NUG (အမျိုးသား ညီညွတ်ရေး အစိုးရ) သည် ၂၀၂၁ ခုနှစ် နွေဦး တော်လှန်ရေးတွင် ပင်မအင်အားစုအဖြစ် ပေါ်ထွက်လာ သည်ကတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အသိအမှတ်ပြုရပေမည်။
NUG သည် အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားနေရသည်နှင့် တပြိုင်တည်းတွင် ၎င်းအား သဲကြီးမဲကြီး တိုက်ခိုက် နေသည့် စစ်ကောင်စီအပြင် အခြားအင်အားစုများ၊ လူပုဂ္ဂိုလ်များတို့၏ ဝေဖန်မှု အမျိုးမျိုးကိုလည်း ရင်ဆိုင်နေရသည်ကို တွေ့ရသည်။
သို့ဖြစ်ရာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော NUG သည် ၂၀၂၂ နိုဝင်ဘာ ၁၆ ရက်တွင် ၁၉ လ တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ မေလတွင် ဖွဲ့စည်းခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) သည်လည်း ၁၈ လကျော် ၁၉ လထဲ ဝင်ခဲ့ပြီ ဖြစ်၏။
ထိုသို့သော ကာလတွင် NUG နှင့် ပတ်သက်၍ ပကတိ အခြေအနေများပေါ်မှ သုံးသပ်ကြည့်ပါက အားသာချက်၊ အား နည်းချက်များကို အောက်ပါအတိုင်း တွေ့ရ၏။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော NUG သည် ၂၀၂၂ နိုဝင်ဘာ ၁၆ ရက်တွင် ၁၉ လ တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ မေလတွင် ဖွဲ့စည်းခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) သည်လည်း ၁၈ လကျော် ၁၉ လတွင် ဝင်ခဲ့ပြီ ဖြစ်၏။
NUG သည် နိုင်ငံရေး ရည်မှန်းချက်တခုကို အကောင်အထည်ဖေါ်ရန် ဖွဲ့စည်းသည့် နိုင်ငံရေးပါတီတရပ်၊ အစုအဖွဲ့ တ ရပ်နှင့် မတူကွဲပြားသကဲ့သို့ နိုင်ငံရေးအမြင် တူသူများကို စုစည်းထားသည့် နိုင်ငံရေးပါတီတရပ်နှင့်လည်း ကွဲပြား၏။
NUG သည် ၂၀၂၁ ခှနှစ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော၊ လူထုအုံကြွမှုကို အကြမ်းဖက်ဖိနှိပ်သော စစ်တပ်အား လက်နက်ကိုင် ခုခံဆန့်ကျင်သည့် စစ်ပွဲကို ဦးဆောင်ရန် လူထုက တွန်းတင်ပေးလိုက်သည့် နိုင်ငံရေးအစုအဖွဲ့အဖြစ် ပေါ်ထွက်လာခြင်း ဖြစ်၏။
NUG ၏ စည်းရုံးရေး ပုံသဏ္ဍာန်သည် လက်နက်ကိုင်တိုက်ပွဲနှင့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ NUG သည် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော PDF ဖွဲ့စည်းရေးအား လှုံ့ဆော်ခဲ့သကဲ့သို့ အခြေခံအားဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။ ပြန့်ကျဲနေသော အင်အားစုများကို စုစည်းနိုင်ခဲ့သည်ဟုဆိုရမည်။
သို့ဖြစ်ရာ NUG အားသာချက်၊ အားနည်းချက်ကို သုံးသပ်မည်ဆိုပါက NUG ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော PDF ဖွဲ့ စည်းမှုက အဓိက အခန်းတွင်ရှိ၏။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပြည်သူလူထုသည် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသော်လည်း စစ်တပ်သည် ဆန္ဒပြသူများကို အကြမ်းဖက်၍ ဖြိုခွင်းနှိမ်နှင်းခဲ့သည်။ စစ်အာဏာရှင်စနစ်အောက် ပြန်မရောက်ချင်တော့သည့် ပြည်သူများသည် ရရာလက်နက်စွဲကိုင်ပြီး PDF အဖြစ် ထွက်ပေါ်လာခါ စစ်အာဏာရှင်အောက်တွင် ဒုက္ခရောက်နေရသော ပြည်သူ များကို ကာကွယ်ပေးခဲ့သည်။
