ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် မိသားစုဖြင့် အပန်းဖြေနေသော ဦးဂျော်နသန်ကျော်သောင်း၏ ပျော်ရွှင် ဖွယ်ရာ အချိန်တချို့သည် ရိုင်းစိုင်းရက်စက်သော မြန်မာစစ်တပ် နှင့် သူ၏ကုမ္ပဏီများကြားက ပတ် သက်မှုကို ဖော်ထုတ်ရေးသားလိုက်သော နာမည်ကျော် အမေရိကန်သတင်းစာကြီးဖြစ်သည့် New York Times ၏ ဆောင်းပါးတပုဒ်ကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရလေပြီ။
“လိမ္မာပါးနပ်သည်၊ နှစ်လိုခင်မင်ဖွယ်ကောင်းသည်၊ ကြမ်းကြုတ်သော စစ်တပ်တစ်တပ်ကို တိတ်တဆိတ် လက်နက်တပ်ဆင်ပေးနေသည်” ဟု အမည်ပေးထားသော ထိုဆောင်းပါးတွင် KT လုပ်ငန်းစု ပိုင်ရှင် ဦးဂျော်နသန်ကျော်သောင်း၏ မြန်မာစစ်တပ်အတွက် အနောက်နိုင်ငံများမှ လေယာဉ် နှင့် စစ်ဖက် သုံး ကိရိယာများတင်သွင်းပေးခြင်း အပါအဝင် စစ်တပ်လက်အောက်ခံ စီးပွားရေးလုပ်ငန်းစုကြီး များ နှင့် နီးကပ်စွာ စီးပွားရေးပူးပေါင်းဆောင်ရွက်များကို အသေးစိတ်ဖော်ပြခဲ့သည်။
အသက် ၃၉ နှစ်အရွယ်၊ ဗမာ-အိုင်ယာလန်ကပြား ဦးဂျော်နသန်ကျော်သောင်းသည် မြန်မာ့ခရိုနီ သူဌေး ကြီးတဦးဖြစ်သည့် ကမ္ဘောဇလုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၏ ကူညီဆောင်မမှုများ ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် စစ်တပ်လက် အောက်ရှိ စီးပွားရေးအခွင့်အလမ်းတချို့ကို သူပိုင်ဆိုင်သော KT လုပ်ငန်းစုက ရရှိလာခဲ့သည်။
အသက် ၃၉ နှစ်အရွယ်၊ ဗမာ-အိုင်ယာလန်ကပြား ဦးဂျော်နသန်ကျော်သောင်းသည် မြန်မာ့ခရိုနီ သူဌေး ကြီးတဦးဖြစ်သည့် ကမ္ဘောဇလုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၏ ကူညီဆောင်မမှုများ ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် စစ်တပ်လက် အောက်ရှိ စီးပွားရေးအခွင့်အလမ်းတချို့ကို သူပိုင်ဆိုင်သော KT လုပ်ငန်းစုက ရရှိလာခဲ့သည်။
ထိုအခွင့်အလမ်းများထဲမှ စစ်တပ် နှင့် ၎င်း၏ လက်အောက်ခံ စီးပွားရေးလုပ်ငန်းစုများက ထိန်းချုပ် ထားသော ရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်း နှင့် ရှေးဟောင်းအဆောက်အအုံ ပဲခူးကလပ်(Pegu Club) တို့ကို နှစ်ရှည်ငှားရမ်း လုပ်ပိုင်ခွင့်ရရှိခဲ့သည်။
“ ကျနော် နဲ့ အန်ကယ် ( ဦးအောင်ကိုဝင်း) ပဲရစ်မြို့မှာ အတူရောက်နေတုန်းက ပဲခူးကလပ်ရဲ့ သမိုင်း တွေကို ရှင်းပြတယ်၊ ဒါက တိုင်းပြည်ရဲ့ ထိန်းသိမ်းထားသင့် ရတနာတခုဖြစ်တယ်ဆိုတာရောပေါ့ အဲဒါ တွေ ပြောပြပြီးတော့ သူ့ကို ကျနော်ရဲ့ စီးပွားရေး အိုင်ဒီယာကို ရောင်းလိုက်တယ်” ဟု ဦးဂျော်နသန် ကျော်သောင်းက ဧရာဝတီ သို့ စက်တင်ဘာလကုန်ပိုင်းက ပြောခဲ့သည်။

