Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ မဟာမိတ်အဖြစ် ရပ်တည်နေဆဲလား

$
0
0

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ကို အမေရိကန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျိမ်းစ် မက်စ် ကွန်ဗီးလ် ဟာ ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်နေ့မှာ တရားဝင်ခရီး လာရောက်ခဲ့ပါတယ်။

ဘန်ကောက်ကို ဝင်တဲ့အချိန်မှာ အမေရိကန် ဗိုလ်ချုပ်ကြီးကို ကိုဗစ်ရောဂါပိုး စစ်ဆေးခဲ့ပုံကိုလည်း သတင်းတွေမှာ ဖော်ပြပါတယ်။ (ထိုင်းနိုင်ငံက အမေရိကန်သံအမတ် Michael George DeSombre ပြီးခဲ့တဲ့အပတ်က ထိုင်းအစိုးရ ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ချိန်က သတင်းဓာတ်ပုံမှာ နှာခေါင်းစည်း မစည်းထားတဲ့ ဓာတ်ပုံကို ဖော်ပြလိုက်တဲ့အတွက် Social Media မှာ ဝေဖန်သံတွေ ညံခဲ့ပါတယ်)။

အမေရိကန်ဗိုလ်ချုပ်ကြီးဟာ ထိုင်းနိုင်ငံမှာ Lockdown စတင်ဖြေလျှော့ပြီးနောက်ပိုင်း ပထမဆုံး လာရောက် လည်ပတ် တဲ့ နိုင်ငံခြား တရားဝင်အစိုးရ ဧည့်သည်တော်ပဲ ဖြစ်ပါတယ်။

သူ့ကို သတ်မှတ်ထားတဲ့ ၁၄ ရက် Quarantine မထားတဲ့အတွက် ထိုင်းလူထုအချို့က အစိုးရကို ဝေဖန်တာတွေ ရှိခဲ့ပါ တယ်။ ဒါပေမယ့် ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါ။ အမေရိကန် ဗိုလ်ချုပ်ကြီး စီးလာတဲ့ ဂျက်လေယာဉ်ကိုလည်း ဆင်းပြီးနောက်ပိုင်း ဆေးဖြန်းတဲ့ပုံတွေကိုရိုက်ပြီး တင်ပြ အသိ ပေးခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းမှာရှိနေစဉ်အတွင်း နှာခေါင်းစည်းကိုတော့ အမြဲဝတ်ထားရမယ်ဆိုတဲ့ စည်းကမ်းကိုတော့ ထိုင်း အာဏာပိုင်တွေက ပြောဆိုခဲ့တဲ့အတွက် အမေရိကန် အစိုးရဧည့်သည်တော်တွေက သေသေချာချာ လိုက်နာပြကြ တာကို သတင်းတွေမှာ ထုတ်ဖော်ပြသကြပါတယ်။

ဒီဆောင်းပါးမှာ ပြောချင်တာကတော့ အမေရိကန် တပ်မတော်က ဗိုလ်ချုပ်ကြီးရဲ့ ခရီးစဉ်ပါ။

အမေရိကန်နဲ့ ထိုင်းဘုရင့်တပ်မတော်တို့အကြားမှာ မဟာမိတ်တပ်မတော် ဆက်ဆံရေးဟာ ၆၅ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့တပ်မတော် နှစ်ရပ်ဟာ ၂၁ ရာစုမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖြတ်သန်းကြမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံသို့ ရောက်လာသည့် ဗိုလ်ချုပ်ကြီး ဂျိမ်း မက်စ်ကွန်ဗီး COVID- 19 ဆေးစစ်ချက် ခံယူနေစဉ် / Army Photo

အမေရိကန် ဗိုလ်ချုပ်ကြီးဟာ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွဒ် ချန်အိုချာ နဲ့ တွေ့ဆုံခဲ့သလို ထိုင်းကြည်းတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပီရတ် ခွန်ဆွမ်ပေါင်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အခုလို ကိုဗစ်ကပ်ရောဂါဘေး ရင်ဆိုင်နေရတဲ့ကာလမှာ တပ်မတော် နှစ်ရပ်အကြား နှစ်စဉ်ပုံမှန် ပြုလုပ်နေတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အထူးဂရုပြုပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း အမေရိကန် ဗိုလ်ချုပ်ကြီးက ပြောသွားပါတယ်။

ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ မဟာမိတ် မိတ်ဆွေဟောင်းပါ၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းတွေဟာ အမေရိကန်ရဲ့ အရေးကြီးပါတဲ့ မဟာမိတ်တွေ ဖြစ်သလို ဗီယက်နမ်နဲ့လည်း နှစ် နိုင်ငံအကြား ဆက်ဆံရေးကို သမ္မတ အိုဘားမား လက်ထက်က စတင်တိုးမြှင့်ခဲ့ပါတယ်။

နောက်ပိုင်းမှာ တပ်မတော်နှစ်ရပ်ကြား မဟာဗျူဟာကျတဲ့ ဆက်ဆံရေးကို တိုးမြှင့်လာခဲ့ရာက ၂၀၁၉ နိုဝင်ဘာလ ထဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါ ဟနွိုင်းမြို့ကို လာရောက် လည်ပတ်ခဲ့ပါတယ်။

(သမ္မတထရမ့်ရဲ့ လက်ထက်မှာ ဗီယက်နမ်က ဒါနန်း ဆိပ်ကမ်းကို အမေရိကန်ရဲ့ လေယာဉ်တင် သင်္ဘော USS Carl Vinson လာရောက် ဆိုက်ကပ်ခဲ့တယ်။ ဗီယက်နမ်နဲ့ အမေရိကန်အကြား စစ်ပွဲတွေရပ်ပြီး သံတမန်ဆက်ဆံရေး ပြန်တည်ထောင်ပြီးနောက်ပိုင်း ပထမဆုံး လာရောက် ဆိုက်ကပ်တဲ့ မဟာမိတ် သဘောဆောင်တဲ့ လေယာဉ်တင် သင်္ဘောပဲ ဖြစ်ပါတယ်)။

ဒါပေမယ့် ထိုင်းနဲ့ အမေရိကန် ဆက်ဆံရေးကတော့ ၂၀၁၄ ကစပြီး အဖုအထစ်တွေ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီအချိန်က ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဖြစ်တဲ့ ပရာယွဒ် ချန်အိုချာ က အာဏာသိမ်းခဲ့လို့ပဲ ဖြစ် ပါတယ်။

ထိုင်းမှာ အာဏာ မကြာခဏ သိမ်းကြပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အခြေအနေ အနေအထား ပြည်ပဆက်ဆံရေး ပျက်စီးသွားတာတွေ နည်းပါတယ်။ လူလတ်တန်းစား အသိုင်းအဝိုင်းကလည်း အာဏာသိမ်းတာကို ဝေဖန်ခဲပြီး ထောက်ခံပြောဆိုတာတွေတောင် ရှိခဲ့ပါတယ်။ ဒါကတော့ အိမ်နီးချင်း မြန်မာနဲ့မတူတဲ့ အချက်ပဲဖြစ်တယ်။ ထိုင်းရဲ့ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဟာ ဆိုးဆိုးဝါးဝါး မဟုတ်ပါ။

(ထိုင်းတပ်မတော်မှာ နိုင်ငံတကာ အတွေ့အကြုံရှိသူတွေ၊ ပညာတတ်တွေ၊ နိုင်ငံခြားမှာ ပညာသင်ခဲ့သူတွေ၊ အမြင်ရှိသူ တွေများတဲ့အပြင် ပညာတတ်တွေ ပညာရှင်တွေကိုလည်း ဦးစားပေးလေ့ ရှိပါတယ်။ ထိုင်းဗိုလ်ချုပ်ကြီး ပရာယွဒ် အာဏာသိမ်းပြီး အစိုးရဖွဲ့တော့လည်း Technocrat တွေ စီးပွားရေးပညာရှင်တွေ အတွေ့အကြုံရင့်ကျက်တဲ့ ဝန်ကြီး ဟောင်းတွေကို ပြန်ခန့်ပြီး အစိုးရဖွဲ့ခဲ့တာ ဖြစ်ပါတယ်)။

အရင်တုန်းက ထိုင်းနိုင်ငံမှာ ထိုင်းတပ်မတော်က အာဏာသိမ်းခဲ့တာတွေကို မဟာမိတ်ဖြစ်တဲ့ အမေရိကန်က နှာစေး နေခဲ့ပါတယ်။ သူရဲ့ Concern ဖြစ်တာတွေ စိုးရိမ်မကင်း ဖြစ်တာတွေကို မပြောခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရှေ့တောင်အာရှမှာ ထိုင်းဟာ အမေရိကန်ရဲ့ မိတ်ဆွေမဟာမိတ် ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။

