Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

မြန်မာတွေ ဆန္ဒပြနေတဲ့ ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌ ဘယ်လို လူလဲ

$
0
0

ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် ဂျပန်- မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe သည် ဂျပန်နိုင်ငံတွင် ဂျပန် ရောက် မြန်မာများ၏ ဆန္ဒပြ ဆန့်ကျင်မှုကို ခံနေရသည်။

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်နေသည့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက မေလနှင့် ဩဂုတ်လ အကုန်ပိုင်းတွင် အဆိုပါ အသင်း ဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေးအား မြန်မာ စစ်ကောင်စီကို အကာအကွယ် ပေးနေသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်။

တိုကျိုမြို့ရှိ အဆိုပါ အသင်းရုံးရှေ့တွင် ဆန္ဒပြကြသည့် Revolution Tokyo Myanmar အဖွဲ့မှ ကိုသန့်ဇော်ထွန်းက မစ္စတာ ဝါတာနာဘေးနှင့် အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် ၂ ကြိမ် ထက်မနည်း တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံပြီးနောက် ဂျပန်နိုင်ငံ ပြန် ရောက်လာသောအခါတွင် ၎င်းသည် မြန်မာ စစ်ကောင်စီဘက်မှ ရပ်တည်ကာ ဝါဒဖြန့် ပြောဆိုမှုများရှိနေကြောင်း ဧရာ ဝတီသို့ ပြောသည်။

စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့က နေပြည်တော်မှာ အာဏာသိမ်း ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ Mr. Hideo Watanabe (ဓာတ်ပုံ – CINCDS)

“သူက အာဏာသိမ်းတဲ့ ဖြစ်စဉ်အပေါ်မှာ ကာကွယ်ပေးပြီးတော့ ဂျပန်အစိုးရကိုရော ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပါ မြန်မာပြည်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အစီရင်ခံမှုတွေ ပြုလုပ်ပြီးတော့ ဂျပန်အစိုးရရော၊ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဌာနကိုပါ မြန်မာ့အရေး တုံ့ပြန်တဲ့ တုံ့ပြန်မှုတွေအပေါ်မှာ တွေဝေနှောင့်နှေးစေအောင် ပြုလုပ်ခဲ့တဲ့ အထောက်အထား တွေ ရှိပါတယ်” ဟု ကိုသန့်ဇော်ထွန်း က ရှင်းပြသည်။

ထို့ကြောင့် ဝါတာနာဘေးကို ကန့်ကွက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဆိုသည်။

မြန်မာပြည်သူများ ကန့်ကွက်နေသည့် ဝါတာနာဘေးသည် မည်ကဲ့သို့ ပုဂ္ဂိုလ်မျိုးဖြစ်ပြီး စစ်ကောင်စီကို မည်ကဲ့သို့ အကာအကွယ်ပေးနေသည် ဆိုသည်မှာ စိတ်ဝင်စား ဖွယ်ရာပင် ဖြစ်သည်။

စစ်ခေါင်းဆောင်များနှင့် ရင်းနှီးသူ

ဂျပန်- မြန်မာအသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ဝါတာနာဘေးသည် လက်ရှိတွင် အသက် ၈၇ နှစ်အရွယ်ရှိပြီး ဂျပန် လွှတ်တော် အမတ်ဟောင်းတဦးလည်း ဖြစ်သည်။

ဂျပန်- မြန်မာအသင်းကို ၂၀၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင်း ဝင်ရောက် မည့် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုများကို ထောက်ခံရန် ဖွဲ့စည်းထားသော ပုဂ္ဂလိက အသင်းတခုဖြစ်သည်။

အသင်းထဲတွင် ဂျပန်အစိုးရ အဖွဲ့မှ အငြိမ်းစား အရာရှိကြီးများ၊ စီးပွားရေး အမှုဆောင်များနှင့် ဂျပန်ကုမ္ပဏီကြီးများ၏ အဖွဲ့ဝင်များ ပါဝင်သည်။

အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လ ၁၂ ရက်နေ့ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ Mr. Hideo Watanabe (ဓာတ်ပုံ – MDN)

ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဟာ အာဏာသိမ်းစစ်တပ်နဲ့ လေးနက်တဲ့ ဆက်ဆံရေးတွေရှိပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် ဂျပန်ကုမ္ပဏီတွေကို ကူညီပေးခဲ့သလို အသင်းမှာ အဖွဲ့ဝင်ထားတဲ့ ကုမ္ပဏီပေါင်း ၁၂၇ ခုရှိနေတယ်လို့ ဂျပန်ရောက် Revolution Tokyo Myanmar ဖွဲ့က ဆိုပါတယ်။