သို့ဖြစ်ရာ PDF တပ်ဖွဲ့များအား NUG က တိုက်ရိုက်ဖွဲ့စည်းသည်ရှိသကဲ့သို့ ဒေသအလိုက် ကိုယ်အားကိုယ်ကိုးပြီး ဖွဲ့ စည်းခဲ့ကြသည်က ပိုများသည်ဟု ဆိုရမည်။
ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကို အမျိုးအစားအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသခံပြည်သူ့ ကာကွယ် ရေးတပ် (LDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ – PDT ) အဖြစ် ခွဲခြားနိုင်ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ် (PDF)သည် အင်အားအများဆုံးဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အသိအမှတ်ပြုထားသည့် တပ်ဖွဲ့ ဖြစ် သည်။
တဖက်ကပြောလျင် ကိုယ့်နယ်ကိုယ့်ဒေသနှင့်တော်လှန်နေသော အဖွဲ့အစည်းများကို NUG က စုစည်းထားခြင်းဖြစ်၏။ PDF များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) များနှင့် NUG မှ ပူးတွဲ ကွပ်ကဲထားသည်။
ပြည်သူ့ကာကွယ်ရေးတပ် (PDF)သည် အင်အားအများဆုံးဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အသိအမှတ်ပြုထားသည့် တပ်ဖွဲ့ ဖြစ် သည်။တဖက်ကပြောလျင် ကိုယ့်နယ်ကိုယ့်ဒေသနှင့်တော်လှန်နေသော အဖွဲ့အစည်းများကို NUG က စုစည်းထားခြင်းဖြစ်၏။ PDF များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) များနှင့် NUG မှ ပူးတွဲ ကွပ်ကဲထားသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်တပ်ကို နိုင်ငံရေး၊ စစ်ရေးအရ ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်နေသော လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြရာ စစ်ရေး အတွေ့အကြုံရှိသည်။ တောင့်တင်းသော လက်နက်ကိုင် တပ်ဖွဲ့များ ရှိကြသည်။ ထိန်းချုပ်ထားနိုင်သည့် အခြေခံ ဒေသများရှိကြသည်။ သို့ဖြစ်ရာ ယခုမှ လက်နက်စွဲကိုင်သော PDF များနှင့် ဝါရင့် တိုင်းရင်း သားတပ်ဖွဲ့များ၏ အတွဲအစပ် ပေါ်လာ၏။
LDF များသည် NUG ၏ အမိန့်ကွပ်ကဲမှု ပြင်ပမှ ပြောက်ကျားစနစ်နှင့် ကိုယ်ထူကိုယ်ထ တော်လှန်နေကြသူများ ဖြစ်ကြသည်။ ပြည်သူ့ ကာကွယ်ရေး အဖွဲ့အစည်း (ပ.က.ဖ – PDT) များကမူ မိမိနယ်မြေဒေသများကို ကာကွယ်ရေး၊ လုံခြုံရေးအတွက် နယ်မြေအလိုက် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ယေဘုယျအားဖြင့် PDF များသည် တပ်ရင်းတပ်ဖွဲ့အနေနှင့် တည်ရှိပြီး LDF နှင့် ပ.က.ဖ များက ဒေသအခြေပြု ကိုယ်ထူကိုယ်ထ ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ ဖြစ်ကြသည်။
PDF ပြည်သူ့ကာကွယ်ရေးတပ်
