စစ်ကောင်စီ စစ်သားများနှင့် သူတို့၏ဇနီးသည်တွေကြား ဒီရက်ပိုင်းအတွင်း မကြာခဏမေးနေသည့်မေးခွန်းက ဦးပိုင် စီဒီအမ်လုပ်သွားပြီလား ဖြစ်သည်။
စစ်တက္ကသိုလ်အပတ်စဉ်အလိုက် ဖွဲ့ထားသော ဖေ့စ်ဘွတ် ဂရုများနှင့် တပ်ရင်းအလိုက် ဖွဲ့ထားသော ဖေ့စ်ဘွတ်ဂရုများတွင်မေးနေကြသည်။ သူတို့အချင်းချင်း အပြင်မှာ ဆုံလျှင်လည်း မေးနေကြပါသည်။
စစ်ကောင်စီ တပ်သားများသည် လွန်ခဲ့သော နှစ် ၂၀ ကျော်ကစ၍ အောက်ဆုံး တပ်သားမှ အရာရှိ အဆင့်ဆင့်အထိ မြန်မာစီးပွါးရေးဦးပိုင်တွင် ရှယ်ယာ ထည့်ကြရသည်။ ရာထူးအဆင့်အလိုက် ထည့်ဝင်ရသည့် ရှယ်ယာငွေပမာဏ ကွာခြားသလို ရရှိသည့် အမြတ် ငွေလည်း ကွာခြားကြသည်။ သို့သော် သတ်မှတ်ထားသော ရှယ်ယာထည့်ဝင်ငွေပမာဏအတိုင်း စစ်သားတိုင်းထည့်ရသည်။
စစ်ကောင်စီ တပ်သားများသည် လွန်ခဲ့သော နှစ် ၂၀ ကျော်ကစ၍ အောက်ဆုံး တပ်သားမှ အရာရှိ အဆင့်ဆင့်အထိ မြန်မာစီးပွါးရေးဦးပိုင်တွင် ရှယ်ယာ ထည့်ကြရသည်။
အရာရှိအဆင့်တွင် ဗိုလ်ကြီးတယောက်သည် မြန်မာ့စီးပွါးရေးဦးပိုင်တွင် ကျပ်သိန်း ၃၀ ရှယ်ယာထည့်ရသည်။ အခြားအဆင့် စစ်သည်များအနေဖြင့် ကျပ်ငွေ ၁၅ သိန်း မဖြစ်မနေ ထည့်ကြရသည်။ ဦးပိုင်အတွက် ရှယ်ယာထည့်ဝင်ငွေအား ငွေကြေးတတ်နိုင်သူများအနေဖြင့် တလုံးတည်းထည့်ဝင်နိုင်သော်လည်း အချို့သော စစ်သည်များအနေဖြင့် ရရှိသောလစာထဲမှ လစဉ် ဖြတ်တောက်ပြီး ထည့်ဝင်ကြရသည်။
အစုရှယ်ယာထည့်ဝင်ထားသော စစ်သည်တိုင်းအတွက် မြန်မာစီးပွါးရေးဦးပိုင်မှ နှစ်စဉ်အမြတ်ငွေ ခွဲပေးခဲ့သည်။ ပုံမှန်အားဖြင့် နှစ်စဉ်အောက်တိုဘာလတွင် ခွဲဝေပေးလေ့ရှိပြီး မြို့ပြနှင့်ဝေးသော တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ဒီဇင်ဘာလလယ်ပိုင်းလောက်မှသာ ဦးပိုင်မှပေးသော အမြတ်ငွေကို ရရှိကြသည်။

ရှယ်ယာထည့်ဝင်ထားသော ပမာဏပေါ်မူတည်၍ ရရှိသောအမြတ်ငွေပမာဏ ကွာခြားသွားသည်။ ထုတ်ပေးသော အမြတ်ငွေကလည်း တနှစ်နှင့်တနှစ် မတူညီပါ။ အနည်းဆုံးပမာဏအဖြစ် ရှယ်ယာ ကျပ်တသိန်း အပေါ် တနှစ် အမြတ်ငွေ ကျပ်သုံး သောင်းခန့် ရရှိကြသည်။ တပ်သားတယောက်အနေဖြင့် တနှစ် ဦးပိုင်အမြတ်ငွေ ကျပ်လေးသိန်းခွဲခန့် ရရှိကြသည်။
အောက်ဆိုဒ်များများ မရသည့်နေရာများတွင် တာဝန်ထမ်းဆောင်နေရသော အရာရှိစစ်သည်များအတွက် ဦးပိုင်မှ နှစ်စဉ် ရရှိသော အမြတ်ငွေသည် သူတို့အတွက် မက်လောက်စရာမဟုတ်သည်တိုင် အသက်ရှူတော့ချောင်ကြသည်။
သို့သော် အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်အတွက် စစ်သည်အများစုမှာ အခုချိန်ထိ ဦးပိုင်အမြတ်ငွေ မရရှိသေးဟု ဆိုနေကြသည်။ သက်ဆိုင်ရာတပ်အလိုက် တပ်ရေးဗိုလ်ကြီးများထံမှ ဦးပိုင်အမြတ်အကြောင်း စုံစမ်းမရဖြစ်နေကြသည်။
အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်အတွက် စစ်သည်အများစုမှာ အခုချိန်ထိ ဦးပိုင်အမြတ်ငွေ မရရှိသေးဟု ဆိုနေကြသည်။ သက်ဆိုင်ရာတပ်အလိုက် တပ်ရေးဗိုလ်ကြီးများထံမှ ဦးပိုင်အမြတ်အကြောင်း စုံစမ်းမရဖြစ်နေကြသည်။
ဇန်နဝါရီလဆန်းပိုင်းအထိ ဦးပိုင်မှ အမြတ်ငွေထုတ်ပေးမည့်အစီအစဉ်ကို မသိရှိရသည့်အတွက် အချို့သောအရာရှိစစ်သည်များနှင့် သူတို့ရဲ့ဇနီးအချို့က ဦးပိုင်စီဒီအမ် လုပ်သွားပြီလားမေးလာနေကြခြင်းဖြစ်သည်။ ထိုမေးခွန်းနဲ့ပတ်သက်၍ ဘယ်သူကမှ တာဝန်ယူ ဖြေကြားမည့်သူ မရှိဟု တပ်ရေးဗိုလ်ကြီးတဦးကဆိုသည်။

ဇန်နဝါရီလလယ်ပိုင်းအထိ စစ်တပ်ပိုင်မြန်မာ့စီးပွါးရေးဦးပိုင်မှ ၂၀၂၁ ခုနှစ်အတွက် အမြတ်ငွေပေးရန် ရှိ မရှိကို ကွဲကွဲပြားပြားမသိရှိရ ဖြစ်နေကြသည်။ အခုလိုဖြစ်နေသည်ကလည်း အကျိုးအကြောင်းတွေ ရှိနေသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ စစ်တပ်ထုတ်ကုန်များကို မသုံးစွဲရေး စားသုံးသူ သပိတ်မှောက်ခဲ့ကြသည်။ နာမည်ကြီးစီးတီးမတ် ကဲ့သို့သော ဈေးဝယ်စင်တာကြီးများတွင် စစ်တပ်ထုတ် စားသောက်ကုန်များအား မရောင်းချခြင်းများပြုလုပ်လာကြသည်။ သပိတ်မှောက်ထားသော စစ်တပ်ထုတ်ကုန်တွေထဲက ဝင်ငွေအများဆုံးရသော ထင်သာမြင်သာရှိသည့် ထုတ်ကုန်များမှာ မြန်မာဘီယာ အပါအဝင် အဖျော်ရည်မကာမျိုးစုံ ရူဘီစီးကရက်နှင့် မိုင်တဲလ်ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည်။အာဏာသိမ်းထားသည်မှာ တနှစ်ပြည့်ခါနီးသည့်အထိ ပြည်သူ များက စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ထားဆဲဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်များရှိသော ကချင်ပြည်နယ် ရှမ်းပြည်မြောက်ပိုင်း ချင်းပြည်နယ် ကယားပြည်နယ်နှင့် စစ်ကိုငးတိုင်းထဲက ဒေသအချို့တွင် စစ်ကောင်စီထုတ်ကုန်များကို မရောင်းချရန် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အမိန့်ထုတ် တားမြစ်လာကြသည်။ ရောင်းချရန် သယ်ယူလာသည့် ပစ္စည်းများ ဖျက်ဆီးခံလာကြရသည်။
မြန်မာစစ်တပ်ထုတ်ကုန်များထဲတွင် အဖျော်ရည်မကာလုပ်ငန်းမှ ရောင်းချသည့်ဝင်ငွေသည် အမြတ်အစွန်း အများဆုံးရရှိသည့်လုပ်ငန်းဖြစ်သည်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှစ၍ ဒေါ်အောင်အာင်ဆန်းစုကြည် အစိုးရလက်ထက်အထိ ဆယ်နှစ်တာကာလအတွင်း အမြတ်ခွန်အများဆုံးဆောင်သည့်ကုမ္ပဏီမှာ စစ်တပ်ပိုင် အဖျော်ရည်မကာ ထုတ်လုပ်သော မြန်မာဘရူဝါရီကုမ္ပဏီ ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများက စစ်တပ်ပိုင်ထုတ်ကုန်များကို မသုံးစွဲရေး သပိတ်မှောက်လာသည့်အတွက် စစ်တပ်ပိုင်ကုမ္ပဏီများ၏ ဝင်ငွေသည်လည်းသိသိသာသာ ကျဆင်းသွားခဲ့သည်။
