောင်အထည် ပေါ်မလာခဲ့သလို ယခင် မထသ စနစ်ကဲ့သို့ ကိုယ်ရကိုယ်ယူ စနစ်ဖြင့် ပြေးဆွဲနေသာ ယာဉ်များတိုးပွားလာခြင်း၊ အပြိုင်အဆိုင် လုယက်မောင်းနှင်းခြင်း၊ မှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ခရီးသည် စောင့်ဆိုင်းခြင်း၊ စပယ်ယာပါသော မော်တော်ယာဉ် ပြန်များလာခြင်း၊ ခရီးစဉ် အစအဆုံး ပြေး ဆွဲခြင်း မရှိသည့်ကိစ္စရပ်များ အပြင် ခရီးသွားပြည်သူများသည် ညပိုင်းအချိန်တွင် ကြားကား (အောက်ဆိုက်ကား) ကို အား ကိုးနေရဆဲဖြစ်သည်။

“စပယ်ယာ မပါတာ တခုပဲ။ မထသတုန်းက စရိုက်အတိုင်းပဲ ပြန်မောင်းနေကြတာ” ဟု စမ်းချောင်းမြို့နယ်နေ မယမင်းသူ က ဆိုသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့သည့် YBS ယာဉ်လိုင်း ၁၀၀ ကျော်ကို Bus Operator Company ၁၈ ခုဖြင့် ပြေးဆွဲဖို့ ခွင့်ပြုပေး ခဲ့ပြီး ကိုဗစ်ကာလ မဟုတ်သော ပုံမှန်အချိန်တွင် ယာဉ်းစီးရေ နေ့စဉ် ၆၀၀၀ ခန့် ပြေးဆွဲကာ ခရီးသွားဦးရေသည် ၁၈ သိန်းအထိ ဝန်ဆောင်မှုပေးလျက် ရှိသည်။

ထို ယာဉ်အစီးရေ ၆၀၀၀ တွင် ထက်ဝက်ခန့်မှာ အများပိုင် ကုမ္ပဏီများ၏ စီမံခန့်ခွဲမှုဖြင့် ပြေးဆွဲလျက်ရှိပြီး ကျန် ၃၀၀၀ ကျော်မှာ YBS စနစ်ကို ဆန့်ကျင်ပြီး မထသ စနစ်လို အုံနာစနစ်ဖြင့် ပြေးဆွဲနေသော ပုဂ္ဂလိက ပိုင်ယာဉ်များအဖြစ် ရှိနေဆဲ ဖြစ်သည်။

Power Eleven Public Co.,ltd အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်တင်ဝင်း (ခေါ်) ကိုတရုတ်ကလေး “ YBS စနစ်ကို အောင် မြင်ချင်တယ် ဆိုရင် ပြတ်ပြတ်သားသား လုပ်ဖို့ လိုတယ်” ဟု ဆိုသည်။

ဘတ်စ်ကားအများပိုင် ၁၈ ခုတွင် အစိုးရက ရှယ်ယာ ထည့်ဝင်ထားသော YUPT၊ YBPC၊ ဦးပိုင် လီမိတက်ပိုင် ဗန္ဓုသယ်ယူ ပို့ဆောင်ရေး အများပိုင်ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ငါးခုခန့်သာ YBS စနစ်အတွက် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်လျက်ရှိပြီး ကျန် YBS ကုမ္ပဏီများ သည် ရင်းနှီးမြှုပ်နှံမှု အားနည်းပြီး အုံနာပိုင် ကားများထံမှ ရရှိသော ဝန်ဆောင်ခများနှင့်သာ ကုမ္ပဏီကို လည်ပတ်လျက် ရှိနေကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။
ယခုလို အခြေအနေများ ရှိသော်လည်း လက်ရှိ ပြေးဆွဲနေသော ယာဉ်အခြေအနေသည် မထသ ကာလလို ယာဉ်ပိုင်ရှင် များ ပိုင်ဆိုင်သော ယာဉ်များသာ မဟုတ်တော့ဘဲ အစိုးရ အပါအဝင် အများပိုင်ကုမ္ပဏီများ၏ ယာဉ်များလည်း သယ်ယူ ပို့ဆောင်ရေး စနစ်ထဲတွင် ရှိနေပြီ ဖြစ်ခြင်းကြောင့် မထသ စနစ်ကို ပြန်မဖြစ်နိုင်ကြောင်း YRTA ၏ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က အခိုင်အမာ ပြောသည်။

၎င်းက “ကျနော်တို့လည်း မထသ စနစ်ကို ပြန် အဖြစ်ခံလို့ မရပါဘူး။ ကျနော်တို့ မျှော်မှန်းတာက ပိုမိုကောင်းမွန်တဲ့ သယ် ယူ ပို့ဆောင်ရေးစနစ် တရပ်ကို ထူထောင်ချင်လို့ ကျနော်တို့ ကြိုးပမ်းနေတာပါ။ ဒါက အရမ်းခက်ခဲပါတယ်” ဟု ဆိုသည်။

လက်ရှိ YBS စနစ်ထဲတွင် ပုဂ္ဂလိက ယာဉ်များ အများအပြား ရှိနေသော်လည်း ဇွန်လ၂ ရက်က ဖြစ်ပွားခဲ့သည့် YBS ၄၀ ကဲ့ သို့ စည်းကမ်း လိုက်မနာသည့် ပုဂ္ဂလိက ယာဉ်ပိုင်များ၏ ယာဉ်များရှိသလို YRTA က ညွှန်ကြားထားသော စည်းကမ်းသတ် မှတ်ချက်များကို လိုက်နာဆောင်ရွက်သော ယာဉ်များလည်း အများအပြား ရှိကြောင်း ဦးလှအောင်က ပြောဆိုသည်။

၎င်းက ဆက်လက်၍ “ပုဂ္ဂလိက ယာဉ်တွေကို လျှော့ချပြီး ကုမ္ပဏီပိုင်ယာဉ်တွေ ဖြစ်ရေးကို ကျနော်တို့ ၂၀၂၀ မတ်လ ၃၁ ရက်မှာ ပြေးနေတဲ့ ယာဉ်အားလုံးကို ကုမ္ပဏီပိုင်ယာဉ်ဖြစ်အောင် လုပ်မယ်လို့ ကျနော်တို့ ကြိုးပမ်းခဲ့ပါတယ်။ သို့သော်လည်း COVID -19 ကြောင့် လုပ်ငန်းအားလုံး နှောင့်နှေးသွားခဲ့တယ်” ဟု ဆိုသည်။

သို့သော်လည်း ပုဂ္ဂလိကပိုင် ယာဉ်များအားလုံးကို အများပိုင် ကုမ္ပဏီသို့ ပြောင်းလဲရန် စည်းရုံးရေး အတွက် အစိုးရနှင့် ယခင် မထသစနစ်က ယာဉ်လိုင်း ပိုင်ရှင်များနှင့် စုပေါင်း ဖွဲ့စည်းထားသည့် အများပိုင် ကုမ္ပဏီများသည် ရှယ်ယာရှင်များကို ၃ နှစ်ကျော်အထိ အမြတ်မပေးနိုင်ဘဲ အရှုံးပေါ်နေသည့် ကိစ္စသည် ကြီးမားသည့် စိန်ခေါ်မှုတရပ် ဖြစ်နေသည်။

တဦးတည်ပိုင်း ပုဂ္ဂလိက ယာဉ်တွေ လျှော့ကျရန်နှင့် YBS စနစ် ပိုမိုအောင်မြင်စေဖို့အတွက် ရင်းနှီးမြှုုပ်နှံမှုနည်းနေသည့် အများပိုင် ကုမ္ပဏီများကို အစိုးရက ရှယ်ယာထည့်ဝင်ခြင်းနှင့် အတိုးနှုန်း သက်သာသည့် ဘဏ်ချေးငွေများ ရရှိရန် လုပ် ဆောင်ပေးသင့်ကြောင်း ကိုတရုတ်လေးက အကြံပြုပြောသည်။

ရန်ကုန်တိုင်း လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက “တဦးပိုင် ယာဉ်ပိုင်ရှင်တွေ အများပိုင် ကုမ္ပဏီကြီးလုပ်ရင် သူတို့အတွက် အကျိုးအမြတ် မရှိဘူး။ ရှယ်ယာဝေခွဲမှုတွေ သူတို့အနေနဲ့ အကျိုးအမြတ်တွေ မရဘူးဆိုတော့ အဓိက က ဦးဆောင်တဲ့ ကုမ္ပဏီကြီးအပေါ်မှာ ယုံကြည်မှု မရှိတာပေါ့။ ဒါကြောင့်ပဲ YRTA က ပုဂ္ဂလိကပိုင် တွေကို ပျောက်အောင် မလုပ်နိုင်တာ” ဟု ပြောသည်။

ယင်းအပြင် ပြည်ထောင်စုက အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်သော ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျ ပြေး ဆွဲရေး ဥပဒေကို ရန်ကုန်တိုင်း အစိုးရက တိုင်းဥပဒေ အနေဖြင့် ပြင်ဆင်ပြဋ္ဌာန်းရန် ပျက်ကွက်ခဲ့ခြင်းနှင့် ဌာန သုံးလေးခုကို ပူးတွဲ ကိုင်တွယ်နေရသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် YRTA နှင့် ဘတ်စ်ကား အများပိုင် ကုမ္ပဏီများ၏ ထိပ်ပိုင်းရာ ထူးနေရာများ ယူထားခြင်းကြောင့် ကိစ္စရပ်တိုင်းကို တစိုက်မတ်မတ် လုပ်ဆောင်ရန် အားနည်းခဲ့ကြောင်း ၎င်းက ဆိုသည်။

ဒေါ်စန္ဒာမင်းက “YBS က အရင်တုန်းက မထသ ပုံစံအတိုင်း ဖြစ်လာနေပြီ။ ဒီလို တဖြည်းဖြည်း ယုတ်လျော့လာ နေတာက ဘာကိုပြလဲဆိုရင် YRTA ဦးဆောင်နေရာတွေ ယူပြီး ရတဲ့လစာနဲ့ ကိုက်ညီမှုမရှိတဲ့ အရည်အချင်းမရှိတဲ့သူတွေ ခန့်အပ် ထားလို့ပဲ” ဟု ပြောဆိုသည်။

လက်ရှိ အခြေအနေများ အရ အစိုးရအနေဖြင့် တဦးတည်းပိုင် ယာဉ်ပိုင်ရှင်များကို စုပေါင်းပြီး အများပိုင်ကုမ္ပဏီများအောက် သို့ ထည့်သွင်းရန်ကိစ္စကို နောက်ထားပြီး အစိုးရ ရှယ်ယာ ထည့်ဝင်ထားသော ဘတ်စ်ကား အများပိုင်ကုမ္ပဏီများသည် ရှယ်ယာရှင်များကို အမြတ် မခွဲဝေပေးနိုင်ခြင်းကြောင့် ရှယ်ယာရှင်များက အစိုးရကို ၎င်းတို့ထည့်ဝင်ထားခဲ့သော ရှယ်ယာ များ ပြန်လည် ဝယ်ယူခိုင်းမှုများ ရှိသလို အစိုးရကို တရားစွဲရန်လည်း ပြင်ဆင်နေမှုများကို အရင် ဖြေရှင်းရမည် ဖြစ်သည်။

NLD အစိုးရသက်တမ်းသည် အချိန် ၆ လကျော်သာ ကျန်ရှိတော့သည့်အတွက် YBS ၏ ပဲ့ကိုင်ရှင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ YBS ၁ လပြည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားထားခဲ့ဖူးသည့် တနှစ်အတွင်း YBS စနစ် ကို နိုင်ငံတကာ ဘတ်စ်ကားစနစ်သို့ ပြောင်းလဲမည်ဟု ကြွေးကြော်သံသည် အစိုးရ သက်တမ်းကုန်သည် အထိပင် စကား လုံးများ အဖြစ်သာ ကျန်ရှိရန်က ပိုသေချာနေလေပြီ ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

ရန်ကုန်တိုင်းအစိုးရ၏ ထပ်တိုးအသုံးစရိတ် ၂၅ ရာခိုင်နှုန်း အဖြတ်ခံရ

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ကြံ့ခိုင်ရေးနှင့် တပ်မတော်အမတ်များ စွပ်စွဲပြစ်တင်

The post YBS မထသ စနစ်ဆိုးထံ ပြန်လှည့်နေသလား appeared first on ဧရာဝတီ.

မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ

$
0
0

မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ

ကသည်းသူပုန်တို့ တမူးမြို့ပေါ်မှာ အခြေချနေထိုင်မှု ကြာလာသည်နှင့်အမျှ ပြဿနာတွေက ပေါ်ပေါက်လာခဲ့သည်။

သူပုန်အချင်းချင်း လုပ်ကြံသတ်ဖြတ်ခြင်း၊ သေနတ်ဖြင့်ပစ်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ တမူးမြို့ နန့်ဖာလုံဈေးသို့ မဏိပူရ်ပြည် နယ်မှ ဈေးဝယ်လာသော ကသည်းလူမျိုးများကို ဆက်ကြေးကောက်ခြင်း၊ မြို့ထဲရှိ နေအိမ်များတွင် လက်နက် ခဲယမ်းများ သိုလှောင်ခြင်း၊ လူနေရပ်ကွက်ထဲရှိ နေအိမ်များတွင် သိုလှောင်ထားသည့် လက်နက် ခဲယမ်းများ မီးလောင်ပေါက် ကွဲခြင်း စသည်အဖြစ်အပျက်များက တမူးမြို့ပေါ်တွင် ၂၀၀၀ ခုနှစ်နောက်ပိုင်း နှစ်စဉ်နီးပါး ဖြစ်ပွားလာခဲ့သည်။

၂၀၁၉ ခုနှစ် ဇွန်လအတွင်းက တမူးမြို့ စော်ဘွားအင်း ၈လမ်းရှိ ကသည်းလူမျိုး ဦးရန်ကျော်အိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားစဉ် / ကဘော်ဆုသန်း

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလကဆိုလျှင် တမူးခရိုင်၊ မြို့သစ်မြို့နယ်ရှိ နန်းသလက် ချောင်းကူး တံတားကို UNLF အဖွဲ့က မိုင်းခွဲတိုက်ခိုက်သည်အထိ ကသည်းသူပုန်တို့ မြန်မာဘက်ခြမ်းတွင် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလမှာတော့ ကသည်းသူပုန်များသည် တမူးမြို့နယ်ထဲရှိ ၎င်းတို့၏ စစ်စခန်းကို လက်လွတ် ထွက်ပြေးရာ ၎င်းတို့ ကျန်ခဲ့သည့် အသုံးအဆောင်များ၊ အိပ်ရာများကို ဒေသခံများက သွားရောက်ယူဆောင်ခဲ့ကြသည်။ မကြာမီတွင် တပ်မတော် ရောက်ရှိလာသည်ဟု ဆိုသည်။

ထိုအခြေအနေများကြောင့် လူဦးရေ ၄ သောင်း ၃ ထောင်ကျော်ရှိပြီး ကူကီး၊ ရှမ်းနီ၊ နာဂ၊ ချင်း၊ ဗမာစသည့် တိုင်းရင်းသား များ စုပေါင်းနေထိုင်ကြသည့် တမူးမြို့၏ လုံခြုံရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးများ ပျက်ပြားခဲ့ရ သလို ဒေသခံ မြန်မာနိုင်ငံသားများမှာလည်း ကသည်းသူပုန်များနှင့်ပတ်သတ်၍ အမြဲစိုးရိမ်ထိတ်လန့် နေခဲ့ကြသည်။

“သူတို့တွေက ဝယ်ထားတဲ့ အိမ်တွေမှာ ဗုံးတွေ၊ သေနတ်တွေ လက်နက်ခဲယမ်းတွေ ထားသိုတော့ အဲဒါတွေ ပေါက်ကွဲတာ၊ မီးလောင်တာတွေ ဖြစ်တယ်။ ပြီးတော့ သူတို့အဖွဲ့က ၆ ဖွဲ့လောက်ရှိတော့ တဖွဲ့နဲ့တဖွဲ့ မတည့်တဲ့အခါ အချင်းချင်း သေနတ်နဲ့ ချောင်းပစ်တာမျိုးတွေ၊ ဗုံးထောင်တာမျိုးတွေ ခဏခဏဖြစ်တော့ မြို့ခံဖြစ်တဲ့ မြန်မာပြည်သားတွေက အမြဲစိုးရိမ်ထိတ်လန့် နေရတယ်”ဟု တမူးမြို့အခြေစိုက် ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး ဦးဆောင်သူ ဒေါ်ငိုင်ငိုင်းက ပြောပြသည်။

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ယခုနှစ်ဆန်းပိုင်းက သွားရောက်သည့် အိန္ဒိယခရီးစဉ်တွင် အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မနွတ်ဂျ် မူခန်း နာရာဗာနာနီးနှင့် နယ်စပ်လုံခြုံရေးဆွေးနွေးခဲ့သည် / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ကသည်းသူပုန်များက မြန်မာပြည်ထဲတွင် နေထိုင်သွားလာရာ၌ သိုသိပ်လျှို့ဝှက်ကြသည့်အတွက် တမူးမြို့ပေါ်၌ ဗုံးပေါက်ကွဲမှုများ၊ သေနတ်ပစ်ခတ်မှုများ၊ ပြဿနာများ ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံသားများက မဏိပူရ်ကသည်း သူပုန်များဟုသာ အကြမ်းဖျဉ်းသိကြပြီး မည်သည့်သူပုန်အဖွဲ့ဟု တိတိကျကျ မသိကြပေ။

မြန်မာပြည်ထဲ၌ ကသည်းသူပုန်အဖွဲ့များ ကျူးလွန်သည့် ရာဇဝတ်အမှုအခင်းများမှာလည်း ဒေသအုပ်ချုပ်ရေး အာဏာပိုင်များ၏ မသိကျိုးကျွံပြုမှုနှင့်အတူ မှေးမှိန်ပျောက်ကွယ်သွားလေ့ရှိသည့် အတွက် မြို့ခံအများစုက ကသည်းသူပုန်များနှင့် ထိပ်တိုက်မတွေ့၊ ပြဿနာ မဖြစ်ရန် အတတ်နိုင်ဆုံး ရှောင်းတိမ်း နေထိုင်ကြရ သည့် အခြေအနေဖြစ်သည်။

လက်ရှိ ကသည်းသူပုန်များမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီး၊ ဟုမ္မလင်း၊ တမူး၊ ကလေးမြို့နှင့် ချင်းပြည်နယ်၊ တွန်းဇံ မြို့နယ်တို့တွင် အဓိကအခြေပြု လှုပ်ရှားကြပြီး အကြီးတန်း ခေါင်းဆောင်တချို့မှာ စစ်ကိုင်းတိုင်း၏ မြို့တော် မုံရွာမြို့၊ စစ်ကိုင်း မြို့၊ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့များတွင် နေထိုင်ကာ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက် လျှက်ရှိကြောင်း အိန္ဒိယ – မြန်မာ စစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောဆိုသည်။

ကသည်းသူပုန်များအနေဖြင့် မြန်မာ့မြေပေါ်တွင် နေထိုင်လှုပ်ရှားကြသလို တမူး၊ ကလေးနှင့် တွန်းဇံမြို့နယ်တို့မှ ဒေသခံ တိုင်းရင်းသူအမျိုးသမီးများနှင့် အိမ်ထောင်ပြု ပေါင်းသင်းနေထိုင်ကြပြီး ဒေသခံ တိုင်းရင်းသားလူငယ်များကိုလည်း ၎င်းတို့၏ လက်နက်ကိုင် အဖွဲ့အတွင်း သွတ်သွင်းမှုများရှိနေကြောင်း ဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။

“သူတို့က ကျနော်တို့ ဒေသခံချင်းအမျိုးသမီးတွေကို ယူတယ်။ ပြီးတော့ ချင်းလူငယ်တွေကို သူတို့အဖွဲ့ထဲ ဆွဲသွင်းတာတွေ လုပ်တယ်။ လူငယ်တွေကလည်း ဘာမှသိပ်နားမလည်ဘဲ ကသည်းအဖွဲ့ဆိုရင် လူရှိန်တယ်ဆိုပြီး ဝင်ကြတာ။ လစာပုံမှန် ပေးတာမျိုး မရှိပေမယ့် အသုံးစရိတ် ငွေကြေးထောက်ပံ့တာတွေရှိတော့ အလုပ်မရှိသူတွေက ဝင်လုပ်ကြတာ”ဟု ကလေးမြို့မှ ဇိုမီးကျောင်းသားနှင့်လူငယ်အဖွဲ့တာဝန်ခံ ကိုကင်းမ်တွမ်က ရှင်းပြသည်။

၂၀၁၆ခုနှစ်က အိန္ဒိယနိုင်ငံ ဂိုအာတွင် ပြုလုပ်သည့် ဘင်းမ်းစတက်ညီလာခံသို့ လာရောက်သည့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီတို့ တွေ့ဆုံစဉ် / Press Information Bureau

ကသည်းသူပုန်တို့ မြန်မာပြည်တွင်း နေထိုင်လှုပ်ရှားမှု ဧရိယာကျယ်ပြန့်လာခဲ့သလို ပြဿနာဖြစ်ပွားသည့် ဧရိယာလည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ဟိုင်ကျင်း ကျေးရွာအုပ်စု၊ တွီးဗျဲလ်ဇန် ရွာမှ ချင်းတိုင်းရင်းသူ ကျောင်းဆရာမ Dim Lun Mang ကို ကသည်းသူပုန်အဖွဲ့ဝင် ဗီနော့ဆိုသူက သေနတ်ဖြင့် ပစ်သတ်ပြီး နယ်စပ်မှ မဏိပူရ်နယ်ထဲသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့ရာ ဒေသခံချင်းလူထုအနေဖြင့် ကသည်း သူပုန်များ ကို မြန်မာ့မြေပေါ်မှ ဖယ်ရှားပေးရန် တောင်းဆိုသံများ ပိုမိုကျယ်လောင်လာခဲ့သည်။

“ကျနော်တို့ဒေသဟာ အစိုးရကို ပုန်ကန်နေတဲ့ဒေသလည်း မဟုတ်ဘူး။ ကိုယ့်ဘာသာ အေးအေးချမ်းချမ်း နေထိုင်ကြတဲ့ ဒေသဖြစ်တယ်။ ဒီဒေသမှာ တခြားနိုင်ငံက လာတဲ့လူတွေကြောင့် ဒေသတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ပြား စေတဲ့ အနေအထားမျိုး ဖြစ်လာတဲ့အတွက် ဒီလူတွေကို ကျနော်တို့ဒေသမှာ လုံးဝမရှိစေချင်ဘူး၊ မလိုလားဘူး လို့ပဲ ပြောချင်တယ်”ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင့်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ – MATA ၏ ချင်းပြည်နယ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထားသွမ်က ပြောဆိုသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကစတင်၍ မြန်မာပိုင်နက်အတွင်း ခြေကုပ်ယူ လှုပ်ရှားနေခဲ့ကြသည့် ကသည်းသူပုန် အဖွဲ့များ၏
ရှင်သန်ရပ်တည်ရေးက အိန္ဒိယနိုင်ငံနှင့် နက်ရှိုင်းသည့်ရင်းနှီးမှု သမိုင်းကြောင်းနောက်ခံရှိနေသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီအစိုးရလက်ထက်တွင် ကြီးမားသည့်အကြပ်အတည်းကာလကို ရောက်ရှိလာပြီဟု ဆိုရမည်ဖြစ်သည်။

You may also like these stories:

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

အိန္ဒိယ အစိုးရကို တော်လှန်သည့် ကသည်းသူပုန် ၂၂ ဦးကို မြန်မာ ပြန်လွှဲပေး

ကသည်းလက်နက်ကိုင်အဖွဲ့ အလိုမရှိကြောင်း ချင်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

The post မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ appeared first on ဧရာဝတီ.


စွပ်စွဲပြစ်တင်မှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ် အောင်မြင်စွာ ဖြတ်ကျော်နိုင်မလား

$
0
0

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အစိုးရ လက်ထက်တွင် အယုံအကြည်မရှိဟုဆိုကာ လွှတ်တော်တွင်း ပထမဆုံး စွပ်စွဲပြစ်တင်ခံရမည့် တိုင်းဒေသကြီးဝန်ကြီးချုပ်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဖြစ်လာသည်။

ဦးဖြိုးမင်းသိန်းအား စွပ်စွဲပြစ်တင်မှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကိုကိုးကျွန်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သည့် ဇွန်လ ၅ ရက်နေ့ တွင် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြ လာသောကြောင့် ဖြစ်သည်။

စွပ်စွဲပြစ်တင်ရန် အဆိုကို USDP မှ လွှတ်တော်ကိုယ်စားလှယ်အချို့၊ အခြားနိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ် အချို့နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း လူ ၃၂ ဦးက ထောက်ခံကြောင်း လက်မှတ်ရေးထိုး တင်ပြခဲ့သည်။

အဆိုကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံက ထောက်ခံထားသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ အရ တင်ပြချက်အပေါ် လွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမည့် ကာလသတ်မှတ်ကာ စွပ်စွဲခံရသည့် ဝန်ကြီးချုပ်အား ချေပခွင့်ပေးရမည်ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ အစိုးရ အသုံးစရိတ် လွှတ်တော်၏ ထောက်ခံချက် မယူခြင်း၊ တနိုင်လုံးလိုက်နာရမည့် Covid-19 တားမြစ်ချက်များကို ကျော်လွန်ခြင်း စသည့် အမှားအယွင်းများ ရှိနေသူ၊ ဝန်ကြီးချုပ် တာဝန်ယူဆဲ ဖြစ်သည့် ဦးဖြိုးမင်းသိန်းအား စွပ်စွဲပြစ်တင်မှုသည် အောင်မြင်နိုင်ပါ့မလားဆိုသည့် အချက်ပင်ဖြစ်သည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ တိုင်းလွှတ်တော်အတွင်း နေရာအများစုရရှိထားသည့် NLD ကိုယ်စားလှယ်များက ယင်းအဆိုကို ထောက်ခံပါမည်လောဆိုသည့် အချက်ပင် ဖြစ်သည်။

ဘာကြောင့် စွပ်စွဲပြစ်တင်တာလဲ

USDP မှ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်ကမူ ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ပြ ပြောဆိုနေမှုများကို လေးစားလိုက်နာမှု မရှိသဖြင့် စွပ်စွဲပြစ်တင်ရခြင်း ဖြစ်ကြောင်း ထောက်ပြသည်။

“ကျနော်တို့ ထောက်ပြတယ် ပြောနေတယ်။ ကျနော်တို့တင်မဟုတ်ဘူး။ NLD ဘက်ကလည်း ပြောနေတာတွေ ရှိပါတယ်။ အကုန်လုံး ပြောတာ။ ဒါတောင်မှ လေးစားလိုက်နာမှု အားနည်းတဲ့အတွက် အစိုးရပိုင်းကို ထိန်းကြောင်းတဲ့သဘောပါ”

ဟု USDP မှ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ပြောသည်။

စွပ်စွဲပြစ်တင်မှုသည် လွှတ်တော်ဥက္ကဋ္ဌက ဖွဲ့စည်းပေးလိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက် ရရှိလာမှသာ သက်ဆိုင်ရာလွှတ်တော်တွင် တင်ပြကာ မဲခွဲရမည်ဖြစ်ပြီး အနည်းဆုံး ကိုယ်စားလှယ် ၃ ပုံ အနက် ၂ ပုံက စွပ်စွဲပြစ်တင်မှုအား ထောက်ခံမှသာ နိုင်ငံတော်သမ္မတထံ တင်ပြပြီး ရာထူးမှ ရပ်စဲနိုင်မည်ဖြစ်သဖြင့် အောင်မြင်မှု ရှိ မရှိမှာ ပြောပြရန် ခက်ခဲကြောင်း ဦးစံကျော်လှက ပြောသည်။

“ရှင်းရှင်းပြောရင် ရေများရေနိုင်။ မီးများမီးနိုင်ပေါ့။ ကျနော်တို့ဘက်ကတော့ အစွမ်းကုန် ကျနော်တို့ လုပ်သင့်တာကို ဆောင်ရွက်တာလေ။ ဒါကတော့ ပြောလို့ မရဘူးပေါ့” ဟု ၎င်းက ဆိုသည်။

NLD ပါတီမှ အမည်မဖော်လိုသူ တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁ ဦးကမူ NLD ပါတီ၏ အမြင်မဟုတ်ဘဲ ၎င်း၏ အမြင်အရ ဆိုရလျှင် စွပ်စွဲပြစ်တင်မှုသည် ရန်ကုန်တိုင်းလွှတ်တော် ၄ နှစ်ကျော် သက်တမ်းကာလအတွင်း လွှတ်တော် ကိုယ်စားလှယ်များ၏ ရင်ထဲတွင် ဖြစ်ပေါ်နေသော မကျေနပ်ချက်များ အစိုင်အခဲဖြစ်လာရာမှ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

“USDP ကိုယ်စားလှယ်တွေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေမှ ရင်ထဲရှိနေတာ မဟုတ်ဘူး။ အားလုံးမှာလည်း ကိုယ်စီရှိကြတယ်။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်မှာ ကျေကျေလည်လည် ဆွေးနွေးလို့ မရခဲ့တဲ့ အကျိုးအပြစ်တွေကြောင့်ပဲ” ဟု ၎င်းက ဆိုသည်။

လွှတ်တော်အစည်းအဝေး မရောက်ခင်ကပင် ရန်ကုန်တိုင်းအစိုးရ၏ ဆောင်ရွက်နေမှုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းထုတ်မှုများကို ဝန်ကြီးချုပ်ဦးဆောင်သည့် အစိုးရအနေနှင့် တိုင်ပင်ဆွေးနွေးနိုင်သည့် အခွင့်အရေး ရှိခဲ့သော်လည်း ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ပေ။ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို ရန်ကုန်တိုင်းအစိုးရကသာ လွှတ်တော် အတွင်း၌ ကျေကျေလည်လည် ပြောပြနိုင်ခဲ့ပါက ယခုကဲ့သို့ စွပ်စွဲပြစ်တင်မှုများ ဖြစ်လာမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

“စာရင်းစစ်ချုပ် အစီရင်ခံစာလိုကိစ္စမျိုးတွေ၊ စီမံကိန်း ဥပဒေလိုကိစ္စမျိုးတွေကို အကြိမ်ကြိမ်တင်ပြပြီးတော့ ဒါတွေကို လုပ်ပေးပါဆိုတာကို ကျမတို့ကို ဂရုတောင်မစိုက်ခဲ့ဘူး။ ပြန်ပြီးတော့ ဖြေရှင်းတာမျိုးလည်း မရှိဘူး။ ပြန်ပြီးတော့ တလေး တစားနဲ့ ပြောတာလည်း မရှိခဲ့ဘူး။ အထူးသဖြင့် ဘဏ္ဍာရေးသုံးစွဲမှုတွေကို စစ်ဆေးရတဲ့အခါမှာလည်း ကျမတို့ ရင်ထဲမှာ မကျေနပ်မှုတွေ အများကြီး ဖြစ်နေတယ်” ဟု အထက်ပါ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ရှင်းပြသည်။

အထက်ပါ ပြောဆိုချက်များကိုကြည့်ပါက ဝန်ကြီးချုပ်၏ လုပ်ဆောင်ချက်များ နှင့်ပတ်သက်၍ NLD လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်နှိုက် မကျေလည်သည့် ခံစားချက်များ ရှိနေသည်ကို မှန်းဆသိနိုင်သည်။

NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အချို့ကို ဧရာဝတီက မေးမြန်းကြည့်သောအခါ ၎င်းတို့က စွပ်စွဲ ပြစ်တင်မှုအား ထောက်ခံမည်၊ မထောက်ခံမည်ဆိုသည့် အချက်မှာ USDP ဘက်က တင်သည့် အဆို၏ အကြောင်းပြချက်ခိုင်မာမှု ရှိ၊ မရှိကို လေ့လာပြီးမှသာ ပြောဆိုနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မှတ်ချက်မပေးလိုကြောင်း ပြောဆိုကြသည်။

ဦးဖြိုးမင်းသိန်း၏ အလွဲများ

တဖက်တွင်လည်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်မှုများကို အားကောင်းစေမည့် မေးခွန်းထုတ် ဝေဖန်ထောက်ပြစရာ ဖြစ်ရပ်များစွာရှိနေသည်။

ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များသည် ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က ဗိုလ်တထောင်ဘုရားတွင် “ဗိုလ်တထောင်ဘုရား ဘက်စုံပြုပြင်ရေး”ဟု အမည်တပ်သည့် ပွဲတခုကျင်းပခဲ့ရာ လူစုလူဝေးမှုကို ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါ စုဝေးမှုသည် COVID-19 ကူးစက်ရောဂါကာကွယ်ရေးအတွက် ညွှန်ကြားထားသော အမိန့်များအား ချိုးဖောက်သည့် သဘောသက်ရောက်သဖြင့် ပြည်သူများအကြား ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီး ဥပဒေအရ အရေးယူပေးရန် တိုင်ကြားမှုများလည်း ရှိသဖြင့် ပါတီက သတိပေးထားပြီး သမ္မတရုံးကလည်း ထုချေခိုင်းထားသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းလွှတ်တော် အမတ်များက ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှုသစ် YBS စနစ်ကို ကွပ်ကဲသည့် YRTA အဖွဲ့၏ ငွေကြေးသုံးစွဲမှုကို ပွင့်လင်းမြင်သာစွာ သုံးသပ်ပေးရန် တောင်းဆိုခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီ ၂၄ နှင့် ၂၇ ရက်နေ့များတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ YBS စနစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင်လည်း ဦးဖြိုးမင်းသိန်း တက်ရောက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် လွှတ်တော်အမတ်များက ဦးဖြိုးမင်းသိန်းအား ဝေဖန်ခဲ့ကြသည်။

ထို့ပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ အစီရင်ခံစာပါ အချက်အလက်များအရ တိုင်းလွှတ်တော်တွင် ဝေဖန်ခံခဲ့ရသည့် အတွက် ၂၀၁၇-၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာ အပြည့်အစုံကို လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးရမည်ဖြစ်သော်လည်း ဖြန့်ဝေမှု မရှိခဲ့ပေ။ စာရင်းစစ်ချုပ်အစီရင်ခံစာကို တိုင်းပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြန်လည်သုံးသပ်ထားသည့် အစီရင်ခံစာ အကျဉ်းချုပ်ကိုသာ လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ပြစ်တင်ဝေဖန်ခဲ့ကြပြန်သည်။

တိုင်းပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ပြန်လည်သုံးသပ်ထားသည့် အစီရင်ခံစာ အကျဉ်းချုပ်တွင်လည်း ရန်ကုန်တိုင်းအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများအတွက် ဝေဖန်ထောက်ပြစရာ များစွာရှိခဲ့သည်။

ယင်းကဲ့သို့ အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီးနောက် တိုင်းအစိုးရအုပ်ချုပ်မှုသက်တမ်း ၄ နှစ်ကျော်အကြာတွင် ဝန်ကြီးချုပ်ကို အယုံအကြည် မရှိကြောင်း စွပ်စွဲပြစ်တင်မှုများ လွှတ်တော်တွင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုကို ထောက်ခံရန် သင့်၊ မသင့်

NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကမူ ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်မှု ကို ရွေးကောက်ခံ မဟုတ်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေး ထိုးတင်ပြခြင်း ဖြစ်သော်လည်း အဆို တင်ပြမှုသည် ဥပဒေကြောင်းအရ တရားဝင်သည်ဟု ရှင်းပြသည်။

“ရွေးကောက်ခံမဟုတ်လို့ ဆိုပြီး ပြောနေကြတာတော့မှန်တယ်။ သို့သော်လည်း ဖွဲ့စည်းပုံနဲ့ပဲ ကျနော်တို့က ကိုင်ပြောရမှာလေ။ သူက ဖွဲ့စည်းပုံအရ ဝင်လို့ရနေတာကိုး။ ဒါက တရားဝင်တယ်လို့ ပြောရမှာပေါ့” ဟု ၎င်းက ဆိုသည်။

သို့သော် ရန်ကုန်တိုင်းလွှတ်တော်ရှိ NLD ကိုယ်စားလှယ်များ စဉ်းစားရန် လိုအပ်သည့် အချက်မှာ ဦးဖြိုးမင်းသိန်း၏ ကိုယ်စားပြုမှုပင် ဖြစ်ကြောင်း မုံရွာအောင်ရှင်က ပြောသည်။

“ကိုဖြိုးမင်းသိန်းဆိုတာက NLD ကို ကိုယ်စားပြုတဲ့ ဝန်ကြီးချုပ်လေ။ NLD ကို ကိုယ်စားပြုတဲ့ လှည်းကူးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်လေ။ ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေက ဒီအဆိုကို ထောက်ခံဖို့ စဉ်းစားနေတယ်ဆိုရင်တော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ကိုယ့်လူကိုယ် ပြန်ဒုက္ခပေးသလို ဖြစ်သွားလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး ပြဿနာများ၌ တစိတ်တပိုင်း ပြဿနာနှင့် တခုလုံးပြဿနာဆိုသည့် အခြေအနေ ၂ မျိုးရှိပြီး ဦးဖြိုးမင်းသိန်း ကိစ္စသည် တစိတ်တပိုင်း ပြဿနာသာ ဖြစ်ကြောင်း မုံရွာအောင်ရှင်က ဆိုသည်။

“တခါတရံကျတော့ တစိတ်တပိုင်းပြဿနာကို သိပ်ပြီး ဦးစားပေးလို့ မရဘူး။ တခုလုံး ပြဿနာကို ကြည့်ရမယ်။ ကိုဖြိုးမင်းသိန်းက တစုံတရာ ချွတ်ယွင်း အားနည်းချက် ရှိကောင်း ရှိနိုင်တယ်။ သို့သော်လည်း ကိုယ့်လူကိုယ် ပြန်ဆန့်ကျင်မယ်ဆိုရင် ကိုယ့်တက်ကိုယ် ပြန်နင်းတာနဲ့ အတူတူပဲ။ အဲဒါတော့ မဖြစ်သင့်ဘူးလို့မြင်တယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။

ကိုယ့်ပါတီက လူဖြစ်သော ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ အားနည်းချက်များကို ထောက်ပြမည်ဆိုပါကလည်း NLD လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် အတွင်းမှာပင် ထောက်ပြ ဆွေးနွေးသင့်ကြောင်း မုံရွာအောင်ရှင်က အကြံပြုသည်။

ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းကမူ ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်မှုတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်မှုသည် ဒီမိုကရေစီ စနစ်ရှင်သန်ရန် ဆောင်ရွက်သည့် လုပ်ရပ်ဖြစ်သဖြင့် ကြိုဆိုကြောင်း ပြောကြားသည်။

“တပ်မတော်က တိုင်းရင်သား လက်နက်ကိုင်တွေနဲ့ ပတ်သက်လို့ ချေမှုန်းတဲ့ ကိစ္စတွေမှာဆိုရင် လုံးဝ မထောက်ခံ ဘူး။ ဒါပေမယ့် ဒီတခါ တပ်မတော်သား ကိုယ်စားလှယ်တွေက လုပ်တဲ့ကိစ္စဟာ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် လုပ်သင့်လုပ်ထိုက်တာ လုပ်တဲ့အတွက် ကြိုဆိုတယ်” ဟု၎င်းက ဆိုသည်။

ဒီမိုကရေစီ စနစ်ကျင့်သုံးပါက လွှတ်တော်များသည် အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှု မှန်ကန်ရန် ထိန်းကျောင်းရမည် ဖြစ်သော်လည်း ရန်ကုန်တိုင်းလွှတ်တော်အနေနှင့်မူ ရန်ကုန်တိုင်းအစိုးရကို ထိန်းကြောင်းနိုင်မှု မရှိကြောင်း ဒေါက်တာညိုညိုသင်းက သုံးသပ်သည်။

“အရပ်သားကိုယ်စားလှယ်တွေက တပါတီတည်းက ဖြစ်တဲ့အတွက်ကြောင့် ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆို တင်သွင်းလို့ မရဖြစ်နေတဲ့အချိန်မှာ ရန်ကုန်လွှတ်တော်ရဲ့ လိုအပ်ချက်ကို ရန်ကုန်တိုင်းမှာရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ထမ်းဆောင်လိုက်တာ ဖြစ်တယ်လို့ မြင်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်သည့် အဆိုကို NLD အမတ်များ ထောက်ခံလိုက်ပါက ထောက်ခံသူအား ၎င်းတို့၏ မိခင်ပါတီက ငြိုငြင်လာပြီး ရွေးကောက်ပွဲတွင် ပြန်လည်ပါဝင်ခွင့်မပြုနိုင်သည့် အခြေအနေရှိသဖြင့် အဆိုကို မထောက်ခံဘဲ နေသည်များလည်း ရှိနိုင်ကြောင်း ဒေါက်တာညိုညိုသင်းက သုံးသပ်သည်။

“ဒီအဆိုက အောင်မြင်နိုင်ဖို့ အလားအလာအရမ်းနည်းတယ်။ သို့သော်လည်း လွှတ်တော် ကိုယ်စားလှယ်တွေက စဉ်းစားရမှာဖြစ်တယ်။ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေ သတ္တိကို ပြဖို့ လိုပြီပေါ့။ ဘယ်လောက်အထိ လွတ်လပ်တယ် ပြည်သူလူထု အကျိုးစီးပွားကို ကိုယ့်ရဲ့ အကျိုးစီးပွားထက်၊ ပါတီရဲ့ အကျိုးစီးပွားထက် ရှေ့တန်းတင်တယ်ဆိုတာကို ဒီကိစ္စမှာ ပြသဖို့ လိုပြီ” ဟု ၎င်းက ဆိုသည်။

ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်သည့် အဆိုတင်သွင်းမှုအပေါ် ထောက်ခံရန်သင့်၊ မသင့်သည် NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များ အတွက် ပါတီအကျိုးစီးပွား၊ မိမိ၏ အကျိုးစီးပွားထက် ပြည်သူ့အကျိုးစီးပွားကို ကြည့်မည်၊ မကြည့်မည် ဆိုသည့် စမ်းသပ်မှု တခုလည်း ဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းက သုံးသပ်သည်။

မည်သို့ပင် ဖြစ်စေ ရန်ကုန်တိုင်း လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ဇွန်လ ၅ ရက်က ပြီးဆုံးသွားပြီဖြစ်ရာ လတ်တလောတွင် အရေးပေါ်အစည်းအဝေး ခေါ်ယူမှုမရှိပါက နောက်ထပ် ၂ လကြာမှသာ လွှတ်တော်အစည်းအဝေး ပြန်စတင် နိုင်မည် ဖြစ်သည်။

လွှတ်တော်အစည်းအဝေး ပြန်လည် စတင်ပါက ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအား စွပ်စွဲပြစ်တင်မှု အဆိုကို မဲခွဲဆုံးဖြတ်ရမှုများ ရှိလာနိုင်သည်ဖြစ်ရာ အဆိုအပေါ် NLD အမတ်အများစု၏ သဘောထားမည်သို့ ရှိလာမည်ဆိုသည့် အချက်မှာ ဆက်လက် စောင့်ကြည့်ရဖွယ်ရှိသည်။

You may also like these stories:

YBS မထသ စနစ်ဆိုးထံ ပြန်လှည့်နေသလား

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ကြံ့ခိုင်ရေးနှင့် တပ်မတော်အမတ်များ စွပ်စွဲပြစ်တင်

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က လွှတ်တော်သို့တင်ခဲ့သော တိုင်းအစိုးရ၏ မူမမှန်သော အသုံးစားရိတ်များ

The post စွပ်စွဲပြစ်တင်မှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ် အောင်မြင်စွာ ဖြတ်ကျော်နိုင်မလား appeared first on ဧရာဝတီ.

