နာဇီဂျာမန်တပ်မတော်ကြီးရဲ့ဖခင်ကြီး ဟစ်တလာကို လူတိုင်းသိကြပါတယ်။ ကမ္ဘာကျော် ဂျူးလူမျိုးတုန်းသတ်ဖြတ်မှုကြီးကို စီရင်ဆောင်ရွက်ချက်များနဲ့အတူ အာဏာရှင်ကြီးအဖြစ် ထင်ရှားတာဖြစ်ပါတယ်။
၎င်းရဲ့ဂျူးလူမျိုးနှိပ်ကွပ်ရှင်းလင်းရေးမှာ ၁၉၃၉ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးတွင်း ဂျူးလူမျိုး ၆သန်းကျော်ကို သတ်ဖြတ်ခဲ့ပါ တယ်။ ထိုအနက်ရောင်စီမံကိန်းကြီးကို ဟစ်တလာက အမိန့်ပေး၊ မြေပြင်ဆောင်ရွက်ချက်များကို အများဆုံး လုပ်ဆောင်ခဲ့ သူကတော့ ဒု ဗိုလ်မှူးကြီး အိုက်ခမန်းပဲဖြစ်ပါတယ်။
ဒု ဗိုလ်မှူးကြီး အိုက်ခမန်း နာဇီတို့၏ပင်မလုံခြုံရေးဌာနမှာ တာဝန်ထမ်းဆောင်နေစဉ်ကာလများအတွင်း အရေအတွက် သုံး သန်းကျော်မျှ ရှိတဲ့ ဂျူးလူမျိုး အရွယ်စုံတို့ဟာ အော့ဇ်ဝစ်ဇ်အစရှိသော နာဇီအကျဉ်းစခန်းများသို့ ပို့ဆောင်ခံရပြီး မပြန်လမ်း သို့ မြန်းကြရပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ နာဇီပါတီပြိုလဲချိန် အိုက်ခမန်းဟာ မသေဘဲ ထွက်ပြေးလွတ်မြောက်သွားြ့ပီး ၁၅ နှစ်ကျော် ကြာ တဲ့အထိ ၁၉၆၁ခုနှစ်တွင် နာမည်ကျော် အစ္စရေးထောက်လှမ်းရေး မော့ဆက်မှ ခြေရာခံမိကာ အာဂျင်တီးနားနိုင်ငံမှ အစ္စရေး နိုင်ငံသို့ လျှို့ဝှက်စွာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြီး အစ္စရေးနိုင်ငံတွင်းတွင် ရုံးတင်စစ်ဆေးခံရသည်။
ထူးခြားတဲ့အချက်မှာ ဂျူးတို့ကို မျိုးတုန်းသတ်ဖြတ်မှုကြောင့် ဒု ဗိုလ်မှူးကြီး အိုက်ခမန်းအပေါ် ပြစ်ဒဏ်ရှိမရှိကို စစ်ဆေးတဲ့ တရားရုံးက ဂျူးနိုင်ငံဖြစ်တဲ့ အစ္စရေးမှာဖြစ်ပြီး တရားသူကြီး ၃ ဦးမှာ ဂျူးလူမျိုးများဖြစ်နေခြင်း ဖြစ်ပါတယ်။ မြန်မာလို ဆို ရရင်တော့ ဝဋ်မှာ အမြဲ ငရဲမှာအပ ဆိုရမယ်ထင်တယ်။
ယခုစာအုပ်ကတော့ ကွယ်လွန်သူစာရေးဆရာကြီး လင်းယုန်မောင်မောင်ရဲ့မာစတာပိတခုလို့ပြောလို့ရတဲ့ တရားရုံးရောက် နာဇီစစ်တရားခံ ဒုဗိုလ်မှူးကြီး အိုက်ခမန်း စစ်ဆေးချက် လျှောက်လဲချက်များပဲဖြစ်ပါတယ်။ မြန်မာဘာသာဖြင့် ၁၉၉၇ က တကြိမ် ယခု ဒုတိယအကြိမ်မြောက် ထုတ်ဝေတာဖြစ်ပါတယ်။