လက်ရှိ အခြေအနေတွင် NUG လက်အောက်၌ တပြည်လုံးတွင် PDF တပ်ရင်း ၂၂၁ ရင်းရှိပြီး ကရင်နီရှိ KNDF တပ်ရင်းများနှင့် ချင်းပြည်နယ်ရှိ CDF တပ်ရင်းများပါ ထည့်ပေါင်းပါက တပ်ရင်း ၃၀၀ ဝန်းကျင်ခန့် ရှိသည်ကို တွေ့ရသည်။ တပ်ရင်း ၆၃ ရင်းခန့်က NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုမှုကို စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု သိရသည်။
LDF အဖွဲ့ပေါင်း ၁၀၀ ခန့်သည် PDF အဖြစ် ကူးပြောင်းခဲ့ကြပြီး တချို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့– ပကဖ ( PDT ) အဖြစ် ပါဝင်လာကြပါသည်ဟု သိရသည်။ LDF တဖွဲ့နှင့် တဖွဲ့ အင်အား မတူကြဘဲ စုစုပေါင်း သုံးသောင်းခန့် ရှိနိုင်ပြီး ပြီးခဲ့သော ၆ လခန့်အတွင်း LDF ၂၅ ရာခိုင်နှုန်းခန့်သည် PDF အဖြစ် ကူးပြောင်းခဲ့သည်ဟု ဆိုပါသည်။
PDF အင်အား စုစုပေါင်းသည် အကြမ်းအားဖြင့် ၆၅၀၀၀ ခန့်ရှိပြီး ၎င်းတို့ထဲမှ ၂၀ ရာခိုင်နှုန်းခန့်အား ပုံမှန်တပ် တခုကဲ့သို့ လက်နက်တပ်ဆင်ထားနိုင်ပြီး ၄၀ ရာခိုင်နှုန်းခန့်မှာမူ လက်လုပ် သေနတ်များရှိကြသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ စာရင်းအရ PDF တပ်ရင်းပေါင်း ၃၀၀ ခန့်ရှိပြီး တပ်ရင်းတရင်းလျှင် အင်အား ၂၀၀ ခန့်မှ ၅၀၀ အထိရှိကြဟု သိရသည်။ တပ်ရင်းတိုင်းအား တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်း ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းထားသည်ဟု ဆိုပါသည်။
LDF ဒေသကာကွယ်ရေး တပ်ဖွဲ့များ
၂၀၂၂ ဧပြီလအထိ LDF အဖွဲ့ပေါင်း ၄၀၁ ဖွဲ့ခန့်ရှိသည်ဟု NUG က ခန့်မှန်းသည်ဟု သိရသည်။ LDF များသည် PDT နဲ့ PDF များထက် ပိုပြီး ကိုယ့်ခြေကိုယ့်လက်နှင့် လှုပ်ရှားနေကြသည်။
NUG/EAO များ၏ ကွပ်ကဲမှုအောက်တွင် မရှိသော်လည်း အလွတ်သဘော ချိတ်ဆက်ဆောက်ရွက်နေသောအဖွဲ့ ၃၅၄ ဖွဲ့ ရှိသည်ဟု သိရသည်။ ဤအချက်သည် LDF များအား ပိုပြီး ကျယ်ပြန့်သော တပ်အုပ်ချုပ်ရေးစနစ်ထဲတွင် ပူးပေါင်း ပါဝင်လာရန်အတွက် ပထမခြေလှမ်း ဖြစ်သည်။
LDF အဖွဲ့ပေါင်း ၁၀၀ ခန့်သည် PDF အဖြစ် ကူးပြောင်းခဲ့ကြပြီး တချို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့– ပကဖ ( PDT ) အဖြစ် ပါဝင်လာကြပါသည်ဟု သိရသည်။ LDF တဖွဲ့နှင့် တဖွဲ့ အင်အား မတူကြဘဲ စုစုပေါင်း သုံးသောင်းခန့် ရှိနိုင်ပြီး ပြီးခဲ့သော ၆ လခန့်အတွင်း LDF ၂၅ ရာခိုင်နှုန်းခန့်သည် PDF အဖြစ် ကူးပြောင်းခဲ့သည်ဟု ဆိုပါသည်။
LDF များသည် တပ်ဖွဲ့ရံပုံငွေကို ကိုယ်တိုင်ရှာဖွေပြီး တိုက်နေကြသူများဖြစ်ပြီး တချို့ LDF များကတော့ လက်နက်နှင့် စစ်ပညာများ ပေးနိုင်သည့် အင်အားကြီး EAO များနှင့် ချိတ်ဆက်လှုပ်ရှားနေကြသည်ကို တွေ့ရသည်။