ဒါပေမယ့် ၂၀၁၄ အာဏာသိမ်းတဲ့ ကိစ္စမှာတော့ အမေရိကန်က ဝေဖန်ခဲ့တယ်။ ပြီးတော့ ဆက်ဆံရေးတွေ ပြတ် တောင်း ပြတ်တောင်း ဖြစ်ခဲ့ကြတယ်။ တပ်မတော် နှစ်ရပ် ဆက်ဆံရေးနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို လျှော့ချ ထိုင်းကို လက်နက်ရောင်းချတာကိုလည်း ခေတ္တရပ်ဆိုင်းခဲ့တယ်။

လေယာဉ်တင်သင်္ဘော USS Ronald Reagan နှင့် USS Nimitz တို့ပါသော ရေတပ်အုပ်စုကို တောင်တရုတ် ပင်လယ်သို့ စေလွှတ်စဉ်

ဒီလုပ်ရပ်ဟာ မှန်ချင်မှန်မယ်။ ဒါပေမယ့် မဟာမိတ် ထိုင်းတွေကိုတော့ စိတ်ဆိုးဒေါသ ထွက်စေ ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ထိုင်းဟာ တရုတ်နဲ့ ဆက်ဆံရေးကို တိုးမြှင့်ခဲ့ပါတယ်။ ဒီလိုလုပ်တာဟာ မြန်မာဆီက Copy လုပ်တယ်လို့တောင် မြန်မာသတင်းရပ်ကွက်တွေက အိမ်နီးချင်းထိုင်းကို ကျီစယ်ခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ထိုင်းဟာ လက်တွေ့ကျပါတယ်။ အရွှေ့မှာညင်သာ ညက်ညောပါတယ်။

ဒါပေမယ့် ပေါက်ဖော်ကြီးနဲ့ ရွှေလမ်းငွေလမ်းဖောက်တာဟာ တရုတ်ကို သူ့ရဲ့ ရန်ဘက်၊ ပြိုင်ဘက် လို့ သဘောထားတဲ့ သမတထရမ့်ရဲ့ လက်ထက်မှာတော့ အတော်ကို ကသိကအောက် နိုင်တဲ့ အခင်းအကျင်းပဲ ဖြစ်ပါတယ်။

တကယ်တော့လည်း စစ်အေးတိုက်ပွဲကာလမှာ အမေရိကန်ကလည်း တရုတ်နဲ့ဆက်ဆံရေး ထူထောင်နိုင်တဲ့အတွက် အရေးပါ အရာရောက်တဲ့ မဟာမိတ် ထိုင်းနိုင်ငံရဲ့ တန်ဖိုးဟာ ကျသွားတယ်လို့ပြောရင် မမှားပါဘူး။

ဒါ့အပြင် US ရဲ့ အဓိက အာရုံစိုက်တဲ့နေရာဟာ အင်ဒိုချိုင်းနား မဟုတ်တော့ဘဲ အရှေ့အလယ်ပိုင်းကို ရွှေ့သွားခဲ့ပါ တယ်။ ဒီလို အလှည့်အပြောင်းမှာ ပေါက်ဖော်ကြီးအတွက် အရှေ့တောင်အာရှကို သူ့ရဲ့ အရိပ်အာဝါသလွှမ်းဖို့ စီမံကိန်းကို ပိုပြီး အကောင်အထည်ဖော်ဖို့ လမ်းပွင့်သွားခဲ့ပါတယ်။

တရုတ်ဟာ ထိုင်းနဲ့ ကုန်ကွယ်ရေး၊ သံတမန်ဆက်ဆံရေး ချစ်ကြည်ရေးတွေကို တိုးမြှင့်နိုင်ခဲ့ပါ တယ်။

ထိုင်းဟာ သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် ရဲ့ လက်ထက်မှာ Major Non-NATO Ally ဆိုတဲ့ NATO စစ်ရေးမဟာမိတ် အဖွဲ့ဝင်မဟုတ်တဲ့ အရေးကြီးတဲ့ မဟာမိတ်ဆိုတာကို မေ့ထားလို့ မရပါဘူး။ ဗီယက်နမ် စစ်ပွဲမှာလည်း ထိုင်းဟာ အမေရိကန် အခြေစိုက် စစ်စခန်းဖြစ်တယ်ဆိုတာလည်း သိဖို့လိုပါတယ်။