လက်ရှိ ဂျပန်အစိုးရ ဒုတိယ ဝန်ကြီးချုပ် အာဆိုတာရို သည်လည်း ဂျပန်-မြန်မာအသင်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တာဝန်ယူထားပြီး မြန်မာ့အရေးနှင့် ပတ်သက်လာပါက ဂျပန်အစိုးရသည် မစ္စတာ ဝါတာနာဘေးကို အားကိုးလေ့ ရှိ ကြောင်း ဂျပန်သတင်းစာကြီးတချို့က ဖော်ပြထားသည်။

မစ္စတာ ဝါတာနာဘေးသည် ယခင် န.အ.ဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) အစိုးရ လက် ထက်ကတည်းက မြန်မာ စစ်ခေါင်းဆောင်များနှင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်ကြောင်း ဂျပန်နိုင်ငံအခြေစိုက် အဆာဟိရှင် ဘွန်း သတင်းဌာနက ရေးသားသည်။

၎င်းသည် ၂၀၁၁ ခုနှစ်တွင် စစ်အုပ်ချုပ်ရေးမှ အရပ်သား အသွင်ပြောင်းထားသည့် အစိုးရအဖွဲ့၏ သမ္မတဖြစ်သူ ဦးသိန်း စိန်နှင့် ၁၉၉၀ ခုနှစ်ကတည်းကပင် ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။

ဝါတာနာဘေးသည် ဦးသိန်းစိန် သမ္မတရာထူး စယူသည့် ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်နှင့် နေပြည်တော်ရှိ သမ္မတ အိမ် တော်တွင် တွေ့ဆုံခဲ့ပြီး သီလဝါဆိပ်ကမ်း တည်ဆောက်ရေး ဂျပန်လူမျိုးများ လုပ်ကိုင်ခွင့်ရရန် အောင်မြင်စွာ ပြောဆို နိုင်ခဲ့သူဖြစ်သည်။

သြဂုတ်လ ၂၅ ရက်နေ့က တိုကျိုမြို့ပေါ်မှာ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းကို ဆန္ဒပြနေကြသည့် မြန်မာနှင့် ဂျပန်နိုင်ငံသားများ (ဓာတ်ပုံ – Revolution Tokyo Myanmar)

သီလဝါဆိပ်ကမ်း တည်ဆောက်ခွင့်ရပြီးနောက်တွင် ဝါတာနာဘေး၏ အကျိုးဆောင်ပေးမှုဖြင့် မြန်မာက ဂျပန်အပေါ် တင်နေသည့် အကြွေး ယန်းငွေ သန်း ၅၀၀ ကျော်ကို လျှော်ပစ်ခဲ့ပြီး မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေး ကာလအတွင်း ဂျပန် ဘက်က ရပ်ဆိုင်းထားသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ ထောက်ပံ့ရေး အစီအစဉ် (ODA) ကိုလည်း ဂျပန်ဘက်က ပြန်လည် ခွင့်ပြုပေးခဲ့သည်။

ဦးသိန်းစိန် အစိုးရ လက်ထက်မှာပင် သီလဝါ ဆိပ်ကမ်းတည်ဆောက်ရေး မြန်မာစစ်တပ်၏ သဘောထား ဆွေးနွေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မစ္စတာဝါတာနာဘေးတို့ ပထမဆုံး တွေ့ ဆုံခဲ့ပြီး ယင်းနောက်တွင် တပ်ချုပ်နှင့် ၎င်းတို့ ခင်မင်ရင်းနှီးသွားကာ အကြိမ် ၅၀ ထက်မနည်း တွေ့ဆုံခဲ့သည်။

အာဏာသိမ်း စစ်တပ်ကို ဘယ်လိုကာကွယ်နေလဲ

လက်ရှိတွင် စစ်ကောင်စီဥက္ကဋ္ဌနှင့် ဝါတာနာဘေးတို့၏ ရင်းနှီးခင်မင်သည့် ဆက်ဆံရေးမျာ ၁၀ စုနှစ်ခန့် ကြာနေပြီ ဖြစ် သည်။

ဝါတာနာဘေးက သူ့ကိုယ်သူ ဂျပန်အစိုးရနှင့် မြန်မာစစ်တပ်အကြား ကြားဝင် စေ့စပ်ပေးနိုင်သည့် တခုတည်းသော ဆက်သွယ်ရေး လမ်းကြောင်း ဟုဆိုသည်။

မစ္စတာ ဝါတာနာဘေးသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီး ၁ ပတ်အကြာ ဖေဖော်ဝါရီလ ၈ ရက်တွင် နေ ပြည်တော်ရှိ သမ္မတအိမ်တော်၌ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝါတာနာဘေးကို ဖက်လှဲတကင်း ကြိုဆိုပြီး “ဘယ်လိုမှ မတတ်နိုင်သည့် အဆုံး အာဏာသိမ်းလိုက်ရသည့်အတွက် နားလည်ပေးပါ” ဟု ပြောခဲ့သည်။

သဂုတ်လ ၂၅ ရက်နေ့က တိုကျိုမြို့ပေါ်မှာ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းကို ဆန္ဒပြနေကြသည့် မြန်မာနှင့် ဂျပန်နိုင်ငံသားများ (ဓာတ်ပုံ – Revolution Tokyo Myanmar)

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လာသည့် သတင်းများအရ ဂျပန်အစိုးရသည် ဝါတာနာဘေးအား ဖမ်းဆီးထားသူများ လွှတ်ပေးပြီး နှစ်ဦးနှစ်ဖက် ပြေလည်ရာ ပြေလည်ကြောင်း ဆွေးနွေးရေး စစ်တပ် နားဝင်အောင်ပြောရန် မြန်မာနိုင်ငံသို့ လွှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ ပြန်ရောက်သောအခါ ဝါတာနာဘေးက ၎င်းအနေနှင့် တပ်ချုပ်ကို ဆန္ဒပြပွဲများအား ကျည်အစစ်နှင့် မပစ် ခတ်ရန် နားချခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သဘောတူခဲ့ကြောင်း ပြောသည်။

သို့သော်လည်း မကြာမီမှာပင် စစ်တပ်က နေပြည်တော်တွင် အာဏာသိမ်းမှု ကန့်ကွက်ကြောင်း ဆန္ဒပြနေသည့် အသက် ၂၀ အရွယ်ရှိ မမြသွဲ့သွဲ့ခိုင်၏ ခေါင်းကို သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်းဖြင့် တိုက်တွန်းချက်များကို ဂရုမစိုက်ကြောင်း ပြသခဲ့သည်။

ယင်းနောက်တွင် မစ္စတာ ဝါတာနာဘေးက မြန်မာစစ်တပ်သည် အာဏာသိမ်းခဲ့ခြင်း မဟုတ်ကြောင်း ဂျပန် သတင်းမီဒီ ယာများမှတဆင့် စတင် စကားပြောလာသည်။

“မင်းအောင်လှိုင်ဟာ စစ်အာဏာ သိမ်းခဲ့တာ မဟုတ်ပါဘူး၊ စစ်အာဏာ သိမ်းတယ်ဆိုတာ ဥပဒေကို ချိုးဖောက်ပြီး လုပ်ပိုင်ခွင့် အာဏာကို ထိန်းချုပ်ခြင်းဖြစ်ပြီး မင်းအောင်လှိုင်ဟာ ဥပဒေအရ လုပ်သင့်တာကို လုပ်ခဲ့တာပါ” ဟု မစ္စတာ ဝါ တာနာဘေးက အဆာဟိ ရှင်ဘွန်းသတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားသည်။

ထို့နောက် မေလအကုန်တွင် ဝါတာနာဘေးသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ကာ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြန်သည်။

စစ်ကောင်စီဥက္ကဋ္ဌ ပြောသည့် မြန်မာစစ်ကောင်စီသည် အာဏာသိမ်းပြီး ၂ နှစ်အကြာ၌ ရွေးကောက်ပွဲပြန်ကျင်းပပြီး ဒီမိုကရေစီစနစ် ဖော်ဆောင်မည်ဆိုသော သတင်းစကားကို ဂျပန်သို့ သယ်ဆောင်သွားပြန်သည်။

သဂုတ်လ ၂၅ ရက်နေ့က တိုကျိုမြို့ပေါ်မှာ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းကို ဆန္ဒပြနေကြသည့် မြန်မာနှင့် ဂျပန်နိုင်ငံသားများ (ဓာတ်ပုံ – Revolution Tokyo Myanmar)

