Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ကမ္ဘာကျော် လူလိမ်ကြီး ဦးစိုးသိန်း၏ အတွင်းရေးများ

$
0
0

စစ်ဗိုလ်ချုပ်ဟောင်းများထဲတွင် မြန်မာပြည်သူများကိုသာမက ကမ္ဘာကိုပါ လိမ်ညာလှည့်ဖျားခဲ့သူတဦး ရှိသည်။ သူ အကြောင်းမသိသူများက ပြုပြင်ပြောင်းလဲရေးသမားဟု ထင်ခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြုပြင်ပြောင်းလဲရေးသမားဟုထင်ခံခဲ့ရသူ ဝန်ကြီး ဦးစိုးသိန်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက်သူဖုန်းကွယ်ထားသည့် မျက်နှာဖုံးကွာကျလာခဲ့သည်။

အာဏာသိမ်းပြီးနောက် သူရေးသားထုတ်ဝေခဲ့သော စာအုပ်သည် သူ၏ ဗီဇအမှန်ကို ဖော်ပြခြင်း ဖြစ်ပေသည်။

ဦးသိန်းစိန်ကြောင့် စိန်နားကပ်ကြောင့် ပါးပြောင်ခဲ့ရသူ စစ်ဗိုလ်ချုပ်ဟောင်း ဦးစိုးသိန်းသည် ကမ္ဘာကြီးနှင့် မြန်မာပြည်သူများကိုသာမက သူ့မိတ်ဆွေ အရင်းအချာများကိုပင် လိမ်ညာလှည့်ဖျားကာ သူ့အကျိုးစီးပွါးအတွက် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ထိုသူမှာ ရေချုပ်တာဝန်ယူခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင် သမ္မတရုံး ဝန်ကြီး တာဝန်ယူခဲ့သော ဦးစိုးသိန်းပင် ဖြစ်သည်။

ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်က အတင်းအဖျင်းများကို အများအပြား ကိုးကားထားသော ဦးစိုးသိန်းရေးသည့် ၂၀၂၀ နှင့် ၂၀၂၁ ထုတ် ‘ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ’ စာအုပ် မျက်နှာဖုံး

နိုဘယ်ဆုဖြင့် လှည့်ဖျားခဲ့သူ

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ရေချုပ်ဟောင်း ဦးစိုးသိန်းသည် သမ္မတရုံးဝန်ကြီး ဖြစ်လာခဲ့သည်။ သမ္မတရုံး ဝန် ကြီး ဆိုသော်လည်း ဦးစိုးသိန်းအား သမ္မတဦးသိန်းစိန်က လုပ်ပိုင်ခွင့်များ ပေးထားသည့်အတွက် တူးအင်ဟတ် (တစ်နဲ့ နှစ် ကြားကလူ)ဟုပင် ခေါ်ဆိုကြရသည်။ ဒုသမ္မတထက်ပင် အာဏာရှိသူဟု ဆိုလိုခြင်း ဖြစ်သည်။

ဦးစိုးသိန်းနှင့် သမ္မတ ဦးသိန်းစိန်တို့သည် စစ်က္ကသိုလ်ကတည်းက ဆုံခဲ့ကြသည်။ လေးနှစ်တက်ရသော စစ်တက္ကသိုလ် တွင် သမ္မတဦးသိန်းစိန်က စစ်တက္ကသိုလ်အပတ် ၉ တက်ခဲ့ပြီး ဦးစိုးသိန်းမှာ အပတ်စဉ် ၁၁ တက်ခဲ့သည်။

ထို့ပြင် နဝတ အစိုးရလက်ထက် ဦးသိန်းစိန် ဝန်ကြီးချုပ် ဖြစ်လာသည့်အခါ ဦးစိုးသိန်းသည်လည်း စက်မှု ၂ ဝန်ကြီး ဖြစ် သည့် အတွက်လည်း ထပ်မံဆုံခဲ့ရပြန်သည်။

ထို့ကြောင့် ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်တွင် သူသမ္မတဖြစ်လာသည့်အခါ ဦးစိုးသိန်းအား သမ္မတရုံးဝန်ကြီး တာဝန်ပေးလာ ခဲ့သည်။ ဦးသိန်းစိန်က ဦးစိုးသိန်းအား လက်ရုံးတဆူအဖြစ် အားကိုးခဲ့သည်။

