Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

တကျော့ပြန် ရခိုင်စစ်ပွဲကြားက မွတ်ဆလင်တွေ

$
0
0

စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် တခုလုံး စစ်မက် ဖုံးလွှမ်းနေပြီး အရပ်သား ပြည်သူများမှာလည်း အသက်အိုးအိမ် ဆုံးရှုံးမှုနှင့်အတူ ဘေးဒုက္ခမျိုးစုံနှင့် ရင်ဆိုင်လာရသည်။

ရခိုင်ပြည်နယ်၏ အနောက်ခြမ်း၊ မေယုဒေသဟု ခေါ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များ အပါ အဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည် သြဂုတ်လဆန်းပိုင်းကတည်းက အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် ရက္ခိုင့် တပ်တော်(AA)တို့ကြား တကျော့ပြန် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

၎င်းတကျော့ပြန်တိုက်ပွဲများအတွင်း ဒေသခံ ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးရခြင်း၊ လက်နက်ကြီး ထိမှန်ပြီး သေဆုံးမှုများလည်းရှိကာ ထိုသို့ သေဆုံးမှုများတွင် ရခိုင်တိုင်းရင်းသားများ အပါအဝင် မွတ်ဆလင်များလည်း ပါဝင်သည်။

တကျော့ပြန်တိုက်ပွဲများအတွင်း ဒေသခံ ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးရခြင်း၊ လက်နက်ကြီး ထိမှန်ပြီး သေဆုံးမှုများလည်းရှိကာ ထိုသို့ သေဆုံးမှုများတွင် ရခိုင်တိုင်းရင်းသားများ အပါအဝင် မွတ်ဆလင်များလည်း ပါဝင်သည်။

စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာ အုပ်စုမှ သပိတ်တောင် (ရခိုင်)နှင့် သပိတ်တောင် (မြောက်) မွတ်ဆလင်ရွာများကို စစ်ကောင်စီနှင့် နယ်ခြားစောင့် ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် သပိတ်တောင် (မြောက်) မွတ်ဆလင်ရွာမှ အသက် ၇ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးသွားပြီး ရွာသား ၂ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

မောင်တောရှိ ပန်းတော်ပြင်ရွာရှိ ဒေသခံမွတ်ဆလင် ကလေးငယ်များ/AFP

ရခိုင်စစ်ပွဲအတွင်းက မွတ်ဆလင်များ၏ ဘဝ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်တပ်သည် AA တပ်ဖွဲ့ဝင်များနှင့် ရခိုင်အရပ်သားများကိုသာမက အေးချမ်းစွာ နေလိုသည့် မွတ်ဆလင်များကိုပါ ပစ်မှတ်ထားနေကြောင်း ဘူးသီးတောင်မြို့နယ်အတွင်းက မွတ်ဆလင် ရပ်ကွက်လူကြီးတဦးက ပြောသည်။

“စစ်တပ်က AA နဲ့ တိုက်နေတယ်ဆိုပေမယ့် ပစ်မှတ်ထဲမှာ ကျနော်တို့ မွတ်ဆလင်တွေ အမြဲပါတယ်။ အခုလည်း တိုက်ပွဲစပြီ ဆိုတာနဲ့ ပိတ်ဆို့မှုဒဏ်ကို အလူးအလဲ ခံရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

စစ်တပ်သည် မွတ်ဆလင် ကျေးရွာသားများကို AA နှင့်မပတ်သက်ရန် အမျိုးမျိုး ဖိအားပေးခြင်း၊ AA နှင့် ပတ်သက်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီး၊ ငွေညှစ်ခြင်းများကိုလည်း ခါးစည်းခံနေရကြောင်း ထိုဒေသက မွတ်ဆလင် ကျေးရွာသားများက ပြောကြသည်။

သြဂုတ်လအတွင်းကလည်း ဘူးသီးတောင်မြို့နယ် သုံးဆယ့်တဘုံ ဘုရားအနီးတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြုပ်မိုင်းအား ဆင်သည်ပြင် မွတ်ဆလင်ကျေးရွာသားပိုင် နွားထီး ၂ ကောင်က နင်းမိပြီး ပေါက်ကွဲသဖြင့် မြေမြုပ်မိုင်း တန်ဖိုး ဆယ်သိန်းကျပ်အား စစ်တပ်သို့ ပေးလျှော်ကြေးပေးခဲ့ရကြောင်း မွတ်ဆလင်ရွာသားများက ပြောသည်။

