Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ရှစ်လေးလုံးက အသက် သွေး ချွေးတွေ ၂၁ ရာစုမှာ အားဖြစ်ခဲ့ပြီလား

$
0
0

မြန်မာပြည်သူ ပြည်သားတို့၏ မျက်ဝန်းလွှာထဲတွင် ဖျောက်ဖျက်၍ မရနိုင်သလို စိတ်ထဲတွင် ပျောက်ကွယ် မသွားဘဲ စွဲထင်စွာ ကိန်းအောင်းနေမည့် ပုံရိပ်ပေါင်းများစွာ၊ အကြောင်းအရာပေါင်း များစွာ ရှိနေလိမ့်မည် ထင်ပါသည်။ ထိုပုံရိပ်ပေါင်းများစွာထဲမှ လူတို့၏ နှလုံးအိမ်တွင် မှတ်မှတ်ထင်ထင် စွဲထင်မိသည်က ၈၈ (ရှစ်လေး လုံး)အရေးအခင်းပင်။

ယင်းအရေးအခင်းသည် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာရန်အတွက် အရေးကြီးသော လူထုလှုပ်ရှားမှုကြီးတခု ဖြစ်ခဲ့ရ သည်။ ပြည်သူလူထု၏ အထွေထွေမကျေနပ်မှုများကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အန်တုဆန့်ကျင်ခဲ့သော တော်လှန်ရေးလည်း ဖြစ်ခဲ့သည်။

တက္ကသိုလ်ကျောင်းသားများ၊ မိဘ ပြည်သူများနှင့် ရဟန်းသံဃာတော်များသည် ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ဒီမိုကရေစီ ဖွံ့ဖြိုးရေး၊ တစ်ပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေးတို့အတွက် တညီတညွတ်တည်း တောင်းဆို တိုက်ပွဲ ဝင်ခဲ့ ကြရာ ဦးနေဝင်း ဦးဆောင်သော တပ်မတော်က အပြစ်မဲ့ နိုင်ငံသားများအား စာနာမှု ကင်းမဲ့စွာဖြင့် သေနတ်များ ပစ်ခတ် ကာ ဟန့်တားခဲ့သည်။

ရာနှင့်ချီရှိမည့် ကျောင်းသားပေါင်း များစွာတို့၏ အသက်၊သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြရပြီး ဦးနေဝင်း ဦးဆောင် သည့် တစ်ပါတီ အာဏာရှင်စနစ်လည်း ပျက်စီးသွားခဲ့သည်။ သို့သော် ဦးနေဝင်းအစိုးရ ပျက်သုဉ်း သွားသော် လည်း ဗိုလ်ချုပ်စောမောင် ဦးဆောင်သည့် တပ်မတော်အရာရှိများက နောက်ထပ် အာဏာရှင်စနစ်တခုကို ပြန် လည် အသက်သွင်း အုပ်ချုပ်ခဲ့ပြန်သည်။

ဗိုလ်ချုပ်စောမောင် ဦးဆောင်သည့် တပ်မတော်အရာရှိများက နိုင်ငံမတည်ငြိမ်မှုများကြောင့် နိုင်ငံအုပ်ချုပ်ရေး ယန္တရားကို ခတ္တ ဝင်ရောက် ထိန်းသိမ်းပေးခြင်းဖြစ်ကာ ရွေးကောက်ပွဲ ကျင်းပပေးပြီးလျှင် စစ်တန်းလျားသို့ ပြန်မည်ဟု ဆိုခဲ့သည်။

ထို့နောက် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးခဲ့ပြီး ပါတီစုံ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်လာရေး စွမ်း ဆောင်ခဲ့သော်လည်း ၈၈(ရှစ်လေးလုံး) အရေးအခင်းတွင် ကျောင်းသားများ ပေးဆပ်ခဲ့သော အသက်၊ သွေး၊ ချွေးများက အားဖြစ်မလာဘဲ ဦးသန်းရွှေ ဦးဆောင်သော တပ်မတော်အရာရှိများက အာဏာတဖန် သိမ်းခဲ့ပြန်သည်။

“ ၈၈ ကတော့ အဓိက တောင်းဆိုတာက ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာရေး တောင်းဆိုမှုပေါ့နော်။ ဒါပေမဲ့ ကျောင်းသားတွေ အသက်၊ချွေးတွေ ပေးပြီး ကျနော်တို့ ရခဲ့တဲ့ အရာက တပ်မတော်က နိုင်ငံရေးမှာ ပါဝင် ပတ် သက်တဲ့ဟာပဲ ရလိုက်တယ်။ ၈၈ က အာဏာသိမ်းမှုနဲ့ပဲ ပြန်အဆုံးသတ်လိုက်ရတယ်”ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီကို ပြောသည်။

