Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ

$
0
0

စစ်တပ်ကအာဏာသိမ်းမှုကြောင့် တတိုင်းပြည်လုံး မတည်ငြိမ် ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ သမ္မတဟောင်းဦးသိန်းစိန်က နေပြည်တော်က ဧကနဲ့ချီ ကျယ်ဝန်းတဲ့ သူ့ခြံထဲမှာ အပင်စိုက်လိုက်၊ ပန်းချီဆွဲလိုက်၊ စာရေးလိုက်နဲ့ အေးအေးလူလူ ရှိနေပါတယ်။

အဲဒီလို ဒုက္ခရောက်အောင် လုပ်နေသူကတော့ သူ သမ္မတ လုပ်တုန်းက တပ်ချုပ် အဖြစ် ပြန်ခန့်အပ်ခဲ့တဲ့ မင်းအောင်လှိုင် ဖြစ်ပြီး သူ့ အနေနဲ့ မင်းအောင်လှိုင်ရဲ့ လုပ်ဆောင်ချက်တွေ အပေါ် တခွန်းတပါဒမှ ဝေဖန်အကြံပြုတာမျိုး မကြားခဲ့ရပါဘူး။

ဗိုလိချုပ်ကြီး လူထွက် ဦးသိန်းစိန် ဟာ ၂၀၁၁ မှာ သမ္မတဖြစ်ပြီးနောက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကြောင့် ကမ္ဘာက ချီးကျူးခံရသူဖြစ်ပါတယ်။ သူရဲ့ ပြုပြင်ပြောင်းလဲရေးတွေကြောင့် သူ့ကို လာပြီးတွေ့ရ အသိအမှတ်ပြုရသူတွေထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီနဲ့ သမ္မတ အိုဘားမားတို့ပါပါတယ်။

၂၀၁၆ မတ်လ နေပြည်တော်လာသည့် အမေရိကန်သမ္မတ အိုဘားမားကို ဦးသိန်းစိန် လက်ခံတွေ့ဆုံစဉ်/AFP

အဲဒီလိုမျိုး ကမ္ဘာက ချီးကျူးခံရသူရဲ့ အခုအချိန် ရေငုံနှုတ်ပိတ်နေမှုဟာ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က အမြဲတမ်းကယ်တင်ရှင် by staging coups ဆိုတဲ့ အယူအဆကို လက်ခံနေသလားဆိုတာ ဝေဖန်စရာဖြစ်လာပါတယ်။ တဖက်မှာလည်း ဦးသိန်းစိန် အနေနဲ့ အဲဒီလို နှုတ်ဆိတ်နေတာဟာ သူသည် အရေခြုံ ပြုပြင်ပြောင်းလဲရေးသမားသာဖြစ်တယ် ဆိုတာကို ပြသလိုက်တာဖြစ်ပြီး သူ့ကို reformist ဆိုပြီး ချီးကျူးစောခဲ့တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ရှက်ဖွယ်အတိ ဖြစ်စေပါတယ်။

ဦးသိန်းစိန် အနေနဲ့ နှုတ်ဆိတ်နေတာဟာ သူသည် အရေခြုံ ပြုပြင်ပြောင်းလဲရေးသမားသာဖြစ်တယ် ဆိုတာကို ပြသလိုက်တာဖြစ်ပြီး သူ့ကို reformist ဆိုပြီး ချီးကျူးစောခဲ့တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ရှက်ဖွယ်အတိ ဖြစ်စေပါတယ်။

စာရေးလိုက် ပန်းချီဆွဲလိုက်

NLD ကို ၂၀၁၆ မှာ အာဏာလွဲပေးပြီးတဲ့နောက် မိတ်ဟောင်းတွေ၊ တပည့်ဟောင်းတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နေပြည်တော်ခြောက်လုံးတန်းမှာ အငြိမ်းစားယူနေခဲ့တဲ့ ဦးသိန်းစိန် ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့တပည့်ရင်း နှစ်ယောက်ကို အလည်ခေါ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမှူးပြုတဲ့ စစ်အစိုးရခေတ် လက်ကျန်စစ်ဗိုလ်ချုပ်ဟောင်း ၆ ယောက်အတွက် ခရိုနီတွေ အထူးဆောက်လုပ်ပေးခဲ့တဲ့ ခြောက်လုံးတန်းလို့ ခေါ်ကြတဲ့ နေပြည်တော်က အထူးရပ်ကွက်မှာ ဦးသိန်းစိန်ရဲ့ခြံလည်း ပါပါတယ်။