“မိုင်းနင်းလို့ သေသွားတဲ့ နွားတွေကို ကျနော်တို့ သွားယူတော့ စစ်တပ် မပေးဘူး။ မိုင်းတလုံး ကျပ် ၅ သိန်းပေး လျော်ကြေး ပေးရမယ်ဆိုလို့ ကျနော်တို့ ၁၀ သိန်း လျော်လိုက်ရတယ်။ ကျနော်တို့ ရွာသားတွေကိုလည်း စစ်တပ်က မေးမြန်းစရာ ရှိတယ် ဆိုပြီး ခေါ်သွားရင် ပြန်မလွတ်တော့ဘူး။ ငွေပေးမှ လွတ်ပေးတယ်။ သူတို့ (စစ်တပ်)က ကျနော်တို့ကို ခရမ်းစိုက်ခင်း လို သဘောထားပြီးတော့ ငွေလိုတိုင်း လာခူးတယ်”

“မိုင်းနင်းလို့ သေသွားတဲ့ နွားတွေကို ကျနော်တို့ သွားယူတော့ စစ်တပ် မပေးဘူး။ မိုင်းတလုံး ကျပ် ၅ သိန်းပေး လျော်ကြေး ပေးရမယ်ဆိုလို့ ကျနော်တို့ ၁၀ သိန်း လျော်လိုက်ရတယ်။ ကျနော်တို့ ရွာသားတွေကိုလည်း စစ်တပ်က မေးမြန်းစရာ ရှိတယ် ဆိုပြီး ခေါ်သွားရင် ပြန်မလွတ်တော့ဘူး။ ငွေပေးမှ လွတ်ပေးတယ်။ သူတို့ (စစ်တပ်)က ကျနော်တို့ကို ခရမ်းစိုက်ခင်း လို သဘောထားပြီးတော့ ငွေလိုတိုင်း လာခူးတယ်”ဟု ဆင်သည်ပြင် ကျေးရွာမှ အမည်မဖော်လိုသည့် မွတ်ဆလင်ရွာ သားတဦးက ပြောပြသည်။

ရိုဟင်ဂျာလှေစီးဒုက္ခသည်များ/AFP

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်တခုဖြစ်ပြီး အလုပ်အကိုင်ရှားပါခြင်း၊ စစ်ဒဏ်ကြာရှည်ခံရခြင်း တို့အတွက် ဒေသနေ ပြည်သူများအဖို့ ဘဝရည်တည်ရှင်သန်ရေး ကျပ်တည်းမှုနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေရန် နိုင်ငံရပ်ခြားသို့ ထွက်ခွာမှုမှာလည်း ကြောက်ခမန်းလိလိ မြင့်တက်လျက် ရှိသည်။

ရခိုင်တိုင်းရင်းသား လူငယ်များသည် နေရပ်စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာသွားကြသလို ကျောက်စိမ်းထွက်သည့် ကချင်ပြည်နယ်ဘက်သို့လည်း ရေမဆေး ကျောက်ရှာရန် နေ့စဉ်နှင့်အမျှ ထွက်ခွာနေကြသည်။

ရခိုင်မြေကို စွန့်ခွာသူများထဲတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြား (မှတ်ပုံတင်) မရှိသည့် မွတ်ဆလင် လူငယ်များအတွက်မူ ရခိုင်ရိုးမ တောင်တန်းကြီးကို ကျော်ဖြတ်နိုင်ရန် ဘဝ၊ အသက်တို့နှင့် လောင်းကြေးထပ်ကြရသည်။

မည်သို့ပင် ဖမ်းဆီးအရေးယူမှု၊ အိမ်ပြန်ပို့မှု ရှိစေကာမှု အဆိုပါ ရခိုင်ပြည်နယ် အတွင်းက မွတ်ဆလင်ဘာသာဝင် အရွယ်ကောင်း အမျိုးသားများနှင့် ငယ်ရွယ်သော မိန်းကလေးများသည် နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး အခွင့်အခါ ကြုံတိုင်း ပင်လယ်ပြင်ကြီးကို ဖြတ်ကျော်ပြီး နိုင်ငံရပ်ခြားကို ထွက်ခွာသွားလာမှုကတော့ ရပ်နားသည်ဟူ၍ မရှိပေ။

အလုံပိတ်ကုန်ကားကြီးများတွင် စွန့်စွားပြီး လိုက်ပါရခြင်း၊ စက်လှေကြီးများဖြင့် ကမ်းမမြင် လမ်းမမြင်သည့် ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ လူပွဲစားများ၏ ခေါ်ဆောင်ရာ လမ်းကြောင်းအတိုင်း အသက်စွန့် လိုက်ပါခြင်းများဖြင့် ကျော်ဖြတ်ကြရသည်။

