Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့က စစ်ကောင်စီ တော်လှန်ရေး တူမီး တိုက်ပွဲများ

$
0
0

စစ်တပ်က နိုင်ငံတော် အာဏာကို ပြည်သူ့ အစိုးရဆီက အတင်းအဓမ္မ လုယူတဲ့အခါ ပြည်သူတွေဟာ ရရာလက်နက် စွဲ ကိုင်ပြီး တော်လှန်ကြလို့ မြန်မာပြည်မှာ တူမီးလက်နက်ကိုင် တော်လှန်ရေး ဖြစ်လာနေပါပြီ။

ဗမာအများစုနေထိုင်တဲ့ ပြည်မမှာတော့ သေနတ်လို လက်နက်ကိရိယာမျိုးက ပြည်သူတွေ လက်ထဲမှာ အလွယ်တကူ မရှိ ဘဲ လုံခြုံရေး အဖွဲ့ အစည်းတွေပဲ ကိုင်တွယ်ခွင့်ရတဲ့ အခြေအနေပါ။

ဒါပေမယ့် တိုင်းရင်းသား ဒေသတချို့နဲ့ တောင်ပေါ်ဒေသတွေမှာ အထူးသဖြင့် ချင်းပြည်နယ်လို ရိုရား ဓလေ့အရ အမဲလိုက် ရာမှာ အသုံးပြုတဲ့ တူမီးသေနတ်ဟာ သူတို့ရဲ့ မိရိုးဖလာအရကို ကိုင်ဆောင် အသုံးပြုတာမိုလို့ အခုဆိုရင် နိုင်ငံတော်ကို ပုန်ကန်တဲ့ စစ်တပ်ကို ပြည်သူက ၁၉ ရာစု လက်နက်တခု ဖြစ်သည့် တူမီးသေနတ်ကိုင်ပြီး လက်နက်ကိုင် တော်လှန်ရေး တရပ်ကို ဆင်နွဲနေပါတယ်။

တူမီးသေနတ်ဆိုတာကတော့ ယမ်း၊ကျည်စေ့ စသည်တို့ကို ပြောင်းဝမှထိုးထည့်ကာ တူပုံသဏ္ဌာန်မောင်းရဲ့ ရိုက်ချက်ဖြင့် မီးပွင့်စေပြီးတော့ ပစ်ခတ်ရတဲ့ လက်လုပ်သေနတ်တမျိုး ဖြစ်ပါတယ်။

အခုတော့ တူမီးသေနတ်တွေကို တွေ့ တဲ့နေရာမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေက လိုက်လံ သိမ်းဆည်းနေပြီး တူ မီး သေနတ်ရှိတဲ့အိမ်က လူတွေအကုန် အဖမ်းခံရတာ၊ အရေးယူခံရတာတွေတောင် ရှိနေပြီ ဖြစ်ပါတယ်။

တူမီးသေနတ်ကို ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက တောင်ပေါ်ဒေသ၊ တောတောင်တွေနဲ့ ဆက်စပ်တဲ့ မြို့တွေမှာ အမဲလိုက် ဖို့အတွက် ကိုင်တွယ်ကြပါတယ်။

အခုလည်း အမဲလိုက်သေနတ်တွေဟာ တိရိစ္ဆာန်တွေကို ပစ်တဲ့နေရာမှာ သုံးရာကနေ စစ်အာဏာရှင် လက်ကိုင်တုတ် စစ် ကောင်စီ လက်နက်ကိုင်တပ်တွေကို တော်လှန်ရာမှာ အသုံးပြုတဲ့ တော်လှန်ရေးလက်နက် တခု ဖြစ်လာရပါတယ်။

တူမီးသေနတ်သည် ယမ်း၊ကျည်စေ့ စသည်တို့ကို ပြောင်းဝမှ ထိုးထည့်ကာ တူပုံသဏ္ဌာန်မောင်းရဲ့ ရိုက်ချက်ဖြင့် မီးပွင့်စေသည့် လက်လုပ်သေနတ်တမျိုး ဖြစ်သည်

လက်နက်ကိုင် တော်လှန်ရေးအစ ကလေးမြို့က

လက်ရှိ အချိန်မှာ လက်လုပ်ဗုံး ပေါက်ကွဲတာလောက်ကလွဲရင် ပြန်လည် ငြိမ်သက်သွားတဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့ ဟာ စစ်အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ တူမီးနဲ့ စတင်တော်လှန်ခဲ့တဲ့ မြို့အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့တဲ့မြို့တခု ဖြစ်ပါ တယ်။