ကျောင်းသားများ အသက်၊ သွေး၊ ချွေးများသည် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်ရေးအတွက် ပေးဆပ်ခဲ့ရခြင်း ဖြစ် သော်လည်း အာဏာရှင်စနစ်ကို အာဏာရှင်စနစ်ဖြင့် ပြန်လည် အဆုံးသတ်ခဲ့ခြင်းကြောင့် မျှော်လင့်ချက်နှင့် မကိုက် ညီခဲ့ပေ။ ထို့နောက် ညောင်နှစ်ပင်ညီလာခံ ကျင်းပကာ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ခဲ့ ရာမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖော်ဆောင်၍ အရပ်သားအစိုးရနှင့် တပ်မတော် အစိုးရ ပူးပေါင်း နေရခြင်းကြောင့် ယနေ့အချိန်ထိ ဒီမိုကရေစီ စစ်စစ်မရသေးဟု ၎င်းက ပြောသည်။

ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာရေးအတွက်ဆိုလျှင် လွှတ်တော်အတွင်းမှ တပ်မတော် ထွက်ခွာသွားရန် လို အပ်ပြီး ကာကွယ်ရေးဝန်ကြီးအား အရပ်သားထဲမှ ခန့်အပ်ရန်နှင့် ဝန်ကြီးဌာနအချို့တွင် တပ်မတော်သားများအား ခန့်အပ် ရမည်ဆိုသော အချက်များကို ပယ်ရှားပေးရန် လိုအပ်သကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံတွင် နိုင်ငံ တော်အား ဦးဆောင်မှု အခန်းကဏ္ဍ၌ တပ်မတော်လည်း ပါဝင်ရမည်ဆိုသော အချက်များကို ပယ်ရှားနိုင် မှသာ လျှင် ၈၈(ရှစ်လေးလုံး)က ကျောင်းသားများ တောင်းဆိုခဲ့သော ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာမည်ဟု ဦးသန်းစိုးနိုင်က သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံကို အာဏာရှင်စနစ်ဖြင့် နောက်ဆုံး အုပ်ချုပ်ခဲ့သော ဦးသန်းရွှေ၏ တပ်မတော်အစိုးရသည် မြန်မာ့ နိုင်ငံရေး ထဲမှ ထွက်ခွာသွားပြီး ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့ ကာ ဦးသိန်းစိန် အစိုးရထံ အုပ်ချုပ်ရေး ယန္တရားကို လွှဲပြောင်းပေးအပ်ခဲ့သည်။

သို့သော် ဦးသိန်းစိန်သည် ဦးသန်းရွှေ ဦးဆောင်သော တပ်မတော်အစိုးရမှ ယူနီဖောင်း ပြောင်းလဲ၍ အုပ်ချုပ်ခြင်း ဖြစ်သည့် အတွက် ဒီမိုကရေစီစနစ်အဖြစ် ပြောင်းလဲသွားခြင်းမရှိဟု ဆိုခဲ့ကြပြီး အရပ်သား စစ်စစ် အစိုးရ တက်လာမှသာလျှင် ဒီမို ကရေစီနိုင်ငံ ဖြစ်မည်ဟု ဆိုကြသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ဆန္ဒမဲပေး ရွေးချယ် တင်မြှောက်လိုက်ခြင်းကြောင့် လက်ရှိ သမ္မတ ဦးထင်ကျော်အစိုးရသည် အရပ်သား အစိုးရစစ်စစ် ဖြစ်လာခဲ့သည်။ သို့သော် ဗဟိုချုပ်ကိုင်မှု များပြားနေခြင်း၊ အစိုးရ ၂ ရပ် ဖြစ်နေခြင်းနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးက အမျိုးသား လိုက်လျောရေး ဖြစ်နေခြင်းတို့ကြောင့် ဒီမိုကရေစီအစိုးရ တရပ် ကို မဖော်ဆောင်နိုင်သေးကြောင်း ဆိုကြသည်။

