Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ဟွန်ဆန်၏ “ကောင်းဘွိုင်ဒီပလိုမေစီ”အာဆီယံအဖွဲ့ကို ဖျက်ဆီးနေသလား

$
0
0

နက်ရှိုင်းလာနေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ကြိုးစားနေသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အားထုတ်မှုများကို ပျက်စီးအောင်လုပ်နေကြောင်း ဝေဖန်မှုများအကြား ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်သည် သောကြာနေ့တွင် မြန်မာနိုင်ငံခရီးစဉ်ကို စတင်လိုက်သည်။

မြန်မာနှင့်ပတ်သက်ပြီး ဟွန်ဆန်နှင့်စကားပြောခဲ့ကြောင်း တွစ်တာတွင် အင်ဒိုနီးရှားလို ပို့စ်များတင်လေ့ရှိသော အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ဗုဒ္ဓဟူးနေ့တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှနိုင်ငံများအသင်း အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခြင်းကို သူထောက်ခံသော်လည်း အရှေ့တောင်အာရှတွင် အကြီးမားဆုံး စီးပွားရေးဖြစ်သော အင်ဒိုနီးရှားနိုင်ငံက မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်သည် လွန်ခဲ့သော ဧပြီလက သူသဘောတူခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာသင့်ကြောင်း ထပ်မံပြောကြားလိုက်သည်။

ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှနိုင်ငံများအသင်း အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခြင်းကို သူထောက်ခံသော်လည်း အရှေ့တောင်အာရှတွင် အကြီးမားဆုံး စီးပွားရေးဖြစ်သော အင်ဒိုနီးရှားနိုင်ငံက မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်သည် လွန်ခဲ့သော ဧပြီလက သူသဘောတူခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာသင့်ကြောင်း ထပ်မံပြောကြားလိုက်သည်။

အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ကပါ ထောက်ခံထားသည့် ဘုံသဘောတူညီချက်ကို လိုက်နာရန် ပျက်ကွက်ခြင်းအတွက် သွယ်ဝိုက်ဝေဖန်သည့်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်းက နိုဝင်ဘာလက ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲသို့ မင်းအောင်လှိုင်ကို မဖိတ်ကြားရန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတဦးကိုသာ ဖိတ်ကြားရန် မကြုံစဘူး ဆုံးဖြတ်ခဲ့သည်။

ထိုသဘောတူညီချက်အရ စစ်ကောင်စီသည် ဒေသဆိုင်ရာအထူးသံတမန်တဦးကို လက်ရှိဖမ်းဆီးခံထားရသော အာဏာရပါတီ အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဘက်အားလုံးနှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရမည်ဖြစ်သည်။

ဂျိုကိုဝီဟု လူသိများသော ဝီဒိုဒိုက “ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖေါ်ရေးနှင့်ပတ်သက်ပြီး သိသာသော တိုးတက်မှုမရှိပါက အရှေ့တောင်အာရှနိုင်ငံများအသင်းအစည်းအဝေးများတွင် မြန်မာနိုင်ငံကို နိုင်ငံရေးနှင့်မပတ်သက်သော အဆင့်ကသာ ဆက်လက်ကိုယ်စားပြုသင့်သည်” ဟုရေးသားသည်။

လက်ရှိနှင့် လက်ဟောင်း ပါလီမန်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှ ပါလီမန်ကိုယ်စားလှယ်များအဖွဲ့ (APHR) ကလည်း ဟွန်ဆန်၏ ခရီးစဉ်မတိုင်မီ တရက်အလိုတွင် ထိုခရီးစဉ်ကို ဆန့်ကျင်ကြောင်း ဓါတ်ပုံတပုံနှင့် ဖေါ်ပြပြီး ကောင်းဘွိုင်သံတမန်ရေး အလိုမရှိ ဟုစာတမ်းထိုးကာ ၎င်းတို့၏တွစ်တာအကောင့်တွင် ဖေါ်ပြပြီး ဟွန်ဆန်ကို အိမ်တွင်းတွင်သာနေပါဟုလည်း ဖေါ်ပြသည်။

APHR က ကောင်းဘွိုင်သံတမန်ရေး အလိုမရှိ ဟုစာတမ်းထိုးကာ ၎င်းတို့၏တွစ်တာအကောင့်တွင် ဖေါ်ပြပြီး ဟွန်ဆန်ကို အိမ်တွင်းတွင်သာနေပါဟုလည်း ဖေါ်ပြသည်