စစ်အာဏာရှင် အလိုမရှိကြောင်း တခြားမြို့တွေနည်းတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ကလေးမြို့က ပြည်သူတွေကို စစ်ကောင်စီ လက်နက်ကိုင်တပ်တွေက မတ်လ ၂ ရက်နေ့မှာ ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် ကိုဇင်မျိုးမောင်လို့ ခေါ်တဲ့ လူ ငယ်တဦး နောက်တရက်မှာ ဆုံးပါးသွားခဲ့ရပါတယ်။

အဲဒီကာလမှာပဲ မြို့နယ်ရဲတပ်ဖွဲ့မှူးလည်း နှာခေါင်းရိုကျိုးခဲ့လို့ အဲဒီအချိန်ကစပြီး ကလေးမြို့ ကို ရဲက စစ်တပ်ကို အာဏာလွှဲ ပေးလိုက်ပြီးတဲ့ နောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြလို့ မရတဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။

အဲဒါကြောင့် ကလေးမြို့ ခံတွေဟာ လမ်းတွေကို ပိတ်ဆို့ပြီး သပိတ်စခန်းတွေဖွင့်လို့ စစ်အာဏာရှင်ကို ရရာ လက်နက်နဲ့ ဆက်လက် တော်လှန်ခဲ့ကြပါတယ်။

“သပိတ်စစ်ကြောင်း ထွက်ရင်းနဲ့ သေတဲ့လူတွေ အရမ်းများလာတော့ ဒီတိုင်းခံနေလို့ကတော့ မဖြစ်တော့ဘူး။ လက်နက် ချင်း ပြန်တော်လှန်မှ ရမယ်ဆိုပြီးတော့ အဲလိုစိတ်နဲ့ ဒါမှပဲ ဒီမိုကရေစီတိုက်ပွဲ အောင်နိုင်မယ်ဆိုပြီးတော့ လက်နက်ကိုင် တော်လှန်ကြတာပေါ့”လို့ ကလေးမြို့ခံတယောက်က ပြောပါတယ်။

ဆန္ဒပြတာကနေ လက်နက်ပြောင်းကိုင်ရတာဟာ ပြည်သူတွေအနေနဲ့ စစ်တပ်က သက်သက်မဲ့ကို ဖိနှိပ်ခံရတယ်လို့ ခံစားရ ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတာကို တဖက်သတ် အပစ်ခံရချိန်မှာ နိုင်သလောက် ပြန်ခံချမှရတော့မယ်ဆိုတဲ့ နည်းလမ်းကို မဖြစ် မနေ ရွေးချယ်ရတာလို့ ပြောကြပါတယ်။

တိုက်ပွဲကာလမှ စစ်ကောင်စီ လက်နက်ကိုင်တွေဘက်က ရဲ ၇ ယောက်ကို ဆန္ဒပြသူတွေဘက်က သူတို့ ခေါင်းဆောင်တွေ ပြန်လွတ်လာမယ်ထင်ပြီး ပြန်လွှတ်ပေးခဲ့ပါသေးတယ်။ ကတိမတည်တဲ့ စစ်ကောင်စီဘက်က အရေးမပါတဲ့ လူတချို့ကိုသာ ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲဒီလို ရရာတူမီးသေနတ်၊ လေသေနတ်တွေနဲ့ ခုခံနေတဲ့ ကလေးမြို့ခံတွေ အခြေပြုရာ တာဟန်းရပ်ကွက်က သပိတ်ခံ တပ်နေရာကို စစ်တပ်က မတ်လ ၂၈ ရက်နေ့မှာ စတင်ဖြိုခွင်းပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မဲမဲမြင်ရာကို ပစ်ခတ်ကြတာပါ။

အင်အားချင်း မမျှတာကြောင့် တိုက်ပွဲမှာ ကလေးမြို့ဒေသခံတွေဘက်က ကျဆုံးသူ အနည်းဆုံး ၅ ဦး ရှိခဲ့ပြီး အများအပြား အဖမ်းခံကြရပါတယ်။ အဲဒီနေ့ကစလို့ ကလေးမြို့နဲ့ ကလေးမြို့ကို စစ်ကူထပ်လာတဲ့ စစ်တပ်ကို ဒေသခံတွေက ကြားဖြတ် တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ဂန့်ဂေါမြို့ဘက်ကနေ ကလေးမြို့သို့ စစ်ကူပေးနိုင်ဖို့ ချီတက်လာတဲ့ စစ်ကောင်စီ လက်နက်ကိုင်တပ် တွေကို ဒေသခံပြည်သူတွေက မဏိပူရ်မြစ်ပေါ်ရှိတဲ့ ကမ်းပါးနီတံတားမှာ ရရာလက်နက်နဲ့ စောင့်ကြို တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း အခြေပြ မြေပုံ (ဓာတ်ပုံ – MIMU)