၂၀၁၆ မေလ ကုန်မှာ သမ္မတအိမ်တော်က ဆင်းလာပြီးကတည်းက နေနေတဲ့ အဲဒီခြံဟာ သူ့ကိုယ်ပိုင်အမည်ပေါက်ထားတဲ့ခြံလည်း ဖြစ်ပါတယ်။

အလည်သွားသူတွေထဲက တယောက်ဖြစ်သူ တပ်ကြပ်ဟောင်း ဦးအောင်ပိုင်မင်းက အဲ့ဒီအလည်အပတ်ခရီးစဉ်အကြောင်းကို လူမှုကွန်ရက်မှာရေးတင်ပြီး ကြွားလုံးထုတ်ခဲ့တာပါ။

(ဦးအောင်ပိုင်မင်းဟာ ဦးသိန်းစိန် စစ်ဗိုလ်ချုပ်ဘဝကတည်းက တပည့်ဖြစ်ပြီး သမ္မတဖြစ်တော့လည်း သမ္မတရုံးကိုပါလာသလို ဦးသိန်းစိန်သမ္မတအိမ်တော်က ဆင်းတော့လည်း သမ္မတရုံးဝန်ထမ်းကနေ နှုတ်ထွက်ခဲ့သူဖြစ်ပါတယ်။)

၂၀၁၄ နိုဝင်ဘာ အမေရိကန်သမ္မတ အိုဘားမားကို ညစာစားပွဲနှင့် တည်ခင်းဧည့်ခံရာသို့ ဦးသိန်းစိန်နှင့် မင်းအောင်လှိုင် အတူတကွ တက်လာစဉ်/AFP

သူက ဦးသိန်းစိန်ကို ‘’ဘဘကြီး’’ လို့ခေါ်ပြီး သူတို့ သွားလည်တဲ့အချိန် ဦးသိန်းစိန်က ခြံထဲမှာ ဘတ်ဂီ (ဂေါက်ကွင်းမှာ စီးတဲ့ ယာဉ်ငယ်) စီးနေပြီး သူကိုယ်တိုင်စိုက်ထားတဲ့ ပန်းသရက်သီးကို တပည့်တွေကို ခူးကျွေးပါတယ်။ ပြီးတော့ သူ ဆွဲထားတဲ့ ပန်းချီကားတွေကို ပြပါတယ်။

ဦးအောင်ပိုင်မင်း လူမှုကွန်ရက်ပေါ်တင်ထားတဲ့ ဦးသိန်းစိန်ရဲ့ပန်းချီကားတွေမှာပါတဲ့ ရက်စွဲတွေအရ စစ်တပ်က ရွာတွေကို မီးရှို့၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ဧပြီလနဲ့ မေလ အတွင်း ဒီပန်းချီကားတွေကို ဦးသိန်းစိန် ရေးဆွဲနေခဲ့တာပါ။

ဦးအောင်ပိုင်မင်း လူမှုကွန်ရက်ပေါ်တင်ထားတဲ့ ဦးသိန်းစိန်ရဲ့ပန်းချီကားတွေမှာပါတဲ့ ရက်စွဲတွေအရ စစ်တပ်က ရွာတွေကို မီးရှို့၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ဧပြီလနဲ့ မေလ အတွင်း ဒီပန်းချီကားတွေကို ဦးသိန်းစိန် ရေးဆွဲနေခဲ့တာပါ။

ဦးသိန်းစိန်က သူ့တပည့်တွေကို သူ့ပန်းချီကားတွေထုတ်ကြွားခဲ့ပေမယ့် သူ့လက်ရာက ပန်းချီအနုပညာရှင်တွေရဲ့အမြင်မှာတော့ ရိုးရိုး ဝါသနာရှင်အဆင့်လို့ ပြောကြပါတယ်။