ကူကယ်ရာမဲ့နေတဲ့ မလေးရှားရောက် မြန်မာလုပ်သားများ ဘဝ

$
0
0

ရှိုက်သံ တိုးတိုးသဲ့သဲ့က ဖုန်းထဲက ထွက်ပေါ် လာပါတယ်။

ဖုန်းပြောနေရင်းက ခဏလေးနော် ဟုဆိုကာ တိမ်ဝင်သွားသော အသံနှင့်အတူ စက္ကန့်သုံးဆယ်မျှလောက်သော အချိန် အတောအတွင်း ရှိုက်သံက မကြားတချက် ကြားတချက်……

“ဝမ်းနည်းလို့ပါ။ သူများနိုင်ငံတွေက အခုဆိုရင် အင်ဒိုနီးရှားတို့၊ နီပေါတို့၊ ပါကစ္စတန်တို့က ပြန်ခေါ်ကြတယ်။ ကိုယ့်နိုင်ငံ အစိုးရက အရေးတောင် မလုပ်ဘူး”

လို့ ပြောရင်းငို၊ ငိုရင်း ပြောနေတဲ့ မဝါဝါနိုင်ဟာ မလေးရှားနိုင်ငံ ဆရဘန်းမြို့မှာ နေထိုင်နေတာပါ။

အလုပ်အကိုင် ရှားပါးတဲ့ ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူမြို့ကနေပြီး မလေးရှားမှာ လာရောက် အလုပ်လုပ်ကိုင် နေတာ ဆယ်စုနှစ် တစုစာ ရှိပြီလို့ ဆိုပါတယ်။ မလေးရှားမှာ ပြေးရ၊ ပုန်းရ၊ ရှောင်ရ၊ တိမ်းရ အဖြစ်မျိုးစုံ ကြုံခဲ့ရပေမယ့် သူ့ဘဝအ တွက် အခု ကာလလောက် အားငယ် ပူပင်သောက ရောက်ရတဲ့ ဘဝမျိုး မကြုံဖူးဘူးလို့ ဆိုပါတယ်။

မလေးရှားနိုင်ငံတွင် ကိုဗစ်ကာလအတွင်း လူမှု ကူညီရေး အဖွဲ့အချို့က အစားအသောက် ကူညီခဲ့ကြပါတယ် (ဓာတ်ပုံ – Bar Bu)

မလေးရှားနိုင်ငံမှာ ရှိနေတဲ့ တရားမဝင် မြန်မာ လုပ်သားတွေဟာ သူမလို အခက်အခဲမျိုးကို တချိန်တည်း တပြိုင်တည်း ကြုံနေရတာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် စီးပွားရေး တုံ့ဆိုင်းမှုတွေ အပြီးမှာ မလေးရှားဟာ သူ့ရဲ့ လုပ်ငန်းရှင်တွေကို နိုင်ငံသားတွေကိုပဲ အလုပ်ပေးဖို့ တွန်းအားပေးခဲ့ပါတယ်။

ဒါကြောင့်လည်း မဝါဝါနိုင် အပါအဝင် မလေးရှားနိုင်ငံရောက် တရားမဝင် အလုပ်သမားတွေဟာ အလုပ်လက်မဲ့ ဖြစ်ရုံမျှမက အဆောင်ခတွေ မပေးချေနိုင်တာကြောင့် အဆောင်တွေကနေ မောင်းထုတ်ခံရပြီး နေရမဲ့၊ စားရမဲ့လည်း ဖြစ်နေပါတယ်။ ကိုယ်ဝန်ဆောင်တွေဟာ ကလေးမီးဖွား စရိတ် မရှိတဲ့ အခြေအနေမှာ ကြုံနေရပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံ အနေနဲ့ ဒီအလုပ်သမားတွေကို ဘယ်လို ကူညီမလဲဆိုတဲ့ အစီအစဉ်တွေကို မမြင်ရသေးတာ ကြောင့် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာဟာ မလေးရှားနိုင်ငံမှာ မျှော်လင့်ချက်မဲ့နေကြရပါတယ်။

“နေစရာအိမ် မရှိဘူး။ အလုပ်မရှိဘူး။ အလုပ်မရှိတော့ အခန်းခ ပေးစရာ မရှိဘူး။ အခန်းခ ပေးစရာ မရှိတော့ အိမ်ရှင်တွေ က မောင်းချတယ်”ဟု ကိုညီညီဇော်က ဆိုပါတယ်။

ကိုညီညီဇော်ဟာ မလေးရှားနိုင်ငံမှာ ဆိုင်းဘုတ်တွေ ဝရိန်ဆော်တဲ့ အလုပ်ကို လုပ်သူဖြစ်ပါတယ်။ ကိုဗစ်ကာလမှာတော့ သူ အလုပ်လက်မဲ့ဖြစ်တာ ၃ လ နီးပါး ရှိပြီလို့ လည်းဆိုပါတယ်။

ခုံးတံတားအောက်၊ ဘုန်းကြီးကျောင်းနဲ့ အလုပ်ရုံတွေရဲ့ ရှေ့အမိုးအောက်တွေဟာ မြန်မာ အလုပ်သမားတွေရဲ့ ညဘက် နားခိုရာဖြစ်ပြီး နေ့ခင်းဘက် ဆိုရင်တော့ နေရာတကာကို လျှောက်သွားနေရတယ်လို့ သူက ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်သမား ၃ သိန်းလောက်နဲ့ တရားမဝင် အလုပ်သမား ၂ သိန်းခွဲကနေ ၃ သိန်းကြားထဲ မှာ ရှိမယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ သူတို့ အကုန်လုံးနီးပါး အလုပ်လက်မဲ့ ပြဿနာကို တပြိုင်တည်း ကြုံရတာ ကြောင့် တယောက် အဖြစ်အပျက်ကို တယောက်ကြည့်ရင်း ဝမ်းနည်းနေတာက လွဲပြီး အရင်လို အပြန်အလှန် ကူညီနိုင် စွမ်းလည်း မရှိကြတော့ပါဘူး။

ကိုဗစ်ကြောင့် အလုပ်တွေ ရပ်ဆိုင်းလိုက်ပြီးနောက် မလေးရှားနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ဦးဟာ ဆိုရင် မလေးရှားအလုပ်ရှင်ကနေ ပါးရိုက်ပြီး သံရုံးရှေ့မှာ စွန့်ပစ်ခဲ့တဲ့ ဖြစ်စဉ် တခုတောင် အခုလ အစပိုင်းမှာ ဖြစ်ခဲ့ပါသေးတယ်။

ဒီဖြစ်စဉ်က အလုပ်ရှင်နဲ့ အေဂျင့်ကို မလေးရှားနိုင်ငံဥပဒေအတိုင်း အရေးယူသွားမယ်လို့ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက ပြောထားပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ ထိထိရောက်ရောက် ဆောင်ရွက်မယ်ဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။

မလေးရှားနိုင်ငံတွင် ကိုဗစ်ကာလအတွင်း လူမှု ကူညီရေး အဖွဲ့အချို့က အစားအသောက် ကူညီခဲ့ကြပါတယ် (ဓာတ်ပုံ – Bar Bu)

တရားမဝင် အလုပ်သမားတွေကို လက်ရှိအချိန် အထိ မြန်မာအစိုးရဘက်ကလည်း ကယ်ဆယ်ရေး လုပ်ငန်းအတွက် ထိထိ ရောက်ရောက် စီစဉ်ဆောင်ရွက်တာမျိုး မဆိုထားနဲ့ မျှော်လင့်ချက်သတင်း စကားတောင် ပြောတာမျိုး မရှိသေးပါဘူး။

မလေးရှားနိုင်ငံရဲ့ မြန်မာ အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက “လောလောဆယ် ကျနော်တို့ သိရသလောက်က ပြန်ခေါ်နိုင်မယ့် အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်” လို့ ဧရာဝတီရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

အဲဒီအချိန်မှာ နီပေါလို နိုင်ငံက အလုပ်သမား သိန်းနဲ့ချီပြီး ပြန်ခေါ်ဖို့ စီစဉ်ပြီးနေပါပြီ။ နီပေါအခြေစိုက် ကသ်မန်သူပို့စ် သတင်းစာရဲ့ အဆိုအရ နီပေါ အလုပ်သမား ၂၅၀၀၀ ကို ပထမအသုတ် အနေနဲ့ ပြန်လည် ခေါ်ယူတော့မှာလည်း ဖြစ်ပါ တယ်။ တနေ့ကို အလုပ်သမား ၂၅၀၀ ကနေ ၃၀၀၀ ကြား ပြန်လည် ခေါ်ယူမယ် လို့လည်း ဆိုပါတယ်။

“အခြား အစိုးရတွေက အခုလို Overstay ဖြစ်တဲ့ အလုပ်သမားတွေကို ပြန်ခေါ်ဖို့ အစိုးရခြင်း ညှိနှိုင်းနေတဲ့ဟာတွေ ရှိ တယ်။ မြန်မာ အစိုးရအနေနဲ့ တရားဝင် ညှိနှိုင်းတာတို့၊ တကယ်ပြန်ချင်တဲ့ မြန်မာအလုပ်သမားတွေကို တရားဝင်ဝင်၊ မဝင် ဝင် ပြန်လို့ရအောင်လို့ စီစဉ်ပေးသင့်တယ်လို့ မေတ္တာရပ်ခံတယ်” လို့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED ၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ အလုပ်သမား အရေးကို နှစ်ပေါင်းများစွာ ကူညီဆောင်ရွက်နေတာ ဖြစ်ပြီး လက်ရှိမှာလည်း မလေးရှားနိုင်ငံက အလုပ်သမားတွေကို တတ်နိုင်သ လောက် ကူညီပေးဖို့ လုပ်နေတာပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ မကွေးတိုင်း ဒေသကြီး အစိုးရနဲ့ လွှတ်တော်၊ အမျိုး သား လွှတ်တော်တို့ကို မေတ္တာရပ်ခံလွှာ ပေးပို့ထားတယ်လို့ ဦးထူးချစ်က ဆိုပါတယ်။

မလေးရှား၊ ထိုင်းနိုင်ငံ စတဲ့ နိုင်ငံတွေက တရားဝင်နဲ့ တရားမဝင် အလုပ်သမား အားလုံးလိုလိုဟာ နိုင်ငံရဲ့ စီးပွားရေး မဖွံ့ ဖြိုးမှု၊ အလုပ်အကိုင် ရှားပါးမှု ပြဿနာတွေနဲ့ မိသားစု စားဝတ်နေရေးကြောင့် ရေခြားမြေခြားကို ထွက်ပြီး လုပ်ကိုင်နေခဲ့ ရတာ ဖြစ်ပါတယ်။

တရားမဝင် အလုပ်သမားတွေလို့ ဆိုပေမယ့် သူတို့တွေရဲ့ မိဘဆွေမျိုးတွေဆီ ပြန်ပို့ငွေတွေဟာ နိုင်ငံကို GDP အနေနဲ့ ပြန် လည် စီးဆင်း ရောက်လာတာပါ။ တဦးချင်းဆီကနေ တနှစ်ကို ငွေကျပ် ၁၀ သိန်းလောက်ပဲ ပြန်ပို့နိုင်မယ်ဆိုရင်တောင် တရားမဝင် အလုပ်သမား ၃ သိန်းရဲ့ နှစ်စဉ် ပြန်ပို့ငွေ ကျပ်ဘီလီယံ ၃၀၀ လောက်ဟာ နိုင်ငံဆီကို ပြန်ရောက်နေတာပဲ ဖြစ် ပါတယ်။

ဒီငွေတွေရဲ့ အခွန် လှည့်ပတ်ငွေ၊ ငွေကြေး လည်ပတ်မှုတွေဟာ နိုင်ငံအတွက် ဘယ်လောက် အကျိုးရှိခဲ့တယ် ဆိုတာ စီးပွားရေး ပညာကို အနည်းငယ်မျှလောက် သိရင်တောင် တွက်ချက်နိုင်ပါတယ်။

ထိုင်းနိုင်ငံက ရွှေ့ပြောင်း လုပ်သားတွေနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “တရားဝင်သွားတာပဲ ဖြစ်ဖြစ် တရားမဝင် သွားတာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသားတွေ ဆိုရင် အားလုံး ပြန်လက်ခံမှာပဲ။ ဒါနဲ့ ပတ် သက်ပြီး ဒဏ်ပေးတာတို့ အပြစ်ပေးတာတို့ လုပ်မှာ မဟုတ်ဘူး။ အရေးကြီးတာကတော့ လာတဲ့အခါမှာ ယုံယုံကြည်ကြည် နဲ့ သက်ဆိုင်ရာကို အသိပေးဖို့ပဲ” လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံတွင် ကိုဗစ်ကာလအတွင်း လူမှု ကူညီရေး အဖွဲ့အချို့က အစားအသောက် ကူညီခဲ့ကြပါတယ် (ဓာတ်ပုံ – ဗိုလ်ဗိုလ်အောင်)

ဒီစကားက မလေးရှား အလုပ်သမားတွေ အတွက်ရော အကျုံးဝင်သလား၊ မဝင်ဘူးသလား ဆိုတာတော့ ဘယ်သူကမှ မပြောနိုင်သေးပါဘူး။ မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးကလည်း ပိတ်ထားဆဲဖြစ်ပြီး တိုင်ကြားချက်တွေကို လက်ခံပြီး အရေးလုပ်ရဲ့လား ဆိုတာ အသေအချာ မသိဘူးလို့ အလုပ်သမားတွေကတော့ ဆိုပါတယ်။

“အီးမေးလ်နဲ့ ပို့တဲ့အခါ အီးမေးလ် ရောက်ကြောင်း ပြန်လည် ဖြေကြားခြင်း မရှိဘူး။ ဖုန်းတွေနဲ့ ဆက်ပြီး မေးမြန်းတဲ့အခါ လည်း သံရုံးက ပြန်လည် ဖြေကြားခြင်း မရှိဘူး။ ဒီအတိုင်း သံရုံးနဲ့ နီးစပ်တဲ့ သူတွေဆီက မေးမြန်းတော့ သူတို့ပြောတာက အဖမ်းခံလိုက်။ အဖမ်းခံရင် အချုပ်ထဲမှာ ၂ လလောက်နေပြီးရင် ပြန်လို့ရမယ် ဆိုတာမျိုး ပြောနေကြတယ်” လို့ မလေးရှား နိုင်ငံ တန်ခတ်မြို့မှာ ရောက်နေတဲ့ ကိုအောင်မြင့်မြတ် က ပြောပြပါတယ်။

အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်း ကတော့ သူတို့ဆီ ဆက်သွယ်လာတဲ့ ဖုန်းမှန်သမျှကို ဖြေကြားပေးနေပါတယ် လို့ ဆိုပါတယ်။

“အလုပ်သမား သံအရာရှိတွေကို ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ မှန်သမျှကို ဖြေကြားပေးပါတယ်။ ကျနော်တို့က နှစ်ယောက် ပဲ ရှိတာဖြစ်တဲ့အတွက် တကယ်လို့ ဖုန်းက မစ်ကောလ် ဖြစ်သွားတာတို့ ဒီဘက်က ဖုန်းပြောနေတဲ့ အချိန်မှာ ဖုန်းမကိုင်နိုင် တဲ့ အခြေအနေဆိုရင် ချက်ချင်း ပြန်ခေါ်ပါတယ်။ ကျနော်တို့ဘက်ကတော့ ပြန်လည် မဖြေကြားတဲ့ ဖြစ်စဉ် တခုမှ မရှိပါ ဘူး။ သို့သော် သံရုံးအနေနဲ့က လောလောဆယ် သံရုံး ပိတ်ထားတာကတကြောင်း နောက်တခုက Hotline အနေနဲ့ ထား မပေးတာက တကြောင်းဆိုတော့ ဆက်သွယ်တဲ့အခါမှာ အခက်အခဲ ရှိပါတယ်” လို့ သူက ပြောခဲ့တာပါ။

ဒါပေမယ့် သူကိုယ်တိုင်ကလည်း အစိုးရ အနေနဲ့ ဒီကိစ္စကို အာရုံ ပိုစိုက်ပြီး အလေးထားပေးဖို့ လိုနေပြီဆိုတာကို ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

“ခုလို ပိတ်မိနေတာတွေ ဖြစ်နေတာမျိုး ဆိုရင်တော့ ဒီထက် နည်းနည်းလေး ပိုပြီးတော့ အာရုံစိုက်ပြီး လုပ်ပေးဖို့ လိုတယ်လို့ တော့ ကျနော်တို့လည်း သုံးသပ်ပါတယ်” လို့ ဦးအောင်ဇော်မင်းက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ‘‘ပြဿနာရှိလို့ရှိရင် သံရုံးတွေကို ဆက်သွယ်တယ်။ ဘယ် လိုကူညီပေးနိုင်မလဲ။ ပြန်ချင်တယ်။ ပြန်ချင်တာကို ဘယ်လို လုပ်ပေးရမလဲ ဆိုတာ ယုံယုံကြည်ကြည်နဲ့ ဆက်သွယ်တယ် ဆိုတာ။ ကျွန်မကလည်း နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ နည်းနည်း မင်္ဂလာယူ ရမှာပေါ့နော်။ အဲဒါ သံရုံးတွေက တော်လို့လို့ ဒီလိုပဲ သတ်မှတ်ရမှာဖြစ်ပါတယ်” လို့ ကိုဗစ်အရေးနဲ့ ပတ်သက်ပြီး ထိုင်း၊ တောင်ကိုရီးယား၊ တရုတ်နိုင်ငံက သံအမတ်တွေ နဲ့ ဆွေးနွေးစဉ်က သံရုံးတွေကို ချီးကျူး ပြောခဲ့ပါသေးတယ်။

သံရုံးတွေက အလုပ်လုပ်ကြသည် ဖြစ်စေ၊ အလုပ် မလုပ်ကြသည်ဖြစ်စေ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ အတွက် ကတော့ သူတို့ရဲ့ တခုတည်းသော အားကိုးရာဟာ သံရုံးဖြစ်နေတာကြောင့် ဒီကောက်ရိုးတမျှင်ကိုပဲ အားပြုနေရတာပါ။

တရားမဝင် အလုပ်သမားတွေဟာ မလေးရှားကို ဝင်တုန်းက အောက်လမ်းလို့ ခေါ်တဲ့ တရားမဝင်လှေနဲ့ ဖြတ်ကူးဝင်လာ တာမျိုးတွေ ရှိသလို လေယာဉ်နဲ့ လာပြီးမှ သက်တမ်း မတိုးဖြစ်တာ၊ အရင် အလုပ်ရှင်က ပတ်စပို့ သိမ်းထားလိုက်တာ၊ ပွဲစားက လိမ်သွားတာ စတဲ့ အဖြစ်အပျက် ပေါင်းများစွာနဲ့ တရားမဝင် ဖြစ်သွားတာလည်း ရှိနေပါတယ်။

ထိုင်းနိုင်ငံက တရားမဝင် အလုပ်သမားတွေနဲ့ မတူညီတဲ့ အဓိကအချက်ကတော့ အလွယ်တကူ ပြန်လို့ မလွယ်တာပါပဲ။ အခုဆိုရင် လေကြောင်းလိုင်းတွေတင်မက ခိုးဝင်ခိုးထွက်ရာ လမ်းမှန်သမျှကို ပိတ်ထားတာကြောင့်လည်း အလွယ်တကူ ပြန်မရဘဲ ကူရာမဲ့ဘဝနဲ့ သောင်တင်နေကြရတာပဲ ဖြစ်ပါတယ်။

“ထိုင်းက သူတွေက အဆင်မပြေလို့ ပြန်မယ်ဆိုရင် လမ်းလျှောက်တောင် ပြန်လို့ရပေမယ့်၊ မလေးရှားက လူတွေက မတူဘူး။ သူတို့မှာ အခု ပြန်စရာ လမ်းကြောင်းကို မရှိဘူး” လို့ ဦးထူးချစ်ကလည်း ပြောပါတယ်။

မလေးရှားနိုင်ငံတွင် ကိုဗစ်ကာလအတွင်း လူမှု ကူညီရေး အဖွဲ့အချို့က အစားအသောက် ကူညီခဲ့ကြပါတယ် (ဓာတ်ပုံ – ဗိုလ်ဗိုလ်အောင်)

ရေကြောင်းလမ်းများကိုလည်း အဝင်အထွက် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခြင်းကြောင့် လုံးဝပြန်၍ မရဘဲ စားရမဲ့ နေရမဲ့ အဖြစ်ကို လုံးလုံးလျားလျား ရင်ဆိုင်နေရတာလို့ ဦးထူးချစ်က ပြောပါတယ်။

မလေးရှားနိုင်ငံထဲကို တရားမဝင် ခိုးဝင်ကြတဲ့ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်း ကတဆင့် နယ်စပ်စည်းရိုးဖြတ်သန်းဝင်ရောက်ကြတာဖြစ်ပါတယ်။ မလေးရှားကလည်း တရားမဝင် မြန်မာ လုပ်သားတွေ မိရင် ထိုင်းတောင်ပိုင်းကိုပဲ ပြန်ပို့ပါတယ်။

ဒါပေမယ့် ဒီနှစ် ဧပြီလပိုင်းက ဖမ်းပြီး ထိုင်းနိုင်ငံဘက်ကို ပြန်ပို့တဲ့ လုပ်သား တွေထဲက Covid-19 ပို့ရှိမရှိ စစ်ဆေးတဲ့ အခါ ပိုးတွေ့သူ ၅၃ ဦးထဲမှာ မြန်မာလုပ်သား ၃၄ ဦး ပါခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် နယ်စပ်က ပြန်ပို့တဲ့ လုပ်သားတွေကို ထိုင်းဘက်က တားမြစ်လိုက်တာကြောင့် ဒီလမ်းကြောင်းကနေ ပြန်လာဖို့လည်း ခက်သွားပါတယ်။

အဲဒီလို အခက်အခဲတွေ တွေ့နေပေမယ့်လည်း အစိုးရဘက်ကတော့ တရားမဝင် အလုပ်သမားတွေနဲ့ ပတ်သက်ပြီး လုံးလုံး လျားလျား အစီအစဉ် ရှိဟန် မတူပါဘူး။ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ တယ်လီဖုန်း နံပါတ်အားလုံးကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အားလုံးက ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနကိုသာ မေးမြန်းရန် ဖြေ ကြားခဲ့ပါတယ်။

အဲဒီဌာနကို တရားမဝင် အလုပ်သမား အရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံနှင့် နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်မှု ရှိ၊ မရှိ ဆက်သွယ် မေးမြန်းခဲ့ရာမှာ မည်သူမည်ဝါ အမည်ဖော် မပြခဲ့တဲ့ သူတဦးက ကျမတို့ စီစဉ်ဆောင်ရွက်နေပါတယ်လို့သာ ဖြေကြားခဲ့ပါတယ်။ တိကျသေချာတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ သံရုံးကနေပဲ ထုတ်ပြန်နေတယ်လို့ သူက ဆိုပါတယ်။

မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက နေပြီး ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ အရ မေလ ၈ ရက်က တကြိမ်၊ မေလ ၂၀ ရက်က တကြိမ် မလေးရှားမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၆၀ ကို ပြန်လည်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

ပထမတကြိမ် ထုတ်ပြန်တဲ့ မေလ ၈ ရက် ထုတ်ပြန်ချက်မှာ ပတ်စပို့ ထုတ်ပေးတဲ့ ရက်စွဲကို ထည့်သွင်းဖော်ပြထားတာ ကြောင့် ပြန်လည်ခေါ်ယူတဲ့ စာရင်း အယောက် ၁၀၀ မှာ သက်တမ်းလွန်လို့ ယူဆရသူ အချို့ ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် မေလ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်စဉ်မှာတော့ ပတ်စပို့ ထုတ်ပေးတဲ့ ရက်စွဲတွေကို ဖော်ပြခြင်းမပြုဘဲ ချန်လှပ်ခဲ့ပါ တယ်။

ဒါကြောင့် ဒီစာရင်းတွေဟာ တရားဝင် အလုပ်သမားတွေ ဒါမှမဟုတ် တရားမဝင် အလုပ်သမားတွေကို ပြန်လည် ခေါ်ယူ တာလား။ ဒါမှမဟုတ် သံရုံး နီးစပ် ပတ်သက်သူတွေကိုပဲ ခေါ်ယူနေတာလား ဆိုတာကို အလုပ်သမားတွေက သံသယ ဖြစ် နေပါတယ်။

မေလ ၁၁ ရက်ကတော့ မလေးရှားနိုင်ငံက အစီအစဉ်နဲ့ မြန်မာ အလုပ်သမား ၃၉၁ ဦးကို မြန်မာနိုင်ငံကို ပြန်ဖို့ အထူး လေ ယာဉ် စီစဉ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါက မလေးရှားနိုင်ငံ အစိုးရကနေပြီး သူတို့ရဲ့ ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ပြည်နှင်ဒဏ်ပေးတဲ့ အစီအစဉ်ပါ။

မလေးရှားနိုင်ငံတွင် ကိုဗစ်ကာလအတွင်း လူမှု ကူညီရေး အဖွဲ့အချို့က အစားအသောက် ကူညီခဲ့ကြပါတယ် (ဓာတ်ပုံ – ဗိုလ်ဗိုလ်အောင်)

ထိန်းသိမ်းရေးစခန်း ရောက်ရင် ပြည်နှင်ဒဏ်နဲ့ပဲ ဖြစ်ဖြစ် ပြန်ရမယ်ဆိုတဲ့ အတွေး အလုပ်သမားကိုယ်စီမှာ ရှိနေပေမယ့် အဖမ်းခံလိုက်ဖို့ ဆိုရင်တောင်မှ အလုပ်သမားတွေ အတွက် စိန်ခေါ်မှု နှစ်ခု ရှိပါတယ်။

တခုကတော့ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးထားတဲ့ စခန်း (Camp) တွေမှာ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ ရှိနေတာနဲ့ နောက်တခုကတော့ ဖမ်းဆီးခံရပြီးရင် ပေးဆောင်ရမယ့် ငွေကြေးတွေအတွက် သူတို့မှာ လုံးဝပေးစရာ မရှိနေ တာပါပဲ။

ကိုအောင်မြင့်မြတ်က “ကျနော်တို့ အဖမ်းခံလိုက်တယ် ဆိုရင်လည်း လေယာဉ် လက်မှတ်ဖိုးတွေ၊ နှစ်အလိုက် ဒဏ်ကြေး ဆောင်ရမယ်ဆိုတာတွေ လာမယ်။ ပေးစရာလည်း မရှိတော့ ထိန်းသိမ်းရေး စခန်းမှာပဲ သောင်တင်နိုင်တယ်”လို့ ဆိုပါ တယ်။

ဒါပေမယ့်လည်း ရှေ့လျှောက် ဒီလိုဖြစ်နေမယ်ဆိုရင်တော့ လူရာနဲ့ချီ စုစည်းပြီး အဖမ်းခံလိုက်ဖို့က လွဲရင်တော့ ရွေးချယ် စရာ မရှိတော့ဘူးလို့ သူက ဆိုပါတယ်။

တရားဝင် လာရောက် လုပ်ကိုင်တဲ့ အလုပ်သမားတွေ အတွက်တော့ ဒီအခက်အခဲက ယာယီ အခိုက်အတန့်ပဲ ဖြစ်ဖို့ များပါ တယ်။ လော့ဒေါင်းတွေ ပြန်ဖြည်နေပြီ ဖြစ်တာရယ် အစိုးရ အနေနဲ့ တရားဝင် အလုပ်သမား တွေကို မဖြစ်မနေ ကူညီဖို့ တာဝန်ရှိနေတာကြောင့်ပါပဲ။

အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းကလည်း သူတို့အနေနဲ့ တရားဝင် အလုပ်သမားတွေကိုတော့ ကာကွယ် စောင့် ရှောက် ပေးပါ့မယ်လို့ ဆိုပါတယ်။

“တရားဝင် အလုပ်သမားကတော့ ကျနော်တို့ကို ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပါ ပြဿနာ မရှိပါဘူး။ အချိန်နဲ့ တပြေးညီ ကျနော်တို့ ကာကွယ် စောင့်ရှောက်ပေးပါ့မယ်။ ဥပဒေကြောင်းအရ စပ်ဆိုင်တဲ့ ကူညီမှုမျိုး အချိန်မရွေး လုပ်ပေးပါ့မယ်”လို့ သူက ပြောပါတယ်။

တရားမဝင် အလုပ်သမားတွေ အတွက်ကတော့ ရှေ့လျှောက် ပိုမိုခက်ခဲလာမှာမို့ သည်းခံပေးပါ လို့ပဲ ဦးအောင်ဇော်မင်း ဆိုပါတယ်။

မြန်မာနိုင်ငံလိုပဲ မလေးရှားမှာ လော့ဒေါင်းတွေ ပြန်ဖွင့်စ ပြုနေပြီ ဖြစ်ပေမယ့် စီးပွားရေးဟာ ဝုန်းကနဲ၊ ဒိုင်းကနဲ တည်ငြိမ် သွားစရာ မရှိလို့ ဒီတရားမဝင် အလုပ်သမားတွေ အလုပ်ပြန်ရနိုင်ဖို့လည်း မလွယ်ပါဘူး။ ဒါကြောင့် ဘယ်လောက်ကြာကြာ တောင့်ခံရဦးမယ်ဆိုတာ မသိကြပါဘူး။

သူတို့ဟာ မြန်မာနိုင်ငံကို ပြန်ရဖို့အတွက် ဘာမဆို အသင့်လည်း ဖြစ်နေပါတယ်။

“မျှော်လင့်ချက် မရှိတော့ဘူးဆိုရင် အဖမ်းခံမယ်။ ဆန္ဒပြမယ်။ အောက်လမ်းကနေ ဇွတ်ဝင်မယ်။ အဆင်ပြေမယ့် နည်းလမ်း ဘာဖြစ်ဖြစ် လုပ်ရတော့မှာပဲ” လို့ အလုပ်သမား တဦးက ဆိုပါတယ်။

မလေးရှားနိုင်ငံတွင် ကိုဗစ်ကာလအတွင်း လူမှု ကူညီရေး အဖွဲ့အချို့က အစားအသောက် ကူညီခဲ့ကြပါတယ် (ဓာတ်ပုံ – ဗိုလ်ဗိုလ်အောင်)

လတ်တလောမှာ သူတို့ လုပ်နေနိုင်တာက ပူပန်သောကတွေနဲ့ စောင့်ဆိုင်းနေရုံပဲ ဖြစ်ပါတယ်။ တရားမဝင် ဖြစ်စေ တရား ဝင်ဖြစ်စေ သူတို့ ကိုယ်စီဟာ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ‘‘ဟိုဘက်က နိုင်ငံက ကိုယ့်ရဲ့နိုင်ငံသားတွေကို တန်ဖိုး ထားအောင် ကိုယ်ကလည်း တန်ဖိုးထားပြရမယ်။ ကိုယ့်နိုင်ငံသားတွေကို ကိုယ်တန်ဖိုးမထားဘူး ဆိုရင် သူတို့ အိမ်ရှင် နိုင် ငံကလည်း တန်ဖိုးထားမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။

မလေးရှားက မြန်မာ လုပ်သားတွေကတော့ မြန်မာနိုင်ငံ အစိုးရဟာ သူတို့ကို တန်ဖိုးမှ ထားရဲ့လား။ သူတို့ရှိနေတာကို အသိအမှတ်ပြုရဲ့လား ဆိုတာကို ယုံမှားသံသယ ရှိနေပါတယ်။ ဒါပေမယ့်လည်း မဝါဝါနိုင် အပါအဝင် မလေးရှားက တရား မဝင် အလုပ်သမားတွေဟာ အစိုးရက သူတို့ကို ဘယ်အချိန် လက်ကမ်းမလဲ ဆိုတာ မျှော်လင့်တကြီး စောင့်နေတုန်းပါ။

မဝါဝါနိုင်ရဲ့ “ကျမတို့ကို ပြန်ခေါ်မလား မျှော်လင့်နေတုန်းပါ” ဆိုတဲ့ အသံက တုန်ရီ ဆို့နင့်နေပါတယ်။ ။

ဆက်စပ်ဖတ်ရှုရန်

မလေးရှားတွင် ဒုက္ခကြုံနေရသည့် မြန်မာလုပ်သားများအရေး မေးမြန်းချက်

မလေးရှား သံရုံးရှေ့ စွန့်ပစ်ခံရသည့် မြန်မာ လုပ်သားများကိစ္စ အရေးယူမည်

မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုလည်း ကူညီပါ

ထိုင်းတွင် ပိတ်မိနေသည့် မြန်မာအလုပ်သမားများ နယ်ကျော်ပြန်ခွင့်ရရှိ

အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀၀ ခန့် မလေးရှား ပြန်ပို့

The post ကူကယ်ရာမဲ့နေတဲ့ မလေးရှားရောက် မြန်မာလုပ်သားများ ဘဝ appeared first on ဧရာဝတီ.

ကသည်းလူမျိုးတိုင်း သူပုန်မဟုတ်ပါ

$
0
0

ကသည်းနှင့် မြန်မာ ဆက်နွယ်မှုမှာ ယခုမှ မဟုတ်ပါ၊ ရှေးကပင် ပဏ္ဏာဆက်နိုင်ငံဖြစ်ခဲ့ပြီး ကသည်းစော်ဘွားများနှင့် မြန်မာမင်းများအကြား သမီး ကညာဆက်သည့် အလေ့အထရှိသည်။

ညောင်ရမ်းခေတ် တနင်္ဂနွေမင်း (၁၇၁၄ – ၁၇၃၄) လက်ထက် အင်အား ၃သောင်းခန့်ရှိ ကသည်းတပ် စစ်ကိုင်းကောင်းမှု တော် အရောက် ချီလာပြီး ကျောင်းကန်၊ ဘုရားများကို မီးရှို့ဖျက်ဆီးကာ အင်းဝကိုမူ ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ ဘာသာရေးအရ ဧရာဝတီမြစ်၌ ရေချိုးကာ တပ်ခေါက်ပြန်သွားခဲ့ကြောင်း ရာဇဝင်ရှိခဲ့သည်။

တတိယမြန်မာနိုင်ငံ ထူထောင်သူ အလောင်းမင်းတရားလက်ထက်မှာတော့ ကသည်းစော်ဘွားအချင်းချင်း နန်းလုမှုကို အကြောင်းပြုပြီး ကသည်းပြည်တွင်းရေးကို မြန်မာတို့က ဝင်ရောက်စွက်ဖက်သလို မိမိလိုလားသူကို ထီးနန်းတင်ပေးသည့် အလေ့လည်း ရှိခဲ့သည်။

၁၇၅၈ ခုနှစ်၌ ကသည်းစော်ဘွား ဂေါ်ရသျှား အုပ်ချုပ်သော မဏိပူရနိုင်ငံကို သွားရောက်တိုက်ခိုက် သိမ်းပိုက်၍ ချန္ဒရ မော်နီကို နန်းတင်ကာ ကသည်းသုံ့ပန်းများ ဖမ်းခေါ်ဆောင်၍ စစ်ကိုင်းနယ် တဝိုက် နေရာချပေးခဲ့ကြောင်း၊ သုံ့ပန်းထဲတွင် မြင်းစီးကျွမ်းကျင်သူတို့ကို စစ်မှုထမ်းစေပြီး မြန်မာ့တပ်မတော်တွင် ကသည်းမြင်းတပ်အဖြစ် စတင်ပါဝင်ခဲ့ရာ ကသည်းမြင်း သည် ကျော်များကို အုပ်ချုပ်ရသည့် အက္ကပတ် မြင်းဝန်မှာ ထင်ရှားသည်။

အလားတူ ဆင်ဖြူရှင်မင်းလက်ထက်မှ ဘကြီးတော်မင်းတိုင် မြန်မာဘုရင်များက မဏိပူရနယ်ကို အကြိမ်ကြိမ် တိုက်ခိုက် သိမ်းပိုက်၍ ကသည်းမြင်းသည်တော်၊ ဗေဒင်နက္ခတ် ကျွမ်းကျင်သူ ဟူရားပုဏ္ဏားများ၊ သမားတော်များ၊ သဘင် ပညာ သည်များနှင့် ပိုးထည်ချိတ်ထည်ရက်လုပ်သည့် လက်မှုပညာသည်များကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ အင်းဝနှင့် မိုးကုတ်နယ်တို့တွင် အသီးသီး နေရာချထား ပေးခဲ့ကြောင်း သမိုင်းမှတ်တမ်း များအရ သိရသည်။

မြန်မာမင်းများလက်ထက်က ကသည်းအမတ်

အင်္ဂလိပ်- မြန်မာ ပထမစစ် အရင်းခံတွင် မဏိပူအရေးလည်းပါ၏၊ ဘကြီးတော်ဘုရား နန်းတက်ရာ မဏိပူရ စော်ဘွား မတက်ရောက်ခြင်းကြောင့် မြန်မာက မြဝတီမင်းကြီးဦးစ၊ စစ်သူကြီး မဟာဗန္ဓုလတို့ကို စေလွှတ်နှိမ်နင်းရာမှ အင်္ဂလိပ်တို့နှင့် ရန်မီးပွားခဲ့ရသည်၊ ထို့အတွက် အာသံ၊ မဏိပူရတို့သည် မြန်မာနှင့် ရှည်ကြာသည့် ဆက်ဆံရေး၊ သမိုင်းကြောင်း ရှိသည် ဟု ဆိုရမည်။

မြန်မာ့စွယ်စုံကျမ်း၌ ၁၉၃၁ခုနှစ် အင်္ဂလိပ်အစိုးရလက်ထက် သန်းခေါင်စာရင်းအရ မြန်မာပြည်၌ ကသည်းဦးရေ ၆၀၀၀ခန့် နေထိုင်ကြောင်း ဖော်ပြထားပြီး ဒေသအသီးသီးတွင် ငြိမ်းချမ်းစွာနေထိုင်သည့် ကသည်းလူမျိုးများနှင့် စပ်လျဉ်း၍ ကသည်းဈေး၊ ကသည်းတန်း၊ ကသည်းစု စသည်တို့မှာလည်း ထင်ရှားသည်။

၂၀၀၈ ဖွဲ့စည်းပုံနှင့်ဆန့်ကျင်နေသည့် ကသည်းသူပုန်ကိစ္စ

လက်ရှိ မြန်မာနိုင်ငံ၏ လည်ပတ်နေသည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ယန္တရားများက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို အာဏာသိမ်း တပ်မတော်အစိုးရက ဦးဆောင်၍ ၁၉၉၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ၁၄ နှစ်ကြာ ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၄၂ (ခ) တွင် “နိုင်ငံတော်အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု”ဟု အတိအလင်းပြဌာန်းထားပြီး ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေးဝန်ကြီးဌာနများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ကာ ဒေသခံပြည်သူများ၏ ဘဝလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း ချင်းပြည်နယ်ရှိ အရပ်ဘက်အဖွဲ့ အစည်းများက ထောက်ပြ ပြောဆိုကြသည်။

“ဖွဲ့စည်းပုံ ပုဒ်မ ၄၂ (ခ) မှာ မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမှ မြန်မာ့မြေပေါ် တပ်ချခွင့်မပြုလို့ ပြဌာန်းထားပြီးသားပါ။ အဲဒီ အတိုင်းပဲ သွားရမှာ။ အဲတော့ ဖွဲ့စည်းပုံကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတဲ့သူတွေအားလုံး၊ အထူးသဖြင့် နယ်စပ် လုံခြုံရေးတာဝန်ယူထားတဲ့ တပ်မတော်အနေနဲ့ ကသည်းသူပုန်တွေကိစ္စကို ဖွဲ့စည်းပုံပါပြဌာန်းချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်”ဟု ဇိုမီးကျောင်းသားနှင့်လူငယ်အဖွဲ့ တာဝန်ခံ ကိုကင်းမ်သွမ်က ပြောဆိုသည်။

ကသည်းသူပုန်များ၏ တည်ရှိမှုသည် မြန်မာနိုင်ငံ၏ ဒေသတွင်း လုံခြုံရေးကို ထိခိုက်စေကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုပြီး တီးတိန်တွင် ကျောင်းဆရာမတဦး အသတ်ခံရစဉ်က ဒေသခံများ ကန့်ကွက် ဆန္ဒပြမှု ကို ထောက်ပြပြောဆိုသည်။

“အဲဒီမှာရှိနေတဲ့ တချို့ လူတွေက စီးပွားရေး လုပ်ငန်းအရပဲ ဖြစ်ဖြစ်၊ သူတို့နဲ့ ဆက်စပ်လို့ပဲ ဖြစ်ဖြစ် အသတ်ခံရတဲ့လူတွေ တမူးမြို့ ပေါ်မှာတောင် အသတ်ခံရတဲ့သူတွေ ရှိတာမျိုးတွေ ရှိတယ်။ သူတို့ မကျေနပ်လို့ မိုလို့ မိုင်းထောင် ဖောက်ခွဲခဲ့ တာလည်း ရှိတယ်။ ဒါက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေပါတယ်”ဟု ၎င်းက ပြောသည်။

၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ

အစိုးရ အဆက်ဆက်က ကသည်းသူပုန်များကို လက်ခံထားသည် ဆိုသည့် အချက်ကိုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ငြင်းသည်။ မသိသည့် ကိစ္စမျိုးသာ ဖြစ်မည်ဟုဆိုသည်။

ကသည်းသူပုန်တွေ ဘာလုပ်နေကြလဲ

ဧရာဝတီက နောက်ဆုံး ရရှိထားသည့် အချက်များအရ ကသည်းတို့သည် တမူးဒေသကို စွန့်ခွာပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မဏိပူရ် ၃ ပွင့်ဆိုင်ရာ ဆုံချက် တွန်းဇံနယ်စပ်ရှိ ဘိန်းစိုက်ခင်းများဆီသို့ ရောက်ကုန်ကြပြီ ဖြစ်ကြောင်း သိရသည်။

“ဘိန်းတွေကို စိုက်တယ်။ ဟုမ္မလင်းဘက်ကို တက်တယ်။ နန့်ချောင်းကနေ ဆင်းပြီး အဲဒီ မူးယစ်ဆေးဝါးတွေက ဖားကန့် အထိ ရောက်သွားတယ်။ တမူးက ရွာတိုင်းနီးပါးမှာ ဘိန်းစားတွေ ဆေးစွဲတဲ့သူတွေ အများကြီးပဲ။ သူတို့ဆီက လွယ်လွယ်နဲ့ ရတာကိုး”ဟု ဒေသခံတဦးက ပြောသည်။
အိန္ဒိယနိုင်ငံဘက်တွင် မိုရေးမြို့ မှ အစိုးရ ဝန်ထမ်းများပင်လျှင် ကသည်းလက်နက်ကိုင်များကို ဆက်ကြေးပေးနေရသည်။

မိုရေးမြို့မှ သူဌေးများ မြန်မာနိုင်ငံ၊ တမူးဘက်ခြမ်းသို့ ဈေးလာဝယ်သည့်အခါ သေနတ်ထောက် ခေါ်ယူ၍ ဓါးပြတိုက် ပိုက်ဆံ တောင်းကြသည်။

“သူတို့မရှိရင် ဒေသဖွံ့ ဖြိုးရေးက ချက်ချင်းတက်သွားမှာ။ သူတို့က ပြဿနာတခုခုဖြစ်တိုင်း အင်ဖာ-တမူးလမ်းကို ပိတ်ထား လေ့ရှိတယ်။ မသွားရဲကြဖူး။ အစပိုင်းမှာ စွန့်စားသွားတဲ့ကားတွေလည်း အပစ်ခံရတယ်။ နောက်ပိုင်း မသွားရဲကြတော့ ဘူး”ဟု ဒေသခံတဦးက ပြောသည်။

ကသည်း သူပုန်များ မြန်မာနိုင်ငံဘက်သို့ အလွယ်တကူ ဝင်ထွက်နိုင်သည့် အဓိက အကြောင်းရင်းမှာ မြန်မာ-အိန္ဒိယ နယ်စပ်တွင် ၉ မှတ်တိုင်မှာ ၂ ဖက် သူပိုင်ငါပိုင် အငြင်းပွားနေသဖြင့် ခြံစည်းရိုးခတ်ရန် လိုအပ်နေခြင်း ဖြစ်ပြီး ယင်းအချက် ကို ကသည်းတို့က အခွင့်ကောင်းယူနေခြင်း ဖြစ်ကြောင်း သိရသည်။

တချို့ ကသည်း တပ်ဖွဲ့ဝင်များမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထံတွင် သင်တန်း တက်ခဲ့ဖူးကြောင်း ပြောဆိုမှုများ ရှိပြီး၊ တရုတ်နှင့် နီးစပ်မှုအရ ကသည်းများ၏ နောက်ကွယ်တွင်လည်း တရုတ်ရှိနိုင်ကြောင်း၊ တရုတ်သည် အိန္ဒိယနိုင်ငံကို အင်အား ချိန်ခွင် ညှိရန် ကသည်းတို့ကို အသုံးချနေသည်ဟု ဒေသခံ တချို့က ယုံကြည်ကြသည်။

၁၉၈၀ ခုနှစ်တွင် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တချို့ သည် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) မှတဆင့် တရုတ်တို့ထံ ချည်းကပ်ခဲ့ရာ အစပိုင်းတွင် အကြိမ်ကြိမ် ငြင်းဆိုခြင်းကို ခံခဲ့ရသည်ဟု ဆွီဒင်နိုင်ငံသား ဂျာနယ်လစ် ဘာတေးလဒ်တနာ၏ ကျောက်စိမ်းမြေ စာအုပ်တွင် ဖော်ပြထားသည်။

၂၀၁၉ ဒီဇင်ဘာ ၁ရက်က ချင်းပြည်နယ် တီးတိန်မြို့တွင် ပြုလုပ်သည့် မဏိပူရ်ကသည်း လက်နက်ကိုင်များနှင့် ပတ်သက်၍ အလိုမရှိကြောင်း ဆန္ဒပြစဉ်(Anoak)

သိုသော် နောက်ပိုင်းတွင် ကသည်းသူပုန်များသည် တရုတ်အကူအညီကို ရရှိခဲ့ကြပြီး ပြည်တွင်းရှိ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တချို့ မှ တဆင့် ချိတ်ဆက်နိုင်ခဲ့သည်ဟု စုံစမ်း သိရှိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရလက်ထက်တွင် အစိုးရ၊ တပ်မတော်တို့သည် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေး ပိုကောင်းလာအောင် ကြိုးစားလာရသည်မှာ ရခိုင် ပြည်နယ်ရှိ မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးတချို့ တွင် အိန္ဒိယနိုင်ငံ၏ စစ်ဘက်နည်းပညာ အကူအညီများကို ရရှိ၍ ဖြစ်ကြောင်း သတင်းရင်းမြစ်တချို့က ဧရာဝတီသို့ ပြောသည်။

အကြောင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် ရက္ခိုင့် တပ်မတော် (AA) ၊ ARSA တို့၏ လှုပ်ရှားမှုများကို သိရှိနိုင်ရန် အိန္ဒိယစစ်တပ်မှ ဂြိုတ်တု အကူအညီ ရရှိနိုင်ရေး အချက်တို့ကြောင်း ဖြစ်သည်။ ထို့ကြောင့်လည်း မကြုံစဖူး ကသည်းသူပုန်များကို အိန္ဒိယဘက်သို့ ပြန်ပို့ပေးခဲ့ခြင်းပင် ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန်

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ

ကသည်းလက်နက်ကိုင်အဖွဲ့ အလိုမရှိကြောင်း ချင်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

The post ကသည်းလူမျိုးတိုင်း သူပုန်မဟုတ်ပါ appeared first on ဧရာဝတီ.

