Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

UNFC တပ်ပေါင်းစု အနာဂတ် ဘာလဲ၊ ဘယ်လဲ

$
0
0

လူမျိုးစုများညီညွတ်ရေး၊ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ်တည်ဆောက်ရေးနှင့် ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်ရေးဟူသည့် ရည်မှန်းချက်များဖြင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် ထူထောင်ခဲ့သည်။

စတင်ထူထောင်ပြီး ၆ နှစ်ကြာသောအခါ UNFC သည် ၎င်း၏ရည်မှန်းချက်များ အောင်မြင်အောင် မလုပ်နိုင်ဘဲ သို့မဟုတ် မည်သည့် လက်ဆုပ်လက်ကိုင်ပြစရာ အောင်မြင်မှုမရှိဘဲ ဖြစ်နေပြီး အဖွဲ့ဝင်များ အစိတ်စိတ်အမွှာမွှာကွဲမည့်အရေးကိုပင် ရင်ဆိုင်နေရသည်။

မူလကမူ လူမျိုးစုအများအပြား ပါဝင်သောပြည်သူအများအပြားက UNFC သည် စုပေါင်းအင်အားဖြင့် မြန်မာနိုင်ငံ၏ ရှည် ကြာလှသောပြည်တွင်းစစ်ကို အဆုံးသတ်ရန် မြန်မာစစ်တပ်၊ အစိုးရတို့နှင့် ဆက်ဆံနိုင်မည်ဟု မျှော်လင့်ကာ UNFC အပေါ် မျှော်လင့်ချက်ထားခဲ့သည်။ သို့သော် UNFC ကို ပူးတွဲတည်ထောင်သူနှင့် နာယကအဖွဲ့တခုဖြစ်သူ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) သည် ယခုနှစ်အစောပိုင်းက နှုတ်ထွက်လိုက်သောအခါ ထိုမျှော်လင့်ချက်များ ပျောက်ကွယ်သွားရသည်။

UNFC သည် ၁၉၇၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသားဒီမိုကရေစီတပ်ဦး (NDF) နှင့် ၂၀၀၁ တွင် ဖွဲ့စည်းခဲ့သည့် လူမျိုးစု တိုင်းရင်းသားများကောင်စီ (ENF) ကဲ့သို့ ပြိုကွဲသွားမည်လောဟု သံသယဝါဒီများက မကြာခဏ မေးခွန်းထုတ်ခဲ့ကြသည်။ အဖြေမှာ UNFC သည် လက်ရှိပြဿနာများကို မဝေးကွာသော အနာဂတ်တွင် ဖြေရှင်းနိုင်မည်လားဟူသော အချက်ပေါ် တွင် မူတည်နေသည်။ မဖြေရှင်းနိုင်ပါက ၎င်းကိုမကြာမီ သမိုင်းတွင်ထားခဲ့ရတော့မည် ဖြစ်သည်။

အဖွဲ့ဝင်များ၏ပြဿနာ

ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေး ကော်မတီ(CEFU) ၏ အကြွင်းအကျန် အဖွဲ့အစည်း ၁၂ ခုဖြင့် ၂၀၁၀ ခုနှစ် နိုဝင် ဘာလတွင် ဖွဲ့စည်းခဲ့သည်။ UNFC အဖွဲ့ဝင်များ၏ မျှော်မှန်းချက်များမှာ မြင့်မားလှသည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် က ရင်အမျိုးသား အစည်းအရုံး (KNU) သည် ထိုအဖွဲ့မှ ရုတ်တရက် နှုတ်ထွက်သွားသည်။

ထိုလုပ်ရပ်၏နောက်ကွယ်တွင် အတွင်းကြိတ် အာဏာပြိုင်ပွဲရှိသည်ဟု အကျယ်အပြန့် ယူဆခဲ့ကြသည်။ နောင်တနှစ်ကြာ သောအခါ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် အခြားအဖွဲ့ဝင်နှစ်ခုဖြစ်သော ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့  (PLNO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ထိုးသဖြင့် အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခံရသည်။ ထိုစာချုပ်သည် အားလုံးပါဝင်ခွင့်မရှိသဖြင့် ကျန် UNFC အဖွဲ့ဝင်များက ကန့်ကွက်ခဲ့သည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် ထိုအုပ်စုမှ ၂၀၁၆ ခုနှစ်တွင် နှုတ်ထွက်ခဲ့ပြီး KIO နှင့် ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့က ၂၀၁၇ ခုနှစ် တွင် နှုတ်ထွက်သည်။