ဦးသိန်းစိန်ဟာ သူတို့ကို သူရေးတဲ့ ‘’စီးဆင်းနေသော ဧရာဝတီနှင့် ဝတ္ထုတိုများ စုစည်းမှု’’ စာအုပ်ကို လက်ဆောင်ပေးတယ်လို့လည်း ဦးအောင်ပိုင်မင်းက ရေးထားပါတယ်။ ကလောင်အမည် “သိန်းစိန်ထွန်း” နဲ့ရေးပြီး ငြိမ်းချမ်း‌ရေးအကြောင်းလည်း ပါဝင်ပါတယ်။

ဦးသိန်းစိန်ဟာ သူရေးတဲ့ စာအုပ်တင်မက သူ့ ဝန်ကြီးဟောင်းဖြစ်ခဲ့တဲ့ ဦးစိုးသိန်းရဲ့ အနာဂတ်နိုင်ငံတော်အတွက် လူငယ်ပြုစုပျိုးထောင်ရေး စာအုပ်ကိုလည်း “မင်းတို့ ဖတ်သင့်တယ်” ဆိုပြီး လက်ဆောင်ပေးခဲ့ပါသေးတယ်။

ဦးစိုးသိန်းဟာ ဦးသိန်းစိန် လက်ထက်တုန်းက reform minded minister ပြုပြင်ပြောင်းလဲရေးသမား ဝန်ကြီးဆိုပြီး ကမ္ဘာက ချီးကျူးခံရသူပါ။ ဒါပေမယ့်လည်း သူရေးတဲ့ “ဒီမိုကရေဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ” စာအုပ်မှာ သူ့အနေနဲ့ ၂၀၂၁ စစ်တပ် အာဏာသိမ်းတာကို ဘယ်လိုထောက်ခံ၊ ဘယ်လောက်တောင် ဖြစ်စေချင်တယ်ဆိုတာတွေရေးထားတာကြောင့် သူလည်း ဒီပုတ်ထဲက ဒီပဲ ဆိုသလို ဦးသိန်းစိန်လို ပြုပြင်ပြောင်းရေးသမား အရေခြုံဆိုတာ သိသာသွားပါတယ်။

ပြုပြင်ပြောင်းလဲရေး သမ္မတဆိုတဲ့ ဂုဏ်ပုဒ်ကို ဦးသိန်းစိန် ရခဲ့ပြီး နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားနိုင်သလို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ကျားသေကို အသက်သွင်းခြင်း

သမ္မတတဦးနဲ့မတူဘဲ စာရင်းကိုင်တဦးနဲ့သာ ပိုတူတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီက တင်စားခဲ့တဲ့ ဦးသိန်းစိန်ဆီမှာ ၂၀၂၁ အာဏာသိမ်းမှုမဖြစ်ခဲ့တုန်းက ခမ်းနားတဲ့ အတိတ်တခု ရှိခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေး သမ္မတဆိုတဲ့ ဂုဏ်ပုဒ်ကို ဦးသိန်းစိန် ရခဲ့ပြီး နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားနိုင်သလို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါက သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လမ်းပြမြေပုံဖြစ်သလို သူကလည်း အစီအစဉ်အတိုင်း လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

“ဦးသိန်းစိန်က သမ္မတဘဝမှာ သူဘာလုပ်လုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြိုက်ပါ့မလားဆိုတာ အမြဲထည့်စဉ်းစားတယ်” လို့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းက သူ့မိတ်ဆွေတွေနဲ့ စကားလက်ဆုံကျတိုင်း ထည့်ပြောပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲ နိုင်ငံရေးကနေ ဖယ်ထုတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထဲခေါ်သွင်းခဲ့လို့ “ကျားသေကို အသက်သွင်းသူ” လို့ ဦးသိန်းစိန်ကို ကြံ့ခိုင်‌ရေးပါတီရဲ့ အမာဂိုဏ်းသားတွေက အပြစ်တင်ခဲ့ကြပါတယ်။

