ရက်သတ္တပတ်ကုန်တိုင်းတွင် စင်ကာပူနိုင်ငံရှိ အဝေးရောက် မြန်မာများသည် ပင်နဆူလာ ပလာဇာတွင် သတင်းနှင့် ဇာတိမြေ၏ အငွေ့အသက်ရရန်အတွက် စုဝေးကြသည်။
ပလာဇာသို့ လာရောက်သူများသည် ဖြုတ်ချခံလိုက်ရသော မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အရွယ်အစားတူ ပုံဖြင့် အလှဆင်ထားသည့် ယာယီအစားအသောက် ဆိုင်တန်းအတွင်း တန်းစီဝင်ကြသည်။ ထိုဆိုင်တန်းတွင် စေတနာ့ဝန်ထမ်းများက လက်ဖက်သုပ်၊ မုန့်ဟင်းခါး၊ ဆန်ခေါက်ဆွဲနှင့် ငါးစွပ်ပြုပ် စသည့် အိမ်လက်ရာ စားသောက်ဖွယ်ရာများကို ရောင်းချကြသည်။
ထိုဆိုင်တန်းပိုင်ရှင် ဒေါ်မေကျော်စိုးညွန့်က ရက်သတ္တပတ်ကုန်တိုင်း စင်ကာပူဒေါ်လာ ၅,၀၀၀ (အမေရိကန် ဒေါ်လာ ၃,၇၀၀) ရရှိကြောင်း၊ ထိုငွေအားလုံးကို စစ်ကောင်စီအောက်တွင် ဘဝကို ခက်ခဲစွာ ဖြတ်သန်း နေရသူများကို ကူညီရန် ဇာတိမြေသို့ ပေးပို့ကြောင်း ပြောသည်။
“မြန်မာပြည်သူတွေ ခံစားနေရတာတွေကို ကမ္ဘာက သိစေချင်တယ်” ဟု စကားပြန်မှတဆင့် သူကပြောသည်။
လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံကို စစ်အာဏာသိမ်းလိုက်ချိန်မှ စတင် ပေါ်ပေါက်လာသော ကမ္ဘာတဝှမ်း ရန်ပုံငွေရှာဖွေရေး အားထုတ်မှုတွင် စင်ကာပူသည် အချိတ်အဆက်တခု ဖြစ်သည်။
စီးပွားရေးပြိုကွဲပြီး တရားဝင် နိုင်ငံတကာ အကူအညီ မရသောကြောင့် အဝေးရောက်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် ၎င်းတို့ကို ထောက်ခံသူများအား ထောက်ပံ့ရန်နှင့် စစ်အုပ်ချုပ်ရေးကို စိန်ခေါ်ရေး ဆက်လက်လုပ်ဆောင်နိုင်ရန် ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံ ရှာဖွေနေရသည်။
စီးပွားရေးပြိုကွဲပြီး တရားဝင် နိုင်ငံတကာ အကူအညီ မရသောကြောင့် အဝေးရောက်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် ၎င်းတို့ကို ထောက်ခံသူများအား ထောက်ပံ့ရန်နှင့် စစ်အုပ်ချုပ်ရေးကို စိန်ခေါ်ရေး ဆက်လက်လုပ်ဆောင်နိုင်ရန် ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံ ရှာဖွေနေရသည်။
သို့သော် ပြဿနာတခု ရှိနေသည်။ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်ကို စစ်ကောင်စီက တင်းကျပ်စွာ ထိန်းချုပ်ထားပြီး ဒီမိုကရေစီလိုလားသော NUG စင်ပြိုင်အစိုးရကို စစ်ကောင်စီက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် တက်ကြွလှုပ်ရှားသူများနှင့် စင်ပြိုင်အစိုးရတို့သည် ဘဏ္ဍာငွေများကို စစ်အစိုးရ ထိန်းချုပ်မှု လွတ်မြောက်ရေးအတွက် တရားမဝင် လမ်းကြောင်းများကို အသုံးပြုရသည်။ ထိုသို့လုပ်ရန်အတွက် NUG သည် crypto ငွေကြေးများကိုလည်း လက်ခံရသည်။