APHR ဥက္ကဋ္ဌ ချားလ် ဆန်တီယာဂိုက စစ်ကောင်စီသည် ပြည်သူ ၅၄ သန်းကို အကြမ်းဖက်မှုများ တိုးမြှင့် လုပ်ဆော်နေချိန်တွင် ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ သူ့သဘောဖြင့်သူ သွားရောက်ခြင်းဖြင့် အရှေ့တောင်အာရှ နိုင်ငံများအသင်းကို ဖြောင့်ဖြောင့် ဆန့်ကျင်လိုက်သည်ဟု ပြောသည်။

လွန်ခဲ့သောလ တလတည်းတွင် ထိုင်းနယ်စပ်အနီးတွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်သောကြောင့် လူသောင်းချီ နေရပ်စွန့်ခွာထွက်ပြေးရကြောင်း ဆန်တီယာဂိုထောက်ပြသည်။ ကယားပြည်နယ်မှ အကူအညီပေးရေး လုပ်သား၂ ဦးအပါအဝင် လူ ၃၀ ကျော်ကို ခရစ်စမတ်မတိုင်မီညနေတွင် သတ်ဖြတ်ခဲ့သည်။

“ဟွန်ဆန်ရဲ့မြန်မာနိုင်ငံခရီးစဉ်က စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှု မရှိမခြင်း အရှေ့တောင်အာရှနိုင်ငံများ အသင်းက ပေးဖို့ ဆိုင်းငံ့ထားတဲ့ နိုင်ငံရေး အသိအမှတ်ပြုမှုကို သွားပေးသလိုမျိုး လုံးဝကိုဖြစ်နေတယ်” ဟု ဆန်တီယာဂိုပြောသည်။

“ဟွန်ဆန်ရဲ့မြန်မာနိုင်ငံခရီးစဉ်က စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှု မရှိမခြင်း အရှေ့တောင်အာရှနိုင်ငံများ အသင်းက ပေးဖို့ ဆိုင်းငံ့ထားတဲ့ နိုင်ငံရေး အသိအမှတ်ပြုမှုကို သွားပေးသလိုမျိုး လုံးဝကိုဖြစ်နေတယ်” ဟု ဆန်တီယာဂိုပြောသည်။

“စစ်ကောင်စီရဲ့ ဒီမိုကရေစီဆီ ပြန်သွားမယ်ဆိုတဲ့ ရုပ်ပြစီမံချက်နဲ့ ဘယ်သူ့ကိုမှ အရူးလုပ်လို့မရဘူး။ အခုလို စက်ဆုပ်ဖွယ် အခြေအနေဟာ ဒေသအတွက်ဖြစ်စေ ကမ္ဘာအတွက်ဖြစ်စေ မကောင်းဘူး” ဟု မလေးရှားပါလီမန် Klang ၏ ကိုယ်စားလှယ်လည်းဖြစ်သော ဆန်တီယာဂိုပြောသည်။

ကြာသပတေးနေ့တွင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း မြန်မာခရီးစဉ်ဖျက်သိမ်းရန်နှင့် အနှစ်သာရမရှိသော လုပ်ရပ်များထက် လူ့အခွင့်အရေးကို ဦးစားပေးရန် ဟွန်ဆန်ကို တောင်းဆိုသည်။ “ဟွန်ဆန်ရဲ့ လူရမ်းကား သံတမန်ရေးဟာ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ကို မှားယွင်းတဲ့ သတင်းစကားတွေပေးလိုက်တာ ဖြစ်သွားနိုင်တယ်” ဟု ထိုအဖွဲ့မှ သုတေသနဆိုင်ရာ ဒေသဆိုင်ရာ ဒုတိယ ဒါရိုက်တာ အီမာလင်း ဂျီးလ် ပြောသည်။

ဟွန်ဆန် ဘာတွေရနိုင်သနည်း

ဟွန်ဆန်သည် မင်းအောင်လှိုင်နှင့် နှစ်နိုင်ငံနှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်းတွင် မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးပြီး အမြင်ချင်းဖလှယ်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။ ထိုခရီးစဉ်မှ ရလဒ်များထွက်လာပါက အပြန်ခရီးကို ဆိုင်းငံ့ထားနိုင်ကြောင်း ဟွန်ဆန်က အစောပိုင်းတွင်ပြောကြားခဲ့သည်။

