Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းများ

$
0
0

လိုက်ပါ စီးနင်းသူ ခရီးသည်တွေဆီကနေ မဲတွေ ကောက်ခံရယူထားတဲ့ Skytraxရဲ့ စာရင်းတွေအရ အခုနှစ်အ တွက် ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းအဖြစ်နဲ့ ကာတာလေကြောင်းလိုင်း(Qatar Airways)က သတ်မှတ်ခံရပါ တယ်။

ပင်လယ်ကွေ့နိုင်ငံ အခြေစိုက်လေကြောင်းလိုင်းအနေနဲ့ အခုနှစ်အတွက် အကောင်းဆုံးလေကြောင်းလိုင်းဆုကို ပြီးခဲ့တဲ့ သတင်းပတ်ထဲက ကျင်းပခဲ့တဲ့ ပြင်သစ်နိုင်ငံပဲရစ်က လေကြောင်းပြသပွဲမှာ ပေးအပ်ခံခဲ့ရတာပါ။

Skytrax အနေနဲ့တော့ အခုဆုကို ရွေးချယ်ဖို့ အတွက် ကမ္ဘာတလွှားက လေယာဉ်စီးနင်းသူတွေဆီကနေ မဲတွေ ရယူခဲ့ရ သလို ကာတာလေကြောင်းလိုင်းအပြင် အခြားအခုနှစ်အတွက် အကောင်းဆုံးလေကြောင်းလိုင်း ၁၀ခုရဲ့စာရင်းကိုလည်း ထုတ်ပြန် ထားတာ တွေ့ရပါတယ်။

အဆိုပါစာရင်းမှာတော့ နာမည်ကျော်လေကြောင်းလိုင်းတွေ ဖြစ်တဲ့ Singapore, Hainan, ANA, Cathay Pacific, Emirates, Etihad, Lufthansa, Garuda Indonesiaနဲ့ EVA Air လေကြောင်းလိုင်းတွေ ရွေးချယ်ခံရပြီး အဆင့် သတ်မှတ်ချက်တော့ အစဉ်လိုက် ဖော်ပြထားခြင်း မရှိပါဘူး။

အခုလို ကာတာလေကြောင်းလိုင်းအနေနဲ့ ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် ရွေးချယ်ခံခဲ့ရတာဟာ အခုနှစ်နဲ့ ဆိုရင် ပြီးခဲ့တဲ့ ၁၀နှစ်အတွင်း ၄ ကြိမ်မြောက် ရွေးချယ်ခံရခြင်း ဖြစ်သလို ရှေ့ပိုင်း၂၀၁၁၊ ၂၀၁၂ခုနှစ်နဲ့ ၂၀၁၅ တွေမှာလည်း အကောင်းဆုံးအဖြစ် ရွေးချယ်ခံထားရတာပါ။

ကာတာလေကြောင်းလိုင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းက ဒူဘိုင်းအခြေစိုက် Emirates ရဲ့နောက်ကနေ ဒုတိယ အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် ရွေးချယ်ခံရစဉ်ကတည်းက သူတို့ အနေနဲ့ Emirates ထက် ပိုမို ကောင်းမွန်တဲ့ လေကြောင်းလိုင်း ဖြစ်အောင် ဦးတည်ချက်ထား ကြိုးစားမယ်လို့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ ကာတာလေကြောင်းလိုင်း အနေနဲ့ အခုဆုတင် မဟုတ်ပဲ Best Business Class in the Worldဆုကို ရထားတဲ့ အပြင် အရှေ့အလယ်ပိုင်းရဲ့ အကောင်းဆုံး လေကြောင်းလိုင်း အဖြစ်လည်း ရွေးချယ် ခံထားရတာ ဖြစ်ပါတယ်။

လက်ရှိမှာ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ ကာတာနိုင်ငံနဲ့ အခြား သံတမန်နဲ့ နိုင်ငံရေးဆိုင်ရာ မပြေလည်မှုတွေ ရှိပေမယ့် စီး ပွားရေး လုပ်ငန်းတခုအနေနဲ့ ရပ်တည်နေတဲ့ လေကြောင်းလိုင်းအနေနဲ့ကတော့ အကောင်းဆုံး အောင်မြင်လာတာလည်း ဖြစ် ပါတယ်။

ခရီးစဉ်အပိုင်းမှာတော့ အဆိုပါ နိုင်ငံရေး မပြေလည်မှုတွေကြောင့် ယူအေအီး၊ ဘာရိန်း၊ အီဂျစ်နဲ့ ဆော်ဒီအာရေဗျတွေကို ပြေးဆွဲခွင့် ရပ်နားထားရတာလည်း တွေ့ရပါတယ်။

အဆိုပါ နိုင်ငံတွေအနေနဲ့တော့ ကာတာလေကြောင်းလိုင်းအနေနဲ့ ပြေးဆွဲ ဆင်းသက်ခွင့်အပြင် လေကြောင်းဖြတ်သန်းသွားလာခွင့်မျိုးကိုပါ ပိတ်ထားတယ်လို့ သိရပါတယ်။

ပဲရစ် လေကြောင်းပြပွဲအတွင်း အခြား အကောင်းဆုံးလေကြောင်းလိုင်းဆုတွေကိုလည်း ပေးအပ်ခဲ့တာ တွေ့ရပြီး စရိတ် အသက်သာဆုံး အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် AirAsia၊ ပထမတန်း အကောင်းဆုံးလေကြောင်းလိုင်းအဖြစ် Etihad တွေကို ရွေးချယ်ပေးအပ်ခဲ့တာလည်း တွေ့ရပါတယ်။

အခုလို ရလဒ်တွေ ထွက်ရှိလာဖို့ အတွက် Skytrax အနေနဲ့ နိုင်ငံပေါင်း ၁၀၅ နိုင်ငံက လေယာဉ်စီးခရီးသည် ၁၉.၈၇ သန်း ဆီကနေ မဲတွေ ရယူခဲ့တာယ်လို့ သိရပါတယ်။

Ref: www.busienssinsider.com

The post ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...