Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ရခိုင်နိုင်ငံရေးပါတီများ အကွဲအပြဲနဲ့ ရခိုင်ပြည်သူတို့ အနာဂတ်

$
0
0

ရခိုင်အမျိုးသားပါတီ (ANP) မှ ထုတ်ပယ်ခံလိုက်ရတဲ့ ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က ပါတီခေါင်းဆောင်တွေ ဦးစီးတည်ထောင်တဲ့ ALD ပါတီသစ်အဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) ကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နဲ့ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရပါတီတို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ဟာ ရခိုင်ပြည်သူတွေ၊ ရခိုင်ရဟန်းသံဃာတွေ တိုက်တွန်းမှုကြောင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ပေါင်းစည်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပါတီကြီးနှစ်ခု ဖြစ်တဲ့ RNDP နဲ့ ALD ပါတီတို့ ပူးပေါင်း လိုက်မှုကြောင့် ရခိုင်ပြည်သူတွေရဲ့ အပြည့်အဝ ထောက်ခံမှုတွေနဲ့ ရခိုင်ပြည်နယ်မှာ မဲအများဆုံး အနိုင်ရရှိထားတဲ့ ပါတီတခု ဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ရွေးကောက်ပွဲ ပြီးတဲ့နောက် ANP ပါတီက ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေကြား သဘောထား တင်းမာမှုတွေ ဖြစ်ပြီးနောက် ယခင် ALD အုပ်စုကို ပါတီစည်းမျဉ်း ချိုးဖောက်တယ် လို့ စွပ်စွဲကာ ပါတီမှ ထုတ်ပယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ALD ပါတီက လက်ရှိသုံးစွဲမယ့် ပါတီ အမှတ်အသားဟာ ANP ပါတီရဲ့ပါတီ အမှတ်အသား တံဆိပ်နဲ့ ဆင်တူယိုးမှား ရှိတာကြောင့် ANP ပါတီက ကန့်ကွက်ခဲ့ပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။

ရခိုင်ပြည်သူတွေက ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေ ညီညွတ်ပြီး ရခိုင်နိုင်ငံရေး မျော်မှန်း ချက်တွေကို ရရှိအောင် ကြိုးပမ်းနေတာကို မြင်ချင်ကြပေမယ့် တကယ့် လက်တွေ့မှာ ရခိုင်ပြည်သူတွေ မျော်မှန်းထား သလို ဖြစ်မလာဘဲ ရခိုင်နိုင်ငံရေး ပါတီတွေ အကွဲအပြဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီလို ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပါတီတွင်း အကွဲအပြဲ ဘာကြောင့် ဖြစ်လာရသလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ၊ ရှေ့အနာဂတ်မှာ ဘယ်လို ဖြစ်လာနိုင်သလဲ လေ့လာသုံးသပ်ကြည့်ရအောင်ပါ။

တကယ်တော့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပါတီတွင်း အကွဲအပြဲဟာ ယနေ့အချိန်မှ ဖြစ်တဲ့ ပြသနာ မဟုတ်ပါဘူး။ ပါတီတွင်း အကွဲအပြဲ ဖြစ်နေတာ အချိန်အတော် ကြာနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ရခိုင်ပြည်နယ် သံတွဲမြို့မှာ ကျင်းပ ပြုလုပ်ခဲတဲ့ ပါတီညီလာခံမှာ ပါတီတွင်း အုပ်စုဖွဲ့မှုတွေနဲ့ ထိန်းမနိုင်၊ သိမ်းမနိုင် ဖြစ်ခဲ့ကြပြီးတဲ့နောက် RNDP အုပ်စုက ANP ပါတီရဲ့ ပါတီထိပ်ပိုင်း ခေါင်းဆောင်နေရာ အများစုကို ရရှိခဲ့ပါတယ်။ ပါတီညီလာခံ ပြီးတဲ့ နောက်ပိုင်းမှာ လည်း ANP ပါတီ ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဒေါက်တာအေးမောင် ဟာ ပါတီတွင်းပြဿနာတွေကို ဖြေရှင်းရေး၊ ပါတီ စည်းလုံး ညီညွတ်ရေး တည်ဆောက်မှုကို လျစ်လျူရှုနေခဲ့ပါတယ်။