“ ၈၈(ရှစ်လေးလုံး)က အဓိကတောင်းတာ အာဏာရှင်စနစ် ဖြုတ်ချရေးနဲ့ ဒီမိုကရေစီရဖို့ပေါ့။ အကြမ်းအားဖြင့် ပေါ့နော်။ ဒါပေမဲ့ ဒီထက် ပိုများတယ်။ ဒီမိုကရေစီဆိုတဲ့နေရာမှာ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပါ တွဲပါ လာတယ်။ လက်ရှိ အစိုးရမှာ ဒီအရာတွေ မရသေးဘူ”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) မှ ကိုအောင်မှိုင်းဆန်းက ဧရာဝတီကို ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာရှင်စနစ် ရှိနေသေးခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တပ်မတော်က မူ ၆ ချက်ကို ကိုင်စွဲထားခြင်း၊ လက်နက်ကိုင်အဖွဲ့အားလုံး တပ်မတော်အောက်( နယ်ခြားစောင့် တပ်ဖွဲ့(BGF)နှင့် ပြည်သူ့စစ် အဖြစ် ပြောင်းခိုင်းခြင်း)သို့ ဝင်ရောက်ခိုင်းခြင်းတို့ကြောင့် ဒီမိုကရေစီနိုင်ငံ ဖြစ်ရေး အတွက် အဟန့်အတား ဖြစ်နေသေး သည် ဟု ၎င်းက ဆိုသည်။

“ဒီမိုကရေစီလည်း မရသေးဘူး။ ၈၈ က တောင်းဆိုချက်တွေလည်း မရသေးဘူး။ အခု အစိုးရသစ်က လုပ်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံက ထွက်ပေါက်ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ လက်ရှိလုပ်နေတဲ့ နည်းလမ်းအရ မဖြစ်နိုင် ဘူး။ တပ်မတော်က များများလျှော့ပေးဖို့လိုတယ်”ဟု ဦးသိန်းစိန် အစိုးရလက်ထက် ကျောင်းသား လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူများအနက် တဦးလည်းဖြစ်ခဲ့သူ ကိုအောင်မှိုင်းဆန်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံသည် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာ ရွေးကောက်ပွဲများ ကျင်းပပေးနေပြီး အမျိုး သား ရင်ကြားစေ့ရေးကို ဆောင်ရွက်နေသော်လည်း ပြည်သူလူထု အားလုံး လိုလားတောင့်တသည့် ဒီမိုကရေစီ စံနှုန်း အပြည့်အဝ မရရှိသေးကြောင်း နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုနေကြသည်။

အဘယ်ကြောင့်ဆိုသော် တပ်မတော်သည် လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ် အရေအတွက်ကို ရယူထားခြင်း အပါအဝင် ဗဟိုချုပ်ကိုင်မှု လွန်ကဲနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အား ပြင်ဆင်လိုပါက ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရမှသာလျှင် ပြင်ဆင်နိုင်ကြောင်း ထည့်သွင်းထားခြင်း၊ အစိုးရနှင့် တပ်မတော်အကြား အုပ်ချုပ်ရေး ယန္တရားမှာ တခုတည်းမဟုတ်ဘဲ အစိုးရ ၂ ရပ်သို့ ဖြစ်နေခြင်း၊ ဝန်ကြီးဌာန အချို့တွင် တပ်မတော်သား ကိုယ်စားလှယ်များကို ခန့်အပ်တာဝန်ပေးနေရခြင်း၊ နိုင်ငံသား တ ယောက်၏ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်နှင့် ပြောဆိုခွင့်အပေါ် ထိန်းချုပ်နေခြင်း၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှ အခွင့်အရေး ရပိုင်ခွင့်အပေါ် ထိန်းချုပ် ကန့်သတ်နေခြင်း စသည့် အကြောင်းအရာများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်ရေးကို ဟန့်တားနေသည်။

ထို့ကြောင့် ၈၈(ရှစ်လေးလုံး) အရေးအခင်းတွင် အသက်၊သွေး၊ ချွေးများ ပေးဆပ်ခဲ့သော ကျောင်းသားများ၊ မိဘ ပြည်သူများ၊ ရဟန်းသံဃာများ၏ ဒီမိုကရေစီ ပန်းတိုင်သည် လက်ရှိ ၂၁ ရာစုသို့ ရောက်ရှိလာခဲ့သော်လည်း အား အဖြစ် ဖြစ်တည်မလာသေးဘဲ ကန့်သတ် ထိန်းချုပ်မှုများကို ခံနေကြရသည်။

“ ကျောင်းသားတွေ အသက်၊ချွေးတွေနဲ့လုပ်ခဲ့တဲ့ ၈၈ ဒီမိုကရေစီတော်လှန်ရေးက အခုဆို လူကြီးတွေတောင် ဖြစ်လာကြပြီ။ နိုင်ငံရေး ရလဒ်တွေက မရသေးဘူး။သူတို့ လိုချင်ခဲ့တာက ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အာဏာရှင်စနစ် ပျက်သုဉ်းရေးပါ။ အခုက အစိုးရ ၂ ရပ်ဖြစ်နေတယ်။ အပြစ်မတင်ချင်ပါဘူး ဒါပေမဲ့ မပြောလို့ လည်း မဖြစ်ပြန်ဘူး”ဟု ရခိုင်အမျိုးသား ပါတီ (ANP)၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဧရာဝတီကို ပြောသည်။

