Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ရုရှား သမ္မတ ရွေးကောက်ပွဲ ပူတင် နိုင်ချေများ

$
0
0

ရုရှားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို မတ်လ ၁၈ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်။ မူလက သမ္မတလောင်း ၇၀ ဦး ရှိခဲ့သော်လည်း အမည်စာရင်းတင်သွင်း ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် အခက်အခဲများကို အောင်မြင်စွာ ကျော်ဖြတ်လာနိုင်ခဲ့သူ ၈ ဦးသာရှိပြီး ကျန်သည့်သူများမှာ လက်လျှော့နောက်ဆုတ်သွားကြရပြီ ဖြစ်သည်။

လက်ရှိ သမ္မတ ဗလာဒီမာ ပူတင်နှင့် အတူ Liberal Democratic Party of Russia မှ တင်သွင်းသည့် ဗလာဒီမာ ဇီရီနော့ဗ်စကီး၊ စီးပွားရေးကို ဦးစားပေးသည့် Party of Growth မှ တင်သွင်းသော ဘောရစ်တီးတော့ဗ်၊ ရှေးရိုးစွဲဆန်သည့် All-Russian People’s Union မှ အမည်တင်သွင်းသော ဆာဂျီဘာဘူရင်၊ liberal Civil Initiatives Party မှ (၁၄ နှစ်အတွင်း ပထမဆုံး အမျိုးသမီး သမ္မတလောင်း ဖြစ်သလို အသက်အငယ်ဆုံးလည်း ဖြစ်သည်) ကဆီနီယာ ဆော့ဘ်ချက် နှင့် social democratic party Yabloko မှ ဂရီဂိုရီ ယက်ဗလင်းစကီးတို့ အပြင် လက်ဝဲယိမ်းပါတီများဟု ယူဆရသော Communist Party of the Russian Federation မှ အမည်တင်သွင်းသည့် ပါဗယ်ဂရူဒီနီ (သူက ပါတီဝင် တဦး မဟုတ်ပါ) နှင့် Communist Party of the Russian Federation ၏ မဲများကို ခွဲဝေယူရန် ရုရှား အစိုးရက တည်ထောင်ထားသည့် ပါတီဟု အချို့ကယုံကြည်ကြသော Communists of Russia Party မှ မက်ဇင် ဆူရိုင်ကင် တို့ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

မှတ်ပုံတင်စာရင်းသွင်းခြင်းက လူတိုင်းအတွက် မျှတသော အခြေအနေတခု မဟုတ်ပါ။ ပထမအဆင့်ကို ကျော်ဖြတ်ရန် အတွက် သမ္မတလောင်းများသည် သူတို့၏ နိုင်ငံခြား ဘဏ်ငွေစာရင်းအားလုံးကို ပိတ်သိမ်းရပြီး သူတို့၏ ဝင်ငွေနှင့် ပိုင်ဆိုင်မှုနှင့်ပတ်သက်သော အကြောင်းအရာ အသေးစိတ်များကို ဗဟိုရွေးကောက်ပွဲ ကော်မရှင်သို့ ပေးရသည်။ အကယ်၍ သူတို့က လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ရမထားသော ပါတီတခုခုမှ အမည်စာရင်းတင်သွင်းခြင်း ဖြစ်သည်ဆိုပါက လက်မှတ် ၁၀၀၀၀၀ ကောက်ခံရန်နှင့် ပါတီကိုယ်စားမပြုဘဲ မိမိဖာသာ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ဖြစ်ပါက လက်မှတ် ၃၀၀၀၀၀ ကောက်ခံရန် ၃၅ ရက်သာ အချိန်ပေးသည်။

အကယ်၍ သူတို့ကောက်ခံခဲ့သည့် လက်မှတ်များ၏ ၅ ရာခိုင်နှုန်းက တရားမဝင်ကြောင်း သတ်မှတ်ခြင်းခံရလျှင် အဆိုပါသမ္မတလောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည် ဖြစ်သည်။ လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ရရှိထားသည့် ပါတီမှ အမည်စာရင်းတင်သွင်းသော သမ္မတလောင်းများက လက်မှတ်များ ကောက်ခံစုဆောင်းရခြင်းမှ ကင်းလွတ်ခွင့်ရရှိထားသည်။

