Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ

$
0
0

ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော နိုင်ငံတ ဝှမ်းမှ စစ်အာဏာရှင်ကို တော်လှန်သည့် လက်နက်ကိုင် အင်အားစုများအား စစ်တပ်သည် လေကြောင်းစစ်ဆင်ရေးများကို အကြီးအကျယ် အသုံးပြုပြီး တိုက်ခိုက်လာသည်။

အာဏာသိမ်း စစ်တပ်သည် စစ်ရေးအတွေ့အကြုံရှိသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုက ရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပြင်းအထန် စခန်းသိမ်းတိုက်ပွဲများမှသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသကာကွယ်ရေးတပ်(LDF) များ၏ ပြောက်ကျားတိုက်ခိုက်မှုများကိုပါ ရင်ဆိုင်နေရသည်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မတ်လကုန်မှ ဒီဇင်ဘာ ၂၀ ရက်ထိ ၉ လဝန်းကျင်တွင် ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင် ပြည်နယ်များနှင့် ပဲခူး၊ စစ်ကိုင်း၊ မကွေးတိုင်းများ အပါအဝင် ပြည်နယ်နှင့်တိုင်း ၈ ခုတွင် စစ်တပ်က လေကြောင်းစစ်ဆင်ရေးကို နေ့ရက်ပေါင်း ၆၀ ဝန်းကျင်အထိ အသုံးပြုခဲ့သည်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မတ်လကုန်မှ ဒီဇင်ဘာ ၂၀ ရက်ထိ ၉ လဝန်းကျင်တွင် ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင် ပြည်နယ်များနှင့် ပဲခူး၊ စစ်ကိုင်း၊ မကွေးတိုင်းများ အပါအဝင် ပြည်နယ်နှင့်တိုင်း ၈ ခုတွင် စစ်တပ်က လေကြောင်းစစ်ဆင်ရေးကို နေ့ရက်ပေါင်း ၆၀ ဝန်းကျင်အထိ အသုံးပြုခဲ့သည်။

တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်းနှင့် စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခဲ့မှု အကြိမ်ပေါင်း ၁၀၀ ကျော်အထိ ရှိခဲ့ကြောင်း ဧရာဝတီသတင်းဌာန အပါအဝင် ပြည်တွင်းသတင်းဌာနများ၏ ဖော်ပြချက်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ တွေ့ရှိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု အရေအတွက်မှာ တချို့သော နေ့ရက်များ၌ တိုက်ခိုက်ခံရမှု အကြိမ်ရေကို အတိအကျ မသိနိုင်သောကြောင့် ၁ ရက်လျှင် ၁ ကြိမ်နှုန်းသာ ပျမ်းမျှတွက်ချက်ထားခြင်းဖြစ်၍ စစ်တပ်က မြေပြင်တွင် အမှန်တကယ် တိုက်ခိုက်ခဲ့သော အကြိမ်ရေမှာ ယခုစာရင်းထက် ပိုများနိုင်ပါသည်။

ယင်းလေကြောင်း တိုက်ခိုက်မှုများအနက် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၅ နှင့် ၃ အတွင်းရှိ စစ်ဖက်ဆိုင်ရာ ပစ်မှတ်များ မဟုတ်သော အရပ်သားကျေးရွာများနှင့် ရွှေလုပ်ကွက်တွင်းများကို စစ်တပ်က လေကြောင်း ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၂၀ ဦးကျော် သေဆုံးခဲ့ရပြီး လူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အနီးစပ်ဆုံး ဖြစ်စဉ်များ အနေဖြင့် ဒီဇင်ဘာ ၂၃ ရက် ည ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ရှိ လေးကေ့ကော် ငြိမ်းချမ်းရေးမြို့သစ်ကို အာဏာသိမ်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နယ်စပ်တွင် ခိုလှုံ နေကြသည့် စစ်ရှောင်ပြည်သူများ ညတွင်းချင်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

KNU က ဒီဇင်ဘာ ၂၀ ရက်တွင် လေးကေ့ကော်မြို့သစ်နေရာအား လေကြောင်းပျံသန်းရေးကင်းမဲ့ဇုန် (No Fly Zone) အဖြစ် သတ်မှတ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂ (UN) ထံ တောင်းဆိုခဲ့ပြီး ၃ ရက် အကြာတွင် အာဏာသိမ်း စစ်တပ်က ယခုလို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက် ညပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ဘက်ရှိ နတ်ချောင်းကျေးရွာ၊ ဒီဇင်ဘာ ၁၇ နှင့် ၂၀ ရက်များတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာနှင့် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမျက်ကျေးရွာများအား စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ကြရသည်။

