ရခိုင်ပြည်နယ်တွင် ကိုဗစ် ကပ်ရောဂါ ကူးစက်မှု များပြားနေသဖြင့် စိုးရိမ်ဖွယ်ရာ ဖြစ်နေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီး
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သြဂုတ်လ ၁၆ ရက်မှ သြဂုတ်လ ၂၇ ရက် မနက်ပိုင်း အထိ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်တွင် ၁၂ ရက်အတွင်း ကိုဗစ် အတည်ပြုလူနာသစ် စုစုပေါင်း ၁၈၆ ဦးရှိနေပြီဖြစ်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီး
ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် (ALD) ပါတီ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက “အခုလက်ရှိ အခြေ အနေက ကျန်းမာရေးနဲ့ပတ်သက်ရင် Emergency Situation လို့ ဆိုနိုင်ပါတယ်” ဟု မှတ်ချက်ပေးသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂၅ ညနေနှင့် ၂၆ ရက် မနက်ပိုင်းတွင် ကိုဗစ်ရောဂါ ကူးစက်ခံရသည့် လူနာသစ် ၁၀၀ ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိပြီးနောက်ပိုင်း အမြင့်ဆုံး တွေ့ရှိမှု ဖြစ်သည်။
ဩဂုတ်လ ၂၆ ရက်နေ့မနက်ပိုင်းအထိ လက်ရှိဆေးရုံတက်ကုသလူနာ စုစုပေါင်း ၂၂၉ ဦးတွင် စစ်တွေတွင် ၁၁၁ ဦး၊ မောင်တောတွင် ၁၃ ဦး၊ ပေါက်တောတွင် ၁၃ ဦး၊ မြောက်ဦးတွင် ၁၁ ဦး၊ မြေပုံတွင် ၆ ဦး၊ မင်းပြားတွင် ၅ ဦး၊ ကျောက်ဖြူတွင် ၄ ဦး၊ ဘူးသီးတောင်တွင် ၄ ဦး၊ ကျောက်တော်တွင် ၄ ဦး၊ သံတွဲတွင် ၂ ဦး၊ ပုဏ္ဏားကျွန်းတွင် ၁ ဦးတို့ ပါဝင်နေကြသည်။
စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှု အများစုဖြစ်ပြီး တနေ့ ထက်တနေ့ တိုးများ လာနေသည့် အတွက် ဒေသခံ လူထုအကြားတွင် အလွန်စိုးရိမ်ပူပန်မှုဖြစ်ပွား
ထို့ပြင် ရခိုင်ပြည်နယ်တခုလုံး အိမ်ပြင်မထွက်ရသည့် အမိန့်ကြောင့် နေ့စဉ်စားဝတ်နေရေး ခက်ခဲမည်ကိုလည်း စိုးရိမ်နေကြသည်။
Covid-19 ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီကမူ “ရခိုင်ပြည်နယ်အတွင်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ စားနပ်ရိက္ခာ ထောက်ပံ့မှုများနှင့် ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအား နိုင်ငံတော်အစိုးရက အပြည့်အဝ ဖြည့်တင်းဆောင်ရွက်ပေးမည်”ဟု ဩဂုတ်လ ၂၆ ရက်က ထုတ်ပြန်ထားသည်။
ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသူ ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံက “ အဓိက လိုအပ်နေတာကတော့ ပြည်သူတွေကြားမှာ Mask တွေ အလုံအလောက် ရရှိဖို့ လိုအပ်တယ်။နောက်တခု စားနိပ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ လိုအပ်တယ်။ အစိုးရက မိသားစုတစုကို ငွေ ၂ သောင်းကျပ် ထောက်ပံ့ ပေးတယ်လို့ သိရတယ်။ အဲဒီလို ပေးတာလည်း ကောင်းပါတယ်။ သို့သော် အဲဒီ ၂ သောင်းက ဒီကာလမှာ ဘယ်နှစ်ရက် အသုံးခံမှာလဲ” ဟု ဧရာဝတီသို့ ပြောသည်။
ကိုဗစ်ရောဂါကူးစက်မှုတိုးများလာ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကမူ ဒေသခံ ပြည်သူများအနေဖြင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်ပါက သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တဆင့် တင်ပြပြီး အကူအညီ တောင်းခံနိုင်ကြောင်း ပြောသည်။