ထိုသို့ နေရပ်စွန့်ခွာကြစဉ် မုန်တိုင်းကျပြီး ပင်လယ်ပြင်တွင် လှေနစ်မြုပ်ကာ အသက်ဆုံးရှုံးမှုများလည်း ရှိကြသလို အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုလည်း ခံကြရသည်။

လှေစီးပြေးသူ (သို့မဟုတ်) လူပွဲစားများ၏ သားကောင်

ဘင်္ဂလား ပင်လယ်အော်တွင် စက်လှေကြီးများနှင့်အတူ မြန်မာ အာဏာပိုင်များက ဖမ်းဆီးမိသော လှေစီးပြေး မွတ်ဆလင် အားလုံးနီးပါးသည် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် အသီးသီးတွင် နေထိုင်သည့် မွတ်ဆလင်ကျေးရွာသားများပင်ဖြစ်ကာ သူတို့သည် အများအားဖြင့် နယ်စပ်ဖြတ်ကျော်မှုဖြင့် အရေးယူခံရသလို တခါတရံတွင် အစိုးရ၏ မူဝါဒ အပြောင်းအလဲများ ကြောင့် အိမ်ပြန်ပို့ ခံရမှုများလည်း ရှိသည်။

မောင်တော ထွေအုပ်ရုံးရှေ့တွင် မြင်ရသော စစ်ကောင်စီတပ်ဖွဲ့/AFP

မည်သို့ပင် ဖမ်းဆီးအရေးယူမှု၊ အိမ်ပြန်ပို့မှု ရှိစေကာမှု အဆိုပါ ရခိုင်ပြည်နယ် အတွင်းက မွတ်ဆလင်ဘာသာဝင် အရွယ်ကောင်း အမျိုးသားများနှင့် ငယ်ရွယ်သော မိန်းကလေးများသည် နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး အခွင့်အခါ ကြုံတိုင်း ပင်လယ်ပြင်ကြီးကို ဖြတ်ကျော်ပြီး နိုင်ငံရပ်ခြားကို ထွက်ခွာသွားလာမှုကတော့ ရပ်နားသည်ဟူ၍ မရှိပေ။

ထိုကဲ့သို့သော ဖြစ်စဉ်များထဲမှ ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်နေ့က ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေတွင် မုန်တိုင်း ကြောင့် စက်လှေပျက်ပြီး ရေနစ်သေဆုံးသွားသော မွတ်ဆလင် အမျိုးသား၊ အမျိုးသမီး အလောင်းများ အစုလိုက်အပြုံလိုက် သောင်တင်လာသည့် ဖြစ်စဉ်တခု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရွှေသောင်ယံကမ်းခြေတွင် သေဆုံးနေသည့် မွတ်ဆလင် ၁၇ ဦး ရုပ်အလောင်းများ လှိုင်းရိုက်ခတ်ပြီး သောင်တင်လာမှုကို ကမ်းခြေတွင် နေထိုင်သည့် ရွှေသောင်ယံရွာက တံငါသည်များက တွေ့ရှိခဲ့သည်။

“ကျနော်တို့ရဲ့ မျှော်လင့်ချက်ကတော့ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်ခွင့် ရချင်တယ်။ ဒီထက်ပိုပြီး တောင်းဆိုစရာ မရှိဘူး။ နိုင်ငံသားဖြစ်ဖို့နဲ့ လူသားအခွင့်အရေး ရရှိဖို့ပဲ မျှော်လင့်တယ်”

ထိုအထဲတွင် ငယ်ရွယ်သည့် မွတ်ဆလင် အမျိုးသမီး ၆ ဦး ပါဝင်ကာ ပင်လယ်ထဲတွင် မျောပါနေသူ လူပေါင်း ၃၀ ကျော်ကို ဒေသခံ ငါးဖမ်းစက်လှေများက တွေ့ရှိခဲ့သည့်အတွက် ကယ်ဆယ်နိုင်ခဲ့သည်။

အဆိုပါ စက်လှေနစ်မြုပ်ပြီး သေဆုံးသွားသည့် မွတ်ဆလင် ဘာသာဝင်များသည် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းက ဖြစ်ပြီး မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်သူများ ဖြစ်သည်ဟု မွတ်စလင် အသိုင်းအဝိုင်းက ဆိုကြသည်။