ဒါပေမယ့် ထိုင်းဟာ ၂၀၁၄ နောက်ပိုင်းမှာ တရုတ်ဆီကနေ အမေရိကန်ဒေါ်လာ ၁.၀၃ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက် ပစ္စည်းတွေဝယ်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ တရုတ်နိုင်ငံထုတ် တင့်ကား ၄၈ စီးအပြင် ဒီဇယ်နဲ့မောင်းနှင်တဲ့ ရေငုပ် သင်္ဘော ၃ စီး ဝယ်ယူဖို့လဲ သဘောတူခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ နှစ်စဉ် တပ်မတော်ရဲ့ ကာကွယ်ရေး အသုံးစရိတ်က အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံ တန်ဘိုးရှိပါတယ်။

အရင်က အာရှမှာတော့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာဟာ တရုတ်လက်နက်တွေကို ဝယ်ယူသုံးစွဲတဲ့ နိုင်ငံတွေ ထဲမှာ ထိပ်ကပါပါတယ်။ အမေရိကန်လက်နက်ကို သုံးတာကတော့ ထိုင်းပဲဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ ထိုင်းဟာ တရုတ်လက်နက်ကိုလည်း စတင်သုံးစွဲလာခဲ့ပြီ ဖြစ်တယ်။

ထိုင်းနိုင်ငံမှာ အာဏာသိမ်းအစိုးရက ၂၀၁၉ မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ ဘုရားစူး မိုးကြိုးပစ် ရွေးကောက်ပွဲလို့ ပြောလို့ရပါတယ်။ အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်း ဝန်ကြီးချုပ်ဟောင်း ပရာယွဒ် ပဲ ဝန်ကြီးချုပ် ပြန်ဖြစ်ပါတယ်။

ဝါရှင်တန်က ဒီရွေးကောက်ပွဲကို ဘယ်လိုသုံးသပ်သလဲဆိုတော့ ထိုင်းဟာ “Democratic Fold” ကို ပြန်သွားနေပြီလို့ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက ၂၀၁၉ သြဂုတ်လမှာ ထိုင်းကို တရားဝင် ခရီးလာလည်ရင်း ချီးကျူး ပြောဆိုလိုက်ပါတယ်။

အရေးကြီးတာကတော့ ဒီခရီးစဉ်အပြီးမှာ ထိုင်းကို အမေရိကန်ထုတ် ကာကွယ်ရေး လက်နက်တွေ ပြန်ဝယ်ခွင့် ပေးလိုက်ပါတယ်။ အမေရိကန်ရဲ့ လက်နက်ရောင်းချ တင်ပို့ခြင်းဟာ ဘေကျင်းနဲ့ မော်စကိုလို မဟုတ်ပါဘူး။ ရှင်းလင်းပြီး ထင်သာမြင်သာ ရှိပါတယ်လို့ ဘန်ကောက် US သံရုံးက ပြောရေး ဆိုခွင့် ရှိသူက ထိုအချိန်တုန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထိုင်းက လက်မြန်ခြေမြန်ပဲ Stryker လို့ အတိုကောက် ခေါ်တဲ့ ကြည်းတပ်သုံး သံချပ်ကာကား အစီး ၇၀ ကို US ကနေ ဝယ်ယူလိုက်ပါတယ်။ ၁၀ စီးကတော့ ထိုင်းကို စတင်ပြီးရောက်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် AH-6 လို့ခေါ်တဲ့ အပါချီ အမျိုးအစား အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ် ၈ စီးကိုလဲ ဝယ်ခဲ့ပါတယ်။

ထိုင်းဟာ အမေရိကန်နဲ့ နှစ်စဉ်ကျင်းပပြုလုပ်တဲ့ Cobra Gold စစ်ရေးပူးတွဲလေ့ကျင့်မှုကိုလည်း ဆက်လက်လုပ်ဆောင် ခဲ့သလို တရုတ်တပ်မတော်နဲ့လည်း ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ စတင်လုပ် ဆောင်ခဲ့တဲ့အတွက် အမေရိကန်ဟာ
သူ လက်လွှတ်ဆုံးရှုံးခဲ့တဲ့ ဆက်ဆံရေး ကွက်လပ်ကို ပြန်ဖြည့်ဖို့ ကြိုးစားနေတာ တွေ့ရမှာဖြစ်တယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး မာခ် အက်စပါ မနှစ်က နိုဝင်ဘာလမှာ ဘန်ကောက်ကိုလာပြီး ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာ နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဧည့်သည်ဝန်ကြီးက သူ့ရဲ့မိတ်ဆွေဟောင်း မဟာမိတ်ထိုင်းအပေါ် ထားတဲ့ သူ့ရဲ့ တည်မြဲတဲ့ ဆက်ဆံရေးကို လေးလေး စားစား ဖော်ကျူးပြောဆိုခဲ့တယ်။

