အင်္ဂလန်ရဲ့ဘုရင်မကြီးအဲလိဇဘက် (၂)ဟာ လက်ရှိကမ္ဘာပေါ်က တော်ဝင်မိသားစုရဲ့အာဏာရပုဂ္ဂိုလ်တွေထဲမှာ သြဇာအကြီးဆုံး ဘုရင်မကြီးတပါးပါ။ သူ့မှာလည်း နိုင်ငံတွင်း ပြဌာန်းထားတဲ့ ဥပဒေတွေထဲကနေ လိုက်နာဖို့ မလိုတဲ့ ဥပ ဒေတွေ၊ လုပ်ပိုင်ခွင့်တွေ ရှိပါတယ်။ ဘာတွေပါလဲ။
(၁) ဘုရင်မကြီးဟာ ယာဉ်မောင်းလိုင်စင် မလိုဘဲ ယာဉ်မောင်းနှင်ခွင့်ရှိတယ်
ဒါကတော့ ခြွင်းချက်အနေနဲ့ ဘုရင်မကြီးဖြစ်တဲ့အတွက် ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်စရာမလိုဘဲ မောင်းနှင်ခွင့် ရှိတာ ဖြစ်သလို ဘုရင်မကြီးကိုုယ်တိုင်လည်း ယာဉ်မောင်းနှင်မှု တော်တော်လေးရှားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက လူနာ တင်ယာဉ် မောင်းနှင်ဖူးတယ်၊ ၁၉၉၈ခုနှစ်က ဆော်ဒီအာရေဗျကို အလည်အပတ်သွားရင်း Land Rover ကား ကို စံအိမ် အတွင်း မောင်းနှင်ဖူးတယ်၊ ဒီလောက်ပါပဲ။ ဒါပေမယ့် ဘုရင်မကြီးအတွက်ကတော့ ဆော်ဒီမှာလို အမျိုးသမီးတွေ ကား မောင်းခွင့် မပေးပေမယ့် သူကတော့ ခြွင်းချက်ပါပဲ။
(၂) အမြန်နှုန်းကန့်သတ်ချက် မရှိဘဲ မောင်းနှင်နိုင်တယ်
ဒါကတော့ အထက်မှာ ပြောခဲ့တဲ့ ကားမောင်းနှင်မှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်းလိုင်စင် မလိုသလို ဘယ်လောက် အမြန်နှုန်း နဲ့ပဲ မောင်းနှင်ခွင့်ရှိတယ်ဆိုတာလည်း ဘုရင်မကြီးအတွက် ကန့်သတ်ချက် မရှိပါဘူး။ စိတ်ကြိုက်အမြန်နှုန်းနဲ့ မောင်းနှင် သွားလာခွင့် ရှိပါတယ်။
(၃) နိုင်ငံကူးလက်မှတ်မလိုဘဲ သွားလာနိုင်တယ်
ကမ္ဘာပေါ်မှာ နိုင်ငံကူးလက်မှတ်မလိုဘဲ ခရီးသွားလာခွင့်ရှိသူ လူနည်းစုထဲက တယောက်ပါ။ ဘယ်လို ခရီးစဉ်မျိုးကိုမဆို နိုင်ငံကူးလက်မှတ်မလိုဘဲ သွားလာနိုင်ပါတယ်။
(၄) သတင်းထုတ်ပြန်ချက် ကန့်သတ်ထားနိုင်တယ်
အင်္ဂလန်ဟာ သတင်းလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတနိုင်ငံပါ။ ဒါပေမယ့် တော်ဝင်မိသားစုနဲ့ ပတ်သက်ရင်တော့ သတင်းထုတ် ပြန်မှုက ကန့်သတ်ချက် ရှိနိုင်ပါတယ်။ ဘုရင်မကြီးအနေနဲ့ တော်ဝင်မိသားစုနဲ့ ပတ်သက်တဲ့ မဖော်ပြ၊ ကန့်သတ်ထားချင်တဲ့ သတင်းကို ပိတ်ပင်ထားခွင့် ရှိပါတယ်။
(၅) အခွန်ထမ်းဆောင်ဖို့ မလိုအပ်ဘူး
အင်္ဂလန်မှာ တော်ဝင်မိသားစုကလွဲရင် ကျန်တဲ့ လူတန်းစားအားလုံး အခွန်ထမ်းဆောင်ရပါတယ်။ ဘုရင်မကြီးကတော့ အ ခွန်ထမ်းဖို့ မလိုအပ်ပါဘူး။
(၆) စစ်ကြေညာမှု လုပ်နိုင်တယ်
အများစုသော နိုင်ငံတွေမှာတော့ စစ်ကြေညာခြင်းကို ပါလီမန်ကနေ ဆုံးဖြတ်ချက်ချပြီး ကြေညာတိုက်ခိုက်ခြင်း ပြုလုပ်ပေ မယ့် ဘုရင်မကြီးကတော့ စစ်ကြေညာခြင်းကို လုပ်နိုင်ပါတယ်။
(၇) ဥပဒေဖျက်သိမ်းခြင်းတွေ လုပ်နိုင်တယ်
ပါလီမန်ရယ်၊ ဥပဒေအတည်ပြုရုံးတွေကနေ ဥပဒေတခု ရေးဆွဲပြီးတာနဲ့ တော်ဝင်မိသားစုကနေ အတည်ပြုချက် ရယူပြီးမှ ဥပဒေထုတ်ပြန်နိုင်မှာပါ။ အဆိုပါ ဥပဒေတခုခုကို ဘုရင်မကြီးအနေနဲ့ ပယ်ချနိုင်ခွင့် ရှိပါတယ်။
(၈) ဘုရင်မကြီးကို တရားစွဲလို့ မရပါဘူး
သူမဟာ အထက်မှာ ပြောခဲ့သလိုပဲ ဥပဒေရဲ့အထက်မှာရှိတယ်လို့ ဆိုရမှာပါ။ ဒီအတွက် သူမကို တရားစွဲလို့ မရသလို ဥပဒေအရ ဘယ်တော့မှ အကျဉ်းချလို့လည်းရမှာ မဟုတ်ပါဘူး။
Ref: www.wonderlists.com
The post အယ်လိဇဘက် ဘုရင်မကြီးရဲ့လိုက်နာဖို့ မလိုတဲ့ဥပဒေများ appeared first on ဧရာဝတီ.