ထိုဖြစ်စဉ်အပေါ် စစ်ကောင်စီက လက်ရှိအချိန်အထိ သတင်း တစုံတရာ ထုတ်ပြန်ခြင်း မရှိသည့်အတွက် ဖြစ်စဉ် အသေးစိတ်အချက်အလက်များကို မသိရှိနိုင်သော်လည်း မွတ်ဆလင် အသိုင်းအဝိုင်း၏ အဆိုအရ အဆိုပါ နစ်မြုပ် စက်လှေပေါ် တွင် လူပေါင်း အနည်းဆုံး ၆၀ ဦးခန့် ပါဝင်ပြီး လူပေါင်း ၃၀ ကျော်သာ ငါးဖမ်းစက်လှေများက ကယ်ဆယ်နိုင်ခဲ့သဖြင့် လူ ၃၀ ခန့် အသက် ဆုံးရှုံးနိုင်ခြေ ရှိကြောင်း ပြောဆိုသည်။

ထိုသို့ ပင်လယ်ဖြတ်ကျော်ပြီး နိုင်ငံရပ်ခြားသို့ ထွက်ခွာကြရာတွင် ငယ်ရွယ်သော မွတ်ဆလင်အမျိုးသမီးငယ်များလည်း ပါဝင်နေကာ ကံကောင်းသူများသာ အိမ်နီးချင်း နိုင်ငံများသို့ ရောက်ရှိသွားသော်လည်း အများစုမှာ အာဏာပိုင်းများ၏ စစ်ဆေးဂိတ်များတွင် ဖမ်းဆီးခံရခြင်း၊ ပွဲစားအဆင့်ဆင့် လက်လွဲ ရောင်းစားမှုကို ခံရကာ ကံဆိုးမိုးမှောင် ကျသည့် ဖြစ်စဉ်များမှာလည်း ဒုနှင့်ဒေးပင်။

ရခိုင်စစ်ပွဲကြားက မွတ်ဆလင်များ

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် နှစ်ဘက် တပ်ဖွဲ့ဝင်များ အကျအဆုံး များပြားမှုနှင့်အတူ အရပ်သား NLD အစိုးရလက်ထက်တွင် သွေးထွက်မှု အများဆုံး ရှိခဲ့သည့် တိုက်ပွဲတခုလည်း ဖြစ်ခဲ့သည်။

တဘက်တွင် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO)၊ ရိုဟင်ဂျာ တပ်မတော် (ARA)၊ ဂိုဏ်းစတား ဆန်ဆန် လှုပ်ရှားနေသော အဒူလာကိမ်းအဖွဲ့ စသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှာ နှစ်နိုင်ငံ နယ်စပ်မျဉ်းများကို ခြေကုပ်ယူပြီး မောင်တောဒေသကို စိမ့်ဝင်လှုပ်ရှားနေသည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှ ၂၀၂၀ ခုနစ် နှစ်လယ်ပိုင်းအထိ စစ်တပ်နှင့် AA တို့ကြား သုံးနှစ်နီးပါး မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကာလအတွင်း စစ်ရှောင်ဦးရေ ၂ သိန်းကျော်အထိ မြင့်တက်နေခဲ့ပြီး အရပ်သားဆုံးမှုမှာလည်း ၃၄၂ ဦး၊ ဒဏ်ရာ ရရှိသူ ၇၄၀ ဦးအထိ ရှိခဲ့သည်။

AA တပ်ဖွဲ့ဝင် ၂ ဦး

ထိုသေဆုံးဒဏ်ရာ ရရှိမှုအထဲတွင် ဧရာဝတီသတင်းဌာနမှ လက်လမ်းမှီသလောက် ပြုစုထားသော စာရင်းများအရ ဘူးသီး တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်များမှ မွတ်ဆလင် အရပ်သား ၂၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၅၀ ဦး ရှိသည်။ ထိုထက်လည်း ပိုများနိုင်သည်။

စစ်ပွဲအတွင်း မြေဇာပင် ဖြစ်နေသော မွတ်ဆလင်များ အနေဖြင့်လည်း ရခိုင်စစ်ပွဲအား အမြန်ဆုံး အဆုံးသတ်ပြီး လူမျိုးပေါင်းစုံဖြင့် အတူယှဉ်တွဲကာ အေးအေးချမ်းချမ်း နေလိုကြောင်း ရိုဟင်ဂျာ ပြက္ခဒိန် ထုတ်ဝေမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရသူ ဘာသာပြန် စာရေးဆရာ ဦးအောင်ခင် (စစ်တွေ)က ပြောသည်။

