Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ထိုင်းနိုင်ငံက ပစ်ခတ်မှုဖြစ်စဉ်

$
0
0

ဖေဖေါ်ဝါရီလ ၈ ရက်စနေနေ့က ထိုင်းစစ်သား ဂျကရာဖန့် သွမ်မာသည် သူ၏ အထက်အရာရှိကို သတ်ဖြတ်ပြီးနောက် စစ်အခြေစိုက်စခန်းမှ လက်နက်များကို ခိုးယူကာ ထိုင်းနိုင်ငံ အလယ်ပိုင်း နာခွန် ရက်ချာစီမာမြို့မှ အရပ်သားများကို ခွဲခြားမှုမရှိ တရစပ် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

လူ ၂၉ ယောက်သေဆုံးပြီး ၅၇ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

တနင်္ဂနွေနေ့ နံနက်တွင်မူ လုံခြုံရေးတပ်များက ဈေးဝယ်စင်တာတခုတွင် ခိုအောင်းနေသော ဂျကရာဖန့် သွမ်မာကို အသေဖမ်းဆီးလိုက်သည်။

ထိုပစ်ခတ်မှုဖြစ်စဉ်ကို ဒေသစံတော်ချိန်အတိုင်း အောက်တွင် ဖေါ်ပြထားသည်။

ညနေ ၃:၃၀။ ဆူအာသန် ဖီသက် စစ်စခန်း

တိုက်ခိုက်မှု စတင်သည်။ အသက် ၃၂ နှစ်အရွယ် ဂျကရာဖန့် သည် သူ၏တပ်မှူး အသက် ၄၈ နှစ်အရွယ် ဗိုလ်မှူးကြီး အနန်သရော့ ခရာဆေနှင့် အသက် ၆၃ နှစ်အရွယ် ယောက္ခမ အနောင် မစ်ချန်ကို ပစ်သတ်လိုက်သည်။ ဂျကရာဖန့် အိမ်ဝယ်ရန် စုထားသော လစာငွေများကို ပြန်တောင်းရာ ၎င်းတို့ ၂ ဦးက ပြန်ထုတ်မပေးသောကြောင့်ဟု သိရသည်။

ဂျကရာဖန့်သည် ထို စစ်စခန်းမှ ဟမ်းဗွီးပုံစံကားဖြင့် ထွက်မပြေးမီ HK33 တိုက်ခိုက်ရေးရိုင်ဖယ်နှင့် ခဲယမ်းများကို ခိုးယူသည်။

ကိုရက်ရှိ Terminal 21 ဈေးဝယ်စင်တာ

ညနေ ၆:၀၀ နာရီခန့်။ Terminal 21 ဈေးဝယ်စင်တာ

ကိုရက်ရှိ Terminal 21 ဈေးဝယ်စင်တာသို့ ဂျကရာဖန့်ရောက်ရှိလာသော ပုံများကိုတွေ့ရသည်။

သူသည် ဈေးဝယ်စင်တာတွင်းမှ လူများကို မြင်မြင်ရာပစ်ခတ်သောကြောင့် လူ ဒါဇင်ပေါင်းများစွာ သေဆုံး ဒဏ်ရာရသည်။

ထိုသို့ တိုက်ခိုက်ချိန်အတွင်း သူသည်နောက်ဆုံးဖြစ်ရပ်များကို ဖေ့ဘွတ်တွင် တင်နေသည်။

ည ၇:၂၀။ Terminal 21 စတုတ္ထထပ်

ဂျက်ကရာဖန့်သည် ထိုဈေးဝယ်စင်တာ စတုတ္ထထပ်တွင်ရှိကြောင်း အာဏာပိုင်များအတည်ပြုသည်။ သူသည် ထိုအထပ်တွင် ဓါးစာခံများ ဖမ်းထားသည်ဟု သတင်းများက ဆိုသည်။

ရိုင်ဖယ်ကိုင်ထားသော သူ၏ပုံကို သူ၏ဖေ့ဘွတ်တွင် တင်ပြီး “ပင်ပမ်းလွန်းလို့ လက်ခြောင်းတွေတောင် မလှုပ်နိုင်လောက်အောင်ဖြစ်နေပြီ” ရေးသားသည်။