NUG သည် ၎င်းတို့၏ ကုန်သွယ်မှု၊ ဝန်ဆောင်မှုများနှင့် ငွေပေးချေမှုစနစ်များကို အရှိန်မြှင့်တင်ရန် နည်းလမ်းအဖြစ် အမေရိကန်ဒေါ်လာ၏ ကိုယ်ပွား ဒစ်ဂျစ်တယ်ငွေကြေးဖြစ်သော Theter ကို အသိအမှတ်ပြုထားပြီး ဖြစ်သည်။
သို့သော် NUG သည် ၂၀၂၀ ပြည့်နှစ်က ဒစ်ဂျစ်တယ် ငွေကြေးအားလုံးကို ပိတ်ပင်ခဲ့ပြီး ချိုးဖောက်ပါက ထောင်ဒဏ်၊ ငွေဒဏ်များဖြင့် ခြိမ်းခြောက်ခဲ့သော မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို အာခံရန်အတွက် ထိုထက်မက ပိုမိုလုပ်ဆောင်ရန် ပြင်ဆင်နေသည်။
“အချိန်တန်ရင်၊ တော်လှန်ရေးအတွက် လိုအပ်ရင် ကျနော်တို့အတည်ပြုတဲ့ crypto ငွေကြေးစာရင်းကို တိုးချဲ့သွားမယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောသည်။ Bitcoin နှင့် Litecoin တို့ကို ထောက်ပြပြီး “NUG က လိုအပ်ရင် ကျနော်တို့ လက်နှေးနေမှာ မဟုတ်ဘူး” ဟုလည်း သူက ပြောသည်။
“ကမ္ဘာတဝှမ်းက အင်စတီကျူးရှင်းနဲ့ အဖွဲ့အစည်း အများအပြားက ဒီတော်လှန်ရေးမှာ ကျနော်တို့ကို ကူညီဖို့ အရမ်းကို စိတ်အားထက်သန်နေကြတယ်” ဟုလည်း သူကပြောသည်။
Crypto ငွေကြေးမည်မျှကို NUG က လက်ခံရရှိထားပြီး ထိုငွေကို မြေပြင်တွင် ရုပ်ဝတ္တု အထောက်အကူအဖြစ် မည်သို့ ပြောင်းလဲသည်ကို ရှင်းလင်းစွာ မသိရသော်လည်း အဖွဲ့သည် တကမ္ဘာလုံးတွင် အရှိန်ရလာနေသည်။
Crypto ငွေကြေးမည်မျှကို NUG က လက်ခံရရှိထားပြီး ထိုငွေကို မြေပြင်တွင် ရုပ်ဝတ္တု အထောက်အကူအဖြစ် မည်သို့ ပြောင်းလဲသည်ကို ရှင်းလင်းစွာ မသိရသော်လည်း အဖွဲ့သည် တကမ္ဘာလုံးတွင် အရှိန်ရလာနေသည်။ ဥရောပနှင့် ပြင်သစ်ပါလီမန်တို့က NUG ကိုသာ မြန်မာနိုင်ငံ၏ တခုတည်းသော တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုသော ဆုံးဖြတ်ချက်များကို ချထားကြပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ထော်နီ ဘလင်ကန်က NUG ကိုထောက်ခံကြောင်း တွစ်တာလူမှုကွန်ရက်တွင် ရေးသားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပါတီ တောင်ပြိုကမ်းပြိုနိုင်သော ၂၀၂၀ ရွေးကောက်ပွဲတွင် မဲ ၁၁ သန်း လိမ်လည်ပေးခဲ့သောကြောင့် စစ်အုပ်ချုပ်ရေးလိုအပ်သည်ဟု အာဏာသိမ်း စစ်ကောင်စီက ကာကွယ်ပြောကြားသည်။

ဒီမိုကရေစီ ခုခံရေးအင်အားစုများမှ အများအပြားသည်လည်း ဘီလျံနာသူဌေးကြီး မစ္စတာ ဂျော့ဆိုးရော့စ်ထံမှ ထောက်ခံမှု ရနေသည်။ လက်ရှိ စစ်ကောင်စီပြန်ကြားရေး ဝန်ကြီးဌာန၏ အဆိုအရ သူသည် ၂၀၁၄ ခုနှစ်၊ မတ်လမှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ကြိမ်တွေ့ဆုံခဲ့သည်။
သူ၏သား အလက်ဇန္ဒားဆိုးရော့စ်သည် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသို့ ၇ ကြိမ် သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၆ ကြိမ် တွေ့ဆုံခဲ့ကြောင်း သိရသည်။ သူသည် မြန်မာနိုင်ငံမှ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ပံ့နေသည်မှာ နှစ်ပေါင်း ၂၀ ကြာပြီဖြစ်ကြောင်း ဆိုးရော့စ်ကိုယ်တိုင်က ၂၀၁၂ ခုနှစ်က ပြောကြားခဲ့ဖူးသည်။