ပကဖများသည် ကျေးရွာအဆင့်တွင် အခြေပြုဖွဲ့စည်းပြီး မြို့နယ်အဆင့်တွင်လည်း စုစည်းလုပ်ကိုင်ကြသည်ဟု သိရသည်။ ပကဖတို့သည် အများအားဖြင့်တော့ အိမ်လုပ် လက်နက်ငယ်တွေသာ ရှိသည်ဟုသိရပြီး တော်လှန်ရေး လှုပ်ရှားမှုကြီး တခုလုံးနှင့် ရပ်ရွာကြားကို ဆက်စပ်ပေးသော အခြေခံအုတ်မြစ်များအဖြစ် တည်ရှိကြ၏။
LDF များသည် မိုင်းထောင်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း၊ အလစ်အငိုက်တိုက်ခိုက်ခြင်း၊ ရန်သူပစ်မှတ်များကို ချောင်းပြီး တိုက်ခိုက်ခြင်းများ ပြုလုပ်ကြပြီး ၎င်းတို့နယ်မြေများတွင် စစ်တပ်၏အုပ်ချုပ်ရေး အထိုင်ကျမသွားစေရန် ဟန့်တားထားကြသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့–ပကဖ (PDT)
ပကဖ များအား NUG က ဖွဲ့စည်းပေးခဲ့ပြီး မြို့ပြပျောက်ကျား စစ်ဆင်ရေးများ ဆောင်ရွက်ရန်၊ PDF များကို ကူညီရန်၊ ပြည်သူကို စည်းရုံးရန်၊ ထောက်ပို့တာဝန်ယူရန်နှင့် တော်လှန်ရေးတပ်သားသစ်များအား အခြေခံစစ်သင်တန်းပေးရန်အတွက် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်သည်ဟုဆိုသည်။
NUG ၏ အဆိုအရ မြို့နယ်ပေါင်း ၃၃၀ တွင် ပကဖ အဖွဲ့ပေါင်း ၂၅၀ ခန့်ဖွဲ့ထားပြီဟု ဆိုသည်။ လွန်ခဲ့သော ၆ လအတွင်း ကျေးရွာအဆင့်တွင် ဖွဲ့စည်းမှု ပိုမိုများပြားလာခဲ့ပြီး ပကဖများအား စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းများတွင် ပို၍ ဖွဲ့စည်းမှု များသည်ဟု သိရသည်။
ပကဖများသည် ကျေးရွာအဆင့်တွင် အခြေပြုဖွဲ့စည်းပြီး မြို့နယ်အဆင့်တွင်လည်း စုစည်းလုပ်ကိုင်ကြသည်ဟု သိရသည်။ ပကဖတို့သည် အများအားဖြင့်တော့ အိမ်လုပ် လက်နက်ငယ်တွေသာ ရှိသည်ဟုသိရပြီး တော်လှန်ရေး လှုပ်ရှားမှုကြီး တခုလုံးနှင့် ရပ်ရွာကြားကို ဆက်စပ်ပေးသော အခြေခံအုတ်မြစ်များအဖြစ် တည်ရှိကြ၏။
PDF တပ်ဖွဲ့များကို ကွပ်ကဲရန် စစ်ဒေသအုပ်ချုပ်မှု Military Division Commands-MDC သုံးခုဖွဲ့စည်းထားပြီး PDF တပ်ရင်း ၂၀၀ ခန့်သည် ကချင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ချင်း စစ်မြေပြင်များကို ညှိနှိုင်းဆောင်ရွက်သည့် စစ်ဒေသ အုပ်ချုပ်မှု ၁ အောက်တွင် လည်းကောင်း၊ PDF တပ်ရင်း ၅၀ ခန့်သည် ကရင်၊ မွန်နှင့် ကရင်နီဒေသတွင်ရှိသည့် စစ်ဆင်ရေးများကို ကွပ်ကဲနေသည့် စစ်ဒေသအုပ်ချုပ်မှု ၂ နှင့် စစ်ဒေသအုပ်ချုပ်မှု ၃ ၏ အောက်တွင်ရှိနေကြသည်။
ထို့ပြင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် အလုပ်ရုံပေါင်း ၇၀ ခန့်လည်း တည်ဆောက်ထားနိုင်သည်ဟု သိရသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဦး၊ ရေး၊ ထောက် စစ်ဦးစီးတာဝန်များကို ဆောက်ရွက်ရန် စစ်ရုံးတခု တည် ဆောက်လျက်ရှိသည်ဟု သိရသည်။ PDF တပ်ဖွဲ့များအတွက် အဓိကလိုအပ်ချက်မှာ လက်နက်ခဲယမ်းဖြစ်ပြီး PDF တပ်ဖွဲ့များ၏ ၆၀ ရာခိုင်နှုန်းခန့်သာ လက်နက်တပ်ဆင်နိုင်သေးခြင်း ရှိသည်ဟု သိရသည်။
