စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မြန်မာ့ အကြပ်အတည်းကို ဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ)က ဘုံသဘောတူညီချက် ၅ ခု ချမှတ်ခဲ့သော်လည်း စစ်ကောင်စီဘက်က ပူးပေါင်း အကောင်အထည် ဖော်မှု မရှိသဖြင့် ဘုံသဘောတူညီချက်များ အလုပ်မဖြစ်ဟု အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များက ဝေဖန် ပြောကြား လာသည်။
မြန်မာ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ အာဆီယံသည် ၎င်း၏ ပဋိဉာဏ်နှင့် မကိုက်ညီဘဲ မြန်မာ နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်စွက်ဖက်နေကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပြီးနောက် ၁ နှစ်ခွဲကျော် ကြာလာသည့်အချိန်တွင် မြန်မာ စစ်ကောင်စီနှင့် မြန်မာ့အရေး ကူညီ ဖြေရှင်းနေသည့် အာဆီယံ အကြား ဆက်ဆံရေးသည် ပိုမိုတင်းမာလာသည့် သဘောရှိသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပြီးနောက် ၁ နှစ်ခွဲကျော် ကြာလာသည့်အချိန်တွင် မြန်မာ စစ်ကောင်စီနှင့် မြန်မာ့အရေး ကူညီ ဖြေရှင်းနေသည့် အာဆီယံ အကြား ဆက်ဆံရေးသည် ပိုမိုတင်းမာလာသည့် သဘောရှိသည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့ကလည်း ကတိကဝတ် မတည်သည့် စစ်ကောင်စီကို ပိုမိုစိတ်ပျက်လာနေပြီး စစ်ကောင်စီ အပေါ် ဆက်လက်ဖိအားပေးမည့် အခြေအနေတွင် ရှိသည်။
အကယ်၍ အာဆီယံကသာ စစ်ကောင်စီကို ဆက်လက်ဖိအားပေးနေပါက မြန်မာစစ်ကောင်စီသည် အာဆီယံက ထွက်နိုင်ခြေ မည်မျှရှိသနည်း ဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်လာသည်။
ဘုံသဘောတူညီချက်တွေ အလုပ်မဖြစ်
ပြီးခဲ့သည့် စက်တင်ဘာ နောက်ဆုံးပတ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ပြုလုပ်ခဲ့သည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မလေးရှား ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ရာကွတ်က အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နှင့် ပတ်သက်၍ တိုးတက်မှု မရှိသဖြင့် စိတ်ပျက်ရကြောင်း လူသိရှင်ကြား ညည်းတွားသည်။
၎င်းက“အာဆီယံက ချမှတ်ထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိတာကို မလေးရှားအနေနဲ့ စိတ်ပျက်မိပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်ဘက်က အကောင်အထည် ဖော်နိုင်ခြင်း မရှိပါဘူး။ အာဆီယံရဲ့ ဒီဘုံသဘောတူညီချက်တွေက ဆက်ကို မရှိသင့်တော့ပါဘူး။ မူဘောင်သစ်ချမှတ်ဖို့ တိကျတဲ့ အချိန်သတ်မှတ်ချက်၊ ရှင်းလင်းပျက်သားတဲ့ ပန်းတိုင်ပြန်ချဖို့ လိုနေပါတယ်”ဟု ဆိုသည်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဆိုသည်မှာ မြန်မာနိုင်ငံအရေးဖြေရှင်းရန် မြန်မာစစ်ခေါင်းဆောင်အပါအဝင် အာဆီယံ ခေါင်းဆောင်များက ၂၀၂၁ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ဆုံးဖြတ်ခဲ့သည့် သဘောတူညီချက် ၅ ချက်ဖြစ်သည်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဆိုသည်မှာ မြန်မာနိုင်ငံအရေးဖြေရှင်းရန် မြန်မာစစ်ခေါင်းဆောင်အပါအဝင် အာဆီယံ ခေါင်းဆောင်များက ၂၀၂၁ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ဆုံးဖြတ်ခဲ့သည့် သဘောတူညီချက် ၅ ချက်ဖြစ်သည်။