ဆိုးရော့စ် ကျောထောက်နောက်ခံပြု Open Society Myanmar သည် အဖွဲ့အစည်း စည်းမျဉ်းကို ချိုးဖောက်သောကြောင့် အရေးယူမည်ဖြစ်ကြောင်း မြန်မာစစ်ကောင်စီက လွန်ခဲ့သောအပတ်တွင် ကြေညာခဲ့ပြီး ပြည်တွင်းဘဏ် ၄ ခုတွင် ထိုအဖွဲ့ အပ်နှံထားသည့် ဒေါ်လာ ၄ သန်းကို သိမ်းဆည်းလိုက်သည်။
ထိုအဖွဲ့မှ ဝန်ထမ်းအချို့သည် ပုဂ္ဂလိကဘဏ်တခုတွင် အပ်နှံထားသောငွေများကို ထုတ်ယူပြီး စစ်ကောင်စီကို ဆန့်ကျင်သည့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကို ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ကြောင်း စစ်ကောင်စီက စွပ်စွဲသည်။ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင် ၎င်းတို့၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီးပြောကြားပေးရန် ဆက်သွယ်သော်လည်း Open Society Foundation က ငြင်းဆိုသည်။
“ကျမတို့ရဲ့ ဝင်ငွေရင်းမြစ်တွေကို စစ်ကောင်စီက သိသွားရင် ပိတ်ဆို့ဖို့ ပိုမိုကြိုးစားမှာပဲ။ ဥပမာပြောရရင် ဘယ်ဘဏ်ကနေ ရန်ပုံငွေတွေ စီးဆင်းနေတယ်ဆိုတာမျိုးပေါ့” ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
သူသည် ကျောင်းသူဘဝက စစ်အုပ်စုဆန့်ကျင်ရေး ကဗျာတပုဒ်ကို ရွတ်ဆိုသောကြောင့် ထောင် ၂၈ နှစ် ချခံရသူဖြစ်သည်။ “ဒါကြောင့် NUG က ရန်ပုံငွေတွေ လုံခြုံဖို့အတွက် ပိုမိုတီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေကို သုံးရတယ်” ဟုလည်း သူကပြောသည်။
ထိုသို့လုပ်ဆောင်ရာတွင် Click-to-Donate ဟုခေါ်သည့် ကြည့်ရှုသူများကို ကြော်ငြာကလစ်များသို့ လမ်းညွှန်ပေးပြီး ရရှိသော ရန်ပုံငွေသည် ကြည့်ရှုသည့် အရေအတွက်ပေါ် မူတည်သည့် အင်တာနက် စာမျက်နှာလည်း ပါဝင်သည်။
ဇန်နဝါရီလအတွင်းက ထိုအင်တာနက် စာမျက်နှာသည် စင်ကာပူဒေါ်လာ ၄၅၇,၇၆၅ (အမေရိကန်ဒေါ်လာ ၃၄၁,၀၀၀) ရန်ပုံငွေ ရှာဖွေပေးနိုင်ခဲ့ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ NUG သည် ဒစ်ဂျစ်တယ် နိုင်ငံလုံးဆိုင်ရာထီကိုလည်း ရောင်းချပြီး သြဂုတ်လက တနာရီအတွင်း ထီရောင်းရငွေ ဒေါ်လာ ၆၀,၀၀၀ ရသည်ဟု သတင်းများက ဆိုသည်။
NUG အစိုးရသည် ကျောင်းနှင့် ဆေးရုံများ ဆက်လက်ဖွင့်ထားနိုင်ရေး၊ သပိတ်မှောက် အလုပ်သမားများ လုပ်ခလစာရရှိရေးတို့အတွက် ပိုမိုကြီးမားသော အစီအစဉ်များ ရှိနေပြီး သီးခြား ကိုဗစ်နိုင်တင်း ကာကွယ်ဆေးထိုးရေး အစီအစဉ်များလည်း ရှိနေကာ ထိုအစီအစဉ်များ အားလုံးမှာ ခုခံရေးလှုပ်ရှားမှု ဆက်လက်ရှင်သန်ရေးကို အထောက်အကူပြုသည်။
