Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ခုခံမှုနှင့် ရင်ဆိုင်လာရသော တရုတ် ပိုးလမ်းမသစ် စီမံကိန်း

$
0
0

ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှ၏ အခြားအစိတ်အပိုင်းများသို့ ဆက်သွယ်မည့် တရုတ်နိုင်ငံက အစွမ်းကုန် မြှူဆွယ်နေသော ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (One Belt, One Road –OBOR) သည် အလွန် ရည်မှန်းချက်ကြီးသော အခြေခံအဆောက်အအုံ စီမံကိန်းများ တည်ဆောက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ်အစိုးရက လိုအပ်နေချိန် ပါကစ္စတန်နှင့် နီပေါတို့က တရုတ်နိုင်ငံနှင့်အတူ ဆည်များ တည်ဆောက်မည့် သဘောတူညီချက်များမှ နုတ်ထွက်ခဲ့ကြသည်။

သဘောတူညီချက်များတွင် ပါဝင်သော စည်းကမ်းသတ်မှတ်ချက်များကို သဘောမတူသောကြောင့် ဖြစ်သည်။

အဆိုပါနိုင်ငံများသည် ၎င်းတို့၏ စီးပွားရေးနှင့် အခြေခံ အဆောက်အဦး တိုးတက်ဖွံ့ဖြိုးရေး တရုတ်နိုင်ငံ၏ ငွေကြေးနှင့် နည်းပညာ ကျွမ်းကျင်မှုကို လိုအပ်သောကြောင့် ထိုကဲ့သို့သော စီမံကိန်းများတွင် တရုတ်နိုင်ငံနှင့် မိတ်ဖက်ပြုခဲ့ကြသည်။ သို့သော် ယခု အဖြစ်အပျက်က အဆိုပါနိုင်ငံများသည် တရုတ်နိုင်ငံ၏ ငွေကြေးအတွက် ပြန်လည်ပေးရမည့် သတ်မှတ်ချက်များကို မျက်စိမှိတ် လက်ခံလိုက်ရန် ဆန္ဒမရှိကြောင်း ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေး သြဇာအတွက် အကန့်အသတ်လည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများထံမှလည်း အလားတူ စိတ်မသက်သာစရာ တုန့်ပြန်မှုမျိုး မျှော်လင့်ရနိုင်သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံက တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်၏ တစိတ်တပိုင်းဖြစ်သော အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံတန် Diamer-Bhasha ဆည် တည်ဆောက်ရေးကို ရုပ်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။ တရုတ်အစိုးရက ချမှတ်သည့် စည်းကမ်းသတ်မှတ်ချက် အချို့ကို သဘောမတူသောကြောင့် ဖြစ်သည်။

အစ္စလာမ်မာဘတ်မှ ရေနှင့် စွမ်းအင် ဖွံ့ဖြိုးရေး အာဏာပိုင် အဖွဲ့အကြီးအကဲ၏ အဆိုအရ တရုတ်နိုင်ငံက စီမံကိန်းနှင့် လုပ်ငန်း လည်ပတ်မှုတွင် ပိုင်ဆိုင်မှု တောင်းဆိုခဲ့ပြီး လုံခြုံရေးပေးရန်လည်း ၎င်း၏ ကိုယ်ပိုင်တပ်ဖွဲ့များကို အသုံးပြုရန် ဆန္ဒ ရှိကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံက ဆည်စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် ကိုယ်ပိုင် ဘဏ္ဍာငွေကို အသုံးပြုသွားမည် ဖြစ်သည်။ Diamer-Bhasha ဆည်က လျှပ်စစ်ဓာတ်အား ၄၅၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဟု မျှော်လင့်ရပြီး ထိုပမာဏသည် တိုင်းပြည်၏ စွမ်းအင်လိုအပ်ချက်နှင့် အနီးစပ်ဆုံး တူညီနေသည်။

အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံတန် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန် (CPEC) စီမံကိန်းတွင် မပါဝင်မီက ပါကစ္စတန် နိုင်ငံသည် Diamer-Bhasha ဆည် တည်ဆောက်ရေးအတွက် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံဖြိုးရေး ဘဏ်တို့မှ ဘဏ္ဍာရေး အထောက်အပံ့ရရှိရန် ကြိုးစားခဲ့သည်။ သို့သော်လည်း စီမံကိန်း၏ တည်နေရာသည် အငြင်းပွားမှုများ ရှိနေသော ကတ်ရှ်မီးယား ဒေသမှ ပါကစ္စတန် ထိန်းချုပ်သည့် ဧရိယာတွင် ရှိနေခြင်းကြောင့် ဘဏ္ဍာရေး အထောက်အပံ့ ပေးရန် ထိုအဖွဲ့အစည်း ၂ ခု လုံးက ငြင်းပယ်ခဲ့သည်။

လုပ်ဆောင်နေခဲ့သည်မှာ ၁၅ နှစ် ရှိပြီ ဖြစ်သော စီမံကိန်း နှောင့်နှေး ကြန့်ကြာမှု အမြောက်အမြား ရင်ဆိုင်ခဲ့ရပြီး ပါကစ္စတန် နိုင်ငံက ဆည်ပြီးစီးရန် လိုအပ်သော ငွေကြေး အထောက်အပံ့ မရှာဖွေနိုင်ခဲ့လျှင် ပို၍ပင် နှောင့်နှေးသွားမည် ဖြစ်သည်။

CPEC က ရထားလမ်းများ၊ စွမ်းအင် စက်ရုံများ၊ သယ်ယူပို့ဆောင်ရေး စနစ်နှင့် ဂွါဒါ Gwadar ဆိပ်ကမ်း အပါအဝင် အခြားစီမံကိန်းများကို ဆက်လက် ငွေကြေး ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ အမေရိကန် နိုင်ငံနှင့် ဆက်ဆံရေး အခြေအနေ ဆိုးရွားလာခဲ့သည့် အချိန်တွင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအတွက် တရုတ်နိုင်ငံအပေါ် ပို၍ မှီခိုလာရသည့် ပါကစ္စတန်နိုင်ငံအနေဖြင့် ဆည်အတွက် တရုတ်နိုင်ငံ၏ ဘဏ္ဍာရေး အထောက်အပံ့ကို ငြင်းပယ်ရန် ဆုံးဖြတ်လိုက်ခြင်းက များစွာ ပို၍ပင် ထူးခြားနေပါသည်။

ပါကစ္စတန်နိုင်ငံက ထိုဆုံးဖြတ်ချက်ကို အလွယ်တကူ ပြုလုပ်လိုက်ခြင်း မဟုတ်သော်လည်း တရုတ်နိုင်ငံက လိုချင်သည့် စည်းကမ်းချက်များကို ၎င်းတို့ လက်မခံနိုင်ခဲ့ပါ။ တရုတ်လုံခြုံရေးတပ်ဖွဲ့များက စောင့်ကြပ်သော တရုတ်နိုင်ငံပိုင် ရေကာတာ ဆိုသည်မှာ လက်ခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်၍ နေသည်။