ဝန်ကြီး ဦးဝင်းမြင့်က “ဘယ်မြို့နယ်ကမဆို စစ်ရှောင်စခန်းကပဲ ဖြစ်ဖြစ်ပေါ့။ ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးအတွက် Mask ပဲဖြစ်ဖြစ် လိုအပ်နေရင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးကနေ တဆင့် မြို့နယ်အုပ်ချုပ် ရေးမှူးတွေကို တင်ပြပြီးတော့ ကျနော်တို့ဆီကို အကူအညီ တောင်းခံနိုင်ပါတယ်။ ကျနော်တို့ ကူညီထောက်ပံ့ပေးဖို့ အဆင်သင့် လုပ်ထားပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော်အစိုးရမှ Stay Home နေထိုင်ရန် ညွန်ကြားထားသလို ပြည်နယ်အစိုးရ အဖွဲ့ မှလည်း ပိုး တွေ့လူနာ နေထိုင်ရာ ရပ်ကွက်ရှိ လမ်းတချိုကို လော့ ဒေါင်းချထားပြီး စစ် တွေမြို့ ကိုလည်း သြဂုတ်လ ၂၁ ရက်နေ့မှ စတင်ကာ ညနေ ၉ နာရီမှနေ နံနက် ၄ နာ ရီအထိ ညမထွက်ရ အမိန့် ၁၄၄ ထုတ် ထုတ်ပြန်ကြေငြာထားသည်။
လက်ရှိအချိန်တွင် စစ်တွေမြို့ လမ်းဆုံလမ်းခွများတွင် အတားအဆီးများ ပိတ်ပြီး မြို့ထဲတခုလုံးကို လော့ဒေါင်းချထားသကဲ့သို့ ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှိနေသည်ဟု စစ်တွေ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ဦးစိုးနိုင်က ပြောပြသည်။
ဦးစိုးနိုင်က “ စစ်တွေမြို့မှာ ပိုးတွေ့လူနာ ၁၀၀ ကျော်ရှိပြီ။ အခု မကြေငြာပဲနဲ့ လော့ဒေါင်း တမြို့လုံး ချထားတာကိုလည်း တွေ့ရတယ်။ လမ်းဆုံ ၊ လမ်းခွတိုင်းအား လုံးကို တားဆီး ပိတ်ထားမှုတွေကို လုပ်လာတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး ညွန်ကြားချက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးက လုပ်တာလို့ ပြော တယ်။ ဒီလိုအားလုံးကို လော့ဒေါင်းလုပ်ရင် အဓိက မိသားစုတိုင်း စားနပ်ရိက္ခာပြည့်စုံရမယ်။ တတ်နိုင်လူက ကိုယ့်ရိက္ခာကိုယ် ဝယ်စားနိုင်ပေမယ့် မတတ်နိုင်လူနဲ့ တနေ့စာ တနေ့ ရှာစားတဲ့ လူတွေအတွက် အများကြီး စဉ်းစားရမယ်” ဟု ဧရာဝတီသို့ ပြေသည်။
ဆက်လက်၍ ၎င်းက “လော့ဒေါင်း စီမံကိန်းချမယ်ဆိုလို့ ရှိရင် စားနပ်ရိက္ခာ အလုံအလောက် မြို့ထဲမှာ ရှိနေရမယ်။ ရိက္ခာကို အိမ်တွေကို ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စနစ်တခု ရှိရမယ်။ အဲဒီ လုပ်ငန်းတွေကလည်း အစိုးရရဲ့ ပံ့ပိုးကူညီမှု မရှိရင်ဘာတခုမှ လုပ်လို့ မဖြစ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဧရာဝတီက ညနေပိုင်း စစ်တွေမြို့လယ်သို့ သွားရောက်ကြည့်ရှုခဲ့ရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများမှာ ကိုဗစ်ကာလအတွင်း ထုတ်ပြန်ထားသည့် စည်းကမ်းများကို လိုက်နာရန် ကားဖြင့်ပတ်ပြီး လှည့်လည်ကြေညာနေသလို လမ်းဆုံလမ်းခွများတွင်လည်း အကာအရံ အတားအဆီးများဖြင့် လမ်းတချို့ပိတ်ထားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ မြို့တော်တော်များများ၌ ကိုဗစ်ကူးစက်ခံရသူများ အလျင်အမြန်ပေါ်လာနေသော်လည်း ကိုဗစ် ရောဂါကာကွယ်ရေးအတွက် ပြည်သူလူထုလိုက်နာဆောင်ရွက်သင့်
လက်ရှိတွင် အစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့ကို 2G အင် တာနက်ဆက်သွယ်ရေးသာ အသုံးပြုခွင့်ပေးထားသည်။
“အခုမြောက်ဦးလိုနေရာမှာ တိုက်ပွဲဖြစ်နေတဲ့နေရာမှာ ကျမတို့ လူမှုကွန်ရက်က တွေ့ရတယ်။ ကိုဗစ်တွေ့ရှိမှု ဘယ်နှယောက် ရှိပြီဆိုတာကို မြို့လယ်ခေါင်မှာ လက်ရေးနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ပေါ်မှာ သွားကြည့်ရတယ်။ အင်မတန် ရှက်ဖွယ် သတင်း အချက်အလက်ပေးခြင်းဖြစ်တယ်။ အင်တာနက် 4G ကို အစိုးရအနေနဲ့ ခွင့်ပြုပေးသင့်တယ်” ဟု ဒေါ်ထုမေက ဆိုသည်။