မည်သို့ဆိုစေ NUG သည် ၎င်း၏ လက်နက်ကိုင် ခုခံတော်လှန်စစ် တာဝန်ကိုယူနိုင်ရန် လက်နက်ကိုင်တပ်ဖွဲ့ကို အခြေခံအားဖြင့် စုစည်းနိုင်ခြင်း၊ လက်နက်တပ်ဆင်နိုင်ခြင်းသည် NUG ၏ အားသာချက်ဟု ဆိုရမည်။
နှိုင်းယှဉ်ချက်အရ AA သည် အင်အား ၃၀၀၀၀ ခန့် စုစည်း လက်နက်တပ်ဆင်ရန် အချိန် ၁၃ နှစ်ခန့်ယူခဲ့ရ၏။ MNDAA သည် ၂၀၀၉ မှစ၍ ပြန်လည် နလံထူလာဖို့ ၁၃ နှစ်ခန့် အချိန်ယူခဲ့ရ၏။ TNLA သည် အင်အား ၈၀၀၀ ခန့် စုစည်း လက်နက်တပ် ဆင်ရန် အချိန် ၁၂ နှစ်ခန့် ယူခဲ့ရသည်။
NUG သည် အစိုးရတရပ်အနေနှင့် ဖွဲ့စည်းထားသော်လည်း မည်သည့်နိုင်ငံကမှ တရားဝင် လက်နက်ဝယ်မရပါ။ ထို့ပြင် မည်သည့်နိုင်ငံကမှလည်း လက်နက်ထောက်ပံခြင်း မရှိပေ။ ဤသို့သောအခြေအနေအောက်တွင် PDF အင်အား ၆၀၀၀၀ အား အချိန်တိုတွင်း လက်နက်တပ်ဆင်ရန် မဖြစ်နိုင်သော်လည်း ဘဏ္ဏာရေးရှာဖွေရရှိမှု၏ ရာခိုင်နှုန်း အများစုအား လက် နက်တပ်ဆင်ရေးတွင် အသုံးပြုခဲ့ရာ မျှော်လင့်သည်ထက် ပိုမိုတပ်ဆင်နိုင်ခဲ့သည်ဟု သိရသည်။

နှိုင်းယှဉ်ချက်အရ AA သည် အင်အား ၃၀၀၀၀ ခန့် စုစည်း လက်နက်တပ်ဆင်ရန် အချိန် ၁၃ နှစ်ခန့်ယူခဲ့ရ၏။ MNDAA သည် ၂၀၀၉ မှစ၍ ပြန်လည် နလံထူလာဖို့ ၁၃ နှစ်ခန့် အချိန်ယူခဲ့ရ၏။ TNLA သည် အင်အား ၈၀၀၀ ခန့် စုစည်း လက်နက်တပ် ဆင်ရန် အချိန် ၁၂ နှစ်ခန့် ယူခဲ့ရသည်။
ထိုအဖွဲ့အစည်းများနှင့် နှိုင်းယှဉ်ပါက အတိုင်းအတာ ကြီးမားကျယ်ပြန့်သည့် လူထု၏ လက်နက်ကိုင်ပုန်ကန်မှုကို NUG သည် အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်ရန် ကြိုးစားခဲ့သည်ဟု လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုရမည်။
NUG ၏ နောက်အားသာချက်တခုမှာ ဘဏ္ဏာရေး ရန်ပုံငွေ ရှာဖွေမှု ဖြစ်သည်။ နွေဦးထီ၊ ထောက်ပို့တပ်ဖွဲ့၊ ငွေတိုက်စာ ချုပ်များ၊ နွေဦးမြေကွက်ရောင်းချခြင်း၊ NUG-Pay စသည့် ဆန်းသစ်သည့် ဘဏ္ဏာရှာဖွေမှုများသည် အောင်မြင်ခဲ့သည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ဒေါ်လာ ၅၅ သန်းအထိ ရန်ပုံငွေ ရှာဖွေနိုင်ခဲ့ပြီး NUG-Pay စမ်းသပ်ကာလ လပိုင်းအတွင်း မြန်မာငွေ သန်း ၄၀၀၀ ကျော် ၅၀၀၀ နီးပါး လည်ပတ်နေသည်ကို တွေ့ရ၏။ ထို့ပြင် ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည်ကို တွေ့ရ၏။
ဤအခြေအနေများသည် ပြည်တွင်း ပြည်ပ စောင့်ကြည့်လေ့လာသူများ အံ့အားသင့်စေလောက်သည့် NUG ၏ အောင်မြင်မှုများ ဖြစ်၏။ နွေဦးလက်နက်ကိုင်တိုက်ပွဲကို အချိန်တိုတွင်း ချေမှုန်းနိုင်မည်ဟု ယူဆခဲ့သော စစ်ကောင်စီသည်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ဤသို့သော လုပ်ဆောင်နိုင်မှုများကြောင့် နိုင်ငံတကာတွင် NUG အား အသိမှတ်ပြုမှု မြင့်တက်လာခဲ့၏။ ကမ္ဘာ့ ကုလသမဂ္ဂနှင့် အာဆီယံတွင် စစ်ကောင်စီကို ဖယ်ထားသည့်အဆင့်မှ မြန်မာ့အရေး ဖြေရှင်းရာတွင် NUG အား ဖယ်ထား၍မရ၊ NUG နှင့် ဆက်ဆံဆွေးနွေးရန် လိုသည်ဟု အာဆီယံ ထိပ်သီးညီလာခံက ဆုံးဖြတ်ခဲ့ရသည်။
