Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ချစ်သူရည်းစားထားခြင်းကြောင့် ကျန်းမာရေးအကျိုး ၁၀ မျိုး

$
0
0

တကယ်တော့ လူသားရယ်မဟုတ်ဘဲ သတ္တဝါမှန်သမျှ အရွယ်ရောက်လာရင် ဖူးချိန်တန်ဖူး၊ ပွင့်ချိန်တန်ပွင့်ဆို တဲ့ ဆိုရိုးစကားအတိုင်း ဖိုမသဘောဆက်ဆံပြုမူကြတာ သဘာဝပါ။

လူတွေမှာတော့ ချစ်ခြင်းကစပြီး အိမ်ထောင်ပြုကြသည်အထိ ခိုင်မြဲတဲ့မေတ္တာတွေနဲ့ ချည်နှောင်တတ်ကြတာပေါ့။ ဒီလို ချစ် ခြင်းဆိုတဲ့ သဘာဝတရားကို လွန်ဆန်ပြီး အချို့အချို့လည်း လူပျိုကြီး၊ အပျိုကြီးတွေ လုပ်ကြသူတွေ ရှိလေရဲ့။

အဲဒီလို လူပျိုကြီး၊ အပျိုကြီးတွေကတော့ အခုပြောမယ့် ကျန်းမာရေးကောင်းကျိုးတွေ မခံစားရတော့ဘူးပေါ့။ အကြောင်းက မချစ်ကြလို့လေ။ အိမ်ထောင်ပြုဖို့တော့ မဆိုလိုပါဘူး၊ ရည်စားထားမယ်ဆိုရင်လည်း ရပါတယ်၊ အဓိကကတော့ တဦးနဲ့တဦး အပြန်အလှန်ချစ်မယ်ဆိုရင် အခု ပြောမယ့်ကျန်းမာရေးကောင်းကျိုးတွေ ခံစားရမှာပါ။
(၁) အိပ်လို့ကောင်းစေမယ်၊ အိပ်ရေးဝစေတယ်

ချစ်သူနဲ့နေတဲ့ အချိန်၊ ကြည်နူးနေတဲ့အချိန်တွေမှာ ဦးနှောက်ကနေ စိတ်ဖိစီးမှုကို ပြန်လည်သက်သာစေတဲ့ Oxytocin ဓာတ် ထုတ်ပေးပါတယ်။ ဒီဓာတ်ကြောင့်ပဲ ညဘက်တွေမှာ သင့်အနေနဲ့ အိပ်စက်လို့ ကောင်းမယ်၊ အိပ်ရေးလည်း ဝပြီး နောက်နေ့ တွေမှာ တက်ကြွရွှင်လန်းမှုကို ရစေမှာပါ။

(၂) ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်

ဒီအချက်ကတော့ အိမ်ထောင်သည်တွေနဲ့ ပိုဆိုင်မယ် ထင်ပါတယ်။ လိင်ဆက်ဆံချိန်တွေဟာ လေ့ကျင့်ခန်းလုပ်နေတဲ့ အ ချိန်တွေနဲ့တူညီပြီး လက်တွေ၊ လက်မောင်းတွေ၊ ခြေလက်နဲ့ ခန္ဓာကိုယ်တခုလုံးနီးပါ လှုပ်ရှားနေတာကြောင့် စားသုံးမှုက နေရလာမယ့် အပိုကယ်လိုရီတွေကို ကောင်းစွာလောင်ကျွမ်းပျက်စီးစေတဲ့အတွက် အဝလွန်ခြင်းကို ကာကွယ်နိုင်မယ်လို့ သိရပါတယ်။

(၃) ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးနိုင်တယ်

ချစ်ခြင်းကြောင့် စိတ်ရွှင်လန်းခြင်းနဲ့အတူ ခန္ဓာကိုယ်မှာ ရောဂါဘယဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ ဟော်မုန်းဓာတ်တွေ ထွက် ရှိလာပါတယ်။ ဒီအတွက် ရလဒ်ကတော့ သင့်ရဲ့ခန္ဓာကိုယ်အပူချိန်က တပြေးညီ နွေးနေစေမှာ ဖြစ်သလို ကူးစက်ရောဂါတွေ ကနေ ကာကွယ်နိုင်စွမ်း ၃၀ ရာခိုင်နှုန်းထိအောင် မြင့်တက်ကောင်းမွန်လာမှာပါ။
(၄) နုပျိုစေတယ်

ဒီအချက်ကတော့ ငြင်းစရာမလိုလောက်အောင် အပြန်အလှန် ချစ်ခင်ကြည်နူးနေကြတဲ့ စုံတွဲတွေ၊ လင်မယားတွေဟာ နုပျို ပျော်ရွှင်တက်ကြွနေတတ်ကြသလို အသက်ရှည်ရှည် ပိုပြီး နေထိုင်ကြရတာ တွေ့နိုင်ပါတယ်။