၎င်းတို့မှာ ၁) မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေး၊ ၂) ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေကို ရှာဖွေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး အပြုသဘော ဆွေးနွေးရေး၊ ၃) အာဆီယံဥက္ကဋ္ဌ၏ သံတမန်တဦးက အထွေထွေအတွင်းရေးမှူး၏ အကူအညီဖြင့် ဖျန်ဖြေပေးရေး၊ ၄) အာဆီယံ၏ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Centre)မှ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး နှင့် ၅) သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် အထူးကိုယ်စားလှယ်အပါအဝင် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံသို့ သွားရောက်ရေးတို့ ဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နိုမာဆူဒီကလည်း ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ်မှာပင် နိုဝင်ဘာတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ ဘုံသဘောတူညီချက် ၅ ချက်အကြောင်း ဆွေးနွေးရန် ဒေသတွင်းခေါင်းဆောင်များအား တိုက်တွန်းပြောဆိုခဲ့ကြောင်း နယူးယောက်မှလာသည့် သတင်းများအရ သိရသည်။
ယင်းအပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ အစီအမံသစ်များ ထပ်မံချမှတ်နိုင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြုသူ မပါသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတရပ်ကို နိုဝင်ဘာလ ဖနွမ်းပင်မြို့ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့၌ ကျင်းပရန် ပြင်ဆင်ထားသည်။
မြန်မာစစ်ကောင်စီသည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သဘောတူညီချက်များကို လုံလောက်သည့် တိုးတက်မှု ရရန် လုပ်ဆောင်မှု မရှိဟု ယူဆပြီးနောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပသွားရန် ရည်ရွယ်ထားကြောင်း အင်ဒိုနီးရှား ထိပ်တန်းသံတမန်တဦး၏ ပြောကြားချက်ကို ကိုးကား၍ အင်ဒိုနီးရှားအခြေစိုက် Jakarta Post သတင်းဌာနက ရေးသားသည်။
ယခုအခါ အာဆီယံသည် မြန်မာအပေါ်ချမှတ်ရမည့် နောက်ထပ်အစီအမံများကို ရေးဆွဲနေပြီး အသေးစိတ်ပြင်ဆင်နိုင်ရန် အစည်းအဝေးတရပ်ကို အင်ဒိုနီးရှားနိုင်ငံ၏ ကမ်းလှမ်းမှုဖြင့် လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို သဘောတူခဲ့သည်မှာ ၁ နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ပြည်သူသန်းပေါင်းများစွာကို နှိမ်နင်းရန် ရည်ရွယ်ကာ တနိုင်ငံလုံးအတိုင်းအတာ ဖြိုခွင်းမှုများ ဆက်လက်ပြုလုပ်၍ ဘုံသဘောတူညီချက်များကို မလိုက်နာနိုင်ကြောင်း ပြသခဲ့သည်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို သဘောတူခဲ့သည်မှာ ၁ နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ပြည်သူသန်းပေါင်းများစွာကို နှိမ်နင်းရန် ရည်ရွယ်ကာ တနိုင်ငံလုံးအတိုင်းအတာ ဖြိုခွင်းမှုများ ဆက်လက်ပြုလုပ်၍ ဘုံသဘောတူညီချက်များကို မလိုက်နာနိုင်ကြောင်း ပြသခဲ့သည်။
ထို့ကြောင့် အာဆီယံသည် ထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်ကိုသာ အစည်းအဝေးတက်ရောက်ရန် အကန့်အသတ်ဖြင့် ခွင့်ပြုထားသည်။
လာမည့် နိုဝင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပရန်ရှိသည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့လည်း မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားရန်ရှိ ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။