မြန်မာ့ခရီးသွားလုပ်ငန်း New Normal ဖြင့် ပြန်လည် စတင်မည်

$
0
0

၃ လနီးပါးခန့် မည်သည့်နေရာမှ မသွားလာရဘဲ အိမ်တွင်းအောင်းနေရသည့် ပြည်သူများအနေဖြင့် ငြီးငွေ့ပျင်းရိနေကြပြီလည်း ဖြစ်သည်။

အားလုံး မျှော်လင့်တောင့်တနေကြသော ခရီးစဉ် နေရာဒေသအသီးသီးကို မကြာမီအချိန်အတွင်း ပြန်ဖွင့်တော့မည်ဖြစ်ကာ မြန်မာ့ခရီးသွားလုပ်ငန်းကို ပြည်တွင်းခရီးသွား လုပ်ငန်းနှင့် ပြန်လည် စတင်တော့မည်လည်း ဖြစ်သည်။

ကမာ္ဘ့နိုင်ငံများတွင် ကန့်သတ်မှု Lockdown များ ပြန်လည် ဖြေလျှော့ခြင်းနှင့်အတူ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်လာရန် ပြင်ဆင်နေကြပြီ လည်း ဖြစ်သည်။

သို့သော် ယခုအချိန် ကမာ္ဘ့ကပ်ရောဂါ COVID 19 ကူးစက်ပျံ့နှံ့မှုသည် ကျဆင်းသွားခြင်း မရှိသေးခြင်း၊ ကာကွယ်ဆေး မပေါ်သေးခြင်းတို့ကြောင့် နိုင်ငံ၏ စီးပွားရေး၊ ပြည်သူများ၏ အလုပ်အကိုင်၊ စားဝတ်နေရေး အခြေအနေများအတွက် နေထိုင်ပုံအသစ် (New normal life) ဖြင့် ပြန်စရတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍတွင် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း မှီတည်နေရသူများစွာ ရှိပြီး ကိုဗစ်ကာလ၌ လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းကြောင့် အလုပ်ရှင်၊ အလုပ်သမားအပြင် ယင်းနယ်ပယ်ထဲတွင် ပါဝင်နေသောသူအားလုံး ထိခိုက်နစ်နာခဲ့ရသည်။

ကိုဗစ်ကြောင့် ထိခိုက်နစ်နာမှု ရှိခဲ့ရသော ကဏ္ဍများစွာထဲတွင် ခရီးသွားလုပ်ငန်းသည် ဦးစားပေးအဖြစ် ပါဝင်နေကာ အစိုးရက ပြန်လည်ကုစားရေး အစီအစဉ်များဖြင့် ပြန်လည် ရုန်းထရန် ပြင်ဆင်နေကြပြီလည်း ဖြစ်သည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “ဇွန်လမှာတော့ လေကြောင်းလိုင်းတွေက ပြန်ဖွင့်မယ်။ Lockdown နဲ့ ပတ်သက်ပြီးတော့ ညွှန်ကြားချက်တွေက တိတိကျကျတော့ ထွက်မလာသေးဘူး။ စဖွင့်ရင်တော့ ပြည်တွင်း ခရီးသွားလုပ်ငန်းက စလုပ်ရပါမယ်” ဟု ပြောသည်။

ဇွန်လဆန်းပိုင်းတွင် ပြည်တွင်း အဝေးပြေးယာဉ်လိုင်းများကို ကျန်မာရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြေးဆွဲခွင့်ပြုလိုက်သဖြင့် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အဝေးပြေးယာဉ်လိုင်းများ ပြန်လည် ပြေးဆွဲနေကြပြီဖြစ်သည်။

လတ်တလော အခြေအနေတွင် ပြည်တွင်းခရီးသွား ဈေးကွက်ကိုသာ လုပ်ငန်းရှင်များက မျှော်မှန်းထားကြပြီး၊ ရောဂါအခြေအနေကလည်း တဖက်တွင် ရှိသောကြောင့် ခရီးစဉ်ဒေသအသစ်များထက် ရှိပြီးသား ပုဂံ၊ မန္တလေး၊ အင်းလေး စသည့် နေရာများကိုသာ ညွှန်ကြားချက်များ တိတိကျကျ ထုတ်ပြန်ပေးရန် လုပ်ငန်းရှင်များက ဆိုသည်။

မြန်မာနိုင်ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကြည်သိန်းကိုက “ခရီးသွား လုပ်ငန်းတွေ ပြန်ဖွင့်ဖို့က နှစ်ပိုင်းရှိတယ်။ တပိုင်းက အစိုးရပိုင်းက လုပ်ပေးရမှာ၊ မန္တလေးတိုင်းတို့ ရှမ်းပြည်နယ်တို့ဆိုရင် ဟိုတယ်တွေ ဖွင့်ဖို့ လုပ်ပေးတာ ရှိတယ်။ ဒါကြောင့် ကျနော်တို့ ဟိုတယ် လုပ်ငန်းရှင်တွေ အနေနဲ့ကလည်း ဟိုတယ် လိုင်စင်ရှိရုံနဲ့ မရတော့ဘူး။ ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ဖွင့်လို့ ရမှ ဖွင့်ရမှာ”ဟု ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “အခုက စားသောက်ဆိုင်တွေက ညွှန်ကြားချက်တွေ ထွက်လာပြီး ကျန်တဲ့ မော်တော်ယာဉ်အပိုင်းတွေ မြင်းလှည်းအပိုင်းတွေကို ထုတ်ပြန်ချက်လေး ထုတ်ပေးရင် ပိုကောင်းတာပေါ့။ ဒါတွေကို လုပ်ပေးပြီးရင် လာမယ့် ဧည့်သည်တွေ ပြည်တွင်းဖြစ်ဖြစ် ပြည်ပဖြစ်ဖြစ် ဘာစံသတ်မှတ်ချက်နဲ့ လုပ်မှာလဲ ဆိုတာ လိုတယ်”ဟု ထောက်ပြ ပြော ဆိုသည်။

“အခုက ရန်ကုန်ကသူတွေဆို ဘယ်မှ သွားလို့ မရဘူး။ ကိုဗစ် အများဆုံးဖြစ်တဲ့ ဒေသဆိုတော့ Quarantine ရှိတယ်။ ဒါကိုလည်း ပြတ်ပြတ်သားသားနဲ့ ထုတ်ပြန်ပေးဖို့ လိုတယ်။ ပြည်တွင်းရော ပြည်ပရော အတူတူပါပဲ။ ပြည်တွင်းက အရင် စရမယ်။ လာတဲ့ ဧည့်သည်တွေက ဘယ်မြို့နယ်က မဝင်ရဘူး။ Quarantine ဘယ်လောက်နေရမယ် ဘာညာဆိုရင် ဘယ်ဧည့်သည်ကမှ မလာချင်ဘူး။ ဒါကြောင့် ထုတ်ပြန်ချက်တွေ လိုတယ်”ဟု ဦးကြည်သိန်းကိုက ပြောသည်။

ထို့ကြောင့် ခရီးသွားမည်ဆိုလျှင် ဧည်သည်များအနေနှင့် ကျန်းမာရေး ထောက်ခံချက် စာရွက်ပါရမည်လား၊ Quarantine ဝင်ရမည်လား ဆိုသည့် အချက်များကို တိတိကျကျ ညွှန်ကြားပေးရန် လိုအပ်နေသည်။

ခရီးသွားလုပ်ငန်းကို ပြည်တွင်း ခရီးသွားလုပ်ငန်း (Domestic tourism) နှင့် ပြန်လည် စတင်မည် ဖြစ်သောကြောင့် စားသောက်ဆိုင်များ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး လည်ပတ်ရန်နေရာများ ပြန်လည်ဖွင့်လှစ်ရန်အတွက်လည်း သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မည်ဟု ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဒု ဝန်ကြီး ဦးတင်လတ်က ထုတ်ပြန်ပြောဆိုထားသည်။

ယခု COVID-19 ကပ်ရောဂါကာလ ဒေသန္တရ လိုအပ်ချက်အရ ပိတ်ထားသည့် ဟိုတယ်များထဲတွင် ပြန်လည် ဖွင့်လှစ်ချင်သူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တို့၏ လမ်းညွှန်မှုနှင့် အစစ်ဆေးခံပြီး အမြန်ပြန်ဖွင့်နိုင်ရေး ကူညီရန်လည်း လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ပြင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက COVID-19 ကာလနှင့် COVID-19 အလွန်ကာလတွင် လုပ်ဆောင် မည့်Tourism Strategic Road Map ကို ဆက်လက် ရပ်တည်နိုင်ရေး (Survival) ၊ ပြန်လည် ဖွင့်လှစ်ခြင်း (Reopening) နှင့် ပြန်လည် ဖိတ်ခေါ်ခြင်း (Relaunching) ဟူသော အဆင့် ၃ ဆင့်နှင့် ရေးဆွဲပြီး စတင် အကောင်အထည်ဖော်နေပြီလည်း ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

နိုင်ငံတကာ ခရီးသွားများ၏ ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက်လည်း မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေကို ဒီဂျစ်တယ်ဈေးကွက် ဖော်ဆောင်၍ သတင်းအချက်အလက်များပေးနိုင်ရန် ဆောင်ရွက်မည်ဟု ဝန်ကြီးဌာနက သိရသည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် နိုင်ငံတကာ ခရီးသည်များအတွက်လည်း ကျန်းမာရေး အာမခံများ ဝယ်ယူရန် လိုအပ်သော မူဝါဒများကိုလည်း ချမှတ်သွားရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ဟိုတယ်/ခရီးက ပြောဆိုထားသည်။

လက်ရှိတွင် ပြည်တွင်းရှိ ခရီးသွားနေရာတချို့ ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ပြီး လာရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်းလည်း ကြေညာထားကြသည်။

ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ မြို့နယ်များသို့ ခရီးသွား လာလည်ပတ်ခွင့်ပတ်ရာတွင် ဇွန်လ ၁ ရက်မှ စတင်၍ Quarantine ဝင်စရာ မလိုဘဲ လာရောက်လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၃၀ ရက်က ကလောမြို့နယ် ခန်းမ၌ ပြုလုပ်သော မြို့နယ် တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းရှင်တို့၏ ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုတယ်များ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာ ရေးဆိုင်ရာ သတိပေးလမ်း ညွှန်ချက်များကို ဆောင်ရွက်ထား ရှိပြီးဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်ဒေသ ဆိုင်ရာခရီးသွား ကော်မတီ၏ ကျန်းမာရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးမှု အသိအမှတ်ပြု လတ်မှတ်များကိုလည်း ရရှိထားပြီး ဖြစ် ကြောင်းလည်း သိရသည်။

ကယားပြည်နယ်ကမူ လက်ရှိတွင် ပြည်ပနိုင်ငံမှ ဝင်ရောက်လာသူအားလုံးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန် မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တွင် နေထိုင်သွားလာသူများအနေဖြင့် ကယားပြည်နယ်သို့ လာရောက်ပါက Community Based Facility Quarantine ၂၁ ရက်နှင့် Home Quarantine ၇ ရက် ဝင်ရမည်ဖြစ်ပြီး ကျန်ဒေသများမှ လာရောက် သူများမှာ Q ဝင်စရာ မလိုကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

ကယားရှိ အထင်ကရ နေရာများဖြစ်သော လွိုင်ကော်မြို့ရှိ ထီးစဲခါး ရေတံခွန်၊ ကြတ်ဂူ၊ ဒီမော့ဆိုမြို့ရှိ ငွေတောင်ဆည်၊ ထီး ပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပတ်ကျေးရွာ၊ တနီးလာလဲ၊ ကွိုင်ငံ၊ ရေပြာအိုင်(နန်းမယ်ခုံ)နှင့် ဖရူဆိုမြို့ရှိ ထီးပရူနူဂူနှင့် ဆင်ဖြူ တောင်တို့ကို ဇွန်လ ၁၅ ရက်အထိ ခရီးသွားလာခွင့် ပိတ်ထားသည်။

ကမာ္ဘလှည့် ခရီးသွားများ မဖြစ်မနေ သွားလာကြသည့် ပုဂံဒေသရှိ ဟိုတယ်များကို ကျန်းမာရေး ဝန်ကြီးဌာနက စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကာ စစ်ဆေးပြီးပါက ပြန်လည် ဖွင့်လှစ်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ မန္တလေးတွင်လည်း ကိုဗစ်ကာကွယ်ရေးအတွက် စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ပြီး စစ်ဆေးပြီး ဟိုတယ်များအနေဖြင့် တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖွင့်လှစ်လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။

အစိုးရမှ Lockdown ကာလ ဖြေလျှော့လိုက်ပြီဆိုရင် ခရီးသွားလုပ်ငန်း ပြန်လည် ဖွင့်လှစ်ဖို့ ထုတ်ပြန် ဆောင်ရွက်မည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က “ခရီးသွားကဏ္ဍနဲ့ ပတ်သက်လို့ သုံးရပ် ချမှတ်ထားတာ ရှိပါတယ်။ အဓိကတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ဆက်လက် ရပ်တည်ရှင်သန်နိုင်ရေး အတွက် လုပ်မယ့် လုပ်ငန်းစဉ်တွေ ဖြစ်တယ်”ဟု ပြောသည်။

၂၀၂၀ ဧပြီလ၊ မေလနှင့် ဇွန်လတို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဆက်လက် ရပ်တည်နိုင်ရေးအတွက် အရင်းအနှီးနှင့် အကျိုးခံစားခွင့်များရရှိစေရန် အခွန်အခများ ဖြေလျှော့ပေးခြင်း၊ လုပ်ငန်းလိုင်စင်ကြေးများ ဖြေလျှော့ပေးခြင်း၊ နိုင်ငံပိုင် ဟိုတယ်၊ အဆောက်အအုံ ငှားရမ်းခများကို ကာလတခု အထိ ဆိုင်းငံ့ပေးခြင်း တို့ကို ပြုလုပ်ခဲ့သည်။

ဒုတိယအနေနှင့် နိုင်ငံတော်အစိုးရမှ ၁ နှစ် ချေးငွေ အတိုးနှုန်း ၁ ရာခိုင်နှုန်းနှင့် လုပ်ငန်းရှင်များသို့ ထုတ်ချေးရာတွင် ဝန် ကြီးဌာနက လိုအပ်သည်များကို လုပ်ငန်းရှင်များသို့ ပံ့ပိုးကူညီခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။

ဦးအောင်အေးဟန်က “ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့သူတွေ အားလုံးချေးငွေ ရရှိဖို့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ COVID-19 စီးပွားရေး ကုစားမှု အစီအစဉ်(CERP) မှာ ပြဋ္ဌာန်းချက်တွေနဲ့ ဘဏ်တွေက ချေးငွေ ထုတ်ချေးဖို့ အစိုးရက ၅၀ ရာခိုင်နှုန်း အာမခံမယ်ဆိုတဲ့ ကိစ္စတွေ ဒါတွေနဲ့ ပတ်သက်ပြီးလည်း လုပ်ငန်းရှင်တွေဘက်ကို ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးသွားဖို့ ရှိပါတယ်”ဟု ဆိုသည်။

ဆက်လက်၍လည်း ခရီးစဉ်ဒေသများနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ထုတ်ကုန်များ၏ ဈေးကွက် အခြေအနေများကို စစ်ဆေးအကဲဖြတ်ရန်အတွက် ဒေသတခုချင်းကို ဈေးကွက် သုတေသန အစီစဉ်များ ပြုလုပ်နေပြီး ခရီးသွားများအတွက် တည်းခို နေထိုင်ရေး၊ အစားအသောက် အဖျော်ယမကာ စရိတ်များ၊ လေယာဉ်စရိတ်များကိုလည်း အထူးဈေးနှုန်း အသစ်များနှင့် ဖော်ထုတ်ရန် ရေးဆွဲ ဆောင်ရွက်နေကြောင်း ဟိုတယ်/ခရီးက ဆိုသည်။

ကိုဗစ် ကာလသည် မည်မျှကြာမြင့်မည်ကိုလည်း ပြောဆိုနိုင်ခြင်း မရှိသောကြောင့် ယင်းကပ်ရောဂါကြောင့် ယိုင်နဲ့ခဲ့ရသည့် စီးပွားရေး လုပ်ငန်းများကို ပြန်လည် ဦးမော့လာစေရန်အတွက် နိုင်ငံတိုင်းက အစီအမံများ စီးပွားရေး Plan များ ချမှတ် လျက်ရှိသည်။

ယင်းစီးပွားရေး လုပ်ငန်းများထဲတွင် အထိခိုက်ဆုံးနှင့် နိုင်ငံအတွက် ဘဏ္ဍာငွေ ရှာဖွေပေးနေသည့် မီးခိုးတိတ်စက်ရုံဖြစ်သော ခရီးသွားလုပ်ငန်း ပြန်လည် ကောင်းမွန်လာရေးမှာလည်း အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေသည်။

ကိုဗစ်ကြောင့် ခရီးသွားကဏ္ဍက ဝင်ငွေမှာ ၁ လလျှင် အမေရိကန် ဒေါ်လာသန်း ၂၀၀ မှ ၃၀၀ ကြား ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းက ဆိုသည်။

လတ်တလောတွင် နိုင်ငံတကာ ဈေးကွက်ကို အားထား၍ မရသေးဟု ဆိုသော်လည်း ခရီးသွားကဏ္ဍ ဖွင့်လှစ်သည်နှင့် တရုတ်ခရီးသွားက လာရောက်မှု ပိုများနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း လုပ်ငန်းရှင် များက ပြောဆိုကြသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက လည်း လက်ရှိအချိန်၌ COVID-19 အလွန် ခရီးသွားကဏ္ဍအတွက် ကြိုတင်ပြင်ဆင်ရာတွင် တရုတ် ခရီးသွား ကဏ္ဍကို ဦးစားပေး လုပ်ကိုင်နေကြောင်း သိရသည်။

တရုတ် ဧည့်လမ်းညွှန်များ မွေးထုတ်ပေးခြင်း၊ သင်တန်းများ ပေးခြင်း၊ တရုတ်ခရီးသွား လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ခြင်းတို့ကို လုပ်ဆောင်လျက် ရှိသည်။

ခရီးသွား လုပ်ငန်းရှင် ဦးနောင်းနောင်းဟန်က “ပြည်ပဈေးကွက်က တရုတ်နဲ့ ကိုရီးယားကို အားကိုးလို့ ရတယ်။ သူတို့နဲ့ သင့်လျှော်တဲ့ လမ်းညွှန်ချက် (Guidline) တွေ ချပေးပြီးတော့ အထိုက်အသင့် ပရိုမိုရှင်း လုပ်သင့်ပါတယ်။ ဒီအချိန်မှာ နိုင်ငံ လှတယ်ဆိုတာထက် ကျနော်တို့ နိုင်ငံက ဘယ်လို လုံခြုံစိတ်ချရမှု ရှိပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘာတွေတော့ လုပ်ထားပါတယ် ဆိုတာနဲ့ ဆွဲဆောင်သင့်တယ်” ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်း Lockdown ကာလပြီးသည်နှင့် ခရီးသွားကဏ္ဍအတွက် ပြင်ဆင်သင့်သည်များကို လုပ်ဆောင်ရန် အချက်များကို လုပ်ငန်းရှင်၊ ဝန်ကြီးဌာနများက ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

လတ်တလော ဟိုတယ်/ခရီး ဝန်ကြီးဌာနက Lockdown ကာလ ပြီးလျှင် ကိုဗစ်ကြောင့် ခရီးသွားကဏ္ဍတွင် အလုပ်လက်မဲ့ ဖြစ်နေသော ဧည့်လမ်းညွှန်များ၊ ဝန်ထမ်းများကိုလည်း သင်တန်းဆရာများအဖြစ် အချိန်တချိန်လျှင် ကျပ် ၁ သောင်းနှင့် ယာယီ အလုပ်ပေးမည် ဖြစ်သည်။

သင်တန်းသားများ အနေနှင့် ခရီးသွားလုပ်ငန်း၏ အခြေခံလုပ်သားများ ဖြစ်သော ဆိုက်ကားသမား၊ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်၊ မြင်းလှည်းသမား၊ ဆိုင်ကယ် ကယ်ရီသမားတို့ကိုလည်း ဘာသာစကား အပါအဝင် သန့်ရှင်းရေး၊ ကျန်းမာရေး စသည့် အစီစဉ်များနှင့် ပတ်သက်သည့် သင်တန်းများကို ကာလတခု အတွင်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သင်တန်းသားများကိုလည်း ၁ ရက် လုပ်အားခ ကျပ် ၄၈၀၀ ရမည် ဖြစ်ပြီး၊ ကျွမ်းကျင်မှုဆိုင်ရာများ သင်ကြား ပို့ချကာ အလုပ်အကိုင် အခွင့်အလမ်း ရှာပေးမည်ဟု ဝန်ကြီးဌာနက သိရသည်။

ယင်း နောက်ပိုင်းတွင် ဈေးကွက်မြှင့်တင်ရေးကို ဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ရာတွင် ပြည်တွင်း၌ ကိုဗစ်ရောဂါ ဖြစ်ပွားမှု မရှိခဲ့သော နေရာများကို ဦးစားပေး ဖော်ဆောင်မည်လည်း ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အနေနှင့် လာရောက် လည်ပတ်ရာတွင် Social distancing နှင့်အညီ အကွာ အဝေး သတ်မှတ်ချက်များ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

အထက်ပါ အကြောင်းအရာများ ပြီးပြီဆိုပါက မြန်မာ့ခရီးသွား ကဏ္ဍကို ကမာ္ဘ့နှင့် ပြန်လည် မိတ်ဆက်ရမည် ဖြစ်ကြောင်း သိရသည်။

ဦးနောင်းနောင်းဟန်က “ကျနော်တို့ ပိတ်ထားတဲ့ ဗီဇာတွေ ရပ်ဆိုင်းထားတဲ့ ထားတာတွေကို ဖြေလျှော့ဖို့ သက်ဆိုင်ရာ ဌာနတွေ နဲ့ ညိုနှိုင်းပြီး ပြန်လုပ်ရမယ်။ နောက်ပြီး မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ မဲခေါင်ဒေသတွေ ဖြစ်တဲ့ တရုတ်၊ ထိုင်း၊ လာအိုတို့နဲ့ အပြန်အလှန် ဥပမာ-လာအိုနဲ့ ဆိုပါစို့။ ရောဂါက ကင်းရှင်းတယ်ဆိုရင် မင်းနိုင်ငံက ခရီးသည်တွေ ငါ့နိုင်ငံကို လာဖို့၊ ငါ့နိုင်ငံက ခရီးသည်တွေ မင်းနိုင်ငံကို လည်ပတ်ဖို့ ဆိုတာမျိုး အစိုးရချင်း ဆွေးနွေးခွင့်ပြုတာမျိုးနဲ့ စတင်ပြီး လုပ်နိုင် မယ်” ဟု မျှော်လင့်ထားကြောင်း ပြောသည်။

မြန်မာန်ိုင်ငံတွင် COVID-19 ကူးစက် ပျုံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ဧပြီလဆန်းမှ မေလကုန်အထိ နိုင်ငံတကာ လေကြောင်းလိုင်းများ ဆိုက်ကပ်ခွင့်ကို ကန့်သတ်ထားရာမှ ယခု ဇွန်လအတွင်း နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည် ဖွင့်လှစ်မည် ဆိုထားသည်။

လေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲလာလျှင် ကမာ္ဘလှည့် ခရီးသွားများ ဝင်ရောက်လာတော့မည်ဖြစ်သည့်အတွက် ရပ်နားထားရသည့် ခရီးစဉ်များကို ပြန်လည် စတင်ရန် လုပ်ဆောင်နေကြကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

လတ်တလော၌ လေကြောင်းလိုင်းများ ဆင်းသက်ခွင့် ပိတ်ထားဆဲဖြစ်ကာ ဗီဇာနှင့်ပတ်သက်သည့် အချက်များကိုလည်း အစိုးရမှ ကြေညာပေးရမည် ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယမ်နမ်နိုင်ငံတို့မှာ စတင် ကြေညာမှုများ ရှိနေပြီး မြန်မာနိုင်ငံလည်း ယင်းသို့ စတင် လုပ်ဆောင်မှသာလျှင် နောက်ပိုင်းတွင် ခရီးသည်များ ဝင်ရောက်လာနိုင်မည် ဖြစ်ကြောင်း ဦးနောင်းနောင်းဟန်က ဆိုသည်။

ကမာ္ဘ့နိုင်ငံများတွင်လည်း မိမိတို့နိုင်ငံ၏ ရောဂါ ထိန်းချုပ်နိုင်မှု အခြေအနေကို ကြည့်၍ စီးပွားရေး လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်နေကြပြီ ဖြစ်သည်။

ဥရောပတွင် အတင်းကျပ်ဆုံး Lockdown ချမှတ်ထားသည့် စပိန်နိုင်ငံကလည်း လာမည့် ဇူလိုင်လက စ၍ ကမ္ဘာလှည့်ခရီးသွားများ စတင် လက်ခံတော့မည် ဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံတွင်လည်း ယခုအချိန်မှာ ခရီးသွားလုပ်ငန်းများ ပြန်လည် ထူထောင်ရေးအတွက် အစိုးရမှ ချေးငွေများ ထုတ်ပေးခြင်း ပံ့ပိုးကူညီခြင်းများ ပြုလုပ်နေသည့် အချိန်ဖြစ်ပြီး ယင်းကာလပြီးပါက ဇူလိူင်၊ သြဂုတ်လများတွင် ခရီးသွား လုပ်ငန်း နယ်ပယ် အားလုံး ဖွင့်လှစ်ခြင်းများ စတင်မည်ဟု ဦးနောင်းနောင်းဟန်က သုံးသပ် ပြောဆိုသည်။

ကိုဗစ်အလွန်တွင် ကမာ္ဘလှည့် ခရီးသည်များအကြား ရေပန်းစားလာနိုင်သည့် နိုင်ငံများစာရင်းကို (Forbes) မဂ္ဂဇင်းက ဖော်ပြရာတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်။ ကမာ္ဘ့ကပ်ရောဂါအလွန် ကမာ္ဘလှည့် ခရီးသွားများ အဓိက လာရောက်နိုင်သော နိုင်ငံများအဖြစ် အီသီယိုးပီးယား၊ အီရန်၊ မြန်မာ၊ ဂျော်ဂျီယာ၊ ဖိလစ်ပိုင်၊ စလိုဗေးနီးယားနှင့် တူနီးရှားတို့ကို ရွေးချယ်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယင်းမဂ္ဂဇင်းက မြန်မာနိုင်ငံရှိ ကမာ္ဘလှည့် ခရီးသွားများ သဘောကျမည့် ဒေသများအဖြစ် စေတီပုထိုးများစွာ ရှိသော ပုဂံ ဒေသနှင့် နေပြည်တော်တို့ကို ရည်ညွှန်း ဖော်ပြထားသည်။

ထိုသို့ ဖော်ပြခံရမှုကြောင့် မြန်မာနိုင်ငံသို့ ကမာ္ဘလှည့်ခရီးသွားများ လာရောက်လည်ပတ်မှု တိုးလာနိုင်သည့် အခြေအနေလည်း ရှိနေသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပြည်ပ ခရီးသွား ၈ သိန်းကျော်သာ မြန်မာနိုင်ငံသို့ ဝင်ရောက်ထားသည်။

ယခုနှစ် အောက်တိုဘာလမှာ မြန်မာ့ခရီးသွားရာသီ စတင်မည်ဖြစ်ပြီး ခရီးစဉ်များတချို့ ပြန်လည်လုပ်ကိုင်လာကြမည် ဖြစ်ကာ ခရီးသွား ရာခိုင်နှုန်းမှာလည်း ယခင် ခရီးသွားရာခိုင်နှုန်း၏၂၀ ရာခိုင်နှုန်း အထိ တက်လာနိုင်သည်ဟု ခန့်မှန်း ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

သို့သော် လေယာဉ်ခရီးစဉ်များ ကားလိုင်းများတွင် ကန့်သတ်ချက်များ ရှိသည့်အတွက် လက်မှတ်ခများ ဈေးနှစ်ဆတက် သွားမည်လား ဆိုသည့် အချက်ကလည်း ခရီးသွား လုပ်ငန်းအတွက် စိန်ခေါ်မှု ရှိနေသည်။

လက်ရှိတွင်မူ Social distancing အဝေးပြေးယာဉ်လိုင်းများမှ ၂ ယောက် ထိုင်ခုံများတွင် ၁ ဦးသာ ထိုင်ခွင့်ရပြီး ကားလက် မှတ်ခမှာလည်း ယခင်ထက် ပိုပေးဆောင်ရမှုများလည်း ရှိနေသည်။

မြန်မာ့ ခရီးသွားလုပ်ငန်းမှာ အရှိန်ကောင်းလာပြီဖြစ်တိုင်း ပြန်လည် ရိုက်ချိုးခံရသည်မှာ မကြာခဏလိုဖြစ်နေပြီ ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုကြသည်။

ပြီးခဲ့သည့်၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံသည် ခရီးသွားကဏ္ဍ၌ ဖွံ့ဖြိုးတိုးတက်လာသည့်လုပ်ငန်းအဖြစ် ရှေ့တန်းရောက်လာ ခဲ့သော်လည်း ကိုဗစ်ရိုက်ခတ်မှု ဒဏ်ကြောင့် ကျဆင်းခဲ့ရပြန်ပြီး ယခုအခါ မြန်မာတို့၏ ပစ်တိုင်းထောင်ကဲ့သို့ပင် ပြန်လည် ရုန်းထကာ ရပ်တည်ရဦးမည် ဖြစ်သည်။

You may also like these stories:

မန္တလေးဟိုတယ်များ ကျန်းမာရေးလုပ်ဆောင်ချက် ကွင်းဆင်းစစ်ရန် စီစဉ်နေ

နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲခွင့် ရပ်ဆိုင်းကာလ ထပ်မံတိုးမြှင့်

ကိုဗစ်ကြောင့် မြန်မာ့ဟိုတယ်နှင့် ခရီးကဏ္ဍ အလုပ်လက်မဲ့ ၅ သိန်းကျော် အထိရှိနိုင်

ကိုဗစ်အလွန် စည်ကားလာမယ့် ခရီးသွားနိုင်ငံတွေထဲ မြန်မာ ပါဝင်

The post မြန်မာ့ခရီးသွားလုပ်ငန်း New Normal ဖြင့် ပြန်လည် စတင်မည် appeared first on ဧရာဝတီ.

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

$
0
0

ရခိုင်ပြည်နယ်အရေးဟုဆိုလျှင် ရခိုင်ပြည်နယ်ရှိ စစ်ပွဲသည် ထိပ်ဆုံး ရောက်နေသည့် ပြဿနာဖြစ်သည်ဟု ဆိုခြင်းနှင့် ပတ်သက်၍ ငြင်းပယ်ရန် မရှိပေ။ လက်ရှိ မြန်မာပြည်၏ ပြည်တွင်းစစ် (တပ်မတော်မှ သောင်းကျန်းသူ နှိမ်နင်းရေးစစ်ပွဲဟု သုံးပါသည်) တွင် အပြင်းထန်ဆုံး ဖြစ်ပွားနေသည်မှာ ရခိုင်စစ်မြေပြင်တွင် ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် ပလက်ဝမြို့နယ်မှသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတခွင်ထိ ကျယ်ပြန့်လာပြီး ရခိုင်တောင်ပိုင်း အစပ်နား အထိ ကူးစက်လာသည်ကို တွေ့ရသည်။

ရခိုင်ပြဿနာ ဖြေရှင်းရေး ဆိုရာတွင် ရခိုင်စစ်ပွဲပြဿနာသည် ထိပ်ဆုံးဖြေရှင်းရမည့် ပြဿနာ ဖြစ်နေသည်။ ထိုသို့ ဖြေရှင်းနိုင်ရန် အဓိကကျသည့် AA လက်နက်ကိုင်တပ်ဖွဲ့နှင့် ပတ်သက်၍ ဦးစွာ စူးစမ်းလေ့လာသုံးသပ်ရန် လိုပေလိမ့်မည်။

AA နှင့် ရခိုင်စစ်မြေပြင်

၂၀၀၉ ခုနှစ်က တရုတ်နယ်စပ်တွင် စတင်ဖွဲ့စည်းခဲ့သော AA တပ်ဖွဲ့သည် ရခိုင်သို့ ပြန်လည်ထိုးဖောက်မှုများ ပြုလုပ်လာရာမှ ၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်တွင် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မတော်မှတ်တမ်းများအရ သိရှိရသည်။

သို့သော် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇နှင့် ၂၀၁၈ ခုနှစ်များတွင် တပ်မတော်နှင့် AA တို့ အကြား တိုက်ပွဲအချို့ မဆိုစလောက် ဖြစ်ပွားသည်မှအပ ပလက်ဝနှင့် ရခိုင်ပြည်နယ်အတွင်း AA ၏ စစ်ရေး လှုပ်ရှားမှုများကို သိသာလောက်အောင် မတွေ့ရပေ။

ထိုကာလသည် ၄ နှစ်ခန့် ကြာမြင့်ခဲ့ပြီး ထိုကာလအတွင်း AA သည် တရုတ်နယ်စပ် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက် ပိုင်းနှင့် ထိုင်းနယ်စပ်တို့တွင် လေ့ကျင့်ထားသော ၎င်း၏ တပ်ဖွဲ့ဝင်များအားလည်းကောင်း၊ စုဆောင်းရမိထားသော လက်နက်ခဲယမ်း မီးကျောက်များအားလည်းကောင်း ပလက်ဝနှင့် ရခိုင်မြောက်ပိုင်းသို့ နည်းလမ်းမျိုးစုံ သုံး၍ ပို့ဆောင်နေသည်ဟု သုံးသပ်ရပေသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလခန့်တွင် အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ်အတွင်း AA တပ်ဖွဲ့ဝင် အင်အား ၃၀၀၀ မှ ၄၀၀၀ ခန့် အထိ ထင်ထင်ပေါ်ပေါ် လှုပ်ရှားလာသည်ကို တွေ့ရပြီး ၂၀၁၉ ခုနှစ်မှစ၍ ယနေ့ကာလထိ ပလက်ဝမြို့နယ်နှင့် ရခိုင် မြောက်ပိုင်းတွင် AA တပ်ဖွဲ့ဝင်များ ဖြန့်ကျက်လှုပ်ရှားလာပြီး တိုက်ပွဲများစွာ ဖြစ်ပွားနေသည်ကို တွေ့ရပေတော့သည်။

၂၀၀၉ ခုနှစ်တွင် လူအင်အား ၃၀ ပင်မပြည့်သည့် AA တပ်ဖွဲ့သည် ၁၀ နှစ်အကြာတွင် အင်နှင့်အားနှင့် သူ၏အစွမ်းအစကို ထုတ်ပြလာသည်ကို တွေ့ရသည်။

AA ၏ကြွေးကြော်သံနှင့်ရည်မှန်းချက်

AA ၏ကြွေးကြော်ထားသောလမ်းစဉ်မှာ ရက္ခိတ အမျိုးသားရေး လမ်းစဉ်ဖြစ်သည်။ AA ၏ ရည်မှန်းချက်မှာ ရခိုင်ပြည်နယ်အား ကွန်ဖက်ဒရေးရှင်း အဆင့်အတန်း ရရှိရန်ဖြစ်သည်ဟု ဆိုပါသည်။ ၂၀၁၉ ခုနှစ်အတွက် AA ၏ ကြွေးကြော်သံမှာ “Through the Strom၊ မုန်တိုင်းထဲမှာ ဖြတ်သန်းကြ” ဟူ၍ ဖြစ်ပြီး ၂၀၂၀ အတွက်ကြွေးကြော်သံမှာ “2020 Arakan dream၊ ၂၀၂၀ အာရကန်အိပ်မက်” ဟူ၍ဖြစ်သည်။

AA အနေဖြင့် ကြွေးကြော်သံ ထုတ်ပြန်ခဲ့သော်လည်း အကျယ်အဓိပ္ပါယ်ဖွင့်ဆိုမှုတော့ မရှိခဲ့ပါ။ ဤသို့သော အခြေအနေ အောက်တွင် လူအများကြား၌ ၂၀၁၉ ကြွေးကြော်သံနှင့် ပတ်သက်၍ ပြောဆိုဝေဖန်မှု အဓိပ္ပါယ်ဖွင့်ဆိုမှုများ မတွေ့ရ သလောက် ဖြစ်သော်လည်း ၂၀၂၀ အာရကန်အိပ်မက်နှင့် ပတ်သက်၍ ဖွင့်ဆိုမှုများကို တွေ့ရသည်။ အချို့က ၂၀၂၀ အာရကန်အိပ်မက်ဆိုသည်မှာ ၂၀၂၀ ခုနှစ်တွင် ရခိုင်လွတ်မြောက်ရေးကို ညွှန်းဆိုသည်ဟု အဓိပ္ပါယ်ဖွင့်ကြသည်ကို တွေ့ရသည်။

၂၀၁၈ နှစ်ကုန်တွင် အင်အား ၃၀၀၀၊ ၄၀၀၀ ခန့်ဖြင့် ရခိုင်သို့ စတင်ခြေချလာသော AA အနေဖြင့်၂ နှစ်အတွင်း ရခိုင် ပြည်နယ် လွတ်မြောက်ရေး ရယူနိုင်ရန် မဖြစ်နိုင်ပေ။ ဖြစ်နိုင်ခြေရှိသည်မှာ ၂၀၁၉ ခုနှစ်တွင် ပြင်းပြင်းထန်ထန် လုံးပမ်းပြီး ၂၀၂၀ တွင် ရခိုင်ပြည်နယ်၌ ခြေကုပ်ယူနိုင်ရေး၊ ရခိုင်ပြည်နယ်၌ အခြေခံစခန်းများ ဖွင့်လှစ်နိုင်ရေးကို ရည်ရွယ်သည်ဟု သုံးသပ်ရပေသည်။

