သေချာတာကတော့ ဘယ်လို ဒြပ်စင်က ကမ္ဘာပေါ်မှာ တန်ဖိုး အကြီးဆုံးလဲလို့ မေးရင် ရွှေလို့ပဲ လူအများစုက ဖြေမှာပါ။
ဟုတ်ပါတယ်၊ ရွှေဟာ ကမ္ဘာပေါ်က ထွက်ရှိသမျှ ဒြပ်စင်တွေထဲမှာ တန်ဖိုးအကြီးဆုံး ဒြပ်စင်တခုပါပဲ။ ဒါပေမယ့် တန်ဖိုး အကြီးဆုံး ဟုတ်ပါရဲ့လား။ အခု ကျနော်က ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဒြပ်စင်တွေကို ပြောပြချင်ပါတယ်။
(၁) ဖရန်စီယမ်
သေချာတာကတော့ အခုချိန်ထိအောင် ကမ္ဘာပေါ်မှာ ဖရန်စီယမ် တဂရမ်ပြည့်အောင် မတွေ့ရပါဘူး။ အကြောင်းကတော့ ဒီ ဒြပ်စင်ရဲ့သက်တမ်းက မိနစ် ၅၀ ဝန်းကျင်ပဲ ရှိလို့ပါ။ တူးဖော်လိုက်ပြီး မကြာခင်မှာ အငွေ့ပျံသွားလို့ ထိန်းသိမ်းဖို့ ခက်ပါ တယ်။ ဓာတ်ခွဲခန်းမှာ သေချာအောင် ထုတ်လုပ်မှ ရနိုင်ပြီး အက်တမ်ပေါင်း ၃ သိန်းခန့်နဲ့ ဖွဲ့စည်းဖန်တီးရပါတယ်။ တန်ဖိုး ကတော့ တဂရမ်ကိုတင် ဒေါ်လာ ၁ ဘီလီယံလောက် ရှိပါတယ်။
(၂) ကယ်လီဖိုနီယမ်
၁၉၅၀ ခုနှစ်ဝန်းကျင်က အမေရိကန် ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ဓာတ်ရောင်ခြည် လေ့လာခန်းမှာ စတင် တွေ့ရှိခဲ့တာ ပါ။ အယ်ဖာအမှုန်တွေကို ခွဲခြမ်းရင်ကနေ ရပါတယ်။ ဘယ်မှာသုံးတယ်ဆိုတာ သေချာမသိရပေမယ့် တနှစ်ကို ကယ်လီ ဖိုနီယမ် ဂရမ်ဝက်လောက်ပဲ ထုတ်လုပ်နိုင်တာ တွေ့ရပါတယ်။ ၁ ဂရမ်ကို ဒေါ်လာ ၂၅ သန်းကနေ ၂၇သန်းအတွင်း တန်ဖိုး ရှိပါတယ်။
(၃) ကာဗွန်
ကျနော်တို့ ခန္ဓာကိုယ်မှာလည်း ကာဗွန်တွေ အများအပြား ရှိပါတယ်။ ပြီးတော့ ကျောက်မီးသွေးနဲ့ ဂရပ်ဖိုကတွေမှာလည်း ကာ ဗွန်တွေ အများအပြား ပါရှိပါတယ်။ ဒါပေမယ့် ကာဗွန်စစ်စစ် အနေအထားဆိုရင်တော့ ဈေးအရမ်းကြီးပါတယ်။ ဥပမာ စိန် လိုမျိုးပေါ့။ ၁ ဂရမ်ကို ဒေါ်လာ ၆၅၀၀၀ လောက် တန်ဖိုးရှိနိုင်ပြီး ပုံမှန် ကာဗွန်စစ်စစ်ကတော့ ဒေါ်လာ ၆၅၀၀ လောက်ပဲရှိ ပါတယ်။
(၄) ပလူတိုနီယမ်
နျူလက်နက်တွေနဲ့ နျူစွမ်းအင်သုံး ဓာတ်ပေါင်းဖိုတွေမှာ သုံးပါတယ်။ 239 နဲ့ 241 ဆိုတဲ့ အဆင့် ခွဲခြားသတ်မှတ်ချက်တွေ ရှိ ပါတယ်။ ကိုင်တွယ်လို့ မရပါဘူး။ ထည့်သွင်းထားတဲ့အခန်းနဲ့ သယ်ဆောင် ဖန်တီးယူရပါတယ်။ တဂရမ်ကို ဒေါ်လာ ၄၀၀၀ လောက် ပေးမှ ရနိုင်ပါလိမ့်မယ်။
(၅) စကန်ဒီယမ်