အနည်းဆုံးတော့ လတ်တလောတွင် UNFC သည် စုပေါင်းနိုင်ငံရေး အပေးအယူပြုလုပ်ရာတွင် အရေးပါသော အဖွဲ့အစည်း ဖြစ်နေသေးသည်။ သို့သော် အဖွဲ့ဝင်များ ထပ်မံနှုတ်ထွက်လျှင် ရည်မှန်းချက်များတည်ဆောက်ပုံနှင့် စေ့စပ်ညှိုနှိုင်းမှုများ သည် ရေစုန်မျောလိမ့်မည်။

စေ့စပ်ညှိုနှိုင်းမှုပြဿနာများ

UNFC ၏ အဖွဲ့ဝင် အားလုံးတို့သည် မြန်မာနိင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်ရန် တူညီသောရည် မှန်းချက်ရှိသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကွဲပြားသောအကျိုးစီးပွားနင့် ထင်မြင်ချက်အမျိုးမျိုးရှိကြသည်။ ထို ရှုပ်ထွေးလှသော အတွင်းသရုပ်ကို သမိုင်းက ပြသနေပေသည်။ UNFC ၏ အဖွဲ့ဝင်အချို့သည် NCA ကို လက်မှတ်ထိုး သောကြောင့် UNFC အဖွဲ့ဝင်များကြား ယခင်ထက် ပိုမို ကွဲပြဲကြရသည်။

တခုတည်းသောနိုင်ငံရေး လုပ်ငန်းစဉ်ကို ဆုပ်ကိုင်ထားခြင်းသည် အဖွဲ့ဝင်အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုနှင့်ညှိနှိုင်းမှု အ များအပြားလိုအပ်သည်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏အမျိုးမျိုးသော အဖြေများသည် UNFC အဖွဲ့ဝင်များပေးဆပ်ရ မည့်တန်ဖိုးနှင့် ရရှိမည့်အကျိုးအမြတ် အမျိုးမျိုး အပေါ်မူတည်သည်ဟူသော အချက်ဖြစ်သည်။

UNFC တွင် သေးငယ်သောအုပ်စုများသာမက ကြီးမားပြီး အင်အားကြီးသောအုပ်စုများလည်း ပါဝင်နေသည်။ သေးငယ် သော အုပ်စုများသည် အထူးသဖြင့် မြန်မာစစ်တပ်၏တိုက်ခိုက်မှုများကို ခုခံနိုင်မှု အားနည်းသဖြင့် လုံခြုံရေးကို ပိုမိုအလေး ထား စဉ်းစားရသည်။

ထို့ကြောင့်ပင် အချို့သောအဖွဲ့များသည် ၂၀၁၅ ခုနှစ်က NCA ကို လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်ပြီး အခြားအဖွဲ့များသည်လည်း မကြာသေးမီက NCA လက်မှတ်ထိုးမည့် ဘက်သို့ တိမ်းညွတ်လာခြင်းဖြစ်သည်။ ထိုသို့်သောလုပ်ရပ်များသည် အထူးသဖြင့် KIO နှင့်အခြားအဖွဲ့များကို စိတ်အနှောက်အယှက်ဖြစ်စေသည်။ KIO က NCA သည် အားလုံးပါဝင်ခွင့်မရှိသောကြောင့် လက်မှတ်မထိုးရေးအပေါ် ပြတ်ပြတ်သားသားရပ်တည်နေသည်။

UNFC ဆက်လက်ရှင်သန်ရေးအတွက် NCA ကဲ့သို့သော အရေးပါသည့် ကိစ္စများကို ညှိုနှိုင်းဆွေးနွေးရန်လိုသည်။