မူရင်းစာအုပ်အမည်မှာ The Trial of Adolf Eichmann ဖြစ်ပြီး ရေးသားသူမှာ Lord Russel of Liverpool ဖြစ်ပြီး ၁၉၆၂ ခုနှစ်က အင်္ဂလန်နိုင်ငံ The Windmill Press Ltd, မှ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။
စစ်တရားခံ ဒုဗိုလ်မှူးကြီး အိုက်ခမန်းကလည်း မိမိအပေါ် စွဲချက်တင်ထားသမျှအားလုံးကို အပြစ်မရှိပါဟု လျှောက်ထားခဲ့ ပါတယ်။
စစ်တရားခံ ဒုဗိုလ်မှူးကြီး အိုက်ခမန်းကို စွဲချက်တင်ခဲ့တဲ့ စစ်ရာဇဝတ်အမှု ၁၅မှု ကတော့ စာမျက်နှာ(၁၈-၂၁) တွင်းမှာ ဖော်ပြ ထားပါတယ်။

“ပထမစွဲချက်”
ဂျူးအမျိုးသားများအပေါ် ရာဇဝင်မှုများကျူးလွန်ခြင်း
ဤအမှုတွင် “အိုက်ခ်မန်း” သည် အခြားသူများနှင့်အတူ “အော့စ်ဝစ်”၊ “ချဲလ်ပဒို”၊ “ဘော့ဘီအား”၊ “ထရီကလင်ကား မေဒင် နက်” အစရှိသည့် ချွေးတပ်အကျဉ်းစခန်းများတွင် သန်းပေါင်းများစွာသော ဂျူးများအား အဆိပ်ဓာတ်ငွေ့လွှတ်၍ လည်း ကောင်း၊ အခြားနည်းမျိုးစုံတို့ဖြင့်လည်းကောင်း သုတ်သင်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် “အိုက်ခ်မန်း” သည် အခြား ဂျာမန်တပ် မတော် အရာရှိလေးဦးနှင့်အတူအေ-ဘီ-စီ-ဒီ စသည့် ချွေးတပ်စခန်းများရှိရာ ရုရှားပြည်တွင် ၁၉၄၁ ခုနှစ်၊ ဇွန်လမှ ၁၉၄၂ ခု နိုဝင်ဘာလအတွင်း ဂျူးလူမျိုးပေါင်း ၃၆၃၀၀၀ (သုံးသိန်းခြောက်သောင်းသုံးထောင်ထက်မနည်း) သုတ်သင် သတ်ဖြတ်ခဲ့ သည်။
“ဒုတိယစွဲချက်”
ဂျူးအမျိုးသားများအားဆန့်ကျင်သည့် ရာဇဝတ်မှုများ ကျူးလွန်ခြင်း
ဤအမှုတွင် တရားခံသည် အခြားတပါးသောသူများနှင့်အတူ ဂျူးလူမျိုးများအားနောက်ဆုံးရှင်းလင်းသုတ်သင်သည့် ပြ ဿနာကို ဖြေရှင်း ရာ၌သန်းပေါင်းများစွာသော ဂျူးများအားသတ်ဖြတ်သုတ်သင်ရန် လုပ်ဆောင်သည့်အနေဖြင့် ချွေးတပ် အလုပ်ကြမ်းစခန်းများတွင် ညှင်းပန်းစေခိုင်းခြင်း၊ “ဂက်တို” ခေါ် သီးသန့်ရပ်ကွက်များတွင် ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ စခန်းတခုမှ တခုသို့လည်းကောင်း၊ ချွေးတပ် အလုပ်ကြမ်းစခန်းတခုမှ တခုသို့လည်းကောင်း၊ အဓမ္မပြောင်းရွှေ့ခဲ့ခြင်း၊ လူ သားမဆန်သည့် အခြေအနေများဖြင့် ၎င်းတို့အားအစုလိုက် အပြုံလိုက် ရွှေ့ပြောင်းခဲ့ခြင်း။
“တတိယစွဲချက်”
ဂျူးအမျိုးသားများအားဆန်ကျင်သည့် ရာဇဝတ်မှုများ ကျူးလွန်ခြင်း