၂၀၂၂ မတ်လ နေပြည်တော် ကန်တော့ခံပွဲတွင် ဦးသိန်းစိန်နှင့် မင်းအောင်လှိုင် တွေ့ဆုံစဉ်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သဘောကို နားလည်တဲ့ ခေါင်းမာဂိုဏ်းသားတွေ စိုးရိမ်တဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်း အကွဲအပြဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဝင်မထိန်းတာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို နိုင်ငံရေးထဲခေါ်သွင်းတဲ့ ဦးသိန်းစိန်ကို အပြစ်ပေးတာ လို့ ဦးသိန်းစိန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွှတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ” စာအုပ်မှာ ထည့်‌‌သွင်းရေးသားပါတယ်။

NLD အစိုးရဖြစ်လာတဲ့အချိန်မှာတော့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍဟာ ခြိမ်းခြောက်ခံလာရတယ်လို့ စစ်ဗိုလ်ချုပ်တွေက ခံစားခဲ့ရပါတယ်။

NLD အစိုးရဖြစ်လာတဲ့အချိန်မှာတော့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍဟာ ခြိမ်းခြောက်ခံလာရတယ်လို့ စစ်ဗိုလ်ချုပ်တွေက ခံစားခဲ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဆက်နိုင်တဲ့ NLD ပါတီ အစိုးရမဖွဲ့နိုင်အောင် အာဏာသိမ်းလိုက်တာက စစ်ဗိုလ်ချုပ်တွေရဲ့ စိုးရိမ်သောကကို ပြေပျောက်စေခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကယ်တင်ရှင်သဖွယ် သတ်မှတ်ခဲ့ကြပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ တပ်မတော်နေ့က နေပြည်တော်မှာ စစ်ဗိုလ်ချုပ်အဟောင်းအသစ်တွေ စုဝေးမိခဲ့ကြပြီး စစ်ယူနီဖောင်းတွေဝတ်လို့ ပွဲခံခဲ့ကြပါတယ်။

သူတို့ဟာ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို မသိကျိုးကျွံပြုခဲ့ကြသလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရူးမိုက်မှုတွေကို လူသိရှင်ကြား ဝေဖန်ရဲတဲ့ စစ်ဗိုလ်ချုပ်ကလည်း မရှိသလောက် ရှားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ကန်တော့ခံ

အဲ့ဒီထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်လည်း တဦးအပါအဝင် ဖြစ်ပါတယ်။

သူ တပိုင်းတစသာ အောင်မြင်ခဲ့တဲ့ တာဝန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်ထမ်းတယ်လို့ ယူဆပုံရပါတယ်။

၂၀၂၂ မေလ နေပြည်တော်တွင် ကျင်းပသော ဘာသာရေးအခမ်းအနား တက်ရောက်နေသော ဦးသိန်းစိန်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဟောင်းဦးသိန်းစိန်ကို ကန်တော့ခဲ့ပြီး ဦးသိန်းစိန်ကတော့ သူ့ရဲ့တပ်ချုပ်ဟောင်းကို လက်ရှိ တိုင်းပြည်မှာ ဖြစ်နေတာ တွေနဲ့ ပတ်သက်ပြီး တခွန်းတလေတောင် မပြောခဲ့ဘူးလို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဟောင်းဦးသိန်းစိန်ကို ကန်တော့ခဲ့ပြီး ဦးသိန်းစိန်ကတော့ သူ့ရဲ့တပ်ချုပ်ဟောင်းကို လက်ရှိ တိုင်းပြည်မှာ ဖြစ်နေတာ တွေနဲ့ ပတ်သက်ပြီး တခွန်းတလေတောင် မပြောခဲ့ဘူးလို့ သိရပါတယ်။

လူကြားသူကြားထဲကို ဦးသိန်းစိန်နောက်ဆုံးထွက်တာကတော့ ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့ ဖြစ်တဲ့ မေလ ၁၄ ရက်က ဖြစ်ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဘုရားထီးတင်ပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။

VVIP ဖြစ်နေဆဲ စစ်ဗိုလ်ချုပ်

နအဖ စစ်အစိုးရရဲ့အမွေဖြစ်တဲ့ ခြောက်လုံးတန်းက နန်းတော်တမျှ ခမ်းနားလှတဲ့ အိမ်ကြီးမှာ နေထိုင်နေတဲ့ ဦးသိန်းစိန်ဟာ သမ္မတဟောင်းဖြစ်တဲ့အတွက် နိုင်ငံတော်အဆင့် အဆောင်အယောင်တွေကို ဆက်လက်ခံစားနေရဆဲဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲရှုံးလို့ သမ္မတရာထူးကို စွန့်လွှတ်ဖို့ ၂ လလောက်အလိုမှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကို ဦးသိန်းစိန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။