ဘဏ္ဍာရေးပြဿနာများ

UNFC ရင်ဆိုင်နေရသော အခြားပြဿနာမှာ ကြီးမားလှသော ဘဏ္ဍာရေးဝန်ထုတ်ဝန်ပိုးဖြစ်သည်။ UNFC ၏ဘဏ္ဍာရေး အတွက် အဖွဲ့ဝင်တဦးစီက အတိုင်းအတာတခုအထိ ထည့်ဝင်ကြရသည်။ အချို့သော သေးငယ်သည့်လူမျိုးစုလက်နက် ကိုင်အဖွဲ့များသည် ရေရှည်တွင် ၎င်းတို့ထည့်ဝင်ရမည့် ဘဏ္ဍာရေးကို မထည့်ဝင်နိုင်ကြတော့ပေ။

UNFC ၏ ကုန်ကျစရိတ်တွင် လုပ်ငန်းကုန်ကျစရိတ်၊ အုပ်ချုပ်ရေးကုန်ကျစရိတ်၊ ဝန်ထမ်းများနေထိုင်ရေးကုန်ကျစရိတ်၊ ခရီး စရိတ်၊ အစည်းအဝေးကျင်းပစရိတ်များ ပါဝင်ပြီး မြင့်မားလှသည်။ ထို့ကြောင့် အုပ်စုငယ်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် UNFC ၏ဦးဆောင်မှုကို ခံယူကာ ၎င်း၏ လုံခြုံရေး ထီးရိပ်ကို ခိုလိုသော်လည်း ထည့်ဝင်ကြေးမပေးနိုင်၊ မပေးလိုသော အခမဲ့ ပါဝင်လိုသူများ ပြဿနာလည်း ရှိနိုင်သည်။

၂၀၁၂ စက်တင်ဘာလ က ကယ်ဆယ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးခဲ့ပြီးနောက် နိပွန်ဖောင် ဒေရှင်းသည် UNFC ကို ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီ အချို့ပေးနေသည်ဟု UNFC ၏ ထင်ရှားသော အဖွဲ့ဝင်တဦး ၏အဆိုအရ သိရသည်။

ထိုဖောင်ဒေးရှင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် UNFC နှင့်နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေသည်။

နိပွန်ဖောင်ဒေးရှင်း အနေဖြင့် အစိုးရနှင့် စေ့စပ်ရာတွင် ပြည်ပ ကြားဝင်ဆောင်ရွက်သူ အဖြစ်လုပ်ကိုင်ရန် UNFC က ယခင်က တောင်းဆိုခဲ့ဖူးသည်။ သို့သော် ပြဿနာမှာ UNFC က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ခိုင်မာသော ရလဒ် ထွက်ပေါ်လာအောင် မလုပ်နိုင်ဘဲ နိပွန်ဖောင်ဒေးရှင်းက မည်မျှကြာကြာ ဆက်လက် ထောက်ပံ့နိုင်မည်နည်းဟူသော ကိစ္စဖြစ်သည်။

ထိရောက်မှုမရှိသော အဖွဲ့အစည်း

အင်အားချိနဲ့သော ဖွဲ့စည်းပုံကြောင့်လည်း UNFC သည် ထိရောက်မှု ကင်းမဲ့သော အဖွဲ့အစည်းအဖြစ် နောက်ကျနေသည်။ ဥပမာဆိုရပါက UNFC တွင် မဲပေးသောစနစ် သို့မဟုတ် အဖွဲ့ဝင်များ နှုတ်ထွက်ခြင်းကို အားမပေးသော မူဝါဒမရှိပေ။

အဖွဲ့များသည် လွတ်လပ်စွာ နှုတ်ထွက်ခွင့်ရှိရမည်ကို နားလည်သော်လည်း နှုတ်ထွက်သွားသော အဖွဲ့ဝင်များကို ပြစ်ဒဏ် ပေးသော စနစ်မရှိသောကြောင့် အဖွဲ့တဖွဲ့ ထွက်သွားတိုင်း အဖွဲ့အစည်းသည် တန်ဖိုးကြီးမားစွာ ပေးဆပ်နေရသည်။

