Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

တရုတ်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့များ BRI အတွက် နားလည်မှု ယူထားပြီးပြီလား

$
0
0

တရုတ် အစိုးရနှင့် မြန်မာ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် အဖွဲ့များကြား ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) အရ ကြီးမားသော စီမံကိန်း လုပ်ငန်းများအတွက် နားလည်မှုယူရေးနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေ ရှိကြောင်း ဝေဖန် သုံးသပ် မှုများ ရှိနေပါသည်။

ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ရက္ခိုင် စစ်တပ် (AA) နှင့် ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) စသည့် မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် အဖွဲ့များကလည်း မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက BRI စီမံကိန်းအရ လုပ်ငန်းများ အကောင်အထည် ဖော်မည့် အစီအစဉ်ကို ထောက်ခံ ကြိုဆိုကြောင်း ပြောဆိုထားသည်။

ဇန်နဝါရီလ ၁၀ ရက်ကပင် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်က KIA ဌာနချုပ် ရှိရာ လိုင်ဇာသို့ လာရောက် လည်ပတ်သွားခဲ့ပြီး KIA နှင့် AA ခေါင်းဆောင်ပိုင်းများကို တွေ့ဆုံခဲ့သည်။

UWSA ဌာနချုပ် ပန်ဆန်းသို့လည်း မစ္စတာ ဆွန်ကော့ရှန် အလည်အပတ် လာရောက်ခဲ့ကြောင်း UWSA ပြောရေး ဆိုခွင့် ရှိသူ ဦးညီရန်းက ဧရာဝတီသို့ အတည်ပြုပေးသည်။

တရုတ် သမ္မတ ရှီကျင့်ဖျင်၏ ဇန်နဝါရီ ၁၇ ရက် စတင်မည့် ခရီးစဉ်သည် မြန်မာနိုင်ငံ၌ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်ရန် လာရောက်ခြင်း ဖြစ်သည်ဟူသော သတင်းများ ထွက်နေရာ မစ္စတာ ဆွန်ကော့ရှန်၏ ခရီးစဉ်သည် သမ္မတ ခရီးစဉ်အတွက် ရှေ့တော်ပြေးလောဟု စဉ်းစားစရာလည်း ရှိလာသည်။

ထို့အတူ မြန်မာအစိုးရနှင့် အပစ်ရပ် လက်မှတ်မထိုးရသေးသော မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များနှင့် တရုတ် အစိုးရကြား BRI စီမံကိန်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် မည်ကဲ့သို့ နားလည်မှု ယူထားသနည်း ဆိုသည့် မေးခွန်း လည်း တဆက်တည်း ဆိုသလို ပေါ်လာပါသည်။

တရုတ်၏ တမန်တော် မြောက်ပိုင်းသို့ အလည်လာခြင်း

မစ္စတာ ဆွန်ကော့ရှန်သည် အသက် ၆၆ နှစ်အရွယ် ရှန်ဟိုင်း ဇာတိသားဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရသည်။

မစ္စတာ ဆွန်ကော့ရှန်သည် မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ် အစိုးရ၏ အဓိက ကြားဝင်စေ့စပ်သူ အဖြစ် ပါဝင်ပတ်သက်နေသူ တဦးလည်းဖြစ်သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူနှင့် တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ တချို့ကမူ မစ္စတာ ဆွန်ကော့ရှန်၏ ခရီးစဉ် သည် BRI စီမံကိန်းအတွက် ညှိနှိုင်းရန် လာရောက်သည့် ခရီးစဉ်မဟုတ်ဟု ပြောဆိုကြသည်။

BRI စီမံကိန်းအတွက် ယခင်ကတည်းက နားလည်မှု ယူထားပြီးဖြစ်နိုင်သည်ဟုလည်း သုံးသပ်ကြသည်။

တိုင်းရင်းသားအရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးကတရုတ်အနေနဲ့ သူ့ရဲ့နယ်စပ်မှာ ရှိတဲ့ အခြေခံစခန်း။ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ စခန်းတွေကို ဂရုစိုက်ပြီး ဆက်ဆံလေ့ရှိပါတယ်။ အခုတခေါက် လာတာက တော့ နှစ်စဉ်လာနေကြပါပဲ။ တရုတ်နှစ်သစ်ကူး ငြိမ်းချမ်းခြင်း အစီအစဉ်လို့ ခေါ်တယ်ဟု ပြောသည်။