လက်ရှိ NLD အစိုးရ သည် ဗဟိုချုပ်ကိုင်မှု များနေကြောင်း၊ ဝန်ကြီးဌာန သုံးခုကို တယောက်တည်း ကိုင်ဆောင်နေခြင်းနှင့် တပ်မတော်က လုံခြုံရေးကို ချုပ်ကိုင်ထားခြင်းတို့ကြောင့် ၈၈(ရှစ်လေးလုံး)က တောင်းဆိုခဲ့သည်များ ယနေ့အချိန်ထိ မရ သေးဟု ၎င်းက ဆိုသည်။

“ပြည်သူ့အသံကို နားထောင်ဖို့ လိုတယ်။ ပြည်သူတွေရဲ့ နေ့စဉ်ဒုက္ခတွေကို သိဖို့လိုတယ်။ ပြည်သူလိုလားတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မှ အစိုးရကောင်း တရပ်ဖြစ်မယ်။ ၁၀၀ ရာခိုင်နှုန်း ချုပ်ကိုင်ပြီး ၁၀ ရာခိုင်နှုန်း ပြန်ပေးတာထက် ၃၀ ရာခိုင်နှုန်းလောက်တော့ ပြန်ပေးသင့်တယ်”ဟုလည်း ဦးထွန်းအောင်ကျော်က ပြောသည်။

၈၈(ရှစ်လေးလုံး)အရေးတော်ပုံ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သော ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေးက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အမျိုးသား ရင်ကြားစေ့ရေးကို အဟန့် အတားဖြစ်စေပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး သို့သွားနိုင်ရန် အဟန့်အတား ဖြစ်နေသည်ဟု ဆိုသည်။

“လက်ရှိ နိုင်ငံရဲ့ အခြေအနေကို အားမနာတမ်း ပြောရမယ်ဆိုရင် ပို၍တောင်မှ ဝေးကွာလာသလားလို့။ ဒါ ကျနော့်ရင်ထဲက ခံစားချက်ပဲ။ အဓိက အတားအဆီး ဖြစ်နေတာ ရှိတယ်။ ဒါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ”ဟု ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အစိုးရ ယန္တရားကို လည်ပတ်နေသည်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖွဲ့စည်းထားသော အရပ်သား စစ်စစ် အစိုးရသစ် ဖြစ် သည်။

သို့သော် ၈၈(ရှစ်လေးလုံး) အရေးတော်ပုံကြီးသည် ၂၉ နှစ် ပြည့်လာပြီ ဖြစ်သော်လည်း ထိုစဉ် အချိန်ကာလက တောင်း ဆိုခဲ့ကြသော တောင်းဆိုမှုများသည် ယနေ့ အရပ်သား အစိုးရစစ်စစ် ပေါ်ပေါက်လာသည့်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေး၍ အသက်၊သွေး၊ချွေးများ ပေးဆပ်ကာ ဒီမိုကရေစီ တိုက်ပွဲဝင်ခဲ့သော ကျောင်းသားများ၏ အားသည် ၂၁ ရာစုမှာလည်း အသက်ဝင် လှုပ်ရှားခြင်း မရှိသေးဘဲ ဥပေက္ခာပြု ခံနေကြရဆဲ ဖြစ်နေသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ဖြစ်ရပ်များကို သင်ပုန်းချေခဲ့ပြီးဖြစ်ကြောင်း ပြော ဆိုခဲ့သော်လည်း ၈၈(ရှစ်လေးလုံး) အရေးတော်ပုံတွင် အသက်ပေါင်း များစွာ စတေးပြီး တိုက်ပွဲဝင်ခဲ့ရမှုကိုတော့ဖြင့် မေ့ ပျောက်ကာ မျက်ကွယ်မပြုရန် လိုအပ်မည် ထင်သည်။

“ပြည်သူအများစုနဲ့ တိုင်းရင်းသားတွေ လိုချင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု၊ တနည်းအားဖြင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုသွားဖို့ အားလုံးမှာကော နိုင်ငံရေးဆန္ဒရှိကြပြီလား ဆိုတာတော့ ကျနော်တို့မှာ မေးခွန်း ထုတ်စရာ ရှိတယ်”ဟု ၈၈(ရှစ်လေးလုံး)အရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့သော ကျောင်းသား ခေါင်းဆောင် ဦးမြအေးက ၎င်း၏ အမြင်ကို ပြောပြခဲ့သည်။

The post ရှစ်လေးလုံးက အသက် သွေး ချွေးတွေ ၂၁ ရာစုမှာ အားဖြစ်ခဲ့ပြီလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...