“ကျနော်တို့ရဲ့ မျှော်လင့်ချက်ကတော့ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်ခွင့် ရချင်တယ်။ ဒီထက်ပိုပြီး တောင်းဆိုစရာ မရှိဘူး။ နိုင်ငံသားဖြစ်ဖို့နဲ့ လူသားအခွင့်အရေး ရရှိဖို့ပဲ မျှော်လင့်တယ်”ဟု ဦးအောင်ခင်က ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် လက်ရှိအချိန်တွင် စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်သည့် အခြေအနေ မရှိတော့သည့်အတွက် မွတ်ဆလင် ကျေးရွာများကလည်း AA အုပ်ချုပ်ရေးအဖွဲ့ထံ ပြဿနာများကို အဆုံးအဖြတ်ခံယူပြီး ULA/AA အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့ထံတွင် အမှုထမ်းလုပ်ကိုင်နေမှုများ ရှိသည်။

မွတ်ဆလင်များ ဖိနှိပ်ခံရသည့်အတွက် NLD အပေါ် မျှော်လင့်ချက်များစွာ ထားရှိခဲ့ရာ လက် တွေ့ဖြစ်မလာဘဲ ရက္ခိုင့် တပ်မတော် (AA) ရခိုင်မြေပေါ်ကို ရောက်ရှိလာသည့်အချိန်ကစပြီး ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝန်းကြားတွင် ယုံကြည်မှုပိုမိုရရှိကာ တရွာနှင့် တရွာ လွတ်လပ်စွာ ကူးလူသွားလာခွင့် ရရှိလာခဲ့ကြောင်း မွတ်ဆလင် အသိုင်းအဝန်းက ပြောသည်။

AA ခေါင်းဆောင်များ၏ မွတ်ဆလင်များအပေါ် ထားရှိသည့် သဘောထားများနှင့်အတူ လက်တွေ့မြေပြင်တွင်လည်း တန်းတူဆက်ဆံပြီး နေရာပေးမှုများ တွေ့ရှိရသည့်အတွက် AA ၏ လမ်းစဉ်နှင့် မူဝါဒအပေါ် ယုံကြည်လက်ခံကြောင်း မွတ်ဆလင် ဘာသာပြန် စာရေးဆရာ ဦးအောင်ခင်က ဆိုသည်။

“ရက္ခိုင့်တပ်တော် ရခိုင်မြေကို ရောက်တဲ့ ၃ နှစ်ကာလမှာ ကျနော်တို့ကို ဘင်္ဂလီလို့ မခေါ်တော့ဘူး။ မွတ်ဆလင်တွေ လို့ ရခိုင်တွေ ခေါ်လာကြတယ်။ အရင်တုန်းက ဆိုရင် ဘင်္ဂါလီမှာတောင် ခိုးဝင် ဘင်္ဂလီလို့ တံဆိပ်နှိပ်ခံထားရတာကနေ အခု နှစ်ဘက် လူမှုအသိုင်းအဝန်းကြားမှာ သဟဇာတဖြစ်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ အတူယှဉ်တွဲ နေလာလို့ရတယ်ဆို တော့ ကျနော်တို့ မွတ်ဆလင်တွေက AA ကို ကယ်တင်ရှင် တယောက်လို့ မြင်တာကတော့ အမှန်ပဲ”ဟု ဦးအောင်ခင်က ပြောသည်။

ကိုယ်ယောင်ဖျောက်နေသော မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ

ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းက မွတ်ဆလင်ပြဿနာများမှာ ကမ္ဘာ့အာရုံစိုက်မှုကို ယနေ့အချိန်ထိ ရရှိထားရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်သွားသော မွတ်ဆလင် ဒုက္ခသည်အရေးမှာလည်း ပြေလည်မှု မရရှိသေးဘဲ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ အမှုတွဲအဖြစ် ရင်ဆိုင်နေဆဲဖြစ်သည်။

ထိုသို့ ရှုပ်ထွေးနေသည့် မောင်တောနယ်စပ်ပြဿနာမီးက မငြိမ်းနိုင်တော့သည့်အချိန် လက်ရှိအချိန်တွင်လည်း မြန်မာ- ဘင်္ဂလားဒေရှ့်တလျောက်တွင် စစ်တပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

တဘက်တွင် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO)၊ ရိုဟင်ဂျာ တပ်မတော် (ARA)၊ ဂိုဏ်းစတား ဆန်ဆန် လှုပ်ရှားနေသော အဒူလာကိမ်းအဖွဲ့ စသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှာ နှစ်နိုင်ငံ နယ်စပ်မျဉ်းများကို ခြေကုပ်ယူပြီး မောင်တောဒေသကို စိမ့်ဝင်လှုပ်ရှားနေသည်။

ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organization-RSO)သည် ၁၉၈၀ ခုနှစ် အစောပိုင်း က တည်းက ပေါ်ပေါက်ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြေကုပ်ယူကာ မောင်တော နယ်စပ်လုံခြုံရေးကင်းစခန်းများကို မကြာခဏ တိုက်ခိုက်မှု ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဖော်ပြသည်။

“စစ်တပ်နှင့် AA တို့တိုက်ပွဲအပေါ်မှာတော့ ဘယ်သူပဲ နိုင်နိုင် ကျနော်တို့ အတွက်တော့ ထူးလာမှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း စစ်တပ်က အာဏာကို လက်မလွှဲဘဲ အုပ်ချုပ်လိုသူ AA ကတော့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူ ဖြစ်တဲ့ အတွက် လွတ်မြောက်လိုသူကိုတော့ အနိုင်ရစေချင်တယ်”

၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် အစိုးရသည် နယ်စပ်ဒေသ အုပ်ချုပ်ရေးကို တင်းကြပ်လိုက်သည့်အတွက် အင်အားချည့်နဲ့နေသော RSO အဖွဲ့သည် မထင်မရှားအဖြစ်ဖြင့်သာ နာမည်ခံအဖြစ် ဆက်ရှိနေခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း RSO အဖွဲ့သည် အင်တာနက် လူမှုကွန်ရက်ပေါ်မှ တဆင့် ၎င်းတို့ လှုပ်ရှားမှု တချို့ကို ဆိုင်းမဆင့် ဗုံမဆင့် ထုတ်ဖော် ပြသခဲ့သည်။

ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဇွန်လအတွင်းက RSO တပ်ဖွဲ့မှ ဗိုလ်မှူး ကျော်မြင့်ထွန်းဆိုသူသည် ယူနီဖောင်း အပြည့်အစုံဖြင့် ပစ္စတို ခါးကြားထိုးကာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ကို ရိုဟင်ဂျာ လူမျိုးတို့ ရပိုင်ခွင့်အတွက် စစ်မျက်နှာဖွင့် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဗမာဘာသာဖြင့် ပြောဆိုပြီး အင်တာနက် စာမျက်နှာကတဆင့် ထုတ်လွင့် ဖြန့်ချီခဲ့သည်။

ထိုသို့ RSO အဖွဲ့တကျော့ပြန် ခေါင်းထောင်လူပ်ရှားမှုကြောင့် ၂၀၁၇ ခုနှစ် မောင်တော အရေးအခင်းက ကမ္ဘာကျော်ခဲ့ သော ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အဖွဲ့တို့ကြားတွင် အချင်းချင်း အားပြိုင်တိုက်ခိုက်မှုများ ရှိလာနိုင် ကြောင်း သုံးသပ်မှုများ ရှိသည်။

ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အဖွဲ့သည် ၂၀၁၆ ၊ ၂၀၁၇ ခုနှစ်တို့ တွင် မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့်ရဲ စခန်းများကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကမ္ဘာ့က အာရုံ စူးစိုက်ကို ရရှိခဲ့သည်။

ARSA ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသား လက်နက်ကိုင်များ ပုန်ကန်တော်လှန်သည့် ပုံစံမျိုး မဟုတ်ဘဲ အကြမ်းဖက်သမားတို့၏ စစ်သွေးကြွသည့် လုပ်ရပ်များကိုပုံဖော်လုပ်ဆောင်ပြီး ဟိန္ဒူဘာသာဝင်များကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အတွက် အကြမ်းဖက်သမားများအဖြစ် မြန်မာအစိုးရက ကြေငြာထားသလို မွတ်ဆလင် အသိုင်းအဝန်း ကြားမှာလည်း ထောက်ခံမှု ကျဆင်းခဲ့သည်။

မွတ်ဆလင် အရေး AA ဖြေရှင်းပေးနိုင်မလား

ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အရေးအခင်းကာလအတွင်း လူပေါင်း ၂၀၀ ကျော် သေ ဆုံးခဲ့ပြီး နေအိမ်၊ အမြောက်အများ မီးလောင်ခဲ့ရာ ဒုက္ခသည် သိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့သလို ၂၀၁၇ ခုနှစ် မောင်တော အရေးကာလ အတွင်းတွင်လည်း စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် မွတ်ဆလင်ရွာပေါင်းများစွာ မီး လောင်ခဲ့ပြီး ဒုက္ခသည် သိန်းချီ တဘက်နိုင်ငံသို့ ဝင်ရောက် ခိုလှုံသွားခဲ့သည်။