ပြီးခဲ့သည့်ဇွန်လကပင် ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့ပေါင်း ၇၀ ကျော်တို့ စုပေါင်းကာ ရခိုင်ပြည်နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝတွင် တနှစ်ခန့်ကြာသည်အထိ အင်တာနက် ဖြတ်တောက်ထားမှုကို ပြန်ဖွင့်ပေးရန် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ အိတ်ဖွင့် ပေးစာတစောင်ပေးပို့ခဲ့သေးသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂို
ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် ကျန်းမာရေးစောင့်ရှောက်မှုပေး

ရခိုင်အမျိုးသားပါတီ (ANP) မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကမူ မိမိဆန္ဒအလျောက် ရခိုင်ပြည်နယ်တွင် လာရောက် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများကို လေးစားဂုဏ်ပြုကြောင်း ဧရာဝတီသို့ပြောသည်။
သို့သော်လည်း ရောဂါကူးစက်မှု ပိုမိုများပြားလာပါက လက်ရှိပို့ထားသော ကျန်းမာရေးဝန်ထမ်းအင်အားမှာ လုံလောက်မှု မရှိနိုင်ကြောင်း ဦးထွန်းအောင်ကျော်က ခန့်မှန်း ပြောဆိုသည်။
“ အခုကတော့ ပိုပြီးအားဖြစ်တာပေါ့။ ဒါပေမယ့် ကျနော်တို့ အထင်ကတော့ လူ ၁၀၀ ကျော်ဖြစ်လာပြီ ပိုးတွေ့တဲ့ လူ ၁၀၀ကျော်မှာ နောက်သူတို့နဲ့ ထိတွေ့တဲ့ လူအသိုင်း အဝိုင်းကို Quarantine ခေါ်တော့မယ်။ လူ ၅ ယောက်၊ ၁၀ ယောက်ပဲ ထား လူ ထောင်နဲ့ ချီပြီးဖြစ်သွားပြီ။ အဲဒါဆိုရင် ကျန်းမာရေးဝန်ထမ်းတွေလည်း လုံလောက် တော့မှာ မဟုတ်ဘူး။ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ဒီကိစ္စကို အလေးအနက်ထား စဉ်းစား စေချင်တယ်” ဟု ၎င်းက တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဦးထွန်းအောင်ကျော်က ကိုဗစ်ကာကွယ်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင် လက်ဆေးရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ရန်၊ လူအများ ခပ်ခွာခွာနေကြရန် တိုက်တွန်းနေသော်လည်း အဆိုပါတိုက်တွန်းချက်များသည် အင်တာနက် ခက်ခဲပြီး တိုက်ပွဲများ ကြုံနေရသည့် အောက် ခြေကျေးရွာများအထိ မရောက်ဘဲ ရှိနေမည်ကို စိုးရိမ်မိကြောင်း ပြောဆိုသည်။
“အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေမှာ လုံလောက်တဲ့ မျက်နှာစည်းတွေ မရှိသေးဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း တနိုင်တပိုင် ၂၀၀ ၊ ၃၀၀ သွားပေးတာပေါ့။ ဒါပေမယ့် ၆၀၀ ရှိတဲ့ စခန်းမှာ ဘယ်လိုလုပ်မလဲ။ အဲဒါတွေလိုတယ်။ လူတွေ ရောထွေးနေတဲ့ စခန်းမှာ ကံမကောင်းလို့ တယောက်လောက် Positive ဖြစ်ပြီဆိုရင် ဒါက ဘယ်လိုမှ ထိန်းလို့ မရနိုင်ဘူး။ အဲဒီလူတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ။ အဲဒါကို ကျနော်တို့ ဉာဏ်နဲ့ မမီဘူး။ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ တတ်သိပညာရှင်တွေရဲ့ အကူအညီ အများကြီး လိုအပ်နေပါတယ်” ဟု ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေကမူ အစိုးရ၏ ရုပ်ပိုင်းဆိုင်ရာ အကူအညီများ အောက်ခြေအဆင့်အထိ အများအပြား မရောက်လာ သေးသည့် ကာလတွင် ရခိုင်ပြည်သူများအနေနှင့် အချင်းချင်းစောင့်ရှောက်ကာ စိုးရိမ်ထိတ်လန့်မှု မလွန်ကဲကြရန် တိုက်တွန်း ပြောဆိုသည်။
“ပြည်သူတွေကို တိုက်တွန်းချင်တာက ဒီထက်ဆိုးတဲ့အခြေအနေမရှိတော့ဘူး
You may also like these stories:
ကိုဗစ် ဒုတိယလှိုင်းအစမှာ ရောက်နေပြီလို့ ဒေါက်တာခင်ခင်ကြီးပြော
တနိုင်ငံလုံးရှိ စာသင်ကျောင်းအားလုံး ယာယီပြန်ပိတ်မည်
ရခိုင်ပြည်နယ် ကိုဗစ်ကူးစက်မှု ကာကွယ်ရန် ဒေါ်အောင်ဆန်းစုကြည် ထွက်ပြော
The post ကိုဗစ် ဒုတိယလှိုင်းအောက်က ရခိုင်ပြည် appeared first on ဧရာဝတီ.