ဒါပေမယ့် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေဖြစ်တဲ့ စက်သေနတ်တွေ၊ လက်ဗစ်ဗုံးတွေ၊ ဗုံးပစ်လောင်ချာတွေပါ သုံးလာတဲ့အတွက် ခနသာ ခုခံနိုင်ခဲ့ပြီး ဆုတ်ပေးခဲ့ရပါတယ်။

စစ်ကူရောက်လာတဲ့ တပ်တွေနဲ့ နယ်မြေခံတပ်ရင်းတွေ ပေါင်းပြီး တာဟန်းရပ်ကွက်မှာ ခံတပ်ပြန်လုပ်နေတဲ့ ကလေးမြို့ ခံ တွေကို ဧပြီလ ၆ ရက်၊ ၇ ရက်နေ့တွေမှာ ဆက်တိုက် ဖြိုးခွင်းမှုတွေ လုပ်ပါတယ်။

မတ်လကုန်ပိုင်းနဲ့ ဧပြီလဆန်းပိုင်းတွေမှာ တိုက်ပွဲတွေဟာ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ပါတယ်။ ကလေးမြို့ခံ လူငယ်တွေဟာ Kalay Civil Army (KCA)ကို ဖွဲ့ စည်းပြီး စစ်တပ်ကို ခုခံမှု အမြင့်ဆုံးနဲ့ ပြန်လည် တုန့်ပြန်ခဲ့ကြတာပါ။

စစ်တပ်ကို ပြန်တိုက်ဖို့ ကလေးဒေသခံတွေမှာ လက်နက်အပြည့်အစုံ မရှိပါဘူး။ ဒါပေမယ့် ချင်းတိုင်းရင်းသားတွေရဲ့ ကူညီ ပံ့ပိုးမှုတွေကြောင့် တူမီးနဲ့ လက်လုပ်သေနတ်တွေ အတော်အသင့် ပြင်ဆင်နိုင်ခဲ့ကြပါတယ်။

တူမီးသေနတ်တွေ အသစ်တွေ ဆက်လုပ်ကြတယ်။ အဲဒီသေနတ်တွေနဲ့ စစ်တပ်ကို ပြန်ရင်ဆိုင်ကြပါတယ်။

ဒါပေမယ့် ဧပြီလ ၇ ရက်နေ့ နောက်ပိုင်း လူငယ်အများအပြား အဖမ်းခံရတဲ့အခါ ဆက်တော်လှန်ဖို့ အခက်အခဲတွေ ရှိလာပါ တယ်။ တိုက်ပွဲတွေ ပြင်းလာတဲ့တချိန်တည်း လူငယ်တွေ အဖမ်းခံလိုက်ရပါတယ်။

“တချို့ ကလေးတွေ အဖမ်းခံရချိန်မှာ နှိပ်စက်ပြီးမေးတော့ ကွင်းစက်တွေ ဖော်ရတယ်။ အဲဒီမှာ ကျန်တဲ့လူတွေပါ ထွက်ပြေး ရတယ်။ မပြေးလို့ မရတော့ဘူး။ ပြေးရင်းနဲ့ လူတွေက ကွဲကုန်ကြတာ။ အခုဆိုရင် တိုက်ပွဲဝင် လူငယ်တွေ ကလေးမြို့ ပေါ် မှာ မရှိသလောက် ဖြစ်သွားပြီ။ ပြန်တိုက်လို့ မရတော့ဘူး”လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။

တကယ်တိုက်လို့ရတဲ့ လက်နက်တွေ ကလေးဒေသကို ရောက်လာဖို့ ရှိပေမယ့် လူငယ်တွေဆီကို လက်နက်တွေ ရောက်မ လာခင်မှာပဲ အဖမ်းခံလိုက်ရပြီး အထဲက လူငယ်တချို့ရဲ့“ပြေးကြ”ဆိုတဲ့ သတင်းစကားကြောင့် လူငယ်တွေ အကုန် ထွက် ပြေးရတာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ စစ်ရှောင် ပြည်သူများ (ဓာတ်ပုံ – CJ)