နီပေါနိုင်ငံက Budhi Gandaki ရေအားလျှပ်စစ် စီမံကိန်းဆောင်ရွက်ရန် တရုတ်အစိုး ရပိုင် ကုမ္ပဏီတခု ဖြစ်သည့် China Gezhouba Group နှင့် ပြုလုပ်ထားသော အမေရိကန်ဒေါ်လာ ၂.၅ သန်းတန် သဘော တူညီချက်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ရေအားလျှပ်စစ် စက်ရုံက ဓာတ်အား ၁၂၀၀ မီဂါဝပ် ထုတ်ပေးနိုင်မည် ဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကို နီပေါနိုင်ငံက OBOR တွင်ပါဝင်ရန် သဘောတူညီပြီး ၁ လပင် မကြာသေးသည့် ပြီးခဲ့သည့် ဇွန်လအတွင်းတွင် ထိုအချိန်က အာဏာရရှိထားသည့် တရုတ်အစိုးရကို လိုလားသော မော်ဝါဒီတို့ လွှမ်းမိုးသည့် အစိုးရက ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုအစိုးရကို ကြားဖြတ်အစိုးရတခုနှင့် အစားထိုးခြင်း ခံရသည်။ သဘောတူညီချက်ကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ရခြင်း၏ အဓိကကျသည့် အချက်မှာ ယှဉ်ပြိုင်မှု ပါဝင်သော ဈေးပြိုင် အဆိုပြုသည့်စနစ် မပါဝင်ဘဲ သဘောတူညီချက် ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်ဟု နောက်တက်လာသည့် ကြားဖြတ်အစိုးရက ပြောသည်။ ထိုကဲ့သို့ ဆုံးဖြတ်ချက် ချရခြင်း၏ နောက်ကွယ်တွင် ကြားဖြတ်အစိုးရအတွင်းမှ အိန္ဒိယကို ထောက်ခံသည့် ဂိုဏ်းရှိနေသည်ဟု အများစုက ထင်ကြေးပေး မှန်းဆခဲ့ကြသည်။

နီပေါနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး နိုင်ငံကြီး ၂ ခုကြားမှ သြဇာယှဉ်ပြိုင်မှုတိုက်ပွဲ၏ အစိတ်အပိုင်း ဖြစ်နေခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန် ရှိနေခြင်းနှင့်အတူ အနာဂတ်တွင် နီပေါနိုင်ငံအတွင်းမှ တရုတ်ကို လိုလားသော ဂိုဏ်းများနှင့် အိန္ဒိယကို လိုလားသော ဂိုဏ်းများကြား၌ ဟန်ချက်ညီမျှမှု ရှိရေးကလည်း မရေမရာ ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း အဆိုပါ ဂိုဏ်း ၂ ခု ကြားမှ အားပြိုင်မှုက မည်သည့်အတွက်ကြောင့် နီပေါနိုင်ငံက သဘောတူညီချက် ဖျက်သိမ်းလိုက်သည် ဆိုခြင်းနှင့် မည်သည့်အတွက်ကြောင့် တရုတ်နိုင်ငံသည် ၎င်း၏ မိတ်ဖက်များ၏ ပူးပေါင်းဆောင်ရွက်ရေး သေချာအောင် ပြုလုပ်ရာတွင် အခက်အခဲများ ကြုံနေရသည် ဆိုခြင်းတို့၏ အစိတ်အပိုင်းတခုသာ ဖြစ်ပါသည်။

ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းစာ၏ ဆောင်းပါး တပုဒ်တွင် အထက်ပါ သဘောတူညီချက် ၂ ခု ပယ်ဖျက်လိုက်ခြင်း၏ ပိုမိုကြီးမားသော ဂယက်ရိုက်မှုများကို ဖော်ပြထားသည်။ အဆိုပါ ကိစ္စကို တရုတ်နိုင်ငံက မည်ကဲ့သို ကိုင်တွယ်ခဲ့သည်ဆိုခြင်းက စိတ်ဝင်စားဖွယ်ရာ ဖြစ်ကြောင်း တရုတ် သတင်းစာက ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည်။