မြန်မာစစ်ကောင်စီသည် အာဆီယံ ဘုံသဘောတူညီချက်များကို ပူးပေါင်းဆောင်ရွက်မှုမရှိရုံ သာမက ဘုံသဘောတူညီချက် ၅ ချက်အရ အကောင်အထည်ဖော်သည့် အခမဲ့ရရှိသော လူသားချင်းစာနာမှုအကူအညီများကိုပင် အခွန်ကောက်ရန် ကြံစည်ခဲ့သည်။
၂၀၂၂ ခုနှစ်မေလဆန်းက ပြုလုပ်သည့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများပေးနိုင်ရေး အတိုင်ပင်ခံ အစည်း အဝေးတွင် အာဆီယံက မြန်မာနိုင်ငံသို့ပေးမည့် လူသားချင်းစာနာမှု အကူအညီများကို အခွန်ကောက်မည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ အပြည်ပြည်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က ပြောခဲ့သဖြင့် အာဆီယံ အထူး ကိုယ်စားလှယ်က ထိုသို့ မလုပ်ရန် ပြောဆိုခဲ့ရသည်။
စစ်ကောင်စီ၏ အမြင်
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲမှ အချို့ အချက်များသည်ပင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ကိစ္စဖြစ်နေကြောင်း ပြီးခဲ့သည့် ဩဂုတ်လက ရုရှားမီဒီယာ တခုဖြစ်သည့် RIA သတင်းဌာနသို့ ပြောသည်။
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲမှ အချို့ အချက်များသည်ပင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ကိစ္စဖြစ်နေကြောင်း ပြီးခဲ့သည့် ဩဂုတ်လက ရုရှားမီဒီယာ တခုဖြစ်သည့် RIA သတင်းဌာနသို့ ပြောသည်။
၎င်းက“အာဆီယံက သူများရဲ့ ပြည်တွင်းရေးကို ဝင်ရောက်ခွင့်တော့မရှိဘူး။ သို့သော်လည်းပဲ သူတို့လိုချင်တာ ကောက်ချက်ဆွဲပြီးတော့မှ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆောင်ရွက်ခဲ့တာရှိပါတယ်။ တချို့ ဟာတွေက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ ကိစ္စဖြစ်နေတာကို တွေ့ရပါတယ်”ဟု ဆိုထားသည်။
ဆက်လက်၍ အာဏာသိမ်း စစ်ခေါင်းဆောင်က အာဆီယံအနေနှင့် စစ်ကောင်စီကို အစိုးရတရပ်အဖြစ် အသိအမှတ်ပြုရမည်ဟုလည်း ရုရှား သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောသည်။
“ကျနော်တို့အစိုးရ ရှိနေတာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ရှိနေခြင်း ဖြစ်တယ်။ ဒါဟာ အသိအမှတ်ပြုရမယ်။ ကျနော်တို့က ပြည်သူက အသိအမှတ်ပြုထားတဲ့ အခြေခံဥပဒေအရ အရေးယူဆောင်ရွက်တာပဲ ဖြစ်တယ်။ ဒီအပေါ်မှာ မျက်ကွယ်ပြုပြီးမှ ရွေးကောက်တင်မြှောက်ပွဲဆိုင်ရာ ရလဒ်တွေအပေါ်မှာ ဖြစ်ပေါ်လာတဲ့ သဘောထားကွဲလွဲမှုတွေမှာ သူတို့က ဒါကို တုန့်ပြန်ပုံတွေက အာဆီယံ ပဋိဉာာဉ်နဲ့ မကိုက်ညီဘူးလို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အာဆီယံ ဘုံသဘောတူညီချက်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပူးပေါင်းဆောင်ရွက်၍ ရသည်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။ ဆိုလိုသည့်သဘောမှာ အာဆီယံ ဘုံသဘောတူညီချက်များထဲမှ ၎င်းတို့ ဆန္ဒရှိသည်များကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ၎င်းတို့မကြိုက်သည်များ ရှိလာပါက မပူးပေါင်းနိုင်ဆိုသည့် အဓိပ္ပါယ် လည်း ဖြစ်သည်။
နုတ်ထွက်နိုင်ခြေ အလားအလာ
အာဆီယံနှင့် ပတ်သက်၍ စစ်ကောင်စီဥက္ကဌ၏ တုံ့ပြန်ပြောဆိုပုံများသည် ပြင်းထန်လာသဖြင့် မြန်မာသည် အာဆီယံမှ နုတ်ထွက်နိုင်ခြေ များနေကြောင်း မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူအချို့က ရှုမြင်ကြသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီသည် ကုလသမဂ္ဂစင်မြင့်အပါအဝင် အာဆီယံ၌ သံတမန်ရေး အကျပ်အတည်းကြုံနေရပြီး စစ်ကောင်စီသည် အာဆီယံမှ နုတ်ထွက်ရန် စဉ်းစားလာဖွယ်ရှိနိုင်သည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သူ ဗညားအောင်ကမူ လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီသည် ကုလသမဂ္ဂစင်မြင့်အပါအဝင် အာဆီယံ၌ သံတမန်ရေး အကျပ်အတည်းကြုံနေရပြီး စစ်ကောင်စီသည် အာဆီယံမှ နုတ်ထွက်ရန် စဉ်းစားလာဖွယ်ရှိနိုင်ကြောင်း ဆိုသည်။