ဈေးဝယ်စင်တာအတွင်းပိတ်မိနေသူများသည် ရေအိမ်အကွယ်နှင့် စားပွဲများအောက်တွင် ပုန်းနေရကြောင်း နောင်တွင်ပြောပြသည်။

ဈေးဝယ်စင်တာအတွင်းပိတ်မိနေသူများ ပုန်းနေရစဉ်

ည ၇:၅၅။ ပထမဆုံး သေဆုံးမှုစာရင်း

လူ ၁၀ ဦးကျော်သေဆုံးပြီးဖြစ်ကြောင်း တော်ဝင်ထိုင်းရဲတပ်ဖွဲ့၏ ဒုတိယပြောခွင့်ရသူ ဗိုလ်မှူးကြီး ခရစ်ရှနာဖက်သန်နာချာရွှန်က အတည်ပြုပြောကြားသည်။

ဈေးဝယ်စင်တာကို ရဲများက ဝိုင်းထားလိုက်ပြီး အချို့က အတွင်းမှ လူများလွတ်မြောက်ရေးအတွက် ကူညီရန် အဆောက်အအုံအတွင်း ဝင်သည်။

ဈေးဝယ်စင်တာ၏ ၂ ကီလိုမီတာပတ်လည်ကို ရဲတပ်ဖွဲ့က ပိတ်ဆို့လိုက်သည်။

ရဲတပ်ဖွဲ့ဝင်များက ဂျကရာဖန့်၏ မိခင်ကို တွေ့ဆုံပြီး သူ့ကိုလက်နက်ချရန် ဖြောင်းဖြရန်အတွက် ထိုဈေးဝယ် စင်တာသို့ ခေါ်ဆောင်လာသည်။

ည ၉:၂၀။ သေဆုံးသူ တိုးလာ

တရားဝင်သေဆုံးမှုစာရင်း ၁၆ ဦးအထိ ရှိလာသည်။

ဈေးဝယ်စင်တာအတွင်းပိတ်မိနေသူတချို့ကို ကယ်ထုတ်စဉ်

ည ၁၀:၀၅။ သေနတ်သံများ ထွက်ပေါ်

Terminal 21 ဈေးဝယ်စင်တာအတွင်းမှ သေနတ်သံများထွက်လာသည်ကို ကြားရပြီးနောက် ငြိမ်သက်သွားသည်။

ည ၁၀:၅၀။ ဂျကရာဖန့်၏ ဖေ့ဘွတ်ပိတ်ခံရ

သူ၏ဖေ့ဘွတ်ကို ပိတ်ပစ်ရန် ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူ့အဖွဲ့အစည်ဝန်ကြီးဌာနက ဖေ့ဘွတ်ကို ဆက်သွယ်ပြီး သူ၏ ပရိုဖိုင်းကို ပိတ်စေခဲ့သည်။ သူသည် တိုက်ခိုက်မှု ပြုလုပ်စဉ်နောက်ဆုံးအခြေအနေများကို ထိုဖေ့ဘွတ်တွင် တင်ခဲ့သည်။

မိမိတို့၏ နှလုံးသားများသည် ထိုင်းနိုင်ငံမှ ကြေကွဲစရာဖြစ်ရပ်ကြောင့် ထိခိုက်ရသည့် လူမှုအသိုင်းအဝန်း၊ တိုက်ခိုက်ခံရသူများနှင့် ၎င်းတို့၏ မိသားစုများထံသို့ ရောက်ရှိနေကြောင်း ဖေ့ဘွတ်က ကြေညာချက်ထုတ်ပြန်သည်။ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်သူများအတွက် ထိုတိုက်ခိုက်မှုကို ချီးကျူး သို့မဟုတ် ထောက်ခံသူများအတွက် ဖေ့ဘွတ်တွင်နေရာမရှိကြောင်းပြောသည်။

ဈေးဝယ်စင်တာကို ရှင်းလင်းရန် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စဉ်

ည ၁၁:၀၉။ စစ်တပ်အကူအညီ

ထိုဈေးဝယ်စင်တာကို ကာကွယ်ရန်နှင့် အတွင်းတွင် ပိတ်မိနေသူများကို လွတ်မြောက်စေရန် စစ်ဖက်က ရဲတပ်ဖွဲ့ကို ကူညီမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနပြောခွင့်ရသူကပြောသည်။