ပူတင့် အစီအစဉ်

မဲဆန္ဒပေးခွင့် ရှိသူတို့၏ ၇၀ ရာခိုင်နှုန်းက မဲပေးကြလိမ့် မည်ဟု ရုရှား အစိုးရက မျှော်လင့်နေကြောင်း သတင်းများအရ သိရသည်။ ဗလာဒီမာ ပူတင် အတွက် အနည်းဆုံး မဲ ၇၀ ရာခိုင်နှုန်းကို လည်း ၎င်းတို့က လိုချင်နေသည်။

ဗလာဒီမာ ပူတင်က လက်ရှိ အစိုးရ၏ ပါတီ ဖြစ်သော United Russia ၏ ကိုယ်စားလှယ် တဦးအနေဖြင့် မဟုတ်ဘဲ မိမိ ဖာသာ အမည်စာရင်းတင်သွင်းသည့် တသီးပုဂ္ဂလ အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်။ ပါတီထက် သူက များစွာ ပို၍ လူသိများရေပန်းစားသည့် အတွက် ထိုသို့ ယှဉ်ပြိုင်ခြင်းက အံ့သြစရာ မဟုတ်ပါ။

၂၀၁၈ ခုနှစ် မတ်လ အတွင်းတွင် နောက်ဆုံးပြုလုပ်ခဲ့သည့် စစ်တမ်း တခု တွင် ဖြေကြားပေးသူ ၅၂ ရာခိုင်နှုန်းက သာ United Russia ပါတီကို ထောက်ခံကြောင်းဖော်ပြခဲ့ကြသည်။ ထိုအချိန်တွင် ဗလာဒီမာ ပူတင် တဦးတည်း အနေဖြင့်မူ ထောက်ခံမှုက ၈၀ ရာခိုင်နှုန်း ဝန်းကျင်၌ ရှိနေခဲ့သည်။ မတ်လ ၉ ရက်နေ့တွင် ကောက်ယူခဲ့သည့် သဘောထား စစ်တမ်း တခုအရ ဗလာဒီမာ ပူတင်ကို ရွေးချယ်ရန် ရည်ရွယ်သည့် မဲဆန္ဒရှင်က ၆၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ပါဗယ်ဂရူဒီနီက စစ်တမ်းရလဒ်တွင် ဗလာဒီမာ ပူတင်နှင့် အနီးဆုံး ကပ်နေသည့် သမ္မတလောင်း ဖြစ်သော်လည်း သူ့ ကို ထောက်ခံမှု က ၇ ရာခိုင်နှုန်းသာ ရှိသဖြင့် အလှမ်းကွာလွန်းနေသည်။ သူ၏ နောက်တွင် ဗလာဒီမာ ဇီရီနော့ဗ်စကီးက ၅ ရာခိုင်နှုန်းနှင့် အမျိုးသမီး သမ္မတလောင်း ကဆီနီယာ ဆော့ဘ်ချက်က ၂ ရာခိုင်နှုန်းမျှသာ ရရှိထားသည်။ ဂရီဂိုရီ ယက်ဗလင်းစကီးနှင့် ဆာဂျီဘာဘူရင်တို့က ၁ ရာခိုင်နှုန်းစီ နှင့် ကျန်သည့် သူများက ၁ ရာခိုင်နှုန်း အောက်တွင် ရောက်နေသည်။

ထို့ကြောင့် ဗလာဒီမာ ပူတင်က သူ၏ စတုတ္ထမြောက်သက်တမ်း အတွက် အလွယ်တကူ အနိုင်ရတော့မည့် အသွင်ရှိနေ သည်။ သူက မဲ ၇ဝ ရာခိုင်နှုန်း သို့မဟုတ် အစိုးရက လိုချင်နေသည်ထက် ပို၍ပင် ရရှိရန် များနေသည်။ သို့သော်လည်း မဲပေးသူ အရေအတွက်ကမူ နောက်ထပ် အကြောင်းတခု ဖြစ်သည်။

စိုးရိမ်မှု

မဲပေးသူ အရေအတွက် နည်းပါးခြင်းက ပူတင်၏ တရားဝင်ဖြစ်မှုကို ဆိုးရွားစွာ ထိခိုက်စေမည်ကို အစိုးရက ထင်ထင်ရှားရှားပင် စိုးရိမ်နေသည်။ သြဇာ အရှိန်အဝါကြီးမားသော အတိုက်အခံခေါင်းဆောင် အလက်ဇီ နဗဲလ်နီက ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တောင်းဆိုခဲ့ပြီးသည့် နောက်တွင် မဲပေးသူ အရေအတွက် ပြဿနာက နိုင်ငံရေးအရ အလွန် အရေးပါသော အကြောင်းတရပ် ဖြစ်လာခဲ့သည်။