ပြေးရင်းနဲ့ တောထဲမှာ လူငယ်တယောက် ထပ်သေဆုံးခဲ့ရပြီး အဲဒီနောက်ပိုင်းမှာတော့ ကလေးမြို့ဟာ ငြိမ်သက်သွားခဲ့ပါ တယ်။ လက်ရှိအချိန်မှာတော့ ကလေးမြို့နယ်မှာ ရှိတဲ့ ပညာရေးမှူးရုံးကို လက်လုပ်မိုင်းနဲ့ တိုက်ခိုက်တာ၊ ဒလန်လို့ ယူဆတဲ့ အိမ်ကို သွားပြီး အသံဗုံးနဲ့ ပစ်တာ၊ စစ်သားတယောက်ရဲ့ အိမ်ကို သွားပြီး တိုက်ခိုက်တာတွေလောက်ပဲ လုပ်နိုင်ပါတော့ တယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ရင် သေဆုံးခဲ့သူ လူငယ် ၃၀ နီးပါး ရှိပြီး အဖမ်းခံထားရသူလည်း ၃၀ ကျော် ရှိနေပါတယ်။ ကလေးမြို့က တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး ကလေး-တမူး-ဂန့်ဂေါနယ်တွေကို ထိန်းချုပ်ဖို့ စစ်အင် အားတွေက အများကြီး တိုးချထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်၊ ကနီဒေသဘက်ကို ကျယ်ပြန့်လာတဲ့ တူမီးတိုက်ပွဲ

ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး စစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးကို လက်မခံတာ၊ ကိုယ်တိုင် ဦးဆောင်ပြီး သ ပိတ်စစ်ကြောင်းတွေ ထွက်တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေး ကျေးရွာက သပြေးအေး ဆရာတော်ကို ဧပြီ လ ၂ ရက်နေ့မှာ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေက ဝင်ဖမ်းခဲ့ပါတယ်။

ဝင်ဖမ်းဖို့ ကြိုးစားတဲ့ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေနဲ့ ဆရာတော်ကို တူမီးသေနတ်နဲ့ ကာကွယ်တဲ့ ယင်းမာပင် ဒေသ ခံတွေကြားမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများစွာနဲ့ ဆုတ်ခွာခဲ့ရပါတယ်။

အဲဒါကို အခဲမကျေတဲ့ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေဟာ ဧပြီလ ၁၅ ရက်နေ့ကစပြီး ယင်းမာပင်ဒေသကို တ ကျော့ ပြန် တိုက်ခိုက်တဲ့အတွက် ယင်းမာပင်မြို့နယ်အတွင်းက သပြေအေး၊ ညောင်းကိုင်း၊ ကပိုင်၊ သီးကုန်း၊ ဝင်းကုန်း၊ သစ်ရာပင်၊ ရှေ့ပြေး၊ ချင်းပုန်း၊ တရော်ကျင်း စတဲ့ အဲလိုရွာတွေက ဒေသခံတွေ အကုန်ထွက်ပြေးရပါတယ်။

စစ်ကောင်စီကလည်း ကျေးရွာတွေ အကုန် တရွာဝင်တရွာထွက် အိမ်တွေထဲအထိ တူမီးသေနတ်များ ရှိ၊ မရှိ ဝင်ရောက် ရှာဖွေခဲ့ကြပြီး သေနတ်ရှိတဲ့ အိမ်တွေက ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဧပြီလ ၁၅ ရက်နေ့ကနေ ဧပြီလ ၂၀ ရက်နေ့အထိ အဲဒီဒေသတွေမှာ ၂ ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး ၂ ဖက်စလုံးမှာ အကျအဆုံးတွေ ရှိခဲ့ပါတယ်။ ယင်းမာပင်မှာ ဒေသမှာ အခုလို တိုက်ပွဲတွေ ဖြစ်တဲ့အခါ နီးစပ်ရာ ကနီ၊ မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေကလည်း သွားကူညီတာမျိုးတွေ ရှိခဲ့ပါတယ်။

ဒီလိုနဲ့ ဧပြီလ ၁၅ ရက်နေ့မှာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက မြို့ တွေ ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းကို ကနီမြို့နယ်ထဲက ဒေသခံတွေက ပိတ်ဆို့ စစ်ဆေးတာတွေ စလုပ်ပါတယ်။

ချင်းပြည်နယ်၊ ဆူခွာမြို့ ရှိ လုံခြုံရေးတပ်စခန်းတခု မီးလောင်နေစဉ် (ဓာတ်ပုံ – CDF)