လေ့လာချက်တွေအရတော့ ချစ်ခြင်းမေတ္တာခံစားနေချိန်မှာ ခန္ဓာကိုယ်အရေပြားကနေ ဗီတာမင်D ထုတ်လုပ်ပေးမှု ပိုကောင်း လာပြီး အရေပြားယိုယွင်းမှုကို ပိုမို ထိန်းသိမ်းပေးလာနိုင်တာကြောင့် ငယ်ရွယ်နုပျိုမှု ဖြစ်လာစေတာလို့ ဆိုပါတယ်။

(၅) စိတ်ဖိစီးမှုကို လျော့ပါးစေတယ်

အပြန်အလှန် ချစ်ကြိုက်နေမှုဟာ စိတ်ဖိစီးမှုကို အကောင်းဆုံးလျော့နည်းစေတဲ့အချက် ဖြစ်တယ်လို့ သိရပါတယ်။ Biological Psychology ဂျာနယ်ရဲ့ လေ့လာချက်အရ စိတ်ဖိစီးမှုကို ရာခိုင်နှုန်း ၈၀ လောက်ထိအောင် လျော့ချလိုက်နိုင် တယ်လို့ ဆိုတာပါ။

(၆) သန္ဓေတည်ခြင်းနဲ့ ရာသီသွေးကိုလည်း မှန်စေတယ်

လေ့လာချက်တွေအရတော့ ချစ်သူရည်စားမရှိတဲ့ အမျိုးသမီးတွေထက် ချစ်သူရည်စားထားကြသူတွေ၊ အိမ်ထောင်သည် အမျိုးသမီးတွေဟာ ရာသီသွေး ပုံမှန်ဆင်းတတ်ကြသလို အမျိုးသမီးအင်္ဂါလည်းအားကောင်းပြီး သား၊ သမီးယူမယ်ဆိုရင်ပဲ သန္ဓေတည်ဖို့ လွယ်ကူစေတယ်လို့ သိရပါတယ်။

(၇) ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တယ်

အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်စွမ်းနှုန်းအတူတူနဲ့ ကာကွယ်မှု ပေးနိုင်တယ်လို့ လေ့လာချက်တွေ အရ သိရပါတယ်။ ချစ်သူ မရှိသူ၊ အိမ်ထောင်မပြုသူတွေကတော့ ကင်ဆာ၊ နှလုံးရော ဂါနဲ့ အခြားအအေးမိရောဂါတွေ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။

(၈) နာကျင်မှုတွေကို သက်သာစေတယ်

ဘယ်လို နာကျင်မှုတွေကိုပဲ ဖြစ်စေ ချစ်ခြင်းနဲ့အတူ လျော့နည်းသက်သာစေနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ ဦးနှောက်က ထွက်ရှိလာတဲ့ Oxytocin ဟော်မုန်းရဲ့အကျိုးအာနိသင်တခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လိင်ဆက်ဆံမှုရှိတဲ့ သူတွေမှာ ပိုပြီး နာကျင်မှု ဒဏ်ခံစားရခြင်း လျော့နည်းတယ်လို့ သိရပါတယ်။

(၉) အမျိုးသမီးတွေကို ပိုပြီး လှပလာစေတယ်

ချစ်ခြင်းမေတ္တာခံစားနေချိန်၊ လိင်ဆက်ဆံချိန်တွေမျာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကနေ Estrogen ဟော်မုန်း ထုတ်လွှတ် ပြီး အဆိုပါ ဟော်မုန်းက အမျိုးသမီးတွေရဲ့အရေပြားကို ပိုမို နူးညံ့စေတယ်၊ ပြေပြစ်စေတယ်၊ ဆံပင်အရောင်တွေ ပိုပြီး တောက်ပလေးနက်စေလာပါတယ်။

မွေးညှင်းပေါက်ကျယ်သူတွေ အတွက်ပါ မွေးညှင်းပေါက်တွေ ကျဉ်းစေပါတယ်။ ဆွဲဆောင်မှုလည်း ကောင်းစေပြီး ပိုမို လှ ပစေနိုင်မှာ ဖြစ်ပါတယ်။

(၁၀) ပျော်ရွှင်သောဘဝကို ရစေနိုင်တယ်

တကိုယ်တည်းနေထိုင်ခြင်းဟာ သဘာဝလွန်နေထိုင်ခြင်းအဖြစ် ပညာရှင်တွေက သတ်မှတ်ပါတယ်။ လိင်ဆက်ဆံခြင်းဟာ သဘာဝတရားဖြစ်ပြီး အမှားမဟုတ်တဲ့အတွက် မှန်ကန်သော အိမ်ထောင်ဖက် ရွေးချယ်ခြင်း၊ လိင်ဆက်ဆံခြင်းတွေ ကြောင့် ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင် ပျော်ရွှင်နိုင်မယ်လို့ ဆိုပါတယ်။

Ref: www.wonderslist.com

The post ချစ်သူရည်းစားထားခြင်းကြောင့် ကျန်းမာရေးအကျိုး ၁၀ မျိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...