Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

သမိုင်းဝင် ဖုန်းမော်အရေးအခင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ

$
0
0

လွန်ခဲ့သော နှစ်ပေါင်း ၃၀ က တပါတီ အာဏာရှင်စနစ်ကို ပြုတ်ကျစေခဲ့သည့် အပြင် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေး လှုပ်ရှားမှု၏ ရှေးဦးအမွန် အခြေခံဖြစ်သော “ကျောင်းသား ဖုန်းမော်” အရေးအခင်းသည် ရန်ကုန်စက်မှုတက္ကသိုလ်နယ်တွင် ပေါ်ပေါက်ခဲ့ပါသည်။ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက်ရပ်ကွက် လူထုအချို့တို့ ဖြစ်ပွားသည့် အရေးအခင်းမှ စတင်ပြီး စက်မှုတက္ကသိုလ် ကျောင်းသား ဖုန်းမော်သေဆုံးခဲ့သည့် အတွက် “ဖုန်းမော် အရေးအခင်း” ဟု သမိုင်းတွင်ခဲ့ပါသည်။

အဆိုပါ “ဖုန်းမော် အရေးအခင်း” နှင့် ပတ်သက်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ – မဆလ ပါတီလက်ထက် နိုင်ငံတော်ကောင်စီက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့စည်းကာ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ရန် ၁၉၈၈ ခုနှစ် မတ် ၁၇ ရက်နေ့တွင် တာဝန်ပေးအပ်ခဲ့သဖြင့် ဖုန်းမော်အရေးအခင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ ပေါ်ပေါက်လာပါသည်။

“ဤ အစီရင်ခံစာသည် မဆလ အစိုးရ၏ တာဝန်ပေးချက်အရ ပြုစုထားခြင်း ဖြစ်သော်လည်း ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် ပြုစုထားကြောင်း စာဖတ်သူတို့ ဖတ်ကြည့်လျှင် ပို၍ သိသာမြင်သာလာပါလိမ့်မည်” ဟု လည်းကောင်း၊ “စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ မေးမြန်သမျှကို ရိုးသားစွာ ဖြေကြားသူ၊ လိမ်လည် ဖြေကြားသူ စသည်တို့ကို စာဖတ်သူ မြင်တွေ့ကြရပါလိမ့် မည်” ဟု လည်းကောင်း ထုတ်ဝေသူ၏ အမှာစကားတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာ၏ မူလအမည်မှာ “ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက်ရပ်ကွက် လူထုအချို့ ဖြစ်ပွားသည့် အရေးအခင်းနှင့် ပတ်သက်၍ စုံစမ်းဆေးရေး ကော်မရှင်၏ အစီရင်ခံစာ” ဖြစ်သည်။ သို့ရာတွင် စာအုပ် ထုတ်ဝေသူက အများပြည်သူ အလွယ်တကူ ခေါ်ဝေါ်လွယ်ကူစေရန် “ဖုန်းမော်အရေးအခင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ” ဟုအမည်ပြောင်းထားသော်လည်း မူရင်းအစီရင်ခံစာပါ စာသားအတိုင်းနှင့် စာလုံးပေါင်း သတ်ပုံမှစ၍ ပြင်ဆင်တည်းဖြတ်ခြင်း မပြုဘဲ မူရင်းအတိုင်း ပြန်လည်ထုတ်ဝေသည် ဟုလည်း ဖော်ပြထားသည်။

ဖုန်းမော်အရေးအခင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၇ ခုနှစ်တွင် လွင်ဦးစာပေမှ ပြန်လည် ရိုက်နှိပ် ထုတ်ဝေဖြန့်ချိထားသော “ဖုန်းမော်အရေးအခင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ” စာအုပ်မှ အခန်း (၁) ကို ပြန်လည် ဖော်ပြလိုက်ပါသည်။

ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက်ရပ်ကွက် လူထုအချို့တို့ဖြစ်ပွားသည့် အရေးအခင်းနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ

အခန်း(၁)

စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခြင်း

၁။ ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့ညတွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက် ရပ်ကွက် လူထုအချို့တို့ ဖြစ်ပွားသည့် အရေးအခင်းကို စုံစမ်းစစ်ဆေးတင်ပြရန် နိုင်ငံတော်ကောင်စီက အောက်ပါ ဗဟို အာဏာပိုင် အဖွဲ့အစည်းဝင် သုံးဦးပါဝင်သော စုံစမ်းရေးကော်မရှင်ကို ၁၉၈၈ ခုနှစ် မတ်လ ၁၇ ရက်နေ့စွဲပါ အမိန့် ကြော်ငြာစာ အမှတ် ၄၅/ ၈၈ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