ဒါအပြင် ၂၀၁၅ ရွေးကောက်ပွဲအတွက် ANP ပါတီတွင်း ကိုယ်စားလှယ် ရွေးချယ်ရာမှာ ပါတီစည်းကမ်းကို ချိုးဖောက်ပြီး ကိုယ့်ရဲ့ အုပ်စု နေရာ ရရှိရေးကို ရှေ့တန်းတင်ခဲ့ကြပါတယ်။ အထူးသဖြင့် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကိုယ်တိုင် ပါတီစည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ခဲ့တဲ့ သက်သေ အထောက်အထားတွေ ရှိပါတယ်။ ဒါပေမယ့် ပါတီ စည်းကမ်းထိန်းသိမ်းရေးက အရေးမယူခဲ့ပါဘူး။

အဲဒီ အချိန်က ရွေးကောက်ပွဲကိုယ်စားလှယ် ရွေးချယ်ရာမှာ ALD ဘက်တော်သားလို့ သံသယ ရှိတဲ့ ကိုယ်စားလှယ်တွေကို မရွေးချယ်ဘဲ RNDP အုပ်စုက ကိုယ်စားလှယ်တွေကိုသာ ရွေးချယ်ခဲ့ပါတယ်။ ထူးခြားတာက ALD အုပ်စုကတော့ လက်ရှိ အမျိုးသား လွတ်တော် ဒုဥက္ကဌ ဦးအေးသာအောင်နဲ့ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ တို့ ၂ ယောက်သာ ရွေးချယ်ခံခဲ့ ရပါတယ်။

လက်ရှိ အခြေအနေမှာ ANP နဲ့ လက်ရှိ ALD ပါတီတွေဟာ နိုင်ငံရေး အခြေခံမူတွေ တူညီကြတယ် လို့ ပြောလို့ရပေမယ့် အဲဒီ နိုင်ငံရေး အခြေခံမူတွေကို ရရှိဖို့ ချဉ်းကပ်မှုတွေ၊ နည်းလမ်းတွေကတော့ သိသိသာသာ ကွဲပြားတဲ့ ကြတယ် လို့ ပြောရမှာပါ။

ပြောရမယ် ဆိုရင် ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ယခင် RNDP အုပ်စု (ယခု ANP) ပါတီကတော့ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ပြုထားခဲ့တဲ့ USDP နဲ့ မဟာမိတ် ပုံစံနဲ့ ချဉ်းကပ်ပြီး၊ အခြား တဖက် ဦးအေးသာအောင် ဦးဆောင်တဲ့ ALD ကတော့ ယခင် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း စစ်အစိုးရကို အတူတကွ ဆန့်ကျင် လာတဲ့ NLD ပါတီနဲ့ မဟာမိတ် ပုံစံနဲ့ ချဉ်းကပ်ပြီး သူတို့ရဲ့ နိုင်ငံရေး မျော်မှန်းချက် ရရှိဖို့ ကြိုးပမ်းကြပါတယ်။

တကယ်တော့ လက်ရှိ စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ တိုင်းရင်းသားပါတီ တခုက ဗမာပါတီကြီး တခုနဲ့ မဟာမိတ် မဖွဲ့ဘဲ သီခြားရပ်တည်ပြီး ကိုယ့်ရဲ့ နိုင်ငံရေး မျော်မှန်းချက် ရရှိအောက်ကြိုးပမ်းဖို့ ဆိုတာ အယ်မတန် ခက်ခဲ့တဲ့ အကျပ်အတည်းတွေ ဖြစ်နေပါသေးတယ်။