ဦးစိုးသိန်းသည် သမ္မတရုံး ဝန်ကြီး ဖြစ်လာပြီးနောက် သူပြောဆိုသည့် အတိုင်းသာ ဆောင်ရွက်ပါက သမ္မတ ဦးသိန်းစိန်အား နိုဘယ်ဆုရအောင် ဆောင်ရွက်ပေးမည်ဟု အချင်းချင်း ဂျင်းပြန်ထည့်ခဲ့သည်။

ထိုအချိန်က ဦးစိုးသိန်း၏ နောက်ကွယ်တွင် မြန်မာအီးဂရက်ခေါင်းဆောင်များ ရှိကြသည်။ မြန်မာအီးဂရက် ခေါင်းဆောင် များထဲမှ ဒေါက်တာနေဝင်းမောင်၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေတို့သည် ဦးစိုးသိန်း၊ ဦး အောင်မင်းအား နောက်ကွယ်မှ အကြံပေးနေသူများ ဖြစ်သည်။

မြန်မာအီးဂရက်မှတဆင့် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ဖွင့်လှစ်လာသောအခါ ဦးစိုးသိန်းသည် ပြည်တော်ပြန်များဖြစ် ကြသော ဦးညိုအုန်းမြင့်၊ ဦးအောင်နိုင်ဦး၊ ဆလိုင်းငုံကျုံးလျန်တို့နှင့်ပါ ထပ်မံ ရင်းနှီးလာခဲ့သည်။ ဦးစိုးသိန်း၏ အကြံပေးဖြစ်သူမှာ ဒေါက်တာ ကျော်ရင်လှိုင်နှင့် ဦးလှမောင်ရွှေတို့ ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ရန်ကုန်မြို့တွင် ကျင်းပသော ‘ဒီမိုကရေစီ နိုင်ငံတော်သစ်နှင့် သမ္မတ ဦးသိန်းစိန်’ စာအုပ်မိတ်ဆက်ပွဲတွင် တွေ့ရသည့် ဦးစိုးသိန်း

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နော်ဝေနိုင်ငံခြားရေး ဒုဝန်ကြီးအား မြန်မာနိုင်ငံသို့ လာရောက်ရန် မြန်မာအီးဂရက်က လူကြီးများနှင့် ဝန်ကြီး ဦးစိုးသိန်းတို့ စီစဉ်နိုင်ခဲ့သည်။

ဦးစိုးသိန်းသည် သမ္မတ ဦးသိန်းစိန်အား နိုဘယ်ဆုရအောင် ဆောင်ရွက်ပေးမည်ဆိုသောကြောင့် သမ္မတ ဦးသိန်းစိန်သည် ဦးစိုးသိန်းအား လုပ်ပိုင်ခွင့်ပေးလာခဲ့သည်။ ပင်ကိုယ် အရည်အချင်း မရှိသော သမ္မတ ဦးသိန်းစိန်သည် ဦးစိုးသိန်းကို အားကိုးလာခဲ့သည်။

ထိုကြောင့် သူလည်း စူပါဝန်ကြီး ဖြစ်လာခဲ့သည်။ သူ့လက်အောက်တွင် တာဝန်ထမ်းခဲ့သော ရေတပ်ဦးစီးချုပ်(ငြိမ်း) ဦးဉာဏ်ထွန်းအား ဒုတိယသမ္မတဖြစ်လာအောင်အထိ ဆောင်ရွက်နိုင်ခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဦးစိုးသိန်း ပြီးရင်ပြီးသလောက် ဖြစ်လာသည်။

ထို့နောက် သူသည် ဝန်ကြီး ဌာန များ တင်ဒါချပေးသည့်အခါ သူပေးခိုင်းသည့် ကုမ္ပဏီများကိုသာ ပေးရသည်။ သူ ပေးခိုင်းသည့် ကုမ္ပဏီကို မပေးသည့် ဝန် ကြီးများ ဝန်ကြီးချုပ်များအား သမ္မတနှင့် တိုင်တန်းမည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့သည်။ သူပေးခိုင်းသည့် ကုမ္ပဏီ အားတင်ဒါမပေးသည့် ပြည်ထောင်စုဝန်ကြီးအချို့ ရာထူးမှ နုတ်ထွက်ခဲ့ ရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ဦးစိုးသိန်း ဂွင်ရိုက်ခဲ့သော လုပ်ငန်းများထဲမှ လက်စုပ်လက်ကိုင်ပြလို့ရသည့် ကိစ္စမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (MICA) ဖြစ်သည်။ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့သော MICA ဥက္ကဌမှာ ဦးစိုးသိန်းဖြစ်ပြီး ဝန်ကြီးဌာနများက နိုင်ငံပိုင် စက်ရုံနှင့် ခြံမြေအကွက်ပေါင်း ၆၀ ကျော် ကို ရယူခဲ့သည်။