တရုတ်သတင်းစာများက သမ္မတ ရှီကျင်ဖျင့်၏ အမှတ်တံဆိပ် စီမံကိန်း နှင့် ပတ်သက်နေသော ပြဿနာများကို အသိအမှတ်ပြု ဖော်ပြလေ့မရှိပါ။ သို့သော်လည်း OBOR တွင် ပြဿနာများ ရှိနေကြောင်း စတင်၍ သတိပြုမိလာကြပြီ ဖြစ်သည်။ အဆိုပါ သဘောတူညီချက်များ ပျက်ပြားခြင်းက OBOR သည် ကျိုးကြောင်းဆီလျော် ရှင်းလင်းသည့် ဗျူဟာတခု မပါဝင်သည့် အလွန်အကျွံ ရည်မှန်းချက်ကြီးသော ဆောင်ရွက်မှုတရပ် ဖြစ်သည်ဆိုသော အချက်နှင့် သက်ဆိုင်နေသည်။

OBOR ၏ ကုန်းတွင်း စီးပွားရေး စင်္ကြန် ၆ ခုမှ ၁ ခုသည် တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်း Xinjiang ပြည်နယ်မှနေ၍ ပါကစ္စတန် တနိုင်ငံလုံးကို ဖြတ်ကျော်၍ အာရေဗီယံပင်လယ်မှ ဂွါဒါ Gwadar ဆိပ်ကမ်းအထိ သွယ်တန်းထားသည်။ ပါကစ္စတန်က ထိုစီမံကိန်းသည် တရုတ်နိုင်ငံနှင့် ၎င်းတို့၏ နီးကပ်သော ဆက်ဆံရေး၏ အဓိက အစိတ်အပိုင်းတရပ်နှင့် ၎င်းတို့နိုင်ငံတွင် ကာလကြာရှည်စွာ ရှိနေခဲ့သော အခြေခံအဆောက်အဦး အားနည်းမှုကို ဖြေရှင်းရန် အားထုတ်မှု တခု အဖြစ် မြင်ခဲ့သည်။ သို့သော်လည်း စီမံကိန်းတွင် တရုတ်နိုင်ငံ၏ အဓိက စိတ်ဝင်စားမှုမှာ တရုတ်ကုမ္ပဏီများ အကျိုးအမြတ်ရရှိရေး သေချာစေရန်၊ ၎င်းတို့၏ ကုန်စည်များအတွက် ဈေးကွက်သစ်များ ရှာဖွေရန်နှင့် ပင်လယ်ရေကြောင်းလမ်းများ ပေါ်တွင် မှီခိုခြင်း မရှိသော ကုန်သွယ်လမ်းကြောင်းသစ် တခု ထူထောင်ရန် ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံက နားလည်သည်။

အဆိုပါ အခြေခံအဆောက်အဦ စီမံကိန်းများတွင် တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုကို ဝေဖန်သည်မှာ ပါကစ္စတန်နှင့် နီပေါ တို့သာ ဖြစ်ဖွယ်ရာ မရှိပါ။ OBOR ၏ အစိတ်အပိုင်း အနေဖြင့် အရေးပါသည့် အခြားသော စီးပွားရေး စင်္ကြန် တခု ထူထောင်ရန် တရုတ်နိုင်ငံက ရည်ရွယ်ထားသော အာရှအလယ်ပိုင်း နိုင်ငံများကလည်း မိတ်ဖက်များ အပေါ် အလွန်အကျွံ ဝန်ပိစေသည့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်များကို ကန့်ကွက်လာကြနိုင်ပါသည်။ အဆိုပါ နိုင်ငံများက တရုတ်နိုင်ငံ၏ ဘဏ္ဍာရေး အထောက်အပံ့ကို လိုချင်ပါသည်။ သို့သော်လည်း မည်သည့်နည်းဖြင့် ရသည်ဖြစ်စေ ယူလိုက်မည်ဆိုသည့် သဘောမျိုး ထားကြမည် မဟုတ်ပါ။

(geopoliticalfutures.com ပါ Kamran Bokhari ၏ China’s One Belt, One Road Faces Pushback ကို ဘာသာပြန်ဆိုသည်)

The post ခုခံမှုနှင့် ရင်ဆိုင်လာရသော တရုတ် ပိုးလမ်းမသစ် စီမံကိန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...