၂၀၁၂ ခုနှစ်ဖြစ်ပွားခဲ့သော အရေးအခင်းနှင့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော အရေးအခင်းကာလအတွင်း ဒုက္ခသည်အဖြစ် ရောက်ရှိသွားသော မွတ်ဆလင် ကျေးရွာသားများအရေးနှင့်ပတ်သက်ပြီး အစိုးရ အဆက်ဆက် စုံစမ်းရေး ကော်မတီ၊ ကော်မရှင် အဖွဲ့အစည်းများစွာ ဖွဲ့စည်းကာ အဖြေရှာခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည် နေရာချ ထားခြင်း မဆောင်ရွက်နိုင်သေးသလို ကမ္ဘာ့တရားရုံးအထိ အမှုရင်ဆိုင်နေရသည်။

ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်အရေးကို ဖြေရှင်းမည်ဆိုပါက အုပ်ချုပ်သူ အစိုးရများ၏ မူဝါဒ သဘောထားထက် ရခိုင်တိုင်းရင်းသားများ၏ ဆန္ဒကလည်းအရေးပါနေရာ လက်ရှိပြည်နယ်အတွင်း သြဇာလွမ်းမိုးထားသည့် AA ခေါင်းဆောင်ပိုင်းက ထိုအရေးကို ကိုင်တွယ်လာသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် လက်ရှိအချိန်တွင် စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်သည့် အခြေအနေ မရှိတော့သည့်အတွက် မွတ်ဆလင် ကျေးရွာများကလည်း AA အုပ်ချုပ်ရေးအဖွဲ့ထံ ပြဿနာများကို အဆုံးအဖြတ်ခံယူပြီး ULA/AA အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့ထံတွင် အမှုထမ်းလုပ်ကိုင်နေမှုများ ရှိကြောင်း လေ့လာ စောင့်ကြည့် သူများက ပြောသည်။

သို့သော် ရက္ခိုင့် အမျိုးသား အဖွဲ့ချုပ် (ULA/AA)က ထိုသို့ မွတ်ဆလင်ရွာများ၌ အုပ်ချုပ်ရေး အဖွဲ့ကော်မတီဝင်များ ခန့်အပ်ရာတွင် နီးစပ်ရာများကိုသာ ခန့်အပ်တာဝန်ပေးခြင်းမျိုး မဟုတ်ဘဲ အများဆန္ဒနှင့်အညီ ရွေးချယ်ခန့်အပ်ပေးစေလိုကြောင်း ဘူးသီးတောင် မြို့နယ်အတွင်းမှ အမည်မဖော်လိုသည့် မွတ်ဆလင်ကျေးရွာသားတဦးက ပြောသည်။

“ရွာမှာ ပြဿနာဖြစ်လို့ AA ကို ကျနော်တို့ တိုက်ရိုက်သွားတိုင်ခွင့် မရဘူး။ သူတို့ ခန့်ထားတဲ့ ကျေးရွာကော်မတီ ထောက်ခံစာပါမှ တိုင်လို့ရတယ်။ ကျေးရွာ ကော်မတီက ပိုက်ဆံပေးနိုင်မှ ထောက်ခံစာ ရေးပေးတယ်။ စစ်အစိုးရ အုပ်ချုပ်ရေးလို ငွေပေးနိုင်မှ တိုင်ခွင့်ရမယ်ဆိုတာတော့ မကောင်းဘူး။ ဒါမျိူးတွေ မဖြစ်အောင် AA အဖွဲ့က လူကြီးတွေက အများ ဆန္ဒနဲ့အညီ ကျေးရွာကော်မတီတွေကို တင်မြောက်ပေးသင့်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

AA အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကတော့ ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များကို ပြန်လည် ခေါ် ယူရေး အပါအဝင် မွတ်ဆလင်အရေးကို ဖြေရှင်းနိုင်ရေးအတွက် ULA/AA အား ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နိုင်ငံတကာက တရားဝင် အသိအမှတ်ပြုရန် လိုကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက“အရမ်းအရေးကြီးတဲ့ ကိစ္စတခုဖြစ်တဲ့အတွက် တော်လှန်ရေး အစိုးရတရပ်အနေနဲ့ လုပ်ဆောင်ဖို့ ခက်ခဲတယ်။ ဒီအရေးကို ဖြေရှင်းပေးရမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာက ကျနော်တို့ကို အသိအမှတ်ပြုပေးဖို့ လိုတယ်။ သူတို့နဲ့ တရားဝင် ပြောဆိုချိန်ကျရင်တော့ ဒုက္ခသည် ပြန်လည် လက်ခံရေး ကိစ္စကို ကျနော်တို့ လုပ်ဆောင်သွားမယ်”ဟု ဧရာဝတီသို့ ပြောသည်။