ပြီးတော့ အာရှမှာ လောလောလတ်လတ် ကြုံနေရတဲ့ ပြင်ပက အကျပ်ကိုင်မှုနဲ့ ရန်စခြိမ်းခြောက်မှုတွေ ကြုံနေရချိန်မှာ အမေရိကန်ဟာ သူ့ရဲ့မဟာမိတ် ထိုင်းအပေါ်မှာ ခိုင်မြဲတည်တန့်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးပြောခဲ့တဲ့ ပြင်ပက အကျပ်ကိုင်သူနဲ့ ရန်စခြိမ်းခြောက်သူဆိုတာ ရှင်းပါတယ်။ တရုတ်ကို ရည်ညွှန်း ပြီး ပြောဆိုလိုက်တာပဲ ဖြစ်ပါ တယ်။

အဲဒီ အစည်းအဝေး ပြီးပြီးချင်းမှာပဲ ထိုင်းဝန်ကြီးချုပ်ဟာ နောက်အရေးကြီးတဲ့ ဧည့်သည်တော်တဦး ကို ဧည့်ခံတွေ့ဆုံခဲ့ ပါတယ်။ သူကတော့ တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe ပဲ ဖြစ်တယ်။

ဒီလို တွေ့ဆုံတဲ့ အစည်းအဝေးမှာလည်း ထိုင်းနဲ့ တရုတ်အကြား ဆက်ဆံရေးတိုးမြှင့်ဖို့၊ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ပါသလို ထိုင်းဝန်ကြီးချုပ်ကလည်း BRI လို့ ခေါ်ကြတဲ့ တရုတ်ရဲ့ စီမံကိန်း Belt and Road Initiative ကို ထောက်ခံကြောင်း ပူးပေါင်းပါဝင် လို စိတ်ရှိပါကြောင်း တရားဝင် ပြောခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် Cobra Gold စစ်ရေးလေ့ကျင်မှုတွင် အမေရိကန် မရိန်းတပ်သားများ စစ်ရေးလေ့ကျင့်နေစဉ်(Cobra Gold)

ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက Raksak Roj Phim Phun ဆိုတဲ့ ညွှန်ကြားရေးမှုးချုပ် ကတော့ “ကျနော် တို့ဟာ ဘယ်သူ့ဖက်ကိုမှ ပါလို့မရပါဘူး။ ကျနော်တို့ဟာ အားလုံးကို ရင်းရင်း နှီးနှီးဆက်ဆံဖို့ လိုပါတယ်။ ကျနော်တို့ ဟာ နိုင်ငံငယ်လေးဖြစ်တယ်။ သူငယ်ချင်းကို ရွေးပေါင်းလို့ မဖြစ်နိုင်ဘူး” လို့ ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ ကာကွယ် ရေး ဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲမှာ သတင်းစာ ဆရာတွေကို ပြောကြားခဲ့ပါတယ်။

ဓားအိမ်က ဓားထုတ်ပြပြီး ရန်စခြိမ်းခြောက်နေတဲ့ တရုတ်လို့ လေ့လာသုံးသပ်သူတွေက သတိပေး ပြောနေချိန်မှာ အမေရိကန်ဟာ သူ့ရဲ့ မဟာမိတ်အဟောင်းတွေနဲ့ ပြန်လည်ပြီး ဆက်ဆံရေးကို တိုးမြှင့်နေရတာ ဖြစ်တယ်။

ဒါကြောင့်လည်း ဗိုလ်ချုပ်ကြီး ဂျိမ်းစ် မက်စ် ကွန်ဗီးလ် ရဲ့ ခရီးစဉ်မှာ “Strategic Vision Statement” ဆိုတာကို သဘောတူခဲ့ကြတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ လူတွေ သဘော မပေါက်နိုင်တာတွေ ဘာတွေပဲရေးထားရေးထား စကားလုံးကြီးကြီး ကျယ် ကျယ်တွေ ပါချင်ပါမယ်။ အဓိကအချက်ကတော့ တရုတ်ရဲ့ ဖြန့်ကျက်လာ တဲ့ အရိပ်သြဇာကို တုံ့ပြန်ဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ တရုတ်အားထား တရားအားထုတ်တာကို မနှစ်သက်ဘူးဆိုတာကို ပြသတာပဲ ဖြစ်တယ်။