ရခိုင်ပြည်နယ်ပြင်ပတွင် အင်အားစုဆောင်းဖွဲ့စည်းခဲ့ရသော AA တပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင်း ခြေကုပ်ရရှိရေးသည် နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ ဦးစွာ လိုအပ်ချက် ဖြစ်နေပေသည်။

AA ၏ တပ်ဖြန့်ခွဲလှုပ်ရှားမှူများ

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ၂၀၂၀ မေလကုန်အထိ AA ၏လှုပ်ရှားမှုများကို သုံးသပ်ကြည့်ပါက AA အနေနှင့် အဓိက တောတွင်းလက်နက်ကိုင် ပြောက်ကျားစစ်ဆင်မှုနှင့် မြို့တွင်းပြောက်ကျားလှုပ်ရှားမှုဟူ၍ ၂ပိုင်း ခွဲကာ လှုပ်ရှားနေသည်။ အဓိက လှုပ်ရှားမှုမှာ တောတွင်း ပြောက်ကျားလှုပ်ရှားမှု ဖြစ်သည်ကို တွေ့ရသည်။

တောတွင်းပြောက်ကျားလှုပ်ရှားမှူ

AA ၏ အဓိက စစ်ရေးလှုပ်ရှားမှု ပုံစံဖြစ်သည်။ ၂၀၁၉၊၂၀၂၀ ခုနှစ်များတွင်း ဖြစ်ပွားသော တိုက်ပွဲများနှင့် AA ၏ စစ်ရေး လှုပ်ရှားမှုများအား သုံးသပ်ကြည့်ပါက AA အနေနှင့် အနည်းဆုံး ပြောက်ကျားဒေသ ၄ ခုနှင့် အဓိက လှုပ်ရှားတပ်ဖွဲ့ ၁ ခု ဖွဲ့စည်း လှုပ်ရှားနေသည်ဟု သုံးသပ်ရသည်။

အဆိုပါ ပြောက်ကျားဒေသ ၄ ခုမှာ ပလက်ဝဒေသ၊ မယူမြစ်( မေယုမြစ်)ဝှမ်း၊ ကုလားတန်မြစ်ဝှမ်းနှင့် လေးမြို့ မြစ်ဝှမ်းတို့ ဖြစ်သည်။

၁။ ပလက်ဝဒေသ

ပလက်ဝသည် ချင်းပြည်နယ်တွင် ပါဝင်သော်လည်း ချင်းပြည်နယ်ရှိ အခြားမြို့ရွာများသို့ သွားလာရေးခက်ခဲကာ ရခိုင် ပြည်နယ်နှင့်သွားလာရေး လွယ်ကူသည်။ ပလက်ဝတွင် တာဝန်ကျသည့် အစိုးရဝန်ထမ်းများသည် ရခိုင်ပြည်နယ်မှ တဆင့် ပလက်ဝသို့ သွားလာရသကဲ့သို့ ပလက်ဝအတွက် ကုန်သွယ်ရေးလမ်းကြောင်းမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အဓိက ဆက်သွယ်လျက်ရှိသည်။

ပလက်ဝမြို့နယ်အတွင်း ရခိုင်လူဦးရေ ၂၀% ကျော်မျှရှိသော်လည်း ပလက်ဝမြို့နယ်အတွင်း ဈေးစကားဟုခေါ်သည့် အများသုံးစကားမှာ ရခိုင်စကားဖြစ်သည်။ ရခိုင်မဟုတ်သည့် ချင်းအပါ အခြားတိုင်းရင်းသားများသည်လည်း ရခိုင်စကား ပြောဆိုနိုင်ကြသည်။

ပလက်ဝဒေသသည် တောတောင်ထူထပ်သည့်အပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် နယ်စပ်ချင်းကပ်နေသည်။ ထိုသဘာဝအခြေအနေ အချက်အလက်များကလည်း ပြောက်ကျားစစ်ဆင်နွှဲနိုင်သည့် မြေပြင်အခြေအနေကို ဖန်တီးပေးနေသည်။ ထို့ပြင် ပလက်ဝဒေသသည် ရခိုင်မြောက်ပိုင်းနှင့် တဆက်တည်း ဖြစ်သည်။ ဤသို့သော အခြေအနေ အောက်တွင် AA သည် ပလက်ဝဒေသအား အဓိက ခြေကုပ်စခန်းအဖြစ်ရယူပြီး ရခိုင်မြောက်ပိုင်းအား ထိုးဖောက်ခဲ့ခြင်း ဖြစ်ပုံရသည်။

သို့သော် ပလက်ဝဒေသတခုတည်း ပြောက်ကြားဒေသ ဖော်ဆောင်ပါက မြန်မာစစ်ဖက်၏ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံရမည် ဖြစ်ရာ ရခိုင်မြောက်ပိုင်းတွင်လည်း ပြောက်ကျားဒေသများ တဆက်တည်း ဖော်ဆောင်ခဲ့သည်။ ရခိုင်မြောက်ပိုင်းသည် နတ်မြစ်၊ မယူမြစ်(မေယုမြစ်)၊ ကုလားတန်မြစ်၊ လေးမြို့မြစ် စသည့် မြစ် ၄ စင်း၏ မြစ်ဝှမ်းများပေါ်တွင်ရှိသည်။ ထိုမြစ် ၄ စင်းသည် မြောက်မှတောင်သို့ စီးဆင်းနေပြီး အနောက်မှ အရှေ့သို့ အစီအရီတည်ရှိသည်။

မြစ်တို့ဝဲယာတွင် မြစ်ဝှမ်းများရှိပြီး လယ်များနှင့် ရွာများ တည်ထားသည်။ မြစ်ဝှမ်းတခုနှင့်တခုကြားတွင် မြင့်မားသော တောင်တန်းများ စီးဆင်းနေသည်။ နတ်မြစ်၊ မယူမြစ်(မေယုမြစ်)၊ ကုလားတန်မြစ်နှင့် လေးမြို့မြစ်ကြားရှိ တောင်တန်းများသည် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦး အစပ်တွင် အဆုံးသတ်သည်။ လေးမြို့မြစ်အရှေ့ ဘက်ရှိ ရခိုင်ရိုးမကား ရခိုင်တောင်ပိုင်းထိ ထိုးဆင်းသွားသည်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး တောင်ဖက်ခြမ်းရှိ မင်းပြား၊ မြေပုံ၊ စစ်တွေဒေသကား ကျယ်ပြန့်သော မြစ်ဝှမ်း ကြီးဖြစ်သွားပြီး တောတောင်မရှိတော့ပေ။ နတ်မြစ်၏ အနောက်ဖက်ခြမ်းသည် ဘင်္ဂလားဒေ့ရှ် ပိုင်နက်ဖြစ်ပြီး နတ်မြစ် အနောက်ဖက်ခြမ်းနှင့် မယူ(မေယု) တောင်တန်းကြားတွင် ဘင်္ဂါလီရွာများသာ အများစုရှိပေရာ AA တပ်ဖွဲ့၏ ပြောက်ကျားဒေသ ထိုးဖောက်မှုကို နတ်မြစ်ဝှမ်းတွင် မတွေ့ရဘဲ ကျန်မြစ် ၃ စင်းတွင် တွေ့ရသည်။

သို့သော် တောတောင်နည်းပါးသော မြစ်ဝှမ်းဒေသကြီးဖြစ်သည့် မြေပုံ၊ ပေါက်တော၊ စစ်တွေဒေသတွင် လက်နက်ကိုင် ပြောက်ကျား လှုပ်ရှားမှုကို သိသာစွာ မတွေ့ရပေ။

၂။ မယူမြစ်ဝှမ်း (မေယုမြစ်ဝှမ်း)

မယူမြစ်ဝှမ်းတွင် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိသည်။ မြစ်ဝှမ်း၏ အနောက်အရပ်တွင် မယူတောင်တန်းရှိပြီး အရှေ့အရပ်တွင် စိုင်းတင်၊ သြရမ၊ လောရမတောင်ကြောများရှိပြီး တောင်ဘက် ဘဲငါးရာတောင်ကြောထိ သွယ်တန်း နေသည်။

၃။ ကုလားတန်မြစ်ဝှမ်း

ကုလားတန်မြစ်ဝှမ်းတွင်ရှိသော ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ် တို့တွင် လှုပ်ရှားသည်ကို တွေ့ရသည်။ မြစ်ဝှမ်း၏ အနောက်တွင် စိုင်းတင်၊ သြရမ၊ လောရမ၊ ဘဲငါးရာတောင်တို့ သွယ်တန်းနေပြီး အရှေ့အရပ်တွင် ဆင်တောင်ကြိုးဝိုင်းဟု သတ်မှတ်ထားသော တောထူထပ်သည့် ဝက်သထိုး တောင်ကြောရှိသည်။

၄။ လေးမြို့မြစ်ဝှမ်း

လေးမြို့မြစ်ဝှမ်းတွင်ရှိသော မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် လှုပ်ရှားမှု ရှိသည်။ မြစ်ဝှမ်း၏ အနောက်တွင် အစိုးရက ဆင်တောင်ကြိုးဝိုင်းဟု သတ်မှတ်ထားသော ဝက်သထိုးတောင်တန်း ရှိပြီး အရှေ့ဘက်တွင် မြင့်မား မတ်စောက်သော ရခိုင်ရိုးမ တောင်ကြောများရှိသည်။ လေးမြို့မြစ်အရှေ့ဘက် ရခိုင်ရိုးမသည် အမ်းမြို့နယ်ကျော်၍ ရခိုင်တောင်ပိုင်းထိ ရှည်လျားသည်။

အဆိုပါမြစ်ဝှမ်းသုုံးခုရှိ မြစ်လက်တက်၊ ချောင်းလက်တက်များနှင့် ဝဲယာရှိမြင့်မားမတ်စောက်သော တောင်ကြောများတွင် AA တပ်ဖွဲ့များ လှည့်လည်လှုပ်ရှား၍ ပြောက်ကျားဒေသ တည်ဆောက်ရန် လုံးပမ်းနေသည်။

ပြောက်ကျားဒေသဖော်ဆောင်ရေးအတွက် ဖော်ပြပါ ပြောက်ကျားဒေသ ၄ ခုတွင် လူထုစည်းရုံးရေး၊ ရိက္ခာနှင့် သတင်း စုဆောင်းရေး၊ အခြေစိုက်စခန်းများ၊ လျို့ဝှက်စခန်းများတည်ဆောက်ခြင်း တို့အပြင် တိုက်ပွဲငယ်အချို့လည်း ဖော်ထုတ် နေသည် ဖြစ်ရာ ၂၀၁၉ ခုနှစ်မှစ၍ ယနေ့အထိ ထိုဒေသများတွင် တပ်မတော်နှင့်လည်း တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည်ကို တွေ့ရပေသည်။

ထို့ပြင် အဆိုပါပြောက်ကျားဒေသ ၄ ခုသည် တဆက်စပ်တည်း ဖြစ်ရာ အပြန်အလှန်ပံ့ပိုးရန်၊ လျင်လျင်မြန်မြန် ဆက်သွယ်ရန် အားကောင်းသည့်အပြင် ပြောက်ကျားဒေသ ၁ ခုတွင် တပ်မတော်ထိုးစစ်ပြင်းထန်ပါက နီးစပ်ရာ ပြောက်ကျားဒေသသို့ အလွယ်တကူ တိမ်းရှောင်နိုင်ပေသည်။

အဓိက လှုပ်ရှားတပ်ဖွဲ့ AA အနေနှင့် အဆိုပါပြောက်ကျားဒေသ ၄ ခုအပြင် အဓိက လှုပ်ရှားတပ်ဖွဲ့ ၁ ခုဖွဲ့စည်းထားပြီး အဆိုပါပြောက်ကျားဒေသ ၄ ခုအား အထောက်အကူပြုရေးနှင့် တဖက်ရန်သူ၏ သက်ရှိ အင်အားချေမှုန်းရေး လုပ်ဆောင် နေသည်ကို တွေ့ရှိရသည်။ ၂၀၁၉ ခုနှစ် အတွင်းဖြစ်ပွားသည့် ၉ ရက်ကြာ ဗုဒ္ဓေါကျေးရွာတိုက်ပွဲ၊ ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားသည့် ရက် ၄၀ ကျော်ကြာမြင့်သည့် မီးဝတိုက်ပွဲတို့အပါအဝင် တိုက်ပွဲကြီးအချို့သည် AA ၏ အဓိက လှုပ်ရှားတပ်မှ တိုက်ခိုက်ခြင်း ဖြစ်သည်ဟုသုံးသပ်ရသည်။

အဓိက လှုပ်ရှားတပ်နှင့် ပြောက်ကျားတပ်ဖွဲ့များ ပေါင်းစပ်စစ်ဆင်ခြင်း၊ အခြေခံဒေသ တည်ဆောက်ခြင်းသည် မော်စီ တုန်း၏ စစ်ရေးနည်းနာ၊ တရုတ်၏ စစ်ရေးနည်းနာများ ဖြစ်သည်။ အရှေ့မြောက်နယ်စပ်တွင် KIA နှင့် ပူးတွဲ၍ တိုက်ပွဲ ဝင်ခြင်း၊ MNDAA ကိုးကန့်အဖွဲ့နှင့်တွဲ၍ လှုပ်ရှားစစ်ဆင်ခြင်းတို့တွင် ပါဝင်တိုက်ခိုက်ခဲ့ဘူးသည့် AA တပ်မှူးတပ်သားများ သည် အရှေ့မြောက်နယ်စပ်မှ စစ်ရေးနည်းနာနှင့် အတွေ့အကြုံများ ရလာခဲ့ပုံရသည်။

ချုပ်၍ဆိုရလျှင် AA အနေဖြင့် အဓိကလှုပ်ရှားတပ်ဖွဲ့နှင့် အနည်းဆုံးပြောက်ကျားဒေသတပ်ဖွဲ့ ၄ ဖွဲ့ခွဲ၍ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ပလက်ဝမြို့နယ်တို့အတွင်း ပြောက်ကျားစစ်ပွဲဆင်နွှဲနေသည်ဟု သုံးသပ်ရပါသည်။

မြို့တွင်းပြောက်ကျားလှုပ်ရှားမှု

AA တပ်ဖွဲ့ဝင်များသည် အစိုးရနှင့် တပ်မတော်ထိန်းချုပ်မှုအောက်ရှိ မြို့ရွာများတွင် အရပ်သားအသွင်ဖြင့် နေထိုင်လှုပ်ရှားသည်ဟု သုံးသပ်ရသည်။ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း၊ မအီ၊ ကျောက်ဖြူ စသည့်မြို့များတွင် AA တပ်ဖွဲ့ဝင်အချို့၏ တိုက်ခိုက်မှု၊ သုတ်သင်ရှင်းလင်းမှု အချို့ကို တွေ့ရသည်။ တောင်ကုတ်နှင့် မအီကြားတွင် လုံခြုံရေး တပ်ဖွဲ့ စီးနင်းလိုက်ပါသော ယာဉ်တန်းအား တိုက်ခိုက်ခြင်းမျိုးသည် မြို့တွင်းပြောက်ကျား တပ်ဖွဲ့၏ တိုက်ခိုက်မှုမျိုးဟု ယူဆရသည်။

သို့သော် တခုလုံးအရ သုံးသပ်ပါက မြို့တွင်းပြောက်ကျားတပ်ဖွဲ့၏ တိုက်ခိုက်ရေး လှုပ်ရှားမှုများသည် အရှိန်အဟုန် မပြင်းလှသကဲ့သို့ အကြိမ်ရေလည်း မများလှပေ။ စည်းရုံးရေးလုပ်ငန်းကို အဓိကထားပုံရသည်။

မြေပြင်သတင်းများအရ အဆိုပါ မြို့တွင်းပြောက်ကျား လှုပ်ရှားမှုသည် AA လက်နက်ကိုင်တပ်ဖွဲ့ဆိုသည့် စည်းရုံးရေး ပုံစံထက် ULA (ရခိုင်အမျိုးသား အဖွဲ့ချုပ်) စည်းရုံးရေးပုံစံဖြင့် လှုပ်ရှားပုံက ပိုများသည်။ ULA အနေနှင့် မြို့တွင်းတိုက်ပွဲ ဖော်ဆောင်ရေးထက် မြို့ပေါ်နှင့် AA လက်နက်ကိုင်တပ်ဖွဲ့ဝင်များ မရောက်နိုင်သည့် ကျေးရွာများတွင် လူထုစည်းရုံးရေး၊ လျှို့ဝှက်အုပ်ချုပ်ရေးစနစ်များ တည်ထောင်၍ ချုပ်ကိုင်ခြင်းနှင့် ဘဏ္ဍာ၊ ရိက္ခာသတင်းနှင့် လူသစ်စုဆောင်းရေးတို့ကို အဓိကထား လုပ်ပုံရပေသည်။ သို့ဖြစ်ရာ AA ၏ မြို့တွင်းပြောက်ကျားလှုပ်ရှားမှုမှာ AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် လှုပ်ရှားပြီး စစ်ရေးရည်မှန်းချက် ဦးတည်သည်ထက် ULA အနေနှင့် လှုပ်ရှားပြီး နိုင်ငံရေးရည်မှန်းချက်ကို အဓိက ထားသည်။ AA လက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများကို အထောက်အကူပြုနိုင်ရန် ဦးတည်ချက်ထားသည်ဟု သုံးသပ်ရပေသည်။

သို့ဖြစ်ရာ ၂၀၁၉ မှစ၍ ယနေ့ ၂၀၂၀ မေလအထိ AA တပ်ဖွဲ့သည် တောတွင်းပြောက်ကျားစစ်ဆင်ရေးကို အဓိထား လှုပ်ရှား နေသည်။ ပြောက်ကျားစစ်ပွဲဆင်နွှဲရာတွင် အဓိက လှုပ်ရှားတပ်ဖွဲ့နှင့် အနည်းဆုံး ပြောက်ကျား ဒေသ တပ်ဖွဲ့ ၄ ခုခွဲ၍ လှုပ်ရှားနေသည်ဟု သုံးသပ်ရပြီး ၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ အခြေခံစခန်း တည်ဆောက်ရေးကို ဦးတည် လှုပ်ရှားနေသည်ကို တွေ့ရသည်။ ၎င်းတို့၏ ပြောက်ကျားစစ်ဆင်ရေးကို အထောက်အကူဖြစ်စေရန် မြို့တွင်းပြောက်ကျားလှုပ်ရှားမှုကို အရံထားပြီး တွဲဖက်လှုပ်ရှားနေသည်ကို တွေ့ရပေသည်။

ဆက်လက်ဖော်ပြပါမည်။

You may also like these stories:

ပလက်ဝမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မှာလား

ပလက်ဝ လူ့အခွင့်အရေးချိုးဖောက်မှုများ စုဆောင်းရာတွင် ခက်ခဲဟု CHRO ပြော

ဘဝကို သုညက ပြန်စရမယ့် ရန်ကုန်ရောက် ချင်းဒုက္ခသည်များ

ရခိုင်စစ်မြေပြင်တွင် တပ်မတော် ရေ အရေးပါလာ

The post ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁) appeared first on ဧရာဝတီ.

၂၀၂၀ အလွန် ဝန်ကြီးချုပ်အိပ်မက်

$
0
0

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လအတွင်း အပြီးရွေးချယ်သွားမယ်လို့ ပါတီရဲ့ တာဝန်ရှိသူတဦးက ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ပါတယ်။

ဒီလိုရွေးချယ်ရာမှာ လက်ရှိအာဏာရ အစိုးရရဲ့ NLD ပါတီအနေနဲ့ ဘယ်လို အရည်အချင်း၊ စံသတ်မှတ်ချက်တွေနဲ့ စိ စစ်ရွေးချယ်သွားမလဲ ဆိုတာကို မဲဆန္ဒရှင်ပြည်သူတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေပါ တယ်။

အထူးသဖြင့် ပြည်နယ်/တိုင်းဒေသကြီးတွေရဲ့ အချုပ်ဖြစ်တဲ့ ဝန်ကြီးချုပ်နေရာအတွက် ရည်ရွယ်ပြီး ဝင်ရောက်ယှဉ် ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အသစ်တွေကို စိတ်ဝင်စားသလို အတွေ့အကြုံရှိပြီးဖြစ်တဲ့ လက်ရှိ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေထဲက ဘယ်နှစ်ဦးလောက် ပြန်ပါလာနိုင်မလဲဆိုတာကိုလည်း စိတ်ဝင်တစား ရှိနေကြပါတယ်။

NLD နဲ့ လူမှန်၊ နေရာမှန်

၂၀၁၅ ရွေးကောက်ပွဲအပြီး NLD က ရွေးချယ်ခန့်အပ်ခဲ့တဲ့ ဝန်ကြီးချုပ်တွေထဲက တချို့ရဲ့ လွဲမှားတဲ့ ပြောဆိုမှုတွေ၊ လုပ်ရပ်တွေ၊ မစွမ်းဆောင်နိုင်မှုတွေကြောင့် သက်ဆိုင်ရာ မဲဆန္ဒရှင်တွေအကြား စိတ်ပျက်ခဲ့ရသလို ၂၀၂၀ ရွေး ကောက်ပွဲ နောက်ပိုင်းမှာရော NLD အနေနဲ့ လူမှန်၊ နေရာမှန် ရွေးချယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်တဲ့သူတွေလည်း ရှိပါတယ်။

NLD အနေနဲ့ ၂၀၂၀ အတွက် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်တွေ ရွေးမယ်ဆိုရင် အခုထက် ပိုပြီး ပြင်ဆင်မှုတွေ လုပ်သင့်သလို ပိုမိုစွမ်းဆောင်နိုင်တဲ့၊ တော်တဲ့သူကို ရွေးသင့်တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ပြင်ပဆက်ဆံ ဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းက အကြံပြုပါတယ်။

၂၀၁၅ တုန်းက NLD အနေနဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးတဲ့အခါမှာ အများစုကို ပြည်ထောင်စု၊ အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်တို့အတွက်သာ အဓိကထားခဲ့ပြီး ပြည်နယ်/တိုင်းတွေဘက် ကြည့်လိုက်တဲ့အခါ အသက်အရွယ်က စလို့ ဘယ်သူက ဝန်ကြီးချုပ်ဖြစ်မလဲဆိုတာ သေချာပြင်ဆင်ထားတဲ့ အနေအထားမျိုး အားနည်းခဲ့တယ်လို့ သူက ထောက်ပြပါတယ်။

“နိုင်ငံရေးသမားဆိုရင် နိုင်ငံရေးအရ စဉ်းစားချက်ရှိရမယ်။ နောက်တခု သူ ဝန်ကြီးချုပ်ဖြစ်လာရင် ဘာလုပ်မလဲဆိုတဲ့ အနာဂတ်အတွက် အစီအစဉ်တွေက အတော်လေး စဉ်းစားထားမှုတွေ ရှိရမယ်။ အဲဒီလိုမဟုတ်ဘဲ ရိုးရိုး ကြုံရာ တယောက်ယောက်ခိုင်းပြီး ဝန်ကြီးချုပ်လုပ်ဆိုတဲ့ ဟာမျိုးဆိုရင်တော့ လုပ်ငန်းတော်တော်များများ အောင်မြင်ဖို့ ခက်မယ်” လို့ သူက ဆိုပါတယ်။

လာမယ့် သက်တမ်းအတွက် လူမှန်၊ နေရာမှန် ရွေးချယ်ရေးနဲ့ ပတ်သက်လို့ ဘယ်လို စံ၊ ပေတံတွေနဲ့ တိုင်းတာရမယ် ဆိုတာ ဒီသက်တမ်း ၅ နှစ်အတွင်းမှာ အတွေ့အကြုံကောင်းတွေ ရခဲ့သလို စဉ်းစားသုံးသပ်တဲ့နေရာမှာလည်း ဒီအ ရာတွေဟာ များစွာအထောက်အကူ ဖြစ်စေမှာပါလို့ ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တချို့က ပြောပါတယ်။

တွေ့လာရတဲ့ အတွေ့အကြုံသစ်တွေအပေါ် မူတည်ပြီး ၂၀၁၅ တုန်းကနဲ့ အနည်းငယ် ပြောင်းလဲတာတွေ ရှိနိုင်သလို ပြည်သူလူထုက လက်ခံခြင်း၊ မခံခြင်းဆိုတဲ့ သဘောထားတွေ အပေါ်မှာလည်း မူတည်တယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ရှင်းပြပါတယ်။

ဝန်ကြီးချုပ်သာမက ဝန်ကြီးတွေ၊ ပြည်နယ်/တိုင်းနဲ့ ပြည်ထောင်စုအဆင့်က လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ အရည်အသွေးကို ပြည်သူတွေက သဘောထားမှတ်ချက် ပေးထားတဲ့၊ အကဲဖြတ်ထားတဲ့ သုတေသနစစ်တမ်း လုပ် ထားတယ်လို့ ပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ဧရာဝတီနဲ့ ဆက်သွယ်မေးမြန်းရာမှာ ပြောဆိုထားပါတယ်။

“ပါတီကနေ အရေးယူထားတဲ့ အပိုင်းတွေကလည်း ရှိတယ်ဆိုတော့ အဲဒါတွေပါ ထည့်ပြီး စဉ်းစားမှာဖြစ်တဲ့အတွက် သတိပေးခံရသူတွေ၊ စည်းကမ်းပိုင်းအရ အရေးယူခံရသူတွေကတော့ ပါဖို့ အခွင့်အရေး နည်းသွားတာပေါ့” လို့ သူက အသိပေး ပြောဆိုပါတယ်။

ဘယ်သူတွေ ပြန်ပါလာနိုင်မလဲ

၂၀၁၅ တုန်းက ရွေးချယ်ခန့်အပ်ခဲ့တဲ့ ပြည်နယ်နဲ့တိုင်း ၁၄ ခုက ဝန်ကြီးချုပ်တွေအနက် အမျိုးသမီး ဝန်ကြီးချုပ် ၂ ဦး ပါဝင်ခဲ့ပြီး ၎င်းတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေအရ နိုင်ငံရေးသမား တဝက်လောက် ပါနေသလို အသက်အရွယ် အားဖြင့်လည်း လူကြီးပိုင်းတွေများတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်တာ သက်တမ်းအတွင်းမှာ မွန်ပြည်နယ်၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်းဒေသကြီး ၃ ခုက ဝန်ကြီးချုပ်တွေ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

မွန်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီတို့ ရာထူးကနေ ဆန္ဒအလျောက် နုတ်ထွက်သွား တာကြောင့် လက်ရှိ မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်တို့က ဆက်လက် တာဝန်ယူထားပါတယ်။

NLD အစိုးရလက်ထက် အဂတိလိုက်စားမှုနဲ့ တရားစွဲဆို အရေးယူခံရတဲ့သူတွေအနက် ရာထူးအမြင့်ဆုံးအဖြစ်နဲ့ စံချိန် တင်သွားတဲ့ တနင်္သာရီဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် နေရာမှာတော့ လက်ရှိဝန်ကြီးချုပ် ဦးမြင့်မောင်က တာဝန်ယူ နေပါတယ်။

လာမယ့် ၂၀၂၀ မှာ NLD ပဲ အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင် လက်ရှိ တာဝန်ယူနေတဲ့ ပြည်နယ်/တိုင်း ဝန်ကြီး ချုပ်တွေထဲက သေချာပေါက် ပြန်ပါနိုင်သူဟာ ၃/၄ ဦးထက် မပိုဘူးလို့ NLD ပါတီက ဧရာဝတီရဲ့ သတင်းရင်းမြစ်တဦး အဆိုအရ သိရပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့ သေချာပေါက် ပြန်ပါနိုင်တယ်လို့လည်း အဲဒီ သတင်းရင်းမြစ်က သူ့အမြင်ကို ပြောပေမယ့် ကာယကံရှင်တွေရဲ့ ဆန္ဒနဲ့ပတ်သက်လို့တော့ ယနေ့အထိတရားဝင် ထုတ်ဖော်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။

သူတို့နေရာတွေမှာ အစားထိုး ဝင်ရောက် လုပ်ကိုင်နိုင်မယ့်သူတွေ မရှိလို့ ဒီလိုပြန်လည် ပါဝင်လာတာဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ တဖက်မှာတော့ သူတို့အားလုံးဟာ နိုင်ငံရေးသမားတွေ ဖြစ်သလို NLD ပါတီနဲ့ ရေရှည်လက်တွဲပြီး ကျရာတာဝန်ကို ထမ်းဆောင်နေကြသူတွေလည်း ဖြစ်ပါတယ်။

“လက်ရှိ မကွေးဝန်ကြီးချုပ်ကို သဘောကျလား မေးရင် ကျပါတယ်လို့ ဖြေရမယ်။ သူ့ရဲ့ရိုးသားမှုပါ။ ဒီဝန်ကြီးချုပ်ဟာ ဘယ်တော့မှ သူ့ပြည်သူကို မလိမ်ဘူးဆိုတာ ယုံကြည်ပါတယ်” လို့ မကွေးဒေသခံတဦးက ပြောပါတယ်။

ဒါပေမယ့် အုပ်ချုပ်ရေးစွမ်းရည် ညံ့တာ၊ ဌာနဆိုင်ရာတွေကို စီမံခန့်ခွဲမှုမှာ အားနည်းတာ၊ ပွင့်လင်းမြင်သာမှု အားနည်း တာ၊ အဂတိလိုက်စားမှုတွေကို ကောင်းကောင်း မတိုက်ဖျက်နိုင်တာ၊ ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်မှု အားနည်း တာတွေကြောင့် အပြည့်အဝတော့ သဘောမကျဘူးလို့ သူက ရှင်းပြပါတယ်။

နောက်လာမယ့် သက်တမ်းမှာ အသက်ကြီးပိုင်း (၇၀ ကျော်)တွေကို အနားပေးပြီး လူလတ်ပိုင်းတွေကို နေရာပေးမှု ပိုများလာမယ်လို့လည်း ပါတီတွင်းက သိရပါတယ်။

ဝန်ကြီးချုပ်အများစုကို မကြိုက်ပေမယ့် ကိုယ်တိုင်နဲ့ ဒေသတွင်းမှာ ပြဿနာနည်းတဲ့၊ ဒေသခံလက်ခံတဲ့၊ လေးစားမှု ရှိတဲ့ ကရင်နဲ့ မကွေး ဝန်ကြီးချုပ်တို့ကို အမှတ်ပေးတဲ့သူတွေလည်း ရှိပါတယ်။

ရေပန်းစားနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်

ပြည်နယ်/တိုင်း ဝန်ကြီးချုပ်တွေအနက် ဘယ်ဝန်ကြီးချုပ်ကို အကြိုက်ဆုံးလဲလို့ ဧရာဝတီက ဒေသခံတချို့ကို မေးမြန်း ကြည့်ရာမှာ ဒေသခံပြည်သူတွေကို စည်းရုံးနိုင်စွမ်းရှိပြီး လူတော်တွေကို ရွေးချယ်နေရာ ပေးတတ်လို့ နာမည်ကောင်း ရနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ညွှန်းဆိုကြပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၀ နောက်ပိုင်း ပြန်လာပါမယ့် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်တွေထဲ ရေပန်းအစား ဆုံးလို့လည်း ဆိုနိုင်ပါတယ်။

တဖက်မှာ သူ့ကျန်းမာရေး အခြေအနေပေါ် မူတည်နေပေမယ့် ကာယကံရှင်ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကတော့ ၂၀၁၅ တုန်းက လူကြီးတွေ တာဝန်ပေးတဲ့နေရာကို ဝင်လုပ်ခဲ့သလို ၂၀၂၀ မှာလည်း လူကြီးတွေက တာဝန်ပေးတယ် ဆိုရင် ဆက်လုပ်ရမှာပေါ့လို့လည်း ပြောဆိုထားတာလည်း ရှိနေပါတယ်။

“နိုင်ငံရေးလောကထဲမှာ ကျန်းမာနေသ၍ကတော့ ရှိနေမှာပဲ၊ လုပ်နေမှာပဲ။ ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်းကတော့ တာဝန်ပေးတဲ့အပေါ်မှာ မူတည်မှာပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေထဲက ဘယ်နှစ်ဦးလောက် ပြန်ပါလာနိုင်မလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက် လို့တော့ လောလောဆယ် ပြောရခက်သေးတယ်လို့ ဒေါက်တာဇော်မြင့်မောင်က ဧရာဝတီကို ဖြေကြားပါတယ်။

NLD ရဲ့ မဟာဗျူဟာ (strategy) ဘယ်လို ရှိမလဲ မသိပေမယ့် နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရဲ့ သဘောတရားအရ နာမည်ကောင်းထွက်တယ်၊ ယုံကြည်ရတယ်၊ လူထုရဲ့ လေးစားယုံကြည်မှု ရှိတယ်ဆိုတဲ့လူတွေကို အမြဲတမ်း ရှေ့ကို တင်ထားလေ့ရှိတယ်လို့ နိုင်ငံရေးဆောင်းပါးရှင် ကိုသီဟသွေးက သုံးသပ်ပါတယ်။

“ဒီသဘောတရားအရ ကြည့်မယ်ဆိုရင်တော့ ဒေါက်တာဇော်မြင့်မောင်ဟာ မရွေးခံရဘူးဆိုရင်တောင် သူ့အတွက် နေရာတနေရာ ဖယ်ထားမယ်လို့ ထင်တယ်” လို့ သူက ဆိုပါတယ်။

ဘယ်လိုလူတွေ ကျန်ခဲ့မလဲ

“သက်ဆိုင်ရာ မဲဆန္ဒရှင် လူထုက ဘယ်လိုမှကို ကြိုက်စရာမရှိတဲ့ဟာမျိုး၊ ထင်ရှားတဲ့ အပြစ်တော့ မရှိပေမယ့် တုန့်ပြန်မှုအရ သူ့တည်ပြီး မဲတောင်းလို့ မရလောက်ဘူးဆို လဲရမှာပေါ့။ အဲဒါတွေကို ပါတီက ခေါင်းမာပြီး လုပ်မှာမဟုတ်ဘူး” လို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် တဦးက သုံးသပ်ပြောဆိုပါတယ်။

ဝန်ကြီးချုပ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လည်စိစစ်သုံးသပ်တဲ့အခါ ပါတီတွင်းပြစ်မှုက အရေး ကြီးသလို အပြင်က တိုင်ကြားချက် မှတ်တမ်းနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့သူတွေ၊ ကျော်ဇောတဲ့သူတွေ အားလုံးကို ချန် ခဲ့မှာဖြစ်တယ်လို့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေက အသိပေး ပြောဆိုထားပြီး ဖြစ်ပါတယ်။

နိုင်ငံရေးဆောင်းပါးရှင် ကိုသီဟသွေးက “အဲဒီလူတွေ ပြန်ပါရင် အဲဒီဒေသမှာ ရွေးကောက်ပွဲရလဒ် မကောင်းနိုင်ဘူး လို့ ယူဆရတဲ့သူတွေကတော့ သေချာပေါက် လဲလိမ့်မယ်။ ဖယ်ခံရလိမ့်မယ်။ ပြိုင်ပွဲတခုကို နိုင်ဖို့စဉ်းစားမယ်ဆိုရင် ဒီအချက်က စဉ်းစားရမှာလေ” လို့ ဆိုပါတယ်။

ပြည်နယ်/တိုင်း ဝန်ကြီးချုပ် အသီးသီးရဲ့ လုပ်ဆောင်ချက်၊ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အားရကျေ နပ်တာ မရှိသလောက်ပဲလို့ ပြောပါတယ်။

မန္တလေးတိုင်း တခုကလွဲရင် ကျန်တဲ့နေရာတွေမှာ သိပ်အသံမထွက်သလို ပြောင်မြောက်တဲ့ လှုပ်ရှားမှုတွေ မတွေ့ရတာနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဥပမာပေးပြီး သူက ပြောပြပါတယ်။

အဲဒီဒေသနှစ်ခုမှာ တခြားဒေသတွေလောက် ပြဿနာတက်တဲ့ အသံတွေ သိပ်မကြားရပေမယ့် ကရင်ပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ ငြိမ်းချမ်းရေး၊ နယ်မြေအေးချမ်းရေးနဲ့ ပတ်သက်လို့ ထိုက်သင့်သလောက် ဖြစ်မလာတာတွေ၊ မကွေးတိုင်းဝန်ကြီးချုပ်အနေနဲ့ တိုင်းအတွင်း ကြိတ်ပြီးလောင်နေတဲ့ လောင်းကစားလို ပြဿနာမျိုးတွေကို ထိရောက်စွာ ကိုင်တွယ်မှု မပြုနိုင်တာတွေကို သူက ထောက်ပြပါတယ်။

“ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်မလာဘူး။ ထူးခြားပြီးတော့ အရပ်သားအစိုးရ ဖြစ်လာပေမယ့် ဒီလိုတွေရှိနေတယ်ဆို တာ ကိုင်ပြလို့ရတဲ့ ရလဒ်ကောင်းတွေ ရှိတယ်ဆိုတာ မပြနိုင်ဘူး။ ဒါက ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ဖြစ်ချင်တဲ့သူတွေ ဘက်က အားမရတာပေါ့” လို့ ကိုသီဟသွေးက ပြောပါတယ်။

ဘာသံမှမထွက်ဘဲ တိတ်ဆိတ်နေတဲ့ ပြည်နယ်နဲ့တိုင်းက ဝန်ကြီးချုပ်တွေကိုတော့ အမှတ်ပေးလို့ မရဘဲ နိုင်ငံရေး အရ ခေတ်စနစ် ပြောင်းသွားတဲ့အခါ စနစ်သစ်ရဲ့ တန်ဖိုး၊ ကောင်းခြင်းတွေက သိသာထင်ရှားလာမှသာ လူထုရဲ့ စိတ်ထဲမှာ လမ်းမှန်ရောက်နေတယ်ဆိုပြီး စိတ်ခံစားမှု တက်ကြွလာမှာ ဖြစ်ပါတယ်။

“ဒါမှလည်း အရပ်သား အုပ်ချုပ်ရေးစနစ်ကို ပိုပြီးတော့ လူတွေက ခင်တွယ်လာမယ်။ စုံမက်လာမယ်။ ဒါကို ဆုံးရှုံးမှာ ကြောက်လာမယ်။ ဒီထက်ပိုကောင်းအောင် ဘာတွေ တာဝန်ယူရမလဲဆိုတာတွေ ပြည်သူလူထုဘက်က ဖြစ်လာမယ်” လို့ ကိုသီဟသွေးက ပြောပါတယ်။

ဝေဖန်မှုတွေကြားက ရန်ကုန်တိုင်းဝန်ကြီးချုပ်

လောလောလတ်လတ် ပါတီက သတိပေးခံထားရတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ သူ့ကျန်းမာရေး အခြေအနေအရ လာမယ့်ရွေးကောက်ပွဲမှာ ဝင်မပြိုင်လိုကြောင်း ပါတီကို တင်ပြထားတယ်လို့ ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီသတင်းဌာနကို ဖြေကြားထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်လို့ တင်စားကြတဲ့ ရန်ကုန်ကို တာဝန်ယူထားရတဲ့ ဦးဖြိုးမင်းသိန်းဟာ ဝန်ကြီးချုပ် တွေ ထဲ အသက်အရွယ်အားဖြင့် ငယ်ပြီး အလုပ်လုပ်ဆုံးလို့ ပြောနိုင်ပေမယ့် ရလဒ်တွေက ထင်သလောက် မကောင်း တဲ့အခါ ဝေဖန်ထောက်ပြစရာတွေပဲ ဖြစ်သွားရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ သူ့ကို လွှတ်တော်မှာ အယုံအကြည်မရှိဆိုကာ စွပ်စွဲပြစ်တင်ဖို့ ကြိုးစားလာကြတာတွေလည်း ရှိပါတယ်။

ဒါဟာ NLD ဦးဆောင်တဲ့ အစိုးရလက်ထက် လွှတ်တော်တွင်း ပထမဆုံး စွပ်စွဲပြစ်တင်ခံရမယ့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သူ့ရဲ့လုပ်မှုကိုင်မှုတွေက တောက်လျှောက် တာဝန်ယူကတည်းက ဝေဖန်ခံရသလို အဲဒီလို အနေအထားမျိုးတွေ အမြဲတမ်း သူ့ဘက်က လုပ်တာ သတိထားမိတယ်လို့ နိုင်ငံရေးဆောင်းပါးရှင် ကိုသီဟသွေးက ပြောပါတယ်။

ဒါပေမယ့် ပါတီဘက်က စဉ်းစားကြည့်မယ်ဆိုရင် သူဟာ အသက်အရွယ်ငယ်တယ်၊ ရှေ့ထုတ်ပြလို့ရတဲ့ နိုင်ငံရေးသမား တဦးလည်း ဖြစ်နေတာကြောင့် လူအများရဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးတာမျိုးမဟုတ်ဘဲ တခြားနေရာတွေမှာ သူ့ကို သုံးဖို့ အကြောင်း ပါတီအနေနဲ့ ရှိကောင်းရှိနိုင်ပါတယ်။

“အစိုးရအဖွဲ့မှာ တခြားနေရာတွေ ရှိတယ်။ လူထုရဲ့ ရွေးချယ်မှု ခံယူစရာမလိုဘဲနဲ့ တခြားတာဝန်တွေ ပေးလို့ရသေး တာပေါ့။ အကယ်၍များ NLD မှာရှိတဲ့ တာဝန်ရှိတဲ့သူတွေအနေနဲ့ အဲဒီလို နေရာမျိုးကို ယူခိုင်းမယ်ဆိုရင်တော့ သူက အစိုးရအဖွဲ့မှာ ပြန်ပြီး ပါလာနိုင်လိမ့်မယ်လို့ ထင်တယ်” လို့ ကိုသီဟသွေးက သုံးသပ်ပါတယ်။

လူထုရဲ့ဆန္ဒခံယူရတယ်ဆိုရင် အဟောင်းကို ပြန်သုံးတဲ့အခါ ထောက်ပြစရာတွေနဲ့ ရုန်းကန်နေရပြီး အရဲစွန့်မှာဖြစ်လို့ ပါတီအနေနဲ့ မသုံးလောက်ဘဲ “ရန်ကုန်စစ်မျက်နှာ”ကို အသစ်တယောက် ချသုံးလိမ့်မယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

ပြည်သူတွေ ဖြစ်စေချင်တဲ့ ဝန်ကြီးချုပ်

ပြည်နယ်နဲ့တိုင်းအတွင်း နယ်မြေအေးချမ်းပြီး ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လက်တွေ့ အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးချုပ်တွေရဲ့ အခန်းကဏ္ဍက အလွန် အရေးကြီးပါတယ်။

ပြီးခဲ့တဲ့ အတွေ့အကြုံတွေအရ ဒီလိုအရေးကြီးတဲ့ နေရာတွေအတွက် ဒေါင်ဒေါင်မြည်မြည်တဲ့ လူကောင်းတွေ ၂ စုံ ၃ စုံစာလောက် ရှိဖို့လိုအပ်တယ်လို့ NLD လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောပါတယ်။

ဦးဖြိုးမင်းသိန်းကို မကြိုက်လို့ လဲမယ်ဆိုတဲ့အခါ သူ့တိုင်းဒေသကြီးထဲမှာ သူ့လောက်တောင် စွမ်းဆောင်ရည် မရှိတဲ့သူတွေ များသွားတဲ့အခါ သူ့ကို ဖြုတ်လို့မဖြစ်နိုင်၊ တာဝန်ချိန်းပေးလို့ မရတော့တာမျိုးတွေဟာ အတွေ့အကြုံတွေ ဖြစ် လို့ ဘောလုံးအသင်းလို ၂၊ ၃ သင်းစာ တခါတည်း ပြင်ဆင်ထားရမယ်လို့လည်း သူက ဥပမာပေး ပြောဆိုပါတယ်။

“ဒါဟာ လူထုအကျိုးစီးပွားအတွက် ၁၊ ၂ နှစ် မဟုတ်ဘူး။ ၅ နှစ် အနည်းဆုံး တာဝန်ထမ်းတဲ့အခါ ယုတ်လျော့သွားလို့ မရဘူး” လို့ သူက ပြောပါတယ်။

အရင်က ဒေါင်ဒေါင်မြည်တွေကို ပြည်ထောင်စုကိုပဲ ထမ်းတင်လိုက်တာ ဖြစ်ပေမယ့် ပြည်နယ်နဲ့တိုင်း လက်တွေ့ လုပ်ငန်းတွေမှာ အကောင်အထည်ဖော် လုပ်ကိုင်နိုင်ဖို့ ပြည်နယ်/တိုင်း အစိုးရအဖွဲ့နဲ့ လွှတ်တော်တော်တွေအတွက် ဒေါင်ဒေါင်မြည်တွေထားဖို့ လိုအပ်လာတယ်လို့လည်း သူက ဆက်လက် ရှင်းပြပါတယ်။

၂၀၁၅ တုန်းက လူကိုမကြည့် ပါတီကိုပဲ ကြည့်ပြီး NLD ကို မဲတွေ ပုံအောပေးကာ ရွေးချယ်ခဲ့ကြတဲ့၊ NLD ပါတီ ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားခဲ့ကြတဲ့ ပြည်သူလူထုဟာ ၄ နှစ်တာ သက်တမ်းအတွင်း ထင်သလောက် မဖြစ်ခဲ့တဲ့အပေါ် စိတ်ပျက်ခဲ့ကြရပါတယ်။

ဒါတွေကို သင်ခန်းစာယူပြီး ပါတီဘက်ကလည်း ပိုမိုကောင်းမွန်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်သင့် သလို ပြည်သူတွေဘက်ကလည်း ယှဉ်ပြိုင်မယ့်သူတွေရဲ့ အရည်အချင်းကို အဓိကကြည့်ပြီး မဲပေးရွေးချယ်သင့်တယ် လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက တိုက်တွန်းပါတယ်။

ကိုယ့်ပြည်နယ်/တိုင်းအတွက် နောက်သက်တမ်းမှာ ထက်မြက်တဲ့၊ စီးပွားရေး နိုင်ငံရေး နှံ့စပ်ကျွမ်းကျင်တဲ့၊ ဦးဆောင် နိုင်စွမ်းရှိတဲ့၊ ဒေသအကျိုးရှိမယ့်အရာကို ရဲရဲဝံ့ဝံ့ လုပ်နိုင်စွမ်းရှိတဲ့၊ အပြောနဲ့ အလုပ်ညီတဲ့၊ ဒီမိုကရေစီစနစ်ကို သိရှိရုံ မက အဲဒီစံနှုန်းတွေနဲ့အညီ အတိအကျ အုပ်ချုပ်နိုင်စွမ်းရှိတဲ့၊ လက်တွေ့ကျကျ ဦးဆောင်နိုင်တဲ့ ဝန်ကြီးချုပ်မျိုးကို လိုချင်တယ်လို့ လူထုက ပြောကြပါတယ်။

အရေးပါတဲ့ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်နေရာအတွက် လူထုနဲ့ သဟဇာတဖြစ်တဲ့၊ ပြောနိုင်ဆိုနိုင် လုပ်နိုင်ကိုင်နိုင်တဲ့၊ တကယ့်ကို အားကိုးလောက်တဲ့၊ အတွေးအခေါ် အပြောအဆို ရုပ်ပိုင်းဆိုင်ရာကအစ ကြန်အင်လက္ခဏာရှိတဲ့ ပုဂ္ဂိုလ် မျိုးတွေကို ရွေးချယ်လျာထားကာ အခုကတည်းက ကြိုထုတ်ပြီး မိတ်ဆက်စေချင်တယ်လို့လည်း ကိုသီဟသွေးက အကြံပြုပါတယ်။

“အခုကတည်းကကြိုပြီး ၂၀၂၀ အိပ်မက်အတွက်ကို ပေးစေချင်တယ်။ ဒါမှလည်း မဲပေးရမယ့်သူတွေက အားရှိမှာ။ အဲဒီအတွက် ထိုက်တန်တဲ့သူတွေကိုပဲ ရွေးစေချင်တယ်”လို့ သူက ဆိုပါတယ်။

You may also like these stories:

အစိုးရပြန်ဖွဲ့နိုင်အောင် ကြိုးစားမယ်

စွပ်စွဲပြစ်တင်မှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ် အောင်မြင်စွာ ဖြတ်ကျော်နိုင်မလား

လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးတာ NLD မှာ အတွေ့အကြုံ များပြီ

The post ၂၀၂၀ အလွန် ဝန်ကြီးချုပ်အိပ်မက် appeared first on ဧရာဝတီ.