ဒီဥပဒေအရ ဦးသိန်းစိန်ဟာ လက်ရှိအချိန်အထိ ပြည်ထဲရေးဝန်ကြီးဌာနက စီစဉ်ပေးတဲ့ လက်နက်တပ်ဆင်ထားတဲ့ ကိုယ်ရံတော်တပ်ဖွဲ့အစောင့်အရှောက်နဲ့နေထိုင်နေရတာဖြစ်ပါတယ်။

အဲ့ဒီအတွက် ကုန်ကျစရိတ်ကို ပြည်ထဲရေးဝန်ကြီးဌာန ဘတ်ဂျတ်ထဲက ကျခံနေရတာဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတနဲ့ ဒုသမ္မတတွေဟာ တာဝန်ကအနားယူပြီးရင် တလုံးတခဲတည်း နိုင်ငံရေးပင်စင် ချီးမြှင့်ငွေ၊ လစဉ်နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်တို့ကို ခံစားခွင့်ရရှိနေတာဖြစ်ပါတယ်။

နိုင်ငံတော် အဆောင်အယောင်တွေနဲ့ သာယာနေတဲ့ သမ္မတဟောင်းဟာ သူခန့်ခဲ့တဲ့ တပ်ချုပ် မင်းအောင်လှိုင် ရူးမိုက်မှုကြောင့် ယနေ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး သတိပေးဖို့ ပျက်ကွက်နေပါတယ်။

အဲဒီလို နိုင်ငံတော် အဆောင်အယောင်တွေနဲ့ သာယာနေတဲ့ သမ္မတဟောင်းဟာ သူခန့်ခဲ့တဲ့ တပ်ချုပ် မင်းအောင်လှိုင် ရူးမိုက်မှုကြောင့် ယနေ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး သတိပေးဖို့ ပျက်ကွက်နေပါတယ်။

အဲ့ဒီအစား အသက် ၇၇ နှစ်အရွယ် စစ်သားအိုကြီးဟာ တရားဘက်ကိုပဲ မျက်မှောက်ပြုနေပါတယ်။

ရေဆေးပန်းချီကားတွေရေးဆွဲတာကလည်း တရားရှုမှတ်ပွါးများချိန်တွေမှာ စိတ်တည်ငြိမ်မှု သမာဓိ အထောက်အကူရဖို့ အားလပ်ချိန်တွေမှာ ရေဆေးပန်းချီကားလေးတွေကို ရေးဆွဲခဲ့တာလို့ တပည့်ကျော်တွေကို ပြောပါတယ်။

သူ့ဆီလာလည်တဲ့ တပည့် ၂ယောက်ကို “သဘာဝရှုခင်းတွေကို ဓာတ်ပုံရိုက်ခဲ့ပါ။ သူက ပန်းချီဆွဲမယ်”လို့ မှာကြားပါတယ်။

ဒါက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရူးမိုက်မှုတွေကို သတိပေးဖို့အစား ပန်းချီတွေဆက်ဆွဲနေဦးမယ်ဆိုတဲ့ အဓိပ္ပါယ်လည်းဖြစ်ပါတယ်။

You may also like these stories:

မြက်ခင်းရိပ်သာလမ်းက အိမ်တွေလည်း စစ်ခေါင်းဆောင် လောဘတကြီး သိမ်းယူ

မြန်မာစစ်တပ်သည် ‘တပ်မတော်’ အမည်နှင့် မထိုက်တန်

ခွင့်မလွှတ်နိုင်တဲ့အမှားနဲ့ နောက်ဆက်တွဲ အမုန်းမီးတောက်များ

စစ်ပြေးဒုက္ခသည်များအရေး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဘာလုပ်သင့်လဲ

ပွဲလန့်တုန်းဖျာခင်းမယ့် ကြံ့ခိုင်ရေးပါတီ

The post မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...