ထို့နောက်အဆိုပါ စက်ရုံနှင့်မြေကွက်များအား ဦးစိုးသိန်းနှင့် ပတ်သက်သောကုမ္ပဏီများအား ကာလတန်ဖိုးနှင့် အလွန်နည်း သော ဈေးနှုန်းဖြင့် ငှားရမ်းလုပ်ပိုင်ခွင့်ပေးခဲ့သည်။ NLD အစိုးရတက်လာပြီးနောက် အမျိုးသားလွှတ်တော်မှ ထိုအချက်ကို ထောက်ပြကာ MICA အဖွဲ့ကို ဖျက်သိမ်းဖို့ လွှတ်တော်က အတည်ပြုခဲ့သည်။

အမှန်တကယ် ဦးစိုးသိန်းနှင့် MPC မှ အပေါင်းအပါများသည့် စစ်ဗိုလ်ချုပ်ဟောင်းမှ သမ္မတဖြစ်လာသူ ဦးသိန်းစိန်အား နို ဘယ်ဆု ရအောင်ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ခြင်းသည် မက်လုံးပေးလှည့်ဖျားခဲ့ခြင်းသာ ဖြစ်သည်။

မဘသ အသင်းကြီးကို တည်ထောင်ခဲ့သူ စစ်ဗိုလ်ချုပ် (ငြိမ်း) သမ္မတ ဦးသိန်းစိန်အား နိုဘယ်ဆုရအောင် ဆောင်ရွက် ပေးမည်ဟု ပြောဆိုခဲ့ခြင်းမှာ လိမ်လည်လှည့်ဖျားခဲ့ခြင်းဆိုသည်မှာ သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။

ဦးရွှေမန်းသမ္မတဖြစ်လာပါက သမ္မတ ဦးသိန်းစိန်ကဲ့သို့ ဦးစိုးသိန်းနှင့် MPC မှ လူကြီးများ ကြိုးကိုင်၍ မရတော့ပေ

ထို့ပြင် MPC ခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံသော မဘသဘုန်းကြီး ဦးဝီရသူအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန် MPC ရုံးထဲသို့ ဝင်ရောက်ခဲ့သည်။ သို့သော် ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် MPC ခေါင်းဆောင်များက ဖမ်းခွင့်မပြုသည့်အတွက် ရဲတပ်ဖွဲ့မှ ဦးဝီရသူအား ဖမ်းမရ ဖြစ်ခဲ့သည်။

ထိုကဲ့သို့ ဘာသာရေး အစွန်းရောက်ဘုန်းကြီးတပါးအား ဖမ်းဆီးခွင့်မပေးသောသူများက သမ္မတဦးသိန်းစိန်အား နိုဘယ်ဆု ရအောင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုခြင်းမှာ လိမ်ညာလှည့်ဖျားခြင်းသာဖြစ်သည်ကို သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။

သူငယ်ချင်းအပေါ် သစ္စာဖေါက်ခြင်း

ဦးစိုးသိန်းသည် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)သို့ လာရောက်သူ အများစုအား ရွှေမန်းသမ္မတ ဖြစ်လို့မရဘူးဟု ပြော လေ့ရှိသည်။ သူပြောသည့်အတိုင်းလည်း ဦးစိုးသိန်းက စနစ်တကျ လုပ်ခဲ့သည်။ ဦးစိုးသိန်းပြောသည့် ရွှေမန်းဆိုသူမှာ ထိုအချိန်က ပြည်သူ့လွှတ်တော်ဥက္ကဌ တာဝန်ယူထားသူ သူရဦးရွှေမန်း ဖြစ်သည်။

