သင့်အနေနဲ့ အရက်သောက်ထားလို့ မျက်နှာနီနေသူတွေ၊ သင်ကိုယ်တိုင် အရက်နည်းနည်းလောက် သောက် လိုက်တာနဲ့ မျက်နှာနီလာတာတွေ မြင်ဖူး၊ ဖြစ်ဖူးပါသလား။
သေချာတာ တဦးတယောက်၊ လူနည်းစုမှာပဲ အဲဒီလို နီးမြန်းတာမျိုး ဖြစ်နေတာ မဟုတ်ပါဘူး။ တချို့က အသားဖြူတဲ့လူမို့ လို့ အရက်သောက်လိုက်ပြီး မျက်နှာနီလာတာ သိသာတယ်၊ နီကြတယ်လို့ ပြောကြပါတယ်။ တကယ်ရော အသားဖြူသူ တွေမှာပဲ အရက်သောက်ပြီး မျက်နှာနီမြန်းမှု ဖြစ်တာပါလား။
အမှန်ကတော့ အရက်သောက်လိုက်တာနဲ့ မျက်နှာနီလာတယ်ဆိုတာ မကောင်းပါဘူး။ ဒီလို အရက်ကြောင့် မျက်နှာနီ လာသူတွေအနေနဲ့ အရက်နဲ့ မတည့်တဲ့အလက်ဂျစ်သဘောကို ပြသတာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ သွေးနဲ့ မတည့်တဲ့အစား၊ အနံ့တခုခု သုံးမိလို့အလက်ဂျစ်ထလာခြင်း၊ ယားယံလာခြင်း ပုံစံမျိုးပဲ အခုလည်း အရက်နဲ့ သောက်သုံးသူရဲ့ ဇီဝသဘော မတည့်ဘူးဆိုတာကို မျက်နှာနီမြန်းခြင်းပုံစံနဲ့ ခန္ဓာကိုယ်က လက္ခဏာ ပြလာတဲ့ သဘောပါ။ ဒါပေမယ့် ဒီလို မျက်နှာနီမြန်းခြင်းသဘောမှာ တဦးနဲ့တဦး ဖြစ်ပုံချင်းတော့ မတူပါဘူး။
ဆိုလိုတာက တချို့ဆိုရင် သွေးပေါင်ချိန် တက်လာလို့ မျက်နှာနီလာတယ်၊ တချို့က အရက်နဲ့ မတည့်လို့ မျက်နှာနီလာ တယ်။ တချို့က အလက်ဂျစ်သဘောမျိုးသက်သက် မျက်နှာနီလာခြင်းမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သေချာတာက တော့ ဘာကြောင့်ပဲ မျက်နှာနီလာသည် ဖြစ်စေ အရက်ဟာ သင်နဲ့ မတည့်ဘူး၊ အဆင်မပြေချင်ဘူးဆိုတာ သိထားလိုက် ပါတော့။
ဒီနေရာမှာ အဆိုပါ မျက်နှာနီမြန်းခြင်းပုံစံက နာရီပိုင်းလောက် အကြာမှာတော့ အရောင်လျော့သွားတယ်လို့ လေ့လာချက် တွေအရ သိရပြီး အဓိကအနေနဲ့တော့ အပေါင်းအသင်းနဲ့ ပျော်ပျော်ပါးပါး သောက်သုံးသူတွေက အရောင်လျော့ မြန်တယ် လို့ ဆိုပါတယ်။
ဒါကတော့ ဇီဝဖြစ်စဉ်အရ သွေးသား၊ အရက်နဲ့ အသားကျလာခြင်းနဲ့ မူးဝေမှုအတွက် ခံနိုင်ဖို့ ထွက်ရှိလာတဲ့ဟော်မုန်းတွေ ကြောင့် ဖြစ်ပါတယ်။
အရက်သောက်သုံးလိုက်တာနဲ့ ကိုယ်တွင်းကို ဝင်ရောက်သွားတဲ့ အရက်ဟာ ဖြိုခွဲမှု ဖြစ်စဉ်အရ Acetaldehyde ဆိုတဲ့ ဖြို ခွဲမှုကို သင့်အစာအိမ်က လုပ်ဆောင်ပေးပါတယ်။
အရက်နဲ့သိပ်မတည့်သူတွေ၊ အစာအိမ်ပိုင်း အားမကောင်းသူတွေမှာတော့ အဆိုပါ ဖြိုခွဲမှုကို အကောင်းဆုံး မလုပ်ဆောင် နိုင်ပါဘူး။ အကြောင်းကတော့ ဖြိုခွဲမှု လုပ်ဆောင်ဖို့ လိုအပ်တဲ့ ဇီဝဓာတ်ကို သင့်ခန္ဓာကိုယ်က လုံလောက်အောင် ထုတ်မ ပေးနိုင်လို့ပါ။