စစ်ကောင်စီဘက်က ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်လေ့ ရှိသော်လည်း လေကြောင်း အသုံးပြု တိုက်ခိုက်မှုများအား ထည့်သွင်းဖော်ပြခြင်း မရှိပေ။

စစ်ကောင်စီဘက်က ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်လေ့ ရှိသော်လည်း လေကြောင်း အသုံးပြု တိုက်ခိုက်မှုများအား ထည့်သွင်းဖော်ပြခြင်း မရှိပေ။

People’s Soldier အဖွဲ့မှ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ဗိုလ်ကြီး ဇင်ယော်က “အခု စစ်ကောင်စီရဲ့ ကြည်း၊ လေ စစ်ဆင်ရေးတွေက တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်တဲ့အဆင့် မဟုတ်ဘဲ အပြီးတိုင် ချေမှုန်းရေးအဆင့် အနေနဲ့ စစ်ဆင်ရေး လုပ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။

အာဏာသိမ်း စစ်တပ်၏ လေတပ်တွင် လုပ်ငန်းစဉ် ၅ ခုရှိပြီး ကြားဖြတ်တိုက်ခိုက်ခြင်း၊ မြေပြင်မှ ပစ်မှတ်များကို ဝေဟင်မှ တိုက်ခိုက်ခြင်း၊ လေကြောင်းမှ စောင့်ကြည့်ခြံရံခြင်း၊ ကင်းထောက်ခြင်းနှင့် လေကြောင်းရန် ကာကွယ်ခြင်းတို့ ဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် လေတပ်ကို နံပါတ် ၁ အချက်နှင့် နောက်ဆုံးအချက်မှလွဲ၍ ကျန်သည့် အချက် ၃ ချက်စလုံးကို မြေပြင်ထိုးစစ်အတွက် အသုံးပြုနေခြင်းကြောင့် ချေမှုန်းရေးအဆင့်ဟု သုံးသပ်ခြင်း ဖြစ်ကြောင်း ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

၎င်းက “ကျနော်တို့ EAOs (တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ) တွေနဲ့ တိုက်တုန်းက ခံနေရပြီ၊ အရမ်းကြီး ခံနေရပြီဆို မှ ဆက်သွယ်ရေးစက်ကနေ အာပြဲအောင် လေကြောင်းအကူတောင်းရတာ။ အဲဒါတောင် ဝတ်ကျေတမ်းကျေပဲ လာပစ်ပေး သွားတာ” ဟု သူ ကြုံတွေ့ခဲ့ရသည်ကို ပြန်ပြောပြသည်။

လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပြ ဇယား

ပြီးခဲ့သည့် မတ် ၂၅ ရက်မှ ဧပြီ ၂၈ ရက်ထိ ဖြစ်ပွားခဲ့သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်တပ်ကြားက အလော့ဘွမ်ဗျူဟာကုန်း တိုက်ပွဲတွင်လည်း တိုက်လေယာဉ်များဖြင့် အကြိမ် ၅၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သို့သော် စစ်ကောင်စီ၏ ကြည်းတပ်သည် ထိုဗျူဟာကုန်းကို KIA လက်ထဲမှ ယနေ့ထိတိုင် ပြန်သိမ်းယူနိုင်ခြင်း မရှိပေ။ ထို့ပြင် မေ ၃ ရက် ကချင်ပြည်နယ် မိုးမောက်တိုက်ပွဲ၌လည်း စစ်ကောင်စီဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စင်း အသုံးပြုခဲ့ရာ KIA က ပစ်ချခဲ့သည်။

ဒီဇင်ဘာ ၁၃ မှ ၁၉ ရက်ထိ ဖြစ်ပွားခဲ့သော ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီ တပ်များကြားက မုံးကိုးဒေသ တိုက် ပွဲများတွင်လည်း စစ်တပ်က လေကြောင်းမှဗုံးကြဲခြင်း၊ ပစ်ကူပေးခြင်းကို အကြိမ် ၂၀ နီးပါး တိုက်ခိုက်ပေးခဲ့သည်။ သို့သော် မြေပြင်မှ ထိုးစစ်ဆင်နေသော ခြေလျင်တပ်သည် ရာနှင့်ချီ သေဆုံးကာ တပ်ပြန်ဆုတ်နေရလျက် ရှိသည်။