ဒါအပြင် ရခိုင်အမျိုးသား ပါတီ (ANP) ရဲ့ ပါတီတွင်း အုပ်စု နှစ်ခုရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေ သိသိသာသာ ကွဲပြားလာ တာကတော့ NLD ရဲ့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ဖွဲ့စည်းခဲ့ ချိန်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ANP ပါတီဟာ ရခိုင်ပြည်နယ်မှာ မဲအများဆုံး အနိုင် ရရှိခဲ့တာကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းဖို့ NLD ကို တောင်းဆိုခဲ့ ပါတယ်။ ဒါပေမယ့် NLD ပါတီက ANP ပါတီရဲ့ တောင်းဆိုမှုကို လျစ်လျုရူပြီး ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အညီ ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အဲဒီ မတိုင်ခင် ရခိုင်အမျိုးသားပါတီ (ANP) ပါတီဘက်ကတော့ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေး သူတို့ရဲ့ တောင်းဆိုမှုကို မလိုက်လျော့ရင် အစိုးရအဖွဲ့နဲ့ မပူးပေါင်းဘူး၊ အတိုက်အခံပါတီ အဖြစ်နဲ့သာ ရပ်တည်မယ် လို့ တရားဝင် သဘောထား ထုတ်ပြန် ထားပါတယ်။

ဒါပေမယ့် လက်ရှိ အမျိုးသား လွတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်တဲ့ လက်ရှိ ALD ကတော့ ရခိုင်အမျိုးသား ပါတီ (ANP) ပါတီရဲ့ ထုတ်ပြန်ချက်ဟာ သူတို့ရဲ့ သဘောထား မဟုတ်ဘူး၊ လက်ရှိ NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် ရမယ် ဆိုပြီး ရပ်တည်ခဲ့ပါတယ်။

အဲဒီလို သဘောထား ကွဲလဲမှုတွေ ဖြစ်နေချိန်မှာဘဲ NLD ပါတီက လက်ရှိ အမျိုးသားလွတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင် နဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စိုက်ပျိုးရေး မွေးမြူရေး၊ သစ်တောဝန်ကြီး နေရာမှာ ခန့်အပ်ခဲ့ပါတယ်။

အဲဒီ ဂယက်ရဲ့ ရိုက်ခတ်မှုဟာ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပါတီတွင်း RNDP အုပ်စုနဲ့ ALD အုပ်စုကြား သဘေားထား ရပ်တည်ချက်တွေ ကွဲပြားလာပြီး ပါတီတွင်း အကွဲအပြဲတွေ ဖြစ်ပေါ်လာခဲ့သလို၊ ရခိုင်အမျိုးသား ပါတီ(ANP) နဲ့ NLD ပါတီတို့ကြား ပြင်းထန်တဲ့ တင်းမာမှုတွေ ဖြစ်ပြီး ပါတီချင်း ဆက်ဆံရေး လုံးဝ ဖြတ်တောက်ခဲ့ရပါတယ်။

ပြောရမယ် ဆိုရင် ANP ပါတီရဲ့ အကွဲအပြဲ ဖြစ်ရတာဟာ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ အထူးသဖြင့် ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ရဲ့ ခေါင်းဆောင်မှု ညံ့ဖျင်းမှုတွေ၊ ပါတီတွင်း စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်မှုတွေ၊ မူဝါဒ၊ စည်းမျဉ်း၊ စဉ်းကမ်းတွေ မလိုက်နာမှုတွေကြောင့်ပါတီအကွဲအပြဲ ဖြစ်ခဲ့ရတာ ဖြစ်သလို ရခိုင်ဒီမိုကရေစီအဖွဲချုပ် (ALD) သစ် အဖြစ် ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။

အခုလို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပေါ်ပေါက်တာကို ဆန့်ကျင်သူတွေကတော့ “ရခိုင်အမျိုးသား သစ္စာဖောက်တွေ” “ငသံတွေ” အုပ်စု စတဲ့ စကားတွေနဲ့ ထိုးနက် တိုက်ခိုက်မှုတွေရှိ နေသလို၊ တဖက်မှာလည်း ထောက်ခံသူတွေကတော့ ရခိုင်လူထု အတွက် နောက်ထပ် ရွေးချယ်စရာ တခု ပေါ်လာသလို၊ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြောင်းလဲလာ နိုင်မယ် လို့ မျော်လင့် သူတွေနဲ့ အပြန်အလှန် ထိုးနက်မှုတွေ ရှိနေပါတယ်။