ကမ္ဘာ့ ကုလသမဂ္ဂနှင့် အာဆီယံတွင် စစ်ကောင်စီကို ဖယ်ထားသည့်အဆင့်မှ မြန်မာ့အရေး ဖြေရှင်းရာတွင် NUG အား ဖယ်ထား၍မရ၊ NUG နှင့် ဆက်ဆံဆွေးနွေးရန် လိုသည်ဟု အာဆီယံ ထိပ်သီးညီလာခံက ဆုံးဖြတ်ခဲ့ရသည်။ ဤအချက်သည် NUG/PDF အား အကြမ်းဖက်အဖွဲ့များဟု ကြေညာထားသည့် စစ်ကောင်စီကို ပြင်းထန်စွာ ထိုးနှက်နိုင်ခဲ့သည့် NUG ၏ အောင်မြင်မှုလည်း ဖြစ်သည်။
ဤအချက်သည် NUG/PDF အား အကြမ်းဖက်အဖွဲ့များဟု ကြေညာထားသည့် စစ်ကောင်စီကို ပြင်းထန်စွာ ထိုးနှက်နိုင်ခဲ့သည့် NUG ၏ အောင်မြင်မှုလည်း ဖြစ်သည်။ NUG ၏ လက်နက်ကိုင်တပ်ဖွဲ့၊ ဘဏ္ဏာ ရှာဖွေနိုင်စွမ်း၊ အုပ်ချုပ်ရေး စသည် တို့သည် သမိုင်းတွင်ရှိခဲ့သည့် NCGUB နှင့် အခြေခံအားဖြင့် ကွာခြားသည့် NUG ၏ အားသာချက်များဟု ဆိုရမည်။
NUG ၏ အားနည်းချက်များ
ဤသို့ဆို၍ NUG တွင် အားနည်းချက်မရှိဟု မဆိုလိုပါ။ CDM ဝန်ထမ်းများ၊ စစ်တပ်နှင့်ရဲမှ ကူးပြောင်း တပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရာတွင် အားနည်းချက်များရှိနေသည်ဟူသည် ဝေဖန်ချက်များ ကြားနေရသည်။ အချို့ NUG အဆင့်ဆင့်ခေါင်းဆောင်အချို့အောက်ခြေနှင့် ကင်းကွာသည်ဆိုသည့် ဝေဖန်ချက်များ ကြားနေရသည်။
စသည်စသည့် အဖွဲ့အစည်းတိုင်းဖြစ်လေ့ရှိသော အားနည်းချက်များကို တွေ့နေရရာ ထိုအချက်များကို NUG အနေနှင့် သတိပြုရန်လိုသည်။ ထို့ကိစ္စများထက်ပို၍ အရေးကြီးသော အားနည်းချက် ၄ ချက်ရှိသည်ကို တွေ့ရ၏။
ဆိုရလျှင် အထူးသတိထားရန်လိုသည့် အချက် ၄ ချက်ဟုလည်း ဆိုရမည်။ ပထမအချက်မှာ လူထုအား မျှော်လင့်ချက် အမှားပေးခြင်း၊ ဒုတိယအချက်မှာ စစ်ရေးနှင့်ပတ်သက်၍ မှားယွင်း တွက်ချက်ခြင်း၊ တတိယအချက်မှာ ပြည်ပအားကို ပို၍မျှော်လင့်ခြင်းနှင့် စတုတ္ထအချက်မှာ NUG အဖွဲ့ဝင်များကြား မတူညီသော နိုင်ငံရေးအမြင်များ ပြဿနာဖြစ်သည်။
ပထမအချက်အနေနှင့် လူထုအား မျှော်လင့်ချက်အမှားများ ပေးခြင်းကို စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲကာလမှာကတည်းက စတင်တွေ့ရသည်။ CDM ဝန်ထမ်းများ တလတောင့်ခံလျှင် နိုင်ပြီ။ နှစ်လတောင့်ခံလျှင် R2P ဝင်ပြီ။ အမေရိကန်လေယဉ်တင် သင်္ဘောလာတော့မည် ဟူသည့် မျှော်လင့်ချက်အမှားများ ပေးခြင်းများကို လူထုဆန္ဒပြပွဲကာလ တလျှောက် တွေ့ကြုံခဲ့ရသည်။
ထိုမျှော်လင့်ချက်အမှားများ ပေးခဲ့သူအချို့သည် လက်ရှိ NUG/NUCC တို့တွင်လည်း ဆက်လက်ပါဝင်နေကြရာ NUG တခုလုံး၏ သဘောထား မဟုတ်သော်လည်း ၎င်းတို့တဦးချင်း သဘောထားတွင် ထင်ဟပ်ဖော်ပြပြောဆိုလေ့ရှိကြသည်ကို တွေ့ရသည်။
အထူးသတိထားရန်လိုသည့် အချက် ၄ ချက်ဟုလည်း ဆိုရမည်။ ပထမအချက်မှာ လူထုအား မျှော်လင့်ချက် အမှားပေးခြင်း၊ ဒုတိယအချက်မှာ စစ်ရေးနှင့်ပတ်သက်၍ မှားယွင်း တွက်ချက်ခြင်း၊ တတိယအချက်မှာ ပြည်ပအားကို ပို၍မျှော်လင့်ခြင်းနှင့် စတုတ္ထအချက်မှာ NUG အဖွဲ့ဝင်များကြား မတူညီသော နိုင်ငံရေးအမြင်များ ပြဿနာဖြစ်သည်။