အလက်ဇီ နဗဲလ်နီက ဆိုရှယ်မီဒီယာကို ကျွမ်းကျင်စွာ သုံးစွဲတတ်ခြင်းနှင့် အကျင့်ပျက် ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စုစည်းပြုလုပ်နိုင်စွမ်းတို့ကြောင့် ထောက်ခံမှုများစွာ ရရှိထားသူ ဖြစ်သည်။ သို့သော်လည်း သူ့ကို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ရန် တားမြစ်ခြင်းခံထားရသည်။ သူက လိမ်လည်မှုတခုဖြင့် ပြစ်ဒဏ်ကျခံထားရသောကြောင့် ဖြစ်သည်။ အလက်ဇီ နဗဲလ်နီက ထိုပြစ်ဒဏ်သည် နိုင်ငံရေး အကြောင်းကြောင့် ဖြစ်ပြီး ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိစေရန် အစိုးရက ရည်ရွယ်ချက်ရှိရှိဖြင့် အကွက်ချလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။

သို့သော်လည်း အလက်ဇီ နဗဲလ်နီက ရုရှားနိုင်ငံ၏ တဦးတည်းသော ထင်ရှားသည့် အတိုက်အခံ ပုံရိပ်တခု မဟုတ်ပါ။ ၁၉၉၀ နှစ်များ အတွင်းက ပူတင်နှင့် အတူ အလုပ်လုပ်ခဲ့သည့် စိန့်ပီတာဇဘတ် မြို့တော်ဝန်ဟောင်း အနာတိုလီ ဆော့ဘ်ချက်၏ သမီးဖြစ်သူ ကဆီနီယာ ဆော့ဘ်ချက်လည်း ရှိနေသည်။

သူက စစ်မှန်သည့် သမ္မတလောင်းတဦး မဟုတ်ဘဲ သူ ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် မဲပေးသူ အရေအတွက် တိုးပွားစေရန် အတွက် အစိုးရက အကွက်ချ ဆောင်ရွက်ခြင်းဖြစ်သည် ဆိုသော သံသယများလည်း ရှိနေသည်။

အကယ်၍ အစိုးရ၏ အကူအညီမရှိခဲ့လျှင် ကဆီနီယာ ဆော့ဘ်ချက် အနေဖြင့် အမည်စာရင်းတင်သွင်းသည့် အချိန်၌ လက်မှတ် ၃၀၀၀၀၀ စုဆောင်းနိုင်လိမ့်မည် မဟုတ်ဟု ရုရှားဆောင်းပါးရှင်များက စောဒက တက်ခဲ့ကြသည်။ သူက အလွန် လစ်ဘရယ်ဆန်သည့် ရပ်တည်ချက်ကို ပွင့်လင်းစွာ ပြောဆိုခြင်းနှင့် ခရိုင်းမီးယား ဒေသကို ရုရှားက ဝင်ရောက်သိမ်းပိုက်ခြင်းကို ဆန့်ကျင်ခြင်းများနှင့် အတူ ရုရှားမဲဆန္ဒရှင် အများစု၏ အမြင်နှင့် ရှင်းလင်းစွာပင် ကွဲပြားမှုများလည်း ရှိနေသည်။ အကြိုစစ် တမ်းကောက်ယူမှုများတွင် ကဆီနီယာ ဆော့ဘ်ချက်ကို ထောက်ခံမှုနှုန်း အလွန်နည်းပါးနေခြင်းမှာ အဆိုပါ အကြောင်းအချို့ ကြောင့်ဟု ဆိုနိုင်ပါသည်။

ရုရှား အစိုးရက ပြည်သူများ မဲရုံများသို့ ရောက်လာစေရန် ရွေးကောက်ပွဲနေ့၌ ဂီတဖျော်ဖြေပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဈေးရောင်းပွဲများဖြင့် ဆွဲဆောင်ရန် ကြိုးစားနေသည်။ ထို့ပြင် ဒေသတွင်း ဆန္ဒခံယူပွဲ ၁၀၀ ကျော်ကိုလည်း သမ္မတ မဲပေးခြင်းနှင့် တချိန်တည်း ပြုလုပ်ရန် စီစဉ်ထားသည်။ နောက်ဆုံး သဘောထား စစ်တမ်းကောက်ယူမှုများတွင် မဲဆန္ဒပေးပိုင် ခွင့်ရှိသူ ၆၀ မှ ၇၀ ရာခိုင်နှုန်း အတွင်းက မဲပေးကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပူတင် ဘာကြောင့် လူကြိုက်များ