Pacific Forum သုတေသနလုပ်ငန်းမှ WSD-Handa သုတေသီနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်းကို စောင့်ကြည့်လေ့လာသူ ဟန့်တား မာစတွန်က ဟွန်ဆန်အနေဖြင့် စစ်အာဏာသိမ်းမှုက ဖြုတ်ချလိုက်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေး အစိုးရနှင့် တွေ့ဆုံခြင်းဖြင့် သူ၏ခရီးစဉ်အပေါ် ဝေဖန်မှုလျှော့နည်းအောင် လုပ်နိုင်ကြောင်းပြောသည်။

“မင်းအောင်လှိုင်က သူ့နိုင်ငံရေးအကြံအစည်အတွက် အသုံးဝင်တယ်လို့ သူထင်တဲ့ အတ်ိုင်းအတာ အထိပဲ ဟွန်ဆန့်စကားကို နားထောင်မှာ” ဟု မာစတွန် ပြောပြီး ဟွန်ဆန်က စစ်ကောင်စီကို ချုပ်တည်းရန် တိုက်တွန်းကောင်းတိုက်တွန်းနိုင်သော်လည်း ထိုကိစ္စသည် သူ၏ ဦးစားပေးမဟုတ်သလို နှစ်နိုင်ငံလုံး၏ စိတ်ဝင်စားမှုလည်းမဟုတ်ကြောင်း သူရှင်းပြသည်။

ကမ္ဘောဒီးယားနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေး အင်စတီကျုမှ သုတေသီ ဘန်နာ ဗန်းက ကမ္ဘောဒီးယားသည် မြန်မာအပေါ် အကန့်အသတ်ဖြင့်သာ သြဇာသက်ရောက်နိုင်သောကြောင့် ဟွန်ဆန်၏ ခရီးကြောင့် စစ်ကောင်စီက ၎င်းတို့၏ လုပ်ရပ်များကို ကြီးကြီးမားမား ပြောင်းလဲမည်မဟုတ်ကြောင်းပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေး အင်စတီကျုမှ သုတေသီ ဘန်နာ ဗန်းက ကမ္ဘောဒီးယားသည် မြန်မာအပေါ် အကန့်အသတ်ဖြင့်သာ သြဇာသက်ရောက်နိုင်သောကြောင့် ဟွန်ဆန်၏ ခရီးကြောင့် စစ်ကောင်စီက ၎င်းတို့၏ လုပ်ရပ်များကို ကြီးကြီးမားမား ပြောင်းလဲမည်မဟုတ်ကြောင်းပြောသည်။

ကမ္ဘောဒီးယားသည် မြန်မာပြဿနာကို ကိုင်တွယ်ရန်နှင့် ဖြစ်နိုင်ခြေရှိသော အဖြေရှာရန် တာဝန်ရှိသည်ဟု ခံစားကြောင်း သူပြောပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း ဥက္ကဋ္ဌအနေဖြင့် ကမ္ဘောဒီးယား၏ အဓိက အောင်မြင်မှုသည် မြန်မာနိုင်ငံမှ အမျိုးမျိုးသော သက်ဆိုင်သူများကို စုစည်းပေးရန်ဖြစ်ကြောင်း ရှင်းပြသည်။

ဇန်နဝါရီလ ၆ ရက် ကလေးမြို့တွင် ဟွန်ဆန်ဆန့်ကျင်ရေး ဆန္ဒပြကြစဉ်/Facebook

သို့သော် စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်အုပ်စုဖြစ်သည်ဟု သတ်မှတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အခြားထိပ်တန်းခေါင်းဆောင်များကိုလည်း ဖမ်းဆီးကာ တရားစွဲဆိုနေသည်။ ထိုစွပ်စွဲချက်များသည် လုပ်ကြံစွပ်စွဲချက်များသာဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များပြောသည်။

ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေး အင်စတီကျုမှ နောက်သုတေသီတဦးဖြစ်သော ဆိုဗင်ဒါပို က ဟွန်ဆန်၏ ခရီးစဉ်သည် မင်းအောင်လှိုင်ကို တရားဝင်မှုပေးရန် အထောက်အကူဖြစ်စေမည်ဆိုသည့် အလွန်အကျွံ ပြောဆိုမှုများနှင့်ပတ်သက်ပြီး သတိပေးသည်။