အဲဒီလို စစ်ဆေးနေတဲ့အချိန် လင်မယား ၂ ယောက် မောင်းလာတဲ့ ဟွန်ဒါဖစ်ကားက စစ်ဆေးဖို့ တားဆီးတဲ့အခါ အစစ်မခံ ဘဲ နောက်ပြန်လှည့် မောင်းပြေးတဲ့အခါ ဒေသခံတွေက ဆိုင်ကယ်နဲ့ လိုက်လံ တားဆီခဲ့ပါတယ်။

ကားမောင်းလာတဲ့သူက သူ့မှာ ပါလာတဲ့ ပစ္စတိုသေနတ်နဲ့ ပြန်ထုတ်ပစ်ခဲ့ပြီး ဒေသခံတွေက အင်အားများတာကြောင်း နောက်ဆုံးမှာ ကားကို လမ်းဘေးမှာရပ်ပြီး တောထဲကို ဆင်းပြေးကြပါတယ်။ ဒေသခံတွေက ကျန်ခဲ့တဲ့ကားကို မီးရှို့ ဖျက် ဆီးလိုက်ကြပါတယ်။

ကားမောင်းလာသူဟာ စစ်တပ်က ဗိုလ်မှူးတဦး ဖြစ်တယ်လို့ သိရပြီး အဲဒီနေ့ကစလို့ မုံရွာမှာ အခြေစိုက်ထားတဲ့ စစ် ကောင်စီ လက်နက်ကိုင်တပ်တွေဟာ ကနီဒေသကို ဆင်းလာတဲ့အတွက် တိုက်ပွဲတွေ စဖြစ်ပါတော့တယ်။

အဲဒီဖြစ်စဉ်နဲ့ ဆက်စပ်ပြီး စစ်ကောင်စီက ရွာသားတွေကို ဖမ်းဆီးဖို့ ကြိုးစားလိုက်၊ လာဖမ်းတဲ့ ကားတွေကို ရွာသားတွေက တားလိုက်နဲ့ ဧပြီလထဲမှာ မုံရွာ-ယာကြီး-ကလေးဝ လမ်းမပေါ်မှာ ဒေသခံတွေက တူမီးတိုက်ပွဲ ဆင်နွဲခဲ့ပါတယ်။

“ဒီဇာတ်လမ်းတွေ အကုန်လုံးက သူတို့(စစ်ကောင်စီ)ဘက်ကပဲ စတာ။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့သူတွေကို သူတို့ကပဲ စဖမ်းတယ်။ စပြီး ကျည်အစစ်တွေသုံးပြီး ပစ်တယ်။ ဆရာတော်ကို ဖမ်းဖို့ လုပ်တယ်။ ကိုယ့်ဒေသလုံခြုံရေး တာဝန်ယူနေ တဲ့ ဒေသခံတွေနဲ့ ပဋိပက္ခတွေ ဖြစ်အောင် လုပ်တယ်။ နောက်ဆုံးကျတော့ အင်အားသုံးပြီးတော့ လက်နက်အားကိုးနဲ့ အ နိုင်ကျင့်တယ်”ဟု မုံရွာနယ်ဘက်မှ ဒေသခံတဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်စလုံး သေဆုံးမှုတွေ ရှိခဲ့ပြီး ဒေသခံ တော်တော်များများလည်း အဖမ်းခံခဲ့ရပါတယ်။ အဖမ်းခံရသူတွေထဲမှာ တိုက်ပွဲဖြစ်စဉ်တွေမှာ မပါဝင်သူတွေကို ငွေတောင်းပြီး ပြန်လွှတ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

အဲဒီဒေသကို ဝင်ရောက်လာတဲ့ စစ်တပ်တွေဟာ တိုင်းရင်းသားဒေသတွေကို ရောက်ရင် ပြုမူတဲ့အတိုင်း ရွာတွေကို ကျူး ကျော် ဝင်ရောက်ပြီး အစားအသောက်တွေ လုယက်တာ၊ အိမ်မွေးတိရိစ္ဆာန်တွေကို ချက်ပြုတ်စားသောက်တာနဲ့ လူတွေကို ညှင်းပန်းနှိပ်စက်တာတွေ လုပ်ပါသေးတယ်။

