Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

အာဏာရပါတီ ရွေးကောက်ပွဲ နိုင်ဖို့ဆိုရင်

$
0
0
ကြံ့ခိုင်​​ရေး, ရွေးကောက်ပွဲ, ကော်မရှင်,

ကြံ့ခိုင်ရေးပါတီ စုဝေးပွဲ တက်ရောက်လာသူ (ဓာတ်ပုံ – Paula Bronstein)

လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတ မယ်ဆိုရင်တော့ လက်ရှိအာဏာရပါတီဖြစ်​တဲ့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဟာ အနိုင်​ရနိုင်ဖို့ အခွင့်အရေး နည်းလှပါတယ်​။ ဒါပေမယ့် သူတို့အနေနဲ့ တိုင်းပြည်​အာဏာကို ဆက်​ထိန်းထားဖို့ ရည်​ရွက်​ချက်​ရှိမယ်ဆိုရင်တော့ မဲမသမာမှု လုပ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး။

၂၀၁၀ ရွေးကောက်ပွဲဟာ မဲလိမ်​မှု၊ မဲမသမာမှု​တွေနဲ့ ပြည့်​နှက်​​နေတယ်​လို့ အများက ယုံကြည်​ကြပြီး ယခင်​ စစ်အစိုးရက ဖွဲ့စည်းခဲ့တဲ့ ပြည်​​ထောင်​စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ဒီရွေးကောက်ပွဲမှာ  မဲ ၇၅ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပါတယ်။ အထူးသဖြင့် ကြိုတင်မဲတွေနဲ့ မဲမသမာမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မကြာသေးမီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကို ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ကြိုတင်မဲတွေနဲ့ မဲမသမာမှုလုပ်ခဲ့လားလို့ ဧရာဝတီက မေးတဲ့အခါမှာ သူက “အများစု ရှိခဲ့တယ်” လို့ ဖြေပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်​ခဲ့တဲ့အပြင်​ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အဖွဲ့ဝင်ဟောင်း တဦးဖြစ်တဲ့ ဦးတင်အေးက “(၂၀၁၀ ရွေးကောက်ပွဲမှာ) ကျနော့်လက်​ထဲမှာ ကြိုတင်​မဲ ဘယ်​နှယောက်​နဲ့နိုင်​တယ်​။ ဘယ်​ပါတီ နိုင်​ခဲ့တယ်​။ ကြိုတင်​မဲ ဘယ်​​လောက်​ထည့်​လို့ နိုင်​တယ်​ဆိုတာ ကျနော့်လက်ထဲမှာရှိပါတယ်” လို့ ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အတိုက်​အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အကျယ်ချုပ် ကျနေရဆဲဖြစ်​ပြီး သူ့ရဲ့ပါတီဖြစ်​တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ခြင်း မရှိခဲ့တာမို့ ဒီစစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ အဓိကပြိုင်ဘက်မရှိဘဲ ဝင်ပြိုင်ခဲ့ရတာ ဖြစ်​ပါတယ်​။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကိုယ်​တိုင်​ကလည်း ပြီးခဲ့တဲ့ဇွန်လက ဧရာဝတီနဲ့ အင်တာဗျူးမှာ ၂၀၁၀ ရွေးကောက်ပွဲကို ပွင့်ပွင့်လင်းလင်း သုံးသပ်ပြခဲ့ရာမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ Handicaps (အသာစီး) အများကြီးရခဲ့ပြီး တပါတီတည်းရှိခဲ့တဲ့သဘောမျိုး ဖြစ်​ခဲ့တယ်​လို့ ဝန်​ခံခဲ့ပါတယ်​။

လာမယ့်​နိုဝင်​ဘာ ရွေးကောက်ပွဲမှာလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၀၁၀ ကလို မဲမသမာမှုမလုပ်ဘူးဆိုရင်တော့  အနိုင်​ရဖို့ဆိုတာ မဖြစ်​နိုင်​သ​လောက်​ပါပဲ။

NLDနဲ့ တိုင်းရင်းသားပါတီတွေ ဝင်ပြိုင်ခဲ့ကြတဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကတော့ လွတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့ အများက ယူဆခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲမှာ NLD က မဲဆန္ဒနယ် ၄၄ နေရာ ဝင်ပြိုင်ခဲ့ရာမှာ ၄၃ ခုမှာ အနိုင်ရတဲ့အထိ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက​တော့ NLD ကိုယ်စားလှယ်လောင်း အပယ်​ခံခဲ့ရတဲ့ မဲဆန္ဒနယ်တခုမှာပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်​။