“ဒါက နောက်ဆက်တွဲမဖြစ်စေတဲ့ တကြိမ်တခါတည်းသာ သွားတဲ့ခရီးဖြစ်ပြီး ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားမှုအတွက် ဟွန်ဆန်ကို အပြစ်မတင်သင့်ဘူး” ဟု ပို ကပြောကြားပြီး ကမ္ဘောဒီးယားသည် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ မြန်မာနှင့်ပတ်သက်သည့် လက်ရှိသဘောတူညီချက်များကို ပျက်စီးစေမည့် အလားအလာမရှိကြောင်းပြောသည်။

“ဟွန်ဆန်ကသာ မြန်မာနိုင်ငံကို အရမ်းကူညီနေချင်ပေမယ့် ပြင်ပအမြင်တွေကို စစ်ကောင်စီက အမှန်တကယ် အလေးအနက်ထားမယ့် ပုံမရဘူး။ စစ်ကောင်စီရဲ့ တဖက်သတ် အုပ်ချုပ်ရေးဟာ မြန်မာနိုင်ငံကို အန္တရာယ်သာ ကျရောက်စေတယ်” ဟု သြစတြေးလျနိုင်ငံ ဂရစ်ဖစ် တက္ကသိုလ်တွင်လည်း ပါရဂူဘွဲ့ကျောင်းသားဖြစ်သော ပို က ဆက်လက်ပြောကြားသည်။

“ဟွန်ဆန်ကသာ မြန်မာနိုင်ငံကို အရမ်းကူညီနေချင်ပေမယ့် ပြင်ပအမြင်တွေကို စစ်ကောင်စီက အမှန်တကယ် အလေးအနက်ထားမယ့် ပုံမရဘူး။ စစ်ကောင်စီရဲ့ တဖက်သတ် အုပ်ချုပ်ရေးဟာ မြန်မာနိုင်ငံကို အန္တရာယ်သာ ကျရောက်စေတယ်” ဟု သြစတြေးလျနိုင်ငံ ဂရစ်ဖစ် တက္ကသိုလ်တွင်လည်း ပါရဂူဘွဲ့ကျောင်းသားဖြစ်သော ပို က ဆက်လက်ပြောကြားသည်။

တရုတ်၏ မမြင်နိုင်သော လက်ပါ မပါ

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ၊ မဟာမိတ်နှင့် စောင်မကြည့်ရှုသူ ဖြစ်သောကြောင့် ဟွန်ဆန်၏ မြန်မာခရီးစဉ်ကို ဘေ့ဂျင်းက မည်သို့မြင်သည်ဆိုသည့် ကိစ္စသည် မေးခွန်းတခု ဖြစ်လာသည်။

မြန်မာနှင့် နယ်နိမိတ်ခြင်း ၁၃၇၀ မိုင်ထိစပ်သော တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် အနောက်အင်အားကြီး နိုင်ငံများနှင့် မတူဘဲ စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ရှုတ်ချခြင်းမပြုပေ။ အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများသည် စစ်တပ်နှင့်ပတ်သက်သည့် လုပ်ငန်းများနှင့် စစ်အရာရှိများအပေါ် အရေးယူပိတ်ဆို့ခြင်းဖြင့် စစ်ကောင်စီကို ဖိအားပေးရန် ကြိုးစားနေသည်။

ထိုအစား တရုတ်နိုင်ငံကမူ သက်ဆိုင်သူအားလုံးတွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေး အဖြေရှာရန် တိုက်တွန်းပြီး အကျပ်အတည်းဖြေရှင်းရေးတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အခန်းကဏ္ဍကို ထောက်ခံကြောင်း ပြောသည်။ မြန်မာစစ်ကောင်စီသည် ရထားလမ်းများ၊ ဆိပ်ကမ်းများကဲ့သို့သော ပူးတွဲစီမံကိန်းများ ပြန်လည်စတင်ရန် တောင်းဆိုခြင်းဖြင့် အခွင့်အရေး ယူနိုင်သည်။ ယခုနှစ် တရုတ်နှင့် ကုန်သွယ်ရေးတွင် ယွမ် ငွေကို တရားဝင်ပေးချေငွေအဖြစ် လက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီက လွန်ခဲ့သောလက ပြောကြားခဲ့သည်။