မစ္စတာ ဆွန်ကော့ရှန်သည် ၂၀၁၆ ခုနှစ်အကုန်မှ စတင်ကာ မြန်မာ့ ငြိမ်းချမ်းရေးတွင် ထဲထဲဝင်ဝင် ပါဝင်လာသူ ဖြစ် သဖြင့် ယခုခရီးစဉ်တွင်လည်း မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပိုမိုပါဝင်ရန် တွန်းအား ပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်းလည်း ဦးမောင်မောင်စိုးက ပြောဆိုသည်။ 

UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းကလည်း မစ္စတာ ဆွန်ကော့ရှန်သည် ပန်ဆန်းသို့ လာရောက် လည်ပတ်ခဲ့ပြီး UWSA ဗဟို ပေါ်လစ်ဗျူရို အဖွဲ့ဝင် လူကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း ပြောကြားသည်။

ဦးညီရန်း ကလည်ပတ်တဲ့ အကြောင်းအရင်းကတော့ တရုတ်နှစ်သစ်ကူး မတိုင်ခင် ချစ်ကြည်ရင်းနှီးမှု အနေနဲ့ လည်ပတ်တာပဲ ဖြစ်ပါတယ်။ တခြားဟာကတော့ နယ်စပ်တည်ငြိမ်ရေးရယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် ဝိုင်းဝန်းပြီးမှ လုပ်ဆောင်ကြဖို့ စသဖြင့် အမြင်တွေ ဖလှယ်ကြတယ်ပေါ့ဟု ဆိုသည်။

BRI ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခြင်း ရှိမရှိကိုမူ ရှင်းလင်းစွာ မသိရပေ။ သို့သော်လည်း ဇန်နဝါရီလ ၁၅ ရက်တွင် BRI စီမံကိန်းကို UWSA အနေနှင့် ကြိုဆိုထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

ထိုအထဲတွင် တရုတ်မြန်မာ စီးပွားရေး စြင်္ကံလမ်း စီမံကိန်း (BRI) အရ စီးပွားရေး၊ ကုန်သွယ်ရေး နှင့် အခြေခံ အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းများ မြန်မာပြည် မြောက်ပိုင်းဒေသသို့ မြန်မြန်ရောက်ရန် ဆုတောင်းမေတ္တာပို့  နေကြောင်း ဖော်ပြထားသည်။

ဦးညီရန်း ကဘယ်လိုပဲ ဖြစ်ဖြစ် စီမံကိန်းကတော့ ဒေသတခုလုံးကို အကျိုးပြုမှာပဲလေ။ အဘက်ဘက်က နယ်စပ်ဒေသ တည်ငြိမ်ရေး တရားဥပဒေ စိုးမိုးရေး စသဖြင့် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ပေါ့ဟု ပြောသည်။

ထို့အတူ TNLA နှင့် KIA ကလည်း BRI စီမံကိန်းနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးမည်ဟု သတင်းများ ထွက်ပေါ်နေသော တရုတ်သမ္မတ၏ ခရီးစဉ်မတိုင်မီတွင် ၎င်းတို့၏ သဘောထားများကို ထုတ်ပြန်ချက်ထုတ် ကြေညာခဲ့သည်။

TNLA က တရုတ်နိုင်ငံ၏ မဟာပိုးလမ်းမ စီမံကိန်းနှင့် စီးပွားရေးစင်္ကြန် BRI စီမံကိန်းများ အောင်မြင်ပြီး လူထု အကျိုးကို ပိုမိုဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဇန်နဝါရီလ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

စီးပွားရေးဖွံ့ဖြိုးမှု စီမံချက်များ မျှော်မှန်းထားသည့် အတိုင်း အောင်မြင်ရန် ပြည်တွင်းစစ် ရပ်တန့်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်သမ္မတက မြန်မာအစိုးရအား တိုက်တွန်းနိုင်မည်ဟု မျှော်လင့်ကြောင်း TNLA ထုတ်ပြန်ချက်အရသိရသည်။