“ ငါတို့ မူဝါဒချမှတ်သူတွေဆီက ဒီအခွင့်အရေးကို ရရင် လုပ်ကြတာပေါ့ ” ဟု ဦးအောင်ကိုဝင်းက သူ့ကို ထိုသို့ ပြန်ပြောခဲ့ကြောင်း ဦးဂျော်နသန်ကျော်သောင်းက ဆက်ပြောသည်။
ထို့နောက် ၁၉၆၅ ခုနှစ်ကတည်းက ပိတ်ထားခဲ့ပြီး စစ်တပ်၏ စာရင်းကိုင် ရုံးနေရာအဖြစ် အသုံးပြုနေခဲ့ သည့် နှစ်ပေါင်း ၁၄၀ ကျော်သက်တမ်းရှိ ရှေးဟောင်းကိုလိုနီခေတ် အဆောက်အအုံကို ပြန်လည် မွမ်းမံပြီး လုပ်ငန်းလုပ်ပိုင်ခွင့်ကို KT Pegu Development Private Limited က ၂၀၁၆ ခုနှစ်၌ ထို အချိန်က အစိုးရထံမှ နှစ်ရှည်လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ထဲတွင် ဖွင့်လှစ်ခဲ့သည်။
ပဲခူးကလပ် စီမံကိန်းအတွက် လိုအပ်သည့် အရင်းအနှီးကို ကမ္ဘောဇဘဏ်ထံမှ အဓိက ချေးယူခဲ့ သလို ၎င်း၏ ဖခင်ဖြစ်သူ ဦးမိုးကျော်သောင်းထံမှလည်း ပိုက်ဆံချေးယူပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ် ကြောင်း သူက ဧရာဝတီကို ပြောပြခဲ့သည်။
အဆိုပါ ပဲခူးကလပ် စီမံကိန်းအတွက် လိုအပ်သည့် အရင်းအနှီးကို ကမ္ဘောဇဘဏ်ထံမှ အဓိက ချေးယူခဲ့ သလို ၎င်း၏ ဖခင်ဖြစ်သူ ဦးမိုးကျော်သောင်းထံမှလည်း ပိုက်ဆံချေးယူပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ် ကြောင်း သူက ဧရာဝတီကို ပြောပြခဲ့သည်။
ဗိုလ်အောင်ကျော်ဆိပ်ကမ်းသည် စစ်အစိုးရမှ ဒီမိုကရေစီအရပ်သားအစိုးရအဖြစ် အကူးအပြောင်း ကာလတွင် နိုင်ငံပိုင်မြေနေရာ၊ အဆောက်အအုံ နှင့် လုပ်ငန်းအများအပြားကို ပုဂ္ဂလိကပိုင်ပြုရေး ခေါင်းစဉ်အောက်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လက်ထဲမှ စစ်တပ်၏ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် ဆီသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ပြီး ထိုဆိပ်ကမ်းနေရာကို ၂၀၁၆ ခုနှစ်တွင် တနှစ်လျှင် ငှားရမ်းခ အမေရိ ကန်ဒေါ်လာ ၃ သန်းဖြင့် KT Services and Logistics (KTSL) က ဦးပိုင်ထံမှ နှစ် ၅၀ သက်တမ်းအထိ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။
လက်နက်နဲ့ ပတ်သက်ပြီး လုပ်ခဲ့တာ မရှိဘူး
စစ်တပ်နှင့် ဆက်နွယ်မှုရှိသော လုပ်ငန်းများကို လုပ်ပိုင်ခွင့်ရရှိခဲ့သည့် တချိန်တည်းမှာပင် KT လုပ်ငန်းစု ရှိ အခြားသော လုပ်ငန်းခွဲများကလည်း မြန်မာစစ်တပ်၏ လေတပ် နှင့် ရေတပ်တို့အတွက် စစ်ဘက်သုံး နည်းပညာ နှင့် ကမ်းရိုး တန်းစောင့်ကြည့်ထောက်လှမ်းရေးရေဒါစနစ်များကို (Coast Watcher 100) စစ်တပ်ကိုယ်စား ဝယ်ယူ ခဲ့ကြောင်း မြန်မာ့စစ်တပ်၏စီးပွားရေးလုပ်ငန်းများကြား ဖော်ထုတ်နေသော Justice For Myanmar အဖွဲ့က ပေါက်ကြားလာသော စာရွက်စာတမ်းများအရ သိရသည်။