သို့သော် စင်ပြိုင်အစိုးရသည် ကျောင်းနှင့် ဆေးရုံများ ဆက်လက်ဖွင့်ထားနိုင်ရေး၊ သပိတ်မှောက် အလုပ်သမားများ လုပ်ခလစာရရှိရေးတို့အတွက် ပိုမိုကြီးမားသော အစီအစဉ်များ ရှိနေပြီး သီးခြား ကိုဗစ်နိုင်တင်း ကာကွယ်ဆေးထိုးရေး အစီအစဉ်များလည်း ရှိနေကာ ထိုအစီအစဉ်များ အားလုံးမှာ ခုခံရေးလှုပ်ရှားမှု ဆက်လက်ရှင်သန်ရေးကို အထောက်အကူပြုသည်။
NUG ၏ ရည်မှန်းချက် အကြီးမားဆုံးလှုပ်ရှားမှုမှာ နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ် ဖြစ်သည်။ ဝယ်ယူသူများ ၎င်းတို့ပေးထားသော ငွေများကို ၂ နှစ်အတွင်း အတိုးမဲ့ ပြန်လည်ရရှိမည်ဟု အာမခံသည့် လက်မှတ်တစောင် ပြန်လည်ရရှိသည်။ နိုဝင်ဘာလနှောင်းပိုင်းက ကနဦး ရောင်းချမှုသည် လူထုထောက်ခံမှု များစွာရသောကြောင့် စတင်ပြီး တရက်အတွင်း ဆိုင်းငံ့ထားရသည်။ ရောင်းချမှုများကို ဇန်နဝါရီလတွင် ပြန်လည် စတင်ပြီး ဒေါ်လာသန်း ၂၀ ခန့် ရန်ပုံငွေရထားပြီး ဖြစ်သည်။
“NUG က အရမ်းကို တီထွင်ဆန်းသစ်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ရန်ပုံငွေရှာတဲ့နေရာမှာ အတော်အတန် အောင်မြင်တယ်လို့ ကျနော်ထင်တယ်”ဟု နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအုပ်စု (ICG) မှ နိုင်ငံရေးသုတေသီနှင့် ဝါရင့်အကြံပေး ရစ်ချတ်ဟိုဆေးက ပြောသည်။ “ဒါပေမယ့် သူတို့လိုချင်တဲ့ငွေနဲ့ ယှဉ်လိုက်ရင် ပြောပလောက်တဲ့ ပမာဏတော့ မဟုတ်ဘူး” ဟု သူက ပြောသည်။
မြန်မာနိုင်ငံသည် အာဏာသိမ်းမှုနှင့် စစ်အုပ်ချုပ်ရေးသမိုင်း ရှည်လျားသော နိုင်ငံဖြစ်ပြီး ဒီမိုကရေစီ ကာလတွင်လည်း ဒုက္ခများနှင့် ရင်ဆိုင်ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖိနှိပ်မှုဆန့်ကျင်ရေး တိုက်ပွဲကြောင့် ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုပေးအပ်စဉ်က ထိုအချက်ကို ကားပြောဆိုခဲ့သော်လည်း ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများကို ဖြိုခွဲမှုတခုတွင် စစ်အုပ်စုကို အကာအကွယ်ပေးခဲ့ပြီးနောက် သူသည် ကမ္ဘာ့အမြင်တွင် ဂုဏ်သိက္ခာကျဆင်းနေသည့် ခေါင်းဆောင်ဖြစ်နေသည်။ ရိုဟင်ဂျာများကို ဖြိုခွဲသည့် ထိုလုပ်ရပ်ကို ကုလသမဂ္ဂ အေဂျင်စီများက လူမျိုစု သုတ်သင်ခြင်း၊ လူမျိုးတုံး သတ်ဖြတ်ခြင်းအဖြစ် ပြစ်တင်ရှုတ်ချထားသည်။
ဖြုတ်ချခံ အရပ်သားခေါင်းဆောင်သည် ၂၀၁၈ ခုနှစ်မှ စတင်သည့် စီးပွားရေး ကျဆင်းမှုများအတွက် တာဝန်ရှိကြောင်း ထိုအခြေအနေမှ စတင်ပြီး ကိုဗစ်နိုင်တင်း ဖြစ်ပွားမှုများနှင့် ပြည်ပမှ နိုင်ငံရေး ပယောဂမကင်းသည့် အရေးယူပိတ်ဆို့မှုများ ချမှတ်သောကြောင့် အခြေအနေ ပိုမိုဆိုးရွားသွားကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