ဒါပေမယ့် လက်ရှိ အနေအထားအရ ရခိုင်အမျိုးသားရေးပါတီ (ANP) ဟာ ရခိုင်ပြည်သူ လူထုကို အမျိုးသားရေး ဆန်ဆန် လှုံ့ဆော် စည်းရုံးမှုတွေကြောင့် ရခိုင်လူထုရဲ့ ထောက်ခံမှု အများဆုံးရရှိ ထားတဲ့ ပါတီတခုဖြစ်ပြီး၊ ပါတီရဲ့ လုပ်ဆောင်ချက် တွေကို စိတ်ပျက် နေသူတွေလည်း များစွာ ရှိလာပါတယ်။ အဲဒီလို အချိန်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေနဲ့ ရခိုင် ပြည်သူတွေရဲ့ ထောက်ခံမှု ရရှိလာအောင် ဘယ်လိုနိုင်ငံရေးမူဝါဒတွေ၊ ချဉ်းကပ်မှုတွေနဲ့စည်းရုံးမလဲ၊ ဒါအပြင် ရခိုင်အရေးနဲ့ပတ်သက်ပြီး ဘယ်လို ရပ်တည် လာမလဲ ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ALD ပါတီတည်ထောင်လိုသူ တဦးဖြစ်တဲ့ ဦးမျိုးကျော် ကတော့ “ရခိုင်အမျိုးသားအကျိုးစီးပွား၊ နိုင်ငံရေး မူဝါဒတွေလည်း ပြောင်းလဲသွားမှာ ဖြစ်သလို၊ ရခိုင်လူထုကို မဲဆွယ် စည်းရုံးတဲ့ အချိန်မှာလည်း စိတ်ဓာတ် ပြောင်းလဲရေးကို အဓိကထား စည်းရုံးသွားမှာ” လို့ မီဒီက တဆင့် ပြောကြားထား ပါတယ်။

တကယ်တော့ လက်ရှိ ရခိုင်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး အကျပ်တည်းတွေနဲ့ ရင်ဆိုင် နေရချိန်မှာ ရခိုင်နိုင်ငံရေးပါတီတွေ အကွဲကွဲ အပြဲပြဲ ဖြစ်လာတာဟာ အပြုသဘော ဆောင်တဲ့ လက္ခတာတော့ မဟုတ်ပါ။ ရခိုင်နိုင်ငံရေး ပါတီတွေ အကွဲအပြဲ တွေကြောင့် ရခိုင်တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေမှာ တပါတီနဲ့ တပါတီ မညှိနှိုင်း နိုင်ဘူး၊ မဆွေးနွေး နိုင်ကြဘူး ဆိုရင် အနာဂတ် ရခိုင်ပြည်သူတွေအတွက် ဆိုးကျိုးနဲ့ကြုံတွေ့ရဖို့ အလားအလာ ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ယနေ့ အချိန်အခါမှာ ရခိုင်နိုင်ငံရေးမှာ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပြိုင်ဖက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီသစ် အဖြစ် ပေါ်ထွက်လာခဲ့ပြီး၊ ပါတီ ၂ ခုကြား ဘယ်လို မူဝါဒတွေနဲ့ ပြိုင်ဆိုင်ကြမလဲ၊ ဘယ်ပါတီက ရခိုင် လူထုထောက်ခံမှု ရရှိလာမလဲ ဆိုတာ စောင့်ကြည် နေရဦးမှာ ဖြစ်ပါတယ်။

ရခိုင်နိုင်ငံရေးပါတီတွေ အနေနဲ့ အတ္တအခြေပြု နိုင်ငံရေးကို ရှေ့တန်းတင်တာထက် ရခိုင်အမျိုးသား အကျိုးစီးပွား၊ ရခိုင်ပြည်သူတွေ အကျိုးစီးပွားကို ဆောက်ရွက်ဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

(ထွန်းထွန်းနိုင်သည် ၂၀၁၃ ခုနှစ် ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာ စီမံကိန်းရေးဆွဲရေးနှင့် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ ရရှိခဲ့ပြီး၊ ရခိုင်နိုင်ငံရေး နှင့် မူဝါဒရေးရာ လေ့လာသုံးသပ်ချက် ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။)

The post ရခိုင်နိုင်ငံရေးပါတီများ အကွဲအပြဲနဲ့ ရခိုင်ပြည်သူတို့ အနာဂတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...