အံ့ဩဖို့​ကောင်းတာက​တော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ အနိုင်​ရလိမ့်မယ်လို့ ထင်​ရတဲ့ နေပြည်တော်က မဲဆန္ဒနယ် ၄ ခုလုံးမှာလည်း အနိုင်​မရခဲ့ဘဲ NLD က အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်​။ ၂၀၁၂ ရွေးကောက်ပွဲကို ကြည့်ပြီး သုံးသပ်​ရမယ်​ဆိုရင်​​တော့ တကယ်​လို့ လာမယ့်​​ရွေး​ကောက်​ပွဲဟာ လွတ်လပ်မှုရှိခဲ့မယ်ဆိုရင်​ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ နိုင်​ဖို့အလားအလာ လုံးဝမရှိပါဘူး။

အကြမ်းဖက်ခဲ့တဲ့ သမိုင်းကြောင်း

၃၂ သန်း ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားတဲ့ မြန်မာနိုင်ငံရဲ့ မဲဆန္ဒရှင်အများအပြားဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ မကောင်းတဲ့သမိုင်းကြောင်းကို အမှတ်ရနေဦးမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ၁၉၉၃ ခုနှစ်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းဟာ NLD အပါအဝင် အတိုက်အခံအုပ်စုတွေအပေါ် တိုက်ခိုက်မှုတွေပါဝင်ခဲ့တယ်လို့ အများက ယုံကြည်ကြပါတယ်။

ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေထဲက တခုကတော့ ၂၀ဝ၃ ခုနှစ်၊ မေလ (၃၀)ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းဖြစ်ရပ်လို့ လူသိများခဲ့တဲ့ တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းအဖွဲ့ဝင်တွေနဲ့ စွမ်းအားရှင်အဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ရွာကလေး တရွာမှာ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာတဲ့ ကားတန်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ NLD ထောက်ခံသူ​ လေးငါးဆယ်​​လောက်​ သေဆုံးခဲ့ရတယ်​လို့ အတိုက်​အခံ​တွေက ​ပြောကြပါတယ်​။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကံကောင်းစွာနဲ့ လွတ်မြောက်သွားခဲ့ပြီး NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကတော့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒီနောက်မှာတော့ နှစ်ယောက်စလုံး ထောင်ချခံခဲ့ရပါတယ်။ ဒီအကြမ်းဖက်​ တိုက်ခိုက်မှုမှာ စစ်အစိုးရရဲ့ အစိုးရအဖွဲ့ဝင်​အချို့ပါဝင်​စီစဉ်​ခဲ့တယ်​လို့​ ပြောကြပါတယ်​။

ပီတာပိုဖန်ရဲ့The Lady and the Peacok: The life of Aung San Suu Kyi စာအုပ်မှာ ဒီလိုရေးထားပါတယ်။ “၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းအတွင်းရေးမှူးနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး ဦးဝင်း စိန်က မန္တ​လေးမြို့နားကဒေသခံရွာသားတွေနဲ့ တွေ့ ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖို့က သူတို့ရဲ့တာဝန်ပဲ” လို့ ပြောပါတယ်။

“ပြည်တွင်းနိုင်ငံရေး ဆူပူမှုတွေကို ဖန်တီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းပစ်ရမယ်။ အပြတ်ရှင်းတယ်ဆိုတာကို ခင်ဗျားတို့ နားလည်ကြလား” လို့ ဦးဝင်းစိန်​က ပြောခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က မြန်မာဘာသာနဲ့ထုတ်ဝေတဲ့ ဦးဝင်းတင်ထွဋ် သုတေသနပြုစု ရေးသားထားတဲ့   “မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအညွန်း” စာအုပ်ထဲမှာတော့ ဒီပို့ဆောင်ရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဖို့ လူအုပ်ကြီးကို ဘယ်လိုလှုံ့ဆော်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ရေးသားထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဟာ အစိုးရဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကို အတင်းအကျပ် အသင်းဝင်ခိုင်း ခဲ့ပါတယ်။ ၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေအပေါ် တိုက်ခိုက်မှုတွေမှာ အသင်းအနေနဲ့ ပါဝင်ပတ်သက်မှုတွေရှိခဲ့တယ်လို့ ဆိုကြပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းက သူ့မှာ မြန်မာနိုင်ငံတဝန်း အသင်းသား ၂၄ သန်း ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ လအနည်းငယ်အလိုလောက်မှာပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