အရီဇိုးနားပြည်နယ် တက္ကသိုလ် Thunderbird School of Global Management မှ နိုင်ငံရေး သိပ္ပံပညာရှင် ဆိုဖယ် အီးယားက ဘေ့ဂျင်းသည် နေပြည်တော်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်းအကြား ဆက်ဆံရေး ပုံမှန်ဖြစ်သည်ကို မြင်လိုမည်ဟု ပြောသည်။

ဟွန်ဆန်၏ နိုင်ငံရေးအတိုက်အခံများကို ဖြိုခွဲမှုနှင့် ကမ္ဘောဒီးယား၏ တရုတ်ကို မှီခိုမှုတို့ကြောင့် ဟွန်ဆန်သည် ရိုးသားသော ကြားပွဲစား မဟုတ်ကြောင်းလည်း သူ ထောက်ပြပြီး သံသယကို ဖေါ်ပြသည်။

“ကမ္ဘောဒီးယားက တရုတ်နဲ့”ညားနေပြီးသား” ဖြစ်ပြီး ဟွန်ဆန်က အလားတူအခြေအနေမျိုး ရင်ဆိုင်ရတဲ့အခါ မျက်နှာသာရအောင်နဲ့ မြန်မာဗိုလ်ချုပ်တွေက သူ့အစိုးရနဲ့ သူ့ကို ထောက်ခံစေချင်တယ်” ဟု အရီဇိုးနားပြည်နယ် တက္ကသိုလ် Thunderbird School of Global Management မှ နိုင်ငံရေး သိပ္ပံပညာရှင် ဆိုဖယ် အီးယားက ပြောသည်။

“ကမ္ဘောဒီးယားက တရုတ်နဲ့”ညားနေပြီးသား” ဖြစ်ပြီး ဟွန်ဆန်က အလားတူအခြေအနေမျိုး ရင်ဆိုင်ရတဲ့အခါ မျက်နှာသာရအောင်နဲ့ မြန်မာဗိုလ်ချုပ်တွေက သူ့အစိုးရနဲ့ သူ့ကို ထောက်ခံစေချင်တယ်” ဟုလည်း သူပြောသည်။

ဟွန်ဆန်၏ ခရီးသည် တရုတ်နိုင်ငံ၏ သဘောထားနှင့် ကိုက်ညီနေသော်လည်း ထိုကိစ္စကို ကမ္ဘောဒီးယား အပေါ် တရုတ်သြဇာလွှမ်းမိုးမှုဟု နားမလည်သင့်ကြောင်း ပို ကပြောသည်။

ဇန်နဝါရီလ ၆ ရက် ကလေးမြို့တွင် ဟွန်ဆန်ဆန့်ကျင်ရေး ဆန္ဒပြကြစဉ်/ RFA

ဟွန်ဆန်သည် မြန်မာကို အကျပ်အတည်းရင်ဆိုင်နေရပြီး အကူအညီလိုနေသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း မိသားစုဝင် အဖြစ်မြင်ကြောင်း ပို ပြောသည်။

“အဲဒီလိုအခြေအနေမှာ မိသားစုဝင်တဦးဟာ ဘယ်လောက်ပဲ ဆိုးနေနေ မကွဲကြဘူး။ ဒါက ကမ္ဘောဒီးယားက စဉ်းစားပုံဖြစ်ပြီး မြန်မာပြဿနာကို ဖြေရှင်းဖို့ ဟွန်ဆန် ဘယ်လို ရည်ရွယ်တယ် ဆိုတာကို ပြသနေတယ်” ဟုလည်း ပို ရှင်းပြသည်။

အဖွဲ့ဝင် ဆယ်နိုင်ငံ ပုံစံမပျက်စေရန်နှင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုများအတွက် ကျင့်ဝတ် လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်သည့် ဘုံသဘောတူညီချက် ရစေရန် ယခုနှစ် အရှေ့တောင်အာရှနိုင်ငံများအသင်း ထိပ်သီးဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားက မြန်မာကို ထည့်သွင်းလိုကြောင်း ဗန်း ပြောသည်။ သို့သော် ထိုသို့လုပ်ဆောင်ပါက အရှေ့တောင်အာရှနိုင်ငံများအသင်းက ဦးဆောင်သည့် အမေရိကန်နှင့် မဟာမိတ်များ ဆွေးနွေးပွဲများကို သပိတ်မှောက်ခြင်းများ ဖြစ်လာန်ိုင်ကြောင်းလည်း သူပြောသည်။