ထို့အပြင် ဥရောပနိုင်ငံထုတ် ATR တာဘိုပရော့ လေယာဉ် သုံးစီး နှင့် ဘိချ်ခရပ် သယ်ယူပို့ဆောင်ရေး ၂ စင်းကို မြန်မာပြည်တွင်းလေကြောင်းလိုင်း ပုဂ္ဂလိက ကုမ္ပဏီများအကြား လက်လွှဲသည့် ပုံစံ စီမံထား ပြီး နောက်ဆုံးတွင် မြန်မာစစ်တပ်လက်ထဲသို့ ရောက်သွားသော ထိုလေယာဉ်အရောင်းအဝယ်ကိုလည်း KT လုပ်ငန်းစုက စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း New York Times က ဆိုထားသည်။
မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စာရွက်ပေါ်၌ အမည်တပ်ထား သော ဒေါ်လာ ၂ ဒသမ ၁၆ သန်းတန် ဥရောပထုတ် ရဟတ်ယာဉ် ၁ စင်းကိုလည်း စစ်တပ်လက်ထဲ ရောက်ရှိသွားအောင် ၎င်း၏ စင်ကာပူအခြေစိုက် MWG ကုမ္ပဏီက အကျိုးဆောင်ပေးခဲ့သေးသည်။
မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စာရွက်ပေါ်၌ အမည်တပ်ထား သော ဒေါ်လာ ၂ ဒသမ ၁၆ သန်းတန် ဥရောပထုတ် ရဟတ်ယာဉ် ၁ စင်းကိုလည်း စစ်တပ်လက်ထဲ ရောက်ရှိသွားအောင် ၎င်း၏ စင်ကာပူအခြေစိုက် MWG ကုမ္ပဏီက အကျိုးဆောင်ပေးခဲ့သေးသည်။
ဦးဂျော်နသန်ကျော်သောင်းကမူ “ စစ်လက်နက်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ ကျနော် မလုပ်ဘူး” ဟု ငြင်းသည်။ “ငယ်ငယ်ကတည်းက ကျနော့်အဖေ သင်ကြားပေးထားခဲ့အတိုင်းလိုက်နာနေထိုင်ခဲ့တာ သားငါးမွေး မြူရေးလုပ်ငန်း တွေကိုတောင် လုပ်တာမဟုတ်ဘူး” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံရှိ ထိပ်တန်းခရိုနီသူဌေးကြီးများဖြစ်သော ဦးတေဇ အပါအဝင် ခရိုနီများသည်လည်း ၎င်းတို့ ကို စစ်လက်နက်နှင့် ပတ်သက်ပြီး စွပ်စွဲမှုများကို ထိုကဲ့သို့ပင် သူတပါးအသက်သတ်ရသော လုပ်ငန်း များကိုပင် လုပ်ကိုင်ခြင်းမရှိကြောင်း ခုခံချေပတတ်ကြသည်။
ဦးဂျော်နသန်ကျော်သောင်း ၏ ဖခင် ဦးမိုးကျော်သောင်းသည် ယခင်က နဝတ၊ နအဖ စစ်အစိုးရ လက် ထက်များတွင် မြန်မာ စစ်တပ်အတွက်ပြည်ပ နိုင်ငံများမှ စစ်လက်နက်များ ဝယ်ယူမှုများကို ပါဝင်ပတ် သက်ခဲ့ဖူးသူ တဦး ဖြစ်သည်။
သူက ဆက်လက်ပြီး “ ကျနော့်အဖိုးက ချမ်းသာတယ်၊ ကျနော့်အဖေက ချမ်းသာတယ်။ ကျနော် ကိုယ် တိုင်လည်း အင်္ဂလန်နဲ့ အမေရိက က အကောင်းဆုံးကျောင်းတွေမှာ တက်ခဲ့တာ။ တချို့လူတွေလို ငွေမြန်မြန် ရှာလို့ရတဲ့ နည်းလမ်းတွေ ကျနော် မလိုအပ်ပါဘူး ” ဟု ပြောဆိုသည်။
အန်ကယ့် ကျေးဇူး
ဦးဂျော်နသန်ကျော်သောင်းသည် ၎င်းက ရင်းနှီးမှုဖြင့် အန်ကယ်ဟူ၍ လေးလေးစားစားဖြင့် တဖွဖွခေါ် သော ဦးအောင်ကိုဝင်း (KBZလုပ်ငန်းစု၏ နာယက) မှတဆင့် ထိပ်တန်းစစ်ဗိုလ်ချုပ်များ နှင့် ခရိုနီ အသိုက်အဝိုင်းကြားတွင် ဆယ်စုနှစ်တခုအတွင်း ပေါက်မြောက်လာသော လုပ်ငန်းရှင် တဦးဖြစ်လာခဲ့ ကြောင်း စစ်ဘက် နှင့် စီးပွား ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းရှိ ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။
