Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

Lockheed Martin ကနေ ရောင်းချနေတဲ့ F-35 တိုက်လေယာဉ်သစ်တွေ အကြောင်း

$
0
0

Lockheed Martin Corp ကုမ္ပဏီအနေနဲ့ အခုနှစ်အတွင်း ကုမ္ပဏီထုတ် တိုက်လေယာဉ်သစ် F-35 မော်ဒယ်တွေ ကို ကမ္ဘာ အနှံ့အပြားက နိုင်ငံပေါင်း ၁၁ နိုင်ငံဆီကို ဒေါ်လာ ၃၇ ဘီလီယံဖိုးထိအောင် ရောင်းချဖို့ သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ နိုင်ငံများအတွင်း အမေရိကန်လို နိုင်ငံလည်း ပါရှိနေပါတယ်။ ပဲရစ်လေကြောင်းပြပွဲအတွင်း အဆိုပါ သဘောတူညီ ချက်တွေ ရရှိခဲ့တာ ဖြစ်ပြီး F-35 တန်းဝင် မော်ဒယ်တွေထဲမှာတော့ အခုရောင်းချမှုဟာ အများဆုံးနဲ့ အကြီးမားဆုံး ရောင်း ချမှု ဖြစ်တယ်လို့ သိရပါတယ်။

တိုက်လေယာဉ် ထုတ်လုပ်ပေးမှုကို ရောင်းချမှု အစီးရေအပေါ် မူတည်ပြီး အမြန်ဆုံး ပြီးစီးအောင် ထုတ်လုပ်ပေးမှာ ဖြစ်တယ် လို့ သိရသလို ဝယ်ယူတဲ့ နိုင်ငံတွေအနေနဲ့ လေယာဉ်တွေ လက်လွှဲပေးချိန်မှ ကာလတန်ဖိုးသတ်မှတ်ပေးချေရဖို့ ရှိနေတာ လည်း ဖြစ်ပါတယ်။

တစီးချင်း ဈေးနှုန်းကို အတိအကျ သတ်မှတ်ထားခြင်း မတွေ့ရဘဲ ပျမ်းမျှ အစီးရေ ၄၄၀ ရောင်းချမှုနဲ့ စုစုပေါင်း သဘော တူ ညီချက်အရ တစီးကို ဒေါ်လာ ၈၅ သန်းခန့် တန်ဖိုးရှိတာလည်း ဖြစ်ပါတယ်။

အခုရောင်းချပြီး တိုက်လေယာဉ်တွေကို Lockheed Martin ကနေ ၃နှစ်အတွင်း အပြီးသတ် ထုတ်လုပ်ပေးသွားဖို့ ရှိနေပြီး လာမယ့် ၂၀၁၈ခုနှစ်ကနေ ၂၀၂၀အတွင်း အပြီးသတ် ပေးအပ်သွားဖို့ ရှိနေတာပါ။

အဆိုပါ F-35 ဝယ်ယူတဲ့ နိုင်ငံတွေထဲမှာ အမေရိကန် အပြင် သြစတြေးလျ၊ ဒိန်းမတ်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ နယ်သာ လန်၊ နော်ဝေ၊ တူရကီ၊ တောင်ကိုရီးယားနဲ့ အင်္ဂလန်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ ဘယ်နိုင်ငံက ကိုယ်စားလှယ်တွေ F-35 ကို လာရောက်လေ့လာတယ်လို့ ထုတ်မပြောပေမယ့် အစီးရေ ၁၁စီး ဝယ်ယူတဲ့ နိုင်ငံက ကိုယ်စားလှယ်တွေက အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်က ကုမ္ပဏီရဲ့စက်ရုံမှာ F-35 ရဲ့ စွမ်းဆောင်ရည်နဲ့ တပ်ဆင် ပါရှိမှုတွေကို လာရောက်လေ့လာတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီနဲ့ ဝယ်ယူတဲ့ နိုင်ငံတွေ အကြား လက်ရှိသဘောတူညီချက်အရတော့ လာမယ့် ၂၀၁၈ခုနှစ် အတွင်း F-35 အစီးရေ ၁၃၅စီး ပြီးစီးအောင် ထုတ်လုပ်ပေးအပ်ဖို့ ရှိနေပြီး နောက်နှစ်တွေမှာလည်း အဆိုပါ အစီးရေထက် ပိုမိုတဲ့ နှုန်းနဲ့ ထုတ်လုပ် ပေးအပ်သွားဖို့ ရှိနေတာပါ။

ပထမနှစ် ၂၀၁၈ အတွင်းမှာတော့ အမေရိကန်ရဲ့ ပေးချေရမှုနှုန်းကို ကြည့်မယ်ဆိုရင် တိုက်လေယာဉ်တစီးကို ၉၅ သန်း လောက်ထိအောင် တန်ဖိုးရှိနေတာ ဖြစ်ပြီး ပညာရှင်တွေရဲ့တွက်ဆချက်တွေ အရ ၂၀၁၉ ခုနှစ်မှာ ၈၅သန်း၊ ၂၀၂၀ခုနှစ်မှာ သန်း ၈၀စီပဲ ပေးချေသွားရဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒါဆိုရင်တော့ အပြီးသတ် ပေးချေမှုတွေ အပြီးမှာ တိုက်လေယာဉ် တစီးကို ပျမ်းမျှ ၈၈ သန်းလောက် အခွန်အပါအဝင် ကုန် ကျမယ်လို့ တွက်ဆနေကြပါတယ်။ ကုန်ကြမ်းရရှိမှုနဲ့ တပ်ဆင် ထုတ်လုပ်စရိတ် ချိုသာလာတာကြောင့် နောက်ပိုင်းနှစ်တွေ မှာ တိုက်လေယာဉ်တွေဟာ ဈေးပိုချိုလာတာလည်း ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ လျားထားချက်မှာတော့ လာမယ့်နှစ်အတွင်း အစီးရေ ၁၃၅ ပဲ ပြီးစီးအောင် ထုတ်လုပ်နိုင်မှာ ဖြစ်ပေမယ့် ၂၀၁၉ နဲ့ နောက်ပိုင်းမှာတော့ တနှစ်ကို အစီးရေ ၁၅၀ နဲ့ အထက်ထိအောင် ထုတ်လုပ်လာနိုင်မယ်လို့ မျှော်လင့်ထားတာလည်း ဖြစ်ပါ တယ်။