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂)

$
0
0

လက်နက်ကိုင်တပ်ဖွဲ့ ၁ ဖွဲ့ ဖွဲ့စည်းသည်နှင့် လိုအပ်ချက်များ များပြားပေသည်။ အမြဲတမ်းတပ်မတော်တရပ်တွင် ပိုမို၍ လိုအပ်ချက်များပြားသကဲ့သို့ တည်ထောင်ကာစ လက်နက်ကိုင်တပ်ဖွဲ့များတွင်လည်း အခြေခံလိုအပ်ချက်များရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် အမြဲတမ်းတပ်မတော်ကဲ့သို့ လိုအပ်ချက်များစွာကို ဖြည့်ဆည်းနိုင်စွမ်း မရှိသော်လည်း အခြေခံအချက် ၆ ခုအား မလွဲမသွေ ဖြည့်ဆည်းရန်လိုအပ်သည်။ ၎င်းတို့မှာ လူအင်အား၊ လက်နက် ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါး၊ ဆက်သွယ်ရေးနှင့်ဘဏ္ဏာရေးတို့ ဖြစ်သည်။

AA ၏ လက်ရှိစစ်ဆင်လှုပ်ရှားနေမှု အခြေအနေအား အပိုင်း ၁ တွင် သုံးသပ်ခဲ့ပြီးနောက် AA အနေနှင့် ထိုအခြေခံအချက် ၆ ချက် ကိုဖြည့်ဆည်းနိုင်စွမ်းရှိ၊ မရှိအား ဆက်လက် သုံးသပ် ကြည့်ပါမည်။

AA ၏ လူအင်အား

လက်ရှိကာလ ရခိုင်ပြည်နယ်တွင် ရောက်ရှိလှုပ်ရှားနေသော AA ၏ လူအင်အား မည်မျှရှိသည်ကို အတိအကျ တွက်ချက်ရန် မလွယ်ကူပေ။ AAတပ်ဖွဲ့ကလည်း လျှို့ဝှက်ချက်အဖြစ် ထားရှိသည်ကို တွေ့ရသည်။ မည်သို့ပင် ဖြစ်စေ ပလက်ဝမြို့နယ် ဒေသခံများ မျက်မြင်တွေ့ခဲ့သည့် အင်အား ၄၀၀၀ ခန့်အား အခြေခံရမည်ဖြစ်သည်။ ထိုအင်အားအခြေခံနှင့် တိုက်ပွဲများ၏ အခြေအနေများအရ အောက်ပါအတိုင်း ခန့်မှန်းရပေသည်။

ရက် ၄၀ ကျော် ဖြစ်ပွားခဲ့သည့် မီးဝတိုက်ပွဲတွင်း၌ မီးဝဗျူဟာကုန်းအား ဝိုင်းထားခြင်း၊ ပလက်ဝဖက်မှသော်လည်းကောင်း၊ ကျောက်တော်ဖက်မှ သော်လည်းကောင်း လာသည့် စစ်ကူများအား ဖြတ်တောက်တိုက်ခိုက်ခြင်းတို့အား ကြည့်လျှင် ထိုတိုက်ပွဲ၌ AA အဓိက လှုပ်ရှားတပ်ဖွဲ့အနေဖြင့် အနည်းဆုံး အင်အား ၂၀၀၀ ခန့် အသုံးပြုရမည်ဟု ခန့်မှန်းရပြီး ပြောက်ကျားဒေသ ၄ ခု၌ ဒေသတခုလျှင် တပ်ဖွဲ့အင်အား ၅၀၀ ခန့်စီ ဖြန့်ခွဲ ရှိထားသည်ဟု ခန့်မှန်းသုံးသပ်ရသည်။ ထို့ကြောင့် တပ်ဖွဲ့အင်အား ၄၀၀၀ ခန့်အား ဖြန့်ခွဲလှုပ်ရှားနေသည်ဟု ခန့်မှန်းသုံးသပ်ရပါသည်။

၂၀၁၉ မှစ၍ ၂၀၂၀ မေလထိ တိုက်ပွဲကြီးငယ် ၁၀၀၀ ကျော်ခန့် ဖြစ်ပွားခဲ့ရာ AA တပ်ဖွဲ့အနေဖြင့် ကျဆုံးဒဏ်ရာရသူများ ရှိမည်ဖြစ်သည်။ သို့သော် တရားဝင်ထုတ်ပြန်မှုများ မရှိသဖြင့် ၁ နှစ်ကျော် အချိန်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှု ကြိမ်ရေများ အရ AA တပ်ဖွဲ့အနေဖြင့် ကျဆုံးဒဏ်ရာရရှိသူ ရာဂဏန်းခန့် ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် AA အနေဖြင့် လျော့ကျသွားသော စစ်အင်အားကို ပြန်လည်ဖြည့်တင်းရန် လိုအပ်ပေသည်။

အရှေ့မြောက်နယ်စပ်ရှိ သတင်းရင်းမြစ်များ အဆိုအရ ၂၀၁၇ ခုနှစ် ဧပြီလအထိ AA တပ်ဖွဲ့အနေဖြင့် စစ်သင်တန်း ပေးပြီးသူ အင်အား ၅၀၀၀ ခန့် ရှိသည်။ အရှေ့မြောက်တိုက်ပွဲများတွင် ကျဆုံးသူ ဆယ်ဂဏန်းခန့် အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် နှုတ်ထွက်ခွင့်ပေးသူ ၅၀၀ ခန့်အား နှုတ်ပယ်လိုက်ပါက အင်အား ၄၅၀၀ ခန့်ကျန်ရှိသည်ဟုဆိုသည်။ ၂၀၁၉ ခုနှစ် နှစ်လည်ပိုင်းသတင်းပိုင်းများအရ အရှေ့မြောက်နယ်စပ်တွင် လေ့ကျင့်ပြီးသူ အင်အား ၁ သောင်းထိ ရှိလာသည်ဟု သိရသည်။

AA အနေဖြင့် အစပိုင်းတွင် လူသိနည်းပြီး အင်အားနည်းသော်လည်း ၂၀၁၂ နောက်ပိုင်း လူသိများလာသည်။ ၂၀၁၅၊ ၂၀၁၆ နောက်ပိုင်းစ၍ ရခိုင်လူထုကြားတွင် ရေပန်းစားသော အဖွဲ့အစည်းဖြစ်လာပြီး တပ်သားအင်အား တိုးပွားလာပုံရသည်။

၁၉၇၇ ခုနှစ်က KNU တွင် လေ့ကျင့်ခဲ့သော ALP/ALA တပ်ဖွဲ့များနှင့် KIA တွင်လေ့ကျင့်သော AIO/AIA တပ်ဖွဲ့များသည် ထိုင်းနယ်စပ် တရုတ်နယ်စပ်တို့တွင် လေ့ကျင့်ပြီးနောက် တောလမ်းအတိုင်း ရခိုင်ပြည်သို့ ပြန်လည်ချီတက်ရာ ချင်းပြည်နယ် အရောက်တွင် နှစ်ဖွဲ့လုံး တပ်မတော်၏ ပိတ်ဆို့ချေမှုန်းမှု ခံခဲ့ရသည်။ ထိုသင်ခန်းစာများအရ လက်ရှိ တရုတ်နယ်စပ်တွင် လေ့ကျင့်ထားသော AA တပ်ဖွဲ့ဝင်များအား ထိုသို့ ချီတက်သည့်နည်းလမ်း အားမသုံးဘဲ ပြည်တွင်းမှ အရပ်ဝတ် နှင့်ဖြစ်စေ သို့မဟုတ် ပြည်ပနိုင်ငံတခုအား ဖြတ်သန်း၍ဖြစ်စေ အသုံးပြု၍ ရခိုင်သို့ ပြန်လည်စေလွှတ်ပုံရသည်။

သို့ဖြစ်ရာ လက်ရှိ AA သည် တိုက်ပွဲများတွင် ဆုံးရှုံးသွားသော အင်အားများကို ပြန်လည်ဖြည့်စွမ်းနိုင်သည့် အင်အားရှိပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက အင်အား ၄၀၀၀ ခန့် ပလက်ဝဒေသသို့ ရောက်ရှိပြီးနောက်ပိုင်း၂၀၁၉ နှင့် ၂၀၂၀ နောက်ပိုင်းတွင်လည်း အရှေ့မြောက်တွင် လေ့ကျင့်ပြီးသော ၎င်းတို့စစ်အင်အားများကို ဆက်လက်ဖြည့်တင်းနေသည်ဟု သုံးသပ်ရသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲတခုတွင် AA စခန်းတခုကို တပ်မတော်က သိမ်းပိုက်ရာတွင် သစ်သားဖြင့်ပြုလုပ်ထားသည့် သေနတ်များအား သိမ်းဆည်းရမိခဲ့သည်။ ဤအချက်အလက်က တွေ့ မြင်နိုင်သည်မှာ AA တပ်ဖွဲ့သည့် ရခိုင်ပြည်နယ်အတွင်း၌လည်း တပ်သားသစ်များကို လေ့ကျင့်သင်တန်းပေးမှှုများ စတင်နေပြီဆိုသောအချက်ပင်ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်၌ AA တပ်ဖွဲ့တွင် လေ့ကျင့်ပြီးစစ်အင်အား အနည်းဆုံး တသောင်းခန့်ရှိပြီဖြစ်သည်။

လက်ရှိ ရခိုင်တွင် ရောက်ရှိနေသော အင်အားမှာ အနည်းဆုံး ၄၀၀၀ အထက်ရှိပြီး ကျဆုံး ဒဏ်ရာရ အင်အားများကိုလည်း ဖြည့်တင်းနိုင်စွမ်းရှိသည်ကို တွေ့ရသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင် တပ်သားသစ်သင်တန်းများ စတင်နေပြီဟု သုံးသပ်ရပေသည်။

AA နှင့်လက်နက်ခဲယမ်း

လူသူစုဆောင်းပြီးသည့်နောက် လက်နက်ကိုင်တပ်ဖွဲ့တခုအတွက် အရေးပါသည်မှာ လက်နက်ခဲယမ်းဖြစ်သည်။ လက်ရှိ ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသော AA တပ်ဖွဲ့ဝင်များသည် ခြေလျင်တပ်သုုံး ခေတ်မှီ ချေမှုန်းရေးရိုင်ဖယ်များကို ကိုင်ဆောင်ထားနိုင်သည်ကို တွေ့ရသည်။ မှန်ပြောင်းတပ်ဆင်ထားသည့် လက်ဖြောင့်တပ်သားသုံး အမေရိကန်လုပ် စနိုက်ပါသေနတ်များလည်း ကိုင်ဆောင်ထားနိုင်သည်ကို တွေ့ရသည်။

အကူပစ်လက်နက်များ အနေဖြင့် ၄၀ မမ အာပီဂျီ၊ ၁၀၇ မမ ရှော့တိုက်ဒုံး၊ ၆၀ မမ မော်တာများ ကိုင် ဆောင်နိုင်သည်ဟု သိရသည်။ လူမှုကွန်ရက်တွင် စစ်မြေပြင်၌ ၁၂.၇ မမ စက်သေနတ်ကြီး ပစ်ခတ်နေသည့်ပုံများကို တွေ့ရသော်လည်း အတည်ပြု၍ မရပါ။ ထို့အတူ အမြောက်ဟု ခေါ်ဆိုကြသည့် နောက်ပွင့်ရိုင်ဖယ်များ၊ မော်တာကြီးများ စသည့် လက်နက်ကြီးများ ကိုင်ဆောင်နိုင်ခြင်းတော့ မတွေ့ရသေးပါ။ ထို့ပြင် AA ခေါင်းဆောင်တဦးက FN 6 သို့မဟုတ် FN 7 ဖြစ်နိုင်သည့် လေယဉ်ပစ်ဒုံးကျည်ထမ်း၍ ရိုက်ထားသော ဓာတ်ပုံအား လူမှုကွန်ရက်တွင် တွေ့ရသော်လည်း လက်တွေ့ ရခိုင်စစ်မြေပြင်တွင် လေယာဉ် သို့မဟုတ် ရဟတ်ယာဉ် ၁ စီးစီးအား ပစ်ချသည့် အတည်ပြုနိုင်သည့် သတင်း မတွေ့ရသေးပေ။

သို့ဖြစ်ရာ AA အနေနှင့် လေယဉ်ပစ်ဒုံးကျည် ပိုင်ဆိုင်ခြင်း ရှိ၊ မရှိ သို့မဟုတ် ရခိုင် စစ်မြေပြင်သို့ ရောက်ရှိခြင်းရှိ၊ မရှိ အတည်ပြုန်ိုင်ခြင်း မရှိပါ။ သို့ဖြစ်ရာ AA တပ်ဖွဲ့အနေဖြင့် ခြေလျင်တပ်သုုံး ချေမှုန်းရေးရိုင်ဖယ်ကဲ့သို့ ခေတ်မှီ လက်နက်ငယ်များ တပ်ဆင်ထားပြီး အာပီဂျီ၊ ၆၀ မမ စသည့် အကူပစ်လက်နက်များ ပိုင်ဆိုင်ပြီး မြေပြင် အနီးကပ်တိုက်ပွဲများကို ကောင်းစွာတိုက်ခိုက်နိုင်သည့် လက်နက်ငယ်များကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။ အဝေးပစ်အနေဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံးတမျိုးသာ တွေ့ရသေးပြီး အဝေးပစ်လက်နက်ကြီးနှင့် ဝေဟင်ပစ်လက်နက်ကြီး တပ်ဆင်နိုင်မှု အပိုင်း၌ အားနည်းနေဆဲဖြစ်သည်။

AA ၏ လက်နက်ရရှိရာ လမ်းကြောင်းမှာ KIA၊ UWSA၊ လာအိုနှင့် ထိုင်းနယ်စပ်တို့မှ ဖြစ်နိုင်သည်ဟု ဆိုကြသည်။ KIA နှင့် UWSA တို့ထံ လက်နက်ခဲယမ်း အကူအညီရရှိနိုင်သည် သို့မဟုတ် ဝယ်ယူရရှိနိုင်သည်ဟု အများက ခန့်မှန်း သုံးသပ် ကြသည်။ ထို့အတူ လာအိုနှင့် ထိုင်းနယ်စပ်တို့မှလည်း ဝယ်ယူရရှိနိုင်သည်ဟု ခန့်မှန်းသုံးသပ်ရသည်။ သို့သော် ထိုသတင်းများနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် လိုအပ်ဆဲဖြစ်သည်။

AA သည် လက်နက်ခဲယမ်းများ သယ်ဆောင်ရာတွင် ပြည်တွင်းလမ်းကြောင်းကိုလည်း အသုံးပြုသည်ကို တွေ့ရသည်။ ၂၀၁၆ ခုနှစ်တွင် AA မှ အဆင့်မြင့်တာဝန်ရှိသူတဦးအား ရန်ကုန်တွင် လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ၎င်းသယ်ဆောင်လာသော လမ်းကြောင်းသည် ထိုင်းနယ်စပ်မှဟု သုံးသပ်ရသည်။ ၂၀၁၉ ခုနှစ်တွင် AA တပ်ဖွဲ့ဝင်အချို့အား ဖောက်ခွဲရေးပစ္စည်း အများအပြားနှင့်အတူ မန္တလေးတွင် ဖမ်းဆီးရမိခဲ့သည်။ ထိုပစ္စည်းများကို တရုတ်နယ်စပ်မှ သယ်လာပုံရသည်။ မြန်မာပြည် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတွင် မှောင်ခိုကုန်ပစ္စည်းများအား လိုင်းကြေး၊ ဂိတ်ကြေးပေး၍ နေ့စဉ်လို သယ်ဆောင်နေကြသည်ဖြစ်ရာ AA အနေနှင့် ထိုအချက်ကို အခွင့်ကောင်းအဖြစ် ရယူအသုုံးချခဲ့ပုံရသည်။

ထို့ပြင် AA သည် ပြည်ပလမ်းကြောင်းများကို အသုုံးပြု၍ လက်နက်ခဲယမ်း သယ်သည်ကိုလည်း တွေ့ရသည်။ နိုင်ငံခြားသတင်းဌာနတခုဖြစ်သည့် theEasternlink.com တွင် AA တပ်ဖွဲ့သည် ပင်လယ်လမ်းကြောင်းမှ လက်နက်ခဲယမ်း အမြောက်အများ သယ်ဆောင်လာခဲ့ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဆုံရာနှင့် မဝေးသော မိုနာခါလီ Monakhali ကမ်းခြေတွင် ၂၀၂၀ ဖေဖော်ဝါရီ တတိယပတ်တွင် ချထားပေးခဲ့သည်။ ထိုကမ်းခြေမှတဆင့် စစ်တကောင်းတောင်ကြောအတိုင်း ဖြတ်သန်းပြီး ရခိုင်ဒေသအတွင်းသို့ သယ်ဆောင်သည်ဟု ဖော်ပြထားသည်။

ထိုနိုင်ငံခြားသတင်းတွင် AA သည် စစ်လက်နက်ပစ္စည်းများကို တရုတ်စစ်လက်နက်ပစ္စည်းကုမ္ပဏီ Norinco က ကြားခံများမှတဆင့် ထောက်ပံ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြသည်။ မည်သို့ပင်ဖြစ်စေ AA သည် ပင်လယ်ရေကြောင်းကို အသုံးပြု၍ ဘင်္ဂလားဒေ့ရှ် နယ်မြေအစိတ်အပိုင်းအချို့အား ဖြတ်သန်းသယ်ဆောင်သည်မှာ ဖြစ်နိုင်ချေ များသည်ဟု ဆိုရမည်။ အဆိုပါ ပင်လယ်လမ်းကြောင်းမှ ရခိုင်သို့တင်သွင်းခြင်းအား ယခင် AA တည်ထောင်သူ ခိုင်ရာဇာ( ကွယ်လွန်) နှင့် အဖွဲ့က ၁၉၈၉ မှ ၁၉၉၈ အတွင်း ၄ ကြိမ်တိုင် သယ်ယူပို့ဆောင်ခဲ့ဘူးသည့် မှတ်တမ်းရှိသည်။

ဒုတိယ အနေဖြင့် နိုင်ငံရပ်ခြားသယ်ယူပို့ဆောင်သည့် လမ်းကြောင်းသည် အိန္ဒိယနိုင်ငံ နယ်စပ်အား ဖြတ်သန်း သယ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်ဟု အိန္ဒိယနှင့် ကူးလူးဆက်ဆံမှုများသည့် တမူး- မိုးရေး နယ်စပ်ဒေသ သတင်းအရင်းအမြစ်များက ဆိုပါသည်။ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်တွင် မြောက်မှတောင်သို့ မြန်မာပိုင် ကချင်ပြည်နယ်သည် အိန္ဒိယပိုင် အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်နှင့် လည်းကောင်း၊ မြန်မာပိုင် နာဂတောင်တန်းသည် အိန္ဒိယပိုင် နာဂလင်းနှင့် လည်းကောင်း၊ မြန်မာပိုင် တမူးဒေသသည် အိန္ဒိယပိုင် မဏိပူရပြည်နယ်နှင့် လည်းကောင်း၊ မြန်မာပိုင် ချင်းပြည်နယ်သည် အိန္ဒိယပိုင် မီဇိုရမ်ပြည်နယ်နှင့်လည်းကောင်း၊ မြောက်မှ တောင်သို့ အသီးသီး ဆက်စပ် ထိတွေ့နေသည်။

အိန္ဒိယနိုင်ငံအတွင်း မြောက်ဖက် အရူနာချယ် ပရာဒေ့ရှ်ပြည်နယ်မှ တောင်ဖက် မီဇိုရမ်ပြည်နယ်ထိ ကားဖြင့် ၂ ရက်ခရီးမျှ သွားလာရသည်။ သို့ဖြစ်ရာ AA တပ်ဖွဲ့သည် ကချင်ပြည်နယ်နှင့် ထိစပ်နေသော အရူနာချယ်ပရာဒေ့ရှ်ပြည် မှတဆင့် ချင်းပြည်နယ် ပလက်ဝနှင့် ထိစပ်နေသော မီဇိုရမ်သို့ ကားလမ်းကိုအသုုံးပြု၍ လက်နက်ခဲယမ်း သယ်ဆောင်သည် ဟူသည့် စိစစ်ဆဲသတင်းများ မြန်မာ-အိန္ဒိယနယ်စပ်တွင် ကြားသိရသည်။

သို့ဖြစ်ရာ AA သည် လက်နက်ခဲယမ်းများကို ပြည်တွင်းလမ်းကြောင်း၊ ပြည်ပလမ်းကြောင်းများအားလည်း အသုံးပြု၍ ရခိုင်ပြည်နယ်အတွင်းသို့ သယ်ပို့နေသည်ဟု ကောက်ချက်ချ၍ရသည်။ ဤတွင် ပေါ်ပေါက်လာသည့်မေးခွန်းမှာ ခဲယမ်းဟုဆိုလေ့ရှိသည့် ကျည်ဆံထောက်ပံ့မှု မည်သို့ရှိမည်နည်း ဆိုသည့်အချက် ဖြစ်သည်။

မေးသင့်သည့် မေးခွန်းဖြစ်ပေသည်။ ကျည်ဆံမရှိလျှင် သေနတ်များသည် တုတ်များဖြစ်သွားပေမည်။ အကဲခတ်လေ့လာသူ အချို့ တွက်ဆသည်မှာ AA သည် ရခိုင်သို့ သယ်ဆောင်ထားသည့် ခဲယမ်းသည် ၁ နှစ်စာခန့်သာ ရှိမည်၊ တနှစ်ကျော်လျင် တိုက်အားလျော့ကျသွားမည်ဟု ယူဆခဲ့ကြသည်။ ယခု တနှစ်ခွဲခန့် တိုက်ပွဲများ အရှိန်မလျော့သောအခါ AA အနေနှင့် ခဲယမ်းဖြည့်တင်းထားမှုမှာ ၂ နှစ်ခန့်သာ ခံနိုင်လိမ့်မည်ဟူ၍ ပြောင်းလဲတွက်ချက်ကြသည်ကို တွေ့ရသည်။

သို့သော် တနှစ်ခွဲခန့်အထိ AA ၏ ကျည်သုံးအားမှာ လျော့ကျခြင်း မရှိပေ။ ၂၀၂၀ မတ်လအတွင်းဖြစ်ပွားခဲ့သော ရက် ၄၀ ကျော် ကြာမြင့်သည့် မီးဝတိုက်ပွဲတွင် AA ၏ ကျည်သုံးအားကို တွေ့မြင်ရသည်။ ထိုသို့သော တိုက်ပွဲမျိုးတွင် AA တပ်ဖွဲ့ဝင်တဦး ကျည်ဆံ ၁၅၀ မှ ၂၀၀ ကြားမရှိလျှင် သို့မဟုတ် မသုံးလျှင် မတိုက်နိုင်ပေ။ တပ်ဖွဲ့ဝင် ၁ ဦးလျှင် ကျည် ၅၀ မျှဖြင့် တိုက်၍ရသော တိုက်ပွဲမျိုး မဟုတ်ပေ။ ထို့အတူ တပ်ဖွဲ့ဝင် ၁ ဦးလျှင် ကျည် ၅၀ မျှဖြင့် ကမ်းနီ တိုင်းဗဟို ၉ ကဲ့သို့ စခန်းမျိုးအား ဝင်ရောက်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ လူ ၁ ဦး ကျည် ၅၀ မျှသာ ဆိုပါက သာမန်ပြောက်ကျားလှုပ်ရှားရုံမျှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့ဖြစ်ရာ လက်ရှိအချိန်တွင် AA တပ်ဖွဲ့သည် ကျည်သုံးအား အတော်အသင့် ရှိသည်ဟု ဆိုရပေမည်။

ဤသို့ သုံးစွဲနိုင်ခြင်းမှာ အချက် ၂ ချက်ကြောင့် ဖြစ်နိုင်သည်။ ပထမအချက်မှာ AA တပ်ဖွဲ့သည် ၂၀၁၉ မတိုင်မီက လက်နက်ခဲယမ်းပို့ဆောင်စုပုံထားသော လက်နက်ခဲယမ်းများပေါ်တွင်သာ အသုံးပြုနေခဲ့သည် မဟုတ်ဘဲ ယနေ့ ကာလအထိ ဆက်လက်ပို့ဆောင်နိုင်နေ၍ဖြစ်သည်။ theEasternlink.com သတင်းအရလည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ပင်လယ်လမ်းကြောင်းကို အသုံးပြု၍ AA တပ်ဖွဲ့က လက်နက်ခဲယမ်းသယ်ဆောင်သည်ကို တွေ့ရှိရသည်။ သို့ဖြစ်ရာ AA သည် ၂၀၁၉ မတိုင်မီ သယ်ယူစုပုံထားသည့် လက်နက်ခဲယမ်းနှင့်သာ ရပ်တန့်နေသည် မဟုတ်ဘဲ လမ်းကြောင်းမျိုးစုံ အသုံးပြု၍ ယနေ့အချိန်ထိ ဆက်လက်သယ်ဆောင်နေသည်ဟု သုံးသပ်ရပေသည်။

ဒုတိယအချက်မှာ AA အနေနှင့် ကိုယ်ပိုင်လက်နက်ခဲယမ်း ထုတ်လုပ်ရန် ကြိုးပမ်းလာမှု ဖြစ်သည်။ ၂၀၂၀ ခုနှစ်အတွင်း တွေ့ဆုံမေးမြန်းခန်းတခုတွင် AA စစ်ဦးစီးချုပ်က ၎င်းတို့အနေဖြင့် ကိုယ်ပိုင်လက်နက်စက်ရုံ တည်ဆောက်သွားမည်ဟု ဆိုခဲ့သည်။ ၎င်းတို့အနေနှင့် ခေတ်မီစစ်လက်နက်ပစ္စည်းစက်ရုံ မထူထောင်နိုင်သော် အရှေ့မြောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစပြုသကဲ့သို့ လက်နက်ပြင်ရုံ၊ ကျည်ဆံနှင့် လက်ပစ်ဗုံးထုတ်လုပ်သည့် အလုပ်ရုံများ စတင် ထူထောင်ရန် ရည်ရွယ်ပုံရသည်။ အဆိုပါအလုပ်ရုံများမှာ တည်ဆောက်ရန် နေရာများများလည်းမလို၊ စက်ကရိယာ ပစ္စည်းလည်း ကြီးကြီးမားမား မလို၊ ကုန်ကြမ်းပစ္စည်းလည်း များများ မလိုအပ်ပေရာ အလုပ်ဖြစ်သည့် အလုပ်ရုံများ တည်ဆောက်လာနိုင်သည်။

အဆိုပါအလုပ်ရုံထွက် ခဲယမ်းများမှာ စနစ်ကျမှု အရည်အသွေး ကောင်းမွန်မှု နှင့်ပတ်သက်၍ လိုအပ်ချက်ရှိနိုင်သော်လည်း အလုပ်ဖြစ်မှုနှင့် လက်တွေ့သုံးစွဲရမှုတော့ ရှိနိုင်သည်။ ခွန်ဆာ၏ ပျက်သွားသော MTA အပါအဝင် အရှေ့နှင့် အရှေ့မြောက်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပါ တိုင်းရင်းသားလက်နက်ကိုင်များသည် လက်နက် အလုပ်ရုံများ ထူထောင်နိုင်ခဲ့သည်ဖြစ်ရာ အနောက်နယ်စပ်၌ AA အဖွဲ့က လက်နက်အလုပ်ရုံတခု ထူထောင်နိုင်ခဲ့ပါက အံ့သြစရာမဟုတ်ပေ။

၂၀၂၀ အတွင်းရရှိသော မြေပြင်သတင်းများအရ မုဆိုးအဖြစ် တောလိုက်အလေ့အထ၌ မွေ့လျော်ကျွမ်းကျင်သော ပလက်ဝဒေသခံအချို့က AA တို့ သုံးစွဲသော ကျည်ဆံများသည် သိပ်ဝေးဝေးမပြေးဟု ဆိုကြသည်။ ထိုအချက်အလက်ကို ထောက်ရှုပါက ကျွမ်းကျင်မှုနှင့် နည်းပညာလိုအပ်ချက် ရှိနေသေးသော အလုပ်ရုံမှ ထွက်လာသော ကျည်ဆံများပေလော စဉ်းစားဖွယ်ဖြစ်ပေသည်။ သို့သော် ထိုကျည်ဆံများသည် လက်တွေ့ သုံးစွဲရန် အလုပ်ဖြစ်သည့် အခြေအနေတွင်တော့ ရှိသည်။ သို့ဖြစ်ရာ AA အနေဖြင့် ရခိုင်ပြည်နယ်အတွင်း၌ လက်နက်ခဲယမ်း အလုပ်ရုံများ တည်ထောင်နိုင်သည်ဟူ၍ အခိုင်အမာ မပြောနိုင်သေးသော်လည်း ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်သည်။

ထို့ပြင် လက်နက်ကိုင်အဖွဲ့များ ကြာရှည်စွာ ရပ်တည်နိုင်ခဲ့သည့် မြန်မာပြည် မြောက်၊ အရှေ့မြောက်၊ အရှေ့နှင့် အရှေ့တောင်နယ်စပ်များဖြစ်သည့် တရုတ်၊ လာအို၊ ထိုင်းနယ်စပ်တလျှောက်တွင် ကြီးမားသော မူးယစ်ဆေးဝါး မှောင်ခိုဈေးကွက်နှင့်အတူ ကြီးမားသော လက်နက်မှောင်ခိုဈေးကွက်ရှိသည်။ ယနေ့ကာလ ရခိုင်ပြည်နယ် လက်နက် ကိုင်ပုန်ကန်ထကြွမှု အချိန်ကြာလာသည်နှင့်အမျှ အနောက်နယ်စပ်တွင်လည်း လက်နက်မှောင်ခိုဈေးကွက်တခု ပေါ်ပေါက်မလာနိုင်ဟု ပြော၍မရပေ။

လက်ရှိ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် ကြီးမားသော မူးယစ်ဆေးဝါး မှောင်ခိုဈေးကွက် ၁ ခုရှိရာ လက်နက်မှောင်ခိုဈေးကွက် ၁ ခု ဖြစ်မလာနိုင်စရာ အကြောင်းမရှိပေ။ သို့ဖြစ်ရာ အနောက်နယ်စပ်တွင် လက်နက်မှောင်ခို ဈေးကွက် ဖြစ်ပေါ်လာနိုင်ချေကိုလည်း ထည့်သွင်းတွက်ချက်ရန် လိုအပ်ပေသည်။

ရခိုင်ပြည်နယ်တွင်းရှိ AA တပ်ဖွဲ့သည် တရုတ်၊ လာအို၊ ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလောက် လက်နက်ခဲယမ်းရရှိရန် မလွယ်ကူသော်လည်း လက်ရှိအချိန်တွင် လက်နက်ခဲယမ်းဖြည့်တင်းနိုင်စွမ်း ရှိနေသေးသည်။ ဖြည့်တင်းနိုင်သည့် လမ်းကြောင်းနှင့်အလားအလာများရှိသည်ဟု သုံးသပ်ရပါသည်။

အပိုင်း ၃ ကို ဆက်လက်ဖော်ပြပါမည်။

You may also like these stories:

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

The post ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂) appeared first on ဧရာဝတီ.


ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၃)

$
0
0

AA နှင့် ရိက္ခာ

မှန်တမ်းတွက်ချက်မှုများအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သို့မဟုတ် ပုန်ကန်သူအဖွဲ့များ၏ ရိက္ခာသည် ဒေသခံ လူထုထံမှ ရသည်ဟု ယူဆကြသည်။ လက်နက်ကိုင်အဖွဲ့များသည် ဒေသခံများထံမှ ရိက္ခာများကို အခွန် ကောက်ခံသည့် နည်းလမ်းဖြင့် လည်းကောင်း၊ ဝယ်ယူသည့်နည်းလမ်းဖြင့်လည်းကောင်း ရရှိနိုင်သည်။ သို့ဖြစ်ရာ အစိုးရများသည် ၎င်းတို့ကို ပုန်ကန်သူများအား ဖြတ်တောက်စစ်ဆင်ရာတွင် ရိက္ခာဖြတ်တောက်ရေးသည် အရေးပါသည်။ ပုန်ကန်သူများအား လူထုနှင့်အဆက်အသွယ်ပြတ်စေပြီး ရိက္ခာပြတ်တောက်စေရန် ဆောင်ရွက်လေ့ရှိသည်။

အမှန်ပင် ပုန်ကန်သူတပ်ဖွဲ့များအနေနှင့် ရိက္ခာရရှိစေရန် များသောအားဖြင့် လူထုအားမှီခိုရလေ့ရှိသည်။ သို့ရာတွင် နယ်စပ်တလျှောက်တွင် ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်များသည် ရိက္ခာကို ပြည်တွင်းမှ သာမက ပြည်ပ နိုင်ငံများမှပါ ဝယ်ယူရရှိနိုင်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လှုပ်ရှားသော AA တပ်ဖွဲ့သည်လည်း ရိက္ခာကို ပြည်တွင်းမှသာမက ပြည်ပမှလည်း ရနိုင်သည့်အခွင့်အရေးရှိသည်။

နယ်စပ်နှင့်ဝေးသော အတွင်းပိုင်းဒေသများဖြစ်သည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား နယ်များသို့ ဝင်ရောက်လှုပ်ရှားနေသော AA တပ်ဖွဲ့များသည် ရိက္ခာနှင့်ပတ်သက်၍ ဒေသခံများကို အားကိုးရမည်ဖြစ်သော် လည်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA တပ်ဖွဲ့များ အနေဖြင့် ရိက္ခာကို ပြည်ပနိုင်ငံများမှ ရယူနိုင်သည်။

လက်ရှိပလက်ဝဒေသတွင် တိုက်ပွဲများပြင်းထန်နေပြီး ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည်။ ကျောက်တော်- ပလက်ဝ ရေလမ်းရော ကုန်းလမ်းပါသွားမရပါ။ မင်းတပ်-မတူပီလမ်းမှလည်း ဆမီး အထိသာ ရိက္ခာပို့နိုင်ပြီး ဆမီးနှင့် ပလက်ဝကြားတွင် သွားလာရန် ခက်ခဲနေသည်။ ထို့ပြင် အဆိုပါကားလမ်းများသည် မြေသားလမ်းများဖြစ်၍ မိုးတွင်းတွင် သွားလာရန် ခက်ခဲသည်။

လက်ရှိအချိန်တွင် ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံ လူဦးရေတသိန်းကျော်ခန့်သည်ပင် ရိက္ခာ အခက်အခဲဖြစ်နေသည်။ ထိုသို့သော အခြေအနေတွင် ပလက်ဝတွင်းရှိ AA တပ်ဖွဲ့သည် ရိက္ခာကို  နယ်စပ်မှ ရယူနိုင် သည်ဟု တွက်ဆရပေသည်။ မည်သို့ပင်ဆိုစေကာမူ AA တပ်ဖွဲ့တခုလုံးအတွက် ရိက္ခာပြသနာသည် ကြိုးစား ရုန်းကန် ဖြေရှင်းရသည့် ပြသနာတရပ် ဖြစ်ပေလိမ့်မည်။

ကချင်ပြည်နယ်ရှိ KIA တပ်ဖွဲ့များသည် လူသူနှင့်ဝေးလံသော တောတောင်လျှိုမြောင်များထဲတွင် နှစ်စဉ် ၃ နှစ်စာ ရိက္ခာစုဆောင်း စုပုံထားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လေ့ရှိသည်။ KIA ထံတွင် သင်တန်းတက်လာသော AA အနေဖြင့် လည်း ဤအချက်ကို လေ့လာအသုံးချနိုင်ပါသည်။

AA နှင့်ဆေးဝါး

လက်နက်ကိုင်တပ်ဖွဲ့တခုအတွက် အခြေခံလိုအပ်ချက်တခုမှာ ဆေးဝါးနှင့်ဆေးတပ်ဖွဲ့ ဖြစ်သည်။ သာမန်ဖျားနာမှုများမှစ၍ မတော်တဆထိခိုက်မှုများ အပါအဝင် စစ်မြေပြင်တွင်ရရှိသော ဒဏ်ရာကြီးငယ်တို့အား ကုသနိုင်ရန် ဆေးဝါးနှင့် ဆေးတပ် ဖွဲ့ လိုအပ်သည်။ AA သည် ဆေးဝါးအနေဖြင့် ရခိုင်ပြည်နယ်တွင်း မြို့ကြီးများမှလည်းကောင်း၊ နယ်စပ်မှလည်းကောင်း ရရှိနိုင်သည်။ သို့သော် ကျွမ်းကျင်သည့် ဆေးပညာကျွမ်းကျင်သူ နည်းပါးပုံရသည်။ ရောဂါကြီးများ၊ ဒဏ်ရာ ပြင်းထန်သူများအား ကုသရန် အခက်အခဲရှိပုံရသည်။ AA တပ်ဖွဲ့ဝင်အချို့သည် အရပ်သားယောင်ဆောင်၍ မြို့ပေါ်သို့ ဆေးတက်ရောက်ကုသသည်ဟူသည့် သတင်းများထွက်ပေါ်သည်ကို တွေ့ရသည်။

နယ်စပ်အနီးရှိ ပြည်ပနိုင်ငံများတွင်လည်း သွားရောက်ကုသနိုင်သည်။  ဒဏ်ရာပြင်းထန်သည့် ဖမ်းမိ စစ်သုံ့ပမ်းများအား ပြန်လွှတ်လိုကြောင်း သတင်းစကားပါးသည်ကိုလည်း တွေ့ရသည်။ သို့ဖြစ်ရာ ဆေးဝါးနှင့် ဆေးတပ်ဖွဲ့ပြဿနာသည်လည်း AA တပ်ဖွဲ့ ကြိုးစားရုန်းကန်ဖြေရှင်းနေရသည့် ပြသနာတရပ်ဟု ဆိုရမည်။

AA နှင့် ဆက်သွယ်ရေး

ဆက်သွယ်ရေးပြသနာသည် တပ်ဖြန့် လှုပ်ရှားနေရသော လက်နက်ကိုင်တပ်ဖွဲ့တခုအတွက် ဟန်ချက်ညီ လှုပ်ရှားနိုင်ရန် အရေးကြီးသည်။ လက်ရှိ AA တပ်ဖွဲ့ကဲ့သို့ တပ်ဖွဲ့၏ အဓိကခေါင်းဆောင် ၂ ဦးလုံး အရှေ့မြောက် တရုတ်နယ်စပ်တွင် ရှိနေသေးသည်ဟု ယူဆရသည့်အချိန်တွင် ၎င်းတို့၏ နောက်တန်းဌာနချုပ်နှင့် ရှေ့တန်းဌာနချုပ်တို့ အချိန်နှင့်တပြေးညီ ဆက်သွယ်နိုင်ရန် လိုအပ်သည်။ လက်ရှိအချိန်တွင် AA တပ်ဖွဲ့သည် နောက်တန်းနှင့် ရှေ့တန်းဌာနချုပ်တို့ ဆက်သွယ်မှု ထူထောင်ထားနိုင်သည်ဟု ယူဆရသည်။

ယနေ့ခေတ်ကာလတွင် ကြေးနန်းဆက်သွယ်ရေးအပြင် ဂြိုလ်တုဖုန်းများရှိနေခြင်း၊ နယ်စပ်တလျောက်တွင် တဖက်နိုင်ငံမှ ဖုန်းလိုင်းအား အသုံးပြုနိုင်ခြင်းတို့ကြောင့် ဆက်သွယ်ရေးစနစ်ကို နည်းမျိုးစုံနှင့် ထူထောင်နိုင်သည်ဟု သုံးသပ်ရသည်။

အတွင်းပိုင်းတွင် ဝင်ရောက်လှုပ်ရှားနေသော တပ်ဖွဲ့များသည်လည်း ဆက်သွယ်ရေးစက်များ အသုံးပြုနိုင်သည်ဟု ယူဆရသည်။ ဆက်သွယ်ရေးစက် ဘက်ထရီများအား အားသွင်းရန် ယခင်အချိန်ကာလများကဲ့သို့ ခက်ခဲခြင်းမရှိတော့ဘဲ နေရောင်ခြည်သုံးအားသွင်းစနစ်ကို လွယ်ကူစွာ အသုံးပြုနိုင်သည့် ခေတ်ကာလဖြစ်သည်။ လေးလံသော ဘက်ထရီအိုးများ အစား ပါးလျပ်ပေါ့ပါးသော ဘက်ထရီငယ်များ အစားထိုးဝင်ရောက်သောကာလဖြစ်ရာ ဆက်သွယ်ရေးပြသနာသည် မခက်ခဲတော့ပေ။ ထို့ပြင် ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းပါ ဖုန်းလိုင်းမိသည်ဖြစ်ရာ ဖုန်းလိုင်းများကိုလည်း အသုံးပြု ဆက်သွယ်နိုင်သည်။

ရခိုင်ပြည်နယ်စစ်ပွဲများ ပြင်းထန်လာပြီးနောက် ပလက်ဝ နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် ဖုန်းလိုင်းအသုံးပြု ခွင့်ပေးထားသော်လည်း အင်တာနက်အသုံးပြုမှု ပိတ်ထားသည်မှာ ၁ နှစ်နီးပါးကြာမြင့်ပြီဖြစ်သည်။ ခြွင်းချက်အားဖြင့် ၂၀၂၀ ခုနှစ် မေလအတွင်း မောင်တောမြို့နယ်တွင် အင်တာနက်လိုင်းများ ပြန်လည်ဖွင့်လှစ်ပေးသည်မှအပ ကျန်မြို့နယ်များတွင် ပိတ်ထားဆဲဖြစ်ရာ အစိုးရသည် AA တပ်ဖွဲ့ဝင်များ အင်တာနက်အသုံးမပြုနိုင်ရန် ရည်ရွယ်ပုံရသည်။ သို့သော် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA တပ်ဖွဲ့ဝင်များကတော့ တဖက်နိုင်ငံ၏ ဖုန်းနှင့် အင်တာနက်လိုင်းများကို အသုံးပြုနိုင်ကြသည်။ သို့ဖြစ်ရာ AA အတွက် ဆက်သွယ်ရေးပြသနာသည် အခက်အခဲမရှိဘဲ ဖြေရှင်းနိုင်ပုံရသည်။

AA နှင့် ဘဏ္ဏာရေး

လက်နက်ကိုင်တပ်ဖွဲ့ ၁ ဖွဲ့သည် တပ်ဖွဲ့ဝင်များအတွက် စားရေး၊ ဝတ်ရေး၊ ကျန်းမာရေးပြသနာများကို ဖြေရှင်းပေးရန် လိုအပ်သည့်အပြင် လက်နက်ခဲယမ်းနှင့် ဆက်သွယ်ရေး စရိတ်များကို ဖြေရှင်းရန်လိုအပ်သည်။ AA အနေဖြင့် တပ်ဖွဲ့ဝင် ၄၀၀၀ ခန့်ရှိပါက တဦးအတွက် တလလျှင် စားစရိတ် ၅၀၀၀၀ ကျပ်ခန့် ကုန်သည်ဆိုလျှင်ပင် တလလျင် တပ်ဖွဲ့တခုလုံးအ တွက် စားစရိတ် သိန်း ၂၀၀၀ ခန့်ကုန်ကျမည်ဖြစ်သည်။ ဝတ်စုံအတွက် လူတဦး တနှစ်လျှင် ၁ သိန်းခန့် ကုန်ကျမည်ဆိုလျှင်ပင် တနှစ် သိန်း ၄၀၀၀ ခန့် ကုန်မည်ဖြစ်သည်။ ဆေးဝါး၊ ဆက်သွယ်ရေးနှင့် အထွေထွေကုန်ကျ စားရိတ်များ မပါသေးပေ။

လက်နက်ခဲယမ်းမီးကျောက်ဈေးက ပိုကြီးသည်။ ထိုင်းနယ်စပ်တလျှောက်ရှိ လက်နက်မှောင်ခိုဈေးကွက်တွင် ပစ္စတို သို့မဟုတ် ချေမှုန်းရေး ရိုင်ဖယ် ၁ လက်လျင် ဘတ် ၄ သောင်းမှ ၆ သောင်းကြား (မြန်မာကျပ်ငွေဖြင့် သိန်း ၂၀ မှ သိန်း ၃၀) ကြားတွင်ရှိသည်။ ကျည်တတောင့်လျှင် ၅ ဘတ် (မြန်မာကျပ်ငွေ ၂၀၀) ကြားတွင်ရှိသည်။ အမေရိကန်လုပ်လက် ဖြောင့်ရိုင်ဖယ် အကောင်းစား ၁ လက်လျှင် ဘတ် ၂ သန်း (မြန်မာကျပ်ငွေ သိန်း ၁၀၀၀ ခန့်) အထိရှိသည်။ တရုတ် လာအိုနယ်စပ်တို့၌ အာပီဂျီ လောင်ချာ ဒုံးကျည် ၁ လုံး လဘျှင် ယွမ်ငွေ ၁၀၀၀၀ (မြန်မာကျပ်ငွေ သိန်း ၂၀ ခန့်) ရှိသည်။ ထို့ပြင် FN 6/7ကဲ့သို့ လေယဉ်ပစ် ဒုံးကျည် ၁ လက်လျင် အမေရိကန်ဒေါ်လာ တသိန်း (မြန်မာကျပ်ငွေ သိန်း ၁၅၀၀ ) ခန့် ရှိသည်ဟု နယ်စပ်ဒေသသတင်းရင်းမြစ်များက ဆိုပါသည်။

သို့ဖြစ်ရာ ဝယ်ယူတပ်ဆင်ရပါက လက်နက် ၁ လက် အတွက် အနည်းဆုံး သိန်း ၂၀ ဆိုလျှင်ပင် လက်နက် ၄၀၀၀  အတွက် သိန်းပေါင်း ၈၀၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည်။ သို့ဖြစ်ရာ လက်နက်ခဲယမ်းများအတွက်ပင် မြန်မာ ကျပ်ငွေ သိန်းပေါင်းသိန်းချီ၍ သုံးရမည်ဖြစ်ပေသည်။ လက်နက် အစုံအလင်ဖြင့် အင်အားတောင့်တင်းလာသော AA တပ်ဖွဲ့၏ ဘဏ္ဍာရေး ဘယ်ကရသနည်းဟူသည့် မေးခွန်းပေါ်လာရာ အမျိုးမျိုးသုံးသပ်ကောက်ချက်ချကြသည်ကို တွေ့ရသည်။ AA တပ်ဖွဲ့ တာဝန်ရှိသူများကတော့ ၎င်းတို့၏ ဘဏ္ဍာရေးရရှိမှုနှင့် ပတ်သက်၍ ထုတ်ဖော်ခြင်းမရှိဘဲ လျို့ဝှက်ထားကြရာ သုံးသပ်မှုများ ထွက်ပေါ်ခြင်းက အံ့အားစရာတော့မရှိပေ။

ပထမအချက်အနေနှင့် မြေပြင်သတင်းများအရ AA တပ်ဖွဲ့ အရှိန်သြဇာ ရှိလာသည့်ကာလကစပြီး AA အား ထောက်ခံသူ များက ရန်ပုံငွေကောက်ခံသည် ဆိုသည့်အချက်ဖြစ်သည်။ ရခိုင်ပြည်နယ်မှ သာမက ရန်ကုန်၊ ဖားကန့်တို့တွင် အလုပ် လုပ်နေကြသူများ၊ တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန် တို့တွင် အလုပ်လုပ်နေသော ရခိုင်များက လစဉ် အနည်းဆုံး မြန်မာကျပ်ငွေ ၁ သောင်း ခန့် ရနပုံငွေ ထည့်ပေးကြသည်ဟုဆိုသည်။ ချမ်းသာကြွယ်ဝသော ရခိုင်သူဌေးများက ပိုမိုများပြားသော ပမာဏကို ထည့်ဝင်လှူဒါန်းကြသည်ဟုဆိုသည်။ သို့သော် ထိုသို့လစဉ်လှူဒါန်းသည့် ငွေပမာဏသည် AA တပ်ဖွဲ့အတွက် လစဉ် အသုံးစရိတ်အား လောက်ငှနိုင်သည်ဟု ဆိုစေကာမူ ပမာဏများပြားသော လက်နက်ခဲယမ်း ဝယ်ယူရန် အတွက်မူ ခက်ခဲလိမ့်မည်ဟု သုံးသပ်ရသည်။

ဒုတိယအနေဖြင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများမှ လက်နက်ခဲယမ်းထောက်ပံ့မှု ရှိနိုင်သည်ဟု သုံးသပ်ကြသည်။ theEasternlink.com ၏ သတင်းအရ တရုတ်လက်နက်ကုမ္ပဏီ norinco က AA အား လက်နက်ခဲယမ်း ထောက်ပံ့သည်ဟု စွပ်စွဲထားသည်။ ၂၀၂၀ ဇန်နဝါရီလအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာပြည်လာစဉ်ကတော့ တရုတ်အနေနှင့် မြန်မာပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအား လက်နက်ပေးပို့ခြင်းမရှိဟု ငြင်းပယ်ထားသည်။

သို့မဟုတ်ပါက အရှေ့မြောက်ရှိ KIA/ UWSA ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက AA အား လက်နက် ကူညီထောက်ပံ့ခြင်း သို့မဟုတ် ရောင်းချပေးခြင်းရှိသလောဟု တွက်ဆဖွယ်ရာ ရှိသည်။ သို့သော် ထိုအဖွဲ့များကလည်း ဝန်ခံမည်မဟုတ် ငြင်းဆိုကြမည်သာဖြစ်သည်။ မြန်မာပြည်ရှိ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မဆို ကူညီနိုင်သည့် အနေအထားရှိပါက မိမိထံလှည့်လာမည့် စစ်မြှားဦးအား တခြားဖက်သို့ ရောက်သွားစေရန် ကူညီနိုင်သည်ဟုသာ နိုင်ငံရေးအရ သုံးသပ်နိုင်ပေသည်။

တတိယ အချက်အနေဖြင့်AA သည် မူးယစ်ဆေးဝါးရောင်းဝယ်မှု တွင် ပါဝင်၍ အကျိုးအမြတ်ရယူသလောဆိုသည့် အချက် ဖြစ်သည်။ AA သည် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်သည်ဟု တပ်မတော်က အတိအလင်း စွပ်စွဲသကဲ့သို့ နိုင်ငံခြားသတင်းအချို့ကလည်း သံသယရှိကြောင်း ဖော်ပြကြသည်။ ၂၀၁၆ ခုနှစ်က AA မှ အဆင့်မြင့် တာဝန်ရှိသူ ၁ ဦး အား ရန်ကုန်တွင် လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ ဖမ်းမိခြင်းနှင့် ၂၀၁၉၊ ၂၀၂၀ အတွင်း ရန်ကုန်တွင် ဖမ်းမိသော AA တပ်ဖွဲ့ဝင် အမျိုးသမီး ၁ ဦး ပါဝင်သော အဖွဲ့အား မူးယစ်ဆေးဝါးများနှင့်ဖမ်းမိသည် ကိုထောက်ပြ၍ လည်းကောင်း၊ ၂၀၂၀ တွင် တပ်မတော်က ကောင်းခါး ပသစ နှင့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိပြီးနောက် အဆိုပါ အဖွဲ့နှင့် AA တို့ မူးယစ်ဆေးဝါး အရောင်းအဝယ် ပတ်သက်မှု ရှိသည်ဟု တပ်မတော်က အတိအလင်း စွပ်စွဲထားသည်။

AA ကမူ မူးယစ်ဆေးဝါး အရောင်းအဝယ်ကိစ္စတွင် ပတ်သက်မှု မရှိဟု ငြင်းဆိုထားခဲ့သည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ လေ့လာသုံးသပ်သူများ၊ အကဲခတ်များအနေနှင့် ယတိပြတ် သုံးသပ် ပြောဆိုနိုင်ခြင်း မရှိဘဲ ထည့်သွင်းစဉ်းစားရမည့် ပြဿနာအဖြစ်သာ သဘောထားကြသည်ကို တွေ့ရသည်။

စတုတ္ထ ၁ ခုမှာ AA သည် နိုင်ငံတကာထောက်ပံ့မှု ရနိုင်သလောဟူသည့် အချက်ဖြစ်သည်။ အစောပိုင်းကာလက တရုတ်နှင့်သာ နီးစပ်သော AA အား ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် အနောက်အုပ်စုကပါ စိတ်ဝင်စားလာသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံမှ မြန်မာအစိုးရလက်ထဲသို့ လွှဲပြောင်းပေးလုနီးပါး ဖြစ်နေသော AA အဓိက ခေါင်းဆောင်၏ဇနီးအား အနောက်အုပ်စုက ဆွစ်ဇာလန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရအောင် စွမ်းဆောင်ပေး ခဲ့သည်ကို တွေ့ရသည်။ ဤသို့သော အခြေအနေများ အောက်တွင် AA သည် တရုတ်အပါအဝင် နိုင်ငံတကာမှ အကူအညီများရနိုင်သလောဆိုသည့် အချက်မှာ ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။

၂၀၀၉ ခုနှစ် စတင်ဖွဲ့စည်းစဉ်က လူ ၃၀ ခန့် စားသောက်ရန်ပင် KIA က ထောက်ပံ့ကျွေးမွေးမှုဖြင့် ရပ်တည်ခဲ့ရသော AA သည် ၁၀ နှစ်ကျော် ကြာမြင့်ပြီးနောက် လူအင်အားထောင်ချီအား ကိုယ်ပိုင်ကျွေးမွေးရပ်တည် လာနိုင်ပြီး လက်နက် တပ်ဆင်လာနိုင်သည့် အခြေအနေတွင် ရောက်ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း AA သည် ဘဏ္ဍာရေးပြဿနာ ပူပင်ကြောင့်ကျစရာမလိုဟုတော့ ကောက်ချက်ချ မရနိုင်ပေ။ AA သည် ဘဏ္ဍာရေး ပြဿနာနှင့် ပတ်သက်၍ အမြဲတစေ လုံးပမ်းရုန်းကန်နေရမည်ဟု သုံးသပ်ရပေသည်။

အထက်ပါအကြောင်းအချက်များအရ လက်နက်ကိုင်တပ်ဖွဲ့ ၁ ခုအဖြစ် AA ၏ လှုပ်ရှားရပ်တည်နိုင်စွမ်းကို အခြေခံအားဖြင့် သုံးသပ်နိုင်မည်ဖြစ်ပါသည်။

အပိုင်း ၄ အား ဆက်လက်ဖော်ပြသွားပါမည်။

You may also like these stories:

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂)

The post ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၃) appeared first on ဧရာဝတီ.

လက်သည်မပေါ်သောအမှုများနဲ့ ရခိုင်ပြည်နယ် ဥပဒေစိုးမိုးရေး

$
0
0

ရခိုင်ပြည်နယ်တွင် လက်သည်မပေါ်သော လူသတ်မှုများနှင့် လူပျောက်မှုများ ဖြစ်ပွားလာသည်မှာ နှစ်ချီကြာမြင့်နေပြီ ဖြစ်သော်လည်း ရပ်တန့်မသွားဘဲ ဆက်လက် ဖြစ်ပွားနေခြင်းက ပြည်နယ်တွင်း တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသည်။

ဧရာဝတီသတင်းဌာနက ပြုစုထားသော အချက်အလက်များအရ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်း အမည်မပေါ်သည့် လူသတ်မှုနှင့် လူပျောက်မှုပေါင်း ၂၀ ကျော် ဖြစ်ပွားခဲ့သည်။

အဆိုပါ လူပျောက်မှုနှင့် လူသတ်မှုများအတွက် လက်သည်တရားခံ မည်သူဖြစ်ကြောင်း ရေရာသည့် သက်သေ မပြနိုင်သလို ပဋိပက္ခဒေသများအတွင်း တပ်မတော်နှင့် AA က အပြန်အလှန်သာ လက်ညှိုးထိုး စွပ်စွဲနေကြဆဲ ဖြစ်သည်။

လက်ရှိအထိ လူသတ်၊လူပျောက်ကိစ္စများ ဆက်လက်ဖြစ်ပေါ်နေခြင်းက ဒေသခံ ပြည်သူများအတွက် ကျီးလန့်စာစား နေရသည့် အခြေအနေဖြစ်ရာ ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးမှု ပြိုလဲလာခြင်းပေလောဟု စိတ်မသက်သာဖွယ် မေးခွန်းထုတ်ရမည့် အရေးကြီးသည့် ကိစ္စတရပ်ဖြစ်လာသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလက ကမ်းထောင်းကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ် လူသတ်မှုမှာ ဥပဒေစိုးမိုးရေးပိုမိုလုပ်ဆောင်ရန် မီးမောင်းထိုးပြခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

သတ်ဖြတ်ခံရသူ၂ ဦး၏ ဦးခေါင်းများကို ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် တင်ထားလျက် ၁ ဦး၏ ရင်ဝပေါ်တွင် ဓား ၁ ချောင်း ကိုလည်း ထိုးစိုက်ထားကာ နားရွက်များကိုလည်း လှီးဖြတ်ထားကြောင်း၊ အလောင်းများ တွေ့ရှိသည့်နေရာတွင် သွေးအိုင် များကိုလည်း မတွေ့ရှိရသည့်အတွက် တခြားနေရာ၌ သတ်ဖြတ်ကာ လူအများမြင်စေရန် ပြသထားခြင်း ဖြစ်ကြောင်းဟု ဒေသခံများက ပြောဆိုကြသည်။

ထိုအမှုသည်လည်း လက်သည်မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က တောင်ကုတ်မြို့နယ် ဆားပြင်ရွာရှိ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင် ဦးဝင်းလှိုင် ခေါ် ခိုင်ဝင်းလှိုင်ကို အမည်မသိ လူ ၆ ဦးက သေနတ်ဖြင့် ချိန်၍ အိမ်တိုင်ရာရောက် ဖမ်းသွားခဲ့သည်။

ယင်းနောက် ဇွန်လ ၁ ရက်တွင် “တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေး အဖွဲ့”ဟု ဆိုသော အဖွဲ့က ဦးဝင်းလှိုင် (ခိုင်ဝင်းလှိုင်) သည် လုပ်ကြံသတင်းပေး၊ သတင်းယူမှုများဆောင်ရွက်ကြောင်း တွေ့ရှိပြီး အပြစ်ရှိကြောင်း ထင်ရှားသဖြင့် သုတ်သင်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဦးခိုင်ဝင်းလှ်ိုင် ပျောက်ဆုံးမှုသည် ရခိုင်ပြည်နယ်တွင် အစိုးရကို ပုန်ကန်တိုက်ခိုက်နေသည့် ရခိုင်စစ်တပ် (AA) ၏ လက်ချက်ဟု ALP ဘက်က စွပ်စွဲထားသော်လည်း AA ဘက်ကမူ ၎င်းတို့ လက်ချက်မဟုတ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

အပြန်အလှန် စွပ်စွဲမှုနှင့် ငြင်းခုန်မှုများရှိနေဆဲမှာပင် လက်ရှိအချိန်ထိ ဦးခိုင်ဝင်းလှိုင် တယောက်ကား ၎င်း၏ နေအိမ်သို့ ပြန်ရောက်မလာသေးပေ။

ထို့အတူ ALP အဖွဲ့ဝင်များ ဖြစ်ကြသော ခိုင်မောင်ခင်ဝင်းနှင့် ခိုင်မောင်လုံးတို့ကို ပေါက်တောမြို့နယ်၊ ရဗက်ချိုင်ရွာရှိ ၎င်းတို့နေအိမ်၌ မေလ ၂၃ ရက်ည ၁၁ နာရီတွင် လူတစုက လာရောက် ဖမ်းဆီးသွားသည်။

လက်သည်မပေါ်သော လူသတ်မှုများ

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ကမူ ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့၌ အရပ်သားများကို ပစ်မှတ်ထားသည့် သတ်ဖြတ်တိုက်ခိုက်မှုပေါင်း ၂၇ မှုဖြစ်ခဲ့ကြောင်း ဆိုသည်။

ဧရာဝတီ၏ လေ့လာချက်အရ ရခိုင်ပြည်နယ်ရှိ လက်သည်မပေါ်သော လူသတ်မှုများသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီမှ ဗဟိုကော်မတီဝင် ၁ ဦး အသတ်ခံရပြီးနောက် ၂၀၁၉ ခုနှစ်တနှစ်ပတ်လုံးတွင် ခပ်စိပ်စိပ် ဖြစ်လာကြောင်း တွေ့ရသည်။

ALD ဗဟိုကော်မတီဝင် ဦးခင်သန်းမောင်သည် မြေပုံမြို့နယ်၊ ကြာအင်းတောင်ရွာရှိ ၎င်း၏ နေအိမ်၌ပင် အမည်မသိ သေနတ်သမားများ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။

လက်သည်မပေါ်သော လူသတ်မှုဆိုသည်မှာ တိုက်ပွဲကြောင့် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုကြောင့် သေဆုံးသွားခြင်းနှင့် မသေသော်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားစေသည့် အမှုများကို ဆိုလိုခြင်းဖြစ်သည်။

အချို့သော လူသတ်မှုများကို အရပ်ဝတ်ဖြင့် လူတစု သို့မဟုတ် လူတဦးက ကျူးလွန်ခြင်းဖြစ်ပြီး အချို့အမှုများတွင် မည်သည့် နေရာမှ မည်သူက ပစ်ခတ်ကြောင်း အတည်မပြုနိုင်သည့် အမှုများဖြစ်နေသည်ကို တွေ့ရသည်။

ထိုသို့သော ဖြစ်ရပ်များ

၂၀၁၉ ခုနှစ် တနှစ်ပတ်လုံးတွင် စစ်တွေ နှင့် ပုဏ္ဏားကျွန်းတွင် ၁ မှုစီ၊ အမ်းနှင့် မင်းပြားတွင် ၂ မှုစီ၊ မြေပုံမြို့တွင် ၅ မှု၊ ကျောက်တော်တွင် ၈ မှုဖြစ်ပွားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် စက်တင်ဘာလသည် အမည်မပေါ်သော လူသတ်မှု အများဆုံးဖြစ်ပွားသည့်လဖြစ်ပြီး စုစုပေါင်း လူသတ်မှု ၇ မှုဖြစ်ပွားခဲ့သည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁ ရက်အထိ ၅ လကျော်ကာလအတွင်း အမည်မပေါ်သော လူသတ်မှုနှင့် လူပျောက်မှု စုစုပေါင်း ၉ မှု ဖြစ်ပွားခဲ့သည်။

သေဆုံးသူနှင့် ပျောက်ဆုံးသူများစာရင်းတွင် တပ်မတော်သားဟောင်းများ၊ တာဝန်ထမ်းဆောင်နေဆဲ ရဲဝန်ထမ်း၊ နိုင်ငံရေး သမားတချို့၊ လက်လုပ်လက်စား အချို့၊ စီးပွားရေးသမား၊ ကုမ္ပဏီဝန်ထမ်းနှင့် နိုင်ငံတကာအဖွဲ့အစည်းမှ ဝန်ထမ်းတဦး ပါဝင်သည်။

အဆိုပါလူသတ်မှုများထဲမှ ကမာ္ဘ့ကျန်းမာရေးအဖွဲ့ WHO ၏ ယာဉ်မောင်းဝန်ထမ်း အပစ်ခံရမှုကဲ့သို့သော ထင်ရှားသည့် အမှုများတွင် တပ်မတော်ဘက်က AA လက်ချက်ဟု စွပ်စွဲထားပြီး AA ကလည်း တပ်မတော်က ပစ်ခတ်သည်ဟု စွပ်စွဲထားသည်။

AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များကမူ ဧရာဝတီက ပြုစုထားသော လူသတ်မှုနှင့် လူပျောက်မှုစာရင်းပါ အမှုများကို AA က ကျူးလွန်မှုမရှိကြောင်း ငြင်းဆိုသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ပျောက်ဆုံးသွားသော ကျောက်တော်မြို့နယ် အပေါက်ဝ ရဲစခန်းမှ ဒုရဲအုပ် မျိုးကိုကို ၁ ဦးသာလျှင် AA အဖွဲ့က စစ်သုံ့ပန်းအနေနှင့် ဖမ်းဆီးထားခြင်း ဖြစ်နိုင်ကြောင်း ဆိုကြသည်။

ဧရာဝတီက လေ့လာထားသည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၀ ဇွန်လ ၁ ရက်အထိ ဖြစ်ပေါ်ခဲ့သော လက်သည် မပေါ်သော လူသတ်မှုစာရင်းထဲမှ လူ ၉ ဦး အသတ်ခံရခြင်း၊ ပျောက်ဆုံးသွားခြင်းများသည် AA အဖွဲ့က ဆောင်ရွက်မှုများသာ ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ရဲအရာရှိတွေ၊ တပ်နဲ့ ဆိုင်တာတွေ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်ဖြစ်သူဆိုရင် သြဂုတ်လ ၁၁ ရက်နေ့ကဖြစ်စဉ်။ နောက်ပိုင်းမှာ အပေါက်ဝ ရဲစခန်းက နယ်ထိန်းခေါင်းဆောင်ဖြစ်စဉ်ပေါ့။ စစ်မှုထမ်းဟောင်းဖြစ်စဉ် နောက်ဆုံးဖြစ်သွားတာ ကတော့ ၂၀၂၀ ဇွန်လ ၁ ရက်မှာ ဖြစ်သွားတဲ့ ရေတပ်က အငြိမ်းစားတွေ ပါပါတယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ဒီဟာတွေကတော့ AA က လုပ်ဆောင်တယ်ဆိုတာ အထောက်အထား အရရော။ အသတ်ခံရတဲ့လူတွေ ရပ်တည်ချက်အရရော သိနိုင်ပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ရင် AA ကလုပ်တယ်လို့ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်” ဟု မှတ်ချက်ပေးသည်။

အမည်မပေါ်သော လူသတ်မှုအများစုကို ရခိုင်ပြည်နယ် ပဋိပက္ခတွင် ပါဝင်နေသည့် အဓိက နှစ်ဖက် အဖွဲ့ဖြစ်သော AA နှင့် တပ်မတော်တို့က ငြင်းဆိုထားပြီး အပြန်အလှန်စွပ်စွဲနေကြသည်ဖြစ်ရာ ၎င်းတို့မကျူးလွန်ပါက အဆိုပါ နှစ်ဖွဲ့မဟုတ်သည့် တတိယ အဖွဲ့တဖွဲ့က ကျူးလွန်နေပြီလောဟု စဉ်းစားစရာလည်း ရှိလာသည်။

အမည်မပေါ်သော လူသတ်မှုအများစုကို ရခိုင်ပြည်နယ် ပဋိပက္ခတွင် ပါဝင်နေသည့် အဓိက နှစ်ဖက် အဖွဲ့ဖြစ်သော AA နှင့် တပ်မတော်တို့က ငြင်းဆိုထားကြရာ ၎င်းတို့မကျူးလွန်ပါက အဆိုပါ နှစ်ဖွဲ့မဟုတ်သည့် တတိယ အဖွဲ့ ၁ ဖွဲ့က ကျူးလွန် နေပြီလောဟု စဉ်းစားစရာလည်း ရှိလာသည်။

ရခိုင်ပြည်နယ် နယ်စပ်တွင် ARSA ကဲ့သို့ လက်နက်ကိုင်အဖွဲ့ လှုပ်ရှားနေသည်ရှိသော်လည်း ရခိုင်ပြည်နယ်အတွင်းပိုင်း အထိ ဝင်ရောက်၍ လူသတ်မှုများ ကျူးလွန်ရန်မှာလည်း မဖြစ်နိုင်သည့် အနေအထားရှိကြောင်း အမျိုးသားလုံခြုံရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

လူသတ်မှုနှင့် လူပျောက်မှု တရားခံအား ခြေရာခံခြင်း

ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမူ လူတယောက်ကို ကြီးမားသည့် အကြောင်းပြချက် မရှိဘဲ အလွယ်တကူ သတ်ဖြတ်မှုမျိုးကို တပ်မတော်နှင့် AA တို့က ဆောင်ရွက်လိမ့်မည်ဟု မထင်ကြောင်း ပြောဆိုသည်။

၎င်းက “ဒါကတော့ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးကဏ္ဍတွေလည်း ရှိကောင်းရှိနိုင်တာပေါ့ဗျာ။ နောက်တခုက ရခိုင်ပြည်နယ်မှာ သူတို့လုပ်ချင်ရာ လုပ်ပြီဆိုရင် AA က လုပ်တာ ဘာညာ အဲဒီလိုမျိုး လွှဲချတာတွေလည်းရှိတယ်ဗျ။ တပ်မတော်က လုပ်တယ် ဘာညာလည်း ပြောကြတာ ရှိတယ်ဗျ။ ဒီလိုမျိုးတောကြောင်တွေတော့ ရှိကောင်းရှိနိုင်တယ်ပေါ့ဗျာဟု ဆိုသည်။

AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များကမူ AA အဖွဲ့သည် မည်သည့် အခါတွင်မှ လူမသိဘဲ လုပ်ကြံ သတ်ဖြတ်သည် မရှိကြောင်း၊ တခုခုလုပ်ဆောင်မည်ဆိုပါက တရားဝင်ကြေညာပြီးမှသာ ဆောင်ရွက်လေ့ရှိကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ ဓားထိုးအသတ်ခံနေရခြင်းသည်လည်း အုပ်ချုပ်ရေးယန္တရား လျော့ရဲနေစဉ်ကာလအတွင်း ရဲတပ်ဖွဲ့ဝင်များကို မကျေနပ်သော အရပ်သားများက လုပ်ကြံခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသည်။

တောင်ကုတ်ရှိ ALP အဖွဲ့ဝင် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ၎င်းက“တောင်ကုတ်က တော်တော်လေး ရှုပ်ထွေးတဲ့ နေရာ ဖြစ်တယ်။ နိုင်ငံရေးပါတီတွေကြားမှာ အားပြိုင်မှုတွေအမြင့်ဆုံး  ရောက်နေတဲ့ နေရာဖြစ်တယ်။ အဲဒှလိုနေရာမျိုးမှာ သူတို့ အချင်းချင်းကြားထဲက လူမှုရေး၊ နိုင်ငံရေး ဆက်စပ်တဲ့ ကိစ္စတွေကြောင့် သူတို့အချင်းချင်း လုပ်ကြံတာ ဖြစ်ပါလိမ့်မယ်” ဟု ဆိုသည်။

ယင်းပြောဆိုချက် မည်မျှအထိ မှန်ကန်နိုင်သည်ဆိုသည်မှာလည်း သီးခြားဆန်းစစ်ရမည့် ကိစ္စဖြစ်သည်။

AA သည် လူထု အကြောက်တရားများကိန်းအောင်းစေရန်နှင့် အစိုးရအုပ်ချုပ်ရေးယန္တရား ယိုင်နဲ့ စေရန် ရည်ရွယ်ကာ ရခိုင်ပြည်နယ်တွင် လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှုမြင်သူများလည်းရှိသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရာအိမ်မှုးတွေ ဆယ်အိမ်မှူးတွေ အသတ်ခံရတာတို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဒါတွေနဲ့ပတ်သက်ရင် သူတို့လုပ်နေတာသည် အစိုးရအုပ်ချုပ်ရေးကို သူတို့ အုပ်ချုပ်ရေးနဲ့ အစားထိုးဖို့ လုပ်နေတာဖြစ်တယ်လို့ သူတို့ကိုယ်တိုင် ပြောထားတာတွေ ရှိတယ်” ဟုဆိုသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ကမူ ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း သတ်ဖြတ်မှုနှင့် ဖမ်းဆီးမှုများ များစွာ ဖြစ်ပေါ်ခဲ့သော်လည်း မည်သူမှ သတ်ဖြတ်မှု များအတွက် တာဝန်မခံခဲ့ကြောင်း ဆိုသည်။

၎င်းက “အခုနောက်ပိုင်းကျတော့ ဘယ်သူလုပ်တယ်ဆိုတာတော့ တာဝန်ခံတယ်။ ဒါပေမယ့် အဲဒီအဖွဲ့အစည်းက Third Party ပုံစံမျိုး ဖြစ်လာတာပေါ့။ Third Party တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် Third Party ပုံစံ လုပ်ထားတာမျိုးပါ။ ဒါမျိုး Third Party တခုက လုပ်ဖို့ဆိုတာက ဘယ်အရပ်သားက လုပ်ရဲမှာလဲ” ဟု ဆိုသည်။

စနစ်တကျ စုဖွဲ့ထားသည့် အဖွဲ့အစည်းများကသာ လူသတ်မှုနှင့် လူပျောက်မှုများကို ကျူးလွန်ရန် ရာခိုင်နှုန်းများကြောင်း ၎င်းက သုံးသပ်သည်။

လူသတ်မှုများ၏ အကျိုးဆက်

အမည်မပေါ်သော လူသတ်မှုများ ကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများမှာ တိုက်ပွဲများ ကြောင့် ဆိုးရွားနေသည့် ဒေသတည်ငြိမ်မှုကို ပိုမိုပျက်ဆီးစေခြင်း ဖြစ်သည်။

မြေပြင် သတင်းအချက်အလက်များအရ ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပြီး ဒေသခံပြည်သူများတွင်လည်း စိုးရိမ်ထိတ်လန့်မှုနှင့် အကြောက်တရား များ နက်ရှိုင်းလာနေသည်။

ကျောက်တော်မြို့ ဒေသခံတဦးကမူ ရာဇဝတ်မှု တခုဖြစ်သဖြင့် ရဲစခန်းတွင် အမှုဖွင့်ရန် တိုင်ကြားပါက ရဲတပ်ဖွဲ့ဝင်များသည် အမှုဖွင့်ပေးရန် ငြင်းဆန်သည်များလည်း ရှိနေကြောင်း ဧရာဝတီသို့ ပြောသည်။

“ရဲစခန်းကို သွားရင် ရဲက ငါတို့ ဘာမှ လုပ်လို့မရဘူး။ ငါတို့ကို မတိုင်ပါနဲ့။ AA ဆီ သွားတိုင်ပါဆိုပြီး ပေါ်ပေါ်ထင်ထင် ပြောတာတွေ အမြဲရှိတယ်ဗျ” ဟု ဆိုသည်။

ထို့အတူ တပ်မတော်ဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသည့် အမှုများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ထံ သွားရောက်တိုင်ကြားပါကလည်း တပ်မတော်ဘက်က ဆောင်ရွက်သည်ဆိုသည့် အချက်ကို တိုင်စာတွင် ပယ်ဖျက်ခိုင်းသည်လည်း ရှိကြောင်း ၎င်းကဆိုသည်။

ထိုသို့ အစိုးရဝန်ထမ်းများဖြစ်သော ရဲတပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၏ ငြင်းဆန်မှုကြောင့် ဒေသခံ ပြည်သူများသည် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို အားကိုးလိုစိတ်ကင်းမဲ့လာကြောင်း ကျောက်တော်မြို့ ဒေသခံများက ပြောနေကြသည်။

“အနီးအနားက ကျနော့် အသိမိတ်ဆွေတွေရော၊ အသိမိတ်ဆွေ မဟုတ်တဲ့ သူတွေရောက ဘယ်သူ့မှ အားကိုးလို့ မရဘူး။ ငါနောက်ကျလို့ မရဘူး။ ငါလက်မြန်ရမယ်။ အဲဒီလိုမျိုးတွေ ပြောနေကြတာတွေ ကြားနေရတယ်။ ငါတို့သည်သာလျှင် တရားစီရင်ရေးဖြစ်တယ်။ ဆိုလိုတာက ကိုယ်လိုချင်တာကို ကိုယ်စီမံခန့်ခွဲရမယ်။ အဲဒီလိုသဘောတွေ ကိန်းအောင်း လာကြတယ်” ဟု ၎င်းက ပြောပြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိ တဦးကလည်း ရဲဝန်ထမ်းများပင် AA အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် မလုံမခြုံဖြစ်နေသဖြင့် ရာဇဝတ်မှုများ စုံစမ်းဖော်ထုတ်ရာတွင် အခက်အခဲများစွာရှိနေကြောင်း ဧရာဝတီသို့ပြောဆိုသည်။

“အကြမ်းဖက်အဖွဲ့တွေ ကိုယ်တိုင်က သူတို့ရဲ့ပစ်မှတ်တွေက ရဲတပ်ဖွဲ့ဝင်တွေ စစ်သားတွေဖြစ်နေတော့ အပြင်ထွက်လို့ သူတို့နဲ့ တယောက်ချင်းတွေ့ရင် အခွင့်သာရင် သာသလို ဒီကောင်တွေက လုပ်နေတာကိုး။ လုပ်လို့ကိုင်လို့တော့ မကောင်းဘူးပေါ့။ အန္တရာယ်ရှိတာပေါ့။ အန္တရာယ်တွေကြားမှာပဲ ရင်ဆိုင်နေရတာပေါ့” ဟု ရင်ဖွင့်သည်။

ထို့ပြင် လူသတ်မည့်သူများသည် ဒေသခံ အရပ်သားများ နှင့် ရောနှောနေသဖြင့် စုံစမ်းဖော်ထုတ်ရန်လည်း ခက်ခဲကြောင်း အဆိုပါရဲအရာရှိက ပြောသည်။

“မြို့နယ်မှူးပဲ ဖြစ်ဖြစ်၊ စခန်းမှူးပဲ ဖြစ်ဖြစ်။ ဌာနဆိုင်ရာမှာ ရှိနေတဲ့လူတယောက်က စွပ်ကျယ်နဲ့ပဲ သွားသွား။ ဒါက ဘယ်သူ ဆိုတာသိတယ်လေ။ ဒါက စောင့်ကြည့်လို့ရတာကိုး။ ကိုယ်တွေက အဲဒီလိုအတိအကျမသိရင် ကိုယ့်ရှေ့ ရောက်လာတာ တောင် မသိဘူး။ ကိုယ်နဲ့ စကားလာပြောရင်တောင် ရန်သူဆိုတာ မသိနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

ထို့အပြင် အကြမ်းဖက် သတ်ဖြတ်သည့် လူသတ်သမားများသည် ပြည်သူလူထုကိုလည်း ရဲတပ်ဖွဲ့အား သတင်းမပေးရန် ခြိမ်းခြောက်ထားသဖြင့် လူထုသည် ရာဇဝတ်မှုများကို ထုတ်မပြောရဲပဲ နှုတ်ဆိတ်နေလေ့ရှိကြောင်း ရဲအရာရှိက ၎င်း၏ အတွေ့အကြုံကို ပြောသည်။

ရခိုင်ပြည်နယ်ရှိ ဒေသခံအချို့နှင့် တာဝန်ထမ်းဆောင်နေဆဲ ရဲအရာရှိများ၏ ပြောဆိုချက်အရ ဆိုလျှင် ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ယိုယွင်းပျက်ဆီးနေကြောင်း ယူဆရမည့် သဘောဖြစ်နေသည်။

တရားဥပဒေစိုးမိုးမှုရှိရန် တိုက်ပွဲများရပ်သင့်သည်

လူသတ်မှုများ နှင့် လူပျောက်မှုများသည် တိုက်ပွဲများကြောင့် ဒေသတည်ငြိမ်မှု ယိုယွင်းလာသည်ကို အခွင့်ကောင်းယူကာ ကျူးလွန်ခြင်းများ ဖြစ်နိုင်သကဲ့သို့ အုပ်ချုပ်ရေးယန္တရားနဲ့ တရားဥပဒေ စိုးမိုးမှု ပိုမိုပျက်ပြားစေရန် ရည်ရွယ်ကာ ကျူးလွန် ခြင်းလည်း ဖြစ်နိုင်သည်။

အဖြစ်အပျက်များ၏ အရင်းခံအကြောင်းတရားသည် တနည်းဆိုရပါက AA နှင့် တပ်မတော်တို့၏ နှစ်ဖက်တိုက်ပွဲများ ကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် ကိစ္စရပ်များလည်းဖြစ်သည်။