အာဏာ ရှိနေစဉ် တလျှောက်လုံး ပူတင်က ရုရှားပြည်သူ အများစု၏ တန်ဖိုးထားမှုများနှင့် လိုက်ဖက် လျှော်ညီသော မူဝါဒများကို ပါးနပ်စွာဖြင့် အကောင်အထည်ဖော်ခဲ့သည်။ ၁၉၉၀ နှစ်များအတွင်းက ပေါ်ပေါက်ခဲ့သော စီးပွားရေးနှင့် နိုင်ငံရေး ကသောင်းကနင်း အခြေအနေများမှ တိုင်းပြည်ကို ကယ်တင်ခဲ့သူ အဖြစ်လည်း နာမည်ကောင်း ရရှိထားသည်။ တိုင်းပြည်၏ စီးပွားရေး အခြေအနေနှင့် ပူတင်၏ အစိုးရအပေါ် နိုင်ငံသားတို့၏ ထောက်ခံမှု အဆင့်အတန်း ကြားတွင် ခိုင်မာသော အပြုသဘောဆောင်သည့် ဆက်သွယ်ချက် ရှိနေသည်။

ဥပမာပြရလျှင် ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း ရုရှားနိုင်ငံ၏ GDP က လျှင်မြန်စွာ တိုးတက်လာပြီး ဆင်းရဲနွမ်းပါးသူ အရေအတွက်က တဝက်လျော့ကျသွားသည့် အချိန်တွင် ပူတင်အပေါ် ထောက်ခံမှုက ၃၅ ရာခိုင်နှုန်းမှ ၇၈ ရာ ခိုင်နှုန်းသို့ ထိုးတက်သွားခဲ့သည်။ ၂၀၀၈ ခုနှစ် စီးပွားရေး အကျပ်အတည်းကြောင့် ထိခိုက်ခဲ့ခြင်းနှင့် ၂၀၁၄ ခုနှစ်တွင် အနောက်နိုင်ငံမျာ၏ အရေးယူပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းခဲ့သည့် အချိန်များမှာပင်လျှင် ပူတင်က အင်အားကောင်းသည့် မျိုးချစ်စိတ်များကို ဖော်ပြခြင်းအားဖြင့် သူ၏ တရားဝင်ဖြစ်မှုကို မြှင့်တင်နိုင်ခဲ့သည်။

ယူကရိန်းနိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ခရိုင်းမီးယားဒေသကို ရုရှားက ဝင်ရောက်သိမ်းပိုက်သည့် ကိစ္စများတွင် ပူတင်က တိုင်းပြည်ကို ဒုက္ခပေးလိုသည့် ရန်သူများက ဝိုင်းရံထားပြီး သူသည်သာလျှင် ရုရှားနိုင်ငံ၏ လုံခြုံမှုကို အာမခံနိုင်သူဖြစ်သည် ဆိုသည့် အမြင်ကို အောင်မြင်စွာ ဖြန့်ချိရင်း အမြတ်ထုတ်နိုင်ခဲ့သည်။

ထို့ကြောင့် ဗလာဒီမာ ပူတင် စတုတ္ထမြောက် သက်တမ်းအတွက် ရွေးချယ်ခံရသည်ကို မြင်ရခြင်းက အံ့သြစရာ ရှိလိမ့်မည် မဟုတ်ပါ။ ယခုလာမည့် ၆ နှစ်ကြာ သက်တမ်းကို ပြီးဆုံးသည်အထိ တာဝန် ထမ်းဆောင်နိုင်ခဲ့လျှင် ၂၀၀၈ မှ ၂၀၁၂ ခုနှစ် အတွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ကိုပါ ထည့်သွင်းတွက်ချက်မည် ဆိုလျင် ၂၄ နှစ်ကြာ အာဏာရသူတယောက် ဖြစ်လာပါလိမ့်မည်။

(theconversation.com ပါ Cameron Ross ၏ Russian election: what to look out for ကို ဘာသာပြန်ဆိုသည်)

The post ရုရှား သမ္မတ ရွေးကောက်ပွဲ ပူတင် နိုင်ချေများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...