KIA ကလည်း တရုတ်နှင့် မြန်မာနိုင်ငံအကြား ရရှိနိုင်သော သဘောတူညီချက်များသည် နှစ်နိုင်ငံလုံးမှ နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းရန် မျှော်လင့်သည်ဟု ဆိုထားသည်။ နယ်စပ်လုံခြုံရေးနှင့် ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိရေးအတွက် အထောက်အကူပြုရန်လည်း မျှော်လင့်နေသည်ဟု KIA ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်သမ္မတ ခရီးစဉ်မတိုင်မီတွင် ထွက်ပေါ်လာသော ပြည်သူများ၏ အသံနှင့် အဖွဲ့အသီးသီး၏ ထုတ်ပြန်ချက်တွင် ပါသည့် ကွဲပြားသောအမြင်များကို တရုတ်သမ္မတက နားလည်ပေးပြီး စေတနာရှေ့ထား၍ လိုအပ်သော အကူအညီများ ပေးရန်လည်း KIA က မေတ္တာရပ်ခံထားသည်။

BRI ဘာလဲ

BRI ဆိုသည်မှာ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ နီးပါးနှင့် ချိတ်ဆက်၍ ရေကြောင်း၊ ကုန်းကြောင်း အားဖြင့် စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည် ဖော်ရန်အတွက် တရုတ်နိုင်ငံ၏ မဟာဗျူဟာ စီမံကိန်းကြီးတရပ် ဖြစ်သည်။

ယင်းစီမံကိန်းသည် တရုတ် သမ္မတ ရှီကျင့်ဖျင် လက်ထက်တွင် စတင်လာသည့် စီမံကိန်းဖြစ်ပြီး ခေတ်သစ် ပိုးလမ်းမ စီမံကိန်းဟူ၍လည်း လူသိများသည်။

စီမံကိန်းဖြတ်သန်းမည့် နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်ပြီး BRI စီမံကိန်း၏ အစိတ်အပိုင်းတခု အနေနှင့် မြန်မာ နိုင်ငံတွင် တရုတ်မြန်မာ စီးပွားရေး စင်္ကြ ံလမ်း စီမံကိန်း (China-Myanmar Economic Corridor CMEC) အကောင် အထည် ဖော်ရန်လည်း ရှိနေသည်။

ထိုစီမံကိန်း အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့် မြန်မာအစိုးရ တာဝန်ရှိသူများ ၂၀၁၈ ခုနှစ် တွင် လက်မှတ် ရေးထိုးထားသည်။

မြန်မာနိုင်ငံတွင် တရုတ်မြန်မာစီးပွားရေး စြင်္ကံ ထက် BRI စီမံကိန်းဟူ၍သာ လူသိများပြီး ယင်းစီမံကိန်းအောက်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းမြို့အထိ ရထားလမ်း တည်ဆောက်ခြင်း၊ ရှမ်းနှင့် ကချင်ပြည်နယ်များတွင် နယ်စပ် အထူး စီးပွားရေးဇုန်များ တည်ဆောက်ရန် လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ တည်ဆောက်ခြင်းကို လာမည့်နှစ်တွင် စတင်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။

ဇန်နဝါရီလ ၁၇ ရက်၊ ၁၈ ရက်တွင် တရုတ်မြန်မာ သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အနေဖြင့် တရုတ် သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး BRI စီမံကိန်းဆိုင်ရာ လုပ်ငန်းများအတွက် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးမည်ဟုလည်း သတင်းများ ထွက်နေပါသည်။

မြန်မာအစိုးရ တာဝန်ရှိသူများကမူ တရုတ်သမ္မတ၏ ယခုခရီးစဉ်အတွင်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း ဒုတိယ အဆင့် စာချုပ်အပါအဝင် နားလည်မှုစာချွန်လွှာ တချို့ကို လက်မှတ်ရေးထိုးမည်ဟု ပြောကြားထားသည်။

BRI စီမံကိန်း နှင့် ပတ်သက်ပါကလည်း အကြွေးမဆပ်နိုင်သဖြင့် ဆိပ်ကမ်းကို တရုတ်လက်သို့ အပ်လိုက်ရသည့် သီရိလင်္ကာ နိုင်ငံ၏ ဥပမာကိုယူကာ တရုတ်လုပ်ငန်းများနှင့် ဆက်စပ်ပါက မြန်မာအစိုးရဘက်ကလည်း သတိထား ဆောင်ရွက်နေသည့် သဘောရှိကြောင်း ကျွမ်းကျင်သူများက ပြောဆိုသည်။

