Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

တပ်တွင်း ရာထူးအပြောင်းအလဲတွေ ဖြစ်လာမည်

$
0
0

မြန်မာ့တပ်မတော်တွင် ရှေ့လာမည့်လများအတွင်း ရာထူးအပြောင်းအလဲများရှိမည် ဖြစ်သည်။ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိပ်ဆုံးရာထူးများတွင် ပိုမိုယုံကြည်ရပြီး သစ္စာရှိသော အရာရှိများကို ခန့်အပ်မည်ဖြစ်သည်။

လွန်ခဲ့သောအပါတ်က မြန်မာစစ်ဖက်လုံခြုံရေးအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးဖြစ်လာသည်။ ပြည်ထဲရေး ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေသည် စစ်ဖက်မူလတာဝန်များကို ပြန်လည်ထမ်းဆောင်မည်ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၆၄ မှဖြစ်ပြီး အကောင်းဆုံးဗိုလ်လောင်းဆုကိုရရှိကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နီးစပ်သူဖြစ်သည်။ အလယ်အလတ်သဘောထားရှိပြီး သိမ်မွေ့သည်ဟု လူသိများသည့် ဒုတိယဗ်ိုလ်ချုပ်ကြီးစိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီး နေရာနှင့် ကိုက်ညီကြောင်း ဆိုကြသည်။

လက်ရှိကာကွယ်ရေးဝန်ကြီးဖြစ်သော ဗိုလ်ချုပ်ကြီးစိန်ဝင်းကိုလည်း တပ်မတော်သို့ ပြန်လည်ခေါ်ယူဖွယ် ရှိသည်။ ရိုးဂုဏ်ရှိပြီး စစ်သားပီသသော ဒုတိယ ဗ်ိုလ်ချုပ်ကြီးစိန်ဝင်းသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကြား ဆက်ဆံရေးတွင် ဘက်မလိုက်ပဲ ရပ်တည်ကာ လူလုံး မပြတတ်သူလည်း ဖြစ်သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တို့ကို တပ်မတော်က ထိန်းချုပ်ထားသည်။

ထိုဝန်ကြီးဌာနများ၏ အကြီးအကဲများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းပြီး သမ္မတက ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒု-ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒု-ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒု-ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့အား ၂၀၁၆ မတ်လ ၃၀ ၌ သမ္မတအိမ်တော်တွင် အတူတကွ မြင်ရစဉ်/ဧရာဝတီ

ပြည်ထဲရေးဝန်ကြီးတာဝန်ထမ်းဆောင်စဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးလွန်းကြောင်း မြင်ကြသည်။ သူကလည်း ထိုကဲ့သို့ ရင်းနှီးလွန်းနေသလော။ ထိုအချက်ကြောင့် တပ်မတော် ထိပ်တန်းခေါင်းဆောင်များ စိတ်အနှောင့်အယှက်ဖြစ်နိုင်ကြောင်း ဝေဖန်သူများက ဆိုသည်။

၂၀၁၈ ခုနှစ် စင်ကာပူခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းမှုတခုတွင် တပ်မတော်နှင့် သူ၏ ဆက်ဆံရေးမှာ “မဆိုး”ကြောင်းနှင့် အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများမှာ “ခင်မင်နှစ်လိုဖွယ် ကောင်း”ကြောင်း ဖြေကြားခဲ့ဖူးသည်။

ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည် အစိုးရအဖွဲ့ခေါင်းဆောင်များ၏ ပြည်တွင်းပြည်ပခရီးစဉ်များတွင် လုံခြုံရေးအတွက် ဘတ်ဂျတ် အကြီးအကျယ်ချထားပေးသောကြောင့် တပ်မတော် ထိပ်တန်းခေါင်းဆောင်များ စိတ်မကျေမနပ်ဖြစ်ခဲ့ရကြောင်း ယုံကြည်ရသည်။

ရာထူးအပြောင်းအလဲများ ပြုလုပ်ရန် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတို့အပါအဝင် စစ်ဖက်ခေါင်းဆောင် ၁၄ ဦးအား တာဝန်လွှဲပြောင်းခြင်း သို့မဟုတ် အငြိမ်းစားပေးခြင်း ပြုလုပ်မည်ဟု ၂၀၁၈ ခုနှစ်နှောင်းပိုင်းက ကောလဟလများ ထွက်ခဲ့သော်လည်း ထိုသတင်းမမှန်ခဲ့ပေ။

ထိုစဉ်က ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ထိုကောလာဟလကို ထွက်ဖြေရှင်းခဲ့သည်။ သို့သော် တပ်မတော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက အချို့စစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များသည် “အန္တရာယ်များသည့် ကစားနည်း”ကို “ကစား”နေကြောင်းနှင့် တပ်မတော်၏ ထိန်းချုပ်မှုအောက်မှ ဝန်ကြီးအချို့ အစိုးရဖက်သို့ ယိမ်းနေသောကြောင့် စစ်ဖက်ထိပ်တန်းခေါင်းဆောင်များ စိတ်ပျက်နေခြင်းသည်ပင်လျင် ကောလဟလကို ရောင်ပြန်ဟပ်နေကြောင်း ဆိုကြသည်။ သို့သော် ကောလဟလ၏ နောက်ကွယ် မည်သူရှိနေသည်မှာမူ အဖြေရခက်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ပြည်ထဲရေးဝန်ကြီးဌာနမှ ထွက်ခွာရခြင်းနှင့်အတူ အစိုးရခေါင်းဆောင်များက သူ့ကို အနာဂတ်တွင် အစိုးရအဖွဲ့၌ ပြန်လည်ပါဝင်လာစေချင်သည်ဟူသော ခန့်မှန်းတွက်ချက်မှုများ နေပြည်တော်တွင် ပေါ်ထွက်လာသည်။ အနာဂတ်ဆိုသည်မှာ လာမည့် ရွေးကောက်ပွဲအပြီး ဖြစ်သည်။ လက်ရှိအာဏာရပါတီက ပြန်နိုင်မှလည်း ဖြစ်သည်။ အကယ်၍ ထိုခန့်မှန်းချက် မှန်ခဲ့ပါက မည်သူက ယင်းသို့ ဆုံးဖြတ်သည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ယခုအခါတွင်မူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်ရွေးစင် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ပြည်ထဲရေး ဝန်ကြီးဖြစ်လာပြီး အရပ်သားအစိုးရနှင့် စစ်ဖက်အကြား ပေါင်းကူးပေးမည်ဟု မျှော်လင့်ရသည်။

သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်အတူ ပြည်တွင်းခရီးအများအပြားတွင် ပြည်ထဲရေးဝန်ကြီးသည် လိုက်ပါရသောကြောင့် သူ၏ သစ္စာရှိမှုအပေါ် အမြဲတမ်းစောင့်ကြည့်ခံရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရခေါင်းဆောင်များသည် အတိုက်အခံများကို စည်းရုံးသိမ်းသွင်းရာတွင် ကောင်းစွာကျွမ်းကျင်ကြောင်း စစ်ဖက်ခေါင်းဆောင်များက သိထားကြသည်။ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ကြိုးတန်းပေါ်တွင် လမ်းလျှောက်ရတော့မည်ဖြစ်သည်။

မျက်လုံးအားလုံးက ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်အနေဖြင့် ရဲတပ်ဖွဲ့ကို မည်သို့ကိုင်တွယ်မည်အပေါ် အာရုံစိုက်နေကြသည်။ ထိပ်တန်းရဲမှူး အတော်များများကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည်ဟု အမြင်ခံကြရသည်။ သို့သော်ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေး ဝန်ကြီးခန့်သောကြောင့် စစ်ဖက်အရပ်ဖက် ဆက်ဆံရေး တိုးတက်လာမည်ဟု လေ့လာသူများက ခန့်မှန်းထားသည်။ သို့သော် ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးသစ် ဖြစ်လာသော ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်/ဧရာဝတီ

ဗိုလ်ချုပ် ရဲဝင်းဦးသည် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၏ စစ်ဖက်လုံခြုံရေးအကြီးအကဲ ရာထူးကို အစားထိုးရယူမည်ဖြစ်သည်။ ဗိုလ်ချုပ် ရဲဝင်းဦးသည် ဗ်ိုလ်လောင်းသင်တန်း အမှတ်စဉ် ၇၇ ကို တက်ရောက်ခဲ့ပြီး သူ၏ နောက်ဆုံးရာထူးမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်သည်။

သူသည် တိုက်ခိုက်ရေးနှင့် အုပ်ချုပ်ရေးအတွေ့အကြုံရှိသော်လည်း ထောက်လှမ်းရေးပညာကို လေ့လာရဦးမည်ဖြစ်သည်။ သို့သော်အရေးပါသောအချက်မှာ သူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်မှုကို ရရှိခြင်းဖြစ်သည်။ အစိုးရနှင့်တပ်မတော်တို့က အမျိုးသားထောက်လှမ်းရေး ဗျူရိုကို ပြန်လည်အသက်သွင်းရန် စဉ်းစားနေစဉ် သူ့ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်က ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွုန့်ကို ဖြုတ်ချစဉ် အမည်ဆိုးကျော်ကြားလှသော အမျိုးသားထောက်လှမ်းရေးဗျူရိုကို ဖျက်သိမ်းခဲ့သည်။ ထောက်လှမ်းရေးအဖွဲ့တခုလုံးကို ထုတ်ပယ်ခဲ့သည်။ လူ့အခွင့်အရေးချိုးဖေါက်ပြီး နိုင်ငံရေးအရ ဖိနှိပ်သည့် အကျင့်ပျက် အဆင့်မြင့်အရာရှိ အများအပြားကို ထောင်ချခဲ့သည်။

မည်သို့ဆိုစေ စစ်ဖက် သုံးလပတ် အစည်းအဝေးများကို လေ့လာနေသည့် ယုံကြည်ရသော ရင်းမြစ်များ အဆိုအရ တပ်တွင်း ရာထူး ၃၀ နီးပါးကို အပြောင်းအလဲလုပ်မည်ဟု သိရသည်။

ကာကွယ်ဝန်ကြီး ရာထူးနေရာတွင်လည်း မကြာမီအပြောင်းအလဲ ဖြစ်မည့်သဘော သက်ရောက်နေသည်။ ဒုတိယ ဗ်ိုလ်ချုပ်ကြီး စိန်ဝင်းသည် ရာထူးကိုစွန့်လွှတ်ပြီး တပ်သို့ပြန်မည်ဖြစ်သည်။ ပိုမိုစစ်သားဆန်ပြီး သစ္စာခံသောအရာရှိများကို အစားထိုးမည်ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Military Chief Expected to Appoint Loyalists as Reshuffle Loomsကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

ပြည်ထဲရေး ဝန်ကြီးသစ်နှင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး

တပ်မတော် အရာရှိများကို သင်တန်းတက်ရန် အမေရိကန် ဖိတ်ခေါ်

နတခ တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦး စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဖြစ်လာ

The post တပ်တွင်း ရာထူးအပြောင်းအလဲတွေ ဖြစ်လာမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...