သို့ဖြစ်ရာ လူသတ်မှုနှင့် လူပျောက်မှုများကြောင့် ပျက်ပြားနေသည့် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ကောင်းမွန်ရန် ဆောင်ရွက်မည်ဆိုပါက AA နှင့် တပ်မတော်တို့ နှစ်ဖက် ညှိနှိုင်း ပြေလည်ပြီး တိုက်ပွဲများ ရပ်မှသာ ဖြစ်နိုင်မည့် သဘော ရှိကြောင်း ရခိုင်ဒေသခံများ၊ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့်အမျိုးသားလုံခြုံရေးလေ့လာသူ အချို့က သုံးသပ် ကြသည်။

အမျိုးသားလုံခြုံရေး လေ့လာသူ ဦးကျော်စောဟန်ကမူ “တရားဥပဒေစိုးမိုးရေး ပျက်ပြားလာတော့ အဓိကတော့ အုပ်ချုပ် ရေး စနစ်ပျက်မယ်၊ နောက်ပြီးဒေသခံလူ ထုလုံခြုံမှု မရှိတော့ ပြည်နယ်တခုလုံးရဲ့တည်ငြိမ်ဖွံဖြိုးရေးနဲ့ လူသားလုံခြုံမှု ဘ၀ တခုလုံး ဆိုးဆိုးဝါးဝါး ထိခိုက်လာမှာပဲ” ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ဖမ်းဆီးသတ်ဖြတ်မှုများသည် AA နှင့် တပ်မတော် နှစ်ဖက်လုံး၏ အောက်ခြေ တပ်ဖွဲ့ဝင်များက ကျူးလွန်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဦးကျော်စောဟန်က ပြောသည်။

လွန်ခဲ့သည့် နှစ်လခန့်က AA ခေါင်းဆောင်ပိုင်းများသည် ၎င်းတို့၏ အောက်ခြေတပ်ဖွဲ့ဝင်များအား အရပ်သားများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ကိစ္စများ မလုပ်ကြရန် သတိပေးမှုများရှိခဲ့သည်။

“ဒါကအောက်ခြေမှာ လုပ်ချင်ရာလုပ်နေတာတွေရှိလို့ပါ။ တပ်မတော်ဖက်မှာလည်း အောက်ခြေက လက်လွန်ခြေလွန် လုပ်နေတာတွေရှိတယ်။ ရှေ့တန်းမှာ ကာလအကြာကြီး နောက်တန်းမပြန်ရတာ ကြာပြီဖြစ်တဲ့ စစ်သားတွေဟာ စစ်ပန်းပြီး နာကျည်းစိတ်တွေလည်း ဖြစ်နေကြမှာပဲ။ ဒါတွေရဲ့နောက်ဆက်တွဲတွေကို အပေါ်ပိုင်းက ထိန်းသိမ်းသင့်တယ်” ဟု ဦးကျော်စောဟန်က တိုက်တွန်းသည်။

မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် တရားရုံး ဝန်ထမ်းများသည် ၎င်းတို့၏ ပင်မ အလုပ်ဖြစ်သည့် တရားဥပဒေစိုးမိုးမှုကို ကောင်းမွန်စွာ မလုပ်နိုင်သဖြင့် ရခိုင်ပြည်နယ်၏ အခြေအနေသည် ခေတ်ပျက်ကို ဖြတ်သန်းနေရသည့် အခြေအနေဖြစ်နေကြောင်း ပြောဆိုသည်။

ထိုကဲ့သို့သော အခြေအနေတွင် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များသည် တိုက်ပွဲများရပ်ပြီး တွေ့ဆုံဆွေးနွေး ရန် လိုအပ်ကြောင်း ပြောသည်။ တိုက်ပွဲများရပ်မှသာ ဒေသတည်ငြိမ်ပြီး တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လာနိုင်မည် ဟုလည်း ဦးဖေသန်းက သုံးသပ်သည်။

အမျိုးသားလုံခြုံရေးလေ့လာသူ ဦးကျော်စောဟန်ကလည်း AA နှင့် တပ်မတော်ဖြစ်ပွားသည့် တိုက်ပွဲများသည် နိုင်ငံရေး ပြဿနာအပေါ် အခြေတည်ပြီး ဖြစ်တည်လာသည့် တိုက်ပွဲများဖြစ်သဖြင့် နိုင်ငံရေးနည်းဖြင့် အဖြေရှာသင့်ကြောင်း ပြောဆိုသည်။

“အဓိက ကတော့ Bilateral ထိုးဖြစ်ပြီး အပစ်ရပ်ကြဖို့နဲ့ ကိုယ်ကြေငြာထားတဲ့အပစ်ရပ်ကို နှစ်ဖက်လုံးက ကိုယ်တိုင် လိုက်နာဖို့လိုတယ်။ ပြည်နယ်အစိုးရနဲ့ ရခိုင်နိုင်ငံရေးသမားတွေလည်း ပဋိပက္ခ လျော့နည်းရာ လျော့နည်းကြောင်း ပြည်ထောင်စုနဲ့ချိတ်ဆက်ပြီး စေ့စပ်မှုကို အားပေးဖို့လိုတယ်။ ကျန်တာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ ဖြည်းဖြည်းချင်း ဖြေရှင်းရမှာပေါ့” ဟု ၎င်းက သုံးသပ်သည်။

တိုက်ပွဲများရပ်ကြရန် အကြံပေးပြောဆိုမှုများ ရှိနေသော်လည်း ရခိုင်ပဋိပက္ခတွင် အဓိက အားပြိုင်နေသည့် အင်အားစု နှစ်ခု ဖြစ်သည့် AA နှင့် တပ်မတော်တို့ဘက်တွင် တိုက်ပွဲများကို ရပ်လိုသည့် သဘောထားရှိ၊ မရှိမှာလည်း ဆန်းစစ်ရမည့် ကိစ္စဖြစ်သည်။

တပ်မတော်က COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်း များကို ပိုမိုလုပ်ဆောင်နိုင်ရန်ဟုဆိုကာ မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ တနိုင်ငံလုံးကို အပစ်အခတ် ရပ်စဲပေး ကြောင်း ကြေညာထားသည်။

သို့သော် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာထားသည့် အဖွဲ့များ လှုပ်ရှားသည့် နယ်မြေများ မပါဝင်ကြောင်း တပ်မတော်ဘက်က ထုတ်ပြန်ထားရာ အကြမ်းဖက်အဖြစ် အကြေညာ ခံထားရသော AA လှုပ်ရှားသည့် ရခိုင်ပြည်နယ် တွင်မူ အပစ်မရပ်မည့် သဘောရှိသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် AA တို့ကလည်း ဇွန် ၁ ရက် ရက်တွင် တပ်မတော်နှင့် ပူးတွဲ၍ အပစ်ရပ် ကြေညာလိုကြောင်း ထုတ်ပြန်ထားသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တပ်မတော်ဘက်က လိုက်လျောမည်၊ မလိုက်လျောမည် ဆိုသည့် သဘောမှာ ရှင်းလင်းစွာ မမြင်ရသေးပေ။

တပ်မတော်၏ ထိုးစစ်များကိုမူ ခုခံကာကွယ်သွားမည်ဟု AA ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ပြောဆို ထားသည်ရှိရာ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်မည့် အခြေအနေသည် လတ်တလော ကာလတွင် မရေရာသည့် အနေအထားဟုပင် ဆိုရမည်ဖြစ်သည်။

တိုက်ပွဲများမရပ်သေးမျှ ကာလအတွင်း ရခိုင်ဒေသတွင် လက်သည်မပေါ်သည့် လူသတ်မှုများနှင့် လူပျောက်မှုများမှာ ဆက်လက် ဖြစ်ပွားနိုင်သေးရာ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေဆဲပင် ဖြစ်နေပါလိမ့်မည်။

You may also like these stories:

ကမ်းထောင်းကြီးတွင် ခေါင်းပြတ် အလောင်း၂ လောင်း လူမြင်ကွင်း၌ ချထားမှုဖြစ်ပွား

ကျောက်တော်က ကုန်စုံဆိုင်ပိုင်ရှင်များ အသတ်ခံရ

ယိုးတရုတ်စခန်းမှူး ဓားထိုးခံရ၍ သေဆုံး

ကျောက်တော်၌ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦး အသတ်ခံရပြီး ၁ ဦး ပျောက်ဆုံးနေ

The post လက်သည်မပေါ်သောအမှုများနဲ့ ရခိုင်ပြည်နယ် ဥပဒေစိုးမိုးရေး appeared first on ဧရာဝတီ.

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၄)

$
0
0

AA နှင့် လူထု

မိမိတို့ထက် အင်အားများစွာ ကောင်းသည့် မည်သည့်အစိုးရနှင့် စစ်တပ်ကို ပုန်ကန်သူမဆို လူထုအား စည်းရုံးရန် အရေးကြီးသည်ကို သတိမူလေ့ရှိကြသည်။ ပုန်ကန်သူမှန်သမျှသည် ၎င်းတို့အား လူထုထောက်ခံမှု ရရှိရန်၊ လူထုထဲမှ ရာခိုင်နှုန်း အများစု ထောက်ခံရန် လုံးပမ်းလေ့ရှိသည်။ ပုန်ကန်သူတို့အတွက် အင်အားတောင့်တင်းသော အစိုးရနှင့် စစ်တပ်အား ရင်ဆိုင်ရန် လူထုထောက်ခံမှုသည် အရေးပါသည်။ အခြေခံအကျဆုံး အချက်လည်းဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော AA သည် အစောပိုင်းကာလများတွင် လူသိမများလှပေ။ ၂၀၁၂ ခုနှစ် ကျောက်ဖြူညီလာခံတွင် AA ဒုတိယခေါင်းဆောင် လာတက်ပြီးနောက် ရခိုင်လူထုကြား လူသိများလာခဲ့သည်။ တကယ်တမ်း ရခိုင် လူထုကြား ရေပမ်းစားလာသည်မှ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အများစု အနိုင်ရသည့် ရခိုင်ပါတီ ANP သည် ပြည်နယ်အစိုးရ ဖွဲ့ခွင့်မရသည့်နောက်ပိုင်း ရခိုင်လူထုကြားတွင် ဥပဒေတွင်း လမ်းကြောင်းနှင့် ပတ်သက်၍ အယုံအကြည် နည်းလာသည်ကို တွေ့ရသည်။ တချိန်တည်းတွင် AA ရက္ခိတလမ်းစဉ်ဟုဆိုသည့် ရခိုင် အမျိုးသားရေးလမ်းစဉ်မှာလည်း ရခိုင်လူထုတွင်း ရေပမ်းစားလာခဲ့သည်။

တချိန်တည်းတွင် AA အဓိကခေါင်းဆောင်၏ ဥပဓိရုပ်နှင့် အပြောအဆိုသည် ရခိုင်လူထုအား ဆွဲဆောင်နိုင်ခဲ့ပြီး သူ၏ ပုဂ္ဂိုလ်ရေးသြဇာသည် တဖြေးဖြေး တက်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် ရခိုင်လူထုတွင်း လူကြိုက်များလာပြီး အခြား ရခိုင် လက်နက်အဖွဲ့ ၂ ဖွဲ့ ဖြစ်သည့် ALP၊ ALA နှင့် ANC၊ AA တို့အား အပြတ်ဖြတ်ထားနိုင်ခဲ့သည်ကို တွေ့ရသည်။

အမေရိကန် သုတေသီတဦးဖြစ်သူ ယွန်ဆန် (Yun Sun) ကလည်း AA ကို လူထုထောက်ခံမှုသည် ကစားပွဲကို တမျိုးတဖုံ ပြောင်းလဲသွားစေကြောင်း ပြောသည်။  AA သည် အခြားအဖွဲ့ကြီးများ၏ လက်ဝေခံအဖြစ် မှီခိုအသက်ရှင်ရသူ မဟုတ်တော့။ ထို့ပြင် ပြည်နယ်လူထု အများစု ပါဝင်သော ရခိုင်လူမျိုးများ၏ သဘောထားကို ထင်ဟပ်စေသည့် အဖွဲ့အစည်းတရပ်အဖြစ် ပေါ်ပေါ်လွင်လွင် ရပ်တည်လာနိုင်သည်။

AA အား ရခိုင်လူထုထောက်ခံမှုသည် ကချင်ပြည်နယ်တွင် KIA ကို ထောက်ခံသော ကချင်လူမျိုး ပမာဏထက်ပိုသည်။ ပြည်နယ်လူထု အများစုပါသော လူထုထောက်ခံမှုသည် AA ရပ်တည်နိုင်စွမ်းအပေါ် တွန်းအားများ ဖြစ်စေသည့် အကြောင်းအရင်းခံများ ဖြစ်သည်ဟု ယွန်ဆန်က သုံးသပ်ထားသည်။

ထို့ပြင် ရခိုင်တို့သည် စိတ်ဓာတ်ပြင်းပြသော လူမျိုးများဖြစ်ရာ ၎င်းတို့၏ ထောက်ခံမှုများကို ၂၀၁၅ ခုနှစ်နောက်ပိုင်း၌ အတိအလင်း ဖော်ပြလာသည်ကို တွေ့ရသည်။ မြောက်ဦးမြို့ ပရဟိတ ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ကျောင်းထိုင်ဆရာတော်မှ ဦးစီး၍ AA ဖလား ဘောလုံးပြိုင်ပွဲ ပြုလုပ်ခြင်း၊ ကျောက်ဖြူမြို့တွင် AA စစ်ဦးစီးချုပ်မွေးနေ့ အထိမ်းအမှတ် မီးပုံပျံလွှတ်ခြင်းများ တွေ့ခဲ့ရသည်။

ဖမ်းဆီးခံရမည်ကို မမှုဘဲ တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းတခုအား မြို့ပေါ်မှ အတိအလင်း ထောက်ခံသည်ကို အခြားတိုင်းရင်းသားများတွင် တွေ့ရခဲပေသည်။ ထိုအချိန်မှ စ၍ ရခိုင်မြောက်ပိုင်းတွင် AA အားထောက်ခံမှု တဟုန်ထိုး တိုးတက်လာခဲ့သည်။ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ်၌ ANP ပါတီသည် ၎င်း၏ပြိုင်ဘက်အား မရှုမလှ အရေးနိမ့်ခဲ့ခြင်းမှာ AA ၏ အရှိန်သြဇာနှင့် ပတ်သက်နေသည်ဟု ဆိုကြသည်။

၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် ထောင်နှင့်ချီသော AA တပ်ဖွဲ့ဝင်များ စစ်ဝတ်စုံအပြည့်၊ ခေတ်မှီလက်နက်ခဲယမ်း အပြည့် အစုံဖြင့် ရခိုင်ပြည်နယ်အတွင်း ချဉ်းနင်းဝင်ရောက်လာသောအခါ ထိုသို့အခြေအနေသည် ရခိုင်လူထုအတွက် စိတ်လှုပ်ရှား စရာ အခြေအနေသစ် ဖြစ်ခဲ့သည်။

ရခိုင်လူထုအတွက် မျှော်လင့်ချက်အသစ် ၁ ခုဖြစ်ခဲ့သည်။ AA တပ်ဖွဲ့ဝင်များမှာလည်း ရခိုင်တိုင်းရင်းသား ဆွေမျိုးသားချင်းများပင်ဖြစ်နေရာ AA သည် လူထုထောက်ခံမှုကို ပိုမိုရခဲ့ပေသည်။

လက်ရှိမြေပြင်သတင်းများအရ ကျောက်ဖြူနှင့် အထက် ရခိုင်မြောက်ပိုင်းတွင် ထောက်ခံမှု မြင့်မားပြီး ရခိုင်တောင်ပိုင်း တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်များတွင် ထောက်ခံမှုမှာ မြောက်ပိုင်းလောက် ထောက်ခံမှု မမြင့်ပေ။ ထောက်ခံမှု မမြင့်ဟု ဆိုသော်လည်း ဒေသခံ တဦးကမူ တဝက်ခန့်တော့ ထောက်ခံမည်ဟု တွက်ဆကြောင်း ဆိုပါသည်။ တကယ်တော့ ရခိုင်တောင်ပိုင်းတွင် မြေပေါ် ဥပဒေတွင်းပါတီ ANP ပင် သြဇာသိပ်မကောင်းလှပေ။ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် ANP ပါတီ အနိုင်မရခဲ့သည့် မြို့နယ်များဖြစ်သည်။ တဖက်ကပြောရလျှင် ရခိုင်မြောက်ပိုင်းလောက် “အမျိုးသားရေး” အားမကောင်းသည့် မြို့နယ်များဖြစ်သည်။ ထိုမြို့နယ်များကိုပင် AA သြဇာထိုးဖောက်လာသည်ကို တွေ့ရသည်။

ရခိုင်မြောက်ပိုင်းတွင် ထောက်ခံမှု အားကောင်းသည်ဟု ဆိုသော်လည်း မထောက်ခံသည့် သို့မဟုတ် ဆန့်ကျင်သူများလည်း အနည်းစု ရှိကောင်းရှိနိုင်ပါသည်။ သို့သော် လက်ရှိ ထောက်ခံသည့် လေထုကြီးမားနေသည့်အချိန်တွင် အနည်းစု ဖြစ်နေသည့် မထောက်ခံသူများသည် ၎င်းတို့ မထောက်ခံကြောင်းကို ကိုယ်နှုတ်အမူအရာဖြင့် ဖော်ပြကြလိမ့်မည်မဟုတ်ဘဲ နှုတ်ဆိတ်၍ စောင့်ကြည့်နေကြမည်သာ ဖြစ်သည်။

လူထုထောက်ခံမှုသည်  AA ၏ လှုပ်ရှားမှုများအတွက် အားတအား ဖြစ်ပါလိမ့်မည်။ သို့သော် လူထုထောက်ခံမှု နှင့် ပတ်သက်၍ AA တွင်လည်း အခက်အခဲတခု၊ ရင်ဆိုင်ဖြေရှင်းရမည့် ပြသနာတခု ရှိနေပေသည်။ ရခိုင်ပြည်နယ်တွင် ရခိုင် လူမျိုးအများစုနှင့် အခြားရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများ နေထိုင်ကြရာ AA သည် လူထုစည်းရုံးရေးတွင် အခက်အခဲ မရှိလှပေ။ သို့သော် AA တပ်ဖွဲ့ အဓိကအခြေစိုက်သည်ဟု ယူဆရသော၊ AA တပ်ဖွဲ့ အတွက် အရေးပါသော ပလက်ဝ မြို့နယ်သည် လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တခု မဟုတ်သကဲ့သို့ ရခိုင်လူမျိုး အများစုနေထိုင်ရာ မြို့နယ်လည်း မဟုတ်ပေ။

ပလက်ဝမြို့နယ်သည် ရခိုင်မြောက်ပိုင်းနှင့် ရေကြောမြေကြော ဆက်စပ်နေပြီး ကူးသန်းသွားလာ ဆက်သွယ်မှု ကောင်းသည်။ ပလက်ဝမြို့နယ်၏ ဈေးစကားဟု ခေါ်သည့် ဘုံစကားသည် ရခိုင်စကားဖြစ်သည် ဆိုသည့်အချက်များသည် AA အတွက် အားသာချက်ဖြစ်သည်။ သို့သော် ပလက်ဝသည် လက်ရှိ ချင်းပြည်နယ်တွင်း ပါဝင်နေသည့်အပြင် ပလက်ဝ မြို့နယ်၏ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်သည် ခူမီးချင်းများဖြစ်နေခြင်းက AA ရင်ဆိုင်ဖြေရှင်းရမည့်ပြဿနာ ဖြစ်နေသည်။ ပလက်ဝ မြို့နယ်တွင် ခူမီးချင်းအပြင် ရခိုင်၂၀ ရာခိုင်နှုန်းခန့်နှင့် မြို တိုင်းရင်းသား အနည်းငယ် ရှိပြီး စုစုပေါင်း လူဦးရေ ၁ သိန်းကျော် ရှိသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တို့က ခမွီးဟုလည်း ခေါ်ဆိုသည့် ခမီလူမျိုးများရှိသည်။ ရခိုင်ရှိ ခမီလူမျိုးတို့အား ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများ စာရင်းတွင် ထည့်သွင်းထားသည်။ ရခိုင်ပြည်နယ်တွင် ခမီတိုင်းရင်းသား တသိန်းခြောက်သောင်းခန့်ရှိပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ မြေပြန့် မြစ်ချောင်းများအနီးတွင် နေထိုင်ကြပြီး ၂၀ ရာခိုင်နှုန်းခန့်မှာ တောင်ပေါ်ဒေသတွင် နေထိုင်ကြသည်။

ခမီလူမျိုးများတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူရှိသကဲ့သို့ ခရစ်ယာန်ကိုးကွယ်သူလည်း ရှိသည်။ ရခိုင်ရှိ ခမီများနှင့် ပလက်ဝတွင် ရှိသော ခူမီးများမှာ ဘာသာ စကားယဉ်ကျေးမှု နီးစပ်တူညီမှု ရှိကြသည်။ သို့သော် ပလက်ဝရှိ ခူမီးတို့က ချင်းပြည်နယ်တွင် ပါဝင်ပြီး ချင်းမျိုးနွယ်စုအဖြစ် ခံယူကြသည်။ ရခိုင်ပြည်နယ်ရှိ ခမီများက ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအဖြစ် ခံယူကြသည်။ အမှန်အားဖြင့် ၎င်းတို့သည် တိုင်းရင်းသားမျိုးနွယ်စုတခုတည်းဟု ဆိုနိုင်သည်။

အဆိုပါ ခမီ ခေါ် ခူမီးများသည် ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် အများစုနေထိုင်ကြသည်။ ပလက်ဝမြို့နယ်တွင် ခူမီး လူဦးရေ ၈ သောင်းခန့်ရှိသည်။ ပလက်ဝရှိ ခူမီးအများစုမှာ ခရစ်ယာန်ဘာသာဝင်များပြီး ဗုဒ္ဓဘာသာဝင် အနည်းစု ဖြစ် သည်။ မတူပီမြို့နယ်တွင် ခူမီးအနည်းငယ်ရှိပြီး ကျန်ချင်းပြည်နယ်ရှိ မြို့နယ်များတွင် ခူမီးများ မနေထိုင်ကြပါ။

ဘင်္ဂလားဒေ့ရှ် စစ်တကောင်း တောင်တန်းဒေသတွင် ခူမီးလူဦးရေ ၁ သောင်း ခန့်နေထိုင်ကြပြီး  အိန္ဒိယ မီဇိုရမ် ပြည်နယ်တွင် အနည်းငယ် နေထိုင်သည်ဟု သိရသည်။ ခမီဟုလည်းကောင်း၊ ခူမီးဟုလည်းကောင်း အခေါ်အဝေါ် ကွဲပြားသော်လည်း အစိုးရက အသိမှတ်ပြုထားသော ချင်းပြည်နယ် တိုင်းရင်းသားမျိုးနွယ်တွင် ခူမီး ဟူသည် အမည်မပါဝင်သဖြင့် ပလက်ဝ အခြေစိုက် ခူမီးအမျိုးသားပါတီ မှတ်ပုံတင်သောအခါ ခမီ( ခူမီး) အမျိုးသားပါတီဟူ၍ မှတ်ပုံတင်ခဲ့ရသည်ဟု သိရသည်။

ခမီနှင့်ခူမီးမှာ အခေါ်အဝေါ် ကွဲပြားသော်လည်း ဘာသာစကား ယဉ်ကျေးမှု တို့အရ တိုင်းရင်းသားတမျိုးတည်းဟု ဆိုနိုင်သော်လည်း အရေးကြီးသည့် ပြဿနာမှာ ၎င်းတိုင်းရင်းသားတို့ ကိုယ်တိုင်ခံယူမှု သဘောထားဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ခမီတို့က ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးအဖြစ် ခံယူကြသော်လည်း ပလက်ဝရှိ ခူမီးများကမူ ချင်းတိုင်းရင်းသားနွယ်ဝင်များ အဖြစ် ခံယူကြသည်။ သို့ဖြစ်ရာ ခူမီးများအနေနှင့် ၎င်းတို့ချင်းမျိုးနွယ်များ အခြေစိုက်ရာဒေသသို့ ဝင်ရောက်လာသော ရခိုင်လူမျိုးတပ်ဖွဲ့ အမြင်ဖြင့် ကြည့်မြင်သည်။

ထို့ပြင် စစ်ပွဲကြောင့် ခူမီးအရပ်သားများ သေကြေဒဏ်ရာရခြင်း၊ ကျေးရွာများပျက်စီးခြင်း၊ စစ်ဘေးဒုက္ခသည်များဖြစ်ခြင်း၊ လမ်းပန်းနှင့် ရိက္ခာများပြတ်တောက်ခြင်းတို့အပြင် စစ်ပွဲကြောင့် ပုံမှန်လူမှုဘဝ တည်ငြိမ်မှု မရှိတော့သော အခြေအနေအား ကာလကြာခံစားရသောအခါ အချို့ခူမီးကြားတွင် AA ရခိုင် တပ်ဖွဲ့များကြောင့် ၎င်းတို့ ဒုက္ခရောက်ရသည်ဟူသည့် ခံစားချက်နှင့် လူမျိုးရေးအမြင်များ ပေါ်ပေါက်လာသည်ကို တွေ့ရသည်။

ခူမီး ချင်း နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများတွင် အမြင်အမျိုးမျိုး ပေါ်ပေါက်လာသည်ကို တွေ့ရသည်။ မည်သို့ အမြင်ကွဲပြားကြသည်ဖြစ်စေ ၎င်းတို့ကြားတွင် တူညီသည့်အချက်မှာ AA အား ၎င်းတို့ ခူမီးချင်းတို့အား ကိုယ်စားပြုသည့် အဖွဲ့အစည်းအဖြစ် မမြင်ကြခြင်းဖြစ်သည်။

ထိုသို့သော အခြေအနေများအောက်တွင် AA သည် ခူမီးချင်း ၂၀၀ ခန့်အား ၎င်းတို့တပ်ဖွဲ့တွင်း စည်းရုံးသိမ်းသွင်းနိုင်ပြီဟု မြေပြင်သတင်းများက ဆိုသော်လည်း AA သည် ပလက်ဝနယ်တွင်းရှိ လူထုအပြည့်အဝထောက်ခံမှု ရရန် ခက်ခဲနေမည် ဖြစ်သည်။ ထို့ပြင်  ခူမီးချင်းများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရမည့် အကဲဆတ်သည့် ပြသနာတရပ်ကို ရင်ဆိုင်နေရ ပေသည်။ တချိန်တည်းတွင် ခူမီးချင်းရွာများ ဗုံးကြဲခံရခြင်း၊ ရွာများမီးရှို့ဖျက်ဆီးခံရခြင်းတို့နှင့် ပတ်သက်ပြီး ခူမီးချင်းတို့က တပ်မတော်အပေါ် အမြင်မကြည်လင်မှုများကိုလည်း တွေ့နေရပေရာ ပလက်ဝနယ်ရှိ ခူမီးချင်းတို့၏ စိတ်ဓာတ် လားရာနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်ရမည့်ပြဿနာတရပ်ဖြစ်သည်ဟု သုံးသပ်ရပေသည်။

စစ်ပွဲနှင့်လူထု

ပလက်ဝနှင့် ရခိုင်ပြည်နယ်အတွင်းသို့ AA စတင်ဝင်ရောက်လာသည့် ၂၀၁၅ မှ ၂၀၁၈ နှစ်များအတွင်း တိုက်ပွဲငယ်အချို့ ဖြစ်ပွားမှု ရှိသော်လည်း ပြင်းထန်မှု မရှိသည့်အပြင် နေရာအနှံ့အပြားလည်း ဖြစ်ပွားခြင်းမရှိခဲ့ပေ။ ထို့ကြောင့် လူထုသည် စစ်ဒဏ်ကို မခံစားခဲ့ရပေ။ သို့သော် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ မှစ၍ ၂၀၂၀ မေလအထိ တိုက်ပွဲများမှာ ပလက်ဝနှင့် ရခိုင် မြောက်ပိုင်း မြို့နယ်များတွင် နေရာအနှံ့တွင် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ထိုစစ်ပွဲများကြောင့် အရပ်သား ထိခိုက်မှု များပြားခဲ့သည်။

သေဆုံးသူ၊ ဒဏ်ရာရသူ များပြားခဲ့သကဲ့သို့ AA နှင့်ဆက်သွယ်သူ သို့မဟုတ် AA တပ်ဖွဲ့ဝင်များအဖြစ် တရားစွဲဆို ခံရသူ အမြောက်အများ တွေ့ရှိခဲ့ရသည်။ စစ်ဘေးကြောင့် ကျေးရွာများစွာ မီးလောင်ပျက်စီးခဲ့ရသည်။ စစ်ဘေးဒုက္ခသည် များစွာ မိမိကျေးရွာများကို စွန့်လွှတ်ထွက်ပြေးခဲ့ရသည်။ တဖက်တွင် AA ဘက်မှ ဖမ်းဆီးမှု များ၊ သတ်ဖြတ်ခဲ့မှုများလည်း ရှိသည်။ ဤသို့ဖြစ်ပွားမှုများနှင့်ပတ်သက်၍ တပ်မတော်ရော AA ပါ တဖက်နှင့်တဖက် မတူညီသော ထုတ်ပြန်မှုများ၊ အပြန်အလှန် စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ စစ်ဘေးသင့် အဖြစ်အပျက်များကတော့ ရှောင်လွှဲ၍ မရခဲ့ပေ။

RFA သတင်းဌာန၏ သေဆုံးဒဏ်ရာရသူများ၏ တဦးချင်း အမည်၊ ကျေးရွာ၊ အချိန်ကာလအပါ  ပြုစုထားသော စာရင်း ပေါင်းချုပ်အရ ပလက်ဝ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊မင်းပြား၊ အမ်း၊ မြေပုံနှင့် စစ်တွေမြို့နယ်များအတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်မေလ ၂၆ ရက်နေ့အထိ သေဆုံး  ၂၅၀ ဦး၊ ဒဏ်ရာ ရသူ  ၅၄၉ ဦးရှိသည်ဟု သိရသည်။

စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အသင်းရုံး Rakhine Ethnics  Congress (REC) က ပြု စုထားသော စာရင်းများ အရ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ရသေ့တောင် စသည့် ၈ မြို့နယ်တွင် ၂၀၁၈ ဒီဇင်ဘာမှ ၂၀၂၀ မေလထိ စစ်ပွဲကြောင့် သေဆုံး၊ ဒဏ်ရာ၊ ဖမ်းဆီး တရားစွဲ ခံရသူ၊ မီးလောင်ပျက်စီး ကျေးရွာ၊ စစ်ဘေးကြောင့် ထွက်ပြေးရသည့်ကျေးရွာ၊ စစ်ဘေး ဒုက္ခသည်နှင့် စစ်ဘေး ဒုက္ခသည် အရေအတွက် စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ သတိပြုရန်မှာ အဆိုပါစာရင်းများပြုစုရာတွင် မြေပြင် အခက်အခဲ များကြောင့် REC အနေဖြင့် အနီးစပ်ဆုံး ကိန်းဂဏန်းအထိသာ ပြုစုနိုင်သည်ဟု ဆိုထားသည်။

ယင်းမှာ သေဆုံးသူ ၁၆၀ ကျော်၊ ဒဏ်ရာရသူ ၅၅၄ ဦးနှင့် ဖမ်းဆီးတရားစွဲခံရသူ ၅၃၀ ဦး ဖြစ်သည်။

စစ်ဘေးကြောင့် ထွက်ပြေးရသည့်ကျေးရွာ

၁။  ပုဏ္ဏားကျွန်းမြို့နယ်-ရွာ  ၂၀  ရွာ
၂။ ကျောက်တော်မြို့နယ်- ရွာ  ၃၉  ရွာ
၃။ မြောက်ဦးမြို့နယ်- ရွာ  ၂၀ ရွာ
၄။ မင်းပြားမြို့နယ် -ရွာ၂၀ ရွာ
၅။ မြေပုံမြို့နယ်- ရွာ ၈ ရွာ
၆။ အမ်းမြို့နယ်- ရွာ ၁  ရွာ
၇။ ရသေ့တောင်မြို့နယ်- ရွာ ၃၅ ရွာ
၈။ ဘူးသီးတောင်မြို့နယ်- ရွာ ၂၇ ရွာ ဖြစ်ရာ ရခိုင်မြောက်ပိုင်း ၈ မြို့နယ်မှ စုစုပေါင်းကျေးရွာ ၁၇၀ ရွာ စစ်ဘေးကြောင့် ထွက်ပြေးခဲ့ရသည်။

ရွာလုံးကျွတ်ထွက်ပြေးရသော ရွာများရှိသကဲ့သို့ အချို့တဝက် ထွက်ပြေးသည့်ရွာ၊ ရွာစောင့်ထားခဲ့ပြီး အများစု ထွက်ပြေးသည့်ရွာများလည်း ပါဝင်ပါသည်။

စစ်ဘေးဒုက္ခသည်စခန်းနှင့် စစ်ဘေးဒုက္ခသည်အရေအတွက်

၁။ ပုဏ္ဏားကျွန်းမြို့နယ် – စခန်း ၁၇ ခု (လူဦးရေ ၄၇၆၀ ဦး)
၂။ ကျောက်တော် မြို့နယ်- စခန်း ၂၁ ခု (လူဦးရေ ၁၂၂၅၀ ဦး)
၃။ မြောက်ဦး မြို့နယ်- စခန်း ၃၁ ခု (လူဦးရေ ၁၇၀၂၇ ဦး)
၄။မင်းပြား မြို့နယ်- စခန်း ၉ခု (လူဦးရေ ၂၇၂၁ ဦး)
၅။ မြေပုံ မြို့နယ်- စခန်း ၁၈ ခု (လူဦးရေ ၃၆၇၃ ဦး)
၆။ အမ်း မြို့နယ်- စခန်း ၂ ခု (လူဦးရေ ၈၀၂ ဦး)
၇။ ရသေ့တောင် မြို့နယ် – စခန်း ၂၄ ခု (လူဦးရေ ၈၄၈၆ ဦး)
၈။ ဘူးသီးတောင် မြို့နယ်- စခန်း ၈ ခု (လူဦးရေ ၇၉၅၅ ဦး)
၉။ မောင်တော မြို့နယ်- စခန်း ၂ ခု (လူဦးရေ ၆၂၂ ဦး)
၁၀။ စစ်တွေ မြို့နယ် – စခန်း ၁၄ ခု (လူဦးရေ ၃၅၄၈ ဦး)
၁၁။ ပေါက်တော မြို့နယ်- စခန်း ၅ ခု (လူဦးရေ ၆၉၈ ဦး) ဖြစ်ရာ ရခိုင်မြောက်ပိုင်း  ၁၁ မြို့နယ်  စစ်ဘေးဒုက္ခသည်စခန်း ၁၅၁ ခုတွင် စစ်ဘေးဒုက္ခသည် ၆၂၅၄၁ ဦးရှိသည်။ စခန်းပြင်ပ၌ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ဆွေမျိုးသားချင်း အိမ်များတွင်လည်းကောင်း နေထိုင်ကြသည့် စစ်ဘေးဒုက္ခသည်ဦးရေ  ၁၀၁၆၇၀ ဦးရှိရာ ရခိုင်မြောက်ပိုင်းရှိ စစ်ဘေး ဒုက္ခသည် ဦးရေမှာ၂၀၂၀ ဧပြီလ ၃၀ ရက်နေ့ ပြုစုထားသောစာရင်းအရ စခန်းတွင်း စခန်းပြင်ပ စုစုပေါင်း  ၁၆၄၂၁၁ ဦးဖြစ်သည်။

REC ကပြုစုထားသော မီးလောင်ပျက်စီးကျေးရွာ အိမ်ခြေစာရင်းတွင်မူ ရခိုင်မြောက်ပိုင်းမြို့နယ်များ သာမက ပလက်ဝမြို့နယ်ပါ ထည့်သွင်းပြုစုထားသည်ကို တွေ့ရသည်။

မီးလောင်ပျက်စီးကျေးရွာ အိမ်ခြေစာရင်း

၁။ ဘူးသီးတောင်မြို့နယ်- ရွာ ၈ ရွာ၊ အိမ်ခြေ ၁၆၃  အိမ်
၂။ ကျောက်တော်မြို့နယ်- ရွာ ၁၁ ရွာ၊ အိမ်ခြေ ၁၁၁၉  အိမ်
၃။ ရသေ့တောင်မြို့နယ် – ရွာ ၈ ရွာ၊ အိမ်ခြေ ၆၈  အိမ်
၄။ ပလက်ဝမြို့နယ်- ရွာ ၇ ရွာ၊ အိမ်ခြေ ၂၂၄ အိမ်
၅။ မင်းပြားမြို့နယ်- ရွာ ၁ ရွာ၊ အိမ်ခြေ ၂၈  အိမ်
၆။ မြောက်ဦးမြို့နယ်- ရွာ ၃ ရွာ၊ အိမ်ခြေ ၂၀၅  အိမ်
၇။ ပုဏ္ဏားကျွန်းမြို့နယ် ရွာ ၂ ရွာ၊ အိမ်ခြေ ၃  အိမ် ဖြစ်ရာ ပလက်ဝအပါ မြို့နယ် ၇ ခုအတွင်းရှိ ကျေးရွာပေါင်း ၄၀ မှ အိမ်ခြေ စုစုပေါင်း ၁၈၃၀ မီးလောင်ပျက်စီးခဲ့ပါသည်။

ပလက်ဝ မြို့နယ် အသင်း(ရန်ကုန်) မှ ပြုစုထားသော စာရင်းများအရ ပလက်ဝ မြို့နယ်အတွင်း စစ်ဘေးသင့် စာရင်းမှာ ၂၀၁၅ ခုနှစ် ၂၀၂၀ မေလအထိ အရပ်သားသေဆုံးသူ ၄၅ ဦး၊ အရပ်သားဒဏ်ရာရရှိသူ ၁၀ ဦးနှင့် ထွက်ပြေးရသည့် ကျေးရွာ ၃၅ ရွာကျော် ဖြစ်သည်။

စစ်ဘေးဒုက္ခသည်စခန်းနှင့် လူဦးရေမှာ ပလက်ဝတွင် ၄၀၀၀ ကျော်ခန့်၊ ဆမီးတွင် ၃၀၀၀ ကျော်ခန့်၊ ဆိမ့်ဆင်တွင် ၆၀၀ ကျော်ခန့်၊ မီးဇာတွင် ၂၀၀၀ ခန့် ဖြစ်ရာ ပလက်ဝမြို့နယ်တွင်း စခန်း ၄ ခုတွင် စစ်ဘေးဒုက္ခသည် စုစုပေါင်း ၉၆၀၀ ခန့်ရောက်ရှိနေသည်။ ထို့ပြင် စစ်ဘေးကြောင့် ရန်ကုန်တိမ်းရှောင်လာပြီး မှော်ဘီ၊ ရွှေပြည်သာ၊ လှည်းကူးတို့တွင် ဖြန့်ကျက် နေထိုင်သူ ၁၄၆ ဦးရှိပါသည်။

သေဆုံးဒဏ်ရာရသူများမှာ တိုက်ပွဲများတွင် ကျည်သင့်ခြင်း၊ မိုင်းထိခြင်း၊ ရွာတွင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အမြောက်ဆံ၊ ဗုံးဆံကျခြင်းတို့အပြင် တပ်မတော်၏ ဖမ်းဆီးခြင်းခံရသည့် ကာလအတွင်း ရောဂါဖြင့်သေဆုံးသည်ဟု ကြေညာခံရသူများလည်း ပါသည်။ မိသားစုဝင်များကတော့ ညှင်းပမ်းနှိပ်စက်ခံရ၍ သေဆုံးသလောဟု သံသယရှိကြသည်။ အဖမ်းခံရသူများမှာ တပ်မတော်စစ်ကြောင်းများက အရပ်သားယောင်ဆောင်ထားသည့်  AA အဖွဲ့ဝင် သို့မဟုတ်  AA နှင့် ဆက်သွယ်သူဟု သံသယဖြင့် ဖမ်းဆီးခံရသူများဖြစ်သည်။

ထိုသူများထဲမှ အရပ်ဖက်တရားရုံးတွင် တရားစွဲသောအခါ သက်သေအထောက်အထား မခိုင်လုံ၍ ပြန်လွှတ်ရသူများကို တွေ့ရပါသည်။ ထို့အတူ AA ဘက်မှ ဖမ်းဆီးသွားသူများ၊ ဖမ်းဆီးခံရစဉ်သေဆုံးသူနှင့် သတ်ဖြတ်ခြင်းခံရသူ အချို့ ရှိပါသည်။

စစ်ဘေးဒုက္ခသည်များမှာလည်း မူလအစက ရွာအတွင်း သို့မဟုတ် ရွာအနီး တိုက်ပွဲဖြစ်၍ ထွက်ပြေးကြရခြင်းဖြစ်သည်။ နောက်ပိုင်း၌ ကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာသောအခါ AA တပ်ဖွဲ့ဝင်ဟု ယူဆရသူများ၊ AA နှင့် ဆက်သွယ်သည်ဟု ယူဆရသူများအား ဖမ်းဆီးခြင်းများ ရှိလာသောအခါ ရွာဘက်သို့ တပ်မတော်စစ်ကြောင်းများ ချီတက်လာသည်နှင့် ရွာလုံးကျွတ် ထွက်ပြေးကြ၍ စစ်ဘေးရှောင်ဦးရေ ပိုမြင့်လာခဲ့သည်။ သို့သော် စစ်ဘေးဒုက္ခသည်ဦးရေ စာရင်းမှာ မတည်ငြိမ်ပေ။ အချို့ရွာများသည် တိုက်ပွဲဖြစ်ပါက စခန်းများသို့ရောက်လာပြီး တိုက်ပွဲငြိမ်သွားပါက ရွာများသို့ပြန်သွားလေ့ရှိကြသည်

အပိုင်း ၅ ကို ဆက်လက်ဖော်ပြပါမည်

You may also like these stories:

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂)

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၃)

The post ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၄) appeared first on ဧရာဝတီ.