ဒီလို ပြုလုပ်တာကို မျက်မြင်တွေ့ ရှိရတဲ့ ပြည်မက ဗမာတွေဟာ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို သတင်းတွေအရ ကြားသိနေရာကနေ လက်တွေ့ ယုံသွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲရှိ ကလေး၊ ကနီနဲ့ ယင်းမာပင်တို့အပြင် ကျန်တဲ့ တမူး၊ တန့်ဆည်၊ ပုလဲ၊ ဆားလင်းကြီး၊ မင်းကင်းနဲ့ ပင်လယ်ဘူးဒေသတွေမှာ မြို့ပေါ် ကျေးရွာတွေပါမကျန် တူမီးသေနတ်နဲ့ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေကို ခုခံ တော်လှန်နေကြတာပါ။

တမူးမြို့ပေါ်မှာဆိုရင် ဧပြီလ ၂ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံတို့က တူမီးဖြင့် ခုခံမှုကြောင့် စစ်တပ်ဘက်မှ ၆ ဦး သေဆုံးပြီး ပြည်သူဘက်မှ CDM ရဲတဦး သေဆုံးခဲ့ရပါတယ်။ အိမ်တချို့ နဲ့ တံတား ၁ စီး မီး လောင်ပျက်စီးခဲ့ပါတယ်။

တန့်ဆည်မြို့ မှာ ဆိုရင်လည်း ဧပြီလ ၇ ရက်နေ့မှာ မြို့ထဲကို စစ်ကောင်စီ လက်နက်ကိုင် အင်အား ၃၀၀ လောက်အထိ ဝင် ရောက်ပစ်ခတ်ခဲ့တဲ့အတွက် တန့်ဆည်ဒေသခံ ၆ ဦး နေရာမှာတင် သေဆုံးခဲ့ရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသူတွေ လည်း ရှိပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့ တနေရာ (ဓာတ်ပုံ – ဧရာဝတီ)

စစ်ကိုင်းတိုင်းထဲက ပြည်သူတွေဟာ စစ်အာဏာရှင်ကို ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် တော်လှန်ခဲ့ကြသူတွေ ဖြစ်ပြီး တခြား အင်အားစုတွေ၊ CRPH လို NUG လို အဖွဲ့ အစည်းမျိုးတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့တာမျိုး အစပိုင်းမှာ မရှိခဲ့ပါဘူး။

စစ်ကောင်စီတပ်တွေ ကြောက်နေရတဲ့ ချင်းတောင်တန်းပေါ်က တူမီး တော်လှန်ရေး

ချင်းတောင်တန်းပေါ်က တိုက်ပွဲတွေကတော့ မင်းတပ်မြို့ နဲ့ ဟားခါးမြို့ပေါ်မှာ အဓိက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စတင် ဖမ်းဆီးရာက စဖြစ်ကြတာပါ။

ဧပြီလ ၂၄ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဆန္ဒပြရင်း အဖမ်းခံတဲ့ လူငယ် ၇ ဦးကို ပြန်လွှတ်ပေးဖို့ ရဲစခန်းကို သွားရောက် တောင်းဆို ညှိနှိုင်းရာကနေ မပြေလည်ဘဲ ညဘက်မှာ တိုက်ပွဲဖြစ်ပွားကနေ ရဲ ၃ ဦး သေဆုံးသွားခဲ့ပါတယ်။

ဒေသခံတွေက ဖမ်းထားတဲ့လူငယ်တွေကို ပြန်လွှတ်ပေးဖို့ ပြောနေတဲ့အချိန်မှာပဲ ဧပြီလ ၂၄ ရက်နေ့ ည ၇ နာရီလောက်မှာ မင်းတပ် အဝင်ဂိတ်နားမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တချို့ကို စစ်တပ်က သေနတ်နဲ့ လှမ်းပစ်ခဲ့တာပါ။

“ညှိနှိုင်းနေတဲ့အချိန်မှာ ဆိုင်ကယ်စီးလာတဲ့ ပြည်သူကို စစ်တပ်က စပစ်တဲ့အတွက် ကျနော်တို့က ကိုယ့်ကိုယ်ကို ကာကွယ် တာပါ။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတယ်။ အာဏာသိမ်း စစ်ကောင်စီကို အလိုမရှိတဲ့အတွက် ပြည်သူရွေးချယ်တဲ့ ပြည် သူ့ အာဏာကိုပြန်ရဖို့ တောင်းဆိုတဲ့အခါမှာ ငြိမ်းချမ်းစွာ တောင်းဆိုလို့ မရလို့ အခုလို တိုက်ပွဲတွေ ဖြစ်တာ”လို့ မင်းတပ် ဒေသခံ တဦးက ပြောပြပါတယ်။