တရုတ်နိုင်ငံဘက်က လာသည့် သတင်းများအရ တရုတ်အစိုးရသည် BRI စီမံကိန်းဆိုင်ရာ လုပ်ငန်းများ အကောင် အထည် ဖော်ရန် မြန်မာဘက်က နှောင့်နှေးနေသည့် အပေါ် စိတ်မရှည်ဖြစ်နေပြီး မြန်မြန်ဆန်ဆန် လုပ်ငန်း စတင်လို ကြောင်း သိရသည်။

တရုတ်ဘက်က အလျင်လိုနေခြင်းသည် တရုတ်နိုင်ငံအတွက် အရှေ့တောင်အာရှကနေ ဥရောပအထိ ခရီးရောက်မည့် BRI စီမံကိန်းတွင် မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အရေးပါသည့် ကဏ္ဍတွင် ရှိနေခြင်းကြောင့် ဖြစ်နိုင် ကြောင်း လေ့လာသုံးသပ်သူ တချို့က ပြောဆိုသည်။

သို့သော်လည်း တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံသို့ဝင်မည့် BRI စီမံကိန်းအတွက် လမ်းကြောင်းများ ဖြတ်သန်း ဖောက် လုပ်မည့် နေရာတွင် KIA AA TNLA SSPP RCSS MNDAA စသည့် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များက နေရာယူထားကြသည်။

သို့ဖြစ်ရာ BRI စီမံကိန်း အကောင်အထည်ဖော်ရန် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် ညှိနှိုင်းရေး အပါအဝင် မြန်မာတရုတ် နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေးသည် တရုတ်နိုင်ငံအတွက် အရေးပါသည့် အနေအထားတွင်ရှိသည်။

ထို့ကြောင့် တရုတ်သမ္မတ ခရီးစဉ်မတိုင်မီတွင် အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်၏ မြောက်ပိုင်း လက် နက်ကိုင် အဖွဲ့များထံသို့ သွားရောက်ခြင်းသည် BRI စီမံကိန်းအတွက် အကြိုညှိနှိုင်းခြင်းလောဟု မေးခွန်းထုတ်စရာ ရှိပါသည်။

KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကမူ မစ္စတာ ဆွန်ကော့ရှန်သည် BRI လုပ်ငန်းစဉ်များအတွက် ရည်ရွယ် ကာ KIO ခေါင်းဆောင်များနှင့် လာရောက်ညှိနှိုင်းခြင်း မဟုတ်ဘဲ တရုတ် နှစ်သစ်ကူးကာလ မတိုင်မီ မိတ်ဆွေများကို လာတွေ့သည့် သဘောသာဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“BRI နဲ့ ပတ်သက်လို့တော့ ဘာမှမရှိဘူး။ တရုတ်နှစ်သစ်ကူး ကာလမှာ နယ်စပ်ဒေသတည်ငြိမ်ဖို့ ပူးပေါင်း ဆောင်ရွက် ပေးပါ ဆိုတဲ့ အကြောင်းတွေပေါ့ဟု ၎င်းက ဆိုသည်။

BRI စီမံကိန်းအတွက် တရုတ်နိုင်ငံဘက်က ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ကို လာရောက် ညှိနှိုင်းထားမှုလည်း မရှိသေးကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

KIO ဗဟိုကော်မတီတွင် တရုတ်နိုင်ငံ၏ BRI စီမံကိန်းနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆုံးဖြတ်ထားသည်ကို မသိရသော် လည်း ယင်းစီမံကိန်းအား ကန့်ကွက်လိမ့်မည်ဟု ၎င်းအနေနှင့် မယူဆကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

သို့သော် KIO ထိန်းချုပ်နယ်မြေထဲတွင် အကောင်အထည်ဖော်မည့် BRI စီမံကိန်းဆိုင်ရာ လုပ်ငန်းတချို့ လုပ်ဆောင်မည် ဆိုပါက တရုတ်နိုင်ငံအနေနှင့် KIO ကို ညှိနှိုင်းရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“KIO နယ်မြေထဲမှာ လုပ်ရမယ့် စီမံကိန်းတွေ အားလုံးကတော့ KIO နဲ့ ညှိနှိုင်းဆွေးနွေးရမှာပါ။ လက်တွေ့ပိုင်းကတော့ KIO နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ။ အဲ့ဒီလိုမှ မဟုတ်ရင် လုံခြုံရေးကိစ္စတွေ ဘာတွေကတော့ ပြဿနာ တက်တတ်တယ် လေဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