ဒီတော့ အဆိုပါ လိုအပ်နေတဲ့ ဇီဝဓာတ် လုံလောက်အောင် ရနိုင်ဖို့ သွေးကြောတွေက ပိုမို လှုပ်ရှား ထုတ်လုပ်ပေးရပါ တော့ တယ်။ ဒါကြောင့် ပုံမှန်ထက် သွေးကြောတွေက အလုပ်များပြီး အသိသာဆုံး အပိုင်းဖြစ်တဲ့မျက်နှာနီလာခြင်းတွေ ဖြစ်လာ ပါတယ်။
တချို့လည်း ရင်ဘက်တွေ၊ လည်ပင်းတွေ၊ လက်မောင်းတွေလို မြင်သာတဲ့ နေရာတွေမှာ နီမြန်းလာပါတယ်။ ဒါဟာ နေရာပဲ ကွဲပြားပေမယ့် ဇီဝဓာတ်လိုအပ်ချက်ကြောင့် နီမြန်းခြင်းဖြစ်စဉ်ပါပဲ။
လေ့လာချက်တွေအရ အဆိုပါ မျက်နှာနီမြန်းခြင်းဖြစ်စဉ်ကို အာရှသားတွေမှာ အများဆုံး တွေ့ရပြီး ၈၀ ရာခိုင်နှုန်း လောက် သော သောက်သုံးသူတွေမှာ ကိုယ်ခန္ဓာနီမြန်းခြင်း ဖြစ်တယ်လို့ တွေ့ရပါတယ်။
အမေရိကန်-မက္ကဆီကန်၊ အာဖရိကနဲ့ ဥရောပသားတွေကတော့ အခုလို အသားနီမှု နည်းပါတယ်။ ဒါပေမယ့် ဂျူးတွေမှာ တော့ အရေအတွက်များများ တွေ့ရတယ်လို့ သိရပါတယ်။
ဒီလို အသားနီးမြန်းခြင်းနဲ့အတူ ဖြစ်လာနိုင်တဲ့ အခြားလက္ခဏာတွေက နှလုံးခုန် မြန်လာတယ်၊ ခေါင်းကိုက်ချင်သလို ဇက် ကြောတက်ချင်သလို ခံစားရမယ်၊ အရက်မူးခြင်း မဟုတ်တဲ့ မူးဝေမှုပုံစံ အနည်းငယ် ခံစားရမယ်၊ နေရထိုင်ရ အဆင်မပြေ မကောင်းချင် ဖြစ်လာနိုင်ပါတယ်။
အာရှသားတွေထဲမှာတော့ ကိုရီးယားသားတွေဟာ အခုလို အရက်သောက်ရင် အသားနီမှု ပိုများတယ်လို့ သိရပြီး အခြား လ က္ခဏာပြသူတွေထက်လည်း နှလုံးခုန်နှုန်း ၂ဆလောက် ပိုမြန်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေ အပါအဝင် လေဖြတ်ခြင်းတွေ၊ အခြား သွေးတိုးနဲ့ ဆက်စပ်ရောဂါဖြစ်နိုင်ခြေတွေ ပိုများလာစေတယ်လို့လည်း သိရပါတယ်။
ဒီလို နောက်ဆက်တွဲ ရောဂါဖြစ်နိုင်ခြေနဲ့ အသားနီမြန်းခြင်းတွေကို လျော့ကျ ရှောင်ရှားနိုင်ဖို့အတွက်ကတော့ ဆရာဝန် တွေ က အရက်လုံး၀ ဖြတ်ဖို့ မပြောပေမယ့် ပမာဏတခုထိအောင်ပဲ အများဆုံး ထိန်းသိမ်း သောက်သုံးဖို့ အကြံပေးထားတာ တွေ့ ရပါတယ်။
အထူးသဖြင့်တော့ မျက်နှာနီတတ်တဲ့ အမျိုးသားတွေက တရက်ကို အရက် ၂ပက်၊ အမျိုးသမီး သောက်သုံးသူတွေက ၁ ပက် ထက် ပိုမသောက်သင့်ဘူးလို့ ဆိုပါတယ်။
ဒါဆိုရင်တော့ ကျနော်တို့ အရက်သောက်လိုက်ရင် ဘာလို့် အသားတွေ နီလာသလဲ ဆိုတာ သိပါပြီ၊ စိုးရိမ်စရာ မဟုတ် ပါဘူး၊ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တဲ့ လက္ခဏာပါ၊ ကျနော်တို့ အရက်သောက်လို့ မျက်နှာနီတတ်တယ်ဆိုရင် အသောက် လျော့ဖို့ပဲ လိုပါတော့တယ်နော်။
The post အရက်သောက်လိုက်ရင် မျက်နှာနီရတဲ့ အကြောင်းအရင်းများ appeared first on ဧရာဝတီ.