ဒေသခံတွေမှာ တူမီးသေနတ်တွေ ရှိထားတဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြရင် ဖမ်းဆီးတာမျိုး မလုပ်ဖို့ ဒေသခံ လုံခြုံရေး ရဲတွေဆီကို ကြိုတင် ညှိနှိုင်းတာတွေ လုပ်ထားတာပါ။ ဧပြီလ ၂၄ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ၂၅ ရက်နေ့မှာ ခန ပြန်ငြိမ်သွားခဲ့ပါတယ်။

ဧပြီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီရဲ့ စစ်ကောင်စီ ယာဉ်တန်းတွေကို မင်းတပ်ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေက စုဖွဲ့ တိုက် ခိုက်ခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာ စစ်တပ်က စစ်ကြောင်းချီလာပြီး မင်းတပ်ကို ဝင်တိုက်ပေမယ့် စစ်ကောင်စီ တပ်ဘက်က အကျအဆုံး ပိုများခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေ ရပ်ထားပြီး ဖမ်းထားတဲ့ လူငယ်တွေကို လည်း ပြန်လွှတ်ပေးခဲ့ပါတယ်။

၂ ဖက် အပစ်ရပ်ထားကြပြီး လက်ရှိအခြေအနေမှာ စောင့်ကြည့်နေကြတဲ့ ပုံစံမျိုးပါ။ မေလဆန်းပိုင်းမှာ စစ်တပ်က စစ်ကား တွေနဲ့ တပ်အင်အားတွေ မင်းတပ်မြို့ကို ဖြတ်ပြီး ပလက်ဝကို ဆက်တက်မယ့် လမ်းကြောင်းကိုလည်း မင်းတပ်မြို့ ခံတွေက ညှိနှိုင်းမှုတွေ လုပ်ပြီး ဖွင့်ပေးခဲ့ပါတယ်။

စစ်တပ်က ကားတွေ မင်းတပ်ကို ဖြတ်နေချိန်မှာ မင်းတပ်မြို့ ဧရိယာထဲမှာ မရပ်ဖို့၊ စစ်ကားတွေကို မြို့ မိမြို့ဖတွေက မင်း တပ်မြို့အဝင်အထိ သွားကြိုပြီး မင်းတပ်မြို့ ဧရိယာ အထွက်အထိ လိုက်ပို့ကြပြီး စောင့်ကြည့်ခဲ့ကြတာပါ။

“ကျနော်တို့ အခုလည်း ကာလတို လေ့ကျင့်မှုတွေ ရှိတယ်။ အဲဒါတွေ လုပ်နေရတယ်။ တဖက်မှာလည်း အချိန်မရွေး ပြန်ပစ် ခတ်နိုင်တယ်ဆိုတော့ ပြန်ပစ်နိုင်ဖို့ အသင့်တော့ ပြင်ထားတယ်။ ကျနော်တို့မှာ လက်နက်ရှိလို့ တင်းခံနေတာ မဟုတ်ဘူး။ ယုံကြည်ချက် ခံယူချက် ရှိလို့ တင်းခံနေတာ ဖြစ်တယ်”လို့ မင်းတပ်ဒေသခံတဦးက ပြောပါတယ်။

NUG က ဖွဲ့ထားတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)ကနေ ချင်းဒေသကို လက်နက် အင်အား ထောက်ပံ့ပေးနိုင် ရင် စစ်ကောင်စီနဲ့ ဒီထက်ပိုပြီး ပြတ်ပြတ်သားသား ဆွေးနွေးပြီးတော့ တော်လှန်ရမယ့် အနေအထားကို အမြန်ဆုံး ရောက် သွားလိမ့်မယ်လို့ မင်းတပ်ဒေသ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့ တနေရာ (ဓာတ်ပုံ – ဧရာဝတီ)

အခုချိန်မှာ CRPH တို့ NUG တို့နဲ့ ချိတ်ဆက် ဆောင်ရွက်မှု တချို့ ရှိနေပြီး အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိဘူးလို့ ဆိုကြပါတယ်။

“ပြည်သူတွေ လက်နက်ကိုင် တော်လှန်မယ်လို့ ထင်ထားမှာ မဟုတ်ဘူး။ ၂၁ ရာစုမှာ ကျနော်တို့ ပြည်သူတွေက ဒီမိုကရေ စီနဲ့ ထိုက်တန်ကြောင်း ရှေ့ မှာ အများကြီး ပြသခဲ့ပြီးပြီ။ ထိုက် တန်တာကို ပြန်မပေးတဲ့အတွက် မရမက ပြန်ယူရတော့မှာ။ ပြည်သူတွေက လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်နေကြပြီ” လို့ မင်းတပ် ကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