ပါတီအလံကို ကြည့်ပြီး မဲပေးပါ

ဒီနေ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ယခင်စစ်အာဏာသိမ်း အစိုးရက ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ သူတို့ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖွဲ့စည်းခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ အလားသဏ္ဌာန်တူပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ ၁၀ နေရာသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့လက်အောက်မှာ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို နာမည်ပြောင်းထားတဲ့ပါတီပဲ ဆိုတာကို မဲဆန္ဒရှင်အများစုက သိကြပါတယ်​။

လာမယ့်ရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာမို့လို့ မဲကွဲသွားမှာဖြစ်ကာ NLD အနေနဲ့ မဲအများစုကို မရနိုင်လောက်ဘူးလို့ အာဏာရပါတီက တွက်ဆထားပုံရပါတယ်။ မြန်မာ့အရေး လေ့လာသူတွေကလည်း ဒီလိုပဲ ယူဆကြပါတယ်။

ဒါပေမယ့် မဲဆန္ဒရှင်တွေက ယခင်စစ်​အစိုးရ လက်ထက် ၁၉၉၀မှာလည်း ဒီလိုနိုင်ငံရေးပါတီတွေ အများအပြားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့တဲ့ ဗျူဟာကို သတိပြုမိပြီး ဖြစ်နေပါတယ်။ နိုင်ငံက စစ်အုပ်ချုပ်ရေးအောက်မှာ ၁၉၆၂ ခုနှစ်​ကတည်း က ဆယ်စုနှစ် သုံးစုနီးပါးနေခဲ့တာမို့ ထင်သာမြင်သာ အပြောင်းအလဲတွေကို မြင်ချင်တဲ့အတွက် မဲဆန္ဒရှင် တွေဟာ NLD ကို မဲ​​ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်မှာ ဒေါ်အောင်ဆန်းစု ကြည်ကနေ နေပြည်တော်မှာ ပြည်သူတွေနဲ့ တွေ့ဆုံ ရာမှာ ဒီလွန်ခဲ့တဲ့ ၂၅ နှစ်ကလိုမျိုးပဲ NLD ကို မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

“ပြည်သူတွေက ပါတီအလံကိုကြည့်ပြီး မဲပေး ကြပါ။ ကိုယ်စားလှယ်လောင်း နာမည်ကို ကြည့်မနေ ပါနဲ့တော့၊ ပါတီကိုသာ မဲပေးကြပါ”။

“မြန်​မာနိုင်​ငံ လွတ်​လပ်​​ရေးမရခင်​  ကျမအဖေ (ဗိုလ်ချုပ်အောင်ဆန်း) ပြောခဲ့သလိုပါပဲ။ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေး အသင်းချုပ်) ကို မဲပေးကြပါ။ လွတ်လပ်ရေးအတွက် ဆောင်ရွက်မယ့်ပါတီကို မဲပေးကြပါ”။

ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ သန့်ရှင်း တဲ့အစိုးရတရပ်ကို ဖော်ဆောင်နိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။ ဒီလို ပြောဆိုမှုဟာ ယေဘုယျဆန် ပေမယ့်လို့ ရွေးကောက်ခံမဟုတ်​တဲ့ အဂတိလိုက်​စားတဲ့ အုပ်​ချုပ်​သူ​တွေ လက်​​အောက်​မှာ နှစ်​​ပေါင်း များစွာ​​နေ​လာခဲ့ရတဲ့ မြန်မာမဲဆန္ဒရှင်တွေအတွက်​​တော့ လုံ​လောက်​တဲ့​ပြောဆိုမှုပါပဲ။