လုံခြုံရေးအရ မည်ကဲ့သို့ ပြဿနာ တက်နိုင်သည်ကိုမူ ၎င်းက ဆက်လက်ပြောကြားခြင်း မရှိပါ။

အဓိကတော့ လုံခြုံရေးနဲ့ ပတ်သက်တာတွေ ဆွေးနွေးရမှာပါ။ လုံခြုံရေးဆိုတာ ကျနော်တို့ ကချင်ပြည်နယ် KIO အုပ်ချုပ်တဲ့နေရာမှာ စီးပွားရေးလုပ်မယ်ဆိုရင် အချင်းချင်း ပံ့ပိုးရမယ့် ကိစ္စတွေ ဆွေးနွေးရမှာပါဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

TNLA နှင့် AA တို့၏ သဘောထား

BRI စီမံကိန်းနှင့် ပတ်သက်၍ AA နှင့် TNLA အဖွဲ့တို့ကလည်း ထောက်ခံကြောင်း ပြောကြားထားသည်။

သို့သော် ဒေသခံလူထုအတွက် အကျိုးမဲ့မဟုတ်ဘဲ အကျိုးရှိစေမည့် စီမံကိန်းအဖြစ် အကောင်အထည် ဖော်ရန် လိုအပ် ကြောင်းလည်း အဆိုပါနှစ်ဖွဲ့က ထုတ်ဖော် ပြောဆိုထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကစီမံကိန်းတိုင်းမှာ သူ့ရဲ့ ကောင်းကျိုးကို အဓိက ရည်ရွယ်ပြီး လုပ်ကြတာပဲ။ ဒါပေမယ့် ဆိုးကျိုးဆိုတာလည်း ပါလာမှာပဲ။ သို့သော် ကောင်းကျိုးကို ရည်မှန်းတဲ့အချက်ကို ကြည့်ပြီး ဒီစီမံကိန်း ကြောင့် ကျနော်တို့ ရခိုင်လူထုတွေ၊ ပတ်ဝန်းကျင်က လူတွေအတွက် ဘာကောင်းကျိုး ချမ်းသာကို ရနိုင်မလဲဆိုတာ အပြုသဘောနဲ့ ကြည့်တယ်။ ကျနော်တို့ပြည်သူ လူထုတွေ အကျိုးရှိဖို့ ဘယ်လို ချိတ်ဆက်နိုင်မလဲ ဆိုတဲ့ အတွေးအခေါ် ကိုပဲ အခြေခံထားတယ်ဟု ဧရာဝတီသို့ ပြောဆိုထားသည်။

BRI စီမံကိန်းနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် အခွင့်အရေး ရှိပါကလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံလူထု၏ မြေယာဆုံးရှုံးမှုများရှိနေပြီး ထိုက်တန်သည့် မြေယာ လျော်ကြေး မရသည့် ပြဿနာကိုလည်း AA အနေနှင့် သိထားကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီသို့ ပြောဆို ထားသည်။

မြေယာ သိမ်းဆည်းမှုများအတွက် တရုတ်အစိုးရဘက်က ထိုက်တန်သည့် လျော်ကြေးပေးထားသော်လည်း မြေ အသိမ်း ခံရသည့် ကာယကံရှင်များ လျော်ကြေးမရသည့် ပြဿနာများလည်း ရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ပြဿနာများကို ဖြေရှင်းရန် နေပြည်တော်အစိုးရတွင် တာဝန်ရှိသည်ဟုလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထောက်ပြသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကကျောက်ဖြူ စီမံကိန်းကြောင့် ဆုံးရှုံးမှုဖြစ်လာတိုင်း တရုတ်ကို ရန်သူလို လှမ်းကြည့်တယ် ဆိုတာ လွဲချော်နေတယ်။ မှားယွင်းနေတယ်။ နံပါတ် က နေပြည်တော်က ဗဟိုအစိုးရမှာ တာဝန်ရှိတယ်။ သူတို့က လက်ညှိုး ထိုးပြီး ရောင်းစား ထားတာ။ တရုတ်ကလည်း လျော်ကြေး ပေးပြီးပြီ။ အဲ့ဒီလျော်ကြေးတွေကို အိတ်မှာထည့်ပြီး နှစ်ပေါက်တပေါက် ရိုက်ပြီး တရုတ်ကိုပဲ အမုန်းတရားတွေနဲ့ လှည့်ပြီး ပြောနေတာဟု ဆိုသည်။