ဤအမှုတွင် ၁၉၃၈ ခု၊ နိုဝင်ဘာလ ၉ ရက်၊ ၁၀ ရက်နေ့ ညများတွင် (မှန်များကိုရိုက်ခွဲခဲ့သော) ဂျူးလူမျိုး ၂၀၀၀၀ (နှစ် သောင်း) ခန့် ကိုအစုလိုက်အပြုံလိုက် နှိပစ်က်ညှင်းပန်း၍ အတင်းအဓမ္မ ရွှေ့ပြောင်းခဲ့ခြင်း၊ ဂျာမနီနိုင်ငံတွင် ဂျူးလူမျိုးများ အား လူမှုရေးနှင့် စီးပွားရေးအရသပိတ်မှောက်ခြင်း “နုရင်ဘတ် ဥပဒေ” အရမှတ်ပုံတင်လျှောက်လွှာများ လျှောက်ထား ရခြင်းနှင့် အစုလိုက် အပြုံလိုက် ဖမ်းဆီးကာ “ပါချောင်” နှင့် “ဘူချောင်ဝါ” ချွေးတပ်စခန်းများသို့ အဓမ္မပို့ဆောင်ခဲ့ခြင်း။
“စတုတ္တစွဲချက်”
ဂျူးအမျိုးသားများအားဆန့်ကျင်သည့် ရာဇဝတ်မှုများကျူးလွန်ခြင်း
ဤအမှုတွင် တရားခံသည် အရှေ့ဘက်ဒေသမှ သာရက်စီယန်စတက်နှင့် အခြားစခန်းများတွင် ကျူးလွန်ခဲ့သည့်အမှုများ အပါအဝင် ဂျူးများနှင့် ဂျက်ပစီလူမျိုးများအားသားသမီးများမမွေးဖွားနိုင်အောင် သွေးကြောများ ဖြတ်ပစ်ခြင်း၊ ကိုယ်ဝန် ဆောင် အမျိုးသမီးများအား သဘာဝမကျသည့် အဓမ္မနည်းများဖြင့် ကိုယ်ဝန်ဖျက်ချခြင်းစသည်တို့ဖြင့် ဂျူးလူမျိုးများ မျိုး ပြုတ်အောင် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း။
“ပဉ္စမစွဲချက်”
လူသားများအပေါ် ရာဇဝတ်မှုများ ကျူးလွန်ခြင်း
ဤအမှုတွင် ၁၉၃၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်းလူသတ်မှုများညှဉ်းပန်းနှိပ်စက်မှုများ၊ ကျွန်ပြုမှုများ၊ အစာရေစာ အငတ် ထားခြင်းများနှင့် ဂျာမနီနှင့် ဝင်ရိုးတန်းနိုင်ငံများသို့ ဂျူးများအားအဓမ္မပို့ဆောင်ခဲ့ခြင်း” တို့အပြင် လူသားများအပေါ် ရာဇ ဝတ်မှုများ ကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ လူသားများအပေါ် ရာဇဝတ်မှုများ ကျူးလွန်ခြင်းစတဲ့ အမှုများ ဖြစ်ပါတယ်။
ကိုယ် အာဏာရှိလုပ်ပိုင်ခွင့်ရှိစဉ်က ကျူးလွန်ခဲ့ကြတဲ့ အာဏာရှင်တို့ထုံးစံအတိုင်း အိုက်ခ်မန်းလည်း စကားလုံးကောင်း ကောင်းလှလှတွေနဲ့ ၎င်းရဲ့ရှေ့နေ ဒေါက်တာဆာဗေးတိယပ်စ်နဲ့အတူ သူ့အပေါ်စွပ်စွဲချက်များကို ငြင်းချက်ထုတ်ပါတော့ တယ်။

“ဂျူးတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုများအတွက် လေးနက်တဲ့ပြစ်ဒဏ်ချမှတ်ဖို့ လိုတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ရုံးတော်မှာ တင်ပြထွက်ဆိုသွားခဲ့ကြတဲ့ သက်သေခံပစ္စည်းတွေရဲ့ထွက်ဆိုချက်တွေကို မြင်ရကြားရတဲ့ အခါ ကျွန်တော်ဟာ အထက်အမိန့်အရ ပေါ်ပေါက်လာခဲ့ရတဲ့ ကြောက်စရာဖြစ်ရပ်တွေကို မြင်ခဲ့ရတုန်းကလိုပဲ ထိတ်လန့် တုန်လှုပ်မိပါတယ်။ ဒီလို မတော်တရားတဲ့ဖြစ်ရပ်တွေဟာ ကျွန်တော့်ဆန္ဒနဲ့ဆန့်ကျင်ပြီး ဖြစ်ပေါ်လာခဲ့တာတွေပါ။ ကျွန်တော့် မှာ လူတစ်ယောက်ကို သတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒ မရှိခဲ့ပါဘူး။ အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြတာတွေဟာ နိုင် ငံရေးခေါင်းဆောင်တွေရဲ့တာဝန်သာဖြစ်ပါတယ်”လို့ လျှောက်လဲချက်မှာ ငြင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒုဗိုလ်ချုပ်ကြီး အိုက်ခ်မန်းနဲ့ သူ့ရှေ့နေတို့ရဲ့ငြင်းဆို လျှောက်လဲချက်များကို ရုံးတော်က လက်မခံနိုင်ဘဲ ၁၉၆၁ ဒီဇင်ဘာ ၁၅ရက် ရုံးတင်စစ်ဆေးချိန် ၈လအကြာမှာတော့ ပြစ်မှုထင်ရှားသဖြင့် သေဒဏ်စီရင်လိုက်ပါတော့တယ်။
သေဒဏ်စီရင်ချက်တွင် “တရားခံသည် အမိန့်ကို အထက်အမိန့်ကို စိတ်ရောကိုယ်ပါ အားကြိုးမာန်တက် လိုက်နာ ဆောင် ရွက်ခဲ့ခြင်းဖြစ်ရာ ရာဇဝတ်မှုများကို လိုလိုလားလား ကျူးလွန်ခဲ့ကြောင်း အထင်အရှားတွေ့ရှိရသည်။ သို့ဖြစ်ရာ တရားခံ အိုက်ခ်မန်းအား ဤရုံးတော်မှ ဂျူးလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ လူသားထုအပေါ် ကျူးလွန်ခဲ့သည့် ရာဇ ဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့၍ အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် သေဒဏ်စီရင်ချက် ချမှတ်လိုက်သည်”လို့ ပါရှိပါတယ်။
နောက်ဆုံးမှာတော့ ဓမ္မနဲ့အဓမ္မတို့ရဲ့တိုက်ပွဲမှာ အဓမ္မတို့ အရှုံးပေးရစမြဲမို့ နာဇီ ဒုစစ်ဗိုလ်မှူးကြီး အိုက်ခ်မန်းဟာ ဂျူးများ အား သုတ်သင်သတ်ဖြတ်ခဲ့ခြင်းသည် သမိုင်းတွင် ကြီးမားအနက်ရှိုင်းဆုံးသော ရာဇဝတ်မှုကြီးဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ရ ပါတယ်။
The post တရားခွင်က စစ်အာဏာရှင်တယောက် (သို့) အိုက်ခ်မန်း appeared first on ဧရာဝတီ.