“ဝေဖန် ပြောဆိုခြင်းဟာ ပြသနာကို မဖြေရှင်းနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ အိမ်စောင့်အစိုးရ ဖွဲ့စည်းခဲ့ပြီးပြီ ဖြစ်တာကြောင့် မင်းအောင်လှိုင်က ကတိပေးထားတဲ့ အထွေထွေ ရွေးကောက်ပွဲကြီး ဖြစ်မြောက်ရေးအတွက် ဂျပန်အစိုးရက အဘက် ဘက်က ဝိုင်းဝန်း ကူညီသင့်ပါတယ်” ဟုလည်း ဂျပန်သတင်းမီဒီယာများနှင့် အင်တာဗျူးတွင် ပြောသည်။

၎င်းက ထိုသို့ ပြောဆိုသော်လည်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ဝါတာနာဘေး၏ တိုက်တွန်းချက်ကို လက်မခံ ကြောင်း ပြသလာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မပါသော ရွေးကောက်ပွဲကို လက်မခံကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပြီး ဂျပန်အစိုးရနှင့် မြန်မာစစ်တပ်အကြား ဆက်သွယ်ပေးရန် ဝါတာနာဘေးကို တာဝန်ပေး မထားကြောင်း ဇွန်လ ၁ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

တနည်းအားဖြင့် ဂျပန်အစိုးရက ဝါတာနာဘေးနှင့် အစိုးရအဖွဲ့ကြားတွင် စည်းခြားလိုက်ခြင်းပင် ဖြစ်ကြောင်း လေ့လာ သူများက ဆိုသည်။

လက်တွေ့ မြေပြင် အခြေအနေတွင်မူ ဂျပန်အစိုးရဘက်က မြန်မာစစ်ကောင်စီကို ထိရောက်သည့် အရေးယူ ဒဏ်ခတ် မှု တစုံတရာ ပြုလုပ်လာခြင်း မရှိသေးပေ။

ထို့အတူ စစ်ကောင်စီခန့် မြန်မာသံအရာရှိ ၂ ဦးကို ဂျပန်အစိုးရဘက်က ပြည်ဝင်ခွင့် ငြင်းပယ်လိုက်ခြင်းမှာလည်း လုံးဝ ယတိပြတ်ငြင်းပယ်လိုက်ခြင်း မဟုတ်ဘဲ ကိုဗစ်ကပ်ရောဂါ အကြောင်းပြကာ ဆိုင်းငံ့ထားခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံမှ လာသည့် သတင်းများအရ သိရသည်။

မည်သို့ပင်ဖြစ်စေ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများကမူ မစ္စတာဝါတာနာဘေး၏ ပြောဆိုချက်များကို လက်မခံဘဲ ၎င်း၏ စစ်ကောင်စီအပေါ် ကာကွယ်ပေးသည့် လုပ်ရပ်များ မရပ်တန့်ပါက ပိုမိုပြင်းထန်စွာ သပိတ်မှောက်ဆန့်ကျင်သွား မည် ဖြစ်ကြောင်း ပြောနေသည်။

“ဂျပန်- မြန်မာ အစည်းအရုံးဆိုတဲ့အတိုင်း သူတို့အသင်းရဲ့ ရပ်တည်ချက်က ဂျပန်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေ အတွက်ပဲ ဖြစ်ရမယ်ပေါ့။ အဲဒီလို မဟုတ်ဘဲ ကိုယ့်ရဲ့ အကျိုးအမြတ်အတွက် ဆိုရင်တော့ အနာဂတ်မှာ ကျမတို့ဟာ ဒီအစည်းရုံးကို လုံးဝ လက်သင့်မခံဘဲနဲ့ သပိတ်မှောက်သွားရမှာ ဖြစ်ပါတယ်” ဟု မစ္စတာ ဝါတာနာဘေး အား ဆန္ဒပြ ကန့်ကွက်သည့် တိုကျိုမြို့ရောက် မဆွေဆက်ဦးက မှတ်ချက် ပေးသည်။

You may also like these stories:

NLD ကို တရုတ် ကာကွယ်တာဟာ ဗမာပြည်သူတွေရဲ့ စိတ်အညှာကို ကိုင်လိုက်တာ

မြန်မာစစ်ကောင်စီ သံတမန်များ ပြည်ဝင်ခွင့် ဂျပန်ငြင်းဆန်

ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားသွားရောက်

စစ်တပ်က အတိုင်ပင်ခံပုဂ္ဂိုလ် နာမည်သုံးပြီး တပ်တွင်းစည်းရုံးရေး လုပ်ခဲ့သလား

ရုရှား-မြန်မာ ဆက်ဆံရေး ပိုမိုခိုင်မာလာဟု စစ်ကောင်စီပြောခွင့်ရဆို

The post မြန်မာတွေ ဆန္ဒပြနေတဲ့ ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌ ဘယ်လို လူလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...