သူရ ဦးရွှေမန်းသည် ဦးစိုးသိန်းနှင့် အလွန်ခင်မင်ရင်းနှီးသူ ဖြစ်သည်။ ဦးစိုးသိန်း၏ ကျေးဇူးရှင်လို့လည်း ဆိုနိုင်သည်။ ဦးရွှေမန်းနှင့် ဦးစိုးသိန်းတို့သည့် စစ်တက္ကသိုလ်အပတ်စဉ် ၁၁ (DSA-11)ကို အတူတက်ခဲ့သူများ ဖြစ်သည်။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း တိုက်သည့်အခါ ဟိုင်းကြီးကျွန်း ရေတပ်စခန်းတွင်ရှိသော စစ်သင်္ဘောအချို့နစ်မြုပ်ခဲ့ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရေချုပ်တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီးစိုးသိန်းမှာ အရေးယူခံဖို့ ဖြစ်လာသည်။

သို့သော် ထိုအချိန်က စစ်တပ်၏ တတိယခေါင်းဆောင် ဖြစ်နေသူ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်းက ထိုပြသာနာကို တာဝန်ယူ ဖြေရှင်းပေးခဲ့သည်။ ထို့အတွက် ရေချုပ်ဦးစိုးသိန်းမှာ အရေးယူမခံခဲ့ရပေ။ ထို့ပြင် ဦးစိုးသိန်း အသက် ၆၀ ပြည့်၍ အနားယူရမည့်အချိန်တွင် သူရဦးရွှေမန်း၏ ထောက်ခံမှုဖြင့် စက်မူ ၂ ဝန်ကြီးရာထူးကို ရရှိခဲ့သည်။

ဦးစိုးသိန်းသည် လူကြိုက်များမည့်စကားလုံးများကို ပြောဆိုခြင်း လူကြိုက်များမည့်ဓါတ်ပုံများ အရိုက်ခံခဲ့ခြင်းသာ ဖြစ်သည်

သို့သော် ဦးစိုးသိန်း သမ္မတရုံးဝန်ကြီး ဖြစ်လာချိန်တွင် သူရဦးရွှေမန်းနှင့် မပြေမလည် ဖြစ်လာခဲ့သည်။ ဦးစိုးသိန်းတို့ အဖွဲ့ က ရေးဆွဲထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအား သူရေးဆွဲထားသည့်အတိုင်း မပြုပြင်ဘဲ လွှတ်တော်က အတည်ပြုပေးဖို့ ဦးစိုးသိန်းက တောင်းဆိုခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်သော သူရဦးရွှေမန်းက မလိုက်လျောခဲ့ပေ။ အဆိုပါ ဥပဒေအား လွှတ်တော်တွင်ဆွေးနွေးကာ လွှတ်တော်ကိုယ်စားလှယ် အများစု၏ သဘောထားအတိုင်း ပြင်ဆင်ပြီး အတည်ပြုခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဦးစိုးသိန်းက ဦးရွှေမန်းအပေါ် မကျေမလည် ဖြစ်လာခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကောင်းလာသော သူရဦးရွှေမန်းမှာ ၂၀၁၆ ခုနှစ်တွင် သမ္မတ ဖြစ်ရန် ရေပန်းစားသူ ဖြစ်သည်။ ဦးရွှေမန်းသည် ပင်ကိုယ်အရည်အချင်းရှိသူ ဖြစ်သည်။ ထို့ကြောင့် ဦးရွှေမန်းသမ္မတဖြစ်လာပါက သမ္မတ ဦးသိန်းစိန်ကဲ့သို့ ဦးစိုးသိန်းနှင့် MPC မှ လူကြီးများ ကြိုးကိုင်၍ မရတော့ပေ။

ထို့ကြောင့် ဦးစိုးသိန်းသည် ဦးရွှေမန်း သမ္မတမဖြစ်ရေး ဆောင်ရွက်လာခဲ့ကြသည်။ ပထမဆုံးအနေဖြင့် သမ္မတ ဦးသိန်းစိန်အား ဒုတိယအကြိမ် သမ္မတဆက်လုပ်ရန် စည်းရုံးခဲ့သည်။ သမ္မတဦးသိန်းစိန်သည့် သမ္မတရာထူးအား ငါးနှစ် တကြိမ်သာ တာဝန်ယူမည်ဟု သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား ပြောဆိုထားခဲ့သည်။