လက်နက်ကိုင်ခုခံ စစ်ပွဲသည် တာဝေးအပြေးပြိုင်ပွဲနှင့်တူသည်။ တာတိုမှာ ခွန်အား၊ တာဝေးမှာ စိတ်ဓါတ်ဆိုသည့် စကား အတိုင်း စိတ်ဓာတ်ကြံကြံခံတော်လှန်ဖို့ကို အလေးထားဖို့လိုသည်။ မျှော်လင့်ချက် အမှားများမပေးကြရန် NUG က ထိန်းသိမ်းဖို့ လိုသည်။
ဒုတိယအချက်မှာ စစ်ရေးနှင့်ပတ်သက်၍ ဖြစ်သည်။ ရန်သူသည် စက္ကူကျားတပိုင်း ဖြစ်သကဲ့သို့ တကယ့်ကျားလည်းဖြစ်သည်။ ၂ နှစ်အတွင်း စစ်နိုင်ရေး ကြွေးကြော်ခဲ့သော ဗကပ၏ အမှားကို သင်ခန်းစွာကောင်းစွာယူရန်လိုသည်။ တနှစ်အတွင်း သို့မဟုတ် အချိန်တိုအတွင်း စစ်နိုင်မည်၊ ထိုးစစ်ဆင်တော့မည်ဟု ကြွေးကြော်ညာသံပေး၍ မရပေ။ ဖြစ်လည်း မဖြစ်နိုင်ပေ။ မြန်မာ့အရေးနှင့်ပတ်သက်၍ အလေးထား စောင့်ကြည့်သုံးသပ်နေကြသူများ ဖြစ်သည့် အန်သိုနီဒေးဗစ်၊ အီဂေါ ဘလာဇစ်စသည့် လေ့လာသူများကလည်း အချိန်မတန်မီ ထိုးစစ်ဆင်၍မရဟု ယခုရက်ပိုင်းတွင် ပြင်းပြင်းထန်ထန် ပြောဆိုထောက်ပြခဲ့ပြီး ဖြစ်သည်။
လက်တွေ့တွင် ၂၅ ရာခိုင်နှုန်းသာ လက်နက်တပ်ဆင်နိုင်သေးသော PDF များအား မည်သို့ ထပ်မံ၍ လက်နက် တပ်ဆင်မည် ဆိုသည်က ဦးစားပေး ပြဿနာ ဖြစ်သည်။ လက်နက်တပ်ဆင်ပေးပြီးတောင်မှ ခဲယမ်းဖြည့်တင်းရန် ပြဿနာကြီး ကျန်သေးသည်။
ထိုးစစ်ဆင်ရန် PDF ခြောက်သောင်းအား တဦးလျှင် ကျည်ဆံ ၁၀၀၀ ဖြည့်တင်းရမည်ဆိုတောင်မှ ကျည်ဆံ သန်း ၆၀ လို လိမ့်မည်။ သို့ဖြစ်ရာ ယခုအချိန်တွင် တပ်များအား လက်နက်ခဲယမ်း ဖြည့်တင်းနိုင်ရေး၊ အကန့်အသတ်ဖြင့် မိမိပိုင်နိုင်သည့် နေရာဒေသများတွင် တိုက်ပွဲများဖေါ်ဆောင်ရေးကို စီမံကိန်းချ လုပ်ဆောင်ရန် လိုပါသည်။ လက်နက်ကိုင် တော်လှန်ရေး သည် စိတ်ကူးယဉ်၍ မရပါ။ စနစ်တကျတည်ဆောက်ပြီး တလှမ်းချင်းသွားရန် လိုပါသည်။
နိုင်ငံတကာက အသိမှတ်ပြုမှု ရှိလာသည်နှင့် NUG မှ တချို့ပုဂ္ဂိုလ်များက မကြာမီ R2P လာတော့မည် ဟူသော အပြောမျိုး ပြောလာသည်။ စိတ်ကူးမယဉ်ကြဖို့ လိုပါသည်။ နိုင်ငံတကာ၏ အသိမှတ်ပြုမှုဆိုသည်မှာ ပြည်တွင်း၏ အားထုတ်မှုပေါ်တွင် အခြေခံသည်။ ပြည်တွင်းအားထုတ်မှုကို အာရုံစိုက်ရန် အဓိကလိုအပ်ပါသည်။ ပြည်တွင်းအားထုတ်မှုမရှိဘဲ နိုင်ငံတကာ၏ အသိမှတ်ပြုမှု မရနိုင်ပါ။
တတိယအချက်အနေနှင့် NUG သည် ပြည်ပအားကို လိုအပ်သည်ထက်ပို၍ မျှော်လင့်ခြင်းအား ဖယ်ရှားရန် လိုသည်။ ယခု နောက်ပိုင်း NUG အား နိုင်ငံတကာနှင့် အာဆီယံအသိုင်းအဝိုင်းက ပို၍ အသိမှတ်ပြုလာခြင်းသည် ပြည်တွင်းရှိ လူထု၊ PDF များအား စည်းရုံးပြီး ကြံ့ကြံ့ခိုင်ခိုင် သတ္တိရှိရှိ တိုက်ပွဲဝင်သည့် အခြေခံပေါ်က NUG ကို အသိမှတ်ပြုခြင်း ဖြစ်သည်။