“အရင်အစိုးရက ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကို မထောက်ပံ့ဘူး” ဟု ဖုန်းမှတဆင့် သူကပြောသည်။ “သူတို့က ပြည်ပချေးငွေ၊ အကူအညီတွေ၊ နိုင်ငံတကာ အထောက်အပံ့တွေကို အများအားဖြင့် မှီခိုကြတယ်။ ကျနော်တို့ စီးပွားရေးက အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်” ဟုလည်း သူကပြောသည်။
စစ်ကောင်စီ အာဏာသိမ်းသည့်နှစ်အတွင်း ကုန်သွယ်ရေးလိုငွေသည် ပိုငွေဖြစ်လာသည်။ “ဒါပေမယ့် ကျနော်တို့ အများကြီးလုပ်ဖို့ လိုသေးတယ်” ဟု သူကပြောသည်။
ပြည်သူများအနေဖြင့် NUG နှင့် အခြား အတိုက်အခံအုပ်စုများသို့ မလှူဒါန်းရန် ဗိုလ်ချုပ် ဇော်မင်းထွန်းက တောင်းဆိုပြီး ထိုငွေများသည် လက်နက်နှင့် အကြမ်းဖက် လုပ်ငန်းများအတွက်သာဖြစ်ကြောင်း ပြောသည်။ “သူတို့က ပြည်သူတွေ အထောက်အကူဖြစ်စေမယ့် ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးအတွက် ဘာမှမသုံးဘူး” ဟုလည်း သူကပြောသည်။
အာဏာသိမ်းပြီး တနှစ်ကြာသောအခါ မြန်မာစစ်ကောင်စီနှင့် အရပ်သား အစိုးရ NUG တို့သည် စင်ပြိုင်အစိုးရနှင့် ဘဏ္ဍာရေး စနစ်များကို အားပြိုင်နေကြသည်။
စစ်ကောင်စီသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ပွဲများကြောင့် အင်အားချိနဲ့နေသော စီးပွားရေးကို စမ်းတဝါးဝါးလုပ်နေရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နိုင်ငံမှထွက်သွားခြင်းနှင့် နောက်ထပ် အမေရိကန် အရေးယူမှုများကိုလည်း ရင်ဆိုင်နေရသည်။
စစ်ကောင်စီသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ပွဲများကြောင့် အင်အားချိနဲ့နေသော စီးပွားရေးကို စမ်းတဝါးဝါးလုပ်နေရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နိုင်ငံမှထွက်သွားခြင်းနှင့် နောက်ထပ် အမေရိကန် အရေးယူမှုများကိုလည်း ရင်ဆိုင်နေရသည်။
မြန်မာ့စီးပွားရေးသည် လွန်ခဲ့သော ဘဏ္ဍာရေးနှစ်အတွင်း ၂၀ ရာခိုင်နှုန်းနီးပါး ကျုံ့သွားသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး တွက်ချက်မှုများအရ နိုင်ငံလူဦးရေး ၅၅ သန်းအနက် ထက်ဝက်နီးပါးသည် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် နေထိုင်ရမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
ထိုသို့စီးပွားရေး အန္တရာယ်များခြင်းသည် ငွေသားပြတ်တောက်ခြင်းနှင့် နိုင်ငံတွင်းသို့ ဘဏ္ဍာရေး စီးဝင်မှုကို ကန့်သတ်သော အရေးယူမှုများနှင့်အတူ စစ်ကောင်စီနှင့် စင်ပြိုင်အစိုးရ နှစ်ဘက်လုံးတို့သည် ဝင်ငွေရှာရေးအတွက် တီထွင်ဆန်းသစ်သော နည်းလမ်းများကို အသုံးပြုနေရသည်။