TNLA အဖွဲ့ကလည်း BRI စီမံကိန်း အကောင်အထည်ဖော်ရာတွင် ဒေသခံလူထု အသံကို နားထောင်ရန် လိုအပ်ပြီး လူထုအသံ နားမထောင်ဘဲ တဖက်သတ်လုပ်ပါက ဆိုးကျိုးများဖြစ်လာနိုင်သည်ဟု သတိပေးထားသည်။

TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် ကအဲဒါဆိုရင်တော့ ကျနော်တို့ TNLA အနေနဲ့ လက်မခံနိုင်ဘူး။ ကျနော်တို့ တရုတ်ကိုလည်း ပြောပါတယ်။ စီမံချက်တွေ လုပ်မယ်ဆိုရင် လူထုရဲ့အသံ၊ လူထုကို ကိုယ်စားပြုတဲ့၊ ဒေသခံထဲမှာ အခြေပြုတဲ့ အဖွဲ့အစည်း၊ ဥပမာ ကျနော်တို့လို TNLA အဖွဲ့အစည်း အမြင်ကိုလည်း နားထောင် ပေးဖို့လိုတယ်လို့ ကျနော်တို့ မေတ္တာရပ်ခံတာ ဖြစ်ပါတယ်ဟု ဧရာဝတီသို့ ပြောဆိုထားသည်။

သို့သော် TNLA လှုပ်ရှားရာ ဒေသဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းဖောက်လုပ်မည့် မီးရထားလမ်း စီမံချက်နှင့် ပတ်သက်၍ တရုတ်အစိုးရဘက်က လေ့လာစုံစမ်းဆဲ အခြေအနေတွင်သာ ရှိသေးကြောင်း တရုတ်နိုင်ငံ နှင့် နီးစပ်သည့် သတင်း ရင်းမြစ်များထံမှ သိရသည်။

အကယ်၍သာ BRI စီမံကိန်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည် ဖော်မည်ဆိုပါက တရုတ်အစိုးရသည် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များနှင့် မဖြစ်မနေညှိနှိုင်းရန် လိုအပ်မည်ဖြစ်သည်။

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာ ဌာန တွဲဖက် ပါမောက္ခ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း ကလည်း တရုတ်နိုင်ငံအနေနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲများကို တွေ့ဆုံဆွေးနွေးသင့် ကြောင်း ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကလည်း တွေ့သင့်ပါတယ်။ သူတို့တွေ့ရမယ်။ တော်တော်များများသော တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့က သူ (တရုတ်) နဲ့က ပတ်သက်မှု ရှိနေတယ်လေဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံဘက်က မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များထံ စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုများ ရှိနေသော်လည်း ထိုသို့ ထောက်ပံ့ပေးမှုသည် စိုးရိမ်ရမည့်ကိစ္စ မဟုတ်ကြောင်းလည်း ဆိုသည်။

အရေးကြီးတာက စစ်လက်နက်ပစ္စည်းတွေကို ထိန်းချုပ်ဖို့ နောက်တခုက မူးယစ်ဆေးဝါး ကုန်ကြမ်းလိုဟာမျိုးတွေ တဖက်နဲ့တဖက် အရောင်းအဝယ်မဖြစ်အောင် လုပ်ဖို့လိုပါလိမ့်မယ်။ အဲဒါထိန်းလိုက်ရင် တနည်းအားဖြင့် နိုင်ငံ တည်ငြိမ် ရေးကို ဝိုင်းဝန်းကူညီတာနဲ့ တူမှာပေါ့ဟု ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက မှတ်ချက်ပေးသည်။