နိုင်ငံတကာက အသိမှတ်ပြုမှု ရှိလာသည်နှင့် NUG မှ တချို့ပုဂ္ဂိုလ်များက မကြာမီ R2P လာတော့မည် ဟူသော အပြောမျိုး ပြောလာသည်။ စိတ်ကူးမယဉ်ကြဖို့ လိုပါသည်။ နိုင်ငံတကာ၏ အသိမှတ်ပြုမှုဆိုသည်မှာ ပြည်တွင်း၏ အားထုတ်မှုပေါ်တွင် အခြေခံသည်။ ပြည်တွင်းအားထုတ်မှုကို အာရုံစိုက်ရန် အဓိကလိုအပ်ပါသည်။ ပြည်တွင်းအားထုတ်မှုမရှိဘဲ နိုင်ငံတကာ၏ အသိမှတ်ပြုမှု မရနိုင်ပါ။

စတုတ္ထအနေနှင့် NUG အတွင်း ဖြေရှင်းရမည့် နိုင်ငံရေး ပြဿနာ ဖြစ်သည်။ အထက်တွင် ဖေါ်ပြထားသကဲ့သို့ NUG သည် နိုင်ငံရေး ပါတီတရပ် မဟုတ်ပေ။ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဖက်ဒရယ်ပြည်ထောင်စုတရပ်ကို ထူထောင်နိုင်ရန် မတူသော နိုင်ငံရေးအမြင်အမျိုးမျိုး၊ အယူအဆအမျိုးမျိုးရှိကြသည့် နိုင်ငံရေးအုပ်စုများ ပါဝင်ကြသည့် အဖွဲ့ အစည်း ဖြစ်သည်။
ဖက်ဒရယ်နှင့်ပတ်သက်၍ ဖွင့်ဆိုချက် မတူကွဲပြားကြသည့် နိုင်ငံရေးအုပ်စုများ၊ မတူကွဲပြားသော လူမျိုးများပါသည့် အဖွဲ့ အစည်းဖြစ်သည်။ ထို့ပြင် မိမိနိုင်ငံရေး ရည်မှန်းချက်များအား အကောင်အထည်ဖေါ်ရန် လက်နက်ကိုင်ထားကြသည့် အဖွဲ့ ပေါင်းစုံ ပါဝင်ကြသည့် အဖွဲ့အစည်းလည်း ဖြစ်၏။
အဖွဲ့အစည်းတိုင်းတွင် အားသာချက်၊ အားနည်းချက်ဆိုသည်မှာ ရှိစမြဲ ဖြစ်၏။ NUG သည် အားသာချက် အများစု ဖြစ်သည်။ သို့သော် အားနည်းချက်များကိုလည်း ဂရုတစိုက် ကိုင်တွယ် ဖြေရှင်းသွားရန် လိုအပ်သည်။
မတူသည့် နိုင်ငံရေးအမြင်များကို ဆွေးနွေးဖြေရှင်းရန်မှာ NUG အတွက်အရေးကြီးသည့် နိုင်ငံရေးကိစ္စ ဖြစ်သည်။ လက်ရှိအချိန်တွင် စစ်ကောင်စီသည် NUG သည် နိုင်ငံရေးအရ၊ စစ်ရေးအရ ဖြိုခွဲရန် မဖြစ်နိုင်ပေ။ NUG ပြိုကွဲနိုင်သည့် အခြေအနေမှာ အတွင်းပိုင်း၌ မတူသော နိုင်ငံရေးအမြင်ရှိသည့် အဖွဲ့အစည်းများကြား နိုင်ငံရေးအရ စေ့စပ်မရ၍သာ ပြိုကွဲနိုင်ပေသည်။
သို့ဖြစ်ရာ NUG တွင် ပါဝင်သည့် အဖွဲ့အစည်းများ၏ မတူသည့် နိုင်ငံရေးအမြင်၊ အထူးသဖြင့် ဖက်ဒရယ်နှင့်ပတ်သက်သည့် မတူသည့်အမြင်များကို ညှိနိုင်းဆွေးနွေးအဖြေရှာရေးသည် NUG တည်တန့်ခိုင်မြဲရေးအတွက်သာမက NUG အောင်ပွဲခံနိုင်ရေးအတွက် သော့ချက်ပင် ဖြစ်သည်။
အဖွဲ့အစည်းတိုင်းတွင် အားသာချက်၊ အားနည်းချက်ဆိုသည်မှာ ရှိစမြဲ ဖြစ်၏။ NUG သည် အားသာချက် အများစု ဖြစ်သည်။ သို့သော် အားနည်းချက်များကိုလည်း ဂရုတစိုက် ကိုင်တွယ် ဖြေရှင်းသွားရန် လိုအပ်သည်။
You may also like these stories:
မြန်မာ့အရေး ပြဿနာ ပြေလည်ရေး ဒေါ်အောင်ဆန်းစုကြည်က လမ်းစလား
အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်
စစ်တပ် ဖျက်ဆီးခဲ့သော ပြည်သူတို့၏ ဆန္ဒမဲများ
ပြည်သူရဲ့ ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာ မရှိပါဘူး
မျက်မှောက်ခေတ်ကာလရဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ် အားပြိုင်မှု
The post ၁၉ လပြည့် NUG ကို သုံးသပ်ခြင်း appeared first on ဧရာဝတီ.