NUG ရန်ပုံငွေရှာဖွေရေး အားထုတ်မှုကွန်ရက်၏ ဗဟိုချက်တွင် ရှိနေသူမှာ လွန်ခဲ့သော ဆယ်စုနှစ်တခုကျော်က ချက်သမ္မတနိုင်ငံတွင် အဝေးရောက်နေထိုင်နေသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးလင်းသန့်ဖြစ်သည်။

ပရာ့ဂ်သည် အရှေ့တောင်အာရှသို့ ဘဏ္ဍာငွေပို့ဆောင်ပေးရာတွင် မဖြစ်နိုင်သည့် စ မှတ်ဟု ထင်ရသော်လည်း ချက်လူမျိုးများသည် မြန်မာဒီမိုကရေစီရေး တက်ကြွသူများ၏ ကာလရှည်ကြာသော မိတ်ဆွေများဖြစ်ကြသည်။ သမ္မတဟောင်း ဗားချလက်ဟာဗယ်သည် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ကော်မတီသို့ အမည်စာရင်း တင်သွင်းခဲ့သူဖြစ်သည်။
ချက်သမ္မတနိုင်ငံသည် NUG ကို ဘဏ်စာရင်းဖွင့်ခွင့်ပေးသည့် နိုင်ငံအနည်းငယ်အနက် တနိုင်ငံဖြစ်သည်။ ထိုသို့ ဖွင့်ခွင့်ပေးလိုက်ခြင်းသည် နိုင်ငံတဝှမ်း သြဇာထူထောင်ရန် ရုန်းကန်နေရသော စစ်ကောင်စီအတွက် ဆူးတချောင်းသဖွယ် ဖြစ်ရသည်။ ထိုဘဏ်စာရင်းမှ စီးဆင်းသွားသော ငွေများကို လူသားချင်းစာနာမှု ကိစ္စအတွက်သာ တင်းကျပ်စွာ အသုံးပြုရမည်ဖြစ်ပြီး စစ်ဆင်ရေးများနှင့် လက်နက်များအတွက် အသုံးပြုခွင့် မရှိကြောင်း ဦးလင်းသန့်က ပရာ့ဂ် မြို့ပြင်ရှိ အသင့်အတင့်သာရှိသော သူ၏ရုံးခန်းဖြစ်သည့် တိုက်ခန်းတခုတွင် ရှင်းပြသည်။
“ချက်ဘဏ်အကောင့်ကနေ ကျနော်တို့က ထိုင်းဘဏ်တွေဆီကို ဒါမှမဟုတ် အမေရိကမှာရှိတဲ့ ကျနော်တို့ အကောင့်တွေကို လွှဲပေးတယ်။ နောက်တော့ ကျနော်တို့မိတ်ဘက်တွေ၊ NGO တွေက လူသားချင်းစာနာမှု အကူအညီတွေ၊ အစားအစာ၊ အဝတ်အထည်၊ ရေတို့ကိုဝယ်ပြီး ထိုင်း-မြန်မာ ဒါမှမဟုတ် အိန္ဒိယ နယ်စပ်ကနေ ပို့ပေးတယ်” ဟု သူက ပြောသည်။
ထိုကဲ့သို့သော ဘဏ္ဍာရေးပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့် crypto ငွေကြေး ပါဝင်လာခြင်း ဖြစ်သည်။
စင်ပြိုင်အစိုးရအတွက် crypto ငွေကြေးသည် သမားရိုးကျ ကြားခံများဖြစ်သည့် ဘဏ်များနှင့် အခြားသော ဘဏ္ဍာရေးအဖွဲ့အစည်းများကို ကျော်လွှားနိုင်စေပြီး စစ်ကောင်စီက တင်းကျပ်သောအခါ ယုံကြည်စိတ်ချရမှု အတိုင်းအတာတခုကို ဖြစ်စေသည်။
စင်ပြိုင်အစိုးရအတွက် crypto ငွေကြေးသည် သမားရိုးကျ ကြားခံများဖြစ်သည့် ဘဏ်များနှင့် အခြားသော ဘဏ္ဍာရေးအဖွဲ့အစည်းများကို ကျော်လွှားနိုင်စေပြီး စစ်ကောင်စီက တင်းကျပ်သောအခါ ယုံကြည်စိတ်ချရမှု အတိုင်းအတာတခုကို ဖြစ်စေသည်။ အနိမ့်ဆုံးအဆင့်အနေဖြင့် သဘောတရားအရ Tehter ကို တဒေါ်လာနှုန်းဖြင့် ကျောထောက်နောက်ခံ ပေးထားသော တည်ငြိမ်နိုင်သည့် အလားအလာလည်း ရှိသည်။ အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။
“ဒီနေ့ခေတ်မှာ ကမ္ဘာ့နိုင်ငံအများအပြားက ငွေသားမဲ့ လူ့အဖွဲ့အစည်းဆီကို ချီတက်နေတယ်” ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ထုတ်ဖော်ပြောဆိုခြင်းမရှိသော နေရာတခုမှ ဖုန်းဖြင့် ပြောသည်။ “စိန်ခေါ်မှုတွေ ရှိရင်တောင်မှ နည်းပညာကိုသုံးပြီး အဲဒီစိန်ခေါ်မှုတွေကို ကျမတို့ ကျော်ဖြတ်မယ်” ဟုလည်း သူကပြောသည်။