သို့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများက စစ်တပ်ပိုင်ထုတ်ကုန်များကို မသုံးစွဲရေး သပိတ်မှောက်လာသည့်အတွက် စစ်တပ်ပိုင်ကုမ္ပဏီများ၏ ဝင်ငွေသည်လည်းသိသိသာသာ ကျဆင်းသွားခဲ့သည်။ ဒါ့အပြင် စစ်အာဏာသိမ်းခြင်းအား မကြိုက်သော နိုင်ငံများက စီးပွါးရေးပိတ်ဆို့မူ့များ လုပ်ဆောင်လာသည့်အတွက်လည်း နိုင်ငံခြားတိုင်းပြည်များနှင့် ဖက်စပ်လုပ်ကိုင်သော စစ်တပ်ပိုင်မြန်မာ့စီးပွါးရေးဦးပိုင်မှ လုပ်ငန်းအများစု နိုင်ငံခြားဝင်ငွေ သိသိသာသာ ကျဆင်းလာခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံကြီးအများစုကလည်းအစိုးရအဖွဲ့အစည်းအဖြစ် အသိအမှတ်မပြုသည့် စစ်ကောင်စီအေနေဖြင့် နိုင်ငံတကာမှ အကူအညီများလည်း မရဖြစ်နေသည်။
အခုလို စစ်တပ်ထုတ်ကုန်များနှင့် စစ်တပ်စီးပွါးရေးလုပ်ငန်းများအား ပြည်တွင်းပြည်ပမှ ဆန့်ကျင့်ကန့်ကွက်ထားမှုကြောင့် ဝင်ငွေလျော့ကျနေချိန်တွင် စစ်အသုံးစရိတ်က တိုးပွါးလာနေသည်။ ရန်ကုန် ပဲခူး ဧရာဝတီ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းမှာလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စစ်ကောင်စီအနေဖြင့် စစ်ပွဲနှင့် ရင်ဆိုင်နေရသည်။ ပြည်သူလူထု၏ ခုခံတွန်းလှန်စစ်အား ကြည်းတပ်မှ မယှဉ်သာသည့်နေရာများတွင် လေကြောင်းအသုံးပြုတိုက်ခိုက်နေရသည့်အတွက် စစ်အသုံးအစိတ်မှာ သောက်သောက်လဲ ကုန်ကျနေသည်။
အချို့သော စစ်သည်ဇနီးများ တီးတိုးပြောဆိုလာကြသည်။ ဒီအတိုင်းဆက်သွားနေပါက နောက်သုံးလ လောက်ကြာသည့်အခါ ဦးပိုင်သာမက အင်းဝပါ စီဒီအမ်လုပ်သွားမည် ဟူ၍ပင်။
ထိုကဲ့သို့ သောအခြေအနေများကြောင့် ဦးပိုင်လီမီတက်အနေဖြင့် နှစ်စဉ်ပေးနေကျ ဦးပိုင်အမြတ် ငွေအား စစ်သည်များအတွက် မပေးနိုင်ဖြစ်နေရသည်ဟု လေ့လာသူအချို့က သုံးသပ်ပြောဆိုကြသည်။ ဒါ့အပြင် မြို့ကြီးပြကြီးများနှင့်ဝေးသော စစ်သည်များအနေဖြင့်လည်း လကုန်ပြီး ၁၀ ရက်ကျော် ကြာလာသည့်တိုင် လစာမရသူများ ရှိနေကြကြောင်း ကြားလာရသည်။

မြန်မာစစ်တပ်ပိုင် အင်းဝဘဏ်ခွဲများသည် မြို့နယ်အများစုတွင်မရှိခြင်းနှင့် လုံခြုံရေးအရ လစာငွေများ သယ်ယူရခက်ခဲခြင်းတို့ ကြောင့် စစ်သည်များအတွက် အချိန်မီ လစာငွေထုတ် မပေးနိုင်ခြင်းဖြစ်နေသည်။ ထို့ကြောင့် အချို့သော စစ်သည်ဇနီးများ တီးတိုးပြောဆိုလာကြသည်။ ဒီအတိုင်းဆက်သွားနေပါက နောက်သုံးလ လောက်ကြာသည့်အခါ ဦးပိုင်သာမက အင်းဝပါ စီဒီအမ်လုပ်သွားမည် ဟူ၍ပင်။
You may also like these stories:
“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”
လေးနှစ်ပြည့်တဲ့ ဗိုလ်ချုပ်ကြီးတိုင်း မနားရပါ
အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ရှုသဘင်ကျင်းပရန် ပြင်ဆင်နေ
The post ဦးပိုင် စီဒီအမ် လုပ်သွားပြီလား appeared first on ဧရာဝတီ.