ဦးအောင်ကိုဝင်းသည် စစ်အစိုးရ ဦးသန်းရွှေလက်ထက်က ဒုတိယအကြီးအကဲဖြစ်သော ဗိုလ်ချုပ်ကြီး မောင်အေး၏ လူအရင်းဖြစ်ပြီး ထိုအချိန်က စစ်အစိုးရ နှင့် နီးကပ်စွာဆက်ဆံခဲ့သူဖြစ်ကာ ဘဏ်လုပ် ငန်း၊ သံယံဇာတတူးဖော်ရေး လုပ်ငန်း၊ လေ ကြောင်း ပို့ဆောင်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန် ထုတ်လုပ်ငန်းများအထိ လုပ်ငန်း များစွာကို လုပ်ကိုင်ခွင့် အခွင့်အရေးများရရှိခဲ့သူ တဦးလည်း ဖြစ် သည်။
ဦးအောင်ကိုဝင်းသည် စစ်အစိုးရ ဦးသန်းရွှေလက်ထက်က ဒုတိယအကြီးအကဲဖြစ်သော ဗိုလ်ချုပ်ကြီး မောင်အေး၏ လူအရင်းဖြစ်ပြီး ထိုအချိန်က စစ်အစိုးရ နှင့် နီးကပ်စွာဆက်ဆံခဲ့သူဖြစ်ကာ ဘဏ်လုပ် ငန်း၊ သံယံဇာတတူးဖော်ရေး လုပ်ငန်း၊ လေ ကြောင်း ပို့ဆောင်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန် ထုတ်လုပ်ငန်းများအထိ လုပ်ငန်း များစွာကို လုပ်ကိုင်ခွင့် အခွင့်အရေးများရရှိခဲ့သူ တဦးလည်း ဖြစ် သည်။

ထိုအချိန်က ဗိုလ်ချုပ်ကြီးမောင်အေးသည် မြန်မာ့စီးပွားရေးလောကအတွက် အရေးပါသော သွင်းကုန် ထုတ်ကုန် ခွင့်ပြုမိန့်များနှင့် နိုင်ငံခြားဖက်စပ် ရင်းနှီးမြှုပ်နှံမှုများကို စီစစ်ခွင့်ပြုပေးရသော ကုန်သွယ်မှု မူဝါဒကောင်စီ ၏ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်နေသူ ဖြစ်သည်။
ဦးအောင်ကိုဝင်းသည် မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင်သူဌေးကြီး တဦးဖြစ်နေပြီဖြစ်သည်။ ကျောင်းဆရာလုပ်ခဲ့ဖူး၍ ဦးအောင်ကိုဝင်းကို ဆရာကျောင်းဟုလည်းခေါ်ကြသည်။
ဦးအောင်ကိုဝင်းသည် မြန်မာ့ထိပ်တန်းခရိုနီတဦးဟု လူသိများသော်လည်း အမေရိကန်ပြည်ထောင်စု ၏ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုကို မခံခဲ့ရသူ တဦးလည်းဖြစ်သည်။ ယခုအခါ သူသည် ဂျော်နသန်ကျော်သောင်းကဲ့သို့ နောက်ပေါက်ခရိုနီများ၏ ခေါင်းကိုင်ဖခင်ကြီး ဖြစ်၍နေပေပြီ။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဦးအောင်ကိုဝင်း၏ ဥရောပ နှင့် အနောက်နိုင်ငံများသို့ စင်းလုံးငှား ဂျက် လေယောဉ်ဖြင့် ဈေးဝယ်ထွက်ခြင်း နှင့် အပန်းဖြေခရီးသွားခြင်း အစရှိသည့် ခရီးစဉ်အားလုံးနီးပါးကို ဦးဂျော်နသန်ကျော်သောင်းက အဓိက စီစဉ်ဆောင်ရွက်ပေးခဲ့သလို သူကိုယ်တိုင်လည်း ထိုခရီးစဉ်များတွင် လိုက်ပါခဲ့ရသည်။
အမေရိကန်နိုင်ငံ ခရီးစဉ်တခု၌ East Coast မှ West Coast သို့ ပျံသန်းနေစဉ် လေယာဉ်ပေါ်တွင် ပါလာသူတချို့က သူတို့အကြိုက်ဆုံးဆိုင်မှ ကိုရီးယားအစားအစာကို စားချင်ပါသည်ဟု ပြောလာ၍ လေယာဉ်ကို မိုင်ပေါင်းများစွာ ပြန်ကွေ့ပြီး စားခဲ့ကြသည့် အဖြစ်အပျက်ကို ဦးဂျော်နသန်ကျော် သောင်းက သူ၏ မိတ်ဆွေများ နှင့် တွေ့လျှင် မြိန်ရည်ရှက်ရည် ပြန်ပြောလေ့ရှိသည်။