တော်လှန်ရေးအောင်မြင်ပြီး နောက်ကာလအတွက် ဒစ်ဂျစ်တယ် ငွေကြေးတခုခုကိုလည်း စဉ်းစားနေသည်။ “ကျနော်တို့မှာ ကျနော်တို့ကို အထောက်အကူပြုမယ့် အခြေခံအဆောက်အအုံ၊ နည်းပညာ၊ ကျွမ်းကျင်ဝန်ထမ်းနဲ့ အဖွဲ့အစည်းတွေက ရှိပြီးသား” ဟု NUG ဘဏ္ဍာရေးဝန်ကြီး ဦတင်ထွန်းနိုင်ပြောသည်။ “ကျနော်တို့မှာ အားလုံးအဆင်သင့်ရှိတယ်” ဟုလည်း သူကပြောသည်။
စစ်ကောင်စီကလည်း ဒစ်ဂျစ်တယ် ကျပ်ငွေ၏ အကျိုးအမြတ်ကို လေ့လာနေသည်။
ဗဟိုဘဏ် ဝန်ထမ်းများ အပါအဝင် ဘဏ္ဍာရေးကဏ္ဍတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများက စီးပွားရေး အကျပ်အတည်းဖြစ်စေရန် လွန်ခဲ့သောနှစ်က အလုပ်လုပ်ရန် ငြင်းဆန်ကြသည်။ ဘဏ်လုပ်ငန်းများသည် ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီဟု လွန်ခဲ့သောနှစ် မေလက ဗဟိုဘဏ်က ပြောသော်လည်း နောင် လအတန်ကြာသောအခါ ပြည်ပရှိ စစ်ကောင်စီသံတမန်များက ဘဏ္ဍာရေးစနစ်သည် အလုပ်မဖြစ်တော့ကြောင်း တိတ်တဆိတ် ညည်းတွားကြသည်ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် crypto ငွေကြေးအိတ်ချိန်း အကြီးအကဲတဦးက ပြောသည်။

“ကျနော်တို့က ဒစ်ဂျစ်တယ်ငွေကြေးတခု ထူထောင်ရေးနဲ့ အွန်လိုင်းငွေပေးချေမှု တိုးတက်ရေးကို စဉ်းစားနေကြတယ်” ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ ရည်မှန်းချက်မှာ မြန်မာမှ ဘဏ္ဍာရေးလုပ်ငန်းများ တိုးတက်ရေးဖြစ်ကြောင်း သူကပြောသည်။
သို့သော် ဒစ်ဂျစ်တယ် ကျပ်ငွေသည် အစိုးရကို ဖြုတ်ချရန် ရည်ရွယ်သည့် ငွေပေးငွေယူများကို ထောက်လှမ်းရန်နှင့် စောင့်ကြည့်ရန် ပိုမိုလွယ်ကူနေသည်။
ဒီဂျစ်တယ် ငွေကြေးများသည် မြန်မာနိုင်ငံတွင် အရှိန်အဟုန် ရနိုင် မရနိုင်ကို ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် စတင်ခဲ့သော်လည်း အင်တာနက်အသုံးပြုနိုင်မှုသည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ၄၃ ရာခိုင်နှုန်းသာ ရှိသည်။ ၂၀၁၉ ခုနှစ် အရပ်သား အစိုးရလက်ထက်အထိ ဘဏ်အသုံးမပြုသူ အရေအတွက်မှာ နိုင်ငံလူဦးရေ၏ ၇၄ ရာခိုင်နှုန်း ရှိသည်။
ပြည်တွင်းဒစ်ဂျစ်တယ်ငွေကြေး လက်တွေ့အသုံးပြုနိုင်ရေးအတွက် ဗဟိုဘဏ်များသည် ခိုင်မာသော လုပ်ထုံးလုပ်နည်းစနစ်နှင့် နည်းပညာလိုသည်ဟု ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာ ဝါရင့် စီးပွားရေး ပညာရှင် ကင်မ် အက်ဒဝပ်က ပြောသည်။ မြန်မာနိုင်ငံသည် ထိုကဲ့သို့သော ကိစ္စများကို လုပ်ရန် အကောင်းဆုံး အနေအထားတွင် မရှိကြောင်း သူကပြောသည်။