ယခုရက်ပိုင်း ကရင်ပြည်နယ်အတွင်း KNU လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အရာရှိများ အပါအဝင် စစ်သား ၁၀၀ နီးပါး သေဆုံးပြီး အထိနာနေသည်။

ထို့ပြင် စစ်ကိုင်းနှင့် မကွေးတိုင်း အတွင်း၌လည်း ကုန်းလမ်းကြောင်းမှ ချီတက်လာသော စစ်ကောင်စီ စစ်ကြောင်းများ မကြာခဏ မိုင်းဆွဲခံရခြင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှုများကြောင့် နေ့စဉ်နှင့်အမျှ အထိ အခိုက် အသေဆုံး များနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုဝင်ဘာလအတွင်း ထုတ်ပြန်ထားသည့် စာရင်းအရ ဇွန်လမှ နိုဝင်ဘာလအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီကြား တိုက်ပွဲဖြစ်စဉ်ပေါင်း ၂,၅၃၀ ကြိမ်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၉၄၁ ဦး သေဆုံးခဲ့ကြောင်း ဆိုထားသည်။

အာဏာသိမ်း စစ်တပ်သည် ၎င်း၏ ခြေလျင်တပ်များ တိုက်ရေခိုက်ရေ ကျဆင်းလာမှုနှင့် အထိနာနေမှုကို ကုစား နိုင်ရန် ပြီးခဲ့သည့် နိုဝင်ဘာမှ စတင်ကာ ဒေသကာကွယ်ရေးတပ်ဖွဲ့များ အင်အားကောင်းလာသော မြန်မာနိုင်ငံအလယ်ပိုင်း (စစ်ကိုင်း၊ မကွေး) ဒေသများတွင် စစ်တပ်က လေကြောင်းစစ်ဆင်ရေးများ အဓိကအားပြု အသုံးပြုလာသည်။

ထို့ကြောင့် အာဏာသိမ်း စစ်တပ်သည် ၎င်း၏ ခြေလျင်တပ်များ တိုက်ရေခိုက်ရေ ကျဆင်းလာမှုနှင့် အထိနာနေမှုကို ကုစား နိုင်ရန် ပြီးခဲ့သည့် နိုဝင်ဘာမှ စတင်ကာ ဒေသကာကွယ်ရေးတပ်ဖွဲ့များ အင်အားကောင်းလာသော မြန်မာနိုင်ငံအလယ်ပိုင်း (စစ်ကိုင်း၊ မကွေး) ဒေသများတွင် စစ်တပ်က လေကြောင်းစစ်ဆင်ရေးများ အဓိကအားပြု အသုံးပြုလာလျက်ရှိကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရေးလေ့လာသုံးသပ်သူတချို့က ဆိုသည်။

“ကျနော်တို့က အရင်ကလို တူမီးလောက်နဲ့ နည်းပညာပိုင်းအားနည်းတဲ့ ကြိုးဆွဲမိုင်း၊ ဖုန်းမိုင်းလောက်နဲ့ မဟုတ်တော့ဘူး။ ထောက်ပံ့မှုတွေ ရလာတယ်၊ နည်းပညာပိုင်းတွေ အားကောင်းလာတယ်။ မြေပြင်လှုပ်ရှားမှုတွေ အရမ်းအားကောင်းလာ နေတော့ စစ်တပ်ကလည်း သိတယ်၊ ပုံမှန်ထိုးစစ်မဟုတ်ဘဲ လေကြောင်းနဲ့ ထိုးစစ်ဆင်ရတဲ့ ပုံစံမျိုးရောက်လာတာ” ဟု စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် PDF တွင် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်ပေးနေသူတဦးက ဧရာဝတီသို့ ပြောသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်သည် အောက်တိုဘာ ၂၈ မှ ဒီဇင်ဘာ ၇ ရက်အတွင်း စစ်တပ်က လေကြောင်းစစ်ဆင်ရေး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့သည့်မြို့နယ် ဖြစ်သည်။