KNU နှင့် KIA ကဲ့သို့သော အင်အားကြီးမားသည့် အဖွဲ့ကြီးများ မမျှော်လင့်ဘဲ နှုတ်ထွက်သွားသောအခါ UNFC သည် လျှော့တိလျှော့ရဲ အဖွဲ့အစည်းဖြစ်လာကာ ကော်ပိုရေးရှင်းကြီးများသည် ဈေးကွက်အတွင်း ဝင်လိုဝင် ထွက်လိုထွက်နိုင် သကဲ့သို့ဖြစ်နေသည်။

ထိရောက်သည့် မဲပေးစနစ်မရှိသောကြောင့် UNFC သည် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ထင်မြင်ချက်များကို ပေါင်း ချုပ်မရ ဖြစ်နေသည်။ အားလုံး သို့မဟုတ် အများစု မဲစနစ်မရှိသောကြောင့် UNFC ၏ဆုံးဖြတ်ချက် အများစုကို ဥက္ကဌ က ကြီးကြပ်ကာ မူဝါဒ ဆုံးဖြတ်ချက်များအပေါ် မလွှဲရှောင်သာသော အငြင်းပွားမှုဖြစ်စေသည်။ ၂၀၁၄ ခုနှစ်တွင် KNU နှုတ် ထွက်ခြင်းသည် အဖွဲ့များအတွင်း မကျေနပ်မှုများ မည်မျှဖြစ်ပေါ်လွယ်သည်ကို ပြသနေသည်။

UNFC ၏ စစ်ရေးအဖွဲ့ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (FUA) ကို လူမျိုးစုဒေသများကို ကာကွယ်ရန် ထူ ထောင်ခဲ့သော်လည်း အလုပ်မဖြစ်လှပေ။

မူလက သဘောတူခဲ့သော မူဝါဒမှာ အဖွဲ့ဝင် တဖွဲ့ဖွဲ့က တိုက်ခိုက်ခံရလျှင် စစ်ရေးအရ အကူအညီပေးရန်ဖြစ်သည်။ သို့သော် ယနေ့တွင် ထိုတပ်ဖွဲ့မှာ အလုပ်မဖြစ်ပေ။

ဥပမာပြရပါက FUA သည် လွန်ခဲ့သောလများက KIA အဖွဲ့ကို မြန်မာစစ်တပ်က တိုက်ခိုက်သောအခါ ကူညီနိုင်ခြင်းမရှိခဲ့ဘဲ UNFC က အဖွဲဝင်တဖွဲ့ကို အစိုးရက တိုက်စစ်ဆင်သောကြောင့် စိုးရိမ်ကြောင်းသာ ကြေညာချက်ထုတ်နိုင်ခဲ့သည်။

အကြပ်အတည်းရင်ဆိုင်ရခြင်း

အဖွဲ့ဝင်အချို့ နှုတ်ထွက်သွားပြီးနောက် UNFC သည် အကြပ်အတည်းနှင့် ရင်ဆိုင်ရသည်။ ပထမအချက်မှာ UNFC သည် အဖွဲဝင်သစ်များ၏ စိန်ခေါ်မှုကို ကြုံတွေ့ရသည်။

UNFC အဖွဲ့ဝင်ဟောင်း ချင်းအမျိုးသားတပ်ဦး (CNF) က အဖွဲ့ဝင်အဖြစ် ပြန်လည်လျှောက်ထားသလို တိုးတက်သော ကချင်အမျိုးသားအဖွဲ့ချုပ် (KNO)၊ ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA)၊ ဇိုမီးပြန်လည်ပေါင်းစည်းရေးအစည်းအရုံး (ZRO)၊ ကူကီး အမျိုးသား အစည်း အရုံး (KNO) စသည့် လက်နက်ကိုင်အဖွဲ့များကလည်း အဖွဲ့ဝင်အဖြစ် လျှောက်ထားကြသည်။

