Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ဓာတ်ပုံများက ပြောသော ၂၀၁၈

$
0
0

၂၀၁၈ တနှစ်တာကာလအတွင်း ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်ရပ်များစွာကို ဧရာဝတီက မှတ်တမ်းတင်ခဲ့ကြသည်။ ယင်းတို့အထဲမှ အကောင်းဆုံးဟု သတ်မှတ်ယူဆသော မျိုးမင်းစိုး၊ ဇော်ဇော်၊ အောင်ကျော်ထက်၊ ထက်ဝေ၊ဝေနှင်းထွဋ်နှင့် ထက်နိုင်ဇော်တို့၏ ပုံများကို ရွေးထုတ်ဖော်ပြလိုက်ပါသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းတွင် ကျင်းပသော သံဃာ၂၀၀၀၀ ဆွမ်းလောင်းပွဲ

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု တရားခံအား သေဒဏ်ပေးရန် ဆန္ဒပြတောင်းဆိုနေကြစဉ်

မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော ၇၃ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် ပါဝင် အလေးပြုကြသော တပ်မတော်လေယာဉ်များ

မတ်လ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် တင်မြောက်အပြီး

ဧပြီလ ၃ ၇က်နေ့က ရန်ကုန်မြိုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေစဉ် ပြေးလွှားကစားနေသော ကလေးငယ်နှစ်ဦး

ပုဂံမြို့တွင် ဧပြီ ၂၇ ရက် ကဆုန်လပြည့်နေ့က ကျင်းပပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်

ဧပြီလ ၁၇ ရက် မြန်မာ နှစ်ဆန်း ၁ ရက်နေ့က သမ္မတ လွတ်ငြိမ်းချမ်းသာဖြင့် မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်လာသူတဦးအား မိသားစုမှ ကြိုဆိုနေကြစဉ်

ရန်ကုန် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ ဧပြီလအတွင်း မီးလောင်ကျွမ်းမှုတွင် မီးငြိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များ

ရန်ကုန် ကန်တော်ကြီးတွင် ပထမဆုံးအကြိမ် စတင်ပြုလုပ်သည့် လမ်းလျှောက်သြင်္ကန်တွင် ပျော်ရွှင်စွာ ရေကစားသူများအား သြင်္ကန်အကြိုနေ့တွင်တွေ့ရစဉ်

မေလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သော စစ်ပွဲများရပ်တန့်ရေး၊ စစ်ဘေးသင့် ပြည်သူများအား လွတ်လပ်စွာ ကူညီထောက်ပံ့ရေး လှုပ်ရှားမှုတွင် ဆန္ဒဖော်ထုတ်သူများကို အရပ်ဝတ်များနှင့် လုံခြုံရေးတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွဲမှုအပြီး ဆန္ဒပြသူတဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ

ဇွန်လ ၁ ရက် ပထမဆုံး ကျောင်းဖွင့်ရက် မန္တလေးမြို့ရှိ အ.လ.က (၁၁) ကျောင်းမှ ကလေးငယ်တဦး

အိမ်ဖော်အမျိုးသမီးအား နှိပ်စက်သေဆုံးမှုနှင့်ပတ်သတ်၍ တပ်မတော်အရာရှိကတော်အား ဇူလိုင်လအတွင်း ရန်ကုန် တောင်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးလာစဉ်။

ကျိုက်ထီးရိုးစေတီနှင့် ရသေ့တောင် အတက်အဆင်းပြုလုပ်နေသော ကေဘယ်ကားများအား ဇူလိုင်လအတွင်း တွေ့ရစဉ်

ရန်ကုန်ဆေးရုံကြီး၊ ကင်ဆာဋ္ဌာနတွင် သြဂုတ်လ ၁၃ ရက်နေ့က Level 2 အဆင့် မီးလောင်မှုတရပ်ဖြစ်ပွားသောကြောင့် လူနာများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေစဉ်

သြဂုတ်လ ၂၉ ရက် ဆွာတမံ ရေပိုလွှဲ ပဲ့ကျမှုကြောင့် ရန်ကုန် မန္တလေး အမြန်လမ်းရှိ တံတားတစီး ပျက်စီးခဲ့သည်

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၈ စက်တင်ဘာ ၃ ရက်တွင် ရိုက်တာ သတင်းထောက် ၂ ဦးအား ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်

ICC ထောက်ခံကြောင်း တကိုယ်တော်ဆန္ဒပြသူ MDCF အဖွဲ့ခေါင်းဆောင် ကိုတင်မောင်ကြည်အား စက်တင်ဘာ ၂၈ နေ့လည်ပိုင်းက မြို့တော်ခန်းမရှေ့တွင် ရဲထပ်ဖွဲမှ ဖမ်းဆီးစဉ်

ရန်ကုန် တောင်ဒဂုံ ၆၂ ရပ်ကွက် ဧရာဝဏ်လမ်းမကြီး ဘေးရှိ ကြက်ဆူပင် မြေစိုက်ခင်းအတွင်း ဝင်ရောက်နေထိုင်သူများအား စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဖယ်ရှားရှင်းလင်းအပြီး

All Souls’ Day နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့ ရေဝေးသုဿန်ရှိ ခရစ်ယာန်သင်္ချိုင်းတွင် လာရောက်မေတ္တာပို့ ဆုတောင်းကြသူများ

မန္တလေးမြို့တွင် နိုဝင်ဘာလအတွင်းက ပထမဆုံးအကြိမ်ကျင်းပသည့် မီးပုံးပျံ မုန့်ဈေးပွဲတော်

တောင်ကြီးမီးပုံးပျံ ပွဲ ဒုတိယနေ့ နိုဝင်ဘာ ၁၆ ရက်တွင် ဥတ္တရမီးပုံးပျံ ပျက်ကျရာ ဘေးလွတ်ရာ တိမ်းရှောင်နေကြသူများ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ အမြင့်ပေ ၁၁၉၂၅ ပေ ရှိသော ဖုန်ကန်ရာဇီ ရေခဲတောင်အား နိုဝင်ဘာလတွင် တွေ့ရစဉ်

The post ဓာတ်ပုံများက ပြောသော ၂၀၁၈ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...