ည ၁၁:၃၅။ Terminal 21 မြေညီထပ်

ဈေးဝယ်စင်တာ၏ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်ကို ရှင်းလင်းပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။ လူများထွက်ပြေးနေသည်ကို ဓါတ်ပုံများက ပြသနေသည်။

စစ်ဆင်ရေးများကို တိုက်ခိုက်သူ မသိစေရန် တိုက်ရိုက် ထုတ်လွှင့်ပြသခြင်းမပြုရန် စစ်အရာရှိများက သတင်းဌာနများသို့ပြောသည်။

ည ၁၁:၅၀။ သေဆုံးမှု ထပ်မံမြင့်တက်

သေဆုံးသူ အရေအတွက် ၂၀ အထိမြင့်လာကြောင်း ဒုတိယဝန်ကြီးချုပ် အနုတင် ချန်ဗာရာကူအတည်ပြုသည်။ အခင်းဖြစ်ပွားရာတွင် လူ ၁၆ ဦးသေဆုံးပြီး အခြား ၄ ဦးမှာ ဆေးရုံတွင်သေဆုံးသည်။

ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျောနှင့် ခြေထောက်ကို ပစ်ခတ်ခံရပြီး ခွဲစိတ်ကုသမှု ခံယူနေကြောင်းလည်း သူပြောသည်။

ဈေးဝယ်စင်တာ၏ စီစီတီဗီတွင် မြင်ရသော ဂျကရာဖန့် သွမ်မာ

ဖေဖေါ်ဝါရီလ ၉ ရက် မနက် ၂:၄၇။ သေနတ်သံများ ထပ်မံကြားရ

အဆောက်အအုံအတွင်း ပစ်ခတ်သံများ ကြိုးကြားကြိုးကြား ကြားနေရသည်။ အထူးစစ်ဆင်ရေးအဖွဲ့များ အဆောက်အအုံအတွင်း ဝင်ရောက်သည်။

တချိန်တည်းတွင် လူနာတင်ရန် ဈေးဝယ်စင်တာသို့ လူနာတင်ယာဉ် ၅ စင်းရောက်လာသည်။

စစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တဦးသေဆုံးသည်။

မနက် ၉:၀၀။ သေနတ်သမားသေဆုံး

သေနတ်သမားကို ပစ်သတ်လိုက်ကြောင်း လုံခြုံရေးတပ်ဖွဲ့များကကြေညာသည်။

စစ်ဆင်ရေးဆောင်ရွက်သော ရဲနှင့်စစ်တပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ချန်ဗီရာကူ ကသူ၏ ဖေ့ဘွတ်တွင်ရေးသားသည်။

ပစ်ခတ်မှုတွင် သေဆုံးသွားသူများအတွက် ဆုတောင်းကြစဉ်

နေ့ခင်း ၁၂:၃၀။ ဒဏ်ရာရသူများထံ ဝန်ကြီးချုပ်သွားရောက်

“ထိုင်းနိုင်ငံမှာ ဒါမျိုးမဖြစ်ဖူးဘူး။ ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေလို့ ကျနော်ဆုတောင်းတယ်” ဟု ပရာယွတ် ချန်အိုချာက နာခွန်ရက်ချာစီမာရှိ ဆေးရုံပြင်ပတွင်ပြောသည်။

အိမ်မြေကိစ္စ စိတ်နာကျဉ်းမှုကြောင့် ဂျကရာဖန့်သည် ထိုသို့ပစ်ခတ်ဖွယ်ရှိကြောင်း သူပြောသည်။

ကိုးကား။ ။ BBC

You may also like these stories:

ရမ်းဗြဲမြို့နယ် NLD အလုပ်အမှုဆောင် ဦးဇေယျာမင်း လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းခံရ

မြောက်ဒဂုံ CBဘဏ် လုယက်မှုမှ သံသယဖြစ်ဖွယ်ကားနှင့် ယာဉ်မောင်းကို ရဲတပ်ဖွဲ့စစ်ဆေးနေ

ပလက်ဝမြို့နယ်မှ ရဲဝန်ထမ်း လစာငွေ ကျပ်သိန်း ၄၀ ကျော် အလုခံရ

The post ထိုင်းနိုင်ငံက ပစ်ခတ်မှုဖြစ်စဉ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...