F-35 တွေဟာ လက်ရှိ ဈေးကွက်ဝင် တိုက်လေယာဉ်တွေထဲမှာတော့ ဈေးအကြီးဆုံး တန်းဝင်မော်ဒယ်တွေ ဖြစ်နေပြီး အမေရိ ကန်အစိုးရကတော့ အခုထက် ပိုပြီး ဈေးချိုချိုနဲ့ ရချင်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အမေရိကန် ကာကွယ်ရေးဌာနအနေနဲ့ စစ်ဘက်သုံးလေယာဉ် အစီးရေ ၂၄၄၂ စီး ကနေ ၂၀၃၉ စီးပဲ လျော့ချ ထုတ်လုပ်၊ ဝယ်ယူဖိ့ု ပြင်ဆင်နေတာတေ့ွရပြီး အဆိုပါ လေယာဉ်တွေအတွက် အသုံးစရိတ်ကိုလည်း ၃၉၁ ဘီလီ ယံ ဒေါ်လာကနေ ၃၇၉ ဘီလီယံပဲသုံးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အခုရောင်းချတဲ့ F-35 တွေမှာ အတန်းအစား ၃ခု ခွဲခြားသတ်မှတ်ထားပြီး အမေရိကန်လေတပ်နဲ့ သူ့ရဲ့ မဟာမိတ်တွေ အ တွက် ရောင်းချပေးမှုက A-model၊ အင်္ဂလန်နဲ့ လေယာဉ်ပြေးကွင်းမရှိဘဲ ဒေါင်လိုက်ဆင်းသက်နိုင်တဲ့ တိုက်လေယာဉ်လို ချင်သူတွေအတွက် B-model၊ အခြားနိုင်ငံတွေအတွက် F-35C တွေကို ရောင်းချပေးတာလည်း ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့တော့ ၃နှစ်ခွဲ ထုတ်လုပ်ပေးအပ်မှုအတွက် ပထမတနှစ်တာအတွက် တစီးကို ဒေါ်လာ ၉၅ သန်း ပေး ချေမှာ ဖြစ်ပြီး အရင်က F-35 ဝယ်ယူခဲ့မှုမှာ တစီးကို ၁၀၂ သန်း ထိအောင် ဈေးရှိခဲ့တာကြောင့် အနည်းငယ် သက်သာ လာတာလည်း ဖြစ်ပါတယ်။

ပင်တဂွန်ကတော့ လာမယ့်နှစ်တွေမှာ လေယာဉ်ရဲ့တန်ဖိုးကို ၁၆ ရာခိုင်နှုန်းလောက် လျော့ကျလာနိုင်ပြီး သန်း ၈၀လောက် ပဲ တန်တော့မယ်လို့ မျှော်လင့်ထားတာလည်း တွေ့ရပါတယ်။

နောက်ဆုံးအနေနဲ့ ကျနော်က F-35 အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ အမေရိကန် အခြေစိုက် Lockheed Martinရဲ့ ဖန်တီးမှုပါ။

၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၅ရက်က ပထမဆုံးမော်ဒယ် F-35A ကို ပျံသန်းနိုင်လာပြီး အခုတော့ ဈေးကွက်ထဲမှာ မော်ဒယ်ခွဲ ၃ခု လောက်ထိအောင် ဖန်တီးရောင်းချနေတာပါ။ အမေရိကန် လေတပ်၊ ကမ်းခြေတက်တပ်၊ ရေတပ်တွေမှာ အသုံးများ ပါတယ်။

အခု အစီးရေ ၄၄၀ ရောင်းချမှု မတိုင်ခင်ထိအောင် အရင်က အစီးရေ ၂၃၁ စီးပဲ ထုတ်လုပ်ရောင်းချထားသေးတာ ဖြစ်ပါ တယ်၊ ၅၀.၅ပေ ရှည်ပါတယ်၊ အတောင်ပံနဲ့ဆိုရင် ၃၅ပေ ကျယ်ပါတယ်၊ အမြင့် ၁၄.၂ပေပဲ ရှိပါတယ်၊

တနာရီမိုင် ၁၂၀၀ ထိအောင် အမြန်ဆုံး ပျံသန်းနိုင်ပါတယ်၊ ၂၅ မီလီ သေနတ်တလက်ပါတယ်၊ ကျည် ၈၀ပါတယ်၊ ဒုံးကျည် အနေနဲ့ ဝေဟင်-ဝေဟင်ပစ် ၄ မျိုး၊ ဝေဟင်-မြေပြင်ပစ် ၆မျိုး၊ သင်္ဘောဖျက်ဒုံး ၂မျိုး၊ ဗုံးအနေနဲ့ ၈မျိုး တပ်ဆင် ထည့်သွင်း ပျံသန်းနိုင်ပါတယ်။

Ref: www.businessinsider.com

The post Lockheed Martin ကနေ ရောင်းချနေတဲ့ F-35 တိုက်လေယာဉ်သစ်တွေ အကြောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...