ဦးအောင်ကိုဝင်း၏ ကျေးဇူးကြောင့်ပင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် ပြင်ဆင် လာသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် သားဖြစ်သူ ဦးအောင်ပြည့်စုံ နှင့် သမီးဖြစ်သူ ဒေါ်ခင်သီရီသက်မွန် တို့နှင့်လည်း ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့သည်။
ထိုမှတဆင့် ဦးအောင်ကိုဝင်း၏ ကျေးဇူးကြောင့်ပင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် ပြင်ဆင် လာသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် သားဖြစ်သူ ဦးအောင်ပြည့်စုံ နှင့် သမီးဖြစ်သူ ဒေါ်ခင်သီရီသက်မွန် တို့နှင့်လည်း ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့သည်။
၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်ဝန်းကျင်တွင် ဦးအောင်ကိုဝင်း၏ မိတ်ဆက်ပေးမှုကြောင့် ဦးအောင်ပြည့်စုံ နှင့် ညစာစားပြီး တွေ့ဆုံခဲ့ဖူးသော်လည်း ၎င်းနှင့် ရင်းနှီးသည့် မိတ်ဆွေများ မဟုတ်ခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်ကြူကြူလှတို့နှင့်လည်း တွေ့ဆုံခဲ့ဖူးသော်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး နောက်ပိုင်းတွင် တွေ့ဆုံမှုမရှိတော့ကြောင်း ဦးဂျော်နသန်ကျော်သောင်းက ဧရာဝတီသို့ ပြောခဲ့သည်။

သူသည် မြန်မာစစ်တပ်(လေ)အတွက် ပါကစ္စတန် မှ JF 17 တိုက်လေယာဉ် နှင့် K-8 လေ့ကျင့်ရေး ဂျက် တိုက်လေယာဉ် ဝယ်ယူမှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သား ဦးအောင်ပြည့်စုံ နှင့် အတူတူ ပါဝင်ခဲ့ကြောင်း ဧရာဝတီ၏ စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ်တချို့ ပြောဆိုသော်လည်း ဦးဂျော်နသန် ကျော်သောင်းကမူ မလုပ်ဆောင်ခဲ့ကြောင်း ဧရာဝတီသို့ ငြင်းဆိုခဲ့သည်။
ထို တိုက်လေယောဉ် ဝယ်ယူမှုအတွက် မြန်မာစစ်တပ်ကို စစ်လက်နက်အဓိကတင်သွင်းပေးနေသည့် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သည့် ဒေါက်တာနိုင်ထွဋ်အောင် (International Gateway Group of company limited)သည်လည်း ၂၀၁၅ ခုနှစ်တွင် ပါကစ္စတန်သို့ သွားရောက်ခဲ့သည်ဟု စုံးစမ်းသိရှိရ သည်။
ဦးဂျော်နသန်ကျော်သောင်းက “ စစ်တပ်အတွက် လက်နက်သွင်းပေးနေတဲ့ လူတွေပတ်သက်ပြီး ကျနော် ဘာမှမပြောချင်ပါဘူး ” ဟု ဆိုသည်။