နေပြည်တော်၏ နိုင်ငံတကာအထီးကျန်မှု၊ စီးပွားရေး အကျပ်အတည်းနှင့် အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဆိုးဆိုးရွားရွားလိုအပ်နေခြင်းတို့ကြောင့် တရုတ်မြန်မာဆက်ဆံရေး ပိုမိုခိုင်မာလာပြီးဖြစ်ကြောင်း Pacific Forum မှ မာစတွန် ပြောသည်။

“ဒီလိုအခြေအနေတွေအားလုံးကြောင့် စစ်ကောင်စီဟာ ၂၀၁၀ ခုနှစ်ကတည်းက တွန်းလှန်နေတဲ့ တရုတ်အပေါ် မှီခိုမှုကို အတိုင်းအတာတခုအထိ လက်ခံပြီး လက်တွေ့ကျစေတယ်” ဟုလည်း သူပြောပြီး နိုင်ငံခြားရေးမူဝါဒသည် စစ်ကောင်စီအတွက် ဦးစားပေး မဟုတ်သော်လည်း စီးပွားရေး လုံး၀ပြိုလဲသွားခြင်းကို ရှောင်ရှားခြင်းဖြင့် ထိန်းချုပ်မှုရအောင် လုပ်မည်ဖြစ်ကြောင်း ရှင်းပြသည်။

“စစ်ကောင်စီက စီးပွားရေး ဆက်လက်ကျဆင်းနေစေမယ်ဆိုရင် ဘက်ပြောင်းတာတွေ ပိုမိုဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်မှုထဲမှာ အကွဲအပြဲဖြစ်နိုင်တယ်” ဟု မာစတွန် ဆက်ပြောသည်။

“စစ်ကောင်စီက စီးပွားရေး ဆက်လက်ကျဆင်းနေစေမယ်ဆိုရင် ဘက်ပြောင်းတာတွေ ပိုမိုဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်မှုထဲမှာ အကွဲအပြဲဖြစ်နိုင်တယ်” ဟု မာစတွန် ဆက်ပြောသည်။

မြန်မာနိုင်ငံ၏လက်ရှိမတည်ငြိမ်မှုကို စစ်ကောင်စီတခုတည်းကသာ လုံးလုံးလျှားလျှားဖြစ်စေသည်ဆိုသည့် အချက်ကို ဘေ့ဂျင်းက မြင်လိမ့်မည်ဟု ယုံကြည်ကြောင်း APHR ၏ ဆန်တီယာဂို ပြောသည်။

“ ပြည်သူတွေရဲ မုန်းတီးမှုကြောင့် စစ်ကောင်စီကို ထောက်ခံတာက ရေရှည်အတွက် အကောင်းဆုံးလောင်းကြေးမဟုတ်ဘူး။ ပြည်သူတွေက စစ်တပ် အစိုးရလုပ်တာကို မလိုချင်ဘဲ ဒါကို နေ့စဉ်လုပ်ရပ်တွေနဲ့ အသက်တောင်စွန့်ပြီး ပြသနေတယ်” ဟုလည်း ဆန်တီယာဂို ပြောသည်။

(South China Morning Post မှ Cambodia’s Hun Sen accused of undermining Asean with ‘cowboy diplomacy’ on Myanmar trip ကို ဘာသာပြန်သည်။)

You may also like these stories :

ကမ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ

လွတ်လပ်ရေးနေ့ သဝဏ်လွှာ ၅ စောင်သာ ရခဲ့တဲ့ အထီးကျန် စစ်ကောင်စီ

ဒေါ်အောင်ဆန်းစုကြည်ကို ဟွန်ဆန်နှင့် တွေ့ခွင့်မပေးနိုင်ဟု စစ်ကောင်စီ ပြော

မြန်မာ ပြည်တွင်းစစ် ဖြစ်နေဟု ကမ္ဘောဒီးယား ပြော

The post ဟွန်ဆန်၏ “ကောင်းဘွိုင်ဒီပလိုမေစီ” အာဆီယံအဖွဲ့ကို ဖျက်ဆီးနေသလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...