တရုတ်နှင့် မြောက်ပိုင်း အဖွဲ့များကြား နားလည်မှု ယူထားနိုင်ဟု ဆို

BRI စီမံကိန်းနှင့် ပတ်သက်၍ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များနှင့် တရုတ်အစိုးရကြား နားလည်မှု တစုံတရာ ယူထားပြီးနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေပါသည်။

မြောက်ပိုင်း ပိုင်းလက်နက်ကိုင် အဖွဲ့များသည် တရုတ်အစိုးရ၏ လွှမ်းမိုးမှု တစုံတရာ ရှိသည့် လက်နက်ကိုင် အဖွဲ့များ ဖြစ်သဖြင့် BRI စီမံကိန်းကို တရုတ်အစိုးရက မဖြစ်မနေ လုပ်ဆောင်မည်ဆိုပါက မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့ များသည် လက်ခံမည့် အနေထားရှိနိုင်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် နေထိုင်သည့် နိုင်ငံရေး လေ့လာသူ ဦးရဲထွန်းက ပြောသည်။

တရုတ်ကလည်း သူတို့ကို ဆွေးနွေးတာတော့ ရှိမှာပေါ့။ တရုတ်က ကျနော်တို့ ဒါတွေ လုပ်မယ်ဆိုလည်း သူတို့က ကန့်ကွက်မယ် မထင်ဘူး။ အခု စစ်ပွဲက ဖြစ်နေတာပဲ။ ဒါပေမယ့် တရုတ်အကျိုးစီးပွားကို ဘယ်သူ ထိရဲလို့တုန်းဟု ၎င်းက မေးခွန်းထုတ်သည်။

BRI စီမံကိန်း အကောင်အထည် ဖော်မည်ဆိုပါက လူထုဆန္ဒကို ကြည့်ရန်လိုသည်ဟု မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များက လေသံပစ်နေခြင်းသည် နိုင်ငံရေးအရ အများလက်ခံရန် ပြောဆိုနေခြင်းသာ ဖြစ်နိုင်ကြောင်း ဦးရဲထွန်းက သုံးသပ်သည်။

ထို့အတူ တရုတ်အစိုးရက BRI စီမံကိန်း အကောင်အထည် ဖော်မည်ဆိုပါက မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များထံ ထောက်ပံ့ ပေးကမ်းမှုများ ရှိလာနိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဦးရဲထွန်းကပေးရတာတော့ ရှိတယ်။ အခွန်ရယ်လို့ နာမည်မတပ်ဘူးပေါ့ဗျာ။ ရဲဘော်တွေ စားဖို့ သောက်ဖို့ပေါ့။ အဲဒါမျိုးကတော့ ပေး၊ ကျွေးရပါတယ်။ တရုတ်ကုမ္ပဏီတွေကလည်း အဲဒါ နားလည်ပြီးသား။ စီးပွားရေးသမားတွေ ဆိုတော့ သူတို့က နားလည်မှုနဲ့ ချောဆီထည့်ရမယ်ဆိုတာ သဘောပေါက်ပြီးသားပါဟု ဆိုသည်။

တိုင်းရင်းသား အရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကမူ အစိုးရထိန်းချုပ်မှုအောက်တွင် မရှိသော နယ်စပ် မတည် ငြိမ်သည့် နေရာများတွင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ပါက ဒေသ အာဏာပိုင်များထံ အခွန်ဆောင် ရသည့် ကိစ္စသည် အထူးအဆန်း မဟုတ်ကြောင်း ပြောသည်။

“Total ကနေ ထိုင်းဘက်မှာ ပိုက်လိုင်းဆွဲဖို့ KNU (ကရင် အမျိုးသား အစည်းအရုံး) ဧရိယာဖြတ်တော့ KNU ကို အခွန် ပေးရတယ်ဆိုတဲ့ သတင်းတွေ ထွက်တာပဲ။ စီးပွားရေး လုပ်တဲ့သူတွေ အဖို့ကတော့ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် အဲဒီဒေသ ကို ထိန်းချုပ်ထားတဲ့ သူတွေနဲ့ ပတ်သက်မှု ရှိလိမ့်မယ်လို့ ထင်ပါတယ်ဟု ၎င်းက ပြောဆိုသည်။