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ နှင့်ဆက်ဆံရေးကောင်းမွန်ပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှု တရှိန် ထိုးမြင့် တက်လာနိုင် သည့် အခြေအနေကြောင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်း ကိုခြေလှမ်း သွက်သွက် ဖြင့် ရယူနိုင်ခဲ့သော်လည်း စစ်တပ်က ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်ဆလင်များ အပေါ် လူအခွင့်အရေးချိုး ဖောက်မှုအပြီး KT အုပ်စုက စစ်တပ်ကို လှူဒါန်း ငွေပေးခဲ့ခြင်းကြောင့် ၎င်း နှင့် ဆိပ်ကမ်းလုပ်ငန်းပူးတွဲ လုပ်ကိုင်နေသော ဗြိတိသျှဆိပ်ကမ်းလုပ်ငန်းကို အမည်ပျက်စာရင်းခံရ ခြင်းကြောင့် ထိုလုပ်ငန်းသည် လည်း KT လုပ်ငန်းစု နှင့် စာချုပ်အသစ်ချုပ်ဆိုမှုကို ငြင်းလိုက်သည်။

ကမ္ဘာ့အကြီးဆုံးရေကြောင်းပို့ဆောင်ရေးကုမ္ပဏီ Maersk ကလည်း ထိုဗိုလ်အောင်ကျော်ဆိပ်ကမ်း (TMT) ကို အသုံးမပြုတော့ သပိတ်မှောက်ကြောင်း ကြေညာလိုက်ပြီးနောက် ဆိပ်ကမ်းငှားရမ်းခကိုပင် အပြည့်အဝပေးနိုင်ရန် အခက်အခဲများ ကြုံတွေ့လာရတော့သည်။
စစ်ဗိုလ်ချုပ်များနှင့် နီးကပ်စွာ စီးပွားရေး လုပ်ဆောင်ခဲ့မှုကြောင့် ဦးဂျော်နသန်ကျော်သောင်း၏ စီးပွား ရေးလုပ်ငန်းများသည် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနေပြီဖြစ်သည်။
သူ၏ မိတ်ဆွေတဦးကို ပြောခဲ့ဖူးသော ထိုမှတ်ချက်စကား မှာ “ သူတို့ကို(ဗိုလ်ချုပ်တွေကို) အရမ်းသိပြီး တော်သွား အောင် သွားမလုပ်ပေးစမ်းပါနဲ့၊ ဒီအတိုင်းပဲ မိုက်မိုက်တုံးတုံးနေကြပါစေ ” ဟူ၍ ဖြစ်သည်။
ဦးဂျော်နသန်ကျော်သောင်းက မြန်မာနိုင်ငံသို့ သူပြန်လည် ဝင်ရောက်လာခြင်းသည် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် လူအများအပြားသေကြေ၊ ထိခိုက်ပျက်စီးမှုများကြောင့် နိုင်ငံကို ပြန်လည် ဖွံ့ဖြိုးတိုး တက်လာအောင် ကူညီလိုသည့် စိတ်ဆန္ဒရှိခြင်းကြောင့်ဟု အမြဲလိုလို ပုံဖော်ပြောလေ့ရှိသော်လည်း ထိုစကားလုံးများသည် အလိမ်အညာ လုပ်ဇာတ်များသာ ဖြစ်ကြောင်းကို သူ၏ မြန်မာစစ်ဗိုလ်ချုပ် များနှင့် ပတ်သက်ပြီး မှတ်ချက်စကားတခွန်းတည်းဖြင့် ပေါ်လွင်စေသည်။
သူ၏ မိတ်ဆွေတဦးကို ပြောခဲ့ဖူးသော ထိုမှတ်ချက်စကား မှာ “ သူတို့ကို(ဗိုလ်ချုပ်တွေကို) အရမ်းသိပြီး တော်သွား အောင် သွားမလုပ်ပေးစမ်းပါနဲ့၊ ဒီအတိုင်းပဲ မိုက်မိုက်တုံးတုံးနေကြပါစေ ” ဟူ၍ ဖြစ်သည်။
You may also like these stories:
ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ
မြန်မာ့စစ်လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်
မြန်မာ့စစ်လက်နက် ထုတ်လုပ်ရေးအတွက် အရေးပါသူ ဦးထွန်းလှိုင်
ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်
အာဏာသိမ်း စစ်အုပ်စု၏ ထောက်တိုင်တခု (သို့မဟုတ်) ဦးစစ်တိုင်းအောင်
The post ဆရာကျောင်း စင်တင်ပေးခဲ့တဲ့ ဂျော်နသန်ကျော်သောင်း appeared first on ဧရာဝတီ.