ဧရာဝတီတွင် ဖော်ပြထားသော “၂၀၂၂ နိုင်ငံရေး၊ စစ်ရေး ရီဗျူး အပိုင်း ၂” ဆောင်းပါးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း၌ NUG နှင့် ပိုမို ထိတွေ့ ဆက်ဆံသင့်သည်ဆိုသည့် အယူအဆတရပ် အားကောင်းလာနေကြောင်း၊ စစ်ကောင်စီနှင့် အာဆီယံ ဆက်ဆံရေး အဆင်မပြေပါက အာဆီယံလမ်းကြောင်းကို ထောက်ခံအားပေးနေသည့် တရုတ် နိုင်ငံအပါအဝင် အမေရိကန်နိုင်ငံနှင့်ပါ ဆက်ဆံရေး အဆင်ပြေဖွယ်မရှိဘဲ အကျပ်အတည်းကြုံနိုင်ကြောင်း ဗညားအောင်က မှတ်ချက်ပေးသည်။
စင်္ကာပူနိုင်ငံ ISEAS Yusof Ishak Institute ၏ မြန်မာ့အရေးလေ့လာမှု အစီအစဉ် ပူးတွဲညှိနှိုင်းရေးမှူး ဒေါ်မိုးသူဇာကလည်း ယခင်စစ်အစိုးရများ လက်ထက်တွင် အာဆီယံနှင့် မြန်မာဆက်ဆံရေး ကျဆင်းမှုများရှိခဲ့သော်လည်း လက်ရှိ စစ်ကောင်စီနှင့် အာဆီယံ ဆက်ဆံရေးသည် နိမ့်ကျမှုအသစ်ကို ညွှန်ပြနေကြောင်း ဧရာဝတီသို့ ပြောသည်။
ထုံးတမ်းအစဉ်အလာအသစ်များကို ပူးပေါင်းရန် စဉ်းစားနေသော အာဆီယံနှင့် ၎င်းတို့ကို ပြောင်ပြောင်တင်းတင်း ဖီဆန်နေသော အဖွဲ့ဝင် မြန်မာတို့ကြား ဆက်ဆံရေးသည် စိန်ခေါ်မှုဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက လာမည့် အာဆီယံ၏ ဆွေးနွေးမှုများသည် မြန်မာ စစ်ကောင်စီ၏ လိုက်နာဆောင်ရွက်မှုမရှိသော အနေအထားကို တုံ့ပြန်ဆောင်ရွက်နိုင်ရေး အာရုံစိုက်ဖွယ်ရှိကြောင်း ဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကမူ မြန်မာနိုင်ငံအရေးသည် အချိန်ကြာလာ သည်နှင့်အမျှ ပြည်သူလူထု၏ အသက်ဆုံးရှုံးမှု များလာနေသဖြင့် အမြန်ဆုံး ဖြေရှင်းရန်လိုကြောင်း ပြောသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကမူ မြန်မာနိုင်ငံအရေးသည် အချိန်ကြာလာ သည်နှင့်အမျှ ပြည်သူလူထု၏ အသက်ဆုံးရှုံးမှု များလာနေသဖြင့် အမြန်ဆုံး ဖြေရှင်းရန်လိုကြောင်း ဧရာဝတီသို့ ပြောသည်။ ၎င်းက မြန်မာစစ်တပ်ကို အာဆီယံ အပါအဝင် နိုင်ငံတကာအနေနှင့် ဆက်လက်ဖိအားပေးရန် လိုအပ်သည်ဟု ဆိုသည်။
ဦးကျော်မိုးထွန်းက “အာဆီယံထဲမှာလည်း ၉ နိုင်ငံက တူညီတဲ့ သဘောထားရှိဖို့က မလွယ်ပါဘူး။ ဒါကြောင့် အာဆီယံ တဖွဲ့တည်းက ဆောင်ရွက်မှာ ထက်စာရင် ဒီမိုကရေစီကို အားပေးတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေအပေါ် နားလည်တဲ့ ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို လိုက်လျောညီထွေဖြစ်စေမယ့် အဲဒီလိုဟာတွေကို အားပေးတဲ့ အဖွဲ့တွေကလည်း အာဆီယံကို တွန်းအားပေးဖို့ လိုတယ်လို့ မြင်ပါတယ်”ဟု မှတ်ချက်ပေးသည်။
You may also like these stories:
မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မဖိတ်
မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး လုပ်မည်
ခေါင်းဆောင်ပိုင်းရာထူးအချို့ ခန့်အပ်နိုင်ခြင်းမရှိဘဲ ကြံ့ခိုင်ရေးပါတီညီလာခံ ပြီးဆုံး
၂၀၂၂ နိုင်ငံရေး စစ်ရေး ရီဗျူး (အပိုင်း ၂)
The post အာဆီယံကနေ မြန်မာနုတ်ထွက်နိုင်သလား appeared first on ဧရာဝတီ.