တရုတ်နိုင်ငံသည် ကွန်မြူနစ်ပါတီ အုပ်ချုပ်သည့် နိုင်ငံဖြစ်ပြီး ၎င်းတို့နိုင်ငံ တိုးတက်ရန် တရုတ်သမ္မတ တိန့်ရှောင်ဖိန် လက်ထက်တွင် နိုင်ငံ၏ စီးပွားရေးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းဖြင့် မြှင့်တင်ခဲ့သည်။

ယနေ့ ကမ္ဘာတွင် တရုတ်နိုင်ငံသည် ဒုတိယစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်နေပြီး ကမ္ဘာ့နံပါတ် အမေရိကန်နိုင်ငံကို ကျော်နိုင်ရန် BRI စီမံကိန်းအား အကောင်အထည်ဖော်မည်ဖြစ်ရာ စီမံကိန်း၏ တစိတ်တပိုင်း အကောင်အထည် ဖော်ရန် ဆက်စပ်သည့် မြန်မာနိုင်ငံအနေနှင့်လည်း အကျိုးအမြတ်ရှိရေး ပါးနပ်စွာညှိနှိုင်းရန် လိုအပ်ကြောင်း ကျွမ်းကျင် သူများက ပြောဆိုကြသည်။

စီမံကိန်းများ အကောင်အထည်ဖော်ပါက အကောင်းအဆိုး ဒွန်တွဲနေမည်ဖြစ်ရာ အဆိုးနည်းနည်းဖြင့် အကျိုးဖြစ်ထွန်း ရန် ညှိနှိုင်း နိုင်ရေးသည် အရေးကြီးသည်ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေး၌ ၎င်းတို့နိုင်ငံတွင် ကျင့်သုံးခဲ့သည့် နည်းအတိုင်း စီးပွားရေး တိုးတက်ရန် ပံ့ပိုးကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် လက်နက်ကိုင် ပဋိပက္ခများ နည်းပါးစေသည့် နည်းလမ်းကို ကျင့်သုံးကောင်း ကျင့်သုံးနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း ကမူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ကူညီသည့် ကဏ္ဍတွင် ရှိနေမည် ဖြစ်သော်လည်း မြန်မာနိုင်ငံအနေနှင့် တရုတ် ပုံစံ ဖွံ့ဖြိုးမှု လမ်းကြောင်းသို့ လိုက်၍ မရကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၏ အုပ်ချုပ်ပုံ စနစ်မတူသောကြောင့် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံကတော့ ကိုယ့်နည်းကိုယ့်ဟန်အတိုင်း ဖွံ့ဖြိုးရေးလမ်းကြောင်းနဲ့ သွားရမှာပေါ့။ တရုတ်နိုင်ငံလို ဖွံ့ဖြိုးရေး လမ်းကြောင်း လိုက်ဖို့တော့ မဖြစ်နိုင်ဘူး။ တရုတ်နိုင်ငံက ကွန်မြူနစ်နိုင်ငံ။ ကိုယ့်နိုင်ငံက အခုချိန်မှာ ဒီမိုကရေစီကို သွားနေတယ်ဟု ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ BRI စီမံကိန်းဆိုင်ရာ လုပ်ငန်းများ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည်ဆိုပါက တရုတ် အစိုးရသည် မြန်မာအစိုးရနှင့် ညှိနှိုင်းရသကဲ့သို့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များနှင့်လည်း သီးခြားစီ ညှိနှိုင်းနိုင်ရန် လိုအပ်မည် ဖြစ်ပါသည်။

ထိုသို့ ညှိနှိုင်းရာတွင် တရုတ်နိုင်ငံအတွက်သာ မကဘဲ BRI စီမံကိန်းနှင့် ဆက်စပ် ပတ်သက်သူများပါ ထိုက်သင့်သည့် အကျိုးအမြတ်ရရန် ညှိနှိုင်းနိုင်ရေးသည်လည်း သတိထားသင့်သည့် အချက်တခု ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများ က သုံးသပ်သည်။

You may also like these stories:

ချီဖွေမြို့က မုတ်သုန်တော ပျောက်ဆုံးခြင်း

၂၀၁၉ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းများ အောင်မြင်နိုင်သလား

The post တရုတ်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့များ BRI အတွက် နားလည်မှု ယူထားပြီးပြီလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...