ယှဉ်ပြိုင်မှုပြင်းထန်ဖွယ်ရှိတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ

$
0
0

ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကို ရင်ဆိုင်နေရဆဲ ဖြစ်ပေမယ့် အထွေထွေရွေးကောက်ပွဲကို မဆိုင်းငံ့ဘဲ လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာအပြီးမှာတော့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် လောင်း ရွေးချယ်ရေး လုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်နေကြပါပြီ။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတုန်းကတော့ အရပ်သားအစိုးရကို ရွေးချယ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ကို တခဲနက် ထောက်ခံ အားပေးခဲ့ကြပါတယ်။

ကချင်ပြည်နယ်မှ ကချင်နိုင်ငံရေးသမားတွေက သူတို့သာ ရွေးကောက်ပွဲမှာ အနိုင်ရရင် ကချင်ပြည်နယ် အရေး၊ ပဋိပက္ခ ဖြေလျော့ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ပြည်သူတွေ စိတ်ကျေနပ်နိုင်ရေးကို NLD ထက် ပိုပြီး ဆောင်ရွက်ပေးနိုင် မယ်လို့ ယုံကြည်နေပါတယ်။ဘာကြောင့်လဲဆိုတော့ NLD ဦးဆောင်တဲ့ အစိုးရက တာဝန်ယူထားတဲ့ ကာလတလျှောက် ပြည်နယ်တွေမှာ တိုင်းရင်းသား အရေးနဲ့ ပတ်သက်ရင် ဖြေရှင်း ဆောင်ရွက်ပေးတဲ့အပေါ် မေးခွန်းထုတ်မှုနဲ့ ဝေဖန်မှုတွေ ကလည်း ရှိနေလို့ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ကချင် ၄ ပါတီဖြစ်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင် ဒီမိုကရက်တစ်ပါတီ (KDP) ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)၊ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ် ဒီမို ကရေစီပါတီ (UNFDP) တို့က ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အဖြစ် ပူးပေါင်းလိုက်ပြီး အင်အားကြီး ပါတီတွေနဲ့ တန်းတူ တပြည်နယ်လုံးမှာ ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံဖို့ ပြင်ဆင်နေပါပြီ။

KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက “နယ်မြေလူထုရဲ့သဘောထားနဲ့ ကိုယ်စားလှယ်လောင်းကို ရွေးနေပါတယ်။ နယ်မြေ လူထုကို ကိုယ်စားပြုတဲ့ မြို့နယ်ကော်မတီက မြို့မိမြို့ဖ၊ ရပ်မိရပ်ဖနဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး ဘယ် ပုဂ္ဂိုလ်က သင့်တော်တယ်ဆိုပြီး ဝိုင်းရွေးနေပါတယ်” လို့ ပြောပါတယ်။

KSPP ပါတီဝင်များ။/KSPP

KSPP အနေနဲ့ မြို့နယ်ကော်မတီတွေက ရွေးချယ်ပေးပို့တာရှိသလို ဗဟိုကနေ ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေလည်း ရှိပြီး တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ မြို့နယ်တွေမှာတော့ ကိုယ်စားလှယ်လောင်းတွေကို မြို့မိမြို့ဖ၊ ဘာသာရေးခေါင်းဆောင် တွေနဲ့ ဒေသခံလူနည်းစု ဌာနေတိုင်းရင်းသားတွေ စုပေါင်းပြီး သဘောတူတဲ့သူကို ရွေးချယ်နေပါတယ်။

အဲဒီအပြင် ကချင်လူမျိုး၊ လူဦးရေ နည်းပြီး ဗမာ၊ ရှမ်းနီ၊ ရှမ်း စတဲ့ အခြားလူမျိုးတွေ ပိုများတဲ့ မြို့နယ်တွေမှာလည်း မြို့ရဲ့ လူဦးရေ အချိုးအစားအရ အများ လက်ခံနိုင်တဲ့ ကိုယ်စားလှယ်လောင်း၊ အများကို ကိုယ်စားပြုနိုင်တဲ့ မဲ၊ လူမျိုးကို ထည့်သွင်းစဉ်းစားနေတာပါ။

မိုးမောက်နဲ့ မန်စီမြို့နယ်တွေမှာဆိုရင် ရှမ်းနီလူမျိုး လူဦးရေ များတာကြောင့် KSPP ရဲ့ကိုယ်စားလှယ်လောင်းတွေက ရှမ်းနီလူမျိုးတွေကို ရွေးချယ်ထားပြီး ဇွန်လကုန်ပိုင်းမှာ KSPP ရဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို အပြီးသတ် အတည်ပြုမှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ်က ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၆ နေရာ၊ တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ၄ နေရာ၊ စုစုပေါင်း ကိုယ်စားလှယ် နေရာ ၇၀ ကို ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

KSPP ပါတီထဲမှာ ကချင်အသိုင်းအဝိုင်းကြား ပုံရိပ်ရှိတဲ့ နိုင်ငံရေးသမားတွေ၊ ဝါရင့်ကချင်နိုင်ငံရေး ဆောင်ရွက်သူတွေ ပါဝင် ပြီး မြို့နယ် ၁၈ မြို့နယ်လုံးရဲ့ ကိုယ်စားလှယ်လောင်းနေရာ အနည်းဆုံး ၆၅ ဦးနှင့် အထက် ဝင်ရောက် ယှဉ်ပြိုင်မှာပါ။

KSPP ပါတီရဲ့ အဓိက အလေးထားဆောင်ရွက်မယ့် လုပ်ငန်းစဉ် ၃ ရပ်က ပြည်တွင်းငြိမ်းချမ်း ရေး ရရှိရန် ကြိုးပမ်းရေး၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်နိုင်ရေး ကြိုးပမ်းရေးနဲ့ ကချင်ပြည်နယ် ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးရေးမှာ ကချင်ပြည်နယ်တွင်းက ပြည်သူတွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးတို့ ဖြစ်တယ် လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။

KSPP ၏ ဥက္ကဌ ဒေါက်တာတူးဂျာသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဒုဥက္ကဌဟောင်း တဦးဖြစ်ပြီး ဝါရင့်ကချင်နိုင်ငံရေး သမားတဦး ဖြစ်သည်။ / KSPP

ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးတခု ပေါ်ပေါက်အောင် ကြိုးစားပြီး ၉ နှစ်ကျော်ကြာ စစ်ဘေးရှောင် စခန်းတွေမှာ စားဝတ်နေရေး ကျပ်တည်းနေရတဲ့ ဒုက္ခသည်တွေ လုံခြုံစွာနဲ့ နေရပ်ပြန်နိုင်ရေးကိုလည်း ကြိုးစားမယ်လို့လည်း သူက ဆိုပါတယ်။

KSPP ပါတီဝင်တွေက ကချင်လူထုအားလုံးကို ကိုယ်စားပြုတဲ့ ဘာသာရေးခေါင်းဆောင်တွေ ရပ်မိရပ်ဖ တွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေ တက်ကြွလှုပ်ရှားသူတွေ စုပေါင်းထားတဲ့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ မှာလည်း ဦးဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်နေကြသူတွေပါ။

ကချင်ပြည်နယ်အတွင်းမှာ KSPP က အဓိက ယှဉ်ပြိုင်ရမှာကတော့ NLD ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) တို့ ဖြစ်ပါတယ်။

NLD ပါတီ အနေနဲ့ကတော့ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတုန်းက ကချင်ပြည်နယ်ရဲ့ ကိုယ်စားလှယ် နေရာ ၄၈ နေရာမှာ အနိုင်ရရှိခဲ့ပြီး USDP ကတော့ မဲအရေအတွက် ဒုတိယအများဆုံး ရရှိခဲ့ပါတယ်။ ဒေသခံ ကချင်ပါတီတွေကတော့ ကချင်တပြည်နယ်လုံးမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ရွေးကောက်ပွဲတွေမှာ အငြင်းပွားမှု ဖြစ်လေ့ရှိတဲ့ တပ်မတော်ရဲ့ ကြိုတင်မဲပုံးတွေနဲ့ ပတ်သက်ပြီး KSPP က စိုးရိမ်မှု ရှိနေ ပါတယ်။ အင်အားကြီး ပါတီ NLD နဲ့ ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှုအတွက် စိုးရိမ်မှု ရှိ၊ မရှိ မေးရာ မှာတော့ ဒေါက်တာ တူးဂျာက “ပြည်သူတွေက အတွေ့အကြုံရနေပါပြီ။ ဒီအတွေ့အကြုံတွေနဲ့ အနာဂတ်မှာ ဘယ်လိုလုပ် ရမယ်ဆိုတာလည်း သူတို့က သင်ခန်းစာတွေ ရနေပြီ”လို့ သူက ပြောပြပါတယ်။

ဒေါက်တာတူးဂျာက NLD အစိုးရလက်ထက်တလျှောက် ဒေသတည်ငြိမ်ရေး၊ တိုက်ပွဲတွေ လျှော့ချရေး၊ အပစ်အခတ် ရပ်စဲရေးနဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့အတွက် ဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက လုပ်ဆောင်မှု အားနည်း တာကို ဒေသခံတွေရော ကချင်နိုင်ငံရေး သမားတွေပါက မြင်တွေ့တယ်လို့ ဆိုပါတယ်။

ဆက်ပြီး ဒေါက်တာတူးဂျာက “လူထုက ဒေသ ပါတီ၊ ကိုယ့်သားသမီးတွေနဲ့ ဖွဲ့စည်းတဲ့ ဒေသပါတီကို ပိုအလေးထား လာပါပြီ။ ကချင်ပါတီကို ဝိုင်းဝန်း မဲထည့်မယ်လို့ အသံလည်း ကျယ်ကျယ် ထွက်နေပါပြီ။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ကတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ဘယ်လို နည်းနဲ့မှ တူနိုင်မှာ မဟုတ်ပါဘူး”လို့လည်း ပြောပါတယ်။

လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လူထုတွေ ဘယ်ပါတီကို မဲပေး ရွေးချယ် ရမယ်ဆိုတာကို ကချင်အသိုင်းအဝိုင်းကြားက ရပ်မိရပ်ဖတွေ ဘာသာရေးခေါင်းဆောင်တွေကလည်း သူတို့ရဲ့ အသိုင်းအဝိုင်း အသီးသီးကြားမှာ ပြောဆိုဆွေးနွေးတာတွေ အစပြုနေပါပြီ။

ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ အင်အားကြီးပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေအကြား ယှဉ်ပြိုင်မှု ပြင်းထန်ဖွယ် ရှိနေပါတယ်။ ပြည်သူလူထုကလည်း ပါတီကို မကြည့်ဘဲ လူကိုသာကြည့်ပြီး မဲပေးကြမယ့် သဘောထားများ ထုတ်ဖော်ပြောဆိုနေကြပါပြီ။

ကချင်အသိုင်းအဝိုင်းမှာ နိုင်ငံရေးအရရော လူမှုရေး၊ ဘာသာရေး အရပါ သြဇာရှိတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၊ ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်ကတော့ ကချင်လူထုအနေနဲ့ NLD အစိုးရကို အားရခဲ့တာ ရှိသလို အားမရခဲ့တာ တွေလည်း ရှိပေမယ့် တတ်နိုင်တဲ့ အခန်းကဏ္ဍတိုင်းမှာ တတ်နိုင်သလောက် ကြိုးစားလုပ်ကိုင်နေတဲ့ NLD အစိုးရကို ချီးကျူးပါတယ်လို့ ဆိုပါတယ်။

ကချင်အမျိုးသားအတိုင်ပင်ခံ အဖွဲ့ကလည်း ရွေးကောက်ပွဲအတွက် လူထုကို အသိပညာပေးတာတွေ စတင် လုပ်ဆောင် နေပြီလို့ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။

အသိပညာပေးတယ်ဆိုတာကတော့ ဘယ်ပါတီကို မဲပေးရင်တော့ ဘယ်လိုအကျိုးဆက်တွေ ရမယ်၊ ဘယ်ပါတီ ကတော့ ဘာတွေ လုပ်ဆောင်ပေးနိုင်မယ်ဆိုတာတွေကို ကချင်အသိုင်းအဝိုင်း အချင်းချင်းကြားထဲမှာ အရပ်သားတွေ နားလည် အောင် ပြောပြတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။

KBC ဟာ ၂၀၁၅ ခုနှစ်တုန်းကတော့ တိုင်းပြည်ကို တိုးတတ်အောင် လုပ်နိုင်မယ့် ခေါင်းဆောင်ကို မဲပေးဖို့ ကချင်လူထု ကြားမှာ အကြံပြုခဲ့ဖူးပါတယ်။

အခုချိန်မှာတော့ KSPP လို ပူးပေါင်းပါတီကြီးတခုလည်း ကချင် ပြည်နယ်အနှံ့ ဝင်ပြိုင်မှာ ဖြစ်တာကြောင့် KBC အနေနဲ့ ကတော့ ပြည်နယ်အခြေစိုက် ကချင်ပါတီတွေနဲ့ NLD ကြားမှာ ပူးပေါင်းလုပ်ဆောင်စေချင်တယ်လို့ ပြောပါတယ်။

ဆက်ပြီး ဒေါက်တာခလမ်ဆမ်ဆွန်က “မြန်မာပြည်မှာ စစ်အစိုးရ၊ စစ်အုပ်ချုပ်ရေး ပပျောက်ဖို့ အဓိကကို NLD ဦးဆောင် နေတယ်ဆိုတော့ သူ့ကို ပိုပြီး မဲပေးတာ ဒီအချက်ကြောင့်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ကိုယ့်ပြည်နယ်ပါတီကလည်း ကိုယ့်အမျိုးသားများအတွက် လှုပ်ရှားရမှာ ဖြစ်တဲ့အတွက်သူလည်း အရေးကြီးပါတယ်။ ကျနော်တို့က အားလုံးကို ညီညီမျှမျှ တာဝန်ခွဲဝေပြီး ပန်းတိုင်ကို သွားစေချင်တဲ့ သဘောရှိပါတယ်”လို့လည်း KBC ရဲ့သဘောထားကို ပြောပြပါတယ်။

ကချင်ပါတီတွေဘက်ကို စုံစမ်းမေးမြန်းကြည့်ရာမှာတော့ NLD ပါတီအနေနဲ့ ကချင်ပါတီတွေနဲ့ မဟာမိတ် ဖွဲ့ဖို့ ညှိနှိုင်း ဆွေးနွေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

KSPP အနေနဲ့ကလည်း ရည်မှန်းချက်ချင်းတူတဲ့ ပါတီကြီးတွေနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲပြီးနောက် ကချင်ပြည်နယ် အတွက် အစိုးရဖွဲ့ရင်လည်း ညွှန့်ပေါင်းလုပ်ချင်တဲ့ သဘောထား ရှိကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်စုကြည် နှင့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲချုတ် တွေဆုံ ၂၀၁၇/ဧရာဝတီ

NLD က ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းတာ မရှိသေးပေမယ့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာတုန်း ကတော့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေးတို့ ကို ရှေ့လုပ်ငန်းစဉ် တွေအဖြစ် ချမှတ်ခဲ့သလို တိုင်းရင်းသားရေးရာ ကော်မတီတခုကို ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီကော်မတီမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန့်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကလည်း ကော်မတီ မှာ ပါဝင်ကြပါတယ်။

NLD ရဲ့တိုင်းရင်းသားရေးရာ ကော်မတီကို ဖွဲ့စည်းတဲ့ အချိန်ဟာ ဗိုလ်ချုပ်ကြေးရုပ်တွေကို ပြည်နယ်နဲ့ တိုင်းအလိုက် လိုက်လံ ထားရှိနေတာတွေကြောင့် တိုင်းရင်းသား ပြည်နယ်တွေမှာ ဝေဖန်မှုနဲ့ ကန့်ကွက် တားမြစ်မှုတွေ ပြင်းထန်နေတဲ့ အ ချိန်နဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။

ပြည်တွင်းစစ်နဲ့ ပတ်သက်ရင်လည်း နှုတ်ဆိတ်နေတယ်လို့ ဝေဖန်ခံနေရပေမယ့် NLD က တိုင်းရင်းသား ရေးရာ ကော်မတီ ကနေ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်း တိုင်ပင်တာတွေ၊ နီးစပ်တဲ့ ဆက်ဆံရေး ထူထောင်တာတွေ လုပ်မယ်လို့ ပြောဆိုထားပါတယ်။

ဧရာဝတီအနေနဲ့ လက်လှမ်းမီသလောက် စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ဒေသခံတွေရဲ့ သဘောထားကို ဆက်သွယ်မေးမြန်းရာမှာ ကချင်ဒုက္ခသည်တွေကတော့ NLD ကို မဲထပ်မပေးချင်တော့ဘူးလို့ ပြောဆို ကြပေမယ့် သာမာန် အရပ်သားဒေသခံတွေကတော့ NLD ကို မဲပေးမယ်လို့ ဖြေဆိုတဲ့သူ ရှိသလို ဒေသခံ ကချင်ပါတီ တွေကို မဲပေးမယ်လို့ ပြောဆိုသူတွေလည်း ရှိပါတယ်။

အဲဒီထဲကမှ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မိုင်းခေါင်ကျေးရွာက စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀ ကျော်ကို ကြီးကြပ်နေတဲ့ စခန်းတာဝခံ ဦးနော်မိုင်ကတော့ “NLD အစိုးရလက်ထက်မှာလည်း ကျနော်တို့က စားဝတ်နေရေးက ကျပ်တည်းတာပဲ။ ဘာမှလည်း သိပ်ထိထိရောက်ရောက် အကူအညီမရပါဘူး။ ဒီတခေါက် ရွေးကောက်ပွဲကျရင် ကျနော်တို့က ပါတီကို မကြည့်တော့ဘူး။ လူကိုပဲ ကြည့်ပြီး မဲပေးတော့မယ်”လို့ ပြောပါတယ်။

ကချင်ပြည်နယ်တွင်းမှာ ပါတီကြီးတွေအပြင် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)၊ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ (ဒူးလေးပါတီ)၊ တိုင်းလျန်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ ဆိုရင်လည်း သက်ဆိုင်ရာမျိုးနွယ်စုနဲ့ သူ့ နယ်မြေအလိုက် ထောက်ခံမှုတွေလည်း ရှိကြပါတယ်။

မြစ်ကြီးနားမြို့နယ် NLD ပါတီရဲ့ မြို့နယ် အတွင်းရေးမှူး ဦးကျော်ကျော်ဦးကတော့ NLD အစိုးရ လက်ထက်မှာ ကချင် ပြည်နယ်အရေးနဲ့ ပတ်သက်ရင် လုပ်နိုင်တာတွေကို လုပ်ဆောင်ပေးနေတာ ဖြစ်ပြီး အားလုံးရဲ့ စိတ်ဆန္ဒအတိုင်း တထပ်တည်း ကျအောင်တော့ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြေးရတဲ့ IDPs တွေကို ဆိုရင်လည်း အစိုးရဘက်က ကြည့်ရှု စောင့်ရှောက်သလို NLD ဘက်ကလည်း NLD ပါတီ ခေါင်းစဉ်နဲ့ ဖြစ်စေ၊ ပါတီအမည် မတပ်ပဲ ဖြစ်စေ ထောက်ပံ့ ကူညီပေးတာတွေ ရှိခဲ့ပါတယ်လို့ ဦးကျော်ကျော်ဦးက ဆိုပါတယ်။

လာမယ့် ရွေးကောက်ပွဲအတွက် NLD ကလည်း ကိုယ်စားလှယ်လျှောက်လွှာတွေကို လက်ခံနေပါတယ်။ မြို့နယ်ကနေ ပြည်နယ်၊ ပြည်နယ်ကနေ ဗဟိုကို တင်ပြပြီး ဇွန်လကုန်ပိုင်းမှာ ကိုယ်စားလှယ်လောင်းစာရင်းတွေကို သိရမှာပါ။

ဦးကျော်ကျော်ဦးကတော့ သူ့ရဲ့ NLD ပါတီက ကချင်ပြည်နယ်၊ ၁၈ မြို့နယ်လုံးမှာ အနိုင်ရအောင် ပြိုင်မှာ ဖြစ်ကြောင်း၊
ကချင် အသိုင်းအဝိုင်းကြားမှာ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ကချင်ပြည်နယ်မှာ NLD ကို ထောက်ခံတဲ့ အင်အားက ကျဆင်းသွားခြင်း မရှိဘူးလို့ သူက ပြောပါတယ်။

 ကချင်အထူးဒေသ ၁ တွင်တွေ့ရသော ကချင်တိုင်းရင်းသူများ/ဧရာဝတီ

တဖက်မှာလည်း KSPP လို ပူးပေါင်းထားတဲ့ ကချင်ပါတီကြီး အပြင် USDP နဲ့ အခြားမျိုးနွယ်စု အလိုက် တည်ထောင် ထားတဲ့ လီဆူပါတီ၊ ရှမ်းနီပါတီတို့ ရှိနေပေမယ့်လည်း NLD က ထောက်ခံမှု ကျဆင်းတာမရှိဘဲ ပါတီဝင်တွေတောင် ပိုများလာတာကြောင့် ၁၈ မြို့နယ်လုံးမှာ အနိုင်ရဖို့ အပြည့်အဝ ယုံကြည်ထားပြီလို့လည်း ဦးကျော်ကျော်ဦးက ပြောပါတယ်။

ဆက်ပြီး ဦးကျော်ကျော်ဦးက “တချို့ဟာတွေမှာ ကချင်ပါတီတွေ မမျှော်မှန်းထားတဲ့ ကိစ္စတွေ ဖြစ်လာမှာပါ။ ကျနော်တို့က ၁၈ မြို့နယ်လုံးမှာ အနိုင်ရမယ်လို့ပဲယုံကြည်ထားတယ်” လို့လည်း ထပ်လောင်း ပြောဆိုပါတယ်။

သို့ပေမယ့် အနီးစပ်ဆုံး ၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲရလာဒ်ကို ပြန်ကြည့်ရင် NLD က ဒေသခံ ကချင်ပါတီ ထက်တောင် မဲရတာ နည်းခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ မြစ်ကြီးနားမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အတွက် ရွေးကောက်ခံတဲ့အခါ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က မဲလက်မှတ်ပေါင်း ၂၃၈၈၆ မဲနဲ့ အနိုင်ရရှိခဲ့ပြီး ကချင်ဒီမိုကရက်တစ်ပါတီ (KDP) က ဆန္ဒမဲ ၁၉၁၁၂ မဲနဲ့ ဒုတိယမဲအများ ဆုံးရရှိခဲ့ပါတယ်။

NLD ကတော့ KDP ထက် ဆန္ဒမဲ ၁၀၀ ကျော် နည်းပြီး တတိယမဲအများဆုံး နေရာကိုပဲ ရရှိခဲ့တာပါ။

ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ထက် မဲအရေအတွက် များခဲ့တဲ့ KDP ရဲ့ ကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်း က လက်ရှိမှာတော့ KSPP နဲ့ ပူးပေါင်းလိုက်တာကြောင့် KSPP ဒုဥက္ကဋ္ဌ ၁ ဦးအဖြစ် တာဝန်ယူထားပါတယ်။

NLD ဘက်က လာမယ့် ရွေးကောက်ပွဲမှာ မြို့နယ် ၁၈ မြို့နယ်လုံးမှာ သူတို့ပဲ အနိုင်ရမယ်လို့ ယုံကြည်နေသလို KSPP ကလည်း သူတို့က နေရာတိုင်းမှာ အနိုင်ရအောင် ဆောင်ရွက်မှာလို့ ပြောဆိုနေကြပါတယ်။

KSPP ဒုဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ၂၀၁၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှာ USDP၊ ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲမှာ NLD တို့က ၅ နှစ်စီ အစိုးရတာဝန်ယူခဲ့တာကြောင့် ကချင်လူထုတွေက အစိုးရ နှစ်ဆက်လုံးရဲ့ ရပ်တည် ချက်၊ ကချင်လူထုအပေါ် သဘောထားတွေကို သိရှိနားလည်ပြီးကြပြီလို့ ပြောပါတယ်။

 ကချင်မနေားပွဲးတွင် တွေ့ရသော ကချင် တိုင်းရင်းသူများ/ဧရာဝတီ

လူထုတွေရဲ့ဖြတ်သန်းလာရတဲ့ အတွေ့အကြုံကြောင့် ဒေသခံပါတီတွေ နိုင်မှ ကိုယ့်ပြည်နယ်အရေး၊ တိုက်ပွဲတွေ ရပ်တန့်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးတို့ကို စကားပြောနိုင်မှာ ဖြစ်တာကိုလည်း နားလည်နေ ကြပါပြီလို့ ဦးကွမ်ဂေါင်အောင်ခမ်းက ဆိုပါတယ်။

ဦးကွမ်ဂေါင်အောင်ခမ်းက “ကျနော်တို့အနေနဲ့ ကိုယ့်ပြည်နယ် ပြည်သူလူထုကို အကျိုးပြုနိုင်မယ်လို့ မြင်ပါတယ်။ ဒီထက် ကျော်လွန်ပြီး ပြည်ထောင်စုအစိုးရမှာ တစုံတခု ပါဝင်ပြီး ပြည်ထောင်စုအတွက် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု အတွက် တစုံတခု လုပ်ဆောင်နိုင်မယ်လို့ ခံယူထားပါတယ်” လို့လည်း ပြောဆိုပါတယ်။

ဆက်ပြီး ဦးကွမ်ဂေါင်အောင်ခမ်းက လာမယ့် ရွေးကောက်ပွဲသာ သူတို့ပါတီ အနိုင်ရရင် အခြား ပါတီကြီးတွေထက် ကချင်ပြည်နယ်အရေးကို ပိုကောင်းအောင် လုပ်နိုင်ကြောင်း မြင်တွေ့ရလိမ့်မယ်လို့လည်း ဆိုပါတယ်။

You may also like these stories:

ချင်းပြည်နယ်နှင့် ဒေသကြီး ၄ ခု ၌ ဝင်ပြိုင်မည် ဟု CNLD ပါတီ ပြော

ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ကိုယ်စားလှယ်လောင်း မတင်သော်လည်း မြို့နယ်က ရွေးထား

၂၀၂၀ ရွေးကောက်ပွဲ ဝင်မပြိုင်ဟု မန္တလေးမြို့တော်ဝန် ပြော

The post ယှဉ်ပြိုင်မှုပြင်းထန်ဖွယ်ရှိတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ appeared first on ဧရာဝတီ.

အပစ်ပယ်ခံများ၏ ဂုဏ်သရေရှိ လူကြီးမင်း အာဂျန်ခရိုင်ဆတ်

$
0
0

မြန်မာနိုင်ငံတွင် ၁၉၈၈-ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး သွေးထွက်သံယိုနှိမ်နင်းခံရပြီး နောက်ပိုင်း မြန်မာ့ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူများအနေဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်လာခဲ့ကြရသည်။

အချို့က တိုင်းရင်းသားနယ်မြေတွင် လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲပြီး အချို့က ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်မြို့များတွင် အခြေပြုပြီး နိုင်ငံတကာဆက်ဆံရေး ဆောင်ရွက်ကြသည်။ နှစ်ကာလကြာလာသည်နှင့်အမျှ တိုင်းရင်းသားနယ်မြေများတွင် စစ်ပြင်းထန်လာသောအခါ စစ်ပြေးဒုက္ခသည်အရေး၊ စီးပွားရေးအရ ရွှေ့ပြောင်းလာသူ မြန်မာအလုပ်သမားအရေးတို့ကိုလည်း လုပ်ကိုင်လာခဲ့ကြရာ ထိုင်းနိုင်ငံသည်၊ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ နှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ (NGOs) နှင့် မြန်မာ့ သတင်းဌာနများ၏ အခြေချ ရပ်တည်ရာနိုင်ငံ တခုဖြစ်ခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် အခြေချသည့် မြန်မာဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထိုင်းစစ်ဖက် အရပ်ဖက်မှ ပုဂ္ဂိုလ်များနှင့် မဖြစ်မနေ ဆက်ဆံရပါသည်၊ ထိုအထဲတွင် အာဂျန် ခရိုင်ဆတ်က တမူထူးခြားပါသည်။ သူသည် ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းမှ ဖြစ်သော်လည်း စစ်ပြေးဒုက္ခသည်အရေး၊ ရွှေ့ပြောင်းလုပ်သားအရေးနှင့် လူ့အခွင့်အရေးတို့အတွက် မားမားမတ်မတ်ရပ်တည်ပေးခဲ့သည်။

ထိုင်းနိုင်ငံတွင် အခြေချသည့် မြန်မာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖို့ အာဂျန် ခရိုင်ဆတ်ကို မသိသူ မရှိဟု ဆိုလျှင် မှားမည်မထင်ပါ။

မြန်မာလို ဆရာဟု ရိုသေသမှုနှင့် ခေါ်သည့် အာဂျန်၏ အမည်မှာ ခရိုင်ဆတ် ချွန်နာဝန် Mr. Kraisak Choonhavan ဖြစ်သည်။ အာဂျန်ခရိုင်ဆတ်သည် ထိုင်းဘုရင့်တပ်မတော်၏ စစ်ဦးစီးချုပ်နှင့် ဝန်ကြီးချုပ် လုပ်ခဲ့သူ ဗိုလ်ချုပ်ကြီး ချပ်ချိုင်း ချွန်နာဝန်၏ တဦးတည်းသော သားဖြစ်ပါသည်။ ဗြိတိန်၊ပြင်သစ်၊ ဆွစ်ဇာလန်နှင့်အမေရိကန်နိုင်ငံတို့တွင် ပညာသင်ကြားခဲ့ပြီး ထိုင်းနိုင်ငံ၏နာမည်ကြီး တက္ကသိုလ်ကျောင်းဆရာ၊ နိုင်ငံရေးသမား၊ ပါတီခေါင်းဆောင်၊ အထက်လွှတ်တော်အမတ်နှင့် သဘာဝပတ်ဝန်းထိမ်းသိမ်းကာကွယ်ရေး၊ တက်ကြွလှုပ်ရှားသူ ပညာရှင်တယောက်အနေဖြင့် လူသိများပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဂျန်ခရိုင်ဆတ်

အာဂျန်ခရိုင်ဆတ်သည် မြန်မာပြည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမူကို အစဉ်အမြဲ ထောက်ခံအားပေးခဲ့သည့်အပြင် ထိုင်းလွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပတွင်ပါ တစိုက်မတ်မတ် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ထိုင်းလူထု၊ ထိုင်းစီးပွားလုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံရေးပါတီများနှင့် စစ်တပ်အတိုင်းအဝိုင်းများအနေနှင့် မြန်မာနိင်ငံ၏ တိုင်းရင်းသားပြဿနာ၊ ဒုက္ခသည်ပြဿနာ၊ လူ့အခွင့်အရေးပြဿနာများနှင် နိုင်ငံရေးပြဿနာများကို ပိုမိုသိရှိနိုင်ရန် လှုံဆော်စည်းရုံးခဲ့သူတဦးလည်းဖြစ်ပါသည်။

အာဂျန်ခရိုင်ဆတ်သည် လွန်စွာ လူသားဆန်သည်။ ယုံကြည်ချက်နှင့် ရပ်တည်ချက် ခိုင်မာသူဖြစ်သည်။ အကြီးတန်းသံတမန်တဦး၊ ပညာတတ်တဦး၊ ဂုဏ်သရေရှိ လူကြီးမင်း တဦးဖြစ်သော်လည်း အဖိနှိပ်ခံ အစွန့်ပစ်ခံများအရေး ရပ်တည်ဆောင်ရွက်သည်။ လူမှုဆက်ဆံရေးလည်း လွန်စွာပြေပြစ်၏၊ ၎င်းနေထိုင်သည့်အိမ်သည် မိမိတို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အချိန်မရွေး ဝင်ထွက် သွားလာဆွေးနွေးနိုင်သည့် နေရာတခုဖြစ်ခဲ့ပါသည်။

ကျနော့်အတွက် မေ့မရနိုင်ဆုံးမှာ ၂၀၀၄ ခုနှစ် ထိုင်းနိုင်ငံတောင်ပိုင်း၌ ဆိုနာမီလှိုင်းကြီး တိုက်ခတ်ခဲ့အပြီး ဖြစ်သည်။ ဆူနာမိကြောင့် ထိုင်းလူမျိူးများ၊ နိုင်ငံခြားသားများနှင့် ရာနှင့်ချီသည့်၊မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ သေကြေပျက်စီးခဲ့ကြသည်။ အသက်ရှင်ကျန်သော ဆိုနာမီ ဒုက္ခသည်ချင်းအတူတူ ထိုင်းနှင့် နိုင်ငံခြားသားများအား ထိုင်းအစိုးရနှင့် သက်ဆိုင်ရာနိုင်ငံများမှ စနစ်တကျ ထိထိရောက်ရောက် ကူညီပေးသော်လည်း ထောင်နှင့်ချီသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံခဲ့ရပြီး မြန်မာပြည် (ကော့သောင်း) ဖက်ခြမ်းသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသည်။ ထောင်နှင့်ချီသည့် မြန်မာအလုပ်သမားများ ရော်ဘာခြံများနှင့် တောတောင်များထဲတွင် ပုန်းအောင်းနေခဲ့ကြရသည်။

စားဝတ်နေရေး ခက်ခဲခဲ့ကြသည့်အပြင် ထိုင်းရဲက ဖမ်းဆီးမည် စိုးပြီး ဒဏ်ရာရနေသော်လည်း ဆေးရုံ မသွားရဲသူတဦး ခြေထောက်ဒဏ်ရာ ဆိုးဝါးလာပြီး နောက်ဆုံး ခြေထောက်တဖက် ဖြတ်လိုက်ရသည်အထိဖြစ်ခဲ့သည်။ အဆိုပါဖြစ်စဉ်များအား ကျနော် အာဂျန်ကို ပြောပြသောအခါ သူ အင်မတန်ကြေကွဲသွားပုံ ရသည်။

ချက်ခြင်းပင် သူအနေနှင့် လိုအပ်သည့် ဆက်သွယ်ဆောင်ရွက်မူများပြုလုပ်ခဲ့ပြီး ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဒုက္ခရောက်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဖြေရှင်းပေးနိုင်ရန် စွမ်းဆောင်ပေးခဲ့ပါသည်။ ထိုင်းရဲများ အဖမ်းအဆီး ရပ်သွားပြီး အကူအညီ အထောက်အပံ့များ မြန်မာဒုက္ခသည်များထံ ရောက်လာခဲ့ကြသည်။

ကျနော့်အတွက် အာဂျန်ခရိုင်ဆတ်ကို မေ့မရနိုင်စရာ အများကြီး ရှိသေးသည်။

ကျနော်သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်သမားအခွင့်အရေး ကိစ္စများဆောင်ရွက်နိုင်ရန် ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း Foundation for Education and Development (FED) (ယခင်အမည် Grassroot Human Rights Education and Development Committee) ကို ၂၀၀၀ ခုနှစ်တွင်ကတည်းက ထိုင်း-မြန်မာနယ်စပ် ဆန်ခလပူရီမြို့တွင် စတင် ဖွဲ့စည်းပြီး လုပ်ကိုင်ခဲ့ရာ ထိုင်းနိုင်ငံတွင်း ရပ်တည်လုပ်ကိုင်နေသည့် တရားမဝင် မြန်မာအဖွဲ့အစည်းများ၏ သဘာဝအတိုင်း အခက်အခဲပေါင်းများစွာ ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

သူ့အဖေ ရေးဆွဲထားသော သူ့အမေ ပုံပန်းချီကားနှင့် အာဂျန်

မကြာခဏဆိုသလို ထိုင်းအာဏာပိုင်များ၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ဖမ်းဆီးခံခဲ့ရသည်များအထိ ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ထိုင်းနိုင်ငံအတွင်း အခြေချပြီး၊ မြန်မာရွေ့ပြောင်းအလုပ်သမားများ၏အရေးကိစ္စများနှင့် နယ်စပ်ဒေသရှိ မြန်မာဒုက္ခသည်များအား စနစ်တကျ၊ရေရှည်ကူညီဆောင်ရွက်ပေးနိုင်ရန် တရားဝင်အဖွဲ့အစည်းတစ်ခုအဖြစ်၊ ထိုင်းအစိုးရထံတွင် မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ရသည်။

ထိုင်း NGOs ( အစိုးရမဟုတ်သည့် အဖွဲ့အစည်း) တခုအနေဖြင့် တရားဝင်မှတ်ပုံတင်ပါက အဖွဲ့အစည်း၏ ကော်မီတီလူကြီးများသည် ထိုင်းလူမျိုးများ ဖြစ်ရမည်ဖြစ်ရာ မိမိတို့နှင့် ရင်းနှီးသည့် မြန်မာပြည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို စိတ်ဝင်စားပြီး ကူညီဆောင်ရွက်ပေးမည့် ထိုင်းလူမျိူးလှုပ်ရှားတက်ကြွသူများကို FED ၏ ကော်မီတီဝင်များ အဖြစ် ပါဝင်ပါရန် မေတ္တာရပ်ခံခဲ့သည်။

အရေးကြီးသည့် ကိစ္စတခုမှာ အဖွဲ့အစည်း၏ ဥက္ကဋ္ဌ ရွေးချယ်ရေးပင်။ အဖွဲ့အစည်း ဥက္ကဋ္ဌအား ထိုင်းနိုင်ငံ၏ အထင်ကရ ပညာရှင်၊ နိုင်ငံရေးသမားနှင့် တက်ကြွလှုပ်ရှားသူများထဲမှ ရွေးချယ်သင့်ကြောင်း လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများမှ အကြံပေးကြသည်။ အာဂျန်နှင့် ခင်မင်သိကျွမ်းနေသော်လည်း ၎င်း၏ အရှိန်အဝါ၊ ဂုဏ်သိက္ခာနှင့် မျိုးရိုးနောက်ခံသမိုင်းတို့ကြောင့် မိမိအဖွဲ့အစည်းအတွက် တာဝန်ယူပေးပါရန် ကမ်းလှမ်းဖို့ ကျနော် လွန်စွာ တွန့်ဆုတ်နေမိသည်။

သို့သော် အာဂျန်နှင့် ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက်၊ ရုပ်သံမှတ်တမ်းများဖန်တီးသူ အမေရိကန်နိုင်ငံသူ Ms. Jeanne Marie Hallacy မှ တဆင့် အဖွဲ့အစည်းအား မိတ်ဆက်ပေးပြီး ဥက္ကဋ္ဌ တာဝန်ယူပေးပါရန် မေတ္တာရပ်ခံပေးသောအခါ ခရိုင်ဆတ် လွယ်လွယ်ကူကူ လက်ခံပေးခဲ့သည့်အတွက် လွန်စွာ အံသြဝမ်းသာဖြစ်ခဲ့ရသည်။

တာဝန်ကို လက်ခံဆောင်ရွက်ရာတွင်လည်း ပေါ့ပေါတန်တန် နာမည်ခံရုံ သက်သက်မဟုတ်ဘဲ အဖွဲ့အစည်း ဖွံ့ဖြိုးကြီးထွားပြီးရေရှည်တည်တန့်စေရေး မူဒါဒရေးရာများ ချမှတ်ရာတွင် အဓိက ပါဝင်ခဲ့ပြီး ရန်ပုံငွေရှာဖွေခြင်းနှင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှုများရရှိအောင် တစိုက်မတ်မတ်ဆောင်ရွက်ပေးခဲ့သည်။

သူသည် ကလေးသူငယ်များကို အမှန်တကယ် ချစ်မြတ်နိုးပြီး ထိုင်းနိုင်ငံတောင်ပိုင်းရှိ အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများ ပညာရေးနှင့် လုံခြုံမှုအခွင့်အရေးများ ငြင်းပယ်ခံရခြင်းကို အလွန်ဒေါသထွက်ခဲ့ဖူးသည်ကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ဖူးသည်။

သူ၏ ဦးဆောင်မှု အောက်တွင် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးကို မြှင့်တင်ပေးရန်နှင့် သူတို့၏ ကလေးများအတွက် ပညာရေးထောက်ပံ့ပေးသော အဖွဲ့အစည်းတခု ခိုင်ခိုင်မာမာ ဖြစ်ထွန်းတိုးတက်လာခဲ့သည်မှာ ယနေ့ ကျနော်တို့ အဖွဲ့အစည်း၏ လက်ရှိအနေအထားများက သက်သေပင်။

FED သည် ထိုင်းနိုင်ငံတွင် ပထမဆုံးမှတ်ပုံတင် လုပ်ကိုင်ခဲ့သည့် မြန်မာ NGOs တခုဖြစ်လာခဲ့ပါသည်။

အာဂျန်နှင့် စာရေးသူ

အာဂျန်သည် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊( FED သို့ ပုံမှန် လာရောက်လည်ပတ်ခဲ့သည်။ မြန်မာရွှေ့ပြောင်း ကလေးများအတွက် ဖွင့်ထားသည့် ပညာရေး စင်တာများကို ဂုဏ်ယူဝင့်ကြွားစွာ လှည့်လည်ကြည့်ရှုတတ်သည်။ ရာဘာစိုက်ခင်း၊ ငါးဖမ်းလှေများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ၏ ပြဿနာများကို စိတ်ဝင်တစား သွားရောက်နားထောင်တတ်သည်။ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးတတ်သည်။

ကမ္ဘာကျော် လိပ်ကျွန်းလူသတ်မှုနှင့် ရနောင်း လူသတ်မှုများတွင် မြန်မာရွေ့ပြောင်းအလုပ်သမားများ မတရားဖမ်းဆီးခံခဲ့ရသည်ဟု သူ ယုံကြည်ခဲ့သည့်အလျောက် လိုအပ်သည့် ပြင်ဆင်မှုများနှင့် ဆက်သွယ်ဆောင်ရွက်သင့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပေးခဲ့သည်။ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေဆုံရန် ၎င်း၏ နေအိမ်တွင် စီစဉ်ပေးခဲ့ဖူးသည်။

အခုတော့ အာဂျန်ကွယ်လွန်ခဲ့ပြီ။ ၂၀၁၅ ခုနှစ်ကတည်းက စွဲကပ်လာသော လျှာကင်ဆာနှင့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် သေဆုံးခဲ့သည်။ ထိုင်းနိုင်ငံ၏ သတင်းမီဒီယာများသာမက နိုင်ငံတကာ မီဒီယာများတွင် အာဂျန်ခရိုင်ဆတ်၏ သမိုင်းကြောင်းကို ဝေဝေဆာဆာ ရေးသားဖော်ပြကြသည်။

မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ တိုင်းရင်းသားဒုက္ခသည်အရေးနှင့် ရွှေ့ပြောင်းဒုက္ခသည်အရေးအတွက်လည်း သူ့ဘဝတလျှောက်လုံး စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက်ပေးခဲ့သမျှ ကျေးဇူးတို့ကို ယခု ဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုဦးညွှတ်လိုက်ပါသည်။

ဤနေရာတွင် မြန်မာနိင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ခေါင်းဆာင်တဦးဖြစ်သည့် ကဗျာဆရာ မောင်လွမ်းဏီ၏ စာသားများကို ကိုးကားလိုသည်။

“နိမ့်ကျသူတို့ကို အကာအကွယ်ပြုသူ၊
တော်လှန်သူတို့ကို တန်ဖိုးထားလေးနက်သူ၊
တရားမျှတမှုနဲ့ အမှန်တရားကို ရင်ထဲမှာမြှပ်နှံထားသူ။ “

အာကျန်၊ ကောင်းရာသုဂတိလားပါစေ။

(ထူးချစ်သည် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) FED အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်)

You may also like these stories:

အိမ်ရှင်တွေ အနေနဲ့ အိမ်အကူတွေအပေါ် လူသားဆန်မှုကို ပြဖို့ လိုတယ်

ကူကယ်ရာမဲ့နေတဲ့ မလေးရှားရောက် မြန်မာလုပ်သားများ ဘဝ

အိမ်ကူကလေးလုပ်သားတွေကို လျစ်လျူရှု မထားကြပါနဲ့

The post အပစ်ပယ်ခံများ၏ ဂုဏ်သရေရှိ လူကြီးမင်း အာဂျန်ခရိုင်ဆတ် appeared first on ဧရာဝတီ.

Viewing all 3346 articles
Browse latest View live