ULA/AA အနေဖြင့် မွတ်ဆလင်အရေးကို ဖြေရှင်းရန် မူဝါဒများ ရှိပြီး လတ်တလောအခြေအနေတွင် အချိန်စောနေသည့် အတွက် အချိန်အခါ အခြေအနေပေါ်မူတည်ပြီး ချပြပေးသွားမည် ဖြစ်ကြောင်း ဦးခိုင်သုခက ဆက်လက် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါလောင် မွတ်ဆလင်ဒုက္ခသည်စခန်းမှ ကိုခင်မောင်သိန်းကမူ စစ်ကောင်စီက ဒုက္ခသည်များ ကို ပြန်လည်လက်ခံရန် တတွင်တွင် ပြောဆိုနေသော်လည်း ရိုးဖြောင့်သည့် သဘောဖြင့် ခေါ်ယူနေခြင်း မဟုတ်သလို AA အနေဖြင့်လည်း လက်ရှိအချိန်အထိ မွတ်ဆလင်အရေးအတွင် အပြုသဘောဆောင် လုပ်ဆောင်ခြင်းမျိုးကို မတွေ့ရ ကြောင်း ပြောသည်။

“စစ်တပ်နှင့် AA တို့တိုက်ပွဲအပေါ်မှာတော့ ဘယ်သူပဲ နိုင်နိုင် ကျနော်တို့ အတွက်တော့ ထူးလာမှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း စစ်တပ်က အာဏာကို လက်မလွှဲဘဲ အုပ်ချုပ်လိုသူ AA ကတော့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူ ဖြစ်တဲ့ အတွက် လွတ်မြောက်လိုသူကိုတော့ အနိုင်ရစေချင်တယ်”ဟု ကိုခင်မောင်သိန်းက ပြောပြသည်။

မောင်တောမြို့နယ်အတွင်းက ရခိုင်နိုင်ငံရေးသမားတဦးက မွတ်ဆလင်ကျေးရွာသားအများစုသည် ကြားနေဝါဒဖြင့်သာ ရှိနေပြီး AA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲအကြား အသားစီးရမည့်ဘက်သို့ ချည်းကပ်သွားမည့် အနေအထားကို တွေ့မြင်ရကြောင်း ၎င်း၏ အမြင်အား သုံးသပ်သည်။

ရိုဟင်ဂျာအရေး လှုပ်ရှားသူ ရိုနေဆန်းလွင်ကမူ ရခိုင်စစ်ပွဲတွင် မွတ်ဆလင်များသည် ပွဲကြည့် ပရိတ်သတ် မဟုတ်ဘဲ မည်သည့်အချိန် လက်နက်ကြီး ကျလာမည်ကို ရင်တမမနှင့် စောင့်ဆိုင်းနေရသူများသာ ဖြစ်ကြောင်း ပြောသည်။

“ရိုဟင်ဂျာတွေက ပရိတ်သတ် မဟုတ်ပါဘူး။ စစ်ပွဲဖြစ်တဲ့အခါတိုင်း ရိုဟင်ဂျာရွာတွေနဲ့ အနီးဆုံးနေရာတွေမှာ ဖြစ်လေ့ရှိတာ ကြောင့် ဘယ်အချိန် လက်နက်ကြီး၊ လက်နက်ငယ် ထိပြီး သေမလဲ ဆိုတာကို ရင်တမမနဲ့ စောင့်ဆိုင်းနေရတာပါ”ဟု ရိုနေ ဆန်းလွင်က မွတ်ဆလင်ရွာသားများ၏ အခြေအနေကို ပြောသည်။

You may also like these stories:

မောင်တောမြောက်ပိုင်း၌ စစ်တပ်က ပိတ်ဆို့ထားသဖြင့် ရိက္ခာပြတ်နေ

AA နှင့် ARSA ပေါင်းတိုက်နေဟု စွပ်စွဲချက် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်းတုံ့ပြန်

စစ်ကောင်စီကို ရခိုင်တန်ပြန်စစ်ဆင်မှုနှင့် လားရာ

စစ်တွေသို့ ဈေးဝယ်လာသည့် စက်လှေ ၉ စီးကို စစ်တပ် ဖမ်းဆီး

မုန်တိုင်း သယ်ဆောင်ရာ

The post တကျော့ပြန် ရခိုင်စစ်ပွဲကြားက မွတ်ဆလင်တွေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...