သို့သော် အဖွဲ့ဝင်သစ် လက်ခံလျှင် UNFC နှင့်ဆွေးနွေးမှုများ ရပ်ဆိုင်းမည်ဟု အစိုးရက ပြောထားသဖြင့် ထိုအဖွဲ့ဝင်သစ်များကို လက်ခံရန် ဆုံးဖြတ်ချက်မချနိုင်ဘဲဖြစ်နေသည်။

ဒုတိယအကြပ်အတည်းမှာ NCA နှင့်ပတ်သက်နေသည်။ NCA လက်မှတ်ထိုးရန် တပ်မတော်နှင့် အစိုးရတို့က UNFC ကို အားပေးနေပြီး ယခုနှစ် အစောပိုင်းက အဖွဲ့ငယ် အချို့ကလည်း NCA ထိုးရန် စိတ်တိမ်းညွတ်ကြောင်း ပြသခဲ့သည်။ ထို အချက်ကြောင့်ပင် KIA သည် UNFC မှခွဲထွက်ပြီး မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မ တော် (UWSA) ဦးဆောင်သည့် အဖွဲ့နှင့် မဟာမိတ်ဖွဲ့ခြင်းဖြစ်နိုင်သည်။

UNFC အနေဖြင့် NCA လမ်းကြောင်းကို ဆက်လျှောက်မည် သို့မဟုတ် NCA ကို ဆန့်ကျင်ကာ မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လမ်းကြောင်းသစ်တခု ချမှတ်မည်ကို ဆုံးဖြတ်ရန်မှာ ခက်ခဲသော ရွေးချယ်မှုဖြစ်နေသည်။

UNFC တပ်ပေါင်းစု၏ အနာဂတ်

UNFC သည် အမျိုးသားငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ရည်မှန်းချက်များအောင်မြင်ရေးအတွက် ခေါင်းဆောင်မှု သစ်၊ ဖွဲ့စည်းပုံသစ် ရှာဖွေသည်မှာ အံ့သြဖွယ်ရာတော့မဟုတ်ပေ။ ခေါင်းဆောင်မှုသည် မွန်ပြည်သစ်ပါတီ (MNSP) သို့မ ဟုတ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ခေါင်းဆောင်သစ်၏ လက်အောက်တွင် UNFC ၏နိုင်ငံရေး ရည်မှန်းချက်များ မည်မျှ အောင်မြင်မည်၊ စစ်တပ်နှင့် တပ်မ တော်တို့နှင့် မည်သို့ဆက်ဆံမည်ကို မေးခွန်းထုတ်ရမည်ဖြစ်သည်။ လူမျိုးစုလက်နက်ကိုင်များကို တပ်မတော်ဘက်က NCA လက်မှတ်ထိုးရန် အတင်းအကျပ် ဆက်လက်ဖိအားပေးပါက UNFC ၏ရေရှည်တည်တံ့မှုသည် နိုင်ငံရေးရည်မှန်းချက်များ နှင့် NCA ကို ဆန့်ကျင်ရေးအတွက် ၎င်းတို့ မည်မျှ ခိုင်မာစွာ ဆက်လက်ညီညွတ်နိုင်သည်ဟူသော အချက်ပေါ်တွင် မူတည် နေသည်။

UNFC သည် ၎င်း၏အဖွဲ့ဝင်ဟောင်းများပါဝင်သော UWSA ခေါင်းဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းရှာဖွေရမည်ဖြစ်သည်။

UNFC သည် လက်ရှိပြဿနာများကို ဖြေရှင်းပြီး ငြိမ်းချမ်းရေးရရန် ခိုင်မာသော သေနင်္ဂဗျူဟာ မချမှတ်နိုင်ပါက ပြိုကွဲသွား သွားမည်ဖြစ်သည်။ ထိုဖြစ်ရပ်မျိုးကို မည်သူမျှ လိုလားကြမည်မဟုတ်ပေ။

Joe Kumbun သည် ကချင်ပြည်နယ်အခြေစိုက် သုတေသီ စာရေးဆရာတဦး ဖြစ်သည်။

The post UNFC တပ်ပေါင်းစု အနာဂတ် ဘာလဲ၊ ဘယ်လဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...