တရုတ်ဟာ အိန္ဒိယနဲ့ ဟိမဝန္တာတောင်ကြားမှာ နယ်ခြားပဋိပက္ခတွေ ဖြစ်ခဲ့တယ်။ ထိုင်ဝမ်နဲ့ ဂျပန်ကို ရန်စခဲ့တယ်။ ဗီယက်နမ်နိုင်ငံနဲ့ ထိုင်ဝမ်ကျွန်းအကြားမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ပြခဲ့တယ်။ တောင်တရုတ်ပင်လယ်ကို သူပိုင် တယ်လို့ ကြွေးကြော်ပြီး သူတို့တည်ဆောက်ထားတဲ့ ကျွန်းတွေ မှာ စစ်အင်အားတွေ ချထားခဲ့တယ်။

အမေရိကန်မှာ ကိုဗစ်ကပ်ဘေးကို အကြီးအကျယ် ကြုံနေရချိန်၊ သမတထရမ့်ရဲ့ America First ဆိုတဲ့ ကြွေးကြော်သံ နဲ့အတူ Super Power ဆိုတဲ့ ဝတ်ရုံကိုချွတ်ပြီး ဇာတ်ခေါင်းကွဲချိန်မှာ တရုတ် ဟာ လက်ခမောင်းခတ်ပြီး စင်ပေါ်ကို တက်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သမ္မတထရမ့်ဟာ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွဲနေပြီး၊ တရုတ်ဆန့်ကျင် ရေး အကြောင်းပြုကာ လာမည့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကြိုးစားနေတာလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်ကတော့ အမေရိကန်ဟာ သူ့ရဲ့ လေယာဉ်တင် သင်္ဘော ၂ စီးကို တောင်တရုတ်ပင်လယ်ကို ပို့ခဲ့ပါ တယ်။ ရန်စောင်နေတဲ့ တရုတ်ကို ပြန်ပြီးတုံ့ပြန်တာဖြစ်သလို ဒေသတွင်းက အရေးကြီးတဲ့ မဟာမိတ်တွေ (ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်) ကိုလည်း စိတ်အားမငယ်ရ အောင် အင်အားပြခဲ့တာ ဖြစ်ပါတယ်။

(သမ္မတထရမ့်က နိုင်ငံရပ်ခြားမှာ သွားရောက်စခန်းချထားတဲ့ အမေရိကန်တပ်တွေကို ပြန်ခေါ်မယ်။ လျှောချမယ်။ ဘတ်ဂျက်တွေ ဖြတ်တောက်မယ်လို့ ပြောခဲ့ပေမယ့် အင်ဒို- ပစိဖိတ်ဒေသမှာတော့ သူ့ရဲ့တပ်တွေကို မလျှောတဲ့အပြင် ပိုပြီးတော့တောင် ချထားတာ တွေ့ရပါတယ်။)

ဒါပေမယ့် အမေရိကားကို အရင်တုန်းကလို စိတ်ချလက်ချ ယုံလို့ရပါ့မလား … ပုံလို့ရပါ့မလား … အဲဒီအတွေးကတော့ အခုဖြစ်ပေါ်နေတဲ့ တင်းမာလာတဲ့ ပထဝီဝင် နိုင်ငံရေး စစ်ရေးအခင်းအကျင်းမှာ မဟာမိတ်အသစ်တွေ၊ အဟောင်းတွေ မေးနေတွေးနေတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

You may also like these stories:

Cobra Gold စစ်ရေးလေ့ကျင့်မှု စတင်

Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်တပ်များ အင်အားအလုံးအရင်းဖြင့် ပါဝင်

ဂျပန်က အမေရိကန်စစ်အခြေစိုက်စခန်းတွေမှာ COVID-19 ကူးစက်ခံရ

တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲ ဘယ်လောက်ပြင်းမလဲ

ထရမ့်နှင့် စစ်ဖက်ခေါင်းဆောင်များအကြား ဆက်ဆံရေးတင်း

မေရိကန်နဲ့ တရုတ် ရန်ပွဲကြားမှာ မြန်မာ ကြိုးတန်းလမ်းလျှောက်နေရ

The post ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ မဟာမိတ်အဖြစ် ရပ်တည်နေဆဲလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...