အလူမီနမ် အလွိုင်းသားတွေကို အရည်အသွေး ပိုကောင်းစေတဲ့ ဒြပ်စင်ဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်မှာမှ စတင် ရှာဖွေတွေ့ရှိ ခဲ့တာ ပါ။ တနှစ်ကို ၁၀ တန်လောက်ပဲ ကမ္ဘာမှာ ထွက်ရှိပြီး တဂရမ်ကို ဒေါ်လာ ၂၇၀ လောက် တန်ပါတယ်။
(၆) လူတီတီယမ်
ရေနံတူးဖော်မှုနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ၊ ရေနံထွက်ပစ္စည်း ထုတ်လုပ်မှုတွေမှာ သုံးတာပါ။ ထွက်ရှိနှုန်း အလွန်ကို နည်း ပါးပါတယ်။ တူးဖော်လို့ ရနိုင်တဲ့မြေနဲ့ ဒေသလည်း အလွန်ကို ရှားပါတယ်။ တဂရမ်ကို ၆၉ ဒေါ်လာ ရှိပါတယ်။
(၇) လန်သနမ်
ငွေဖြူရောင် သတ္တုတမျိုးပါ။ ဓားနဲ့ ဖြတ်ရင်တောင် ရလောက်အောင် ပျော့ပါတယ်။ စတီရီယိုသုံး မီးသီးတွေ၊ ပရိုဂျက်တာ လို ပြသစက်တွေ၊ လျှပ်ကူး ကတ်သုတ်တွေ၊ အခြား အရည်အသွေးမြင့် လျှပ်စစ်ပစ္စည်းတွေမှာ သုံးပါတယ်။ ၁ ဂရမ်ကို ၆၄ ဒေါ် လာ ရှိပါတယ်။
(၈) ရွှေဖြူ
ပြည်တွင်းမှာတော့ ပလက်တီနမ်အဖြစ်ပဲ လူသိများပါတယ်။ အရည်ပျော်မှတ် မြင့်မားတယ်၊ နှစ်စဉ်ကမ္ဘာမှာ ရွှေဖြူ တန် ချိန် ရာဂဏန်းလောက်ပဲ တူးဖော်ရရှိပါတယ်။ ကျောက်မျက်ရတနာတွေနဲ့ ဖြစ်စေ၊ လက်ဝတ်ရတနာအနေနဲ့ ဖြစ်စေ ဖန်တီးဝတ် ဆင်မှု များပါတယ်။ ကားတွေမှာရော၊ ဆေးဝါးထုတ်လုပ်မှုမှာပါ အနည်းငယ် သုံးတာလည်း တွေ့ရပါတယ်။ တဂရမ်ကို ဒေါ် လာ ၆၀လောက် ရှိပါတယ်။
(၉) ရိုဒီယမ်
မော်တော်ကားတွေမှာ အများဆုံး အသုံးပြုပါတယ်။ လျှပ်ကူး ကွန်ဗက်တာတွေထဲမှာ ထည့်သွင်း အသုံးပြုတာ ဖြစ်ပါတယ်။ ဘယ်လို အပူချိန်၊ အခြေအနေကြောင့် ဒြပ်စင်အသွင်ပြောင်းခြင်း ဖြစ်ပွားနှုန်း နည်းတာကြောင့် အသုံးပြုတာ ဖြစ်ပါတယ်။ ရွှေ ဖြူထဲမှာ ကျောက်မျက်တွေ ထည့်ရင် အထိုင်သားမာအောင် သုံးပါတယ်။ ရွှေမှာ ကြေးရောသလို ရွှေဖြူမှာ ရိုဒီယမ်ရောတဲ့ သ ဘောပါ။ တဂရမ်ကို ၅၈ ဒေါ်လာခန့် ဈေးရှိပါတယ်။
(၁၀) ရွှေ
မထင်မှတ်ဘဲ ကျနော်တို့ တန်ဖိုးအကြီးဆုံးလို့ ထင်ထားတဲ့ ရွှေက အဆင့် ၁၀ပဲ ရပါတယ်။ သူ့ကိုတော့ အများဆုံး တန်ဖိုးရှိ ဒြပ်စင်အဖြစ် သတ်မှတ်ပြီး ရွှေချောင်းအဖြစ်နဲ့ရော လက်ဝတ်ရတနာအဖြစ်ပါ ဖန်တီး အသုံးပြုပါတယ်။ တဂရမ်ကို ၅၆ ဒေါ် လာ တန်ဖိုးရှိပါတယ်။
Ref: www.wonderlists.com
The post ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံး ဒြပ်စင်များ appeared first on ဧရာဝတီ.