တနိုင်ငံလုံး အနေအထားအတွက် CDM အရေးအတွက် လှုပ်ရှားခဲ့ပေမယ့် မအောင်မြင်တာကြောင့် တော်လှန်တဲ့ ဒီဇိုင်း ပြောင်းမှပဲ ပန်းတိုင်ဟာ ပိုပြီး နီးစပ်လိမ့်မယ်လို့ သူတို့ ယုံကြည်နေကြတာပါ။

မင်းတပ်နည်းတူ ချင်းပြည်နယ်၊ ဟားခါးမြို့မှာလည်း မေလ ၂ ရက်နေ့ကစပြီး မေလ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီ လက်နက်ကိုင်တပ်များဘက်က သေဆုံးသူ ပိုများခဲ့ပြီး အနည်းဆုံး ၁၀ ယောက်လောက်အထိ ရှိခဲ့ပါတယ်။

ဖမ်းဆီးထားသူများကို လွှတ်မပေးပါက စစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ကြေညာထားသည့်အတိုင်း ချင်းဒေသ ကာကွယ်ရေးတပ်(ဟားခါး)က မေလ ၃ ရက်နေ့ကစပြီး တူမီးသေနတ်တွေနဲ့ တော်လှန်ရေး စခဲ့တာပါ။

အခုဆိုရင် တူမီးတိုက်ပွဲတွေဟာ ချင်းတောင်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းကနေ မြေပြန့်ဒေသ မကွေးတိုင်းအထိတောင် ရောက်ရှိလို့ လာနေပါပြီ။

နိုင်ငံရေး အခြေအနေအရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ခုခံရင်း အသက်ရှိသန်ပိုင်ခွင့် ရှိကြောင်း၊ ခုခံ ကာကွယ်ပိုင်ခွင့် အပြည့်အဝ ရှိကြောင်း ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကတည်းက ထုတ်ပြန် ကြေညာထားပါတယ်။

အဲဒါကြောင့် ပြည်သူတွေ အနေနဲ့ ပုဂ္ဂိုလ် ၁ ဦးချင်း ဖြစ်စေ၊ ရပ်ကွက် ကျေးရွာ အစုအဖွဲ့အလိုက်ဖြစ်စေ၊ နေရာဒေသ အလိုက် မြို့နယ် အလိုက်ဖြစ်စေ မည်သူမဆို ဥပဒေနဲ့အညီ ကာကွယ်ခုခံပိုင်ခွင့်အရ တုံ့ပြန်ဆောင်ရွက်မှု မှန်သမျှသည် ပြစ်မှု မမြောက် အတိအလင်း ကြေညာထားပါတယ်။

မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ တူမီးတော်လှန်ရေးကနေ ဘယ်လောက်အထိ အဆင့် မြင့်မြင့် ခုခံတိုက်ခိုက်ကြတော့မလဲဆိုတာ သိပ်မကြာခင် မြင်ရတော့မှာ ဖြစ်ပါတယ်။

“ကျနော်တို့က စည်းလုံးမှုအားနဲ့ သွားရမယ်။ စည်းလုံးမှုကိုပဲ ကြံကြံခံရမယ်လို့ ပြောချင်တယ်။ တနိုင်ငံလုံး စည်းလုံးမှု အားနဲ့သွားရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ဟာ မကြာမီ ရတော့မယ်လို့ ယုံကြည်တယ်”လို့ တူမီးသေနတ်နဲ့ တိုက်ပွဲ ဝင်နေသူအားလုံးကို ကိုယ်စားပြုပြီး ချင်းဒေသခံတဦးက ပြောဆိုခဲ့ပါတယ်။

You may also like these stories:

ပဲခူးမြို့ ရှစ်လေးလုံး အထိမ်းအမှတ်ကျောက်တိုင် စစ်ကောင်စီ အင်အားသုံး ဖြိုဖျက်

ရခိုင်ဝန်ကြီးချုပ်သမီး မမိုးဆန်းစုကြည် ဖမ်းဆီးခံရ

ဖားကန့်တွင် အရပ်သား ၁၀ ဦး ဖမ်းဆီးခံရ

The post စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့က စစ်ကောင်စီ တော်လှန်ရေး တူမီး တိုက်ပွဲများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...