(က) ဦးဘမော် ဥက္ကဋ္ဌ
ပြည်သူ့တရားသူကြီးအဖွဲ့ဝင်
(ခ) ဦးလှတင့် အဖွဲ့ဝင်
ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ဝင်
(ဂ) ဒေါက်တာ မောင်ရှိန် အဖွဲ့ဝင်
ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်

၂။ စုံစမ်းရေးကော်မရှင်၏ အတွင်းရေးမှူး အဖြစ် ဥက္ကဋ္ဌက တာဝန်ပေးအပ်သူ ဗဟိုတရားရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ဆောင်ရွက်ခဲ့ပါသည်။

၃။ (က) စုံစမ်းရေးကော်မရှင်ဖွဲ့စည်းသည့် အမိန့်တွင် စုံစမ်းရေး ကော်မရှင်အား အောက်ပါအချက်များကို အမှန် ရရှိအောင် စုံစမ်းစစ်ဆေး၍ အစီရင်ခံစာရန် တာဝန်ပေးအပ်ထားပါသည်။

(၁) ၁၂-၃-၈၈ နေ့ညတွင် စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်း အနောက်ရပ်ကွက် လူထုအချို့တို့ ဖြစ်ပွားသည့် အရေးအခင်း မည်သို့ စတင်ပေါ်ပေါက်ခဲ့သည်၊
(၂) အရေးအခင်းတွင် ကျောင်းသားတဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရခြင်းမှာ မည်သည့် သေနတ်ဖြင့် မည်သူ၏ လက်ချက်ကြောင့် သေဆုံးရခြင်းဖြစ်သည်၊
(ခ) ကော်မရှင်၏ အစီရင်ခံစာတွင် အောက်ပါအချက်များကိုလည်း ထည့်သွင်းဖော်ပြရန် တာဝန်ပေးအပ်ထား ပါသည်။
(၁) အရေးအခင်းနှင့် ပတ်သက်သည့် ကော်မရှင်၏ သုံးသပ်ချက်၊ အကြံပြုချက်၊
(၂) အလားတူ အရေးအခင်းမျိုး ထပ်မံမပေါ်ပေါက် စေရန် ဆောင်ရွက်သင့်သည့် အချက်များ၊
(၃) ကော်မရှင်က ထည့်သွင်း အစီရင်ခံသင့်သည်ဟု ယူဆသော အခြားတွေ့ရှိချက်များ။

၄။ အစီရင်ခံစာကို ၁၉၈၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ နောက်ဆုံးထား၍ တင်ပြရန် ကော်မရှင်ဖွဲ့စည်းသည့် အမိန့် ကြော်ငြာစာ အမှတ် ၄၅ / ၈၈ တွင် သတ်မှတ်ထားပါသည်။ စုံစမ်းရးကော်မရှင်က ဒဏ်ရာရသော ကျောင်းသား များကို လည်းကောင်း၊ အရေးအခင်းကို သိရှိနိုင်သော အခြားကျောင်းသားများကို လည်းကောင်း စစ်ဆေးရန် အတွက် သက်ဆိုင်ရာများနှင့် ဆက်သွယ်၍ ဆောင်ရွက်ရမည် ဖြစ်သဖြင့် လုံလောက်သော အချိန်ရရှိရန် အတွက် အစီရင်ခံစာ တင်ပြရမည့် ရက်ကို တိုးမြှင့်ပေးရန် နိုင်ငံတော်ကောင်စီသို့ တင်ပြခဲ့ရာ နိုင်ငံတော်ကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် ၅၀ / ၈၈ ဖြင့် အစီရင်ခံစာ တင်ပြရန် နောက်ဆုံးရက်ကို ၁၉၈၈ ခုနှစ် မေလ ၁၇ ရက်အထိ တိုးမြှင့်ပေးခဲ့ပါသည်။

၅။ စုံစမ်းကော်မရှင်သည် အထက်အပိုဒ် ၃ ပါ တာဝန်များသာမက ၁၅ – ၃ – ၈၈ နေ့၌ ရန်ကုန်စက်မှုတက္ကသိုလ်အား သက်ဆိုင်ရာက ဝင်ရောက်ထိန်းသိမ်း၍ ရန်ကုန်စက်မှုတက္ကသိုလ်အတွင်း အခြေအနေ အေးငြိမ်းသွားသည် အထိ အဖြစ်အပျက်များ ကိုလည်း အစီရင်ခံရန် ဖြစ်ပါသည်။

စာရေးသူ                  – စုံစမ်းစစ်ဆေးရေး ကော်မရှင်

စာအုပ်အမည်            – ဖုန်းမော် အရေးအခင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ

အမျိုးအစား                – နိုင်ငံရေး

ထုတ်ဝေသည့်တိုက် – လွင်ဦးစာပေ / ၂၀၁၇ (ပထမ အကြိမ်)

တန်ဖိုး                    – ၄၀၀၀ ကျပ်

The post သမိုင်းဝင် ဖုန်းမော်အရေးအခင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...