နိုဝင်ဘာ ၂၆၊ ၂၇ ရက်များတွင် ဖြစ်ပွားသော ဒီပဲယင်းမြို့နယ် ညောင်လှနှင့် ဆည်ကြီးရွာအနီး တိုက်ပွဲသည် စစ်တပ်က ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သလို စစ်ရဟတ်ယာဉ်များ အင်အားဖြည့်တင်းကာ လေ ကြောင်းမှလည်း ပစ်ခတ် တိုက်ခိုက်ခဲ့ရသည့် အပြင်းထန်ဆုံးသောတိုက်ပွဲ ဖြစ်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း ဒေသခံအရပ်သား သေဆုံးမှုများ ရှိခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များပင် အတည်ပြုနိုင်ခြင်း မရှိဘဲ အနီးနားရှိ ကျေးရွာ ၁၀ ရွာမှ ထောင်နှင့်ချီသော ဒေသခံများသည်လည်း နေအိမ်များ စွန့်ခွာထွက်ပြေး တိမ်းရှောင် ကြရသည်။

“လေကြောင်း တိုက်ခိုက်မှုတွေက အဓိက နယ်မြေရှင်းတာပေါ့။ သူတို့ ခြေကုပ်ယူမယ့် ဧရိယာပေါ့။ ကိုက် ၂၀၀ ဖြစ်ချင် ဖြစ်မယ်၊ ကိုက် ၃၀၀ ဖြစ်မယ်ပေါ့။ အဲဒီလိုနေရာကို ရမ်းသမ်းပြီးပစ်တော့ အဓိကခံရတာ ပြည်သူတွေပေါ့။ ကျနော်တို့ တပ်ဖွဲ့တွေကလည်း အဲဒီလိုအချိန်ဆို အရမ်းတိုး မတိုက်ရဲဘူး။ ပြည်သူတွေ ကြားညှပ်သွားမှာစိုးလို့” ဟု ဒီပဲယင်းမှ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ရှင်းပြသည်။

စစ်ကောင်စီက ထိုသို့ လေကြောင်းနှင့် ကြည်းတပ် ပူးပေါင်းစစ်ဆင်ရေးများ ဆင်နွှဲပြီး နယ်မြေထိန်းချုပ်နိုင်ရန် လုပ်ဆောင် နေသော်လည်း ဒီပဲယင်းမြို့နယ် တောင်ပိုင်းတခုလုံးနီးပါးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထားနိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်တပ်က စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်း လေကြောင်းစစ်ဆင်ရေးများတွင် A-5၊ G-4 နှင့် K-8 အမျိုးအစား အပေါ့စား တိုက်လေယာဉ်များနှင့် Mi-35၊ Mi-17၊ Mi 2 စသည့် လက်နက်တပ်ဆင်ထားသော တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ် အမျိုးအစားများကို အဓိက အသုံးပြုထားကြောင်း မှတ်တမ်းဗီဒီယိုများတွင် တွေ့ရှိရမှုနှင့် CDM ဗိုလ်ကြီးများ၏ ပြောပြချက်အရ သိရသည်။

လေယာဉ်ပစ် စက်သေနတ်များ၊ ပခုံးထမ်းလောင်ချာများ ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာတွင်မူ ဘက်စုံသုံး တိုက်လေယောဉ်နှင့် ဗုံးကြဲလေယာဉ်များ ဖြစ်သော JF 17၊ Yak 130 နှင့် Su-30 စသည့် လေယာဉ်အမျိုးအစားများကို အဓိက အသုံးပြုကြောင်း သိရသည်။

စစ်တပ်၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ် အများစုသည် ရုရှားနိုင်ငံထုတ်များ ဖြစ်သည်။

စစ်ကိုင်း၊ မကွေးတိုင်းတို့နှင့် ချင်းပြည်နယ်အတွင်း လေကြောင်းစစ်ဆင်ရေးများကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) က အဓိက လုပ်ဆောင်လျက်ရှိပြီး ကချင်နှင့် ရှမ်းပြည်နယ်တွင်မူ မြစ်ကြီးနား လေတပ်ဌာနချုပ်က ပြုလုပ်ပြီး ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးများကို ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်ဌာနချုပ်နှင့် လေတပ်ဆွယ် (မှော်ဘီ) တို့က ပြုလုပ်လျက်ရှိသည်။

စစ်ကိုင်း၊ မကွေးတိုင်းတို့နှင့် ချင်းပြည်နယ်အတွင်း လေကြောင်းစစ်ဆင်ရေးများကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) က အဓိက လုပ်ဆောင်လျက်ရှိပြီး ကချင်နှင့် ရှမ်းပြည်နယ်တွင်မူ မြစ်ကြီးနား လေတပ်ဌာနချုပ်က ပြုလုပ်ပြီး ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးများကို ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်ဌာနချုပ်နှင့် လေတပ်ဆွယ် (မှော်ဘီ) တို့က ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသော တိုက်ပွဲများတွင် လေကြောင်းစစ်ဆင်ရေးများအတွက် အဓိက တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ဗုံးကြဲတိုက်လေယာဉ်များကို မောင်းနှင်သော လေတပ်အရာရှိများ၏ အမည်စာရင်း တချို့ကို ဧရာဝတီ က ရရှိထားသည်။

၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပြီး ဧရာဝတီသတင်းဌာန အနေဖြင့် ၎င်းတို့၏ နေရပ်လိပ်စာများအပြင် အခြားသော အချက်အလက်များကို ရရှိထားသော်လည်း အမည်နှင့် ရာထူးအဆင့်များကိုသာ ဖော်ပြထားခြင်း ဖြစ်သည်။

အဓိက တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ဗုံးကြဲတိုက်လေယာဉ်များကို မောင်းနှင်သော လေတပ်အရာရှိများ၏ အမည်စာရင်း

စစ်တပ်၏ လေကြောင်းစစ်ဆင်ရေးများသည် ဒေသကာကွယ်ရေးတပ်ဖွဲ့များအပေါ် အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်း ထက် ပြည်သူလူထုကို အကြောက်တရားသွင်းပြီး PDF များအပေါ် ကူညီထောက်ပံ့မှုများ လျော့ကျစေရန် အရပ်သားများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေခြင်း ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆိုတာ နေရာ အနှံ့မှာ ရှိတယ်။ ပြည်သူ့စစ်တပ်တွေဆိုတော့ ကျေးရွာတို့ဘာတို့မှာ ခိုနေရတာများတာကို အဲဒီမှာ သူတို့က လေကြောင်းနဲ့ မဆင်မခြင် ပစ်တာဖြစ်တဲ့အတွက် လူသားတွေအပေါ် စစ်ရာဇဝတ်မှုတွေ အကြီးအကျယ် ကျူးလွန်တာပဲ” ဟု မှတ်ချက်ပြု သည်။

စစ်တပ်က လေကြောင်းကို အဓိကအသုံးပြု တိုက်ခိုက်လာခြင်းသည် နိုင်ငံတဝှမ်း ကျယ်ပြန့်လာသော စစ်မျက်နှာများတွင် စစ်တပ်၏ ကုန်းကြောင်းချီတက်မှုများ အထိနာနေသည်ကို ပြသသည့် လက္ခဏာတခုလည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “ပြည်သူဘက်ကလည်း ဆုံးရှုံးမှု များတယ်ဆိုပေမယ့်လည်း စစ်တပ်ဘက်က လေကြောင်းသုံးရတာ စစ်ရေးအရ ဆုံးရှုံးမှု တော်တော်များတယ်၊ လေကြောင်းသုံးရတဲ့ စရိတ်က နည်းတာမှ မဟုတ်တာ” ဟု ပြောသည်။

ပြည်တွင်း သို့မဟုတ် နိုင်ငံတကာပဋိပက္ခ မည်သည့်နေရာမျိုးတွင်းဖြစ်ဖြစ် လေကြောင်းမှ အရပ်သားပြည်သူများအပေါ် ပစ် မှတ်ထား တိုက်ခိုက်ခြင်းမျိုး မလုပ်ရန် တားမြစ်ထားပြီး ထိုသို့ တိုက်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည်။

ပြည်တွင်း သို့မဟုတ် နိုင်ငံတကာပဋိပက္ခ မည်သည့်နေရာမျိုးတွင်းဖြစ်ဖြစ် လေကြောင်းမှ အရပ်သားပြည်သူများအပေါ် ပစ် မှတ်ထား တိုက်ခိုက်ခြင်းမျိုး မလုပ်ရန် တားမြစ်ထားပြီး ထိုသို့ တိုက်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည်။