ပြည်တွင်းဒစ်ဂျစ်တယ်ငွေကြေး လက်တွေ့အသုံးပြုနိုင်ရေးအတွက် ဗဟိုဘဏ်များသည် ခိုင်မာသော လုပ်ထုံးလုပ်နည်းစနစ်နှင့် နည်းပညာလိုသည်ဟု ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာ ဝါရင့် စီးပွားရေး ပညာရှင် ကင်မ် အက်ဒဝပ်က ပြောသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ထိုကဲ့သို့သော ကိစ္စများကို လုပ်ရန် အကောင်းဆုံး အနေအထားတွင် မရှိကြောင်း သူကပြောသည်။
ထိုကဲ့သို့သော ကြိုးစားအားထုတ်မှုတခုသည် ပြိုလဲသွားပြီးဖြစ်သည်။ လွန်ခဲ့သောနှစ်တွင် အမည်မဲ့အုပ်စုတခုက မြန်မာဒေါ်လာကို စတင်ထူထောင်သည်။ ထိုမြန်မာဒေါ်လာသည် အမျိုးသားငွေကြေးကို ဒစ်ဂျစ်တယ်ငွေကြေးနှင့် အစားထိုးရန် ရည်ရွယ်ပြီး NUG အစိုးရကို အဓိက အကျိုးရှိစေမည်ဟုဆိုသည်။ သို့သော် ထိုငွေကြေးကို ထောက်ခံမှုနည်းသောကြောင့် မအောင်မြင်ကြောင်း လက်စားချေခံရမည် စိုးရိမ်သောကြောင့် အမည်မဖော်လိုသည့် ထိုစီမံကိန်းမှ စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
မြန်မာနိုင်ငံသည် စစ်ပွဲလုံးလုံးဖြစ်တော့မည့် အလားအလာ ရှိနေသောကြောင့် မြေပြင်တွင် အခြေအနေသည် ဆိုးရွားနေဆဲဖြစ်သည်။ ဒုက္ခများ သက်သာစေပြီး ဒီမိုကရေစီသို့ ပြန်လည်ရောက်ရှိမည်ဆိုလျှင် အဝေးရောက် မြန်မာများအကြား အများအပြားက လှူဒါန်းရန် စိတ်အားထက်သန်ကြသည်။
စင်ကာပူမှ ဒေါ်မေကျော်စိုးညွန့်၏ ဆိုင်တန်းတွင် အချို့က အစားအသောက်များကို မစားတော့ဘဲ ငွေထုတ်ကလေးများသာ ချသွားကြသည်။ စစ်ကောင်စီ ရှိနေသမျှကာလပတ်လုံး မြန်မာနိုင်ငံသို့ မပြန်နိုင်တော့ကြောင်း သူကပြောသည်။ ထို့ကြောင့်သူသည် ဒုတိယအကောင်းဆုံးဖြစ်သည့် ရန်ပုံငွေရှာသော အလုပ်ကိုသာ လုပ်ကြောင်း၊ ကြောက်စရာမည်သည့်အရာမျှ မရှိတော့ကြောင်း သူကပြောသည်။
ငွေများ မြန်မာနိုင်ငံသို့ မည်သို့ပို့သနည်းဟု မေးသောအခါ သူ ဖြေဆိုရန် ငြင်းဆိုသည်။ “အဲဒါက ရှုပ်ထွေးပြီး အန္တရာယ်များတယ်” ဟု သူကပြောသည်။
(Bloomberg ပါ Crypto, Soros and the Global Drive to Fund a Revolution in Myanmar ကို ဘာသာပြန်ဆိုသည်)
You may also like these stories:
NUG အသိအမှတ်ပြု ဒစ်ဂျစ်တယ်ငွေကြေး USD Tether အကြောင်း
နည်းပညာသပိတ်များက စစ်ကောင်စီကို အထိနာစေသဖြင့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို ရေးဆွဲ ဟုဆို
ရှရှားကျူးကျော်စစ် ဂယက် မြန်မာတွင် စက်သုံးဆီ ဈေးမြင့်တက်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဘီလီယံ ကျော် ပြန်ထွက်
MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်
The post Crypto ငွေကြေး၊ ဆိုးရော့စ်နှင့် မြန်မာ့တော်လှန်ရေး ရန်ပုံငွေ appeared first on ဧရာဝတီ.