သို့သော် ဦးစိုးသိန်းနှင့် MPC ခေါင်းဆောင်များက သမ္မတ ဦးသိန်းစိန်အား ပြည်သူများနှင့်တိုင်းရင်းသား လက်နက်ကိုင်များက ဦးသိန်းစိန်အား ဒုတိယသက်တမ်းလုပ်ဆောင်ရန် လိုလားနေသည်ဟု ဆိုကာ ဒုတိယသက်တမ်း ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ထို့ကြောင့် သမ္မတဦးသိန်းစိန်သည် ဒုတိယ သက်တမ်း ဆက်လုပ်ဖို့ဖြစ်လာခဲ့သည့်အတွက် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က သမ္မတဦးသိန်းစိန်အား ကတိမတည်သူဟု ပြောဆိုလာခဲ့ပြီး ဆက်ဆံရေး အဖုအထစ် ဖြစ်လာခဲ့သည်။

ထို့ပြင် ဦးစိုးသိန်းက ဦးရွှေမန်း သမ္မတဖြစ်လာလျင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပေါင်းကာ စစ်ဗိုလ်ချုပ်များ၏ ပိုင်ဆိုင်မှုများကို ပြန်သိမ်းလိမ့်မည်ဟု မဟုတ်မမှန် သတင်းလွှင့်၍ စစ်ခေါင်းဆောင်များအား စည်းရုံးခဲ့သည်။

ထို့နောက် ဦးသိန်းစိန်နှင့် တပ်ချုပ်မင်းအောင်လှိုင်တို့ပေါင်းကာ သူရဦးရွှေမန်းအား ကြံခိုင်ရေး ပါတီ ဥက္ကဌ ရာထူးမှာ ဖယ်ရှားသည့် သန်းခေါင်ယံ အာဏာသိမ်းမှု ဖြစ်လာခဲ့သည်။

ဦးစိုးသိန်းသည် သူ အာဏာပါဝါရှိသော သမ္မတရုံး ဝန်ကြီးတာဝန်ယူခဲ့သည့်အချိန်တွင် နိုင်ငံတကာနှင့် မြန်မာ့ လူ့အဖွဲ့အစည်းကိုလည်း လိမ်ညာလှည့်ဖျားခဲ့သူ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတကာနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား လိမ်ညာလှည့်ဖျားခဲ့ခြင်းမှာ သမိုင်းက သက်ပြေပြခဲ့သည်။

သူတို့၏လုပ်ဆောင်မှုများသည့် သူတို့အာဏာရရေးသာ ဖြစ်သည်။၂၀၀၈ ဖွဲ့စည်းပုံအရ သူကိုယ်တိုင်သမ္မတ လုပ်လို့ မရသည့်အတွက် သူကြိုးဆွဲလို့ရသည့်သူ သမ္မတဖြစ်ရေး ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်။

ထို့အတွက် အရှက်အကြောက်မရှိ ရင်ထဲက မပါသည့်စကားများ ပြောဆို၍ ပြည်သူလူထုနှင့်ကမ္ဘာခေါင်းဆောင်များအား လိမ်လည်လှည့်ဖျားခဲ့ခြင်း ဖြစ်သည်။ လူကြိုက်များမည့်စကားလုံးများကို ပြောဆိုခြင်း လူကြိုက်များမည့်ဓါတ်ပုံများ အရိုက်ခံခဲ့ခြင်းသာ ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရခဲ့ပြီးနောက် အိပ်မပျော်နိုင်ဖြစ်ခဲ့ရသည့် ဦးစိုးသိန်းသည် စစ်တပ်က အာဏာ သိမ်းမသိမ်းမှာကို စိုးရမ်ခဲ့သူတစ်ဦး ဖြစ်ပြီး ဦးစိုးသိန်း၏ စိတ်ထားအမှန်အား သူရေးခဲ့သော သူ့စာအုပ်နှင့် သမိုင်းဖြစ်ရပ်များ က သက်သေပြပြီး ဖြစ်သည်။

You may also like these stories:

ပြုပြင်ပြောင်းလဲရေး အရေခြုံ ဦးစိုးသိန်း

မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စု၏ အငြိုး

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

ဖေဖေချစ်တဲ့ သားကြီး ဦးအေးချမ်း

The post ကမ္ဘာကျော် လူလိမ်ကြီး ဦးစိုးသိန်း၏ အတွင်းရေးများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...