မြန်မာနိုင်ငံရဲ့ မဲဆန္ဒရှင်အများစုဟာ နိုင်ငံရေး ပါတီတွေရဲ့ စီးပွားရေး ဒါမှမဟုတ် နိုင်ငံခြားရေးမူဝါဒ  သဘောတရားတွေကို အသေးစိတ် လေ့လာကြမှာ တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်ထောင်စုကြံ့ခိုင် ရေးနဲ့ ဖွံ့ဖြိုး​ရေးပါတီဟာ တကယ်​ ဒီမိုကရေစီကို လိုလားတဲ့ ပါတီဖြစ်လာလိမ့်မယ်လို့ ယုံကြည်ရလောက်​​ အောင်​လည်း နိုင်​ငံ​ရေးအသိ မနည်းကြပါဘူး။

သန့်ရှင်းတဲ့ အစိုးရနဲ့ပတ်သက်ပြီး NLD က ပြောဆိုတာတွေကိုတော့ မဲဆန္ဒရှင်တွေက ကြားခဲ့ပြီး ပါပြီ။ ရွေးကောက်ပွဲပြီးတဲ့ နောက်မှာတော့ သူတို့ အနေနဲ့ အလုပ်နဲ့ သက်သေပြတာကိုမြင်ရဖို့ မျှော်လင့် ကြပါလိမ့်မယ်။ NLD ပါတီမှာ အားနည်းချက်တွေ အများကြီး ရှိပေမယ့်လို့ ဒီပါတီဟာ စစ်မှန်တဲ့ ဒီမို ကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို ဖော်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ အများစုက ယူဆနေတုန်း ပါပဲ။

ဒါ​ပေမယ့်  ရွေး​ကောက်​ပွဲနဲ့  ပတ်​သက်​ပြီး မေးခွန်းတခုက​တော့ ရှိ​နေပါ​သေးတယ်​။ တပ်​မ​တော်​က ကျော​ထောက်​​နောက်​ခံပြုထားတဲ့ အာဏာ ရပါတီအ​နေနဲ့ NLD အနိုင်​ရခဲ့ရင်​ အစိုးရဖွဲ့ခွင့်​ပြု ပါ့မလားဆိုတာပါပဲ။

နိုဝင်​ဘာ​ရွေး​ကောက်​ပွဲမှာ မည်​သည့်​ရလဒ်​ထွက်​သည်​ဖြစ်​​စေ လက်​ရှိအစိုးရက​တော့ သူ့ရဲ့      “ပြုပြင်​​ ပြောင်းလဲ​ရေး” လုပ်​ငန်းစဉ်​ကို ဆက်​လက်​အ​ကောင်​အထည်​​ဖော်​ဖို့အတွက်​ အုပ်​ချုပ်​​ရေး အာဏာကို မဖြစ်​မ​နေ ဆက်​ထိန်းထားလိုဦးမှာပဲ ဖြစ်​ပါတယ်​။ စစ်​တပ်​​ဗိုလ်​ချုပ်​ကြီး​ဟောင်း​တွေ လွှမ်း မိုးထားတဲ့ လက်​ရှိ အစိုးရအ​နေနဲ့ ပြည်​​ထောင်​စုကြံ့ ခိုင်​​ရေးနဲ့ ဖွံ့ဖြိုး​ရေးပါတီကို တိုင်းရင်းသားစည်း လုံးညီညွတ်​​ရေးပါတီလို အဖြစ်​မျိုးနဲ့ ကြုံရ​စေဖို့ အလွယ်​တကူ ခွင့်​ပြုမှာ မဟုတ်​ပါဘူး။

ဗိုလ်​ချုပ်​​အောင်​ဆန်း​တို့ ခေတ်​တုန်းက​တော့ ကိုလိုနီအုပ်​ချုပ်​​ရေးစနစ်​က​နေ လွတ်​လပ်​​ရေးရဖို့ အတွက်​ တိုက်​ပွဲဝင်​ခဲ့ရတာ ဖြစ်​ပါတယ်​။ ဒီ​နေ့​ခေတ်​မှာ​တော့ တပ်​မ​တော်​နဲ့ သူဖွဲ့စည်းထားတဲ့​​ပါတီက​နေ “လွတ်​လပ်​မှု” ရဖို့အတွက်​ ရုန်းကန်​လှုပ်​ရှား​နေတယ်​လို့ဆိုရမှာပါ။

The post အာဏာရပါတီ ရွေးကောက်ပွဲ နိုင်ဖို့ဆိုရင် appeared first on ဧရာဝတီ.


Viewing all articles

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...