၁၉၇၇ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားသည့် ဂျနီဗာစာချုပ် (Geneva Convention) ၏ နောက်ဆက်တွဲစာချုပ် (Additional Protocol to Geneva Convention 1977) တွင် အရပ်သားပြည်သူများအပေါ် ထိခိုက်နစ်နာစေနိုင်သော လေကြောင်း တိုက်ခိုက်ခြင်းများ လုံးဝ မလုပ်ဆောင်ရန် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက “အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကြည့်မယ်ဆိုရင် လေကြောင်းကို အသုံးပြုပြီးတော့ တိုက်ခိုက်တာတင် မကတော့ဘဲ ဒေသတခုလုံးမှာ ရှိတဲ့ ပြည်သူတွေအနေနဲ့ ကျေးရွာတခုလုံး ဖျက်ဆီးပြီး နေလို့မရတော့လောက်အောင်၊ သူတို့ရဲ့ ရိက္ခာအစားအစာတွေ အားလုံး လုံးဝ ပျက်စီးသွားအောင် ရည်ရွယ်ပြီး ဖျက်ဆီးလုပ်ဆောင်နေတာ ထင်ရှားလှပါတယ်။ စစ်ရေးအရ မဟုတ်ဘဲနဲ့ လူနေ အိမ်တွေကို ချိန်ပြီးပစ်ခတ်တာ၊ ပြေးလွှားနေတဲ့သူတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်ခြင်းက တကယ့်ကို ရက်စက်ယုတ်မာ လှတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်” ဟု သုံးသပ် ပြောဆိုထားသည်။

ထို့ပြင် ၁၉၂၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့သည့် The Hague Rule of Air Warfare ဥပဒေတွင်လည်း အရပ်သားများ အပေါ် လေကြောင်းမှ တိုက်ခိုက်ပြီး ခြိမ်းခြောက်ခြင်း၊ အရပ်သားပိုင်ဆိုင်မှုကို ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများ ထိခိုက် ဒဏ်ရာရပြီး သေဆုံးစေသော အရာများအားလုံးကို လုံးဝ မလုပ်ဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။

စစ်လေယာဉ်တွေကို သုံးတယ်ဆိုတာက ရန်သူတွေကို ဗုံးကြဲဖို့အတွက် သုံးတာဖြစ်တယ်။ ဒါပေမဲ့ စစ်တပ်ဘက်က စက်ပစ္စည်းတွေကို ကောင်းစွာ အသုံးချတတ်ပုံ မပေါ်ဘူး။ ဒါတွေက ပြည်သူတွေအတွက် အရမ်းအန္တရာယ်ရှိပြီး အပျက်အစီး များစေတယ်။ အမေရိကန်နဲ့ မတူတာက ပြည်သူတွေ နေတဲ့နေရာနဲ့ နီးလို့ မလုပ်ရဘူး ဆိုတာမျိုး မြန်မာစစ်တပ်မှာ မရှိဘူး။ အဲဒါက နိုင်ငံတကာဥပဒေနဲ့လည်း မညီဘူး

မြန်မာ့စစ်ရေး လေ့လာစောင့်ကြည့်သူ David Scott Mathieson ကလည်း “စစ်လေယာဉ်တွေကို သုံးတယ်ဆိုတာက ရန်သူတွေကို ဗုံးကြဲဖို့အတွက် သုံးတာဖြစ်တယ်။ ဒါပေမဲ့ စစ်တပ်ဘက်က စက်ပစ္စည်းတွေကို ကောင်းစွာ အသုံးချတတ်ပုံ မပေါ်ဘူး။ ဒါတွေက ပြည်သူတွေအတွက် အရမ်းအန္တရာယ်ရှိပြီး အပျက်အစီး များစေတယ်။ အမေရိကန်နဲ့ မတူတာက ပြည်သူတွေ နေတဲ့နေရာနဲ့ နီးလို့ မလုပ်ရဘူး ဆိုတာမျိုး မြန်မာစစ်တပ်မှာ မရှိဘူး။ အဲဒါက နိုင်ငံတကာဥပဒေနဲ့လည်း မညီဘူး” ဟု ပြောဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်တပ် အထိနာနေသည်ကို မေးခွန်းထုတ်စရာ မလိုလောက်အောင် တွေ့မြင်နေရပြီး ကျင့်ဝတ်မရှိခြင်း၊ စစ်လက်နက်ပစ္စည်းများကို ကောင်းမွန်စွာ အသုံးမပြုတတ်ခြင်းတို့ ကြောင့် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများသည် မြန်မာပြည်သူလူထုအတွက် အန္တရာယ်ကြီးမားလျက် ရှိသည်ဟု လည်း ၎င်းက မှတ်ချက်ပြုသည်။ ။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်သဘောထား မပြောင်း

ကရင်စစ်ပွဲများက ထွက်ပေါ်လာတဲ့ ဘန်းစကားများ

စစ်ကောင်စီက ကျောက်စိမ်းများကို ရေလမ်းကြောင်းဖြင့် ပြောင်းသယ်

ကရင်ပြည်နယ်တိုက်ပွဲ ဒုဗိုလ်ချုပ်ကြီးအောင်စိုး ဘယ်လိုကိုင်တွယ်မလဲ

The post အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...